← Chapters

အခန်း (၁၅၅၂-၁၅၅၄)

Vol. 104 Ch. 1552-1554

အခန်း (၁၅၅၂-၁၅၅၄)

Vol. 104 Ch. 1552-1554

အခန်း(၁၅၅၂)

"သခင်ပိုင်လီထင်.. ကျွန်တော်တို့ သခင်ကြီးက ဒီမှာမရှိတော့ပါဘူး.. နောင်လည်း ဒီကို လာတော့မှာ မဟုတ်ဘူး သူ့ကိုရှာချင်ရင် ဒသမမြောက်တောင်ထွတ်ဆီကို သွားပါ"

မုန့်ဖျင်က ပိုင်လီထင်၏ ခြိမ်းခြောက်မှုကြောင့် လုံးဝ ထိတ်လန့်သွားခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒသမမြောက်တောင်ထွတ်ဟုတ်လား"

ပိုင်လီထင်က မျက်မှောင်ကြုတ်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မုန့်ဖျင်ကို အံ့သြထိတ်လန့်စွာ ကြည့်လိုက်သည်။

"ဒါဆို ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၃၀ကြိမ်အထိ ထိုးဖောက်သွားတဲ့လူက ကျန်းချန်လား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

သူက ကောင်းကင်နဂါးမြို့တော်တွင် နှစ်၅၀ကြာအောင် ကြိုးစား၍ ကျင့်ကြံခဲ့သည်။

နေ့ရောညပါ ရူးသွပ်စွာ ကျင့်ကြံခဲ့ပြီး တစ်ခါမျှ ပေါ့ဆရဲခြင်းမရှိခဲ့ပေ။

သို့သော်လည်း မာနနဂါးအဆင့် တပည့် ဖြစ်လာရန်အတွက် ခရီးအရှည်ကြီး လျှောက်လှမ်းရဦးမည် ဖြစ်၏။

ကျန်းချန်ကမူ ကောင်းကင်နဂါးမြို့တော်သို့ ရောက်လာသည်မှာ ၁နှစ်သာလျှင် ရှိသေးသောလူသစ်တစ်ဦးသာ ဖြစ်၏။

ကောင်းကင်နဂါးစာရင်း၏ ပထမနေရာကို ရရှိထားသောသူဖြစ်သော်လည်း မြို့ထဲကို ဝင်ရောက်စဥ်က စမ်းသပ်မှုတွင် အသက်ရှူကြိမ် ၁၅ကြိမ်သာလျှင် ရပ်တည်နိုင်ခဲ့သောကြောင့် သမိုင်းတစ်လျှောက် အားအနည်းဆုံး ကောင်းကင်နဂါးစာရင်း နံပါတ်(၁)အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ယခုအခါတွင်မူ မုန့်ဖျင်က မာနနဂါးအဆင့် တပည့်အဖြစ် ရာထူးတိုးမြှင့်ခံရသူမှာ ကျန်းချန်ဖြစ်ကြောင်း ပြောပြနေခဲ့၏။

"မဖြစ်နိုင်ဘူး.. ကောင်းကင်နဂါးမြို့တော်ရဲ့ ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့်က ကျန်းချန် ဖြစ်နိုင်စရာ လုံးဝမရှိဘူး"

ပိုင်လီကျန့်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ထို့နောက် သူက မုန့်ဖျင်ကို စူးရှစွာစိုက်ကြည့်လိုက်၏။

"မင်းပြောတဲ့စကားအတွက် မင်းတာဝန်ယူရလိမ့်မယ်.. အဆင့်မြင့်တပည့် ၂ဦးကို လှည့်စားတဲ့အကျိုးဆက်က အလယ်အလတ်အဆင့် တပည့်ရဲ့ အိမ်တော်ထိန်း တစ်ယောက် ရင်ဆိုင်နိုင်တဲ့အရာ မဟုတ်ဘူး"

ကောင်းကင်နဂါးမြို့တော်ရှိ တပည့်များစွာသည် ကောင်းကင်နဂါးနန်းတော်စမ်းသပ်မှုတွင် အသက်ရှူကြိမ်၁ကြိမ်တိုးတက်ရန်အတွက်ပင် ၁နှစ်ခန့် အချိန်ယူရ၏။

အထူးသဖြင့် အသက်ရှူကြိမ် ၂၅ကြိမ်နောက်ပိုင်းတွင် အသက်ရှုကြိမ် ၁ကြိမ် ထပ်မံ တိုးမြှင့်ရန်ပင် အလွန်တရာ ခက်ခဲသည်။

ကျန်းချန်၏ ပါရမီက မည်မျှပင် ထူးချွန်နေပါစေ၊ ၁နှစ်အတွင်း ကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှုတွင် အသက်ရှူချိန် ၁၅ ကြိမ်အထိ တိုးမြှင့်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

မုန့်ဖျင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"တကယ် ဟုတ်မဟုတ် သခင်၂ဦး မကြာခင် သိလာပါလိမ့်မယ်"

"ဝုန်း.."

မုန့်ဖျင်၏ စကားသံ အဆုံးသတ်သည်နှင့် ကောင်းကင်နဂါးမြို့တော်၏ အထက် ကောင်းကင်ယံကနေ အားပြင်းသော တုန်ခါမှုသည် ရုတ်တရက် ပဲ့တင်ထပ်လာခဲ့သည်။

မကြာခင်မှာပင် ကောင်းကင်နဂါးမြို့တော်၏ အထက်ကောင်းကင်ယံတွင် ၆ရောင်ခြယ် နတ်အလင်းတန်းသည် ရုတ်တရက် သက်ဆင်းလာခဲ့ပြီး ၆ရောင်ခြယ်နတ်အလင်းတန်းများ အဖြစ် လွှမ်းခြုံနေသော တောင်တစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်ကို အားလုံးက တွေ့လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ခမ်းနားသော အသံတစ်သံသည် ကောင်းကင်နဂါးမြို့တော်တွင် ပဲ့တင်ထပ်လာခဲ့သည်။

"ကောင်းကင်နဂါးမြို့တော်ရဲ့ တပည့်ကျန်းချန်.. ကောင်းကင်နဂါးမြို့တော်ရဲ့ ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့် အဖြစ် တိုးမြှင့်ခံရတာကြောင့် နယ်မြေ နတ်ဘုရားက သီးသန့် တောင်ထွတ် တစ်လုံးကို ချီးမြှင့်လိုက်တယ်"

"ဒါက နယ်မြေနတ်ဘုရား ကိုယ်တိုင် ဖန်တီးပေးလိုက်တဲ့တောင်ထွတ်လား"

ပိုင်လီထင်နှင့် ပိုင်လီကျန့် တို့သည် ကောင်းကင်ယံတွင် တည်တံ့နေသော ဒသမမြောက် တောင်ထွတ်ကို တွေဝေသောမျက်ဝန်းများဖြင့် စူးစိုက်ကာ ကြည့်နေခဲ့ကြသည်။

သူတို့နှစ်ယောက်က အချိန်အတော်ကြာသည်အထိ မှင်တက်ရာကနေ ပြန်လည် ကောင်းမွန်လာခြင်း မရှိခဲ့ပေ။

အစောပိုင်းက ကောင်းကင်နဂါးနန်းတော်၏ ‌ရွှေရောင်အလင်းတန်းကို ဖြစ်ပေါ်စေသောသူသည် အမှန်တကယ်ပင် ကျန်းချန် ဖြစ်နေခဲ့သည်။

ကျန်းချန်သည် ကောင်းကင်နဂါးမြို့တော်၏ ၁၀ဦးမြောက် မာနနဂါးအဆင့်တပည့် ဖြစ်လာခဲ့ချေပြီ။

