← Chapters

ဒဏ္ဍာရီလာပညာ-မန္တန်

Vol. 3 Ch. 25

ဒဏ္ဍာရီလာပညာ-မန္တန်

Vol. 3 Ch. 25

ဤအကြိမ်တွင် ကျိုးဟန်ရန်က အမြန်နှုန်းမြှင့်ပြီး မိုးကြိုးနွားသိုး ကို လိုက်လံနှောင့်ယှက်ကာ နဂိုကတည်းက ဒေါသထွက်နေသည့် မိုးကြိုးနွားသိုးစိတ်ကို ပိုဆွပေးနေသည်။ နွားသိုးကြီး၏ ဦးချိုရှည်

နှစ်ဖက်က ရမ်းခါနေသည့်အတွက် ၎င်းသွားလေရာတစ်လျှောက်လုံးတွင် ပျက်စီးမှုများစွာပင်။

ကျိုးဟန်ရန်၏ တမင်သက်သက်စနောက်မှုကြောင့် မိုးကြိုးနွားသိုးက လော့ထျန်တို့အဖွဲ့ရှိရာကို လျင်မြန်စွာ ဦးတည်နေသည်။

ကျိုးဟန်ရန်သည် သစ်ပင်ပေါ်မှ ပေါ့ပါးစွာဆင်းသက်လိုက်သည်။ ထို့နောက် အဝေးကိုကြည့်ပြီး နှာခေါင်းရှုံ့လိုက်ရင်း လော့ထျန်ရှိနေတဲ့နေရာကို ကြည့်လိုက်သည်။ 

ထို့နောက် သူ့ကိုယ်သူ အေးစက်သောလေသံနဲ့ပြောလိုက်သည်- “သွားသေလိုက်တော့။ မင်းသေသွားတာနဲ့ လော့မျိုးနွယ်စုရဲ့ ချိန်ခွင်လျှာက ပျက်စီးသွားပြီး အချင်းချင်းရန်ဖြစ်ကြလိမ့်မယ်။ အဲ့လိုဆိုရင် ကျွန်တော်တို့ ကျိုးမျိုးနွယ်စုက မင်းတို့ လော့မျိုးနွယ်စုကို အချိန်အများကြီးမကုန်ဘဲနဲ့ မျိုချနိုင်လိမ့်မယ်။ အဲ့အချိန်ရောက်ရင် ကျွန်တော့်ကျိုးမျိုးနွယ်စုက ကျောက်စိမ်းတောင်မြို့တစ်ခုလုံးကို အုပ်စိုးနိုင်လိမ့်

မယ်။ ဟားဟားဟား…”

“ဒုန်း….”

မုန်တိုင်းကဲ့သို့သော လေတိုက်ခတ်မှုတစ်ခုက ကျိုးဟန်ရန်အနားကို ဖြတ်ကျော်သွားတာကြောင့် သူမျက်မှောင်ကြုတ်သွားသည်။ 

သူ့ကျောမှာ ချွေးစီးကျလာပြီးနောက် လုံခြုံတဲ့နေရာကို လျင်မြန်စွာခုန်ထွက်လိုက်သည်။ ထို့နောက် သူကြောက်ရွံ့စွာပြောလိုက်သည်- “အဆင့် (၄) သားရဲကြီးက တကယ်ကြောက်စရာကောင်းလိုက်တာ”

ခက်ထန်သောမိုးကြိုးနွားသိုးသည် အစွမ်းထက်သည့် သတ္တဝါဖြစ်ပြီး အဆင့် (၄) သားရဲများထဲမှာ အတော်လေးကို မယှဉ်နိုင်သည့် သတ္တဝါဖြစ်သည်။ ၎င်း၌ ရက်စက်သည့်အားနှင့် အလွန်အားကောင်းတဲ့ ခံနိုင်ရည်ရှိပြီး ၎င်း၏တစ်ခုတည်းသောအားနည်းချက်မှာမူ နှေးကွေးလွန်းခြင်းပင်ဖြစ်သည်။

