← Chapters

နန်ကုန်းချင်းယွီ

Vol. 18 Ch. 241

နန်ကုန်းချင်းယွီ

Vol. 18 Ch. 241

ရဲယင်၏ မှင်သက်ပြီး မယုံနိုင်သောအသွင်ကိုမြင်သော် ရဲရှင်းဟွေ့သည် သူ့ထံသို့လာကာ သူ၏ပခုံးကို ပုတ်လိုက်ပြီး ပြောလိုက်သည်။

"ဘာဖြစ်နေတာလဲ။ သေမလောက်ကြောက်နေပုံပဲ"

ရဲရှင်းဟွေ့၏ စကားကိုကြားသော် ရဲယင်သည် သတိပြန်လည်လာပြီး

"ဟမ့်။ နိုင်ငံတစ်ဝက်ကို ဖျက်ဆီးရုံပဲလေ။ ဒါက ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး"

ရဲယင်၏ စကားကိုကြားသော် ရဲရှင်းဟွေ့သည်လည်း မှင်သက်သွားပြီး စိတ်ထဲတွင် တွေးလိုက်၏။

‘ဒီအစ်ကိုက ဒေါသကြီးတဲ့လူငယ်တစ်ယောက်ပဲလို့ ငါမထင်ထားခဲ့ဘူး။’

ရဲရှင်းဟွေ့၏ အမြင်တွင် သူ၏ရှေ့မှမြင်ကွင်းကိုမြင်ပြီးနောက် ဤသို့ပြောသော မည်သူမဆိုမှာ ဒေါသကြီးသောလူငယ်တစ်ဦး သို့မဟုတ် အဆင့်မြင့် OCD ရှိသော စိတ်ရောဂါလူနာတစ်ဦးသာ ဖြစ်၏။

(T/N- OCD ဆိုတာ စွဲလမ်းစိတ်လွန်ကဲပြီး အပြုအမူတစ်ခုတည်းကိုပဲ ထပ်ခါတလဲလဲ ပြန်လုပ်တတ်တဲ့ရောဂါပါ။)

အမှန်တကယ်တွင် ရဲရှင်းဟွေ့ကိုလည်း ဒေါသကြီးသောလူငယ်တစ်ဦးအဖြစ် သတ်မှတ်နိုင်၏။ သို့မဟုတ်လျှင် သူသည် သူ၏အဖေကဲ့သို့ နတ်ကွန်းများကို မီးရှို့ရန် ရွေးချယ်ခဲ့မည်မဟုတ်ပေ။

သို့သော် ရဲရှင်းဟွေ့သည် သူ၏စိတ် မလွတ်သွားခဲ့ချေ။ သို့မဟုတ်လျှင် ရဲရှင်းဟွေ့သည် သူ၏အစ်မကြီးအား နောက်ထပ်ဂြိုဟ်တုပတ်လမ်းအမြောက်တစ်စင်း ပစ်လွှတ်စေရန် စိတ်မရှိလောက်ပေ။

"ဒီကိစ္စပြီးသွားပြီ။ အိမ်ပြန်ကြစို့။"

ထိုအခိုက်တွင် ရဲရှင်းချန်သည် သူတို့နှစ်ဦးထံသို့လာကာ တည်ငြိမ်စွာပြောလိုက်၏။

"မင်းရဲ့ပြဿနာကိုလည်း ငါဖြေရှင်းပေးရမယ်"

ရဲရှင်းချန် ရည်ညွှန်းသော "မင်း" မှာ သဘာဝကျကျပင် ရဲယင် ဖြစ်၏။

ရဲရှင်းချန်၏ စကားကိုကြားပြီးနောက် ရဲယင်သည် သူ၏ရှေ့မှ နုပျိုသောရဲရှင်းချန်ကို ကြည့်လိုက်ရာ သူ၏နှလုံးသားမှာ ပိုမိုရှုပ်ထွေးလာ၏။

သို့သော် ရဲရှင်းဟွေ့သည် ရဲယင်၏ အတွေးများကို ဂရုမစိုက်ပေ။

သူယခုအများဆုံးလုပ်လိုသောအရာမှာ ရဲယင်ကို သူ၏အဖေရှေ့သို့ ဆွဲခေါ်သွားရန်ဖြစ်ပြီး ထို့နောက် ဟဲဟဲ…။

