နောက်ဆုံးအကြိမ်တန်ပြန်တိုက်ခိုက်မှု
Vol. 192 Ch. 2866
မန်တောင်၏ တောင်ထွတ်ပေါ်မှာ။
ဆူဇီမို၏ မျက်လုံးများထဲရှိ မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးတို့က ရှယင်၏ ယင်ယန်ငါးများကို စုပ်ယူလိုက်သည့်အခါ သူတို့သည် သူ့မျက်လုံးထဲရှိ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ စက္ခုနည်းစနစ်ဓမ္မာတာအိုကိုလည်း စုပ်ယူနေခြင်းဖြစ်သည်။
ဤနှစ်များအားလုံးမှာ ဆူဇီမိုသည် ယင်ယန်ဓမ္မတာအိုကို ကျင့်ကြံဖို့စိတ်ကူးမရှိခဲ့ပေ။ သို့သော်လည်း တကယ်တမ်းမှာတော့ သူသည် ထျန်ဟွမ်းကုန်းမြေတိုက်မှာ ရှိခဲ့စဉ်က သူသည် အန္တိမနတ်ဘုရားစွမ်းအားများကို ဆန့်ကျင်တိုက်ခိုက်ဖို့အတွက် ယင်ယန်ငါးများကို တစ်ကြိမ်ထုတ်ဖော်ခဲ့ဖူးလေသည်။
သူသည် ယင်ယန်ဓမ္မတာအိုမှာ နားလည်မှုတချို့ရရှိထားပြီးသားဖြစ်သည်။
သူတက်လှမ်းလာစဉ်က အစိမ်းရောင်ကြာပန်းအမြုတေစိတ်ဝိညာဉ်နှင့် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဉ်ကို ပေါင်းစည်းနိုင်ခဲ့သည်မှာ မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံး၏ ကျေးဇူးကြောင့်ဖြစ်သည်။
နောက်ဆုံးမှာတော့ အဲဒါသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ အကူအညီနှင့်အတူ အပြည့်အဝတည်ငြိမ်သွားခဲ့သည်။
တကယ်တမ်းမှာ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်မှာ အစကတည်းက အသန့်စင်ဆုံး ယင်ယန်စွမ်းအား ပါဝင်နေသည်။
ယခု ရှယင်၏ ယင်ယန်မျက်လုံးများကို သန့်စင်စုပ်ယူပြီးနောက် အနန္တယင်ယန်၏ ဓမ္မတာအိုက သူ၏ စိတ်ထဲသို့ တလိပ်လိပ်တိုးဝင်လာ၏။
ပုံမှန်အခြေအနေမှာ လူတစ်ယောက်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်လိုသည်ဆိုလျှင် သူတို့သည် အချိန်အတောအတန်ကြာအောင် အားဖြည့်စုဆောင်းပြီး အကြောင်းအခွင့် တိုက်ဆိုင်သည့် အခွင့်အလမ်းတချို့ကို ရရှိဖို့လိုအပ်ပေလိမ့်မည်။
သို့သော်လည်း ဆူဇီမိုသည် အောက်ဘုံလောကမှာကတည်းက ယင်ယန်ဓမ္မတာအိုကို စတင်၍ နားလည်ဆင်ခြင်ခဲ့ပြီးသားဖြစ်သည်။
ယခု အနန္တယင်ယန်အပေါ် သူ၏ နားလည်ဆင်ခြင်မှုသည် အတန်ကြာအောင် အားဖြည့်စုဆောင်းထားခြင်း၏ ရလဒ်တစ်ခုမျှသာဖြစ်သည်။
တကယ်တော့ တမလွန်မီးရောင်ကျောက်တုံးနှင့် မီးပဒေသာကျောက်တုံးတို့သည် ဤဖြစ်ရပ်မှာ အရေးကြီးသော အခန်းကဏ္ဍကနေ ပါဝင်ခဲ့လေသည်။
ယင်ယန်ဓမ္မတာအိုအပေါ် ဆူဇီမို၏ နားလည်ဆင်ခြင်မှုမှာ ဂမ္ဘီရကျောက်တုံးများသည် ဗုဒ္ဓတာအို၏ ဉာဏ်ပညာအရင်းအမြစ်ကဲ့သို့ ဖြစ်သည်။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ။
ကောင်းကင်ဘုံမျက်လုံးကလန်သားများစွာသည် သူတို့၏ မိဘများ သေဆုံးသွားသကဲ့သို့ အမူအရာများပျက်ယွင်းနေကြ၏။
