← Chapters

အခန်း (၁၉၅၇-၁၉၆၂)

Vol. 121 Ch. 1957-1962

အခန်း (၁၉၅၇-၁၉၆၂)

Vol. 121 Ch. 1957-1962

အပိုင်း ၁၉၅၇ မင်းသာကြိုက်ရင် ဈေးကပြဿနာမဟုတ်ဘူး

ရုန်ကျဲ့ချန်က ရှန်းယွင် ‌ရှေးဟောင်းပစ္စည်းဆိုင်ဟာ ကုနင်းပိုင်တာ သိပေမဲ့လည်း လေလံပွဲနဲ့ပတ်သတ်တဲ့ သတင်းတွေကို သိပ်ဂရုမစိုက်တဲ့အတွက် ကြေးဂီတခေါင်းလောင်းတွေနဲ့ ပတ်သတ်ပြီးသူဟာ ဘာမှမသိပေ။ သူဟာ ဒီနေ့အတန်းမရှိလို့သာ သူ့အဖိုးနဲ့အတူလိုက်လာတာဖြစ်သည်။

ယွမ်ယီလင်းကတော့ ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ဟာ ကုနင်းပိုင်တာဆိုတာ အခုမှသိတာဖြစ်သည်။

ဒီသတင်းဟာ သူတို့အတွက်အသစ်ဖြစ်၍ သူတို့ဟာ အရမ်းကိုအံ့အားသင့်သွားကြလေသည်။ ကြေးဂီတခေါင်းလောင်းတွေကို ကုနင်းဘယ်ကနေ ရလာတာလဲ။

ရုန်ကျဲ့ချန်ဟာ ကြေးဂီတခေါင်းလောင်းတွေရဲ့ တန်ဖိုးကိုမသိပေမဲ့လည်း ယွမ်ယီလင်းကတော့ ကြားဖူးလေသည်။ ဒီကြေးဂီတခေါင်းလောင်းတွေ တစ်စုံဟာ အနည်းဆုံး ဒေါ်လာ ၆ဘီလီရမ်မှ ၇ဘီလီရမ်တန်လေသည်။ ကုနင်းဟာ ဒေါ်လာဘီလီရမ်ပေါင်းများစွာအား အေးအေးဆေးဆေးရသွား၍ သူမအနေနဲ့ မနာလိုပဲမနေနိုင်ပေ။

"ကုနင်း၊ ကြေးဂီတခေါင်းလောင်းတွေက နင့်ဆီကလို့ ငါကြားတယ်။ နင်အဲ့တာတွေကို ဘယ်ကရလာတာလဲ"ဟု ယွမ်ယီလင်းက ရိုးရိုးလေးသိချင်တဲ့ပုံဖြင့် မေးလေသည်။

ကုနင်းနဲ့ ယွမ်ယီလင်းတို့ရဲ့ ဆက်ဆံရေးကို စဉ်းစားကြည့်တာနဲ့တင် ယွမ်ယီလင်း အနေနဲ့ သိချင်ရုံသပ်သပ်မေးတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပေ။ ကြေးဂီတခေါင်းလောင်းတွေဟာ တရားမဝင်နည်းလမ်းနဲ့ရလာတာတယ်ဆိုတာကို ယွမ်ယီလင်း ဟာ သိသောကြောင့် ကုနင်းကို ပြဿနာရှာချင်ရုံသတ်သတ်မေးနေတာ အသိသာပင်ဖြစ်သည်။

ယွမ်ယီလင်းဘာလုပ်ဖို့ ကြိုးစားနေတယ်ဆိုတာ သိပေမဲ့လည်း ကုနင်းဟာ အေးစက်စွာပင် "ကျွန်မ,မပြောပြနိုင်လို့... တောင်းပန်ပါတယ် စီနီယာယွမ်။ ရောင်းတဲ့လူကို ပစ္စည်းတွေဘယ်ကရလာတာလဲဆိုတာ မမေးရဘူးဆိုတဲ့ ဖော်ပြမထားတဲ့ စည်းကမ်း ရှေးဟောင်းပစ္စည်းလောကမှာရှိတဲ့အတွက် လူတိုင်းက အသေးစိပ်ကို ဘယ်သူမှမမေးကြဘူး"ဟုပြောလေသည်။

ကုနင်းရဲ့ စကားကြောင့် ယွမ်ယီလင်း ဟာရှက်သွားပြီး တုံးအသလိုခံစားလိုက်ရလေသည်။ သူမဟာ ဒေါသထွက်နေပေမဲ့လည်း ဖော်ပြလို့မရပေ။

"အို။ အဲ့ကိစ္စမပြောရဘူးဆိုတာ ငါမသိဘူး။ ငါမှားသွားတယ်။ ငါမမေးရဘူးဆိုတာ မသိလို့ပါ"ဟု ယွမ်ယီလင်းဟာ စိတ်မကောင်းချင်ယောင် ဟန်ဆောင်ပေမဲ့လည်း ကုနင်းရဲ့ ကြေးဂီတခေါင်းလောင်းတွေဟာ တရားမဝင်နည်းလမ်းနဲ့ ရလာတာဖြစ်၍ ဘယ်ကရလာလဲဆိုတာ ပွင့်ပွင့်လင်းလင်းပြောမရတဲ့ ပုံစံဟန်ဆောင်လေသည်။

ယွမ်ယီလင်းဟန်ဆောင်နေတာကို ကြည့်ပြီး ကုနင်းဟာ ရင်ထဲမှာ ယွမ်ယီလင်းအား လှောင်မိလေသည်။ ဝယ်တဲ့သူတွေက ကြေးဂီတခေါင်းလောင်းတွေရဲ့ ဘယ်ကလာလဲဆိုတာ မသိဘူးလို့ ယွမ်ယီလင်းထင်နေတာလား။ ခေါင်းလောင်းတွေကို တရားမဝင်နည်းလမ်းနဲ့ရတာကို သိရင် ကုနင်းကို တရားစွဲခံရမယ်လို့ ယွမ်ယီလင်းထင်နေပုံရလေသည်။ ဦးနှောက်ရှိတဲ့လူတိုင်းဟာ ထိုအကြောင်းကိုမေးမှာမဟုတ်ပေ။

"ကိစ္စမရှိပါဘူး။ ရှင်က ရှေးဟောင်းပစ္စည်းလောက, ကမှမဟုတ်တာ"ဟု ကုနင်းကပြောလိုက်သည်။ သို့သော်လည်း ကုနင်းက သူမကိုအထင်သေးနေသည်ဟု ယွမ်ယီလင်းကထင်လေသည်။

ယွမ်ယီလင်းရဲ့ ခေါင်းထဲမှာ တွေးနေတာတွေကို ကုနင်းမသိပေ။ တကယ်လို့သူမသာသိခဲ့ရင် စွပ်စွဲခံရကြောင်းပြောမိလိမ့်မည်။ သူမဟာ ယွမ်ယီလင်းကို အထင်သေးနေတာမဟုတ်ပေ။ ထို့အစား သူမက သာမာန်ပဲပြောလိုက်တာဖြစ်သည်။ ယွမ်ယီလင်းအနေနဲ့ သူမဘာသာသူမ ထင်နေတဲ့အတွေးတွေကိုသာ အပြစ်တင်ရပေလိမ့်မည်။

သခင်ကြီးယွမ်ဟာ ကြေးဂီတခေါင်းလောင်းတွေ ဘယ်ကလာသလဲဆိုတာနဲ့ ပတ်သတ်ပြီးမေးတဲ့အပေါ် ယွမ်ယီလင်းဘက်က မှားတယ်လို့မထင်သော်လည်း သူမဟာ ကိုယ့်ကိုကိုယ်အရူးလုပ်နေတယ်လို့တော့ထင်သည်။ ထိုအရာကြောင့် သခင်ကြီးယွမ်ဟာ စိတ်ရှုပ်သွားကာ ယွမ်ယီလင်းကို စကားကြည့်ပြောဖို့ ခြိမ်းခြောက်တဲ့အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ယွမ်ယီလင်းဟာလည်း သခင်ကြီးယွမ်ရဲ့ အကြည့်တွေကို သတိထားမိ၍ စကားဆက်မပြောတော့ပေ။

သခင်ကြီးယွမ်ဟာ ကုနင်းကိုအနည်းငယ် ကြည့်လိုက်ပြီး မျက်စိလွှဲလိုက်လေသည်။ ကုနင်းက ယွမ်ယီလင်းကို ပြစ်မှတ်ထားနေတာ သူပြောနိုင်ပေမဲ့လည်း သူမပြောတဲ့စကားတွေဟာ ဘာမှမမှားတာကြောင့် သူဟာဘာမှအပြစ်ရှာ၍မရပေ။

"မင်းက မစ္စကုလား။ အသက်ငယ်ငယ်လေးနဲ့ အရမ်းစွမ်းဆောင်ရည်ရှိတာပဲ။ အရမ်းလေးစားမိပါတယ်"ဟု သခင်ကြီးရုန်က ကုနင်းကို အမှန်တကယ်အထင်ကြီးမိ၍ ချီးကျူးလေသည်။

သခင်ကြီးလင်နဲ့ သခင်ကြီးရုန်တို့ဟာ သူငယ်ချင်းတွေမဟုတ်ပေမဲ့လည်း သခင်ကြီးလင်ဟာ ဂုဏ်မယူပဲမနေနိုင်ပေ။ ကုနင်းက သူ့မြေးချွေးမဖြစ်၍ ဖြစ်သည်။

"အဲ့လောက်လဲမဟုတ်ပါဘူး သခင်ကြီးရုန်။ ကံနည်းနည်းကောင်းသွားတယ်လို့ ကျွန်မကထင်ပါတယ်"ဟု ကုနင်းက နှိမ့်ချကာ ယုံကြည်မှုရှိရှိဖြင့် ပြောသည်။

"မင်းက အရမ်းနှိမ့်ချတတ်တာပဲ။ ဘဝမှာ အောင်မြင်ဖို့ ကံထက်အများကြီးပိုလိုတယ်။ ပါရမီက အောင်မြင်မှုရဲ့ သော့ချက်ပဲ"ဟု သခင်ကြီးလင်က သူ့မျက်နှာပေါ်မှာ ဂုဏ်ယူမှုတွေဖျာလျက် ပြောလေသည်။

သခင်ကြီးလင်နဲ့ ကုနင်းတို့ရဲ့ ဆက်ဆံရေးကို မသိတဲ့လူတွေဟာ သခင်ကြီးလင်က သူမရဲ့ပါရမီကြောင့် အထင်ကြီးနေတယ်လို့ထင်ကြသည်။ သို့သော်လည်း သူတို့ရဲ့ ဆက်ဆံရေးအစစ်အမှန်ကို သိတဲ့သူတွေကတော့ သခင်ကြီးလင်က သူ့မြေးချွေးမကို ရှိုးထုတ်ပြနေတာမှန်း သိလေသည်။

ရုန်ကျဲ့ချန်နဲ့ ယွမ်ယီလင်းတို့ဟာ သခင်ကြီးလင်က ကုနင်းအပေါ် အထင်ကြီးနေ၍ မကြည်မလင်ဖြစ်သွားကျလေသည်။ ကုနင်းအနေနဲ့ ထိုသို့ချီးကျူးမှုမျိုးနဲ့ ထိုက်တန်တယ်လို့ သူတို့တစ်ယောက်မှ မထင်ပေ။ ယွမ်ယီလင်းဟာ ကုနင်း အပေါ်ပိုပြီးမနာလိုဖြစ်လာလေသည်။

စကားအနည်းငယ်ပြောပြီးနောက် ကြေးဂီတခေါင်းလောင်းတွေ လေလံရောင်းချမှု စတင်လေသည်။ လေလံစတင်ဈေးဟာ ဒေါ်လာ၃ဘီလီရမ်ဖြစ်ပြီး တိုးနှုန်းကတော့ ဒေါ်လာ ၁၀၀မီလီယံဖြစ်လေသည်။

ရုန်ကျဲ့ချန်ဟာ နောက်ဆုံးတွင်အစီအစဉ်တင်ဆက်သူပြောပြီးမှ ကြေးဂီတခေါင်းလောင်းတွေ အမှန်တကယ် ဘယ်လောက်တန်လဲ ဆိုတာသဘောပေါက်သွားလေသည်။

ကြေးဂီတခေါင်းလောင်းတွေကို ရှာတွေ့တဲ့သူက ကုနင်းဖြစ်သည်။ ကုနင်း ဘယ်လိုများလုပ်လိုက်တာလဲ။

ကုနင်းက ပိုပြီးထူးချွန်လေလေ ရုန်ကျဲ့ချန်က ပိုပြီးစိတ်မကြည်မလင်ဖြစ်လာလေ‌လေဖြစ်သည်။ ကုနင်းကိုယ်တိုင်က ထူးချွန်တဲ့မိန်းကလေးဖြစ်တာမလို့ သူမက သူ့ကိုမကြိုက်တာလို့ သူခံစားမိလေသည်။

သို့သော်လည်း သူမလိုနောက်ခံမျိုးနဲ့တော့ သူမဟာ သူနဲ့ ဘယ်တော့မှ တန်မှာမဟုတ်ပေ။

အစီအစဉ်တင်ဆက်သူစကားဆုံးတာနဲ့တပြိုင်နက် လူတိုင်းဟာ ကြေးဂီတခေါင်းလောင်းတွေကို လေလံဆွဲကျလေသည်။ သို့သော်လည်း ကြေးဂီတခေါင်းလောင်းတွေဟာ ဈေးအရမ်းကြီးတဲ့အတွက် လူသိပ်အများကြီး လေလံမဆွဲပေ။ လေလံဆွဲတဲ့သူတွေကတော့ ကြေးဂီတခေါင်းလောင်းတွေနဲ့ အိမ်ပြန်သွားရဖို့ စိတ်ပိုင်းဖျက်ပြီးဖြစ်၍ လေလံဆွဲမှုတွေဟာ ပြင်းထန်လေသည်။

ကြေးဂီတခေါင်းလောင်းတွေကို လေလံဆွဲဖို့ စိတ်မဝင်စားတဲ့လူတွေတောင် ပတ်ဝန်းကျင်က စိတ်လှုပ်ရှားတွေကြောင့် ရောနှောသွားလေသည်။

"Oh God! တစ်ယောက်က ဒေါ်လာ၅ဘီလီရမ်တောင် လေလံတင်လိုက်တယ်။ ဒီလူတွေဟာ တော်တော်ချမ်းသာတာပဲ"

"အဲ့တာတော့ ပြောနေစရာတောင်မလိုဘူး။ လေလံပွဲက လူတွေအများစုဟာ လူချမ်းသာတွေချည်းပဲ"

"လေလံအိမ်က လူချမ်းသာတွေနဲ့ ပြည့်နေပေမဲ့လည်း ရှေးဟောင်းပစ္စည်းအတွက် ဘီလီရမ်နဲ့ချီထုတ်တာတော့ များလွန်းတယ်"

"မင်းအနေနဲ့တော့ ဈေးအရမ်းကြီးတယ်လို့ထင်ရင်ထင်မယ် ဒါပေမယ့် သူတို့လိုလူတွေအတွက်တော့ ဘီလီရမ်အနည်းငယ်ဆိုတာ မုန့်ဖိုးလောက်ပဲရှိတာ။ တကယ်လို့ တစ်သိန်းကျော်တန် ငါတို့ကြိုက်တာတစ် ခုခုတွေ့ရင် ငါတို့လဲ ဘာမှစဉ်းစားစရာမလိုပဲ ဝယ်သလိုပေါ့"

"အဲ့တာလဲ လုံးဝမှန်တာပဲ။ တကယ်လို့ မင်းသာကြိုက်ရင် ဈေးကပြဿနာမရှိဘူး"

"..."

