ခွဲဝေခြင်း ... ။
Vol. 7 Ch. 90
မိုကျိမျက်နှာ အနည်းငယ် ပြောင်းသွားလေသည်။ ကူချန်၏လုပ်ရပ်သည် သူ့ကို ဖြတ်ရိုက်ခြင်းမည်နေ၏။ အဖိုးကြီးချမ်က ဆေးတံရှည်ကို ရှိုက်ချလိုက်သည်။
ဤတာအိုဘုန်းကြီးကို သန်မာသူ တစ်ယောက်ဖြစ်မှန်း သူသိထား၏။ ထိုသော် ဤမျှအံ့သြစရာ ကောင်းနေလိမ့်မည်ဟု မထင်ထားချေ။
သူနှင့် ကွမ်ရှင်းသည် သာရဲကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးလုလု ဖြစ်နေခဲ့သည်။ ဓားတစ်ချက်ဖြင့် ပြီးမြောက်နိုင်သော် သူတို့ အဘယ့်ကြောင့် လှုပ်ရှားနေမည်နည်း။
ထိုအချိန်တွင် ကူချန်က မြေပြင်ပေါ် ဆင်းသက်လာပြီဖြစ်၏။ ဝိညာဉ်ရေး ဓားအရိုးကို သူ့ပခုံးမှကျော်ပြီး မြင်နေရသည်။
ထိုဓားရောင်ဝါသည် သာမန်မျှသာ ဖြစ်နေသော်လည်း ယွမ်ဖူနယ်ပယ် နှောင်းပိုင်း သားရဲကို တစ်ချက်တည်းဖြင့် ပိုင်းနိုင်၏။
သားရဲအလောင်းမှ စီးကျနေသော သွေးများသည် စမ်းချောင်းအလား ရေကန်ထဲ စီးဆင်းသွားသည်။
၎င်း၏ဒဏ်ရာသည် တိကျပြီး အံ့သြဖွယ်ကောင်းအောင် ပြတ်သားနေ၏။ သာမာန်ထက်လွန်ကဲကာ မြင်ရခဲသည်။
လမ်းတစ်လျှောက် ပေါ်လွင်ခြင်းမရှိသည့် ဤတာအိုဘုန်းကြီးသည် စစ်မှန်သော ဓားသမား တစ်ဦးဖြစ်ပြီး ဓားရည်ရွယ်ချက်ကိုပင် ထိမိနေပြီဖြစ်၏။
ကူချန်က အလောင်းနား ချဉ်းကပ်သွားပြီး သွေးအိုင်ထဲ နစ်မြုပ်နေသော နှင်းမိကျောင်း၏ နတ်ဆိုးဆေးပြားကို ကောက်ယူလိုက်သည်။
“ ဒါကို ဘယ်လို ... ခွဲဝေကြမလဲ။ ”
ကူချန်မှ လှည့်မေးသည်။ လူအများ သတိပြန်ဝင်လာပြီး အဘိုးအိုချမ်က၊
“ ဒီသားရဲကို မင်းသတ်ခဲ့တာပဲ ... (၇၀)ရာခိုင်းနူန်း မင်းယူသင့်ပြီး ကျန်တာကို ငါတို့သုံးယောက် ခွဲယူလိုက်မယ် ... တာအိုမိုနဲ့ တာအိုကွမ် မင်းတို့ရောဘယ်လိုထင်လဲ။ ”
-ဟု အကြံပြုသည်။
ကျန်နှစ်ယောက်သည် သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိချေ။ သူတို့တိုက်ခိုက်မှုများမှာ ကူချန်၏ဓားကဲ့သို့ ထိရောက်မှု မရှိကြောင်း မြင်သာနေခဲ့သည်။ ယင်းအစား မိုကျိက ကူချန်ထံ မော့ကြည့်ကာ၊
“ နှင်းမိကျောင်းက ယွမ်ဖူနယ်ပယ်မှာ ဆိုပေမယ့် ယခင်စပါးအုံးမြွေနက်ထက် သုံးဆ ပိုသန်မာတယ် ... ကျန်းချီဆေးပြား (၂၅၀၀၀)ရသင့်တယ်။ ”
ကူချန်မှ လက်ထဲရှိ နတ်ဆိုးဆေးပြားထံ ငုံ့ကြည့်၏။ နှင်းမိကျောင်းသည် မြွေနက်ထက် ပို၍သန်မာသော်လည်း ၎င်းစွမ်းအင်သည် ရေခဲဖြစ်ကာ ရေမဟုတ်ချေ။
“ စပါးအုံးမြွေနက်ရဲ့ ဝေစုကရော ဘယ်လိုလဲ။ ”
