← Chapters

နတ်မုဆိုး ... ။

Vol. 7 Ch. 88

နတ်မုဆိုး ... ။

Vol. 7 Ch. 88

ဖုန်မန်လျိုတစ်ယောက် စိတ်လှုပ်ရှားမှု ထိန်းချုပ်လျက် မီးလျှံသစ်သီးထံ လျှောက်လှမ်း သွားလေသည်။ ရေတံခွန်အောက်ရှိ ရေကန်တွင် ကြည်လင်သောရေများ ပြည်လျှံနေ၏။

သတ္တမတန်း ဝိညာဉ်ရေးဆေးဖြစ်သော မီးလျှံသစ်သီးသည် ရေတံခွန်ရေကန်အောက်ရှိ ကျောက်တုံးပေါ်တွင် ရှိနေ၏။

အသွင်အပြင်အရ တောင်တန်းများတွင် တွေ့ရှိရတတ်သော သာမန်အသီးအနှံအဖြစ်သာ ထင်မိပေမည်။

ထိုစဉ် ဖုန်မန်လျိုတစ်ယောက် ရေကန်အနားရောက်ရှိ သွားချိန်၌ ရေကန်ထဲ ရေများ မရှိတော့သည်ကို မြင်လိုက်ရ၏။

အံကြိတ်လျက် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်လေသည်။ ဤဝန်းကျင်တွင် သားရဲတစ်‌ကောင်ကောင် ရှိရပေမည်။

သဘာဝရတနာများ မွေးဖွားရာအရပ်၌ ကောင်းကင်နှင့်မြေကြီး၏ ဝိညာဉ်စွမ်းအင်များ အထူထပ်ဆုံးဖြစ်သည်။

ရတနာသစ်သီးကို မစားသုံးလျှင်ပင် ပတ်ဝန်းကျင်၌ ရှင်သန်ရုံဖြင့် အကျိုးကျေးဇူး ရရှိစေသည်။

သည့်ပြင် အရေးကြီးသော အချိန်များ၌ ထိုသဘာဝရတနာမှာ အသက်ကယ်ဆေးလည်း ဖြစ်လာနိုင်မည်။ အတွေးများဖြင့် ဝင်္ကပါထံ ပြန်လှည့်ကြည့်သည်။

လူတိုင်းသည် ဝင်္ကပါအလယ်တွင် ရှိသေးသည်ကို မြင်ပြီးနောက် အနည်းငယ် သက်သာရာရသွား၏။ လက်ရှိ လိုအပ်နေ သည်မှာ မီးလျှံသစ်သီးပေပင်။

အသက်ပြင်းပြင်းရှူပြီး လက်များ ဖြန့်လိုက်သည်။ ရုတ်တရက် ဖြူဖျော့နေသော ရောင်ဝါထွက်ပေါ်လာ၏။ ချိုင့်ဝှမ်းသည် ကျယ်ပြန့်ခြင်း မရှိချေ။

ပတ်ဝန်းကျင်တွင် သစ်ပင် ကျဲကျဲများသည်သာ ပေါက်ရောက်နေသည်။ သားရဲများ ပုန်းကွယ်ရန် နေရာမရှိနိုင်။

သို့မဟုတ် သားရဲသည်သာ အစာရှာရန် အပြင်မထွက်ပါက ဤဒေသတွင်ပင်ရှိနေနိုင်၏။ အဆုံးတွင် အသက်ပြင်းပြင်းရှူကာ ရေကန်ထဲ ပြေးသွားလိုက်သည်။

“ ဖပ် ... ။ ”

ရေမျက်နှာပြင်ပေါ် ခြေဖျားဖြင့် ပုတ်လိုက်၏။ ပုစဉ်းရင်ကွဲ တစ်ကောင်ကဲ့သို့ ရေစက်များလှုပ်ခါလျက် ကျောက်တုံးကြီး အနားဆင်းသက်သွားခဲ့သည်။

“ ဝှစ် ...။ ”

“ ဝူး ... ။ ”

တုန့်ဆိုင်းခြင်းမရှိ မီးလျှံသစ်သီးများကို ခူးယူကာ ချက်ချင်း ပြန်ဆုတ်လိုက်စဉ် ရေပြင်မှ သွေးများပေကျံနေသော ပါးစပ်ကြီး လေထဲ ပျံတက်လာ၏။

