← Chapters

မြေဓာတ်အဆင့်ဆေး

Vol. 4 Ch. 48

မြေဓာတ်အဆင့်ဆေး

Vol. 4 Ch. 48

ရှန်မိုမှ ဂိုဏ်းတစ်ရာစုဝေးပွဲအကြောင်း မေးခွန်းအနည်းငယ် မေးပြီးနောက် လိုချင်သည့်အ​ဖြေများ ရပြီးသည်နှင့် ပြန်လာခဲ့၏။

အခန်းသို့ ပြန်ရောက်သည်နှင့် စတွေးမိလေသည်။

“အရပ် (၈) မျက်နှာ မိုးကြိုးသိုင်းက ထိပ်တန်း သိမ်မွေ့နက်နဲခြင်းကျင့်စဉ်ပဲ။ ငါ သေချာ လေ့လာထားမှ”

ရှန်မိုတစ်ယောက် ဒီနေ့အနိုင်ရလာသော ဆုကိုကြည့်၍ ရေရွတ်မိ၏။

ထို့နောက် ကျင့်စဉ်ကို သေချာဖတ်ရင်း တဖြည်းဖြည်း သိုင်းကွက်များကို နားလည်လာသည်။

ကျင့်စဉ်များမှာ အဆင့်မြှင့်ရန်ဖြစ်ပြီး သိုင်းစဉ်များမှာ ကိုယ်ခန္ဓာစွမ်းရည်အတွက် ဖြစ်၏။

ထို့ကြောင့် သိုင်းစဉ်များကို အမျိုးမျိုး ခွဲခြားထားသည်များရှိပြီး အခွင့်ကောင်းပေးနိုင်သည့် အထူးအရည်အချင်းလည်း ရှိသေးသည်။

“မိုးကြိုးအရိပ်ဓားသိုင်းက အလယ်အဆင့် ရွှမ်စွမ်းရည်ဆိုတော့ ထိပ်တန်း ရွှမ်စွမ်းရည်ကိုလည်း ယှဉ်နိုင်လောက်တဲ့အင်အား ရှိတယ်”

“ငါ့မှာ တိုက်ခိုက်စွမ်းရည်တော့ ပြည့်စုံပေမဲ့ ခုခံစွမ်းရည်နဲ့ လှုပ်ရှားမှုစွမ်းရည်တွေမှာ လိုသေးတယ်”

“ဒီ အရပ် (၈) မျက်နှာ မိုးကြိုးသိုင်းနဲ့ဆိုရင် လှုပ်ရှားမှု စွမ်းရည်ရပြီ”

ရှန်မို ချက်ချင်းစ၍ လေ့ကျင့်လေသည်။

ထိုသိုင်းတွင် အဆင့် (၈) ခု ပါဝင်ပြီး တစ်ဆင့်ချင်းတွင် အရှိန်မြှင့်တင်နိုင်၏။

ရှန်မိုတစ်ယောက် ချင်ရှန်မြို့ ရေအေးကန်ရှိ အဂ္ဂိရက်ဆရာထံ မသွားမီ ဒုတိယအဆင့်သို့ ရောက်နေရန် ပြင်ဆင်၏။

ထိုအခါမှ သွားလျှင် ပို၍ လုံခြုံပေမည်။

လဝက်ခန့်အကြာတွင်၊ ရှန်မို့ခြံထဲ၌။

လူတစ်ယောက် လေအလျင်နှင့်အတူ ဝင်လာသည်။

“ဟူး…”

ထို့နောက် ထိုလူမှာ ရုတ်တရက် ပြန်ပျောက်သွား၏။

ရှန်မို ရပ်လိုက်ပြီး အသက်ကို ဝအောင် ရှူကြည့်သည်။

တစ်ကိုယ်လုံး ချွေးများရွှဲနစ်နေသော်လည်း အလွန်ပျော်ရွှင်နေ၏။

သိုင်းစဉ်၏အရှိန်မှာ သူထင်ထားသည်ထက်ပင် ပိုမြန်နေသေးသည်။

ကျောက်မောင်နှမတို့ ကျင့်ကြံသော လှုပ်ရှားမှုသိုင်းများကို ရှန်မို တွေ့ဖူးသော်လည်း အရပ် (၈) မျက်နှာမိုးကြိုးသိုင်းမှာတော့ အားလုံးထက် ပိုကောင်းသည်။

“ဟုတ်ပြီ။ အခုလောက်ဆို အဂ္ဂိရက်ဆရာကြီးဂူကို သွားဖို့ အတော်ပဲ”

