မျှော်လင့်ချက် တစ်စွန်းတစ်စ
Vol. 19 Ch. 262
သူ့ရှေ့မှ လူမှာ ထုံရှင်းအဖွဲ့အစည်းဝင် တစ်ဦးဖြစ်ကြောင်း သိသောအခါ ရဲဖန်မှာ သဘာဝကျကျပင် သနားညှာတာမှု မပြခဲ့ပေ။
သူ့ကို ရိုက်နှက်ပြီးနောက် သူက ကြေးစားစစ်သား အားလုံးကိုလည်း ရိုက်နှက်ခဲ့သည်။
သူတို့ကို မသတ်ပစ်ရသည့် အကြောင်းအရင်းမှာ သူတို့ ဤနေရာသို့ အဘယ်ကြောင့် ရောက်လာသည်ကို သိလိုသောကြောင့် ဖြစ်သည်။
......
ဆယ်မိနစ် ကြာပြီးနောက်…
ရဲဖန်က ယွမ်ထိုက်ရှို၊ ကြေးစားစစ်သား အုပ်စုနှင့် ပင်းပိုပါ့နှင့် ပိုပါ့ပင်းတို့၏ နှစ်ယောက်တွဲကို ချောက်ကမ်းပါးဝသို့ ပြန်ခေါ်ဆောင်လာသည်။
ယွမ်ထိုက်ရှိုက သူ့ကံကြမ္မာကို လက်ခံလိုက်သည့်အလား ခေါင်းငုံ့ထား၏။ သူ ချောက်ကမ်းပါးဝသို့ ရောက်သည့်တိုင်အောင် ခေါင်းမော့မလာခဲ့ပေ။ ပထမဆုံးအကြိမ် သူ ခေါင်းမော့လိုက်သောအခါ သူက ချောက်ကမ်းပါးဝ၌ ရပ်နေသော ကျောက်ရုပ်တု နှစ်ခုကို သတိပြုမိလိုက်သည်။
“…ရဲခွန်းလွင်… ထျန်းယောင်ဟူ… မင်းတို့… ဒီလမ်းကြောင်းကို ပိတ်ဆို့ဖို့အတွက်နဲ့ ဒီလောက်ထိတောင် လုပ်ရလား…”
ယွမ်ထိုက်ရှိုမှာလည်း သူ နှစ်ပေါင်းများစွာ စုံစမ်းရန် လူလွှတ်ခဲ့သော ရဲခွန်းလွင်က ကျောက်ရုပ်တုအဖြစ် ပြောင်းလဲကာ နတ်ဘုရားနှင့်နတ်ဆိုးလောကသို့ သွားရာ လမ်းကြောင်းကို စောင့်ကြပ်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။
ထိုအချိန်၌ ရဲရှင်းဟွေ့မှာ ကျောက်ရုပ်တု နှစ်ခုထဲသို့ ဝိညာဉ်စွမ်းအင်ကို ထိုးသွင်းနေဆဲ ဖြစ်၏။
ရဲရှင်းဟွေ့က သူ၏ တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲမှ ဝိညာဉ်စွမ်းအင်မှာ အနည်းငယ် အောက်ခြေထိ ရောက်နေပြီဟု ခံစားလိုက်ရသည်။
သို့သော်လည်း သူက သူ့အဘိုးအဘွားများ နာလန်ထူရန်အတွက် ဆက်လက် စွန့်စားခဲ့သည်။
ရဲရှင်းဟွေ့က တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲရှိ ကမ္ဘာသစ်ပင်နှင့် ရှုယယ့် သင်ပေးခဲ့သော နည်းလမ်းကို အသုံးပြု၍ ဆက်သွယ်လိုက်သည်။
ကမ္ဘာသစ်ပင် ကြီးထွားလာပြီးနောက် ၎င်းမှာလည်း အသိစိတ် ရရှိလာခဲ့သည်။
“ကမ္ဘာသစ်ပင်… ဝိညာဉ်စွမ်းအင် နည်းနည်း ညှစ်ထုတ်ပေးလို့ရမလား… ငါ မလုံလောက်တော့ဘူးလို့ ခံစားနေရလို့…”
ကမ္ဘာသစ်ပင်မှာလည်း ရဲရှင်းဟွေ့၏ စကားကို ကြားသောအခါ တုန်ခါသွားသည်။
