နေလအရောင်အဝါ
Vol. 192 Ch. 2869
ရှစ်ပိုသည် လင်းရွှင်ကျန်းကို နောက်လှန်တွန်းထုတ်လိုသော ရည်ရွယ်ချက်ဖြင့် သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ပြီး သူက ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် ရှေ့သို့ ဆက်သွားချင်သည်။
သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးအရ ရှစ်ပိုသည် လင်းရွှင်ကျန်းကို အနိုင်ယူနိုင်သည်ဟု ယုံကြည်မှုရှိလေသည်။
သို့သော်လည်း လင်းရွှင်ကျန်းသည် ဤမျှအထိ ပြတ်သားနေလိမ့်မည်ဟု ထင်မှတ်မထားပေ။
သူမ၏ တစ်ခုတည်းသော ရည်ရွယ်က ရှစ်ပိုကို တားဆီးရန်ဖြစ်သည်။
ထို့ကြောင့် လင်းရွှင်ကျန်းသည် သူမရောက်ရှိလာသည့်ခဏမှာပင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို ထုတ်ဖော်လိုက်သည်။
“အရူးမ…”
ရှစ်ပိုက ကျိန်ဆဲလိုက်သည်။ အင်မော်တယ်နှိမ်နင်းကနေ ဆောင်ကြဉ်းပေးလာသည့် အရိုးခိုက်အောင် အေးစက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံရင်း သူက ပေါ့ပေါ့ဆဆ မပြုမူရဲဘဲ လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲဆင့်ခေါ်လိုက်၏။
အင်မော်တယ်နှိမ်နင်းဓားသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကြားမှာ သတ်ဖြတ်ခြင်းနည်းစနစ်တစ်ခုဖြစ်သည်။
သူ၏ မျိုးဆက်သွေးနယ်မြေက အဲဒါကို လုံးဝခုခံနိုင်မည်မဟုတ်သည့်အတွက် သူက နောက်ထပ်အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုနှင့်သာ ခုခံနိုင်လေသည်။
“စိတ်ကျေနပ်မှုကောင်းကင်ဘုံချိပ်စည်း”
ရှစ်ပိုက လက်ဟန်ချိပ်စည်းများကို လျင်မြန်စွာဆင့်ခေါ်ပြီး သူအော်ရာက ရုတ်ချည်းပြောင်းလဲသွား၏။ သူက လက်နှစ်ဖက်ဖြင့် ကောင်းကင်ထက်ကို ထိုးညွှန်ပြီး အခြားလက်တစ်ဖက်ဖြင့် ချိပ်စည်းများကို ဖြစ်ပေါ်လာစေ၏။
မိုးကောင်းကင်ကပင်လျှင် တဝုန်းဝုန်းမြည်ဟည်းသွားသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား စိတ်ကျေနပ်မှုကောင်းကင်ဘုံချိပ်စည်းကို ဆင့်ခေါ်ပြီး ၎င်း၏ စွမ်းပကားနှင့်အတူ ဖိနှိမ်ရန် မိုးကောင်းကင်၏ စွမ်းအားကို စေညွှန်လိုက်၏။
အဲဒါကို တားဆီး၍မရနိုင်ပေ။
ထိုအခိုက်အတန့်မှာ ရှစ်ပိုသည် သူ၏ ကျောထက်မှာ မိုးကောင်းကို ထမ်းပိုးထားပုံရပြီး ဧရာမချိပ်စည်းတစ်ခုကို စုဖွဲ့ကာ လင်းရွှင်ကျန်း၏ အင်မော်တယ်နှိမ်နင်းဓားထံသို့ ပစ်ဝင်သွားသည်။
အဲဒါသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကြား ယှဉ်ပြိုင်တိုက်ခိုက်မှုဖြစ်သည်။
တကယ်တော့ မည်သူနိုင်သည် မည်သူရှုံးသည်ဖြစ်စေ လင်းရွှင်ကျန်းက သူမ လိုရာကို ရရှိသွားခဲ့ပြီဖြစ်သည်။
