← Chapters

ပိုင်ဟောက်၊ ဒီကိုပြန်လာခဲ့

Vol. 7 Ch. 697

ပိုင်ဟောက်၊ ဒီကိုပြန်လာခဲ့

Vol. 7 Ch. 697

" ချီးတဲ့မှပဲ ။ ဒီကောင် ပိုင်ဟောက် ဒီလောက် သန်မာနေတာ ယုံတောင် မယုံနိုင်ဘူး။ အစထဲက အဲဒီလက်သီးချက်ကို သုံးခဲ့ရင် ငါတို့ သူ့ကိုရန်စမိမှာမဟုတ်ဘူး"

" ဟုတ်တယ်။ အစောကြီးထဲက အဲဒီလို လက်ဖျားခါလောက်တဲ့ အတိုက်အခိုက်စွမ်းရည်ကိုသာ ပြခဲ့လို့ကတော့ ငါတို့ သူ့နဲ့ မတိုက်ခိုက်ပဲ မိတ်ဆွေဖွဲ့မိမှာ။အခုလို ဒီအထိ ဖြစ်လာစရာအကြောင်းမရှိဘူး "

လူတိုင်းသည် ထိုအခြေအနေနှင့်ပတ်သက်၍ ညည်းညူနေကြသည့်တိုင် တစ်ယောက်မှ မည်သို့မျှ မလုပ်ကြပေ။ ထိုအစား သူတို့သည် အဖွဲ့သုံးဖွဲ့ခွဲပြီး မတူညီသော လားရာဘက်များသို့ ဖြန့်ကျက်လိုက်ကြသည်။ သူတို့ထဲရှိတစ်ယောက်မှ ပိုင်ရှောင်ချန်းကို သတ်ရန်အကြံအစည်မရှိပေ။ ထို့ပြင် သရဲဘုရင်အသီးကို ရလိုသည် ဆန္ဒများလည်း စိုးစဥ်းမျှမရှိတော့ချေ။ သူတို့အားလုံးသည် တူညီသောအရာတစ်ခုတည်းကိုသာ တွေးနေကြသည်။

သရဲဘုရင်အသီးကို မည်သူရသွားစေကာမူ အရေးမကြီးတော့ပေ။ သူတို့၏ လက်ရှိပန်းတိုင်မှာ ဝိညာဥ်ရေနွေးအိုးထဲမှ တတ်နိုင်သမျှ မြန်မြန်ထွက်ရန်သာ ဖြစ်သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းသည် ဖြူဖပ်ဖြူရော်မျက်နှာဖြင့် မြူများကို ဖြတ်၍ တရိပ်ရိပ်ပြေးနေ၏။ သူသည်ပင်လျှင် ထာဝရဧကရာဇ်လက်သီး၏ လုပ်ဆောင်ချက်ကို မြင်ရသည်တွင် အံသြတုန်လှုပ်သွားခဲ့ရသည်။ ယခုအချိန်တွင် သူ၏အပြင်အားကိုယ်စွမ်းအားသည် အပြင်းအထန် အားနည်းနေပြီး သူ၏ သွေး၊ အရိုးများ၊ ကြွက်သားများနှင့် အရွတ်အကြောများအားလုံးသည် နာကျင်မှုများဖြင့် လောင်မြိုက်နေတော့သည်။

ကံကောင်းထောက်မစွာ သူသည် သူ့အင်အား၏သုံးဆယ်ရာခိုင်နှုန်းကိုသာ လက်သီးချက်တွင် ထည့်သွင်းအသုံးပြုခဲ့သည်ဖြစ်ရာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အမှီပြု၍ ထွက်ပြေးနိုင်ခဲ့သေးသည်။ သို့မဟုတ်လျှင် သူ ဒုက္ခအကြီးအကျယ်ရောက်သွားမည်ဖြစ်သည်။

"ထာဝရဧကရာဇ်လက်သီးက မယုံနိုင်စရာပဲ။ ငါသာ အားအပြည့်သုံးခဲ့ရင်တော့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်တောင်မှ တုန်လှုပ်သွားမှာ သေချာတယ် "