ရှန်မိုတစ်ယောက်တည်း တွေးပြီးနောက် မသွားခင် စနစ်ကံကြမ္မာကို စစ်ဆေးကြည့်လိုက်သည်။

[လတ်တလောအခွင့်အရေး: ယနေ့ ချင်ရှန်မြို့၊ ရေအေးကန်သို့သွား၍ အဂ္ဂိရက်ဆရာကြီး၏ဂူကို ရှာတွေ့မည်။ ပိုင်ဆိုင်မှုထဲမှ ဆေးတစ်မျိုးဖြင့် တံခါးဖွင့်နိုင်ပြီး အထဲမှ ရတနာအားလုံး ရရှိမည်]

ရှန်မို အလွန်ဝမ်းသာသွား၏။

ဂူထဲတွင် အန္တရာယ်များ ရှိနေလျှင်ပင် သူ့အင်အားဖြင့် ကျော်ဖြတ်နိုင်မည်ဟူသည့် သဘောဖြစ်သည်။

“အားလုံး ငါ့အတွက်ပဲ”

“မြုတေဖွဲ့စည်းခြင်းအဆင့်အတွက် အကျိုးရှိမယ့် ရတနာလေးရရင် ကောင်းမယ်”

ရှန်မို ပြုံး၍ တွေး၏။

သူ တရားဝင်ဂိတ်ပေါက်ကြီးမှ မသွားဘဲ မည်သူမျှ မသိအောင် ဂရုတစိုက် ထွက်သွားသည်။

ထို့နောက် ချင်ရှန်မြို့ရှိ ရေအေးကန်ဆီသို့ မရပ်မနား ထွက်ခွါလာတော့၏။

ရေအေးကန်ဆိုသည်မှာ သာမာန်တောင်ကျချောင်းမှ စီးဆင်းလာသော်လည်း အလွန်အေးမြ ကြည်လင်နေ၍ ဖြစ်သည်။

သာမာန်ဟု ထင်ရသော်လည်း သာမာန်လူများ သောက်မိလျှင် ဝမ်းဗိုက်ဝေဒနာ ခံစားရတတ်သည်။

ရှန်မို လေ့လာမိသလောက်တော့ ရေထဲတွင် ရေခဲစိတ်ဝိညာဉ်စွမ်းအင်များစွာ ပါဝင်နေ၍ ဖြစ်သည်။

သာမာန်လူများမှာ ထိုကဲ့သို့ များပြားလွန်းသည့် စွမ်းအင်ကို မစုပ်ယူနိုင်သောကြောင့် ဗိုက်နာခြင်းပင်။

အနည်းဆုံး ချီစုစည်းခြင်းအဆင့်ရှိ ကျင့်ကြံသူများသာ သောက်သုံးနိုင်သည်။

ရှန်မိုတစ်ယောက် အသက်အောင့်ဆေးတစ်လုံး သောက်၍ ချက်ချင်း ရေကန်ထဲ ခုန်ဆင်းသွားသည်။

ကန်၏အနက်မှာ သူ ထင်ထားသည်ထက် များစွာ ပိုနေ၏။

သို့သော် အသက်အောင့်နိုင်သည့်ဆေးများစွာ ကြိုတင် ပြင်ဆင်ထား၍ တော်သေးသည်။

မီတာ (၁) ထောင်မကျော်မချင်း သူ အောက်ခြေအထိ ရောက်နိုင်သည်ဟု ယုံကြည်ထား၏။

ဤသို့ဖြင့် မီတာ (၃၀၀) မျှဝန်းကျင်တွင် အောက်ခြေသို့ ရောက်လာ၏။

ထို့နောက် သိုလှောင်လက်စွပ်ထဲမှ လက်သီးဆုပ်အရွယ်ပုလဲအား ထုတ်ပြီး ရေထဲတွင် အလင်းရောင်အဖြစ် သုံးလေသည်။

ထိုရတနာမှာ တန်ဖိုးသိပ်မကြီးဘဲ အဆင့်နိမ့် အမျိုးအစားသာ ဖြစ်၏။

ကျောက်နံရံများမှာ အလွန်ချောမွေ့နေသော်လည်း အလယ်တွင် စက်ဝိုင်းပုံစံ ချိုင့်လေး ရှိနေသည်။

ရှန်မို စိတ်လှုပ်ရှားစွာဖြင့် အတွင်းဆေးတစ်ခု ထုတ်ကာ ထိုချိုင့်ထဲ ထည့်လိုက်သည်။

ဂျောက် ဂျက်!