"သခင်၂ဦး.. ကျွန်တော်တို့က သခင်ကြီးအတွက် ဝေယျာဝစ္စလုပ်ပေးဖို့ ဒသမတောင်ထွတ်ကို သွားရဦးမယ် ကျွန်တော်တို့သခင်ကြီးကို ရှာချင်တယ်ဆိုရင် ဒသမမြောက် တောင်ထွတ်ကိုသာ လာခဲ့လိုက်ပါ"

မုန့်ဖျင်က ပိုင်လီထင်ကို ပြုံး၍ ပြောလိုက်သည်။

"ကောင်းပါပြီ တစ်နေ့ကျရင် ဒသမမြောက် တောင်ထွတ်ကို လာ‌ရောက် လည်ပတ်ပါ့မယ်"

ပိုင်လီထင်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မချိပြုံးပြုံးကာ ပြောလိုက်သည်။

ယနေ့ ဤနေရာသို့ သူလာရောက်ရသည့် ရည်ရွယ်ချက်မှာ အဆင့်မြင့်တပည့်တစ်ဦး အနေဖြင့် ကျန်းချန်ကို ဖိအားပေးကာ ကျန်းချန်ထံမှ နယ်မြေနတ်ဘုရား နည်းစနစ်အား အခမဲ့လဲလှယ်ခွင့်ရမည့် အခွင့်အရေးကို ရယူရန် ဖြစ်သည်။

ယခုအခါ ကျန်းချန်က မာနနဂါးအဆင့်တပည့် အဖြစ် ရာထူးတိုးမြှင့်ခံလိုက်ရပြီဖြစ်ရာ သူ၏ အဆင့်မြင့်တပည့်ထဲတွင် နံပါတ်(၁)ဟူသော အဆင့်အတန်းသည် ချက်ချင်းဆိုသလိုပင် အမှိုက် ဖြစ်သွားခဲ့သည်။

မုန့်ဖျင်တို့နှစ်ဦး ထွက်ခွာသွားသည်ကိုကြည့်ရင်း ပိုင်လီထင်သည် သွေးအန်ချင်လောက်အောင်ပင် စိတ်ဓာတ်ကျနေခဲ့သည်။

သူက ကောင်းကင်နဂါးမြို့တော်တွင် ဆယ်စုနှစ်များစွာ ကြိုးစားကျင့်ကြံခဲ့သော်လည်း မာနနဂါးအဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်း လိုအပ်နေခဲ့သည်။

သို့သော်လည်း ကျန်းချန်ကမူ ကောင်းကင်နဂါးမြို့တော်သို့ ဝင်ရောက်ပြီး ၁နှစ်အတွင်းမှာပင် မာနနဂါးအဆင့် တပည့် ဖြစ်လာခဲ့၏။

"ဟင်း.."

ပိုင်လီထင်က သက်ပြင်းချလိုက်ပြီး နှလုံးသားများ နာကျင်နေသလိုပင် ခံစားခဲ့ရသည်။

သူက ဆယ်စုနှစ်များစွာ ကျော်ကြားခဲ့သည့်တိုင် ၁နှစ်မျှကျင့်ကြံခဲ့သူကို မယှဥ်ပြိုင်နိုင်ခဲ့ပေ။

"အစ်ကိုထင်.. အစ်ကိုထင်သာ ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့်ဖြစ်ချင်တယ်ဆိုရင် အခွင့်အရေးမရှိတာတော့ မဟုတ်ဘူး"

ပိုင်လီထင် အတော်လေး စိတ်ဓာတ်ကျနေသော အချိန်တွင် ပိုင်လီကျန့်က ရုတ်တရက် ပြောလိုက်သည်။

ထိုစကားကို ကြားလျှင် ပိုင်လီထင်က ခဏမျှ မှင်တက်သွားခဲ့ပြီးမှ ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ရာကို တွေးမိလိုက်ကာ မျက်ဝန်းများ လင်းလက်လာခဲ့၏။

"မင်းက ကျန်းချန်ကို စိန်ခေါ်ဖို့အတွက် ပြောချင်တာလား"

"အမှန်ပဲ.. အကယ်၍ အစ်ကိုထင်သာ မာနနဂါးအဆင့် တပည့် ဖြစ်ချင်တယ်ဆိုရင် ကောင်းကင်နဂါးနန်းတော်ရဲ့ ရလဒ်ကို အသက်ရှူကြိမ် ၃၀ကျော်ဖို့အပြင် နောက်ထပ် နည်းလမ်းတစ်ခု ရှိပါသေးတယ်.. အဲဒါက မာနနဂါးအဆင့်တပည့်ကိုအနိုင်ယူပြီး သူ့နေရာကို အစားထိုးဖို့ပဲ အစ်ကိုထင်ရဲ့ ခွန်အားနဲ့ဆိုရင် ကျန်းချန်ကို အနိုင်ယူဖို့က မခက်ခဲလောက်ဘူး"

ထိုစကားကိုပြောရင်း ပိုင်လီကျန့်၏ မျက်ဝန်းတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ကောင်းကင်နဂါးမြို့တော် ဝင်ခွင့်စမ်းသပ်မှုတွင် သူသည် ကျန်းချန်ကြောင့် ထိပ်ဆုံး၃နေရာကို လက်လွှတ်ခဲ့ရပြီး သူ၏အသက်ကို ကယ်ဆယ်ရန်အတွက် ရမှတ် ၃၀၀၀ကို အတင်းအကျပ်ပေးခဲ့ရသည်။

ထို့ကြောင့် သူက ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံး၃နေရာပြင်ပသို့ ရောက်ရှိသွားခဲ့ပြီး ကျန်းချန်ကို အလွန်အမင်း မုန်တီးနေခဲ့သည်။

ဤတစ်ကြိမ်တွင် ပိုင်လီကျန့်သည် သူ၏ပြိုင်ဘက်ကျန်းချန်ကို ဒုက္ခပေးရန်အတွက် ပိုင်လီထင်ကို ကျန်းချန်ဆီသို့ သွားရောက်ပြီး နယ်မြေနတ်ဘုရားအဆင့် နည်းစနစ် အခမဲ့ရယူခွင့်အား တောင်းခံရန် တိုက်တွန်းခဲ့သည်။

ယခုကျန်းချန်က ကောင်းကင်နဂါးမြို့တော်၏ မာနနဂါးအဆင့်တပည့် ဖြစ်လာခဲ့ရာ ပိုင်လီကျန့်ကို ပို၍ပင် မနာလိုဖြစ်စေခဲ့သည်။

သူ့အနေဖြင့် ပိုင်လီထင်၏ စွမ်းအားကို အသုံးပြုကာ ကျန်းချန်ကို မာနနနဂါးအဆင့် တပည့်အဖြစ်ကနေ ဆွဲချရလိမ့်မည်မဟုတ်ပါလော။

"မင်းထင်သလို မလွယ်ကူလောက်ဘူး.. ကောင်းကင်နဂါးနန်းတော်ရဲ့ အသက်ရှူကြိမ် ၃၀ကြိမ်မှာ ကြုံတွေ့ရမဲ့ အခက်အခဲကို လျှော့တွက်နေတာပဲ"

ပိုင်လီထင်က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

"ကျန်းချန်က အသက်ရှူကြိမ် ၃၀ကြိမ်ကို ကျော်နိုင်တယ်ဆိုကတည်းက သူက ထူးချွန်တဲ့ ပါရမီရှင်ဖြစ်တဲ့အပြင် ခွန်အားကလည်း သာမန် မဟုတ်တာ အသေအချာပဲ"

"အစ်ကိုထင် အချက်တစ်ချက်ကို မေ့နေပုံရတယ်.. ကျန်းချန်က အဆင့်နိမ့်နတ်ဘုရား အဆင့်မှာပဲ ရှိပါသေးတယ်.. အစ်ကိုထင်ကတော့ အလယ်အလတ်အဆင့် နတ်ဘုရားတစ်ပါးတောင် ဖြစ်နေခဲ့ပြီ"

ပိုင်လီကျန့်က ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော်သိသလောက် ကောင်းကင်နဂါးနန်းတော်မှာ အဆင့်နိမ့် ပကတိနတ်ဘုရားတွေနဲ့ အလယ်အလတ်အဆင့် ပကတိနတ်ဘုရားတွေ ကြုံတွေ့ရတဲ့ အခက်အခဲက မတူဘူးမဟုတ်လား"

"ဒါက.."

