← Chapters

အခန်း (၂၆၀၉-၂၆၁၁)

Vol. 111 Ch. 2609-2611

အခန်း (၂၆၀၉-၂၆၁၁)

Vol. 111 Ch. 2609-2611

အပိုင်း (၂၆၀၉)

အိမ်အပြင်ဘက်တွင် ဖန်းဝူ၊ ချန်ကွော့နှင့် လွမ်ဖုန်းတို့မှာ ခါးသက်သက်အမူအယာများဖြင့် ရပ်စောင့်နေကြသည်။ ရန်ကိုင်သည် သူတို့၏ လက်ဆောင်များကို ယူသွားခဲ့ပါသော်ငြား ဘာမှ ပြန်မပြောခဲ့ပေ။ ထို့အတွက်ကြောင့် အကုန်လုံးမှာ ရင်တမမ ဖင်တကြွကြွ ဖြစ်နေရသည်။ တကယ့်တကယ်ဆိုလျှင် ယခုအချိန်ထိ ဤနေရာသို့ ရောက်လာပြီးသည့်တိုင် ရန်ကိုင်၏မျက်နှာကိုပင်လျှင် မမြင်ရသေးဘဲ သူ့ကိုယ်စား စကားလာပြောသော သူ၏တပည့် အရူးမကိုသာ တွေ့ရလေသည်။

ခဏကြာအောင် စောင့်နေပြီးသည့်နောက်တွင် ချန်ကွော့က ပြောလိုက်လေသည်။ “ငါတို့ပေးတဲ့လက်ဆောင်တွေက နည်းတယ်လို့ တွေးပြီးတော့ ထပ်လိုချင်နေသေးတာများလား…”

ဖန်းဝူသည် ချန်ကွော့ကို ကြည့်လျက် “သူ့ကိုပေးထားတာ ငါတို့ပိုင်ဆိုင်မှုရဲ့ ဆယ်ပုံတစ်ပုံတောင်ရှိနေပြီ… အဲ့ဒါက နည်းမလားဟ…”

“သူ့လောဘက ဒီလောက်နဲ့ အတောမသတ်သွားမှာကိုပဲ စိုးရိမ်နေရတာ…” ချန်ကွော့က ပူပန်နေသည့် အမူအယာဖြင့် ထပ်ပြောလိုက်လေ၏။ “လူသားတွေ ဘယ်လောက် လောဘကြီးလဲ မင်းတို့လည်း သိတာပဲ…”

လွမ်ဖုန်းက သက်ပြင်းချလျက် “သူမကျေနပ်ရင်ရော ငါတို့က ဘာတတ်နိုင်မှာလဲ… သူကျေနပ်အောင် ထပ်ပေးရရုံပဲ ရှိမှာပေါ့… ဒါနဲ့ နင်တို့နှစ်ယောက် ရှီဟွော့ရဲ့ ရတနာတွေကို မသိမသာလေး ခိုးမယူထားပါဘူးနော်…”

ချန်ကွော့က နှုတ်ခမ်းကွေးလျက် “အမျိုးသမီးဖုန်း… ခင်ဗျားကိုယ်တိုင်လည်း ရှီဟွော့ရဲ့ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်ပြီးသွားပြီပဲ… ကျုပ်တို့ ယူထား မထား မပြောနိုင်ဘူးလား…”

လွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။ “ငါ ဒီတိုင်း မေးကြည့်လိုက်ရုံပဲ…”

ဖန်းဝူက ခါးသက်စွာပြုံးလျက် “သူ့ဒဏ်ရာတွေ မပျောက်ကင်းသေးလို့ဆိုပြီး ဒီမှာဆက်နေနေတာဆိုတော့ ငါတို့လည်း သူ့ကို မောင်းထုတ်ရအခက်ပဲ… မတော်လို့ သူသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ကောင်းကင်အမိန့်တော်မျိုးဆက် သွေးတံခါးထဲကနေ ထွက်လာတဲ့နေ့ ငါတို့ လုံးဝ ဒုက္ခရောက်ကြမှာ…”

ကောင်းကင်အမိန့်တော်မျိုးဆက်ဟူသော စကားကို ကြားလိုက်သည့်အခိုက် လွမ်ဖုန်းနှင့် ချန်ကွော့တို့ နှစ်ဦးစလုံး၏မျက်နှာ ဖြူလျော်သွားခဲ့ကြလေသည်။ သူတို့နှစ်ဦးစလုံးမှာ ရို့ရှီအား အမှန်တကယ်ကိုမှ ကြောက်လန့်နေကြသည့်ပုံပင်။

သုံးဦးစလုံးသည် အကြည့်ချင်း ကြိတ်၍ဖလှယ်လျက် သက်ပြင်းချနေကြလေသည်။ ရန်ကိုင်သည် အမှန်တကယ်ကို ခေါင်းကိုက်စရာကောင်းပါလားဟု တွေးနေကြလေသည်။

ထိုစဉ် နတ်အရှင်သုံးပါးသည် တစ်ခုခုအား သတိပြုမိသွားခဲ့ပြီး ရှေ့ဘက်ဆီသို့ လှမ်းကြည့်လိုက်ကြလေသည်။ ကျိယောင်သည် အိမ်ထဲမှထွက်၍ သူတို့ဆီသို့ လာနေကြောင်း တွေ့လိုက်ရလေသည်။ မကြာမီတွင် ကျိယောင် သူတို့ရှေ့သို့ ရောက်လာပြီး ပြောလိုက်လေ၏။ “နတ်အရှင်သုံးပါးတို့… ကျေးဇူးပြုပြီး လာခဲ့ကြပါ…”

ဖန်းဝူနှင့် အခြားသူအားလုံး ရင်တဒုန်းဒုန်း ခုန်သွားခဲ့ကြလေသည်။ ရန်ကိုင် ဘာလုပ်ချင်လို့ လုပ်ချင်နေမှန်း သူတို့မသိ။ ရန်ကိုင်များ သူတို့ပေးသည့်လက်ဆောင်နှင့် ပတ်သက်၍ မကျေနပ်သေးသလားဟု တွေးရင်း စိုးရိမ်လာမိရသည်။ ထိုသို့သာဆိုလျှင်တော့ ရန်ကိုင်၏လောဘသည် အလွန်ကိုမှ စက်ဆုပ်စရာကောင်းလှသည်ဟု ပြောရပေမည်။

လွမ်ဖုန်းက အားတင်းပြုံးလျက် ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်မေးလိုက်လေ၏။ “ညီမလေး… ဆရာရန် အခြားတောင်းဆိုချင်တာတွေ ရှိသေးလို့လား…”

ကျိယောင်သည် လွမ်ဖုန်းကိုကြည့်လျက် ပြန်ပြောလိုက်လေ၏။ “ဆရာက သူ့ဒဏ်ရာတွေ ပြန်ကောင်းသွားပြီမို့လို့ မနက်ဖြန်ကြရင် ရှေးဟောင်းကုန်းမြေထဲကနေ ထွက်သွားတော့မယ်လို့ ရှင်တို့သုံးယောက်စလုံးကို ပြောခိုင်းလိုက်တာပါ…”

“ဘယ်လို…” ထိုစကားကိုကြားသည့်အခါ ချန်ကွော့မှာ အလွန်ကိုမှ ဝမ်းသာသွားခဲ့ပြီး သူ့ကိုယ်သူပင်လျှင် မထိန်းနိုင်တော့ဘဲ အလျင်စလို ပြန်၍မေးလိုက်လေသည်။ “နင် တကယ်ပြောနေတာလား…”

ချန်ကွော့မှာ နတ်အရှင်တစ်ပါး ဖြစ်သလို နှစ်ပေါင်း မရေမတွက်နိုင်အောင် အသက်ရှင်လာသူတစ်ဦး ဖြစ်ပါသော်ငြား ရန်ကိုင်မှ ရှေးဟောင်းကုန်းမြေထဲမှ ထွက်သွားမည့်အကြောင်း ကြားသိလိုက်ရသည့်အခါတွင် သူ့ခံစားချက်များကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ပေ။ ထို့အတွက်ကြောင့် ဖန်းဝူမှာ မသိမသာလေး ချန်ကွော့အား ကောက်ကန်ကာ အချက်ပြလိုက်ရလေ၏။

ထိုအခါမှသာ ချန်ကွော့သည် သူ့မျက်နှာကို ပြန်တည်လျက် ကသိကအောက်အမူအယာဖြင့် ပါးစပ်ပိတ်နေလိုက်လေသည်။

သို့ရာတွင် ကျိယောင်မှာမူ သူ့အား တစ်ချက်ကလေးပင် ကြည့်မနေခဲ့ပေ။ ရန်ကိုင်ပြောသည့်စကားကို ပြောပြီးသည့်နောက် ချက်ချင်း ပြန်လှည့်ထွက်သွားလေ၏။

ကျိယောင် သူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွားသည့်အခါတွင် လွမ်ဖုန်းသည် အခြားသူနှစ်ဦးနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ သုံးဦးစလုံး၏မျက်လုံးများထဲတွင် စိတ်သက်သာရာ ရနေသည့် အရိပ်အယောင်များကို အထင်းသား မြင်တွေ့နေကြရသည်။ ဖန်းဝူသည် ကျန်နှစ်ဦးအား မသိမသာလေး အချက်ပြလိုက်လေသည်။ ဤသို့ဖြင့် နတ်အရှင်သုံးပါးသည် ရန်ကိုင်ရှိနေသည့် နေရာဆီမှ တိုးတိုးတိတ်တိတ် အလျင်အမြန် လမ်းလျှောက်ထွက်ခွာလာခဲ့ကြပြီးသည့်နောက် ပြိုင်တူ သက်ပြင်းချလိုက်လေ၏။

ချန်ကွော့က ပြုံးကာ ပြောလိုက်လေသည်။ “သူ နောက်ဆုံးတော့ ထွက်သွားတော့မယ်… ကြည့်ရတာ ဒီဆရာရန်က အရမ်းကြီး လောဘမကြီးတဲ့ပုံပဲ…”

ရန်ကိုင်သာ သူတို့ဆီမှ ထပ်တောင်းနေမည်ဆိုပါက သူတို့အနေဖြင့် သူတို့ပိုင်ဆိုင်ထားသည်များကို ထပ်ပေးရရုံမှလွဲ၍ အခြား ဘာမှလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

“ပြဿနာမဖြစ်အောင်လို့ ငွေနဲ့ပေါက်ပြီး ရှင်းတယ်ဆိုတာ ဒါမျိုးကို ပြောတာလားမသိဘူး…” ဖန်းဝူသည်လည်း ဝမ်းသာနေမိလေသည်။ နတ်အရှင်သုံးပါးကို ဤမျှ ကြီးကြီးမားမား ဆုံးရှုံးသွားစေရပြီးသည့်နောက်တွင် ပျော်နေစေအောင် လုပ်နိုင်သည့်လူဆို၍ ရန်ကိုင်တစ်ဦးသာ ရှိနေပေသည်။ အခြားလူတစ်ဦးဦးသည်သာ နတ်အရှင်များအား ဤကဲ့သို့ လာလုပ်မည်ဆိုပါက နတ်အရှင်များမှာ ထိုလူနှင့် သူသေကိုယ်သေ တိုက်ခိုက်လိုက်ကြပေလိမ့်မည်။

“မနက်ဖြန် ထွက်သွားတော့မှာဆိုတော့ ငါတို့ဘက်က မရိုင်းပျရလေအောင် ဒီဘုရင်မကိုယ်တိုင် သူ့ကို လိုက်ပို့ရသေးတာပေါ့…” လွမ်ဖုန်းက အပြုံးကြီးပြုံးလျက် ပြောလိုက်လေသည်။

ဖန်းဝူက ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်… အဲ့လိုမျိုးလုပ်ရင် ပိုပြီးသင့်တော်တယ်… ဒါဆိုရင် အမျိုးသမီးဖုန်းကို အားကိုးနေမယ်နော်…”

လွမ်ဖုန်းက သူမလက်ကိုဝှေ့ယမ်းလျက် ခါးသက်စွာပြုံးကာ ပြန်ပြောလိုက်လေ၏။ “ဘယ်လိုပဲဖြစ်ဖြစ် သူက ဒီဘုရင်မရဲ့ နန်းတော်မှာ နေနေတာလေ… ပြီးတော့ ရှေးဟောင်းကုန်းမြေက ငါတို့ရဲ့ပိုင်နက် ဖြစ်နေတုန်းပဲ… သူသာ ဒီမှာ တစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူမှ အကျိုးဆက်ကို ခံနိုင်မှာမဟုတ်ဘူး…”

