← Chapters

ကလေးလေးရေ ကိုယ်လာနေပြီးကွ

Vol. 3 Ch. 22

ကလေးလေးရေ ကိုယ်လာနေပြီးကွ

Vol. 3 Ch. 22

လော့ချင်းနှင့် ဝမ်ချန်တို့ကို ရှင်းပြီးနောက်တွင် လော့ထျန်သည် ဂူထဲသို့ ပြန်မသွားတော့ပေ။

ညအချိန်က စတင်ဝင်ရောက်လာပြီး သားကောင်ရှာသည့် အချိန်ကလည်း  ယခုမှ စတင်နေသည်။ ထိုမျှကောင်းသည့် အဆင့်မြှင့်နေရာတွင် လော့ထျန်က အချိန်ကို ဖြုန်းပြီး ဘာကြောင့် ပြန်နေရမည်နည်း။

သူသည် အာရုံများကို ဖြန့်ကြဲလိုက်၏။ သို့နှင့် အားနည်းသည့် အရာတစ်ခုကို သူက ရိပ်ခနဲ သတိထားမိသည်။

လော့ထျန်သည် မျက်နှာတွင် သဲ့သဲ့ပြုံးရင်း လှည့်လိုက်ပြီးနောက် အမှောင်ထုဖုံးလွှမ်းနေသည့် သစ်တောထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားလေသည်။

“သေစမ်း”

“အူးးးး”

ခြေခြောက်ချောင်းရှိသည့် ပုတ်သင်ညိုတစ်ကောင်သည် မြေပြင်ပေါ်သို့လဲကျသွားပြီး ၎င်း၏ခန္ဓာကိုယ်က တဖြည်းဖြည်း မာကျောလာသည်။ ထိုအခါ လော့ထျန်၏စိတ်ထဲတွင် သတိပေးချက်တစ်ခု ပေါ်လာလေသည်။

သူသည် ယခုအချိန်တွင် မကောင်းဆိုးဝါးသားရဲအလောင်းများဖြင့် ဝန်းရံလျက်ရှိ၏။ သူ၏ အတွေ့အကြုံဘားက မြင့်တက်လာပြီး အဆင့်တက်ရန်အတွက် အနည်းငယ်သာ လိုတော့သည်။

အတွေ့အကြုံအမှတ်အားလုံးကိုမြင်ရသည့်အခါ လော့ထျန်က သဲ့သဲ့ပြုံးရုံမျှ ပြုံးလိုက်ပြီး သူ့ကိုယ်သူ ပြောသည်– “အဆင့်မြှင့်တင်ရေးစနစ်က ငါ့လက်ထဲမှာရှိနေတဲ့အတွက် ငါ့အဆင့်တက်ဖို့ ဘာမှပူစရာမလိုတော့ဘူး။ မင်းက နက်နဲတပည့်အဆင့် (၈) မှာ ရှိနေလို့ ဒီလောက်မောက်မာနေတာလား။ လော့လင် မင်းကို ဒီအဖေကြီးက ဘယ်လိုထိုးပြစ်မလဲဆိုတာ စောင့်

ကြည့်နေလိုက်”

အဘယ်သူတစ်ဦးတစ်ယောက်က ဤကဲ့သို့သောအရှိန်အဟုန်နှင့် တိုးတက်လာသည်ကို နှိုင်းယှဉ်နိုင်ပါမည်နည်း။

ရက်အနည်းငယ်အတွင်း သူသည် နက်နဲ တပည့်အဆင့် (၆) သို့ တက်တော့မည် ဖြစ်သည်။ ဤသည်မှာ အာကာသဒုံးပျံကို စီးနေသည်နှင့် ဆင်တူသည်။

သတ်လေလေ ပို၍ အစွမ်းထက်သည်ဟု သူ ခံစားရလေလေ ဖြစ်သည်။ လော့ထျန်သည် လက်ရှိတွင် မကောင်းဆိုးဝါးသားရဲတို့၏ သွေးများဖြင့် ရွှဲစိုနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးများက သွေးနီရောင် သံချပ်ကာကဲ့သို့ ဖြစ်နေသည်အထိ ခြောက်သွေ့နေပြီး သူ့ခန္ဓာကိုယ်၏ရနံ့သည်လည်း သွေးနံ့အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်၏။

နာရီအနည်းငယ်ကြာပြီးနောက်...

