← Chapters

အန္တိမပကတိစိတ်ဝိညာဉ်များ

Vol. 192 Ch. 2874

အန္တိမပကတိစိတ်ဝိညာဉ်များ

Vol. 192 Ch. 2874

ဝူရှင်း၏ စကားလုံးများသည် အန္တိမပကတိစိတ်ဝိညာဉ်တချို့ကို တကယ်ပင် လောဘတက်လာစေသည်။

သူတို့၏ တာအိုသစ်သီးကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးရန် စဉ်းစားကြည့်၍ မရနိုင်သော ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် ရဲဝံ့မှုတို့ကို လိုအပ်လေသည်။

တာအိုသစ်သီးတစ်လုံးကို ခြေမွှဖျက်ဆီးခြင်းဖြင့် ထိုသူ၏ ဝိညာဉ်က ပျက်ပြယ်သွားပြီး သူတို့က ပြန်ဝင်စားခြင်းသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။ အဲဒါသည် သူတို့၏ ပြန်လည်မွေးဖွားမည့် အခွင့်အရေးကို ဖျက်ဆီးလိုက်ခြင်းနှင့်တူသည်။

သူတို့မှာ တခြားရွေးချယ်စရာ မရှိသရွေ့ သူတို့၏ အမြုတေစိတ်ဝိညာဉ်များ သေဆုံးရမည်ဆိုလျှင်တောင် သူတို့သည် တာအိုသစ်သီးများကို ကိုယ်တိုင်ဖောက်ခွဲဖျက်ဆီးဖို့ ရွေးချယ်ကြလိမ့်မည် မဟုတ်ပေ။ ထိုအစား သူတို့သည် မျှော်လင့်ချက်တစ်စွန်းတစ်စကို ချန်ထားကြပေလိမ့်မည်။

ဒါ့အပြင် တိုက်ပွဲတစ်ခုမှာ မည်သည့်တွေဝေတုံ့ဆိုင်းမှုမဆို သူတို့၏ တာအိုသစ်သီးကို ဖောက်ခွဲဖျက်ဆီးနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားရစေနိုင်သည်။

ဥပမာအားဖြင့် နတ်ဘုရားသားတော်မင်ဟွေ့သည် စောစောက ကြယ်တာရာအကျဉ်းထောင်ဖြင့် ချုပ်နှောင်ခံထားရပြီး ဆူဇီမို၏ လက်ထဲမှာ အသတ်ခံရသည်ကို သူက ဘာမှမတတ်နိုင်ဘဲ ကြည့်နေခဲ့ရသည်။

ရှစ်ပိုကတော့ သူသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်ငါးချက်ဖြင့် သတ်ဖြတ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

လက်ရှိ အခြေအနေအရ ဓားကမ္ဘာမှ ဆူကျူးသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၊ အနန္တယင်ယန်၊ အင်မော်တယ်နှိမ်နင်းဓားနှင့် အစွယ်ရှစ်ရှောင်း နတ်ဆင်ခွန်အားတို့ကို ထုတ်ဖော်ထားခဲ့ပြီးဖြစ်သည်။ သူ၏ အမြုတေစိတ်ဝိညာဉ်အပေါ် စွမ်းအင်ကုန်ဆုံးမှုက ၎င်း၏ အကန့်အသတ်ထိ သေချာပေါက် ရောက်ရှိနေရပေမည်။

သူသည် စောစောက ရှယင်ကို ကြမ်းတမ်းသော စကားလုံးများ ပြောဆိုခဲ့သော်လည်း သူက ဖြီးးလုံးလှန့်လုံးထုတ်နေခြင်းနှင့်သာ တူလေသည်။

ဒါ့အပြင် သူ့မှာ တိုက်ခိုက်ရည်ခွန်အားတချို့ ကျန်ရှိနေဦးမည်ဆိုလျှင်တောင် သူသည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများစွာ၏ တိုက်ခိုက်မှုကို ခုခံနိုင်မှာလား။

