← Chapters

အခန်း (၁၅၄၆-၁၅၄၈)

Vol. 104 Ch. 1546-1548

အခန်း (၁၅၄၆-၁၅၄၈)

Vol. 104 Ch. 1546-1548

အဆတစ်ရာစနစ် စာစဥ်(၁၀၄)

အခန်း(၁၅၄၆)

ကျန်းချန်က ကောင်းကင်နဂါး နန်းတော်တွင် ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်များကို ရူးသွပ်စွာ သတ်ဖြတ်ခဲ့သည်။

အသက်ဆယ်ရှိုက်စာ အချိန်သည် သတိပင် မထားမိလိုက်ဘဲ တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့သည်။

သူက အသက်ဆယ်ရှိုက်စာ အချိန်အတွင်း ပေါ်ပေါက်လာသော ပြိုင်ဘက်၁၀ဦးကို အနိုင်ယူပြီးနောက်တွင် ကောင်းကင်နဂါးနန်းတော်၏ အခြေအနေသည် အဆုံးသတ်တွင် ပြောင်းလဲသွားခဲ့သည်။

အသက်ရှူကြိမ် ၁၁ ကြိမ်တွင် ကောင်းကင်နဂါးနန်းတော်သည် ကျန်းချန် မျှော်လင့်ထားသည့်သလို အနက်ရောင်ဝတ်လူငယ် ၁၁ယောက် ထွက်ပေါ်လာခြင်းမရှိဘဲ ငွေရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးကိုသာ ထွက်ပေါ်လာစေခဲ့သည်။

ထိုငွေရောင်ဝတ်စုံဝတ် လူငယ်၏ နတ်အရှိန်အဝါသည် ယခင်ထွက်ပေါ်လာသော အနက်ရောင်ဝတ်စုံဝတ် လူငယ်ထက် များစွာပို၍ အားကောင်းပြီး အဆင့်နိမ့် ပကတိနတ်ဘုရား အလယ်အလတ်အဆင့်သို့ပင် ရောက်ရှိနေခဲ့သည်။

သူ့ရှေ့ရှိ ငွေရောင်ဝတ်စုံဝတ် လူငယ်ကိုကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

ဤငွေရောင်ဝတ်စုံဝတ် လူငယ်၏ ခွန်အားသည် မြေကမ္ဘာနဂါးမြို့တော်ရှိ အစစ်အမှန်နဂါးအဆင့် ပါရမီရှင်များထက် မနိမ့်ကျသည်မှာ ထင်ရှား၏။

ကောင်းကင်နဂါးနန်းတော်၏ စည်းမျဥ်းသည် အသက်ရှူကြိမ် ပထမ ဆယ်ကြိမ်နှင့်သာ တူညီခဲ့လျှင် သူက အသက်ရှူကြိမ် ၂၀ကျော်အထိ ဆက်လက်ရှိနေလိုပါက ငွေရောင်ဝတ်စုံဝတ်လူငယ် ဒါဇင်ပေါင်းများစွာကို ချက်ချင်း အနိုင်ယူရလိမ့်မည် မဟုတ်ပါလား။

သူ့အထင် ဤတစ်ကြိမ် ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းခဲ့သော ကျင့်ကြံသူများအနက် ဘုရင်အဆင့် ပါရမီရှင်သုံးပါးမှ လွဲလျှင် မည်သူကမှ အသက်ရှူကြိမ် ၂၀ကျော်အထိ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ကျန်းချန်က စိတ်ထဲတွင် တွေးနေစဥ်မှာပင် ငွေရောင်ဝတ်စုံဝတ်လူငယ်သည် စတင် လှုပ်ရှားခဲ့သည်။

ငွေရောင်ဝတ်စုံဝတ် လူငယ်၏ ကျောဘက်တွင် ဧရာမငွေရောင်ဓားတစ်လက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်ကို သူမြင်လိုက်ရ၏။

နောက်ထပ် တစ်ခဏမှာပင် ထိုငွေရောင်ဓားသည် လေထုထဲသို့ ပျံသန်းလာခဲ့ပြီး ငွေရောင်မုန်တိုင်း အဖြစ်သို့ ပြောင်းလဲကာ ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့၏။

ကျန်းချန်က ဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်ကို အသုံးပြုကာ ငွေရောင်မုန်တိုင်းနှင့် ငွေရောင်ဝတ်စုံဝတ် လူငယ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်သည်။

သို့သော်လည်း ကျန်းချန်က ငွေရောင်ဝတ်စုံဝတ် လူငယ်ကို သတ်ဖြတ်ပြီးသည်နှင့် ငွေရောင်ဝတ်စုံဝတ်လူငယ်၏ ပုံရိပ်သည် ကျန်းချန်၏ ရှေ့တွင် တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။

ငွေရောင်ဝတ်စုံဝတ် လူငယ်က တစ်ဦးတည်းသာ ဖြစ်သော်လည်း ၎င်း၏ ခွန်အားက အနည်းငယ် တိုးတက်လာပုံရသည်ဟု ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့၏။

"ဝုန်း.."

ထပ်မံ ထွက်ပေါ်လာသော ငွေရောင်ဝတ်စုံဝတ် လူငယ်သည် လုံးဝ တုံ့ဆိုင်းမနေဘဲ ယခင်ကထက် ပိုမိုအားကောင်းသော ငွေရောင်ဓားစွမ်းအင် မုန်တိုင်းဖြင့် ကျန်းချန်ကို တိုက်ခိုက်လာပြန်၏။

ကျန်းချန်က တစ်ခဏမျှ မှင်တက်သွားခဲ့သော်လည်း ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်ကာ ငွေရောင်ဝတ်စုံဝတ် လူငယ်ကို ထပ်မံ ရှင်းပစ်လိုက်သည်။

သို့သော်လည်း နောက်ထပ် တစ်ခဏမှာပင် ငွေရောင်ဝတ်စုံဝတ်လူငယ်သည် ထပ်မံ ထွက်ပေါ်လာခဲ့ပြီး သူ၏ နတ်အရှိန်အဝါသည်လည်း ပို၍ပင် အားကောင်းလာခဲ့သည်။

"ဒီကောင်းကင်နဂါးနန်းတော်က တကယ်ကို အံ့သြစရာပဲ"

ထိုမြင်ကွင်းကို မြင်လျှင် ကျန်းချန်သည် သူ၏စိတ်ထဲတွင် မချီးကျူးဘဲ မနေနိုင်တော့ပေ။

အသက်ရှူကြိမ် ၁၀ကြိမ်ပြီးနောက်တွင် ကောင်းကင်နဂါးနန်းတော်၏ စည်းမျဥ်းသည် ယခင် အသက်ရှူကြိမ် ၁၀ကြိမ်နှင့် ထင်ထင်ရှားရှားပင် ကွဲပြားနေခဲ့သည်။

ဤတစ်ကြိမ်တွင်မူ အသက်ရှူကြိမ် ၁ကြိမ်တိုင်းတွင် ပြိုင်ဘက်၁ဦး ထပ်မံ တိုးပွားလာခြင်း မဟုတ်ဘဲ သူ၏‌ရှေ့ရှိ ငွေရောင်ဝတ်စုံဝတ် လူငယ်ကို သတ်ဖြတ်လိုက်တိုင်းတွင် ထိုငွေရောင်ဝတ်စုံဝတ် လူငယ်က ပို၍ အားကောင်းလာခြင်းမျိုး ဖြစ်သည်။

"ငါသာ ဒီငွေရောင်ဝတ်စုံဝတ် လူငယ်ကို ချက်ချင်း အနိုင်မယူခဲ့ရင် ဘယ်လိုတွေ ဆက်ဖြစ်လာမလဲမသိဘူး"

ဤတစ်ကြိမ်တွင် ကျန်းချန်သည် အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် ငွေရောင်ဝတ်စုံဝတ် လူငယ်ကို မသတ်ဖြတ်တော့ဘဲ သူ့ဆီသို့ သက်ရောက်လာသော ငွေရောင်ဓားစွမ်းအင် မုန်တိုင်းကိုသာ ချေဖျက်လိုက်သည်။

