← Chapters

သိုင်းကွက် (၃) ကွက်နဲ့ ဖြုတ်ပြမယ်

Vol. 4 Ch. 55

သိုင်းကွက် (၃) ကွက်နဲ့ ဖြုတ်ပြမယ်

Vol. 4 Ch. 55

တိုက်ပွဲမှာ ဆက်၍ ဖြစ်ပွါးနေဆဲပင်။

ကျောက်ထင်၊ လောင်ရှန်နန်၊ လျှိုယွန်းရွှမ် စသည်တို့မှာ ချင်းရွှမ်ဂိုဏ်း၏ ထိပ်တန်းတပည့်များ ဖြစ်သော်လည်း နတ်ရေစင်ဂိုဏ်းနှင့်ယှဉ်လျှင် လိုအပ်နေသေး၏။

ကျင့်ကြံမှု၊ လက်နက်၊ နည်းလမ်းများနှင့် သိုင်းကျင့်စဉ်များအားလုံး အနည်းငယ်စီ နိမ့်ကျပါသည်။

ထို့ကြောင့် စတိုက်ခိုက်စဉ်တည်းက အရေးနိမ့်သည်များ ရှိ၏။

ရှန်မို့ပြိုင်ဘက်မှာ ယင်ရွှယ်ကျဲဖြစ်ပြီး စတွေ့သည်နှင့် ယင်ရွှယ်ကျဲမှ လက် (၅) ချောင်းထောင်ပြကာ

“သိုင်းကွက် (၅) ခုတည်းနဲ့ မင်းကို ဖြုတ်ပြမယ်”

ရှန်မို နှာခေါင်းရှုံ့ကာ

“ငါက ပြန်မတိုက်ခိုက်ရင်ရော ဘယ်လိုလုပ် ဖြုတ်မှာလဲ။ အလကား ကြွားမိတာ မဟုတ်ဘူးလား”

ယင်ရွှယ်ကျဲ မျက်နှာကြီးအမ်းသွားသည်။

ရှန်မို ရည်ရွယ်ချက် ရှိပါသည်။ သူသာ မတိုက်ခိုက်လျှင် ယင်ရွှယ်ကျဲ မည်သို့ ကြွားဝါနိုင်တော့မည်နည်း။

“ငါပြောတာက ပိုယုံရလောက်တယ်။ ငါ မင်းကို သိုင်းကွက် (၃) ခုတည်းနဲ့ တိုက်ခိုက်ပြမယ်”

ရှန်မို ပြုံး၍ ပြောလိုက်သည်။

ထို့နောက် ချက်ချင်း ဓားကိုထုတ်ကာ မိုးကြိုးအရိပ်ဓားသိုင်းဖြင့် စတင်လေသည်။

ဓားမှာ ယင်ရွှယ်ကျဲလည်ပင်းနား ထောက်မိ၏။

စစချင်း၌ပင် ဤမျှပြင်းထန်မည် မထင်ထား၍ ယင်ရွှယ်ကျဲ လန့်သွားသည်။

သူ ရှန်မို့ကို အလွန်အထင်သေးမိ၏။

“မင်းက ဓားသုံးတော့ ငါလည်း ဓားသုံးရတာပေါ့။ မင်း ငါ့ကို မယှဉ်နိုင်ပါဘူးကွာ”

ယင်ရွှယ်ကျဲ အသက်ပြင်းပြင်းရှူ၍ ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။

ဓားမှာ နှစ်ရောင်စပ်ဖြစ်ပြီး တစ်ဖက်တွင် ရေကဲ့သို့ အပြာနှင့် တစ်ဖက်၌ သွေးကဲ့သို့ အနီဖြစ်သည်။

သို့သော် ရှန်မို လုံးဝ ကြောက်သည့်ပုံမပေါ်ဘဲ ယင်ရွှယ်ကျဲအနား ပိုကပ်လာ၏။

ချွင်!

ဓားထိပ်အချင်းချင်း တိုက်မိကာ သတ္ထုအသံ ထွက်လာလေသည်။

ချွင် ချွမ်!