တတ်ရောက်တဲ့ဧည်သည့်အချို့ဟာ ရှေးဟောင်းပစ္စည်းတွေအပေါ်မှာ စိတ်ဝင်စားမှုမရှိပေ။ ပြီးတော့ သူတို့အကုန်လုံးဟာ ငွေတွေပေါ်နေတာမဟုတ်ပေ။ ငွေတွေအရမ်းချမ်းသာတဲ့သူတောင် ကြေးဂီတခေါင်လောင်းတွေကို လေလံဆွဲဖို့ တွန့်ဆုတ်နေလေသည်။

ကြေးဂီတခေါင်းလောင်းတွေ တစ်စုံကိုရဖို့ လူတွေ ဘယ်လောက်ငွေပေးနိုင်လဲဆိုတာကို ကြည့်ပြီး ရုန်ကျဲ့ချန်ဟာ အံဩသွားလေသည်။

သိပ်မကြာခင်မှာပဲ လေလံဆွဲစစ်ပွဲဟာ ဒေါ်လာ၇ဘီလီရမ်ထိ ရောက်လာလေသည်။ ကြေးဂီတခေါင်းလောင်းတွေကို လေလံဆွဲတဲ့လူတွေဟာ တဖြည်းဖြည်းနဲ့ နည်းလာပေမဲ့လည်း ချိုက်ဝမ်ဟုန်ကတော့ အားမာန်အပြည့်နဲ့ပင် ရှိသေးသည်။

"ကြည့်ရတာ ပြတိုက်က ကြေးဂီတခေါင်းလောင်းတွေကိုရဖို့ စိတ်ပိုင်းဖြတ်ပြီးပုံပဲ"ဟု သခင်ကြီးလင်ကပြောလေသည်။

"အမ်း! လေလံဈေးက ဒေါ်လာ၈ဘီလီရမ်ထိရောက်လာပေမဲ့လည်း လူတွေက လေလံဆွဲတုန်းပဲ။ အဲဒီကြေးဂီတခေါင်းလောင်းတွေက ဒေါ်လာ၈ဘီလီရမ်ထက်ကျော်ပြီး ဝယ်ဖို့မတန်ဘူး"ဟု သခင်ကြီးရှုကပြောသည်။

"တကယ်လို့ ပြတိုက်အတွက်‌ ခေါင်းလောင်းတွေကို ချိုက်ဝမ်ဟုန်ကအရမ်းလိုချင်နေတယ် ဆိုတာကိုငါသိလို့ယှဉ်ရင် လေလံပွဲနဲ့ရောင်းချင်ယောင်ဆောင်ပြီး သူ့ကိုသင့်တော်နဲ့ ဈေးနဲ့ရောင်းလိုက်ဖို့ ငါကုနင်းကိုပြောလိုက်မှာပေါ့။ ကြေးဂီတခေါင်းလောင်းတွေ ပြတိုက်ကို ရောက်သွားတာကောင်းတယ်လို့ ငါထင်တယ်"ဟု ကျန်းကျုံးယွီကပြောလေသည်။

ကျန်းကျုံးယွီပြောတာကိုကြားတဲ့အခါ သခင်ကြီးလင်နဲ့ သခင်ကြီးရှုတို့ဟာ အတူတူပဲခဲစားမိလေသည်။ သူတို့ ဒီလိုစောစောက ဘာလို့မတွေးမိလိုက်ပါလိမ့်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၅၈ အရေးကြီးတာကိုအာရုံစိုက်

ချိုက်ဝမ်ဟုန်ဟာ ဘာမှမပြောဘဲ ပြုံးသာနေလိုက်သည်။ သူဟာ ကြေးဂီတခေါင်းလောင်းတွေကို လေလံဆွဲတာနဲ့တင် အလုပ်ရှုပ်နေကာ သူနဲ့ ကုနင်းရဲ့ သဘောတူညီချက်လုပ်ထားတာကို ရှင်းပြဖို့ အချိန်မရှိပေ။ ကုနင်းဟာ ကြေးဂီတခေါင်းလောင်းတွေကို နန်းတော်ပြတိုက်ကိုရောင်းဖို့ သဘောတူပြီးပြီဖြစ်၍ လေလံပွဲဟာ ပွဲသက်သက်သာဖြစ်လေသည်။

တကယ်လို့ သူအားနေရင်တောင် ဘေးမှာလူတွေရှိ၍ သူ့အနေနဲ့ ရှင်းပြမှာမဟုတ်ပေ။ လိမ်နေတဲ့သဘောသက်ရောက်၍ တစ်ယောက်ယောက်သာကြားသွားရင် ပြဿနာတတ်လိမ့်မည်ဖြစ်သည်။ တကယ်လို့ ‌တစ်ယောက်ယောက်သာ သိသွားရင် ပြတိုက်ရော ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်ပါ ထိခိုက်သွားနိုင်လေသည်။

ကုနင်းကလဲ ရှင်းမပြပေ။

ဈေးနှုန်းဟာ ၈.၅ဘီလီရမ်ဒေါ်လာရောက်တဲ့အခါမှာတော့ ကြေးဂီတခေါင်းလောင်းတွေကို ဘယ်သူမှလေလံဆက်မဆွဲတော့ပေ။ လေလံဈေးနှုန်းဟာ ထင်ထားတာထက် ပိုပြီးအများကြီးမြင့်လေသည်။

ထင်တဲ့အတိုင်းပဲ ချိုက်ဝမ်ဟုန်ဟာ လေလံနိုင်သွား‌လေသည်။ ကြေးဂီတခေါင်းလောင်းတွေအတွက် သူဘယ်လောက်ပဲ လေလံဆွဲဆွဲ သူ့အနေနဲ့ ကုနင်းကို ဒေါ်လာ၅ဘီလီရမ်ပဲပေးရမှာဖြစ်၍ သူ့အနေနဲ့ ဈေးအများကြီးတင်ရမှာ မကြောက်ပေ...။

လူတွေအများကြီးဟာ နောက်ဆုံးဈေးနှုန်းကြောင့် အံ့အားသင့်သွားကြသည်။ လူတွေအများစုဟာ ဒေါ်လာ၇ဘီလီရမ်ထက် မ‌ပိုလောက်ဘူးဟု ထင်နေကြတာဖြစ်သည်။

လူတိုင်းဟာ ကုနင်းအား ကြည့်လိုက်ကြသည်။ တချို့ဟာ သူမအားလေးစားတဲ့ အကြည့်နဲ့ကြည့်ကျကာ တချို့ကတော့ သူမကို မနာလိုတဲ့အကြည့်ဖြင့် ကြည့်ကျလေသည်။ ကုနင်းဟာ ငွေအလွယ်တကူရသွားတယ်လို့ သူတို့ကထင်လေသည်။

ဒီမနက် လေလံ‌မှာရောင်းချသွားတဲ့ ဈေးအကြီးဆုံးပစ္စည်းဟာ ဒေါ်လာ၅ဘီလီရမ်သာတန်တာဖြစ်ပြီး ကြေးဂီတခေါင်းလောင်းတွေနဲ့ ယှဉ်ရင် ဈေးနှုန်းကွာခြားချက်က မေးမစိနိုင်အောင်ပင်ဖြစ်သည်။

ကြေးဂီတခေါင်းလောင်းတွေ လေလံရောင်းချပြီးတဲ့အခါမှာတော့ လေလံပွဲပထမပိုင်းဟာ ပြီးဆုံးသွားလေသည်။ လေလံပွဲရဲ့ ဒုတိယပိုင်းဟာ နေ့လည် ၁:၃၀မှ ပြန်လည်စတင်မှာဖြစ်သည်။

ဟွားရုန်လေလံအိမ်ဟာ နေ့လည်စာကျွေးမွေးတဲ့အတွက် လူတိုင်းဟာ သူတို့ရဲ့အားလပ်ချိန်ကို နေ့လည်စာစားရင်နဲ့ ကုန်ဆုံးကြလေသည်။

လေလံတင်တိုင်း ပိုက်ဆံတွေအများကြီးရှာနိုင်တာဖြစ်၍ လေလံအိမ်အနေနဲ့ ဧည့်သည်တွေကို နေ့လည်စာကျွေးမွေးတာလောက်က ပြဿနာမရှိပေ။ တကယ်လို့ အစားအသောက်တွေက ဧည့်သည်တွေရဲ့ အကြိုက်မဟုတ်ရင်တော့ သူတို့အနေနဲ့ အပြင်သွားပြီး နေ့လည်စာစားနိုင်လေသည်။

ကုနင်း၊ သခင်ကြီးလင်နဲ့ အခြားသူတွေဟာ လေလံပွဲဒုတိယပိုင်းကို ပြန်လာတက်မှာမဟုတ်တဲ့သူတွေမလို့ သူတို့ဟာ နေ့လည်စာကို အပြင်ထွက်စားကြလေသည်။

နေ့လည်စာစားဖို့ သွားကြတဲ့လူတွေထဲမှာ ကုနင်း၊ သခင်ကြီးလင်၊ သခင်ကြီးရှု၊ ကျန်းကျုံးယွီ၊ ချိုက်ဝမ်ဟုန်၊ ချန်တရုန်၊ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ ပါဝင်လေသည်။

သူတို့မထွက်ခွာခင်မှာ ကုနင်းနဲ့ ချိုက်ဝမ်ဟုန်တို့ဟာ စင်နောက်သွား၍ စာရွက်စာတန်းအချို့အား ပြီးစီးအောင်လုပ်ဆောင်လေသည်။ သို့သော်လည်း ကြေးဂီတခေါင်းလောင်းတွေဟာ တကယ်ရှိနေတာသေးတာမဟုတ်သေး၍ ရောင်းချမှုဟာ မပြီးမြောက်သေးပေ။

လေလံအိမ်ဟာ ပုံမှန်အားဖြင့် လေလံပွဲတွေကတစ်ဆင့် ကော်မရှင်ခကောက်ခံကာ ပိုက်ဆံရှာတာဖြစ်သည်။ ကြေးဂီတခေါင်းလောင်းဟာ ဒေါ်လာ၈.၅ဘီလီရမ်ဖြင့် လေလံအောင်သွားတာဖြစ်၍ လေလံဆွဲခက အရမ်းမြင့်လေသည်။ သို့သော်လည်း ဟွားရုန်လေလံအိမ်ဟာ အစိုးရကဖွင့်ထားတာဖြစ်ကာ ချိုက်ဝမ်ဟုန်က နိုင်ငံတော်ယဉ်ကျေးမှုအမွှေအနှစ်ဝန်ကြီးဌာနရဲ့ ဒုဒါရိုက်တာဖြစ်တာကြောင့် လေလံကြေးဟာ လွယ်ကူစွာပင် ပေးစရာမလိုတော့ပေ။

လေလံတင်သမျှပစ္စည်းတိုင်းဟာ ကော်မရှင်က ပေးစရာမလိုတာမဟုတ်ပေ။ သို့သော်လည်း ချိုက်ဝမ်ဟုန်နဲ့ ကုနင်းရဲ့သဘောတူညီချက်ကြောင့် မလိုတာဖြစ်သည်။

စာရွက်စာတမ်းတွေ လုပ်ပြီးတဲ့အခါမှာတော့ သူတို့ဟာ နေ့လည်စာ အတူစားဖို့ ထွက်သွားကြလေသည်။

ကုနင်းဟာ သခင်ကြီးလင်နဲ့ အခြားသူတို့နဲ့အတူထွက်သွားတာကို မြင်တဲ့အခါ လူတိုင်းဟာ ကုနင်းက အရေးကြီးတဲ့လူတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာ ပို၍သေချာသွားကြောင်း ခံစားမိလေသည်။

....