ဒါ့အပြင် ဓားကမ္ဘာမှ ဆူကျူးသည် ဝူရှင်းက အခြားသော အန္တိမပကတိစိတ်ဝိညာဉ်များကို သွေးထိုးလှုံ့ဆော်နေစဉ် သူက မည်သည့်ကြမ်းတမ်းသည့် တုံ့ပြန်မှုကိုမှ မထုတ်ဖော်ခဲ့ပေ။

သူသည် အနားမှာ မည်သူမှ မရှိသည့်အလား တိုက်ပွဲမြေကိုသာ ရှင်းလင်းနေပြီး စောစောက တိုက်ပွဲမှ အကျိုးအမြတ်များကို သိမ်းဆည်းနေ၏။

ယခု ရှစ်ပိုက သေဆုံးသွားပြီး သူ၏ တာအိုသစ်သီး၊ လက်နက်နှင့် ချပ်ဝတ်တန်ဆာတို့က ရှားပါးပါး ရတနာများဖြစ်သည်။

ကျောက်တုံးကမ္ဘာ၏ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးအနေဖြင့် သူ၏ သိုလှောင်အိတ်ထဲမှာ ပစ္စည်းကောင်းများစွာ သေချာပေါက် ရှိနေပေလိမ့်မည်။

ထိုအချက်သည် လူတိုင်း၏ ခန့်မှန်းချက်ကို ပို၍သေချာလာစေသည်။

ဆူဇီမိုမှာ ခွန်အားကျန်ရှိနေဦးမည်ဆိုလျှင် စောစောက သူပြသခဲ့သော သူ၏ ပြတ်သားမှုအရ သူသည် ဝူရှင်းကို တိုက်ခိုက်ပြီးနေလောက်ပြီ။

ယခု သူသည် ဝူရှင်းကို လျစ်လျူရှုပြီး ကြမ်းတမ်းသော စကားလုံးတချို့ကိုသာ ပြောဆိုခဲ့သည်မှာ သူသည် ဆက်တိုက်တိုက်ခိုက်ပြီးနောက် ခြေကုန်လက်ပန်းကျနေသောကြောင့် ဖြစ်ရပေမည်။

ဆူဇီမို၏ အခြေအနေကို ဝူရှင်းက တွေ့မြင်သောအခါ သူက ပို၍ပင် သေချာသွားခဲ့သည်။ သူက ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး ညင်သာစွာ ပြုံးလိုက်၏။

“ဒါနဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ကျွမ်းကျင်တတ်မြောက်ထားတဲ့ တာအိုရောင်းရင်းတို့ ဒီလူ့ကို ချုပ်နှောင်ဖို့ ဘယ်သူက ကူညီပေးလိုမလဲ”

“အဲဒါကို ငါလုပ်လိုက်မယ်”

ရွှေကျီးကန်းကမ္ဘာမှ အန္တိမပကတိစိတ်ဝိညာဉ် လုထန်က ရှေ့သို့ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်က ရွှေရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး သူက မလှမ်းမကမ်းမှာ ရှိသော ဆူဇီမိုကို ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ စိုက်ကြည့်လိုက်၏။

ထိုသူသည် ထိပ်တန်းကမ္ဘာကြီးတစ်ခုမှ နောက်ထပ် အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦး ဖြစ်သည်။

“အားလုံးပဲ… မင်းတို့တွေ ဘာကို စိုးရိမ်နေကြသေးတာလဲ”

ဝူရှင်းက တိုက်ခိုက်ဖို့ အလောတကြီး ရှိမနေသေးဘဲ ထုတ်ဖော်ကြေညာလိုက်၏။

“ဒါက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေပဲ… ကျင့်ကြံမှုနယ်ပယ်တူတဲ့ ကျင့်ကြံသူတွေကြားက တိုက်ပွဲတစ်ခုမှာ မင်းက သေရမယ်ဆိုရင်တောင် တခြား ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး”

