← Chapters

ဆုံးရှုံးသွားသောတံဆိပ်ပြား

Vol. 192 Ch. 2867

ဆုံးရှုံးသွားသောတံဆိပ်ပြား

Vol. 192 Ch. 2867

ဤတိုက်ပွဲသည် စိတ်အာရုံများ၏ ဗဟိုချက်ဖြစ်သည်ဟု ဆိုနိုင်သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မရေမတွက်နိုင်သော သက်ရှိများ၏ ရှေ့မှောက်မှာ တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှ အဆင့်-၁ ရှယင်က သေဆုံးသွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံလိုက်ရသည်။

ပြန်ဝင်စားခြင်းမျက်လုံးပေါက်ကွဲသွားသောအခါ ပြန်ဝင်ခြင်းလမ်းခြောက်သွယ်ကပင် လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သွားရသည်။

တကယ်တော့ ရှယင်ကလည်း အလောင်းပင်မကျန်ဘဲ ပေါက်ကွဲထွက်သွားပြီဖြစ်သည်။

လောကက တိတ်ဆိတ်ငြိမ်သက်သွား၏။

သူတို့နားထဲမှာ တိုက်ခတ်သွားသော ခပ်ဖျော့ဖျော့လေပြည်သံကသာ ကျန်ရစ်ခဲ့လေသည်။

အစကတော့ လက်ရှိအန္တိမပကတိစိတ်ဝိညာဥ်များသည် တိုက်ပွဲကိုစောင့်ကြည့်ချင်ရုံမျှသာဖြစ်သည်။ သူတို့သည် ဤကဲ့သို့ တုန်လှုပ်စရာကောင်းသောမြင်ကွင်းကို ကိုယ်တိုင်မြင်တွေ့ရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သွေးကမ္ဘာမှ ရွှယ်ဝမ်သည် ဆူဇီမိုက လှုပ်ရှားကွက်ဆယ်ကွက်ထက် ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ဟု မူလျန်နှင့် အလောင်းအစားပင်ပြုထားခဲ့၏။

သို့သော်ယခု ရှယင်က တစ်ချီမျှနှင့် သေဆုံးသွားရ၏။

နတ်ဘုရားသားတော်မင်ဟွေ့၏ အမူအရာက ပျက်ယွင်းသွားပြီး သူက ပို၍ပင် စိုးရွံထိတ်လန့်နေ၏။

“တော်သေးတာပေါ့.... နတ်ဘုရားဂေဟာမှာတုန်းက ငါသူ့ကိုမတိုက်ခိုက်ခဲ့လို့... မဟုတ်ရင်...”

သူသည် ထိုစဥ်တုန်းက ဆူဇီမိုကိုတိုက်ခိုက်ခဲ့မည်ဆိုလျှင် သူသည် ယခုအချိန်မှာ အလောင်းတစ်လောင်းဖြစ်နေလောက်လေပြီ။

ကျောက်တုံးကမ္ဘာမှ ရှစ်ပိုက အနည်းငယ်ရှုံ့မဲ့ပြီး လေထဲကပုံရိပ်ကို ကြည့်နေ၏။ သူ၏ အမူအရာက မောက်မာနေဆဲဖြစ်သေည်လည်း သူ့မျက်လုံးများ၏ အနက်ပိုင်းထဲမှာ ကြောက်ရွံ့မှုက ပြည့်နှက်နေပြီဖြစ်သည်။

ကျောက်သားပုဆိန်ကိုကိုင်ထားသည့် သူ့လက်ကပင်လျှင် မသိမသာ တုန်ယင်နေ၏။

“ဒီလူက ပြိုင်ဘက်ကင်းနေပြီ”

မဟာဆိုးယုတ်မိစ္ဆာဆယ်ဦး၏ စိတ်များထဲတွင် ထိုအတွေးသာကျန်ရစ်ခဲ့သည်။

ဖျင်ကြမ်းအင်္ကျီဝတ် ဓားကျင့်ကြံသူလောကျွင်းသည် ဆူဇီမိုက သာလွန်ထူးခြားမှုရှိသည်ကို သတိထားမိနေခဲ့ပြီးသားဖြစ်သည်။

သို့သော်လည်း အားနည်းပုံရသောဤစာပေသမားက ဤမျှအထိ စီးပိုးခြယ်လှယ်နိုင်လိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

