← Chapters

ပျော်စရာပြီး ပျော်စရာ

Vol. 17 Ch. 237

ပျော်စရာပြီး ပျော်စရာ

Vol. 17 Ch. 237

"ဟားဟားဟား... မင်းက ကြယ်တာရာဧကရာဇ်လား..."

"ဟုတ်တယ်... ဟုတ်လောက်တယ်... ဒီမျက်နှာကို ငါ မြင်ဖူးတယ်... သူက ကြယ်တာရာဧကရာဇ်ပဲ...”

"ဟားဟားဟား... ဒဏ္ဍာရီထဲကအတိုင်း အမှန်ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ကြယ်တာရာဧကရာဇ်က တကယ် အသက်ရှင်နေတုန်းပဲ..."

ရဲရှင်းဟွေ့၏ မျက်နှာကို မြင်သောအခါ ထိုအမျိုးသမီးမှာ ရူးသွပ်သွားသကဲ့သို့ တတွတ်တွတ် ရေရွတ်နေတော့၏။

ရဲရှင်းဟွေ့နှင့်အတူ ကောင်းကင်ယံမှ ပြုတ်ကျလာသော ရဲရှင်းချန်က မိစ္ဆာကျင့်ကြံသူ၏ စကားကို ကြားသောအခါ မျက်နှာအမူအရာမှာ အနည်းငယ် တည်ကြည်လေးနက်သွား၏။

ရဲရှင်းချန်က ရှေ့သို့တိုး၍ မေးလိုက်၏။ "မင်းက ကျင့်ကြံရေးလောကက လာတာလား..."

ထိုအမျိုးသမီးက ချဉ်းကပ်လာသော ရဲရှင်းချန်ကို မြင်သောအခါ ခေါင်းကိုစောင်း၍ ရဲရှင်းဟွေ့ကို တစ်ချက် ကြည့်လိုက်၏။

သာမန်လူတစ်ယောက် ဖြစ်ပါက ဤလူနှစ်ယောက်ထဲမှ တစ်ယောက်က ကြယ်တာရာဧကရာဇ် အစစ်ဖြစ်ပြီး နောက်တစ်ယောက်က အတု၊ သို့မဟုတ် နှစ်ယောက်စလုံး အတုဟု ပြောပေလိမ့်မည်။

သို့သော်လည်း ဤမိစ္ဆာကျင့်ကြံသူ အမျိုးသမီး၏ တွေးခေါ်ပုံမှာ အတော်လေး ထူးဆန်းနေ၏။

ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်ကို တွေ့ပြီးနောက် သူမမှာ ပျော်စရာနှစ်ခု ဆင့်လာသကဲ့သို့ ခံစားလိုက်ရ၏။

ကြယ်တာရာဧကရာဇ်၏ နောက်လိုက်များမှာ နှစ်ပေါင်း ရာနှင့်ချီ၍ ရှာဖွေနေခဲ့ကြခြင်း ဖြစ်သည်။ ကြယ်တာရာဧကရာဇ် သေဆုံးသွားသည့်အချိန်မှစ၍ သူတို့က ကြယ်တာရာဧကရာဇ် ချန်ထားခဲ့သော အမွေအနှစ်အမျိုးမျိုးနှင့် ရတနာအမျိုးမျိုးကို ရှာဖွေခဲ့ကြသော်လည်း ကြယ်တာရာဧကရာဇ်မှာ လုံးဝ မသေသေးဘဲ အခြားကမ္ဘာတစ်ခုသို့ သွားရောက်ခဲ့သည်ဟုလည်း ယုံကြည်ကြ၏။

ကျင့်ကြံရေးလောကတွင် ကြယ်တာရာဧကရာဇ်ကို သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသော မိစ္ဆာကြီးတစ်ပါးအဖြစ် သတ်မှတ်ထားကြသည်။ သဘာဝအတိုင်းပင်... သူ့အား သက်ဝင်ယုံကြည်ကြသူများမှာလည်း သာမန်လူများ မဟုတ်ကြပေ။

သမိုင်းကို အောင်နိုင်သူများက ရေးသားသည်ဟု ဆိုစမှတ်ပြုကြ၏။

ရဲရှင်းချန်ကို သတ်ဖြတ်ပြီးနောက် အခြားသော ဧကရာဇ်များက ကြယ်ဧကရာဇ်ကို မိစ္ဆာတစ်ပါးအဖြစ် သတ်မှတ်လိုက်ကြ၏။

