← Chapters

နတ်ဆိုးနတ်ဘုရားကြီး

Vol. 46 Ch. 642

နတ်ဆိုးနတ်ဘုရားကြီး

Vol. 46 Ch. 642

" အစွမ်းအထက်ဆုံး အချုပ်အနှောင်.. ဟုတ်လား "

လောထျန်း အနည်းငယ် အံ့အားသင့်သွားသည်။

ထိုအချိန်မှလည်း ရှေ့မှ တံခါးပေါက်ကြီးက အချုပ်အနှောင်တစ်ခု ဖြစ်ကြောင်း သူ သိလိုက်ရခြင်းပင် ။

တဖက်မှ နတ်ဆိုးဘုရင်က လှောင်ပြုံးဖြင့် စကားဆက်၏။

" ဟုတ်တယ် ၊ မင်းအတွက် ဘယ်လောက် မျှော်လင့်ချက်မဲ့လဲဆိုတာ အခုတော့ သိပြီလား ။ ဒီနေရာကို စောင့်ကြပ်နေတဲ့ ငါတို့တွေ မရှိရင်တောင် မင်း အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်ကို ရနိုင်မှာ မဟုတ်ဘူးကွ ။ အခု ငါတို့တွေ ရှိနေတော့ ပိုဆိုးတာပေါ့ "

လောထျန်းကမူ သူ့စကားကို လျစ်လျူရှုထားပြီး ရှေ့မှ တံခါးပေါက်ကို ကြည့်၍သာ ပြောလိုက်သည်။

" ဒီဟာကြီးက အဲ့လောက် အစွမ်းထက်တာလား "

နတ်ဆိုးဘုရင်က ရယ်ရင်း ပြန်ပြော၏။

" ငါ ပြောတာကိုမယုံရင် မင်းကိုယ်တိုင် စမ်းကြည့်လိုက်လေ "

အခြားနတ်ဆိုးဘုရင်များကလည်း လောထျန်းအား ရယ်စရာ ဟာသတစ်ခုပမာ ကြည့်လာကြသည်။

ဤ နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်ကို စောင့်ကြပ်ရသည့်အလုပ်မှာ အလွန်ပျင်းစရာ ကောင်းလှပေရာ..

သူတို့ လောထျန်းအား လှည့်ကွက်များဖြင့် စနောက်လိုကြသည်က မဆန်းပေ ။

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ကောင်းပြီလေ ၊ ကြိုးစားကြည့်တာပေါ့ "

သူ ပြောပြောဆိုဆိုပင် တံခါးပေါက်ရှေ့ လျှောက်သွား၏။

တဖက်မှ နတ်ဆိုးဘုရင်များ၏ မျက်နှာပေါ်တွင်

လှောင်ပြုံးများ ပေါ်လာကြသည်။

လောထျန်းတစ်ယောက် အချုပ်အနှောင်အား တိုက်ခိုက်ရာမှ ပြန်ခံရမည့် အကျိုးဆက်ကိုလည်း သူတို့ အလွန်ကြည့်ချင်နေကြပါ၏။

ထိုစဥ်တွင် လောထျန်း၏ လက်များက နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါ်သို့ ရောက်နေလေပြီ ။

" အားနည်းနည်း သုံးလိုက်မယ်.. "

လောထျန်း စိတ်ထဲမှ တွေးကာ.. လက်နှစ်ဖက်လုံးဆီသို့ အစွမ်းများ ပို့လွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင်..

ဝုန်း

တံခါးပေါက်ကြီး ပွင့်သွားတော့၏။

" ဟင်... အဲ့လောက်လဲ အစွမ်းမထက်ပါဘူးကွာ ။

အလွန်ဆုံးမှ ဟို နတ်ဆိုးသခင်ကြီးရဲ့ ရတနာတိုက် တံခါးနဲ့ အဆင့်တူတူလောက်ပဲရှိတာ ။ ငါ့ရဲ့ အစွမ်းအပြည့်ကို ထုတ်မသုံးလိုက်မိတာ တော်သေးတာပေါ့ ။ အဲ့လိုမဟုတ်ဘဲ အရင်တစ်ခါလိုသာ ဖြစ်ရင် ငါ တော်တော်နောင်တရရမှာ "

လောထျန်း စိတ်ထဲမှ ရေရွတ်လိုက်ပြီးနောက် နတ်ဆိုးဘုရင်များဘက် လှည့်ကြည့်၍ ပြောလိုက်၏။

" ကျုပ်ကို လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ။ ကျုပ် အထဲဝင်တော့မယ် "

သူ ပြောပြောဆိုဆိုပင် နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်ထဲ ခြေလှမ်းလိုက်သည်။

ဝုန်း..