အသံတစ်ခု ပေါ်ထွက်ကာ ကျောက်နံရံကြီး ကွဲသွားပြီး ရှန်မိုလည်း အားပြင်းသော စွမ်းအင်တစ်ခု၏ စုပ်ယူမှုဖြင့် ထိုအပေါက်ထဲ ဝင်သွားတော့သည်။

ခေါင်းများလည်းမူးလျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မှောင်မိုက်နေသည်။

အလင်းရောင်နှင့် အနည်းငယ် အသားကျလာမှ ကြည့်လိုက်ပြီး ကျောက်အခန်းကြီးတစ်ခုထဲ ရောက်နေသည်အား တွေ့ရ၏။

ထိုထဲတွင် ရေလုံးဝမရှိဘဲ ခြောက်သွေ့နေသည်။

“အဂ္ဂိရက်ဆရာကြီးရဲ့ ဂူဆိုတဲ့အတိုင်းပဲ။ ထူးခြားတဲ့နည်းတွေ ရှိနေတာပေါ့”

သူ ပတ်ဝန်းကျင်ကို ပတ်ကြည့်ရင်း ကျောက်စားပွဲ၊ ကျောက်ထိုင်ခုံ၊ ကျောက်ကုတင် စသည်ဖြင့် လူနေထိုင်သွားပုံရသော ပစ္စည်းများ ရှိနေသည်။

ကျောက်စားပွဲပေါ်တွင်မူ ကျောက်စိမ်းပြားနှင့် သိုလှောင်လက်စွပ်တို့ကို တွေ့ရသည်။

“အဆိပ်တွေ၊ အန္တရာယ်အကာအကွယ်တွေလည်း မရှိဘူးဆိုတော့ အေးဆေး နေလို့ရပါတယ်”

အဂ္ဂိရက်ဆရာကြီးမှ ချန်ခဲ့သော စာဖြစ်ပုံ ရ၏။

“ဒါက ဘယ်လို သိုလှောင်လက်စွပ်ပါလိမ့်”

ရှန်မို ချက်ချင်း စစ်ဆေးကြည့်ပြီးနောက် အလွန်အံ့ဩသွားမိသည်။

အထဲတွင် သန့်စင်သော စွမ်းအင်တည်ငြိမ်ဆေးဟု ရေးထားသော ဆေး (၂) ပုလင်း ရှိနေသည်။

သို့သော် ပိုအံ့ဩရသည်မှာ သိုလှောင်လက်စွပ်သည် ထင်ထားသည်ထက် များများဆံ့နေ၍ ဖြစ်၏။

တိုင်းကြည့်လျှင် (၁၀) ပေပတ်လည်မျှ ရှိသည်။

မူယုံးယွဲ့ပေးခဲ့သော လက်စွပ်မှာ အဆင့်နိမ့် အမျိုးအစားဖြစ်ပြီး (၁) မီတာပတ်လည်မျှသာ ရှိ၏။

“ဒီလို လက်ဆောင်မျိုးရလိုက်တာ တကယ် ကံကောင်းလွန်းတာပဲ”

ထို့နောက် ကျေနပ်စွာဖြင့် ကျောက်နံရံနား သွားကာ ခပ်ဖြည်းဖြည်း တွန်းကြည့်လိုက်သည်။

ထိုအခါ တံခါးပွင့်သွားပြီး ရတနာ (၃) ပါး သူ့လက်ပေါ် ဝဲပျံလာ၏။

သူ တစ်ခုချင်းစီ သေချာကြည့်မိသည်။

ခရမ်းရင့်ရောင်ဆေးမှာ ထိုက်ရိဝိညာဉ်အားဖြည့်ဆေး ဖြစ်ပြီး အဆင့်နိမ့်မြေဓာတ်ဆေးဖြစ်ကာ ခန္ဓာကိုယ် အားကောင်းစေသည်။

သွေးနတ်ဆိုးဝိညာဉ်ဆေးမှာတော့ အဆင့် (၄) နတ်ဆိုးသားကောင်ဖြစ်သော သွေးမီးတောက်စပါးကြီးမြွေထံမှ ရရှိကာ စိတ်ဝိညာဉ် လက်နက်အဖြစ် သုံးနိုင်သည်။

မြစိမ်းရောင်ဆေးမှာတော့ အရည်မြင့်ဆေးတစ်မျိုး ဖြစ်ပြီး အဆင့်နိမ့် မြေဓာတ်ဆေး ဖြစ်သည်။

“ဒါတွေက မြေဓာတ်ဆေးတွေပဲ”

“အဂ္ဂိရက်ဘုရင်နာမည်နဲ့ လိုက်ပါပေတယ်။ တကယ့် အကောင်းစားတွေပဲ”

ရှန်မို အလွန် လေးစားသဘောကျနေမိသည်။

All Chapters