ငါ သိုင်းကွက်တစ်ကွက်လေး မသုံးရခင်မှာတင် သေသွားကြသတဲ့လား..
Vol. 46 Ch. 634
အတွင်းအမြုတေ တဲ့လား...
အားလုံးမှာ ရှေ့မှမြင်ကွင်းကို ကြည့်ရင်း ဆွံ့အနေတော့၏။
ရွှေဖားနတ်ဆိုးသူတော်စင်၏ အတွင်းအမြုတေလား...
သူတို့ နားကြားများ လွဲနေရော့သလား...
လောထျန်းက ရွှေဖားနတ်ဆိုးသူတော်စင်အား ဒီတိုင်း ရိုက်လိုက်နိုင်သည်ကပင် သူတို့အတွက် နားမလည်နိုင်စရာ ဖြစ်နေခဲ့လေပြီ။
ယခု အတွင်းအမြုတေကို တွေ့သွားပြီတဲ့ ..
ယခုဖြစ်ရပ်က အမှန်ရော ဟုတ်ပါသေးရဲ့လား..
ထိုစဥ် လောထျန်းက ခေါင်းညိတ်၍ ပြော၏။
" အဲ့ဒါကို သန့်စင်ပြီးတော့ မင်းအစွမ်း ဘယ်လောက်တိုးမလဲ ကြည့်ကြည့် "
ရှောက်ထျန်းလုံလေး ခေါင်းညိတ်ကာ အမြုတေလုံးအား တန်းမြိုလိုက်သည်။
ဝုန်း..
သူမကိုယ်မှ အရောင်အဝါတစ်ခု ပေါက်ထွက်လာ၏။
ရှောက်ထျန်းလုံမှာ ယခင်အတွေ့အကြုံများလည်း ရှိထားပြီးဖြစ်သဖြင့်...
တခဏအကြာမှာပင် အမြုတေအား သန့်စင်ပြီးသွားကာ သူမ၏ ကျင့်ကြံခြင်းအဆင့်လည်း များစွာပင် တိုးသွားသည်။
" ဟင်... ဒီခံစားချက်က ထူးဆန်းလိုက်တာ "
ထိုစဥ် ရုတ်တရက် သူမ မျက်မှောင်ကြုံ့လိုက်၏။
" ဘာဖြစ်လို့လဲ "
လောထျန်း မေးလိုက်သည်။
ရှောက်ထျန်းလုံလေးက မည်သို့မှ ပြန်မပြောဘဲ အသက်သာ ပြင်းပြင်းရှိုက်လိုက်၏။
ဝုန်း..
ရုတ်တရက် သူမ၏ အနောက်ဘက်တွင် ရွှေဖားနတ်ဆိုးသူတော်စင်၏ ခန္ဓာကိုယ်အရိပ် စုစည်းလာတော့သည်။
ဝီ...
ထိုအရိပ်၏ မျက်လုံးများမှလည်း အလင်းတန်းတစ်ခုလက်ကာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။
ဝုန်း..
၎င်းအလင်းတန်းကြောင့် အပေါ်ယံလေထု ပြိုကွဲပြီး ဟင်းလင်းပြင်ပင် ပေါ်လာ၏။
သို့သော် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းများကြောင့် ပြိုကွဲသွားသော လေထုက ချက်ချင်းဆိုသလို ပုံမှန် ပြန်ဖြစ်သွားပါသည်။
သို့တိုင်... တဖက်မှ နတ်ဆိုးသားရဲများမှာ ထိုမြင်ကွင်းကိုကြည့်ပြီး တုန်လှုပ်သွားကုန်ကြ၏။
အဘယ့်ကြောင့်ဆိုသော်... အစောက အရိပ်ကြီး၏ မျက်လုံးထဲမှ အလင်းတန်းအစွမ်းမှာ ရွှေဖားနတ်ဆိုးသူတော်စင်ကြီး၏ ကိုယ်ပိုင်အစွမ်း ဖြစ်သောကြောင့်ပင် ။.