ဖန်းဝူနှင့် ချန်ကွော့တို့သုံးဦးသည် ခဏတာမျှ စကားစမြည် ပြောနေပြီးသည့်နောက် ဖန်းဝူနှင့် လွမ်ဖုန်းတို့မှာ နှုတ်ဆက်စကားပြောကာ ထွက်ခွာလာခဲ့ကြသည်။

ရန်ကိုင်ဆီသို့ ရောက်လာစဉ်က နှစ်ဦးစလုံးမှာ ရင်တမမ ဖြစ်ခဲ့ရပါသော်ငြား ယခုတွင်မူ အိမ်အပြန်လမ်း၌ သုံးဦးစလုံးမှာ အလွန်ကိုမှ ဝမ်းသာပီတိ ဂွမ်းဆီထိ ဖြစ်နေကြသည်။

သိုလှောင်လက်စွပ်များကို ရပြီးသည့်နောက်တွင် ရန်ကိုင်သည် ဆေးဖော်စပ်မနေတော့ဘဲ သိုလှောင်လက်စွပ်ထဲတွင် ပါလာသည့် ပစ္စည်းများအား ရင်းနှီးအောင်လုပ်ရင်းဖြင့်သာ အချိန်ကုန်ဆုံးနေတော့သည်။

အရင်းအမြစ်ကျောက်များ၊ မွန်းစတားအမြုတေများ၊ ဆေးပင်များ စသဖြင့်….။

ရန်ကိုင်သည် ထိုအရာများကို အမျိုးအစားချင်း၊ အဆင့်ချင်းလိုက်၍ ခွဲချလိုက်ကာ ကမ္ဘာငယ်လေးထဲသို့ ပစ်ထည့်ထားလိုက်လေသည်။ နောက်ပိုင်း သူလိုသည့်အခါ အချိန်မရွေး ထုတ်ယူနိုင်ပေလိမ့်မည်။

သို့ရာတွင် သိန်းနှင့်ချီသော ဧကရာဇ်အဆင့် ဆေးပင်များကို အမျိုးအစားခွဲရန်အတွက် ရန်ကိုင်ခမျာ အတော်လေးကိုမှ အချိန်ယူလိုက်ရလေသည်။ ဆေးပင်အားလုံးမှာ အဖိုးတန်ကာ ရှားပါးလှသဖြင့် ရန်ကိုင်အဖို့ ဆေးပင်များအား တစ်ပင်ချင်းစီ လိုက်လံစစ်ဆေး ကြည့်နေရလေသည်။ ထိုမျှသာမဟုတ်သေးဘဲ ဆေးပင်များ၏ အာနိသင်ကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်အောင် ကြိုးစားရသေး၏။

တစ်ညလုံး အလုပ်ရှုပ်နေပြီးသည့်နောက်တွင် ရန်ကိုင်သည် သူရရှိထားသည့် ဆေးပင်များ၏ တစ်ဆယ်ရာခိုင်နှုန်းလောက်ကိုသာ ခွဲခြားစိစစ်နိုင်ခဲ့လေသည်။

နောက်တစ်နေ့မနက်တွင် ရန်ကိုင်သည် ကျိယောင်ကိုခေါ်၍ ထျန်းလုံဟူသော အစေခံမလေး၏ ဦးဆောင်မှုနှင့်အတူ ဖီးနစ်အသိုက် နန်းတော်ဆီမှ ထွက်ခွာလာခဲ့သည်။ နန်းတော်အပြင်သို့ရောက်သော် သူ့အား ရပ်စောင့်နေသော လွမ်ဖုန်းကို တွေ့လိုက်ရလေသည်။

“ဆရာရန်…” လွမ်ဖုန်းသည် ရန်ကိုင်အား အလျင်စလို လာရောက်ဆီးကြို နှုတ်ဆက်လေ၏။

ရန်ကိုင်က ခေါင်းညိတ်လျက် ပြုံးကာ ပြန်၍ ပြောလိုက်၏။ “ဒီတစ်လောအတွင်း အမျိုးသမီးဖုန်းကို အလုပ်ရှုပ်သွားစေခဲ့မှာပေါ့နော်… အခု ဒီသခင်လေးရဲ့ ဒဏ်ရာတွေက လုံးဝ ပျောက်ကင်းသွားပြီဆိုတော့ ဒီကနေ သွားရတော့မှာပေါ့… ကျုပ်မရှိတုန်းလေး ကျောက်တုံးဝိဉာဉ်ကလန်ကို စောင့်ရှောက်ပေးထားဖို့ အမျိုးသမီးဖုန်းနဲ့ ကျန်တဲ့နတ်အရှင်နှစ်ပါးကို ကျုပ် တောင်းဆိုချင်ပါတယ်…”

လွမ်ဖုန်းသည် သူမ၏ပါးစပ်ကို လက်ဖြင့်ပိတ်လျက် ပြုံးကာ ပြန်ပြောလိုက်လေသည်။ “စိတ်မပူပါနဲ့ ဆရာရန်… ကျွန်မတို့သုံးဦး ရှေးဟောင်းကုန်းမြေထဲမှာ ရှိနေသရွေ့ ကျောက်တုံးဝိဉာဉ်ကလန် ဘာမှမဖြစ်စေရပါဘူး…”

ရန်ကိုင်က ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။

လွမ်ဖုန်းက ထပ်၍ ပြောလိုက်သည်။ “ရှေးဟောင်းကုန်းမြေထဲမှာ သဘာဝအစီအရင်တွေလည်း အများကြီးရှိတယ်… ထွက်ပေါက်ကို ရောက်အောင်သွားဖို့ကလည်း တော်တော်လေးကြာဦးမှာဆိုတော့ ကျွန်မကိုယ်တိုင် လိုက်ပို့ပေးပါရစေ…”

ရန်ကိုင်လည်း ငြင်းမနေခဲ့ဘဲ ခေါင်းညိတ်၍သာ လေပေါ်သို့ ပျံသန်းသွားလေသည်။ ကျိယောင်သည် သူ့နောက်မှ အလျင်စလို လိုက်သွားလေ၏။

လွမ်ဖုန်းသည် ရပ်နေရာမှ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး ရန်ကိုင်နှင့် ကျိယောင်ဘေးနားတွင် တမုဟုတ်ချည်း ပြန်ပေါ်လာခဲ့သည်။ ထို့နောက်တွင် သူမ၏ မွန်းစတားချီဖြင့် ရန်ကိုင်နှင့် ကျိယောင်တို့ နှစ်ဦးစလုံးအား ရစ်ပတ်လျက် အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းကာ ရှေးဟောင်းကုန်းမြေ၏ ထွက်ပေါက်ဆီသို့ တဟုန်ထိုး ပျံသန်းသွားလေသည်။ နှစ်ရက်ခန့်ကြာပြီးသည့်နောက်တွင် ရန်ကိုင်တို့အဖွဲ့သည် ရှေးဟောင်းကုန်းမြေ၏ လျှိုမြောင်ရှေ့သို့ ရောက်ရှိလာခဲ့ကြလေသည်။

လျှိုမြောင်ထဲတွင် ထူးဆန်းသောမြူခိုးများ၊ ထစ်ချုန်းပစ်ချနေသော မိုးကြိုးများနှင့် တဟူးဟူးတိုက်ခတ်နေသော အာကာသလေပြင်းများတို့နှင့်အတူ သားကောင်များကို ချောင်းမြောင်းနေသည့် ယင်ဝိဉာဉ်များ ရှိနေကြလေသည်။ ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည်ပင်လျှင် ဤလျှိုမြောင်ထဲသို့ မဆင်မခြင် ဝင်သွားရဲလိမ့်မည် မဟုတ်ချေ။ သို့ရာတွင် လွမ်ဖုန်းကမူ ထိုအန္တရာယ်များကို တစ်ချက်ကလေးမှပင် ဂရုစိုက်မနေခဲ့ဘဲ ရန်ကိုင်နှင့် ကျိယောင်အား သူမ၏မွန်းစတားချီဖြင့် လွှမ်းခြုံလျက် မြူခိုးအား တိုက်ရိုက်ဖြတ်သန်းလာခဲ့လေသည်။ တစ်နာရီခန့် ကြာပြီးသည့်နောက်တွင် လျှိုမြောင်အပြင်ဘက်သို့ ရောက်လာခဲ့လေ၏။

ရန်ကိုင် လျှိုမြောင်အပြင်ဘက်သို့ ရောက်ရောက်ခြင်းမှာပင် အံ့အားသင့်တကြီးဖြင့် ရောင်းရင်းရန်ဟု အော်ခေါ်လိုက်သည့် အသံတစ်သံကို ရန်ကိုင် ရုတ်တရက် ကြားလိုက်ရလေသည်။

“ဟမ်…” ရန်ကိုင်လည်း ကြောင်တောင်တောင်ဖြင့် အသံကြားရာဆီသို့ လှမ်းကြည့်လိုက်ရာ လူတစ်ရာလောက်ရှိမည့် ကျင့်ကြံခြင်းမတူညီကြသည့် လူအုပ်ကြီးတစ်ဖွဲ့ကို မြင်လိုက်ရလေသည်။

ထိုလူအုပ်ကြီးကိုကြည့်ရသလောက် ရှေးဟောင်းကုန်းမြေထဲသို့ ဝင်ရန် ဟန်ပြင်နေကြသည့်ပုံပင်။

ရန်ကိုင်အား လှမ်းခေါ်လိုက်သည့် လူမှာ ဒဏ်ရာရထားသည့်အတွက်ကြောင့်လားမသိ ဖြူဖတ်ဖြူလျော်ဖြစ်နေသည့် မျက်နှာနှင့် အသက်သုံးဆယ်အရွယ်လောက်ရှိမည့် လူငယ်လေးတစ်ဦးဖြစ်ပေသည်။

ထိုလူကိုမြင်သော် ရန်ကိုင် မျက်မှောင်ကြုတ်သွားခဲ့ပြီး ပြန်မေးလိုက်လေ၏။ “ချီဟိုင်လား…”

ဤလူသည် ကြယ်ပျက်ပင်လယ်ထဲတွင် ရန်ကိုင်တွေ့ခဲ့ရသည့် ချီမိသားစုမှ ချီဟိုင် ဖြစ်နေခဲ့သည်။ ရန်ကိုင်မှ ဖီးနစ်မီးတောက်အား ရရှိသွားပြီးသည့်နောက်တွင် ချီဟိုင်သည် ရန်ကိုင်အား ချီမိသားစုဆီသို့ လာ၍ ဖီးနစ်မီးတောက်အားသုံး၍ သူ့မိန်းမ၏အသက်ကို ကယ်ပေးရန် တောင်းဆိုခဲ့လေသည်။ ရန်ကိုင်တွင်သာ ဖီးနစ်မီးတောက် ရှိနေသေးခဲ့လျှင်တော့ ရန်ကိုင်အနေဖြင့် ချီဟိုင်၏မိန်းမအား သွားရောက်ကယ်ဆယ်ပေးခဲ့ပေလိမ့်မည်။ သို့သော်ငြား ဖီးနစ်မီးတောက်ကို လျို့ယန်မှ စုပ်ယူသွားခဲ့ပြီဖြစ်သလို လျို့ယန်သည် ကျို့ဖုန်းနှင့် စိတ်ဝိဉာဉ်သားရဲကျွန်းသို့ ရောက်သွားခဲ့လေပြီ။ ထို့အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ကူညီချင်လျှင်ပင် မကူညီနိုင်ပေ။

ရှေးဟောင်းကုန်းမြေထဲ၏ လျှိုမြောင်ထဲ၌ ရန်ကိုင်သည် ချီမိသားစုမှ ချီဟဲဖုန်းနှင့် တွေ့ခဲ့သည်။ ချီဟဲဖုန်းသည် ချီဟိုင်မှ ရန်ကိုင်အား စောင့်နေရန် ညွှန်ကြားထားသည့် လူတစ်ဦးဖြစ်ပေသည်။

ချီဟိုင်သည် ရန်ကိုင် သူ့အပေါ် အကြွေးတင်လာစေရန်အတွက် မရဏဂိုဏ်း၏ ထောင်ချောက်ကို ရန်ကိုင်အား ပြောပြခဲ့သည်။ သို့သော်ငြား ရန်ကိုင်ကမူ ထိုထောင်ချောက်အား ဂရုစိုက်မနေခဲ့ဘဲ ရှေးဟောင်းကုန်းမြေထဲသို့ ရဲရဲတင်းတင်း ဝင်သွားခဲ့လေသည်။