“ဓားကမ္ဘာက ထိပ်တန်းကမ္ဘာကြီးတစ်ခုဆိုပေမဲ့ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ သူတို့လူ သေသွားတာနဲ့ သူတို့က ဒီစည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်ပြီး မင်းတို့ရဲ့ကမ္ဘာတွေကို လက်စားချေလာဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ဝူရှင်းသည် လူသားနှလုံးသားနှင့်ပတ်သက်၍ အတော်လေး တတ်သိနားလည်သည်ဟု ဆိုရပေမည်။

အန္တိမပကတိစိတ်ဝိညာဉ်များစွာသည် ရှေ့သို့ထွက်မလာသည့် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ သူတို့သည် ဆူကျူးကို စိုးရိမ်ပူပန်နေသောကြောင့်ဖြစ်ပြီး နောက်ထပ် အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ သူတို့သည် ဆူကျူးကို နောက်ခံပေးထားသည့် ဓားကမ္ဘာကို စိုးရိမ်ပူပန်နေသောကြောင့်ဖြစ်သည်။

သို့သော်ယခု ထိပ်တန်းကမ္ဘာကြီးနှစ်ခုဖြစ်သော စုန်းကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာတို့က ဦးဆောင်လာခြင်းနှင့်အတူ ဝူရှင်း၏ စကားလုံးများနှင့်အတူ ထပ်ပေါင်းပြီး အန္တိမပကတိစိတ်ဝိညာဉ်များစွာ၏ စိုးရိမ်ပူပန်မှုများက တကယ်ပင် ပြယ်လွင့်သွားသည်။

“ငါလည်း ပါမယ်”

ရောင်စုံအင်္ကျီကို ဝတ်ထားပြီး ညှိုးခြောက်နေသော မျက်နှာနှင့် အမျိုးသားတစ်ယောက်က ရှေ့သို့ထွက်လာပြီး ခပ်ယဲ့ယဲ့ပြောလိုက်၏။

ထိုသူက အဆင့်မြင့်ကမ္ဘာတစ်ခုဖြစ်သော အဆိပ်ကမ္ဘာ၏ အန္တိမပကတိစိတ်ဝိညာဉ် တုလော ဖြစ်သည်။

“ငါ့ကိုပါ ထည့်တွက်လိုက်”

ကြယ်များ ခတ်နှိပ်ထားသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ရှေ့သို့ထွက်လာခဲ့သည်။

နောက်ထပ် အဆင့်မြင့်ကမ္ဘာတစ်ခုဖြစ်သော ကြယ်တာရာကမ္ဘာမှ ရှင်းလောထျန်က ဝင်ရောက်ပြောဆိုလာသည်။

“ငါရောပဲ”

“ငါလည်း ပါမယ်”

“ဒါဆိုရင် ငါ့ကိုလည်း မလိုအပ်ဘူးလို့တော့ မထင်ဘူး… ဟားဟား”

တခဏချင်းမှာပင် အန္တိမပကတိစိတ်ဝိညာဉ် ဆယ်ဦးကျော်က ရှေ့သို့ ထွက်လာကြလေသည်။

ထိပ်တန်းကမ္ဘာကြီးများမှ လာသော ဝူရှင်းနှင့် လုထန်က လွဲလျှင် ကျန်သူများသည် အဆင့်မြင့်ကမ္ဘာကိုးခုဖြစ်သော ဘီလူးကမ္ဘာ၊ အဆိပ်ကမ္ဘာ၊ ကြယ်တာရာကမ္ဘာ၊ သက်မဲ့ကမ္ဘာ၊ အရိုးဖြူကမ္ဘာ၊ ဂူသင်္ချိုင်းကမ္ဘာ၊ ဆန်းကြယ်ကမ္ဘာ၊ ဆီးနှင်းကမ္ဘာနှင့် ခုနစ်စင်ကြယ်ကမ္ဘာတို့မှ လာကြလေသည်။

