← Chapters

မမျှော်လင့်ထားသည့် အင်မတန် အားကြီးသောဘော့စ်

Vol. 3 Ch. 23

မမျှော်လင့်ထားသည့် အင်မတန် အားကြီးသောဘော့စ်

Vol. 3 Ch. 23

နက်နဲတပည့်အဆင့် (၆) နှင့် နက်နဲတပည့်အဆင့် (၅) နှစ်ခုက  သဘောတရားမတူညီကြပေ။

သေးငယ်သည့် အဆင့်တစ်ခုစီတိုင်းတွင်ပင် လူတစ်ယောက်၏ အရှိန်အဟုန်နှင့် ခွန်အားက သတ်မှတ်ပြီးသားဖြစ်၏။ အဆင့်တစ်ခုကို ကျော်

ဖြတ်ပြီးသည်နှင့် စွမ်းအင်ပိုင်းတွင် တိုးတက်လာသည်ကို တွေ့ကြုံခံစားရပေမည်။

ကြမ်းတမ်းခြင်း ပိုအားကောင်းလာသည့်တိုင် နက်နဲတပည့်အဆင့် (၅) တစ်ယောက်က အနီရောင်မီးလျှံဝံပုလွေဘုရင်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ လေဓားလက်နက် အနည်းငယ်ဖြင့်ပင် လော့ထျန်သည် ဝံပုလွေဘုရင် အနားကပ်၍မရခဲ့ချေ။

အဆင့်ကို ကျော်ဖြတ်ပြီးသည့်နောက်တွင် သူ့ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်လှိုင်းက သိသိသာသာ ပြောင်းလဲသွား၏။ အနီရောင်မီးလျှံဝံပုလွေဘုရင်၏ မျက်လုံးများ ပြောင်းလဲသွားပြီး သတိလက်လွတ်ဖြင့် နောက်သို့တစ်လှမ်း ဆုတ်လိုက်သည်။

လော့ထျန်၏ လက်ရှိစွမ်းအင်လှိုင်းက ဝံပုလွေဘုရင်ကို အနည်းငယ်မျှ ကြောက်ရွံ့စေသည်။

ထိုအချိန်တွင်...

လော့ထျန်သည် ဒေါသတကြီး ကြည့်ပြီး ဝံပုလွေဘုရင်ကို လက်ညှိုးထိုးကာ ကျိန်ဆဲလိုက်၏။ “နင့်အမနင်က ဒီအဖေကို ရယ်စရာလုပ်ရဲတယ်ပေါ့ ကဲ အခုလည်း ငါ့ကို ရယ်စရာလုပ်ကြည့်လိုက်ပါဦး”

တစ်လှမ်းချင်းစီ တိုးလျှောက်သွားရင်း လော့ထျန်က ထိုသို့ပြောလိုက်သည်နှင့် အနီရောင်မီးလျှံဝံပုလွေဘုရင်ကလည်း နောက်သို့တစ်လှမ်းချင်းစီ ဆုတ်သွားသည်။

“အူဝူး...”

ရုတ်တရက် ဝံပုလွေဘုရင်၏ ဘေးရှိ အနီရောင်မီးလျှံဝံပုလွေတစ်ကောင်က ခုန်အုပ်လိုက်ပြီး လော့ထျန်၏ လည်ပင်းကို ကိုက်ဖြတ်ရန် ကြိုးစားလိုက်သည်။

ဓားတစ်ချောင်းပမာ သူ့လက်ဖဝါးဖြင့် လော့ထျန်သည် အော်ဟစ်ကာ ခုတ်ချလိုက်၏။ “ဖယ်စမ်း”

“ဘန်း”

လက်ဖဝါးရိုက်ချက်တစ်ခုက ဝံပုလွေ၏ ခေါင်းကို ဖြတ်တောက်ပစ်လိုက်သည်။ အနီရောင်မီးလျှံဝံပုလွေက တုံ့ပြန်ရန်အချိန်တောင် မရလိုက်ဘဲ သေဆုံးသွားသည်။

