← Chapters

နတ်ဆိုးသူတော်စင်ကြီး လေးယောက်

Vol. 46 Ch. 632

နတ်ဆိုးသူတော်စင်ကြီး လေးယောက်

Vol. 46 Ch. 632

ထိုသို့ လုပ်ပြီးနောက်တွင်မူ ရှုရနတ်ဆိုးသူတော်စင်ကြီး ရုတ်ချည်း သေသွားတော့သည်။

ပုလဲကြိုးပေါ်မှ အလင်းတန်းများကမူ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ အတွင်းပိုင်းထဲသို့ လှစ်ခနဲ ဦးတည်သွားကြသည်။

ထိုအလင်းတန်းများ ရွေ့လျားသွားပုံမှာ ငြင်သာလွန်း၍ လောထျန်းသည်ပင် သတိမထားမိလိုက်ပါချေ ။

ဇွတ် ...

လောထျန်းက တဖက်လူအား အနိုင်ရပြီးသည်နှင့် အထဲမှ အတွင်းအမြုတေလုံးအား ထုတ်လိုက်၏။

" နောက်ထပ် နတ်ဆိုးသူတော်စင်တစ်ယောက်ရဲ့ အတွင်းအမြုတေလုံးပဲ ၊ ကောင်းတယ်ကွာ ။ ရော့.. ဒါကိုယူပြီး သန့်စင်လိုက် "

လောထျန်းက ချက်ချင်းပင် အမြုတေလုံးအား ရှောက်ထျန်းလုံဆီ ပစ်ပေးလိုက်သည်။

ရှောက်ထျန်းလုံ ကလည်း အနည်းငယ်လေးပင် တုန့်ဆိုင်းမနေဘဲ တန်းပြီး သန့်စင်လိုက်ပါ၏။

တဖက်တွင်ကား ... ရှုရနတ်ဆိုးသူတော်စင်ကြီး မသေခင် ထုတ်လွှတ်လိုက်သည့် အလင်းတန်းများက ထောင်ပေါင်းများစွာသော တောင်တန်းများနှင့် မြစ်ချောင်းများကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ကျော်ဖြတ်၍ လျှို့ဝှက်တောင်တစ်ခုပေါ် ကျသွားသည်။

" ဟင်... "

ထိုတောင်ပေါ်တွင်ကား မဟာနတ်ဆိုးကြီးတစ်ပါးက တင်ပျင်ခွေထိုင်၍ ကျင့်ကြံနေ၏။

သို့သော်.. အလင်းတန်း ရောက်လာသည်နှင့် ထိုနတ်ဆိုးကြီး၏ မျက်လုံးများ ရုတ်ချည်း ပွင့်လာသည်။

ထို့နောက် သူ လက်ယမ်းလိုက်ရာ အလင်းတန်းက

မျောက်များစွာသော အလင်းစက်လေးများအဖြစ် ပြောင်းသွား၏။

ထိုအလင်းစက်လေးထဲမှ ရှုရနတ်ဆိုးသူတော်စင်ကြီး၏ အသံ ထွက်လာသည်။

" အားလုံး... ကမ္ဘာနှစ်ခုကြား တံခါးပေါက် ပွင့်နေပြီးတော့ ထျန်းယွမ်ကမ္ဘာကလူတွေ ကျုပ်တို့ကို သတ်ဖို့ လာနေကြပြီ ။ သူတို့က အင်မတန်အစွမ်းထက်လွန်းတာမို့ ပြန်မတိုက်ခိုက်ကြပါနဲ့ ။ ကမ္ဘာနှစ်ခုကြား တံခါးပေါက်နားကိုလဲ မကပ်ကြနဲ့ ။ ကိုယ့်အရောင်အဝါကို မြန်မြန် ချုပ်တည်းပြီးတော့ ပုန်းပြီးသာနေကြပါ ။ တံခါးပေါက် ပိတ်သွားမှ ပြန်ထွက်... "

အသံက ထိုစဥ်မှာပင် ရုတ်တရက် ရပ်သွား၏။

သားရဲကြီး၏ နှုတ်ခမ်း မဲ့သွားသည်။

ထိုစဥ်မှာပင်....

ဝီ...