သူတို့သည် လက်ရှိအန္တိမပကတိစိတ်ဝိညာဥ်များ၏ တိုက်ခိုက်ရည်ခွန်အားကို အဆင့်သတ်မှတ်လိုသည်ဆိုလျှင် တိုက်ပွဲများစွာ တိုက်ခိုက်စေပြီးမှ အဲဒါကိုပြုလုပ်နိုင်ပေမည်။

သို့သော်လည်း ထိုအန္တိမပကတိစိတ်ဝိညာဥ်များ၏ တိုက်ခိုက်ရည်ခွန်အားက အဆင့်ဘယ်လောက်မှာရှိသည်ဖြစ်စေ မန်တောင်ထွတ်ပေါ်ရှိ ထိုလူကသာ တစ်ဦးတည်းသောနံပါတ်တစ်ဖြစ်သည်ကို လူတိုင်းက သိရှိထားကြသည်။

မည်သူကမှ သူ့ကို မယှဥ်နိုင်ပေ။

လင်းရွှင်ကျန်းသည် ထိုသည်ကိုတွေ့မြင်သောအခါ နောက်ဆုံးမှာ စိတ်သက်သာစွာဖြင့် သက်ပြင်းချလိုက်၏။

ဒါ့အပြင် သူမသည် တုန်လှုပ်မှုနှင့် စိတ်ခံစားချက်များစွာကို ခံစားနေရသည်။ သူမသည် လောလောဆယ်မှာ ထိုသတင်းအချက်အလက်ကို မကြေညက်နိုင်ပေ။

“အဲဒါက နှစ်အနည်းငယ်ပဲရှိသေးတယ်... ဒါပေမဲ့ သူက ဒီအတိုင်းအတာထိ ကျင့်ကြံနိုင်ခဲ့ပြီလား”

လူအုပ်ကြားထဲမှာ စစ်တုရင်အင်မော်တယ်ကျွင်းယုက မျက်မှောင်အနည်းငယ်ကြုတ်ပြီး အခက်တွေ့ရသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။

သူမသည် ပင်ကိုယ်သဘာဝအလျောက် ရန်လိုတတ်လေသည်။

တစ်ဘက်လူ၏ တိုက်ခိုက်ရည်ခွန်အားက သန်မာသည်ဆိုလျှင်တောင် သူမသည် အကြောက်အလန့်မရှိဘဲ သူတို့နှင့်လက်ရည်စမ်းဖို့ အခွင့်အလမ်းတစ်ခုကို အမြဲတမ်းရှာဖွေတတ်သည်။

သို့သော်ယခု ထိုလူက ထိုအတွေးကို သူမ စွန့်လွှတ်ရမည့်အတိုင်းအတာအထိ ကြီးပြင်းလာခဲ့ပြီဖြစ်သည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရင်ပြင်တွင်။

တကယ်တော့ ဆူဇီမိုကို တန်ပြန်တိုက်ခိုက်ရန် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ထုတ်ဖော်လိုက်သည့်အချိန်မှာပင် လူတိုင်းက ဤရလဒ်ကို မျှော်လင့်ထားခဲ့ပြီးသားဖြစ်၏။

ကြားထဲမှာ အလှည့်အပြောင်းတချို့တော့ ပေါ်ထွက်ခဲ့သေးလေသည်။

ရှယင်သည် ထိုအခြေအနေကနေရုန်းထွက်ကာ တန်ပြန်တိုက်ခိုက်ဖို့ကြိုးစားခဲ့သော်လည်း ပကတိခွန်အားနှင့်ရင်ဆိုင်ရချိန်မှာ အဲဒါကို ဖော်ပြဖို့ မထိုက်တန်တော့ပေ။

ကောင်းကင်ဘုံကမ္ဘာမှ လူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားကြသည်။

အရင်က သူတို့၏ မောက်မာဝင့်ကြွားမှုနှင့် အူမြူးအားရမှုတို့ကလည်း ပျောက်ကွယ်သွားသည်။ သူတို့အားလုံးသည် ဧရာမပိတ်ကားပြင်ထက်မှ ဆူဇီမိုကို မျက်ထောက်နီများဖြင့် ကြည့်နေကြသည်။ သူတို့က သူ့ကိုအပိုင်းပိုင်းဆုတ်ဖြဲပစ်ချင်နေကြသည်။

ဘုရင်အေးစက်မျက်လုံးက အံကိုကြိတ်ပြီး နှုတ်ဆိတ်နေ၏။

တောရိုင်းတစ်ကောင်ကဲ့သို့ သူက မလှမ်းမကမ်းမှာရှိသော ဧရာမပိတ်ကားကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေ၏။

“ညီကိုအေးစက်မျက်လုံး”

ဘုရင်ရှစ်ရှောက ညင်သာစွာသက်ပြင်းချလိုက်၏။

“ဒီတစ်ခေါက် တိုက်ခိုက်မှုမှာ အဲဒါက ရှယင်ရဲ့အမှားတော့ မဟုတ်ဘူး... ဒါပေမဲ့....”

