← Chapters

ဘယ်သူက ဘယ်သူ့ရဲ့ စိတ်ဝိဥာဥ်ကို ရှာတာလဲ

Vol. 46 Ch. 640

ဘယ်သူက ဘယ်သူ့ရဲ့ စိတ်ဝိဥာဥ်ကို ရှာတာလဲ

Vol. 46 Ch. 640

ထိုစိတ်ဝိဥာဥ်အစွမ်း ပေါ်လာသည်နှင့် သခင်ကြီးကုချန် ရင်ထဲမှ တုန်လှုပ်သွားကာ ဒူးထောက်ချလိုက်ချင်စိတ် ကြီးစွာ ဖြစ်လာ၏။

သို့သော် ထိုစဥ်မှာပင် လောထျန်းက ပြောလိုက်သည်။

" ကျုပ် ဖျက်ဆီးလိုက်တာ "

အေးစက်လှသော သူ့အသံမှာ ညသန်းခေါင်ယံချိန် မိုးထစ်ချုန်းသံကြီးနှင့် တူကာ သခင်ကြီးကုချန် ချက်ချင်း အသိပြန်ဝင်သွားသည်။

" ဟင်.. ငါ.. ခုနက.. "

သူ အလွန်တုန်လှုပ်သွားရပြန်၏။

အရိပ်ကြီး၏ ခန္ဓာကိုယ်အစစ်က မည်သို့သော အစွမ်းမျိုး ရှိပါသနည်း..

ထိုလူက ဤကမ္ဘာထဲတွင် မရှိဘဲ သူ့ကိုယ်ပွားပုံရိပ်၏ ပြိုကွဲသွားသော အစွမ်းကို သုံး၍သာ စိတ်ဝိဥာဥ်အစွမ်းကို ပို့လွှတ်လိုက်ခြင်းပင်..

သို့သော်... ၎င်းလေးကပင် သူ့အား ဒူးထောက်ခါနီးဖြစ်အောင် လုပ်နိုင်ခဲ့ပါသည်။

မည်မျှ ကြောက်စရာကောင်းလိုက်ပါသနည်း ။

သို့သော်... တခြားတဖက်မှ စဥ်းစားကြည့်ပြန်လျှင်လည်း... လောထျန်းက ထိုသူလောက် ကြောက်ဖို့ကောင်းသည်ပင် ။

လောထျန်းက တဖက်လူ၏ စိတ်ဝိဥာဥ်အစွမ်းကို မည်သို့မှ ခံစားရပုံ မပေါ်ဘဲ စကားတစ်ခွန်းတည်းဖြင့် တဖက်မှဖိအားများ အားလုံးကို တားလိုက်နိုင်ပါ၏။

ထို နှစ်ယောက်လုံးမှာ သူ့ထက် များစွာ ပိုအစွမ်းထက်ရုံမက... သူတို့ ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ တစ်ခုလုံးထက်ပင် များစွာ ပိုအစွမ်းထက်ကြပေသည်။

" မင်းက ငါ့ရဲ့ ကိုယ်ပွားပုံရိပ်ကို ဖျက်ဆီးခဲ့တယ်လေ ။ မင်းက အပေါ်ကမ္ဘာရဲ့ ဘယ်မိသားစုကလဲ "

စိတ်ဝိဥာဥ်အစွမ်းက အေးစက်စက် မေးလာသည်။

လောထျန်း : " အပေါ်ကမ္ဘာ.. ဟုတ်လား ၊ ဒါဆို မင်းက အပေါ်ကမ္ဘာကပေါ့ "

" ငါက မင်းကို မေးနေတာလေ "

စိတ်ဝိဥာဥ်အစွမ်းက အေးစက်စက် ထပ်ပြော၏။

" ငါ့ကို မေးခွန်းတွေ မထုတ်ခင် ကိုယ့်ကိုကိုယ် အရင်မိတ်ဆက်သင့်တယ်လို့ မထင်ဘူးလား "

လောထျန်း မျက်မှောင်ကြုံ့လိုက်သည်။

တဖက်မှ စိတ်ဝိဥာဥ်အစွမ်း ဒေါသထွက်သွားဟန်တူကာ လှောင်ပြုံးဖြင့် ပြော၏။

" ဘာအထူအပါးမှ နားမလည်တဲ့ကောင် ၊ မင်းရဲ့ စိတ်ဝိဥာဥ်ကို ရှာမယ် "

ဝီ...