ရဲရှင်းဟွေ့သည် တံခါးပေါက်ကို တိုက်ရိုက်ဖွင့်လိုက်ပြီးနောက် ရဲယင်ကိုဆွဲကာ အလျင်အမြန် ဝင်ရောက်သွား၏။

ရဲရှင်းချန် သူတို့နှစ်ဦးနှင့်အတူ တံခါးပေါက်သို့ ဝင်ရောက်ရန်ပြင်ဆင်နေစဉ်မှာပင် သူသည် ခဏရပ်တန့်သွား၏။

အဘယ်ကြောင့်ဆိုသော် ရဲယင်သည် ရဲရှင်းဟွေ့၏ ရုတ်တရက်ဆွဲခေါ်ခြင်းကို ခံလိုက်ရသောကြောင့် သူ၏အဝတ်အစားများအောက်တွင် မူလကဝှက်ထားသော လည်ဆွဲမှာ ထွက်ပေါ်လာသောကြောင့် ဖြစ်၏။

ရဲယင်သည် ၎င်းကို လျင်မြန်စွာ ပြန်ဝှက်လိုက်သော်လည်း ရဲရှင်းချန်မှာမူ ၎င်းကို မြင်တွေ့လိုက်ရ၏။

"အဲ့ဒါက… ထျန်းယင်ကျောက်တုံးလား။"

ထျန်းယင်ကျောက်တုံးကိုမြင်သော် ရဲရှင်းချန်သည် တစ်စုံတစ်ယောက်ကို အမှတ်ရသွား၏။

ထိုသူ၏အမည်မှာ နန်ကုန်းချင်းယွီ ဖြစ်သည်။

ရဲရှင်းချန်သည် မသေမျိုးကျင့်ကြံခြင်းလောကတွင် နာမည်မရခင်က ရန်သူများစွာ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရ၏။

ဂိုဏ်းများစွာသည် လှည့်လည်သွားလာနေသော မသေမျိုးဧကရာဇ်တစ်ပါး ပေါ်ပေါက်လာခြင်းကို မလိုလားသောကြောင့် သဘာဝကျကျပင် ရဲရှင်းချန်ကို လိုက်လံသတ်ဖြတ်ရန် လူများစွာကို စေလွှတ်ခဲ့ကြ၏။

သူတို့သည် သူတို့ကိုယ်သူတို့ ဖြောင့်မတ်သောဂိုဏ်းများဟု ခေါ်ဆိုကြသော်လည်း သူတို့တွင် ညစ်ပတ်သောလှည့်ကွက်များစွာလည်းရှိပြီး အချို့မှာမူ အဆိပ်သုံးရာတွင်ပင် ကောင်းမွန်ကြ၏။

သဘာဝကျကျပင် ရဲရှင်းချန်သည် ထိုအချိန်က မသေမျိုးဧကရာဇ်နယ်ပယ်နှင့် အလွန်နီးစပ်နေပြီဖြစ်သောကြောင့် သာမန်အဆိပ်မှာ သူ့အပေါ်တွင် သေချာပေါက် အာနိသင်မရှိပေ။

အဆိပ်မှာ သူ့အပေါ်တွင် အာနိသင်မရှိသော်လည်း အဆိပ်အစစ်မဟုတ်သောအဆိပ်မှာမူ ကာကွယ်ရန် အနည်းငယ် ခက်ခဲ၏။

ပြီးတော့ သူအဆိပ်သင့်ခဲ့သည်မှာ စိတ်ကူးယဉ်အမျိုးသားဇာတ်လိုက်အားလုံး အဆိပ်သင့်လွယ်သော "ကာမကြွဆေးအဆိပ်" ဖြစ်၏။

ရဲရှင်းချန်သည် သူ၏ကိုယ်ပိုင်စိတ်စွမ်းအားကိုအားကိုး၍ ကာမကြွဆေးအဆိပ်၏အာနိသင်များကို တွန်းလှန်ခဲ့သော်လည်း သူ၏ကိုယ်ထဲမှကာမကြွဆေးအဆိပ်ဖြင့် သူသည် ၎င်း၏အာနိသင်များကို နှိမ်နင်းရင်း ကျင့်ကြံသူများစွာနှင့် တိုက်ခိုက်ရာတွင် အနည်းငယ်ကူကယ်ရာမဲ့ ဖြစ်နေခဲ့၏။