ကျောက်တုံးကမ္ဘာသည် ဓားကမ္ဘာနှင့် ရန်ငြိုးရန်စရှိထားလေသည်။ ထိုအခိုက်အတန့်မှာ သူတို့သည် ဘုရင်အေးစက်မျက်လုံးနှင့် အတူတကွရပ်တည်ပြီး သူ့ကိုနှစ်သိမ့်ပေးရပေမည်။

ဘုရင်ရှစ်ရှောက ခဏမျှစဥ်းစားတွေးတောပြီးနောက် ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဓားကမ္ဘာက ဒီလူက တကယ့်ပြန်ဝင်စားမွန်းစတားပဲ... သူက အနှိုင်းမဲ့နတ်ဘုရားစွမ်းအားငါးခုကိုတောင် နားလည်ဆင်ခြင်ထားတယ်... အတိတ်ကာလတုန်းက မဟာဧကရာဇ်တွေတောင်မှ ပကတိဧကနယ်ပယ်မှာ ရှိခဲ့တုန်းက သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး”

“သွားရမယ့်လမ်းခရီးက အရှည်ကြီးကျန်ပါသေးတယ်... သူကကောင်းကင်လိုဏ်ဂူနယ်ပယ်ကို တက်လှမ်းတဲ့အခါ ငါတို့တွေက သူနဲ့တိုက်ခိုက်ပြီး ငါတို့ရဲ့ဂုဏ်သိက္ခာကို ပြန်ရယူနိုင်ဦးမှာပါ”

“ဟားဟားဟားဟား...”

ဘုရင်အေးစက်မျက်လုံးက ရုတ်တရက်ရယ်မောလိုက်၏။

သူ၏ ရယ်သံက ရူးကြောင်ကြောင်နိုင်ပြီး ချောက်ချားစရာကောင်းနေ၏။

ကမ္ဘာများစွာမှ ကျင့်ကြံသူများက မျက်မှောင်အနည်းငယ်ကြုတ်ပြီး ဘုရင်အေးစက်မျက်လုံးကို ထူးဆန်းစွာကြည့်လိုက်ကြ၏။

“ဘုရင်အေးစက်မျက်လုံးက စိတ်ပိုင်းဆိုင်ရာထိုးနှက်ခံရပြီး ရူးသွားတာလား”

“အဲလောက်တော့မဟုတ်ဘူး... ဘာပဲပြောပြော သူက ခိုင်မာတဲ့တာအိုနှလုံးသားနဲ့ ကောင်းကင်လိုဏ်ဂူဘုရင်တစ်ပါးပဲ... ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ နံပါတ်တစ်ပကတိစိတ်ဝိညာဉ်က သေဆုံးသွားမယ်ဆိုရင်တောင် သူက စိတ်လွတ်သွားမှာမဟုတ်ဘူး”

လူအုပ်ကြားထဲမှာ ကျင့်ကြံသူများစွာက တီးတိုးတီးတိုးပြောဆိုနေကြ၏။

“ညီကိုအေးစက်မျက်လုံး... မင်းအဆင်ပြေရဲ့လား”

ဘုရင်ရှစ်ရှောက မျက်မှောင်ကြုတ်ပြီးမေးလိုက်၏။

“ရှယင်ရေ... ကောင်းလိုက်တဲ့ရွှေ့ကွက်ကွာ”

ဘုရင်အေးစက်မျက်လုံးက ဘုရင်ရှစ်ရှောကို လျစ်လျူရှုပြီး သူက ရုတ်တရက် ရှယင်ကို ချီးကျူးလိုက်သည်။

ဘုရင်များစွာက ဘုရင်အေးစက်မျက်လုံးကို ထူးဆန်းစွာကြည့်နေကြ၏။

ရှယင်သည် ဓားကမ္ဘာမှဆူကျူး၏ တစ်ချီတည်းဖြင့် ဖိနှိမ်ခံခဲ့ရသည်က ကောင်းလိုက်တဲ့ရွှေ့ကွက်လား။