၎င်း၏နှေးကွေးခြင်းက တောင်အလားခန္ဓာကိုယ်ကြောင့်ဖြစ်သည်။ ၎င်းမြန်ချင်သည့်တိုင်မြန်နိုင်စရာလမ်းမရှိချေ။

ကျိုးဟန်ရန်က ဤအချက်ကြောင့်ပဲ ၎င်းနွားသိုးကြီးကို စိတ်ဆွပေးနိုင်ခြင်းဖြစ်သည်။ သူသည် ဝိဇ္ဇာဆရာ၏အမြန်နှုန်းကို အသုံးပြုကာ အမဲလိုက်နယ်မြေ၏ဗဟိုဘက်ကို ဆက်တိုက်ဦးတည်စေခဲ့သည်။

အမဲလိုက်နယ်မြေထဲက လော့မျိုးနွယ်စုဝင်တွေက ကြောက်လန့်တကြားနဲ့ နေရာအနှံ့ကို ပြေးထွက်သွားကြသည်။

သို့သော်….

ထွက်ပြေးသူတွေရှိသလို ၎င်းရှိရာကို အလျင်အမြန်ပြေးလာသူများလည်းရှိသည်။

“မင်းကြားရဲ့လား လော့လင်က လော့ထျန်ကို အရေးယူတော့မယ်တဲ့”

“လော့ထျန်ရှိတဲ့နေရာက မိုးကြိုးနွားသိုးရှိတဲ့နေရာနဲ့ပဲ။ အဲဒါ ဘယ်လိုပဲဖြစ်ဖြစ် မယှဉ်နိုင်တဲ့အဆင့် (၄) သားရဲမို့ သူသေမှာမကြောက်ဘူးလား”

“ခွေးမသား လော့ထျန်က အမှိုက်ကြီးဖြစ်တာတောင် မိုးကြိုးနွားသိုးကို မကြောက်ရင် ငါတို့ဘာလို့ကြောက်နေရမှာလဲ။ သွားစို့ ငါတို့ သွားပြီးပွဲကြည့်

မယ်”

“မင်း ဆက်ပြီးအသက်ဆက်မရှင်ချင်တော့ဘူးလား”

“ရှင်ချင်တာပေါ့ ဒါပေမဲ့ ငါသာ သခင်လေးလော့လင်အတွက် အမှိုက်ဖြစ်တဲ့ လော့ထျန်ကို ဖယ်ရှားပေးနိုင်ရင် ငါ့ကိုခေါင်းဆောင်က အထူးဂရုစိုက်ပေးလိမ့်

မယ်။ အဲ့ကျ အဓိကတပည့်တစ်ယောက်ဖြစ်ဖို့ လွယ်တာပေါ့”

“တော်တော်ကြာနေပြီ ငါတို့ သားရဲတစ်ကောင်မှမသတ်နိုင်သေးဘူး။ ငါတို့ သခင်လေးလော့လင်ကို ကူညီနိုင်ရင် အကျိုးအမြတ်တွေ အများကြီးရမှာပဲ”

“သွားစို့ သွားစို့ သွားစို့ ငါတို့အကုန်လုံး သခင်လေးအသစ်ကို သွားကြိုကြမယ်”

လော့ထျန်သေသွားတာနဲ့ လော့လင်က လော့မျိုးနွယ်စုရဲ့ သခင်လေးအဖြစ် အလိုအလျောက်ဖြစ်သွားမည်။

လော့မျိုးနွယ်စုရဲ့ သခင်လေးကို အသိအမှတ်ပြုနိုင်ရင် အဓိကတပည့်တစ်ယောက် မဖြစ်နိုင်ရင်တောင် ရေရှည်မှာ အကျိုးအမြတ်အချို့ရရှိလိမ့်မည်။