လက်ဖဝါးဖြင့် တစ်ချက်တည်း သတ်ခြင်းပင်။

လော့ထျန်က တိတ်တဆိတ် ပျော်ရွှင်နေသည်။ “နက်နဲတပည့်အဆင့် (၆) ရဲ့ ခွန်အားက နက်နဲတပည့်အဆင့် (၅) ရဲ့ နှစ်ဆလောက်ရှိတယ်လို့ ခံစားရတယ်။ ရိုးရိုးလက်ဖဝါးရိုက်ချက်တစ်ခုက ပထမအဆင့်နတ်ဆိုးသားရဲကို တစ်ချက်တည်း သတ်ပစ်နိုင်တယ် ဒါက တကယ်ကို လန်ထွက်နေတာပဲကွာ”

အဆင့်တက်ခြင်း…

သူသည် အမြန်အဆင့်တက်ရမည်။ ၎င်းက ဗီဒီယိုဂိမ်းတစ်ခုနှင့် လုံးဝကို တူညီသည်။ အဆင့်မြင့်လေလေ ဇာတ်ကောင်က ပိုမိုအားကောင်းလေလေဖြစ်၏။

လော့လင်က သူ့ကို လွှတ်ပေးမည်မဟုတ်ချေ။ လော့မိသားစုကလည်း ထို့အတူပင်။ လော့ထျန်ကလည်း သူတို့ထဲက တစ်ယောက်ကိုမှ လွှတ်ပေးမည်မဟုတ်ပေ။

“လာခဲ့”

“မင်းသေတော့မှာကို လက်ခံလိုက်တော့”

လော့ထျန်၏ မျက်လုံးများ တင်းမာသွားသဖြင့် သူသည် နောက်ထပ်အချိန်ဖြုန်းလိုခြင်းမရှိတော့ပေ။ ထို့နောက် သူက စိတ်ထဲမှနေ၍ “ကြမ်းတမ်းခြင်း” ဟု အော်လိုက်သည်။

“ဘဇ်ဇ်ဇ်ဇ်...”

သူ့ခန္ဓာကိုယ်မှ မြည်သံတစ်ခု ထွက်ပေါ်လာပြီး အားကောင်းသည့် ကြမ်းတမ်းခြင်းစွမ်းအင်သည် ပေါက်ကွဲထွက်လာ၏။ မျက်စိဖြင့်မြင်နိုင်သည့် စွမ်းအင်လှိုင်းများ အပြင်သို့ပျံ့နှံ့သွားသည်။

ခွန်အားက နှစ်ဆတိုးလာခဲ့သလို အရှိန်အဟုန်ကလည်း နှစ်ဆတိုးလာသည်

ယခုအချိန်တွင် လော့ထျန်သည် “ဖျတ်ခနဲ” ထွက်လာသည့် ကျည်ဆံတစ်တောင့်နှင့်တူပြီး နောက်သို့ ဆက်တိုက်ဆုတ်နေသည့် အနီရောင်မီးလျှံဝံပုလွေဘုရင်ဆီသို့ တည့်တည့်တိုးဝင်သွားသည်။

ကျန်ရှိသည့် အနီရောင်မီးလျှံဝံပုလွေများအားလုံးက သူတို့၏ အသက်ကို စတေးကာ  ဝံပုလွေဘုရင်ကို ကာကွယ်ရန် ရှေ့သို့အားလုံး ပြေးလာကြသည်။