အဖြစ်အပျက်များ မည်သို့ ဖြစ်ပွားခဲ့သည်ကို တွေးလိုက်ရုံနှင့်သူ့ကို စိတ်လှုပ်ရှားသွားစေသည်။ သူသည် ကျင့်ကြံခြင်းကမ္ဘာထဲ ခြေချခဲ့ကတည်းက ထာဝရအသက်ရှည်နည်းကျင့်စဥ်ကို စတင်ကျင့်ကြံခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ၄င်းအပေါ်တွင် ရင်းမြစ်များစွာ သုံးစွဲခဲ့သည်။

ထိုလက်ဖျားခါလောက်သော လက်သီးချက်ကို မြင်ပြီးနောက် ထိုအရာအားလုံးပေးဆပ်ရတန်ကြောင်း ဆုံးဖြတ်လိုက်လေသည်။ ထို့ပြင် ယခုတွင် သူသည် ရောစပ်အရိုးအဆင့်၏ တတိယမြောက်အလွှာကို ရောက်နေပြီဖြစ်ရာ သူ၏ အရိုးများက သူ့ခန္ဓာကိုယ်အတွင်းသို့ သာယာသောနွေးထွေးမှုများကို အဆက်မပြတ်ထုတ်လွှတ်နေသည်။ သိသာထင်ရှားစွာပင် သူ့အပြင်အားခန္ဓာကိုယ်၏ ခုခံနိုင်စွမ်းသည် ယခင်ကထက် များစွာ သာလွန်နေပြီဖြစ်သည်။

ထိုမျှသာမက သူသည် ဒဏ်ရာဒဏ်ချက်များမှ အလျင်အမြန်သက်သာနိုင်ပြီ ဖြစ်သည်။

" ငါ စောစောက ထွက်လာတုန်းက လူတိုင်း ကြောက်လန့်သွားကြတာ သိသာတယ်။ ဟမ့်၊ ဒီလောက် စောစောစီးစီး ကြောက်လန့်နေဖို့ မလိုဘူးထင်တာပဲ "

သူ၏အတွေးရထားက ထိုဘူတာသို့ဆိုက်ရောက်သော် ပိုင်ရှောင်ချန်းမှာ ဝိညာဥ်ရေနွေးအိုးထဲရှိ လူတိုင်းကို ချေမှုန်းပစ်နိုင်သည့် သူ၏စွမ်းရည်ကြောင့် မည်သို့မျှ စိုးရိမ်နေစရာမလိုကြောင်း သဘောပေါက်လိုက်လေပြီ။ အမှန်တွင် သူက မျှော်လင့်ချက်ကြီးစွာဖြင့် သတိလစ်နေသော ကျိုးဟုန်ကို အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ သူ၏ယင်ယန်ဝိညာဥ်ကို သူ့ခန္ဓာကိုယ်ထဲ ပြန်ထည့်ပေးပြီးနောက် သူက ထာဝရထီးကို ထုတ်ကာ သူ၏ရင်ဘတ်ကို ထောက်လိုက်သည်။

နာကျင်မှုကြောင့် ကျိုးဟုန်၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာတော့သည်။

" မင်းဘာလုပ်နေတာတုံး ပိုင်ဟောက်"

သူကဒေါသတကြီးအော်လိုက်သည်။ သို့သော် သူ မည်သို့မျှ မလုပ်နိုင်ခင် သူ၏သက်စောင့်အားများ စတင်နည်းပါးလာကာ စိတ်ပျက်ဖွယ်စူးစူးဝါးဝါး အော်လိုက်ရတော့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ခန္ဓာကိုယ် ပိန်လှီချည့်နဲ့သွားသည်။ သူ၏သက်စောင့််အားများမှာ ပိုင်ရှောင်ချန်း၏ စုပ်ယူခြင်းခံလိုက်ပြီး သူက အပြင်အားကိုယ်ကို နဂိုအတိုင်းပြန်ဖြစ်စေရန် အသုံးပြုလိုက်လေသည်။ ကျိုးဟုန်မှာမူ သူ၏ပြင်းထန်သောဒဏ်ရာများနှင့် နာကျင်မှုဒဏ်ကြောင့် ထပ်မံသတိလစ်သွားတော့သည်။

ပိုင်ရှောင်ချန်းက ထာဝရထီးကို ပြန်နုတ်လိုက်ပြီးနောက် ကျိုးဟုန်ကို ဒေါသတကြီးကြည့်လိုက်သည်။