ရှယင်က သွားရှာပြီကို ဘုရင်အေးစက်မျက်လုံးက သိရှိလိုက်သည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို ထုတ်ဖော်ပြီးတာတောင် သူသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ ရုန်းမထွက်နိုင်သေးပေ။
ပို၍ပင် ထူးဆန်းသည့်အရာမှာ အနန္တယင်ယန်သည် ဆူဇီမိုကို မထိခိုက်စေရုံသာမက ရှယင်၏ ယင်ယန်မျက်လုံးများကပါ ဆူဇီမို၏ ဝါးမျိုခြင်းခံလိုက်ရသည်။
“သူ..သူ… သူဘာလုပ်နေတာလဲ”
ထိုစဉ်မှာပင် တစ်ယောက်ယောက်က တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိသွားပုံရပြီး ညင်သာစွာမေးလိုက်၏။
“သူက ရှယင်ရဲ့ ယင်ယန်မျက်လုံးတွေကို စုပ်ယူနေတာပဲ… ဟာ”
သူ့စကားမဆုံးသေးခင်မှာပင် သူ၏ အမူအရာက ပြောင်းလဲသွားပြီး အံ့အားတသင့်ရေရွတ်လိုက်၏။
“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုရဲ့ ဆေးကြောသန့်စင်မှုလား”
“ဓားကမ္ဘာက ဆူကျူးက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အနန္တယင်ယန်ကို နားလည်ဆင်ခြင်နေတာပဲ”
အစတုန်းက အဲဒါကို သတိထားမိသည့်သူ အနည်းအကျဉ်းမျှသာရှိသည်။ သို့သော်လည်း တစ်ခဏချင်းမှာပင် ထိုအသံက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှာ အတော်လေး အုန်းအုန်းကျက်ကျက်ဖြစ်သွားစေသည်။
“သူ..သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ဘယ်လောက်များမျာထိ နားလည်ဆင်ခြင်နေမှာလဲ”
“အစွယ်ရှစ်ချောင်း နတ်ဆင်ခွန်အားရယ်… ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရယ်… ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးရယ်… အခုချိန်ထိ သူမထုတ်ဖော်ရသေးတဲ့ အင်မော်တယ်နှိမ်နင်းဓားရယ်.. ပြီးရင် အခု သူနားလည်ဆင်ခြင်နေတဲ့ အနန္တယင်ယန်ရယ်ဆို အဲဒါက စုစုပေါင်း ငါးခုရှိနေပြီ”
ဟာ…
ရင်ပြင်ထက်မှာ ကမ္ဘာအမျိုးမျိုးမှ ဘုရင်များက သူတို့၏ ဣန္ဒြေများကို ထိန်းထားနိုင်ကြဆဲဖြစ်သည်။
သို့သော်လည်း ပကတိစိတ်ဝိညာဉ်များစွာ၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားပြီး သူတို့က ပင့်သက်ကို ထပ်တလဲလဲ ရှိုက်နေကြ၏။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားငါးခု…။
အဲဒါက မည်ကဲ့သို့သော သဘောတရားမျိုးလဲ။ အဲဒါက စဉ်းစားကြည့်၍မရနိုင်အောင်ပင်။
ဤကိစ္စသည် လက်ရှိပကတိစိတ်ဝိညာဉ်များကို မပြောနှင့် ဘုရင်များ၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်လာခဲ့ပြီဖြစ်သည်။
“အနှိုင်းမဲ့နတ်ဘုရားစွမ်းအားငါးခုက တကယ့်ကို ထူးခြားအံ့မခန်းဖြစ်တယ်လို့ ဆိုနိုင်တယ်”
“အဲဒီအနှိုင်းမဲ့နတ်ဘုရားစွမ်းအားငါးခုထဲမှာ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်လို အရမ်းကို ကြောက်စရာကောင်းတဲ့ နတ်ဘုရားစွမ်းအားတစ်ခုလည်းပါနေတယ်”