တခဏအကြာမှာပင် တံခါးကြီး ပြန်ပိတ်သွား၏။

နတ်ဆိုးဘုရင်များမှာကား.. နေရာတွင်သာ အူကြောင်ကြောင်ရပ်လျက်..

" သူက အထဲဝင်သွားတာလား.. "

နတ်ဆိုးဘုရင်တစ်ယောက်က တအံ့တသြ မေးလိုက်သည်။

" ကြည့်ရတာတော့.. ဟုတ်တယ်ကွ "

ဒုတိယ နတ်ဆိုးဘုရင် တစ်ယောက်ကလည်း အူကြောင်ကြောင် ပြန်ဖြေ၏။

" ဒီကောင်က.. သူ့ကို လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ပြောသွားတာလား.. "

တတိယ နတ်ဆိုးဘုရင် မေးလာသည်။

ထိုတခဏ၌ နတ်ဆိုးဘုရင်များအားလုံး မှင်သက်နေကြတော့သည်။

လမ်းပြပေးတယ် တဲ့လား...

နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်ကို စောင့်ကြပ်ရသော သူတို့က အပြင်မှ ကျူးကျော်လာသူကို လမ်းပြပေးခဲ့မိတာလား...

အကယ်၍ နတ်ဆိုးနတ်ဘုရားကြီးသာ ထိုကိစ္စကို သိသွားပါက... သူတို့အားလုံး အသတ်ခံရပေလိမ့်မည် ။

သူတို့ လောထျန်းနှင့် ပြောခဲ့သော စကားကို ပြန်တွေးကြည့်ပြန်လျှင်လည်း...

သူတို့က စနောက်ပြီး ပြောနေခဲ့ကြသည့်တိုင်.. လောထျန်းအား အမှန်တကယ် လမ်းပြပေးခဲ့ပုံ ပေါက်ပါ၏။

" မဖြစ်ဘူး ၊ အဲ့ကောင်ကို အထဲပေးသွားလို့ မရဘူး ။ မဟုတ်ရင်.. ငါတို့အားလုံး ဇာတ်သိမ်းပြီ "

နတ်ဆိုးဘုရင် တစ်ယောက်က အလန့်တကြား ထအော်လိုက်သည်။

အခြားနတ်ဆိုးဘုရင်များလည်း အသိပြန်ဝင်ကုန်ကြ၏။

" ခဏနေဦးကွ ၊ ဒီကောင်က တံခါးကိုတောင် တွန်းပြီးဖွင့်လိုက်နိုင်တဲ့သူလေ.... ။ သူ့ကို တွေ့တော့ရော ငါတို့ ဘာလုပ်နိုင်မှာလဲ "

နတ်ဆိုးဘုရင် တစ်ယောက်က အားလုံးကို သတိပေးစကား ပြောလိုက်သည်။

အစောက လောထျန်းနှင့် စကားပြောနေခဲ့သည့် နတ်ဆိုးဘုရင်က ရုတ်တရက် ဝင်ပြော၏။

" မဟုတ်ဘူးကွ ၊ နတ်ဆိုးနတ်ဘုရားကြီး ပြောတာတော့.. ဒီ နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်ကို ဘယ်သူကမှ ဒီတိုင်းကြီး တွန်းဖွင့်လို့မရဘူးတဲ့ ။ ကြည့်ရတာ... တံခါးကြီးက ပျက်နေတာလား မသိဘူး... "

" နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်က ပျက်နေတာလား... "

နတ်ဆိုးဘုရင်များ အသိဝင်သွားကြပုံဖြင့် တံခါးဆီသို့ တစ်ပြိုင်နက်တည်း ပြေးသွားလိုက်ကြသည်။

သူတို့သည်လည်း တံခါးပေါက်ကို တွန်းဖွင့်၍ အထဲဝင်ပြီး ဘာမှ ဆိုးဆိုးရွားရွား မဖြစ်သေးခင် လောထျန်းအား ရှင်းပစ်ရပေလိမ့်မည် ။

သို့သော်... နတ်ဆိုးဘုရင်များ တံခါးပေါက်ကို ထိ

လိုက်ချိန်မှာပင်...