အဆုံးတွင် ရဲရှင်းချန်သည် ထွက်ပြေးရန်သာ ရွေးချယ်နိုင်ခဲ့၏။

ကာမကြွဆေးအဆိပ်ကို ဖြေရှင်းခြင်းမှာ အလွန်ရိုးရှင်းသော်လည်း အလွန် ခက်ခဲ၏။

၎င်းမှာ အလွန်ရိုးရှင်းသည်မှာ သူလုပ်ရန်လိုအပ်သည်မှာ ဖွင့်ထုတ်ရန် မိန်းကလေးတစ်ဦးကိုရှာဖွေရန်သာဖြစ်သော်လည်း တောနက်ထဲတွင် သူအဘယ်မှာ မိန်းကလေးတစ်ဦးကို ရှာနိုင်မည်နည်း။

ရဲရှင်းချန်သည် တစ်စုံတစ်ယောက်၏ အပြစ်ကင်းစင်မှုကို စော်ကားသောအရာမျိုးကို မည်သို့လုပ်နိုင်မည်နည်း။ ထိုကဲ့သို့သောအရာကို မည်သို့သောငတုံးက မေးမည်နည်း။

အသက်နှင့်သေခြင်းနှင့်ပတ်သက်လာလျှင် အခြားသူများ၏အပြစ်ကင်းစင်မှုကို မည်သူက ဂရုစိုက်မည်နည်း။ မိမိ၏အသက်ကို ပထမဦးစွာကယ်တင်ရန်မှာ ပိုအရေးကြီး၏။

ရဲရှင်းချန်မှာ ကံကောင်းခဲ့၏။ သူသည် တောထဲတွင် လေ့ကျင့်နေသော လူငယ်နှင့်အမျိုးသမီးတစ်စုကို မတော်တဆ တွေ့ရှိခဲ့၏။

ဤလူစုကိုမြင်သော် ရဲရှင်းချန်သည် အမျိုးသမီးတစ်ဦးကို ဖမ်းဆွဲလိုက်ပြီးနောက် သူမနှင့်အတူ အဆိပ်ဖြေရန် မည်သူမျှမရှိသောနေရာကို ရှာဖွေခဲ့၏။

ပြီးတော့ ထိုအမျိုးသမီးမှာ နန်ကုန်းချင်းယွီ ဖြစ်၏။

အဆိပ်ဖြေပြီးနောက် ရဲရှင်းချန်သည် တောင်တန်းတောအုပ်ထဲတွင် သူ့ကိုရှာဖွေနေသော ကျင့်ကြံသူအုပ်စုထံသို့ စကားတစ်ခွန်းမျှမပြောဘဲ တိုက်ရိုက်သွားရောက်ကာ သူတို့အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏။

အရာအားလုံးကို ဖြေရှင်းပြီးနောက် ရဲရှင်းချန်သည် နောက်ဆုံးတွင် နန်ကုန်းချင်းယွီကို ရင်ဆိုင်ရန် လှည့်လာခဲ့၏။

နန်ကုန်းချင်းယွီမှာ အသက်နှစ်ဆယ်အရွယ်တွင်ရှိပြီး ကျင့်ကြံခြင်းအဆင့်နိမ့်ကျကာ အသွင်အပြင်မှာ အလွန်သာမန် ဖြစ်၏။

ရဲရှင်းချန်သည် တိတ်တဆိတ်ငိုကြွေးနေပြီး သူ့ကိုမကြည့်ဝံ့သော နန်ကုန်းချင်းယွီကိုမြင်သောအခါ သူဘာလုပ်ရမည်ကို အနည်းငယ်မသေချာ ဖြစ်သွား၏။

အချိန်အကြာကြီးတိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် သူသည် အခြားသူ၏အမည်ကိုသာ မေးနိုင်ခဲ့၏။

၎င်းမှာ ရဲရှင်းချန် မိန်းကလေးတစ်ဦးကို ဤကဲ့သို့သောအရာမျိုးလုပ်ရန် ပထမဆုံးအကြိမ် အတင်းအကျပ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ လုံးဝရဲရှင်းချန်၏အမှားမဟုတ်ပေ။ သူသည် ကာမကြွဆေးအဆိပ်၏ အတင်းအကျပ်ပြုလုပ်ခြင်းကိုခံရ၍ အနည်းငယ်ကူကယ်ရာမဲ့ဖြစ်နေသည်ဟု ခံစားမိ၏။

