← Chapters

အိမ်မက်တစ္ဆေရေကန်။

Vol. 7 Ch. 82

အိမ်မက်တစ္ဆေရေကန်။

Vol. 7 Ch. 82

အိမ်မက်တစ္ဆေရေကန်သည် ချင်းယွမ်နိုင်ငံမြောက်ဘက် မိုင်သုံးထောင် အကွာ၌ တည်ရှိသည်။

သူတို့အားလုံးသည် ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများဖြစ်ကြပြီး ခရီးပြင်းနှင်ကြသော် နှစ်ရက်ခန့် ကြာနိုင်မည်။ စားသောက်ဆိုင်မှ အထွက်တွင် ဖုန်မန်လျိုက လူအများကို မေးမြန်းလာသည် ။

“ ငါ့မိတ်ဆွေတို့မှာ ထိန်းချုပ်ပျံသန်းနိုင်တဲ့ ဝိညာဉ်လက်နက်တွေ ရှိကြတယ် မဟုတ်လား။ ”

ယွမ်ဖူနယ်ပယ်ရှိ ကျင့်ကြံသူတိုင်းတွင် ဝိညာဉ်ရေးလက်နက် မရှိချေ။ ချမ်းသာသူနှင့် ဆင်းရဲသူကြား ကွာဟချက်သည် ကျင့်ကြံခြင်း လောက၌လည်း ရှိနေသည်။

ယွမ်ဖူနယ်ပယ် ဝင်ရောက်နိုင်သော်မှ ဆရာသခင်မဟုတ် အကြီးအကဲများမရှိသော် ဝိညာဉ်လက်နက် ပိုင်ဆိုင်မည်မဟုတ်ချေ။

အသုံးများသော အဆင့်နိမ့် ဝိညာဉ်ရေး လက်နက်သည်ပင် ကျန်းချီဆေးပြား(၁၀,၀၀၀) မှ (၂၀,၀၀၀)ကြားတွင်ရှိသည်။

ထိုပမာဏသည် ဆယ်နှစ်လောက် သန့်စင်မှသာလျှင် ရနိုင်ပေမည်။ တစ်ဖက်တွင် ဝိညာဉ်ရေးလက်နက်ဝယ်ယူရန် အသုံးစရိတ် အပြင် အခြားအရာများအတွက်လည်း တွက်ဆရပေသည်။

ယွမ်ဖူနယ်ပယ်၌ အသုံးပြုသည့် ဆေးပြားများ၊ အဆောင်ရတနာများစသည်တို့ သည်လည်း မြင့်မားသော တန်ကြေးရှိသည်။

သို့သော် လူတိုင်းသည် ဖုန်မန်လျို၏ မေးခွန်းအပေါ် ခေါင်းညိတ်တုန့်ပြလာခဲ့ကြ၏။ ဆိုလိုသည်မှာ သူတို့အားလုံးတွင် နောက်ခံ ရှိသည်ဟု အဓိပ္ပါယ်ရချေပြီ။

ကျင့်ကြံခြင်းလောကတွင် လူတစ်ဦး၏ အသွင်ပြင်ဖြင့် အသက်အရွယ်ကို အကဲဖြတ်၍ မရချေ။

အဖွဲ့ထဲတွင် ကူချန်သည် အငယ်ဆုံး ဖြစ်သည်။ ယွမ်ဖူနယ်ပယ်အတွင်း ဖြတ်ကျော် ဝင်နိုင်ပြီးနောက် သူ့အတွက် အချိန်များ ရပ်တန့်သွားသလိုပေပင်။

သူ့မျက်နှာသည် အသက် (၁၈)နှစ် အရွယ်ကောင်လေး တစ်ယောက်ကဲ့သို့ နုနယ် နေဆဲဖြစ်သည်။

ကံကြမ္မာကြောင့်သည်လော ဒါမှမဟုတ် တခြားသော အကြောင်းကြောင့်သည်လော မသိ နိုင်ချေ။

“ ကောင်းပြီ ... ဒါဆိုသွားကြရအောင်။ ”

