ရဲ့လင်းချန် လူကောင်း
Vol. 49 Ch. 731
“ဪ … မင်း ငါ ပေးထားတဲ့ ဖော်မြူလာအတိုင်း အလှကုန်တွေ လုပ်ပြီးပြီလား”
ရဲ့လင်းချန် မေးလိုက်သည်။
တုန်းမြောင်မြောင် ခေါင်းညိတ်လိုက်သည်။
"ဥက္ကဋ္ဌရဲ့ရဲ့ တောင်းဆိုချက်အတိုင်း လုပ်ထားပြီးပါပြီ”
"ကောင်းတယ်၊ အဲ့ဒါတွေကို ဝိုင်အလှကုန်ဆိုင်ဆီ ပို့လိုက်ပါ၊ ဒါတွေက ငါတို့လုပ်ငန်းစုရဲ့ အထူးပြုအလှကုန်တွေ ဖြစ်လာလိမ့်မယ်၊ ငါတို့က တခြားအလှကုန်ဆိုင်တွေကိုလည်း ထောက်ပံ့ပေးနိုင်တယ်”
ရဲ့လင်းချန်က ပြုံး၍ ပြောလိုက်သည်။
အလှကုန်များသည် များသောအားဖြင့် မျက်နှာလိမ်းပေါင်ဒါ၊ နှုတ်ခမ်းနီ၊ အသားအရေထိန်းသိမ်းမှုထုတ်ကုန်၊ အစိုဓာတ်ထိန်းဆေး စသည်တို့ ဖြစ်သည်။ ၎င်းတို့ကို ပြုလုပ်ခြင်းက ရဲ့လင်းချန်အတွက် ပြဿနာ မရှိပေ။ အနာဂတ်တွင် ဝိုင်အလှကုန်သည် တခြားအလှကုန်အမှတ်တံဆိပ်များမှ ထုတ်ကုန်များကို မဝယ်တော့ဘဲ သူတို့၏ ကိုယ်ပိုင်အမှတ်တံဆိပ် ထားရှိမည် ဖြစ်သည်။ ထို့အပြင် သူ၏ကိုယ်ပိုင်အမှတ်တံဆိပ် အလှကုန်ထုတ်ကုန်များက အမြင့်သို့ ထိုးတက်ပြီး စျေးကွက်ကို သိမ်းပိုက်နိုင်လိမ့်မည်ဟု ရဲ့လင်းချန် ယုံကြည်ထားသည်။
သူ၏ တစ်ကမ္ဘာလုံးကို တဖြည်းဖြည်းချင်း ပြောင်းလဲမည့် အစီအစဉ်များသည် ဖြည်းဖြည်းချင်း အကောင်အထည် ပေါ်နေပြီ ဖြစ်သည်။
တုန်းမြောင်မြောင်သည် သူ ထွက်မသွားခင် တစ်ခုခုကို ရုတ်တရက် ပြန်သတိရသွားပြီး ပြောလိုက်သည်။
"ဥက္ကဋ္ဌရဲ့၊ ဒီမနက် စစ်သည်တော်ဌာနက လူတစ်ယောက် ရောက်လာပြီး ရှင့်အတွက် စာအုပ်တချို့ ပေးခဲ့တယ်လို့ ပြောပါတယ်”
ရဲ့လင်းချန် အံ့ဩသွားပြီးမှ ရယ်မော၍ ပြန်ပြောလိုက်သည်။
“ဟုတ်ပြီ၊ နားလည်ပြီ”
စစ်သည်တော်ဌာနက သူ့ကို စိတ်မပျက်စေခဲ့ပါဘူး။
စစ်သည်တော်ဌာနက သူ့ကု စိတ်မပျက်စေခဲ့ပါ။
အချို့သော စာအုပ်များသည် ပိုပြီး တန်ဖိုးကြီးပြီး သာမန်လူများ ဘယ်တော့မှ ထိတွေ့ခွင့်ရမှာ မဟုတ်ပေ။ ဥပမာအနေဖြင့် နည်းပညာနှင့် တရုတ်ရိုးရာဆေးပညာကဲ့သို့သော ရဲ့လင်းချန်၏ စွမ်းရည် အများစုသည် ရာခိုင်နှုန်းပြည့် မရောက်နိုင်ဘဲ တစ်နေရာ၌ ရပ်တန့်နေခဲ့သည်။
ထိုအချက်က လည်ချောင်းထဲမှာ တစ်ခုခုဝင်နေသကဲ့သို့ သူ့အား မသက်မသာ ဖြစ်စေသည်။
