အရိုးစားငါးကြင်း ... ။
Vol. 7 Ch. 83
“ ဒီနေရာက အိပ်မက်တစ္ဆေရေကန်မှာ အကျဉ်းဆုံးနေရာပဲ မိုင်ရှစ်ဆယ်ဝန်းကျင်ရှိ နိုင်မယ်။ ”
“ မိုင်ရှစ်ဆယ် ... ။ ”
အဝါရောင် ၀တ်ဆင်ထားသော အမျိုးသမီးကွမ်ရှင်းသည် အံ့အားသင့်စွာ ရှေ့ကို လှမ်းကြည့်လိုက်သည်။
သူ့ရှေ့တွင် အိမ်မက်တစ္ဆေရေကန်၏ အပြင်နှင့်အတွင်းကို ပိုင်းခြားသော နယ်နိမိတ် မျဉ်းရှိ၏။ ယင်းသည် ကျဉ်းမြောင်းသော ရေလက်ကြားတစ်ခုလိုပေပင်။
ဘေးနှစ်ဘက်တွင် မြင့်မားသော တောင်တန်းကြီးများရှိကာ ထိုရေကြောင်းလမ်း သည်သာ တစ်ခုတည်းသော လမ်းဖြစ်နေ၏။
ပထဝီအနေအထားသည် ပုံမှန်မဟုတ်ချေ။ ကျယ်ပြန်သောနေရာများ ရှိသကဲ့သို့ ကျဉ်းသော နေရာများလည်းရှိသည်။
ကျဉ်းမြောင်းသော နေရာများတွင် အန္တရာယ်နှင့် ကြုံနိုင်ခြေရှိသည်။ တစ်ဖက်တွင် အိမ်မက်တစ္ဆေရေကန်ရှိ ရာသီဥတုသည် အမြဲပြောင်းလဲတတ်၏။
မိုးသည်းထန်စွာရွာချိန်တွင် ဘေးဘီ တောင်တန်းများပေါ်ရှိ သေဆုံးနေကြသော အလောင်းကောင်းများစွာသည် ရေကန်ထဲသို့ မျောပါလာတတ်သည်။
၎င်းတို့သည် ဆေးဘက်ဝင်အပင်နှင့် ရတနာများအတွက် ဝင်ရောက်သူလာများဖြစ် ချေ၏။ အချို့မှာ သားရဲများဖြစ်သည်။
ထိုအလောင်းများကြောင့် မရေမတွက်နိုင်သော နတ်ဆိုးဝိညာဉ်များကို မွေးဖွားလာစေသည်။
လူတိုင်းတွင် ဝိညာဉ်ရှိ၏။ နတ်ဝိညာဉ် နန်းတော်သခင်နယ်ပယ် မဟုတ်သော် ထိုလူ၏ ကြွင်းကျန်ရစ်သောဝိညာဉ်သည် မကောင်းသော အငွေ့အသက်များ ရောထွေးလျက် အဆုံးတွင် နတ်ဆိုးဝိညာဉ် ဖြစ်သွားပေမည်။
နတ်ဝိညာဉ်နန်းတော်သခင် နယ်ပယ်သည် စိတ်ဝိညာဉ်ကို ကြည်လင်စေပြီး နတ်ဆိုးများ၏ သက်ရောက်မှုဒဏ်မှ ကင်းလွတ်စေ၏။
“ ဒီနေရာကနေ အရှေ့မြောက်ဘက်ကို မိုင်(၄၀၀) ဆက်သွားရင် ငါတို့ရောက်ပြီ အခုက စပြီးတော့ ... ငါတို့ခရီးစဉ်ရဲ့ အခက်ခဲဆုံးနဲ့ အန္တရာယ်အရှိဆုံး အချိန်ပဲ။ ”
ဖုန်မန်လျိုက သတိပေးလာ၏။ ထို့နောက်တွင် ကောင်းကင်ပေါ် မော့ကြည့် လိုက်တော့သည်။
ကောင်းကင်တွင် လည်ပင်းကို အညှစ်ခံရသကဲ့သို့ အသံဖြင့် အော်ဟစ်နေသည့် အနက်ရောင်အရိပ်များ မှုန်ဝါးဝါးပျံဝဲနေသည်။
“ ကျီးနက်သားရဲ ... ။ ”
ဤသားရဲများသည် ရှန်ရှင်းနှင့် ယွမ်ဖူနယ်ပယ်တို့တွင် ရှိ၏။ ရေလက်ကြားမှ ဖြတ်သန်းသွားလာသော သားရဲများနှင့် ကျင့်ကြံသူများကို တိုက်ခိုက်ပေမည်။
