← Chapters

တိုက်ပွဲတွင် လျှိုယွန်းရွှမ်အား အနိုင်ယူခြင်း

Vol. 4 Ch. 46

တိုက်ပွဲတွင် လျှိုယွန်းရွှမ်အား အနိုင်ယူခြင်း

Vol. 4 Ch. 46

ကျောက်ထင်၊ လောင်ရှန်နန်တို့အပါအဝင် အားလုံးမှာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေကြသည်။

ရှန်မို လျှိုယွန်းရွှမ်အား လှမ်းကြည့်မိသောအခါ အလွန်ယုံကြည်ချက် ရှိနေသည်ကို တွေ့ရပြီး သူ့ကံကြမ္မာမှာတော့ တည်ငြိမ်နေ၏။

လျှိုယွန်းရွှမ်မှာ ရေခဲမီးတောက်ကျောက်မျက်ကြောင့် အင်အားကြီးလာသော်လည်း သူ့ကြာနီမီးတောက်ကိုတော့ မယှဉ်နိုင်သေးချေ။ ကံကြမ္မာထဲတွင် ရှုံးမည်ဟု ပြနေသည်။

ထိုအခြေအနေကို သိပ်တော့ မအံ့ဩမိချေ။

သူပြိုင်ဘက်မှာ တပည့်အစစ် (၄) ယောက်ပင် မကတော့။

ကျောက်ထင် ခုနကပြောသည့် သခင်လေး (၅) ပါးလည်း ပါလာသည်။

ထိုစဉ် ကြင်နာတတ်သောပုံဖြင့် အကြီးအကဲမှ လက်ယမ်းလိုက်သောအခါ ဝါးကျည်တောက်တစ်ခု ပေါ်လာ၏။

“ကဲ အားလုံးပဲ။ မဲလာနှိုက်ကြပါ”

“အထဲမှာ သစ်သားချောင်း (၁၀) ခု ရှိပါတယ်။ (၁) ကနေ (၁၀) အထိ ရေးထားပြီး (၁) နဲ့ (၂) ကျတဲ့သူက အတွဲလိုက် ပထမဆုံး ယှဉ်ပြိုင်ရမှာပါ”

“နောက်ပြီး (၃) နဲ့ (၄) က တစ်တွဲ။ ဒီလို ဆက်သွားပါမယ်။ နားလည်ပါသလား”

ရှန်မိုတို့အားလုံး ခေါင်းငြိမ့်ပြလေ၏။

ရှန်မိုယူလိုက်သော သစ်သားချောင်းမှာ (၂) ဖြစ်၍ သူ့ပြိုင်ဘက်သည် (၁) ရထားသူ ဖြစ်သည်။

ထိုစဉ် အနားမှ အသံတစ်ခု ထွက်လာသည်။

“ဘယ်သူ (၂) လဲ”

ရှန်မို လှမ်းကြည့်လိုက်သောအခါ လျှိုယွန်းရွှမ် ဖြစ်နေ၏။

နှစ်ယောက်သား အကြည့်ချင်း ဆုံသွားပြီး အချင်းချင်း ပြိုင်ဘက်မှန်း သဘောပေါက်လိုက်ကြသည်။

“ကဲ နံပါတ် (၁) နဲ့ (၂) ရထားတဲ့ နှစ်ယောက် စင်ပေါ် တက်လာပေးပါ”

ထိုအတွဲအစပ်ကြောင့် တပည့်များအားလုံး အံ့ဩထိတ်လန့်နေကြသည်။

ကျောက်ထင်တို့အဖွဲ့လည်း အပါအဝင် ဖြစ်၏။

“ပထမဆုံးပွဲက စီနီယာရှန်နဲ့ စီနီယာလျှိုတဲ့”

“တပည့်တွေအားလုံးထဲမှာ သူတို့နှစ်ယောက်က အတော်ဆုံးလေ။ တချို့ အကြီးအကဲတွေထက်တောင် အင်အားကြီးသေးတယ်”

