← Chapters

ငါ ဖျက်ဆီးနိုင်တုန်းပဲ

Vol. 7 Ch. 700

ငါ ဖျက်ဆီးနိုင်တုန်းပဲ

Vol. 7 Ch. 700

မရေမတွက်နိုင်သော ဓားပေါင်းများစွာပါဝင်သည့် ရွှေရောင်လေဆင်နှာမောင်းတစ်ခုမှာ ပိုင်ရှောင်ချန်းအပေါ်သို့ ဆင်းသက်လာသည်။ သို့သော် သူ၏အပြင်ခန္ဓာကိုယ်ခုခံနိုင်စွမ်းအားများမှာ အံ့သြဖွယ်ကောင်းသော အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်ပြီး သူ၏လက်ဝယ်တွင် စိတ်စွမ်းအင်အဆင့်မြှင့်ထားသည့် မှော်ရတနာများစွာကိုလည်း ပိုင်ဆိုင်ထားသည်။ သူသည် တိုက်ခိုက်ရာတွင် သားရဲတစ်ကောင်ကဲ့သို့ မဖြစ်သေးသော်လည်း ဤလေဆင်နှာမောင်းမှာမူ သူ့အားတားဆီးနိုင်မည်မဟုတ်ပေ။

ရွှေရောင် မှော်သင်္ကေတများက သူ့ကို ဝင်တိုက်သွားသောအခါ အက်ကွဲသံများပေါ်ထွက်လာသော်လည်း များစွာ ထိခိုက်မှု မရှိပေ။ မျက်စိတစ်မှိတ်အတွင်း သူသည် ကုန်းစွန်းရီအရှေ့သို့ ရောက်သွားပြီး လက်သီးဆုပ်ကာ လက်သီးချက်တစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။

သို့သော် ထိုလက်သီးချက်မှာ ကုန်းစွန်ရီအပေါ်သို့ မကျရောက်မီ ကုန်းစွန်းရီက မှော်သင်္ကေတများကို သူ့ထံသို့ ပြန်လည်ဆွဲယူလိုက်ပြီး ဧရာမနံရံကြီးတစ်ခုအသွင် ပြောင်းလဲလိုက်သောအခါ သူ၏မျက်ဝန်းထဲတွင် ရွှေရောင်အလင်းတန်းများ လင်းလက်လာတော့သည်။

ထစ်ချုန်းသံတစ်သံ ပေါ်ထွက်လာပြီး ပိုင်ရှောင်ချန်းမှာ နေရာတွင် ရပ်တန့်လိုက်တော့သည်။ ရွှေရောင်နံရံကြီးမှာ တုန်ရီသွားပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများထလာသော်လည်း မပြိုလဲသွားသေးပေ။ ထိုနံရံကြီး၏ နောက်တွင်မူ ကုန်းစွန်းရီမှာ သွေးများအန်ကာ ပိုင်ရှောင်ချန်းဆီသို့ ခြေတစ်လှမ်း လှမ်းလာလေသည်။

" မင်းအစွမ်းက ဒါအကုန်ပဲလား ပိုင်ဟောက် "

သူက အော်ဟစ်လိုက်သည်။ သို့သော် စိတ်ထဲတွင်မူ သူ တုန်လှုပ်နေသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံမှာ ကြီးမားသော ဖိအားအောက်သို့ရောက်ရှိနေပြီဖြစ်ပြီး ပိုင်ဟောက်မှာ မည်သည့်အတွက်ကြောင့် ဤမျှ စွမ်းအားကြီးနေရကြောင်း သူက သေချာမသိသော်လည်း ထူးဆန်းသောမှော်အတတ်တစ်ခုခုကြောင့် ဖြစ်လိမ့်မည်ဟု သူကယုံကြည်ထားသည်။

သို့သော် ယခုတွင် ထိုအကြောင်းကိုတွေးနေရန် အချိန်မရှိပေ။ သူ၏ တိုးပွားနေသော တိုက်ခိုက်လိုစိတ်ကိုအသုံးချကာ သူ၏ခန္ဓာကိုယ်ထဲရှိ မတည်ငြိမ်မှုများကို ထိန်းချုပ်လိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်ကာ သူ၏လက်ချောင်းကို ပိုင်ရှောင်ချန်းဘက်သို့ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ရွှေရောင်နံရံကြီးမှာ မှော်သင်္ကေတ တစ်သိန်းခန့်အဖြစ် ပြန်လည်ပြိုကွဲသွားပြီး ရွှေရောင်ဖီးနစ်ငှက်တစ်ကောင်အသွင် ပြန်လည်ပေါင်းစည်းကာ စူးရှစွာအော်မြည်ရင်း ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းလာတော့သည်။