“ရဲရှင်းချန်က အရင်က ငါ့ဝိညာဉ်စွမ်းအင် အများစုကို စုပ်ယူသွားတယ်… ပြီးတော့ မင်းက အခုလည်း စုပ်ယူနေတုန်းပဲ… မင်း ငါ့ကို ဘယ်သူလို့ ထင်နေလဲ… နွားမလား… ဒီလောက်များတဲ့ ဝိညာဉ်စွမ်းအင်ကို ဒီအတိုင်း ညှစ်ထုတ်လို့ရတယ် ထင်နေလား… ငါက အခုထိ ပျိုးပင်လေးပဲ ရှိသေးတယ်…”
ကမ္ဘာသစ်ပင်၏ အသံမှာ ရဲရှင်းဟွေ့၏ စိတ်ထဲ၌ ထွက်ပေါ်လာသည်။ ၎င်း၏ အသံမှာ အနည်းငယ် ချစ်စရာကောင်းပြီး အခုမှ စကားပြောတတ်စ တစ်နှစ် သို့မဟုတ် နှစ်နှစ်အရွယ် ကလေးတစ်ယောက်နှင့် တူ၏။
ရဲရှင်းဟွေ့မှာလည်း ဤသည်မှာ တောင်းဆိုရန် အနည်းငယ် လွန်လွန်းကြောင်း သိသော်လည်း သူက ဆက်လုပ်ခဲ့ရသည်။
“ဝိညာဉ်စွမ်းအင်ကို အတင်း ညှစ်ထုတ်ဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး… ဒါပေမဲ့ ဒီလိုဆိုရင် ငါက အိပ်စက်ခြင်းထဲ နက်နက်ရှိုင်းရှိုင်း ကျရောက်သွားမယ်… ဒါက မင်းအပေါ်မှာလည်း သက်ရောက်မှု အချို့ ရှိလိမ့်မယ်…”
ဤသို့ ကြားသောအခါ ရဲရှင်းဟွေ့မှာ ပို၍ပင် ရှုပ်ထွေးသွားသည်။
“ဒါဆို… ငါ့အပေါ် ဘယ်လို သက်ရောက်မှု ရှိမှာလဲ…”
“ဒါက မသေချာဘူး… ဒါပေမဲ့ အသက်အပေါ်မှာတော့ သေချာပေါက် သက်ရောက်မှု မရှိဘူး…”
“အိုး… အသက်အပေါ် သက်ရောက်မှု မရှိသရွေ့တော့ နည်းနည်းလေး ပိုညှစ်ထည့်ပေးပါ…”
ကမ္ဘာသစ်ပင် : “....”
စကားမပြောနိုင်သော ကမ္ဘာသစ်ပင်မှာ တစ်ခဏမျှ တုန်ခါသွားပြီးနောက် ၎င်း၏ ကိုယ်ပေါ်မှ အရွက်များမှာ ကြွေကျကာ နောက်ဆုံး၌ မြေကြီးထဲသို့ ပေါင်းစပ်သွားသည်။
ဤအရွက်များ မြေကြီးထဲသို့ ပျော်ဝင်သွားပြီးနောက် တောင်တန်းနှင့် မြစ်ချောင်းများမြေပုံထဲမှ ဝိညာဉ်စွမ်းအင်မှာ ရုတ်တရက် ထပ်မံ မြင့်တက်လာသည်။
........
ရဲရှင်းဟွေ့ ကမ္ဘာသစ်ပင်နှင့် ဆက်သွယ်နေစဉ်မှာပင် ရဲခွန်းလွင်မှာလည်း ယွမ်ထိုက်ရှိုကို မြင်လိုက်ရသည်။
၎င်းမှာ မျက်နှာတစ်ခြမ်းသာ ဖြစ်သော်လည်း သူက နတ်စစ်သူကြီး ယွမ်ထိုက်ရှိုကို မှတ်မိနေဆဲ ဖြစ်၏။
ရဲခွန်းလွင်က ယွမ်ထိုက်ရှိုကို ကြည့်၍ ခံစားချက်ဖြင့် ပြောလိုက်သည်။ “ယွမ်ထိုက်ရှို… မင်း မသေသေးဘူးပဲ…”
ယွမ်ထိုက်ရှိုက သူ၏ မျက်နှာကို ညွှန်ပြ၍ ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။ “ငါ့ရဲ့ လက်ရှိအခြေအနေနဲ့ ငါသေသွားတာနဲ့ ဘာကွာလို့လဲ… မင်းသားနဲ့ မင်းမြေးက ငါ့ကို လွယ်လွယ်ကူကူ ရိုက်နှက်နိုင်တယ်… ငါ့ဝိညာဉ်က အပိုင်းအစပေါင်းများစွာ ကွဲသွားပြီ… အားလုံးက တစ်နေ့နေ့မှာ ငါ့ဝိညာဉ် နတ်ဘုရားနဲ့နတ်ဆိုးလောကကို ပြန်ရောက်နိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်အတွက်ပဲ… ငါ့ဇာတိမြေနဲ့ ဝေးကွာနေတာ အရမ်းကြာပြီ… ငါ တကယ် ပြန်သွားပြီး ကြည့်ချင်တယ်…”