အင်မော်တယ်နှိမ်နင်းဓားကိုသုံးပြီး ရှစ်ပို၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထွက်ပေါ်လာစေရန် ဖိအားပေးလိုက်ခြင်းသည် ဆူဇီမိုအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ခုကို ရှင်းထုတ်ပေးလိုက်ခြင်းနှင့်တူသည်။
အခြားတစ်ဘက်မှာ။
နတ်ဘုရားသားတော်မင်ဟွေ့၏ လှုပ်ရှားမှုနည်းစနစ်က အမြန်ဆန်ဆုံးဖြစ်ပြီး သူက ဆူဇီမို၏ ရှေ့သို့ အရင်ဆုံးရောက်ရှိလာသည်။ ဝုန်းခနဲမြည်သံနှင့်အတူ သူ၏ ရွှေရောင်သွေးချီက တလိပ်လိပ်ထိုးတက်ပြီး ကျိန်းစပ်နေသော ပိရမစ်အဆောက်အအုံတစ်ခုက သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာသည်။
အဆောက်အအုံ၏ ဘေးပတ်လည်နှင့်အောက်ဘက်မှာ မရေမတွက်နိုင်သော သက်ရှိများက ဒူးထောက်နေပြီး ရိုကျိုးခယသော အမူအရာများဖြင့် ဆုတောင်းစာများကို အဆက်မပြတ်ရွတ်ဆိုနေကြသည်။
နတ်ဘုရားသားတော်မင်ဟွေ့သည် ဆူဇီမို ဘယ်လောက်စွမ်းအားကြီးမားသလဲ သိရှိထားသည်။ ထို့ကြောင့် သူက လုံးဝထိန်ချန်မထားဘဲ နတ်ဘုရားမျိုးနွယ်၏ အသန်မာဆုံးနည်းစနစ် မျိုးဆက်သွေးနယ်မြေကို ရုန်းကန်ပေါက်ကွဲအားတစ်ခုနှင့် ထုတ်ဖော်လိုက်သည်။
ထိုမျှသာမက နတ်ဘုရားသားတော်မင်ဟွေ့က ဆင်းသက်လာသည့်ခဏမှာပင် သူ့လက်ထဲရှိဓမ္မပညာရပ်က စုဖွဲ့လာခဲ့ပြီဖြစ်သည်။
“အနှိုင်းမဲ့နတ်ဘုရားစွမ်းအား နေလအရောင်အဝါ”
နတ်ဘုရားသားတော်မင်ဟွေ့က ဆူဇီမိုကို အဝေးကနေ ထိုးညွှန်လိုက်၏။
နောက်ခဏ၌ အလျှံညီးညီးနေတစ်စင်းနှင့် လပြည့်ဝန်းတစ်ခုက သူ၏ ရှေ့မှာပေါ်ထွက်လာ၏။ နေနှင့်လက ကျိန်းစပ်နေသောအလင်းရောင်ဖြင့် ပေါက်ကွဲထွက်သွားပြီး လျင်မြန်စွာ ဖြန့်ကြက်ကာ လေဟာနယ်တစ်ခုလုံးကို ပျံ့နှံ့သွားစေသည်။
တိုက်ပွဲနယ်မြေမှာ အလင်းက နေရာတိုင်းမှာ ပျံ့နှံ့နေပြီး နတ်ဘုရားဆန်ဆန်ထည်ဝါမှုဖြင့် တောက်ပနေသည်။
အလင်းရောင်အောက်မှာရှိသော သက်ရှိများအားလုံးသည် ဂမ္ဘီရအလင်း၏ ဆေးကြောသန့်စင်မှုကို ခံယူရပေလိမ့်မည်။
ဂမ္ဘီရအလင်းတန်းတစ်ခုချင်းစီကို အဆုံးမဲ့အရောင်အဝါကနေ စုဖွဲ့ထားသည်။
ဒါ့အပြင် ထိုအလင်းတန်းတစ်ခုချင်းစီသည် အရာရာကို ထိုးဖောက်နိုင်သည့် နတ်ဘုရားလက်နက်များနှင့်တူသည်။
နတ်ဘုရားသားတော်မင်ဟွေ့က သူ၏ အသန်မာဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်ပြီး မျိုးဆက်သွေးနယ်မြေနှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားက တစ်ချိန်တည်းမှာ ဆင်းသက်လာခဲ့သည်။
အခြားတစ်ဘက်မှာ…။