" ဒီ စစ်အောင်ဘုရင်လေးရဲ့ နတ်ဘုရားစွမ်းရည်က အံ့သြဖို့အတော်ကောင်းတာပဲ။ သူ့ကို စစ်အောင်ဘုရင်က ပေးထားတာပဲနေမှာ။ ငါ့မှာက ယင်ယန်ဝိညာဥ်အဆင့် သိုင်းကွက်တစ်ကွက်မှမရှိသေးတဲ့အပြင် ငါသုံးနိုင်တဲ့ စွမ်းအားကြီးတိုက်ကွက်တွေက စိတ်စွမ်းအင်အများကြီးကို အသုံးပြုမှရတာ။ နို့မို့ဆိုရင် ဒီ စစ်အောင်ဘုရင်လေးကိုတော့ ငါအသာလေးအနိုင်ယူလို့ရတယ် "

ပိုင်ရှောင်ချန်းမှာ အေးစက်စက်နှာမှုတ်ကာ ကုန်းစွန်းရီ၏ ကျင့်ကြံခြင်းအခြေခံကို အကဲခတ်လိုက်သောအခါ ၎င်းမှာ ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းကို ကျော်လွန်ကာ နတ်အဆင့်သို့ ရောက်လုနီးနီးအထိ ဖြစ်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။

သို့သော် ထိုသို့ရောက်ရှိရန်မှာ အလွယ်တကူမဖြစ်နိုင်ပဲ အခြေအနေအချိန်အခါပေးကာ ဇွဲလုံ့လဝီရိယရှိမှသာ ရောက်ရှိနိုင်သည်။ ထိုရွှေရောင်ဖီးနစ်ငှက်မှာ ပိုင်ရှောင်ချန်းအပေါ်သို့ ကျဆင်းလာသောအခါ သူက လေပေါ်သို့လက်ကိုဆန့်ထုတ်ကာ ဖမ်းဆုပ်သည့်ပုံစံတစ်ခု ပြုလုပ်လိုက်ပြီး အဆင့်ဆယ့်ခြောက်အထိ မြှင့်တင်ထားသည့် သူ၏အနက်ရောင်လှံကို ဆင့်ခေါ်လိုက်လေသည်။ ထို့နောက် သူက လုံးဝတွေဝေမနေပဲ ထိုရွှေရောင်ဖီးနစ်ငှက်ကိုချိန်၍ လှမ်းထိုးလိုက်သည်။

ထိုလှံမှာ ကောင်းကင်ကိုတုန်ရီကာ မြေကြီးကိုအက်ကွဲစေနိုင်သည့် စွမ်းအားမျိုးဖြင့် ရှေ့သို့ လွင့်ထွက်သွားသဖြင့် တဝီဝီ မြည်သံများ ပေါ်ထွက်လာသည်။ ထို့နောက်၎င်းမှာ ဖီးနစ်ငှက်ကို စိုက်မိသွားသောအခါ ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ ထိုပေါက်ကွဲမှုမှ ထွက်လာသည့် တုန်ခါလှိုင်းကြီးကြောင့် ကုန်းစွန်းရီမှာ ဆန့်ကျင်ဘက်အရပ်သို့ လွင့်စင်သွားတော့သည်။

ထို့နောက် ပိုင်ရှောင်ချန်းမှာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး အနက်ရောင်ကြယ်ပျံတစ်စင်းအလား ပြောင်းလဲကာ လမ်းတွင်ရှိသမျှအရာအားလုံးကို ချေမွ၍ ကုန်းစွန်းရီထံသို့ ဦးတည်သွားတော့သည်။

ကုန်းစွန်းရီမှာ မီတာသုံးရာအကွာတွင် ရပ်တန့်သွားပြီး ပါးစပ်ထဲမှသွေးများ အဆက်မပြတ် ထွက်နေတော့သည်။ ထို့နောက်သူက ပိုင်ရှောင်ချန်းကို မော့ကြည့်သောအခါ သူ၏တိုက်ခိုက်လိုစိတ်များမှာ ယခင်ကထက်ပို၍ ပြင်းထန်လာတော့သည်။ သူက အော်ဟစ်ကာ ပိုင်ရှောင်ချန်းရှိရာဘက်သို့ ထပ်၍ ပြေးလာပြန်သည်။