ယခု ၎င်းက ရှောက်ထျန်းလုံအပိုင် မည်သို့ ဖြစ်သွားပါသနည်း ။
၎င်းက ဘာအဓိပ္ပါယ်ပါနည်း..
အစောက အမြုတေလုံးမှာ ရွှေဖားနတ်ဆိုးသူတော်စင်၏ အတွင်းအမြုတေမှန်း သံသယဝင်စရာ အကြောင်းမရှိတော့ပါ ။
တစ်နည်းဆိုရသော်.. အစောက လောထျန်း၏
လက်ဝါးချက်က ရွှေဖားကြီးအား အသေသတ်ခဲ့ပြီး..
ရွှေဖားကြီး၏ အစွမ်းကိုလည်း မိန်းမငယ်က သန့်စင်ခဲ့လေပြီ ။
ထိုနှစ်ယောက်မှာ ဘီလူးကြီးများလိုပင်...
ထိုတခဏ၌ ကျန်နတ်ဆိုးသူတော်စင် သုံးယောက်လုံး၏ ခေါင်းထဲသို့ ကြောက်စရာ အတွေးတစ်ခု ဝင်လာတော့သည်။
ရှုရနတ်ဆိုးသူတော်စင် ပို့ပေးခဲ့သည့် အတင်းက အမှန် ဖြစ်ဟန်ပင်.....
၎င်းက သူ သေခါနီး ပို့ခဲ့သည့်သတင်း ဖြစ်နိုင်ပါ၏။
သူတို့သုံးယောက်လုံး တစ်ယောက်ကိုတစ်ယောက် ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။
" ပြေးကြဟေ့.. လူခွဲပြီးပြေးကြ.. "
တစ်ယောက်က အော်လိုက်သည်နှင့် နတ်ဆိုးသူတော်စင် သုံးယောက်လုံး အရပ်မျက်နှာစုံသို့ တစ်ပြိုင်တည်း ထွက်ပြေးလိုက်ကြတော့၏။
ကျန် သန်းပေါင်းများစွာသော နတ်ဆိုးတပ်ဖွဲ့ဝင်များ ထဲတွင်ကား ဉာဏ်ထက်သည့် အနည်းငယ်လေးကသာ တစ်စုံတစ်ခု လွဲနေသည်ကို သတိထားမိပြီး တိတ်တဆိတ် ထွက်ပြေးရန် ပြင်လိုက်ကြသည်။
တဖက်မှ လောထျန်းမှာလည်း ရှေ့မှ မြင်ကွင်းကြောင့် လန့်သွားရ၏။
ဤမျှ များပြားလှသော သားရဲများ ထွက်ပြေးကုန်လျှင်.. လိုက်ဖမ်းရန် ခက်မည်မဟုတ်ပါလား..
ထိုလူများ မလွတ်အောင် ဘာလုပ်ရပါမည်နည်း ။
သူ တစ်ဖွဲ့ကို စပြီး တိုက်ခိုက်လိုက်သည်နှင့် ကျန်အုပ်စုများက ထွက်ပြေးကြမည် မလွဲပေ ။
သူတို့အားလုံးကို တစ်ပြိုင်တည်း တိုက်ခိုက်လျှင်ရော..
ထိုအကြံက အကောင်းဆုံးပင်..
လောထျန်း အဖြေကို ရှာတွေ့သွားသည်။
ထို့နောက်...
ဝုန်း..