သားရဲတွေကို မသတ်ရသေးတဲ့ တပည့်တွေအားလုံးက ဤသို့ပဲ တွေးနေကြသည်။

မိုးကြိုးနွားသိုးက အမှန်တကယ်ပင် အန္တရာယ်ရှိသောသတ္တဝါဖြစ်သည်။ သို့သော် လော့မျိုးနွယ်စုရဲ့ အဓိကတပည့်တစ်ယောက်ဖြစ်ဖို့ကို ပိုပြီးစိတ်အား ထက်သန်သည်။

လူတစ်ယောက်မှ နှစ်ယောက်ဖြစ်လာမယ်၊ နောက်ဆုံးမှာ လူအုပ်ဖြစ်လာလိမ့်မယ်။ ပြီးနောက် လူတိုင်းက သူတို့ရဲ့အသက်ကို ဂရုမစိုက်တော့ဘဲ လော့ထျန်ရှိရာကို စတင်ပယ်ရှားဖို့ နိုးထလာခဲ့ကြသည်။

မိုးကြိုးနွားသိုးက ပို၍နီးလာပြီး သားရဲတွေက နေရာအနှံ့ကို ပြေးနေကြသည်။ လော့ထျန်သည် သားရဲများကို ရူးသွပ်စွာသတ်နေတာကြောင့် သူ၏အတွေ့အကြုံရမှတ်များ မြန်မြန်တိုးလာသည်။ ထို့နောက် သူစိတ်လှုပ်ရှားစွာနဲ့ သူ့ကိုယ်သူပြောလိုက်သည်- “နောက်

နည်းနည်းလေးဆို ငါအဆင့်တက်တော့မယ်…”

ပတ်ဝန်းကျင်တစ်ခုလုံးကို သူ၏စိတ်ခံစားမှုအာရုံနှင့်ခိုင်မြဲစွာထိန်းချုပ်ထားသည်။

သူအစိုးရိမ်ဆုံးက လော့မျိုးနွယ်စုတပည့်တွေက ဆက်တိုက်တိုးလာနေတာဖြစ်ပြီး ဒီလူတွေအားလုံးက လော့လင်ဘက်မှာရှိနေသည့်အတွက်ပင်။

ဒီလူများအပြင် မိုးကြိုးနွားသိုးအနားကိုလာနေသည့် သူကလည်း ပိုများလာနေသည်။

ယခင်က ယဉ်ကျေးတဲ့ သားရဲကြီးက သူ့နောက်ကိုလိုက်ရန်ပင် စိတ်မဝင်စားတာ ဘာကြောင့်ဤမျှရုတ်တရက် စိတ်တိုလာတာလဲ။ ဘာကြောင့် သူ့ရှိရာကို ဆက်တိုက်ပြေးလာနေတာလဲ။ ဤတွင်တစ်စုံတစ်ယောက်၏ ရည်ရွယ်ချက်ရှိရှိပြုလုပ်မှုတစ်ခုဖြစ်သည်မှာ သေချာသည်။

အဆင့် (၄) သားရဲကို ဆွရဲသည့်သူက သာမန်လူမဟုတ်တာ သေချာသည်။ ဒါဆို ဘယ်သူဖြစ်နိုင်မလဲ။

လော့ထျန်တွင် ဒီမေးခွန်းများကို တွေးတောဖို့ အချိန်မရှိချေ။ သူလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက အဆင့်တိုးဖို့ပဲဖြစ်သည်။

သူဆက်ပြီး အသက်ရှင်ချင်ရင် အဆင့်တိုးရမည်။

ဤကမ္ဘာကြီးသည် တော၏ဥပဒေများကို လိုက်နာပြီး သန်မာသူများအတွက်သာဖြစ်သည့် ကမ္ဘာဖြစ်သည်။ ဆက်ပြီးအသက်ရှင်ချင်လျှင် အခြားသူများ ထက်ပိုပြီး သန်မာရမည့် အဓိပ္ပာယ်သက်ရောက်သည်။ ပူးပေါင်းကြံစည်မှုအားလုံးကို လက်သီးတစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်သည်။

