← Chapters

ရဲရှင်းဟွေ့ အကျပ်ရိုက်သွားခြင်း

Vol. 19 Ch. 256

ရဲရှင်းဟွေ့ အကျပ်ရိုက်သွားခြင်း

Vol. 19 Ch. 256

ရဲရှင်းဟွေ့၏ အံ့ဖွယ်နစ်ကီအသွင်ပြောင်းစွမ်းရည်တွင် အဝတ်အစားများ လဲလှယ်ခြင်းနှင့် အထူးပြုလုပ်ချက်များ ထည့်သွင်းခြင်းအပြင် အလှအပကို မြှင့်တင်ပေးသည့် နောက်ထပ် လုပ်ဆောင်ချက်တစ်ခုလည်း ရှိနေ၏။

စုချင်း၊ ယန်အန်နာ၊ ရဲလန်ယွဲ့နှင့် ချန်ယင်းယင်းတို့၏ အဝတ်အစားများကို လဲလှယ်ပေးစဉ်က ရဲရှင်းဟွေ့မှာ အလှအပ မြှင့်တင်သည့် စစ်ထုတ်စနစ်ကို ဖွင့်ထားခဲ့သည်။

သို့သော်လည်း ရဲချန်နှင့် အခြားသူများအတွက် အဝတ်လဲပေးသောအခါ သူက ထိုအရာကို ဖွင့်မထားခဲ့ချေ။ မည်သို့ဆိုစေ ယောကျာ်းလေးများအတွက် ထိုအရာကို အဘယ်ကြောင့် ဖွင့်ရန် လိုအပ်မည်နည်း။ ဤသည်က နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် မျက်စိကျိန်းလောက်သော လျှောက်လမ်းရှိုးကို ဖြစ်ပေါ်စေခဲ့၏။

ပေါင်ပေါင်းအတွက်မူ ရဲရှင်းဟွေ့က သူမ၏ အဝတ်အစားကို လဲပေးစဉ်ကလည်း ထိုအရာကို အသုံးမပြုခဲ့ပေ။

သို့သော် ထိုအရာကို မဖွင့်ထားသည့်တိုင် ရဲရှင်းဟွေ့မှာ အံ့အားသင့်နေဆဲ ဖြစ်သည်။

ပေါင်ပေါင်းက ယခုအခါ နှင်းကဲ့သို့ ဖြူဖွေးသော ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူ့ခြေထောက်တွင် ကျောက်သလင်းများ စီခြယ်ထားသည့် ဒေါက်မြင့်ဖိနပ်ကို စီးထားသည်။ ဤဝတ်စုံက ရိုးရှင်းနေသော်လည်း ပေါင်ပေါင်း၏ ကြည်လင်သော မျက်လုံးများနှင့် တွဲဖက်လိုက်သောအခါ လူအများအား စင်ကြယ်သော အလှတရားကို ခံစားမိစေသည်။

အဝတ်အစားများက သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်လာခြင်းကြောင့် ပေါင်ပေါင်းမှာ အံ့အားသင့်၍ မတ်တပ်ထရပ်လိုက်သည်။

ပေါင်ပေါင်း မတ်တပ်ထရပ်လိုက်သောအခါ သူမ၏ ကိုယ်မှာ ဘေးသို့ ယိုင်လဲသွား၏။ သူမအဖို့ ဒေါက်မြင့်ဖိနပ်ကို ပထမဆုံးအကြိမ် ဝတ်ဖူးခြင်း ဖြစ်သောကြောင့် သဘာဝအတိုင်း အသားမကျသေးပေ။ သို့သော်လည်း ပေါင်ပေါင်းက အလွန်ပင် သွက်လက်လှသဖြင့် သူမ လဲကျနေစဉ် လေထဲတွင် တစ်ပတ်လှည့်၍ သူမ၏ ဟန်ချက်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။

"ဒါက ဘာကြီးလဲ…"

ပေါင်ပေါင်းက သူ့ခြေထောက်အောက်မှ ဒေါက်မြင့်ဖိနပ်ကို နားမလည်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။

ရဲရှင်းဟွေ့က ပေါင်ပေါင်း၏ စရိုက်လက္ခဏာအရ သူမ၏ လှုပ်ရှားမှုကို အနှောင့်အယှက် ဖြစ်စေမည့် ဒေါက်မြင့်ဖိနပ်နှင့် စကတ်ကဲ့သို့သော မလိုအပ်သည့်အရာများကို ဘယ်သောအခါမှ ဝတ်ဆင်မည် မဟုတ်ကြောင်း သိထား၏။