မလှမ်းမကမ်းမှ ကျောက်စိမ်းပြားတစ်ခု ရုတ်တရက် အရောင်လက်လာ၏။

နတ်ဆိုးသားရဲကြီး ခေါင်းလှည့်ကြည့်လိုက်ရာ ကျောက်စိမ်းပြားပေါ်၌ ဆံပင်တစ်ခေါင်းလုံး ဖြူနေပြီး ခေါင်းထိပ်တွင် ဦးချိုနှစ်ခေါင်းပါသည့် လူကြီးတစ်ယောက်အား မြင်လိုက်ရသည်။

" အမှောင်ယံ နတ်ဆိုးသူတော်စင်ကြီး ၊ ရှုရနတ်ဆိုးသူတော်စင်ကြီးဆီက သတင်းပို့တာကို ရလိုက်လား "

တဖက်လူက မေးသည်။

" ရတယ်.. ခုလေးတင် ရလိုက်တာ "

အမှောင်ယံ နတ်ဆိုးသူတော်စင်ကြီးက ခေါင်းညိတ်၍ ပြန်ဖြေသည်။

" မင်း ဘယ်လိုသဘောရလဲ "

တဖက်လူ ဆက်မေးလာသည်။

အမှောင်ယံနတ်ဆိုးသူတော်စင်ကြီးက အေးစက်စက်

နှာခေါင်းရှုံ့လိုက်၏။

" ဒီ ရှုရနတ်ဆိုးသူတော်စင်ကြီးက ငါတို့တွေ သူ့ရဲ့သားကောင်ကို လုသွားမှာ စိုးရိမ်တယ်နဲ့တူတယ် ။ သူ့ရဲ့ ရှုရနတ်ဆိုးနိုင်ငံမှာက လူသတ်ကျင့်စဥ်ကို ကျင့်ကြံကြတော့ ကိုယ့်ကိုကိုယ် သွေးနဲ့ဆေးဖို့ လိုနေတဲ့သူတွေ အများကြီးပဲလေ "

" ပြီးတော့ လူသားတွေရဲ့ အသွေးအသားက ကျင့်ကြံခြင်းအတွက် အကောင်းဆုံးပဲ ။ အဲ့ဒါကြောင့်မို့ သူက ငါတို့ကို စကားတွေနဲ့ခြောက်ပြီး ရှုရနတ်ဆိုးနိုင်ငံက အဖွဲ့ကို ထျန်းယွမ်ကမ္ဘာဆီ ဦးဆောင်သွားမလို့နဲ့ တူတယ် "

" ထျန်းယွမ်ကမ္ဘာက လူသားကမ္ဘာဆိုတော့ သူ ပြန်လာရင် သူရော ၊ ရှုရနတ်ဆိုးနိုင်ငံက သူတွေရော အစွမ်းတွေ အများကြီး တိုးလာကြမှာပဲ "

" ဒီကောင်က ငါတို့ကို အဲ့လိုအကွက်မျိုးနဲ့ လှည့်စားလို့ရမယ်လို့ ထင်နေတဲ့ပုံပဲ ။ ရယ်စရာ ကောင်းလိုက်တာ "

အမှောင်ယံနတ်ဆိုးသူတော်စင်ကြီးက ပြောပြီးသည်

နှင့် လှောင်ပြုံး ပြုံးလိုက်သည်။

တဖက်မှ ဆံပင်ဖြူနှင့် လူကြီးကလည်း ခေါင်းညိတ်၍ ပြန်ပြော၏။

" ဟုတ်တယ်.. ငါလဲ မင်းနဲ့ အတွေးတူတူပဲ ။ အဲ့တော့ ငါတို့တွေ ဘာဆက်လုပ်ကြမလဲ "

အမှောင်ယံနတ်ဆိုးသူတော်စင်ကြီးက အေးစက်စက် နှာခေါင်းရှုံ့သည်။

" ဘာလုပ်ရမှာလဲကွ ၊ လူစုပြီး တိုက်ခိုက်ရုံပေါ့ ။ ထျန်းယွမ်ကမ္ဘာက ရတနာတွေ အင်မတန်ကြွယ်ဝတဲ့ နေရာပဲ ။ ဒီလို ပစ္စည်းကောင်းတွေ ရှုရနတ်ဆိုးသူတော်စင်ကြီး တစ်ယောက်တည်း သိမ်းသွားတာမျိုးတော့ အဖြစ်မခံနိုင်ဘူး ။ မင်းကရော.. သွားမှာမလား "

တဖက်လူက ရယ်ရင်း ပြန်ပြော၏။

" ဘယ်လိုလုပ်ပြီး မသွားပဲ နေပါ့မလဲကွာ ။ ငါ့မှာ မျိုးဆက်တွေ နည်းနည်းလေးပဲရှိတာ ဆိုပေမယ့် ဒီလိုအခွင့်ကောင်းမျိုးကိုတော့ လက်လွတ်ခံလို့ မဖြစ်ဘူးလေ ။ ပြီးတော့ ရွှေဖားနတ်ဆိုးသူတော်စင်နဲ့ မြစိမ်းနတ်ဆိုးသူတော်စင်တို့ နှစ်ယောက် လှုပ်ရှားသွားတာကိုလဲ ငါ ခုနလေးတင် အာရုံခံမိလိုက်တယ် "