အမှန်တကယ်တွင်မူ... ကြယ်တာရာဧကရာဇ်က ဧကရာဇ် ဖြစ်လာပြီးနောက် သူ လုပ်ဆောင်ခဲ့သော အချို့အရာများမှာ ဗီလိန်တစ်ယောက်၏ လုပ်ရပ်များနှင့် ကိုက်ညီသည်ဟု ဆိုလျှင် လွန်မည် မဟုတ်ချေ။

သို့သော်လည်း... သူ့ကို မိစ္ဆာကြီးတစ်ပါးအဖြစ် သတ်မှတ်ခံရခြင်းကြောင့် သူ့ကို ယုံကြည်သူများမှာ ပို၍ပင် ရူးသွပ်လာကြတော့၏။

သူ့ကို ယုံကြည်သူများမှာ ဦးနှောက် အနည်းငယ် ချို့ယွင်းနေသူများ ဖြစ်ကြ၏။

.......

အမျိုးသမီး၏ ရူးသွပ်နေသော အမူအရာကို မြင်သောအခါ ရဲရှင်းချန် မျက်မှောင်ကြုတ်လိုက်၏။

ရဲရှင်းချန်က ဤကဲ့သို့သော လူစားမျိုးကို စစ်မေးရန် အကောင်းဆုံးနည်းလမ်းမှာ ဝိညာဉ်ရှာဖွေခြင်းသာ ဖြစ်ကြောင်း သိ၏။ မေးခွန်းများ မေးနေလျှင် အသုံးဝင်မည် မဟုတ်ချေ။

ရဲရှင်းချန်က သူမ၏ ဝိညာဉ်ကို ရှာဖွေတော့မည် ပြင်လိုက်စဉ်မှာပင် ရဲရှင်းဟွေ့၏ နောက်တွင် ရပ်နေသော ရှောင်ဟာ့က ရုတ်တရက် ရှေ့ထွက်လာ၏။

ရှောင်ဟာ့က ရှေးဦးစွာ သံခွေး ပုံစံမှ ထွက်လိုက်ပြီးနောက် ခြေနှစ်ချောင်းဖြင့် မတ်တတ်ရပ်ကာ သူ့လက်နှစ်ဖက်ကို ခါးထောက်၍ အားရပါးရ ရယ်မောလိုက်၏။

"ဟားဟားဟား... ငါ ပြောသားပဲ... ဟာ့သခင်လေးရဲ့ နောက်မှာ လူရှိတယ်လို့... သခင်ကြီး... ဒီမိန်းမကို သတ်ပစ်လိုက်..."

ရှောင်ဟာ့၏ စကားကြောင့် ရဲရှင်းဟွေ့ ထိန်းချုပ်ထားသော အမျိုးသမီးမှာ ကြောင်ငေးသွား၏။ ထို့နောက် သူမက ရဲရှင်းဟွေ့ကို ကြည့်၍ စိတ်လွတ်နေသူကဲ့သို့ တိုးလျစွာ ရေရွတ်လိုက်၏။

"ဟင့်အင်း... မင်း ငါ့ကို သတ်လို့မရဘူး... ငါက မင်းရဲ့ ယုံကြည်သူ... ငါက မင်းရဲ့ ယုံကြည်သူပဲ... မဟုတ်ဘူး... ငါ... ငါ့မှာ ပို‌ေကာင်းတဲ့ စွမ်းအား ရှိနေပြီ... ဘယ်သူမှ ငါ့ကို အနိုင်ကျင့်လို့ မရတော့ဘူး... ဒီတော့ ဘာလို့ ငါက မင်းကို ဆက်ပြီး ယုံကြည်နေရမှာလဲ... မင်းက ငါ့ကို သတ်ချင်တယ်ပေါ့လေ... ဒါဆိုရင်တော့ ငါက မင်းကို အရင်သတ်မယ်..."

ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာ စကားတစ်ခွန်းမှ မဆိုကြသော်လည်း သူတို့ရှေ့မှ အမျိုးသမီးမှာမူ စိတ်လှုပ်ရှားစွာဖြင့် တတွတ်တွတ် ရေရွတ်နေတော့၏။

သူမ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးမှာ ၁၀၀% လက်နက်မဲ့ ဓားဖမ်းချုပ်ကွက်မှ ရုန်းထွက်၍ မတ်တတ်ထရပ်လိုက်၏။

ဤမြင်ကွင်းကို မြင်သောအခါ ရဲရှင်းဟွေ့၏ ဘေးတွင် ရပ်နေသော ရဲရှင်းချန်က ရဲရှင်းဟွေ့ကို တွန်းထုတ်လိုက်၏။

ရဲရှင်းဟွေ့ တွန်းထုတ်ခံလိုက်ရသည်နှင့် သူ မူလ ရပ်နေခဲ့သော နေရာတွင် အနက်ရောင် အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာ၏။

တစ်ချိန်တည်းမှာပင် မိစ္ဆာကျင့်ကြံသူမှာ အရူးတစ်ယောက်ကဲ့သို့ ရယ်မောလာ၏။

"ဟားဟားဟား... ဟားဟားဟား... ဟားဟားဟား... ငါ... ငါ ကြယ်တာရာဧကရာဇ်ကို ဖြစ်ဖြစ်... ဘယ်ဧကရာဇ်ကို ဖြစ်ဖြစ် ယုံကြည်ဖို့ မလိုတော့ဘူး... ငါ... ငါ ပိုသန်မာလာပြီ... ငါ ပိုသန်မာလာပြီ... ဘယ်သူမှ ငါ့ကို အမိန့်ပေးလို့ မရတော့ဘူး... ဘယ်သူမှ ငါ့ကို အနိုင်ကျင့်လို့ မရတော့ဘူး..."

သူမ စကားဆုံးသည်နှင့် သူမ၏ ဆံပင်များမှာ တစ်ချောင်းပြီးတစ်ချောင်း ကျွတ်ထွက်သွားပြီး တောက်ပြောင်သော ခေါင်းပြောင်ကြီး ပေါ်ထွက်လာ၏။ မူလက သက်မဲ့နေသော မျက်လုံးများမှာ သွေးကဲ့သို့ နီရဲလာ၏။

ဤမြင်ကွင်းကို မြင်သောအခါ ရှောင်ဟာ့မှာ ရုတ်တရက် ထပ်မံ ကြောက်လန့်သွားပြန်၏။

"သခင်ကြီး... သခင်ကြီး... သူ့ကို မသတ်ခင် ကျွန်တော့်ကို အရင် ပြန်ပို့ပေးပါ..."

ထိုစကားကို ကြားသောအခါ ရဲရှင်းဟွေ့က လက်ဝေ့ယမ်းလိုက်ပြီး သူ့ကို တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲသို့ တိုက်ရိုက် ပို့ဆောင်လိုက်၏။

ရဲရှင်းဟွေ့က ရဲယင်ကိုလည်း အတွင်းသို့ ပို့ချင်သော်လည်း ရဲယင်က သူနှင့် သူ့အစ်ကိုတို့ထံမှ အကွာအဝေးတစ်ခုတွင် နေသောကြောင့် သူ့ကို တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲသို့ ပို့ဆောင်ရန် အကြံအစည်ကို လက်လျှော့လိုက်၏။

.......

ခေါင်းပြောင်စပြုလာသော မိစ္ဆာကျင့်ကြံသူ အမျိုးသမီးမှာ သူမ အစောက သိမ်းထားခဲ့သော ရေဒီယိုသတ္တိကြွကျောက်တုံးကို ထုတ်ယူလိုက်ပြီးနောက် စကားတစ်ခွန်းမှ မဆိုဘဲ သူမ၏ ရင်ဘတ်ထဲသို့ ဖိသွင်းလိုက်၏။

ထိုကျောက်တုံးက သူမနှင့် ပေါင်းစပ်သွားသောအခါ သူမမှာလည်း မိစ္ဆာအသွင်ပြောင်းသည့် အခြေအနေသို့ ရောက်ရှိသွား၏။

ကျင့်ကြံသူတစ်ယောက်၏ မိစ္ဆာအသွင်ပြောင်းခြင်းက ခန္ဓာကိုယ်ကို မျိုးပြောင်းသွားစေသော်လည်း သာမန်လူများကဲ့သို့ အလွန်အမင်း ရုပ်ဆိုးအကျည်းတန်သွားပြီး စိတ်ကို မထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်မသွားပေ။ ကျင့်ကြံသူများမှာ မိစ္ဆာအသွင် ပြောင်းသွားလျှင်ပင် လူသားတစ်ယောက်၏ ပုံစံအတိုင်း ရှိနေသေး၏။