“အခု လုပ်တော့”

လော့လင်က အမိန့်ပေးလိုက်ပြီး မူလ နေရာယူထားသည့် လူရှစ်ယောက်က ချက်ချင်းပြေးထွက်သွားကြသည်။

“ဝှစ်”

“ဝှစ်”

“ဝှစ်”

လူရှစ်ယောက်က လော့ထျန်ရှိရာကို ဆင်းလာပြီး ဓားတွေက လော့ထျန်ရှိရာကို ဦးတည်နေကာ မျက်လုံးများက သတ်လိုစိတ်များနှင့်ပြည့်နေသည်။

လော့ထျန်သည် နှာခေါင်းရှုံ့လိုက်ပြီးနောက် ပြုံးလိုက်သည်- “ဝတုတ်လေ မင်း ဘေးကို အရင်ဆုတ်

နေ”

ဖုန်းလေသည် သူတို့ရှစ်ယောက်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်- “သခင်လေး ကျွန်တော့်ဆီမှာ ခေါင်းမဖြတ်ရသေးတဲ့ သားရဲတွေအနည်းငယ်ရှိသေးတယ်။သခင်လေး အလုပ်ရှိတာ လုပ်နေပါ၊ ကျွန်တော်

ကတော့ ကျွန်တော့်အလုပ်ကို အပြီးသတ်လိုက်မယ်”

သူသည် အလွန်တည်ငြိမ်ပြီး ဘာဖိအားမျှ မရှိချေ။ ဤသို့ပြောပြီးနောက် သူသည် သူ့အလုပ်ကို စတင်

လုပ်ဆောင်သည်။

လီရွှယ်အာ၏ပုံရိပ်က လျင်မြန်စွာပြောင်းလဲသွားပြီး လော့ထျန်ရှေ့ကို ချက်ချင်းရောက်သွားသည်။ သူမသည် လူတစ်ယောက်ကို ဓားနဲ့ထိုးလိုက်ပြီး အော်လိုက်သည်- “မင်းတို့ထဲက ဘယ်သူက ငါ့အကိုကြီး လော့ထျန်ကို ထိရဲတာကို ငါကြည့်ချင်တယ်”

လီရွှယ်အာက ဒေါသတကြီးစိုက်ကြည့်နေပြီး လော့ထျန်ကို လာပြီးနှောင့်ယှက်ရဲသူ အဘယ်သူမဆို ဒီ

အမျိုးသမီးက သူမအသက်နှင့်လဲပြီး ကာကွယ်လိမ့်

မည်ကို ပြောပြသည့်ပုံစံမျိုးဖြစ်သည်။

ဤလူရှစ်ယောက်စလုံးက နက်နဲတပည့် (၆)ဆင့် မှာရှိနေသည်။

သူတို့အားလုံးပေါင်းပြီး တိုက်ခိုက်သည့်စွမ်းအားက အလွန်အားကောင်းသည်။ နက်နဲတပည့် (၆)ဆင့် မှာရှိတဲ့ တခြားလူတစ်ယောက်ကို ကိုင်တွယ်ဖို့က လွယ်

လွယ်လေးပင်။

အဆင့်တူသည့်အခါမှာ လူတစ်ယောက်က လူရှစ်ယောက်ကို ရင်ဆိုင်နေရသည့်အတွက် အနိုင်ရရန်အခွင့်အရေးမရှိချေ။

သို့သော်…

လော့ထျန်၏မျက်နှာက အလွန်တည်ငြိမ်နေပြီး သူ၏ပါးစပ်က ကျေနပ်သည့်အပြုံးတစ်စုံကို ဖြစ်ပေါ်စေသည်- “ကောင်မလေး ဘေးဖယ်နေပါ၊ ဒီကိစ္စကို ငါကိုယ်တိုင်ဖြေရှင်းလိုက်မယ်”