ပေါင်ပေါင်းက သူမ၏ ဒေါက်မြင့်ဖိနပ်ကို ချွတ်ရန် ပြင်လိုက်စဉ်မှာပင် ရဲရှင်းဟွေ့က ချက်ချင်း တားလိုက်သည်။

“ခဏလေးနေဦး… ပေါင်ပေါင်း… မင်း အခုဝတ်ထားတဲ့ အဝတ်အစားကို ဒဏ္ဍာရီများရဲ့တိုက်ပွဲ နတ်ဘုရားရဲ့ တိုက်ပွဲဝင် ဝတ်စုံလို့ ခေါ်တယ်… ဒါကို ဝတ်ထားသရွေ့ မင်းပြောတဲ့ ဦးဇီ ဆိုတဲ့တစ်ယောက်ကို သေချာပေါက် အနိုင်တိုက်နိုင်မှာ…”

“ရှင်က ကျွန်မကို အရူးလို့ သတ်မှတ်နေတာလား…” ပေါင်ပေါင်းက ရဲရှင်းဟွေ့ကို တည်ငြိမ်စွာ ကြည့်၍ မေးလိုက်သည်။

ရဲရှင်းဟွေ့ - “...”

‘သွားပြီ… ငါ့အကြံ မအောင်မြင်ဘူး…’

ရဲရှင်းဟွေ့က ဆက်လက်၍ လူလည်လုပ်ရန် ကြိုးစားချင်နေစဉ်မှာပင် ဝက်ဝံကန်းက သူ့ကို ထောက်ခံစကား ဆိုလာသည်ကို ကြားလိုက်ရသည်။

“နေဦး… ရဲရှင်းဟွေ့ ပြောတာ အမှန်ပဲ…”

ယခုအချိန်၌ ဝက်ဝံကန်းမှာ အိမ်ဖော်ဝတ်စုံကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။

အနက်နှင့် အဖြူရောင် အိမ်ဖော်ဝတ်စုံက ဝက်ဝံကန်း၏ မီတာနှစ်မီတာကျော်သော အရပ်နှင့် ပေါင်းစပ်လိုက်သည့်အခါ ခြေအိတ်များပင် မဖုံးကွယ်နိုင်သော သူ့ခြေသလုံးမွေးများကြောင့် အလွန်အမင်း မျက်စိကျိန်းလှ၏။

ပေါင်ပေါင်းက ဝက်ဝံကန်းကို သံသယအချို့ဖြင့် ကြည့်လိုက်သော်လည်း ဝက်ဝံကန်းကမူ ပေါက်တတ်ကရစကားကို ဆက်ပြောနေ၏။

“ကိုယ့်ကိုကိုယ် ကြည့်စမ်းပါ… ငါ့ရဲ့ စွမ်းရည်တွေကို ပိုပြီး မိုက်သွားအောင်လို့ ဒီလို ဝတ်ထားတာ… စိတ်မပူနဲ့… မင်းသာ ဒီဝတ်စုံကို ဝတ်ထားရင် uzi ဆိုတဲ့ကောင်ကို သေချာပေါက် နိုင်မှာ…”

အစပိုင်းတွင် ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ သူမက လုံးဝ အဓိပ္ပာယ်မရှိဟု တွေးလိုက်မိသည်။

အချိန်အတော်ကြာ အတူနေလာပြီးနောက် ပေါင်ပေါင်းကလည်း ရဲရှင်းဟွေ့၏ စရိုက်ကို နားလည်နေပြီ ဖြစ်သည်။ သူက သူ့မိသားစုဝင်များကိုပင် လိမ်ညာလှည့်ဖြားတတ်သူ ဖြစ်၏။

သို့သော်လည်း... ဝက်ဝံကန်းထံမှ ထွက်လာသောအခါ အခြေအနေက ကွဲပြားသွားသည်။

မည်သို့ပင်ဖြစ်စေ ဝက်ဝံကန်းမှာ သူမနှင့် အသေအရှင်တမျှ လုပ်ဖော်ကိုင်ဖက် (ဂိမ်းထဲတွင်) ဖြစ်သည် မဟုတ်လား။