မသိစိတ်မှပင် လော့ထျန်သည် သားကောင်ရှာသည့်နေရာ၏ အစွန်းသို့ ရောက်ရှိလာသည်။ အမှောင်ထုထဲမှ အန္တရာယ်က ပို၍ပြင်းထန်လာခဲ့ပြီး လော့ထျန်အား စိုက်ကြည့်နေသည့် အစိမ်းရောင်ရင့်ရင့် မျက်လုံးအစုံများစွာလည်း ရှိနေသည်။

ရုတ်တရက်...

ချောက်ကမ်းပါးထိပ်တွင် အမြင့် ၂ မီတာနှင့် အလျား ၃ မီတာရှိသော အဖြူရောင် လည်ဆံမွေးရှိသည့် ဝံပုလွေဘုရင်တစ်ကောင်က စတင်အူလိုက်သည်။

“အူဝူးးးးးးးးးး”

နှလုံးသားကိုတုန်လှုပ်စေသော ဝံပုလွေအူသံသည် တောတစ်ခုလုံးသို့ ပဲ့တင်ထပ်သွား၏။

ထို့နောက် ချက်ချင်းပင် ဝံပုလွေ ဒါဇင်များစွာတို့က ဟိန်းသံကို ပဲ့တင်ထပ်စေသကဲ့သို့ အတူတူ လိုက်အူကြသည်။

အူပြီးနောက် ဧရာမ ဝံပုလွေသည် ချောက်ကမ်းပါးပေါ်မှ ခုန်ချကာ လော့ထျန်ရှိရာသို့ လျင်မြန်စွာ ပြေးဝင်လာသည်။ သစ်တောအလယ်ဗဟိုသည်လည်း မငြိမ်မသက်ဖြစ်လာသည်။

“ဟာ မဟုတ်တော့ဘူး”

“ဝံပုလွေအုပ်နဲ့ တွေ့ပြီလား”

လော့ထျန်သည် အံ့အားသင့်သွား၏။ သို့သော် သူ့နှုတ်ခမ်းများတွင် အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူကိုယ်တိုင် ပြောလိုက်သည်– “ဒီအစ်ကိုကြီး အဆင့်တက်ဖို့အတွက် အတွေ့အကြုံအမှတ်နည်းနည်းလေး လိုနေတာနဲ့ အမဲလိုက်တဲ့နေရာကနေ မကောင်းဆိုးဝါးသားရဲတွေကို သွားသတ်ဖို့ စဉ်းစားနေတာ။ အခု မင်းတို့က ကိုယ့်ကိုယ်ကိုယ် သေဖို့ လာရှာနေတော့ ငါ့လိုအပ်ချက်နဲ့ အတော်ပဲပေါ့”

ထိုနောက် ချက်ချင်းပင်...

လော့ထျန်၏ မျက်ခုံးများတင်းမာလာပြီးနောက် အနီရောင်မီးလျှံ ဝံပုလွေတစ်ကောင်အား အာရုံစိုက်ကာ စတင် ထိုးထွက်လာသည်။

ဝံပုလွေအုပ်နှင့် ရင်ဆိုင်ရခြင်း၏ အခက်အခဲသည် အခြားသူများနှင့် မတူချေ။

၎င်းတို့၏ တိုက်ခိုက်မှုများသည် အခြားမကောင်းဆိုးဝါးသားရဲများနှင့် မတူပေ။ ဝံပုလွေဘုရင်၏ အမိန့်အောက်တွင် ၎င်းတို့သည် အချင်းချင်းပေါင်းစပ်ညှိနှိုင်းသောကြောင့် တိုက်ခိုက်မှုတွင် ပုံစံတစ်ခု ရှိနေသည်။ ၎င်းတို့သည် စစ်ရေးနည်းဗျူဟာအချို့ကိုပင် အသုံးပြုနိုင်၏။