ပိုင်လီထင်က ခေါင်းညိတ်ပြလိုက်ပြီးနောက်တွင် သူ၏ မျက်ဝန်းများသည် တလျှပ်လျှပ် လက်သွားခဲ့သည်။

ကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှုသည် ကောင်းကင်နဂါးမြို့တော်မှ တပည့်များ၏ အလုံးစုံသောပါရမီနှင့်ခွန်အားအဆင့်ကို အကဲဖြတ်ခြင်းဖြစ်သည်။

နတ်ဆိုးဆန်သော ပါရမီရှင်တပည့် အချို့သည် အတော်လေး နိမ့်ကျသော ကျင့်ကြံခြင်းအဆင့်ဖြင့် မာနနဂါးအဆင့် တပည့်များ ဖြစ်လာနိုင်သည်။

အကြောင်းအရင်းမှာ ကောင်းကင်နဂါးနန်းတော်သည် ကျင့်ကြံခြင်း အဆင့်နိမ့်ကျသော နတ်ဆိုးဆန်သည့် ပါရမီရှင်များအတွက် အခက်အခဲကို လျှော့ချပေးသောကြောင့်ပင်။

ဥပမာအားဖြင့် အဆင့်နိမ့် ပကတိနတ်ဘုရားအဆင့် တပည့်သည် ကောင်းကင်နဂါးနန်းတော်သို့ ပထမဆုံးအကြိမ်ဝင်ရောက်သွားသောအခါတွင် အဆင့်နိမ့် ပကတိနတ်ဘုရား အစောပိုင်းအဆင့် ပြိုင်ဘက်များကိုသာ ရင်ဆိုင်ရမည်ဖြစ်သည်။

သို့သော်လည်း အလယ်အလတ် ပကတိနတ်ဘုရား အဆင့်တပည့်ကမူ ပထမဆုံးအကြိမ်တွင် အဆင့်နိမ့်ပကတိနတ်ဘုရားအလယ်အလတ်အဆင့်ကို ရင်ဆိုင်ရမည် ဖြစ်၏။

အသက်ရှူကြိမ် ၃၀ကြိမ်နီးပါး နောက်ဆုံးအသက်ရှူကြိမ် အနည်းငယ်တွင် အလယ်အလတ် ပကတိနတ်ဘုရားအဆင့်တပည့်များ ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်သည် အဆင့်နိမ့်ပကတိနတ်ဘုရား တပည့်များ ရင်ဆိုင်ခဲ့ရ‌သော ပြိုင်ဘက်ထက် အနည်းဆုံး အဆင့်ငယ်နှစ်ဆင့်ပို၍ မြင့်မားသည်။

အမှန်စင်စစ် ကောင်းကင်နဂါးနန်းတော်၏ စမ်းသပ်မှုတွင် ခွန်အားသည် တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပြီး ပါရမီနှင့်အလားအလာသည်သာလျှင် အရေးကြီးဆုံးဖြစ်၏။

ထိုသို့မဟုတ်ဘဲ ကျင့်ကြံခြင်းအဆင့်ကိုသာ အဓိကထား၍ ဆုံးဖြတ်လျှင် ပါရမီမရှိသော တပည့်များပင် ကောင်းကင်နဂါးမြို့တော်တွင် နှစ်ရာချီကျင့်ကြံခဲ့ပါက မာနနဂါးအဆင့်တပည့်ဖြစ်လာရန် အခွင့်အရေးရသွားနိုင်သည် မဟုတ်ပါလော။

"အစ်ကိုထင် ဒါက အခွင့်အရေးတစ်ခုပဲ.. အစ်ကို့အနေနဲ့ ကျန်းချန်ကို စိန်မခေါ်ရင်တောင် တခြားသော ထိပ်တန်းအဆင့် တပည့်တွေက ကျန်းချန်ကို စိန်ခေါ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်"

ပိုင်လီထင်က ကျန်းချန်ကို စိန်ခေါ်ရန် တွေဝေနေသည်ကိုမြင်လျှင် ပိုင်လီကျန့်သည် တွန်းအားပေးလိုက်သည်။

"မင်းပြောတာမှန်တယ် ဒါက တကယ်တော့ အခွင့်အရေးပဲ"

ပိုင်လီထင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

"ဒါပေမဲ့ ကျန်းချန်က ကောင်းကင်နဂါးမြို့တော်ကို ရောက်တာ ၁၀နှစ်မပြည့်သေးဘူး... သူက အကာအကွယ်ပေးထားတဲ့ကာလအတွင်းမှာပဲ ရှိသေးတယ်.. ငါသူ့ကို စိန်ခေါ်ရင်တောင် သူ့အနေနဲ့ ငြင်းပယ်နိုင်ခွင့် အပြည့်အဝရှိတယ်"

ထိုစကားကိုကြားလျှင် ပိုင်လီကျန့်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။

"ဒါဆိုရင်လည်း သူငြင်းပယ်လို့မရတဲ့ အကြောင်းပြချက် တစ်ခုကို ပေးကြတာပေါ့"

"ကောင်းပြီ ငါတို့အခုပဲ ဥပဒေစိုးမိုးရေးခန်းမကိုသွားပြီး ကျန်းချန်ကို စိန်ခေါ်ဖို့ လျှောက်လွှာ ပို့လိုက်ကြရအောင်"

ပိုင်လီထင်က လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

အခန်း(၁၅၅၂)ပြီး၏။

အခန်း(၁၅၅၃)

ကောင်းကင်နဂါးမြို့တော်ထဲရှိ လေထဲတွင် တည်တံ့နေသော ဒသမမြောက် တောင်ထွတ်။

ကျန်းချန်က တောင်ထွတ်အတွင်းရှိ ကျယ်ပြောသောကမ္ဘာကိုခံစားရင်း စိတ်ထဲတွင် အံ့သြနေခဲ့သည်။

အပြင်ဘက်ကနေ ကြည့်လျှင် ဤတောင်ထွတ်သည် အမြင့်ပေ ၁၀၀ ထက်မပိုသည့်အပြင် ဧရိယာမှာ အချင်းဝက်မီတာ ၁၀၀၀ ထက်မပိုချေ။

သို့သော် တကယ်တမ်း တောင်ထွတ်ထဲသို့ သူလမ်းလျှောက်ဝင်လာသောအခါ အတွင်းဘက်တွင် အလွန်တရာကျယ်ပြန့်ပြီး မိုင် ၁၀၀၀ ထက်မနည်းသော ‌ဧရိယာကို လွှမ်းခြုံထားကြောင်း သူသဘောပေါက်လိုက်သည်။

ဤတောင်ထွတ်သည် နယ်မြေနတ်ဘုရားမှ ဖန်တီးထားသောကမ္ဘာငယ်လေးတစ်ခု ဖြစ်၏။

ထိုကမ္ဘာငယ်လေးတွင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်သည် အပြင်ဘက်ကမ္ဘာထက် အဆပေါင်းများစွာ ပို၍ ကြွယ်ဝရုံသာမက နယ်မြေနတ်ဘုရား၏ စွမ်းအားလည်း ပါဝင်၏။