ရွှယ်ဝမ်က ရောက်ရှိလာသည်။ သူကလည်း ထိန်ချန်ထားဖို့ လုံးဝစိတ်ကူးမရှိဘဲ သူ၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား ကြယ်တာရာအကျဉ်းထောင်ကို ထုတ်ဖော်လိုက်သည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုက တစ်ချိန်တည်းနီးပါး ဆင်းသက်လာသည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်က အင်မော်တယ်နှိမ်နင်းဓားနှင့် အနန္တယင်ယန်ကို ထုတ်ဖော်နိုင်မည်ဆိုလျှင်တောင် သူက အဲဒါကို တစ်ချိန်တည်းမှာ ထုတ်ဖော်နိုင်မှာလား။
အနှိုင်းမဲ့နတ်ဘုရားများ၏ စွမ်းအင်သုံးစွဲမှုက အမြုတေစိတ်ဝိညာဉ်အပေါ် အလွန်တရာကြီးမားလေသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို ဆက်တိုက်ထုတ်ဖော်ခြင်းနှင့် တစ်ချိန်တည်းမှာ ထုတ်ဖော်ခြင်းက လုံးဝကို ကွဲပြားသော သဘေတရားနှစ်ခုဖြစ်သည်၊
အဆုံးမဲ့အရောင်အဝါထဲမှာ ဆူဇီမိုက ရွှယ်ဝမ်ကို လှည့်ကြည့်လိုက်၏။
ထိုအကြည့်က ရွှယ်ဝမ်ကို ကြက်သီးမွေးညင်းများထသွားစေ၏။
ထိုမျက်လုံးများထဲမှာ ဘယ်ဘက်မျက်လုံးက ပိန်းပိတ်အောင် နက်မှောင်နေပြီး ညာဘက်မျက်လုံးက ပကတိဖြူဖွေးနေ၏။ ရုတ်တရက် အနက်နှင့်အဖြူအလင်းက သူ၏ မျက်လုံးထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး လေထဲမှာ ယင်ယန်ငါးများအဖြစ်စုဖွဲ့ကာ လျင်မြန်စွာ လည်ပတ်လာခဲ့သည်။
ယင်ယန်ငါးနှစ်ကောင်က အဆက်မပြတ်ထွေးပတ်လာခဲ့သည်။
အဲဒါသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အနန္တယင်ယန်ဖြစ်သည်။ ဆူဇီမိုသည် မည်သည့်ဓမ္မပညာရပ်ကိုမှ ထုတ်ဖော်ခြင်းမရှိဘဲ ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို စုဖွဲ့ရန် သူ၏ စက္ခုနည်းစနစ်ကို အသုံးပြုလိုက်ခြင်းမျှသာဖြစ်သည်။
“သူက ငါ့ကို ကိုင်တွယ်ဖို့ ရွေးချယ်လိုက်တာပဲ”
ထိုအတွေးက ရွှယ်ဝမ်၏ စိတ်ထဲမှာ ဖျတ်ခနဲပေါ်ထွက်လာပြီး သူက ဒေါသချောင်ချောင်းထွက်သွားသည်။
ထိုသို့ဖြင့် သူသည် ဆူဇီမို၏ တာအိုသစ်သီးကို ရယူနိုင်တော့မည်မဟုတ်ပေ။
“တာအိုရောင်းရင်းမင်ဟွေ့… အဲဒါမင်းတာဝန်ဖြစ်သွားပြီ”
ရွှယ်ဝမ်က ကျယ်လောင်စွာပြောပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။
သူက ကြယ်တာရာအကျဉ်းထောင်၏ နတ်ဘုရားစွမ်းအားကို ဆက်လက်မြှင့်တင်ပြီး အနန္တယင်ယန်ကို ခံယူဖို့ပြင်လိုက်သည်။
သို့သော်လည်း သိပ်မကြာခင် ရွှယ်ဝမ်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။
တစ်စုံတစ်ရာလွဲမှားနေသည်။
အနန္တယင်ယန်၏ စွမ်းအားက..။
ဟာ…
ရွှယ်ဝမ်က ပင့်သက်ကို ရှိုက်လိုက်သည်။ သူ၏ ကြယ်တာရာအကျဉ်းထောင်သည် ဖိခြေကျဆင်းလာသော ယင်ယန်ကြိတ်ဆုံကျောက်ကို မခုခံနိုင်ဘူးဆိုတာ သူက တုန်လှုပ်ဖွယ်ရာ နားလည်သိရှိလိုက်သည်။