ဝံပုလွေ ဒါဇင်များစွာ၏ တိုက်ခိုက်ရေးစွမ်းအားသည် အခြားမကောင်းဆိုးဝါးသားရဲ တစ်ရာနှင့် ညီမျှသည်။

သို့သော်လည်း

စည်းစိမ်ဥစ္စာသည် အန္တရာယ်များနှင့် ဒွန်တွဲလာတတ်သည်။ ဝံပုလွေ ဒါဇင်ပေါင်းများစွာ ရုတ်တရက် ပေါ်လာခြင်းသည် အတွေ့အကြုံအမှတ် ၁၀,၀၀၀ ကျော် ရရှိခြင်းနှင့် ညီမျှသည် မဟုတ်လော။

ထို့အပြင် ဝံပုလွေအုပ်ကို တိုက်ခိုက်ခြင်းသည် သူ၏ကိုယ်ပိုင် တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်

နိုင်မည်ဖြစ်၏။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကြားတွင် တိုက်ခိုက်မှုသည် လော့ထျန်အတွက် အလွန်အမင်း အထောက်အကူ ဖြစ်လာမည်ပေ။ လူတစ်ဦးသည် ဘေးဒုက္ခနှင့် ရင်ဆိုင်ရမှသာ လျင်မြန်စွာ တိုးတက်မည် ဖြစ်သည်။

“လျှပ်စီးပစ်ခြင်း”

လော့ထျန်က ဟိန်းဟောက်လိုက်ပြီး သူ့ညာလက်သီးကို လျှပ်စီးအသေးစားနှင့် ထိုးလိုက်သည်။

“အူဝူးးးးးးး”

ထို အနီရောင်မီးလျှံ ဝံပုလွေသည် အော်ဟစ်ကာ ဘေးသို့ လွင့်သွားပြီး နောက်ဝံပုလွေတစ်ကောင်သည် ၎င်း၏နောက်ခြေများဖြင့် ခုန်ထွက်လာကာ လေထဲသို့ ပျံသန်းသွားသည်။

“သေချင်လို့လား”

“ကျား ထိုးချက်”

လော့ထျန်၏ ဘယ်လက်သီးသည် လျင်မြန်စွာထိုးနှက်လိုက်စဉ် သူသည် ချက်ချင်းပင် ညာဘက်သို့ လျင်မြန်စွာ ရွေ့လျားသွားသည်။ ပထမလက်သီးအောင်မြင်သည့်အခါ ဒုတိယလက်သီးသည် ထပ်ကြပ်မကွာ လိုက်ပါလာသည်။

“ဗျောင်း ဗျောင်း ဗျောင်း…”

လက်သီးများစွာဖြင့် အနီရောင်မီးလျှံ ဝံပုလွေ၏ခေါင်းကို ရိုက်ချလိုက်ပြီးနောက် သူ့စိတ်ထဲတွင် စနစ်သတိပေးချက်ကို မကြားမချင်း ဆက်တိုက်ထိုးနေတော့သည်။

“အူဝူးးးးးးးးးးးးး”

“အူဝူးးးးးးးးးးးးး”

အနီရောင်မီးလျှံ ဝံပုလွေများက လော့ထျန်ကို ဝန်းရံလာသည်။ ၎င်းတို့သည် သူ့ပတ်လည် ပတ်ပြီး အော်ဟစ်သံများကို ထုတ်လွှတ်နေကြသည်။

၎င်းတို့အားလုံးက လော့ထျန်အား စူးစိုက်ကြည့်နေကြသော်လည်း တစ်ခုခုကို စောင့်နေကြသကဲ့သို့ တိုက်ခိုက်ခြင်းမပြုပေ။