အကျိုးဆက်အနေဖြင့် မရဏဂိုဏ်းမှ ရောက်လာသည့် အဖွဲ့တစ်ဖွဲ့လုံး ရှင်းပစ်ခံလိုက်ရလေ၏။

အကြည့်ချင်းဖလှယ်လိုက်စဉ်အတောအတွင်း ချီဟိုင်၏မျက်ဝန်းထဲ ဒွိဟဖြစ်နေသည့် အမူအယာနှင့် နောင်တရိပ်တို့ ဖြတ်ပြေးသွားခဲ့လေသည်။ သို့တိုင် မကြာမီ သူ၏တုံ့ဆိုင်းနေသော အမူအယာမှာ ပျောက်ချင်းမလှ ပျောက်ကွယ်သွားခဲ့ပြီး သံဓိဌာန်ချလိုက်သည့်ဟန်ဖြင့် လက်သီးဆုပ်၍ ရှေ့တည့်တည့်တွင် ရှိနေသော ထွားထွားကျိုင်းကျိုင်း အဘိုးကြီးတစ်ဦးအား လှမ်းအော်၍ပြောလိုက်လေသည်။ “စီနီယာဝူ… ခင်ဗျားရှာနေတာ သူပါပဲ…”

ထိုလူအိုကြီးမှာ အဘိုးကြီးတစ်ဦး ဖြစ်နေပြီဖြစ်ပါသော်ငြား သူ၏ခန္ဓာကိုယ်မှာ တုတ်ခိုင်၍ ထွားကျိုင်းသည်။ အင်္ကျီလက်ပြတ်ကိုသာ ဝတ်ဆင်ထားသည့်အတွက်ကြောင့် အမြှောင်းမြှောင်းဖြစ်နေသည့် သူ့ကြွက်သားများကို အထင်းသား မြင်နေရလေသည်။

ရန်ကိုင်ပြောသည်ကို ကြားပြီးသည့်နောက် လူအုပ်ကြီး၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ “အဲ့ကောင်က မျိုးရိုးနာမည်ရန် ဆိုတဲ့ကောင်လား…”

ထိုသို့မေးပြီးသည့်နောက် သိမ်းငှက်မျက်လုံးတမျှ စူးရှသည့် သူ၏အကြည့်သည် ရန်ကိုင်ဆီသို့ ရောက်ရှိလာခဲ့လေသည်။ သတ်ဖြတ်လိုစိတ်တို့မှာ ထိုလူအိုကြီး၏ မျက်နှာထက် တဖွားဖွား…။

ချီဟိုင်က အလျင်အမြန် ပြန်ပြောလိုက်လေ၏။ “ဟုတ်ပါတယ်…”

“ကောင်းတယ်… ကောင်းတယ်…” မျိုးရိုးနာမည်ဝူနှင့်လူကြီးက ရက်စက်ကြမ်းကြုတ်စွာပြုံးလျက် “ငါကတောင် သွားရှာစရာမလိုပဲ ဒီကောင့်ဘာသာဒီကောင် ငါရှေ့တည့်တည့်ကို ရောက်လာမယ်လို့ မထင်ထားခဲ့ဘူး… ကြည့်ရတာ ကံကြမ္မာက ငါ့ကို မျက်နှာသာပေးနေတယ်နဲ့တူတယ်…”

ချီဟိုင်က အံကြိတ်၍ ပြန်ပြောလိုက်လေသည်။ “စီနီယာဝူ… ခင်ဗျားကတိအတိုင်း ဒီကိစ္စပြီးသွားတာနဲ့ ဖီးနစ်မီးတောက်ကို ကျုပ်ဆီငှားပေးဖို့ မမေ့နဲ့နော်…”

မျိုးရိုးနာမည်ဝူနှင့်လူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လိုက်လေ၏။ “ငါ ဘယ်တုန်းက မင်းကို အဲ့လိုမျိုး ကတိပေးခဲ့ဖူးလို့လဲ…”

“ဒါပေမယ့် စီနီယာပဲ…” ချီဟိုင်၏အမူအယာ အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ပြီး မျိုးရိုးနာမည်ဝူနှင့် လူကြီးအား မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်လေသည်။

လူအိုကြီးက နှာခေါင်းရှုံ့လျက် ထပ်ပြောလိုက်ပြန်သည်။ “ဖီးနစ်မီးတောက်ဆိုတာ မင်းလိုလူမျိုးကို ငှားပေးဖို့ အရမ်းမြင့်မြတ်လွန်းအားကြီးတယ်…”

“စီနီယာ… ခင်ဗျား ကိုယ့်စကားကိုယ် ပြန်ရုတ်သိမ်းတော့မှာလား…” ချီဟိုင်၏အမူအယာ သုန်မှုန်သွားခဲ့လေသည်။ ကံမကောင်းစွာဖြင့် သူသည် တစ်ဖက်လူထက် အားနည်းနေသည့်အတွက်ကြောင့် သူ့စိတ်ထဲ အလွန်တရာကိုမှ ဒေါသထွက်နေသည့်တိုင် ဘာမှမလုပ်နိုင်ခဲ့ပေ။

“မင်းကိုယ်မင်း ဘာကောင်မှတ်နေတာလဲကွ…” ယခုတစ်ကြိမ်တွင်တော့ မျိုးရိုးနာမည်ဝူနှင့်လူ ဘာမှပြန်မပြောခဲ့။ ထို့အစား အခြားသောလူအိုကြီးတစ်ဦးက ဒေါမာန်တကြီးဖြင့် ထအော်၍ ချီဟိုင်က ကောက်ရိုက်လိုက်ရာ ချီဟိုင်လည်း သွေးအပွက်ပွက်အန်ထွက်ရင်း ကြိုးပြတ်သွားသည့် စွန်တစ်စင်းနှယ် လွင့်စင်ထွက်သွားခဲ့လေသည်။

လူအိုကြီးသည် ရှေ့သို့တက်၍ ရေခဲတမျှ အေးစက်သည့် လေသံဖြင့် “မင်း မဟုတ်တရုတ်တွေ ထပ်ပြောရဲပြောကြည့်… ငါ မင်းအသက်ကို ချက်ချင်းနှုတ်ယူပစ်မှာ…”

“သခင်လေး…” ချီဟိုင် မြေပြင်ပေါ်သို့ ရုပ်ပျက်ဆင်းပျက် လွင့်စင်ထွက်သွားသည်ကိုမြင်သော် သူနှင့်အတူပါလာသော လူအုပ်ကြီးသည် သူ့အား အလျင်စလို ပြေးထူပေးကြလေသည်။ ချီဟိုင် အသက်အန္တရာယ်မရှိကြောင်း တွေ့လိုက်ရသည့်အခါမှ ထိုလူများ သက်ပြင်းချနိုင်သွားကြသည်။ ထို့နောက် ချီဟိုင်အား တိုက်ခိုက်လိုက်သည့် လူအိုကြီးအား ဒေါမာန်တကြီးဖြင့် လှမ်း၍ ကြည့်လိုက်ကြလေသည်။ သူတို့စိတ်ထဲ ဒေါသထွက်နေသည့်တိုင် ဘာမှမပြောရဲခဲ့ပေ။

“ဘာတွေဖြစ်နေတာလဲ…” ရန်ကိုင်သည် ထိုအချင်းအရာကိုကြည့်ရင်း ထူးထူးဆန်းဆန်း ဖြစ်နေခဲ့သည်။

ရှေးဟောင်းကုန်းမြေထဲမှ ထွက်လာလာချင်း ဤကဲ့သို့ ပွဲကြီးပွဲကောင်းတစ်ပွဲနှင့် တိုးရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုပွဲထဲတွင် သူကိုယ်တိုင်ပါ ပါဝင်ပတ်သက်နေခဲ့လေသည်။

ချီဟိုင်နှင့် မျိုးရိုးနာမည်ဝူဟူသော လူတို့မှာ စကားများများစားစား ပြောမသွားခဲ့ပါသော်ငြား ရန်ကိုင်သည် ဘာတွေဖြစ်နေသလဲ ဆိုသည်ကို မသိရလောက်သည်အထိ တုံးအမနေခဲ့ပေ။

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၁၀)

ရန်ကိုင်သည် သူ့ရှေ့တွင် စုဝေးနေကြသော ရာနှင့်ချီသည့် လူအုပ်ကြီးကိုကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။ “မရဏဂိုဏ်းပါလား… ဒီကောင်တွေ ငါဘယ်သွားသွား ငါ့နောက်ကို တကောက်ကောက်လိုက်နေတာပဲ…”

ရာနှင့်ချီသော လူများအနက် ဆယ်ဦးခန့်လောက်မှာ အေးစက်စက် သုန်သုန်မှုန်မှုန် အရှိန်အဝါများကို ပိုင်ဆိုင်ထားကြသည်။ မျိုးရိုးနာမည်ဝူနှင့် ချီဟိုင်အား တိုက်ခိုက်လိုက်သည့် လူအိုကြီးလည်း ပါပေသည်။ ထိုလူများ၏ အရှိန်အဝါမှာ ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့ဆီမှ ရန်ကိုင် ခံစားခဲ့ရသည့် အရှိန်အဝါနှင့် ဆင်တူပေသည်။ ထိုအချက်ကိုကြည့်ရုံဖြင့်ပင်လျှင် ထိုလူများ မည်သူမှန်း အထင်းသား ပေါ်နေလေပြီ။

အရှေ့ဘက်နယ်မြေတွင် မရဏဂိုဏ်းမှလွဲ၍ မည်သည့်ဂိုဏ်းမှ ထိုကဲ့သို့သော မှုန်ထိုင်းထိုင်း အရှိန်အဝါများကို ပိုင်ဆိုင်ထားကြခြင်း မရှိချေ။

ထိုလူဆယ်ဦးမှလွဲ၍ ကျန်လူများသည် အမျိုးမျိုးသောကျင့်ကြံခြင်းများကို ပိုင်ဆိုင်ထားကြသလို ချီဟိုင်အား စိုးရိမ်တကြီးဖြင့် ကြည့်နေကြသည်ကို ထောက်ရှုကြည့်ပါက ထိုလူများသည် ချီမိသားစုမှဖြစ်ကြောင်း သိနိုင်ပေသည်။

မကြာမီတွင် ရန်ကိုင်သည် အခြားသော လူအိုကြီးတစ်ဦးအား ကြည့်၍ မျက်မှောင်ကျုံ့ကာ ပြောလိုက်လေသည်။ “လူအိုကြီးပန်… ခင်ဗျား ဘာလို့ ဒီကိုရောက်နေတာလဲ…”

ထိုလူအိုကြီးမှာ ရန်ကိုင်နှင့် ကျန်းရို့ရှီတို့မှ ရှေးဟောင်းကုန်းမြေထဲသို့ ခေါ်သွားခဲ့သည့် လမ်းပြသာ ဖြစ်လေသည်။

ရန်ကိုင်၏အမေးကိုကြားသော် လူအိုကြီးပန်က ခါးသက်စွာပြုံးလျက် ပြန်ပြောလိုက်သည်။ “သူတို့က ရှေးဟောင်းကုန်းမြေထဲကို ဝင်ချင်နေကြတာလေ… သူတို့တွေက ဓါးတွေဆိုလို့ရှိရင် ငါက စဉ်းနီတုံးပေါ်က ငါးပဲ…”

သူမည်မျှ ကူကယ်ရာမဲ့နေကြောင်းကို လူအိုကြီးပန် ပြောသွားခဲ့လေသည်။

“သက်ကြားအိုကြီး… ခင်ဗျားရဲ့သောက်ပါးစပ်ကို ပိတ်ထားလိုက်စမ်း…” လူအိုကြီးပန်ဘေးနားတွင် ရှိနေသော မရဏဂိုဏ်းမှ တပည့်တစ်ဦးသည် ချက်ချင်းဆိုသလို လူအိုကြီးပန်အား စူးစူးရဲရဲ စိုက်ကြည့်လိုက်လေသည်။ လူအိုကြီးပန်၏အမူအယာ ပြောင်းလဲသွားခဲ့ပြီး မည်သည့်စကားမှ ထပ်မပြောရဲတော့ချေ။ သို့သော်ငြား ရန်ကိုင်အား တိုးတိုးတိတ်တိတ်နှင့် သတင်းပို့လိုက်လေသေး၏။ “ညီငယ်လေး… မြန်မြန်ထွက်သွားပေတော့… ဒီမရဏဂိုဏ်းကလူတွေက မင်းဆီကိုလာကြတာ…”

သို့သော်ငြား လူအိုကြီးပန်မှ ပြောပြီးသည်နှင့် တစ်ပြိုင်နက် အစောပိုင်းက သူ့အား စူးစူးဝါးဝါးစိုက်ကြည့်လာသော မရဏဂိုဏ်းမှ တပည့်သည် လူအိုကြီးပန်ဘက်သို့လှည့်၍ အော်ပြောလိုက်လေ၏။ “သက်ကြားအိုကြီး… သတိပေးနေတာတောင် ခင်ဗျားက ထပ်ပြောရဲသေးတယ်ပေါ့ ဟုတ်လား… သေချင်နေတာပဲ…”

ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် လူအိုကြီးပန်အား သူ့လက်ဝါးဖြင့် ရိုက်ချလိုက်လေသည်။

လူအိုကြီးပန်သည် တာအိုသခင်ပထမအဆင့်သာ ရှိပေသေးသည်။ ထို့အတွက်ကြောင့် အတတ်နိုင်ဆုံး ရန်ကိုင်အား တိုးတိုးတိတ်တိတ်ဖြင့် သတင်းပို့ခဲ့သည့်တိုင် တာအိုသခင်တတိယအဆင့်သို့ ရောက်နေသော မရဏဂိုဏ်းမှ တပည့်၏ အကြည့်အောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။ လူအိုကြီးပန်သည် ပြောသည့်အတိုင်း ငြိမ်ငြိမ်မနေဘဲ ဆက်၍ပင် စကားပြောနေရဲသေးသည်ကိုမြင်သော် မရဏဂိုဏ်းမှတပည့်လည်း ဒေါသထွက်သွားရတော့သည်။

သူတို့၏ ဒုဂိုဏ်းချုပ် လိုက်ရှာနေသောလူသည် ကိုယ့်ဘာသာကိုယ် ပေါ်လာပြီ ဖြစ်သည့်အတွက်ကြောင့် ရှေးဟောင်းကုန်းမြေထဲ သွားစရာမလိုတော့။ ရှေးဟောင်းကုန်းမြေထဲ သွားစရာမလိုတော့ရာ လမ်းပြဖြစ်သည့် လူအိုကြီးပန်ကိုလည်း မလိုတော့ချေ။ ထို့အတွက်ကြောင့် လူအိုကြီးပန် သေသေရှင်ရှင် သူဂရုမစိုက်တော့။

မရဏဂိုဏ်းမှတပည့်၏ လက်ဝါးချက် သူ့ဆီသို့ တိုးဝင်လာနေသည်ကိုမြင်သော် လူအိုကြီးပန်၏မျက်နှာ ဖြူလျော်သွားခဲ့လေသည်။

ထိုလက်ဝါးချက် လူအိုကြီးပန်အား ထိခါနီးမှာပင် တစ်ဖက်တစ်ချက်ဆီမှ နောက်ထပ်လက်ဝါးချက်တစ်ခု ထွက်ပေါ်လာပြီး မရဏဂိုဏ်းမှတပည့်၏ လက်ဝါးချက်အား ထိပ်တိုက်ရင်ဆိုင်လိုက်လေသည်။

“ဘယ်သူလဲ…” တိုက်ခိုက်လိုက်သည့် မရဏဂိုဏ်းမှတပည့် အံ့အားသင့်သွားခဲ့သည်။ သို့သော်ငြား သူ့တိုက်ခိုက်မှုအား မည်သူဝင်တားလိုက်သလဲဆိုသည်ကို မသိရသေးခင်မှာပင် လက်ဝါးနှစ်ခုမှာ ထိပ်တိုက်တွေ့သွားခဲ့လေပြီ။

ဒီရေလှိုင်းလုံးတမျှ ပြင်းထန်သည့် စွမ်းအားတစ်ရပ်သည် မရဂိုဏ်းမှတပည့်၏ ခန္ဓာကိုယ်ထဲသို့ သူ့လက်ဝါးမှတစ်ဆင့် တောက်လျှောက်စီးဝင်လာခဲ့သည်။

“ဖူး…”

မရဏဂိုဏ်းမှတပည့် သွေးတစ်ပွက်အန်ထုတ်လိုက်ရပြီး ကြိုးပြတ်သွားသည့်စွန်တစ်စင်းအလား လွင့်စင်ထွက်သွားခဲ့လေသည်။

မတ်တပ်ပြန်ရပ်၍ သူ့ကိုယ်သူ ပြန်စစ်ဆေးကြည့်လိုက်သည့်နောက် ထိုတပည့်၏မျက်နှာ ရုတ်ချည်း ဖြူလျော်သွားခဲ့ပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် အော်ဟစ်တော့လေ၏။ “ငါ့သွေးကြောတွေ… ငါ့သွေးကြောတွေ ပျက်စီးသွားပြီ…”

ထိုတပည့်မှာ စိတ်လွတ်သွားသည့်အလား သွေးရူးသွေးတမ်းဖြင့် ထိုင်အော်နေခဲ့သည်။ ယခုမှသာလျှင် သူ့အား တိုက်ခိုက်လိုက်သည့်လူမှာ အခြားမဟုတ်ဘဲ ရန်ကိုင်ဖြစ်နေကြောင်း တွေ့လိုက်ရပြီး အံကြိတ်ကာ အော်ပြောတော့လေ၏။ “မင်း ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရက်စက်ရတာလဲကွ…”

လူအိုကြီးပန်ကို ကယ်ပြီးသည့်နောက်တွင် ရန်ကိုင်သည် လူအိုကြီးပန်အား သူ ယခင် ရပ်နေခဲ့သည့် နေရာတွင် ချထားပေးလျက် မရဏဂိုဏ်းမှတပည့်ကို ကြည့်ကာ လှောင်ပြုံးပြုံး၍ ပြောလိုက်လေ၏။ “ကြည့်ရတာ အကြီးအကဲတွေကို လေးစားရမယ်ဆိုတာကို မင်းရဲ့ ဂိုဏ်းတွေ၊ မိသားစုတွေက မသင်ပေးလိုက်ဘူးနဲ့တူတယ်… ဒီလောက်အခြေခံကျတဲ့ သဘောတရားလေးကိုတောင် မသိမှတော့ သွေးကြောတွေကို ဖျက်ဆီးပစ်တာ အသေးစား အပြစ်ပေးတာပဲ ရှိသေးတယ်… နောက်နောင် အကြီးအကဲတွေနဲ့တွေ့ရင် ရိုသေလေးစားဖို့ကို မမေ့နဲ့…”

မရဏဂိုဏ်းမှတပည့်မှာ အလွန်တရာကိုမှ ဒေါသထွက်နေခဲ့လေရာ ရန်ကိုင်၏စကားကို ကြားပြီးသည့်နောက်တွင် သူ့ဒေါသအား မထိန်းနိုင်တော့ဘဲ သွေးတစ်ပွက် ထိုးအန်မိလိုက်လေသည်။ ထို့နောက် မျိုးရိုးနာမည်ဝူနှင့်လူဘက်သို့ လှည့်၍ တောင်းဆိုလိုက်လေ၏။ “ဒုဂိုဏ်းချုပ်… တပည့်ရဲ့ သွေးကြောတွေ ဖျက်ဆီးခံလိုက်ရပြီ… ကျေးဇူးပြုပြီး တပည့်အတွက် ပြန်လက်စားချေပေးပါ…”

မျိုးရိုးနာမည်ဝူနှင့်လူက အေးစက်စက်အမူအယာဖြင့် နှာခေါင်းရှုံ့လျက် “ဂိုဏ်းမျက်နှာကို အိုးမည်းသုတ်တဲ့ကောင်… ထွက်သွားစမ်း…”

ထိုတပည့် မင်သက်သွားခဲ့လေသည်။ ဒုဂိုဏ်းချုပ်သည် ဤမျှ ရက်စက်လိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူ့အား မကူညီချင်ရုံမက အပြစ်ပင် တင်နေလိုက်သေးသည်။ ရုတ်တရက် မရဏဂိုဏ်းသားတစ်ဦး ဖြစ်ရသည်မှာ အဓိပ္ပာယ်မရှိတော့ဟု သူ့စိတ်ထဲ ခံစားလာရလေသည်။ ဒေါသလည်းထွက် စိတ်ပါထိခိုက်သွားရသဖြင့် ထိုတပည့်မှာ တစ်ခါတည်းကို တန်းသတိလစ်သွားတော့လေသည်။

မျိုးရိုးနာမည်ဝူနှင့်လူသည် ရန်ကိုင်အား အေးစက်စက်အမူအယာဖြင့် ကြည့်လျက် ပြောလိုက်လေ၏။ “ဧကရာဇ်ပထမအဆင့်… မဆိုးဘူးပဲ…”

ရန်ကိုင်က ယဲ့ယဲ့လေးပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ဘာမှ ဒီလောက်မဟုတ်ပါဘူး…”

ထို့နောက် သူ့မျက်နှာမှာ ရုတ်ချည်း အေးစက်သွားခဲ့ပြီး ချီဟိုင်ဘက်သို့လှည့်၍ “ရောင်းရင်းချီဟိုင်… မင်း ငါ့ကို တကယ် စိတ်ပျက်အောင် လုပ်လိုက်တာပဲ… မင်း လုပ်ရပ်ကြောင့် ဒီသခင်လေး တကယ်ကို ဝမ်းနည်းမိသွားပြီ…”

ရန်ကိုင်၏စကားကိုကြားပြီးသည့်နောက် ချီဟိုင်စိတ်ထဲ စိုးရိမ်ပူပန်မိလာလေသည်။ ဤကဲ့သို့ လုပ်လိုက်မိသည့်အပေါ် သူ့စိတ်ထဲ အမှန်တကယ်ကို ရှက်ရွံ့မိပါသော်ငြား အံကိုတင်းတင်းကြိတ်၍ ပြန်ပြောလိုက်လေ၏။ “ရောင်းရင်းရန်… ဒီချီကို အခုလိုမျိုးလုပ်အောင် မင်းပဲ တွန်းအားပေးခဲ့တာ… ပုံမှန်သာဆိုရင်တော့ ငါ အခုလိုမျိုး လုပ်မှာမဟုတ်ဘူး… ဒါပေမယ့် အခုလောလောဆယ် ငါ့မိန်းမက အသက်အန္တရာယ်နဲ့ ကြုံနေရတယ်… မင်းမှာ ဖီးနစ်မီးတောက်ရှိနေတာတောင် မင်းငါ့ကို တစ်ချက်ကလေးမှ မကူညီပေးခဲ့ဘူး… ဒီတော့ ငါလည်း အခြားနည်းလမ်းကိုပဲ သုံးရတော့တာပေါ့…”

ရန်ကိုင်က သက်ပြင်းချလျက် ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်သည်။ “ရောင်းရင်းချီ… မင်းမိန်းမအပေါ် ဒီလောက် သစ္စာရှိလို့ ဒီသခင်လေး မင်းကို တကယ်လေးစားမိတယ်… ဒါပေမယ့် မင်း ငါ့ကို သစ္စာဖောက်လိုက်မယ်ဆိုရင်တောင် ဒုဂိုဏ်းချုပ်ကတော့ ပြောတဲ့စကား တည်မယ့်ပုံ မပေါ်ဘူးကွ…”

ထိုစကားကိုကြားသော် ချီဟိုင်၏မျက်နှာ ခါးသက်သက်ဖြစ်သွားခဲ့သည်။

မရဏဂိုဏ်းသားများ ချီမိသားစုသို့ ရောက်လာရခြင်းမှာ ချီမိသားစုသည် ဤနေရာတွင် အရှင်သခင်တစ်ပါးဖြစ်သလို ရှေးဟောင်းကုန်းမြေနှင့်လည်း သူတို့ထက်ပို၍ ရင်းနှီးသည့် အတွက်ကြောင့်ပင်။ ထိုစဉ်က ချီဟိုင်မှာ အလွန်တရာကိုမှ ကပ်စေးနည်းသည့် ရန်ကိုင်အပေါ် ဒေါသထွက်မိသွားကာ ဒုဂိုဏ်းချုပ်ဝူ၏ တောင်းဆိုချက်ကို မဆိုင်းမတွ လက်ခံခဲ့ပေသည်။ ထို့နောက်တွင် ချီမိသားစုမှ အဖွဲ့ဝင်ပေါင်းများစွာကိုပါ ခေါ်လာကာ ရှေးဟောင်းကုန်းမြေထဲသို့ဝင်၍ ရန်ကိုင်အား လိုက်ရှာရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်ငြား ဤနေရာသို့ ရောက်လာပြီးသည့်နောက် ရန်ကိုင်အား သွားရှာစရာပင်မလိုပဲ ရန်ကိုင်သည် သူ့ဘာသာ ရှေးဟောင်းကုန်းမြေထဲမှ ထွက်လာခဲ့လေသည်။

“လက်မလျှော့သေးသရွေ့ တစ်နေ့မဟုတ်တစ်နေ့တော့ ဖြစ်လာမှာပဲ…” ချီဟိုင်က အံကိုတင်းတင်းကြိတ်၍ ပြောလိုက်သည်။ “ငါလက်မလျှော့သေးသရွေ့ တစ်နေ့နေ့တော့ ဖြစ်လာမယ်လို့ ငါယုံကြည်ပြီးသား… ဒုဂိုဏ်းချုပ်ဝူသာ ဖီးနစ်မီးတောက်ကို တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် အသုံးပြုပေးမယ်ဆိုလို့ရှိရင် ငါ ဘာကို ပေးရပေးရ ပေးနိုင်တယ်…”