“ ခဏလေး ... ။ ”

ဖုန်မန်လျိုမှ ထွက်ခွာရန် ပြင်နေသဖြင့် ကူချန်မှ ချက်ချင်း ဟန့်တားလိုက်ရလေသည်။ ထို့ကြောင့် ဖုန်မန်လျိုမှ ပြန်ငဲ့ကြည့်ကာ၊

“ တာအိုချန် ... မင်းမှာ မရှိဘူးလား။ ”

-ဟု မေးမြန်းတော့၏။

“ မဟုတ်ဘူး ... ငါဒီကို မီးစာငှက်နဲ့လာခဲ့တာ။ ”

ကူချန်၏ အဖြေကြားပြီးနောက် လူတိုင်းမျက်ခုံးပင့်လိုက်ကြ၏။ ကျင့်ကြံခြင်း လောက၌ ဆိုရိုးစကားရှိသည်။

နိမ့်ကျသူများသည် ကိုယ်တိုင်ပျံသန်းကာ သာမန်လူများသည် ဓားပျံကိုစီးနင်း၏။ သားရဲ စီးနင်းသူသည် အထက်တန်းစားပေပင်။ ဖုန်မန်လျိုမှ အံ့အားသင့်ကာ၊

“ တာအိုချန် ... မင်းက ငါတို့ထဲမှာ အချမ်းသာဆုံးလို့ မထင်ထားခဲ့မိဘူး။ ”

-ဟု ဝန်ခံလိုက်သည်။

“ ဒါဟာ ကံကောင်းသွားတာပါ ... ဒီလိုသားရဲတစ်ကောင်ဝယ်ဖို့ဆိုတာ ငါ့ဘဝကို ရောင်းရင်တောင် မဖြစ်နိုင်ဘူး။ ”

ကူချန်မှ နှိမ့်ချစွာ ပြုံးသည်။ ထို့နောက် ငါးယောက်သား သားရဲတည်းခိုဆောင်ထံသို့ လျှောက်လှမ်းလာခဲ့သည်။

အလားအလာတွင် ယွမ်ဖူနယ်ပယ် ရောက်နိုင်သည့် သားရဲများသည် အနည်းဆုံး ကျန်းချီဆေးပြား (၇၀၀၀၀)ဖြစ်သည်။

သားရဲများ၏ စျေးနှုန်းသည် ဝိညာဉ်လက်နက်များထက် စျေးကြီးသော်လည်း ရန်သူနှင့်ကြုံချိန်၌ ဝင်ရောက် တိုက်ခိုက် ပေးနိုင်သည်။

ထို့ပြင် သားရဲများ၏ စွမ်းအားသည် လူသားများထက် မနိမ့်ကျဘဲ မျိုးဆက်သွေးအရ မောက်မာမှုနှင့် ရဲစွမ်းသတ္တိလည်း ရှိသည်။

ယင်းသည် လူသားများထံ လက်အောက်ခံခြင်းထက် သေခြင်းကိုသာ လိုလားကြ၏။ ထို့ကြောင့် ၎င်းတို့ဈေးနှုန်းသည် အမြဲတမ်း မြင့်မားနေခြင်း ပေပင်။

ငယ်ရွယ်စဉ်တည်းက ပိုင်ဆိုင်ခွင့်ရသော မီးစာငှက်ကဲ့သို့ သားရဲများသည် ပို၍ အဖိုးတန် ချေသည်။

“ မင်းတို့ ဆန္ဒရှိရင် ငါ့မီးစာငှက်ပေါ် လိုက်လာလို့ရတယ်။ ”

မီးစာငှက်၏ အတောင်ပံများသည် ဆယ်ပေနီးပါးရှိကာ ကျယ်ဝန်းသောကြောင့် လူငါးဦးအထိ စီးနိုင်သည်။ သူ့စကားကို အားလုံးက သဘောတူ၏။

