← Chapters

မာနကြီးသော ဓား ... ။

Vol. 7 Ch. 89

မာနကြီးသော ဓား ... ။

Vol. 7 Ch. 89

“ ကောင်းပြီ ... ။ ”

မိုကျိက ဖုန်မန်လျိုကို ဝါမြိုပြီး အနည်းငယ်ရုန်းကန်နေသော နှင်းမိကျောင်းထံ စိုက်ကြည့်ကာ ပြောလိုက်သည်။

ကွမ်ရှင်းတစ်ယောက် ခဏမျှစဥ်းစားပြီး သဘောတူလိုက်၏။ ဖုန်မန်လျိုသည် နတ်ဆိုး ဝိညာဉ်ဖြစ်သောကြောင့် မစ်ရှင်အတွက် ဆုလာဘ်ကို သေချာပေါက် မရနိုင်တော့ချေ။

ထို့ကြောင့် နတ်မုဆိုးကို ကူညီပေးခြင်းအားဖြင့် ဆုလာဘ်များ ရရှိနိုင် ပေမည်။ နတ်မုဆိုးများ၏ ဆုလာဘ်သည် မစ်ရှင်ဆုလာဘ်ထက်ပင်ပိုရနိုင်၏။

အဘိုးအိုချန်က ကူချန်ကို လှည့်ကြည့်လိုက်ပြီး၊

“ တာအိုချန်ရှန် မင်းရောဘယ်လိုလဲ။ ”

-ဟု မေးလိုက်သည်။

ကူချန်သည် သူ မမြင်နိုင်သော တစ်ဦးတည်းသော လူတစ်ယောက်သာ ဖြစ်ပြီး အန္တရာယ်အရှိဆုံးဟု ခံစားရ၏။

“ တစ်ကောင်နဲ့ လေးယောက် ... ငါတို့မှာအားသာချက်ရှိတယ် ဒါဆိုသဘော မတူဘဲ နေနိုင်မလား။ ”

ကူချန်မှ ပြန်ဖြေသည်။ နတ်မုဆိုးများ၏ ရည်ရွယ်ချက်သည် ကောင်းမွန်ပြီး ချင်းယွမ်၌ မြင့်မားသော အဆင့်အတန်းရှိ၏။

သို့သော် ချင်းယွမ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများမှာ များပြားလှသောကြောင့် နတ်မုဆိုးများ လက်လှမ်းမမီကြချေ။ မကြာခဏ ဆိုသလို နတ်မုဆိုးများမှ မစ်ရှင်များ ထုတ်ပေးတတ်သည်။

တစ်ချိန်တည်းမှာပင် တစ်စုံတစ်ဦးသည် မကောင်းဆိုးဝါးများကို ဖမ်းဆီးခြင်းဖြင့်လည်း အကျိုးဆောင်ရမှတ်များကို ရရှိနိုင်၏။

ထိုအကျိုးဆောင် ရမှတ်များကို နတ်မုဆိုးဌာနခွဲများတွင် နည်းစနစ်များ၊ စွမ်းအင်ဆေးပြားနှင့် အခြားသော အရာများ အတွက် လဲလှယ်နိုင်၏။

ထို့ပြင် ၎င်းတို့ကို ရောင်းဝယ်ရာတွင်လည်း ငွေကြေးအဖြစ် အသုံးချနိုင်သည်။ ချင်းယွမ်နိုင်ငံ နတ်မုဆိုးရမှတ်သည် ခိုင်မာသော ငွေကြေး အဖြစ်လည်း သတ်မှတ်ထား၏။

တစ်ဖက်တွင် ရုန်းကန်နေဆဲဖြစ်သော နှင်းမိကျောင်းကြောင့် အလျင်မလိုဘဲ သိချင် နေသည့် အကြောင်းအရာကို ကူချန်မှ အရင်မေးသည်။

“ ဘာလို့ အရင်ထဲတည်းက မလှုပ်ရှားတာလဲ။ ”

အဘိုးအိုချမ်က၊

“ မသေချာသေးလို့ ... ။ ”

-ဟု ပြန်ဖြေ၏။

“ သူက နတ်ဆိုးဝိညာဉ်ပဲ ... ခန္ဓာကိုယ်ပျက်စီးသွားပြီ တခြားသူခန္ဓာကိုယ်နဲ့ လုယူအသက်ရှင်နေတာ ... လမ်းမှာ သူဟာ စပါးအုံးမြွေနက်ကို တမင်တကာ ...