ပြောနေစဉ်အတောအတွင်း မျိုးရိုးနာမည်ဝူနှင့်လူဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သို့သော်ငြား မျိုးရိုးနာမည်ဝူနှင့်လူမှာတော့ တစ်ချက်ကလေးပင် မျက်နှာအမူအယာ ပြောင်းလဲသွားခဲ့ခြင်းမရှိဘဲ ထူးမခြားနားဟန်ဖြင့်သာ ရှိနေလေ၏။

ရန်ကိုင်က ရယ်သွမ်းသွေးလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းချီပြောတာတော့ အမှန်ပါပဲ… ဒါပေမယ့် ဖီးနစ်မီးတောက် ငါ့ဆီမှာ မရှိတော့ဘူးဆိုတာကို ချီဟဲဖုန်း မင်းကို ပြောမပြခဲ့ဘူးလား…”

ချီဟိုင်က အားတင်းပြုံးလျက် ပြန်ပြောလိုက်လေသည်။ “ရောင်းရင်းရန်… ဖီးနစ်မီးတောက်လို အဖိုးတန်တဲ့အရာကို မင်း ဘယ်လိုလုပ်ပြီး အခြားလူတစ်ယောက်ကို ပေးပစ်မှာလဲကွ… ငါ မင်းကို ဖီးနစ်မီးတောက်ကို တစ်ကြိမ်လောက်ပဲ အသုံးပြုပေးဖို့ တောင်းဆိုခဲ့တာလေ… မင်းအတွက် ဘယ်လောက်များ ဆုံးရှုံးသွားရမှာမို့လို့လဲ… အဲ့ဒါကို မင်းဘာဖြစ်လို့ ဒီလောက်တောင် တွက်ကပ်နေရတာလဲ…”

ရန်ကိုင်မျက်နှာ ရုတ်ချည်း အေးစက်သွားခဲ့လေသည်။ “ငါပြောတာကို ယုံတာမယုံတာကတော့ ရောင်းရင်းချီအပိုင်းပဲ… ဖီးနစ်မီးတောက်က ငါ့ဆီမှာ မရှိတော့ဘူး… ဖီးနစ်မီးတောက်ကို ရသွားတဲ့လူကလည်း ငါနဲ့အတူ ရှိမနေဘူး… အစတုန်းကတော့ သူပြန်လာလို့ရှိရင် သူ့ကို ချီမိသားစုဆီ ခေါ်လာပြီးတော့ ရောင်းရင်းချီရဲ့မိန်းမကို ကယ်ခိုင်းဦးမလို့ပဲ… အဲ့လိုလုပ်ရတာ ငါ့အတွက်လည်း ဘာမှဆုံးရှုံးသွားတာမဟုတ်ဘူးလေ… ဒါပေမယ့် အခု ကြည့်ရတာတော့ ရောင်းရင်းချီမိန်းမရဲ့ ကံကြမ္မာကတော့ ကောင်းကင်အလိုပဲနဲ့တူပါတယ်…”

ထိုစကားကိုကြားပြီးသည့်နောက် ချီဟိုင်၏မျက်နှာ သုန်မှုန်သွားခဲ့ပြီး တုန်တုန်ယင်ယင်ဖြင့် “ရောင်းရင်းရန်… ဖီးနစ်မီးတောက်က မင်းဆီမှာ တကယ်ကြီး မရှိတော့တာလား…”

ရန်ကိုင်ကမူ အေးစက်စက်အမူအယာဖြင့်သာ နှာခေါင်းရှုံ့ပြလိုက်ပြီး ပြန်မဖြေခဲ့ပေ။ တကယ်တော့ သူသည် ချီဟိုင်နှင့် ရင်းနှီးသူတစ်ဦးမဟုတ်။ ဖီးနစ်မီးတောက်ကို ရပြီးသည့်နောက်တွင် ရန်ကိုင်မှ ချီဟိုင်အား နှုတ်မပိတ်ပစ်ခဲ့သည်ကပင် ချီဟိုင်အတွက် ကံကောင်းနေခဲ့လေပြီ။ သို့သော်ငြား ချီဟိုင်ကမူ ထိုအခွင့်အရေးကို တန်ဖိုးမထားခဲ့ဘဲ ရန်ကိုင်တွင် ဖီးနစ်မီးတောက် ရှိနေကြောင်းကို သတင်းဖွခဲ့သည်။ ထို့အတွက်ကြောင့် ရန်ကိုင်မှာ အလွန်ကိုမှ ဒေါသထွက်သွားရလေသည်။

ရန်ကိုင်၏အမူအယာကို မြင်သော် ရန်ကိုင် လိမ်နေခြင်းမဟုတ်မှန်း ချီဟိုင်နားလည်သွားခဲ့သည်။ တကယ်တော့ ချီမိသားစုဆီ ပြန်လာစဉ်က ချီဟဲဖုန်းသည်လည်း ထိုအကြောင်းကို ပြောပြခဲ့ပေသည်။ ယခု ရန်ကိုင်ကိုယ်တိုင်က ထိုကဲ့သို့ ထပ်ပြောနေသည်ကိုမြင်သော် ချီဟိုင်မှာ ပိုပို၍ ယုံကြည်မိလာခဲ့သည်။

ရုတ်တရက်ဆိုသလို သူ့တစ်ကိုယ်လုံး အသူရာချောက်နက်ထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရလေသည်။ သူ့တွင် အခွင့်အရေး ရှိနေသေးခဲ့ပါသော်ငြား ချီဟိုင်ကမူ ထိုအခွင့်အရေးကို တန်ဖိုးမထားခဲ့ပဲ လွှင့်ပစ်မိခဲ့သည်။ အကြောင်းစုံကို သိလိုက်ရပြီးသည့်နောက် ချီဟိုင်သည် လိပ်ပြာလွင့်သွားသည့်အလား ငေးကြောင်ကြောင်ဖြင့်သာ ရပ်နေတော့လေသည်။

“ခင်ဗျားက မရဏဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ်လား…” ရန်ကိုင်သည် လူအိုကြီးအား မျက်မှောင်ကျုံ့လျက် မေးလိုက်လေသည်။

“မင်းကိုယ်မင်း ဘာကောင်မှတ်နေတာလဲကွ…” ချီဟိုင်အား တိုက်ခိုက်လိုက်သည့် လူအိုကြီးက ဒေါမာန်တကြီးဖြင့် ပြန်အော်ပြောလိုက်လေသည်။ “ဒုဂိုဏ်းချုပ်ကိုတွေ့တာတောင် မင်း ဘာဖြစ်လို့ ဒူးမထောက်သေးတာလဲ…”

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ကျုပ်ကို ဒူးထောက်ခိုင်းရအောင် ခင်ဗျားက ဘာကောင်မို့လို့လဲ…”

လူအိုကြီးမှာ တစ်ခုခုပြန်ပြောလိုက်ချင်ပါသော်ငြား မျိုးရိုးနာမည်လူနှင့်က လက်ဆန့်တန်း၍ တားလိုက်သည်။

မျိုးရိုးနာမည်ဝူနှင့်လူသည် ရန်ကိုင်အား ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “စိတ်ဓာတ်ကတော့ရှယ်ပဲ… ကျင့်ကြံခြင်းကလည်း ကောင်းတယ်… ဒီဘုရင် မင်းကို မရဏဂိုဏ်းထဲခေါ်ချင်တယ်… မင်း ဘယ်လိုထင်လဲ…”

“ဟမ်…” ထိုစကားကိုကြားသော် မရဏဂိုဏ်းမှတပည့်များ ထိတ်လန့်သွားကုန်ကြလေသည်။ ဒုဂိုဏ်းချုပ်သည် ရန်ကိုင်အား ဤမျှအထင်ကြီးကာ မရဏဂိုဏ်းထဲသို့ပင် ဖိတ်ခေါ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ မရဏဂိုဏ်းသည် အရှေ့ဘက်နယ်မြေ၏ ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ ရှုယဉ်သာဝိဉာဉ်နန်းတော်အောက်သာ တစ်ဆင့်နိမ့်၍ လူတိုင်း ဝင်ချင်တိုင်းဝင်လို့ရသည့် ဂိုဏ်းတစ်ဂိုဏ်းမဟုတ်ပေ။ သို့သော်ငြား ဒုဂိုဏ်းချုပ်ဖြစ်နေသည့် အတွက်ကြောင့် ရန်ကိုင်အား မရဏဂိုဏ်းထဲသို့ ပေးဝင်ဖို့ရာ မခက်လောက်ပေ။

အစောပိုင်းက ရန်ကိုင်၏ သွေးကြောများဖျက်ဆီးခြင်း ခံလိုက်ရပြီးသည့်နောက် သတိလစ်သွားသည့် မရဏဂိုဏ်းတပည့်မှာ ထိုအခိုက်အတန့်မှာပင် ပြန်နိုးလာခဲ့လေသည်။ နိုးနိုးချင်းမှာပင် ဒုဂိုဏ်းချုပ်ကို ပြောသည်ကို ကြားပြီးသည့်နောက် ရန်ကိုင်အား မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေလေ၏။

“ခင်ဗျားက ကျုပ်ကို မရဏဂိုဏ်းထဲ ဝင်စေချင်နေတာလား…” ရန်ကိုင် ရယ်မောမိသွားသည်။

မျိုးရိုးနာမည်ဝူနှင့်လူက ခေါင်းညိတ်လျက် “ဟုတ်တယ်… ငါက မရဏဂိုဏ်းရဲ့ ဒုဂိုဏ်းချုပ် ဝူယွမ်ကျန်းပဲ… မင်းသာ ငါတို့ဂိုဏ်းထဲ ဝင်မယ်လို့ သဘောတူမယ်ဆိုလို့ရှိရင် ငါမင်းကို လက်ခံပေးလို့ရတယ်…”

ရန်ကိုင်သည် သူ့မေးစေ့ကိုပွတ်ရင်းမှ တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ပြောလိုက်လေသည်။ “ကျုပ်က မရဏဂိုဏ်းသားတစ်ယောက်ဖြစ်ဖို့ စိတ်မဝင်စားဘူး…”

ဝူယွမ်ကျန်းက ထပ်ပြောလိုက်သည်။ “ငါ မင်းကို အကြီးအကဲရာထူးပေးမယ်ဆိုရင်ရော…”

“ဘယ်လို…” ထိုစကားကိုကြားသော် မရဏဂိုဏ်းမှတပည့်များမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ကြက်သေသေကုန်ကြလေသည်။

သွေးကြောများ ဖျက်ဆီးခံလိုက်ရသည့် မရဏဂိုဏ်းမှတပည့်ဆိုလျှင်တော့ သွေးအပွက်ပွက်အန်ထုတ်ကာ နောက်တစ်ကြိမ် သတိပြန်လစ်သွားတော့လေ၏။

ဒုဂိုဏ်းချုပ်သည် သူ့အတွက် ပြန်လက်စားမချေပေးရုံသာမက ရန်ကိုင်ကိုပင်လျှင် အကြီးအကဲရာထူး ပေးကာ ဂိုဏ်းထဲသို့ ဖိတ်ခေါ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ရန်ကိုင်သာ မရဏဂိုဏ်း၏အကြီးအကဲတစ်ဦး ဖြစ်လာပါက သူ့အနေဖြင့် မည်သို့မှ ပြန်လည် လက်စားချေနိုင်တော့လိမ့်မည် မဟုတ်ချေ။ သူဒုက္ခိတဖြစ်သွားခဲ့ရသည့်အပေါ် ဘာဆိုဘာမှ လုပ်နိုင်တော့လိမ့်မည်မဟုတ်ဘဲ မျိုသိပ်ထားရုံသာ တတ်နိုင်ပေတော့မည်။

“အကြီးအကဲ…” ရန်ကိုင်လည်း ကြက်သေ သေနေမိလေသည်။ သူ့နားသူပင် မယုံချင်မိခဲ့။ ထို့နောက် ကျိယောင်ဘက်သို့လှည့်၍ “ယောင်အာ… နင့်ဆရာ နားကြားမှားသွားတာတော့ မဟုတ်ပါဘူးနော်…”

ကျိယောင်က ပြန်ပြောလိုက်လေသည်။ “မမှားဘူးဆရာ…”