၎င်းတို့သည် ဝံပုလွေဘုရင်ကို စောင့်ဆိုင်းနေကြသည်မှာ အသေချာပင်။

လော့ထျန်သည် ဤအချက်ကိုသိသောကြောင့် ဝံပုလွေဘုရင် မရောက်မီ အနီရောင်မီးလျှံ ဝံပုလွေများအား တတ်နိုင်သမျှ သတ်ပစ်လိုက်သည်။ ဝံပုလွေဘုရင် ပေါ်လာသည့်အခါ ဤဝံပုလွေအုပ်နောက်ကွယ်မှ ပေါက်ကွဲအားသည် အတိုင်းအဆမဲ့ ဖြစ်လိမ့်မည်။

ထို့အပြင် ဝံပုလွေဘုရင်သည် အဆင့် (၂) ရှိသည့် မကောင်းဆိုးဝါးသားရဲတစ်ကောင် ဖြစ်သည်။ လော့ထျန်၏ နက်နဲတပည့်အဆင့် (၅) အင်အားနှင့်ဆိုလျှင် သူ ရင်ဆိုင်နိုင်စရာ အကြောင်းမရှိပေ။

“သတ်”

သူ၏ စိတ်အခြေအနေကို စုစည်းလိုက်သည့်အခါ လော့ထျန်၏ မျက်လုံးများက လူသတ်လိုသည့် အငွေ့အသက်ကို ဖော်ပြနေ၏။ ထို့နောက် သူ၏လက်သီးကို ဆုပ်ပြီး တစ်ဖန် ပြေးထွက်သွားသည်။

“လျှပ်စီး ကျားလက်သီးထိုးချက်”

“ဗျောင်း”

“ငါ့အတွက် သေစမ်း”

လော့ထျန်၏ လက်သီးတစ်စုံသည် မိုးရွာသကဲ့သို့ ဆက်တိုက် ထိုးနှက်နေသည်။ သူ၏ လက်သီးများ ရောက်ရှိသည့်နေရာတိုင်းတွင် သွေးများဖြင့် ပန်းထွက်နေ၏။

ဝံပုလွေဘုရင်၏ အမိန့်မပါဘဲ ဝံပုလွေအုပ်သည် ပြိုကွဲလျက်ရှိပြီး လော့ထျန်မကြောက်လန့်တော့ချေ။

သို့သော် လော့ထျန်က ဤသည်မှာ ယာယီအခြေအနေသာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိနေသည်။

မိနစ်ဝက်ပင် မပြည့်မီ...

“အူဝူးးးးးးးးးးး”

လူ၏ ဝိဉာဉ်ကို ခိုးယူနိုင်သည့် အူသံတစ်ခုက အဝေးမှ ထွက်ပေါ်လာသည်။ အနီရောင်မီးလျှံ ဝံပုလွေများ၏ မျက်လုံးများ ပြောင်းလဲသွားပြီး ၎င်းတို့၏ ရှည်လျားသော အစွယ်များကို ဖော်ထုတ်လိုက်သည်။ ၎င်းတို့၏ ယခင်က ကြောက်ရွံ့မှု အသွင်အပြင်သည် ယခုအခါ ပြင်းထန်သော အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။

အနီရောင်မီးလျှံ ဝံပုလွေအားလုံးက ဆုတ်ခွါခြင်းမရှိတော့ဘဲ လော့ထျန်ဆီသို့ ပို၍နီးကပ်လာကြသည်။

လော့ထျန်နှာခေါင်းရှုံ့လိုက်ပြီး သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သည်– “ဝံပုလွေဘုရင် ရောက်လာပြီလား”

“အူဝူးးးးးးးးးးး”

အခြားအူသံတစ်ခု ထွက်ပေါ်လာသည်။ ရှေ့မှ အနီရောင်မီးလျှံ ဝံပုလွေငါးကောင်က ၎င်းတို့၏ တိုက်ခိုက်မှုကို စတင်ပြီး သစ်ရွက်များအလယ်တွင် စိတ်ကို တုန်လှုပ်ချောက်ချားစေသော အစွယ်ရှည်များကို ထုတ်လာကြသည်။