လော့ထျန်သည် ၎င်းတို့ကို ငြင်းဆန်ခြင်းမရှိဘဲ သူ့ထံသို့လာပေးသည်ကို ပျော်ရွှင်စွာ လက်ခံတော့မည်။ လျှပ်စီးကျားသစ်လက်သီးကို ဆက်တိုက်သုံးနေသည်နှင့်အမျှ သူ၏ကျွမ်းကျင်မှုနှုန်းက အရူးအမူး တိုးလာခဲ့သည်။ သူ့လက်သီး၏ ပြင်းထန်သည့် ရိုက်ချက်များအောက်တွင် သွေးစွန်းသည့်လမ်းတစ်ခုက သူ့ရှေ့တွင် ပွင့်သွားသည်။ သူ၏ ခန္ဓာကိုယ်ကို ဝံပုလွေများက အနည်းငယ်မျှ ခြစ်မိခဲ့သော်လည်း ပူလောင်သည့် နာကျင်မှုက သူ့ကို ပို၍ပင် စိတ်လှုပ်ရှားစေခဲ့သည်။

“ဒင်”

“ကစားသမား လော့ထျန် အနီရောင်မီးလျှံဝံပုလွေတစ်ကောင်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံ ၂၀၀ နက်နဲတဲ့စွမ်းအင် ၂၀ ရရှိပါတယ်...”

“ဒင်”

“ကစားသမား လော့ထျန် အနီရောင်မီးလျှံဝံပုလွေတစ်ကောင်ကို သတ်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ အတွေ့အကြုံ ၂၀၀ ၊နက်နဲတဲ့စွမ်းအင် ၂၀ ရရှိပါတယ်...”

စနစ်၏သတိပေးချက်က ဆူညံသည့် သံစုံတီးဝိုင်းတစ်ခုနှယ် အရူးအမူး ထွက်ပေါ်လာသည်။ ထိုအသံလှိုင်းက မည်သူ့၏သွေးကိုမဆို ဆူပွက်စေပေလိမ့်မည်။

အနီရောင်မီးလျှံဝံပုလွေများက တဖြည်းဖြည်း နည်းလာသည်နှင့်အမျှ ဝံပုလွေဘုရင်၏ မူလအနည်းငယ် ကြောက်ရွံ့မှုက တဖြည်းဖြည်း တုန်ရီသည့် ကြောက်ရွံ့မှုသို့ ပြောင်းလဲလာခဲ့သည်။ ညည်းသံတိုးတိုးဖြင့် နောက်သို့ဆုတ်သည့် အရှိန်ကို တိုးမြှင့်လိုက်သည်။

လော့ထျန်သည် ရှေ့သို့ဖိအားပေးပြီး ဆက်တိုးသွားသည်။ သူ၏နောက်ရှိ သေဆုံးနေသည့် အနီရောင်မီးလျှံဝံပုလွေအလောင်းများအားလုံး၏ ဦးခေါင်းများကိုပင် ဖြတ်တောက်ရန် အချိန်မရခဲ့ချေ။ ဤသည်မှာ ကြီးမားသည့်ရမှတ် ပမာဏဟု သတ်မှတ်၏။

“အူဝူး... အူဝူး... အူဝူး...”

အနီရောင်မီးလျှံဝံပုလွေဘုရင်က ညည်းသံတိုးတိုးများ ဆက်တိုက်ပြုလုပ်လိုက်သည်။ အနီရောင်မီးလျှံဝံပုလွေက လော့ထျန်၏ လက်ချက်ဖြင့် အသတ်ခံရသည်နှင့်တပြိုင်နက် ဝံပုလွေဘုရင်သည် ချက်ချင်းလှည့်ပြီး အမြန်ထွက်ပြေးတော့သည်။

လော့ထျန်က အေးစက်စက် လှောင်ပြောင်ပြုံးလိုက်သည်။ “ပြေးချင်တယ်ပေါ့”

“ဒီဖေဖေက နင်ဘယ်ကိုပြေးနိုင်လဲဆိုတာ မြင်ရမှာပဲ”