ယွမ်ထိုက်ရှိုက သားကောင်အဖြစ် ဟန်ဆောင်တော့သည်။
သားကောင်အဖြစ် ဟန်ဆောင်နေစဉ် သူက မည်သို့ လွတ်မြောက်ရမည်ကို သိရန် သူ၏ ပတ်ဝန်းကျင်ကိုလည်း လေ့လာနေခဲ့သည်။
သူက နှစ်တစ်ထောင် နေထိုင်ခဲ့ပြီး ဖြစ်သည်။ သူ ဤနေရာ၌ မည်သို့ သေဆုံးနိုင်မည်နည်း။
ယွမ်ထိုက်ရှို၏ စကားကို ကြားသောအခါ ရဲခွန်းလွင်မှာလည်း သက်ပြင်းချလိုက်သည်။ “အင်း… ဟုတ်တယ်… အိမ်နဲ့ ဝေးကွာနေတာ ကြာတော့ လူတိုင်း ပြန်သွားပြီး ကြည့်ချင်ကြတာပဲ…”
ယွမ်ထိုက်ရှို ဤသို့ ကြားသောအခါ သူ၏ မျက်လုံးများမှာ မျှော်လင့်ချက်များ တောက်ပလာသည်။
'ငင်မိုင် ချီးတက်… ဒီမိုက်မဲတဲ့ ရဲခွန်းလွင်က ငါ့ကို နတ်ဘုရားနဲ့နတ်ဆိုးလောကကို ပြန်သွားခွင့်ပြုမလို့လား...'
ယွမ်ထိုက်ရှိုက သနားကြင်နာမှု ရရှိရန် နောက်တစ်ကြိမ် စကားပြောရန် စီစဉ်နေစဉ်မှာပင်…
ရဲခွန်းလွင်က ဆက်ပြောလိုက်သည်။ “မင်း အိမ်ပြန်ချင်တာကို ငါ နားလည်တယ်… ဘာပဲဖြစ်ဖြစ် မင်းမှာ မျက်နှာတစ်ခြမ်း ကျန်သေးတယ်… ငါ မင်းကို သတ်ပြီးရင် မင်းမျက်နှာတစ်ခြမ်းကို ပြန်ယူသွားပြီး သေချာ မြှုပ်နှံပေးမယ်… စိတ်မပူနဲ့… မင်းကို အလွန်အဖိုးတန်တဲ့မြေနေရာမှာ သေချာ မြှုပ်နှံပေးမယ်… ဒါမှ မင်း ဘယ်တော့မှ ပြန်လည်ဝင်စားမှာ မဟုတ်တော့မှာ…”
ယွမ်ထိုက်ရှို: “...”
ရဲခွန်းလွင်၏ နောက်ဆက်တွဲစကားများမှာ သူ၏ ခုခံအားကို တိုက်ရိုက် ချိုးဖျက်သွားသည်။
“မင်း… မင်း… ရဲခွန်းလွင်… မင်းကြောင့် ငါ ဒီအခြေအနေကို ရောက်နေရတာ… မင်း အခုလို စကားမျိုးကို ဘယ်လို ပြောထွက်ရတာလဲ… မင်းက ရက်စက်တဲ့ နှလုံးသား ရှိတာပဲ…”
“ငါ ရက်စက်လို့လား… နတ်ဘုရားလောကက လူအားလုံးက ဒီလိုပဲ မဟုတ်ဘူးလား… ငါက နတ်ဘုရားဘုရင်ရဲ့ ရာဇပလ္လင်ကို စွန့်လွှတ်ပြီး ငါ့ချစ်သူနဲ့ အတူရှိချင်ရုံလေးပါ… ဒါပေမဲ့ မင်းတို့အားလုံးက ငါ့ကို နည်းမျိုးစုံနဲ့ တားဆီးဖို့ ကြိုးစားခဲ့ကြတယ်… ဒါတင်မကသေးဘဲ မင်းတို့က ငါ့ကျင့်ကြံမှုကိုပါ ဖျက်ဆီးချင်ခဲ့ကြတယ်… ဒါကြောင့် မင်းတို့ ဒီလို ဘယ်လို တုံ့ပြန်နိုင်တာလဲ…”