ဝေဟင်သားရဲတစ်ကောင်ကို စီးနင်းခွင့်ရသော် မည်သူသည် ပျံသန်းချင်နိုင် မည်နည်း။

နောက်နှစ်ရက်အကြာတွင် ကူချန်သည် မီးစာငှက်ပေါ်တွင်ရပ်ကာ ကောင်းကင်ထိတိုင် မြင့်မားသော တောင်များ၊ မြစ်များနှင့် ရေကန်များကို ကြည့်နေခဲ့သည်။

ရေကန်ဟုဆိုသော်လည်း လူတိုင်းကို ဆွဲဆောင်နေသည်မှာ အလွန်မြင့်မားသော တောင်တန်းကြီးများ ဖြစ်သည်။

အဝေးကကြည့်မည်ဆိုသော် နိမ့်ပါးသော တောင်တန်းများသည် လှိုင်းထနေသည့် အလား တွန့်လိမ်ကောက်ကွေးနေခဲ့သည်။

မြင့်မားသော တောင်တန်းများကိုမူ တိမ်မြူပါးပါး ရစ်သိုင်းလျက် တောင်ထိပ်များထံ မမြင်နိုင်ချေ။

“ အိမ်မက်တစ္ဆေရေကန်က ဘယ်နှစ်ကြိမ်ရောက်ပါစေ ငါ့ကို အမြဲတမ်း မှင်သပ်အံ့သြစေတုန်းပဲ။ ”

ဖုန်မန်လျိုက အိမ်မက်တစ္ဆေရေကန်ကို အဝေးမှကြည့်ကာ ညည်းတွားရေရွတ်လိုက်၏။ ကျန်သူများသည်လည်း ထိုနည်းလည်းကောင်း ပေပင်။

သူတို့အားလုံးသည် ရေကန်တဝိုက်ရှိ မြင့်မားသော တောင်တန်းကြီးများကို မြင်ပြီး သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်အလား ခံစားရစေသည်။

ကူချန်က တိတ်ဆိတ်စွာဖြင့် နောက်ကျောတွင် ကျင့်ကျိဓားကို လွယ်လျက် ရပ်နေခဲ့သည်။ တာအိုဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်ခတ်နေပြီး ရှုခင်းများထံ ငေးနေ၏။

(ကျင့်ကျိဓား-ဆောင်းခိုနေသော အင်းစက်လေး။)

“ ဒီမှာ ဆင်းရအောင်။ ”

မိုကျိမှ အေးစက်သော အမူအရာဖြင့် အကြံပြုလာခဲ့သည်။ သူသည် လူအများနှင့် အမြဲတမ်း ခပ်ခွာခွာနေခဲ့သူဖြစ်၏။

“ အိမ်မက်တစ္ဆေရေကန်မှာ ... သားရဲတွေရှိတယ် ငါတို့တွေ ဒီလိုပျံသန်းသွားရင် သူတို့ရဲ့ ပစ်မှတ်ဖြစ်နိုင်တယ်။ ”

“ မှန်တယ် ... ။ ”

ဖုန်မန်လျိုက ခေါင်းညိတ်ပြီး၊

“ တာအိုချန်ရှန် ... ကျေးဇူးပြုပြီး မင်းရဲ့မီးစာငှက်ကို ... နိမ့်နိမ့်ပျံခိုင်းလိုက်ပါ ငါတို့ဆင်းကြရအောင်။ ”

-ဟု ပြောကြားလာ၏။

“ ကောင်းပြီ ... ။ ”

ကူချန်မှ ငြင်းဆန်ခြင်းမပြုချေ။ ဤဒေသတွင် သားရဲကြီးများ ရှိနေကြောင်းကို သူသိပြီးဖြစ်၏။ ၎င်းတို့ထဲမှ တချို့သည် ဝေဟင် သားရဲများဖြစ်သည်။ ပျံသန်းဝင်ရောက်သော် တိုက်ခိုက်ခြင်း ခံရနိုင်၏။

ဖူစုနိုင်ငံနယ်စပ်သို့ ပြုတ်ကျသော ထိုမီးစာငှက်သည် ဤဒေသမှ လာသည်ဟုပင် ခန့်မှန်းထားသည်။

“ ဝှစ် ... ။ ”