" ငါက စစ်အောင်ဘုရင်လေးကွ။ မင်းကိုငါက ရှုံးစရာလား "

သူကနီမြန်းနေသည့် မျက်ဝန်းများဖြင့် လက်ကိုဆန့်ထုတ်လိုက်သောအခါ မှော်သင်္ကေတ တစ်သိန်းခန့်မှာ ရွှေရောင် တိုက်ပွဲဝင်ပုဆိန်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ သူသည်၎င်းကို ပုဆိန်ရိုးမှကိုင်ကာ ပိုင်ရှောင်ချန်းဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ ထို တိုက်ပွဲသုံးပုဆိန်ကို ဖျက်ဆီးလိုက်သဖြင့် မှော်သင်္ကေတ တစ်သိန်းခန့်မှာ တစ်လွှာပြီးတစ်လွှာပြိုလဲသွားပြီး ထစ်ချုန်းသံများ ပေါ်ထွက်လာတော့သည်။ သူက အံ့အားသင့်နေပါသော်လည်း အရှိန်လုံးဝမနှေးသွားပဲ အနက်ရောင်အလင်းတန်း တစ်ခုအသွင် ကုန်းစွန်းရီဆီသို့ ဆက်၍ ပြေးသွားတော့သည်။

ထိုပြိုကွဲမှု၏ တန်ပြန်အားကြောင့် ကုန်းစွန်းရီ၏ပါးစပ်ထဲမှ သွေးများစီးကျလာပြီး ဇောက်ထိုးမိုးမျှော်ဖြစ်ကာ နောက်သို့လွင့်စင်သွားသည်။ သူ၏ လည်မျိုထဲမှ ခါးသက်သက်ရယ်မောသံတစ်သံ ထွက်ပေါ်လာပါသော်လည်း သူ၏တိုက်ခိုက်လိုစိတ်မှာ အနည်းငယ်ပင်လျော့ကျမသွားပေ။ အသက်ဆုံးရှုံးရမည်ကို လုံးဝကြောက်ရွံ့မနေသည့်ပုံစံဖြင့် သူက လက်နှစ်ဖက်ကိုသုံးကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး သူ၏မှော်သင်္ကေတ တစ်သိန်းတိတိကို ပြန်၍ ဆင့်ခေါ်လိုက်သည်။ ၎င်းတို့မှာ မျက်စိကျိန်းစရာကောင်းသည့် ရွှေရောင်အလင်းတန်းများဖြင့် စူးရှတောက်ပကာ သူ၏ရှေ့ရှိ နေရာတွင်ပြန်လည်ထွက်ပေါ်လာပြီး ရွှေရောင်တုတ်ချောင်းရှည်တစ်ချောင်းအသွင် ပြောင်းလဲသွားသည်။

ကုန်းစွန်းရီက ထိုတုတ်ချောင်းကို ဆုပ်ကိုင်ကာ သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အံ့သြဖွယ်ကောင်းသည့် အပြင်ခန္ဓာကိုယ်တို့မှ စွမ်းအားများကိုသုံးကာ လွှဲလိုက်ပြီး ရွှေရောင်လေဆင်နှာမောင်းတစ်ခုနှင့် တူသည့်အရာတစ်ခုကို ပိုင်ရှောင်ချန်းထံသို့ စေလွှတ်လိုက်သည်။

" ဒီကုန်းစွန်းရီရဲ့ နတ်ဘုရားစွမ်းရည်က တော်တော် ဩချရလောက်အောင် ကြမ်းပါလား "

ပိုင်ရှောင်ချန်းမှာ တအံ့တသြတွေးလိုက်သည်။ တချိန်ထဲမှာပင် သူသည် ထိုမှော်သင်္ကေတတစ်သိန်းအပေါ် မနာလိုစိတ်များ ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ စစ်အောင်ဘုရင်၏ လျို့ဝှက်မှော်အတတ်တစ်ခုဖြစ်နေမည်မှာ သေချာသဖြင့် သူ၏အဖွဲ့အစည်းအပြင်ဘက်ရှိ မည်သူမဆို သုံး၍ရမည်မဟုတ်ပေ။ ထိုရွှေရောင်တုတ်ချောင်းကြီးမှာ ကောင်းကင်ကို ဇောက်ထိုးမိုးမျှော်ဖြစ်စေကာ ပင်လယ်ပြင်ကိုပင် ခမ်းခြောက်သွားစေနိုင်သည့် စွမ်းအားမျိုးဖြင့် သူ့အပေါ်သို့ ဆင်းသက်လာသည်။ ပိုင်ရှောင်ချန်းမှာ သူ၏လှံနှင့် ထိုးနေသည့်တိုက်ကွက်ကို ရုတ်သိမ်းလိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အပြင်ခန္ဓာကိုယ်မှ အစွမ်းတို့ကိုသုံး၍ ထိုလှံကို သူ၏ရှေ့တွင်ဝှေ့ယမ်းလိုက်သောအခါ လေထုကြီးမှာ တွန့်လိမ်ကောက်ကွေးသွားတော့သည်။