ယင်းသည် ကျောပြင်တစ်ခုလုံး ရေခဲသလင်းကျောက်ကဲ့သို့ ဖြူဖွေးနေခဲ့သော မိကျောင်းတစ်ကောင်နှင့်တူနေသည်။

“ ဟမ့် ... ။ ”

သွားများမှာ ထက်ရှနေပြီး ဆင်တစ်ကောင်ကိုပင် အပိုင်းပိုင်းကိုက်ဖြတ် နိုင်၏။ ဖုန်မန်လျိုတစ်ယောက် ချက်ချင်း ဝင်္ကပါဆီသို့ ဆုတ်ခွာလာသည်။

ထိုမြင်ကွင်းသည် လူတိုင်းအပေါ် တိုက်ခိုက်ရန် စိတ်လှုပ်ရှားစေ၏။ အဖိုးအိုနှင့် ကူချန်သာလျှင် ငြိမ်သက်နေခဲ့သည်။

“ ဝူး ... ။ ”

နတ်ဆိုးသားရဲက ဒေါသတကြီးနှင့် ဖုန်မန်လျိုထံ အဖြူရောင်အခိုးအငွေ့များဖြင့် မှုန်ထုတ်တော့သည်။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

ဤသည်မှာ အလွန်အေးစက်နေပြီး ၎င်းထိမှန်သောရေမျက်နှာပြင်သည် လျှင်မြန်စွာ အေးခဲသွား၏။

“ ဝှစ် ... ။ ”

ဆုတ်ခွာနေလျက်မှ ဖုန်မန်လျိုခမျာ ရုတ်တရက် လေးလံလာသော ခြေထောက်ထံ ငုံကြည့်ပြီး ပြတ်ပြတ်သားသား ဖြတ်ချပစ် လိုက်တော့သည်။

သွေးများပြန့်ကျဲလျက် ချက်ချင်းပင် သွေးနီရောင်ပုံဆောင်ခဲများ အဖြစ်သို့ ပြောင်းလဲ သွား၏။ လက်ရှိအချိန်၌ ဝင်္ကပါနှင့် သူသည် ပေငါးဆယ်မျှ ဝေးကွာနေသေးသည်။

“ ဝင်္ကပါထဲက ထွက်မလာနဲ့ မဟုတ်ရင် မင်းတို့တိုက်ခိုက်ခံရလိမ့်မယ်။ ”

သို့တိုင် ဖုန်မန်လျိုက အော်ဟစ်ပြီး သတိပေးလိုက်သည်။ မိုကျိနှင့် ကွမ်ရှင်းတို့ခမျာ တုန့်ဆိုင်းကုန်၏။

ဆောင်းခိုနေသော အင်းစက်လေးသည် ကူချန်အနားတွင် လေထဲဆိုင်းငံ့ထားသကဲ့သို့ လွင့်မျောတောက်ပနေသည်။

ပေလေးဆယ်။ ပေသုံးဆယ်။ ပေနှစ်ဆယ်။

ဖုန်မန်လျိုတစ်ယောက် အသက်လု ပြေးနေဆဲဖြစ်သည်။ သူ့နောက်မှ သားရဲသည် ကမ်းပေါ်သို့တက်လာကာ လိုက်ပါလာ၏။

မြေပြင်တစ်ခုလုံး တုန်ခါလျက် ကျောက်တုံးများကြေမွကုန်သည်။ ဖုန်မန်လျို တစ်ယောက် အသက်ပြင်းပြင်းရှူလျက် သူ့အရေပြားအောက်တွင် အနက်ရောင် ရေလှိုင်းများ သက်ဝင်လာတော့၏။

“ အသက်ဝင် ... ။ ”

သို့သော် ပတ်ဝန်းကျင်သည် ပြောင်းလဲမှုမရှိချေ။ ဖုန်မန်လျိုနောက်မှ သားရဲသည်သာ ပို၍ နီးကပ်လာ၏။

“ အသက်ဝင် ... ။ ”