"အသုံးမကျဘူး။ လီထျန်ရှန်တောင် ဒီလောက်အားမနည်းဘူး။ မင်းရဲ့ သက်စောင့်အားက ဘာလို့ ဒီလောက်ပဲရှိတာလဲကွ။ မင်း တကယ်ရော အိမ်ရှေ့စံဟုတ်ရဲ့လား။ လက်စသတ်တော့ မင်းက ငွေလို့ထင်ရပေမယ့် တကယ်က ကြေးဖြစ်နေတာကိုး "

သူက ဒေါသတကြီး မကျေမနပ်ငြီးတွားရင်း ကျိုးဟုန်ကို အိတ်ထဲပြန်ထည့်လိုက်ပြီးနောက် မြူခိုးများကို ဖြတ်၍ ရှေ့ဆက်သွားလိုက်သည်။

တစ်နေ့ကုန်သွားပြီး ပိုင်ရှောင်ချန်းသည် ဝိညာဥ်ရေနွေးအိုးတစ်ခုလုံးကို ဆက်လက် တုန်လှုပ်နေစေတော့သည်။ သူ၏ မယုံကြည်နိုင်ဖွယ် အတိုက်အခိုက်စွမ်းရည်၊ သူ၏ကောင်းကင်တာအိုယင်ယန်ဝိညာဥ်နှင့် သူ၏လက်ဖျားခါလောက်သော အပြင်အားခန္ဓာကိုယ်တို့ဖြင့် သူက မြေရိုင်းသားလက်ရွေးစင်များကြားထဲတွင် တပ်ဖွဲ့တစ်ဖွဲ့အလား ဖြစ်နေသည်။ သူကား သိုးအုပ်ထဲ လွှင့်ပစ်ခံလိုက်ရသည့် ဆာလောင်နေသော မြေခွေးတစ်ကောင်အလား။

ယခုကဲ့သို့ ပြောရသည်က အတန်ငယ် ချဲ့ကားပြောရာရောက်သော်ငြား အမွှန်းတင်လွန်းသည်တော့ မဟုတ်ပေ။ စောစောက ကောင်းကင်တာအိုယင်ယန်ဝိညာဥ်၏ စွမ်းအင်အပြည့်ကို သူ မဆင့်ခေါ်နိုင်ခဲ့သော်လည်း ယခု ဆင့်ခေါ်နိုင်လေပြီ။ ယင်ယန်ဝိညာဥ်အဆင့်မှတက်လုနီးပါးဖြစ်နေသော ကောင်းကင်နှင့် မြေကြီး၏ ဉာဏ်အလင်းအနည်းငယ်ရထားပြီးဖြစ်သော အစွမ်းထက်ကျင့်ကြံသူများမှလွဲ၍ လူအတော်များများသည် သူ့အတွက် ပြိုင်ဘက်ဖြစ်နိုင်မည်မဟုတ်ပေ။

ယင်ယန်ဝိညာဥ်အဆင့်၏ မဟာစက်ဝန်းတွင်ဖြစ်သော ကျိုးဟုန်ပင်လျှင် အနားကပ်နိုင်ခဲ့သည်မဟုတ်ပေ။ ထိုသို့ဆိုလျှင် အခြားသောလက်ရွေးစင်များအားလုံးမှာကား ဆိုဖွယ်ရာမရှိတော့ပြီ။ ထိုမျှသာမက ပိုင်ရှောင်ချန်းသည် သူ၏ထာဝရဧကရာဇ်လက်သီးအစွမ်းက နတ်တစ်ပါးကိုပင် နောက်ဆုတ်သွားစေမည်အထိ ယုံကြည်ချက်ရှိနေသည်။

ကုန်ဆုံးသွားသော ရက်များအတောအတွင်း ပိုင်ရှောင်ချန်းက ကြိမ်ဖန်များစွာ ဝိညာဥ်ရေနွေးအိုးထဲတွင် ပေါ်ပေါက်လာ၏။ တစ်ဦးတည်းြဖစ်နေသူများ သို့မဟုတ် လူငါးယောက်အဖွဲ့တစ်ဖွဲ့မှပင် မရှိရာ ပိုင်ရှောင်ချန်းမှာ လူဒါဇင်များစွာ ရှိသည့် အဖွဲ့များကို ပစ်မှတ်ထားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။