“ရှယင်ရဲ့ ရှုံးနိမ့်မှုက အကြောင်းမဲ့သက်သက်တော့ မဟုတ်ဘူးပဲ”
လက်ရှိမြင်ကွင်းမှာ အင်မော်တယ်ဘုရင်များပင်လျှင် အရမ်းကို တုန်လှုပ်နေကြသည်။
သို့သော်လည်း ယခုအချိန်ထိကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်မှ အင်မော်တယ်ဘုရင်များသည် နောက်ပြီးဖြစ်ပျက်လာတော့မည့်အရာကို သတိမထားမိကြသေးပေ။
သူတို့က နောက်ထပ်မြင်ကွင်းကို တွေ့မြင်ရစဉ်မှာ သူတို့သည် လက်ရှိတုန်လှုပ်မှုကို အလျင်အမြန်မေ့ပျောက်သွားကြပေလိမ့်မည်။
နှစ်ပေါင်းများစွာကြာပြီးတာတောင် ဘုရင်ပညာရှင်တချို့သည် ဤကိစ္စကို ပြန်လည်အမှတ်ရသည့်အခါ ကြက်သီးမွေးညင်းများထနေပေလိမ့်မည်။
မန်တောင်ထွတ်၏ တောင်ထွတ်ပေါ်မှာ။
အနန္တယင်ယန်ကို နားလည်ဆင်ခြင်ခြင်းသည် သဘာဝအလျောက်ဖြစ်ပေါ်လာပြီး အဟန့်အတားများ မရှိသလောက်နီးပါးပင်။
သိပ်မကြာခင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား၏ စွမ်းအားက ဆင်းသက်လာပြီး သူ၏ ခန္ဓာကိုယ်ကို မီးဆေးကာ သူ၏ မျိုးဆက်သွေးကို ဆေးကြောသန့်စင်၍ သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကြံ့ခိုင်လာစေသည်။ ဆူဇီမို၏ ကျင့်ကြံမှုနယ်ပယ်ကလည်း လျင်မြန်စွာမြင့်တက်လာနေ၏။
အစကတော့ သူသည် ဗလာနယ်ဝိညာဉ်နယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်ပြီး သုခဘုံလေဟာနယ်နယ်ပယ်သို့ ရောက်ရှိရန် အလွန်တရာရှည်ကြာသော ကျင့်ကြံမှုကာလတစ်ခုကို လိုအပ်နေဆဲဖြစ်သည်။
သို့သော်လည်း ဟင်္သပဒါးငှက်ကောင်းကင်ဘုံမီးနှင့် အနန္တယင်ယန်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတို့ကို ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆက်တိုက်နားလည်ဆင်ခြင်ပြီးနောက် သူ၏ ကျင့်ကြံမှုနယ်ပယ်က သိသိသာသာ မြင့်တက်လာခဲ့သည်။
တကယ်တော့ ပို၍အရေးပါသည်မှာ နောက်ထပ်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို နားလည်ဆင်ခြင်ခြင်းသည် သူ၏ တိုက်ခိုက်ရည်ခွန်အားက နောက်ထပ်တစ်ဆင့်သို့ မြင့်တက်လာသည်ဟု ဆိုလိုသည်။
ဒါ့အပြင် ဤတိုက်ပွဲအပြီး၌ စောစောက သူထုတ်ယူသုံးစွဲခဲ့ရသော အမြုတေစိတ်ဝိညာဉ်နှင့် အစစ်အမှန်အမြုတေ၏ စွမ်းအားတို့က ထိုအခိုက်အတန့်မှာ ပုံမှန်အတိုင်း ပြန်လည်ပြည့်တင်းလာခဲ့ပြီဖြစ်သည်။
သူသည် ဤတိုက်ပွဲအပြီးမှာ အားအင်ကုန်ဆုံးမသွားရုံသာမက သူ၏ အခြေအနေက ယခင်ကထက်ပင် ပိုမိုကောင်းမွန်လာပြီး သူ၏တိုက်ခိုက်ရည်ခွန်အားက ပို၍ပင် ကြောက်စရာကောင်းလာသည်။