လူတိုင်းသည် မီးစာငှက်ထံမှ ဆင်းပြီး ရေကန်ဆီသို့ ခပ်နိမ့်နိမ့် ပျံသန်းလာခဲ့ကြသည်။ ရေကန်ပတ်ပတ်လည်ရှိ တောင်တန်းများသည် မိုးထိအောင်မြင့်မားချေပြီ။

ထို့ကြောင့် ရေကန်တဝိုက်တွင် အလင်းရောင်ပင် မမြင်နိုင်လောက်အောင် အရိပ်ကျနေ၏။ တောင်ခြေတွင် ရွှံ့နွံများ ပြည့်နှက်နေသည်။

ထိုရွှံ့နွံများသည် ဆယ်ပေအထိ နက်ရှိုင်းကြ၏။ အချို့သော နေရာများတွင် ပေပေါင်းရာချီ နက်ချေမည်။

နွံကန်များသည် သဘာဝအတိုင်း အလွန်ကြောက်စရာကောင်းသော သားရဲအချို့ ကျင်လည်ကျက်စားရာ အရပ်ဖြစ်လာသည်။

တစ်ဖက်တွင် ရွှံ့နွံတောများအတွင်း နဂါးများပင်ရှိနေသည်ဟု ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။

အိမ်မက်တစ္ဆေရေကန် ပြင်ပသည် မြက်ပင်စိမ်းစိမ်းနှင့် တောင်တန်းငယ်များစွာ ဝန်းရံနေသောကြောင့် သာယာလှပချေ၏။

သို့သော် နက်ရှိုင်းစွာ ဝင်ရောက် လာသောအခါတွင် တောင်တန်းကြီးများနှင့် ထူထပ်သော တောအုပ်များကိုသာ မြင်တွေ့ပြီး နေရောင်များ ပျောက်ကွယ်နေချေပြီ။

ယွမ်ဖူနယ်ပယ် ကျင့်ကြံသူများသည် အမှောင်ထဲတွင် မြင်နိုင်စွမ်းရှိသည်။ သို့သော် ကောင်းကင်နှင့် မြေကြီးကြား ယန်စွမ်းအင်များ မရှိခြင်းကြောင့် မကောင်းဆိုးဝါးများ ပြန့်ပွားကာ ရှင်သန်နေထိုင်နိုင်၏။

အထူးသဖြင့် ရွှံနွံများ အောက်ခြေတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများနှင့် သားရဲ အလောင်းများ နစ်မြှုပ်သေဆုံးနေသည်။

ထို့ကြောင့် အမျိုးမျိုး အန္တရာယ်ပေးနိုင်သည့် အဆိပ်ရှိပိုးမွှားများနှင့် နတ်ဆိုးဝိညာဉ်များစွာတို့ ခိုအောင်းနေတတ်ကြ၏။

၎င်းတို့သည် ဖြတ်သန်းလာသည့် ကျင့်ကြံသူများနှင့်သားရဲများကို အငိုက်ဖမ်းရန် အမြဲစောင့်မျှော်နေချေပြီ။

ရက်အနည်းငယ်ကြာအောင် လျှောက်လှမ်းလာပြီးနောက် ကျယ်ပြန့်သော ရေပြင်ကို မြင်လာရ၏။

ဤနေရာသည် မှောင်မိုက်နေပြီး နေရောင်ခြည်မရှိသဖြင့် သစ်ပင်အနည်းငယ်သာ ပေါက်ရောက်နေသည်။

ပတ်ပတ်လည်တွင် ပေထောင်ချီမြင့်သော တောင်ထွတ်ကြီးများ ရှိနေသည်။ ဖုန်မန်လျိုက လူတိုင်းကို လက်ပြပြီး ရပ်စေလိုက်၏။

ဤသည်မှာ အိမ်မက်တစ္ဆေရေကန်၏ အပြင်ပိုင်းဒေသနှင့် အတွင်းပိုင်းဒေသတို့အပေါ် ပိုင်းခြားထားသော နယ်နိမိတ်ပေပင်။

***

All Chapters