အမှန်တကယ်တော့ သူက ဒေါသတကြီးလျှောက်သွားနေသည့် ဆာလောင်နေသော မြေခွေးအလား။ သူတိုက်ခိုက်သောအခါ လူအနည်းစုကို ဆွဲခေါ်သွားပြီး မည်သူမျှ မတိုက်ခိုက်နိုင်ခင်မှာပင် ထွက်ပြေးလေသည်။ ထို့ကြောင့် တစ်ယောက်မှ သူ့ကို မခုခံနိုင်သဖြင့် လူတိုင်းမှာ ပို၍ပင် ကြောက်ရွံ ထိတ်လန့်လာတော့သည်။

တစ်ရက်လွန်သော် သူက လက်ရွေးစင်သုံးဆယ်ကျော်ကို ပြန်ပေးဆွဲခဲ့ပြီဖြစ်ရာ မြေရိုင်းသားအဖွဲ့စုစုပေါင်း၏ ခြောက်ဆယ်ရာခိုင်နှုန်းကျော်က သူ့လက်ထဲကျရောက်ခဲ့ပြီဟု ဆိုနိုင်သည်။

နောက်ဆုံးအဖွဲ့ သုံးဆယ်ကျော်မှာကား ကြောက်လန့်တုန်ရီနေကြလေသည်။ အထူးသဖြင့် သက်စောင့်အားများစားသုံးသည့် သူအသုံးပြုခဲ့သော ထူးဆန်းသောထီးနက်ကြီးကြောင့် ဖြစ်သည်။

ကျန်ရှိသူများသည် ယခုတွင် အဖွဲ့နှစ်ဖွဲ့ခွဲထား၏။ ဒုတိယမင်းသား၊ ချင်းမေ့ယွမ်နှင့် အတူသွားသော အဖွဲ့က သရဲဘုရင်သစ်ခွပန်နားရှိ ကုန်းစွန်းရီအဖွဲ့နှင့်အတူ ပြန်ဖွဲ့လိုက်သည်။ အခြားတစ်ဖွဲ့သည် သူတို့သိသည့် ဝိညာဥ်ရေနွေးအိုး၏ ပါးစပ်နှင့် ထွက်ပေါက်ရှိရာဘက်သို့ ပြန်ထွက်သွားကြသည်။ သိသာထင်ရှားစွာပင် သူတို့သည် အရှုံးပေးလိုက်ပြီဖြစ်ပြီး ပိုင်ရှောင်ချန်းနှင့်မယှဥ်ပြိုင်ချင်ကြတော့ပေ။ သူတို့မှာ ဤနေရာမှ တတ်နိုင်သမျှမြန်မြန်သာ ထွက်ချင်နေကြတော့သည်။

ထိုအဖွဲ့နှစ်ဖွဲ့မှလွဲ၍ မြူခိုးများထဲတွင် ပိုင်ရှောင်ချန်းကို ဆက်လက်လိုက်ရှာနေသည့် လူတစ်ယောက်ရှိသည်။ ထိုသည်ကား ဝိညာဥ်ခရီးဘုရင်၏ သမီးတော် မင်းသမီးလေးရွှီရှန်က လွဲ၍ တခြားမဟုတ်ပေ။

သူမ၏ မျက်လုံးများသည် ထူးဆန်းသော အလင်းဖြင့် တလက်လက်တောက်ပနေလျက် ပိုင်ရှောင်ချန်းကို ခြေရာခံရန် ကြိုးစားနေသည်။

" နောက်ဆုံးရောက်ရင် နင့်ကို ငါ ရှာတွေ့မှာ သေချာတယ် ပိုင်ဟောက်။ နင်က ငါ့အတွက်ပဲ "

လွန်ခဲ့သော နေ့ဝက်ခန့်က သူမသည် သူနှင့် ထိပ်တိုက်တိုးခဲ့ပြီး သူတို့တိုက်ခိုက်ခဲ့ကြလေသည်။ သို့သော် ခဏကြာတိုက်ခိုက်ပြီးနောက် သူက သူမကို လက်သီးချက်ဖြင့် မီတာပေါင်းများစွာရောက်အောင် ထိုးနှက်လိုက်ပြီးနောက် ထွက်ပြေးသွားသည်။ ရွှီရှန်မှာ ထိုရလဒ်အား လုံးဝသဘောမကျပေ။