လုယွင်နှင့် အခြားသောတောင်ထွတ်သခင်များက အကြည့်ချင်းဖလှယ်လိုက်ကြသည်။

ဘုရင်အေးစက်မျက်လုံးက တစ်ခုခုကို သွယ်ဝိုက်ပြောဆို နေပုံရသည်ကို သူတို့အားလုံးပြောနိုင်ကြသည်။

ထိုစဥ်မှာပင် ဘုရင်အေးစက်မျက်လုံးက သူ၏ လက်ညှိုးကိုဆန့်ထုတ်ပြီး ဧရာမပိတ်ကားပေါ်မှ ဆူဇီမို၏ ပုံရိပ်ကို လက်ညှိုးထိုးပြလိုက်၏။

“ရှယင်က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရဲ့ ဝါးမျိုခြင်းခံရပြီးတဲ့နောက် သူ့ရဲ့တာအိုသစ်သီးနဲ့ ကောင်းကင်ဘုံမျက်လုံးကို ဘာ့ကြောင့် ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးခဲ့သလဲ မင်းတို့တွေသိလား”

ရင်ပြင်ထက်မှ လူတိုင်းက နှုတ်ဆိတ်နေကြ၏။

လူတိုင်း၏ ရင်ထဲမှာ ရှယင်သည် မကျေမချမ်းဖြစ်နေသောကြောင့် အဲဒါသည် သူ၏ နောက်ဆုံးအလောင်းအစားတစ်ခုထက် မပိုခဲ့ပေ။

တကယ်တော့ ထိုလုပ်ရပ်သည် ဆူဇီမိုကိုလည်း မည်သည့်ပျက်စီးထိခိုက်မှုကိုမှ မဖြစ်စေခဲ့ပေ။

“မင်းတို့တွေအားလုံး အဲဒါကို မသိကြသေးဘူးဘဲ”

ရုတ်တရက် ဘုရင်အေးစက်မျက်လုံးက ဟားတိုက်ရယ်မောကာ ပိတ်ကာပြင်ထက်မှဆူဇီမိုကိုဆက်ပြီး လက်ညှိုးထိုးနေ၏။

“သေချာကြည့်လေ... ရှယင်က ဆူကျူးရဲ့ခါးက မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားကို လုယူသွာခဲ့ပြီ”

လူတိုင်းက ဘုရင်အေးစက်မျက်လုံး၏ လက်ညှိုးအတိုင်းလိုက်ပါပြီး အာရုံစူးစိုက်ကြည့်လိုက်ကြ၏။

တကယ်ပင်...။

ဆူဇီမို၏ ခါးပေါ်မှာ ချိပ်ဆွဲထားသည့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို မတွေ့မြင်ရတော့ပေ။

ဘုရင်အေးစက်မျက်လုံးပြောပုံအရ ရှယင်သည် ဆူဇီမို၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဖျက်ဆီးဖို့အတွက် သူ၏ ပြန်ဝင်စားခြင်းမျက်လုံးကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်လေသည်။

“အာ...”

ဘုရင်များစွာက ပြုံးနေသော ဘုရင်အေးစက်မျက်လုံးကိုကြည့်ပြီး သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

သူတို့က သူတို့မျက်လုံးထဲရှိ သနားဂရုဏာသက်မှုဖြင့် သက်ပြင်းချလိုက်ကြသည်။

“ဟဲဟဲ”

ကမ္ဘာတစ်ခုမှ ဘုရင်တစ်ဦးက ရယ်မောကာပြောလိုက်၏။

“ဆိုတော့... သူ့ရဲ့နောက်ဆုံးတိုက်ခိုက်မှုနဲ့တောင်မှ ရှယင်က ဆူကျူးကိုလုံးဝထိခိုက်အောင် မလုပ်နိုင်သေးဘူး... သူက တစ်ဘက်သူရဲ့ခါးပေါ်က မွန်မြတ်ကောင်းကင်ဘုံတံဆိပ်ပြားကို ဆုံးရှုံးသွားစေရုံပဲ”

ပကတိစိတ်ဝိညာဥ်များစွာကလည်း တူညီစွာခံစားနေရသည်။

ဓားကမ္ဘာမှဆူကျုးသည် ဤတိုက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့သည်။

သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကိုသာ ဆုံးရှုံးခဲ့ရပြီ ထိခိုက်မှုမရှိခဲ့ပေ။

