နဂါးနှိမ်နင်းစင်မြင့်
Vol. 46 Ch. 638
" ဟင်.. "
လောထျန်း အံ့အားသင့်သွားကာ သခင်ကြီးကုချန်အား ကြည့်လိုက်သည်။
သခင်ကြီးကုချန်မှာကား ထိုအချိန်တွင် မျက်နှာအနည်းငယ် ပျက်နေ၏။
" အဲ့ဒါကြီးက .... တကယ်ကြီး စကားပြောနိုင်တာလား ။ သူ စကားပြောတာကို အခုမှ ပထမဆုံး ကြုံဖူးတာပဲ "
သခင်ကြီးကုချန် တအံ့တသြ ပြန်ပြောသည်။
ထိုအရာမှာ ပြီးခဲ့သော နှစ်များအတွင်း အချုပ်အနှောင်ကို ချိုးဖျက်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည့်တိုင်.. သခင်ကြီးကုချန်အား လုံးဝ စကားမဟခဲ့ပါ ။
၎င်းက ယနေ့ စကားပြောလာသတဲ့..
ထိုစဥ် တဖက်မှ အသံထပ်ထွက်လာ၏။
" နတ်ဘုရားက ငါ့ကို တကယ်ကြီးကူညီပေးနေတာပဲ ။ ခုဆို ငါ့အတွက် လမ်းကြောင်းက အသင့်ဖြစ်ပြီး ကောင်းကင်ဘုံနဂါးသွေးပဲ လိုနေတာ ။ အစကတော့ ငါက ကောင်းကင်ဘုံနဂါးတွေ မျိုးတုန်းသွားပြီပဲ ထင်နေတာကို.. အခု မမျှော်လင့်ပဲ ငါ့ရှေ့တည့်တည့်ကြီး ရောက်လာတယ်ကွာ ။ ကောင်းတယ်.. သိပ်ကောင်းတယ် "
စကားဆုံးချိန်မှာပင် ..
ဝုန်း...
တောင်ကြောတစ်ခုလုံး စတင်တုန်ခါလာတော့သည်။
ချုပ်နှောင်ထားသည့် နေရာမှာလည်း အရောင်ပိုလက်လာ၏။
အချုပ်အနှောင် ထွင်းစာလည်း အရောင်လက်လာကာ အက်ရာများ စပေါ်လာသည်။
" မဖြစ်ဘူး.. အဲ့ဟာက အချုပ်အနှောင်ကို ချိုးဖျက်ပြီး ထွက်လာတော့မယ် "
သခင်ကြီးကုချန် အလွန်ကြောက်ရွံ့တုန်လှုပ်သွားတော့သည်။
ထိုအရာက မည်မျှ ကြောက်စရာကောင်းကြောင်းကို သူ ကောင်းကောင်းသိထားပါ၏။
ထိုအရာကြီးကို ချုပ်နှောင်ရန်အတွက်လည်း သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာက များစွာ ပေးဆပ်ခဲ့ရပါသည်။
နတ်ဆိုးနတ်ဘုရားကြီးက.. သခင်ကြီးကုချန်အနေဖြင့် လူသားမျိုးနွယ်စုအား စောင့်ရှောက်ကာကွယ်ပေးသည်ကို ခွင့်ပြုထားရသည့် အဓိကအကြောင်းရင်းမှာလည်း သခင်ကြီးကုချန်က အချုပ်အနှောင်ကို စောင့်ကြပ်ရန် အသာတကြည် သဘောတူခဲ့သောကြောင့်ပင် ။
ယခုတွင်မူ.. ထိုအရာကြီးက အချုပ်အနှောင်မှ လွတ်လာပေတော့မည် ။
ထို့နောက်တွင်ကား..
ခွမ်း..
အချုပ်အနှောင်ထွင်းစာက ရုတ်ချည်း ပြိုကွဲသွားတော့၏။
ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ချက်ချင်း တိုးထွက်လာသည်။
ဝီ...
လေထု တစ်ခုလုံးလည်း သွေးနီရောင် အလင်းတန်းများဖြင့် ရုတ်ချည်း ပြည့်သွားကာ..
