← Chapters

ပိတ်လှောင်ခံရခြင်း ... ။

Vol. 7 Ch. 87

ပိတ်လှောင်ခံရခြင်း ... ။

Vol. 7 Ch. 87

ဤသို့ဖြင့် လူတိုင်းကမ်းစပ်သို့ ပျံသန်းဆင်းသက်လိုက်သည်။ ဖုန်မန်လျိုမှ ရုတ်သိမ်းတံဆိပ်ဖြင့် လှေကို ပြန်သိမ်း၏။

နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ ကျီးနက်များရေထဲဆင်းပြီး အရိုးစားငါးများနှင့် လုယက်စားသောက်နေသည်ကို မြင်လိုက်ရ၏။

အခြားသော သားရဲအချို့သည်လည်း ရောက်ရှိလာကာ ကျီးနက်သားရဲများကို ဖမ်းရန် ချောင်းမြောင်းနေသည်။

မြင်ကွင်းတစ်ခုလုံး အမျိုးမျိုးသော သားရဲများနှင့် ပြည့်နေတော့၏။ ထို့ကြောင့် အိမ်မက်တစ္ဆေရေကန်သည် ဖြတ်သန်းရန် ခက်ခဲခြင်းဖြစ်သည်။

ယွမ်ဖူနယ်ပယ် ကျင့်ကြံသူအတွက် မိုင်ရှစ်ဆယ်အကွာအဝေးကို နာရီဝက်ထက် မပိုဘဲ ပျံသန်းနိုင်သည်။

သို့သော် ပထဝီအနေအထားသည် ထိုအရှိန်ကို ဟန့်တားနေ၏။ မြင့်မားစွာပျံသန်း သွားပါက ဝေဟင်သားရဲများ၏ တိုက်ခိုက်ခြင်း ခံရပေမည်။

တစ်ဖက်တွင် နိမ့်ပါးစွာ ပျံသန်းသော် စပါးအုံးမြွေနက်ကဲ့သို့ ရေနေသားရဲများစွားတို့၏ ခြုံခိုတိုက်ခိုက်ခြင်း ခံရနိုင်၏။

အထူးသဖြင့် ပျံသန်းချိန်တွင် ဖြန့်ကျက်ထားသော ဝိညာဉ်အသိသည် အချိန်မီ သတိပေးနိုင်ခြင်း မရှိချေ။ အသက် အန္တရာယ် ဖြစ်ပေါ်လာနိုင်၏။

အဘိုးအိုချမ်က ပြုံးသည်။

“ လမ်းတစ်လျှောက်မှာ အတက်အကျတွေ ကြုံခဲ့ရပေမယ့် ငါတို့ ကံကောင်းခဲ့တယ်။ ”

ဤအိမ်မက်တစ္ဆေရေကန်၏ အန္တရာယ်ဟူသည် သားရဲများချည် မဟုတ်ချေ။ နတ်ဆိုး ဝိညာဉ်များသည်လည်းရှိနေ၏။

ထိုကဲ့သို့ ကျယ်လောင်သော ဆူညံသံများသည် ထိုမကောင်းဆိုးရွာများကို သတိထားမိစေသည်မှာ သဘာဝပေပင်။ ဖုန်မန်လျိုက ခေါင်းညိတ်လျက်၊

“ မေ့ထားလိုက်ပါ၊ မြန်မြန်သွားရအောင်။ ”

-ဟု ခရီးဆက်ရန်ပြင်၏။

မည်သူမျှ မကန့်ကွက်ချေ။ ကူချန်သည်လည်း ချွင်းချက်မရှိ လိုက်ပါသွား၏။ ထိုစဉ်လက်ချောင်းများ အနည်းငယ် တုန်ခါလာ သဖြင့် တိတ်ဆိတ်စွာ ငုံကြည့်လိုက်သည်။

အတွင်းစည်းသည် ယွမ်ဖူနယ်ပယ် သားရဲများ ပို၍များပြား၏။ သို့ရာတွင် ကုန်းမြေ ပေါ်တွင် ဖြတ်သန်းသွားရခြင်း ဖြစ်နေသဖြင့် သူတို့အတွက် အားသာချက်ရှိနေသည်။

ထို့ကြောင့် ဝိညာဉ်အသိများ ဖြန့်ကျက်ကာ သားရဲများကို ရှောင်ရှားလျက် ဦးတည်ရာခရီးသို့ ရောက်ရှိခဲ့သည်။ ယင်းသည် အမည်မသိ ချိုင့်ဝှမ်းတစ်ခုဖြစ်၏။