ဘုန်းးး

ထိုတိုက်ခတ်မှုကြီးမှာ ယခင်ကထက် ပို၍အားပြင်းသည်။ ကုန်းစွန်းရီ၏ ပါးစပ်မှ သွေးများပန်းထွက်လာသော်လည်း သူသည် တိုက်ခိုက်လိုစိတ်များ ပြင်းထန်နေဆဲပင်။ သူသည် မည်သည့်ဒဏ်ရာပင်ရစေကာမူ အလေးမထားပဲ နောက်ဆုတ်ရန်ငြင်းဆန်ကာ ဆက်၍တိုက်ခိုက်နေမည်သာဖြစ်သည်။

ဤအချိန်တွင်မူ သူသည် မှော်သင်္ကေတတစ်သိန်းကို တုတ်ချောင်းတစ်ချောင်းအသွင်မပြောင်းတော့ပဲ မတူညီသည့် မှော်ပစ္စည်း တစ်ရာအသွင် ပြောင်းလဲလိုက်တော့သည်။

၎င်းတို့မှာ ဓားရှည်များ၊ လှံများ၊ ဓားများ၊ ချိတ်ကောက်များ၊ သုံးခွလှံများနှင့် အခြားလက်နက်မျိုးစုံ ပါဝင်သည်။ ထို့အပြင် ၎င်းတို့ထဲတွင် အကာအကွယ် ပစ္စည်းတစ်ခုမှ မပါပေ။ လက်နက်တိုင်းမှာ ပြင်းထန်လွန်းလှသည့် သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်နေပြီး ကုန်းစွန်းရီက သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ ၎င်းတို့မှာ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာကြတော့သည်။

" မင်းရဲ့ ဝှက်ဖဲကိုသုံးစမ်း ပိုင်ဟောက်။ ဒီတိုက်ပွဲမှာ မင်းသေရင်သေ၊ မသေရင် ငါအသေပဲ "

ထိုအခါ ပိုင်ရှောင်ချန်း၏အမူအရာမှာ ပြောင်းလဲသွားသည်။ ဤ ကုန်းစွန်းရီ ဆိုသူမှာ တိုက်ခိုက်လိုစိတ်ပြင်းထန်ပြီး ထူးဆန်းသည့် နတ်ဘုရားစွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သူက သေရမည်ကို ကြောက်လန့်သည့်ပုံပင် မပေါ်ပေ။ ထိုအချင်းအရာများကြောင့် ပိုင်ရှောင်ချန်းမှာ အလွန်အံ့အားသင့်နေရတော့သည်။

ယခုတွင် သူသည် မြေရိုင်းဒေသထဲရှိ လက်ရွေးစင်အစစ်များကို နားလည်သွားပြီဖြစ်သည်။ ထိုသူများထဲတွင် သူအလွယ်တကူဖမ်းမိခဲ့သည့်လူများတော့ မပါဝင်ပေ။

သို့သော် ကုန်းစွန်းရီသာမက ကျိုးဟုန်ပင်လျှင် သူတို့၏ ကိုယ်ပိုင်အားနည်းချက်များရှိကာ တိုက်ပွဲတွင် မိုက်ရူးရဲဆန်တတ်ကြသော်လည်း ရက်စက်ကြမ်းကြုတ်မှုများကို အဆက်မပြတ် ထုတ်ပြနိုင်သည်။ ထိုအချင်းအရာမျိုးကို ပိုင်ရှောင်ချန်းမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် အမြင်ရ နည်းသည်။

" သူက ငါ့ကိုမယှဥ်နိုင်တာတောင် အခုထိ အရှုံးမပေးသေးဘူး။ အခုမှငါတွေးမိတယ် သူကငါ့ကို တကယ့်ကိုဓားသွေးကျောက်တစ်တုံးလို သုံးပြီးတော့ သေခြင်းတရားနဲ့ အသက်ရှင်ခြင်းကြားထဲမှာရှိတဲ့ အန္တရာယ်ကြီးထဲမှာ သူ့ကိုယ်သူတိုးတက်အောင် လုပ်နေတာပဲ။ "