သွေးနီရောင် စင်မြင့်တစ်ခု မြေပြင်မှ မြင့်တက်လာသည်။
ထိုစင်မြင့်ကိုလည်း အမည်းရောင်လေထုက ဝန်းရံထားပါ၏။
ထိုအမည်းရောင် လေထုထဲတွင်မူ... သံကြိုးများဖြင့် ချုပ်နှောင်ခံထားရသည့် နဂါးတစ်ကောင်၏အရိပ် ရှိနေကာ လူးလိမ့်ငိုကြွေးနေရှာသည်။
သွေးနီ စင်မြင့်ထက်တွင်ကား... ကျောချမ်းဖွယ် အရောင်အဝါတစ်ခု ထုတ်လွှတ်နေသည့် အရိပ်တစ်ခု ရပ်နေ၏။
" နောက်ကျသွားပြီနဲ့ တူတယ်... "
ထိုမြင်ကွင်းကိုကြည့်ရင်း သခင်ကြီးကုချန် တီးတိုးရေရွတ်လိုက်သည်။
" ဟား ဟား... ကောင်းကင်ဘုံနဂါးပဲ.. တကယ်ကြီးကို ကောင်းကင်ဘုံနဂါး ပါလားကွ "
စင်မြင့်ပေါ်မှ အရိပ်ကြီးက လုံယီရွှယ်ကိုကြည့်ရင်း ရယ်လိုက်သည်။
" အော်မီတော်ဖော "
ထိုစဥ် သခင်ကြီးကုချန်က အသံကျယ်ဖြင့် အော်၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဝီ...
တမဟုတ်ချင်းပင် ရွှေရောင်ဗုဒ္ဓထွင်းစာတစ်ခု
ပေါ်လာပြီး စင်မြင့်အား ပိတ်ဆို့ရန် ကြိုးစားလိုက်၏။
" ဟင်... သခင်ကြီးက.. "
၎င်းကိုကြည့်ကာ လောထျန်း အံ့အားသင့်သွားရသည်။
သခင်ကြီးကုချန်က သက်ပြင်းချ၍ ပြန်ပြော၏။
" သခင်လေး လောထျန်း ၊ ဒီကိစ္စတွေက ကျုပ်ကြောင့် ဖြစ်လာခဲ့ရတာမို့ သခင်လေးကို ဒီအရှုပ်ထဲ ဆွဲမထည့်ခဲ့သင့်ဘူး ။ ကျုပ်.. အစကတော့ သခင်လေးရဲ့အစွမ်းနဲ့ ဒီအရာကြီးကို ထာဝရချုပ်နှောင်နိုင်မယ်လို့ တွေးထားခဲ့တာ ။ ဒါပေမယ့်.. အဲ့ဟာကြီးက ခုလို အချုပ်အနှောင်ကို ချိုးဖျက်ပြီးသား ဖြစ်နေမယ်လို့ ထင်မထားခဲ့မိဘူးဗျာ "
" သူ့ရဲ့ အစွမ်းကလဲ အရမ်းကို ကြောက်စရာကောင်းတယ်ဗျ ။ နတ်ဆိုးနတ်ဘုရားကြီးကတောင် အစောင့်အကြပ် မူလမသေမျိုးလက်နက်ရဲ့ အကူညီနဲ့မို့သာ သူ့ကို ဖိနှိပ်နိုင်ခဲ့တာ ။ လောလောဆယ်တော့ ကျုပ်သူ့ကို ခဏထိန်းထားမယ်ဗျာ.. သခင်လေးတို့ ဒီကနေသာ မြန်မြန်ထွက်သွားကြပါ "
သို့သော်.. သူ့စကား ဆုံးချိန်မှာပင် စင်မြင့်ထက်မှ အရိပ်ကြီးက လှောင်ပြုံးဖြင့် ပြောလာပါသည်။
" ငါ့ကို ခဏထိန်းထားမယ်.. ဟုတ်လား ။ ဘာအရူးစကားတွေ ပြောနေတာလဲကွ "
အရိပ်က ထိုသို့ပြောပြီး လက်ကို အသာမြှောက်လိုက်သည်။
ဝုန်း...
သခင်ကြီးကုချန်တစ်ယောက် နောက်သို့ လွင့်သွားကာ လေထုအကာအရံနှင့် ပြင်းထန်စွာ ရိုက်မိသွား၏။
အွတ်...