ပေသုံးဆယ်ခန့်မြင့်မားသော ရေတံခွန်တစ်ခုထံမှ ကျယ်လောင်စွာ ရေကျသံ လွင့်ပျံနေသည်။

ဤနေရာတွင် မတ်စောက်လွန်းသော တောင်တန်းများဝန်းရံနေသဖြင့် အလင်းရောင် အလွန်မှိန်ဖျော့နေ၏။

ပတ်ဝန်းကျင်ရှိ သစ်ပင်များသည် စိမ်းလန်းစိုပြေပြီး မြင့်မားလှကာ ကောင်းကင်မှ နေပြောက်ပင် မထိုးနိုင်ချေ။

ရေတံခွန်အောက်ရှိ စမ်းရေအိုင်ရှိ အပြာရောင်ကျောင်တုံးပေါ်တွင် ပေါက်နေသော သစ်ပင်ငယ်တစ်ပင်ကို တွေ့နိုင်သည်။

အပင်ငယ်တွင် အရွက်မရှိချေ။ အကိုင်းအခက်သည်လည်း မရှိဘဲ ယင်းအစား သစ်သီးသုံးလုံး ရှိနေသည်။

“ မီးလျှံသစ်သီး ... ။ ”

ဖုန်မန်လျို၏ မျက်လုံးများတွင် စိတ်လှုပ်ရှားသော အရိပ်အမြွက်များပေါ်လာ၏။

“ မင်းတို့​ထဲမှာ အစီရင်ခင်းကျင်းဖို့ တစ်ယောက်ယောက် နားလည်နိုင်မလား။ ”

ဖုန်မန်လျိုမှ လူတိုင်းထံ လှည့်မေး၏။ သို့သော် အဖြေသည် သူ မျှော်လင့်ထားသလို ဖြစ်မလာချေ။

“ ဝင်္ကပါ အစီရင် ဖွဲ့စည်းအကြောင်း မပြောပါနဲ့ ငါတို့ထဲက တစ်ယောက်ယောက်သာ ဆေးပြားနဲ့ လက်နက်ကို သန့်စင်နိုင်နေရင် ဘယ်လိုလုပ် ဒီမစ်ရှင်ကို ယူမှာလဲ။ ”

အဘိုးအိုချမ်က ပြုံးလျက် တုန့်ပြန်၏။ ဝင်္ကပါဖွဲ့စည်းခြင်း၊ အဂ္ဂိရတ်ပညာ၊ လက်နက် သန့်စင်ခြင်း၊ ဝိညာဉ်ရေးအပင်များ စိုက်ပျိုးခြင်း စသည့် မည်သည့်ပညာရပ်မဆို ဝင်ငွေကောင်းသည်။

ထို့ကြောင့် ဤမျှအန္တရာယ်ရှိသော ဒေသထံသို့ စွန့်စားရန် လာရောက်နေမည် မဟုတ်ချေ။ မိုကျိမှ ခေါင်းယမ်းပြသည်။ သူသည် ဓားသမားဖြစ်၏။ အခြားမသိချေ။

ကူချန်သည်လည်း ခေါင်းခါသည်။ ဝင်္ကပါဖွဲ့စည်းခြင်း၊ အဂ္ဂိရတ်ပညာနှင့် လက်နက် သွန်းလုပ်ခြင်းတို့သည် အလွန်ခက်ခဲချေ၏။ အသက်နှစ်ဆယ်မျှဖြင့် ထိုပညာရပ်များကို တတ်ကျွမ်းရန် မဖြစ်နိုင်ချေ။

“ ဒီမီးလျှံသစ်သီးက သတ္တမတန်း ဝိညာဉ်ဆေးပင်ပဲ ... ဒါကို စောင့်ကြပ်နေတဲ့ နတ်ဆိုးသားရဲတွေရှိနေမှာ ငါကြောက်တယ်။ ”

ဖုန်မန်လျိုက ပြောကြားလိုက်သည်။ ထို့‌နောက်၊

“ ငါအခု ဝင်္ကပါတစ်ခုခင်းမယ် ... မင်းတို့အားလုံးအထဲမှာပဲနေ ခြေတစ်လှမ်းမှ မထွက်နဲ့ တကယ်လို့သာ နတ်ဆိုးသားရဲ တစ်ကောင် ဝင်လာခဲ့ရင် ... သူ့လှုပ်ရှားမှုတွေကို ဝင်္ကပါက ဟန့်တားပေးထားလိမ့်မယ် ...