ရှန်မို အနောက်သို့ နှစ်လှမ်းဆုတ်သွားချိန်တွင် ယင်ရွှယ်ကျဲမှာ (၅) လှမ်းအထိ ဆုတ်သွားသည်။

သူ ချက်ချင်း မျက်နှာပျက်သွား၏။

လက်မှာလည်း ထုံကျင်လာပြီး ဓားကိုပင် ဆက်မကိုင်နိုင်တော့ချေ။

ရှန်မို့အင်အားမှာ ထင်ထားသည်ထက် များစွာ သာလွန်၏။

ထို့ကြောင့် သူ ပိုစိတ်တိုမိလေသည်။

ရွှမ်ကျန်း၏ သခင်လေး (၅) ပါးထဲ ပါဝင်သည့် အလျောက် ရှန်မိုလောက်ကို အလွယ်တကူ နိုင်မှ ဖြစ်မည်။

“လာလိုက်စမ်းပါ”

သူ ဓားကိုယမ်းကာ ဒေါသတကြီး လှမ်းအော်သည်။

ရှန်မို ပြုံး၍ကြည့်နေ၏။ ပြိုင်ဘက်၏ အင်အားကို ခန့်မှန်းပြီးလေပြီ။

အလွန် အားနည်း၏။

“ခုနကပုံကို ကြည့်ရတာတော့ သိုင်းကွက်က (၃) ခုတောင် မလိုဘူး။ (၂) ကွက်တည်းနဲ့ ဖြုတ်နိုင်တယ်”

ရှန်မို ဖနောင့်တစ်ချက်ပေါက်၍ အရပ် (၈) မျက်နှာ မိုးကြိုးသိုင်းကွက်ကို စတင်လေသည်။

သူ့အရှိန်မှာ အလွန်လျင်မြန်ပြီး ယင်ရွှယ်ကျဲရှေ့မှ ရုတ်တရက် ပျောက်သွား၏။

ယင်ရွှယ်ကျဲမှာ ပစ်မှတ်ပျောက်သွား၍ ရုတ်တရက် မှင်တက်နေသည်။

သို့သော် အနောက်ဘက်ကို ခံစားမိပြီး ချက်ချင်း ဓားယမ်းလိုက်သည်။

“မင်းမှာ ဒီအသိရှိတာ ကောင်းသားပဲ။ ဒါပေမဲ့ နှေးလွန်းတယ်ကွာ”

ရှန်မို သူ့အနောက်ဘက်မှ လှမ်းပြော၏။

ထို့နောက် ယင်ရွှယ်ကျဲနောက်ကျောအား မိုးကြိုးဓားဖြင့် ထိုးချလိုက်တော့သည်။

ဘုံး!

ကြီးမားသော ပေါက်ကွဲသံကြီး ကြားရကာ ယင်ရွှယ်ကျဲ ခန္ဓာကိုယ်လည်း လေပေါ်သို့ (၇) မီတာခန့် မြောက်တက်သွား၏။

ထို့နောက် မြေပေါ်သို့ ပြန်ကျလာပြီး ရုန်းထရန် ပြင်သော်လည်း သွေးများ ရွှဲစိုလျက် လုံးဝ အင်အားယုတ်နေသည်။

ရှက်ရွံ့မှုနှင့် ဒေါသတို့ပေါင်းစပ်ကာ သွေးများ ပိုအန်လာသည်။

“အထင်ကြီးစရာပဲ။ ရှန်မို ရှင့်အင်အားက တော်တော်မြင့်နေပြီ”

လောင်ရှန်နန် အံ့ဩတကြီး ရေရွတ်၏။

ပိုင်ကျီယွဲ့လည်း ထိုအခြေအနေကိုလှမ်းတွေ့ကာ အမြန်အော်လိုက်သည်။

“သူ့ကို ကာကွယ်ကြ”

ယင်ရွှယ်ကျဲသည် နတ်ရေစင်ဂိုဏ်း၏ ဂုဏ်သိက္ခာဖြစ်၏။

သူ ထိခိုက်၍ မဖြစ်ပေ။

ကျောက်ရူသည် တိုက်ခိုက်နေရင်း ပြိုင်ဘက် ထွက်ပြေးသွား၍ အံ့ဩနေစဉ် ကျောက်ထင် ရောက်လာပြီး ညီမဖြစ်သူအား ဒဏ်ရာများ ကြည့်ပေးသည်။

“သူတို့နောက် လိုက်ကြ။ အခုချိန်က ပြန်တိုက်ခိုက်ဖို့ အကောင်းဆုံးပဲ”

ရှန်မို လှမ်းအော်လိုက်သည်။

“ကောင်းပြီ”

ချင်းရွှမ်ဂိုဏ်းမှ တပည့်များ ရှေ့ဆက်တိုးရန် ကြိုးစားကြသည်။

ပိုင်ကျီယွဲ့တို့လည်း အံကြိတ်လျက်

“ပြေးကြတော့။ အင်အားမမျှဘူး”

ရှန်မို့အရည်အချင်းကို မယှဉ်နိုင်မှန်း မြင်သွားကြသည်။

ရှန်မို နှာခေါင်းရှုံ့၍

“ပြေးတယ်လား။ ဘယ်ကို ပြေးမလို့လဲ”