“မဖြစ်ဘူး”

“အကိုကြီးလော့ထျန် သူတို့အားလုံးက နက်နဲတပည့် အဆင့်(၆) အင်အားရှိတယ်။ အကိုကြီးက တစ်ယောက်တည်းဖြစ်ပြီး သူတို့က ရှစ်ယောက်ရှိနေတာမို့ သူတို့အကိုကြီးကို ထိခိုက်အောင်လုပ်ဖို့ ကျွန်မခွင့်မပြုနိုင်ဘူး” လီရွှယ်အာသည် ဘေးမဖယ်ပေးဘဲ မျက်နှာက ပိုပြီးလေးနက်လာသည်။

လီရွှယ်အာ၏လုပ်ရပ်ကြောင့် ပုန်းနေသည့် လော့လင်သည် သူ့နှလုံးသားထဲမှ 

“မင်း ဈေးပေါတဲ့ မိန်မ” ကျိန်ဆဲလိုက်သည်။

လီရွှယ်အာ၏ထူးခြားတဲ့အခြေအနေကြောင့် လူရှစ်ယောက်က လော့လင်ဆီကနေ ထပ်မံအမိန့်ပေးတာကို စောင့်နေကြပြီး ဘာလှုပ်ရှားမှုမှ မလုပ်ကြချေ။

လော့လင်သည် အပြင်သို့ထွက်လာပြီး မျက်တောင်တစ်ခတ်အတွင်းမှာပဲ လီရွှယ်အာ၏ရှေ့ကိုရောက်လာပြီး ညင်သာစွာပြောလိုက်သည်- “ညီမလေးရွှယ်အာ မင်းဘာလို့ ဒီအမှိုက်နဲ့အတူတူရှိနေရတာလဲ”

“ခင်ဗျားက အမှိုက်ပါ”

“ကျွန်မရဲ့အကိုကြီး လော့ထျန်က အမှိုက်မဟုတ်ပါဘူး” လီရွှယ်အာသည် သူ့ကို စိုက်ကြည့်လိုက်ပြီး လေးလေးနက်နက်ပြောလိုက်သည်- “လော့လင် ခင်ဗျားက ကျွန်မအမုန်းဆုံးလူဆိုတော့ ကျွန်မကို ညီမလေးရွှယ်အာလို့ ဆက်မခေါ်ပါနဲ့”

လော့လင်၏မျက်လုံးများက ပြောင်းလဲသွားပြီး သွားကိုအသာလေးကိုက်လိုက်သည်- “ညီမလေးရွှယ်အာ မင်းဘေးကိုဖယ်နေသင့်တယ်”

“ကျွန်မကို ညီမလေးရွှယ်အာလို့ မခေါ်ပါနဲ့လို့ ပြောထားတယ်လေ။ ကျွန်မက ခင်ဗျားရဲ့ညီမလေးမဟုတ်ဘူး။ နောက်ပြီး ကျွန်မဘေးကို မဖယ်ဘူး။ခင်ဗျား ကျွန်မရဲ့ အကိုကြီးလော့ထျန်ကို အနိုင်ကျင့်ဖို့ ဘယ်လိုမှ ခွင့်မပြုနိုင်ဘူး” လီရွှယ်အာက နောက်မဆုတ်သွားချေ။

လော့ထျန်က သူမ၏ဆက်တိုက်ထောက်ခံမှုအတွက် စိတ်လှုပ်ရှားသွားသည်။

ရှေးခေတ်ကာလကတည်းက သူရဲကောင်းများက အလှလေးကိုပဲ ကယ်တင်တာဖြစ်ပြီး အလှလေးများက သူရဲကောင်းများကို မကယ်တင်ကြချေ။ လော့ထျန်က သူ့နှလုံးသားထဲမှာ အတော်လေးကျေနပ်ပြီး ရယ်ရယ်မောမောရှိနေခဲ့သည်။