... အချိန်ကျရင် ငါတို့အားလုံး ဝိုင်းတိုက်ပြီးသတ်ပစ်နိုင်မယ် ဒီသားရဲတွေရဲ့ ရတနာကို ... ငါမယူဘူး မင်းတို့ခွဲယူကြ။ ”

-ဟု ပြောကြားလိုက်၏။

လူတိုင်း ဖုန်မန်လျိုကို အံ့သြစွာ ပြန်ကြည့်နေကြသည်။ ဤလူသည် ဝင်္ကပါ သခင် သည်လော။

“ ဒါနဲ့ ငါတို့ကို ဝင်္ကပါအကြောင်း နားလည်လားဆိုတဲ့ တာအိုဖုန်ရဲ့ မေးခွန်းမျိုးနဲ့ ဘယ်လိုဆက်စပ်နေလဲ။ ”

ကူချန်မှ ရုတ်တရက် မေးလိုက်သည်။

“ ဝင်္ကပါအကြောင်း နားလည်တဲ့ တစ်ယောက်ယောက်ရှိနေရင် နတ်ဆိုးသားရဲ ဝင်လာတာနဲ့ ပိတ်ဖမ်းပြီး သတ်ပစ်ဖို့ပါပဲ ... မဟုတ်ရင် ငါ့ကို မင်းတို့စောင့်နေရမယ်။”

“ နားလည်ပြီ ... ။ ”

ဖုန်မန်လျိုက ပြုံးပြီး ကူချန်ထံ ပြန်ကြည့်ကာ၊

“ ဒါဆိုတာအိုချန်ရှန်က ဝင်္ကပါအကြောင်း နားလည်နိုင်မလား။ ”

“ မဟုတ်ဘူး ... ငါက အဂ္ဂိရတ်ပညာအကြောင်း နည်းနည်းတော့ သိတယ်။ ”

“ အိုး ... မင်းက အဂ္ဂိရတ်ဆရာလား။ ”

ဖုန်မန်လျိုအပါအဝင် လူတိုင်း အံ့အားသင့်သွားကြသည်။ ကူချန်မှ ပြုံးပြပြီး ခေါင်းရမ်း၏။

“ ငါ ... နည်းနည်းသိတာပါ။ ”

“ ဟား ဟား ဟား ... တာအိုချန်ရှန်က နှိမ့်ချလွန်းပါတယ်။ ”

မိုကျိက အဘိုးအိုချမ်ထံ ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။ အဘိုးအိုချမ်မှ ခပ်တည်တည်ဖြင့် ဆေးတံရှည်ကြီးကို မီးခိုးထွက်အောင် ဖွာနေခဲ့သည်။

ဝင်္ကပါပညာရှင်နှင့် အဂ္ဂိရတ်ဆရာများ ဤအရပ်သို့ လာမည်မဟုတ်ကြောင်း ပြောချိန်၌ ဖုန်မန်လျိုနှင့် ကူချန်တို့ ရှေ့ထွက်ပြလာ၏။ ယင်းသည် ပါးရိုက်ခံလိုက်ရသလိုပေပင်။ ဖုန်မန်လျိုက ပြုံးပြီး၊

“ လူတိုင်း ... ပတ်ဝန်းကျင်ကို စောင့်ကြည့်ပေးထားကြပါ ... ငါဝင်္ကပါ ပြင်ဆင် လိုက်မယ်။ ”

ထို့နောက် ဖုန်မန်လျိုက သိုလှောင်လက်စွပ်မှ ပစ္စည်းများထုတ်ယူပြီး ခင်းကျင်းမှု စတင်ခဲ့သည်။

ကူချန်သည် ပတ်ဝန်းကျင်အပေါ် ဝိညာဉ်အသိဖြင့် စောင့်ကြည့်လျက် ဖုန်မန်လျို လုပ်သမျှ ကြည့်နေ၏။

ဝင်္ကပါတစ်ခုတွင် ပုံမှန်အားဖြင့် အစီရင်ဗဟိုချက်ဟူသော ဝင်္ကပါမျက်လုံးနှင့် အပိတ်အဖွင့်များပါဝင်၏။

ဝင်္ကပါမျက်လုံးသည် လူသား၏ ဦးနှောက်ဖြစ်ကာ ခြေလက်အတွင်းအင်္ဂါများနှင့် ချိတ်ဆက်ပြီး အလုပ်လုပ်သည်။

ထိုအစိတ်အပိုင်းများကို အသုံးပြုသော ဝိညာဉ်ရေးရာပစ္စည်းများသည် ဝင်္ကပါတစ်ခု၏ အရည်အသွေးဖြစ်ပြီး လူသားတစ်ယောက်၏ စွမ်းအင်လမ်းကြောင်းများကဲ့သို့ အရေးပါ၏။