သူ့ဝေစုသည် သဘာဝအတိုင်း ထိုအရာ၌ ရှိနေဆဲဖြစ်၏။ မိုကျိက အဖြေမပေးနိုင်သဖြင့် အဖိုးအိုချမ်ထံ လှည့်ကြည့်သည်။
လက်ရှိသူတို့ထဲတွင် အဘိုးအိုချမ်သည် နတ်မုဆိုးဖြစ်ရာ တရားမျှတသော ဆုံးဖြတ်ချက် ချနိုင်မည်ဟု ယုံကြည်ကြ၏။
အဘိုးအိုချမ်သည် ခေါင်းငုံ့လျက် မျက်လုံးများက တစ်ခုခုကို စဥ်းစားနေပုံရသည်။ များမကြာခင် ရှုပ်ထွေးသော လေသံဖြင့်၊
“ ဖုန်မန်လျိုရဲ့ ... ဝေစုအားလုံးကို တာအိုချန်ဆီ ပေးလိုက်ကြရအောင်။ ”
-ဟု ဆုံးဖြတ်ချက် ချလိုက်၏။ မိုကျိနှင့် ကွမ်ရှင်းမှ အံ့ဩသွားသည်။
“ စဉ်းစားကြည့်ပါ ... ငါတို့ အဲဒီတိုက်ပွဲမှာ ကျီးနက်တွေ မနှောင့်ယှက်ဘူးဆိုတာ မဖြစ်နိုင် ပါဘူး ... ဒါက သူတို့တွေ တာအိုချန်ရှန်ကို ကြောက်နေလို့ပဲ။ ”
ထိုစကားကို ကြားပြီးနောက် မိုကျိနှင့်ကွမ်ရှင်းက ကူချန်ထံ ပြန်ကြည့်သည်။ ဤအခြေအနေကို ကူချန်မှ ထုတ်ပြောခြင်း မပြုခဲ့ဘဲ အဖိုးအိုချမ်က ရှင်းပြနေရ၏။ အထိုးအိုချမ်မှ မျက်ဝန်းများ မှေးစင်းလျက်၊
“ တာအိုချန်ရှန် ... ဖုန်မန်လျိုနဲ့ ငါ့ရဲ့ဇာစ်မြစ်ကို မင်းမြင်ခဲ့တယ် မဟုတ်လား။ ”
-ဟု မေးမြန်းလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် ကူချန်သည် လမ်းတစ်လျှောက် ပွဲကြည့်သူတစ်ယောက်ကဲ့သို့ တိတ်ဆိတ်နေခဲ့ကြောင်း သတိရလာ၍ဖြစ်၏။
“ သူ့မှာ ပြဿနာရှိနေတာကို သတိထားမိခဲ့တာအမှန်ပါ ဒါပေမယ့် တာအိုချမ် အကြောင်း ငါတကယ် မသိဘူး။ ”
ကူချန်မှ ပြန်ဖြေ၏။ အဘိုးအိုချမ်ကို အာရုံစိုက်ရသည့်အကြောင်းမှာ လူအုပ်အတွင်း ကျင့်ကြံမှုအမြင့်ဆုံး ဖြစ်နေသောကြောင့် ပေပင်။
ဖုန်မန်လျိုအတွက်မူ ခန္ဓာကိုယ်အတွင်း မကောင်းဆိုးဝါးရောင်ဝါနှင့် အလွန်ဆင်တူသည့် အနက်ရောင်အငွေ့အသက် ရှိနေ၏။
သို့သော် တစ်ဖက်လူသည် ထိုရောင်ဝါကိုအလွှာတစ်ခုနှင့် ပိတ်ထားသည်။ ယင်းကြောင့် သူသတိမထားမိခဲ့ချေ။
အထိုးအိုချမ်နှင့် ဖုန်မန်လျိုတို့ တစ်ဖွဲ့ထဲဖြစ်မည်ဟုပင် ယူဆမိခဲ့သေးသည်။ ဖုန်မန်လျို ခန္ဓာကိုယ်ထဲရှိ အငွေ့အသက်သည် သားရဲများကို အာရုံခံနိုင်နေ၏။
ထို့ကြောင့် ပတ်ဝန်းကျင်၌ သားရဲများ ရှိ၊မရှိကို သူကြိုသိသည်။ ကူချန်မှ မိုကျိထံ လှည့်ကြည့်ပြီး၊
“ တာအိုမို ... စပါးအုံးမြွေနက်ရဲ့ နတ်ဆိုးဆေးပြားကို မင်းငါ့ကိုပေးနိုင်မလား ... ဒီနှင်းမိကျောင်း နတ်ဆိုးဆေးပြားကို မင်းတို့ယူလိုက်။ ”
စပါးအုံးမြွေနက်၏ စျေးနှုန်းမှာ (၂၀၀၀၀)ဖြစ်သည်။ မိုကျိ၏ ဝေစုသည် (၃၀%) ဖြစ်၏။ သူသည်လည်း (၃၀%)ဖြစ်ပြီး အဘိုးအို ချမ်နှင့် ကွမ်ရှင်းမှာ (၂၀%)ပေပင်။