သူ လက်ဝါးနှစ်ဖက်ကို စုလိုက်ရာ.. သူ့အနောက်ဘက်တွင် အရိပ်ကြီးတစ်ခု ရုတ်ချည်း စုစည်းလာ၏။
ထိုအရိပ် ပေါ်လာသည်နှင့် ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခုလည်း မဟုတ်ချင်း ပြန့်သွားသည်။
" ဘာကြီးလဲဟ... "
ထိုဖိအားအောက် ရောက်သွားကြသော နတ်ဆိုးသူတော်စင် သုံးယောက်မှာ သူ့တို့ကိုယ်များက အချုပ်နှောင်ထဲ ရောက်သွားသလို ခံစားလိုက်ရပြီး ခြေတစ်လှမ်းတိုးရန်ပင် အလွန်ခက်ခဲနေတော့၏။
သို့သော်... ကျန် နတ်ဆိုးအုပ်ထဲမှ 90 % လောက်ကမူ ဖိအားပေါ်ပေါ်လာချင်းမှာပင် တမဟုတ်ချင်း အသတ်ခံလိုက်ကြရပါသည်။
ကျန် ၁၀ % ခန့်မှာလည်း ဒဏ်ရာပြင်းထန်စွာရကာ သေလုမျောပါး ဖြစ်ကုန်ကြ၏။
ထိုစဥ် ကြောက်မက်ဖွယ်ဖိအားကြီးအောက် ရောက်နေသည့် အမှောင်ယံ နတ်ဆိုးသူတော်စင်မှာ လောထျန်းနောက်၌ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသည့် အရိပ်ကြီးတစ်ခု စုစည်းလာသည်ကို မြင်လိုက်ရသည်။
ထိုအရိပ်ကြီး ပုံကောင်းကောင်း ပေါ်လာသည်နှင့်အမျှ ဘေးပတ်လည်မှ ဖိအားကလည်း ပိုပို၍ ကြောက်စရာကောင်းလာတော့၏။
ကြောက်မက်ဖွယ်အစွမ်းမျိုး ရှိထားသော အမှောင်ယံနတ်ဆိုးသူတော်စင်ကြီးမှာ.. သွေးများ စအန်သွားတော့သည်။
" ဒီကောင်က ဘယ်သူလဲ.... ။ ငါတို့ ဝိဥာဥ်ကိုးသွယ်
နတ်ဆိုးကမ္ဘာက ဘယ်လို ဘီလူးမျိုးနဲ့မှ သွားပတ်သက်မိတာလဲကွာ "
သူ့အမြင်အာရုံလည်း ဝေဝါးလာကာ.. နောက်ဆုံး မြေပြင်သို့ ကျသွားတော့၏။
ကျသွားသည့် နောက်တွင်လည်း သူ သွေးများ ဆက်အန်နေရှာသည်။
တဖက်မှ လောထျန်းကမူ မျက်လုံးများ မှိတ်လျက်...
" အရှုပ်အထွေးခန္ဓာကိုယ်ရဲ့ လက်တစ်ဖက်ထဲမှာ မှော်လက်နက် အရိပ်တစ်ခုရှိတာကို ငါ အာရုံခံမိထားတယ် ။ အဲ့ လက်နက်နဲ့ဆို အားပျော့တဲ့ ရန်သူတွေအားလုံးကို တစ်ပြိုင်တည်း တိုက်ခိုက်နိုင်မယ်လို့လဲ ခံစားရတယ် ။ အခု ဖြစ်နေတဲ့ အခြေအနေနဲ့ ကွက်တိပဲ "
" ဒါပေမယ့်.. အရိပ်ကို ပုံသေချာပေါ်အောင် လုပ်ဖို့ခက်တော့.. ငါ့အစွမ်းကုန် ထုတ်သုံးမှ ရမယ် "
လောထျန်း ထိုသို့တွေးကာ အာရုံပိုစိုက်ပြီး အရိပ်ကြီး၏ လက်တစ်ဖက်ကို ပုံသေချာပေါ်အောင် လုပ်
လိုက်၏။
နောက်ဆုံးတွင်...
ဝီ...