ထိုစကားကြောင့် အမှောင်ယံနတ်ဆိုးသူတော်စင် ချက်ချင်း ထရပ်လိုက်သည်။

" အဲ့ဒါဆို ဘာလို့ရပ်နေသေးတာလဲကွ ။ ချက်ချင်း လူစုပြီး ထွက်တော့လေ "

တဖက်လူက အနည်းငယ်တွန့်ဆုတ်စွာ ပြန်ပြော၏။

" ငါက... နတ်ဆိုးနတ်ဘုရားကြီးကို စိတ်ပူလို့.... "

အမှောင်ယံနတ်ဆိုးသူတော်စင်က လက်ကာပြ၍ ဖြတ်ပြောလိုက်သည်။

" နတ်ဆိုးနတ်ဘုရားကြီးက တာအိုကမ္ဘာသစ်သီးကို စောင့်ကြပ်နေတာဆိုတော့ ထွက်လာမှာ မဟုတ်ဘူး "

တဖက်လူ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

" အဲ့လိုဆိုရင်တော့ ငါလဲ အခု သွားတော့မယ်ကွာ "

အမှောင်ယံနတ်ဆိုးသူတော်စင် ခေါင်းညိတ်လိုက်၏။

" ကောင်းတယ်.. သွားကြစို့ ။ ရတနာတွေကို ဟိုကောင်တွေပဲ အပိုင်သိမ်းလိုက်တာမျိုး အဖြစ်မခံနဲ့ "

တဖက်လူ ခေါင်းညိတ်လိုက်ပြီးနောက် ကျောက်ပြားပေါ်မှ သူ့ပုံရိပ် ပျောက်ကွယ်သွားသည်။

အမှောင်ယံ နတ်ဆိုးသူတော်စင်ကြီး အသက်ပြင်းပြင်းရှိုက်ကာ ကျယ်လောင်စွာ အော်ပြောလိုက်၏။

" အားလုံး လူစုကြဟေ့... ထျန်းယွမ်ကမ္ဘာကို သွားကြမယ် "

သူ အသက်ဆုံးခါနီး ပို့ပေးခဲ့သည့် သတိပေးစကားက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်သွားသည်ကို ရှုရနတ်ဆိုးသူတော်စင်ကြီး ဘယ်တော့မှ မသိနိုင်တော့ပါချေ....

ထိုစဥ် ကမ္ဘာနှစ်ခုကြား တံခါးပေါက်ရှေ့၌..

အေ့ ..

ရှောက်ထျန်းလုံလေး လေချဥ် တစ်ချက် တက်လိုက်ပြီးနောက်.. ရှုရနတ်ဆိုးသူတော်စင်ကြီး၏ အတွင်းအမြုတေလုံးအား သန့်စင်၍ ပြီးသွားတော့သည်။

သူမ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း အဆုံးအစမဲ့အ

ဆင့်ကိုး၏ ထိပ်ဆုံးသို့ ရောက်သွားခဲ့ပြီး..

ကောင်းကင်ဘုံတံခါးဝ အဆင့်ရောက်ရန် ခြေတစ်လှမ်းစာမျှသာ လိုပေတော့သည်။

သို့သော် ကမ္ဘာပေါ်မှ မသေမျိုးတစ်ယောက် ဖြစ်ရန်မူ များစွာ လိုနေပါသေး၏။

ဝုန်း..

ထို့နောက်တွင်မူ ရှောက်ထျန်းလုံလေးက လူသားအသွင် ပြောင်းထားရာမှ နဂါးတစ်ကောင်အသွင် ပြန်ပြောင်းသွားကာ.. သူမ၏ ခန္ဓာကိုယ်က နောက်ထပ် ဆယ်ပေခန့် ထပ်ကြီးလာပြီး အစွမ်းလည်း အနည်းငယ် တိုးသွားသည်။

" ဟင်... အတွင်းအမြုတေတွေ အဲ့လောက်အများကြီး မြိုထားတာတောင် အဲ့လောက်ပဲ တက်တာလား "