ဤသို့ တွေးလိုက်ပြီးနောက် ပေါင်ပေါင်းက သူ့ခြေထောက်အောက်မှ ဖိနပ်နှင့် သူ့ကိုယ်ပေါ်မှ ကြိုးသိုင်းဂါဝန်အဖြူကို ကြည့်ကာ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။ “သိပြီ…”

ထို့နောက် ချက်ချင်းပင် သူမ ဝတ်ဆင်ထားသော ဂါဝန်အဖြူကိုပင် ဂရုမစိုက်တော့ဘဲ အမဲကင်ဖုတ်သည့်နေရာသို့ တန်းတန်းမတ်မတ် လျှောက်သွား၍ စားသောက်တော့သည်။

မည်သည့် မျက်စိကျိန်းဖွယ် ဝတ်စုံပြပွဲထက်မဆို စားသောက်ရေးက ပို၍ အရေးကြီး၏။

.......

ပေါင်ပေါင်း ယုံကြည်သွားသည်ကို မြင်သောအခါ ရဲရှင်းဟွေ့မှာလည်း သက်ပြင်းချလိုက်မိသည်။

ပေါင်ပေါင်းတစ်ကိုယ်လုံး ဆီနှင့် အညစ်အကြေးများ ပေကျံသွားလျှင်ပင် ရဲရှင်းဟွေ့က ဂရုမစိုက်ချေ။ မည်သို့ဆိုစေ သူက ယခုအခါ ဝတ်စုံဆင်ယင်ပေးခြင်း၏ သခင် ဖြစ်နေပြီ ဖြစ်သည်။

ဤတစ်ကြိမ်က လူငယ်ဆန်သော စတိုင်လ်ဖြစ်၏။ နောက်တစ်ကြိမ်တွင် သူက ဆွဲဆောင်မှုရှိသော စတိုင်လ်ကို သွားသင့်သလော သို့မဟုတ်... လုပ်ငန်းခွင်ဆန်သော စတိုင်လ်ကို သွားသင့်သလော။

ဝက်ဝံကန်းက ပေါင်ပေါင်းကို လိမ်ညာရာ၌ အဘယ်ကြောင့် ကူညီပေးသည်ကိုမူ ရဲရှင်းဟွေ့က အကြောင်းရင်းအချို့ကို ခန့်မှန်းနိုင်၏။

ဝက်ဝံကန်းကလည်း သာမန်ယောကျာ်းတစ်ယောက်ပင် ဖြစ်သည်။ အကယ်၍ သူသာ ဂိမ်းကစားစဉ် ဘေးတွင် ထိုင်ရန် စုတ်စုတ်ပြတ်ပြတ် မိန်းကလေးနှင့် လှပသော မိန်းကလေး နှစ်ယောက်ထဲမှ တစ်ယောက်ကို ရွေးချယ်ရမည်ဆိုလျှင် လှပသော မိန်းကလေးက ပိုကောင်းသည်မှာ မြေကြီးလက်ခတ်မလွဲပင်။

ဟုတ်ပါ၏... ဝက်ဝံကန်းမှာ ထိုသို့သော အတွေးမျိုး မရှိခဲ့ပေ။ မည်သို့ဆိုစေ အခြား ယောကျာ်းများက သူတို့ ဇနီးသည်များ ကွယ်ရာတွင် ဖောက်ပြန်ခြင်း သို့မဟုတ် အချို့သော အရာများကို ခံစားခြင်းများ ပြုလုပ်ကြသော်လည်း ဝက်ဝံကန်းမှာမူကား အလွန်ပင် သနားစရာ ကောင်းလှပေသည်… သူက သူ့ချစ်သူ၏ ကွယ်ရာတွင် ထိုအိမ်စာဖိုင်တွဲများထဲမှ အရာများကို ခံစားနိုင်စွမ်းအားလုံး ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

........

အခြားသူများက ပေါင်ပေါင်း၏ ဝတ်စုံအသစ်ကို မြင်သောအခါ သူတို့၏ မျက်လုံးများမှာလည်း အရောင်တောက်လာကြ၏။

အထူးသဖြင့် စုချင်းက ပေါင်ပေါင်းအပေါ် အလွန်အမင်း အကောင်းမြင်၍ ကျေနပ်နေသည်။

စုချင်းက ရဲရှင်းဟွေ့ထံ လာ၍ လေသံတိုးတိုးဖြင့် မေးလိုက်၏။ “ဟေး ရှင်းဟွေ့… မင်း ဘယ်တော့လောက် ငါ့ကို မြေးလေးတစ်ယောက်လောက် ချီရအောင် လုပ်ပေးမှာလဲ…”

ရဲရှင်းဟွေ့ - “...”