လော့လင်၏မျက်နှာက ပိုမဲလာပြီး ဒေါသက သူ့ခေါင်းကိုထိုးတက်လာသည်။ ထို့နောက် သူက ကျိန်ဆဲလိုက်သည်- “မင်း ဈေးပေါတဲ့မိန်းမ ဒီအဖေဆီကနေ အဝေးကိုထွက်သွားစမ်း”

တစ်ခဏအတွင်းမှာ…

လော့လင်သည် ရုတ်တရက်လှုပ်ရှားလိုက်သည်။

ရိုက်ချက်တစ်ခုက လီရွှယ်အာ၏မျက်နှာကိုပင်။

သူ ရုတ်တရက် ရိုက်လိမ့်မည်ကို မထင်ထားသည့်အတွက် သူမ၏မျက်နှာမှာ အံ့ဩသွားသည့်အမူအရာပေါ်လာသည်။ထို့ကြောင့် သူမတွင် တုံ့ပြန်ရန် အချိန်မရှိခဲ့ချေ။

သူမသည် မပြင်ဆင်ထားခဲ့သော်လည်း လော့ထျန်

က အစကတည်းက ပြင်ဆင်ထားခဲ့သည်။

လော့လင်လှုပ်ရှားတဲ့အချိန်မှာပဲ လော့ထျန်လည်း လှုပ်ရှားလိုက်ပြီး ထိုးရန်လက်သီးထုတ်လိုက်သည်။

“ပတ်”

လက်ဖဝါးတစ်ဖက်အားနဲ့ လက်သီးတစ်ဖက်အားက တိုက်မိသွားသည်။ လော့ထျန်၏လက်မောင်းက ကျိုးကျတော့မလို ခံစားလိုက်ရပြီး လော့လင်က အဆင့်

တက်သွားပြီလို့ သူ မထင်ခဲ့ချေ။

ခွန်အားဖြစ်စေ အမြန်နှုန်းဖြစ်စေ နက်နဲတပည့်အဆင့် (၆) က နက်နဲတပည့်အဆင့် (၉)နှင့်လုံးဝယှဉ်မရပေ။

လော့ထျန်၏မျက်လုံးများက မှောင်မိုက်သွားပြီး သူ့လက်မောင်းထဲက ပြင်းထန်တဲ့နာကျင်မှုကို ခံစားရင်း နောက်ပြန်ပြုတ်ကျသွားသည်။

ပတ်ဝန်းကျင်မှ အော်ဟစ်အားပေးသံများ ထွက်ပေါ်လာသည်။

“သခင်လေးလော့လင်က အရမ်းကို အစွမ်းထက်

လိုက်တာ”

“အမှိုက်ကောင်လော့ထျန်က သူ့ပြိုင်ဘက်လုံးဝမဟုတ်ဘူး”

“လော့မျိုးနွယ်စုရဲ့ သခင်လေးလို့ သူ့ကိုယ်သူခေါ်နေတာ… သူက သခင်လေးလော့လင်ရဲ့ လက်ဖဝါးရိုက်ချက်လေးကိုတောင် မခံနိုင်ဘူး။ သေလိုက်တော့”

လော့မျိုးနွယ်စုရဲ့ တပည့်တွေက ပိုများလာပြီး စုဝေးလာကြသည်။

ရိုးရှင်းတဲ့ လက်ဖဝါးရိုက်ချက်တစ်ခုက လော့ထျန်ကို နောက်ပြန်ကျသွားစေတာကြောင့် လော့လင်သည် အလယ်ဗဟိုမှာရှိနေခဲ့သည်။ သူခံစားရတဲ့ခံစားချက်က တကယ်ကို အံ့ဩစရာကောင်းသည်။

လော့လင်သည် နေရာမှာရပ်လိုက်ပြီး အထင်သေးသည့်ရယ်မောသံနဲ့ပြောလိုက်သည်- “မင်းလိုအမှိုက်