သခင်ကြီးယွမ်နဲ့ ယွမ်ယီလင်းတို့ဟာလည်း လေလံပွဲဒုတိယအပိုင်းကို မတက်ရောက်တော့ဘူးဖြစ်သည်။ ထို့ကြောင့် ကားထဲဝင်ပြီးတဲ့အခါ သခင်ကြီးယွမ်ဟာ ယွမ်ယီလင်းအား တင်းမာစွာကြည့်လျက် "မင်းနဲ့ ကုနင်းကြားမှာ ဘာတွေဖြစ်ထားတာလဲ"ဟုမေးလေသည်။

ယွမ်ယီလင်းဟာ မလိမ်ရဲသော်ကြောင့် ကုနင်းနဲ့ ယွမ်ရှူးယန်တို့ ကြားကပြဿနာဖြစ်တာနဲ့ ကျောင်းမှာဘာတွေဖြစ်သွားလဲဆိုတာ သူမဟာ အမှန်အတိုင်းပြော‌ပြလေသည်။ သူမဟာ ကုနင်းကို သတိပေးလိုက်တာကိုပင် မဖုံးကွယ်ပဲအကုန်ပြောပြလေသည်။

"သူမဘယ်လိုတောင် အဲ့လိုလုပ်နိုင်တာလဲ။ ယွမ်နဲ့ ရုန်မိသားစုတွေကို လက်ထပ်တာနဲ့ ချိတ်ဆက်လို့ရမယ်ထင်နေတာလား။ ရုန်ကျဲ့ချန်နဲ့ အဆက်ပြတ်ဖို့ ယွမ်ရှူးယန်ကို သွားပြောလိုက်"ဟု သခင်ကြီးယွမ်ကပြောသည်။ သူတို့မိသားစုတွေဟာ တစ်ယောက်နဲ့တစ်ယောက်နဲ့တစ်ယောက် မတည့်သောကြောင့် သူတို့မိသားစုက ကောင်မလေးတစ်ယောက်က ရုန်မိသားစုက ကောင်လေးတစ်ယောက်ကို ကြိုက်ပြီး ပြဿနာတွေအများကြီးဖြစ်တာကိုကြားတဲ့အခါ သခင်ကြီးယွမ်ဟာ ဒေါသထွက်သွားလေသည်။

ယွမ်ရှူးယန်ဟာ မိသားစုခွဲမှ ဖြစ်သော်လည်း သူမဟာ မိသားစုဝင်ဖြစ်နေသေးကာ တစ်လှေတည်းစီးနေသူတွေဖြစ်သည်။

"ပြောလိုက်ပါ့မယ်"ဟု ယွမ်ယီလင်းက ဖြေသည်။

ယွမ်ယီလင်းဟာလည်း ဒီကိစ္စနဲ့ပတ်သတ်၍ ယွမ်ရှူးယန်ကို ငေါက်ပြီးပြီဖြစ်သည်။ ယွမ်ရှူးယန်ဟာ သူ့ကိုချစ်နေ၍ သူမကိုယ်သူမ မတားနိုင်တာဖြစ်သည်။ သူတို့ချစ်နေတဲ့သူက သူတို့ကိုပြန်မချစ်တောင် ချစ်နေတဲ့လူကို ဘယ်သူကမှမတားဆီးနိုင်ပေ။

ယွမ်ရှူးယန်ဟာ သူမနဲ့ ရုန်ကျဲ့ချန်တို့ဟာ လုံးဝမဖြစ်နိုင်ဘူးဆိုတာ သိသောကြောင့် သူမဟာ ထိုအကြောင်းကို ဘယ်သူ့ကိုမှမပြောပေ။ သို့သော်လည်း ထိုအရာဟာ လျှို့ဝှက်ချက်ထားလို့ရတာမဟုတ်၍ အတင်းအဖျင်းတွေအားလုံး လေတဲပျန့်နေတာဟာ မိသားစုအတွက် အမှန်တကယ် အရှက်ရစရာဖြစ်နေသည်။

"ပြီးတော့ မင်းနဲ့ ကုနင်းရဲ့ ရန်စဒီမှာတင် ရပ်တော့။ မင်းအနေနဲ့ တကယ့်အရေးပါတဲ့ကိစ္စတွေအပေါ်မှာ အာရုံစိုက်သင့်တယ်"ဟု သခင်ကြီးယွမ်က သတိထပ်ပေးလေသည်။

ဒီမတော်တဆမှုတွေနဲ့ တစ်ခုခုပတ်သတ်နေပေမဲ့လည်း သူဟာ ကုနင်းရဲ့ အမှားလို့မထင်သောကြောင့် ထိုပြဿနာတွေအတွက် သခင်ကြီးယွမ်ဟာ ကုနင်းကိုအပြစ်မတင်ပေ။ သူဘက်က ကြည့်လျင် ကုနင်းဟာ ဘာမှမဟုတ်တဲ့ ပါမွှားလေးမလို့ဖြစ်သည်။ သို့သော်လည်း သူ့အနေနဲ့ ကုနင်းကို အခုတော့ သဘောမကျနိုင်တော့ပေ။

....

ကုနင်းနဲ့ အခြားသူတွေဟာ‌ နေ့လည်စာအဝေးကြီးသွားမစားကြဘဲ အနီးနားရှိ စားသောက်ဆိုင်မှာပဲ စားကြလေသည်။

သူတို့ လေလံအိမ်ကနေ ထွက်သွားပြီးမကြာမှီမှာပဲ ကုနင်းဟာ သူတို့နောက်မှ လူလိုက်လာမှန်း သတိထား‌မိလေသည်။

ကုနင်းဟာ ကားမောင်းနေတာဖြစ်၍ သူမအနေနဲ့ လှည့်ပြီး စစ်ကြည့်ဖို့ရာ အဆင်မပြေသော်လည်း သူမဟာ ကြေးဂီတခေါင်းလောင်းတွေနဲ့ တစ်ခုခုပတ်သတ်ရမည်ဖြစ်ကြောင်း သေချာလေသည်။

ချိုက်ဝမ်ဟုန်ဟာ ပစ္စည်းတွေကို လေလံမှ အောင်မြင်စွာဝယ်ယူပြီးဖြစ်ပေမဲ့လည်း လူတိုင်းက ထိုပစ္စည်းတွေအပေါ်မှာ လက်လျော့လိုက်ပြီးလို့မဆိုပေ။ အထူးသဖြင့် Rနိုင်ငံမှ နာမည်ကြီးဂီတပညာရှင်ဖြစ်တဲ့ ဟာရာဒါ ဟိုနီချီ၊ ကြေးဂီတခေါင်းလောင်းတွေအတွက် ချန်တရုန်ကိုပြန်ပေးဆွဲတဲ့သူ့အဖို့ဖြစ်သည်။

ကုနင်းဟာ သူလို့၁၀၀ရာခိုင်းနှုန်းမသေချာပေ။ တခြားလူတစ်ယောက်ယောက်လည်း ဖြစ်နိုင်ပေမဲ့လည်း သူမရဲ့ အသိစိတ်က ဟာရာဒါဟိုနီချီတို့လို သူတို့နိုင်ငံကလူတွေက အလွယ်တကူပြောမရကြောင်း ပြောနေလေသည်။

သူတို့ဟာ စားသောက်ဆိုင်ကို ၁၀မိနစ်လောက်အကြာတွင် ရောက်ကာ နောက်ယောင်ခံလိုက်သူတွေလည်း လိုက်လာလေသည်။

ကားကို ရပ်နားပြီးတဲ့အခါမှာတော့ ကုနင်းဟာ သူတို့ဘယ်သူတွေလဲဆိုတာ မြင်နိုင်လေသည်။

ကုနင်းရဲ့အသိစိတ်ထင်မြင်မှုဟာ မှန်ကန်လေသည်။ ဟာရာဒါ ဟိုနီချီဟာ အမှန်တကယ်ပင် သူတို့ကို နောက်ယောင်ခံလိုက်နေတာဖြစ်သည်။

ကုနင်းဟာ မျက်မှောင်ကြုံ့လိုက်လေသည်။ သူမဘက်ကနေ သူတို့ကို ပြဿနာမရှင်းရသေးခင်မှာပဲ သူတို့ဘက်က တံခါးစပြီးလာခေါက်နေလေသည်။ သို့သော်လည်း အခုဟာ သူတို့ကို ပညာပြဖို့အချိန်မဟုတ်သေးပေ။ ထို့အပြင် သူတို့ဟာလည်း ဘာမှမလုပ်သေးတာဖြစ်၍ သူမဟာ သူမကိစ္စတွေကို ပုံမှန်ပဲလုပ်လေသည်။

ရှုကျင်းချန်ဟာ ကိုယ်ပိုင်အခန်းကို ‌အစောကြီးကြိုတင် ဘိုကင်လုပ်ထားပြီးဖြစ်၍ သူတို့က ရောက်တာနဲ့ တန်းသွားကြလေသည်။

ကုနင်းဟာ သူတို့ကို မကြာခဏ သတိဖြင့်ကြည့်လေသည်။ သူမဟာ ဟာရာဒါ ဟိုနီချီနဲ့ အခြားအမျိုးသား ၃ယောက်ဟာ သူတို့နောက်ကနေ စားသောက်ဆိုင်ထဲ လိုက်ဝင်လာတာတွေ့လေသည်။ သူတို့ဟာလည်း ကိုယ်ပိုင်အခန်းတစ်ခန်း တောင်းသော်လည်း သူတို့နဲ့ အနည်းငယ်ကွာဝေးလေသည်။

သူတို့ရဲ့ ကိုယ်ပိုင်အခန်းကိုရောက်ပြီးတဲ့အခါမှာ စားပွဲထိုးဟာ သူတို့မှာတာတွေမှတ်သား၍ ထွက်သွားလေသည်။ ကုနင်းဟာ နောက်ဆုံးတွင် "အဖိုးလင်၊ အဖိုးရှုနဲ့ အဖိုးကျန်းတို့ကို သမီးပြောစရာတစ်ခုရှိတယ်။ လေလံခန်းမမှာတုန်းက လူတွေအများကြီးရှိလို့ ပြောဖို့အခွင့်မရတာမလို့ မပြောလိုက်တာ။ အခုက ပြောပြဖို့ အချိန်ကောင်းပဲ"ဟု ပြောသည်။

"ဘာ‌ပြောမလို့လဲ"ဟု သခင်ကြီးလင်နဲ့ အခြားသူတို့ဟာ သိချင်စွာမေးလိုက်သည်။

"ကြေးဂီတခေါင်းလောင်းတွေအစစ်ဖြစ်ကြောင်း စစ်ဆေးပြီးတဲ့နေ့ကတည်းက သမီး ပြတိုက်မှူးချိုက်နဲ့ အပေးအယူလုပ်ပြီးသား။ နန်းတော်ပြတိုက်ကို ဒေါ်လာ၅ဘီလီရမ်နဲ့ ခေါင်းလောင်းတွေကို ရောင်းပြီးသွားပြီ။ ဒါပေမဲ့ လေလံပွဲကို ရှန်းယွင် ရှေးဟောင်းပစ္စည်းဆိုင်နာမည်ရဖို့ ပုံမှန်ပဲ ဆက်လုပ်ခဲ့တာ"ဟု ကုနင်းကပြောသည်။

သူတို့အားလုံးဟာ ထိုသတင်းကြောင့် အံ့အားသင့်သွားကြလေသည်။

"ဟီးဟီး။ မဟုတ်ရင် ကျွန်တော့်အနေနဲ့လဲ အဲဒီခေါင်းလောင်းတွေကို ဈေးကြီးကြီးပေးပြီး လေလံဆွဲမှာမဟုတ်ဘူး"ဟု ချိုက်ဝမ်ဟုန်ကလည်း ပြုံးလျက်ပြောလိုက်သည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၅၉ မင်းဘယ်လောက်စိုးရိမ်နေလဲကြည့်ဦး

ကြေးဂီတခေါင်းလောင်းတွေဟာ ချိုက်ဝမ်ဟုန်ပိုင်တာမဟုတ်ပေမဲ့လည်း သူဟာ ပြတိုက်ရဲ့ ပြတိုက်မှူးဖြစ်တဲ့အတွက် အခုလို တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခု ပြတိုက်ရဲ့စုဆောင်းမှုထဲ ရောက်လာနိုင်တဲ့အတွက် သူဟာပျော်ရွှင်လေသည်။

သူ့ဘာသာသူဆိုရင် ကြေးဂီတခေါင်းလောင်းတွေကို စုဆောင်းဖို့ပစ္စည်းအနေနဲ့ ထားဖို့သူကစိတ်မဝင်စားချေ။ သူ့အနေနဲ့ စုထားလို့လဲ အဓိပ္ပာယ်မရှိ၍ဖြစ်သည်။

"အို သဘောပေါက်ပြီ"

လူတိုင်းဟာ ဘာဖြစ်လဲဆိုတာ သိသွားကြလေသည်။ အစကတော့ ကြေးဂီတခေါင်းလောင်းတွေအတွက် ချိုက်ဝမ်ဟုန်ကဈေးတွေအများကြီး တင်တယ်လို့သူတို့ကထင်လေသည်။ တကယ်လို့ ချိုက်ဝမ်ဟုန်သာ အရမ်းလိုချင်ရင် သူတို့အနေနဲ့ ကုနင်းနဲ့ တိတ်တဆိတ်အပေးအယူလုပ်ပြီး လေလံပွဲကိုလဲ ဟန်ဆောင်ပြီးဆက်ကျင်းပလို့ရသည်ဟု ခံစားမိနေတာဖြစ်သည်။ သို့သော်လည်း ချိုက်ဝမ်ဟုန်ဟာ မထင်ထားစရာပဲ ကုနင်းနဲ့ အပေးအယူလုပ်ပြီးဖြစ်လေသည်။ အဲ့တာဆိုရင်တော့ ဖြစ်သမျှဟာ အကောင်းဆုံးပင်ဖြစ်သည်။

"ဟဟ။ အဲ့တာကွက်တိပဲ"ဟု ကုနင်း ကသူ့စိတ်ကိုဖတ်နိုင်၍ သခင်ကြီးလင်က ပျော်ရွှင်စွာပြောလေသည်။

"အို၊ ဒါနဲ့ မစ္စကု ဘယ်တော့အားလဲ" ဟု ချိုက်ဝမ်ဟုန်ကမေးလေသည်။ သူဟာ ကြေးဂီ‌တခေါင်းလောင်းတွေကို ပြတိုက်ကို ပြန်သယ်သွားကာ စိတ်အေးချင်တာ မအောင့်နိုင်တော့၍ဖြစ်သည်။

သူဟာ ကုနင်းက စကားမတည်မှာ စိုးရိမ်နေတာမဟုတ်ပေ။ ပြတိုက်မှာရှိတဲ့ ရှေးဟောင်းပစ္စည်းသုသေသနပညာရှင်တွေဟာ လေ့လာဖို့စောင့်နေတာဖြစ်ရင် သူဟာ မြန်မြန်ပြီးသွားချင်တာဖြစ်သည်။

"ရာစုနှစ်မြို့တော်ကိုသွားဖို့ တစ်ယောက်ယောက်ကို ကျွန်မအခုပဲ စီစဉ်လိုက်လို့ရတယ်။ နေ့လည်စာစားပြီးတာနဲ့ ကျွန်မတို့ချက်ချင်းသွားပြီး ကြေးဂီတခေါင်းလောင်းတွေကို ပြတိုက်ကို တန်းပို့ပေးလို့ရတယ်"ဟု ကုနင်းက ပြန်ဖြေသည်။

"အဲ့တာကောင်းတယ်"ဟု ချိုက်ဝမ်ဟုန်ကပြောကာ သူ့ဘက်ကလည်း အဆင်သင့်ဖြစ်ရန် ဖုန်းဆက်ကာ စီစဉ်လေသည်။

"ဟဟ။ မင်းကိုယ်မင်းလဲကြည့်ဦး။ ဘာလို့အဲ့လောက်တောင် စိုးရိမ်နေတာလဲ"ဟု ကျန်းကျုံးယွီက ပြောစရာစကားမဲ့သွားသော်ကြောင့် သူဟာ ချိုက်ဝမ်ဟုန်သာ ဆက်စ‌နေလေသည်။ သို့သော်လည်း သူ့အနေနဲ့ ချိုက်ဝမ်ဟုန်အခြေအနေကို ကိုယ်ချင်းစာပေးနိုင်လေသည်။