... ထွက်လာအောင် ရန်စခဲ့တယ်လို့ ... ငါထင်တယ် စပါးအုံးမြွေနက်နဲ့ တိုက်ပွဲမှာ သူ့ရဲ့ လက္ခဏာကို အတည်ပြုနိုင်တဲ့ ထူးဆန်းတဲ့ ရောင်ဝါတစ်ခု မြွေနက်ကို ပြသခဲ့တယ် ... ။ ”

အခြားသူတစ်ဦး၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခြင်းဟူသည် စိတ်ဝိညာဉ်သခင်အတွက် သာမန်ပေပင်။ (စိတ်ဝိညာဉ်သခင် - နတ်ဝိညာဉ် နန်းတော်သခင်။)

သို့သော် ဝိညာဉ်သည် စိတ်ဝိညာဉ် သခင်နယ်ပယ်သို့ မရောက်ရှိနိုင်မီ စမ်းသပ်မှု အမျိုးမျိုးကို ဖြတ်‌ကျော်ရ၏။

စိတ်ဝိညာဉ်သခင် နယ်ပယ်သည် ဝိညာဉ်ရေးအလင်းကို လောင်ကျွမ်းစေနိုင်သည်။ ထိုအလင်းသည် စိတ်နှလုံးကို ကြည်လင်စေကာ နတ်ဆိုးဝိညာဉ်များရန်မှ ကာကွယ်ပေးနိုင်၏။

သာမန်ဝိညာဉ်များ အတွက်မူ ထိုနတ်ဆိုးဝိညာဉ်များကို တိုက်ထုတ်နိုင်ခြင်း မရှိချေ။ ထို့ကြောင့် အသိစိတ်ပျောက်ကာ နတ်ဆိုးဖြစ်လာပေမည်။

ရုပ်ခန္ဓာသည် ယန်ဖြစ်ပြီး ဝိညာဉ်သည် ယင်ဖြစ်၏။ ယင်နှင့်ယန် နှစ်ပါးမြဲနေမှသာလျှင် ဆက်၍တည်မြဲနေနိုင်မည်။

ရောင်ဝါသည် ယန်မှဖြစ်တည်လာခြင်း ဖြစ်သည်။ ဝိညာဉ်တည်ငြိမ်မှုကို ထိန်းသိမ်းရန် အဓိက ရည်ရွယ်၏။

စိတ်ဝိညာဉ်သည် နတ်ဝိညာဉ်အဖြစ် မရောက်ရှိနိုင်မီ သူ့ကိုယ်သူ ချုပ်တည်းနိုင်သော ဉာဏ်ရည်ဉာဏ်သွေးမျိုး မရှိသေးချေ။

ထို့ကြောင့် နတ်ဆိုးဝိညာဉ်များသည် အခြားသော ခန္ဓာကိုယ်ပိုင်ရှင်နှင့် ပေါင်းစည်းရန် ခက်ခဲနေသည်။

ခန္ဓာကိုယ်သည် စိတ်ဝိညာဉ်နှင့် ပေါင်းစည်းနိုင်ခြင်းမရှိသော် ယို့ယွင်းလာပြီး ခန္ဓာအသစ်ကို ထပ်ရှာရ၏။

ဤနည်းဖြင့် ခန္ဓာကိုယ်ကို အပိုင်သိမ်းထားသူများသည် ပိုင်ရှင်ခန္ဓာကိုယ် အမြဲပြောင်းလဲနေရသည်။

တစ်ချိန်တည်းမှာပင် ထိုသို့ခန္ဓာကိုယ် ပြောင်းလဲလိုက်ချိန်တိုင်း ဝိညာဉ်အလင်းများ ဆုံးရှုံး ပျောက်ကွယ်သွားပြီး ဝိညာဉ်ညှိုးနွမ်း သွားပေလိမ့်မည်။

ခန္ဓာကိုယ်နှင့် ပေါင်းစည်းခြင်းသည် ဝိညာဉ်အလင်းမှသာလျှင် လုပ်ဆောင်နိုင်သော အရာဖြစ်သည်။