အဲဒီမှာ အလယ်အလတ်ကမ္ဘာများဖြစ်သော ကောင်းကင်ဘုံကင်းမြီးကောက်ကမ္ဘာ၊ မဟူရာကျီးကန်းကမ္ဘာ၊ ပင့်ကူတစ်ထောင်ကမ္ဘာ၊ နဂါးကြိုးကြာကမ္ဘာ၊ လေခွင်းကမ္ဘာနှင့် မီးကမ္ဘာတို့မှ အန္တိမပကတိစိတ်ဝိညာဉ်ခြောက်ဦးလည်း ရှိသည်။

အဲဒီမှာ အဆင့်နိမ့်ကမ္ဘာတစ်ခုဖြစ်သော အမြုတေယန်ကမ္ဘာမှ အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးပင် ပါရှိနေသည်။

အန္တိမပကတိစိတ်ဝိညာဉ် ၁၈ ဦးက ရှေ့သို့ထွက်လာပြီး လူစုခွဲလိုက်ကြ၏။ သူတို့က သာမန်ကာလျှံကာ လမ်းလျှောက်နေကြသည်ဟု ထင်ရသော်လည်း သူတို့သည် ဆူဇီမို၏ ဖြစ်နိုင်သမျှ ထွက်လမ်းများအားလုံးကို ပိတ်ဆို့နေခြင်းဖြစ်သည်။

တကယ်တော့ အခြားသော အန္တိမပကတိစိတ်ဝိညာဉ်အများစုက သူတို့၏ နဂိုနေရာမှာ ရှိနေကြဆဲဖြစ်သည်။

အန္တိမပကတိစိတ်ဝိညာဉ်များ၏ တချို့တစ်ဝက်သည် အခြားသူများကို အရေအတွက်အားကိုးနှင့် အနိုင်ကျင့်ရခြင်းကို အတော်လေး ရွံရှာစက်ဆုပ်လေသည်။

အဲဒီမှာ ပြပွဲကို စောင့်ကြည့်လိုသော တချို့တစ်ဝက်လည်း ရှိနေသည်။

ဤနေရာမှာ ဓားကမ္ဘာနှင့် ဆက်ဆံရေးကောင်းရှိသော အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ကမ္ဘာတချို့လည်း ရှိနေကြသည်။

သို့သော်လည်း ထိုကမ္ဘာများထဲမှ တချို့သည် အန္တိမပကတိစိတ်ဝိညာဉ်များကို မွေးထုတ်မပေးနိုင်ကြပေ။ အန္တိမပကတိစိတ်ဝိညာဉ်များကို မွေးထုတ်ပေးထားသည့် ကမ္ဘာတချို့ကလည်း ဆူဇီမိုနှင့် မသိရှိထားဘဲ ဤကဲ့သို့သော အခြေအနေမှာ သူတို့က ပါဝင်ပတ်သက်လိုခြင်း မရှိပေ။

တကယ်တော့ ဤကဲ့သို့သော အခြေအနေမှာ ဆူဇီမိုကို ကူညီပေးဖို့ အတတ်နိုင်ဆုံး ကြိုးစားနေသည့် လူတချို့လည်း ရှိနေသည်။

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးသည် ဆူဇီမိုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရန်ငြိုးရန်စအနည်းငယ် ဖြစ်ပေါ်ထားသည်။ ထိုအခိုက်အတန့်မှာ အန္တိမပကတိစိတ်ဝိညာဉ် ၁၈ ဦး ရှေ့သို့ထွက်လာသည်ကို သူတို့တွေ့မြင်သောအခါ သူတို့နှစ်ယောက်ကလည်း စိတ်ပါယိမ်းယိုင်လာခဲ့သည်။

သူတို့က ဆူဇီမို၏ တာအိုသစ်သီးကို မရရှိနိုင်ဘူးဆိုလျှင်တောင် သူ့ထံမှ အခြားသော ရတနာများကို ခွဲဝေရယူနိုင်ပါက မဆိုးပေ။