"ဒါပေါ့ စိတ်ပူတာပေါ့။ ပြတိုက်က ရှေးဟောင်းပစ္စည်းပညာရှင်တွေက ကြေးဂီတခေါင်းလောင်းတွေနဲ့ ပတ်သတ်ပြီးငါ့နောက်ကို လိုက်ပြောနေတာ။ သူတို့က ငါ့ကိုတကယ်သတ်နေတာပဲ"ဟု ချိုက်ဝမ်ဟုန်ကပြောလေသည်။

နေ့လည်စာစားပြီးတဲ့အခါမှာတော့ သူတို့ဟာ လမ်းခွဲသွားကြလေသည်။

"ပိုင်ယင်း၊ သမီးမှာအချိန်အားရင် အဖိုးတို့ဆီ အလည်လာခဲ့ဦး‌‌နော်"ဟု သခင်ကြီးရှုက ကျီပိုင်ယင်းအား မသွားခင်ပြောလိုက်သည်။ တကယ်လို့ သူမက ရှုကျင်းချန်နဲ့ မတွဲနေ‌သေးရင်တောင် သူက ကျီပိုင်ယင်း ကို တကယ်သဘောကျ၍ တနေ့နေ့ သူမနဲ့ ရှုကျင်းချန်တို့ တွဲဖို့မျှော်လင့်လေသည်။

သူဟာ ကျီပိုင်ယင်းရဲ့ မိသားစုနောက်ခံအကြောင်းကို ဂရုမစိုက်၍မမေးပေ။ ရှုမိသားစုဟာ သူတို့နှစ်ယောက်အတွက် ပါဝါလုံလောက်မှုရှိကာ မိသားစုအရေးအတွက် လက်ထပ်တာမျိုးလဲ မလိုအပ်တာမလို့ ကောင်းမွန်တဲ့ ဘယ်မိန်းကလေးမလို လုံလောက်ပြီဖြစ်သည်။

"ဟုတ်ကဲ့ လာလည်ပါ့မယ်"ဟု ကျီပိုင်ယင်းဟာ ရှက်ပေမဲ့လည်း သခင်ကြီးရှု ဖိတ်တာကိုအသိအမှတ်ပြုလေသည်။

သခင်ကြီးရှုဟာ ကျီပိုင်ယင်းအား အရမ်းနွေးထွေးကာ ခင်ခင်မင်မင်ရှိပေမဲ့လည်း သူဟာ ရှုကျင်းချန်ကိုတော့ တင်းမာစွာပင် "သူမအပေါ် ကောင်းကောင်းဆက်ဆံ။ တကယ်လို့ မင်းသူမကို အနိုင်ကျင့်တယ်လို့ငါကြားရင် ငါမင်းကို အရှင်လက်လက် အရည်ခွံနွှာပစ်မယ်"ဟုပြောသည်။

ရှုကျင်းချန်ဟာ အနည်းငယ်စိတ်မကြည်သွားလေသည်။ သူ့အဖိုးဟာ သူ့ကို အနိုင်ကျင့်တတ်တဲ့လူလို့ထင်နေတာလား။ သို့သော်လည်း သူဘယ်လိုပဲခံစားရရ သူဟာ သူ့အဖိုးနဲ့ ပြန်မငြင်းရဲ၍ သူ့ဆဒ္ဒတွေကို လိမ်မာစွာပဲ အသိအမှတ်ပြုလိုက်လေသည်။

သခင်ကြီးရှု စိတ်အေးလက်အေးပဲ ထွက်သွားလေသည်။

......

ကုနင်းဟာ ကားပါကင်ကိုရောက်တဲ့အခါမှာတော့ ဟာရာဒါ ဟိုနီချီနဲ့ အခြားသူတို့ဟာ ကားထဲ‌မှာရောက်နေပြီး မထွက်သွားသေးကာ သူမကားပေါ်ကို စောင့်ကြည့်နေကြောင့်တွေ့လေသည်။

ကုနင်းဟာ သခင်ကြီးလင်ထွက်သွားတာကို ကြည့်ပြီးမှ ကားထဲဝင်လေသည်။

ချိုက်ဝမ်ဟုန်ဟာ ကားမမောင်းလာတာကြောင့် သူဟာ ကုနင်းနဲ့ အတူကားကြုံလိုက်လေသည်။ ချန်တရုန်ဟာလည်း ကုနင်းနဲ့အတူ ရာစုနှစ်မြို့တော်ဆီဦးတည်သွားကြလေသည်။ သူဟာ ကားနဲ့လာတာဖြစ်၍ သူ့ကားနဲ့သူမောင်းလေသည်။

ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ မြို့ထဲမှာ လျှောက်လည်ချင်ပေမဲ့လည်း ဘယ်သွားရမှန်းမသိကြပေ။ ကုနင်းဟာ နန်းတော်ကို ကြေးဂီတခေါင်းလောင်းတွေ သူမကိုယ်တိုင်ပို့ရမှာဖြစ်၍ တူတူလိုက်ခဲ့ဖို့ စိတ်ဝင်စားလားမေးလေသည်။

ကျီပိုင်ယင်းဟာ ချက်ချင်းသဘောတူလိုက်လေသည်။ သူမဟာ နန်းတော်ကို မလည်ရသေးပေ။

ဒီနိုင်ငံဟာ သူမရဲ့မွေးရပ်မြေဖြစ်ပေမဲ့လည်း သူမဟာ ငယ်ငယ်လေးကတည်းက Jနိုင်ငံကို ပြောင်းသွားရတာဖြစ်သည်။ ဘာသာစကားကလွဲရင် သူမ‌အနေနဲ့ ဒီနိုင်ငံအကြောင်းဘာမှမသိပေ။

ကျီမိသားစုဟာ ဒီကအခြေခံတာဖြစ်၍ သူတို့ဟာ သူတို့မိခင်ဘာသာစကားကို ကြိုးကြိုးစားစားလေ့လာကာ Jနိုင်ငံမှာ နေပေမဲ့လည်း အိမ်မှာဆိုရင် မိခင်ဘာသာစကားကိုပဲ ပြောကြလေသည်။

ကုနင်းနဲ့ အခြားသူတွေ ထွက်သွားတာနဲ့တပြိုင်နက် ဟာရာဒါ ဟိုနီချီနဲ့ အခြားသူတို့ဟာ ကားစက်နှိုး၍ သူတို့နောက်မှ ဆက်လိုက်လေသည်။

ကုနင်းနဲ့ အခြားသူတွေ ရာစုနှစ်မြို့ကိုရောက်တဲ့အခါမှာတော့ ချိုက်ဝမ်ဟုန်ရဲ့ လူတွေဟာ ရောက်နှင့်နေပြီးဖြစ်ကာ ကုနင်းရဲ့ စံအိမ်အပြင်ဘက်မှာ စောင့်နေပြီဖြစ်သည်။

လူစိမ်းတွေ ဒါမှမဟုတ် ကားစိမ်းတွေကို ပိုင်ရှင်နဲ့အတူတူလာတာဖြစ်ဖြစ် ဒါမှမဟုတ် သော့ပါမှသာ ဝင်ခွင့်ပြုသောကြောင့် ချိုက်ဝမ်ဟုန်ရဲ့ လူတွေဟာ ကုနင်းရောက်တာကို စောင့်ပြီးမှ အထဲဝင်ခွင့်ရလေသည်။

ထိုအကြောင်းပြချက်ကြောင့်ပဲ ဟာရာဒါ ဟိုနီချီနဲ့ အခြားသူတွေဟာ ဝင်ခွင့်မရဘဲ အပြင်ဘက်ကနေပဲ ကြည့်နေနိုင်တာဖြစ်သည်။

ကားထဲတွင် ဟာရာဒါ ဟိုနီချီဟာ အသက်၂၀ကျော်ကျော်ရှိတဲ့ သူ့တပည့်နဲ့အတူ ကားနောက်ခန်းမှာ ထိုင်နေတာဖြစ်သည်။

"ဆရာ၊ ကျွန်တော်တို့ သူတို့ဆီကနေ ကြေးဂီတခေါင်းလောင်းတွေ တကယ်လုမလို့လား။ ကျွန်တော်တို့ လူချင်းမမျှဘူးနော်...."ဟု ဟာရာဒါ ဟိုနီချီရဲ့ တပည့်က စိုးရိမ်စွာမေးသည်။

"စိတ်မပူပါနဲ့။ ငါ့မှာအစီအစဉ်ရှိပြီးသားပါ။ တကယ်လို့ ငါတို့မအောင်မြင်ရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူး။ လူတိုင်းက မတော်တဆမှုလို့ပဲ ထင်လိမ့်မယ်" ဟု ဟာရာဒါ ဟိုနီချီက ပြန်ပြောသည်။

ဟာရာဒါ ဟိုနီချီပြောတာကို ကြားလိုက်တာနဲ့ သူ့တပည့်ဟာ ဘာမှဆက်မပြောတော့ပေ။

ကြေးဂီတခေါင်းလောင်းတွေနဲ့ကူညီဖို့ သန်မာတဲ့လူတွေအများကြီး လွှတ်လိုက်တာဖြစ်၍ ရွှေ့ရတာကို လျင်မြန်စွာပြီးမြောက်ကာ ချက်ချင်းပြန်သွားလေသည်။

ကုနင်းဟာ ကားမမောင်းတော့ပဲ ချန်တရုန်ရဲ့ကားနဲ့ လိုက်သောကြောင့် ချိုက်ဝမ်ဟုန်ကလည်း သူ့ကားနဲ့ပဲလိုက်လေသည်။ ကျီပိုင်ယင်းနဲ့အခြားသူတွေကိုတော့ ရှုကျင်းချန်ကားနဲ့မောင်းပို့လေသည်။

ပြတိုက်ကိုသွားတဲ့လမ်းတွင် ပြတိုက်ကုန်တင်ကားဟာ ခလယ်မှာနေကာ ရှုကျင်းချန်က ရှေ့မှာဦးဆောင်လျက် ကုနင်းရဲ့ ကားကနောက်မှာလိုက်လေသည်။

ဟာရာဒါ ဟိုနီချီဟာ သူတို့နောက်မှ ဆက်လိုက်နေတာဖြစ်၍ ကုနင်းဟာ သူတို့လမ်းမပေါ်မှာတင် အကွက်ရွှေ့မှာ စိုးရိမ်နေလေသည်။ သူမဟာ ရှုကျင်းချန်နဲ့ အခြားသူတို့အား မထွက်ခွာခင် အထူးသတိပေးထားလေသည်။

ကုနင်းက ဟာရာဒါ ဟိုနီချီက သူတို့နောက်မှာလိုက်နေတာကို တိုက်ရိုက်မပြောလိုက်ပေ။ ဟာရာဒါ ဟိုနီချီ သူတို့နောက်မှ နောက်ယောင်ခံမလိုက်တောင် သူတို့အနေနဲ့ အဆိုးဆုံးကို မျှော်လင့်ထားကာ ပြင်ဆင်ထား‌သင့်လေသည်။

ကုနင်းဟာ ကားပေါ်မှာထိုင်နေရင်း စဉ်းစားချင့်ချိန်နေလေသည်။ တကယ်လို့ ဟာရာဒါ ဟိုနီချီသာ သူတို့ကိုတိုက်ခိုက်မယ်ဆိုရင် ဘယ်နားမှာဖြစ်လောက်မလဲ။

အချို့လူတွေဟာ လူနည်းတဲ့နေရာတွေမှာ တိုက်ခိုက်တတ်ကြပေမဲ့ တချို့တွေကတော့ လူရှုပ်တဲ့နေရာမှာ တိုက်ခိုက်တတ်ကြလေသည်။

တကယ်လို့ ဟာရာဒါ ဟိုနီချီသာ လူနည်းတဲ့နေရာမှာ တိုက်ခိုက်မယ်ဆိုရင် ကုနင်းရဲ့ စိတ်ထဲ နေရာအချို့တွေးမိလေသည်။

တောင်ခရိုင်နဲ့ အရှေ့ခရိုင်ဟာ အနည်းငယ်ဝေးကွာကာ လမ်းမဘေးပတ်ပတ်လည်မှာ တောရိုင်းတွေနဲ့ ကာနေတဲ့လမ်းအချို့ရှိလေသည်။ ကားမောင်းသွားနေချိန်တွင် အခြားလူတစ်ယောက်မှ မတွေ့ရပေ။

တကယ်လို့ ဟာရာဒါ ဟိုနီချီသာ လူရှုပ်တဲ့နေရာမှာ တိုက်ခိုက်ချင်တယ်ဆိုရင် သူတိုက်နိုင်တဲ့နေရာတွေ အများကြီးရှိလေသည်။ တကယ်လို့ သူတိုက်ခိုက်ချင်ရင် သူ့အနေနဲ့ သူတို့လမ်းပေါ်မှာရှိချိန် ဆင်ခြေဖုံးရပ်ကွက်မှာ ဖြစ်လောက်မည်ဟု ကုနင်း ထင်သည်။ ကြေးဂီတခေါင်းလောင်းတွေကို ခိုးပြီး ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်ကာ ထွက်ပြေးသွားဖို့ လွယ်ကူလေသည်။

သူတို့ဟာ မိုင်၁၀၀အကွာက တံတားကို ဖြတ်ဖို့ကြိုးစားချိန်တွင် ကုနင်းရဲ့ ခန့်မှန်းချက်တွေဟာ မှန်ကန်သွားလေသည်။ သူမဟာ ကုန်တင်ကားကို ရုတ်တရက်ဝင်တိုက်လိုက်တဲ့ ထရပ်ကားအကြီးကြီးတစ်စင်းရဲ့ ပုံရိပ်ကို ကြိုမြင်လိုက်သည်။ ကုန်တင်ကားဟာ တံတားပေါ်မှ ပြုတ်ကျကာ ရေထဲကျသွားလေသည်။ ကြိုမြင်မှုဟာ ရပ်သွားလေသည်။

တံတားပေါ်မှ ရေထဲကိုပြုတ်ကျသွားတဲ့ ကုန်တင်ကားဟာ ပြတိုက်ရဲ့ ကုန်တင်ကားဖြစ်နေလေသည်။ သူတို့ကို ဖြတ်တိုက်မဲ့ တရားခံဟာ သူတို့နောက်မှ ‌ရှိနေလေသည်။

"ပြတိုက်မှူးချိုက်၊ ရှင့်လူတွေကို ခေါ်လိုက်ပြီး ကားကိုအခုချက်ချင်းရပ်ဖို့ ပြောလိုက်"ဟု ကုနင်းက တည်ကြည်စွာ ပြောလိုက်လေသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၆၀ နည်းနည်းတော့ လန့်သွားစေတယ်