“ဟင်းဟင်း ကောင်းတယ်။ နိုင်တဲ့သူတော့ ပထမရပြီ”

တပည့်များအားလုံး စိတ်လှုပ်ရှားကာ ဝေဖန်ပြောဆိုနေကြသည်။

မူယုံးယွဲ့တို့ ရာထူးကြီးပိုင်းများသာ တည်ငြိမ်စွာ ကြည့်နေ၏။

“ခေါင်းဆောင်တော့ ဒီလောက်မြန်မြန် ထိပ်တိုက် တွေ့ကြမယ်လို့ ထင်ထားမှာမဟုတ်ဘူး”

လျှိုယွမ်ဖုန်မှ ဆိုသည်။

မူယုံးယွဲ့မှာ ခပ်တည်တည်ဖြင့်

“ရှင့်သားသာ ပိုးစိုးပက်စက် မရှုံးဖို့ မျှော်လင့်ပါတယ်”

“…”

လျှိုယွမ်ဖုန် စွံ့အသွားမိ၏။

စင်ပေါ်၌မူ။

လျှိုယွမ်ဖုန် သူ့သစ်သားချောင်းကို ယမ်းပြ၍

“တွေ့လား။ ကောင်းကင်ကတောင် ပြောနေပြီ။ ငါက ပထမ။ မင်းက ဒုတိယလေ”

ရှန်မို သူ့သစ်သားချောင်းအား ဘေးဘက်သို့ လွှင့်ပစ်၍

“ဒါကို ကံကြမ္မာလို့ ထင်တာလား။ ဒါဆိုလည်း အဲ့ကံကြမ္မာကို ဖျက်ဆီးပြမယ်”

လျှိုယွန်းရွှမ်မှာ နှာခေါင်းရှုံ့လျက် ရှန်မို အလကား ခေါင်းမာနေသည်ဟု ထင်၏။

“စမယ်”

အကြီးအကဲမှ လှမ်းအော်လိုက်ရာ လျှိုယွန်းရွှမ် ချက်ချင်း ဓားကို ဆွဲထုတ်၍ ရှန်မို့လည်ပင်းအား ထိုးရန် ပြင်လိုက်သည်။

သူ့လှုပ်ရှားမှုမှာ မှင်တက်ရလောက်အောင် အလွန်မြန်လေသည်။

သို့သော် ရှန်မိုအတွက်တော့ နှေးနေသေး၏။

သူ့မိုးကြိုးအရိပ်ဓားသိုင်းနှင့်ယှဉ်လျှင် မိုးနှင့်မြေကဲ့သို့ ကွာလေသည်။

“တကယ့် လျင်မြန်မှုကို ပြပေးမယ်”

ရှန်မို သူ့ဓားကို ထုတ်ကာ ယမ်းလိုက်သည်နှင့် ဓားရောင်သည် မိုးကြိုးကဲ့သို့ လက်ခနဲ ဖြစ်သွား၏။

ထို့နောက် ဓားနှစ်လက်တို့ လေထဲတွင် တိုက်မိသွားကြသည်။

ဘုံး!

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်လာ၏။

နှစ်ယောက်စလုံးလည်း အနောက်သို့ အနည်းငယ် ဆုတ်သွားကြသည်။

သို့သော် ရှန်မိုမှာ (၃) လှမ်းမျှသာဖြစ်၍ လျှိုယွန်းရွှမ်သည် (၈) လှမ်းခန့် အနောက်ရောက်သွားသည်။

သူတို့အတွက် တစ်ခုချင်း ဖြစ်ပျက်နေသော်လည်း တခြားတပည့်များ ကြည့်နေသောအခါတွင် အလွန် မြန်ဆန်၍ လျှိုယွန်းရွှမ် ရှုံးနိမ့်နေသည်ဟုသာ သတိထားမိလေသည်။

သူ အလွန် မျက်နှာပျက်လျက်

“ငါ့ဝှက်ဖဲ ထုတ်သုံးရတော့မှာပဲ”

သူ ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေကာ သူ့ပုံရိပ်ငယ်ထဲမှ တစ်ခုခုကို ထုတ်လိုက်သည်။