ထို့နောက်တွင် ကျန်းချန်ကို အံ့အားသင့်စေသော မြင်ကွင်းတစ်ခုသည် ဖြစ်ပေါ်လာခဲ့သည်။

ငွေရောင်ဝတ်စုံဝတ်လူငယ်သည် လျှို့ဝှက်နည်းစနစ် တစ်ခုကို လုပ်ဆောင်လိုက်သကဲ့သို့ ၎င်း၏ နတ်အရှိန်အဝါသည် တိုးတက်လာခဲ့သည်။

ထို့နောက်တွင် ငွေရောင်ဝတ်စုံဝတ် လူငယ်သည် ကျန်းချန် ဆီသို့ ငွေရောင်ဓားစွမ်းအင် မုန်တိုင်းဖြင့် ထပ်မံ တိုက်ခိုက်လိုက်ပြန်၏။

ကျန်းချန်က အံ့အားသင့်သွားပြီး ငွေရောင်ဝတ်စုံဝတ်လူငယ်၏ ငွေရောင်ဓားစွမ်းအင် မုန်တိုင်းကို ထပ်မံ ချေဖျက်လိုက်သည်။

ဤသို့ဖြင့် သူက ငွေရောင်ဝတ်စုံဝတ်လူငယ်၏ တိုက်ခိုက်မှုကိုသာ ချေဖျက်ခဲ့ပြီး ငွေရောင်ဝတ်စုံဝတ် လူငယ်ကို သတ်ဖြတ်ရန် မည်သည့် လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ပေ။

သို့သော်လည်း ထိုအချိန်မှာပင် သြဇာသံအပြည့်ပါသော အသံတစ်သံသည် ကောင်းကင်နဂါးနန်းတော်တွင် ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့၏။

"ပြိုင်ဘက်ကို အသက်၃ရှိုက်စာ အချိန်အတွင်း အနိုင်မယူနိုင်ခဲ့တဲ့အတွက် အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့ဘူး.. အသက်ရှူကြိမ် ၁၅ကြိမ်ရရှိပါတယ်"

ထိုအသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ရှေ့ရှိ ငွေရောင်ဝတ်စုံဝတ် လူငယ်သည် လေထဲတွင် ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်နဂါးနန်းတော်သည်လည်း ချက်ချင်းဆိုသလို ငြိမ်သက်သွားခဲ့သည်။

"လခွမ်း ဒါက ဘယ်လို အခြေအနေကြီးလဲဟ"

ခန်းမထဲမှ စကားသံကိုကြားလျှင် ကျန်းချန်သည် မှင်တက်သွားခဲ့သည်။

သူက သူ၏ရှေ့ရှိ ငွေရောင်ဝတ်စုံဝတ် လူငယ်နှင့် ဆော့ကစားရန်သာ ဆန္ဒရှိခဲ့သည်။

သို့ရာတွင် အသက်၃ရှိုက်စာ အချိန်အတွင်း ပြိုင်ဘက်ကို အနိုင်မယူနိုင်လျှင် တိုက်ရိုက် ဖယ်ရှားခံရသော စည်းမျဥ်းရှိနေလိမ့်မည်ဟု သူ မသိခဲ့ပေ။

သို့သော်လည်း ကိစ္စက ဤအခြေအနေသို့ပင် ရောက်ရှိသွားပြီဖြစ်ရာ ကျန်းချန်သည် နောင်တရလျှင်ပင် နောက်ကျသွားခဲ့ပြီ မဟုတ်ပါလား။

သူ့အနေဖြင့် ကောင်းကင်နဂါးနန်းတော်သို့ နောက်ထပ် ဝင်ရောက်မည့် အချိန်ကိုသာ စောင့်ဆိုင်းရပေတော့မည်။

"ငါတော့ ဖင်ယားမှုနဲ့ တိုင်ပတ်သွားပြီ"

ကျန်းချန်က မချိပြုံး ပြုံးလိုက်ပြီး ခေါင်းခါရမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်နဂါး နန်းတော်ထဲကနေ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်တွင် လူတိုင်းသည် ကောင်းကင်နဂါး နန်းတော်မှ ထွက်လာသော ကျန်းချန်ကိုကြည့်ရင်း မျက်လုံးများ ပြူးကျယ်ကာ သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

သိထားရမည့်အချက်မှာ ကျန်းချန်သည် ဤနှစ် ဤကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်တွင် နံပါတ်(၁)ဖြစ်ပြီး မီးဘုရင် ယန်ယွိကိုပင် အနိုင်ယူခဲ့သောသူ ဖြစ်သည်။

သို့ရာတွင် ယန်ယွိက ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၂၃ ကြိမ် ခံနိုင်ရည် ရှိခဲ့သော်လည်း ကျန်းချန်ကမူ အသက်ရှူကြိမ် ၁၅ကြိမ်သာလျှင် ခံနိုင်ရည်ရှိခဲ့ပြီး အဆင့်မြင့်တပည့်တစ်ဦး ဖြစ်လာရန်ပင် အရည်အချင်း မပြည့်မီခဲ့ပေ။

"ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ကျန်းချန်က ဘာလို့ အသက်ရှူကြိမ် ၁၅ကြိမ်ပဲ ခံနိုင်ရည်ရှိပြီး ထွက်လာရတာလဲ.. သူက သူ့ရဲ့ခွန်အားကို ဖုံးကွယ်ထားတာများ ဖြစ်နိုင်မလား"

"ကောင်းကင်နဂါးနန်းတော်ရဲ့ စမ်းသပ်မှုက တပည့်အဆင့်ရာထူးအပြင် လစဥ်ရရှိမဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ ဆက်စပ်နေတယ်.. ဘယ်သူက ဖင်ယားပြီး ခွန်အားကို မိုက်မိုက်မဲမဲ ဖုံးကွယ်ထားမှာလဲ.. ဖြစ်နိုင်တာက ယန်ယွိနဲ့ တခြားသူတွေကို ဒီကောင် ကံကောင်းပြီး အနိုင်ရခဲ့တာပဲ ဖြစ်ရမယ်"

".............."

လူတိုင်းက မှင်တက်ရာကနေ သတိပြန်ဝင်လာသောအခါတွင် ကျန်းချန်၏ အကြောင်းကို ပြောဆို ဆွေးနွေးနေခဲ့ကြသည်။

‌‌ရွှေလင်းလုံတို့ ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အကြီးအကဲသုံးဦး၏ မျက်ဝန်းတွင်လည်း အံ့အားသင့်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ပါရမီနှင့်ခွန်အားဖြင့် ဆိုလျှင် အသက်ရှူကြိမ် ၁၅ကြိမ်သာ ခံနိုင်ရည်ရှိသည်မှာ မည်ကဲ့သို့ ဖြစ်နိုင်ပါအံ့နည်း။

"ဟားဟား ကျန်းချန်.. ကောင်းကင်နဂါးစာရင်း အဆင့်သတ်မှတ်ချက်ရဲ့ ထိပ်ဆုံးနေရာမှာ ရှိတဲ့မင်းက ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၁၅ကြိမ်ပဲ ခံနိုင်ရည်ရှိတယ်တဲ့လား"

ယန်ယွိက ကျန်းချန်ကို ကြည့်ရင်း လှောင်ပြောင်လိုက်သည်။

"အရှုံးသမားကများ ငါ့ရှေ့မှာ ဘာတွေ လာမာန်တက်နေတာလဲ"

ကျန်းချန်က ယန်ယွိကို စူးစိုက်၍ ကြည့်လိုက်ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

"ငါက အသက်ရှူကြိမ် ၁၅ကြိမ်ပဲ ခံနိုင်ရည် ရှိခဲ့ရင်တောင် မင်းကို အနိုင်ယူဖို့ကတော့ လုံလောက်တာတောင် ပိုနေသေးတယ်.. ဘယ်လိုလဲ မင်းငါနဲ့ထပ်ပြီး ယှဥ်ချင်သေးလား"