"ဘာဖြစ်လို့လဲ"ဟု ချိုက်ဝမ်ဟုန်ဟာ ကုနင်းပြောတာကို ကြားတဲ့အခါမေးလိုက်လေသည်။ သူမ ဘာလို့သူတို့ကို ရုတ်တရက်ကြီး ကားရပ်ခိုင်းနေတာလဲ။ ဒီနေရာမှာ ကားရပ်လိုက်ဖို့ လုံးဝမဖြစ်နိုင်ပေ။

"မမေးနဲ့။ ရပ်သာရပ်လိုက်"ဟု ကုနင်း ဟာမြန်မြန်ပဲပြောလိုက်သည်။ သူမအနေနဲ့ ရှင်းပြဖို့ အချိန်မရှိပေ။

"အိုကေ"ဟု ချိုက်ဝမ်ဟုန်ဟာ သူမသေချာပြောနေတာကို သဘောပေါက်သွားတဲ့အခါ ဆက်မမေးတော့ပေ။ သူဟာ ချက်ချင်းပဲ သူ့ဖုန်းကိုထုတ်၍ ရှေ့က ကားမောင်းနေတဲ့လူကို ဖုန်းဆက်လိုက်လေသည်။

နောက်မှာရှိတဲ့ ထရပ်ကားအကြီးကြီးဟာ ချိုက်ဝမ်ဟုန် သူ့လူကိုဖုန်းခေါ်နေချိန်မှာ အရှိန်မြင့်လာပြီး နီးကပ်လာလေသည်။

ကုနင်းဟာ အနည်းငယ်မျက်မှောင်ကြုံ့ကာ စိတ်ရှုပ်သွားပြီး စိုးရိမ်လာလေသည်။ သူမအနေနဲ့ သူတို့အန္တရာယ်ထဲရောက်သွားနိုင်၍ ချန်တရုန်ကို ထရပ်ကားအား ပိတ်တားခိုင်းလိုက်လို့လဲမရပေ။ သူတို့ကို ကယ်ဖို့သူမဟာ ဘေးမှာရှိသော်လည်း သူမအနေနဲ့ ရှောင်လွယ်ချင်လေသည်။

ချိုက်ဝမ်ဟုန်ဟာ ကုန်တင်ကားအား ကုနင်းကဘာလို့ ရုတ်တရက် ရပ်ခိုင်းမှန်းမသိပေ။ သို့သော်လည်း သူမမှာ ကောင်းမွန်တဲ့ အကြောင်းပြချက်ရှိမယ်လို့ သူကယုံကြည်တာကြောင့် သူ့အနေနဲ့ ဒီကီစ္စကို သေချာအရေးတယူလုပ်ရပေမည်။

ဖုန်းဟာမအားသောကြောင့် ချိုက်ဝမ်ဟုန်ဟာ ဖုန်းချကာ အခြားတစ်ယောက်ကို ထပ်ခေါ်လေသည်။ ဒီအချိန်မှာတော့ တစ်ယောက်ယောက်က ဖုန်းဖြေလေသည်။

ချိုက်ဝမ်ဟုန်ဟာ သူတို့ကို ကားကို ချက်ချင်းရပ်လိုက်ဖို့ပြောလေသည်။ သူ့ဝန်ထမ်းတွေကို ဘာလို့လဲမေးပေမဲ့လည်း ချိုက်ဝမ်ဟုန်ဟာ သူတို့ကို အကြောင်းပြချက်မပေးနိုင်ပေ။ တကယ်လို့ သူ့အနေနဲ့ သိရင်တောင် သူတို့ကို ရှင်းပြဖို့အချိန်မရှိပေ။ သူဟာ သူတို့ကို ချက်ချင်းကားရပ်လိုက်ဖို့ အမိန့်ပေးလိုက်လေသည်။ ထို့ကြောင့် ဖုန်းဖြေတဲ့လူဟာ ကားမောင်းနေတဲ့လူကို ချက်ချင်းကားရပ်လိုက်ဖို့ပြောလိုက်လေရာ ကားမောင်းတဲ့လူဟာလည်း ပြောတဲ့အတိုင်းလုပ်လိုက်လေသည်။ ကုနင်းဟာလည်း ချန်တရုန်ကို ကားရပ်ဖို့ ပြောလိုက်လေသည်။

ကားတွေအားလုံးရပ်လိုက်တာနဲ့ တပြိုင်နက် ထရပ်ကားအကြီးကြီးဟာ သူတို့ဘေးက ဖြတ်မောင်းသွားကာ ကုန်တင်ကားရဲ့အရှေ့ကို ဦးတည်ပြီး ‌အရှိန်နဲ့မောင်းသွားကာ ဘေးလက်ရမ်းဆီတန်းရောက်သွားကာ မှောက်သွားလေသည်။

လူတိုင်းဟာ အံဩစွာကြည့်နေကြသည်။ အထူးသဖြင့် ပြတိုက်ကုန်တင်ကားထဲရှိ လူတွေဖြစ်သည်။

သူတို့ဟာ ဘာလို့ ပြတိုက်မှူးချိုက်က ကားရပ်ခိုင်းလဲဆိုတာ သဘောပေါက်သွားလေသည်။ တကယ်လို့ သူတို့သာ စက္ကန့်လောက် နောက်ကျသွားရင် ထရပ်ကားကြီးဟာ သူတို့ကို တိုက်မိကာ သူတို့အနေနဲ့ တံတားပေါ်မှာ ပြုတ်ကျသွားမှာဖြစ်သည်။

တကယ်လို့ သူတို့သာ ဘရိတ်ကိုအချိန်မှီမနင်းလိုက်မိရင် ထရပ်ကားကြီးဟာ သူတို့ကိုတံတားပေါ်မှ လွင့်ထွက်သွားအောင် တိုက်လိုက်မှာဖြစ်သည်။ ထရပ်ကားကြီးဟာ သူတို့ကို ဝင်တိုက်ဖို့ချိန်ထားတာ သေချာလေသည်။

ကုန်တင်ကားကို တံတားပေါ်မှ ပြုတ်ကျအောင် ဝင်တိုက်ဖို့ရာ အားအများကြီးလိုတာကြောင့် ထရပ်ကားကြီးဟာ အရှိန်ဆက်တိုက်တင်လာနေတာဖြစ်သည်။ သို့သော်လည်း ပြတိုက်ကုန်တင်ကားဟာ ရုတ်တရက် ရပ်သွားလေသည်။ ထရပ်ကားကြီးရဲ့ ကားမောင်းသူဟာ ဘရိတ်ကိုနင်းချင်တဲ့အခါတွင်တော့ နောက်ကျသွားပြီဖြစ်ကာ တံတားပေါ်မှ ပြုတ်ကျသွားပြီဖြစ်သည်။

တံတားဟာ အရမ်းမမြင့်ကာ ၃မီတာမှ ၄မီတာသာမြင့်သော်လည်း ခေါင်းထိုးကျတာဟာ အရမ်းအန္တရာယ်များလေသည်။

ဟာရာဒါ ဟိုနီချီဟာ သူတို့နောက်မှ ကားနဲ့ဆက်လိုက်နေလေသည်။ သူဟာ အခုလိုဖြစ်ဖို့ မမျှော်လင့်ထားရာ အံ့ဩသွားသလို ဒေါသလဲထွက်သွားလေသည်။

"သေစမ်း"ဟု ဟာရာဒါ ဟိုနီချီက ကျိန်ဆဲလေသည်။

"ဆရာ၊ အဲ့တာက..."ဟု ဟာရာဒါ ဟိုနီချီရဲ့ တပည့်ဟာ ဟာရာဒါ ဟိုနီချီက ထိုအရာကိုကြံစည်ထားမှန်း သဘောပေါက်သွားလေသည်။ ဟာရာဒါ ဟိုနီချီဟာ ဘာမှမပြောပေမဲ့လည်း သူဟာ တိတ်ဆိတ်စွာ ဝန်ခံနေတာဖြစ်သည်။

ကုနင်းကလည်း သူ့ရဲ့ဖြစ်ပျက်သွားမှုအား မြင်လေသည်။

"မ-မစ္စကု၊ တစ်ခုခုမှားနေမှန်း သတိထားမိလိုက်တာလား"ဟု ချိုက်ဝမ်ဟုန်က ကြောက်၍တုန်နေဆဲဖြစ်ကာ အသံကတုန်ကရင်ဖြင့် မေးလေသည်။

ချိုက်ဝမ်ဟုန်ဟာ မေးနေပေမဲ့လည်း ကုနင်းက တစ်ခုခုမူမမှန်တာ သတိထားမိလိုက်ကြောင်း သူကသေချာလေသည်။ မဟုတ်လျင် သူမအနေနဲ့ သူကို ရုတ်တရက်ကြီး ကုန်တင်ကားကို ရပ်ခိုင်းမှာမဟုတ်ပေ။

"အမ်! ကျွန်မတို့နောက်ကို ကားတစ်စီးလိုက်နေတာ သတိထားမိနေတာ ကြာပြီ။ ကျွန်မတို့နဲ့ အနည်းငယ်ကွာမောင်းပြီး ကျွန်မတို့နဲ့ အရှိန်အတူတူမောင်းပြီးနောက်က လိုက်နေတာ။ ပြီးတော့ ကျွန်မ အခုလိုအခြေအနေမျိုးကြုံပြီးတယ်။ ကျွန်မတို့ ဒီနေ့ပဲ ကြေးဂီတခေါင်းလောင်းတွေ လေလံတင်ပြီးခါစဆိုတော့ တစ်ခုခုဖြစ်မယ်လို့ ခံစားမိလို့။ ကြေးဂီတခေါင်းလောင်းတွေရဖို့ တစ်ယောက်ယောက်က ကြိုးစားမယ်လို့တွေးမိလို့ ကျွန်မအနေနဲ့ ကားရပ်လိုက်တာ အန္တရာယ်ကင်းတယ်လို့ ခံစားမိလို့"ဟု ကုနင်းကပြောသည်။

"တော်သေးတာပေါ့..."ဟု ချန်တရုန်ဟာ အရမ်းကြောက်လန့်သွားကာ တုန်ရင်နေလေသည်။ တကယ်လို့ သူကားဆက်မောင်းရမယ်ဆို သူ့အနေနဲ့ ကားစတီယာရင်ကို သေချာကိုင်‌နိုင်ပါ့မလားတောင် မသေချာတော့ပေ။

ရှုကျင်းချန်ဟာလည်း သူ့ကားကိုရပ်လိုက်လေသည်။ သူလည်း အနည်းငယ်ကြောက်လန့်သွားလေသည်။ သူတို့ကို ကုနင်းက သတိထားဖို့ သတိပေးထားသောကြောင့် သူတို့က ဂရုတစိုက်နေလေသည်။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် မတော်တဆသေးသေးလေးဟာ ဖြစ်သွားသေးသည်။ ကံကောင်းစွာနဲ့ပဲ သူတို့ဘာမှမဖြစ်သွားပေ။

သူတို့ဟာ ပြတိုက်ကို ကြေးဂီတခေါင်းလောင်းတွေ လိုက်ပို့ရာမှာ အရမ်းသတိထားနေသောကြောင့် ဒီအရာဟာ မတော်တဆမဟုတ်မှန်း သေချာလေသည်။ ဒီအရာကို သူတို့အပေါ်ကြိုတင်စီစဉ်ထားတဲ့ တိုက်ခိုက်မှုဖြစ်သည်။

လူတိုင်းဟာ ဘာမှမဖြစ်ဘဲ လွတ်သွားပေမဲ့လည်း ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ကားထဲမှထွက်ကာ မန်တနဲ့ နန်တို့ကို ကားထဲထားခဲ့ကာ ကုနင်းဆီ ပြေးသွားကြလေသည်။

ကားတွေအများကြီးဟာ ရပ်လိုက်ကြလေသည်။ အချို့လူတွေဟာ ၉၁၁ကိုခေါ်ကာ အချို့လူတွေကတော့ ထရပ်ကားကြီးထဲက လူတွေကို ကယ်ဖို့ကြိုးစားကြလေသည်။

မတော်တဆမှုအကြီးကြီးဖြစ်၍ ကုနင်းနဲ့ အခြားသူတို့ဟာ ချက်ချင်းထွက်သွားလို့ မရပေ။ ကုနင်းဟာ ချန်တရုန်နဲ့ ချိုက်ဝမ်ဟုန်တို့ကို ကားထဲမှာနေဖို့ ပြောကာ သူမကတော့ ကားပေါ်မှထွက်ကာ တံတားလက်ရမ်းဆီလမ်းလျှောက်သွားလေသည်။ သို့သော်လည်း ကုနင်းမှာ ကူညီပေးဖို့ စိတ်ကူးမရှိပေ။ တကယ်လို့ သူမအနေနဲ့ သူတို့ကို ကယ်နိုင်တဲ့အရည်အချင်းရှိတောင် သူတို့ကိုတိုက်ခိုက်ချင်တာဖြစ်၍ သူတို့အနေနဲ့ သေဖို့ထိုက်တန်လေသည်။

"တော်တော်ကြောက်ဖို့ကောင်းတာပဲ။ ထရပ်ကားကြီးက ကုန်တင်ကားကို ဖြတ်တိုက်မိတော့မလို့"ဟု ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ ကုနင်းဆီ လျှောက်လာရင်း ပြောလေသည်။

"အမ်း!"ဟု ကုနင်းကပြန်ဖြေသည်။ သူမကလဲ သူတို့လွတ်သွားတာ ကံကောင်းတယ်လို့ ထင်လေသည်။ ပြတိုက်ကုန်တင်ကားဟာ တံတားပေါ်က ပြုတ်ကျသွားဖို့ အနည်းငယ်သာလိုတာဖြစ်သည်။

"သူတို့ ဘရိတ်ကို အချိန်ကိုက် ဘယ်လိုများအုပ်လိုက်တာ‌လဲ ငါသိချင်လိုက်တာ"ဟု ကျီပိုင်ယင်းကမေးလေသည်။

"ထရပ်ကားကြီးက တစ်ခုခုမှားနေမှန်း ငါသတိထားမိလို့ ပြတိုက်မှူးချိုက်ကို ကားမောင်းတဲ့လူကို ဖုန်းဆက်ပြီး ကားရပ်ခိုင်းဖို့ ငါပြောလိုက်တာ။ သူတို့ကားရပ်လိုက်တာနဲ့ ထရပ်ကားကြီး အရှိန်တင်ပြီး သူတို့ရှေ့က ဖြတ်သွားတာက လုံးဝကံကောင်းတာပဲ"ဟု ကုနင်းကပြောသည်။