ယင်တစ်မျိုးတည်းဖြင့် အသက်မရှင်နိုင် သကဲ့သို့ ယန်တစ်မျိုးတည်းဖြင့်လည်း အတူတူ ပေပင်။ ဆိုလိုသည်မှာ ဝိညာဉ်၌ ဝိညာဉ်ရောင်ဝါ သို့မဟုတ် ဝိညာဉ်ခံစားမှုမရှိပါက ရုပ်ခန္ဓာနှင့် ပေါင်းစပ်မရနိုင်ချေ။

ရောင်ဝါသည် မျိုးစေ့နှင့်တူသည်။ ၎င်းမှာ ကြီးထွားနိုင်ပြီး ခန္ဓာကိုယ်တွင် အမြစ်တွယ်ကာ ဝိညာဉ်နှင့် ဆက်သွယ်ပေး၏။

မီးလျှံသစ်သီးသည် ဝိညာဉ်ရောင်ဝါကို ရရှိစေနိုင်သည်။ ဤနည်းဖြင့် ယင်နှင့်ယန်တို့ကို သဟဇာတဖြစ်လာအောင် အချိန်အနည်းငယ်မျှ ထိန်းထားနိုင်ပေမည်။

ကူချန်က သားရဲထံ ကြည့်၏။ နှင်းမိကျောင်းပါးစပ်အတွင်း မီးလျှံသစ်သီးအချို့ အရည်ပျော်နေပြီဖြစ်သည်။

“ နှမျောစရာ ကောင်းလိုက်တာ ... ။ ”

အနည်းငယ် နောင်တရနေမိ၏။ ရှေးမစွတည်းကပင် လှုပ်ရှားသော် မီနိုင်သည်။ ယခုမူ သတ္တမတန်း စွမ်းအင်သစ်သီးကို ဖြုန်းတီးပစ်မိပြီဖြစ်သည်။

၎င်းလှုပ်ရှားမှုများ တဖြည်းဖြည်း နှေးကွေးလာသည်။ ထို့ကြောင့် အဘိုးအိုချမ်၏ အကြည့်များ တောက်ပလာပြီး၊

“ သူ အဆင်​မ​ပြေ​သေးဘူး၊ ဒီအချိန်​မှာ သူ့ကိုတိုက်ရင် အ​ကောင်းဆုံး​ပဲ။ ”

-ဟု ဆိုလျက် နှင်းမိကျောင်းဆီသို့ ဦးစွာပြေးဝင်သွားသည်။

“ အရမ်း မြန်တယ် ... ။ ”

မိုကျိတစ်ယောက် အံ့ဩသွားလေသည်။ တစ်ဖက်လူ၏ အဟုန်သည် အံ့အားသင့်ဖွယ်ရာ ဖြစ်၏။ ခွန်အားကို ဖုံးကွယ်ထားချေပြီ။

“ ဝှစ် ... ။ ”

အဘိုးအိုချန်က သူ့ဆေးတံကြီးမှ အဖြူရောင်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။ ၎င်းတို့သည် စက်ဝိုင်းအသွင်သဏ္ဍန်ရှိသော ဓါတ်ငွေ့လုံးများပေပင်။

သက်ရှိများကဲ့သို့ နှင်းဖြူမိကျောင်းကို ချည်နှောင်ရန်ကြိုးစား၏။ ဤအခိုက်အတန့်၌ နှင်းမိကျောင်းမျက်ဝန်း၌ အလင်းရောင်များ တောက်ပလာ၏။

ဒေါသနှင့် ပြည့်နှက်နေသော အော်ငေါက်သံကြီးသည်လည်း ထွက်ပေါ်လာ ပြန်သည်။

“ လူတိုင်းသေရမယ်။ ”

ယင်းသည် သားရဲအော်သံမျှသာ ဖြစ်သော်လည်း နားစည်ထဲသို့ ဝင်ရောက်ချိန်၌ ပြတ်သားသော အဓိပ္ပါယ်မျိုး ပေးလာ၏။

“ မင်း ... ငါ့ကို တားဝံ့သလား ... သူတို့ဒီမှာနေပြီးတော့ သေဖို့စောင့်နေတာ မင်းမမြင်ဘူးလား ... ။ ”