ထို့ကြောင့် အိမ်မက်တစ္ဆေရေကန်ရှိ အန္တရာယ်ဟူသည် နတ်ဆိုးဝိညာဉ်များသည်သာ မဟုတ်ချေ။
ရေအောက်ထဲ ပုန်းအောင်းနေသည့် သားရဲများနှင့် ကောင်းကင်ရှိ ဤကျီးနက်များ ပါဝင်ချေသည်။
“ မင်းတို့ကို လမ်းတစ်လျှောက် နတ်ဆိုးဝိညာဉ်တွေရဲ့ တိုက်ခိုက်မှုကို ကာကွယ် ပေးမယ် ... ဒါပေမယ့် ရေအောက်က သားရဲနဲ့ ဒီကျီးနက်တွေကိုတော့ မင်းတို့တာဝန်ယူပါ။ ”
ဖုန်မန်လျိုက လူတိုင်းကို တာဝန် ခွဲဝေပေးလိုက်သည်။ အဘိုးကြီးချမ်မှ ဆေးတံ တစ်ချောင်းထုတ်ယူပြီး မီးခိုးငွေ့များ ထောင်းထောင်းထအောင် ဖွာထုတ်လျက်၊
“ ဟား ဟား ဟား ... တခြားသူဆီက ပိုက်ဆံယူပြီးရင် ဘေးဥပဒ်ကင်းအောင် ကူညီ ရတာက သဘာဝပါပဲ။ ”
-ဟု တုန့်ပြန်၏။
ကူချန်က လေထဲရှိရနံ့ကို ရှူရှိုက်ပြီး ဤသည်မှာ နာကျင်မှုပြေပျောက်စေသောဆေး အငွေ့များဖြစ်ကြောင်း သိရှိလိုက်သည်။
ထို့ကြောင့် အဖိုးကြီးချမ်ထံ ကြည့်မိ၏။ တစ်ဖက်လူသည် ဖျင်ကြမ်းအင်္ကျီဝတ်ဆင်ကာ သာမန်အသွင်အပြင်မျိုး ဖြစ်သည်။
ထို့ကြောင့် ကံကြမ္မာမျက်လုံးများဖြင့် ပြန်ကြည့်လိုက်ရာ ယွမ်ဖူနယ်ပယ်နှောင်းပိုင်းသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရသည်။
ရင်ဘတ်နေရာတွင် နှလုံးသားကို ကာကွယ်ထားသော အနက်ရောင်စွမ်းအင်အချို့ ရှိနေ၏။ ယင်းသည် သူ့ကို နားမလည်စေချေ။ သို့တိုင် သူ့အသွင်မှာ တည်ငြိမ်နေ၏။
“ ဝှစ် ... ။ ”
ဖုန်မန်လျိုက လက်ဝှေ့ယမ်းကာ ရေထဲသို့လှေငယ်တစ်စင်းကို ပစ်ချလိုက်သည်။ လှေငယ်သည် လျင်မြန်စွာ ကြီးထွားလာ၏။
များမကြာမီ သူတို့စီးနိုင်သည့် အရွယ်အစားသို့ ရောက်ရှိလာသည်။ သူသည် ဝိညာဉ်လက်နက် သန့်စင်ခြင်းကို ကောင်းစွာ ကျွမ်းကျင်သည်။
ထို့ကြောင့် ဤလှေငယ်တွင် ‘ရုတ်သိမ်းခြင်းတံဆိပ်’များရှိကြောင်း မြင်နိုင်၏။ အဆိုပါတံဆိပ်များသည် ဝိညာဉ်လက်နက်ကို ကြီးထွားခြင်း သို့မဟုတ် ကျုံ့ခြင်းပြုနိုင်မည်။
သို့သော် တံဆိပ်များသည် ကန့်သတ်ချက်ရှိသဖြင့် သတ်မှတ်ထားသော အရွယ်အစားရောက်သော် ရပ်တန့်ပေမည်။
“ ကျေးဇူးပြုပြီး ... ။ ”
ဖုန်မန်လျိုက လူတိုင်းကို တက်စေလိုက်သည်။ ထို့နောက်တွင် တရွေ့ရွေ့ ရွေ့လျားလာခဲ့ကြ၏။
“ ဖြည်းဖြည်း ... ။ ”