ဆူဇီမိုသည် လေထဲမှာ မတ်တတ်ရပ်ပြီး လက်တစ်ဖက်ဖြင့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထိန်းချုပ်ထားသည်။ သူ့ခန္ဓာကိုယ်ထဲမှာ ဖွင့်ထုတ်စရာနေရာမရှိသည့် ပေါကြွယ်ဝ၍ အကန့်အသတ်မဲ့သော စွမ်းအားများကို အာရုံခံရင်း သူက ခေါင်းကိုမော့ကာ ဟိန်းဟောက်လိုက်၏။
ထိုဟိန်းဟောက်သံ၏ အလယ်မှာ ရှယင်က ပြိုလဲကျလာခဲ့လေပြီ။
သူသည် ယင်ယန်မျက်လုံးများကို ဆုံးရှုံးသွားရပြီးနောက် အလျှော့မပေးသေးပေ။
မည်သို့ပင်ဆိုစေ သူသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ နံပါတ်တစ် ပကတိစိတ်ဝိညာဉ်နှင့် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှ အဆင့်တစ်ဖြစ်သည်။ ဤအကျပ်အတည်းအချိန်မှာတောင် သူက သေချာပေါက်အညံ့ခံလိမ့်မည်မဟုတ်ပေ။
ဝေါ…
ရှယင်က သူ၏ မျိုးဆက်သွေးကို ရူးသွပ်စွာလှည့်ပတ်လိုက်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်လိုက်သည်။
သူ၏ မျိုးဆက်သွေးနယ်မြေက နီရဲနေသော မျက်လုံးတစ်လုံးဖြစ်သည်။
သွေးနီရောင်မျက်လုံး၏ စွမ်းအားသည် သူ့နှာရောင်ပေါ်ရှိ ပြန်ဝင်စားခြင်းမျက်လုံးနှင့် အပြန်အလှန်တုံ့ပြန်ပြီး ပို၍ပင် ကြောက်စရာကောင်းသော တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။
ဤသည်က သူ့သတ်ဖြတ်ကွက်များထဲမှ တစ်ကွက်ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့သောစွမ်းအားသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ဘယ်လိုမှ မခုခံနိုင်ပေ။
ရှယင်၏ မျိုးဆက်သွေးနယ်မြေကို စုဖွဲ့လိုက်သည့်ခဏမှာပင် ၎င်းသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ စုပ်ယူမှုအောက်မှာ ပြိုလဲကျလာခဲ့သည်။
“ငါ့ရဲ့ မျိုးဆက်သွေးက ဘယ်လိုလုပ်ပြီး…”
ရှယင်၏ အသံက ပြတ်တောင်းပြတ်တောင်းထွက်ပေါ်လာပြီး မချင့်မရဲမှုဖြင့် ပြည့်နှက်နေ၏။
ရှယင်သည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ရှားရှားပါးပါး ပြန်ဝင်စားမွန်းစတားတစ်ဦး တကယ်ပင်ဖြစ်သည်ဟု ဆိုရပေမည်။
ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် မျိုးနွယ်စုတစ်သောင်းကြားမှာ အလယ်အလတ်တန်းတွင်သာ ရပ်တည်နိုင်ပြီး နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်ကဲ့သို့ စွမ်းအားကြီးမားသောမျိုးနွယ်များထက် များစွာနိမ့်ကျနေသည်။
ရှယင်ကတော့ သူသည် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ မျိုးဆက်သွေးကို ဤမျှအတိုင်းအတာထိ ကျင့်ကြံနိုင်ပြီး မျိုးဆက်သွေးနယ်မြေတစ်ခုကိုပင် စုဖွဲ့နိုင်ခဲ့သည့်အချက်သည် သူ၏ ပါရမီအရည်အချင်းကို ပြသပေးနေသည်။
ကံဆိုးစွာနှင့်ပင် သူတို့ကြား ကွာဟချက်က အရမ်းကို ကြီးမားနေ၏။
ဆူဇီမိုသည် ချောင်ပိတ်မိကာ ရုန်းကန်နေဆဲဖြစ်သော ရှယင်ကို ကြည့်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်ကာ မှင်သေသေဖြင့်ပြောလိုက်၏။
“ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ငါနားလည်ဆင်ခြင်ခဲ့တုန်းက ငါ့ရဲ့ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာခန္ဓာက ခြောက်ကြိမ်ပြိုကွဲခဲ့ရတယ်… မင်းရဲ့ကိုယ်ကာယနဲ့ မျိုးဆက်သွေးက ငါ့ကို ယှဉ်နိုင်မှာလား”
“အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာလား”
ဤကဲ့သို့သော အခြေအနေအောက်မှာ ထိုစကားလုံးများသည် ရှယင်၏ တာအိုနှလုံးသားကို ခြေမွှလိုက်သည့် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်လာခဲ့သည်။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်က မွှေနှောက်ဖျက်ဆီးပြီး ရှယင်၏ ခန္ဓာကိုယ်ကို ဝါးမျိုနေသည်။
သို့သော်လည်း ရှယင်၏ ခန္ဓာကိုယ်က လမ်းခြောက်သွယ်၏ ဝဲကတော့ထဲသို့ ဝင်ရောက်တော့မည့်ဆဲဆဲမှာပင် သူ့နှာရောင်ပေါ်ရှိ ပြန်ဝင်စားခြင်းမျက်လုံးက ရုတ်တရက်ကျဆင်းပြီး ချက်ချင်းပင်ပေါက်ကွဲထွက်သွားသည်။
“ဟမ်”
ဆူဇီမိုက သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်သည်။
တကယ်ဆို ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ကောင်းကင်ဘုံမျက်လုံးသည် သူတို့၏ တာအိုသစ်သီးလည်းဖြစ်သည်။
ပြန်ဝင်စားခြင်းမျက်လုံးသည် မဟာကောင်းကင်ဘုံမျက်လုံးသုံးခုထဲမှ တစ်ခုအဖြစ်ကျော်ကြားပြီး ရှယင်၏ ဓမ္မတာအိုအဆီအနှစ်ကို သိပ်သည်းစုဖွဲ့ထားသည်။ ယခု အဲဒါက ရုတ်တရက်ပေါက်ကွဲထွက်လာပြီး ထွက်ပေါ်လာမည့် စွမ်းအားက အရမ်းကို ကြောက်စရာကောင်းလိမ့်မည်ဟု ဆိုနိုင်သည်။
ဝုန်း…
ကမ္ဘာတုန်လောက်သော ပေါက်ကွဲသံက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ ထွက်ပေါ်လာ၏။
ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်အတွင်းမှာ ပြင်းထန်ကြမ်းတမ်းသော ပေါက်ကွဲမှုတစ်ရပ် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။
မရေမတွက်နိုင်သော အကြည့်များအောက်မှာ လည်ပတ်နေသော ဝဲကတော့ချောက်နက်က ထိတွေ့ရိုက်ခတ်မှုလှိုင်းကို ခံနိုင်ရည်မရှိဘဲ ချက်ချင်းပင် လဲပြိုကျသွားသည်။
ဆူဇီမိုသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ရှေ့တည့်တည့်မှာ ရှိနေပြီး သူက အရင်ဆုံးလောင်မြိုက်ခံလိုက်ရသည်။ သူက မရှောင်တိမ်းနိုင်ခင် မရေမတွက်နိုင်သော လေလှိုင်းလုံးများက သူ့ထံသို့ တလိပ်လိပ်တိုးဝင်လာ၏။
သို့သော်လည်း ထိုအဆင့်စွမ်းအားက သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို လုံးဝမထိခိုက်စေနိုင်ပေ။
ပေါက်ကွဲမှု၏ ရိုက်ခတ်မှုနှင့် လေလှိုင်းများအောက်မှာ ဆူဇီမိုသည် သူ၏ ခါးမှ တစ်စုံတစ်ရာပျောက်ဆုံးသွားသည်ကိုသာ ခံစားမိလိုက်လေသည်။