ချက်ချင်းမှာပင် လောထျန်းဆီသို့ စိတ်ဝိဥာဥ်အစွမ်း

တိုးဝင်လာသည်။

" သခင်လေး လောထျန်း ၊ သတိထားနော် ။ အဲ့ကောင်ကြီးရဲ့ စိတ်ဝိဥာဥ်အစွမ်း က အစွမ်းထက်လွန်းတယ် "

သခင်ကြီးကုချန်က မြန်မြန်သတိပေး၏။

တဖက်လူမှာ အပေါ်ကမ္ဘာမှ နတ်ဘုရားအသိစိတ်ကိုပင် ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ သို့ ပို့လွှတ်နိုင်သူ ဖြစ်ပါသည်။

အကယ်၍သာ သူက လောထျန်း၏ စိတ်ဝိဥာဥ်ကို ရှာဖွေလျှင် လောထျန်းတစ်ယောက် ဒုက္ခများသွားနိုင်ပါ၏။

ထိုစဥ်တွင် စိတ်ဝိဥာဥ်အစွမ်းက လောထျန်းအား လွှမ်းခြုံလိုက်လေပြီ ။

" ဟမ့်.. မင်းဆီမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေ ရှိထားလဲ ကြည့်ဦးမယ် "

၎င်းက အေးစက်စက် နှာခေါင်းရှုံ့ပြီး.. လောထျန်း၏ အသိစိတ်ပင်လယ်ထဲ ဝင်ရန် ကြိုးစားလိုက်

သည်။

သို့သော်.. လောထျန်းကမူ အေးအေးဆေးဆေးသာ ရှိနေပါ၏။

" စိတ်ဝိဥာဥ်ကို ရှာတာလား.. အဲ့အကြံ ကောင်းတယ် "

သူ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" ဟင်.. "

တဖက်မှ စိတ်ဝိဥာဥ်အစွမ်းမှာ အံ့အားသင့်သွားဟန်ပင် ။

ဝုန်း...

ထိုစဥ်မှာပင်... စိတ်ဝိဥာဥ်အစွမ်းတစ်ခုက လှိုင်းလုံးကြီး တစ်ခုပမာ သူ့ထံ တိုးဝင်လာသည်ကို တဖက်မှ စိတ်ဝိဥာဥ်အစွမ်း ခံစားမိလိုက်ရ၏။

သူ့ စိတ်ဝိဥာဥ်အစွမ်းက တမဟုတ်ချင်း ကျိုးပဲ့သွားသည်ကိုလည်း ခံစားလိုက်ရသည်။

" ဘယ်လိုဖြစ်ပြီး.... "

ထိုတခဏ၌ စိတ်ဝိဥာဥ်အစွမ်း ပိုင်ရှင်မှာ အလွန်တုန်လှုပ်သွားတော့သည်။

ထိုစဥ်မှာပင် .. သူ့မှတ်ဉာဏ်များက အရှာခံနေရလေပြီ ။

နောက်နေပါသလား..

သူက တဖက်လူ၏ စိတ်ဝိဥာဥ်ကို ရှာဖွေရန် လုပ်ခဲ့သော်လည်း... ယခု သူကသာ ပြန်အရှာခံနေရပါ၏။

ထို့ထက် ပိုဆိုးသည်မှာ.. တဖက်လူ၏ စိတ်ဝိဥာဥ်အစွမ်းက အစွမ်းထက်လွန်းသောကြောင့်.. သူ မည်သို့မှ မခုခံနိုင်ခြင်း ဖြစ်သည်။

သူ့စိတ်ထဲ ကြောက်စိတ်ပင် ဝင်လာ၏။

သူ့မှတ်ဉာဏ်ထဲတွင် သိမ်းဆည်းထားသော လျှို့ဝှက်ချက်များ များစွာရှိသည် မဟုတ်ပါလား..

ထိုလျှို့ဝှက်ချက်များသာ အပြင်သို့ ပေါက်ကြားသွား

ပါက. . အခြေအနေ ဆိုးကုန်တော့မည် ။

" ကောင်လေး ၊ မင်း တော်တော် ယုတ်မာတာပဲ "

သူ ဒေါသတကြီး အော်လိုက်၏။

ထို့နောက်တွင်..

ဝုန်း..