သူက ရှေ့သို့ခြေလှမ်းလှမ်းပြီး ဝံပုလွေနောက်သို့ လျင်မြန်စွာ လိုက်သွားသည်။

ထို့ကြောင့် လူသားတစ်ယောက်နှင့် သားရဲတစ်ကောင်သည် ယခုအခါ သစ်တော၏ သစ်ပင်များကြားတွင် ခုတ်မောင်းသွားလာနေကြသည်။ အနီရောင်

မီးလျှံဝံပုလွေဘုရင်က ၎င်း၏ စွမ်းအားကို အသုံးပြုနိုင်သည့် လေသိုင်းပညာရပ်ကို လေ့ကျင့်ထားသောကြောင့် အသက်ရှူကြိမ်အနည်းငယ်အတွင်း၌ပင် ပေတစ်ရာကျော်ကျော်ကို ဖြတ်ကျော်သွားခဲ့သဖြင့် ၎င်းကို နှေးသည်ဟု မပြောနိုင်ပေ။

နတ်ဆိုးသားရဲများ သိုင်းပညာရပ်များကို လေ့ကျင့်နိုင်ခြင်း သို့မဟုတ် နားလည်နိုင်ခြင်းက သဘာဝအတိုင်း မွေးရာပါ အရည်အချင်းဖြစ်၏။

လေ၊မိုး၊မိုးခြိမ်း၊ လျှပ်စီး ၊ရွှေ ၊သစ်တော ၊ရေ ၊မီး သို့မဟုတ် မြေကြီးတို့အားလုံးသည် သဘာဝ၏ ဂုဏ်သတ္တိများဖြစ်၏။ ၎င်းတစ်ခုချင်းစီသည် အလွန်အားကောင်းသည့် တည်ရှိမှုများဖြစ်ကြသည်။

သို့သော် အနီရောင်မီးလျှံဝံပုလွေဘုရင်၏ အဆင့်က အလွန်နိမ့်သောကြောင့် ၎င်း၏စွမ်းအင်ကို အမြင့်ဆုံးစွမ်းရည်ဖြင့် ပြသနိုင်ခြင်းမရှိပေ။

သို့သော် ၎င်းနောက်သို့လိုက်ရန် လော့ထျန်အတွက်မူ အားထုတ်မှုများစွာ လိုအပ်သည်။ ကြမ်းတမ်းခြင်း၏ တိုးတက်လာမှု မရှိလျှင် သူသည် ၎င်း၏ အနားကိုပင် လုံးဝကပ်၍မရနိုင်ချေ။

ဒုတိယအဆင့် နတ်ဆိုးသားရဲတစ်ကောင်သည် နက်နဲတပည့်အဆင့် (၆) ထက် အမှန်တကယ် ပိုမို

အားကောင်းသည်။ သူ့တွင် ခွန်အား၊ အရှိန်အဟုန်နှင့် အခြားသော ဂုဏ်သတ္တိများကို နှစ်ဆတိုးစေသည့် ကြမ်းတမ်းခြင်းစွမ်းရည် မရှိလျှင် လော့ထျန်သည် ၎င်း၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။

ဤသည်မှာ သိုင်းပညာရပ်တစ်ခု၏ အကျိုးကျေးဇူးနှင့် စွမ်းအားပင်ဖြစ်သည်။

“ပြေး မင်းဘယ်ကိုပြေးနိုင်လဲဆိုတာ ငါမြင်ချင်တယ်”

“နင်က ဒီအဖေကို ရယ်စရာလုပ်နေတာလား”

“လာစမ်း ဒီအဖေကို တစ်ခါလောက်ထပ်ပြီး ရယ်စရာလုပ်ပါဦး” ဟု လော့ထျန်က မောက်မာသည့်ဟန်ပန်ဖြင့် လှောင်ပြောင်ပြောလိုက်သည်။

သူက ပထမဆုံးအကြိမ် အလှောင်ခံရသူဖြစ်သောကြောင့် ယခုတစ်ကျော့တွင် ဝံပုလွေဘုရင်ကို ပြန်လည်လှောင်ပြောင်ရန် လော့ထျန်၏အလှည့်ပင်ဖြစ်သည်။