သူမစိတ်ထဲလည်း ကြိတ်၍လှောင်ပြောင်နေခဲ့သည်။ (ဆရာက ရေခဲနှလုံးသားတောင်ကြားရဲ့တည်ထောင်သူပဲ… ရေခဲနှလုံးသားတောင်ကြားဆိုတာ မရဏဂိုဏ်းနဲ့ အဆင့်တူတဲ့ ဂိုဏ်းတစ်ဂိုဏ်း… ဆရာ့ကို ဂိုဏ်းထဲဝင်ဖို့ ဖိတ်ခေါ်နေရအောင် ဝူယွမ်ကျန်းက သူ့ကိုယ်သူ ဘာမှတ်နေတာလဲ… သူ့ခေါင်းကို မြည်းကန်သွားတာလား… ရယ်ဖို့ကောင်းလိုက်တာ…)

ဝူယွမ်ကျန်းက ထူးမခြားနားဟန်ဖြင့် ပြောလိုက်လေသည်။ “ဟုတ်တာပေါ့… မင်းဘက်ကတော့ ဖီးနစ်မီးတောက်ကို ငါ့ကို ပေးရမှာပေါ့… မင်းသာ ဖီးနစ်မီးတောက် ပေးမယ်ဆိုလို့ရှိရင် မင်းနဲ့ မရဏဂိုဏ်းကြားက ရန်ငြှိုးတွေအားလုံးကို သင်ပုန်းချေပေးလိုက်မယ်… မင်း အကြီးအကဲတစ်ဦး ဖြစ်လာစေရမယ်လို့လည်း ငါ အာမခံပေးတယ်… မင်းဘယ်လိုထင်လဲ…”

ရန်ကိုင်က စိတ်လှုပ်ရှားသွားဟန်ဖြင့် “အွန်း… ဒါလေးက မဆိုးဘူးပဲ…”

ဝူယွမ်ကျန်းက ပြုံးလျက် ထပ်ပြောလိုက်သည်။ “ငါတို့ဂိုဏ်းက အရှေ့ဘက်နယ်မြေရဲ့ ထိပ်တန်းအင်အားစုတွေထဲက တစ်ခုပဲ… ဒီတော့ မင်းက အကြီးအကဲတစ်ဦးပဲ ဖြစ်နေမယ်ဆိုရင်တောင် မင်းအဆင့်အတန်းက ဒုတိယအဆင့်အင်အားစုတစ်ခုက ဂိုဏ်းချုပ်အောက် နိမ့်ကျမှာမဟုတ်ဘူး… မင်းအသက် ငယ်ငယ်လေးပဲရှိသေးတယ်… မင်းမှာ အလားအလာ အများကြီး ကျန်သေးတယ်… ဒီတော့ တစ်နေ့နေ့ကြ ငါ့လိုအဆင့်မျိုး မရောက်နိုင်ဘူးလို့ ပြောလို့မရဘူး…”

အထွဋ်အထိပ်သိုင်းဧကရာဇ်

အပိုင်း (၂၆၁၁)

ရန်ကိုင်သည် ဝမ်းသာအားရဖြင့် နှုတ်ခမ်းကို လျှာဖြင့်သပ်လျက် ပြန်ပြောလိုက်လေသည်။ “ကျွတ်… ကျွတ်… တကယ်ကို စိတ်ဝင်စားစရာပဲ… ဒါပေမယ့် ကျုပ်က ခင်ဗျားတို့မရဏဂိုဏ်းနဲ့ ရန်ငြိုးရန်စတွေ ရှိနေတာနော်… အထူးသဖြင့် ခင်ဗျားတို့ဂိုဏ်းချုပ်ရဲ့ အမွေခံတပည့် ယင်လဲ့ရှန်းနဲ့ပဲ…”

ဝူယွမ်ကျန်းက ပြန်ပြောလိုက်သည်။ “ငါပြောပြီးသားလေ… မင်းသာ ငါတို့ဂိုဏ်းထဲ ဝင်မယ်ဆိုလို့ရှိရင် ဒီရန်ငြိုးရန်စတွေအားလုံးကို သင်ပုန်းချေပေးလိုက်မယ်လို့… ဂိုဏ်းတူတူလေးယင်ကတော့… စိတ်မပူနဲ့၊ ငါ သူ့ကို ပြောလိုက်မယ်… သူ့အတွက် ဘာပိုကောင်းလဲဆိုတာကို မသိတဲ့လူတစ်ယောက် ဖြစ်မယ်လို့ ငါတော့မထင်ပါဘူး…”

“ရန်ငြိုးရန်စတွေအားလုံးကို သင်ပုန်းချေပေးမယ်…” ရန်ကိုင်က မျက်ခုံးပင့်လျက် ပြန်မေးလိုက်လေသည်။

“ငါပြောပြီးသားစကားကို ဘာဖြစ်လို့ ပြန်ရုတ်သိမ်းရမှာလဲ…”

“ယင်လဲ့ရှန်းနဲ့ ဟွာဖေးချန်တို့နှစ်ယောက်စလုံး ကျုပ်သတ်လို့သေသွားတာတောင်မှလေ…”

ဝူယွမ်ကျန်း၏မျက်လုံးများ မှေးစင်းသွားခဲ့ပြီး သူ့မျက်နှာထက်ရှိ အပြုံးမှာလည်း ရုတ်ချည်းပျောက်ကွယ်သွားခဲ့ကာ အော်၍ မေးလိုက်လေသည်။ “မင်း ဘာပြောလိုက်တာလဲကွ…”

ရန်ကိုင်က ထူးမခြားနားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။ “ယင်လဲ့ရှန်းနဲ့ ဟွာဖေးချန်တို့ ကျုပ်သတ်လို့ သေသွားပြီလို့…”

ဝူယွမ်ကျန်းက နောက်တစ်ကြိမ် ထပ်အော်ပြောလိုက်သည်။ “မဖြစ်နိုင်ဘူး…”

သူ ဤနေရာသို့ ရောက်လာရခြင်းမှာ ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့သည် မရဏဂိုဏ်းမှ တပည့်ပေါင်းများစွာကိုခေါ်လျက် ရန်သူတစ်ဦးနှင့် ရင်ဆိုင်ရန်အလို့ငှာ ရှေးဟောင်းကုန်းမြေထဲသို့ ဝင်သွားသည်ဟု သတင်းကြားလိုက်ရသည့် အတွက်ကြောင့်ပင်။ ယင်လဲ့ရှန်းသည် လက်ရှိ မရဏဂိုဏ်းချုပ်၏ အမွေခံတပည့် ဖြစ်ပေသည်။ ထို့အပြင် သူသည် အဆင့်နိမ့်ကြယ်စီရင်စုမှ ရောက်လာခြင်းဖြစ်ကာ သူ့အရည်အချင်းမှာ အလွန်ကိုမှ မြင့်မားသလို အလားအလာကလည်း အလွန်ကိုမှ တောက်ပလှသည်။ ယင်လဲ့ရှန်းသည် မရဏဂိုဏ်းအတွက် အလွန်ကိုမှ အဖိုးတန်သလို ဂိုဏ်းချုပ်ကိုယ်တိုင်ကလည်း ယင်လဲ့ရှန်းအား အလွန်ကိုမှ ပစားပေးထားလေသည်။ ဟွာဖေးချန်ဟာ ဆိုလျှင်လည်း အဆင့်အတန်းမြင့် အကြီးအကဲတစ်ဦးဖြစ်သလို ဧကရာဇ်ဒုတိယအဆင့် ပညာရှင် တစ်ဦးလည်း ဖြစ်သည်။

ဝူယွမ်ကျန်းနှင့် မရဏဂိုဏ်းချုပ်တို့မှာ ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့မှ တပည့်ပေါင်းများစွာကို ရှေးဟောင်းကုန်းမြေထဲသို့ ခေါ်သွားသည်ဟု မသိခဲ့ကြပေ။ ယင်လဲ့ရှန်းနှင့် ဟွာဖေးချန်တို့မှာ သူတို့ဘာသာ တိုးတိုးတိတ်တိတ်ဖြင့် ကြိတ်လုပ်သွားကြခြင်းသာ ဖြစ်လေသည်။

နောက်ပိုင်း မရဏဂိုဏ်းချုပ် ထိုအကြောင်းကို ကြားသည့်အခါ အလွန်ကိုမှ ဒေါသထွက်သွားခဲ့ရသလို စိတ်လည်း ပူသွားခဲ့ရလေသည်။ တကယ်တော့ ရှေးဟောင်းကုန်းမြေသည် အလွန်တရာကိုမှ အန္တရာယ်များလှသည် မဟုတ်ပေလော။ ထို့အတွက်ကြောင့် သူ၏အမွေခံတပည့် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်သွားကာ ဝူယွမ်ကျန်းအား ယင်လဲ့ရှန်းကို သွားရှာရန် ပြောခဲ့လေသည်။

ဂိုဏ်းချုပ်၏ အမိန့်ကြောင့် ဤနေရာသို့ ရောက်လာပြီးနောက်တွင် ဝူယွမ်ကျန်းသည် ချီမိသားစုဆီသို့ တန်းလာခဲ့လေသည်။ ချီမိသားစုဆီသို့ ရောက်ပြီးသည့်နောက် ရန်ကိုင်နှင့် ယင်လဲ့ရှန်းကြားမှ ရန်ငြိုးရန်စကို ကြားသိခဲ့ရသလို ရန်ကိုင်ကိုယ်တိုင်မှာ ဖီးနစ်မီးတောက်အား ပိုင်ဆိုင်ထားကြောင်းကိုလည်း သိခဲ့ရသည်။

ထိုအကြောင်းအရာကို ကြားသိရပြီးသည့်နောက် ဝူယွမ်ကျန်းမှာ အလွန်ကိုမှ ပျော်သွားကာ ယခုတစ်ကြိမ်ခရီးသည် သူ့အတွက် အလွန်ကိုမှ အကျိုးရှိလိမ့်မည်မှန်း သဘောပေါက်သွားခဲ့လေသည်။

သူသည်သာ ဖီးနစ်မီးတောက်ကို ရရှိခဲ့၍ သန့်စင်နိုင်ခဲ့မည်ဆိုပါက နောက်ထပ်သိုင်းမီးတောက်မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ပေသည်။ ထိုသို့ဖြစ်လာသည့်အခါ မရဏဂိုဏ်းသည်ပင်လျှင် သူ့လက်အောက်သို့ ရောက်သွားရပေလိမ့်မည်။

ယင်လဲ့ရှန်းကိုရှာရင်းဖြင့်မှ ရန်ကိုင်၏ ဖီးနစ်မီးတောက်ကိုလည်း ရအောင်ယူရမည်ဟု သူ့စိတ်ထဲ ကြိတ်၍ ဆုံးဖြတ်ထားခဲ့လေသည်။ ထို့အတွက်ကြောင့် ရန်ကိုင်အား အကြီးအကဲရာထူးပေးရန် တုံ့ဆိုင်းမနေခဲ့ခြင်း ဖြစ်လေသည်။

ဧကရာဇ်ပထမအဆင့်သာ ရှိသေးသော လူတစ်ဦးသည် ဖီးနစ်မီးတောက်ကဲ့သို့သော အလွန်ကိုမှ တန်ဖိုးကြီးမားလှသည့် အရာတစ်ခုအား မည်သို့များ ပိုင်ဆိုင်ထားရပါမည်နည်း။ ဧကရာဇ်တတိယအဆင့်သို့ ရောက်နေသော သူ့ကဲ့သို့ ပညာရှင်မျိုးသည်သာ ဖီးနစ်မီးတောက်ကိုရရှိရန် အရည်အချင်းပြည့်မီပေသည်။

သို့ရာတွင် ရန်ကိုင်ဆီမှ ဤကဲ့သို့သော အံ့အားသင့်စရာ သတင်းတစ်ခုကို ကြားလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ကြယ်ပျက်ပင်လယ်မှ ပြန်လာပြီးသည့်နောက်တွင် ယင်လဲ့ရှန်းသည် ဧကရာဇ်ပထမအဆင့်သို့ တက်ရောက်ခဲ့သည်။ ဟွာဖေးချန်မှာမူ ဝါရင့်သမ္ဘာရင့် ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦးဖြစ်ပေသည်။ ယခုတွင် ရန်ကိုင်သည် ထိုနှစ်ဦးအား သူကိုယ်တိုင်သတ်ပစ်ခဲ့သည်ဟု ပြောလာနေခဲ့သည်။

ဝူယွမ်ကျန်းမှာ ရန်ကိုင်စကားကို ကြားကြားချင်း မဖြစ်နိုင်ဘူးဟု ကောက်ချက်ချလိုက်လေသည်။ တကယ်တော့ ယင်လဲ့ရှန်းတွင် မရဏဂိုဏ်းချုပ်မှ ပေးထားသည့် ဧကရာဇ်အာဏာပိုင်ဓာတ်လုံး ရှိနေသေးသည် မဟုတ်ပေလော။ ထိုဧကရာဇ်အာဏာပိုင်ဓာတ်လုံးသည် ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦး၏ အစွမ်းကုန်တိုက်ခိုက်မှုကို ထုတ်ဖော်နိုင်ပေသည်။