ဖုန်မန်လျိုမှ သံသယမဝင်အားဘဲ တည်ငြိမ်အောင်ပြင်ယူလျက် ဝင်္ကပါကိုထပ်မံ အသက်သွင်းလိုက်သည်။ သို့သော် တုန့်ပြန်မှု မရှိသေးချေ။ ကူချန်မှ သည်းမခံနိုင်တော့ဘဲ ချက်ချင်းဆုတ်ခွာလျက်၊

“ နောက်ဆုတ်ကြ ... ။ ”

-ဟု အော်ဟစ်လိုက်သည်။

အဘိုးအိုချမ်က မျက်ခုံးပင့်လျက် အမူအရာအနည်းငယ်ပြောင်းသွားကာ ကူချန်ထံ ပြန်ကြည့်ပြီး ဆုတ်ခွာလိုက်လေသည်။

မိုကျိက ဖုန်မန်လျိုထံ စိုက်ကြည့်လျက်မှ မျက်လုံးထဲတွင် စူးရှသော အလင်းရောင်တစ်စ လင်းလက်လာ၏။ သို့တိုင် ဆုတ်ခွာခဲ့သည်။ ကွမ်ရှင်းသည်လည်း ဆုတ်ခွာ၏။

“ ဒါ ... ။ ”

လူတိုင်း ထောင်ချောက်အတွင်းမှ လွတ်မြောက်ကုန်ကြသဖြင့် ဖုန်မန်လျိုခမျာ ထိန်းမရတော့ချေ။

အနက်ရောင် သွေးပြန်ကြောများမှ အခိုးအငွေ့များ စိမ့်ထွက်လာကာ ချက်ချင်း ဖြူဖျော့သွားသည်။

“ မင်း ... ။ ”

“ ငါမဟုတ်ဘူး ... ။ ”

ထို့နောက် ဒေါသထွက်လွန်းသဖြင့် စကားသံထွက်မလာဘဲ သတ်ဖြတ်လိုသော အကြည့်နှင့် ကူချန်ထံကြည့်၏။ ကူချန်မှ ခေါင်းရမ်းကာ ရှင်းပြခြင်း မပြုချေ။

အဘယ့်ကြောင့်ဆိုသော် နောက်မှ လိုက်လာသော နတ်ဆိုးသားရဲသည် ပါးစပ်ကို ဖွင့်ကာ တကျိုက်တည်းဝါးမျိုးလိုက်ပြီ ဖြစ်လေသည်။

“ ဂျွတ် ... ။ ”

“ အား ... ။ ”

မာကျောသော သွားများဖြင့် အရိုးကို ကြိတ်ချေလိုက်သံကြီး ထွက်ပေါ်လာတော့၏။ ကွမ်ရှင်းက အဝေးမှကြည့်ကာ ထိုမြင်ကွင်းကို မှင်သပ်နေခဲ့သည်။

ဖုန်မန်လျို ယူဆောင်လာသည့် မီးလျှံသစ်သီးများမှာ မြေပြင်ပေါ် ပြုတ်ကျ လာတော့သည်။

“ ..... ။ ”

အရိုးနှင့်အသားများ ကြိတ်ချေနေသံ ထွက်ပေါ်လာ၏။ အဆုံးတွင် မျိုချသံနှင့်အတူ စူးစူးဝါးဝါး အော်ဟစ်သံကို ပြုလာခဲ့သည်။

“ ဝူး ... ။ ”

“ ဝုန်း ... ။ ”

အမြီးကြီးသည်လည်း သစ်ပင်များကို ရိုက်ချိုးကာ ကျောက်တုံးများအပေါ် အပိုင်းပိုင်း ကွဲကြေသွားစေခဲ့၏။ မျက်စိတမှိတ်အတွင်း ဧရိယာတစ်ခုလုံး ပျက်စီးသွားသည်။

အဘိုးအိုချမ်သည် ဆေးတံရှည်ကို မသောက်တော့ချေ။ ရူးသွပ်နေသော သားရဲထံ ကြည့်ကာ၊

“ ဒီသားရဲကို နှိမ်နင်းဖို့ မင်းတို့ကူညီပေးနိုင်မလား။ ”

-ဟု မေးမြန်းလာ၏။

သူ့မေးခွန်းကို လူတိုင်း ပြန်မဖြေနိုင်ခင် ကူချန်က စိုက်ကြည့်လျက်၊

“ ဒါဆို ... မင်းရဲ့ဇာစ်မြစ်ကို အရင်ပြောသင့်တယ် မထင်ဘူးလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ငါဇာစ်မြစ်လား ... ဒါက ရုတ်တရက် ဖြစ်သွားပုံရတယ် တောင်းပန်ပါတယ် ... ။ ”