ဤသို့တွေးမိသော် သူသည် နန်ကုန်းချင်းယွီအား ထျန်းယင်ကျောက်တုံးနှင့် သူနှင့်အတူသယ်ဆောင်လာသော ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို ပေးအပ်ခဲ့၏။

ထျန်းယင်ကျောက်တုံးကို ရဲရှင်းချန်အား သူ၏အစောပိုင်းကာလများတွင် မသေမျိုးကျင့်ကြံခြင်းလောကတွင် ခြေကုပ်ယူနိုင်ရန် ကူညီပေးခဲ့သော ရတနာဟု သတ်မှတ်နိုင်၏။ ထျန်းယင်ကျောက်တုံးသည် ရဲရှင်းချန်အား အကျပ်အတည်းများစွာကို ရှင်သန်ကျော်လွှားနိုင်ရန် ကူညီပေးခဲ့၏။

ယခုတစ်ကြိမ်အဆိပ်ဖြေခြင်းပင်လျှင် ထျန်းယင်ကျောက်တုံး၏ အရှိန်အဝါအားလုံးကို ဖုံးကွယ်နိုင်စွမ်းကြောင့် ကျေးဇူးတင်ရပေမည်။ ၎င်း၏အကူအညီမရှိခဲ့ပါက သူ့ကိုလိုက်လံနေသောလူများမှာ အဆိပ်တစ်ဝက်ဖြေနေစဉ်မှာပင် သူ့ကို ရှာတွေ့နိုင်ဖွယ်ရှိ၏။

ထျန်းယင်ကျောက်တုံးကို ပေးအပ်ခြင်းမှာ ရဲရှင်းချန်၏ သူ၏နှလုံးသားထဲမှ အပြစ်ရှိမှုကို ဖြေရှင်းရန် နည်းလမ်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ ရဲရှင်းချန်သည် ခေတ်သစ်လူ့အဖွဲ့အစည်းမှ လာသူ ဖြစ်၏။ အကယ်၍ သူသာ ဤအပြစ်ရှိမှုကို သူနှင့်အတူသယ်ဆောင်သွားပါက ၎င်းမှာ မသေမျိုးဧကရာဇ်နယ်ပယ်သို့ တက်လှမ်းသည့်အခါ ကျရှုံးခြင်း သို့မဟုတ် သေဆုံးခြင်းသို့ပင် ဦးတည်သွားနိုင်သည်။

ကျင့်ကြံခြင်းနည်းစနစ်အတွက်မူ ရဲရှင်းချန်သည် ၎င်းကို သူ၏စုဆောင်းမှုထဲမှ ကျပန်း ယူခဲ့ခြင်းဖြစ်၏။

နန်ကုန်းချင်းယွီအား ပစ္စည်းများကို ပေးအပ်ပြီးနောက် ရဲရှင်းချန်သည် သူထွက်ခွာမသွားမီ စကားအနည်းငယ် ချန်ထားခဲ့၏။

"မင်းသာ ထျန်းယင်ကျောက်တုံးနဲ့ ငါ့ဆီကိုလာရင် မင်းရဲ့တောင်းဆိုချက်တစ်ခုကို ငါသဘောတူနိုင်တယ်။ ငါ့ရဲ့မူတွေကို မချိုးဖောက်သရွေ့ မင်းမှာရှိတဲ့ ဘယ်တောင်းဆိုချက်ကိုမဆို ငါသဘောတူနိုင်တယ်။"

မူလက နန်ကုန်းချင်းယွီ ပြောလိုသောအရာမှာ သူမသူ့နောက်သို့ လိုက်လိုသည်။ သို့သော် သူမစကားမပြောမီမှာပင် ရဲရှင်းချန်မှာ ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။

အမှန်တကယ်တွင် ရဲရှင်းချန် နန်ကုန်းချင်းယွီ၏တောင်းဆိုချက်ကို ကြားခဲ့လျှင်ပင် သူသည် နန်ကုန်းချင်းယွီကို ခေါ်ဆောင်သွားမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ သူသည် ထိုအချိန်က ရန်သူများစွာရှိပြီး သူ၏ကိုယ်ပိုင်အစွမ်းမှာလည်း အထွတ်အထိပ်သို့ မရောက်သေးပေ။