“ဒါက နတ်ဘုရားလောကရဲ့ စည်းမျဉ်းပဲ…”
သူ့အဘိုး၏ သွေးစွန်းသော ဇာတ်လမ်းများကို ကြားသောအခါ ရဲရှင်းဟွေ့မှာလည်း သူ့စိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ 'ငင်မိုင် ချီးတက်… သူက တကယ်ကို နောက်ထပ် ဇာတ်လိုက်တစ်ယောက်ပဲ…'
ဇာတ်လိုက်ယောက်ျားလေးက သူ့အဆင့်အတန်းကို စွန့်လွှတ်ပြီး ဇာတ်လိုက်မလေးနဲ့ အတူရှိဖို့အတွက်… သူ့အဆင့်အတန်းကို စွန့်လွှတ်ရတာက အရမ်းကြီးမားတဲ့ စတေးမှုပဲ။
နောက်ဆုံးနည်းလမ်းအနေနဲ့ သူက ဇာတ်လိုက်မလေးနဲ့အတူ ထွက်ပြေးရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး… ထွက်ပြေးပြီးနောက်မှာတောင် သူတို့ကို လိုက်လံတိုက်ခိုက်ကြသေးတယ်။
ရဲရှင်းဟွေ့က ရှေးခေတ် နတ်သမီးပုံပြင်တွေရဲ့ ပုံစံခွက်တွေကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ်… အခုခေတ် အွန်လိုင်းဝတ္ထုတွေမှာ ဒီလို ပုံစံခွက်မျိုးက အရမ်းနည်းနေပြီ… ဒါက ခေတ်နောက်ကျနေပြီလို့တောင် သတ်မှတ်လို့ရတယ်။
အဲဒီလို နားမလည်နိုင်တဲ့ စည်းမျဉ်းမျိုးတွေ… စည်းမျဉ်းကို ချိုးဖောက်ရင် သေဆုံးရမယ်… ပြီးတော့ အဆုံးမှာ ဖြေရှင်းနိုင်သွားတယ်… ဇာတ်လိုက်ယောက်ျားလေးက သူ့အစွမ်းကို အသုံးပြုပြီး စည်းမျဉ်းကို ပြောင်းလဲပြီး သူချစ်တဲ့သူနဲ့ အတူရှိနိုင်သွားတယ်…
အဆုံးမှာ ပျော်ရွှင်စရာ အဆုံးသတ်ပဲ။
ဒီလို တွေးမိတော့ ရဲရှင်းဟွေ့ ရုတ်တရက် တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။
သူ့အဘိုးအဘွားတွေ မတူညီတဲ့ အဖွဲ့နှစ်ခုက ဖြစ်တဲ့ ကိစ္စက အခု ဖြေရှင်းပြီးသွားပြီဆိုရင် (သူတို့မှာ မြေးတွေနဲ့ မြစ်တောင် ရှိနေပြီ)၊ ပြီးတော့ လမ်းကြောင်းကလည်း ပိတ်ဆို့ထားတယ်ဆိုရင်… ကျန်တဲ့ ဇာတ်လမ်းတွေ မရှိတော့ဘူးဆိုတဲ့ သဘော မဟုတ်ဘူးလား။
မဟုတ်ဘူး… ဒီလောက် မရိုးရှင်းသင့်ဘူး… ဇာတ်လမ်းရဲ့ အဓိက အချက်က ယွမ်ထိုက်ရှိုပဲ…
သူ့ခန့်မှန်းချက် မှန်တယ်ဆိုရင် ယွမ်ထိုက်ရှိုက ဒီနေရာကနေ အောင်မြင်စွာ လွတ်မြောက်နိုင်သင့်တယ်…
ရဲရှင်းဟွေ့ သူ့အစ်ကိုကို ယွမ်ထိုက်ရှိုကို မြန်မြန်သတ်ဖို့ ပြောချင်နေတုန်းမှာပဲ ယွမ်ထိုက်ရှိုက လှုပ်ရှားမှုအချို့ လုပ်ပြီးသွားပြီဖြစ်တာကို သူ မြင်လိုက်ရသည်။
သူ နောက်ဆုံးတော့ မျှော်လင့်ချက် တစ်စွန်းတစ်စ ရှာတွေ့သွားပြီ။
တိတိကျကျပြောရရင် မျှော်လင့်ချက် နှစ်စွန်းတစ်စ ရှိတယ်။