ဖုန်မန်လျို ဝိညာဉ်သည် နှင်းဖြူမိကျောင်းအပေါ် လွှမ်းမိုးထားနိုင်ပုံရပြီး အမိန့်ပေးရန် ကြိုးစားနေ၏။

ကူချန်တစ်ယောက် ပြုံးလိုက်သည်။ ဖုန်မန်လျို၏ ဝင်္ကပါသည် ထောင်ချောက်တစ်ခု ဖြစ်သည်။ ယင်းသည် သားရဲများအတွက် မဟုတ်ဘဲ ဝင်္ကပါအတွင်းမှ လူများထံဖြစ်၏။

သူတို့ကို ရပ်စေသောနေရာသည် အစီရင်မျက်လုံးဖြစ်ပြီး ဖုန်မန်လျိမှသူတို့ကို နှင်းမိကျောင်းအတွက် ကျွေးမွေးရန် ချုပ်နှောင်ထားခြင်းဖြစ်သည်။

ကံဆိုးသည်မှာ ထိုအရာကို မြင်နိုင်ပြီး ဖယ်ရှားရန် ကြိုးစားစဉ် နတ်မုဆိုးမှ ချိုးဖြတ် ပေးခဲ့ခြင်းဖြစ်၏။

နှင်းဖြူမိကျောင်း၏ ခြေလက်များက မြေပြင်ကို တူးဆွနေပြီး သဲ၊ ကျောက်စရစ်နှင့် မြေဆီလွှာများ နေရာအနှံ့ပျံဝဲနေသည်။

ကျောပြင်တလျှောက် ရေခဲလွှာများ ဖြစ်ပေါ်လာပြီး အေးမြသောအခိုးအငွေ့များကို ထုတ်လွှတ်လာ၏။

ရုန်းကန်နေသည်မှာ ထင်ရှားသည်။ အဆုံးတွင် အေးစက်သော သူ့မျက်လုံးများက ကူချန်ထံ စိုက်ကြည့်နေ၏။

ကူချန်မှ ဂရုမစိုက်ချေ။ မတရားမှုတိုင်းတွင် ကျူးလွန်သူရှိ၍ အကြွေးတိုင်းတွင် တောင်းခံသူ ရှိသည်။ မည်သို့ပင် ကြည့်ပါစေ ဖုန်မန်လျိုမှာ မှားယွင်းနေသူဖြစ်၏။

“ မြန်မြန် လုပ် ... ။ ”

အဘိုးအိုချမ်သည် အံကြိတ်လျက် နှင်းဖြူမိကျောင်း၏ လှုပ်ရှားမှုကို ထိန်းချုပ်ရန် မီးခိုးသံကြိုးများ ဆက်၍ ဖန်တီးနေ၏။

ဤသည်မှာ သူကျွမ်းကျင်သော လျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်သည်။ ရူရ်များက မီးခိုးအတွင်း သံကြိုးများသဖွယ် ဖြစ်တည်ကာ အဆက်မပြတ် တုပ်နှောင်၏။

သာမန်နည်းစနစ်မဟုတ်ချေ။ မီးခိုးရောင်သံကြိုးများသည် အလယ်အလတ် အဆင့်တွင်ရှိသည်။

အဘိုးအိုချမ်သည် ဝင်္ကပါအစီရင်ကို နားလည်နေပြီး ကိုယ်တိုင်ပင် ဖန်တီးနိုင်ပုံရ၏။ ထို့ကြောင့် မီးခိုးသံကြိုးများဖြင့် ပိတ်လှောင် အစီရင်တစ်ခု အသက်ဝင်လာသည်။

“ ဟမ့် ... ”

ထိုမြင်ကွင်းကြောင့် ကွမ်ရှင်းက ရွှေပိုက်ကွန်ကို ပစ်လိုက်သည်။ ရွှေပိုက်ကွန်နှင့် မီးခိုးရောင်သံကြိုးများသည် နှင်းဖြူမိကျောင်း၏ ခန္ဓာကိုယ်ကို တင်းကြပ်စွာချုပ်မိသွား၏။

မိုကျိက အသက်ခပ်ပြင်းပြင်းရှူကာ ကျောပြင်ရှိ ဝိညာဉ်ရေးဓားကိုဆွဲပြီး ခုတ်ချ လိုက်လေသည်။

“ ထန် ... ။ ”