အစွမ်းထက် အရောင်အဝါတစ်ခု ပေါ်လာကာ သူ့နောက်ဘက် အရိပ်ကြီး၏ လက်တစ်ဖက်က ပိုပို၍ ထင်ရှားပြတ်သားလာတော့သည်။
ထိုလက်ထဲမှ လက်နက်လည်း ပုံပေါ်လာ၏။
" ရပြီ.. "
လောထျန်း စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
ထို့နောက် သူ အဖြူရောင်ပုလင်းတစ်လုံး ကိုင်ထားသော လက်ကို မြှောက်လိုက်၏။
" ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက နတ်ဆိုးသားရဲကောင်တွေ.. ငါ့ရဲ့ ဒီအကွက်ကို ကြည့်ထား ။ သေဖို့သာပြင်.... ဟင်... "
လောထျန်းက စိတ်လှုပ်ရှားစွာပင် ပုလင်းဖြူနှင့် ရန်သူများကိုသတ်ရန် ပြင်လိုက်၏။
သို့သော်.. သူ မျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင်ကား.. သူ့ရှေ့၌ ရန်သူတစ်ယောက်မှ ရှိမနေပါတော့ချေ ။
ထိုစဥ်မှာပင်.. သူ့နားထဲ အသံတစ်သံ ရောက်လာသည်။
" ရပ်... ရပ်ပါတော့.. "
လောထျန်း အံ့အားသင့်ကာ ရှောက်ထျန်းလုံလေးအား လှည့်ကြည့်လိုက်၏။
ထိုစဥ်တွင် ရှောက်ထျန်းလုံလေးမှာကား မြေပြင်၌ လူးလိမ့်နေပြီး ခက်ခက်ခဲခဲ အံကြိတ်ခံနေရဟန် တူပါသည်။
လောထျန်း မျက်မှောင်ကြုံ့သွားရကာ မေးလိုက်၏။
" မင်းက ဘာတွေဖြစ်နေတာလဲ "
သူ ထိုသို့ပြောပြီး ဘေးဘီသို့ လှည့်ကြည့်လိုက်
ပြန်သည်။
" အဲ့ကောင်တွေကို.. မင်း သတ်ခဲ့တာလား "
ရှောက်ထျန်းလုံလေးမှာကား မျက်နှာကြီး ရှုံ့မဲ့လျက်..
" ဖိအား.... ရပ်ပါတော့.. "
လောထျန်း မှင်သက်သွားပြီး ... သူ့နောက်ရှိ အရိပ်ကြီးကို လှည့်ကြည့်မိလိုက်မှ... နောက်ဆုံး သဘောပေါက်သွားတော့သည်။
" ဟုတ်သားပဲ... တောင်းပန်ပါတယ်ကွာ "
သူ လက်ဝါးနှစ်ဖက် ပြန်စုလိုက်ရာ အနောက်ဘက်မှ အရိပ်ကြီး ချက်ချင်းပြန်ပျောက်ကွယ်သွား၏။
ထိုအချိန်မှသာလည်း ပတ်ဝန်းကျင်တစ်ခုလုံး အရင်လို ပြန်ဖြစ်သွားတော့သည်။
ရှောက်ထျန်းလုံလေးမှာမူ မျက်လုံးများ ပြူးကျယ်နေ
ဆဲဖြစ်ပြီး အသက်ဘေးမှ သီသီလေး လွတ်ခဲ့ရပုံဖြင့် အသက်ကို အနိုင်နိုင် ရှူနေရရှာ၏။
ထိုစဥ် လောထျန်းက သူမကိုကြည့်ကာ မေးလိုက်သည်။
" မင်း ဘာလုပ်ခဲ့တာလဲ "
သူ့စကားကြောင့် ရှောက်ထျန်းလုံလေး မေ့လဲကျတော့မလိုပင် ဖြစ်သွားရ၏။
သူမ အချိန်အတန်ငယ်ကြာ ရှင်းပြလိုက်မှသာ.. လောထျန်းတစ်ယောက် နားလည်သွားတော့သည်။
" ဒါဆို.. အဲ့ကောင်တွေအားလုံးက ငါ့ရဲ့ ဖိအားကြောင့် သေသွားခဲ့ရတာပေါ့ "
လောထျန်း ဘေးဘီသို့ ဝေ့ကြည့်ရင်း တီးတိုးရွတ်လိုက်၏။