အနီရောင်မီးလျှံဝံပုလွေဘုရင်က နောက်သို့လှည့်ရန် မရဲတော့ဘဲ သစ်တော၏ အတွင်းပိုင်းဆီသို့ ဆက်ပြေးသွားသည်။

မသိလိုက်မသိဘာသာပင် လော့ထျန်သည် ဝံပုလွေဘုရင်နောက်သို့ လိုက်နေခြင်းက အမဲလိုက်သည့်နယ်မြေ၏ နယ်နိမိတ်များဆီသို့ ရောက်သွားခဲ့ပြီဖြစ်သည်။ ဆက်လက်သွားပါက တတိယအဆင့်နတ်ဆိုးသားရဲများ မည်သည့်အချိန်တွင်မဆို ပေါ်လာနိုင်သည့် ဝိညာဉ်တောင်တန်း၏ အတွင်းပိုင်းကို ရောက်ရှိပေမည်။

လော့ထျန်သည် ဤအရာကို ဂရုမစိုက်ပေ။ သူသည် ဘော့စ်တစ်ကောင်နှင့် တွေ့ခဲ့ပြီးဖြစ်၍ ၎င်းကိုမသတ်ရန် အဘယ်အကြောင်းပြချက်ရှိမည်နည်း။

ဤအနီရောင်မီးလျှံဝံပုလွေဘုရင်က အဆုံးစွန်သော ဘော့စ်အကောင်မဟုတ်သော်လည်း မီနီဘော့စ်အဖြစ် သတ်မှတ်ခံရဆဲဖြစ်သည်။ ၎င်းသည် ကောင်းမွန်သည့် ပစ္စည်းကိရိယာအချို့ကိုပင် ချပေးကောင်း ချပေးပေမည်။ သို့မဟုတ် အနည်းဆုံးတော့ လော့ထျန်သည် ၎င်း၏သွေးအနှစ်ကို ရရှိနိုင်သည်။ ထိုအခါ သူသည် နတ်ဆိုးသားရဲအကောင် ၁၀,၀၀၀ ၏ သွေးနွယ်သို့ တစ်လှမ်းပို၍နီးစပ်သွားပေမည်။

သစ်တော၏ လေထုက ထူးဆန်းလာခဲ့သည်။ ပတ်ဝန်းကျင်တွင် နတ်ဆိုးသားရဲများမရှိသလို လုံးဝတိတ်ဆိတ်နေခြင်းက ကြောက်မက်ဖွယ်ကောင်းလှသည်။

အနီရောင်မီးလျှံဝံပုလွေဘုရင်က ထွက်ပြေးရခြင်းကို အာရုံစိုက်နေသဖြင့် ဤအရာကို သတိမထားမိပေ။

“အမဲလိုက်နယ်မြေရဲ့အပြင်ကို ထွက်ချင်နေတာပဲ”

“ငါကတော့ သူ့ကို သေတဲ့အထိ ကစားပစ်ဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရမယ်” ဟု လော့ထျန်သည် သရဲတစ္ဆေတောင်တန်း၏ အတွင်းပိုင်းသို့ ဝင်ရဲခြင်းမရှိချေ။ ထို့နောက် သူသည် မှုန်ဝါးဝါးအကွာအဝေးရှိ တောင်ငယ်လေးတစ်ခုကို သတိပြုမိပြီး သူ့ကိုယ်သူ ပြောလိုက်၏။ “ဒါက ငါ သူ့ကို ကစားမယ့်နေရာပဲ”

ချက်ချင်းပင်...