“ဟူးးးးးးးးး”

လော့ထျန်သည် ပေါပါးစွာအသက်ရှူထုတ်

လိုက်ပြီးနောက် သူ၏စိတ်နှလုံးသည်လည်း တည်ငြိမ်သွားသည်။ ထို့နောက် သူ ဟိန်းဟောက်လိုကါသည်– “သတ်”

သူ၏ လက်သီးတစ်စုံသည် တစ်စက္ကန့်ပင် မပြည့်မီ လေးကြိမ် ရိုက်ထုတ်လိုက်သောကြောင့် ထင်ယောင်ထင်မှားဖြစ်နေသည့်နှယ် ဖြစ်နေသည်။ ထိုအရှိန်သည်နက်နဲ တပည့်အဆင့် (၅) ရှိသူတစ်ဦးအတွက်မဖြစ်န်ိုင်ပေ။ အနီရောင်မီးလျှံ ဝံပုလွေလေးကောင်သည် မြေပြင်သို့ လဲကျသွားပြီး စနစ်သတိပေးချက်က သူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။

“ခရစ်…”

ခြေသည်းတစ်ခုသည် သူ့ကို ခြစ်မိသွားပြီး လော့ထျန်၏ ပခုံးပေါ်ရှိ အဝတ်အစားများ ပြဲသွားသည်။ သွေးရည်ကြည်သုံးကြောင်း ပေါ်လာပြီး နာကျင်မှုကြောင့် လော့ထျန် ရုတ်တရက် အသက်ရှူသွင်းလိုက်မိသည်။

ခြေသည်းရိုက်မှုတစ်ခု အောင်မြင်ပြီးနောက် ဝံပုလွေသည် ချက်ချင်း ဆုတ်ခွာသွားသည်။

ဤအချိန်တွင် အနီရောင်မီးလျှံ ဝံပုလွေဆယ်ကောင်သည် ရှေ့သို့ ခုန်ဝင်လာသည်။

လော့ထျန်၏ စိတ်သည် တင်းမာသွားသည်။ အဘယ်ကြောင့်ဆိုသော် ဝံပုလွေဘုရင်၏ ဉာဏ်ရည်သည် ဤမျှမြင့်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားပေ။ ထို့ပြင် ဝံပုလွေဘုရင်၏ အမိန့်အောက်တွင် ဤဝံပုလွေအုပ်သည် သေခြင်းတရားကို မကြောက်သကဲ့သို့ ဖြစ်နေသည်။

ငါးကောင်ဖြင့် အလုပ်မဖြစ်ပါက ဆယ်ကောင်ဖြင့် ကြိုးစားမည်။ ဆယ်ကောင်ဖြင့် အလုပ်မဖြစ်ပါက ထိုထက်မက များစွာရှိလာဖွယ်ရှိသည်။

“ဘာကြီးလဲ ဒါ ငါ့ကို ပင်ပန်းအောင် လုပ်တဲ့ နည်းဗျူဟာ မဟုတ်ဘူးလား”

လော့ထျန်သည် အနီရောင်မီးလျှံ ဝံပုလွေဆယ်ကောင်နှင့် ရင်ဆိုင်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ မျက်လုံးများသည် ဦးတည်ရာတစ်ခုကို စိုက်ကြည့်ကာ သူ့ကိုယ်သူ ပြောလိုက်သည်– “ငါ  ပင်ပန်းလို့မသေခင် ဝံပုလွေဘုရင်ကို အရင်ဆုံး ရှင်းပစ်ရမယ်”

ထိုနောက် ချက်ချင်းပင်...