ယခုမှ အခြေအနေ ပြန်ကောင်းသွားသော ရှောက်ထျန်းလုံလေးက နှုတ်ခမ်းစူစူဖြင့် ခေါင်းညိတ်လိုက်သည်။
လောထျန်းတစ်ယောက် မျက်လုံး ပြူးသွားပါ၏။
" ဘာကြီးလဲဟ... ငါ ခုထိ သိုင်းကွက်လေးတစ်ကွက်တောင် ထုတ်မသုံးရသေးတာကို ။ ဘာမဟုတ်တဲ့ ဖိအားလေးကြောင့် ဒီကောင်တွေအားလုံး သေသွားခဲ့တာတဲ့လား ။ ကြည့်ရတာ ငါ့ရဲ့ အရှုပ်အထွေးခန္ဓာကိုယ်ကို အမှုမဲ့အမှတ်မဲ့ ထုတ်သုံးလို့တော့ မဖြစ်တော့ဘူး "
လောထျန်းစိတ်ထဲ အနည်းငယ်လည်း ကြောက်စိတ်ဝင်သွားတော့သည်။
ကံကောင်းစွာပင်.. ယခုပွဲက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၌ ဖြစ်ခဲ့ပြီး ရှောက်ထျန်းလုံလေးကလည်း အလွန်အစွမ်းထက်ပါ၏။
အကယ်၍သာ ထျန်းယွမ်ကမ္ဘာတွင် ဖြစ်သွားခဲ့ပါက... အခြေအနေ တော်တော်ဆိုးသွားပေမည်။
" ဒါ ..ငါ အရှုပ်အထွေးခန္ဓာကိုယ်ကို လုံလောက်အောင် ကောင်းကောင်းကြီး မကျွမ်းကျင်သေးလို့ပဲ ။ နောက်ကျ အခွင့်ကောင်း နည်းနည်းထပ်ရှာပြီး လေ့
ကျင့်မှဖြစ်မယ်.. ။ ဒါမှလဲ တခြားသူတွေကို မတော်တဆ ထိခိုက်အောင် မလုပ်မိမှာ "
လောထျန်းစိတ်ထဲ ကြိတ်တွေးလိုက်သည်။
သို့သော်. ..လက်ရှိက ထိုကိစ္စကိုတွေးရန် အချိန်ကောင်း မဟုတ်သေးပါ ။
" ကဲ.. အခု အလောင်းတွေကို ရှင်းရမယ် "
လောထျန်း ပြောပြီး ရှောက်ထျန်းလုံလေးနှင့်အတူ အမှောင်ယံနတ်ဆိုးသူတော်စင်ဘေးသို့ လျှောက်သွားလိုက်သည်။
" ဟင်.. မသေသေးပါလား.. ။ နတ်ဆိုးသူတော်စင် ဆိုတဲ့အတိုင်း ၊ အစွမ်းကတော့ တကယ်ကြောက်စရာပဲ "
လောထျန်းက အမှောင်ယံနတ်ဆိုးသူတော်စင်ကို ကြည့်ရင်း လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
ရှောက်ထျန်းလုံလေးမှာ သူ့စကားကြောင့် နှုတ်ခမ်းမဲ့ပြီး စိတ်ထဲမှလည်း ကြိတ်ဆဲလိုက်သည်။
တဖက်လူက သူ့ဖိအားကြောင့် ယခုလို ဖြစ်သွားရသည်ကို လောထျန်းက တဖက်လူ၏ အစွမ်းကိုပင် ကြောက်စရာကောင်းသည်ဟု ချီးကျူးနေသေးသတဲ့လား ။
ဝုန်း..
ထိုစဥ် လောထျန်းက ဘာစကားမှ ထပ်မပြောတော့ဘဲ အမှောင်ယံနတ်ဆိုးသူတော်စင်အား လက်ဝါးတစ်ချက်ဖြင့် သတ်လိုက်တော့၏။
ထို့နောက် သားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ အတွင်းအမြုတေလုံးကိုလည်း ရှာတွေ့သွားသည်။
ပြီးနောက်.. ကျန် နတ်ဆိုးသူတော်စင် နှစ်ယောက်ကိုလည်း ထိုနည်းအတိုင်းပင် သတ်ကာ ရလာသည့် အတွင်းအမြုတေလုံးများ အားလုံးကို ရှောက်ထျန်းလုံလေးအား ပေးလိုက်၏။
" ရော့.. ဒါတွေကို သန့်စင်ပြီးတော့ အစွမ်းဘယ်လောက်တိုးလဲ ကြည့်လိုက်ဦး "
သူ ပြောလိုက်သည်။