အကယ်၍ သူသာ သူ့ဘာသာသူ ရှာဖွေမည်ဆိုပါက ယင်းက သူ့ကံအပေါ်တွင်သာ မူတည်ပေလိမ့်မည်။ ၎င်းတို့ အားလုံးကို ဘယ်အချိန်မှာမှ တစ်ရာ ရာခိုင်နှုန်းအပြည့်ထိ ရောက်အောင် လုပ်နိုင်မလဲ ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ ထို့ကြောင့် သူသည် အားလုံးကို လောင်းကြေးထပ်ပြီး စစ်သည်တော်ဌာနကို ဆက်သွယ်၍ သက်ဆိုင်သည့် စာအုပ်များကို ပို့ခိုင်းပေးရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ စစ်သည်တော်ဌာနက ရှာတွေ့ရန် မတတ်နိုင်ပါက မဝေးသော အနာဂတ်၌ ရဲ့လင်းချန်အတွက် ရှာတွေ့ရန် မဖြစ်နိုင်ပေ။ သို့သော ထိုဖြစ်နိုင်ချေက အလွန် နည်းပါးပေသည်။
ထိုကိစ္စအတွက် ချန်ချီတောင်မှ သူ့အား ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်ပြီး စာအုပ်များကြောင့် သူ၏ သိုင်းပညာကို လျစ်လျူမရှုဘဲ နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲအတွက် ဦးစားပေးရန် သတိပေးခဲ့သည်။
စစ်သည်တော်ဌာန၏ အမြင်မှကြည့်လျှင် နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲသည် တရုတ်နိုင်ငံ၏ ရှင်သန်မှုအပေါ် သက်ရောက်မှု ရှိပြီး အရေးအကြီးဆုံး ဖြစ်သည်။
*ဟဲဟဲ … သူတို့က ငါ့အရည်အချင်းကို မသိသေးဘူးပဲ၊ ငါ့ကိုလား၊ စာအုပ်တွေကြောင့်နဲ့ ငါ့သိုင်းပညာကို လျစ်လျူမရှုနဲ့တဲ့လား၊ ငါ့လုပ်ရပ်တွေက ကမ္ဘာဂြိုဟ်ရဲ့ အနာဂတ်နဲ့ ဆက်စပ်နေတာလေ၊ ပညာက အင်အားကပဲ ဆိုတာကို သူတို့ မသိကြဘူးလား*
*သူတို့က သေမျိုးတွေပဲလေ*
အထူးသဖြင့် အခြေခံစွမ်းရည်များကို အဆင့်မြှင့်ခြင်းက အရေးကြီးပြီး ကမ္ဘာပေါ်မှ ပညာများနှင့် စွမ်းရည်များကို ပိုမြင့်သော အဆင့်တစ်ခုသို့ ပြောင်းလဲနိုင်ပြီး အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုကို ပေးနိုင်ပေသည်။ ထို့အပြင် သူသည် ရေပန်းစားမှုအမှတ် တစ်သိန်း သုံးစွဲရန်သာ လိုအပ်ပေသည်။ ယင်းက တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုပင်။
သူ့စွမ်းရည်များအားလုံး ကျွမ်းကျင်မှု တစ်ရာ ရာခိုင်နှုန်း ရောက်သည်ကို စောင့်ပြီး အစုလိုက် အပြုံလိုက် အဆင့်မြှင့်တင်ရန် ဆောင်ရွက်မှာ ဖြစ်သည်။