ဆိုရလျှင် နယ်မြေနတ်ဘုရား၏ စွမ်းအားသည် အနည်းဆုံး ကိုယ်ခံပညာဥပဒေသ ၆မျိုးကနေ သိပ်သည်းထားခြင်းဖြစ်သည်။

ရှေးဟောင်းနဂါးမျိုးနွယ်စုမှ နယ်မြေနတ်ဘုရား၏ ကိုယ်ခံပညာ ဥပဒေသ၆မျိုးသည် သူ၏ အသက်ဥပဒေသမှ လွဲလျှင် ကျန်ဥပဒေသ၆မျိုးနှင့် အတိအကျ တူညီနေကြောင်း ကျန်းချန် သတိပြုမိခဲ့သည်။

ဆိုလိုသည်မှာ သူသာ အချိန် အလုံအလောက်ရလျှင် ဤတောင်ထွတ်ရှိ နယ်မြေနတ်ဘုရားစွမ်းအားကို ဆင်ခြင်ကာ ဥပဒေသ၆မျိုးကို တတိယအဆင့်ထိ နားလည်သဘောပေါက်နိုင်မည် ဖြစ်၏။

"နယ်မြေနတ်ဘုရား ဖန်တီးပေးတဲ့ ဒီတောင်ထွတ်က ငါ့ရဲ့ကိုယ်ခံပညာဥပဒေသကို တိုးတက်အောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် နောက်ကျရင် ကိုယ်ခံပညာဥပဒေသကို အပြည့်အဝ နားလည်သဘောပေါက်အောင် ဆင်ခြင်ရမယ်"

ကျန်းချန်၏ စိတ်ထဲတွင် အစီအစဥ်တစ်ခုရှိနေခဲ့သည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သည် အဆင့်နိမ့်ပကတိနတ်ဘုရားနှောင်းပိုင်းအဆင့်တွင်သာ ရှိသော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကမူ သာမန်အဆင့်မြင့် ပကတိနတ်ဘုရားများထက် မနိမ့်ကျပေ။

သူက တောင်ထွတ်တွင် အချိန်တစ်ခုကြာ တံခါးပိတ်ကျင့်ကြံရန် စီစဥ်ပြီး ကိုယ်ခံပညာဥပဒေသ၆မျိုးကို တတိယအဆင့်အထိ နားလည်သဘောပေါက်အောင် ဆင်ခြင်နိုင်ခဲ့လျှင် သူ၏တိုက်ခိုက်ရေးစွမ်းရည်သည် နောက်ထပ်တစ်ကြိမ်တိုးတက်လာလိမ့်မည် မဟုတ်ပါလော။

ကိုယ်ခံပညာဥပဒေသများ တတိယအဆင့်အထိ အပြည့်အဝတိုးတက်လာသည်နှင့် ကောင်းကင်နတ်ဘုရားအဆင့်အောက်တွင် မည်သူကမှ သူ့ကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ပေ။

ထိုသို့ အစီအစဥ်ချပြီးနောက်တွင် ကျန်းချန်သည် လုံးဝတုံ့ဆိုင်းမနေခဲ့ပေ။

သူက ချက်ချင်းပင် နယ်မြေနတ်ဘုရား၏စွမ်းအားကို အပြည့်အဝနားလည်သဘောပေါက်ရန် စတင်ဆင်ခြင်ခဲ့သည်။

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကိုနားလည်သဘောပေါက်ပြီး ဓားဥပဒေသ အတွေ့အကြုံရမှတ် ၅၀၀၀၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကိုနားလည်သဘောပေါက်ပြီး မိုးကြိုးဥပဒေသ အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကိုနားလည်သဘောပေါက်ပြီး လေဥပဒေသ အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"............"

နယ်မြေနတ်ဘုရား၏ စွမ်းအားသည် ကောင်းကင်နတ်ဘုရား၏ ကိုယ်ခံပညာဥပဒေသ မူလစွမ်းအားထက် များစွာပို၍ အားကောင်း၏။

ကျန်းချန်က တစ်ကြိမ်လျှင် အတွေ့အကြုံရမှတ် အဆများစွာ ပိုမို ရရှိသော်လည်း တစ်ကြိမ် နားလည်ရန်အတွက် အချိန်များစွာ လိုအပ်ခဲ့၏။

သို့သော်လည်း ဤသို့ပင် ဖြစ်လင့်ကစား အဆ ၁၀၀ စနစ်၏ ကောင်းချီးများဖြင့် ကျန်းချန်၏ ကိုယ်ခံပညာဥပဒေသ ၆မျိုးလုံးသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ကျန်းချန်က နယ်မြေနတ်ဘုရား၏ စွမ်းအားကို ဆင်ခြင်နေခဲ့သည်မှာ ရက်အနည်းငယ်ပင် ကြာမြင့်ခဲ့၏။

ကျန်းချန်က နယ်မြေနတ်ဘုရား၏စွမ်းအားကို အပြည့်အဝ နားလည်သဘောပေါက်ရန် ဆင်ခြင်နေစဥ်မှာပင် ကောင်းကင်နဂါးမြို့တော်၌ ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့်တစ်ဦး ထွက်ပေါ်လာသည် ဟူသော သတင်းသည် တဖြည်းဖြည်းပျံ့နှံ့လာခဲ့သည်။

၁၀ဦးမြောက် မာနနဂါးအဆင့်တပည့်သည် ပိုင်လီထင် ကဲ့သို့ အဆင့်မြင့် တပည့်များ ထဲတွင် နံပါတ်(၁)တပည့်တစ်ဦး မဟုတ်ဘဲ ကောင်းကင်နဂါးမြို့တော်သို့ ရောက်သည်မှာ ၁နှစ်တာ ရှိသေးသော လူသစ်တစ်ဦးဖြစ်သည့် ကျန်းချန် ဖြစ်မှန်းသိလိုက်ရလျှင် မရေမတွက်နိုင်သောသူများသည် အံ့သြထိတ်လန့်သွားခဲ့ကြသည်။

ကျန်းချန်သည် ဤနှစ်၏ အစောပိုင်းတွင် ကောင်းကင်နဂါးစာရင်း၏ ထိပ်ဆုံးနေရာကို ရရှိခဲ့သူဖြစ်သည်။

သူက ကောင်းကင်နဂါးမြို့တော်ထဲသို့ ဝင်ရောက်စဥ်က ကောင်းကင်နဂါးနန်းတော်တွင် စမ်းသပ်ရာ၌ အသက်ရှူကြိမ် ၁၅ကြိမ်သာ ရရှိခဲ့၍ အားနည်းသော ကြက်ပေါက်ကလေးအဖြစ် သတ်မှတ်ခံခဲ့ရသည်မဟုတ်ပါလော။

ဤကဲ့သို့သောလူက ၁နှစ်ကြာပြီးနောက်တွင် ဤမျှအထိ တိုးတက်လာသည်မှာ ဖြစ်နိုင်ပါ၏လော။

ကျန်းချန်ကြောင့် ကောင်းကင်နဂါးမြို့တော် တစ်ခုလုံးသည် ဂယက်ရိုက်သွားခဲ့သည်။

မရေမတွက်နိုင်သော အဆင့်မြင့်တပည့်များသည် ကျန်းချန်ကို စိန်ခေါ်ရန် အလွန်တရာပင် စိတ်အားထက်သန်နေခဲ့ကြ၏။