လူတိုင်းဟာ ပြတိုက်ကုန်တင်ကား ရုတ်တရက်ဘာလို့ ရပ်သွားတာလဲဆိုတာ သဘောပေါက်သွားလေသည်။

ကုနင်းတို့အဖွဲ့သာ ဒီကိစ္စဟာ မတော်တဆမှု မဟုတ်ဘူးဆိုတာ သိလေသည်။ လူတိုင်းဟာ ထရပ်ကားကြီးဟာ ထိန်းချုပ်မှု လွတ်သွားတဲ့ မတော်တဆမှုလို့သာ ထင်လေသည်။ သူတို့ဟာ ပြတိုက်ကုန်တင်ကားဟာ အချိန်ကိုက် ရပ်လိုက်ပြီး ဘာမှမဖြစ်ဘဲ လွတ်သွားတာဟာ ကံကောင်းသွားတယ်လို့သာထင်ကြသည်။

ကုနင်းဟာ ဒီကိစ္စက ကြိုတင်စီစဉ်ထားတာမှန်း လူတွေကို မသိစေချင်သောကြောင့် ထရပ်ကားမောင်းသူကို တရားမစွဲချင်ပေ။ သို့သော်လည်း သူမဟာ ဟာရာဒါ ဟိုနီချီအပေါ်မှာတော့ သေချာပေါက် လက်တုန့်ပြန်မှာဖြစ်သည်။

ထရပ်ကားကြီးရဲ့ ကားမောင်းသူဟာ ထိခိုက်သွားသော်လည်း အရမ်းကြီးကြီးမားမားမဟုတ်ပေ။ သူဟာ ထရပ်ကားကို မြန်မြန်စွန့်ကာ ထွက်ပြေးနိုင်လိုက်ပြီး ကမ်းခြေကိုရေကူးလာနိုင်လိုက်လေသည်။

မြစ်ဟာ အရမ်းမနက်သော်လည်း ကားတစ်စင်းလုံး မြုတ်သွားလောက်အောင်တော့ နက်လေသည်။

ကားမောင်းသမားဟာ မြစ်မှတက်လာပြီး ပြတိုက်ကုန်တင်ကားအကောင်းအတိုင်းရှိနေတာကို မြင်တဲ့အခါ စိုးရိမ်လာလေသည်။ သို့သော်လည်း သူဟာ သူကိုယ်သူ တည်ငြိမ်အောင်လုပ်ကာ မတော်တဆဖြစ်သွားသည့်ဟန် ဟန်ဆောင်လေသည်။ သူ့ရဲ့ တာဝန်ကျရှုံးသွားပေမဲ့လည်း သူဟာ အသက်ရှင်နေတဲ့အတွက် ကံကောင်းတယ်လို့ခံစားမိလေသည်။ သို့သော်လည်း သူဟာ နားမလည်ပေ။

ပြတိုက်ကုန်တင်ကား ဘယ်အချိန်ရပ်ရမယ်မှန်း ဘယ်လိုသိသွားတာလဲ။ သူဟာ သိချင်နေပေမဲ့လည်း ပြတိုက်ကုန်တင်ကားမောင်းတဲ့သူကို မောင်းလို့မရပေ။ သူမေးလိုက်တာနဲ့တပြိုင်နက် သူဟာပေါ်သွားမှာဖြစ်သည်။

ကားမောင်းသမား မြစ်ထဲကတက်လာပြီးတဲ့အခါ လူတွေအများကြီးဟာ သူ့ကိုစစ်ဆေးဖို့ သွားကြကာ လူနာတင်ယာဉ်ခေါ်ကျလေသည်။

ကားမောင်းသမားဟာ သူ့တာဝန်ကိုမကျေပြွန်သည်အတွက် ဟာရာဒါဟိုနီချီဟာ ဒေါသထွက်နေပေမဲ့လည်း သူ့ရဲ့မျက်နှာကို ပြဖို့အချိန်ကောင်းမဟုတ်သေးပေ။ သူ့အနေနဲ့ ဖြစ်ပျက်သမျှကို ရပ်ကြည့်ရုံသာလုပ်နိုင်လေသည်။ သို့သော်လည်း သူ့အနေနဲ့ ကားမောင်းသမားက သူ့ကိုဖော်ထုတ်မှာကို မကြောက်ပေ။

ကုနင်းနဲ့ အခြားသူတွေကလည်း ဘာမှမပြောဘဲ ဘေးမှာဘဲ ရပ်ကြည့်နေကြလေသည်။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၆၁ အောင်မြင်စွာပြီးဆုံး

ရဲတွေဟာ အမှုဖြစ်တဲ့နေရာကို မကြာခင်မှာပဲရောက်လာကာ ဘာတွေဖြစ်သွားလဲမေးမြန်းလေသည်။ မတော်တဆဖြစ်မှန်း သူတို့သိသွားတဲ့အခါ သူတို့ဟာ ကုနင်းနဲ့အခြားသူတွေအပါအဝင် လူတွေကို ထွက်သွားစေသည်။

ချန်တရုန်ဟာ မတော်တဆမှုကြောင့် ကြောက်လန့်သွား၍ ကားမမောင်းနိုင်တော့သောကြောင့် ကုနင်းက ဝင်မောင်းလေသည်။

ပြတိုက်ကုန်တင်ကားကိုတော့ မန်တကဝင်မောင်းလိုက်သည်။ မန်တဟာလည်း အရမ်းလန့်သွားသော်လည်း သူဟာ ရင့်ကျင်တဲ့ယောင်္ကျားတစ်ယောက်ဖြစ်တာမလို့ ကိုယ့်ကိုကိုယ်ချက်ချင်း တည်ငြိမ်အောင် ထိန်းချုပ်လိုက်လေသည်။

ဟာရာဒါဟိုနီချီရဲ့ အစီအစဉ်ဟာ အခုကျရှုံးသွားပြီဖြစ်၍ သူဟာ သူတို့ကို ဆက်မတိုက်ခိုက်တော့ပေ။ သူဟာ အရံအစီအစဉ်မပြင်ထား၍ သူ့ပစ်မှတ်ကားမောင်းထွက်သွားတာကိုသာ ကြည့်နေနိုင်လေသည်။

....

ကျန်တဲ့ခရီးတဲ့တစ်လျောက်လုံး ဘာမှမဖြစ်တော့ကာ သူတို့ဟာ နန်းတော်ပြတိုက်ဟာ အကောင်းပတိရောက်လေသည်။

ကြေးဂီတခေါင်းလောင်းတွေ ပြတိုက်ကိုရောက်တဲ့အခါတွင် ရှေးဟောင်းပစ္စည်းပညာရှင်‌တွေ အားလုံးဟာ လာရောက်လေ့လာကြလေသည်။

ကြေးဂီတခေါင်းလောင်းတွေကို ဂိုထောင်ထဲသိမ်းပြီးနောက် ချိုက်ဝမ်ဟုန် ဟာ ကုနင်းအား ငွေလွှဲပေးလေသည်။ ကုနင်းနဲ့ အခြားသူတွေဟာ အကုန်လုံးဖြေရှင်းပြီးနောက် ကျီပိုင်ယင်းကို ခေါ်ကာ ထွက်လာလေသည်။

သခင်ကြီးရှုဟာ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သခင်ကြီးရှုရဲ့ ချွေးမနှစ်ယောက်လုံးဟာ သူ့မြေးအကြောင်း ဧည့်ခန်းထဲမှာ ပြောနေတာဖြစ်သည်။

"ဟင်း! ငါဒီနေ့ ဖန်းလင်နဲ့ သူ့သမီးနဲ့ကို အလှပြင်တဲ့ဆီမှာ ဒီနေ့တွေ့ခဲ့တယ်။ သူတို့ ငါ့ကို ကျင်းချန်အကြောင်းမေးကြတယ်။ သူက ကျီးဇီကျင်းကို မကြိုက်ပေမဲ့လည်း ငါ့အနေနဲ့ သူတို့ကို မပြောပြနိုင်ခဲ့ဘူး။ ငါက သူအရမ်းအလုပ်များနေပြီး အိမ်ကိုတောင် ပြန်မလာနိုင်ဘူးလို့ပဲ ပြောလိုက်ရတာမလို့ ငါ့အနေနဲ့ ကျီးဇီကျင်းနဲ့သူနဲ့ကို အောင်သွယ်ပေးဖို့ မပြောလိုက်ရဘူး။ ငါတကယ်နားမလည်ဘူး။ ကျီးဇီကျင်းက ဘာဖြစ်နေလို့လဲ။ သူမ,မိသားစုနောက်ခံကာလွဲရင် သူမက သူနဲ့အကုန်လိုက်ဖက်နေတာကို။ ပြီးတော့ သူမက ငါ့သူငယ်ချင်းရဲ့သမီးလဲဖြစ်နေတော့ ငါ့အနေနဲ့ သူမအကြောင်းလဲသိတယ်လေ"ဟု မစ္စစ်ရှုကပြောသည်။

ထိုအကြောင်းကို တွေးလိုက်တာနဲ့တင် မစ္စစ်ရှုက စိတ်တိုသွားလေသည်။

"ငါ့အနေနဲ့ ဝင်ပြောလို့ မသင့်တော်ပေမဲ့လည်း သူက အဲ့ကောင်မလေးအပေါ်မှာ သဘောမကျတာမလို့ တကယ်လို့နင်သာ သူတို့ကိုဖိအားပေးရင် သူ့အနေနဲ့ စိတ်ရှုပ်မှာပဲရှိမှာ။ နင်တို့ ဒီကိစ္စနဲ့ပတ်သတ်ပြီး စကားများရန်ဖြစ်တာတောင် ဖြစ်လာနိုင်တယ်"ဟု သူမရဲ့ ယောင်းမကပြောလေသည်။ ရှုကျင်းချန်ရဲ့အမေဟာ သူ့အချစ်ရေးကို စိုးရိမ်နေသော်လည်း သူ့ကို ကျီးဇီကျင်းနဲ့ တွဲဖို့ဖိအားပေးတာဟာ မှားယွင်းလေသည်။

"ငါသိတယ်။ ဒါပေမယ့် သူကလဲမငယ်တော့ဘူးလေ။ သူဂရုစိုက်တာက သူ့အလုပ်ချည်းပဲ။ သူဘယ်တော့များမှ လက်ထပ်ပါ့မလဲ"ဟု မစ္စစ်ရှုကပြောသည်။ သူမသားဟာ တဘဝလုံး တစ်ယောက်တည်းဖြစ်၍ သူမအနေနဲ့ စိုးရိမ်မိလေသည်။

"ကျင်းချန်က သူ့အလုပ်ကိုပဲဂရုစိုက်တယ်လို့ ဘယ်သူပြောတာလဲ"ဟု သခင်ကြီးရှုဟာ ဧည့်ခန်းထဲကို ဝင်ဝင်လာချင်း သူမတို့စကားပြောနေတာ ကြားသွားကာ "အခုကစပြီး ကျင်းချန်ကို အောင်သွယ်ပေးဖို့လုပ်နေတာတွေ ရပ်လိုက်တော့။ သူက သူကြိုက်နေတဲ့ ကောင်မလေးရှာတွေ့သွားပြီး သူမကို ပိုးပန်းတာနဲ့တင် အလုပ်ရှုပ်နေတာ။ တကယ်လို့ နင်သာ သူနဲ့ လက်ထပ်ဖို့လူတွေ့ဖို့ စီစဉ်နေရင် ကောင်မလေးက ကျင်းချန်ကို စိတ်ဆိုးသွားလိမ့်မယ်။ ဒီကိစ္စနဲ့ သူကြိုက်နေတဲ့ ကောင်မလေးကို ဆုံးရှုံးသွားမှာ ငါမလိုချင်ဘူး"ဟု ပြောလေသည်။

မစ္စစ်ရှုက ဆိုဖာခုံပေါ်မှ အံ့အားသင့်စွာထရပ်လိုက်ပြီး သခင်ကြီးရှုအား စိတ်လှုပ်ရှားစွာ ကြည့်လျက် "ဟမ်။ ကျင်းချန်က ကောင်မလေးတစ်ယောက်ကို ပိုးနေတာလား"ဟုမေးလေသည်။

"ဟုတ်ပ။ ငါသူတို့နဲ့ ဒီနေ့တိုးခဲ့တယ်"ဟု သခင်ကြီးရှုကပြောသည်။ သူဟာ ကျီပိုင်ယင်းကို တွေးမိတာနဲ့တင် ပြုံးမိလေသည်။

"တကယ်လား။ သူမက ဘယ်လိုနေလဲ။ အဲ့ကောင်စုတ်လေးတော့။ သူဘာလို့ငါ့ကိုမပြောတာလဲ။ တကယ်လို့ သူသာပြောထားရင် ကျွန်မအနေနဲ့ သူနဲ့တခြားကောင်မလေးတွေနဲ့ တွေ့ပေးဖို့ ကြိုးစားစရာတောင်မလိုဘူး"ဟု မစ္စစ်ရှုဟာ ရှုကျင်းချန်အကြောင်း သိချင်ဇောနဲ့မေးလေသည်။

သခင်ကြီးရှုက ဆိုဖာခုံဖော်ထိုင်၍ "သူမက အသက်၂၀အရွယ်လောက်ပဲ။ သူမက အရမ်းလှပပြီး ကြော့ရှင်းတဲ့အရှိန်အဝါလဲရှိတယ်။ သူမ‌ဘယ်မိသားစုက လာလဲငါမသိပေမဲ့လည်း သူမပုံစံကြည့်တာနဲ့တင် သာမာန်မိသားစုက မဟုတ်ဘူး‌ဆိုတာတော့ ငါပြောနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူတို့သာ ချစ်နေသ၍ သူမရဲ့မိသားစုနောက်ခံက ဘယ်လိုပဲဖြစ်နေနေ ငါတို့ဂရုမစိုက်ဘူး"ဟု ပြောလေသည်။

"ကျွန်မလဲ သူမက သင့်တင့်ပြီး ကောင်းမွန်တဲ့မိန်းကလေးဖြစ်သ၍ သူမမိသားစုအကြောင်း ဂရုမစိုက်ပါဘူး"ဟု မစ္စစ်ရှုကပြောသည်။

အရင်တုန်းက သူမဟာ မိသားစုအဆင့်အတန်းကို ဂရုစိုက်လေ့ရှိပေမဲ့လည်း အခုမဟုတ်တော့ပေ။ သို့သော်လည်း တကယ်လို့ ကောင်မလေးသာ ကောင်းမွန်တဲ့မိသားစုကလာရင် ပိုကောင်းသည်ဖြစ်သည်။