လောထျန်း ၎င်းကိုကြည့်ကာ အံ့အားသင့်သွားရသည်။

ရှောက်ထျန်းလုံလေးက ခေါင်းကုတ်ရင်း ပြန်ပြော၏။

" ကျွန်မလဲ မပြောတတ်ဘူး ။ အတွင်းအမြုတေလုံးတွေရဲ့ အစွမ်းက အလဟသ ဖြစ်မသွားတာတော့ သေချာပါတယ် ။ ဒါပေမယ့်.. အစွမ်းကတော့ တကယ်ကို တိုးမလာဘူး "

လောထျန်း ခေတ္တမျှ စဥ်းစားနေပြီးမှ ပြောလိုက်သည်။

" ငါထင်တာတော့ မင်းက ရှေ့ပိုင်းမှာ အထောက်အပံ့ ရတနာတွေအများကြီး စားထားလို့ ပါရမီကို တိုးလိုက်သလိုဖြစ်ပြီး ခုလို ဖြစ်သွားတာလား မသိဘူး "

ရှောက်ထျန်းလုံလေးက လူသားအသွင် ပြန်ပြောင်းကာ ခေါင်းညိတ်လိုက်၏။

" အဲ့လိုပဲနဲ့ တူတယ် ။ ဒါပေမယ့်.. အဲ့လိုဆိုရင် ကျွန်မ ကမ္ဘာပေါ်က မသေမျိုးတစ်ယောက် ဖြစ်လာနိုင်ပါတော့မလား ။ ခုလိုဆို... နောက်ထပ် နတ်ဆိုးသူတော်စင် အမြုတေလုံးတွေ နည်းနည်းထပ်စားရင်တောင် လုံလောက်မယ် မထင်ဘူး "

လောထျန်းမှာလည်း ပြဿနာကို ခံစားမိကာ ခေါင်း

အသာညိတ်လိုက်သည်။

ရှောက်ထျန်းလုံလေး အဆင့်တက်ရန်မှာ လွယ်မည့်ပုံ မပေါ်ပါချေ ။

" နေဦး.. ဟိုကောင်တွေရဲ့ အမြုတေလုံးတွေရော.. "

လောထျန်း ခေါင်းလှည့်ကာ သူ တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သော ရှုရနတ်ဆိုးနိုင်ငံ တပ်ဖွဲ့ဘက် လှည့်ကြည့်လိုက်၏။

ထို သားရဲများက နတ်ဆိုးသူတော်စင်များထက် များစွာ ပိုအဆင့်နိမ့်သည့်တိုင် အရေအတွက် ပိုများပေသည်။

" အင်း... နောက်ဆုံး ဘယ်လိုမှ မတတ်နိုင်ရင်တော့ အဲ့တစ်နည်းပဲ ရှိတော့တာပေါ့ "

ရှောက်ထျန်းလုံလေး ပြောလိုက်သည်။

လောထျန်းကလည်း ခေါင်းညိတ်၍ ပြော၏။

" သားရဲတွေ အများကြီးဆိုတော့ မင်းအတွက် မလိုရင်တောင် တခြားသူတွေကို ပေးလို့ရတယ်လေ ။ အဲ့တော့ ငါတို့တွေ ဒီသားရဲအလောင်းတွေကိုပဲ အရင်စုလိုက်ကြတာပေါ့ကွာ "

" အဲ့အကြံကောင်းတယ် "

ရှောက်ထျန်းလုံလေး ခေါင်းညိတ်ထောက်ခံလိုက်သည်။

ထို့နောက်တွင်မူ သူတို့နှစ်ယောက်လုံး တိုက်ပွဲဖြစ်သွားခဲ့သော နေရာတစ်ပတ် လျှောက်သွားကာ သားရဲအလောင်းများအား လောထျန်း၏ အတွင်းကမ္ဘာငယ်ထဲ ပစ်ထည့်လိုက်ကြ၏။

ထိုအလုပ်မှာ မလွယ်လှပါချေ...

သားရဲအလောင်းများကို သိမ်းရသည်က ရှုရနတ်ဆိုးနိုင်ငံ တပ်ဖွဲ့တစ်ခုလုံးကို ချေမှုန်းရသည်ထက်ပင် များစွာပိုခက်ခဲသလို လောထျန်း ခံစားလိုက်ရသည်။

နောက်ဆုံးတွင်မူ.. သူ ဘာမှထပ်မလုပ်ချင်တော့အောင် ပျင်းလာသဖြင့် ကောင်းကင်ဘုံလက်ဝါးကို သုံးပြီး တိုက်ပွဲဖြစ်သွားခဲ့သည့် တစ်နေရာလုံးကို လက်ဖြင့်ကော်ကာ အတွင်းကမ္ဘာငယ်ထဲ ထည့်ပြီး ဇာတ်သိမ်းလိုက်တော့၏။

ထိုသို့ လုပ်ပြီး မကြာခင်မှာပင်..