ပိုင်ရှောင်ချန်း၏ မျက်ဝန်းထဲတွင် သူ၏ ပြိုင်ဘက်ကို လေးစားသွားသည့်အလား ကြည်ညိုမှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။ ကုန်းစွန်းရီက သူ့ထံသို့ သတ်ဖြတ်လိုစိတ်များထွက်ပေါ်နေသည့် မှော်ပစ္စည်းအခုတစ်ရာကျော်နှင့်ရောက်ရှိလာသောအခါ ပိုင်ရှောင်ချန်းမှာ အသက်ပြင်းပြင်းရှူကာ လက်ကိုဝှေ့ယမ်းလိုက်ပြီး အနက်ရောင်လှံကို ဖျောက်လိုက်တော့သည်။

သူ၏ဆုံးဖြတ်ချက်မှာ မှော်ပစ္စည်းများကို ဆက်မသုံးတော့ရန်ဖြစ်သည်။ သူက မတ်တတ်ရပ်နေစဥ် သူ၏ခန္ဓာကိုယ်ထဲမှ အက်ကွဲသံများပေါ်ထွက်လာပြီး သူ၏အငွေ့အသက်မှာ ကျုံ့သွားတော့သည်။ သူ၏စွမ်းအင်နှင့် သူ၏ဝိညာဥ်မှာလည်း ထိုနည်းတူပင်။

ထို့နောက် သူ၏ညာလက်ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်အငွေ့အသက်များ ထုတ်လွှတ်နေသည့် အနက်ရောင်လေပွေကြီးတစ်ခု ပေါ်ထွက်လာသည်။ တပြိုင်နက်ထဲမှာပင် အလွန်အထက်စီးဆန်ကာ တော်ဝင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားပြီး တော်ဝင်သရဖူတစ်ခုကို ခေါင်းတွင် ဆင်မြန်းထားသည့် လူရိပ်တစ်ခု ပေါ်ပေါက်လာသည်။ သူ၏မျက်ဝန်းများထဲရှိ အကြည့်များကိုမြင်လိုက်ပါက သူသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးရှိ အရာတိုင်းအား အထင်မြင်သေးနေသည်ကို သိနိုင်သည်။

" သေခြင်းတရားနဲ့ အသက်ရှင်ခြင်းတို့ ကြားထဲမှာရှိတဲ့ နေရာရဲ့ ဉာဏ်အလင်းပွင့်မှုကို လိုချင်နေတယ်လား။ ကောင်းပြီလေ မင်းရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့ "

ပိုင်ရှောင်ချန်းမှာ သူ၏ ထိတ်လန့်ဖွယ်ကောင်းသော စကားလုံးများကြောင့် သူ့ကိုယ်သူကျေနပ်သွားတော့သည်။ သူ၏ညာလက်ကို လက်သီးဆုပ်လိုက်ပြီး သူ၏အငွေ့အသက်ကိုတည်ငြိမ်အောင်လုပ်ကာ ကုန်းစွန်းရီထံသို့ လက်သီးချက်တစ်ချက်ကို ထုတ်လွှတ်လိုက်တော့သည်။

သူက စွမ်းအားအပြည့်မသုံးပဲ ငါးဆယ်ရာခိုင်နှုန်းနီးပါးသာ သုံးလိုက်သည်။ သို့သော်လည်း ထိုပမာဏလောက်နှင့်ပင် ကောင်းကင်ကြီးမှာ မှောင်မဲသွားပြီး ထိုနေရာတစ်ဝိုက်ရှိ မြူခိုးများမှာလည်း ဝဲဂယက်ထလာတော့သည်။ သူ၏လက် ဘေးပတ်လည်တွင်ရှိသော အနက်ရောင်လေပွေကြီးမှာ ကြီးမားလာပြီး အနက်ရောင်ကျဥ်းကြီးတစ်ကျဥ်းအသွင်ပြောင်းကာ ကုန်းစွန်းရီထံသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

တချိန်ထဲမှာပင် သူ၏နောက်ရှိ အရိပ်ဧကရာဇ်ကြီးမှာ တွန့်လိမ်သွားပြီး ဖိအားကြီးမားသော လေထုကြီးတစ်ခုကို ထုတ်လွှတ်ကာ လက်သီး၊လေပွေတို့နှင့်အတူ ပေါင်းစည်းသွားတော့သည်။