ယန်ယွိက ပါးစပ်ပိတ်သွားခဲ့ပြီး စကားထပ်မပြောတော့ပေ။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် ပတ်သက်၍ သူသည် နေရာလွတ်နယ်မြေတွင် နက်ရှိုင်းစွာ နားလည်ထားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်နဂါးနန်းတော်တွင် သူ၏ စွမ်းဆောင်ရည်သည် ကျန်းချန်ထက် ပို၍ မြင့်မားခဲ့သော်လည်း သူက ကျန်းချန်၏ ပြိုင်ဘက် မဟုတ်မှန်း ကောင်းစွာ သိနေခဲ့၏။

သို့သော်လည်း ယခုအခါတွင် သူက အဆင့်မြင့်တပည့် တစ်ဦး ဖြစ်နေခဲ့ပြီဖြစ်ရာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ပတ်ဝန်းကျင်နှင့် ခွဲဝေရရှိသည့် ကျင့်ကြံခြင်း အရင်းအမြစ်၂ခုစလုံးတွင် ကျန်းချန်ထက် အဆများစွာ သာနေခဲ့သည်။

ထို့ကြောင့် အချိန်အလုံအလောက်သာ ရလျှင် သူသည် ကျန်းချန်ကို အနိုင်ယူနိုင်မည် ဖြစ်ပြီး ကျန်းချန်ထံမှ သူခံစားခဲ့ရသော အရှက်ကွဲမှုကို အဆများစွာ ပြန်လည် ပေးဆပ်စေမည်ဖြစ်၏။

"ကျန်းချန်.. နင့်ရဲ့ခွန်အားနဲ့ဆိုရင် အဆင့်မြင့် တပည့်တစ်ဦးဖြစ်ဖို့ အသက်ရှူကြိမ် ၂၀ကြိမ်ကို ခံနိုင်ရည်ရှိဖို့ ဆိုတာ မခက်ခဲလောက်ဘူး မဟုတ်လား"

ရီချင်းယင်က ကျန်းချန်ကို ကြည့်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

ကျန်းချန်၏ ခွန်အားနှင့်ပါရမီဖြင့် ဆိုလျှင် ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၁၅ကြိမ်မျှသာ ခံနိုင်ရည်ရှိသည်ကို သူမ လုံးဝမယုံကြည်ခဲ့ပေ။

"ငါနည်းနည်းလောက် ပေါ့ဆမိသွားလို့ပါ"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"အထဲကို ရောက်ရင် မင်းရဲ့ခွန်အားကို လုံးဝ ထိန်ချန်မထားနဲ့.. မင်းရှေ့မှာ ပေါ်လာတဲ့ ပြိုင်ဘက်တွေကို ချက်ချင်း သတ်ပစ်နိုင်အောင်လုပ်ပါ"

သူတို့နှစ်ဦး စကားပြောဆိုနေစဥ်မှာပင် ကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှုသည် ဆက်လက် ဖြစ်ပေါ်နေခဲ့သည်။

ပါရမီရှင်များစွာသည် ကောင်းကင်နဂါးနန်းတော်သို့ အလှည့်ကျ ဝင်ရောက်ခဲ့ကြသည်။

ထိုအထဲတွင် စိတ်ဝင်စားမှု အခံရဆုံးသူများမှာ သံသယဖြစ်ဖွယ်ရာမရှိ ပိုင်လီကျန့်နှင့် ယုချိုးရွှေတို့ပင် ဖြစ်ပြီး ထို၂ဦးစလုံးသည် အသက်ရှူကြိမ် ၂၀ကြိမ်ဖြင့် အဆင့်မြင့် တပည့်များ ဖြစ်လာခဲ့ကြ၏။

ကောင်းကင်နဂါးနန်းတော် ထဲတွင် အသက်ရှူကြိမ် ၁၅ကြိမ်ကျော် ခံနိုင်ရည်ရှိခဲ့သော အစစ်အမှန် နဂါးအဆင့် ပါရမီရှင်အချို့လည်း ရှိသည်။

သို့ရာတွင် ကောင်းကင်နဂါးစာရင်း၏ နံပါတ်(၁)နေရာတွင် ရှိသော ကျန်းချန်သည် အသက်ရှူကြိမ် ၁၅ကြိမ်ခန့်သာ ခံနိုင်ရည် ရှိခဲ့သည်။

ပါရမီရှင်များစွာသည် ထိုဖြစ်ရပ်ကို တီးတိုး ပြောဆိုဆွေးနွေးနေခဲ့ကြသည်။

ကျန်းချန်က ကောင်းကင်နဂါးစာရင်း၏ နံပါတ်(၁)နေရာကို မည်ကဲ့သို့ ရရှိခဲ့သလဲ ဆိုသည်အား သူတို့ အမှန်တကယ် မသိတော့ပေ။

သူတို့အမြင်တွင် ကျန်းချန်သည် မြေကမ္ဘာနဂါးမြို့တော်၏ သမိုင်းတွင် အားအနည်းဆုံး ကောင်းကင်နဂါး စာရင်း နံပါတ်(၁)ပင် ဖြစ်ပေတော့သည်။

အခန်း(၁၅၄၆)ပြီး၏။

အခန်း(၁၅၄၇)

ကျန်းချန်၏ မျက်နှာက ရေခဲတမျှ အေးစက် တည်ငြိမ်နေခဲ့ပြီး ပတ်ဝန်းကျင်မှ သံသယနှင့် လှောင်ပြောင်မှုများကို ဂရုမစိုက်ခဲ့ပေ။

ကောင်းကင်နဂါးနန်းတော် စမ်းသပ်မှုတွင် သူ့အနေဖြင့် အသက်ရှူကြိမ် ၁၅ကြိမ်ခန့်သာ ခံနိုင်ရည် ရှိခဲ့ခြင်းမှာ မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်၏။

သူဆန္ဒရှိသရွေ့ အသက်ရှူကြိမ် ၂၀ကျော် ခံနိုင်ရည်ရှိရန်မှာ မခက်ခဲပေ။

အသက်ရှူကြိမ် ၃၀ကြိမ်ကို ခံနိုင်ရည်ရှိပြီး မာနနဂါးအဆင့်တပည့် ဖြစ်လာရန်ပင် မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ဆိုရလျှင် သူသည် ကျင့်ကြံခြင်း လမ်းစဥ်ကို လျှောက်လှမ်းခဲ့ရာတွင် နေရာများစွာ၌ စံချိန်များစွာကို ဖန်တီးခဲ့သော မွန်းစတားတစ်ဦး ဖြစ်၏။

မည်သို့ပင်ဖြစ်စေကာမူ ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းနိုင်ခဲ့ပြီး တစ်ခဏမျှ အေးအေးဆေးဆေး ကျင့်ကြံနိုင်တော့မည် ဖြစ်၍ အလယ်အလတ်အဆင့် တပည့်အဖြစ် သတ်မှတ်ခံရသည်ကလည်း ဆိုးရွားသောအရာ မဟုတ်ပေ။

ကောင်းကင်နဂါးနန်းတော်၏ အပြင်ဘက်ရှိ တပည့်သစ်များသည် တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်နဂါးနန်းတော်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။

နောက်ဆုံး စမ်းသပ်ခံသည့် ပါရမီရှင်က ကောင်းကင်နဂါးနန်းတော်၏ ဂိတ်ပေါက်ကနေ ထွက်လာသောအခါတွင် ရွှေလင်းလုံသည် အပိုစကားများ မပြောတော့ဘဲ စမ်းသပ်မှုရလဒ်များအပေါ် အခြေခံ၍ လူတိုင်းအတွက် နေထိုင်ခွင့်နေရာများကို တိုက်ရိုက် ခွဲဝေပေးခဲ့သည်။