လော့ထျန်သည် သူ့စိတ်ထဲမှနေ၍ “အမျက်ထွက်” ဟု ထပ်မံအော်လိုက်သည်။

သူ၏ နက်နဲသည့်စွမ်းအင်အဆင့်သည် အမှတ် ၃၀၀ လျော့ကျသွားပြီး သူ၏ အရှိန်အဟုန်က တိုးလာခဲ့သည်။ သူသည် ဝံပုလွေဘုရင်နှင့် ပေ ၅၀ မှ ၆၀ အကွာတွင်သာ ရှိတော့သည်။

အနီရောင်မီးလျှံဝံပုလွေဘုရင်သည် ကြောက်လန့်တုန်ရီသွားပြီး လော့ထျန်၏ ခန္ဓာကိုယ်သည် ပိုအားကောင်းလာသည်ကို ခံစားမိသည်။ ၎င်း၏ နောက်ခြေထောက်များဖြင့် ခုန်လိုက်ပြီး သစ်ကိုင်းတစ်ခုပေါ်သို့ တက်ကာ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ စတင်ခုန်သွားတော့သည်။

ဤအချိန်တွင် လော့ထျန်သည် အမဲလိုက်နယ်မြေကို ကျော်လွန်လိုက်ပြီး ဝိညာဉ်တောင်တန်း၏ အတွင်းပိုင်းကို ဝင်ရောက်လာခဲ့သည်။

သူတို့သည် တောင်ငယ်လေးတစ်ခု၏ ဧရိယာသို့ ရောက်ခါနီးပြီဖြစ်သည်။

လော့ထျန် စိုးရိမ်လာတော့သည်

“ဖျတ်ခနဲ...”

အနီရောင်မီးလျှံဝံပုလွေဘုရင်က တောင်ငယ်လေး၏ ဧရိယာသို့ ရောက်ရှိလာသည်နှင့် ရုတ်တရက် လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ ထိုတောင်ငယ်လေးက အံ့ဩဖွယ်ကောင်းလောက်အောင် ထောင်မတ်လာပြီး ပိုကြီးလာ၊ ပိုရှည်လာကာ...

“အိုး လခွမ်း”

“အဲဒါ တောင်မဟုတ်ဘူး၊ နတ်ဆိုးသားရဲကြီးပဲ”

တစ်ခဏအတွင်း...

“ပြေး”

လော့ထျန်သည် သူ့စိတ်ထဲတွင်ပင် မစဉ်းစားတော့ဘဲ နောက်သို့ချက်ချင်းလှည့်ကာ လွတ်မြောက်အောင် ထွက်ပြေးတော့သည်။ သူသည် သူ့ဘောင်းဘီထဲသို့ပင် ကျင်ငယ်ပါတော့မတတ် ဖြစ်သွား၏။ သူ၏နောက်ကို လှမ်းကြည့်လိုက်သည်နှင့် ကြီးမားသည့် နတ်ဆိုးသားရဲကြီးက အနီရောင်မီးလျှံဝံပုလွေဘုရင်ကို တစ်ချက်တည်း မြိုချလိုက်သည်ကို တွေ့လိုက်ရ၏။ ထို့နောက် ဝါးမြိုသံတစ်ခုကို ကြားလိုက်ရသဖြင့် လော့ထျန်သည် သက်ပြင်းချလိုက်သည်။ “ငါ့ရဲ့ အနီရောင်မီးလျှံဝံပုလွေဘုရင်... ငါ့ရဲ့ မီနီဘော့စ်လေး...”

လော့ထျန် နောက်သို့လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် မီးအိမ်အရွယ်အစားရှိသည့် မျက်လုံးတစ်စုံက သူ့ကိုစိုက်ကြည့်နေသည်။

ဆူနာမီလှိုင်းတစ်ခုနှင့်တူသည့်အလား၊

သူ့စိတ်အခြေအနေပေါ်သို့ တစ်စုံတစ်ခု ရိုက်ခတ်လာသည်ဟု သူခံစားရ၏။ ထိုခံစားချက်က အသက်ရှင်လျက် အကြိတ်ခံနေရသကဲ့သို့ အလွန်ကို မသက်မသာဖြစ်လှသည်။

သို့သော်...