ရဲ့လင်းချန်သည် စာအုပ်များကို ဖတ်ရှုရန် အလျင်မလိုပါ။ ထိုအစား သူသည် အင်တာနက်ပေါ်တက်၍ မုန်တိုင်းသဖွယ် ဖြစ်နေသော အကြောင်းအရာများကို စစ်ကြည့်လိုက်သည်။
သူ မှတ်မိသလောက်ဆိုလျှင် ယနေ့သည် ဒန်နီနှင့် အခြားသော နိုင်ငံခြား အဆိုတော်များက သူတို့၏ သီချင်းသစ်များကို ထုတ်လွှင့်ရန် စီစဉ်ထားသော နေ့ဖြစ်သည်။ ယနေ့က ဆူညံလှုပ်ရှားနေသော နေ့တစ်နေ့ ဖြစ်သင့်ပေသည်။
သူ ထင်ထားသည့်အတိုင်းပင်၊ အင်တာနက်ပေါ်၌ လှုပ်လှုပ်ရှားရှား ဖြစ်နေပြီးသားပင်။ ထို့အပြင် ဤအပတ်အတွင်း အရှိန်က နေ့တိုင်း လူအများက ပိုပြောလေ အရှိန်က မြင့်လာလေ ဖြစ်သည်။
ယနေ့ မနက် ဆယ့်နှစ်နာရီတိတိတွင် ဒန်နီက သူ၏ တေးရေးဆရာ ဂျော့ရှ်နှင့်အတူ သူ၏ သီချင်းသစ်များကို ထုတ်ဝေခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားသော နိုင်ငံခြား အဆိုတော်များကလည်း သူတို့၏ ကိုယ်ပိုင် သီချင်းများကို ထုတ်ဝေခဲ့သည်။
နိုင်ငံတကာ ဂီတ အသိုင်းအဝိုင်းတစ်ခုလုံးတွင် အားပေးသံများနှင့် ပြည့်နေ၏။
[ဒန်နီရဲ့ သီချင်းသစ်ကို မင်း နားထောင်ပြီးပြီလား]
[ဒါပေါ့ဟ၊ ငါ ထုတ်ထုတ်ချင်း နားထောင်ချင်လို့ ဆယ့်နှစ်နာရီအထိ တမင် စောင့်နေတာ]
[ဂျော့ရှ်က သိပ်အရည်အချင်း ရှိတာပဲ၊ သူက သီချင်းတွေ အများကြီး ရေးခဲ့တာ၊ ဒါကို သူ့ရဲ့ လက်ရာအမြောက်ဆုံး လက်ရာလို့ ပြောရမယ်]
[ဒါက ပိုပြီး ကောင်းလာတာပဲ၊ အရမ်းကို အံ့ဩစရာ ကောင်းလွန်းတယ်၊ ထင်တဲ့အတိုင်းပဲ၊ အင်္ဂလိပ်သီချင်းကို ငါတို့လို မိခင်ဘာသာ ပြောတဲ့သူတွေ ဆိုမှပဲ အကောင်းဆုံးပဲ]
[ဒါပေါ့ … တရုတ်နိုင်ငံက အရှက်မရှိတဲ့ ဟိုအဆိုတော်ဝိုင်က ဂျော့ရှ်သီချင်းကို ခိုးချထားတာ]
[ဒီနေ့က သီချင်းပွဲတော်တစ်ခုပဲ။ အေလီလည်း သီချင်းအသစ် ထုတ်ခဲ့တယ်၊ ငါ အရမ်းပျော်နေပြီ]
[ရိုးရိုးသားသားပြောရရင် ဒါက အဆိုတော်ဝိုင်နဲ့ ဆက်စပ်နေတယ်၊ သူ့ရဲ့ မာနကြီးတဲ့ပြောစကားတွေကြောင့် စူပါစတား လိုင်က သီချင်းအသစ် ထုတ်ဝေတာ]
[ဟားဟားဟား၊ အဆိုတော်ဝိုင်က သီချင်းအသစ်ထုတ်မယ်လို့ မပြောခဲ့ဘူးလား၊ ဘာလို့ သူ့ဆီက သတင်း မကြားရသေးတာလဲ?]