မည်သူမျှ မြန်မြန်သွားရန် ဆန္ဒမရှိချေ။ ရေအောက်ကြမ်းပြင်နှင့် ဝေဟင်သားရဲများကို အမြဲသတိထားနေရသည်။ မြန်လွန်းသော် ရှောင်ရခက်ပြီး လှေပျက်စီးနိုင်၏။
ကူချန်သည် လှေဦးတွင် ထိုင်နေ၏။ သူ့တာဝန်သည် ကောင်းကင်ရှိ ကျီးနက်များကို သတိထားရန်ဖြစ်သည်။
ကျန်သူများက ဝိညာဉ်အသိကို ဖြန့်ကျက်လိုက်ကာ ရေအောက်ကြမ်းပြင်နှင့် အနီးတဝိုက်အပေါ် တာဝန်ယူ၏။
သို့သော် ၎င်းတို့၏ ဝိညာဉ်အသိသည် ကူချန်၏ဝိညာဉ်အသိကို မမီနိုင်ချေ။ အနိမ့်ဆုံ ဆယ်ဆကွာခြားသည်။
“ အ ... အ ... ။ ”
ထိုစဉ် ကျီးနက်အော်သံများကို ကြားလာရပြီးနောက် များမကြာခင် ကျီးနက် အုပ်စုကြီး ကောင်းကင်၌ ရစ်ဝဲလာတော့၏။
သို့သော် ၎င်းတို့အားလုံးသည် ရှန်ရှင်းနယ်ပယ်တွင် ရှိနေသဖြင့် ကူချန်မှ ဂရုမစိုက်ချေ။
ကျီးနက်များက ခေါင်းပေါ်တွင် ပျံဝဲ လိုက်ပါလျက် သူတို့ကိုအချိန်မရွေးတိုက်ခိုက်ရန် အခွင့်ကောင်း စောင့်နေကြချေပြီ။
အချိန်ကာလသည် နေ့ခင်းဘက်ဖြစ်သော်လည်း ရေကန်တစ်ခုလုံး တိတ်ဆိတ်မှောင်မိုက်နေ၏။
နှစ်ဖက်စလုံးရှိ တောင်များသည် အလွန်မတ်စောက်ပြီး ကျောက်ကုလားကာ ကဲ့သို့ နေရောင်ခြည်ကို ပိတ်ဆို့ထားသည်။
ထိုကမ်းပါးယံများ အဆုံးတွင် နေရောင်ခြည်များ ခပ်သဲ့သဲ့လင်းနေသည်ကိုသာ မြင်နိုင်၏။
သဘာဝတရား၏ အံ့သြဖွယ်ရာများ မြင်ကွင်းဖြစ်ပြီး ယင်နှင့်ယန်သည် နေ့နှင့်ညကို ကွက်ကွက်ကွင်းကွင်း ပိုင်းခြားပြနေ၏။
“ ဟမ့် ... ။ ”
ဤသည်မှာ ကဗျာအချို့တွင် ဖော်ပြထားသော မြင်ကွင်းမျိုးဖြစ်သည်။ ကူချန်က ရေအောက်ကို ငုံ့ကြည့်၏။
“ ရေအောက်မှာ တစ်ခုခု ရွေ့လျားနေတယ်။ ”
ဝိညာဉ်အသိသည် အာရုံခြောက်ပါးကို တိုးချဲ့ခြင်းဖြစ်သည်။ ဆိုလိုသည်မှာ စိတ်ဝိညာဉ် အသိသည် အမြင်၊ အကြား၊ အရသာ၊ ရနံ့နှင့် ထိတွေ့မှုအာရုံတို့အပေါ် အာရုံစိုက်၏။
ကူချန်စကားကြောင့် လူတိုင်း မျက်ခုံးပင့်လိုက်ကာ ဝိညာဉ်အသိကို ချက်ချင်း ရေအောက်ပို့လွှတ်လိုက်သည်။ ဖုန်မန်လျိုက အံ့ဩသောအမူအရာဖြင့် ကြည့်ကာ၊
“ တာအိုချန် ... အဲဒါ ... ။ ”
-ဟု မေးမြန်းရန်ပြင်လိုက်သည်။
“ ဘယ်ဘက် ... အနောက်မှာ ... ။ ”
မိုကျိက ရုတ်တရက် ဝင်ပြောကာ လှေနောက်ဘက်ရှိ ရေပြင်ဧရိယာအောက်ကို စိုက်ကြည့်လိုက်သည်။