“မေမေ… သားက အသက်ဘယ်လောက်ရှိသေးလို့လဲ… လက်ထပ်ဖို့ တရားဝင်အသက်တောင် မပြည့်သေးဘူး…”

“ဘာကို ကြောက်နေတာလဲ… မေမေက မင်းအသက်ကို ပြောင်းပေးဖို့ တစ်ယောက်ယောက်ကို ရှာလိုက်ရုံပဲ…”

စုချင်းက ဤသို့ပြောသောအခါ ဂရုမစိုက်သည့်ဟန် ဖြစ်နေသည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် "သူတို့မိသားစုတွင် ငွေနှင့် အဆက်အသွယ်များ ရှိသည်" ဟူ၍ ဖြစ်သည်။

တုန်းဖန်းပုပိုက်အဖြစ် ဝတ်ဆင်ထားသော ရဲချန်ကလည်း လျှောက်လာပြီး သူ၏ ဇနီးသည် အမြင်ကို သဘောတူလိုက်သည်။

“ရှင်းဟွေ့… မင်းအဖေ မင်းအရွယ်လောက်တုန်းက စစ်မြေပြင်မှာရော အချစ်နယ်ပယ်မှာပါ ဝါရင့်နေပြီ… မင်း ပိုကြိုးစားဖို့ လိုသေးတယ်…”

ဤသို့ပြောပြီးနောက် ရဲချန်က ရဲရှင်းဟွေ့ကို ဘေးသို့ဆွဲခေါ်သွား၍ ပြောလိုက်သည်။ "ရှင်းဟွေ့… မင်းကို ငါပြောစရာတစ်ခု ရှိတယ်…”

"ဘာများလဲ…"

ထိုအချိန်တွင် ရဲရှင်းဟွေ့မှာ မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး သူ ဤသို့မေးလိုက်သောအခါ ထွက်ပြေးရန်လည်း ပြင်ဆင်နေ၏။

"ဒါပေါ့… မင်းကို ဘယ်လို သင်ခန်းစာပေးရမလဲ ဆိုတဲ့အကြောင်းပေါ့…"

ဤစကားများကို ကြားသောအခါ ရဲရှင်းဟွေ့က နောက်သို့ လှည့်လိုက်ပြီးနောက် ဒိုရာအေးမွန်း၏ မီးအိမ်ငယ်ကို ထုတ်၍ ကျုံ့ထားသည်ကို ဖျက်သိမ်းကာ ကားထဲမှ ထွက်ပြေးရန် ကြံလိုက်သည်။

သို့သော် သူ မပြေးနိုင်မီမှာပင် လက်တစ်ဖက်က သူ့ကျောပေါ်သို့ ဖိချလာပြီး ချက်ချင်းဆိုသလို ပတ်ဝန်းကျင် အခြေအနေက သိသိသာသာ ပြောင်းလဲသွား၏။

ဤခံစားမှုက တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲသို့ ဝင်ရောက်သွားသည့် ခံစားမှုနှင့် အလွန်ပင် ဆင်တူလှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင် အခြေအနေမှာ ပြောင်းလဲသွားခဲ့သည်။

နောက်တစ်ခဏ၌ ရဲရှင်းဟွေ့မှာ ဂြိုဟ်ငယ်တစ်ခုပေါ်တွင် ရပ်နေပြီး သူ့ပတ်လည်တွင် အဆုံးမဲ့သော ကြယ်တာရာများနှင့် စကြဝဠာကြီးက ရှိနေ၏။

ဤဂြိုဟ်ပေါ်တွင် အောက်ဆီဂျင် ရှိသော်လည်း အလွန်ပင် ခြောက်သွေ့နေသည်။

ယခုအချိန်၌ ဤဂြိုဟ်ပေါ်တွင် လူအနည်းငယ်သာ ရှိနေ၏။

သူတို့မှာ ရဲရှင်းဟွေ့၊ ရဲရှင်းချန်၊ ရဲချန်၊ ရဲဖန်၊ ရဲနျဉ်နှင့် ရဲယင်တို့ ဖြစ်ကြသည်။