ဝုန်း...

ကြောက်မက်ဖွယ် အားကြီးတစ်ခု ပြန်ကန်ထွက်လာ၏။

အွတ်..

အွတ် ..

နတ်ဆိုးဘုရင်များ နောက်သို့ လွင့်ထွက်ကာ သွေးအန်ကုန်ကြတော့သည်။

" နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်က ပျက်နေတာ မဟုတ်ဘူးကွ... "

နတ်ဆိုးဘုရင် တစ်ယောက်က တံခါးပေါက်အား ကြောက်လန့်တကြား ကြည့်ရင်း တုန်လှုပ်စွာ ဆို၏။

ထိုစဥ်တွင် ကျန်နတ်ဆိုးဘုရင်များမှာလည်း အလွန်ကြောက်ရွံ့နေကြတော့သည်။

နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်က မပျက်စီးပါဘဲ.. ထိုကောင်က အထဲကို အလွယ်တကူ ဝင်သွားနိုင်သတဲ့လား...

၎င်းက ဘာအဓိပ္ပါယ်ပါလဲ...

သူတို့ ကြုံခဲ့ရသည့် လူက မည်မျှ ကြောက်စရာကောင်းပါသနည်း....

နတ်ဆိုးဘုရင်များ ထိုသို့တွေးရင်း ထိတ်လန့်တုန်လှုပ်ကုန်ကြ၏။

ထိုစဥ် တံခါးပေါက်၏ အခြားတဖက်၌...

" စိတ်စွမ်းအင်တွေ တော်တော်ကြွယ်ဝတာပဲ "

လောထျန်း အသက်ပြင်းပြင်း တစ်ချက်ရှိုက်ရင်း မနေနိုင်ဘဲ အထင်ကြီးသွားသည်။

သူ ယခု ရောက်နေသည့် နေရာမှာ လျှို့ဝှက်နေရာတစ်ခု ဖြစ်ဟန်တူပြီး စိတ်စွမ်းအင်လည်း အလွန်ကြွယ်ဝလှပေသည်။

" ဒီနေရာက အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည် ထွက်တဲ့နေရာလား မသိဘူး "

သူ တီးတိုး ရေရွတ်လိုက်၏။

သို့သော်.. ထိုစဥ်မှာပင်..

" ဘယ်ကောင်လဲကွ "

အေးစက်စက် အသံတစ်သံ ရုတ်တရက် ထွက်လာသည်။

လောထျန်း အသံလာရာဘက် လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်း၌ ရပ်နေသည့် အမည်းရောင်ဝတ်ရုံ ဝတ်ထားပြီး ဆံပင်ဖြူဖြူနှင့် လူကြီးတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူ၏ မျက်လုံးများကမူ ရန်လိုမှုတို့ အပြည့်...

" အိုး.. ဒီမှာ လူရှိနေတာပဲ ။ ကျုပ်နာမည်က လောထျန်းပါ ။ ကျုပ်က ဒီကို အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည်အတွက် လာခဲ့တာ "

လောထျန်း ပြောလိုက်သည်။

" မင်း ဘာပြောလိုက်တယ် "

အမည်းရောင်ဝတ်ရုံနှင့် လူကြီး ချက်ချင်း သတိအနေအထား ဖြစ်သွား၏။

" ငါ မင်းကို နတ်ဆိုးဆေးရည် မပေးနိုင်ဘူး ။ ဒီကနေ ထွက်သွားတော့.. "