ထိုသူက စိတ်ဝိဥာဥ်အစွမ်းကို ဖောက်ခွဲပစ်လိုက်တော့သည်။

" ဟေ့.. ငါ ကြည့်လို့ မပြီးသေးဘူးလေ "

လောထျန်း အော်လိုက်သည်။

စိတ်ဝိဥာဥ်အစွမ်း ပေါက်ကွဲသွားပြီ ဖြစ်သဖြင့် တဖက်လူမှာ ဤကမ္ဘာနှင့် အဆက်သွယ် ပြတ်သွားလေပြီ ။

တစ်ချိန်တည်းမှာပင်.. အပေါ်ကမ္ဘာ၌...

အွတ်..

အမည်းရောင် လေထုတစ်ခု လွှမ်းခြုံထားသော အစွမ်းထက် ကျင့်ကြံသူကြီးတစ်ယောက် သွေးအန်သွားသည်။

" တောက်... ဒီမအေ $#@# "

သူ အရူးတစ်ယောက်လို အော်ဟစ်ဆဲဆိုလိုက်ပြီး.. သူ့အနောက်ဘက်တွင် ရှိနေကြသော ကြယ်တာရာများစွာလည်း ရုတ်ချည်း ပြိုကွဲသွား၏။

ဤသို့ဖြင့် အချိန်အတန်ကြာပြီးမှ ထိုသူ ပြန်တည်ငြိမ်သွားကာ သုန်မှုန်နေ​သော မျက်နှာဖြင့် ပြောသည်။

" အောက်ကမ္ဘာကက ဘာမဟုတ်တဲ့ ကောင်လေးကများ ငါ့ရဲ့ မသေမျိုးလက်နက်ကို ဖျက်ဆီးပြီး ငါ့ရဲ့ ကိုယ်ပွားပုံရိပ်ကိုပါ သတ်ပစ်ခဲ့တယ်ပေါ့ ။ ဒါတင်မကသေးဘူး.. ငါ့ရဲ့ စိတ်ဝိဥာဥ်ကို ရှာဖွေပြီး စိတ်ဝိဥာဥ်အစွမ်းကို ဖောက်ခွဲပစ်ရအောင်တောင် လုပ်လိုက်သေးတယ် "

" ဟမ့်... ငါ့ရဲ့ ခန္ဓာကိုယ်အစစ်က ဒီကနေ ဆင်းမရ

လို့သာ စိတ်ဝိဥာဥ်အစွမ်းလေး နည်းနည်းလောက်ပဲ ပို့လိုက်ရတာ ။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်သာ အဲ့မှာရှိလို့ကတော့ မင်းကို အဲ့လောက် မောက်မာခွင့်ပြုမယ် ထင်နေလား "

ထိုသို့ ပြောနေစဥ်တွင် သူ့မျက်လုံးထဲ၌ လူသတ်အရိပ်အငွေ့များ ပြည့်နေပြီး အလွန်လည်း ဒေါသထွက်နေပါ၏။

သူ့ဘက်မှ များစွာ ဆုံးရှုံးလိုက်ရသည့်တိုင်.. တဖက်လူအား မသတ်နိုင်ခဲ့သလို.. တဖက်လူ မည်သူပင် မသိခဲ့ရပါချေ ။

သူ အပေါ်ကမ္ဘာတလျှောက် လှည့်ပတ်သွားလာနေစဥ်တွင်ပင် ထိုသို့သော အရှုံးနှင့် တစ်ကြိမ်မှ မကြုံခဲ့ရဖူးပါ ။

" ဟာ.. ဟုတ်သားပဲ "

ရုတ်တရက်.. သူ တစ်ခုကို တွေးမိသွားပြီး လက်ယမ်းလိုက်ရာ.. သူ့စိတ်ဝိဥာဥ်အစွမ်းက လောထျန်းနှင့် တစ်ပုံစံတည်း တူသည့် ပုံတူပန်းချီကားတစ်ခု

အဖြစ် ပြောင်းသွားသည်။

ထို့နောက် သူ လက်နှစ်ဖက်ကို စုလိုက်ရာ.. ပုံတူပန်းချီက လေထဲမှာပင် အစိတ်စိတ်အမွှာမွှာ ဖြစ်ပြီး ပျောက်ကွယ်သွား၏။

" သခင်ကြီးထျန်းမင် ၊ ရှိသမျှအစွမ်းကုန်သုံးပြီးတော့ ဒီလူ ဘယ်သူလဲဆိုတာ စုံစမ်းပေးပါ ။ ဒီလူက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာမှာ ပေါ်လာပေမယ့် နတ်ဆိုးတစ်ယောက် မဟုတ်ဘူး ။ သူ ဘယ်သူဆိုတာ သိရတာနဲ့ ငါ့ဆီ ချက်ချင်းသတင်းပို့လိုက် "

သူ တစ်လုံးချင်း ပြောလိုက်သည်။

စကားဆုံးသည်နှင့် သူ မျက်လုံးများ ပြန်မှိတ်၍ ​ကျင့်ကြံနေလိုက်တော့၏။

တဖက်... အပေါ်ကမ္ဘာ ၊ နန်းတော်ဆောင် တစ်ခုအတွင်း၌...