ချမ်ရှန်မှ ဦးစွာတောင်းပန်ပြီး၊

“ ငါက မဟာချင်ရဲ့ ... နတ်မုဆိုးတစ်ယောက်ပဲ ပဉ္စမအဆင့် ဓားသမားပါ။ ”

-ဟု မိတ်ဆက်လာ၏။

ယင်းသည် မိုကျိနှင့် ကွမ်ရှင်းကို အံ့သြသွားစေတော့သည်။ နတ်မုဆိုးဟူသည် ချင်းယွမ်နိုင်ငံ၌ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်၏။

ချင်းယွမ်နိုင်ငံကြီးတဝိုက်နှင့် ပတ်ဝန်းကျင် နိုင်ငံများအတွင်းမှ မကောင်းဆိုးဝါး ဝိညာဉ်များ၊ နတ်ဆိုးများနှင့် သားရဲများကို နှိမ်နင်းရန် အထူးတာဝန်ရှိကြသည်။

ချင်းယွမ်ဧကရာဇ်မင်းသည် ထာဝရမင်းဆက်ကို တည်ဆောက်လိုနေ၏။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံလုံး၏ ကံကြမ္မာကို အခြေခံအုတ်မြစ်အဖြစ် ပြုပြင်နေသည်။

နိုင်ငံတစ်ခုသည် ဒေသအသီးသီး၌ သားရဲများသောင်းကျန်းနေသော် ကံကြမ္မာကို သဘာဝအတိုင်း မရနိုင်ချေ။ ။

ထို့ကြောင့် နတ်မုဆိုးများဖွဲ့စည်းကာ နိုင်ငံတဝှမ်းနှိမ်နင်းမှုများ ပြုလုပ်ပေးနေခဲ့သည်။ ထားဝရမင်းဆက်ဟူသည် ကံကြမ္မာသားရဲကို ဖွဲစည်းခြင်းဖြစ်၏။

ကောင်းမွန်သော ကံကြမ္မာမရှိသော် ရာသီဥတုဖောက်ပြန်ကာ သဘာဝဘေးဆိုးများ သင့်ပေမည်။ ဆိုလိုသည်မှာ ဤအဘိုးအိုသည် လူကောင်းဖြစ်ကာ ဖုန်မန်လျိုသည် နတ်ဆိုးကျင့်ကြံသူဖြစ်၏။

“ ဝူး ... ။ ”

ထိုအချိန်တွင် မိုကျိနှင့် ကွမ်ရှင်းသည် ဒေါသတကြီးလှမ်းတက်လာနေသော သားရဲထံ လှမ်းကြည့်သည်။

“ ဘုန်း ... ဘုန်း ... ။ ”

ဖုန်မန်လျိုကို ဝါးမျိုးပြီးနောက် ဒေါသပြေဟန်မပြဘဲ အမြီးဖြင့် သစ်ပင်ကြီးများ အပေါ် ရိုက်ချိုးဖျက်ဆီးနေသည်။

ယွမ်ဖူနယ်ပယ် ကျင့်ကြံသူသည် ရှန်ရှင်းနယ်ပယ်ထက် သန်မာလှသော်လည်း ထိုအမြီးဖြင့်ရိုက်မိသော် သေနိုင်၏။ အသက် ဆယ်သက်ရှိလျှင်ပင် မလွတ်မြောက်နိုင်ချေ။

“ ဒီသားရဲကိုသာ ဖမ်းပြီးရင် မင်းတို့ အကူအညီတွေအတွက် နတ်မုဆိုးအဖွဲ့ကနေ သေချာပေါက် ဂုဏ်ပြုပေးပါလိမ့်မယ်။ ”

အဘိုးကြီးချမ် စကားကြားချိန်၌ မိုကျိနှင့်ကွမ်ရှင်းက အချင်းချင်း ပြန်ကြည့်ကာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်တော့သည်။

“ ကောင်းပြီ ငါတို့ကူညီမယ် ... ။ ”

***

All Chapters