သခင်ကြီးကုချန် သွေးအန်သွားပြီး သူ့အရောင်အဝါလည်း တမဟုတ်ချင်း လျော့သွားသည်။
" မဖြစ်နိုင်တာ.. ဘယ်လိုကြောငင့် အဲ့လောက်အစွမ်းထက်နေရတာလဲ "
သခင်ကြီးကုချန် တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားရသည်။
ထိုအရာအား ချုပ်နှောင်ခဲ့စဥ်က သူကိုယ်တိုင်လည်း ပါခဲ့သည့်အတွက်..
၎င်းက ထိုစဥ် ဤမျှအစွမ်းမထက်သေးသည်ကို သူ သိပါသည် ။
ထိုစဥ်က စင်မြင့်ကို ထိန်းချုပ်နေသော အသိစိတ်တစ်ခု ရှိနေခဲ့သည့်တိုင်..
အရိပ်ကြီးကမူ မရှိသေးပါ ။
ထိုအရိပ်ကြီးက မည်သူပါနည်း..
ထိုအချိန်တွင် စင်မြင့်ပေါ်မှ အရိပ်ကြီးက ရုတ်တရက် ပြောလာ၏။
" ရယ်စရာ ကောင်းလိုက်တာကွာ ။ အဲ့တုန်းက ငါ အိပ်ပျော်နေခဲ့တော့ ငါ့ အသိစိတ်ရဲ့ တစ်စိတ်တစ်ပိုင်းလေးကပဲ ဒီ နဂါးနှိမ်နှင်းစင်မြင့်ကို
ထိန်းချုပ်နေခဲ့တာ ။ အဲ့ဒါကြောင့်မို့လဲ မင်းတို့ရဲ့ ချုပ်နှောင်တာကို ခံခဲ့ရတာလေ ။ အဲ့လိုမျိုး ဆက်ဆံခံရမယ်လို့ ငါ တစ်ခါမှတောင် မတွေးခဲ့ဖူးဘူး "
" ဘယ်လို... "
သခင်ကြီးကုချန် တစ်ကိုယ်လုံး တုန်သွားတော့သည်။
ယခုမှသာလည်း.. ထိုစဥ်က သူတို့အစွမ်းကုန်သုံး ချုပ်နှောင်ခဲ့သည်မှာ တဖက်လူ၏ အသိစိတ် အပိုင်းသေးသေးလေးသာဖြစ်ကြောင်း သိလိုက်ရခြင်းပင်
တနည်းဆိုရသော်.. တဖက်လူက သူတို့ ထင်ထားသည်ထက် များစွာ ပိုအစွမ်းထက်ပါသည်။
ထိုအရာကြီးက ဘာပါနည်း.. မည်သည့်အတွက်ကြောင့် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ၌ ပေါ်လာခဲ့ရပါသနည်း ။
ထိုစဥ်တွင် စင်မြင့်ပေါ်မှ အရိပ်က လှောင်ပြုံးပြုံး၍ လုံယီရွှယ်အား အေးစက်စက် မျက်လုံးအစုံဖြင့် ကြည့်လာ၏။
လုံယီရွှယ်မှာလည်း ၎င်းကိုမြင်သည်နှင့်.. အရောင်အဝါကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ဝုန်း...
သူမ အနောက်ဘက်တွင် နတ်ဆိုးသူတော်စင် အရိပ်ရှစ်ခု ရုတ်ချည်း စုစည်းလာ၏။
" အိုး.. အဲ့လောက် အစွမ်းထက်တယ်ပေါ့လေ ။ အင်း.. မင်းက ငါ တွေ့ခဲ့ဖူးသမျှ နဂါးတွေထဲမှာတော့ ပါရမီအထူးဆုံးပဲကွ ။ တကယ်လို့ မင်းသာ မသေမျိုးဘုရင်အဆင့်ကို ရောက်နေရင် ငါမင်းကို သတ်နိုင်မယ်တောင် မထင်ဘူး "
အရိပ်က ကောက်ကျစ်သည့် အပြုံးဖြင့် ပြောလိုက်သည်။
နဂါးနှိမ်နှင်းစင်မြင့်မှလည်း မိစ္ဆာအရောင်အဝါတစ်ခု ထွက်လာကာ လုံယီရွှယ်ဆီ တိုးဝင်သွား၏။
" ဒါ... "
လုံယီရွှယ်မှာ ၎င်းကိုကြည့်ရင်း တုန်လှုပ်သွားရ
သည်။
တဖက်လူ၏ အရောင်အဝါက ကြောက်စရာကောင်းလွန်းလှပြီး..