“မင်းက သူတို့ကို သတ်လိုက်တယ် ဟုတ်လား… ကောင်လေး… အစားကို စားချင်တိုင်း စားလို့ရတယ်… စကားကိုတော့ ပြောချင်တိုင်း မပြောနဲ့ကွ…” ချီဟိုင်ကို တိုက်ခိုက်လိုက်သော မရဏဂိုဏ်းမှ အကြီးအကဲက ဝင်ရောက် လှောင်ပြောင်ပြောဆိုလိုက်လေသည်။ ရန်ကိုင်ပြောသည်ကို သူမယုံသည်မှာ အသိသာကြီးပင်။ လက်ရှိ ရန်ကိုင်၏ခွန်အားဖြင့် ဧကရာဇ်ဒုတိယအဆင့်သို့ ရောက်နေသော ဟွာဖေးချန်ကို သတ်နိုင်မည်လား။

သို့ရာတွင် ထိုကဲ့သို့ ပြောပြီးလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏မျက်လုံးများ ပြူးကျယ်သွားလေသည်။

ရုတ်တရက် ရန်ကိုင်၏လက်ထဲ အနက်ရောင်ပစ္စည်းတစ်ခု ပေါ်လာခဲ့လေသည်။ ထိုအရာတစ်ခုလုံးကို သိပ်သည်းလှသည့် ယင်ချီများမှ လွှမ်းခြုံထားခဲ့ပြီး ခြောက်ခြားဖွယ်ရာ တစ္ဆေမြည်ကြွေးသံများမှာလည်း အစီအရီ ထွက်ပေါ်နေခဲ့သည်။

“မရဏငရဲခန်းအလံတိုင်…” ထိုအရာကိုမြင်သော် အကြီးအကဲ အလန့်တကြား ရေရွတ်မိလိုက်သည်။ ဝူယွမ်ကျန်းသည်လည်း ရန်ကိုင်လက်ထဲတွင် ရှိနေသည့် အရာကိုကြည့်ရင်း မျက်နှာကြီး သုန်မှုန်နေခဲ့လေသည်။

“ဟုတ်တယ်… မရဏငရဲခန်းအလံတိုင်ပဲ…”

“ပြီးတော့ အဲ့အလံတိုင်ရဲ့ အရှိန်အဝါအရဆိုရင် လုံးဝ တာအိုသခင်အဆင့် အလံတိုင် မဖြစ်နိုင်ဘူး… ဧကရာဇ်အဆင့် အလံတိုင်ပဲ ဖြစ်ရလိမ့်မယ်…”

“ဂိုဏ်းထဲမှာ အကြီးအကဲတွေ၊ ဂိုဏ်းချုပ်နဲ့ ဒုဂိုဏ်းချုပ်ပဲ ဧကရာဇ်အဆင့် မရဏငရဲခန်းအလံတိုင်ကို ပိုင်ဆိုင်ထားနိုင်ကြတာ… ဒီအလံတိုင်က သူ့လက်ထဲမှာ ပေါ်လာတယ် ဆိုတော့ သူပြောတဲ့အတိုင်း အကြီးအကဲဟွာကို သူသတ်လိုက်တာ တကယ်ကြီး ဖြစ်နေမလား”

မရဏဂိုဏ်း၏တပည့်များဆီမှ အသံဗလံများ ကျွတ်ကျွတ်ညံအောင် ထွက်ပေါ်လာခဲ့သည်။

မရဏငရဲခန်းအလံတိုင်သည် မရဏဂိုဏ်းသားအဖွဲ့ဝင်တိုင်း ပိုင်ဆိုင်ထားကြသည့် မှော်ရတနာတစ်မျိုး ဖြစ်ကြပါသော်ငြား မှော်ရတနာ၏အဆင့်မှာမူ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းပေါ်မူတည်၍ ကွဲပြားလေ့ရှိကြပေသည်။ ရန်ကိုင်ထုတ်ယူလိုက်သည့် အလံတိုင်မှာ ဟွာဖေးချန်သေသွားပြီးသည့်နောက် ကျန်ရစ်ခဲ့သည့် ဧကရာဇ်အဆင့် မရဏငရဲခန်းအလံတိုင်ဖြစ်ပေသည်။ အချို့သောတပည့်များမှာ ၎င်း၏အရှိန်အဝါကို သေချာ ခွဲခြား ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ပါသော်ငြား ဝူယွမ်ကျန်းနှင့် အခြားသော အကြီးအကဲများမှာတော့ မရဏငရဲခန်းအလံတိုင်မှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ ဟွာဖေးချန်၏အရှိန်အဝါမှန်း ပြောနိုင်ကြပေသည်။

ရုတ်ချည်းဆိုသလို ဝူယွမ်ကျန်း၏မျက်နှာ သုန်မှုန်သွားခဲ့လေ၏။

(ဟွာဖေးချန်သေသွားပြီဆိုလို့ရှိရင် ယင်လဲ့ရှန်းလည်း အခြေအနေကောင်းတော့မှာမဟုတ်ဘူး… ဂိုဏ်းချုပ်က ယင်လဲ့ရှန်းကို မရဏဂိုဏ်းရဲ့ နောက်ဆက်ခံသူအဖြစ် လျာထားတာ… သူသေသွားတဲ့အကြောင်းသာ ကြားမယ်ဆိုလို့ရှိရင် ဂိုဏ်းချုပ် အကြီးအကျယ် ဒေါသူပုန်ထသွားမှာ)

“မင်း တကယ်ကြီး အကြီးအကဲဟွာကို သတ်လိုက်တာလား…” မရဏဂိုဏ်း၏ အကြီးအကဲမှာ ဒေါသထွက်လာခဲ့ပြီး ရန်ကိုင်အား အသံကုန်ထအော်လေသည်။ “ကောင်လေး… မင်း သေလိုက်ပေတော့…”

စိတ်လွတ်သွားသည့်အလား မရဏဂိုဏ်း၏အကြီးအကဲသည် တုံ့ဆိုင်းမနေတော့ဘဲ ရန်ကိုင်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့လေသည်။ သိပ်သည်းလှသည့် အနက်ရောင်ချီတို့မှာ သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်သိုင်းလာခဲ့လေ၏။ ဟွာဖေးချန်သေသွားသည့်အကြောင်း ကြားသိရပြီးသည့်နောက် ဤမျှ ဒေါသထွက်နေသည့်ပုံကို ကြည့်ရပါက ထိုအကြီးအကဲသည် ဟွာဖေးချန်နှင့် အလွန်ကိုမှ ရင်းနှီးလောက်ပေသည်။

ဝူယွမ်ကျန်းမှာ ထိတ်လန့်သွားခဲ့ပြီး ပျာယီးပျာယာဖြင့် အလျင်စလို လှမ်းအော်လိုက်လေ၏။ “အကြီးအကဲကျုန်း… ပြန်လာခဲ့…”

ရန်ကိုင်သည် ဧကရာဇ်ပထမအဆင့်သာ ရှိနေသေးပါသော်ငြား ဟွာဖေးချန်အား သတ်နိုင်ခဲ့သည့်အတွက်ကြောင့် အကြီးအကဲကျုန်းသည်လည်း ရန်ကိုင်၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော်ငြား အကြီးအကဲကျုန်းမှာ ဒေါသငယ်ထိပ်ရောက်နေသည့် အတွက်ကြောင့် ထိုကဲ့သို့ အကြောင်းအရာကိုပင်လျှင် မစဉ်းစားတတ်တော့ချေ။

သူ၏သတိပေးချက်မှာ နောက်ကျသွားခဲ့ရလေပြီ။

အကြီးအကဲကျုန်း သူ့ဆီသို့ ပြေးဝင်လာနေသည်ကို မြင်ပါသော်ငြား ရန်ကိုင်ကမူ အံ့အားသင့်သွားသည့် အရိပ်အယောင်မပြဘဲ ရယ်သွမ်းသွေး၍သာ ပြန်ပြောလိုက်လေသည်။ “အကြီးအကဲကျုန်းလား… စိတ်မပူနဲ့… ကျုပ် ခင်ဗျားကို ဟွာဖေးချန်နဲ့ ပြန်တွေ့လို့ရအောင် လုပ်ပေးမယ်…”

ရန်ကိုင်သည် သူ့လက်ကိုမြှောက်၍ လှုပ်ရှားတော့မည်အပြု သေးသွယ်သွယ်ပုံရိပ်တစ်ခုသည် သူ့ရှေ့၌ ရုတ်တရက် ပေါ်လာခဲ့လေသည်။

ကျိယောင်၏ခန္ဓာကိုယ်ဆီမှ အလွန်တရာကိုမှ အေးစက်လှသော အအေးဓာတ်တို့ ဖြာထွက်နေခဲ့သည်။ ရန်ကိုင်ရှေ့တွင် ရပ်လျက် သူမ၏လက်ကို ဟင်းလင်းပြင်ထဲသို့ ဆန့်ထုတ်၍ ကိုင်စွဲလိုက်ရာ ဓါးရှည်တစ်ချောင်း သူမလက်ထဲတွင် ပေါ်လာခဲ့လေသည်။

ချက်ချင်းဆိုသလို ကျိယောင်ကိုယ်တိုင်သည် ဘယ်သောအခါမှ အရည်ပျော်သွားခြင်းမရှိသော ထာဝရအေးခဲနေသည့် ရေခဲရိုင်းတုံးကြီးတစ်တုံးအဖြစ်သို့ ပြောင်းလဲသွားသည့်အလား ကြောက်မက်ဖွယ်ရာ အရှိန်အဝါတစ်ရပ်သည် သူမဆီမှ ဖြာထွက်လာခဲ့လေသည်။

“ဧကရာဇ်ဒုတိယအဆင့်…” အကြီးအကဲကျုံး၏မျက်နှာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ဖြူလျော်သွားခဲ့လေသည်။

ကျိယောင်ကို အစောကြီးကတည်းက မြင်ခဲ့ပါသော်ငြား ကျိယောင်သည် ရန်ကိုင်နောက်တွင် ရပ်နေသည့် အတွက်ကြောင့် ရန်ကိုင်၏ နောက်လိုက်တစ်ဦးသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့လေသည်။ သို့သော်ငြား ရန်ကိုင်၏နောက်လိုက်သည် ဧကရာဇ်ပထမအဆင့်သို့ ရောက်နေသော ရန်ကိုင်ထက်ပင် ပို၍ အားကောင်းနေလိမ့်မည်ဟု သူ မည်ကဲ့သို့များ သိခဲ့ပါမည်နည်း။

ထိုအကြီးအကဲမဆိုထားနှင့် ဝူယွမ်ကျန်းသည်ပင်လျှင် ကျိယောင်အား တစ်ချက်ကလေးမှပင် အရေးစိုက်ခြင်းမရှိခဲ့ပေ။

ယခု ကျိယောင်လှုပ်ရှားလာသည့် အခါမှသာ ကျိယောင် မည်မျှ အားကောင်းမှန်းကို အကုန်လုံး နားလည်သွားကြတော့သည်။

ရန်ကိုင်နောက်တွင် တည်တည်ငြိမ်ငြိမ်ဖြင့် ရပ်နေသည့် အမျိုးသမီးသည် အခြားမဟုတ်ဘဲ ဧကရာဇ်ဒုတိယအဆင့် ပညာရှင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။

ကျိယောင်မှ သူမ၏ဓါးကို ဆွဲကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင်ကိုပင်လျှင် အေးခဲသွားစေနိုင်သည့် ရေခဲစက်ကွင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်အနှံ့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ရာ တစ်ခဏအတွင်း အကြီးအကဲကျုန်းအား လွှမ်းခြုံသွားခဲ့လေသည်။

လေထဲတွင် ဝဲနေသော အကြီးအကဲကျုန်းမှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာသည်ကို ခံစားမိလိုက်ရသည်။ ရေခဲနိယာမစွမ်းအားများကြောင့် ဧကရာဇ်ချီကိုပင်လျှင် ချောချောမွေ့မွေ့ မလှည့်ပတ်နိုင်တော့ဘဲ သူ့ဆံပင်နှင့် မုတ်ဆိတ်မွေးများသည်ပင်လျှင် အေးခဲလာခဲ့ရသည်။

(ငါ သူ့ပြိုင်ဘက် မဟုတ်ဘူး…) အကြီးအကဲကျုန်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး အလျင်စလို ထအော်လေ၏။ “ဒုဂိုဏ်းချုပ်… ကျုပ်ကိုကယ်ပါဦး…”