လူတိုင်းသည် သတိထားမိလာ၏။ တစ်ဆက်တည်းမှာပင် မယုံကြည်နိုင်ဟန်ဖြင့် ကူချန်ထံ ပြန်ကြည့်လိုက်ကြသည်။
ဤတာအိုဘုန်းကြီးသည် သူတို့ထက် အာရုံခံစားမှု ပိုကောင်းသည်လော။ ယင်းသည် ဝိညာဉ်အသိ အနည်းငယ် ပြင်းထန်ချေပြီ။
လူတိုင်း၏ ဝိညာဉ်အသိသည် မတူညီသော်လည်း သူတို့အားလုံးသည် ယွမ်ဖူ၌ ရှိနေသဖြင့် များစွာကွာဟခြင်း မဖြစ်သင့်ချေ။
“ ဘရူး ... ။ ”
မိုကျိက ကျောပြင်မှဓားကို ရုတ်တရက် ဆွဲလိုက်ပြီး ထိုအရပ်သို့ အဖြူရောင် ဓားအလင်း တစ်လက်ဖြင့် ပစ်ထုတ်လိုက်သည်။
“ စွပ် ... ။ ”
ပေသုံးဆယ်အကွာတွင် ဓားအလင်းသည် ရေအောက်သို့ နစ်မြုပ်သွား၏။ ရေမျက်မှာပြင်၌ သွေးနီကွက်များ ပေါ်လာပြီး ငါးကြီးတစ်ကောင် ထက်ပိုင်းပြတ်သွားချေပြီ။
“ ဘယ်လိုတောင် မြန်လိုက်တဲ့ဓားလဲ။ ”
ကူချန်က ချီးကျူးလိုက်၏။ တစ်ဖက်လူ လက်ထဲတွင် ဓားလုံးဝ မရှိတော့ချေ။ ယင်းသည် ဓားဆွဲခြင်းနည်းစနစ်ပေပင်။
ဤနည်းစနစ်သည် အရှိန်ကို ဦးစားပေးသည်။ ဓားမဆွဲထုတ်ခင် တည်းကပင် ပစ်မှတ်ထံ ဦးတည်ထား၏။
ထို့ကြောင့် ဓားဆွဲလိုက်ချိန်၌ ပြင်းထန်လွန့်သည့် ပေါက်ကွဲစွမ်းအားမျိုးကို ပေးစွမ်းနိုင်ခြင်းပေပင်။
အလွန်လက်တွေ့ကျကာ ဓားသမားတိုင်း ထိုသို့သော နည်းစနစ်များကို ကျွမ်းကျင်ကြ၏။ သို့သော် စတင်ရန် အချိန်လိုသည်။
သူ သည်လည်း ယင်းကို အနည်းငယ် ကျွမ်းကျင်သည်။ လေဟာနယ် ဓားသုတ္တန်၏ တတိယအရွေ့သည် အလျင်ဖြစ်၏။
ယင်းသည် စွမ်းအားကို အထူးမပြုဘဲ အလျင်ကို ဦးစားပေးသည်။ ဆိုလိုသည်မှာ ဓားဆွဲခြင်းကဲ့သို့ ပြင်ဆင်ခြင်းပြုစရာမလိုဘဲ အချိန်မရွေး ဓားထုတ်နိုင်မည်။
ဤနှစ်ခုကြားတွင် ကွာဟချက်သည် မမြင်သာသော်လည်း ကြီးမားလေသည်။
နည်းစနစ်များနှင့် ဂန္တဝင်များကြားတွင် ကြီးမားသော ကွာဟချက်ရှိသည်။
မနီးမဝေးတွင် ထက်ပိုင်းပြတ်နေသော ငါးကြီးသည် ရေထဲအကြိမ်အနည်းငယ် လူးလှိမ့် ပြကာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။
ထို့နောက် ငါးအသေကို ရှင်းလင်းစွာ မြင်လိုက်ရချိန်၌ လူတိုင်း မျက်နှာ အမူအရာ အနည်းငယ် ပြောင်းကုန်၏။
တစ်ဆက်တည်းမှာပင် ဖုန်မန်လျိုနှင့်အတူ လူတိုင်းက နာမည်တစ်ခုကို တပြိုင်နက်တည်း ရွတ်ဆိုလိုက်ကြတော့သည်။
“ အရိုးစားငါးကြင်း ... ။ ”
***