"တော်တော့။ ဒီကိစ္စကို ဆက်မရှုပ်နဲ့တော့။ နင့်သား အဲ့ကောင်မလေးကိုရဖို့ များတယ်လို့ ငါထင်တယ်"ဟု သခင်ကြီးရှု ကပြောသည်။

သခင်ကြီးရှု နဲ့စကားပြောပြီးနောက် မစ္စစ်ရှုဟာ သူ့မသားကို ချက်ချင်းဖုန်းခေါ်ကာ ကောင်မလေးအကြောင်းမေးလေသည်။

ရှုကျင်းချန်ဟာ သူ့အမေဖုန်းခေါ်တာကို တွေ့တဲ့အခါ ပြောစရာစကားမဲ့သွားလေသည်။ မစ္စစ်ရှုနဲ့ စကားမပြောဘဲနဲ့ပင် ကျီပိုင်ယင်းအကြောင်း သခင်ကြီးရှုက သူမကိုပြောပြလိုက်ကြောင်း သူသိလေသည်။ မဟုတ်လျင် သူမက ဖုန်းဆက်မှာမဟုတ်ပေ။

သူဟာ မစ္စစ်ရှုနဲ့ ဖုန်းမပြောချင်ပေမဲ့လည်း ဖုန်းကိုင်လိုက်လေသည်။ သူမဟာ သူ့အမေဖြစ်၍ဖြစ်သည်။

မစ္စစ်ရှုဟာ ရှုကျင်းချန်အား သူတို့ကို သခင်ကြီးရှုပြောတာကို ပြန်ပြောပြကာ ကောင်မလေးအကြောင်းမေးလေသည်။ သူမဟာ ကောင်မလေးက ဘယ်ကလဲဆိုတာနဲ့ သူမမိသားစုဘာအလုပ်လုပ်လဲဆိုတာ သိချင်နေတာဖြစ်သည်။ သူမဟာ ကောင်မလေးရဲ့မိသားစုနောက်ခံအကြောင်း ဂရုမစိုက်ပေမဲ့လည်း သူမဟာ ပိုပြီးသိချင်သေးလေသည်။

"ဘာတွေအများကြီးလျှောက်မေးနေတာလဲ။ ကျွန်တော်တို့က တွဲနေတာတောင်မဟုတ်သေးဘူး။ ကျွန်တော်အောင်မြင်တဲ့အခါ ပြောပြမယ်။ ဘာပဲဖြစ်ဖြစ် သူမက အမေရှာပေးတဲ့မိန်းကလေးတွေထက် အဆ၁၀၀၀သာတယ်"ဟု ရှုကျင်းချန်က စိတ်မရှည်စွာပြောလေသည်။ သူဟာ ကျီပိုင်ယင်းရဲ့ မိသားစုနောက်ခံကို မပြောပြပေမဲ့လည်း သူတို့ ကျီပိုင်ယင်းအား အထင်မသေးစေရန် သူမဟာ ဩဇာကြီးတဲ့မိသားစုကလာကြောင်း ‌တဖက်လှည့်နှင့်ပြောနေတာဖြစ်သည်။

ရှုမိသားစုအတွက် မိသားစုအဆင့်အတန်းဟာ အရေးမပါသော်လည်း သူဟာ သူတို့ကို ကျီပိုင်ယင်းအား လေးစားချင်လေသည်။

......

ကြေးဂီတခေါင်းလောင်းတွေ ဒေါ်လာ၈.၅ဘီလီရမ်ဖြင့် လေလံပွဲမှ ရောင်းချသွားကြောင်း အင်တာနက်ပေါ်တွင် သတင်းတွေ ပြန့်နေလေသည်။ လူတိုင်းဟာ ကုနင်းအပေါ် မနာလိုဖြစ်နေကြလေသည်။

လူတွေဟာ ကုနင်းက ကြေးဂီတခေါင်းလောင်းတွေကို တရားမဝင်နည်းနဲ့ ရလာတာလားလို့ သံသယဝင်ကာ သူမရဲ့စိတ်ဓာတ်ကို သံသယဝင်လေသည်။ သူတို့ဟာ ကုနင်းအား အုတ်ဂူတူးသူဟု သံသယဝင်နေတာဖြစ်သည်။ အုတ်ဂူတူးခြင်းနဲ့ ရိုးရာအမွေအနှစ်ရှေးဟောင်းပစ္စည်းတွေ ခိုးတာဟာ ဒီနိုင်ငံမှာ တရားမဝင်တာဖြစ်၍ လူတွေဟာ နိုင်ငံတော်ရိုးရာအမွှေအနှစ်ထိန်းသိမ်းရေး ဝန်ကြီးဌာနအား ထိုကိစ္စကို စုံစမ်းစစ်ဆေးရန်နှင့် ကုနင်းကိုလည်း အပြစ်ပေးရန် တောင်းဆိုကြလေသည်။

ကုနင်းရဲ့ အသဲစွဲပရိသတ်တွေကတော့ ကုနင်း ကြေးဂီတခေါင်းလောင်းတွေကို ဘယ်ကရလာလဲဂရုမစိုက်ပေ။ တကယ်လို့ သူမတကယ်လုပ်ခဲ့တောင် သူတို့က သူမကို အဲဒီအတွက်မုန်းမှာမဟုတ်ပေ။ ထို့အစား သူတို့ဟာ အုတ်ဂူတူးတာဟာ အရမ်းမိုက်တယ်လို့ ထင်ကြသည်။

ဉာဏ်‌ထက်တဲ့ လူအချို့ကတော့ နိုင်ငံတော်ရိုးရာအမွှေအနှစ်ထိန်းသိမ်းရေးဝန်ကြီးဌာနသာ ကုနင်းကိုစုံစမ်းချင်ရင် စုံစမ်းပြီးနေပြီလို့ခံစားရသည်။ ဘာလို့ သူတို့က သူမကို ကြေးဂီ‌တခေါင်းလောင်းတွေကို လေလံတင်ခွင့်ပေးမှာလဲ။ လူတွေအများကြီးဟာ သဘောတူကျ၍ သံသယဝင်မှုတွေဟာ အနည်းငယ် လျော့နည်းသွားလေသည်။

သို့ပေမဲ့လည်း လူတွေအများကြီးဟာ ကုနင်းရဲ့ လုပ်ရပ်ဟာ မေးခွန်းထုတ်စရာလို့ ထင်ကာ လူတွေအများစုဟာ အင်တာနက်ပေါ်တွင် ကုနင်းအား အပြစ်ပြောနေဆဲပင်ဖြစ်သည်။

ကုနင်းရဲ့ သူငယ်ချင်းအများစုဟာ ကြေးဂီတခေါင်းလောင်းတွေအကြောင်း ဖုန်းဆက်ကာ ဒါမှမဟုတ် စာတိုပို့ကာ သူမအား ဂုဏ်ပြုကျသလို့ အားပေးကြလေသည်။

သူတို့ဟာ ကုနင်းက ကြေးဂီတခေါင်းလောင်းတွေကို တရားမဝင်နည်းနဲ့ ရလာတယ်ဆိုတာ သိပေမဲ့လည်း သူတို့ဟာ သူမရဲ့ စိတ်ဓာတ်ကို သံသယမဝင်ပေ။ တကယ်လို့ ကုနင်းက အုတ်ဂူတူး၍ရလာတောင် နိုင်ငံတော်ရိုးရာအမွှေအနှစ်ထိန်းသိမ်းရေးဝန်ကြီးဌာန မဆန့်ကျင်သ၍ ဘာမှမဖြစ်ဘူးလို့တွေးကြသည်။

ကုနင်းက အင်တာနက်ပေါ်မှ အတင်းအဖျင်းများကို ဂရုမစိုက်သော်လည်း သူမကို ဂရုစိုက်တဲ့လူတွေက ထိုအရာကို ဒီတိုင်းလွှတ်‌ထားလိမ့်မည်မဟုတ်ပေ။

ချူးဖေ့ဟန်နဲ့ အခြားသူတွေဟာ ကုနင်းကို သူတို့ရဲ့ Group chatထဲ tagged တွဲ၍ သူမဘက်က ပြောပေးကြလေသည်။ သူတို့ဟာ ကြေးဂီတခေါင်းလောင်းတွေကို ကုနင်းက အုတ်ဂူတူးရာမှရလာတယ်လို့ ထင်ပေမဲ့လည်း သူတို့ဟာ သူမအား ဘာပဲဖြစ်ဖြစ် အားပေးမြဲဖြစ်သည်။

ကုနင်းဟာ သူတို့ကို အနည်းငယ်ချော့လိုက်ခါမှ သူတို့ဟာစိတ်တည်ငြိမ်သွားကျပြီး သူမဟာ ငွေတွေအများကြီးရထား၍ ကုနင်းက သူတို့ကို ညစာလိုက်ကျွေးသင့်ကြောင်း တောင်းဆိုကြလေသည်။

ကုနင်းကလည်း ချက်ချင်းသဘောတူလိုက်ပေမဲ့လည်း သူမအနေနဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်မှ သူတို့နဲ့တွေ့ဖို့ အားမှာဖြစ်‌သည်...။ လူတိုင်းဟာ တနင်္လာမှ သောကြာဖွင့်ရက်တွင် ကျောင်းတက်ရမှာ ဖြစ်၍ ဘယ်သူကမှ ညစာစားဖို့အတွက် ခွင့်ယူမှာမဟုတ်ချေ။ ဟုတ်တယ်မလား။

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၆၂ ခွေးလေးတစ်ကောင်ရယ်ပါ

အင်တာနက်ပေါ်က အကြောင်းတွေကိုကြားတဲ့အခါ သခင်ကြီးလင်ဟာ ကုနင်းရဲ့နာမည်ကို ကူ‌ဖြေရှင်းပေးဖို့ နိုင်ငံတော်ရိုးရာအမွှေအနှစ်ထိန်းသိမ်းရေးဝန်ကြီးဌာနအား အသိပေးခဲ့သည်။

ချိုက်ဝမ်ဟုန်ဟာ အစီအစဉ်လုပ်ပြီးနေပြီဖြစ်သည်။ ကြေးဂီတခေါင်းလောင်းတွေအား ပြတိုက်ကိုပထမဆုံး‌ရောင်းတဲ့အချိန်ကတည်းက ကုနင်းဟာ ဒီပြဿနာကို ညွှန်ပြပြီးဖြစ်၍ သူတို့အနေနဲ့ ဗျူဟာဆွဲပြီးဖြစ်သည်။

တကယ်လို့ ကုနင်းရဲ့နာမည်သာ မရှင်းလင်းရင် ကုနင်းနဲ့ နိုင်ငံတော်ရိုးရာအမွှေအနှစ်ထိန်းသိမ်းရေးဝန်ကြီးဌာနနှစ်ခုလုံး၏ နာမည်ကောင်းဟာ အစွန်းအထင်းဖြစ်လာနိုင်၍ဖြစ်သည်။

နိုင်ငံတော်ရိုးရာ‌အမွှေအနှစ်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေနဲ့ ပညာရှင်မဆန်ရာကြသလို ဒါမှမဟုတ် ကုနင်းနဲ့ ပူးပေါင်းတယ်ဆိုတယ် အပြစ်ရှိရာရောက်မှာဖြစ်သည်။

နေ့လည်ခင်းမှာတော့ နိုင်ငံတော်ရိုးရာအမွှေအနှစ်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ဝက်စ်ဆိုဒ်တွင် စာတစ်စောင်တက်လာလေသည်။

နိုင်ငံတော်ရိုးရာအမွှေအနှစ်ထိန်းသိမ်းရေးဝန်ကြီးဌာန: [ကျွန်တော်တို့အနေနဲ့ အင်တာနက်အပေါ်မှ ကုနင်းနဲ့ပတ်သတ်တဲ့ အတင်းအဖျင်းများဖြစ်တဲ့ ကြေးဂီတခေါင်းလောင်းတွေကို တရားမဝင်ရယူမှုနဲ့ ရိုးရာယဉ်ကျေးမှုအမွှေအနှစ်များခိုးယူမှုတို့အပေါ် ဖြေရှင်းချက်အချို့ပေးချင်ပါတယ်။ မစ္စကုဟာ ကြေးဂီတခေါင်းလောင်းတွေကို အုတ်ဂူဖောက်ပြီးမှ ရယူလာခြင်းမဟုတ်ပါဘူး။ ခေါင်းလောင်းတွေကို ဂူတစ်ခုအတွင်း ရှာဖွေတွေ့ရှိခဲ့တာပါ။ ထိုခေါင်းလောင်းတွေကို ရှာဖွေတွေ့တွေ့ချင်း သူမဟာ ကျွန်တော်တို့ကို အကြောင်းကြားခဲ့ပါတယ်။ လူတွေအများကြီးဟာ ကြေးဂီတခေါင်းလောင်းတွေကို ပစ်မှတ်ထားနေတဲ့အတွက် သူမအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားကာကွယ်ခဲ့ပါတယ်။ တကယ်လို့ မစ္စကုကြောင့်သာမဟုတ်ရင် ကြေးဂီတခေါင်းလောင်းတွေဟာ အခြားလူတစ်ယောက်ရဲ့လက်ထဲရောက်သွားနိုင်ပါတယ်။ ထို့နောက်မှာတော့ သူမကိုယ်တိုင် ခေါင်းလောင်းတွေကို မြို့တော်ထိ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့ဟာ ရှန်းယွင်ရှေးဟောင်းရိုးရာပစ္စည်းရောင်းဆိုင်အား လေလံတင်ခွင့်ပြုခဲ့ပြီး ရောင်းရငွေကို မစ္စကုနဲ့ ၅၀:၅၀ခွဲရန် ဆုံးဖြတ်ခဲ့တာပါ။ အမှန်တကယ်မှာတော့ ကြေးဂီတခေါင်းလောင်းတွေကို မစ္စကု တစ်ယောက်ထဲပိုင်တာမဟုတ်ပါဘူး။ ထို့ကြောင့် သူမဟာ အုတ်ဂူတူးချင်းနဲ့ နိုင်ငံတော်ရိုးရာအမွှေအနှစ်ပစ္စည်းများခိုးယူခြင်းမှ အပြစ်ကင်းစင်ပါတယ်။ ပြည်သူလူထူတွေအနေနဲ့ သူမကို ဒီအမှုတွေနဲ့ စွတ်စွဲခြင်းမှ ရပ်တန့်ပေးဖို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်ပါတယ်]

ထိုစကားတွေထွက်လာတာနဲ့တပြိုင်နက်တည်း ဘယ်သူကမှ ကုနင်းကို အုတ်ဂူတူးတယ်လို့ မစွတ်စွဲရဲတော့ပေ။ တကယ်လို့ သူတို့စွပ်စွဲခဲ့ရင်တောင် လူသိရှင်ကြား ပြောရဲတဲ့သူ အများကြီးမရှိပေ။

ထန်မိသားစုအနေနဲ့ ထိုပြဿနာ အကြောင်းကြားတဲ့အခါမှာတော့ ဖြေရှင်း‌ပြီးနေပြီဖြစ်သည်။ သို့သော်လည်း သူတို့ဟာ ကုနင်းကို ဖုန်းဆက်၍ သူတို့ရဲ့စိတ်ပူကြောင်းပြကာ ဘာတွေဖြစ်တာလဲဆိုပြီး အခြေအနေကို ဆက်မေးမြန်းလေသည်။

ကုနင်းဟာ သူတို့ကို သူမရဲ့အုတ်ဂူတူးချင်းအကြောင်းမသိစေချင်၍ နိုင်ငံတော်ရိုးရာအမွှေအနှစ်ထိန်းသိမ်းရေးဝန်ကြီးဌာနက သူတို့ရဲ့တရားဝင် ဝက်စ်ဆိုဒ်ပေါ်မှ ကြောညာချက်အတိုင်း ပြန်ပြောပြလိုက်လေသည်။ ထန်မိသားစုဟာ ကုနင်းကို လုံးဝယုံကြည်တဲ့အတွက် သူတို့ဟာ သူမပြောသမျှကို ယုံကြည်ကာ ဘာမှဆက်မမေးတော့ပေ။

....