ထျန်းမင်ကျိုး ရုတ်တရက် ထရပ်လိုက်သည်။

" မသေမျိုးဘုရင်ကြီး ၊ ဘာဖြစ်လို့လဲဗျ "

သူ့ဘေးတွင် ရှိနေသော အစောင့်တစ်ယောက်က မေး၏။

ထျန်းမင်ကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်ပြီးမှ ပျော်ရွှင်နေသည့် မျက်နှာဖြင့် ပြန်ပြောသည်။

" ဘိုးဘေး ဆက်သွယ်လာတယ်ကွ "

သူ့ဘေးတွင် ရှိနေကြသော လူများအားလုံး တုန်လှုပ်သွားကုန်ကြသည်။

" ဘယ်လို... ဘိုးဘေးလား.. ။ နှစ်တစ်သိန်းကျော် ကြာသွားပြီးမှ ဘိုးဘေးဆီက သတင်းပြန်ကြားရတာလား "

" ကောင်းတယ်ဗျာ ။ ဟိုကြွက်စုတ်တွေက ဘိုးဘေး ဆုံးသွားပြီလို့ မဟုတ်တာတွေ လျှောက်ပြောနေကြတာ ။ အခု ဘိုးဘေး ပြန်ပေါ်လာပြီဆိုတော့ အဲ့ကောင်တွေ သေမတတ် ကြောက်သွားကြမှာပဲ "

" ဘိုးဘေးက လွန်ခဲ့တဲ့ နှစ်တစ်သိန်းတည်းက မသေမျိုးဘုရင်အဆင့်ရဲ့ ထိပ်ဆုံးကိုတောင် ရောက်နေခဲ့ပြီ ။ ဘိုးဘေးက ဒီကြားထဲ နှစ်တစ်သိန်းလောက်လဲ ပျောက်နေတာဆိုတော့ ဟိုခြေလှမ်းကို လှမ်းဖို့ပြင်နေ

တာပဲ ဖြစ်ရမယ် ။ အခု.. သူ သတင်းပြန်ပို့လာပြီဆိုတော့.. ကြည့်ရတာ.. သူ အောင်မြင်... "

ထိုတခဏ၌ အစွမ်းထက်ကျင့်ကြံသူများ အားလုံး၏ မျက်လုံးများ အရောင်လက်သွားကြတော့သည်။

သို့သော်.. သူတို့ကြားထဲတွင် အလွန်တည်ငြိမ်နေသည့် အဘိုးအိုတစ်ယောက်လည်း ရှိပါ၏။

" သခင်ကြီး ၊ ဘိုးဘေးက ဘယ်လိုညွှန်ကြားချက်တွေများ ပေးခဲ့လဲ "

အဘိုးအို မေးလိုက်သည်။

ထျန်းမင်ကျိုးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြန်ပြော၏။

" ဘိုးဘေးက လူတစ်ယောက်ကို စုံစမ်းခိုင်းလိုက်တာ.. "

သူ ပြောပြောဆိုဆိုပင် လောထျန်း၏ ပုံတူပန်းချီအား အားလုံးရှေ့ ထုတ်ပြလိုက်သည်။

" ဟင်.. အဲ့လူက ဘယ်သူလဲ ။ သူက ဘယ်လိုကြော

င့်မို့ ဘိုးဘေးရဲ့ အာရုံစိုက်တာကို ခံသွားရတာလဲ "

အားလုံး နားမလည်နိုင် ဖြစ်သွားကြသည်။

ထျန်းမင်ကျိုးက ခေါင်းယမ်း၍ ပြန်ပြော၏။

" အဲ့ဒါတော့ ငါလဲ မသိဘူး ။ ဒါပေမယ့် ဒီလူက အပေါ်ကမ္ဘာကတော့ မဟုတ်ဘူးထင်တယ် "

" အပေါ်ကမ္ဘာက မဟုတ်ဘူး... "