ဆိုလိုသည်မှာ မိုကျိသည် ကျန်းချီဆေးပြား (၆၀၀၀)နှင့် ကျန်နှစ်ယောက်သည် (၄၀၀၀)စီကို ရရှိပေမည်။
နှင်းမိကျောင်း နတ်ဆိုးဆေးပြား စျေးနှုန်းသည် (၂၅၀၀၀) ဖြစ်ကာ ကူချန်ရမည့် ဝေစုသည် (၁၇၅၀၀) ဖြစ်၏။ မိုကျိတို့ သုံးဦးမှာ (၂၅၀၀)စီရနိုင်၏။
ထို့ကြောင့် မိုကျိသည် သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိချေ။ မည်ကဲ့သို့သော နတ်ဆိုး ဆေးပြားမျိုးဖြစ်နေပါစေ ရောင်းချပြီးနောက် ဝေမျှရမည် ဖြစ်သည်။ တန်ဖိုးမလျော့သရွေ့ အဆင်ပြေမည်။
ထို့နောက် နှစ်ယောက်သား နတ်ဆိုးဆေးပြားများ လဲကြသည်။ ကူချန်က ပြုံးပြီး အဘိုးအိုချမ်ကို၊
“ နတ်ဆိုးသတ်ဖြတ်ခြင်းအတွက် အကျိုးဆောင်ရမှန်တွေ ရှိလိမ့်မယ်မဟုတ်လား ဒါက ဘယ်လောက်ရမှာလဲ။ ”
-ဟု မေးလိုက်၏။
အဘိုးအိုချမ်မှ ရေတွက်လျက်၊
“ သားရဲကို သတ်ပေးတဲ့အတွက် အကျိုးဆောင်အမှတ် (၃၀၀)လောက်တော့ ရမယ် ကျန်မိတ်ဆွေ သုံးယောက်ကတော့ (၁၀၀)စီရမယ်။ ”
ဈေးကွက်ပေါက်ဈေးအရ အကျိုးဆောင်မှတ်တစ်ခုသည် ကျန်းချီဆေးပြား ငါးဆယ်တန်ဖိုးရှိသည်။ အမှတ်တစ်ရာ ဆိုသည်မှာ ကျန်းချီဆေးပြားငါးထောင်ဖြစ်၏။
“ ဒီနတ်ဆိုးဆေးပြားအပြင် အကျိုးဆောင်ရမှတ်တွေကို (၂၀%)လျှော့ဈေးနဲ့ ဝယ်လို့ရတယ် တစ်ယောက်ယောက် စိတ်ဝင်စားလား။ ”
အဘိုးအိုချမ်က ထိန်းချန်ထားသော စကားကိုထုတ်ပြောလာ၏။ ထို့နောက် ကူချန် ထံသို့ ပြန်ကြည့်ပြီး၊
“ တာအိုချန် ... မင်းငါတို့နဲ့ အတူတူ မပြန်ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
“ အင်း ... ။ ”
ကူချန်မှ ခေါင်းညိတ်ပြလိုက်သည်။ အဘိုးအိုချမ်က အကြောင်းအရာကို ဆက်၍ မမေးတော့ဘဲ ကျန်နှစ်ယောက်ထံ ကြည့်သည်။
သူသည် အခြားနှစ်ယောက်နှင့် အကြည့်ချင်းဆုံခဲ့သည်။ အနည်းငယ် ဆွေးနွေး ကြပြီးနောက် အကျိုးဆောင်ရမှတ်များကို လူတိုင်းထံ ခွဲဝေပေးလိုက်၏။
ကူချန်မှ ခေါင်းညိတ်သည်။ သူ့တွင် ကောင်းမွန်သောခံစားချက်ရှိလာ၏။ အပြင် ထွက်ခြင်းဖြင့် နတ်ဆိုးဆေးပြားနှင့် ကျန်းချီ ဆေးပြားများ ပေါလျှံလာသည်။
“ တာအိုမိတ်ဆွေတို့ ကံကြမ္မာရှိရင် ပြန်ဆုံကြမယ်။ ”
“ ကောင်းပြီ ... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ”
အချင်းချင်း လက်ပြနှုတ်ဆက်လိုက်၏။ ဤကမ္ဘာကြီး၌ မည်သည့်အချိန် ပြန်ဆုံရမည်ကို မသိနိုင်ကြချေ။ တစ်ဘဝလုံး မဆုံနိုင်တော့ သည်လည်း ဖြစ်နိုင်သည်။
***
Book-7