ဆိုရလျှင် ကောင်းကင်နဂါးမြို့တော်တွင် စည်းမျဥ်းတစ်ခုရှိသည်။

ယင်းမှာ ကောင်းကင်နဂါးနန်းတော်သို့ ဝင်ရောက်၍ စမ်းသပ်ခြင်းအပြင် အဆင့်နိမ့် တပည့်များသည် အဆင့်မြင့်တပည့်များကို စိန်ခေါ်နိုင်ပြီး အောင်မြင်သည်နှင့် အဆင့်မြင့်တပည့်၏အဆင့်အတန်းကို ရယူနိုင်ခြင်းပင်ဖြစ်သည်။

ကောင်းကင်နဂါးမြို့တော်တွင် နှစ်ပေါင်းများစွာ ကြာသည်အထိ မာနနဂါးအဆင့်တပည့်အသစ် မပေါ်ပေါက်ခဲ့ပေ။

အတိတ်တွင် ပေါ်ပေါက်ခဲ့သည့် မာနနဂါးအဆင့် တပည့်၉ဦးသည် ကောင်းကင်နဂါးမြို့တော်တွင် ထိပ်တန်းအဆင့် ကျင့်ကြံသူများ ဖြစ်၍ မည်သူကမှ သူတို့၏ အဆင့်အတန်းကို လှုပ်ရှားအောင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။

ဤတစ်ကြိမ်ထွက်ပေါ်လာသော ၁၀ဦးမြောက် မာနနဂါးအဆင့်ကျန်းချန်ကမူ အဆင့်နိမ့်ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်သာ ရှိရာ အဆင့်မြင့်တပည့်များစွာကို မျှော်လင့်ချက်ပေးသလို ဖြစ်သွားသည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

ရက်အနည်းငယ်အတွင်း ကောင်းကင်နဂါးမြို့တော်မှ အဆင့်မြင့်တပည့်အချို့သည် ကျန်းချန်ကို စိန်ခေါ်ရန်အတွက် စိန်ခေါ်မည့်လျှောက်လွှာများကို ဥပဒေစိုးမိုးရေးဌာနသို့ လျင်မြန်စွာ တင်ပြခဲ့ကြသည်။

ကောင်းကင်နဂါးမြို့တော်၏ ဥပဒေစိုးမိုးရေးခန်းမ။

"ခန်းမသခင် အဆင့်မြင့် တပည့်အများအပြားက ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့်ကျန်းချန်ကို စိန်ခေါ်နေကြတယ် ကျွန်တော်တို့ ဒီကိစ္စကို ပယ်ချလိုက်သင့်လား"

ဥပဒေစိုးမိုးရေးခန်းမရှိ အနက်ရောင်ဝတ်စုံဝတ်ကြီးကြပ်ရေးမှုတစ်ဦးသည် သူ၏ရှေ့ရှိ ခန့်ညားသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို အစီအရင်ခံတင်ပြလိုက်သည်။

အကယ်၍ တခြားသောတပည့်တစ်ဦး၏ စိန်ခေါ်မှုဆိုလျှင် အနက်ရောင်ဝတ်စုံဝတ်ကြီးကြပ်ရေးမှုးသည် သိပ်ဂရုစိုက်နေမည်မဟုတ်ပေ။

သို့သော် မာနနဂါးအဆင့်တပည့်ကမူ အကြီးအကဲတစ်ဦး၏ အဆင့်အတန်းနှင့် တူညီ၏။

ယခုကဲ့သို့ အဆင့်မြင့်တပည့်က မာနနဂါးအဆင့်တပည့်ကို စိန်ခေါ်သည်မှာ ကောင်းကင်နဂါးမြို့တော်တွင် အချိန်အတော်ကြာ ဖြစ်ပေါ်မလာခဲ့၍ အနက်ရောင်ဝတ်စုံဝတ်ကြီးကြပ်ရေးမှုးသည် သတိထား၍ ကိုင်တွယ်နေခဲ့ရသည်။

"မလိုပါဘူး စည်းကမ်းအတိုင်းပဲလုပ်ပါ.. မာနနဂါးအဆင့်တပည့်က ငါတို့ ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ ပြိုင်ဘက်ကင်းတဲ့ပါရမီရှင်တစ်ဦးပဲ.. စိန်ခေါ်မှုတွေကို ငြင်းဆိုမယ်လို့ ငါတော့မထင်ဘူး"

လူလတ်ပိုင်းအရွယ် အမျိုးသားက တလေးတစားပြောလိုက်သည်။

"မင်း ကျန်းချန်ကို သွားအကြောင်းကြားလိုက်.. ဒီစိန်ခေါ်မှုတွေကို လက်ခံ၊မခံ ဆိုတာ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ခိုင်းသင့်တယ်"

"နားလည်ပါပြီ"

အနက်ရောင်ဝတ်စုံဝတ် ကြီးကြပ်ရေးမှူးက တလေးတစားပင် ပြန်ဖြေလိုက်သည်။

ထို့နောက်တွင် သူက ဥပဒေစိုးမိုးရေးခန်းမကနေ ထွက်လာခဲ့ပြီး ဒသမမြောက် တောင်ထွတ် ဆီသို့ တန်းတန်းမတ်မတ်ဦးတည်လိုက်သည်။

ဒသမမြောက် တောင်ထွတ်တွင် ကျန်းချန်သည် တစ်ကိုယ်တည်း ခြေချိတ်၍ ထိုင်နေရင်း ကိုယ်ခံပညာဥပဒေ၆မျိုးလုံး ဆက်တိုက်ဆိုသလို တိုးတက်လာသည်ကို ခံစားမိကာ အလွန်တရာ ပျော်ရွှင်နေခဲ့သည်။

ဤတောင်ထွတ်က နယ်မြေနတ်ဘုရား ကိုယ်တိုင် ဖန်တီးထားသော တောင်ထွတ် ဖြစ်သောကြောင့် ကိုယ်ခံပညာဥပဒေသ၆မျိုးလုံး တစ်ပြိုင်နက်တည်း တိုးတက်လာသည်ဖြစ်ရာ သူ့အတွက် အချိန်များစွာ သက်သာစေခဲ့သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

ကိုယ်ခံပညာ ဥပဒေသသည် ဒုတိယအဆင့်ကနေ တတိယအဆင့်သို့ တိုးတက်ရန်မှာ အလွန်ပင်ခက်ခဲသော်လည်း ကျန်းချန်၏ လက်ရှိတိုးတက်နှုန်းဖြင့်ဆိုလျှင် လအနည်းငယ်အတွင်း သူ၏ ဓားဥပဒေသကို တတိယအဆင့်အထိ မြှင့်တင်နိုင်လိမ့်မည်ဖြစ်၏။

ထို့အပြင် ၁နှစ်အတွင်း အခြားသော ဥပဒေသ၅ခုလုံး တတိယအဆင့်ထိထိုးဖောက်ရန်အတွက် ပြဿနာ ကြီးကြီးမားမားမရှိလောက်ဟု သူမှန်းဆခဲ့သည်။

ထိုသို့တွေးမိပြီးနောက်တွင် ကျန်းချန်သည် နယ်မြေနတ်ဘုရား၏ စွမ်းအားကို ဆက်လက်နားလည်သဘာပေါက်ရန် ဆင်ခြင်နေချိန်မှာပင် ရွှယ်ချင်းရို့က သူ့ဆီသို့ လျင်မြန်စွာ ချဥ်းကပ်လာသည်ကို သိရှိလိုက်သည်။

ကျန်းချန်က လှမ်းကြည့်လိုက်သောအခါ ရွှယ်ချင်းရို့က သူ့ဆီသို့ ပျံသန်း၍ လာနေသည်ကိုတွေ့လိုက်ရ၏။