ရဲရှင်းချန်မှလွဲ၍ ရဲချန်၊ ရဲဖန်၊ ရဲယင်နှင့် ရဲနျဉ်တို့အားလုံးက ရဲရှင်းဟွေ့ကို မကောင်းကြံသည့် အကြည့်များဖြင့် ကြည့်နေကြ၏။

ရဲယင်မှာ လက်ရည်ကျင့်ရန်ပင် ပြင်ဆင်နေသည်။

ဤသို့သော အမျိုးသမီးအသွင် ဝတ်ဆင်ထားသည့် ယောကျာ်းအုပ်စုကြီး၏ ဝန်းရံခြင်းကို ခံလိုက်ရသောအခါ ရဲရှင်းဟွေ့၏ စအိုမှာ အလိုအလျောက် တင်းကျပ်သွားသည်။

ရဲရှင်းဟွေ့က နောက်သို့ လှည့်ကြည့်လိုက်သောအခါ အမျိုးသမီးအသွင် ဝတ်ဆင်ထားသော ရဲရှင်းချန်က သူ့ကို ပြုံးပြုံးလေး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ဘယ်လိုလဲ… ရှင်းဟွေ့… ဒါက ငါ ယာယီ ဖန်တီးထားတဲ့ ကမ္ဘာငယ်လေးပဲ…”

“ဟဲဟဲဟဲ…” ရဲရှင်းဟွေ့က အနေရခက်စွာ ပြုံး၍ ပြောလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ အစ်ကို… တော်လိုက်တာ…”

“မဟုတ်ဘူး… ငါကမတော်ပါဘူး… ငါ့အထင်တော့ မင်းကပိုတော်တယ်…”

ထိုသို့ပြောပြီးနောက် ရဲရှင်းချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ခရမ်းရောင်-ရွှေရောင် ကြိုးတစ်ချောင်းက ရဲရှင်းဟွေ့ကို ချည်နှောင်လိုက်၏။

“အဖေ… ဦးလေးနှစ်… ဦးလေးငယ်… ရဲယင်… ရှင်းဟွေ့က ထာဝရရှင်သန်ခြင်း စွမ်းရည်ရှိတယ်… အဲ့တော့ ကြိုက်သလိုသာလုပ်… ဘာမှဖြစ်မှာမဟုတ်ဘူး…”

ရဲရှင်းချန်က ရဲရှင်းဟွေ့၏ စွမ်းရည်အသစ်မှာ မည်မျှ ပုံမှန်မဟုတ်ကြောင်း သိရှိပြီးဖြစ်သောကြောင့် လုံးဝ ညှာတာပြစရာ မလိုအပ်တော့ချေ။

သူ့အစ်ကိုကြီး၏ စကားကို ကြားပြီးနောက် ရဲရှင်းဟွေ့မှာ သူ ဤတစ်ကြိမ်တွင် အလွန်အကျွံ လုပ်မိသွားပြီဖြစ်ကြောင်း သိလိုက်သည်။

သူ တစ်စုံတစ်ခု ပြုလုပ်တိုင်း တစ်ကြိမ်လျှင် လူတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားလေ့ရှိသော်လည်း ယခုမူကား…

“အင်း… အစ်ကို… ကျွန်တော် မှားသွားမှန်း သိပါတယ်… ကျွန်တော့်ကို လွှတ်ပေးပါတော့…”

ရဲရှင်းဟွေ့မှာ အသနားခံနိုင်ရုံသာ တတ်နိုင်တော့သည်။

ရဲရှင်းဟွေ့ အသနားခံသည်ကို ကြားသောအခါ ရဲရှင်းချန်က ခေါင်းခါ၍ ပြောလိုက်သည်။ “ငါဘာမှလုပ်ပေးလို့မရဘူး… ဒီတစ်ခါတော့ မင်းက လူအများရဲ့ဒေါသကို ဆွပေးလိုက်တာပဲ…”

ရဲရှင်းဟွေ့က စကားဆက်မပြောနိုင်မီမှာပင် ရဲဖန်က ဦးစွာ မတ်တပ်ထရပ်လိုက်သည်။

“ရှင်းဟွေ့… မင်းမှာ ထာဝရရှင်သန်ခြင်းလို ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ စွမ်းရည်ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး… ဒါ တကယ်ကောင်းတာပဲ…”

All Chapters