သူမ မိစ္ဆာအသွင် ပြောင်းနေစဉ်မှာပင် သူမ၏ လက်ဖဝါးတစ်ဖက်ကို မြေကြီးပေါ်သို့ ဖိချလိုက်၏။

ရဲရှင်းဟွေ့တို့အဖွဲ့က သူမ ဘာလုပ်ရန် ကြံစည်နေသည်ကို အံ့ဩနေစဉ်မှာပင် ဖူကူရှီးမား နျူကလီးယားစက်ရုံ လားရာဘက်မှ ပေါက်ကွဲသံကြီးကို ကြားလိုက်ရ၏။

ထိုပေါက်ကွဲမှုက နျူကလီးယားစက်ရုံ၏ အဓိကနေရာကို မထိခိုက်ခဲ့သော်လည်း ရေသိုလှောင်ကန်များထဲမှ တစ်ခုကို ထိမှန်သွား၏။ မိစ္ဆာကျင့်ကြံသူမှာ စက်ရုံမှ မထွက်ခွာမီက အလွန်ကြီးမားသော ရေဒီယိုသတ္တိကြွကျောက်တုံးတစ်တုံးကို ရေသိုလှောင်ကန်ထဲတွင် ထားရှိခဲ့ခြင်း ဖြစ်၏။

ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ရေသိုလှောင်ကန်များကို နျူကလီးယားစွန့်ပစ်ရေများ သိုလှောင်ရန် အသုံးပြုပြီး ၎င်းတို့ကိုယ်တိုင်တွင် နျူကလီးယား ရောင်ခြည်ဖြာထွက်မှုကို တားဆီးနိုင်သည့် စွမ်းဆောင်ရည် ရှိသည်။

ရေသိုလှောင်ကန် ပေါက်ကွဲသွားသောအခါ ရေဒီယိုသတ္တိကြွကျောက်တုံးမှာ လေထုနှင့် ထိတွေ့သွားပြီး ၎င်းတို့အတွင်းမှ ရေဒီယိုသတ္တိကြွမိစ္ဆာစွမ်းအင်မှာ အလွန် လျင်မြန်သော အရှိန်ဖြင့် ပတ်ဝန်းကျင်သို့ ပျံ့နှံ့ထွက်သွား၏။

ယခင်က လက်သန်းအရွယ်ခန့်သာရှိသော ရေဒီယိုသတ္တိကြွကျောက်တုံး တစ်တုံးက ခွေး ဒါဇင်ပေါင်းများစွာ သို့မဟုတ် ရာပေါင်းများစွာကို မိစ္ဆာအသွင် ပြောင်းစေနိုင်ခဲ့၏။ ရေသိုလှောင်ကန်ထဲမှ ရေဒီယိုသတ္တိကြွကျောက်တုံးမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်နိုင်ပေသည်။

ယခင်ကထက်ပင် ပိုမိုအားကောင်းသော ရေဒီယိုသတ္တိကြွမိစ္ဆာစွမ်းအင် လှိုင်းလုံးကြီးတစ်ခုမှာ ဖူကူရှီးမား နျူကလီးယားစက်ရုံကို ဗဟိုပြု၍ ပျံ့နှံ့ထွက်သွားတော့၏။

.......

မိစ္ဆာကျင့်ကြံသူမှာ ထိုသို့သော အမှုကို ပြုလုပ်ရန် စက္ကန့်ပိုင်းမျှသာ အချိန်ယူခဲ့သဖြင့် ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့မှာ တားဆီးချိန် မရလိုက်ချေ။

"သူက အဲဒီ ရေဒီယိုသတ္တိကြွမိစ္ဆာစွမ်းအင်ကို တကယ် ထုတ်လွှတ်လိုက်တာပဲ..."

ရဲရှင်းဟွေ့၏ လေသံမှာ အလွန်အမင်း ဒေါသထွက်နေဟန် မရှိချေ။ မည်သို့ပင် ဆိုစေကာမူ ဤနေရာက သူ၏ ဇာတိမြေ မဟုတ်ပေ။

သို့သော်လည်း ထိုသို့ မဟုတ်သော်ငြား ကမ္ဘာမြေတစ်ခုလုံး၏ လုံခြုံရေးအတွက် ရဲရှင်းဟွေ့မှာ ထိုအမျိုးသမီးကို တားဆီးရန် လိုအပ်၏။