သူက ရုတ်တရက် အံ့သြသောအကြည့်ဖြင့်ကြည့်ကာ မေးလိုက်သည်။

"ချင်းရို့ မင်းဘာဖြစ်လို့ ငါ့ကို အလောတကြီးနဲ့ ရှာရတာလဲ"

"သခင်လေး ဥပဒေစိုးမိုးရေးခန်းမရဲ့ ကြီးကြပ်ရေးမှုက တောင်ထွတ်ရဲ့အပြင်ဘက်မှာ စောင့်နေပါတယ်"

ရွှယ်ချင်းရို့က ခပ်သွက်သွက်ပင် ပြောလိုက်သည်။

"ဟုတ်လား သူက ဘာကိစ္စနဲ့ လာတာလည်းဆိုတာရော ပြောလိုက်သေးလား"

ကျန်းချန်က မျက်ခုံးကို အနည်းငယ်ပင့်ကာ မေးလိုက်သည်။

"ကောင်းကင်နဂါးမြို့တော်ရဲ့ အဆင့်မြင့်တပည့် အများအပြားက သခင်လေးကို စိန်ခေါ်ခဲ့ကြတယ်.. သူက အဲဒီကိစ္စအတွက် ရောက်လာပုံပဲ"

ရွှယ်ချင်းရို့က ခပ်တိုးတိုးပြောလိုက်သည်။

"သခင်လေး သခင်လေးက မာနနဂါးအဆင့်ကို အခုမှ တိုးမြှင့်ခံရတဲ့ တပည့်အသစ် ဖြစ်တဲ့အတွက် ၁၀နှစ် အကာအကွယ်ကာလရှိတယ် ဒါကြောင့် သခင်လေးအနေနဲ့ ငြင်းပယ်ဖို့ ရွေးချယ်နိုင်တယ်"

"ဟားဟား ၁၀နှစ်တောင် မလိုပါဘူး"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

"မင်းပဲ ငါ့ကိုယ်စား ဥပဒေစိုးမိုးရေးခန်းမက ကြီးကြပ်ရေးမှုးကိုပြောလိုက်ပါ ငါ့ကို စိန်ခေါ်ချင်တဲ့ အဆင့်မြင့်တပည့်တွေကို ၁နှစ်ပဲစောင့်ခိုင်းလိုက် ၁နှစ်ကြားပြီရင်တော့ ငါကျန်းချန်ကို စိန်ခေါ်ချင်တဲ့ဘယ်သူ့ကိုမဆို ကျန်းချန်က ငြင်းတော့မှာမဟုတ်ဘူး"

သူ့အတွက် ကိုယ်ခံပညာဥပဒေသ၆မျိုးလုံးကို တတိယအဆင့်ထိမြှင့်တင်ရန် ၁နှစ်သာ အချိန်ယူရမည်ဖြစ်သည်။

ထိုအချိန်သို့ရောက်လျှင် သူ၏ တိုက်ခိုက်ရေးစွမ်းအင်သည် အဆင့်မြင့်ပကတိနတ်ဘုရားအထွတ်အထိပ်ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်၏။

ထိုအချိန်သို့ ရောက်လျှင် ကောင်းကင်နဂါးမြို့တော်မှ အဆင့်မြင့်တပည့်အနည်းငယ်လောက်ကို မျက်လုံးထဲ ထည့်စရာပင် မလိုတော့ပေ။

အခြားသော မာနနဂါးအဆင့်တပည့် ၉ဦးနှင့် ရင်ဆိုင်ရလျှင်ပင် သူ့အနေဖြင့် ကြောက်နေမည်မဟုတ်ပေ။

အခန်း(၁၅၅၃)ပြီး၏။

အခန်း(၁၅၅၄)

ကောင်းကင်နဂါးမြို့တော်၏ အဆင့်မြင့်တပည့်များ နေထိုင်သောနေရာဖြစ်သည့် ဇိမ်ခံအိမ်ဝန်း တစ်ခုတွင် ပိုင်လီကျန့်သည် ပိုင်လီထင်ကို စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"အစ်ကိုထင်.. အစ်ကို တကယ်ပဲ ကျန်းချန်ကို ၁နှစ်အကြာမှ စိန်ခေါ်မှာလား"

"ဟုတ်တယ်လေ.. ဥပဒေစိုးမိုးရေးခန်းမကနေ ကျန်းချန်က အသိပေးလိုက်တယ်.. သူက ၁နှစ်အတွင်း စိန်ခေါ်မှုအားလုံးကို လက်ခံမယ်တဲ့"

ပိုင်လီထင်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"၁နှစ်ဆိုတာ အချိန်ခဏလေးပါပဲ.. သူ့အနေနဲ့ ဒီ၁နှစ်အတွင်း ဘာမှလုပ်နိုင်မှာ မဟုတ်လောက်ပါဘူး"

"အစ်ကိုထင်.. ကျန်းချန်က ထူးခြားတဲ့ ပါရမီရှင် တစ်ယောက်ပဲ... သူက ၁နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီး လုပ်ဆောင်နိုင်တယ်.. ကျွန်တော်ကတော့ သူ့ကို အခုချက်ချင်းပဲ စိန်ခေါ်သင့်တယ်လို့ထင်တယ်"

ပိုင်လီကျန့်က မျက်မှောင်ကြုတ်လိုက်ပြီး ပိုင်လီထင်ကို တိုက်တွန်းနေခဲ့သည်။

မြေကမ္ဘာနဂါးမြို့တော်တွင် ကျန်းချန်သည် ထင်ရှားကျော်ကြားခြင်း မရှိသော အညတရကောင်လေး အဖြစ်ကနေ ဘုရင်အဆင့်ပါရမီရှင်သုံးပါးကိုကျော်ဖြတ်ရန်အတွက် ၁နှစ်ကျော်သာ အချိန်ယူခဲ့ရသည်။

ကောင်းကင်နဂါးမြို့တော်ကို ဝင်ရောက်ပြီးနောက်တွင်လည်း ကျန်းချန်သည် ကောင်းကင်နဂါးနန်းတော်တွင် အသက်ရှူကြိမ် ၃၀ကြိမ်ကျော် ရရှိပြီး ကောင်းကင်နဂါးမြို့တော်၏ ၁၀ဦးမြောက် မာနနဂါးအဆင့် တပည့် ဖြစ်လာရန်အတွက် နောက်ထပ် ၁နှစ်သာ အချိန်ယူခဲ့ရသည်။

ယခုလည်း ကျန်းချန်က ၁နှစ်အတွင်းစိန်ခေါ်မှုကို လက်ခံရန် စီစဥ်နေကြောင်း သိလိုက်ရသောအခါ ပိုင်လီကျန့်သည် စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်ခုကို ရရှိခဲ့၏။

ပိုင်လီထင်သာ ယခုအချိန်တွင် ကျန်းချန်ကို စိန်ခေါ်ပါက ၇၀ရာခိုင်နှုန်း အနိုင်ရနိုင်ခြေ ရှိနိုင်သေး၏။

သို့သော်လည်း ၁နှစ်ကြာပြီးလျှင်မူ အနိုင်ရနိုင်ခြေသည် ၅၀ရာခိုင်နှုန်းအောက်သာ ရှိလိမ့်မည်ကို သူစိုးရိမ်နေခဲ့၏။

"ကျန်းချန်က စိန်ခေါ်မှုကို ၁နှစ်အတွင်း လက်ခံဖို့ဆုံးဖြတ်ပြီးပြီဆိုတော့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ငါတို့ ပြောင်းလဲဖို့ မလွယ်တော့ဘူး.. ဒါ့အပြင် မင်းရဲ့ အစီအစဥ်အတိုင်း အခုအချိန် ကျန်းချန်ကို မရရအောင် စိန်ခေါ်မယ်ဆိုရင် ငါ့အနေနဲ့ အများကြီးပေးဆပ်ရလိမ့်မယ်.. ထားလိုက်ပါ ၁နှစ်ဆိုတဲ့ အချိန်လောက်တော့ ငါအေးအေးဆေးဆေး စောင့်နိုင်ပါတယ်"