[ဒါက ကြွားဝါရုံသက်သက်ပဲလေ၊ တရုတ်တွေက ကြွားရတာကို ကြိုက်တယ်၊ သူကြောက်လွန်းလို့ ကိုယ့်ကိုယ်ကို လူလုံးထွက်မပြရဲတော့တာလို့ ငါ ထင်တယ်]
…
နိုင်ငံခြားသားများစွာက မယုံနိုင်လောက်အောင် မာနကြီးပြီး အဆိုတော်ဝိုင်ကို လူကြောက်ဟုခေါ်ကာ တရုတ်ပရိသတ်များကို ရန်စလာကြသည်။
တစ်ချိန်တည်းမှာပဲ တရုတ်လူမျိုးအများအပြားသည် နိုင်ငံခြားသားများ၏ မာန်တက်မှုကို ချေဖျက်ရန် အဆိုတော်ဝိုင်၏ Weibo သို့ သွားပြီး သူ့အား အမြန်ဆုံး ပေါ်လာ၍ သူ့သီချင်းကို ထုတ်ဝေရန် မျှော်လင့်တကြီး သွားပြောကြသည်။
အမေရိက၌ …
ဒန်နီသည် အင်တာနက်မှ စာရင်းဇယားကို ကြည့်ပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ နီရဲလာသည်။
“နံပါတ်သုံး ဟားဟားဟား … သီချင်းသစ် စာရင်းမှာ နံပါတ်သုံး ချိတ်နိုင်အောင် ငါ လုပ်နိုင်ခဲ့ပြီ၊ မကြာခင် ငါ နံပါတ်တစ် ဖြစ်တော့မယ်၊ ငါတို့ ချမ်းသာပြီ၊ ငါတို့ တကယ် ချမ်းသာတော့မယ်ကွ”
"ဟုတ်တယ်၊ သူသာ ငါတို့တန်ဖိုးကို ကူပြီး မမြှင့်ပေးဘူးဆိုရင် ဒီနေ့ရလဒ်ကို ငါတို့ ရမှာမဟုတ်ဘူး။ အဲ့ဒီလို တုံးအတဲ့ တရုတ်တွေက ငါ့ကို နောက်ဆုံးမှာ အကျိုးခံစားခွင့်ရသူ ဖြစ်သွားစေခဲ့တာ"
ဒန်နီက မာန်တက်နေသော အပြုံးနှင့် လှောင်ပြောင်၍ ပြောလိုက်သည်။
ဂျော့ရှ်နှင့် ဒန်နီတို့သည် ဆယ်စုနှစ်တစ်ခုကြာ လက်တွဲလုပ်ကိုင်ခဲ့ကြပြီး တစ်ယောက်က သီချင်းစာသားကို တာဝန်ယူကာ ကျန်တစ်ယောက်က သီဆိုခြင်းကို တာဝန်ယူခဲ့သည်။ သူတို့နှစ်ယောက်က အတိုင်းအတာ တစ်ခုထိ အောင်မြင်သည်ဟု ဆိုနိုင်ပေသည်။
ထိုသီချင်းက သူတို့နှစ်ဦးစလုံး၏ အပင်ပန်းခံထားသော ကြိုးပမ်းမှုရလဒ် ဖြစ်ပြီး ဤသီချင်းနှင့် အောင်မြင်အောင် လုပ်ရန် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သည်။
သို့သော်လည်း သူတို့နှစ်ယောက်စလုံးတွင် ပါရမီအကန့်အသတ် ရှိနေသည်။ သီချင်းက ကောင်းမွန်သော်လည်း ဤသီချင်းနှင့် ထိပ်ဆုံးကို ရောက်ရန် သူတို့အတွက် အလွန် ခက်ခဲလွန်းသည်။ မထင်မှတ်ဘဲ ရဲ့လင်းချန်၏ သီချင်းက နိုင်ငံတကာစျေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သူတို့ကို အခွင့်အရေးတစ်ခု ပေးလာခဲ့သည်။
ရဲ့လင်းချန်ကို ခိုးယူကူးချမှုနှင့် စွပ်စွဲပြီး သူတို့၏ တန်ဖိုးကို မြှင့်တင်မည့် အစီအစဉ်က သူတို့စိတ်ထဲ ပေါ်လာခဲ့ပြီး ချက်ချင်း အကောင်အထည်ဖော်ခဲ့သည်။ နောက်ဆုံးတွင် ထိုလှည့်ကွက်က အောင်မြင်လာခဲ့သည်။
သူတို့သည် ရဲ့လင်းချန်၏ အရှိန်အဝါကို ခိုးယူနိုင်ခဲ့ရုံသာမက လူအများအပြားသည် စာနာစိတ်ကြောင့် သူတို့သီချင်းကို နားထောင်လာကြသဖြင့် ကောင်းမွန်သောရလဒ်ကို ရရှိခဲ့သည်။
သို့သော် သူတို့ အံ့ဩသွားရသည့်အချက်မှာ ရဲ့လင်းချန်က မသိနားမလည်စွာနှင့် သူတို့ကို စိန်ခေါ်မှု ပြုလိုက်ခြင်းပင်။
ထိုသတင်းကို ကြားလိုက်ရစဉ်က သူတို့သည် အံ့ဩသွားပြီးမှ အားပါးတရ ရယ်မောမိလိုက်ကြသည်။
ယင်းက ပြဿနာ ရှာနေရုံသက်သက်ပင်။
"တရုတ်က အဆိုတော်ဝိုင်က မဆိုးဘူးလို့ ငါ ထင်တယ်”
ဂျော့ရှ်က ပြုံး၍ ပြောလိုက်သည်။
"သူက ငါတို့ကို အခုလို ကောင်းတဲ့သတင်းတွေ အများကြီး သယ်ဆောင်လာပေးပြီး ငါတို့ရဲ့ အရှိန်နဲ့ လူကြိုက်များမှုကို မြှင့်တင်ပေးခဲ့တာ။ သူက တကယ့်ကို ကောင်းတဲ့လူပဲ!"