လော့ထျန်သည် သူ့စိတ်ထဲတွင် “ကြမ်းတမ်းခြင်း” ဟု ဟိန်းဟောက်လိုက်သည်။

“ရုန်း ရုန်း…”

သူ၏ ခွန်အားနှင့် အမြန်နှုန်းသည် ရုတ်တရက် တိုးတက်လာသည်။ ထိုအချိန်တွင် လော့ထျန်သည် အနီရောင်မီးလျှံ ဝံပုလွေဆယ်ကောင်၏ တိုက်ခိုက်မှုမှ လျင်မြန်စွာ လွတ်မြောက်သွားပြီး သစ်ပင်ကြီးတစ်ပင်ဆီသို့ ပြေးထွက်သွားသည်။

သူ၏ပစ်မှတ်သည် သစ်ပင်ကြီးနောက်ကွယ်မှ ဝံပုလွေဘုရင် ဖြစ်သည်။

တောထဲတွင် အမှောင်ဖြစ်နေပြီးနက်နဲ တပည့်အဆင့် (၅) ရှိသူအတွက် ၎င်းတို့၏ အမြင်

အာရုံသည် ၂ မီတာ မှ ၃ မီတာအကွာအဝေးအထိသာ မြင်ရသည်။ သို့ဆိုလျှင် လော့ထျန်သည် သစ်ပင်ကြီးနောက်ကွယ်မှ ဝံပုလွေဘုရင်၏ တည်ရှိမှုကို မည်သို့ရှာတွေ့ခဲ့ပါသနည်း။

၎င်းသည် အလွန်ရိုးရှင်းသည်– ဝံပုလွေဘုရင်သည် အသေးစားဘော့စ်တစ်ကောင်ဖြစ်ပြီး ၎င်း၏ ခြေထောက်အောက်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရှိနေသည်။

ဤမှောင်မိုက်သောတောထဲတွင် ထိုမျှ မျက်စိပသာဒရှိသည့် ရွှေရောင်အလင်းကို လော့ထျန်က မည်သို့ မမြင်နိုင်ဘဲ ရှိမည်နည်း။

လော့ထျန်သည် ဝံပုလွေဘုရင်ဆီသို့ အပြေးအလွှားသွားနေသည်ကို မြင်သည့်အခါ အခြား အနီရောင်မီးလျှံ ဝံပုလွေများ၏ မျက်လုံးများသည် ရက်စက်လာပြီး အနီရောင်ဖြစ်သွားကာ သူ့နောက်သို့ ချက်ချင်း ခုန်ဝင်လာသည်။ ကြီးမားသော ဝံပုလွေဘုရင်ကြီး၏ မျက်လုံးများက အတွေးထဲတွင် နက်ရှိုင်းစွာ နစ်မြုပ်နေပြီး ၎င်း၏ အစွယ်များကို ဖော်ထုတ်လိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက်သည် ၎င်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည့်အခါ ဟိန်းသံများကို စပေါ်လာတော့သည်။

လော့ထျန်မရောက်ခင် ဝံပုလွေဘုရင်ကိုယ်တိုင်က ခုန်ဝင်လာသည်။

၎င်း၏ ကြီးမားသော ခန္ဓာကိုယ်သည် လော့ထျန်ကို ခြိမ်းခြောက်နေသယောင်ရှိနေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ဧရာမခဲတုံးကြီးကဲ့သို့ဖြစ်ပြီး လူတစ်ဦး၏ စိတ်ဝိဉာဉ်ကို အလွန်အမင်း မသက်မသာဖွယ် ခံစားရစေသည်။ လော့ထျန်၏ မျက်နှာအမူအရာသည် တင်းမာသွားပြီး “ဒီကောင်က တခြားလူတွေကို ဘယ်လိုမျိုးဖိအားတွေ ပေးရမယ်ဆိုတာ သိနေတာကိုး ချီးပဲးးးးး” ဟု ကျိန်ဆဲလိုက်သည်။

ထိုအချိန်တွင်...