ဤတစ်ချက်ကြည့်လိုက်ခြင်းကြောင့်ပင် နတ်ဆိုးသားရဲအောက်ရှိ ရွှေရောင်စက်ဝိုင်းက လော့ထျန်းကို မျက်စိများပင် ကျိန်းစပ်သွားစေလုနီးပါး ဖြစ်ခဲ့သည်။

ဘော့စ်၊ အင်မတန်အားကောင်းသည့် ပြိုင်စံရှားဘော့စ် ၎င်းသည် အရင်းအမြစ်မြောက်မြားစွာ ပေါက်ကွဲထွက်လာမည့် အလွန်အားကောင်းသည့် ဘော့စ်

တစ်ကောင် ဖြစ်မည်မှာ သေချာသည်။ လော့ထျန်

သည် သူ့တံတွေးကို  မျိုချလိုက်သည်။ “ငါသူ့ကို သေတဲ့အထိ ကစားချင်တယ်။ ကောင်းတဲ့ပစ္စည်းတွေကိုလည်း ချပေးမှာ သေချာတယ်။ နတ်ဆိုးအနှစ်တောင် ရှိနိုင်တယ်...”

နတ်ဆိုးသားရဲများတွင် နတ်ဆိုးအနှစ်များ ရှိခြင်းက...

လော့ထျန်၏ စိတ်အခြေအနေသည် ကြောက်လန့်မှုအောက်တွင် ရှိနေသော်လည်း သူ့စိတ်လှုပ်ရှားမှုကို မထိန်းနိုင်သေးပေ။

စိတ်လှုပ်ရှားခြင်းက တစ်မျိုးဖြစ်ပြီး လော့ထျန်သည် အရူးမဟုတ်ချေ။ နက်နဲတပည့်အဆင့် (၆) တစ်ယောက်က ထိုအရည်အချင်းရှိသည့် နတ်ဆိုးသားရဲတစ်ကောင်နှင့် တွေ့ဆုံသောအခါ သူတို့လုပ်နိုင်သည်မှာ ထွက်ပြေးခြင်းသာဖြစ်၏။ ဆက်နေရဲပါက လူတစ်ယောက်သည် အနီရောင်မီးလျှံဝံပုလွေဘုရင်ကဲ့သို့ အဆုံးသတ်သွားပေမည်။

ပြေး

အမြန်ဆုံးပြေး

အသက်ကိုရင်းပြီး ပြေး၊ လူတစ်ယောက်က သူ့အသက်ရှင်နေသ၍က အနာဂတ်တွင် မည်သည်မဆိုဖြစ်လာနိုင်သည်။

လော့ထျန်သည် သူ၏အသက်အပေါ်တွင် မူတည်နေသည့်အလား ပြေးသွားသည်။ ကြမ်းတမ်းခြင်းကလည်း ဆက်လက်ထုတ်လွှတ်လျက်ရှိသည်။ သူသည် နာရီဝက်ကြာသည်အထိ သူ့ခွန်အား အကုန်ဖြင့် ပြေးပြီးနောက် နောက်သို့လှည့်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။ လေကို တပြွတ်ပြွတ်ရှိုက်

ရင်း “လခွမ်း ဒီအဖေ ကြောက်ပြီး သေတော့မလို့ပဲ”

သူသည် လေကို ရှိုက်နေတုန်းပင် ဖြစ်သော်လည်း ယခင်မြင်ကွင်းကို ပြန်အမှတ်ရလိုက်သည်နှင့် သူ့မျက်နှာက ပြာနှမ်းသွားပြန်သည်။ ထိုနတ်ဆိုးသားရဲကြီးသည် အလွန်ကို ကြမ်းတမ်းလှသည်။ ၎င်းသည် ပြိုင်စံရှားဆိုတာ မလွဲဧကန်ပင်။

သို့သော် လော့ထျန် ထွက်ပြေးနေသည့် အချိန်အတွင်း...

