← Chapters

ဂိုဏ်းတစ်ရာစုဝေးပွဲ၏ ဒုတိယအကျော့

Vol. 4 Ch. 60

ဂိုဏ်းတစ်ရာစုဝေးပွဲ၏ ဒုတိယအကျော့

Vol. 4 Ch. 60

“အဘိုး ကျွန်တော် ဒါရယ် ဒါရယ် ဒါရယ် လိုချင်လို့ပါ။ ဈေးပြောပေးပါဦး”

ရှန်မိုမှ သတ္ထုအပိုင်းအစအချို့ကို လက်ညှိုးထိုးကာ မေးလိုက်သည်။

အဘိုးအိုသည် သူ့ခြေထောက်ကို ကြည့်နေရာမှ ရပ်သွားပြီး ရှန်မို့ကို လှမ်းကြည့်၍ လက်ချောင်းများ ချိုးကာ တွက်နေသည်။

“မင်းက ကံမပါဘူး။ ဒီပစ္စည်းက မင်းကို ရောင်းရမှာ မဟုတ်ဘူး”

သူ ရှန်မို့ကိုကြည့်ရင်း ပြန်တွက်ချက်၍

“နေပါဦး။ မင် အခု ဘယ်လိုလုပ် ကံပါတဲ့သူ ဖြစ်သွားတာလဲ”

အဘိုးအိုမှာ အလွန်အံ့ဩနေ၏။

ရှန်မိုလည်း လန့်သွားသည်။

ထိုအဘိုးအိုမှာ ကံကြမ္မာအကြောင်း နားလည်ပုံ ပေါ်သည်။

ဖြစ်စဉ်အမှန်အတိုင်းဆိုလျှင် ကံပါသူမှာ ယင်ရွှယ်ကျဲ ဖြစ်၏။

သို့သော် ယခုတော့ ရှန်မိုက ထိုအခွင့်အရေးကို ဝင်ယူလိုက်သည်။

ထို့ကြောင့် အဘိုးအိုအနေဖြင့် ရှုပ်ထွေးသွားခြင်း ဖြစ်သည်။

လောင်ရှန်နန် မျက်မှောင်ကြုတ်လျက်

“အဘိုး ဘာတွေပြောနေတာလဲ။ ရောင်းမှာလား မရောင်းဘူးလားပဲပြော”

အဘိုးအိုမှာ မျက်မှောင်ကြုတ်၍ အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ

“ရောင်းမှာပေါ့ကွာ”

“အားလုံးဆို ဘယ်လောက်လဲ”

ရှန်မိုမှ မေးလိုက်သည်။

အဘိုးအို လက် (၅) ချောင်းထောင်ပြလိုက်ပြီး

“အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၅၀)”

ကျန် (၃) ယောက်မှာ မှင်တက်သွားမိကြသည်။

“ဘဏ်မှာပဲ ဓားပြသွားတိုက်လိုက်ပါတော့လား”

လောင်ရှန်နန်မှ ရေရွတ်၏။

ရှန်မိုသည် နတ်ဆိုးသံချပ်ကာကို လက်ညှိုးထိုးကာ

“ဒီတစ်ခုပဲ ယူမယ်ဆိုရင်ရော”

“အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၅၀) ပဲ”

လောင်ရှန်နန် မနေနိုင်ဘဲ ဝင်ဆဲတော့သည်။

“အမလေး။ ညစ်ပတ်နေတဲ့ သံချပ်ကာလေးကိုများ”

“ရွှေနဲ့ လုပ်ထားတဲ့ သံချပ်ကာမို့လို့လား။ ဒါမှမဟုတ် ရွှေနဲ့လုပ်ထားတဲ့ ရွှံ့လား”

အဘိုးအို ခေါင်းယမ်း၍

“ကံပါတဲ့သူဆိုရင် ဝယ်လိုက်။ မဟုတ်ရင်လည်း သွားတော့”

ရှန်မို အဘိုးအို၏ ကံကြမ္မာကို စစ်ဆေးကြည့်ရင်း မျက်မှောင်ကြုတ်မိ၏။

ခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး နှစ်အနည်းငယ်အကြာတွင် သက်ကြီးရောဂါဖြင့် ဆုံးတော့မည်။

“ကောင်းပြီ။ ဝယ်ပါ့မယ်”

ရှန်မို ချက်ချင်း အလယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံး (၅၀) ထုတ်ပေးလိုက်သည်။

ခေါင်းဆောင်လှလှလေး၏ ဆုလာဘ်များကြောင့် ထိုသို့ တတ်နိုင်ခြင်း ဖြစ်လေသည်။

“ဘာလဲ။ တကယ်ကြီး ဝယ်လိုက်တာလား”

လောင်ရှန်နန် နားမလည်နိုင် ဖြစ်နေ၏။

အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးပင် မဟုတ်ချေ။

ရှန်မို အဘိုးအိုကို လှမ်းကြည့်ရင်း

“ဈေးက တန်ပါတယ်”