ဖုန်မန်လျိုသည် ဝင်္ကပါအစီရင်ကို အောင်မြင်စွာ ခင်းကျင်းနိုင်ခဲ့သည်။ အဋ္ဌမတန်း ဝင်္ကပါဖြစ်ချေ၏။ ယင်းသည် ယွမ်ဖူနယ်ပယ် သားရဲများကို ဖမ်းဆီးနိုင်ပေမည်။

သူသည်လည်း တစ်ဖက်လူကဲ့သို့ အဋ္ဌမတန်းဝင်္ကပါကိုခင်းနိုင်ကာ အဂ္ဂိရတ်ပညာ ကျွမ်းကျင်မှုသည် သတ္တမတန်း တံခါးဝ ရောက်နေပြီဖြစ်သည်။

ဖုန်မန်လျို ခင်းထားသော ဝင်္ကပါအစီရင်ပုံစံသည် တားမြစ်အမျိုးအစား ဖြစ်ချေ၏။

ထို့ကြောင့် နာရီဝက်ခန့် ခင်းကျင်းရုံဖြင့် ဖုန်မန်လျိုတစ်ယောက် အလွန်မောဟိုက်သည်။ မျက်နှာ ဖြူဖျော့လျက် နွမ်းနယ်သွား၏။

“ ငါခဏလောက် အနားယူပါရစေ။ ”

“ တာအိုဖုန် ... မင်းစိတ်အေးအေးအနားယူပါ။ ”

ဖုန်မန်လျိုမှ မြေပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ ဝင်္ကပါခင်းကျင်းခြင်းသည် စိတ်ဝိညာဉ်ကို နွမ်းနယ်စေ၏။ ယင်းသည် စေ့စပ်သေချာမှုနှင့် သဘာဝတရားတွင် လိုက်လျောညီထွေမှု ရှိရပေမည်။

ခဏအကြာတွင် ဖုန်မန်လျိုတစ်ယောက် လက်ဝှေ့ယမ်းပြီး ပြန်ထရပ်လာ၏။

“ ငါတို့ဒီမှာ ကြာကြာနေရင် အန္တရာယ်များတယ် ... မင်းတို့တွေကို ငါနဲ့အတူ မစွန့်စားစေချင်ဘူး ... လာငါ့နောက်လိုက်ခဲ့ ဝင်္ကပါမျက်လုံးကို ပြပေးမယ် ... မင်းတို့ လုပ်ရမှာက အဲဒီမှာရပ်နေဖို့ပဲ။ ”

ထို့နောက် တစ်ဦးချင်းစီအတွက် လုံခြုံစိတ်ချရသောအရပ်တွင် မည်သို့ပြုမူ နေထိုင်ရမည်ကို ပြသပေးလာ၏။

“ ကောင်းပြီ ... ဒါဆို ... ငါတို့ မီးလျှံသစ်သီးအပေါ် စောင့်ရှောက်နေတဲ့ နတ်ဆိုးရှိ၊မရှိ ငါသွားကြည့်လိုက်မယ်။ ”

ကူချန်က သစ်ပင်အောက်တွင် ဖြစ်၏။ ကံကြမ္မာမျက်လုံးမှတဆင့် မြေပြင်ရှိ သိပ်သည်း ကျစ်လစ်သော အစီရင်ပုံစံကို မြင်နိုင်သည်။

ထို့ကြောင့် စစ်မှန်သောစွမ်းအင်ကို ခြေဖျားတွင်စုဝေးစေကာ ဘယ်ဘက်ဆယ်ပေ၌ ရှိနေသည့် အဖိုးအိုထံ ကြည့်လိုက်၏။

“ ဘုတ် ... ဘုတ် ... ။ ”

အဘိုးအိုချမ်က ဆေးတံရှည်ကြီးကို သူ့ဘေးရှိသစ်ပင်နှင့် ပေါ့ပေါ့ဆဆ ခေါက်ချရာ ပြာမှုန်များ လွင့်ဝဲကျလာသည်။

တစ်ဆက်တည်းမှာပင် သစ်ပင်မှတဆင့် စစ်မှန်သောစွမ်းအင်များ မြေပြင်ပေါ်စီးဆင်းကာ သူ့ခြေဖဝါးအောက်ရှိ ဝင်္ကပါအစီရင်ကို အပေါက်ကြီး ဖြစ်လာတော့၏။

ယင်းသည် အဆုံးမဟုတ်သေးချေ။ အခြားသောသူများ၏ ခြေဖဝါးအောက်သို့လည်း စွမ်းအင်များစီးဆင်းစေလျက် အပေါက်များ ဖြစ်ပေါ်လာစေခဲ့သည်။

***

All Chapters