“လိုက်ကြဟေ့။ နတ်ရေစင်ဂိုဏ်း တပည့်တွေအားလုံးကို ကွင်းထဲက မောင်းထုတ်ကြ”

သူ ရှေ့ဆုံးမှ ဦးဆောင်၍ မိုးကြိုးဓားဖြင့် ပိုင်ကျီယွဲ့အား တိုက်ခိုက်ရန် ပြင်လေသည်။

ကျောက်ထင်တို့လည်း မျက်လုံးအရောင်လက်၍ အနောက်မှ လိုက်သွားကြ၏။

ရှောင်ဖန် မျက်မှောင်ကြုတ်ကာ လျှိုယွန်းရွှမ်အား ကြည့်နေသည်။

လျှိုယွန်းရွှမ် သက်ပြင်းချ၍

“သူတို့နောက်ပဲ လိုက်တာပေါ့”

ရှန်မို့ဦးဆောင်မှုအောက်တွင် ချင်းရွှမ်ဂိုဏ်းမှာ နတ်ရေစင်ဂိုဏ်းအား ဝါးမြိုနေလေပြီ။

အခြားဂိုဏ်းမှတပည့်များလည်း အံ့ဩတကြီး ရေရွတ်ကြ၏။

“ဝါး ချင်းရွှမ်ဂိုဏ်းက နတ်ရေစင်ဂိုဏ်းကို လိုက်တိုက်ခိုက်နေပြီ”

“အခု ဦးဆောင်နေတာ ဘယ်သူလဲ။ တော်လိုက်တာ။ ယင်ရွှယ်ကျဲကို (၂) ကွက်တည်းနဲ့ အလဲထိုးနိုင်တယ်”

“ချင်းရွှမ်ဂိုဏ်းမှာ ဒီလောက်ကြမ်းတဲ့သူ ရှိမယ်လို့ မထင်ထားမိဘူး”

နတ်ရေစင်ဂိုဏ်းခေါင်းဆောင် ကျန်းမိုမှ မျက်မှောင်ကြုတ်ကာ ဆို၏။

“သူ့မှာ ဘယ်လိုအင်အားရှိနေလို့ အဲ့လို တိုက်ခိုက်နိုင်တာလဲ”

လက်ထောက်ခေါင်းဆောင်လည်း အံ့ဩသွားသည်။

“ချင်းရွှမ်က ဖွက်ထားတဲ့ ကောင်းကင်အဆင့် ခန္ဓာကိုယ်ပိုင်ရှင်ပေါ့”

“ဘာ အဲ့တာကြောင့်ကိုး”

“ကျီယွဲ့ ပြန်ထိန်းထားနိုင်ဖို့ မျှော်လင့်ရတာပဲ။ ဘယ်သူပဲ ထွက်ရထွက်ရ ရွှယ်ကျဲတော့ မဖြစ်ဘူး”

ယင်ရွှယ်ကျဲသာ ပထမအကျော့ဖြင့် ထွက်ရလျှင် သူ ပွဲအတွင်း ဆက်မထိုင်နိုင်လောက်အောင် အရှက်ရမည် ဖြစ်သည်။

တစ်ဖက်တွင် မူယုံးယွဲ့ကတော့ အလွန်ပျော်ရွှင်နေ၏။

“တော်တယ်။ တော်လိုက်တာ”

သူ အဆက်မပြတ် ချီးကျူးနေမိသည်။

ဘေးတွင် လျှိုယွမ်ဖုန်မှာတော့ မျက်မှောင်ကြုတ်နေလေ၏။

ရှန်မို့ တိုးတက်မှုနှုန်းမှာ အလွန်ပြင်းထန်လှသည်။

ဒီလောက် မြန်တာလား။

အခြားဂိုဏ်းကြီးများမှလည်း အခြေအနေကို စောင့်ကြည့်နေကြသည်။

သူတို့၏အင်အားကြောင့် တော်ရုံဂိုဏ်းမှာ ရန်မစရဲတော့ချေ။

တက်နေဝန်းဂိုဏ်းအတွင်း၌။

“ယင်ရွှယ်ကျဲ တော်တော် အင်အားနည်းသွားတာပဲ”

ဟုန်ချီလုံမှ ရေရွတ်သည်။

“ဒီကောင်လေးက နည်းနည်းတတ်ရုံပါ။ တကယ့် အင်အားဆိုရင် အစ်ကို့ခြေဖျားတောင် မမှီပါဘူး”

ဘေးရှိ တက်နေဝန်းဂိုဏ်းတပည့်တစ်ဦးမှ မြှောက်ပင့် ပြောဆိုလေသည်။

All Chapters