အဘိုးအိုလည်း ရယ်မောနေလေသည်။

နဂါးအဆောင်သို့ အပြန်လမ်းတွင် ကျောက်ရူမှ စိတ်ဝင်တစားဖြင့်

“စီနီယာရှန် အဲ့ပစ္စည်းက တကယ်ပဲ ဘာကြီးလဲဟင်”

ကျောက်ထင်လည်း နားအလည်ပေ။

“ဟုတ်တယ်။ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၅၀) ဆိုတာ နည်းတာမှမဟုတ်တာ။ ပေါက်ကရမဟုတ်ဖို့ အရေးကြီးတယ်”

ရှန်မို ပြုံးလျက်

“မြေအဆင့် ရတနာဖြစ်လောက်တာမို့လိုပါ”

(၃) ယောက်သား အံ့ဩမှင်တက်သွားကြသည်။

“တကယ်ကြီးလား”

“ဒါပေမဲ့ သံချပ်ကာပဲလေ။ အသုံးလည်း ဝင်လောက်မယ်ထင်လို့ ဝယ်လိုက်တာ”

ရှန်မို ခေါင်းငြိမ့်ကာ ပြန်ဖြေ၏။

“သိပြီ။ မြေအဆင့်ရတနာက သံချပ်ကာတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ အသုံးဝင်တာ၊ မဝင်တာ ရှိသေးတာပေါ့”

ကျောက်ထင် သက်ပြင်းချမိ၏။

ဤသို့ဖြင့် အဆောင်သို့ ပြန်ရောက်ကာ အခန်းကိုယ်စီ ဝင်၍ အနားယူကြလေသည်။

ရှန်မိုတစ်ယောက် သံချပ်ကာပေါ်မှ ဖုန်များကို ဆေးကြော၍ သန့်ရှင်းရသည်။

ပုံသဏ္ဍာန်အမှန် ပေါ်လာသောအခါ သံချပ်ကာသည် ခရမ်းရင့်ရောင် သတ္ထုဖြင့် ပြုလုပ်ထားပြီး ရှုပ်ထွေးနက်နဲသော အကွက်များ ပါဝင်၏။

ရှန်မိုကြည့်ရင်း ခေါင်းမူးလာသောကြောင့် အကြည့် အမြန်လွှဲလိုက်ရသည်။

“နက်နဲလိုက်တာ”

သူ မှင်တက်နေမိသည်။

တကယ့် ပြီးပြည့်စုံတဲ့ နတ်ဆိုးသံချပ်ကာသာဆိုရင် ဒီထက် ထူးဆန်းဦးမယ်”

ရှန်မို စိတ်လှုပ်ရှားစွာဖြင့် စတင်အသက်သွင်းရန် ကြိုးစားလေသည်။

“စိတ်စွမ်းအင်လား။ သွေးလား။ စိတ်ဝိညာဉ်စွမ်းအင်လား”

သူ စမ်းသပ်ကြည့်ရဦးမည်။

ထိုအခါ စိတ်အင်အားနှင့် စိတ်ဝိညာဉ်စွမ်းအင်တို့မှာ မထူးခြားပေ။

ထို့နောက် ရှန်မို သူ့လက်ညှိုးထိပ်ကို ဓားဖြင့်မွှန်း၍ သံချပ်ကာအပေါ် ဖိလိုက်သည်။

ထိုအခါ ချက်ချင်းပင် သံချပ်ကာမှ ဆွဲငင်မှုကို ခံစားရလေသည်။

ရှန်မို့မျက်နှာလည်း ဖြူလျော်လာ၏။

သံချပ်ကာမှာ သူ့သွေး၏ (၄) ပုံ (၁) ပုံခန့် စုပ်ယူသွားသည်။

ရှန်မို အခြေအနေမဟန်မှန်း သတိထားမိ၍ ဆေးများ ထုတ်သောက်၍ သွေးအားကောင်းရန် ကြိုးစားရသည်။

စက္ကန့် (၃၀) မျှအကြာတွင် ဆွဲငင်အား လျော့လာလေသည်။

ရှန်မို့သိုလှောင်လက်စွပ်ထဲတွင်လည်း အားဖြည့်ဆေး လျော့နည်းနေပြီဖြစ်၏။

ထို့နောက် သူ အံ့ဩနေစဉ်ပင် သံချပ်ကာမှာ သူ့လက်ဖဝါးမှတစ်ဆင့် စိမ့်ဝင်လာ၏။

ရှန်မို မျက်လုံးပြူး၍ ပြန်ဆွဲထုတ်ရန် ပြင်သော်လည်း သူ့ခန္ဓာကိုယ်ထဲအထိ ရောက်နှင့်ပြီးလေပြီ။