သူမအနားသို့ မရောက်ခင်မှာပင်.. သူမ လှုပ်ရှား၍ မရတော့ပါချေ။
သို့သော်.. ထိုစဥ်မှာပင် ...
လောထျန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး သူမရှေ့တွင် ရပ်လိုက်၏။
သူမကို ချုပ်နှောင်ထားသော အရောင်အဝါ ချက်ချင်း ပျောက်ကွယ်သွားသည်ကို လုံယီရွှယ် ခံစားလိုက်ရသည်။
" ဟင်... "
တဖက်မှ အရိပ်ကြီးမှာလည်း အံ့သြမှင်သက်သွားဟန် တူပါ၏။
" မင်းက လှုပ်နိုင်သေးတယ်ပေါ့ "
သူ လောထျန်းအား မယုံနိုင်သည့် အကြည့်ဖြင့် တအံ့တသြ လှည့်ကြည့်လာသည်။
လောထျန်းက မျက်မှောင်ကြုံ့ကာ မေးလိုက်၏။
" မင်းက မိန်းကလေးကို တိုက်ခိုက်ခဲ့တာလား "
သူ့မေးခွန်းကြောင့် စင်မြင့်ထက်မှ အရိပ်ကြီး ဒေါသူပုန် ထသွားသည်။
" ဘာကွ.. မင်းလို အဆင့်နိမ့်တဲ့ အောက်ကမ္ဘာက ကောင်ကများ ငါ့ကို မေးခွန်းပြန်ထုတ်ရဲတယ်ပေါ့လေ ။ သေစမ်းကွာ.. "
အရိပ်ကြီးက ထိုသို့ပြောပြီး လောထျန်းဆီသို့ လက်ညိုးညွှန်လိုက်၏။
ခပ်လှမ်းလှမ်းမှ သခင်ကြီးကုချန်မှာလည်း ၎င်းကို မြင်သည်နှင့် တုန်လှုပ်သွားသည်။
" သခင်လေး.. သတိထားနော် ။ အဲ့လက်ချောင်းက.. "
သို့သော်.. စကားမဆုံးခင်မှာပင် သူ့ဒဏ်ရာ ပြန်ထလာသဖြင့် သွေးထပ်အန်သွားပါ၏။
စင်မြင့်ထက်မှအရိပ်က ထူးဆန်းသော ရယ်သံကြီးဖြင့် အော်ရယ်သည်။
" နောက်ကျသွားပြီကွ ။ အောက်ကမ္ဘာက ဘာမဟုတ်တဲ့ ကောင်တစ်ယောက်က ငါ့ရဲ့ လက်ချောင်းဖိအားကို ဘယ်လိုလုပ် ခံနိုင်မှာလဲ။ ဒါ မင်းတို့ ဘယ်တော့မှ မဖြတ်ကျော်နိုင်မယ့် ကွာဟချက်ကြီးပဲကွ "
သူ ပြောပြီး ထပ်ရယ်လိုက်ပြန်၏။
တဖက်မှ လောထျန်းကမူ သူ့အား လက်ညိုးဖြင့်ထိုးနေသည့် တဖက်လူကိုကြည့်ရင်း အေးစက်စက် ပြန်ပြောလာသည်။
" မင်းက မင်းအဖေကို ညွှန်ပြချင်လို့ လက်ညိုးထိုးနေတာလား "
" ဟား ဟား.. ဟင်..... "
နဂါးနှိမ်နှင်းစင်မြင့်ထက်မှ အရိပ်ကြီး၏ ရယ်သံ ရုတ်တရက် ရပ်သွား၏။
သူ လောထျန်းအား တုန်လှုပ်နေသည့် မျက်လုံးများဖြ
င့် မယုံနိုင်စွာ ကြည့်လိုက်သည်။
" ဒါ.. ဘယ်လိုဖြစ်နိုင်မှာလဲ ။ မင်းက ငါ့ရဲ့ဖိအားကို ဘယ်လိုလုပ်ပြီး ခံနိုင်နေတာလဲ "
သူ မေး၏။
သို့သော်.. ချက်ချင်းမှာပင် သူ ခေါင်းယမ်း၍ ဆက်ပြောလိုက်သည်။
" ထားပါလေ.. အဲ့ဒါ အရေးမကြီးတော့ပါဘူး ။ ဒီ ကောင်းကင်ဘုံနဂါးကို သန့်စင်ပြီးသွားတာနဲ့ ငါ့ရဲ့ နဂါးနှိမ်နှင်းစင်မြင့်က လုံးဝ ပြီးသွားတော့မှာ ။ အဲ့ကျရင် မူလမသေမျိုးလက်နက်အဆင့်ကို ကျော်လွန်ပြီးတော့ ပိုအဆင့်မြင့်သွားမှာ "
သူ ထိုသို့ပြောကာ လက်ယမ်းလိုက်၏။
ဝုန်း...