ပိုင်လီထင်က ခေါင်းခါရမ်းလိုက်ပြီး ပိုင်လီကျန့်၏ အဆိုပြုချက်ကို ပယ်ချလိုက်သည်။

ကျန်းချန်သာ ၁၀နှစ်ကြာပြီးမှ စိန်ခေါ်မှုကို လက်ခံရန် အမှန်တကယ်စီစဥ်ခဲ့လျှင် သူ့အနေဖြင့် ပိုင်လီကျန့်၏ အဆိုပြုချက်ကို စဥ်းစားလိမ့်မည်ဖြစ်သည်။

သို့သော်လည်း ယခုအခါ ကျန်းချန်က ၁နှစ်တာ ရွှေ့ဆိုင်းခဲ့သည်ဖြစ်ရာ ပိုင်လီထင်သည် စောင့်ဆိုင်းရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ပကတိနတ်ဘုရားနယ်ပယ်အဆင့်တွင် အဆင့်ငယ်တစ်ဆင့်တိုးတက်ရန်အတွက် အချိန်များစွာ လိုအပ်၏။

ကျန်းချန်၏ ပါရမီက မည်မျှပင် ထူးချွန်ပါစေ ၁နှစ်အတွင်း မည်မျှအထိ တိုးတက်နိုင်ပါမည်နည်း။

"အစ်ကိုထင် ကျန်းချန်က ကောင်းကင်နဂါးမြို့တော်ကို ရောက်စက ကောင်းကင်နဂါးနန်းတော်မှာ အသက်ရှူကြိမ် ၁၅ကြိမ်ပဲ ခံနိုင်ရည်ရှိခဲ့တယ် ဒါပေမဲ့လည်း သူက ၁နှစ်အတွင်း အသက်ရှူကြိမ် ၁၅ကြိမ်အထိ တိုးမြှင့်နိုင်ခဲ့ပြီး မာနနဂါးအဆင့်တပည့်ဖြစ်လာခဲ့တယ်"

ပိုင်လီကျန့်က စိုးရိမ်တကြီးလေသံဖြင့် ပြောလိုက်သည်။

"သူက ၁နှစ်အတွင်း အသက်ရှူကြိမ် ၁၅ကြိမ်မြှင့်တင်နိုင်ခဲ့တယ်လို့ မင်းတကယ်ပဲ ထင်နေတာလား.. ဒါက အမှန်တော့ လှည့်စားမှုတစ်ခုပဲ မင်းတို့လို ဘုရင်အဆင့်ဘပါရမီရှင်သုံးပါးကို ကျော်ဖြတ်ပြီး ကောင်းကင်နဂါးစာရင်းရဲ့နံပါတ်(၁)နေရာကို ရယူနိုင်တဲ့လူက ဘယ်လိုလုပ်ပြီး အသက်ရှူကြိမ် ၁၅ကြိမ်ပဲ ခံနိုင်ရည်ရှိမှာလဲ"

ပိုင်လီထင်က ပိုင်လီကျန့်၏ အဆိုပြုချက်ကို အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"အစ်ကိုထင် ကျွန်တော်.."

"ပိုင်လီကျန့် ငါ့မှာ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိပါတယ်"

ပိုင်လီကျန့် စကားမဆုံးမီမှာပင် ပိုင်လီထင်က စကားကိုဖြတ်ပြောကာ ပိုင်လီကျန့်ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။

"ပိုင်လီကျန့် မင်းရဲ့အကြံကို ငါမသိဘူးလို့များ ထင်နေလား မိသားစုတစ်စုထဲကမို့လို့ ငါမင်းကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ် မင်းသွားလို့ရပြီ"

"အစ်ကိုထင် ကျွန်တော်က အစ်ကို့ကို အသုံးပြုပြီး ကျန်းချန်ကို လက်စားချေဖို့ ရည်ရွယ်ခဲ့ရင်တောင်မှ ကျွန်တော်က အစ်ကို့ကောင်းကျိုးအတွက် အကြံပေးခဲ့တာပါ.. ၁နှစ်ကြာရင် အစ်ကို ‌နောင်တရလာပါလိမ့်မယ်"

ထို့နောက်တွင် ပိုင်လီကျန့်က စကားတစ်ခွန်းမှ ထပ်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့သည်။

၁နှစ်ဆိုသည်မှာ တကယ်တမ်း မကြာမြင့်လှပေ။

ကောင်းကင်နဂါးမြို့တော်မှ တပည့်အများစု အတွက်မူ ၁နှစ်ဟူသောအချိန်သည် တိုးတက်ရန်မှာ အလွန်ပင်ခက်ခဲ၏။

သို့သော်လည်း ကျန်းချန်သည် သာမန်တပည့်တစ်ဦးမဟုတ်ဘဲ မာနနဂါးအဆင့်တပည့်တစ်ဦးဖြစ်သည်။

ယခု သူ့တွင် နယ်မြေနတ်ဘုရားကိုယ်တိုင် ပေးအပ်ထားသော တောင်ထွတ်တစ်ခု ရှိနေခဲ့ရာ ၁နှစ်အတွင်း သူမည်မျှ ကြီးထွားနိုင်မည်ကို မည်သူမျှမသိပေ။

ဤအချိန်တွင် ပိုင်လီကျန့်သည် ခပ်ရေးရေး ခံစားချက်တစ်ခု ရှိခဲ့သည်။

ယင်းမှာ ၁နှစ်ကြာပြီးနောက်တွင် ပိုင်လီထင်သည် ကျန်းချန်ကို သေချာပေါက် ရှုံးနိမ့်လိမ့်မည် ဟူသော ခံစားချက်ပင်ဖြစ်သည်။

ဒသမမြောက်တောင်ထွတ်ထဲတွင် ကျန်းချန်သည် ဝါတော်ရ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ တည်ငြိမ်စွာဖြင့် ခြေချိတ်၍ ထိုင်နေရင်း နယ်မြေနတ်ဘုရား၏ စွမ်းအားကို ဆင်ခြင်နေခဲ့သည်။

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကို နားလည်သဘောပေါက်ပြီး ဓားဥပဒေသ အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကို နားလည်သဘောပေါက်ပြီး မိုးကြိုးဥပဒေသအတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နယ်မြေနတ်ဘုရားရဲ့ စွမ်းအားကို နားလည်သဘောပေါက်ပြီး လေဥပဒေသအတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"..........."