သို့သော်ငြား ဝူယွမ်ကျန်းမှာ သူ့အား မည်ကဲ့သို့များ ကယ်တင်နိုင်ပါမည်နည်း။ အကြီးအကဲကျုန်းသည် မပြောမဆိုနှင့် ဗြုန်းစားကြီး ပြေးဝင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေရာ ဝူယွမ်းကျန်းမှာ အလျင်မီ တုံ့ပြန်ရန် အချိန်မရှိခဲ့ပေ။ ဝူယွမ်ကျန်းမှ ကယ်ချင်သည်ဆိုလျှင်ပင် အကြီးအကဲကျုန်းသည် ရန်ကိုင်နှင့် အလွန်တရာကိုမှ နီးကပ်သည့် အနေအထားသို့ ရောက်နေခဲ့လေပြီ။

အကုန်လုံး၏ အကြည့်အောက်တွင်ပင် ကျိယောင်လက်ထဲရှိ ဓါးမှာ အရောင်တလက်လက် လက်သွားခဲ့သည်။ ထိုဓါးသည် အရောင်တစ်ချက်သာ လက်သွားခဲ့ပြီး ကျိယောင်၏လက်ထဲမှ မည်သည့်အခါမှ ထွက်ခွာသွားခဲ့ခြင်း မရှိသည့်အလား။ သို့သော်ငြား ရေခဲပန်းပွင့်တစ်ပွင့်မှာမူ အကြီးအကဲကျုန်း၏ ရင်ဘတ်နေရာ၌ ထူးဆန်းစွာ ပေါ်လာခဲ့လေသည်။

ထိုရေခဲပန်းပွင့်တွင် ပွင့်ချပ်ခြောက်ခု ရှိနေခဲ့ပြီး ပန်းပွင့်တစ်ခုလုံးမှာ သလင်းကျောက်တမျှ ကြည်လင်နေခဲ့သည်။ ထိုပန်းပွင့်လေးမှာ အလွန်တရာကိုမှ လှပပါသော်ငြား စံထိပ်ထားလောက်သည့် ထိုအလှတရားသည် အလွန်တရာကိုမှ ကြောက်မက်ဖွယ်ကောင်းလှသော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်ထားနေခဲ့လေသည်။ ထို့နောက်တွင် တဖျတ်ဖျတ်မြည်သံများနှင့်အတူ ရေခဲပန်းပွင့်များ တစ်ပွင့်ပြီးတစ်ပွင့် အကြီးအကဲကျုန်း၏ ခန္ဓာကိုယ်၌ ထွက်ပေါ်လာခဲ့ရာ ခေါင်းအစခြေအဆုံး ရေခဲပန်းပွင့်များ၏ ဖုံးလွှမ်းခြင်း ခံလိုက်ရတော့လေသည်။

ထိုအသစ်ထွက်ပေါ်လာသော ရေခဲပန်းပွင့်များနှင့်အတူ အကြီးအကဲကျုန်း၏တစ်ကိုယ်လုံး အေးခဲသွားတော့လေသည်။ အေးခဲသွားသည့်နောက် အကြီးအကဲကျုန်းမှာ ဆက်၍ မပျံသန်းနိုင်တော့လေရာ အောက်သို့ ဘုတ်ခနဲ ပြုတ်ကျသွားခဲ့လေ၏။ မြေပြင်နှင့်ထိသွားသည့်အခိုက် ရေခဲတုံးဖြစ်နေသော အကြီးအကဲကျုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တစ်စစီ ကွဲကြေသွားခဲ့ရလေသည်။ အကြီးအကဲကျုန်း၏ခန္ဓာမှာ ပျက်စီးသွားခဲ့ပါသော်ငြား သွေးတစ်စက်ပင် ထွက်မလာခဲ့ချေ။

ဧကရာဇ်ပထမအဆင့်သို့ ရောက်နေသော မရဏဂိုဏ်း၏ အကြီးအကဲတစ်ဦးသည် ဤအမျိုးသမီး၏ အလွယ်တကူ သတ်ဖြတ်ခြင်း ခံလိုက်ရသည်။ ကျိယောင်၏တိုက်ကွက်သည် ကြည့်နေသည့်လူတိုင်း၏ ရင်အစုံကို အားပြင်းပြင်းဖြင့် ဆွဲကိုင်လှုပ်ခါလိုက်သည့်နှယ် တုန်တုန်ရီရီ ဖြစ်သွားစေခဲ့သည်။ အကုန်လုံးမှာ သူတို့မရဏဂိုဏ်းမှ အကြီးအကဲ သေသွားသည်ကိုကြည့်ရင်း အချိန်အတော်ကြာသည်အထိတိုင် အသိပြန်ဝင်မလာနိုင်ခဲ့ပေ။

“ငါ့ဆရာကိုများ ဘယ်လိုလုပ်ပြီး လာအော်ရဲတာလဲ သေချင်နေတဲ့ကောင်ရဲ့…” ကျိယောင်သည် တစ်စစီကွဲကြေသွားသော အကြီးအကဲကျုန်းကို စိုက်ကြည့်ရင်းမှ အော်ပြောလိုက်လေသည်။ ထို့နောက်တွင် လူအုပ်ကြီးအား အေးစက်စက်အမူအယာဖြင့် ဝေ့ကြည့်လိုက်လေ၏။ သူမ၏အကြည့်ဖြင့် စိုက်ကြည့်ခြင်းခံလိုက်ရသည့် မည်သူမဆို အလိုလို တုန်ရီသွားခဲ့ကြလေသည်။

ဝူယွမ်ကျန်းမှာတော့ ထိတ်လန့်တုန်လှုပ်နေခြင်းမရှိဘဲ ဒေါသအမျက်ခြောင်းခြောင်း ထွက်နေခဲ့သည်။ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့် မီးတောင်ရှင်တစ်လုံးနှယ် သူ၏ဆံပင်နှင့် အဝတ်အစားများမှာ လေမတိုက်ဘဲ တလူလူ လွင့်ပျံနေခဲ့သည်။ “ကောင်းတယ်… ကောင်းတယ်… ကြည့်ရတာ ငါတို့ဂိုဏ်းက ငြိမ်နေတာကြာတော့ ဘာမဟုတ်တဲ့ မိန်းမပျက်မတစ်ယောက်ကတောင် ငါတို့ဂိုဏ်းရဲ့အကြီးအကဲတွေကို သတ်ပစ်ရဲနေပြီပဲ…” ထိုသို့ပြောပြီးသည့်နောက်တွင် ရန်ကိုင်အား စူးရဲစွာစိုက်ကြည့်လျက် အော်ပြောလိုက်လေ၏။ “ရန်ကိုင်… မင်း အခုနေ ဖီးနစ်မီးတောက်ကို ပေးမယ်ဆိုရင်တောင် မင်း ဒီနေ့ ကျိန်းသေ သေကိုသေရမယ်…”

အကြီးအကဲတစ်ဦးသည် သူ့ရှေ့တည့်တည့်တွင် သေသွားခဲ့လေရာ သူ့အနေဖြင့် တရားခံကို သတ်မပစ်ပါက သူ့ဂိုဏ်းအား မည်သို့များ ပြန်ရှင်းပြရမည်နည်း။

ရန်ကိုင်က လှောင်ပြုံးပြုံးလျက် “ခင်ဗျားက ကျုပ်ကို သတ်ချင်တာလား… အဲ့ဒါဆို လာလိုက်လေ…”

“ကောင်းပြီလေ… ဒီနေ့ ငါမင်းကို အမြင်ကျယ်အောင် လုပ်ပေးရတာပေါ့…” ဝူယွမ်ကျန်းသည် ရေခဲတမျှ အေးစက်သည့် လေသံဖြင့် ပြောလိုက်လေ၏။ “စိတ်မပူနဲ့… ငါ မင်းကို ချက်ချင်း သတ်ပစ်မှာမဟုတ်ဘူး… မင်းခန္ဓာကိုယ် သွေးတစ်စက်ချင်းစီကို ဆွဲထုတ်ပစ်မှာ… မင်းဘေးနားမှာရှိနေတဲ့ မိန်းမနှစ်ယောက်ကိုတော့ ဟဲ ဟဲ ဟဲ… သူတို့ကိုတော့ သေတာထက်ဆိုးတာ ဘာလဲဆိုတာ သိသွားအောင် ပြပေးရသေးတာပေါ့…”

“ဒုဂိုဏ်းချုပ်… အဲ့ကောင်ကိုသတ်ပြီး အကြီးအကဲကျုန်းအတွက် ပြန်လက်စားချေပေးပါ…”

“ဟုတ်တယ်… အဲ့ကောင်ကိုသတ်ပစ်ပြီး အကြီးအကဲကျုန်းအတွက် ပြန်လက်စားချေပေးပါ…”

“သူ့ဘေးနားမှာရှိတဲ့ မိန်းမနှစ်ယောက်ကတော့ တကယ် အလှကလေးတွေပဲကွ… ဒုဂိုဏ်းချုပ်… အဲ့နှစ်ယောက်ကို သတ်မပစ်ခင် ကျုပ်တို့အကုန်လုံး စိတ်ကြိုက် ပျော်ပါးလို့ရတယ်…”

“ဟုတ်တယ် ဟုတ်တယ်… ဒုဂိုဏ်းချုပ်… ဒီလောက်တောင် မာနထောင်လွှားနေတဲ့လူတွေကို အပိုးကျိုးသွားအောင် သေချာလေး လုပ်ပေးရမယ်…”

အကြီးအကဲကျုန်း အသတ်ခံရသည့်မြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်နေရာမှ ပြန်အသိဝင်လာပြီးသည့်နောက်တွင် မရဏဂိုဏ်းသားများမှာ ရုတ်ချည်း ယုံကြည်ချက်အပြည့်ဖြင့် ဝူယွမ်ကျန်းအား အားပေးကြတော့လေသည်။

ဝူယွမ်ကျန်းသည် မရဏဂိုဏ်း၏ ဒုဂိုဏ်းချုပ်တစ်ဦးဖြစ်ကာ ဧကရာဇ်တတိယအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားခဲ့ပေသည်။ သူ့ခွန်အားသည် မရဏဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ဂိုဏ်းချုပ်ထက်သာ နိမ့်ကျ၍ မည်သူ့ထက်မဆို သာလွန်ပေသည်။ ဒုဂိုဏ်းချုပ် လှုပ်ရှားသည်နှင့် တစ်ပြိုင်နက် ထိုယောက်ျားနှင့် အမျိုးသမီးနှစ်ဦးလုံး လုံးဝ တတ်နိုင်ကြလိမ့်မည် မဟုတ်ချေ။

“ဆရာရန်… ဒီကိစ္စကို ကျွန်မတာဝန်ထားလိုက်ပါလား…” ရန်ကိုင်ဘေးနားတွင်ရပ်နေသော လွမ်ဖုန်းသည် မရဏဂိုဏ်းသားများ၏ ညစ်တီးညစ်ပတ် စကားများကိုကြားသော် ငြိမ်မနေနိုင်တော့ဘဲ အေးစက်စက်လေသံဖြင့် ပြောလိုက်လေသည်။

ရန်ကိုင်က အဓိပ္ပာယ်ပါပါပြုံးလျက် “ကျုပ်လည်း အမျိုးသမီးဖုန်းကို အကူအညီတောင်းမလို့ လုပ်နေတာ…”

ဧကရာဇ်တတိယအဆင့် ပညာရှင်တစ်ဦးသည် သူ့ထက် အများကြီး ပိုမိုသန်မာပေသည်။ သူ့ဝှက်ဖဲအားလုံးကို ထုတ်သုံးမည်ဆိုလျှင်ပင် ထိုကဲ့သို့သော ရန်သူတစ်ဦးကို သတ်နိုင်ဖို့ရာ မလွယ်ကူ။ ရန်ကိုင်အနေဖြင့် မည်သည်ကိုမှ မကြောက်မရွံ့ဘဲ နေနိုင်ရဲရခြင်းမှာ လွမ်ဖုန်း သူ့ဘေးနားတွင် ရှိနေသည့် အတွက်ကြောင့်ပင်။ ထို့ကြောင့်သာမဟုတ်ပါက အစောကြီးကတည်းက ကျိယောင်ကိုခေါ်၍ ထွက်ပြေးပြီးနေလောက်ပေပြီ။

သို့ရာတွင် လွမ်ဖုန်းနှင့်လာတိုးမှဖြင့် ဝူယွမ်ကျန်း ကံဆိုးနေခြင်းသာ ဖြစ်ရပေလိမ့်မည်။ သူ့ကိုယ်သူ လွမ်ဖုန်းအား အနိုင်ယူနိုင်လိမ့်မည်ဟု ထင်နေလေသလော။ လက်ရှိအချိန်တွင် ကောင်းကင်သည်ပင်လျှင် သူ့အား ကယ်နိုင်တော့လိမ့်မည်မဟုတ်ပေ။

All Chapters