ဓားကိုယ်ထည်မှ စူးရှတောက်ပသော ရွှေရောင်အလင်းများဖြာလျက် နှင်းမိကျောင်း၏ ကျောပြင်ပေါ် ကျရောက်သွား၏။

“ ခရစ် ... ။ ”

ကျောပြင်တလျှောက်ရှိ ရေခဲလွှာများ ကွဲအက်သွားပြီး အေးစက်သော ရေခဲမှုန်များ ပြန့်ကျဲသွားသည်။

“ ဖျစ်ဖျစ် ... ။ ”

တစ်ဆက်တည်းမှာပင် သေးငယ်သော ပြတ်ရှရာသာပေါ်လာပြီး ရေခဲလွှာများချက်ချင်း ပြန်လည် ဖုံးလွှမ်းသွား၏။ ဤသည်မှာ အမှန်ပင် မာကျောသော ခုခံကာကွယ်ရေး အလွှာတစ်ခု ဖြစ်နေသည်။ မိုကျိတစ်ယောက် မျက်ခုံးပင့်၏။

“ ဒီရေခဲတုံးတွေက အရမ်းမာတယ် သူ့ရဲ့ခုခံမှုဟာ ... အဆင့်နိမ့် ဝိညာဉ်လက်နက်နဲ့ ယှဉ်နိုင်တယ် ... ငါတို့အစွမ်းနဲ့ ဒီရေခဲလွှာကို ဖြတ်ကျော်ဖို့ ခက်လိမ့်မယ် ... ။ ”

“ ရွှပ် ... ။ ”

ထိုစဉ် လေခွင်းသံများနှင့်အတူ လေဟာနယ်အက်ကွဲလျက် နှင်းမိကျောင်း၏ ဦးခေါင်းထက်၌ ထက်ရှမှုပေါ်လာတော့၏။

လူတိုင်း တိတ်ဆိတ်ကုန်လေသည်။ ဤသည်မှာ ဓားတစ်လက်ဖြစ်သည်။ ထိုဓား၏ အေးစက်မှုသည် နှင်းမိကျောင်းထက် သာလွန်၏။

သူတို့နှလုံးသား အပေါ်ကူးစက်စေသည်။ နှင်းမိကျောင်းကျောပြင်ပေါ်ရှိ ရေခဲအလွှာသည် နွေဦးတွင် ပျော်ကျလာသော နှင်းများအလား ချက်ချင်း အရည်ပျော်ကျလာ၏။

“ ခရစ် ... ။ ”

နှင်းမိကျောင်းသည်လည်း ရုတ်တရက် လှုပ်ရှားမှုများ ရပ်တန့်သွားပြီး ခန္ဓာကိုယ်ကြီးမှာ ထက်ခြမ်းကွဲကျလာသည်။

“ ဝုန်း ... ။ ”

သွေးများက မြေပြင်၌ အိုင်ထွန်းလျက် ညှီစို့စို့ရနံ့များ လေထုထဲ ရောယှက်လာစေ၏။ ကူချန်တစ်ယောက် လေထုအလယ် ရပ်လျက် ထိုမြင်ကွင်းအပေါ် ငုံံ့ကြည့်နေသည်။

“ ဝှစ် ... ။ ”

ထို့နောက် လက်တစ်ဖက်နောက်ပို့လျက် ညာဘက်လက်ညှိုးနှင့် လက်ခလယ်တို့ ပူးကပ် ရွေ့လျားကာ ကျင့်ကျိဓားကို ရုတ်သိမ်းလိုက်၏။

“ ကလန် ... ။ ”

ကျင့်ကျိဓားမှ အေးစက်သောအလင်းများ တောက်ပလျက် ကောင်းကင်ပေါ် ပျံတက်ပြီး ဓားအိမ်ထဲ ဝင်သွားချေပြီ။

ဤဖြစ်စဉ်သည် သူနှင့် မသက်ဆိုင်ခဲ့ သကဲ့သို့ အေးစက်ပြီး လျစ်လျူရှုလွန်းနေသော ခံစားချက်များ ထိုဓားမှ ပေးစွမ်းနေ၏။

“ ဘယ်လောက်တောင် ထက်ရှလိုက်တဲ့ ဓားလဲ ... ။ ”

***

All Chapters