"ဒင်.. သင့်ရဲ့ ဓားဥပဒေသက တတိယအဆင့်ကို ‌ရောက်ရှိသွားခဲ့ပါပြီ"

သုံးလပြည့်မြောက်ပြီးနောက်တွင် ကျန်းချန်၏ ဓားဥပဒေသသည် အဆုံးသတ်တွင် ဒုတိယအဆင့်၏ အကန့်အသတ်ကို ထိုးဖောက်ကာ တတိယအဆင့်သို့ အောင်မြင်စွာ ရောက်ရှိလာခဲ့သည်။

ဓားဥပဒေသ တိုးတက်လာပြီးနောက်တွင် ကျန်းချန်သည် သူ၏ ကျင့်ကြံခြင်းကို မရပ်တန့်သေးပေ။

ဤသို့ဖြင့် ဆက်တိုက် နားလည်သဘောပေါက်အောင် ဆင်ခြင်ရင်းဖြင့် ၆လအတွင်းမှာပင် ကျန်းချန်၏ အခြားသော ဥပဒေသ ၅မျိုးလုံးသည်လည်း တတိယအဆင့်ကို ထိုးဖောက်သွားခဲ့သည်။

"ငါမျှော်လင့်ထားတာထက် လအနည်းငယ် ပိုစောပြီး နားလည်သွားတယ်.. လူသားဧကရာဇ်စည်းတံဆိပ်ရဲ့ တတိယစည်းတံဆိပ်ကိုပါ နားလည်သဘောပေါက်အောင် ကြိုးစားကြည့်မယ်"

ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

လူသားဧကရာဇ်စည်းတံဆိပ်သည် ရွှယ်လင်ကုန်းမြေတိုက်မှ လူသားမျိုးနွယ်စု၏ ကိုယ်ခံပညာရပ်တစ်ခုသာ ဖြစ်သော်လည်း ထိုကိုယ်ခံပညာရပ်သည် သာမန် ပကတိနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်များထက် များစွာ ပို၍ အားကောင်းကြောင်း ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

အဆင့်နိမ့် ပကတိနတ်ဘုရား နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေသော ကျန်းချန်သည် လူသားဧကရာဇ်စည်းတံဆိပ်ကို နားလည် သဘောပေါက်အောင် ဆင်ခြင်ရာတွင် ယခင်ကထက် များစွာပို၍ လျင်မြန်ခဲ့သည်။

၃လကျော်အတွင်းမှာပင် ကျန်းချန်သည် လူသားဧကရာဇ်စည်းတံဆိပ်၏ တတိယစည်းတံဆိပ်ကို အောင်မြင်စွာ နားလည်သဘောပေါက်ခဲ့၏။

"ဒီနေရာမှာ ကျင့်ကြံရတာ အတော်လေး အကျိုးရှိတာပဲ.. ငါ့ကိုစိန်ခေါ်ချင်တဲ့လူတွေကို ရင်ဆိုင်သင့်ပြီထင်တယ်"

ကျန်းချန်က ထရပ်လိုက်ပြီး ကိုယ်လက် အနည်းငယ်ဆန့်လိုက်ကာ တောင်အောက်သို့ လျင်မြန်စွာ ဆင်းလာခဲ့သည်။

ကျန်းချန်က သူ၏ကျင့်ကြံခြင်းကို အပြီးသတ်နေသော အချိန်တွင် မုန့်ဖျင်နှင့်ရွှယ်ချင်းရို့တို့သည် တောင်ထွတ်၏ ဝင်ပေါက်တွင် ရပ်နေခဲ့ကြသည်။

ဒသမမြောက် တောင်ထွတ်၏ အပြင်ဘက်တွင် ခြေချိတ်၍ ထိုင်နေသော လူ၅ဦးကို ကြည့်ရင်း သူတို့၏ နဖူးများသည် မရည်ရွယ်ဘဲ တွန့်လိမ်နေခဲ့၏။

"အိမ်တော်ထိန်းမုန့်.. ဒီလူ၅ယောက်က တောင်ထွတ်ရဲ့အပြင်ဘက်မှာ တစ်နေ့လုံး တစ်ညလုံး ရှိနေခဲ့တယ်...ကျွန်မတို့ သခင်လေးကို အကြောင်းကြားလိုက်သင့်လား"

ရွှယ်ချင်းရို့က အပြင်ဘက်မှ လူ၅ဦးကို ကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။

"မလိုဘူး ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တောင်ထွတ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်မှာ မဟုတ်ဘူး.. သခင်ကြီးကျန်းချန်က ကျင့်ကြံနေတာ မပြီးသေးဘူးဆိုတော့ ကျွန်တော်တို့ သူကို့ နှောင့်ယှက်လို့မဖြစ်ဘူး"

မုန့်ဖျင်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

အပြင်ဘက်ရှိ လူ၅ဦးသည် ကောင်းကင်နဂါးမြို့တော်တွင် ကျော်ကြားသော တပည့်များ ဖြစ်ပြီး ၎င်းတို့အားလုံးသည် အလွန်အမင်း သန်မာသူများ ဖြစ်ကြသည်။

သူတို့ ဤနေရာတွင် စောင့်နေရခြင်းမှာ ကျန်းချန် မူလက သဘောတူထားသော ၁နှစ် အချိန်ကာလကြောင့် ဖြစ်၏။

ကျန်းချန်က နတ်ဆိုးဆန်သော ပါရမီရှင်ဖြစ်ပြီး ၁၀ယောက်မြောက် မာနနဂါးအဆ င့်တပည့် ဖြစ်လာခဲ့သော်လည်း အဆုံးသတ်တွင် ကောင်းကင်နဂါးမြို့တော်သို့ ရောက်ရှိခဲ့သည်မှာလျှင် ၂နှစ်သာလျှင် ရှိသေး၏။

ထို့ကြောင့် မုန့်ဖျင်သည် အပြင်ဘက်မှ လူ၅ဦးအား ရင်မဆိုင်နိုင်မည်ကို အမှန်တကယ်ပင် စိုးရိမ်ခဲ့သည်။

ဤအချိန်တွင် ကျန်းချန်က စိန်ခေါ်မှုများအား လက်ခံမည်ကို မုန့်ဖျင်သည် သဘာဝကျစွာပင် မလိုလားခဲ့ပေ။

ယခုကျန်းချန်က တံခါးပိတ် ကျင့်ကြံနေသည် ဖြစ်ရာ မုန့်ဖျင်သည် အလွန်တရာပင် ပျော်ရွှင်နေခဲ့သည်။

ဤကဲ့သို့သော အချိန်တွင် သူ့အနေဖြင့် ကျန်းချန်ကိုအဘယ်ကြောင့် အကြောင်းကြားရပါမည်နည်း။

"ငါ မင်းတို့နှစ်ယောက်ကို ရှာနေတာ ကြာပြီ.. မင်းတို့နှစ်ယောက် ဒီမှာဘာလုပ်နေတာလဲ"

နှစ်ယောက်သား စကားကောင်းနေစဥ်မှာပင် သူတို့နှစ်ယောက်၏နောက်ကနေ အလွန်ရင်းနှီးသော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် နောက်သို့ လှည့်ကြည့်လိုက်သောအခါ ကျန်းချန်က သူတို့ရှိရာသို့ လေထဲကနေ လျင်မြန်စွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။

မုန့်ဖျင်က ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ပြောလိုက်သည်။

"သခင်ကြီးကျန်းချန်.. သခင်ကြီးက ဘာလို့ ဒီကို ရောက်လာတာလဲ"

"ငါ့ရဲ့ တံခါးပိတ်ကျင့်ကြံမှုက ပြီးဆုံးသွားခဲ့ပြီ,. ဒါကြောင့် ထွက်လာတာပေါ့"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို သူ၏အကြည့်သည် အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။

"ဒီလူ၅ယောက်က ငါတို့ တောင်ထွတ်ရဲ့ တံခါးဝမှာ ဘာလုပ်နေတာလဲ"

မုန့်ဖျင်က ခါးသီးစွာ ပြုံး၍ ပြန်ဖြေလိုက်သည်။

"သူတို့က သခင်ကြီးကို လွန်ခဲ့တဲ့၁နှစ်အကြာက စိန်ခေါ်ဖို့ လျှောက်လွှာပို့ခဲ့တဲ့သူတွေပဲ.. သူတို့က သခင်ကြီးကိုစိန်ခေါ်ဖို့အတွက် ဒီမှာ စောင့်ဆိုင်းနေကြတာပါ"

အခန်(၁၅၅၄)ပြီး၏။

All Chapters