“နေကာသစ်ပင်ကမ္ဘာက ပြိုင်စံရှားတွေအနေနဲ့ နင်တို့တွေက အခုအချိန်မှာ အခြေအနေအပေါ် အမြတ်ထုတ်ချင်နေတာလား”

သူမသည် သူတို့၏ စိတ်အကြံကို ဖတ်မိနိုင်သည့်အလား လုံလီက လှောင်ပြောင်သရော်လိုသော အမူအရာနှင့်အတူ ဝင်ရောက်ပြောဆိုလိုက်၏။

“ငါက အသက်ငယ်သေးပေမဲ့ ငါက ဒီလိုမျိုးကိစ္စတွေကို အရမ်းရွံရှာစက်ဆုပ်တယ်”

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့၏ မျက်နှာများပေါ်တွင် အမျက်ဒေါသက အရင်ဆုံးပေါ်ထွက်လာသည်။

သို့သော်လည်း သိပ်မကြာခင် သူတို့နှစ်ယောက်က အကြည့်ချင်းဖလှယ်ပြီး လုံလီပြောသည်က မှန်ကန်သည်ဟု ခံစားမိလိုက်သည်။ ဤကဲ့သို့သော အပြုအမူများသည် တကယ့်ကို အရှက်မဲ့ရာကျသည်။

ဖီးနစ်မင်းသားနှင့် ဖီးနစ်မင်းသမီးတို့သည် အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး မည်သည့်စကားမှ မဆိုတော့ဘဲ လောလောဆယ်မှာ ဆူဇီမိုကို တိုက်ခိုက်မည့် အကြံအစည်ကို စွန့်လွှတ်လိုက်လေသည်။

“အားလုံးပဲ… ကျွန်မတို့တွေက ကမ္ဘာအမျိုးမျိုးက အန္တိမပကတိစိတ်ဝိညာဉ်တွေပဲ… ကျွန်မတို့မှာ ဘယ်လို အဆင့်အတန်းတွေနဲ့ ဘယ်လို မာန်မာနတွေ ရှိခဲ့ကြသလဲ… ကျွန်မတို့က တခြားသူတွေကို အရေအတွက်နဲ့ ဘယ်လိုလုပ် အနိုင်ကျင့်နိုင်မှာလဲ”

ပန်းကမ္ဘာမှ မူလျန်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရှေ့သို့ထွက်လာကာ အော်ပြောလိုက်၏။

“နောက်ပြီး ဓားကမ္ဘာက တာအိုရောင်းရင်း ဆူကျူးက အဆက်မပြတ်တိုက်ခိုက်ထားပြီး ခြေကုန်လက်ပန်းကျနေပြီ… ရှင်တို့တွေက အခုလိုအချိန်မှာ သူ့ကို အတူပူးပေါင်းတိုက်ခိုက်ရမှာ မရှက်ကြဘူးလား”

ဆူဇီမိုက ရင်ထဲမှာ နွေးထွေးသွားသည်။ သူက မူလျန်ကိုကြည့်ပြီး အဝေးကနေ ခေါင်းညိတ်ပြလိုက်၏။

သူသည် ပန်းကမ္ဘာမှ မူလျန်နှင့် အမှန်တကယ်တော့ သိကျွမ်းထားခြင်းမရှိပေ။

သို့သော်လည်း မူလျန်သည် မွန်မြတ်ကောင်းကင်ဘုံရင်ပြင်မှာတုန်းကတစ်ခါ သူ့အတွက် ရှေ့ထွက်ပြောဆိုပေးခဲ့ဖူးသည်။

မူလျန်သည် အမျိုးသမီးတစ်ဦးဖြစ်သော်လည်း သူမက အားမနည်းဘဲ ရဲစွမ်းသတ္တိဖြင့် ကျော်ကြားသည်ဟု ဖြတ်တောက်ဓားတောင်ထွတ်သခင်က ပြောခဲ့ဖူးသည်။ ယခု သူက အဲဒါကို ကိုယ်တိုင်မြင်တွေ့လိုက်ရသည်။