ဝုန်း...

အနောက်ဘက် ကောင်းကင်ယံမှ နတ်ဆိုးအရောင်အဝါများ ရုတ်တရက် ထွက်ပေါ်လာသည်။

" ဟင်.. နောက်ထပ် နတ်ဆိုးသားရဲတွေ လာနေတာလား "

လောထျန်း၏ မျက်နှာ အနည်းငယ်ဝင်းသွားသည်။

ထိုစဥ်မှာပင် ..

ဝုန်း...

အရှေ့ဘက် ကောင်းကင်ယံမှလည်း အစွမ်းထက် နတ်ဆိုးအရောင်အဝါတစ်ခု ပေါိလာပြန်၏။

" ဒီကောင်တွေက တစ်ပြိုင်တည်း လာကြတာလား "

လောထျန်း အံ့အားသင့်သွားရသည်။

ဝုန်း...

ထိုစဥ်တွင် တောင်ဘက် ကောင်းကင်ယံ၌လည်း နတ်ဆိုးအရောင်အဝါ ပေါ်လာပြန်သည်။

" နောက် တစ်ဖွဲ့ပါလား "

လောထျန်း၏ မျက်နှာကြီး ပိုဝင်းသွားတော့၏။

ဝုန်း..

မြောက်ဘက် ကောင်းကင်ယံတွင်လည်း လေထု အက်ကွဲသွားပြန်ပြီး..

အစွမ်းထက် နတ်ဆိုးအရောင်အဝါတစ်ခု ထွက်လာပြန်သည်။

" သားရဲတွေ နေရာစုံက လာနေကြတာလား "

လောထျန်း အလွန်ဝမ်းသာသွားတော့သည်။

ထိုစဥ်မှာပင်..

" ဟား ဟား.. ရှုရနတ်ဆိုးသူတော်စင်ကြီး ၊ မင်းက ငါတို့ကို မဖြစ်စလောက် လှည့်ကွက်လေးနဲ့ အရူးလုပ်နိုင်မယ်လို့ ထင်တယ်ပေါ့လေ ။ မင်းပြောတော့ ထျန်းယွမ်ကမ္ဘာကလူတွေ ငါတို့ကိုသတ်ဖို့ လာနေပြီဆို ။ အခု အဲ့ကောင်တွေ ဘယ်မှာလဲ "

အနောက်ဘက်မှ ခပ်အက်အက်အသံတစ်သံ ထွက်လာသည်။

ထိုအသံပိုင်ရှင်မှာ လူသားအသွင် ပြောင်းထားပြီး ရုပိရည်ချောမောသော လူငယ်လေးတစ်ယောက်အသွင် ရှိ၏။

" ဟမ့်.. ရွှေဖားနတ်ဆိုးသူတော်စင်.. မင်းက မြန်မြန်ရောက်လာတာပဲကွ "

မြောက်ဘက်အရပ်မှ အမှောင်ယံနတ်ဆိုးသူတော်စင် ကလည်း အေးစက်စက်ပြောလာသည်။

ရွှေဖားနတ်ဆိုးသူတော်စင် နှုတ်ခမ်းမဲ့သွားကာ ပြန်ပြော၏။

" မင်းကများ ငါ့ကို အဲ့စကား ပြောနေသေးတယ်ပေါ့

။ မင်းကမှ လေထုကို ခွဲပြီး လာခဲ့တာလေ ။ မင်းက ငါ့ထက်ပို လောဘကြီးနေတာ မဟုတ်ဘူးလား "

အမှောင်ယံ နတ်ဆိုးသူတော်စင်ကြီး မျက်မှောင်ကြုံ့သွားကာ ဒေါသထွက်သွားပုံ ပေါ်သည်။

သို့သော် ထိုစဥ်မှာပင် တောင်ဘက်အရပ်မှ ဆံပင်ဖြူနှင့် လူကြီးက ရုတ်တရက် ပြောလာ၏။

" အားလုံး.. အခုက တစ်ယောက်နဲ့တစ်ယောက် စကားများနေရမယ့်အချိန် မဟုတ်ဘူးနော်။ ရှုရနတ်ဆိုးသူတော်စင်က ထျန်းယွမ်ကမ္ဘာထဲတောင် ရောက်နေလောက်ပြီ ။ မင်းတို့တွေ သူ အသာစီးရသွားမှာ မစိုးရိမ်ဘူးလား "

All Chapters