ဝံပုလွေဘုရင်သည် လေထဲတွင် ၎င်း၏ ခြေသည်းများကို လှည့်ပတ်လိုက်ပြီး အေးစက်ပြီး ပြိုင်စံရှားသည့် လေဓားနှစ်လက်သည် လရောင်ကို ထင်ဟပ်နေသည်။

“အထူးစွမ်းရည်လား”

လော့ထျန်၏မျက်နှာတွင် အံ့အားသင့်မှု ပေါ်လာသည်။ လေဓားများကို ရှောင်ရှားရန်အတွက် သူ၏လက်သီးများကို ပြန်သိမ်းပြီး ခန္ဓာကိုယ်ကို လှိမ့်ချလိုက်သည်။ သူသည် အဆင်မပြေဘဲ ထပြီး မတ်တပ် မရပ်နိုင်ခင် ဝံပုလွေဘုရင်က နောက်ထပ် လေဓားတစ်စုံကို ထပ်မံထုတ်လွှတ်သည်။

“ဗုံး”

သစ်ပင်ပေါ်တွင် ပျက်စီးမှုကြီးတစ်ခု ကျန်ရစ်နေခဲ့သည်။ လေဓားများက လူတစ်ဦးအပေါ်သို့ ကျရောက်ပါက ၎င်းတို့၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းကွဲသွားနိုသ်သည်။

“ဟာ မဟုတ်တော့ဘူး၊ ငါ လုံးဝသူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး” လော့ထျန်သည် အတွင်းစိတ်ထဲတွင် ထိတ်လန့်လာသည်။ ဤဝံပုလွေဘုရင်သည် အဆင့် (၃) မကောင်းဆိုးဝါးသားရဲတစ်ကောင်ဖြစ်နိုင်ပြီး ထိုအဆင့်မှ ပို၍သန်မာသည့် ကောင်များထဲမှ တစ်ကောင် ဖြစ်နိုင်ဖွယ်ရှိသည်။ ဤသည်မှာ ဘော့စ်

အဆင့် ဇာတ်ကောင်နောက်ကွယ်မှ အစွမ်းဖြစ်သည်တကား။

သူ၏ ခိုးတိုက်ခြင်း မအောင်မြင်တော့သည့်အတွက် လော့ထျန်သည် နောက်သို့ ဆုတ်ခွာပြီး တစ်ဖန် အနီရောင်မီးလျှံ ဝံပုလွေများ၏ ဝိုင်းရံခြင်းကို ခံရသည်။

လော့ထျန်၏ အဆင်မပြေသည့် အပြုအမူကိုမြင်ရသည့်အခါ ဝံပုလွေဘုရင်၏ မျက်လုံးများက အထင်အမြင်သေးပြီး လှောင်ပြောင်သည့် အသွင်အပြင်ကို ဖော်ပြနေသည်။ ကောင်းကင်နှင့် မြေကြီး၏ ကြီးမားမှုကို မသိနိုင်သည့်အတွက် လော့ထျန်အား လှောင်ပြောင်နေသကဲ့သို့ပင် ဖြစ်နေ၏။

“ဘာကြီးလဲ ငါက သားရဲတစ်ကောင်ရဲ့ လှောင်ပြောင်တာကို ခံနေရတာလာ”

လော့ထျန်၏နှလုံးသားတွင် မီးတောက်များ ထိုးထွက်လာပြီး ကျိန်ဆဲလိုက်သည်– “ဒီကောင် ဒီအဖေကို ရယ်ရဲတယ်ပေါ့ ဟုတ်လား။ ဒီအဖေက ခင်ဗျားကို ဘယ်လိုကစားပြီး သတ်ပစ်မလဲဆိုတာ ကြည့်ထားလိုက်”

လော့ထျန်သည် မကြာသေးမီကပင် အတော်လေး လှောင်ပြောင်ခံခဲ့ရပြီး သူ၏ မျက်နှာက အဆင်ပြေသော်လည်း သူ၏နှလုံးသားထဲတွင် မီးများ တောက်လောင်နေသည်။ မကောင်းဆိုးဝါးသားရဲတစ်ကောင်ကပင် သူ့ကို လှောင်ပြောင်မည်ဟု သူ လုံးဝ မတွေးခဲ့မိပေ။ ထို့ကြောင့် သူမည်သို့ ဆက်လက် လက်ခံနိုင်ပါမည်နည်း။