သူ ခေတ္တမျှ ငြိမ်နေပြီးမှ အေးစက်စက် ပြောလိုက်သည်။

လောထျန်း မျက်မှောင်ကြုံ့သွား၏။

" ထွက်သွားတော့.. ဟုတ်လား ။ ခင်ဗျားက ကိုယ့်ကိုကိုယ် ဘာထင်နေတာလဲ "

တဖက်မှ အမည်းရောင်ဝတ်ရုံနှင့် လူကြီးကလည်း မျက်မှောင်ကြုံ့၍ ပြန်ပြောသည်။

" ငါလား... ငါက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာရဲ့ နတ်ဆိုးနတ်ဘုရားကြီးပဲ "

" ဘယ်လို... "

ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့အားသင့်သွားရ၏။

ထိုသူက နတ်ဆိုးနတ်ဘုရားကြီး တဲ့လား...

သူ ယခုနေရာသို့ လာခဲ့ရသည့် ရည်ရွယ်ချက် နှစ်ခုရှိပါသည်။

ပထမတစ်ခုမှာ အသွင်ပြောင်းကိုးသွယ် နတ်ဆိုးဆေးရည် ဖြစ်ပြီး ၊ ကျန်တစ်ခုမှာ နတ်ဆိုးနတ်ဘုရားကြီး၏ အတွင်းအမြုတေ ​ပင်...

အစပိုင်းတွင် တဖက်လူသည် နတ်ဆိုးဆေးရည်အား စောင့်ကြပ်သည့် သာမာန် နတ်ဆိုးတစ်ယောက်ဟုသာ သူ ထင်ခဲ့ပါ၏။

ထင်မထားစွာပင်... ထိုသူက သူရှာနေသည့် နတ်ဆိုးနတ်ဘုရားကြီး တဲ့လား..

တိုက်ဆိုင်လွန်းလှပါတကား...

သူ ရှာနေသည့် အရာနှစ်ခုက တစ်နေရာတည်း ရှိနေပေရာ သူ့အတွက် များစွာ အလုပ်ရှုပ်သက်သာသွားလေပြီ ။

သို့သော်.. လောထျန်း၏ အံ့အားသင့်နေသော မျက်နှာအမူအရာကို နတ်ဆိုးနတ်ဘုရားကြီးက အဓိပ္ပါယ်တစ်မျိုး မှတ်ယူလိုက်ပါ၏။

" ဟား ဟား.. ငါ ဘယ်သူမှန်း သိလိုက်ရတော့ ကြောက်သွားပြီလား "

နတ်ဆိုးနတ်ဘုရားကြီးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" မင်း ဘယ်သူဆိုတာ ငါ မသိပေမယ့် အပေါ်ကမ္ဘာရဲ့ အဖွဲ့တစ်ခုခုက ဖြစ်မယ်ထင်တယ် ။ မင်းက နတ်ဆိုးအသွင်ပြောင်းကိုးသွယ် တံခါးပေါက်ကို တွန်းဖွင့်နိုင်တာကို ကြည့်ရင်လဲ မင်းရဲ့အစွမ်းက ငါနဲ့ ယှဥ်နိုင်တယ်ဆိုတဲ့ သဘောပဲ "

" ဒါပေမယ့်.. ဒီနေရာက ဝိဥာဥ်ကိုးသွယ်နတ်ဆိုးကမ္ဘာ ဆိုတာကို မမေ့နဲ့လေ "

နတ်ဆိုးနတ်ဘုရားကြီးက ထိုသို့ပြောပြီး လက်ကို အသာယမ်းလိုက်သည်။

ချွှင်...

သူ့အနောက်ဘက်တွင် နတ်ဆိုးဓားတစ်လက် ပေါ်လာ၏။

သူ့အနောက်ဘက်ရှိ လေထုမှာလည်း မငြိမ်မသက် ဖြစ်လာသည်။

ထို့နောက်... ကြောက်မက်ဖွယ် ဖိအားတစ်ခု စုစည်းလာ၏။

" ငါက ဒီကမ္ဘာရဲ့ ကမ္ဘာသခင်ကြီး ဖြစ်တဲ့အတွက် အစောင့်အကြပ် မသေမျိုးလက်နက်ကို ထိန်းချုပ်နိုင်တယ် ။ အဲ့တော့ ကမ္ဘာတစ်ခုလုံးရဲ့ အစွမ်းကို ထိန်းချုပ်ပြီး မင်းကို ပုရွက်ဆိတ်လေးတစ်​ကောင်လို အချိန်မရွေး သတ်ပစ်လိုက်လို့ရတယ်ကွ ။ အခု မင်းကို နောက်ဆုံးအခွင့်ရေး ပေးလိုက်မယ်.. ဒီကနေ ထွက်သွားပါ "