"အသက်ရှူကြိမ် ၁၀ကြိမ်အောက်ပဲ ရခဲ့တဲ့ သူတွေက အဆင့်နိမ့်တပည့်တွေရဲ့ နေထိုင်တဲ့နေရာကို သွားပြီး လစ်လပ်နေတဲ့ နေအိမ်ကို ရှာဖွေပါ"

"အသက်ရှူကြိမ် ၁၀ကြိမ်ကနေ ၂၀ကြိမ်အထိ ရတဲ့သူတွေက အလယ်အလတ်အဆင့် တပည့်တွေ နေထိုင်တဲ့နေရာကို သွားပြီး လစ်လပ်နေတဲ့ နေအိမ်တွေကို ရှာဖွေပါ"

"ယန်ယွိ၊ ပိုင်လီကျန့်နဲ့ ယုချိုးရွှေတို့ သုံးဦးက အဆင့်မြင့်တပည့်တွေ နေထိုင်တဲ့နေရာမှာ အိမ်အမှတ် ၆၆၁၊ ၆၆၂၊၆၆၃မှာ နေထိုင်ရမယ်"

"တပည့်အသစ်တွေ အားလုံးက အစေခံ၂ဦးကနေ ၄ဦးအထိ ကောင်းကင်နဂါးမြို့တော်ထဲကို ခေါ်ဆောင်ဖို့ အခွင့်အရေးရှိတယ်.. မင်းတို့ ကိုယ်တိုင်ပဲ စီမံခန့်ခွဲရေး ခန်းမကို သွားပြီး သတင်းပို့လိုက်ပါ"

"..............."

ရွှေလင်းလုံက ပြောဆိုစရာရှိသည်များကို ပြောဆိုပြီးနောက်တွင် သူမ နံဘေးရှိ အကြီးအကဲ၂ဦးနှင့်အတူ လူတိုင်း၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်နဂါးမြို့တော်ကို တာဝန်ယူထားသော ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အကြီးအကဲများ အနေဖြင့် သူတို့သည် အသစ် ရောက်ရှိလာသူများအပေါ်တွင် အာရုံစိုက်နေမည် မဟုတ်ပေ။

ယခုအခါတွင် သူတို့သည် ကျန်းချန်နှင့် အခြားသူများကို နေရာချထားပေးပြီးပြီ ဖြစ်ရာ ကျန်းချန်နှင့် အခြားသူများအနေဖြင့် ကောင်းကင်နဂါးမြို့တော်တွင် မည်မျှအထိ တိုးတက်လာနိုင်မလဲ ဆိုသည်မှာ ကာယကံရှင် ကိုယ်တိုင်တွင်သာ မူတည်တော့မည် ဖြစ်၏။

ကောင်းကင်နတ်ဘုရားအဆင့် အကြီးအကဲများအနေဖြင့် သူတို့သည် ပါရမီရှင်များကို အလွန်အမင်း ဂရုစိုက်နေမည်မဟုတ်ပေ။

ပါရမီရှင်သည် ပါရမီရှင်သာဖြစ်ပြီး ခွန်အားကြီးမားသူ တစ်ဦးမဟုတ်ပေ။

အတားအဆီးများစွာကို ကျော်လွှားနိုင်ခဲ့ပြီး သေရေးရှင်ရေးအခြေအနေများကို ဖြတ်ကျော်၍ ရှင်သန် ကြီးပြင်းလာခဲ့သော သူကိုသာ ခွန်အားကြီးသည်ဟု သတ်မှတ်နိုင်မည် ဖြစ်သည်။

ကောင်းကင်နဂါး မြို့တော်တစ်ခုလုံးတွင် မာနနဂါးအဆင့်တပည့်၉ဦး သာလျှင် ခွန်အားကြီးသူဟု သတ်မှတ်နိုင်၏။

----------------------

၁၀နှစ် ၁ကြိမ် ကျင်းပသော ကောင်းကင်နဂါး မြို့တော်ဝင်ခွင့်စမ်းသပ်မှု ပြီးဆုံးသွားသည်နှင့် မြေကမ္ဘာနဂါးမြို့တော်ရှိ ပါရမီရှင်များသည် ပြန့်ကျဲသွားခဲ့သည်။

ရှေး‌ဟောင်းနဂါးမျိုးနွယ်စု၏ အကြီးအကဲများ ထောက်ခံချက် ပေးထားသော ပါရမီရှင်အချို့မှ လွဲလျှင် အောက်ခြေအလုပ်များကို လုပ်ဆောင်ရန်အတွက် မြေကမ္ဘာနဂါး မြို့တော်တွင် နေထိုင်လိုသော ပကတိနတ်ဘုရားအဆင့် ကျင့်ကြံသူများသာ ကျန်ရှိတော့၏။

ဤအချိန်တွင် မြေကမ္ဘာနဂါးမြို့တော် တစ်ခုလုံးသည် အထူးတလှယ်ပင် လူသူ ရှင်းလင်းနေခဲ့သည်။

မှန်ပါသည်။ ဤကဲ့သို့ လူသူ ရှင်းလင်းနေခြင်းသည် ယာယီမျှသာဖြစ်ပြီး မကြာခင်မှာပင် မြေကမ္ဘာနဂါးမြို့တော်သို့ ပါရမီရှင် အသစ်များစွာသည် ရောက်ရှိလာတော့မည် ဖြစ်၏။

---------------

မြေကမ္ဘာနဂါးမြို့တော်၏ အမြုတေဧရိယာ၊ စီရင်စုအမှတ် ၁၆၆။

မုန့်ဖျင်သည် ခန်းမထဲတွင် ရှေ့တိုးနောက်ဆုတ် လမ်းလျှောက်နေခဲ့သည်။

သူ၏မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

သူက ကျန်းချန်ကဲ့သို့ သခင်တစ်ဦးနှင့်အတူ ၁၀နှစ်အတွင်း ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းရန် အခွင့်အရေး ရရှိလိမ့်မည်ဟု မူလက ထင်ထားခဲ့သည်။

သို့သော်လည်း ကျန်းချန်က သူ့ကို အလွန်အမင်း အံ့အားသင့်အောင် လုပ်ဆောင်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

၂နှစ် မပြည့်မီမှာပင် ကျန်းချန်သည် မြေကမ္ဘာနဂါးမြို့တော်၏ ပါရမီရှင်များကို ကျော်တက်ကာ ကောင်းကင်နဂါးစာရင်း၏ အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။

ကျန်းချန်၏ ထိတ်လန့်စရာကောင်းသော စွမ်းဆောင်ရည်ကို တွေးလိုက်မိလျှင် မုန့်ဖျင်သည် အလွန်တရာ စိတ်လှုပ်ရှားလာခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ၏စိတ်ထဲသို့ စိုးရိမ်စိတ်များလည်း ဝင်ရောက်လာခဲ့၏။

အကြောင်းအရင်းမှာ ကောင်းကင်နဂါးမြို့တော်တွင် ကျန်းချန်သည် အိမ်ထိန်းအသစ် တစ်ဦးကို သူ့နေရာတွင် အစားထိုးလိုက်မည်အား စိုးရိမ်နေ၍ ဖြစ်သည်။

"ဘာလို့ သခင်ကြီးကျန်းချန်က အခုထိ မလာသေးတာလဲ"

ကျန်းချန်က သူ့ကို အမှန်တကယ်ပင် စွန့်လွှတ်ချင်နေပါသလော။

မုန့်ဖျင်က စိတ်လှုပ်ရှားကာ ဂနာမငြိမ် ဖြစ်နေခဲ့သည်။

ထို့နောက် နံဘေးတွင် ရပ်နေသော ရွယ်ချင်းရို့ကို ကြည့်လိုက်သောအခါ သူ၏ စိတ်သည် ချက်ချင်းဆိုသလို များစွာ တည်ငြိမ်သွားခဲ့၏။