တစ်ယောက်က ငါနဲ့ယှဉ်ချင်သေးတာလား။ မင်းတကယ် သေတွင်းရှာနေတာပဲ”

သူဤသို့ပြောနေစဉ်မှာပဲ သူ့လက်များက ခဏတာရှုပ်ထွေးနေသည့် လီရွှယ်အာကို ဖမ်းဆုပ်ထားပြီးသားဖြစ်သည်။ 

ထို့နောက် သူက ယုတ်မာစွာပြုံးလိုက်

သည်- “ကောင်မလေး ဒီအဖေက မင်းကို ဒီညမှာ သိမ်မွေ့စွာနဲ့ ဂရုစိုက်ပေးမယ်။ ဟားဟားဟား…”

သူသည် လီရွှယ်အာ၏ နှင်းကဲ့သို့ဖြူဖွေးတဲ့ပါးပြင်ကို ညင်သာစွာပွတ်သပ်လိုက်သည်။ 

ဒါကြောင့် သူမ၏တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ 

သူမ၏ နက်နဲတပည့်အဆင့် (၇)အားအင်က လော့လင်ရဲ့ နက်နဲတပည့် (၉)ဆင့် အားအင်ဖြင့် လုံးဝဖိနှိပ်ခြင်းခံခဲ့ရသည်။

လီရွှယ်အာ၏မျက်နှာမှာ ကြောက်ရွံ့မှုပေါ်လာသည်။

လော့ထျန်၏ဒေါသက ပေါက်ကွဲထွက်သွားပြီး လက်သီးကိုဆုပ်ကာပြောလိုက်သည်- “လော့လင် မင်း သေတွင်းရှာနေတာလား”

“ငါက သေတွင်းရှာနေတာ ဟုတ်လား”

“ဟားဟားဟား…”

လော့လင်သည် လေထဲမှာ ကျယ်လောင်စွာရယ်မောလိုက်ပြီး ရုတ်တရက်ရပ်လိုက်သည်။

 စိတ်ဝင်စားသည့် အမူအရာက သူ့မျက်နှာပေါ်မှာ ပေါ်လာပြီး 

“လော့မျိုးနွယ်စုဝင်တွေ နားထောင်ကြ လော့ထျန်ကို လက်သီးတစ်ချက်ထိုးနိုင်ရင် သားရဲတစ်ကောင်ရဲ့ခေါင်းကို ရလိမ့်မယ်။ တစ်ချက်ဓားနဲ့ခုတ်နိုင်ရင် နှစ်ကောင်ရမယ်။ တစ်ချက်ဓားနဲ့ထိုးနိုင်ရင် သုံးကောင်ရမယ်။ ပါဝင်တဲ့လူတိုင်းက လော့မျိုးနွယ်စုရဲ့ အဓိကတပည့်တစ်ယောက်ဖြစ်ဖို့ သားရဲတစ်ကောင်ရဲ့ခေါင်းကို အလိုအလျောက်ရလိမ့်မယ်”

သူ၏စကားဆုံးသွားသည့်အခါမှာ စုဝေးနေတဲ့လူအုပ်က စိတ်လှုပ်ရှားစွာနဲ့ ပွက်လောရိုက်လာကြသည်။

လူတိုင်းမျက်လုံးမှာ လောဘပြည့်နှက်နေပြီး လော့ထျန်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။ သူတို့အားလုံးက လော့ထျန်ကို ဝိုင်းဖို့ ရှေ့ကိုပြေးလာကြသည်။

ဤမှာ အလွန်အန္တရာယ်ရှိသည့်အခြေအနေဖြစ်သည်။

လော့လင်သည် လော့ထျန်ကို လက်ညှိုးထိုးလိုက်ပြီး ရယ်မောလိုက်သည်- 

“မင်းကိုနောက်ကွယ်ကနေ ထောက်ပံ့ပေးနိုင်မယ့်သူမရှိဘူး။ လိုအပ်တဲ့အချိန်မှာ အားအင်လည်းမရှိဘူး။ မင်း ငါနဲ့တိုက်ဖို့ ဘယ်အရည်အချင်းတွေရှိလို့လဲ။ မင်း ငါနဲ့တိုက်ဖို့ ဘာတွေထုတ်ပြမှာလဲ။ ဟားဟားဟား…”