"ငါလည်း အဲ့ဒီလိုပဲ ထင်တယ်"
ဒန်နီက ကျယ်လောင်စွာ ရယ်လိုက်သည်။
"သူက ငါတို့ကို စိန်ခေါ်မှုလုပ်တယ်ဆိုတော့ သူ့ရဲ့ ဉာဏ်ရည်က တကယ်ကို နိမ့်တာပဲ၊ သူက တရုတ်လူမျိုး ဆိုတာကို မေ့နေတာလား၊ ဘယ်အချက်တွေနဲ့များ သူက ငါတို့ကို စိန်ခေါ်ချင်နေတာလဲ၊ ငါတို့နိုင်ငံသားတွေက နိုင်ငံခြားသားကို ထောက်ခံမလား"
"ဟုတ်တယ်၊ သူ့စိန်ခေါ်မှုကြောင့် လူတွေက ငါတို့သီချင်းကို လာကြည့်တာလို့ ငါတို့ နာမည်ကြီးသွားတာ၊ တကယ့်ကို ကောင်းတဲ့လူပဲ”
ဂျော့ရှ်က မျက်လုံးများ မှေးစင်းသည်အထိ ပြုံးရယ်၍ ပြောလိုက်သည်။
"ဆယ်စုနှစ်တစ်ခုကြာပြီးမှ ငါတို့ နောက်ဆုံးတော့ အောင်မြင်မှုတစ်ခု ရခဲ့ပြီ၊ ငါတို့ဘဝမှာ တကယ်ကို တခြားသူတွေရဲ့အကူအညီ လိုအပ်နေတာပဲ။ ဒီအဆိုတော်ဝိုင်က ငါတို့ရဲ့ ကြီးမားတဲ့ ကျေးဇူးရှင်ပါပဲ”
ဒန်နီက သက်ပြင်းချလိုက်သည်။ ဂျော့ရှ်က သက်ပြင်းရှည်ကြီး ချလိုက်လေသည်။
"ဆိုးတာက ဒီနေ့ သီချင်းအသစ်တွေ ထုတ်ဝေတဲ့ တခြားအဆိုတော်တွေ အများကြီးရှိပြီး ငါတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကို တော်တော်လေး ယူသွားကြတယ်။ မဟုတ်ရင် ငါတို့ နံပါတ်တစ် ဖြစ်နေတာ ကြာပြီ"
"ဟုတ်တယ်။ ဒီလူတွေက ငါတို့ဆီကနေ အခွင့်ကောင်းယူတာ။"
ဒန်နီက ခေါင်းညိတ်၍ ထပ်ပြောလိုက်သည်။
"အဆိုတော်ဝိုင်က သီချင်းသစ် ထုတ်လိမ့်မယ်လို့ မင်းထင်လား”
"မဖြစ်နိုင်တာ!"
ဂျော့ရှ်က လှောင်ပြောင်လိုက်သည်။
“သူ သီချင်းသစ် ရေးခဲ့ရင်တောင်မှ ငါတို့ရဲ့ အံ့ဩစရာကောင်းတဲ့ ရလဒ်တွေကို မြင်ပြီးရင် ထုတ်ရဲပါ့မလား၊ အဲ့ဒါက သူ့ဘာသာသူ ဟာသ လုပ်သလို ဖြစ်မနေဘူးလား”