ထိုမကောင်းဆိုးဝါးသားရဲကို သူ မကစားဘဲ မသတ်ပါက သူ့တွင် ဆက်လက် အသက်ရှင်နေရန် မျက်နှာ ဘယ်မှာရှိတော့မည်နည်း။

လော့ထျန်သည် သူ၏ အတွေ့အကြုံဘားကို လျင်မြန်စွာ တစ်ချက်ကြည့်ပြီးနောက် သူ့ကိုယ်သူ အေးစက်စွာ နှာခေါင်းရှုံ့သည်– “နက်နဲတပည့်အဆင့် (၅) က မင်းရဲ့ပြိုင်ဘက် မဟုတ်ဘူးဆိုရင်နက်နဲ တပည့်အဆင့် (၆) ကရော ဘယ်လိုနေမလဲ”

ထိုနောက် ချက်ချင်းပင်...

လော့ထျန်သည် သောင်းကျန်းလာသည့်ပုံပေါ်လာပြီး ကြမ်းတမ်းခြင်း၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူသည် ဝံပုလွေအုပ်ဆီသို့ ပြေးသွားပြီး လက်သီးတိုင်းတွင် သေခြင်းတရားများ ပါလာသည်။

အနီရောင်မီးလျှံ ဝံပုလွေ အရေအတွက်သည် လျင်မြန်စွာ လျော့နည်းလာခဲ့သည်။

လော့ထျန်၏ ခွန်အား နှစ်ဆတိုးလာသည့်အတွက် ဤအဆင့် (၁) မကောင်းဆိုးဝါးသားရဲများကို သတ်ခြင်းသည် ကြက်များကို သတ်ခြင်းကဲ့သို့ ရိုးရှင်းသည်။ ဝံပုလွေဘုရင်က ၎င်းတို့ကို မည်မျှပင် ကျွမ်းကျင်စွာ အမိန့်ပေးသည် ဖြစ်စေ ၎င်းသည် အသုံးမဝင်တော့ပေ။

ကြမ်းတမ်းခြင်း၏ စွမ်းအားသည် ဤမျှ အစွမ်းထက်၏။

“သေ”

“သေ”

“ဒင်”

တစ်မိနစ်ပင် မပြည့်မီ အနီရောင်မီးလျှံ ဝံပုလွေအလောင်းဆယ်ကောင်ကျော် ထပ်ပေါ်လာပြီး ဝံပုလွေအုပ်သည် တစ်ဝက်ခန့် လျော့နည်းသွားသည်။

ကြမ်းတမ်းခြင်း၏ နောက်ဆုံးစွမ်းအားသည် ပေါက်ကွဲထွက်လာပြီး လော့ထျန်က ပြင်းထန်စွာ ထိုးနှက်လိုက်သည်။

“ဒင်”

“ကစားသူ လော့ထျန်အတွက် အနီရောင်မီးလျှံ ဝံပုလွေကို သတ်လိုက်တဲ့အတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံအမှတ် ၊၂၀၀ နက်နဲတဲ့ စွမ်းအင် ၂၀ ရရှိပါတယ်။”

“ဒင်”

“ကစားသူ လော့ထျန် အဆင့်တက်တဲ့အတွက် ဂုဏ်ယူပါတယ်။ လက်ရှိအဆင့်က နက်နဲတပည့်အဆင့် (၆) ဖြစ်ပါတယ်”

“ငါ အဆင့်တက်ပြီ”

“ဟာဟားဟားဟား” လော့ထျန်သည် လေထဲသို့ ရယ်မောလိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများ လျင်မြန်စွာ ပျောက်ကင်းသွားပြီး ခွန်အားလည်း ပြန်လည်ရရှိလာသည်။ ထို့နောက် အဝေးရှိ ဝံပုလွေဘုရင်အား စိုက်ကြည့်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်– “ကလေးလေးရေ ငါလာနေပြီကွ”

All Chapters