ကံကောင်းစွာပင် မသေမျိုးကျင့်ကြံခြင်းလောကမှလူများမှာ အတော်ပင် မိုက်မဲကြ၏။ သူ့ကိုကိုင်တွယ်ရန် စေလွှတ်လိုက်သောလူများမှာ အမြဲတမ်း သူနှင့်နယ်ပယ်တူ သို့မဟုတ် နယ်ပယ်ငယ်နှစ်ခု သို့မဟုတ် သုံးခုမြင့်သော လူများဖြစ်၏။

ရဲရှင်းချန်အတွက်မူ နယ်ပယ်များကိုဖြတ်ကျော်၍ လူသတ်ခြင်းမှာ မခက်ခဲသောကြောင့် သူ့ကိုကိုင်တွယ်ရန်လာရောက်သူများမှာ အခြေခံအားဖြင့် သူ၏အတွေ့အကြုံမှတ်များ ဖြစ်လာခဲ့ကြ၏။

ရဲရှင်းချန်သည် ထိုမသေမျိုးကျင့်ကြံသူများ ဆက်လက်မိုက်မဲနေမည်မဟုတ်ဟု တွေးထင်ခဲ့၏။ သူသည် သူ မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်လာလုနီးပါးဖြစ်သည့်အခါ ဤလူများ၏နောက်ကွယ်မှ မသေမျိုးဧကရာဇ်များ အရေးယူရမည့်အချိန်ဖြစ်သည်ဟု ယုံကြည်၏။

သို့တိုင် မသေမျိုးဧကရာဇ်မှာ အလွယ်တကူအရေးမယူသည့်အဆင့်အတန်းကို ထိန်းသိမ်းထားပြီး အတွေ့အကြုံမှတ်များမှာမူ အများအပြား ဆက်လက် ပေးအပ်နေဆဲဖြစ်၏။

အတိတ်ကိုစဉ်းစားရင်း ရဲရှင်းချန်သည် အနည်းငယ်စိတ်လွင့်သွား၏။

သူသည် အတိတ်ကအမှတ်တရများကိုလည်း ပြန်လည်အမှတ်ရသွားသည်။ ရဲယင်အသုံးပြုခဲ့သော ဓားကိုထိန်းချုပ်ခြင်းကျွမ်းကျင်မှုများမှာ သူနန်ကုန်းချင်းယွီအား ပေးအပ်ခဲ့သော ကျွမ်းကျင်မှုများ ဖြစ်ပုံရ၏။

ဤသို့တွေးမိသော် ရဲရှင်းချန်သည် ရဲယင်၏နောက်ကျောကိုကြည့်ကာ အနည်းငယ်ရှုံးနိမ့်ပြီး အနည်းငယ်လွှမ်းမိုးခံထားရသောအမူအရာဖြင့် ကြည့်လိုက်သည်။

"တစ်ခါတည်းနဲ့… တစ်ခါတည်းနဲ့ ဘယ်လိုလုပ် ကိုယ်ဝန်ရသွားတာလဲ။"

ရဲရှင်းချန်သည် ထိုအချိန်က မသေမျိုးဧကရာဇ်နယ်ပယ်နှင့် အဆုံးမရှိ နီးစပ်နေပြီဖြစ်၏။ နယ်ပယ်မြင့်လေလေ ကလေးရရန် ခက်ခဲလေလေ ဖြစ်၏။

မမျှော်လင့်ဘဲ ၎င်းမှာ ထိုတစ်ကြိမ်တည်းသာဖြစ်သော်လည်း နန်ကုန်းချင်းယွီမှာ ကိုယ်ဝန်ရရှိပြီး သားတစ်ဦးကို မွေးဖွားခဲ့၏။

ရဲရှင်းချန် သူ၏သားကို မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားနေစဉ်မှာပင် ရဲရှင်းဟွေ့၏အသံသည် သူ၏အတွေးများကို ဖြတ်တောက်လိုက်၏။

"ဟေး။ အစ်ကို၊ ဘာလုပ်နေတာလဲ။ မြန်မြန်လာ။"

ရဲရှင်းဟွေ့၏အသံကိုကြားသော် ရဲရှင်းချန်သည် သူ၏ညီငယ်မှာ သူတို့၏ရဲယင်နှင့်ဆက်ဆံရေးကို နားလည်မှုလွဲမှားနေပုံရသည်ကို အမှတ်ရသွား၏။

ဤသို့တွေးမိသော် သူသည် ချက်ချင်း တံခါးပေါက်သို့ ဝင်ရောက်သွား၏။

All Chapters