လုံယီရွှယ်အား မရေမတွက်နိုင်သော သံကြိုးများ ချုပ်နှောင်လာသည်။
" အား... "
လုံယီရွှယ်မှာ အလွန်ကြောက်လန့်နေပြီး သံကြိုးများကို တားရန် ကြိုးစားလိုက်သေးသော်လည်း ထိုကြိုးများက အစိုင်အခဲ မဟုတ်သည့်အတွက် မည်သို့မှ လုပ်မရပါချေ။
ထိုသံကြိုးများက အစိုင်အခဲ မဟုတ်သည့်တိုင် သူမ၏ ကိုယ်ကို ထိသည်နှင့် သူမအား တင်းကျပ်စွာပင် ချုပ်နှောင်လိုက်ပါ၏။
ချွှင်...
တစ်ချိန်တည်းမှာပင်.. နဂါးနှိမ်နင်းစင်မြင့်ထက်၌ ခေါင်းဖြတ်စက်ကြီးတစ်ခု ပေါ်လာသည်။
" ဟား ဟား.. ငါက အဲ့ဒီ ခေါင်းဖြတ်စက်ကိုသုံးပြီး မင်းရဲ့ခေါင်းကို ဖြတ်ပစ်မှာကွ ။ ပြီးရင် မင်းရဲ့ နဂါးသွေးနဲ့ နဂါးစိတ်ဝိဥာဥ်ကို သုံးပြီး ယဇ်ပူဇော်မှာ ။ ပြီးသွားရင်တော့.. ဒီ နဂါးနှိမ်နင်းစင်မြင့်က လုံးဝ ပြီးသွားပြီပေါ့ကွာ.. "
အရိပ်ကြီးက ရယ်ရင်း ပြောလိုက်သည်။
လောထျန်း၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့များ တမဟုတ်ချင်း အရောင်လက်သွားတော့၏။
" သူ့ကို လွတ်လိုက် "
လောထျန်း အေးစက်စက် ပြောလိုက်သည်။
သို့သော် တဖက်မှအရိပ်က လှောင်ပြုံးဖြင့်သာ ပြန်ပြော၏။
" လွတ်ရမယ်... လုံးဝ မဖြစ်နိုင်ဘူးကွ ။ အဲ့သံကြိုးတွေ သူ့ကိုယ်ပေါ် ရောက်သွားပြီးတာနဲ့ လွတ်လမ်း လုံးဝမရှိတော့ဘူး။ တကယ်လို့.. မင်းက ငါ့ရဲ့ နဂါးနှိမ်နင်းစင်မြင့်ကို ချိုးဖျက်လိုက်နိုင်ရင်တော့.. တစ်မျိုးပေါ့လေ ။ ဒါပေမယ့် ငါ့ရဲ့ နဂါးနှိမ်နင်းစင်မြင့်က ထိပ်တန်းအဆင့် မသေမျိုးလက်နက်တစ်ခုပဲကွ ။ ချိုးဖျက်လို့ လုံးဝမရဘူး ။ ကဲ... အမှန်ကို သိလိုက်ရတော့ စိတ်ဓာတ်ကျသွားပြီလား.. "