မကြာမီ ဓားတွင် ရေခဲမီးတောက်များ တောက်ပလာတော့၏။

စင်မြင့်ပေါ်တွင် အပူချိန်လည်း အလွန်ကျဆင်းသွားပြီး အရှေ့နားရောက်သည့် တပည့်များမှာ ချမ်းစိမ့်လာ၏။

မူယုံးယွဲ့ မျက်မှောင်ကြုတ်သွားပြီး

“ရေခဲမီးတောက် ကျောက်မျက်လား။ ဒါပေမဲ့ သာမာန် ရေခဲမီးတောက်ကျောက်မျက်လို မဟုတ်ဘူးနော်”

လျှိုယွမ်ဖုန် ဂုဏ်ယူစွာ ပြုံးလျက်

“ကျွန်တော့်သားက ကံကောင်းပြီး မီးတောက်နက် ကျောက်မျက်ရသွားတယ်လေ။ အနန္တမီးတောက်ကိုတောင် ယှဉ်လို့ရနိုင်တဲ့အထိပေါ့”

အမှန်ပင် သက်တမ်းအရတော့ ယှဉ်နိုင်လေ၏။

“ချလိုက်တော့။ အားလုံးရှေ့မှာ လုပ်ပြလိုက်”

လျှိုယွမ်ဖုန် စိတ်ထဲမှ ကြုံးဝါးမိသည်။

အောက်တွင် ကြည့်နေသော တပည့်များလည်း အခြေအနေကို အလွန်လန့်နေ၏။

“ဒါ ဘယ်လိုမီးတောက်လဲ။ ဒဏ္ဍာရီထဲက အနန္တမီးတောက်ဆိုတာလား”

“တကယ် အင်အားကြီးမယ့်ပုံပဲ”

“ရေခဲမီးတောက် ထင်တယ်။ ရေခဲမီးတောက် ဝံပုလွေဆီက ရတာလေ”

အားလုံး အံ့ဩထိတ်လန့်နေချိန်တွင် လျှိုယွမ်ဖုန်မှ စတင်လှုပ်ရှားလေသည်။

ရှန်မိုမှာမူ အလွန်တည်ငြိမ်လျက် ပုံရိပ်ငယ်ထဲမှ တက်ကြွနေသော ကြာနီမီးတောက်ကို ခံစားမိ၏။

“အခု မင်းကို ထုတ်ပေးမယ်”

ရှန်မို ရေရွတ်ကာ ဓားအား ခုတ်လွှဲလိုက်သည်။

“မိုးကြိုးအရိပ်ဓားသိုင်း”

လျှိုယွန်းရွှမ် အနည်းငယ် တုန်လှုပ်သွား၏။

“ကြာနီမီးတောက်က ဘယ်လိုလုပ် အဲ့လောက် အင်အားကြီးတာလဲ”

ရှန်မို တိတ်ဆိတ်လျက်ပင်။

ဘုံး!

ဓားများ တစ်ဖန် တိုက်မိကြပြန်သည်။

ချွမ်!

ပြင်းထန်လွန်းသော အပူအအေး ထိခိုက်မှုကြောင့် လျှိုယွန်းရွှမ်၏ ဓားမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားတော့သည်။

ကြာနီမီးတောက်အင်အားမှာတော့ မတုန်မလှုပ်ဖြင့် သူ့ရင်ဘက်နား ရောက်သွားကာ လျှိုယွန်းရွှမ်တစ်ယောက် အတော်ဝေးဝေးကို လွင့်ထွက်သွားလေသည်။

သူ့အဖေသာ လှမ်းမဖမ်းထားလိုက်လျှင် ရေကန်နက်နက်ထဲအထိ ပြုတ်ကျနိုင်၏။

ရှန်မိုမှာ မီးတောက်နေသော ဓားကို ဆုပ်ကိုင်လျက် စင်ပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေသည်။

ပရိသတ်အားလုံးလည်း မှင်တက်နေကြ၏။

All Chapters