ရဲရှင်းဟွေ့က လှုပ်ရှားတော့မည် ပြင်လိုက်စဉ်မှာပင် ရဲရှင်းချန်က အရင် လှုပ်ရှားလိုက်ပြီ ဖြစ်၏။

ခရမ်းရွှေရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး အမျိုးသမီး၏ ရင်ဘတ်ကို တည့်မတ်စွာ ထိုးနှက်လိုက်၏။

ထိုအချိန်တွင် သူမမှာ လုံးဝ မိစ္ဆာအသွင် ပြောင်းသွားပြီ ဖြစ်ပြီး ခေါင်းလည်း ပြောင်နေပြီ ဖြစ်၏။ ပိုသန်မာချင်လျှင် ခေါင်းပြောင်အောင် လုပ်ရသည်ဟု ဆိုစမှတ်ပြုကြ၏။ ဤမိစ္ဆာကျင့်ကြံသူမှာ ကမ္ဘာမြေမှ မဟုတ်သော်လည်း သူမကလည်း ဤစကား၏ အမှန်တရားကို နားလည်သဘောပေါက်ထားသည့်အလား ရှိနေ၏။

သို့သော်လည်း... သူမ မည်မျှပင် သန်မာစေကာမူ ရဲရှင်းချန်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ။

ရဲရှင်းချန်က သူမ၏ ရင်ဘတ်ကို တစ်ချက်တည်းဖြင့် ထွင်းဖောက်လိုက်၏။ ရဲရှင်းချန်က ရှေ့သို့တက်၍ သူမ၏ ဝိညာဉ်ကို ဖမ်းယူကာ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်တော့မည် အပြုတွင် အမျိုးသမီး၏ ရင်ဘတ်ပေါ်မှ ဒဏ်ရာမှာ အလွန် လျင်မြန်သော အရှိန်ဖြင့် ပြန်လည် ကုစားသွားသည်ကို တွေ့လိုက်ရ၏။

"ဟင်းဟင်း... ရေဒီယိုသတ္တိကြွမိစ္ဆာစွမ်းအင်က ဒီလို အစွမ်းအာနိသင် ရှိတာကိုး..."

အလျင်အမြန် ပြန်လည်ရှင်သန်စွမ်းရည်က အမျိုးသမီးကိုပင် အံ့အားသင့်သွားစေ၏။

သူမ ကမ္ဘာမြေနှင့် ဖူကူရှီးမား နျူကလီးယားစက်ရုံသို့ ရောက်ရှိလာသည့် အချိန်မှစ၍ နျူကလီးယား ရောင်ခြည်ဖြာထွက်မှုနှင့် မိစ္ဆာစွမ်းအင်တို့ ပေါင်းစပ်မှုကို လေ့လာနေခဲ့ခြင်း ဖြစ်၏။ နောက်ဆုံးတွင် သူမ၏ သုတေသနက ရေဒီယိုသတ္တိကြွကျောက်တုံးကို ဖန်တီးနိုင်စေခဲ့သည်။ ရေဒီယိုသတ္တိကြွကျောက်တုံးဟု ခေါ်ဆိုသောအရာမှာ ကျင့်ကြံရေးလောကတွင် ထုတ်လုပ်သော ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ နျူကလီးယား ရောင်ခြည်ဖြာထွက်မှုနှင့် မိစ္ဆာစွမ်းအင်တို့ ပေါင်းစပ်မှုမှ ရရှိလာသော ထွက်ကုန် ဖြစ်၏။

ဤကျောက်တုံးမှ ထုတ်လွှတ်သော ရေဒီယိုသတ္တိကြွမိစ္ဆာစွမ်းအင်က သက်ရှိများကို အလွန် လျင်မြန်သော အရှိန်ဖြင့် မိစ္ဆာအသွင် ပြောင်းစေနိုင်၏။

သူမကိုယ်တိုင်ပင် ဤရေဒီယိုသတ္တိကြွမိစ္ဆာစွမ်းအင်က သူမအား အလွန် လျင်မြန်စွာ ပြန်လည်ရှင်သန်နိုင်စွမ်းကို ပေးစွမ်းလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

တစ်နည်းအားဖြင့် ဆိုရလျှင်... ဤရေဒီယိုသတ္တိကြွမိစ္ဆာစွမ်းအင်၏ ဧရိယာအတွင်း၌ တိုက်ခိုက်နေသမျှ ကာလပတ်လုံး သူမမှာ ရှုံးနိမ့်မည် မဟုတ်တော့ချေ။

All Chapters