ကျန်းချန်သည် ရွှယ်ချင်းရို့နှင့် အလွန်ကောင်းမွန်သော ဆက်ဆံရေး ရှိ၏။

ကျန်းချန် ကိုယ်တိုင်က ရွှယ်ချင်းရို့ကို ကောင်းကင်နဂါးမြို့တော်သို့ ခေါ်ဆောင်သွားရန် ကတိပေးခဲ့သည် မဟုတ်ပါလော။

"မုန့်ဖျင်.. ရွှယ်ချင်းရို့ ကောင်းကင်နဂါးမြို့တော်ကို သွားဖို့ ငါ့နောက်ကနေ ချက်ချင်း လိုက်လာခဲ့ပေးပါ"

ကျယ်လောင်သော အသံတစ်သံသည် စီရင်စု၏ ဝင်ပေါက်ကနေ ထွက်ပေါ်လာခဲ့သည်။

မုန့်ဖျင်နှင့် ရွှယ်ချင်းရိုတို့ နှစ်ဦးစလုံး၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန်သည် သူတို့ကို မမေ့လျော့ခဲ့ပေ။

အဆုံးသတ်တွင် သူတို့သည် ကောင်းကင်နဂါးမြို့တော်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးကို ရရှိခဲ့ကြ၏။

ကျန်းချန်သည် အထွေထွေစီမံခန့်ခွဲရေး ခန်းမသို့ ရောက်ရှိပြီးနောက်တွင် မုန့်ဖျင်နှင့် ရွှယ်ချင်းရို့တို့၏ နာမည်များကို ပေးကာ သတင်းပို့ခိုင်းခဲ့သည်။

ထို့နောက်တွင် အလယ်အလတ်အဆင့် တပည့်များ နေထိုင်သည့်နေရာတွင် ခြံဝန်းတစ်ခုကို ရွေးချယ်၍ အခြေချနေထိုင်ခဲ့၏။

ယခု သူက ကောင်းကင်နဂါးမြို့တော်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လက်ရှိ သူလုပ်ဆောင်ရမည့် အရာမှာ အပတ်တကုတ် ကြိုးစားအားထုတ်ပြီး သူ၏ခွန်အားကို မြှင့်တင်ရန် ဖြစ်၏။

သူ၏ခွန်အားသာ အဆင့်တစ်ခုအထိ မြင့်တက်လာခဲ့လျှင် ကောင်းကင်နဂါးမြို့တော်က ထွက်ကာ နတ်ဘုရားနယ်မြေ၏ စစ်မှန်သော လောကကို ကြည့်ရှုနိုင်ပြီး သူ့ဖခင်နေထိုင်သောနေရာကို ရှာဖွေနိုင်မည် မဟုတ်ပါလား။

"နတ်ဘုရားနယ်မြေက အဆုံးမဲ့ကျယ်ပြန့်တယ် ငါ့အဖေက ရွှယ်လင်ကုန်းမြေတိုက်ကနေ နတ်ဘုရားနယ်မြေကို တက်လာတာ ဘယ်နယ်မြေမှာ ပေါ်လာမလဲမသိဘူး"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီး ခေါင်းခါရမ်းကာ မချိပြုံး ပြုံးလိုက်သည်။

သူ၏ဖခင် ကျန်းဝူရသာ ရှေးဟောင်းနဂါး ကုန်းမြေတွင် မရှိခဲ့လျှင် ကျန်းဝူရကို ရှာဖွေရန်အတွက် နယ်မြေကို ဖြတ်ကျော်ရန် လိုအပ်၏။

သူ့အနေဖြင့် တခြားသော နယ်မြေများသို့ သွားရောက်လိုလျှင် ကောင်းကင်နတ်ဘုရား အဆင့်ကို ထိုးဖောက်ရလိမ့်မည် ဖြစ်၏။

လက်ရှိအချိန်တွင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်သည် ကျန်းချန်နှင့် အလွန်ပင် အလှမ်း ဝေးလွန်းနေခဲ့သည်။

"ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့ အချိန်ကျပြီ"

ကျန်းချန်က အသက်ကိုခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်း အဆင့်တွင်သာ ရှိနေသေးပြီး အသစ် တက်ရောက်လာသော ပါရမီရှင် ၁၀၈ဦး ထဲတွင် သူတစ်ဦးတည်းသာ ကျင့်ကြံခြင်းအဆင့် အားအနည်းဆုံး ဖြစ်သည်။

သို့ဖြစ်ရာ ကောင်းကင်နဂါးမြို့တော်မှ စီနီယာ တပည့်များစွာနှင့် ယှဥ်လျှင် ပြောနေစရာပင် မလိုတော့ပေ။

စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏လက်တစ်ဖက်ကို ဝှေ့ရမ်းလိုက်ရာ တောင်တစ်လုံးကဲ့သို့ စုပုံနေသော နတ်ဘုရားကျောက်တုံးအစုအပုံကြီးသည် လေထဲတွင် တိုက်ရိုက် ပေါ်ထွက်လာခဲ့သည်။

ဤနတ်ကျောက်တုံး အားလုံးကို ကျန်းချန်သည် မြေကမ္ဘာနဂါးမြို့တော်ကနေ လဲလှယ်ခဲ့ခြင်း ဖြစ်၏။

အထူးသဖြင့် မှော်နဂါးနန်းတော်၏ အဋ္ဌမ အထပ်နှင့် နဝမအထပ်ကို ဖြတ်ကျော်ရာမှ ရရှိခဲ့သော ရမှတ်၂၀၀၀၀ အတွက် မည်သည့်အရာနှင့် လဲလှယ်ရမည်ကို မသိသောကြောင့် ကျန်းချန်သည် ကျင့်ကြံရာတွင် အဆင်ပြေစေရန် ထို ရမှတ်အားလုံးကို နတ်ကျောက်တုံးများနှင့် လဲလှယ်ခဲ့သည်။

ကျန်းချန်က နတ်ကျောက်တုံးများကို ကောက်ယူလိုက်ပြီး ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကိုထုတ်ဖော်ကာ စတင်စုပ်ယူ၍ ကျင့်ကြံခဲ့သည်။

"ဒင်.. သင်က နတ်ကျောက်တုံးတစ်တုံးကို ကျင့်ကြံရာမှာ အသုံးပြုပြီး အတွေ့အကြုံရမှတ် ၁၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်..သင်က နတ်ကျောက်တုံးတစ်တုံးကို ကျင့်ကြံရာမှာ အသုံးပြုပြီး အတွေ့အကြုံရမှတ် ၁၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"............"

နတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်ဖြစ်သော ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်နှင့်အတူ ကျန်းချန်သည် သာမန် ပါရမီရှင်များထက်ပင် နတ်ကျောက်တုံးများကို စုပ်ယူနိုင်၍ ပိုမိုလျင်မြန်စွာ လေ့ကျင့်နိုင်ခဲ့သည်။

ထို့အပြင် အဆ၁၀၀ စနစ်ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုသည် သံသယဖြစ်ဖွယ်ရာမှ မရှိ ပို၍ပင် ထိတ်လန့်စရာ ကောင်းနေခဲ့၏။

ထိုကဲ့သို့ အဆက်မပြတ် လေ့ကျင့်မှုအောက်တွင် ၂လကြာပြီးနောက် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆုံးသတ်တွင် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်မှ အဆင့်နိမ့် ပကတိနတ်ဘုရား အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အဆင့်နိမ့် ပကတိနတ်ဘုရား အလယ်အလတ်အဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် လစဥ်ရရှိသည့် ကျင့်ကြံခြင်း အရင်းအမြစ်ကို လက်ခံရယူရန်အတွက် အရင်းအမြစ်ခွဲဝေရေး ခန်းမသို့ သွားရောက်ခဲ့သည့် အပြင် သူ၏ လက်ထဲရှိ ကောင်းကင်နဂါး ရမှတ်အားလုံးကိုပါ ကျင့်ကြံခြင်း အရင်းအမြစ်များနှင့် လဲလှယ်ကာ တိတ်တဆိတ် ပြန်လည်ထွက်ခွာလာခဲ့သည်။

သူနေထိုင်သော ခြံဝန်းသို့ ပြန်ရောက်သည်နှင့် ကျန်းချန်သည် ဆက်လက် ကျင့်ကြံခဲ့၏။

"ဒင်.. သင်က နတ်ကျောက်တုံးတစ်တုံးကို ကျင့်ကြံရာမှာ အသုံးပြုပြီး အတွေ့အကြုံရမှတ် ၁၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"..........."