ကျိုးမိသားစု၊ ဒုတိယခေါင်းဆောင်၏ အနက်ရောင်

အရိပ်က လျှပ်ခနဲဖြတ်သွားပြီး အသက်ကိုအောင့်ထား၏။ သူသည် သူ့စွမ်းအင်လှိုင်းကို ဖုံးကွယ်ထားစဉ် ထောင်မတ်နေသည့် ကြီးမားသည့် နတ်ဆိုးသားရဲကောင်ကြီးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် အေးစက်စက် ပြုံးလိုက်သည်။ “ဒီကလေး လော့ထျန်က ဒေါသထွက်နေတဲ့ မိုးကြိုးနွားသိုးရဲ့ ဖိအားနဲ့ ဖိနှိပ်ခြင်းမခံရတာကို ငါမထင်မိခဲ့ဘူး။ သူက တကယ်ကို ကံကောင်းတာပဲ ဒါပေမဲ့...”

ကျိုးဟန်ရန်က နားမလည်နိုင်ဖွယ် ပြုံးလိုက်သည်။ “လော့မိသားစု၊ ငါ ကျိုးဟန်ရန်က မင်းတို့ဆီကို လက်ဆောင်ကြီးတစ်ခု ပို့ပေးလိုက်မယ်”

ချက်ချင်းပင်...

ခုန်ချပြီးနောက် သူသည် ဒေါသထွက်နေသည့် မိုးကြိုးနွားသိုးဆီသို့ တဖြည်းဖြည်း တွားသွားတော့သည်။

ဤအရာများအားလုံးကို ဆုံးယန်ချွင်းက မျက်မြင်ကိုယ်တွေ့ ကြည့်နေခဲ့သည်။ ကျိုးဟန်ရန်သည် ဒေါသထွက်နေသည့် မိုးကြိုးနွားသိုးကို ဒေါသထွက်စေပြီး အမဲလိုက်သည့်နယ်မြေထဲသို့ ဆွဲသွင်းနေသည်ကို သူမြင်လိုက်ရသည်။ ဆုံးယန်ချွင်းသည် သူ့မျက်လုံးများကို ကျဉ်းလိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်သည်။ “ကျိုးဟန်ရန်က တကယ်ကို ယုတ်မာလွန်းတယ်။ ဒါက လော့မိသားစုရဲ့ အရင်းမြစ်တွေကို ဖျက်ဆီးနေတာပဲ”

မကြာမီတွင်ပင် ဒေါသထွက်နေသည့် မိုးကြိုးနွားသိုးသည် အမဲလိုက်သည့်နယ်မြေတစ်ခုလုံးတွင် ဒေါသတကြီး ပြေးလွှားသွားလာနေတော့သည်။

“ခြိမ်း...”

“ခြိမ်း...”

၎င်းက ကောင်းကင်ကို တုန်ခါသွားစေသည့်အလား လေထဲသို့ ဟိန်းဟောက်လိုက်သည်။ နတ်ဆိုးသားရဲများအားလုံးက ကြောက်လန့်တုန်ရီစွာ လဲလျောင်းနေကြပြီး အနီးနားရှိ လော့မိသားစု၏ တပည့်များက သူတို့၏ စိတ်အခြေအနေကွဲအက်ပြီး သေဆုံးသွားကြသည်။

ဒေါသထွက်နေသည့် မိုးကြိုးနွားသိုးက အမဲလိုက်သည့်နယ်မြေထဲသို့ ဝင်လိုက်သည်နှင့် နေရာတစ်ခုလုံးသည် အသက်မဲ့လုနီးပါး တိတ်ဆိတ်သွားတော့သည်။

အန္တရာယ်…

၎င်းသည် အန္တရာယ်ကြီးတစ်ခုပင် ဖြစ်လေတော့သည်။

All Chapters