ပိုင်ရှောင်ချန်းက လက်ရွေးစင်များကို အနိုင်ခဲ့ခြင်းများအတွက် သူမည်မျှ ရဲစွမ်းသတ္တိရှိပြီး ထူးချွန်ပြောင်မြောက်ကြောင်း တွေးကာ အလွန့်အလွန်ဂုဏ်ယူနေတော့သည်။ လက်ရှိအချိန်၌ သူ့အိတ်ထဲတွင် အကျဥ်းသားခုနစ်ဆယ်ရှိနေလေပြီ။ အားလုံးမှာ သက်စောင့်အားများ စုပ်ယူခံထားရသောကြောင့် အရိုးပေါ်အရေတင်သာရှိကြတော့သည်။

သက်စောင့်အားမြောက်မြားစွာဖြင့် သူ၏ ရောစပ်အရိုးသည် အချိန်အတော်ကြာကတည်းက တတိယအဆင့်ကို ကျော်ဖြတ်၍ ပဥ္စမအဆင့်ကို ရောက်နေချေပြီ။ သူ၏အပြင်အားခန္ဓာကိုယ်ခုခံနိုင်စွမ်းဆိုလျှင်လည်း အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိ နတ်ဘုရားစွမ်းရည်များက သူ့ကို အတန်ငယ်နာကျင်စေနိုင်သေးသော်လည်း များစွာမထိခိုက်စေနိုင်သည်အထိ ဖြစ်နေလေပြီ။

" သိပ်မကြာခင် ငါ ဆဋ္ဌမအဆင့်ကို ရောက်တော့မယ် "

သူက မြူခိုးများကြားထဲ တရိပ်ရိပ်ပြေးနေရင်း စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ နာရီပေါင်းများစွာ ဟိုဟိုသည်သည်လိုက်ရှာပြီးနောက် ကျန်ရှိသောလက်ရွေးစင်များက အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ကြောင်း သူတွေ့လိုက်လေသည်။

" ဟွန်း အနိုင်ကျင့်လိုက်တဲ့ကောင်တွေကွာ။ ငါ့ကို အတင်း အားထုတ်ရအောင်လုပ်တယ် " သူမည်မျှအထင်ကြီးဖွယ်ကောင်းကြောင်းတွေးကာ သက်ပြင်းချလိုက်ရင်း အရှုံးပေးထားပြီးဖြစ်သော အဖွဲ့ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

" အာ၊ ဘာပဲဖြစ်ဖြစ်ကွာ။ သူတို့ အမှားသူတို့ ဝန်ခံပြီးပြီဆိုတော့လဲ အခုသူတို့ကို ကိုယ်တော်ပိုင် လွှတ်ပေးလိုက်ပါ့မယ်။ ဒါပေမဲ့ သရဲဘုရင်သစ်ခွပန်းဘေးမှာ စောင့်နေတဲ့ လူတွေအားလုံးကတော့ သင်ခန်းစာပေးခံရလို့ ကိုယ်တော်ပိုင်ကို အပြစ်မတင်ကြနဲ့ "

သူက နှုတ်ခမ်းကိုသပ်ရင်း သရဲဘုရင်သစ်ခွပန်းထံ ပျံသန်းလိုက်သည်။ သို့သော် သူလှုပ်ရှားလိုက်ချိန်တွင် သူ့နောက်ရှိ မြူများထဲမှ အလင်းတန်းတစ်ခုပေါ်လာ၏။

၄င်းထဲရှိလူမှာ မိန်းမပျိုလေးတစ်ယောက်ဖြစ်ပြီး သူက ပိုင်ရှောင်ချန်းကို မြင်လိုက်သည်နှင့်ရုတ်တရက် အော်လိုက်သည်။

" ပိုင်ဟောက်၊ ဒီကိုပြန်လာခဲ့ "

အနားလာနေသော ပုံရိပ်ကို မြင်လိုက်သည်နှင့် ပိုင်ရှောင်ချန်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်များ ပျောက်ဆုံးသွားတော့သည်။ သူက မျက်မှောင်ကြုတ်ရင်း တတ်နိုင်သမျှအရှိန်အကုန်ထုတ်ကာ ဆန့်ကျင်ဘက်သို့ တစ်ချိုးတည်းပြေးတော့သည်။