တစ်ယောက်ကတော့ သူ့ရှေ့က ပန်းနီလေးတစ်ပွင့်ကို ငေးကြည့်နေတဲ့ ပေါင်ပေါင်း… နောက်တစ်ယောက်ကတော့ ရဲယင်…
သူတို့ဘက်မှာ လူအနည်းဆုံးပဲ… ပြီးတော့ ရင်ဆိုင်ရအလွယ်ဆုံးပုံပဲ…
ပေါင်ပေါင်းရဲ့ ပတ်ဝန်းကျင်မှာ ဇီးကွက်နဲ့ ဝက်ဝံကန်း တို့ပဲ ရှိတယ်… ယွမ်ထိုက်ရှိုမှာ သူတို့အကြောင်း သတင်းအချက်အလက်တွေ ရှိပြီးသား… ဒီနှစ်ယောက်က အရည်အချင်းအချို့ရှိတဲ့ သက်တော်စောင့်တွေပဲဆိုတာ သူ သိတယ်။
တခြားဘက်တွေက လူတွေကော…။
ရဲချန်… ရဲခွန်းလွင်ရဲ့ အကြီးဆုံးသား… ယွမ်ထိုက်ရှိုက သူ ရင်ဆိုင်ရခက်တာကို သိတယ်…
ရဲဖန်က အစောက သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ထားတယ်… သူ ဒုတိယအကြိမ် ထပ်မကြုံချင်တော့ဘူး…
ရဲနျဉ်… ကမ္ဘာ့နံပါတ်တစ် လူသတ်သမား… သူ့ခန္ဓာကိုယ်ထဲမှာ ယွမ်ထိုက်ရှိုတောင် နားမလည်နိုင်တဲ့ ရှေးဟောင်းအစွမ်းတစ်ခု ပိုင်ဆိုင်ထားတယ်…
ရဲရှင်းချန်နဲ့ ရဲလန်ယွဲ့လည်း ရှိသေးတယ်… ရဲလန်ယွဲ့မပါဘဲ ရဲရှင်းချန်တစ်ယောက်တည်းကတောင် သူ့ဘက်ကို မကြိုးစားဝံ့အောင် လုပ်နိုင်တယ်…
ပြီးတော့ အဲဒီ အမျိုးသမီး ဆွေမျိုးတွေက တိုက်ခိုက်နိုင်စွမ်းရှိတဲ့ သူတွေရဲ့ နောက်မှာ ရပ်နေကြတယ်… ဒါကြောင့် သူတို့ကို ဖမ်းဖို့က အခြေခံအားဖြင့် မဖြစ်နိုင်ဘူး…
ဒါကြောင့် တစ်ခုတည်းသော ဖောက်ထွက်ပေါက်က ပေါင်ပေါင်းနဲ့ ရဲယင်တို့ကနေတဆင့်ပဲ…
သူ့မှာ ပေါင်ပေါင်းအကြောင်း သတင်းအချက်အလက် မရှိဘူး… ဒါပေမဲ့ သူမက မိုက်မဲပြီး ရူးသွပ်ပုံပေါက်တယ်… ဒါကြောင့် ရင်ဆိုင်ရလွယ်သင့်တယ်…
ရဲယင်အကြောင်း သတင်းအချက်အလက်လည်း မရှိဘူး… သူက ငယ်ရွယ်ပုံပေါက်တယ်… အရေးအကြီးဆုံးက သူ ရဲဖန်ကို အဘိုးလို့ ခေါ်တာ ကြားလိုက်ရတယ်…
သူ ရဲဖန်ကို အဘိုးလို့ ခေါ်ကတည်းက သူက ရဲချန်ရဲ့ သားရဲ့သား ဖြစ်နိုင်တယ်… ဒါပေမဲ့ ရဲချန်ရဲ့ အသက်အရွယ်နဲ့ ဒီလောက်ကြီးတဲ့ မြေးတစ်ယောက် ရှိတာက နည်းနည်း မယုံနိုင်စရာပဲ…
မဟုတ်ဘူး… စောင့်ဦး… ဒီမြေးက ကြီးထွားတာ အရမ်းမြန်တာ ဖြစ်နိုင်တယ်…
သူ ဒီနှစ်မှာ တကယ်တမ်း ခြောက်နှစ်၊ ခုနစ်နှစ်ပဲ ရှိသေးတာ ဖြစ်နိုင်တယ်…
နတ်ဘုရားနှင့်နတ်ဆိုးလောကမှာ ခြောက်နှစ်၊ ခုနစ်နှစ်အရွယ်မှာ ဒီလို ကြီးထွားလာတာက မဆန်းဘူး…
ယွမ်ထိုက်ရှိုက ဖြစ်နိုင်ခြေအားလုံးကို စဉ်းစားပြီးပြီ… နောက်တစ်ဆင့်ကတော့ လှုပ်ရှားဖို့ ပြင်ဆင်တာပဲ။