ကြယ်တာရာအကျဉ်းထောင်သည် ခုခံနိုင်စွမ်းလုံးဝမရှိဘဲ ကြေမွသွားသည်။ တကယ်ဆို ယင်ယန်ကြိတ်ဆုံကျောက်က သူ့ထံသို့ပင် ပစ်ဝင်လာပြီး သူ့ကို စိစိညက်ညက် ချေမှုန့်ပစ်ချင်နေ၏။
“ဘာလဲဟ”
ရွှယ်ဝမ်က လိပ်ပြာလွင့်မတတ် ကြောက်လန့်သွား၏။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကြားမှာ တကယ်ပင် ကွာဟချက်ရှိလေသည်။ အဲဒါက တူညီသော အနှိုင်းမဲ့နတ်ဘုရားစွမ်းအားဖြစ်သည်ဆိုလျှင်တောင် မတူညီသောလူများက ထုတ်ဖော်သည့်အခါ စွမ်းအားများက ကွဲပြားခြားနားတတ်သည်။
သိုသော်လည်း ရွှယ်ဝမ်၏ ထင်မြင်ချက်အရ သူ၏ ကြယ်တာရာအကျဉ်းထောင်သည် အနန္တယင်ယန်နှင့် များစွာမကွာခြားသင့်ပေ။
ဤကဲ့သို့ ဖြစ်လာမည်ဟု သူက ထင်မှတ်မထားခဲ့ပေ။
တကယ်ဆို အနန္တယင်ယန်နှင့် ကြယ်တာရာအကျဉ်းထောင်ကြား အနိုင်ရလဒ်ကို ဆုံးဖြတ်ပေးဖို့ တကယ်ပင် ခဲယဉ်းလေသည်။
သို့သော်လည်း ဆူဇီမို၏ အနန္တယင်ယန်ကို မီးပဒေသာကျောက်တုံးနှင့် တမလွန်မီးရောင်ကျောက်တုံးတို့၏ စွမ်းအားဖြင့် အားဖြည့်ပေးထားသည်။
၎င်းသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကနေ ထွက်ပေါ်လာသောစွမ်းအားကို နောက်တစ်ဆင့်ထိ မြင့်တက်သွားစေသည်။
ဖွီ…
ရွှယ်ဝမ်က တုန်လှုပ်သွားပြီး သူ၏ တုံ့ပြန်မှုက အနည်းငယ်နှေးကွေးသွားသည်။ သူ၏ ခန္ဓာကိုယ်မှ ဆုတ်ဖြဲခံရတော့မည့် နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူက သွေးများကို ထွေးထုတ်လိုက်ရသည်။
တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူက သိုလှောင်အိတ်ကို ပုတ်ပြီး နီရဲနေသော ပုံရိပ်တစ်ခုကို ပစ်ထုတ်လိုက်၏။
သွေးနီရောင်ပုံရိပ်က ယင်ယန်ကြိတ်ဆုံကျောက်နှင့် ထိတွေ့ရိုက်ခတ်ပြီး ချက်ချင်းပင်ပေါက်ကွဲထွက်ကာ အလွန်တရာညစ်ညမ်းသော သွေးမြူတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဤသည်က သူ့မျိုးရိုး၏ အကြီးအကဲတစ်ဦး သူ့အားပေးထားသည့် သွေးခန္ဓာရုပ်သေးရုပ်ဖြစ်သည်။ သေရေးရှင်ရေးအခိုက်အတန့်မှာသူသည် အဲဒါကို ပစ်ထုတ်ပြီး သူ့အစားအသေခံခိုင်းလိုက်လေသည်။ ယင်ယန်ကြိတ်ဆုံကျောက်က ခဏမျှ ရပ်တန့်သွား၏။
သို့သော်လည်း သိပ်မကြာခင် ၎င်းက ဆက်လက်၍ ဖိခြေကျဆင်းလာ၏။
ညစ်ညမ်းသော သွေးမြူသည် ယင်နှင့်ယန်၏ ဖျက်ဆီးခြင်းခံရပြီး ဘာမှမကျန်အောင် ပြောင်းလဲသွားသည်။
သို့သော်လည်း ရွှယ်ဝမ်သည် စောစောက တဒင်္ဂရပ်တန့်မှုကို အသုံးချကာ သွေးနွယ်ပင်မျိုးနွယ်မှ သွေးစတေးထွက်ပြေးခြင်းနည်းစနစ်ကို ထုတ်ဖော်လိုက်သည်။ သူက နီညိုရောင်အလင်းတစ်ခုအသွင်ပြောင်းလဲပြီး ယင်ယန်ကြိတ်ဆုံကျောက်၏ သက်ရောက်မှုကနေ ယာယီလွတ်မြောက်လာခဲ့သည်။