လွန်ခဲ့သော နေ့တစ်ဝက်က ရွှီရှန်းနဲ့ တိုက်ခိုက်ခဲ့စဥ်က သူ အခြေအနေမကောင်းခဲ့ပေ။ သူမက အလွန်တရာစွမ်းအားကြီး၍ မဟုတ်။ တကယ်တမ်းဆိုလျှင် သူမသည် ကျိုးဟုန်နှင့် အတိုက်အခိုက်စွမ်းရည် အတူတူသာ ဖြစ်သည်။ သို့သော် သူမ၌ သူမ၏ဖခင် ဝိညာဥ်ခရီးဘုရင်ပေးထားသည် ကျောက်စိမ်းဆွဲပြားရှိသည်။ ထိုကျောက်စိမ်းဆွဲပြားက သူမကို ပိုင်ရှောင်ချန်းပင် မထိုးဖောက်နိုင်သည့် အကာအကွယ်ဒိုင်းအဖြစ် ကာကွယ်ပေးထားလေသည်။

သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် စစ်နိုင်ဘုရင်သည် မြေရိုင်းဒေသရှိ သူတို့၏သားတော်များကို မည်သူမျှ သတ်ရဲလောက်မည်မဟုတ်ဟု ယုံကြည်ထားြခင်းကြောင့် ကျိုးဟုန်နှင့် ကုန်းစွန်းရီကို အထူးမှော်ပစ္စည်းများ မပေးခဲ့ပေ။ ကျိုးဟုန်နှင့် ကုန်းစွန်းရီတို့ နှစ်ယောက်လုံးသည် နောက်တစ်ချိန်တွင် ဘုရင်ဖြစ်မည့် အိမ့်ရှေ့စံများဖြစ်လေရာ အကာအကွယ်ရတနာများပေးခြင်းသည် အမှန်တကယ်တွင် အကောင်းထက် အဆိုးပိုများမည်ဖြစ်သည်။

သူတို့က သူတို့၏သားများကို တိုက်ပွဲဓားသွေးကျောက်ပေါ်တွင် ထက်မြက်နေစေလိုခြင်းဖြစ်သည်။

သို့သော် ဝိညာဥ်ခရီးဘုရင်ကတော့ ထိုသို့ မတွေးပေ။ သူက ရွှီရှန်ကို နတ်တစ်ပါးပင်လျှင် မချိုးဖျက်နိုင်သည့် ဒိုင်းဖြစ်သော အထူးကျောက်စိမ်းဆွဲပြားပေးခဲ့လေသည်။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူထံမှ ရိုက်ချက်သာလျှင် ၄င်းကို ထိုးဖောက်နိုင်မည်ဖြစ်သည်။

ထိုအကြောင်းကြောင့်...... ရွှီရှန်က လုံးဝ ဘေးကင်းလုံခြုံနေခြင်းဖြစ်သည်။ အမှန်တွင် သူမသည် ဝိညာဥ်ရေနွေးအိုးထဲတွင် မသမာနည်းသုံးနေသည်ဟု ယူဆနိုင်သည်။ ပိုင်ရှောင်ချန်းပင်လျှင် သူ၏ပြိုင်ဘက်ကင်း အတိုက်အခိုက်စွမ်းရည်ဖြင့် သူမကို နာကျင်အောင်လုပ်၍ မရပေ။

သူမနှင့် ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်ပြီးနောက် သူ့မှာ သူမကို ထိခိုက်အောင်လုပ်မရသောကြောင့် မှင်သက်သွားလေသည်။ သူ ဒေါသလည်းထွက် အတန်ငယ်စိတ်ဓာတ်လည်း ကျသွားပြီး နောက်ဆုံး သူမကို လက်သီးချက်ဖြင့် အဝေးပို့ခဲ့ပြီးနောက် ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

သို့တိုင် သူမက လက်လျှော့လိုပုံမရကာ သူ့နောက်ဆက်လိုက်နေသေးသည်။ သူမက သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေဆဲအချက်က သူ့ကို စိတ်ပျက်သွားစေပြီး တစ်ဆက်တည်းမှာပင် လူတိုင်းက သူမကဲ့သို့မဟုတ်သောကြောင့် သူ ဝမ်းမြောက်သွားရသည်။ ထိုသို့မဟုတ်လျှင် ဝိညာဥ်ရေနွေးအိုးက သူ့အတွက် သေချာပေါက်ပျော်စရာကောင်းတော့မည် မဟုတ်ပေ။

All Chapters