အားလုံး ပိုပို၍ ခေါင်းရှုပ်သွားကြသည်။

အောက်ကမ္ဘာမှ လူတစ်ယောက်ကို ဘိုးဘေးက အဘယ့်ကြောင့် ဤမျှ ဂရုစိုက်နေရပါသနည်း ။

" အပေါ်ကမ္ဘာက မဟုတ်ဘူးဆိုရင်.. ဒီကိစ္စကို ထျန်းမင်ကမ္ဘာဆီ လွှဲပေးလိုက်တာ မကောင်းဘူးလားဗျ " တစ်ယောက်က အကြံပြုလိုက်သည်။

ထျန်းမင်ကျိုး ခေါင်းညိတ်လိုက်၏။

" ငါလဲ အဲ့လိုပဲ တွေးနေတာ ။ ဒီ ပုံတူပန်းချီကို ထျန်းမင်ကမ္ဘာဆီပို့ပြီး မြန်နိုင်သမျှမြန်မြန် အဖြေရှာခိုင်းလိုက်ကွာ ။ ဒီကိစ္စက ထျန်းယွမ်ကမ္ဘာရဲ့

လျှို့ဝှက်ချက်ကို ရှာသလောက် အရေးကြီးတယ်လို့ ပြောလိုက် "

" ဟုတ်ကဲ့ပါ "

လူတစ်ယောက်က ပြန်ပြောပြီး ထွက်ခွာသွားသည်။

ကိစ္စအားလုံး ပြီးသည့်နောက်.. ထျန်းမင်ကျိုးက သူ့ ထိုင်ခုံတွင် ပြန်ထိုင်ကာ လောထျန်း၏ ပန်းချီကားအား သေချာစိုက်ကြည့်လိုက်သည်။

" ဒီလူက ဘယ်သူပါလိမ့် "

သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်၏။

ထိုစဥ်တွင်...

ဟတ် ချိုး....

လောထျန်း နှာချေသွားသည်။

" အကိုကြီး အဆင်ပြေရဲ့လား "

လုံယီရွှယ်က လောထျန်းအား စိုးရိမ်တကြီး ကြည့်၍

မေး၏။

" အင်.. အဆင်ပြေပါတယ် ။ တစ်ယောက်ယောက်က ငါ့ကို သတိရနေလို့လား မသိပါဘူးကွာ "

လောထျန်း လက်ကာပြ၍ ပြောလိုက်သည်။

လုံယီရွှယ်က ခပ်ဆိတ်ဆိတ်သာ နေနေ၏။

ထိုစဥ် သခင်ကြီးကုချန် တစ်ကိုယ်လုံးတုန်သွားကာ ပြောလာသည်။

" သခင်လေး လောထျန်း ၊ ခုနတုန်းက.. သခင်လေး ဟိုလူရဲ့ စိတ်ဝိဥာဥ်ကို ရှာလိုက်တာလား "

လောထျန်း ခေါင်းညိတ်၍ ပြန်ပြော၏။

" ဟုတ်တယ် ။ ဒါပေမယ့် အဲ့လူရဲ့ စိတ်ဝိဥာဥ်ပေါက်ကွဲသွားတာ မြန်တော့ သတင်းနည်းနည်းပဲ ရလိုက်တာ ။ အဲ့ကောင်ကြီးက အပေါ်ကမ္ဘာက အဖွဲ့တစ်ခုရဲ့ ဘိုးဘေး ထင်တယ် ။ ပြီးတော့ သူ ကိစ္စကြီးတစ်ခုခုကို ကြံစည်နေတဲ့ပုံပဲ ။ သူ လွှတ်ထားတဲ့ ကိုယ်ပွားပုံရိပ်ရဲ့ ရည်ရွယ်ချက်ကတော့ မူလမသေမျိုးလက်နက်ကို အဆင့်ပိုတိုးဖို့ "

" အစကတော့ သူက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ တာအိုကမ္ဘာသစ်သီးအတွက် ကိုယ်ပွားပုံရိပ်ကို လွှတ်ခဲ့တာ ။ ဒါပေမယ့် အောက်ကမ္ဘာတွေဆီ ခရီးသွားနေတဲ့အတွင်းမှာ မတော်တဆတစ်ခုနဲ့ ကြုံပြီး သူ့ကိုယ်ပွားပုံရိပ်က ပြဿနာနည်းနည်း ဖြစ်သွားခဲ့တာ ။ ဒါ့ကြောင့်မို့လဲ သခင်ကြီးတို့ ချုပ်နှောင်တာကို ခံလိုက်ရတာပဲ "

All Chapters