"ဒင်.. သင်က အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပါပြီ"

၁နှစ်တာလုံး အရင်းအမြစ်များကို အသုံးပြုပြီးနောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အဆုံးသတ်၌ အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သို့ တိုးတက်လာခဲ့သည်။

"ပကတိ နတ်ဘုရားနယ်ပယ်အဆင့်မှာ အဆင့်သေး တစ်ဆင့် တိုးတက်ဖို့တောင် တကယ်ကို လွယ်ကူတဲ့အလုပ် မဟုတ်ဘူးပဲ"

ကျင့်ကြံခြင်းအဆင့် ထိုးဖောက်ပြီးနောက်တွင် ကျန်းချန်သည် သူ၏ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။

အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ကနေ အလယ်အလတ်အဆင့်သို့ ထိုးဖောက်ရန်အတွက် သူ့အနေဖြင့် ၂လ ကြာမြင့်ခဲ့၏။

အလယ်အလတ် အဆင့်ကနေ နှောင်းပိုင်းအဆင့်သို့ ထိုးဖောက်ရန်အတွက်မူ ၁၀လတိတိ ကြာမြင့်ခဲ့သည်။

ပကတိနတ်ဘုရား နယ်ပယ်အဆင့်တွင် အဆင့်သေးတစ်ဆင့်တက်ရန်ပင် အချိန်နှင့် အရင်းအမြစ်များစွာကို အသုံးပြုရမည်ဖြစ်၏။

ဤအရှိန်နှုန်းဖြင့်သာ ဆိုလျှင် သူ့အနေဖြင့် အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ထိုးဖောက်ရန် အတွက် အနည်းဆုံး နှစ်အနည်းငယ် ကြာမြင့်လိမ့်မည် မဟုတ်ပါလော။

အခန်း(၁၅၄၇)ပြီး၏။

အခန်း(၁၅၄၈)

"အဆ ၁၀၀ စနစ်ကို ပိုင်ဆိုင်ထားရင်တောင် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့်ကို ထိုးဖောက်ဖို့က တစ်ခဏအတွင်း ပြီးမြောက်နိုင်တဲ့ ကိစ္စမဟုတ်ဘူးနဲ့ တူတယ်"

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး မတ်တတ်ထရပ်ကာ အပြင်သို့ ထွက်လာခဲ့သည်။

ကောင်းကင်နဂါးမြို့တော်တွင် တပည့်တိုင်းသည် ၁နှစ်ခြား ၁ခါ ကောင်းကင်နဂါး နန်းတော်သို့ သွားရောက်ပြီး စမ်းသပ်မှုခံယူရန် အခွင့်အရေး ရှိ၏။

ကောင်းကင်နဂါးနန်းတော်တွင် အချိန် အလုံအလောက် ခံနိုင်ရည်ရှိလျှင် ပိုမို မြင့်မားသော တပည့်အဖြစ် ရာထူးတိုးမြှင့်ခံရမည် ဖြစ်ကာ ပိုမို မြင့်မားသော အဆင့်အတန်းနှင့် အရင်းအမြစ်များကို ရရှိနိုင်မည် ဖြစ်သည်။

သူက ကောင်းကင်နဂါးနန်းတော်တွင် ဝင်ရောက် စမ်းသပ်ခံစဥ် အတတ်ဆန်းမှုကြောင့် အသက်ရှူကြိမ် ၁၅ကြိမ်သာ ခံနိုင်ရည်ရှိခဲ့ပြီး အလယ်အလတ်အဆင့် တပည့်အဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။

ယခု ၁နှစ် ပြည့်ခဲ့ပြီ ဖြစ်ရာ သူ့အနေဖြင့် ကောင်းကင်နဂါးနန်းတော်သို့ ဝင်ရောက်ပြီး သူ၏ အဆင့်အတန်းကို ပြောင်းလဲရန် အချိန်ကျချေပြီ။

အခန်းထဲမှ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် မုန့်ဖျင်နှင့် ရွှယ်ချင်းရို့တို့ကို တိုက်ရိုက်ပင် ခေါ်လိုက်သည်။

"သခင်ကြီးကျန်းချန်.. ကျွန်တော်တို့နှစ်ယောက်ကို ဘာအတွက်ခေါ်လိုက်တာလဲဆိုတာ သိပါရစေ"

မုန့်ဖျင်က တရိုတသေပင် မေးလိုက်သည်။

ကျန်းချန်က ညင်သာစွာပင် ပြန်ဖြေလိုက်၏။

"မင်းတို့နှစ်ယောက် ပစ္စည်းတွေကို သိမ်းဆည်းပြီး ဒီနေရာကနေ ထွက်သွားဖို့ ပြင်ဆင်ထားလိုက်တော့"

"သခင်ကြီးကျန်းချန်က ကျွန်တော်တို့ကို ‌မောင်းထုတ်တော့မလို့လား.. သခင်ကြီး မကျေနပ်အောင် ကျွန်တော်တို့တွေ တစ်ခုခု လုပ်မိလို့လား"

ကျန်းချန်၏ စကားကိုကြားလျှင် မုန့်ဖျင်၏ မျက်နှာအမူအရာသည် ဖြူဖျော့သွားခဲ့သည်။

သူ့နံဘေးမှ ရွှယ်ချင်းရို့ပင် တုန်လှုပ်သွားခဲ့ပြီး သူမ၏ လှပ‌သောမျက်နှာလေးတွင် ဖြူဖျော့သော အမူအရာတစ်ခုပေါ်လာခဲ့၏။

"ဘာတွေတွေးနေတာလဲ.. ငါမင်းတို့ကို မောင်းထုတ်မယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ"

ကျန်းချန်သည်ပင် ရုတ်တရက် မှင်တက်သွားခဲ့သည်။

"ငါအခု ကောင်းကင်နဂါးနန်းတော်ကို သွားဖို့ စီစဥ်ထားတယ်.. မင်းတို့ကို အထုပ်ပြင်ခိုင်းထားတာက အိမ်ပြောင်းတော့မလို့ပဲ"

"သခင်ကြီးကျန်းချန်က အိမ်ပြောင်းတော့မလို့လား.. နားလည်ပါပြီ.. သခင်ကြီးကျန်းချန် ဘာမှစိတ်မပူပါနဲ့.. ကျွန်တော်အခုပဲ ပစ္စည်းတွေကို ထုပ်ပိုးထားလိုက်တော့မယ်"

မုန့်ဖျင်က သက်ပြင်းချ၍ ပြန်ဖြေလိုက်သည်။

သူ၏ မျက်နှာတစ်ခုလုံးသည် စိတ်လှုပ်ရှားသောကြောင့် နီရဲလာခဲ့၏။

သခင်ကြီးကျန်းချန်သည် ပိုမိုမြင့်မားသော တပည့်အဆင့်အဖြစ် သတ်မှတ်ခံရရန်အတွက် ကောင်းကင်နဂါးနန်းတော်တွင် ထပ်မံ ထိုးဖောက်တော့မည် ဖြစ်သည်။

လွန်ခဲ့သည့် ၁နှစ်အကြာက ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်စဥ် သခင်ကြီးကျန်းချန်သည် အဘယ်ကြောင့် အသက်ရှူကြိမ် ၁၅ကြိမ်သာ ခံနိုင်ရည်ရှိခဲ့သည်ကို မုန့်ဖျင်မသိခဲ့ပေ။