“နေပါဦး”

ထိုစဥ်မှာပင် ဘုရင်ပညာရှင်များစွာသည် တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး သူတို့၏ အမူအရာများပြောင်းလဲသွားကြ၏။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြား...။

သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ဆုံးရှုံးသွားမည်ဆိုလျှင် ဓားကမ္ဘာမှ ဆူကျုးသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကမှ အာကာသဆုံမှတ်တစ်ခုကို ရှာဖွေရတော့မည်ဟုဆိုလိုသည်။

မဟုတ်ပါက သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ဘယ်တော့မှ ပြန်ထွက်လာနိုင်တော့မည်မဟုတ်ပေ။

သို့သော်ယခု ဓားကမ္ဘာမှဆူးကျူးသည် တိုက်ခိုက်ထားခါစဖြစ်ပြီး သူ၏ အသန်မာဆုံး အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကိုပင် ထုတ်ဖော်ထားခဲ့ရသည်။ သူ့မှာ တိုက်ခိုက်ရည်ခွန်အား ဘယ်လောက်များများ ကျန်တော့မှာလဲ။

သူ့မှာ မထုတ်ဖော်ရသေးသည့် အင်မော်တယ်နှိမ်နင်းဓားနှင့် အနန္တယင်ယန်ရှိနေဆဲဖြစ်သော်လည်း သူသည် ဗလာနယ်ဝိညာဥ်နယ်ပယ်မှာသာရှိသည်။

မည်သည့်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားမဆို အမြုတေစိတ်ဝိညာဥ်၏ စွမ်းအင်ကို ထုတ်ယူသုံးစွဲမှုက ကြောက်ခမန်းလိလိဖြစ်သည်။

အစွယ်ခြောက်ချောင်းနတ်ဆင်ခွန်အား၏ အားဖြည့်ထောက်ပံ့မှုနှင့်ပင်လျှင် ဗလာနယ်ဝိညာဥ်အမြုတေစိတ်ဝိညာဥ်တစ်ခုက အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ဘယ်လောက်များများကို ဆက်တိုက်ထုတ်ဖော်နိုင်မှာလဲ။

လူတိုင်း၏ ခန့်မှန်းချက်အရ ဆူဇီမိုသည် အလွန်ဆုံး နောက်ထပ် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကိုသာ ထုတ်ဖော်နိုင်တော့မည်ဖြစ်ပြီး အဲဒါက သူ၏ အကန့်အသတ်ဖြစ်ပေလိမ့်မည်။

သူသည် အင်မော်တယ်နှိမ်နင်းဓားနှင့် အနန္တယင်ယန်ကို ဆက်တိုက်ထုတ်ဖော်မည်ဆိုလျှင် တစ်ဘက်သူကို မသတ်ဖြတ်နိုင်ခင် သူ၏ အမြုတေစိတ်ဝိညာဥ်က လဲပြိုကျသွားရပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ ရှယင်က ဘယ်လောက်ရက်စက်ကြမ်းတမ်းခဲ့သလဲ လူတိုင်းက နောက်ဆုံးနားလည်သဘောပေါက်သွားကြသည်။

ဤသည်က ဆူဇီမို၏ ဆုတ်ခွာရာလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းနှင့်တူသည်။

ရှယင်သည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ဆူဇီမို၏ ထွက်ပေါက်ကို ဖြတ်တောက်ဖို့အတွက် သူ့အသက်ကို အသုံးချခဲ့လေသည်။ သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှ ကျန်ရှိနေသော ပကတိစိတ်ဝိညာဥ်များအတွက် အခွင့်အရေးတစ်ခုချန်ပေးထားခဲ့ခြင်းဖြစ်သည်။

အဲဒါသည် ဓားကမ္ဘာမှဆူကျူးကို သတ်ဖြတ်ရန် သူတို့၏ နောက်ဆုံးအခွင့်အရေးဖြစ်သည်။

ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ နံပါတ်တစ်ပကတိစိတ်ဝိညာဥ်နှင့် တိုက်ပွဲရမှတ်ကျောက်စိမ်းကျောက်စာတိုင်ပေါ်မှ အဆင့်တစ်အနေဖြင့် ဤသည်က ရှယင်၏ နောက်ဆုံးတန်ပြန်တိုက်ခိုက်မှုဖြစ်ခဲ့သည်။

All Chapters