နတ်ဆိုးနတ်ဘုရားကြီးက လေသံမာမာဖြင့် အော်ပြောလာသည်။

လောထျန်းက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြ

င့် ပြန်မေးလိုက်၏။

" ခင်ဗျားရဲ့ အတွင်းအမြုတေက ဘယ်နားမှာ ရှိတာလဲ "

" ဟင်.. .. "

နတ်ဆိုးနတ်ဘုရားကြီး မှင်သက်သွားရတော့သည်။

တဖက်လူက သူ့ ခြိမ်းခြောက်စကားများကို မကြားလိုက်ဘူးလား...

သူက အစောင့်အကြပ် မသေမျိုးလက်နက်ကို ထုတ်သုံးမည်ဟု ခြိမ်းခြောက်နေစဥ်တွင်... တဖက်လူက ထွက်ပြေးရန်မတွေးဘဲ.. သူ့အတွင်းအမြုတေ ဘယ်မှာရှိသည်ကို မေးလာသတဲ့ ။

ထိုကောင်က သူ့အား တမင်သက်သက် ရန်စနေပါသလား..

ဒီကောင် စိတ်ရော နှံ့သေးရဲ့လား..

ထိုသို့တွေးရင်း နတ်ဆိုးနတ်ဘုရားကြီး၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ

လက်သွားသည်။

" မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့ကွာ "

ချွှင်...

ဓားသံတစ်သံ မြည်လာပြီး နတ်ဆိုးနတ်ဘုရားကြီးက လက်ထဲမှဓားဖြင့် ခုတ်ချလိုက်၏။

ဝုန်း..

နတ်ဆိုးနတ်ဘုရားကြီးမှာ ကိုယ်တိုင်လည်း အလွန်အစွမ်းထက်သူ ဖြစ်ပြီး ၊ အစောင့်အကြပ် မသေမျိုးလက်နက်၏ ထူးခြားသောအစွမ်းနှင့် ကမ္ဘာတစ်ခုလုံး၏ အစွမ်းကိုပါ ပေါင်းစပ်ထားသေးရာ...

ထိုဓား၏ အစွမ်းက အလွန်ပင် ကြောက်စရာကောင်းနေတော့သည်။

မည်သို့ပင်ဆိုစေ...

ဝုန်း...

လောထျန်းက သူ့ရှေ့ကျလာသော ကြောက်မက်ဖွယ်ဓားကြီးကို လက်ချောင်း နှစ်ချောင်းတည်းဖြင့် အသာဖမ်းဆုပ်လိုက်သည်။

ဖွတ်....

ကြောက်မက်ဖွယ် ဓားစွမ်းအင်များနှင့် ဖိအားများ ရုတ်ချည်းပင် ပျောက်ကွယ်သွား၏။

" ဘယ်လိုဖြစ်.... "

နတ်ဆိုးနတ်ဘုရားကြီး တုန်လှုပ်သွားရတော့သည်။

သူ့ဘဝ တလျှောက်လုံးတွင်ပင် ဤမျှ ကြောက်စရာအရာမျိုးနှင့် လုံးဝ မကြုံခဲ့ဖူးပါချေ ။

သူ့ရှေ့မှလူက မည်သူပါနည်း ။

" အတွင်းအမြုတေက ဒန်ထျန် မှာ ရှိမယ်ထင်တယ် "

တဖက်မှ လောထျန်းက ရုတ်တရက် ပြောလာသည်။

ထို့နောက်တွင်ကား..

ဝုန်း...

နတ်ဆိုးနတ်ဘုရားကြီး၏ ဒန်ထျန် ပေါက်ကွဲထွက်သွားတော့၏။

All Chapters