သို့သော်လည်း ဤသည်က သခင်ကြီးကျန်းချန်၏ ရလဒ်အမှန် မဟုတ်ကြောင်း သူယုံကြည်ခဲ့၏။

ယခု၁နှစ်ပင် ပြည့်သွားပြီ ဖြစ်ရာ သခင်ကြီးကျန်းချန်၏ ခွန်အားသည် လွန်ခဲ့သော ၁နှစ်ကထက် ပိုမို နက်ရှိုင်းလာကြောင်း မုန့်ဖျင်သည် ရှင်းရှင်းလင်းလင်းပင် ခံစားမိခဲ့သည်။

ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်ပွဲတွင် ကျန်းချန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပြီးမှ ဘုရင်အဆင့် ပါရမီရှင်များကို ကျော်ဖြတ်ကာ ကောင်းကင်နဂါးစာရင်း၏ ပထမနေရာကို ရရှိခဲ့သည်။

ဤတစ်ကြိမ်တွင်လည်း သခင်ကြီးကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်တွင် ၁နှစ်တာမျှ တိတ်ဆိတ်နေခဲ့ပြီးမှ ကောင်းကင်နဂါး နန်းတော်တွင် စမ်းသပ်မှုကို ခံယူတော့မည်ဖြစ်၏။

ထို့ကြောင့် သခင်ကြီးကျန်းချန်သည် အရင်တစ်ခါက ကဲ့သို့ ထပ်မံ၍ အစွမ်းပြကာ တစ်ရှိန်ထိုး နာမည်ကြီးလာလောက်သည် မဟုတ်ပါလော။

ရွှယ်ချင်းရို့က အလွန်တရာပင် စိတ်လှုပ်ရှားလာခဲ့ပြီး သူမ၏ ချောမောလှပသော မျက်နှာလေးပင် အနည်းငယ် တောက်ပသွားခဲ့သည်။

ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်၏ အဆင့်သတ်မှတ်ချက်တွင် ပထမနေရာကို ရရှိခဲ့သော်လည်း ကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှုတွင် အသက်ရှူကြိမ် ၁၅ကြိမ်သာ ခံနိုင်ရည် ရှိခဲ့သောကြောင့် သမိုင်းတွင် အားအနည်းဆုံး ကောင်းကင်နဂါးစာရင်း၏ နံပါတ်(၁)အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဤ ၁နှစ်တာ အတွင်း ရွှယ်ချင်းရို့သည် ကောင်းကင်နဂါးမြို့တော်မှ တပည့်အချို့၏ ကျန်းချန်ကို သရော်မှုများအား ကြားခဲ့ရပြီး အလွန်တရာပင် စိတ်ဆိုးနေခဲ့သည်။

ယခု ကျန်းချန်က ကောင်းကင်နဂါးနန်းတော်သို့ ထပ်မံဝင်ရောက်တော့မည် ဖြစ်ရာ ကျန်းချန်ကို တစ်ချိန်က အထင်သေးခဲ့သူများကို မျက်လုံးများ ပြုတ်ထွက်မတတ် ထိတ်လန့်သွားအောင် လုပ်ဆောင်နိုင်မည်မှာ သေချာသလောက်ပင်။

ကောင်းကင်နဂါးမြို့‌တော်၏ မြို့လယ်ခေါင်ရှိ ကောင်းကင်နဂါးနန်းတော် အပြင်ဘက်တွင် ရီချင်းယင်သည် ဖြူဖျော့သော မျက်နှာထားဖြင့် ကောင်းကင်နဂါးနန်းတော်ထဲကနေ ထွက်လာခဲ့သည်။

"အသက်ရှူကြိမ် ၁၉ကြိမ်.. ဘာပဲဖြစ်ဖြစ် နည်းနည်းတော့ လိုအပ်နေသေးတယ်.. အသက်ရှူကြိမ် ၂၀ကြိမ်ထိ ငါဘယ်လိုမှ တောင့်မခံနိုင်ခဲ့ဘူး.. ကြည့်ရတာ အဆင့်မြင့်တပည့် အဖြစ် ရာထူးတိုးဖို့က မလွယ်ကူတဲ့ပုံပဲ"

ထိုစကားကိုကြားလျှင် ရီကျီယွင်က လျှာတစ်လစ်ထုတ်လိုက်၏။

"အစ်မချင်းယင်ရဲ့ ရလဒ်က တော်တော်လေး ကောင်းနေပါပြီ.. ၁နှစ်အတွင်းမှာ အသက်ရှူကြိမ် ၂ကြိမ် ပိုမို ခံနိုင်ရည်ရှိတာ ဆိုတော့ နောက်ထပ် ၁နှစ်၊၂နှစ်အတွင်း အသက်ရှူချိန် ၂၀ကြိမ်ကို ပြည့်မီပြီး အဆင့်မြင့်တပည့် အဖြစ် ရာထူးတိုးမြှင့်ခံရမှာပါ"

"အဲဒီလောက်ထိ လွယ်ကူမနေဘူး"

ရီချင်းယင်က ခေါင်းခါရမ်းလိုက်ပြီး မချိပြုံးပြုံးကာ ပြောလိုက်သည်။

သူမက ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၁၉ကြိမ် ခံနိုင်ရည်ရှိခဲ့ပြီး အသက်ရှူကြိမ် ၂၀ကို ပြည့်မီရန်အတွက် အသက်ရှူကြိမ် ၁ကြိမ်ခန့်သာ လိုအပ်တော့သည်။

သို့သော်လည်း ထိုအသက်ရှူကြိမ် ၁ကြိမ်ကို တောင့်ခံရန်မှာ လုံးဝ မလွယ်ကူပေ။

ကောင်းကင်နဂါး မြို့‌တော်တစ်ခုလုံးရှိ အလယ်အလတ်အဆင့်တပည့်များစွာသည် ၁၀နှစ် သို့မဟုတ် နှစ်ရာချီကြာအောင်ပင် ဤအဆင့်တွင် ပိတ်မိနေခဲ့ကြသည်။

သူမက ကောင်းကင် နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၂၀ကြိမ်အထိ ခံနိုင်ရည်ရှိလိုလျှင် အနည်းဆုံး အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့် သို့မဟုတ် အဆင့်နိမ့် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်ကို ထိုးဖောက်နိုင်မှသာလျှင် အခွင့်အရေး ရရှိနိုင်လောက်၏။

"သွားစို့.. ငါတို့ပြန်ပြီး ဆက်လက် လေ့ကျင့်ရအောင်"

ရီချင်းယင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ရီကျီယွင်နှင့်အတူ ကောင်းကင်နဂါးနန်းတော်ကနေ ထွက်ခွာရန်ပြင်လိုက်သည်။

သို့သော် သူမတို့ တစ်ဖက်သို့ လှည့်လိုက်သည်နှင့် ရင်းနှီးသော အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ကောင်းကင်နဂါးနန်းတော်ဆီသို့ ဖြည်းညင်းစွာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ရီချင်းယင်၏ လှပသော မျက်လုံးလေးသည် တစ်ခဏအတွင်း လင်းလက်သွားခဲ့၏။

"ကျန်းချန်.. ရှင်လည်း ကောင်းကင်နဂါးနန်းတော်မှာ စမ်းသပ်မှု ခံယူဖို့အတွက် ရောက်လာတာလား"

"အင်း"

ကျန်းချန်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီးနောက် မေးခွန်းထုတ်လိုက်သည်။

"မင်းအသက်ရှူကြိမ် ဘယ်နှစ်ကြိမ်အထိ ခံနိုင်ရည်ရှိခဲ့လဲ"

"ငါအသက်ရှူကြိမ် ၁၉ကြိမ်ပဲ ခံနိုင်ရည်ရှိခဲ့တယ်.. အသက်ရှူကြိမ် ၂၀ကြိမ်ကို ကျော်ဖြတ်ဖို့က အရမ်းကို ခက်ခဲလွန်းတယ်"

ရီချင်းယင်က သက်ပြင်းကို ညင်သာစွာချ၍ ပြောလိုက်သည်။

ထိုခဏတွင် သူမသည် ကျန်းချန်၏ ခန့်မှန်းရခက်သောအရှိန်အဝါကို ရုတ်တရက် ခံစားမိလိုက်ပြီး တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

"ကျန်းချန် ရှင်အဆင့်တက်သွားတာလား"

ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ကောင်းကင်နဂါးမြို့‌တော်မှာ လေ့ကျင့်ဖို့က တကယ်ပဲ မလွယ်ကူဘူး.. ၁နှစ်တာလုံး အပတ်တကုတ်လေ့ကျင့်တာတောင် အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကိုပဲ ထိုးဖောက်နိုင်ခဲ့တယ်"

".........."