ရှန်မို သူ့ခန္ဓာကိုယ်ထဲကို စစ်ကြည့်လိုက်သည်။

သို့သော် မည်သည့်အစိတ်အပိုင်းမှ ရှာမတွေ့တော့ပေ။

“ဘယ်ကို… ရောက်သွားတာလဲ”

ရှန်မို နားမလည်နိုင် ဖြစ်နေ၏။

ရုတ်တရက် တစ်ကိုယ်လုံးတုန်ယင်ကာ ရင်ဘက်တွင် လက်ဝါးအရွယ်ခန့် ခရမ်းရင့်ရောင် သတ္ထုပြားလေး ပေါ်လာသည်။

ထို့နောက် သူဆက်၍ တွေးလိုက်သည်နှင့် ပုခုံး၊ လက်မောင်း၊ ပေါင်အထိ သံချပ်ကာ ဝတ်ဆင်ပြီး ဖြစ်လေသည်။

သူ တဖြည်းဖြည်း သဘောပေါက်လာ၏။

သံချပ်ကာမှာ သူ့ခန္ဓာကိုယ် မည်သည့်အစိတ်အပိုင်းတွင်မဆို ပေါ်နိုင်ပြီး တိုက်ခိုက်မှုများကို ကာကွယ်ရန် ဖြစ်သည်။

သူ နောက်ထပ်တွေးလိုက်သောအခါ လက်ဖဝါးတွင် သံချပ်ကာ ပေါ်လာသည်။

ထို့နောက် သူ့မိုးကြိုးဓားဖြင့် လက်ကို အရှိန်ပြင်းပြင်း ထိုးချလိုက်လေ၏။

ချွင်!

သတ္ထုချင်း ရိုက်ခတ်သံမျိုး ထွက်လာ၏။

မိုးကြိုးဓားလည်း အတော်လေး တုန်ခါသွားသည်။ သို့သော် လက်တွင် နာကျင်မှုလုံးဝ မရှိပေ။

“ဒီအကာအကွယ်က မိုက်လိုက်တာ”

ရှန်မို ပို၍စိတ်လှုပ်ရှားလာသည်။

“သိပြီ။ နတ်ဆိုးသံချပ်ကာက တိုက်ခိုက်မှုတွေကို တိုက်ရိုက် ကာလို့ရတာပဲ။ မကာနိုင်တော့ရင် သွေးထပ်ဖြည့်ပြီး ဆက်သုံး”

သူ အတော်လေး ဝမ်းသာနေမိသည်။

ကံကောင်းစွာဖြင့် ကောင်းကင်အဆင့် ခန္ဓာကိုယ်ဖြစ်သောကြောင့် သွေးအားကိုလည်း လျင်မြန်စွာ ဖြည့်နိုင်ပါသည်။

“နောက်ပိုင်း သွေးပြန်ပြည့်တဲ့ ရတနာမျိုးရရင် ကွက်တိပဲ”

သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် တွေးနေ၏။

…

မျက်စိတစ်မှိတ်အတွင်း နောက်တစ်နေ့ ရောက်သွားလေသည်။

ဂိုဏ်းအသီးသီးမှ တပည့်များလည်း ပြိုင်ကွင်းထဲ စုဝေးရောက်ရှိနေ၏။

သို့သော် ကွင်းထဲထက် ပွဲကြည့်စင်တွင် လူပိုများနေလေသည်။

ရွှမ်ကျန်းဒေသ၏ ထိပ်တန်း (၅) ဂိုဏ်းထဲ ပါဝင်သော နတ်ရေစင်ဂိုဏ်းပင် ဘေးတွင် ကြည့်နေသူ ဖြစ်သွားသည်။

အခြားဂိုဏ်းများမှ သူတို့ကို လှမ်းကြည့်တိုင်း အလွန် အရှက်ရကာ ပူလောင်နေလေသည်။

ထိုကဲ့သို့ အရှက်ကွဲမှုမျိုးကို ဘဝတွင် တစ်ခါမှ မခံစားဖူးချေ။

“အဲ့အကြည့်တွေကို မှတ်ထား။ သူတို့အားလုံးကို မှတ်ထား”

“ဘဝင်မြင့်မိတော့မယ်တွေးရင် မနေ့က ချင်းရွှမ်ဂိုဏ်းဆီမှာ ရှုံးသွားတာကို ပြန်စဉ်းစား”

ကျန်းမိုမှ တည်ငြိမ်စွာပြော၏။

“ဟုတ်ကဲ့ပါ”

တပည့်များ ခေါင်းငြိမ့်ပြလေသည်။

“အခုတော့ ပွဲကိုပဲ အေးဆေးကြည့်တော့။ ဒီနေ့ပွဲက စိတ်ဝင်စားစရာ ကောင်းလိမ့်မယ်”

ကျန်းမိုမှ ပြောသည်။

ယနေ့ ချင်းရွှမ်ဂိုဏ်းမှာ အားလုံး၏ ပစ်မှတ်ဖြစ်လာပေတော့မည်။

All Chapters