သွေးစတေးထွက်ပြေးခြင်းနည်းစနစ်သည် သွေးချီအမြောက်အမြားကို ကုန်ဆုံးစေသည်။
သို့သော်လည်း ထိုအခိုက်အတန့်မျာ သူက ဆက်လက်၍ ဂရုမစိုက်နိုင်တော့ပေ။
ရွှယ်ဝမ်သည် သူ၏ မွန်မြတ်ကောင်းကင်ဘုံကမ္ဘာတံဆိပ်ပြားကို ထုတ်ယူပြီး အလင်းရောင်တစ်ချက် ဖျတ်ခနဲလက်သွားသည်။ ထိုအလင်းရောင်က သူ၏ ခန္ဓာကိုယ်ကို သယ်ဆောင်သွားပြီး သူက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ပျောက်ကွယ်သွားသည်။
သူထွက်ခွာသွားသည့်ခဏမှာပင် ယင်ယန်ကြိတ်ဆုံကျောက်က သူရှိရာနေရာသို့ ဖိခြေကျဆင်းလာပြီး ပွတ်ကာသီကာ လွဲချော်သွားသည်။
ရွှယ်ဝမ်ကို တစ်ချက်လှည့်ကြည့်ရုံမျှနှင့် သူက ထိုသူကို သတ်ဖြတ်နိုင်ခဲ့လုနီးပါးပင်။ ဆူဇီမို၏ စိတ်အာရုံအများစုက ရွှယ်ဝမ်အပေါ်မှာ မဟုတ်ဘဲ နတ်ဘုရားသားတော်မင်ဟွေ့ထံမှာ ဖြစ်သည်။
နတ်ဘုရားသားတော်မင်ဟွေ့၏ တိုက်ခိုက်ရည်ခွန်အားက တကယ်ပင်သန်မာလွန်းသည်။ အန္တိမပကတိစိတ်ဝိညာဉ်တစ်ရာကျော်ကျော်ကြားမှာ သူသည် ထိပ်ဆုံးဆယ်ယောက်ထဲမှာ ရပ်တည်နိုင်လေသည်။
နတ်ဘုရားမျိုးနွယ်၏ မျိုးဆက်သွေးနယ်မြေနှင့် နေလအရောင်အဝါ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုကလည်း အလေးအနက်ထားရသည်။
ဇီ…
ပြိုးပြိုးပြက်ပြက်လင်းလက်နေသော အဆုံးမဲ့ဂမ္ဘီရရောင်ဝါအောက်မှာ သွေးနီရောင်ဓားအလင်းတစ်ခုက ရုတ်တရက်လှပစွာ ပေါ်ထွက်လာပြီး ဘေးပတ်လည်ရှိ ဂမ္ဘီရအရောင်အဝါကို ဆုတ်ဖြဲလိုက်လေသည်။
အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓား။
သူက အနန္တယင်ယန်ကို ထုတ်ဖော်လိုက်သည့််ခဏမှာပင် ဆူဇီမိုက သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ပြီး သူ၏ လက်နှစ်ချောင်းကို ပူးကပ်ကာ ဒုတိယမြောက် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်လိုက်သည်။ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခုကို တစ်ချိန်တည်းမှာ ထုတ်ဖော်သည့်အခါ တိုက်ပွဲနယ်မြေမှာ ကြီးမားသော ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်ဖြစ်ပေါ်လာသည်။
နတ်ဘုရားသားတော်မင်ဟွေ့၏ မျက်လုံးများသည် အဆုံးမဲ့ ဂမ္ဘီရအလင်းကို ထုတ်လွှတ်ပေးနေ၏။ သူသည် နေလရောင်ဝါ၏ ခန်းစီးအလွှာကို အသက်သွင်းလိုသော်လည်း နောက်ဆုံးမှာ သူသည် အင်မော်တယ်နှိမ်နင်းဓား၏ ထက်ရှမှုကို မခုခံနိုင်ပေ။
တကယ်တော့ ထိုသို့ဆိုလျှင်တောင် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားနှစ်ခု၏ အဆက်မပြတ်ချေဖျက်မှုမှာ အင်မော်တယ်နှိမ်နင်းဓားတွင် စွမ်းအားများစွာမကျန်ရှိတော့ဘဲ ၎င်းသည် သူ့နောက်ဘက်မှ မျိုးဆက်သွေးနယ်မြေဖြင့် ဖိနှိမ့်ခံလိုက်ရသည်။