ကျန်းချန်၏ စကားကိုကြားလျှင် ရီချင်းယင်တို့ ညီအစ်မနှစ်ယောက်သည် အချိန်အတော်ကြာ မှင်တက်သွားခဲ့ကြသည်။

[၁နှစ်အတွင်း အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ကနေ အဆင့်နိမ့် ပကကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို တက်‌ရောက်လာတာတောင် ကျင့်ကြံတာ မလွယ်ကူးသေးဘူးတဲ့လား]

သိထားရမည့်အချက်မှာ ပကတိနတ်ဘုရားအဆင့်တွင် အဆင့်ငယ်တစ်ဆင့် မြှင့်တင်ရန်ပင် လွယ်ကူသော အလုပ်မဟုတ်ပေ။

ဆိုရလျှင် အဆင့်ငယ် တစ်ဆင့်တက်ရန်ပင် အချိန်နှင့်အရင်းအမြစ် များစွာကို အဆပေါင်းများစွာ တိုးမြှင့်သုံးစွဲရ၏။

သာမန် အဆင့်နိမ့် ပကတိနတ်ဘုရား တစ်ပါးသည် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်ကနေ အဆင့်နိမ့် ပကတိနတ်ဘုရား အလယ်အလတ်အဆင့်သို့ အဆင့်တက်လိုလျှင် အနည်းဆုံး နှစ်အနည်းငယ် သို့မဟုတ် ၁၀နှစ်ခန့်ပင် ကြာမြင့်လိမ့်မည် ဖြစ်သည်။

အဆင့်နိမ့် ပကတိနတ်ဘုရား အလယ်အလတ်အဆင့်မှ အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သို့ ထိုး‌ဖောက်ရန် အတွက်မူ ဆယ်စုနှစ် များစွာ သို့မဟုတ် ရာစုနှစ်များစွာပင် ကြာမြင့်လိမ့်မည် ဖြစ်၏။

အလယ်အလတ် ပကတိနတ်ဘုရားများနှင့် အဆင့်မြင့်ပကတိနတ်ဘုရားများ အတွက်မူ အဆင့်ငယ် တစ်ဆင့်စီကို ထိုးဖောက်ရန် အတွက် နှစ်ထောင်ပေါင်း များစွာ လိုအပ်လိမ့်မည်ဖြစ်သည်။

မှန်ပါသည်။ ဤလောကတွင် ပါရမီထူးချွန်သော မွန်းစတားအချို့လည်း ရှိ၏။

၎င်းတို့၏ ကျင့်ကြံခြင်း အရှိန်အဟုန်သည် သာမန် ပကတိနတ်ဘုရားများထက် များစွာ ပိုမိုမြန်ဆန်သော်လည်း ကျန်းချန်ကဲ့သို့ ထိတ်လန့်စရာ ကောင်းသောအဆင့် အထိ ရောက်ရှိနေသော မွန်းစတားများကမူ အလွန်ပင် နည်းပါးလှသည်။

ဥပမာပြရလျှင် မြေကမ္ဘာနဂါးမြို့တော်၏ ဘုရင်အဆင့် ပါရမီရှင်သုံးပါး အနက်မှ ပထမနေရာတွင် ရှိသော ယန်ယွိသည် နှစ်၂၀နီးပါး ကြာအောင်ပင် မြေကမ္ဘာနဂါးမြို့တော်၌ အသန်မာဆုံးပါရမီရှင် ဖြစ်ခဲ့သည်။

သို့သော်လည်း ယန်ယွိ၏ ပါရမီဖြင့်ပင် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့်မှ အဆင့်နိမ့်ပကတိ နတ်ဘုရား နှောင်းပိုင်းအဆင့်သို့‌ရောက်ရန် အနည်းဆုံး ၅နှစ် ကြာမြင့်ခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအရှိန်အဟုန်သည် ကျန်းချန်နှင့် လုံးဝယှဥ်၍ မရပေ။

ရီချင်းယင်တို့ ညီအစ်မနှစ်ဦး၏ လှပသော မျက်လုံးလေးသည် အနည်းငယ် လင်းလက်သွားခဲ့သည်။

ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်စဥ်က စမ်းသပ်မှုတွင် ကျန်းချန်၏ အသက်ရှူကြိမ် ၁၅ကြိမ် စွမ်းဆောင်ရည်သည် မတော်တဆ ဖြစ်ရပ်တစ်ခုသာ ဖြစ်၏။

ယခုအခါတွင် ကျန်းချန်၏ စွမ်းရည်သည် လွန်ခဲ့သော ၁နှစ်ကထက် များစွာ တိုးတက်နေခဲ့ချေပြီ။

ထို့ကြောင့် သူတို့က ဤတစ်ကြိမ်တွင် ကျန်းချန်၏ ရလဒ်ကို အတော်လေး မျှော်လင့်နေခဲ့ကြ၏။

"ဟားဟား ကျန်းချန်.. တိုက်ဆိုင်လိုက်တာ.. ကောင်းကင်နဂါးစာရင်းရဲ့ အဆင့်သတ်မှတ်ချက် နံပါတ်(၁)ဖြစ်တဲ့ မင်းက ကောင်းကင်နဂါး နန်းတော်ကို လာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒီတစ်ကြိမ်လည်း မင်းဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမလဲဆိုတာ ငါသိချင်မိတယ်"

ကျန်းချန်က ကောင်းကင်နဂါးနန်းတော်သို့ ဝင်ရောက်တော့မည့် အချိန်မှာပင် သူ၏ အနောက်ကနေ အထင်အမြင်သေးစွာ ရေရွတ်လိုက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်က အနောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ရာ ရင်းနှီးသော အနီရောင်ဝတ်စုံဝတ် လူငယ်တစ်ဦးသည် ဖြည်းဖြည်းချင်း ချဥ်းကပ်လာသည်ကို တွေ့လိုက်ရ၏။

ထိုအနီရောင်ဝတ်စုံဝတ် လူငယ်သည် တခြားသူမဟုတ်ပေ။

ယန်ယွိပင် ဖြစ်သည်။

ကျန်းချန်က ယန်ယွိကို အေးစက်စက် ကြည့်လိုက်သည်။

"ငါ့ဘာသာ ဘယ်လောက်ပဲ ခံနိုင်ရည်ရှိရှိ မင်းနဲ့ဘာဆိုင်လို့လဲ"

"ကျန်းချန်.. မင်းက ကောင်းကင်နဂါးစာရင်းရဲ့ အဆင့်သတ်မှတ်ချက်မှာ နံပါတ်(၁)ဖြစ်ပြီး ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၁၅ကြိမ်ပဲ ခံနိုင်ရည်ရှိခဲ့တယ်.. ဒါက အဲဒီနှစ်မှာ ပါဝင်ခဲ့တဲ့ ငါတို့ရဲ့ မျက်နှာကို လုံးဝ အိုးမဲသုတ်လိုက်တာပဲ.. ဒီနေ့ မင်းနဲ့ ငါတို့ကြားမှာ ကွာဟချက် ဘယ်လောက်ရှိလဲဆိုတာ မင်းကို ငါပြသမယ်"

ယန်ယွိက လှောင်ရယ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ကာ ကောင်းကင်နဂါးနန်းတော် ထဲသို့ တိုက်ရိုက်ပင် ဝင်ရောက်သွားခဲ့သည်။

အခန်း(၁၅၄၈)ပြီး၏။

All Chapters