ကြမ်းတမ်းခြင်း က မည်မျှပင်အစွမ်းထက်ပါစေ ဤလူအများကြီးကို သူရင်ဆိုင်နိုင်စရာလမ်းမရှိချေ။

နက်နဲတပည့်အဆင့် (၉)ရှိနေသေးသည့် လော့လင်ဆိုလျှင် ပြောစရာတောင်မလိုချေ။

ဤအချိန်မှာ လော့ထျန်သည် သေမင်းရဲ့ထောင်ချောက်ထဲကို ရောက်နေခဲ့သည်

“ဒုန်း….”

မိုးကြိုးနွားသိုးသည် သစ်ပင်ကြီးတစ်ပင်ကို ဝင်

တိုက်လိုက်သည်။ ထို့နောက် ဤနေရာမှာစုဝေးနေသည့် လူအုပ်ကို ကြည့်လိုက်ပြီး ဒေါသတကြီးဟိန်းဟောက်လိုက်သည်။

မိုးကြိုးနွားသိုးသည် ဒေါသထွက်နေသည့် ကင်းကောင်တစ်ကောင်နဲ့တူသည်။ 

၎င်း၏နှာခေါင်းပေါက်ကနေ အဖြူရောင်အငွေများထွက်လာပြီး ရက်စက်တဲ့အရှိန်အဝါ က ၎င်း၏ခန္ဓာကိုယ်ပေါ်ကနေ ထွက်လာတာကြောင့် ပြိုင်ဘက်ကင်း သတ္တဝါနှင့်တူနေသည်။

ရှေ့မှာ ခက်ထန်သောမိုးကြိုးနွားသိုးရှိပြီး နောက်မှာ လော့လင်နှင့် တပည့်များကစုဝေးနေကြသည်။

အဘယ်ရှုထောင့်ကပဲကြည့်ကြည့် လော့ထျန်သေရတော့မည်။

လော့ထျန် စိတ်အတော်လေးရှုပ်နေသည့်အချိန်မှာ မျက်လုံးစိမ်းကျား တစ်ကောင်က သူ့အနားကို ပြေးလာသည်။ လော့ထျန်သည် ထိုသားရဲ၏ခေါင်းကို ရက်စက်စွာထိုးချလိုက်သည်။

“ဒင်”

“ကစားသမား လော့ထျန် မျက်လုံးစိမ်းကျား ကို သတ်လိုက်လို့ ဂုဏ်ယူပါတယ်။ အတွေ့အကြုံမှတ် ၂၀၀ နက်နဲသောစွမ်းအင် ၂၀ ရရှိသည်…”

“ဒင်”

“ကစားသမား လော့ထျန် အဆင့်တက်သွားလို့ ဂုဏ်ယူပါတယ်ဗျာ။ သင်၏ လက်ရှိအဆင့်က နက်နဲတပည့်အဆင့်(၇)ဖြစ်သည်”

“ဒင်”

“ကစားသမား လော့ထျန် အဆင့်တက်သွားပြီး နက်နဲတပည့်အဆင့် (၇)ကို ရောက်ရှိတဲ့ဆု - အကူအညီပေးတဲ့ ကျင့်စဉ်- မှော်မန္တန် ကို ရရှိသည်”

“ဘာ”

“မှော်မန္တန်လာ၊ Mir ဒဏ္ဍာရီဂိမ်းထဲက မှော်ဆရာတွေ အသုံးပြုတဲ့ မှော်ပညာလား”

“သောက်ရူးပဲ”

လော့ထျန်၏သွေးများက အရူးအမူးဆူပွက်လာသည်။

All Chapters