ထာဝရဧကရာဇ်လက်သီး၊

ဂျုန်းးး

ထိုလက်သီးချက်ကြောင့် ကမ္ဘာထဲရှိ အရာရာတိုင်းမှာ နှေးကွေးနေသည့်အလား ဖြစ်သွားတော့သည်။ မျက်ဝန်းများအားလုံးမှာ ၎င်းကိုဝိုင်းကြည့်နေကြပြီး ၎င်းမှာသက်ရှိလောကတွင် တစ်ခုထဲရှိသောအရာ ဖြစ်နေတော့သည်။

ကုန်းစွန်းရီထံမှ စူးရှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပြီး သူ့ဆီဦးတည်လာနေသည့် လက်သီးကြီးနှင့် အနက်ရောင်ကျဥ်းကြီးတို့အား ကြက်သွေးရောင်သန်းနေသည့် မျက်ဝန်းများဖြင့်စိုက်ကြည့်လိုက်လေသည်။ ထို့နောက် သူ၏လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်ကာ ဝှေ့ယမ်းလိုက်သည်။

" စစ်အောင်နိုင်နေ့ရက် "

သူ၏ အသံကြီးမှာ မိုးခြိမ်းသံအလား ပဲ့တင်ထပ်သွားပြီး သူ၏မှော်ပစ္စည်းအခုတစ်ရာမှာ ပိုင်ရှောင်ချန်း၏ ထာဝရဧကရာဇ်လက်သီးဆီသို့ ပျံသန်းသွားသည်။

ထိုအရာနှစ်ခု တိုက်မိသွားသည့်အခါ မှော်ပစ္စည်းအားလုံးမှာ ကွဲအက်သွားပြီး အနည်းငယ်ပင် မခုခံနိုင်ပဲ အနက်ရောင်ကျဥ်းကြီးထဲသို့ စုပ်ယူခံလိုက်ရတော့သည်။ ထို့နောက် ထိုအနက်ရောင်ကျဥ်းကြီးမှာ ကုန်းစွန်းရီကို ဝါးမျိုတော့မည့်အလား သူ့ဆီသို့ ဦးတည်လာတော့သည်။ သူသည် ချက်ချင်းပင် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အလား ခံစားလိုက်ရပြီး သူ၏စိတ်နှလုံးများကို ဧရာမလှိုင်းလုံးကြီးများက ရိုက်ခတ်နေသကဲ့သို့ ဖြစ်နေတော့သည်။

သို့သော် ဤ အသက်ခြင်းနှင့် သေခြင်းတရားကြားရှိ ကဗျာဆန်သော အချိန်ကလေးမှာပင် ကုန်းစွန်းရီ၏ တိုက်ခိုက်လိုစိတ်မှာ လျော့ကျမသွားပေ။ ပို၍ပင် အားကောင်းလာသေးသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ ထစ်ချုန်းသံများနှင့် အက်ကွဲသံများ ရုတ်တရက်ပေါ်ထွက်လာတော့သည်။

သူ၏ခန္ဓာကိုယ်အတွင်းရှိ အချုပ်အနှောင်တစ်ခုခုမှာ ကျိုးပျက်သွားသည့်အတိုင်းပင်။ ထိုအချိန်တွင် ကြောက်မက်ဖွယ် စွမ်းအင်ကြီးတစ်ခု ပေါ်ထွက်လာသည်။

သူ၏အထက်တွင် မရေမတွက်နိုင်သော တိမ်တိုက်များစွာ ပေါ်ပေါ်လာပြီး ၎င်းတို့မှာ ကုန်းစွန်းရီ၏ မျက်နှာအသွင်ပြောင်းလဲသွားသည်။

၎င်းမှာ တစ်ခဏမျှသာ ပေါ်ပေါက်လာသည်ဖြစ်သော်လည်း ၎င်းနှင့်အတူ ပေါ်ထွက်လာသည့် ကြီးမားသော စွမ်းအင်ကြီးမှာ သူသည် ကျင့်ကြံခြင်းအခြေခံအဆင့်တက်အောင် ပြုလုပ်နိုင်ခဲ့သည်ဖြစ်ကြောင်း ဖော်ပြနေသည်။

သူသည် နတ်အဆင့်သို့ရောက်လုနီးနီး ဖြစ်နေပြီဖြစ်သည်။

All Chapters