ကုနင်းနဲ့ အခြားသူတွေဟာ သူမကျောင်းကို ပြန်မသွားခင် ညစာအတူစားကြလေသည်။ ကုနင်းဟာ သူမကကျောင်းသူပဲရှိသေးတယ်ဆိုတာကို မေ့တော့မလိုတောင်ဖြစ်သည်။

သူမကျောင်းကိုပြန်ရောက်တဲ့အခါမှာတော့ ညနေခင်းအတန်းချိန်ရောက်နေပြီဖြစ်၍ ကျောင်းဝန်းထဲတွင် ဘယ်သူမှ လမ်းလျှောက်သွားနေသူမရှိပေ။

တက္ကသိုလ်ကျောင်းဆောင်ဂိတ်ပေါက်ဝကို ကုနင်းရောက်တဲ့အခါမှာတော့ သူမဟာ အထဲကိုမဝင်ပေ။ ထို့အစား ရှုကျင်းချန် ကသူမကို ကားပေါ်မှချပေးခဲ့ပြီးတာနဲ့ သူမဟာ ကျောင်းဂိတ်ပေါက်ဝမှထွက်ကာ တက္ကစီငှား၍ တခြားနေရာသို့သွားလေသည်။

လေလံတင်ပွဲဟာ ပြီးဆုံးသွားသလို ဟာရာဒါဟိုနီချီဟာလည်း သူ့ရဲ့တာဝန်ကို မအောင်မြင်ခဲ့တဲ့အတွက် သူဟာ မနက်ဖြန်တွင် ဒီနိုင်ငံကထွက်ခွာသွားတော့မှာဖြစ်သည်။ သို့သော်လည်း ဟာရာဒါဟိုနီချီ လုပ်ခဲ့တဲ့အရာတွေအတွက် ကုနင်းအနေနဲ့ သူ့ကိုပညာပေးရမည်ဖြစ်သည်။

ဟာရာဒါဟိုနီချီဟာ သူ့ရဲ့လုပ်ရပ်တွေအတွက် သေဖို့သင့်သော်လည်း ကုနင်း အနေနဲ့ သူ့ကိုသတ်လို့မရပေ။ ဟာရာဒါဟိုနီချီဟာ ဒီနိုင်ငံကမဟုတ်၍ သူ့ကို ဒီနိုင်ငံမှာ သတ်လိုက်ရင် နိုင်ငံရေးပြဿနာတွေ အများကြီးဆီဦးတည်သွားနိုင်၍ဖြစ်သည်။

ကုနင်းအနေနဲ့ သူမရဲ့ပြဿနာတွေအတွက် သူမရဲ့မိခင်နိုင်ငံကို ပြဿနာတတ်အောင်မလုပ်နိုင်ပေ။ အစကတည်းက သူမဟာ ဟာရာဒါဟိုနီချီရဲ့ ပြစ်မှုတွေအတွက် သက်သေမရှိ၍ဖြစ်သည်။ တကယ်လို့သူမမှာသက်သေရှိခဲ့ရင်တောင် သူဟာ ဒီနိုင်ငံက ဥပဒေတွေ,တွေနဲ့ ထိန်းချုပ်ခြင်းခံထားရတာမဟုတ်၍ Rနိုင်ငံသံရုံးကိုသာပို့ခံရရုံရှိမည်ဖြစ်ကာ သူတို့ရဲ့တရားရုံးမှာသာ အပြစ်ပေးခံရမည်ဖြစ်သည်။ ထို့ကြောင့် ကုနင်း အနေနဲ့ သူ့ကို ရိုက်နှက်ရုံသာလုပ်နိုင်လေသည်။

ကုနင်းဟာ ဟာရာဒါဟိုနီချီ ခေတ္တနေထိုင်တဲ့ စံအိမ်ဆီသို့ တက္ကစီငှား၍သွားလေသည်။ သူခေတ္တနေ,နေတဲ့ စံအိမ်ကို ကျန်းချန်ထောင်ပိုင်တာဖြစ်သည်။

ကုနင်းဟာ သူ့ကို သူမကိုယ်တိုင် ပညာပြမှာမဟုတ်တဲ့အတွက် သူမဟာ သူမကိုယ်သူမ ရုပ်ဖျက်မနေတော့ပေ။ သူမဟာ ရုပ်မပြောင်းပဲ ရိုးရိုးရှင်းရှင်းပင် မျက်နှာဖုံးနဲ့ ဦးထုပ်သာဆောင်း၍ သွားလေသည်။

တကယ်လို့ ဟာရာဒါဟိုနီချီကို သူမကိုယ်တိုင် ပညာမပေးဘူးဆိုရင် ကုနင်းက ဘာလုပ်ဖို့ကြံစည်နေတာလဲ။ သူမဟာ ဟာရာဒါဟိုနီချီကို ပြဿနာရှာဖို့အတွက် မကောင်းဆိုးဝါးမြေခွေးကို လွှတ်လိုက်မှာဖြစ်သည်။

လူတွေအများကြီးဟာ မကောင်းဆိုးဝါးမြေခွေးရှိတယ်ဆိုတာ မယုံကြည်ကြသော်လည်း မြေခွေးတွေ ရှိတယ်ဆိုတာတော့ သေချာလေသည်။ ရှားပါးသော်လည်း လူတစ်ချို့ဟာ မြေခွေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူထားတာမျိုးရှိလေသည်။ သူတို့ကို တိရိစ္ဆာန်ရုံတွေမှာတင်ပင် တွေ့နိုင်လေသည်။ သို့သော်လည်း ထိုမြေခွေးတွေဟာ သာမာန်မြေခွေးတွေသာ ဖြစ်လေသည်။

ကုနင်းဟာ ဟာရာဒါဟိုနီချီ‌ နေ,နေတဲ့ စံအိမ်နားကိုကပ်ကာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသုံး၍ သူ့ရဲ့တည်နေရာကို အတည်ပြုလေသည်။

ထိုအချိန်ဟာ ည၈:၃၀ပဲရှိသေးကာ စောသေးသောကြောင့် ဟာရာဒါဟိုနီချီဟာ မအိပ်သေးပေ။ သူဟာ ဒုတိယထပ်တွင် စာဖတ်နေတာဖြစ်သည်။

သူ့ရဲ့တပည့်ကတော့ သက်တော်စောင့်နှစ်ယောက်နဲ့အတူ ဧည့်ခန်းထဲတွင်ထိုင်ကာ TVကြည့်နေလေသည်။

‌ဒုတိယထပ်မှာရှိတဲ့ စာကြည့်ခန်းပြတင်းပေါက်ဟာ ပွင့်နေတဲ့အတွက် ကုနင်းအနေနဲ့ သူတို့ကို သုံးနိုင်လေသည်။

ကုနင်းဟာ မကောင်းဆိုးဝါးမြေခွေးကို ဘာလုပ်ရမယ်ဆိုတာ ပြောပြီးနောက် လွှတ်ပေးလိုက်လေသည်။

မကောင်းဆိုးဝါးမြေခွေးကို ပြေးထွက်သွားပြီး ဒုတိယထပ်ရှိ ပွင့်နေသော်ပြတင်းပေါက်ဆီသို့ တန်း၍ ခုန်ဝင်ကာ စာကြည့်ခန်းဆီသို့ ဝင်သွားလေသည်။

ဟာရာဒါဟိုနီချီဟာ အသံတချို့ကြားလိုက်၍ လန့်သွားလေသည်။ သူဟာ အသံကြားရာဆီ ချက်ချင်းတန်းကြည့်လိုက်လေသည်။

ဟာရာဒါဟိုနီချီဟာ ခွေးတစ်ကောင်ကို မြင်လိုက်တဲ့အခါ သက်ပြင်းချမိလေသည်။ သူဟာ မကောင်းဆိုးဝါးမြေခွေးကို မြေခွေးနဲ့ ခွေးနဲ့ဟာ ဆင်တူနေတဲ့အတွက် အလွယ်တကူ အမှတ်မှားလွယ်ကာ ခွေးတစ်ကောင်လို့ ထင်လိုက်တာဖြစ်သည်။

သို့သော်လည်း ဒုတိယထပ်မှာ ခွေးကဘာလုပ်နေတာလဲ။ ဟာရာဒါဟိုနီချီဟာ နားမလည်လိုက်ပေ။ ခွေးတစ်ကောင်သာဖြစ်တဲ့အတွက် သူ့ကိုအန္တရာယ်မပေးနိုင်ပေ။ ထို့အပြင် ထိုအရာဟာ ခွေးသေးသေးလေးသာ ဖြစ်လေသည်။

‌မကောင်းဆိုးဝါးမြေခွေးဟာ အရမ်းသေးငယ်ပြီး အမွှေးပွတာမှန်တဲ့အတွက် ကြည့်ရတာ ထိခိုက်လွယ်ပြီး အန္တရာယ်ကင်းတဲ့ပုံ ပေါက်နေလေသည်။

ဟာရာဒါဟိုနီချီဟာ ခွေးကိုမောင်းထုတ်ဖို့ မတ်တပ်ထရပ်လိုက်လေသည်။ သို့သော်လည်း ခွေးနားကို သူရောက်တာနဲ့တပြိုင်နက် ထိုအရာဟာ သူ့အားခုန်အုပ်လေသည်။

မကောင်းဆိုးဝါးမြေခွေးဟာ သာမာန်သတ္တဝါမဟုတ်တဲ့အပြင် မှော်စွမ်းအင်တွေ ပိုင်ဆိုင်လေသည်။ ကောင်းယိနဲ့ ချောင်ယတို့ရဲ့ ခွန်အားပေါင်းရင်တောင် ထိုအရာကို သူတို့မယှဉ်နိုင်‌လောက်ပေ။ ထို့အပြင် ဟာရာဒါဟိုနီချီဟာ သာမာန်သေမျိုး‌တစ်ယောက်သာ ဖြစ်လေသည်။

‌မကောင်းဆိုးဝါးမြေခွေးခုန်အုပ်လိုက်တာနဲ့ တပြိုင်နက် ဟာရာဒါဟိုနီချီဟာ နောက်ပြန်လဲကျသွားကာ သူ့ရဲ့ခေါင်းနဲ့ မြေကြီးနဲ့ ဒုတ်ကနဲ့ မြည်ကာ စောင့်မိသွားပြီး နာကျင်စွာအော်ဟစ် မြည်တမ်းမိသွားရလေသည်။

ဟာရာဒါဟိုနီချီဟာ တိရစ္ဆာန်အား သတ်ပစ်ချင်သည့်အတွက် သတ်ဖြတ်ချင်တဲ့စိတ်နဲ့ ကြည့်လိုက်လေသည်။ သို့သော်လည်း သူဟာ အရမ်းခေါင်းနောက်သွားကာ ပြန်တောင်မထနိုင်တော့ပေ။

‌မကောင်းဆိုးဝါးမြေခွေးဟာ သူ့အပေါ် တက်လိုက်ကာ ဟာရာဒါဟိုနီချီရဲ့ မျက်နှာအား အကြိမ်များစွာ ကုတ်ခြစ်ပြီးနောက် တက်နင်းကာ ထွက်သွားလေသည်။

ဟာရာဒါဟိုနီချီဟာ ရုတ်ရုတ်သဲသဲနည်းနည်းဖြစ်သွားစေတဲ့အတွက် အောက်ထပ်မှာရှိတဲ့ လူတိုင်းဟာကြားသွားပြီး အပေါ်ထပ်ပြေးတက်လာလေသည်။ သို့သော်လည်း ထိုဖြစ်ပျက်တဲ့နေရာကို ရောက်တဲ့အခါမှာတော့ သူတို့ဟာမကောင်းဆိုးဝါးမြေခွေးအား ဘယ်မှာမှ ရှာမတွေ့တော့ပေ။

ဟာရာဒါဟိုနီချီဟာ အရမ်းထိခိုက်ဒဏ်ရာရသွားလေသည်။ သူ့တပည့်ဟာ စိုးရိမ်စွာပင် ကျန်းချန်ထောင်အား ဖုန်းဆက်၍ ဆေးရုံကားခေါ်ရန်ပြောလိုက်လေသည်။

အန္တရာယ်ကင်းတဲ့ပုံပေါ်တဲ့ ခွေးသေးသေးလေးကို တွေ့တဲ့လူတိုင်းဟာ တိုက်ဆိုင်တာလို့သာ သက်မှတ်ကြလေသည်။

မကောင်းဆိုးဝါးမြေခွေးဟာ ကုနင်းဆီ ပြန်သွားကာ ဂုဏ်ယူနေတဲ့ပုံပေါ်လေသည်။ "သခင်၊ သေမျိုးကို တွန်းလှဲလိုက်ပြီး သူ့ခေါင်းကို ပြင်းထန်စွာထိခိုက်အောင်လုပ်လိုက်တယ်။ ပြီးတော့ သူ့ကိုကုတ်ခြစ်လိုက်ပြီး အကြိမ်ပေါင်းများစွာလဲ နင်းပစ်လိုက်တယ်။ ကျွန်မရဲ့ လုပ်‌ဆောင်ချက် ဘယ်လိုနေလဲ"

All Chapters