လက်ရှိအခြေအနေအရ သူမအနေဖြင့် သူ့အတွက် ရှေ့ထွက်ပြောဆိုပေးဖို့ သတ္တိများစွာကို စုစည်းထားရပေမည်။

“တာအိုရောင်းရင်း မူလျန်… နင်ပြောတာ မှားတယ်”

ဝူရှင်းက ရယ်မော ပြောဆိုလိုက်၏။

“ဒါက အဆင့်သတ်မှတ်ချက်တိုက်ပွဲတစ်ခု မဟုတ်ဘူး… အခု ဒီနေရာက တိုက်ပွဲကွင်းတစ်ခုလည်း မဟုတ်ဘူး… အဲဒါကြောင့် ဒီနေရာမှာ ငါတို့အတွက် ဘာစည်းမျဉ်းစည်းကမ်းမှ မရှိဘူး… ငါတို့က တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်နေစရာမလိုဘူး”

“ဒါက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေပဲ… ငါတို့တွေက ဆိုးယုတ်မိစ္ဆာတွေနဲ့ အပြစ်သားစိတ်ဝိညာဉ်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ငါတို့က မကြာခဏ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခံရတတ်တယ်… ဒါပေမဲ့ ဘယ်သူက စောဒကတက်ခဲ့လို့လဲ”

မူလျန်က အော်ပြောလိုက်၏။

“ဒါပေမဲ့လို့ ငါတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အန္တိမပကတိစိတ်ဝိညာဉ်တွေပဲ… ဆိုးယုတ်မိစ္ဆာတွေ၊ အပြစ်သားစိတ်ဝိညာဉ်တွေ မဟုတ်ကြဘူး”

မူလျန်၏ စကားလုံးများက တကယ့်ကို အချက်ကျလေသည်။

ဝူရှင်း၏ အပြုံးက အေးခဲတောင့်တင်းသွား၏။ သို့သော်လည်း သိပ်မကြာခင် သူက လက်နှစ်ဖက်ကိုဖြန့်ပြီး ရယ်မောပြောဆိုလိုက်၏။

“တာအိုရောင်းရင်း မူလျန်… မင်းက ဆက်ပြီး သည်းမခံနိုင်ဘူးဆိုရင် မင်းက ရှေ့ထွက်ပြီး တာအိုရောင်းရင်းဆူကို ကူညီပေးလို့ရတယ်… အဲဒါကို ငါတို့ နားလည်တယ်… ဘယ်သူကမှ မင်းကို တားဆီးမှာ မဟုတ်ဘူး”

“ရတယ်လေ… ငါ ကူညီပေးရမှာပေါ့”

လှောင်ပြောင်ရန်စမှုကို သည်းမခံနိုင်ဘဲ မူလျန်က စိတ်ပိုင်းဖြတ်ကာ သဘောတူလက်ခံလိုက်၏။ ထိုသို့ဆိုသော်လည်း ဆူဇီမိုဘက်မှာ လူအနည်းအကျဉ်းသာ ရှိလေသည်။ သူမ၊ စစ်တုရင်အင်မော်တယ် ကျွင်းယု၊ လုံလီနှင့် လင်းရွှင်ကျန်းတို့အပါအဝင် ဓားကမ္ဘာမှ ဆူဇီမိုဘက်ခြမ်းမှာ လူငါးယောက်သာ ရှိလေသည်။

သူတို့ငါးယောက်ထဲမှ ဆူကျူးမှာ တိုက်ခိုက်ရည်ခွန်အားများစွာ မကျန်ရှိတော့ပေ။

အခြားသုံးယောက်ကလည်း စောစောကတင် သူတို့၏ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ထားခဲ့ပြီး သူမတစ်ယောက်ကသာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်နိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။

သူတို့သည် သူတို့၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေသော အန္တိမပကတိစိတ်ဝိညာဉ် ၁၈ ဦးကို ခုခံတိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။

All Chapters