အခန်း (၁၉၆၃-၁၉၆၈)
Vol. 121 Ch. 1963-1968
အပိုင်း ၁၉၆၃ ထပ်ပြီးခွေးပဲလား?
"တော်တယ်"ဟု ကုနင်းက ပြုံးလျက်ပြောသည်။ မကောင်းဆိုးဝါးမြေခွေးဟာ သေးငယ်သော်လည်း သိုင်းလေ့ကျင့်ရေးစွမ်းအင် ပိုင်ဆိုင်လေသည်။ ထိုအရာဟာ အရမ်းစွမ်းအားကြီးလွန်းကာ နွားတစ်ကောင်အား တချက်ထဲနဲ့ပင် သေသွားအောင် ကန်နိုင်လေသည်။
ဟာရာဒါဟိုနီချီဟာ မကောင်းဆိုးဝါးမြေခွေးကန်တာ အခါပေါင်းများစွာခံထားရတဲ့ကာ တကယ်လို့ ထိုအရာက ခွန်အားအပြည့်နဲ့မကန်ရင်တောင် ဒဏ်ရာတွေက ပြင်းထန်သေးသည်ဖြစ်သည်။
"သခင်၊ ကျွန်မကို လေ့ကျင့်ဖို့ အပြင်ပေးမထွက်တာ တော်တော်ကြာပြီ။ ကျွန်မ စိတ်စွမ်းအင်အာကာပြင်ထဲမှာ နေ,နေတာ တော်တော်ကြာပြီ။ ကျွန်မ သတိမေ့နေတဲ့အချိန်ဆို သိုင်းလေ့ကျင့်လို့မရဘူး"ဟု မကောင်းဆိုးဝါးမြေခွေးကာ ညီးတွားလေသည်။ ကုနင်းက သူ့သခင်ဖြစ်လာကတည်းက သူ့အနေနဲ့ မှော်စွမ်းအင်တွေကို ပိုပြီးစုတ်ယူလာနိုင်တာဖြစ်သော်လည်း သူ့အနေနဲ့ သိုင်းလေ့ကျင့်ခွင့်မရသလို သူ့ရဲ့စွမ်းရည်တွေကိုလဲ တိုးတတ်အောင်လုပ်ခွင့်မရတာဖြစ်သည်။
ကုနင်းသာ ရုတ်တရက်ပဲ မကောင်းဆိုးဝါးမြေခွေးပြောတာကို ကြားတဲ့အခါ စိတ်မကောင်းဖြစ်သွားလေသည်။ သူမဟာ သူမရဲ့အချိန်တွေအများစုကို ကျောင်းမှာနဲ့ ပိုင်လီကျုံးရွှယ်အနားမှာ ကုန်ဆုံးစေတာဖြစ်တာကြောင့် သူမအနေနဲ့ မကောင်းဆိုးဝါးမြေခွေးကို အပြင်မခေါ်ထုတ်နိုင်တာဖြစ်သည်။
ကုနင်းဟာ စဉ်းစားချင့်ချိန်ပြီးနောက် ဆုံးဖြတ်လိုက်ကာ "မင်းသိုင်းလေ့ကျင့်လို့ ရတဲ့နေရာတစ်ခု ငါသိတယ်။ ငါအချိန်ရတဲ့အခါကျရင် မင်းကိုခေါ်သွားပေးမယ်"
ကုနင်းက မကောင်းဆိုးဝါးမြေခွေးအား အေးချမ်းစွာသိုင်းလေ့ကျင့်နိုင်တဲ့ စစ်ဟယ်ယွမ်ကို ခေါ်သွားရန်ဆုံးဖြတ်လိုက်လေသည်။ ရှန်းကွမ်းယန်ဟာ ထိုနေရာမှာ စွမ်းအင်စုစည်းခြင်းအစီအရင်တည်ဆောက်ထား၍ သိုင်းလေ့ကျင့်ဖို့ရာ ပြီးပြည့်စုံသော နေရာဖြစ်လေသည်။
"အိုကေ"ဟု မကောင်းဆိုးဝါးမြေခွေးဟာ ထိုအရာကိုကြားတဲ့အခါ ပျော်ရွှင်သွားပြီး ကုနင်းရဲ့ စိတ်စွမ်းအင်အာကာပြင် ထဲကိုပြန်ဝင်သွားလေသည်။
ကုနင်းဟာ ဟာရာဒါဟိုနီချီက ကျန်းချန်ထောင်ကို ဖုန်းခေါ်နေတာကြား၍ ချက်ချင်းတန်းထွက်မသွားသေးပေ။ ကျန်းချန်ထောင်အနေနဲ့ စံအိမ်ကိုရောက်လာတာ ဒါမှမဟုတ် အနည်းဆုံး ဟာရာဒါဟိုနီချီအား ဆေးရုံကိုလာပြီး ကြည့်လောက်သည်ဟု သူမဟာ ခံစားမိတဲ့အတွက် သူမဟာ အခုချိန်မှာ စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်လေသည်။
ငါးမိနစ်ကြာပြီးနောက်တွင် ကုနင်း ဟာ ဟာရာဒါဟိုနီချီရဲ့ စံအိမ်နောက်ဘက်မှ အချက်ပေးဥဩသော် ကြားရပြီးနောက် လူနာတင်ယာဉ်ဟာ ဒဏ်ရာရသူအား တင်ဆောင်၍ လျှင်မြန်စွာ ထွက်ခွာသွားလေသည်။
ကျန်းချန်ထောင်က ရောက်မလာသည့်အတွက် ကုနင်းဟာ ဆေးရုံသွား၍ သူ့ကိုစောင့်နေလေသည်။ ကုနင်းဟာ လူနာတင်ကားနောက်မှ ဆေးရုံကိုလိုက်သွားသော်လည်း တံခါးပေါက်အပြင်ဘက်တွင်သာ ဝေ့ဝဲနေလေသည်။
ကျန်းချန်ထောင်ဟာ ဆယ်မိနစ်လောက်အကြာတွင် ရောက်လာလေသည်။ ကုနင်းဟာ သူ့အပေါ်ချက်ချင်း အကွက်မရွှေ့ပေ။ ထို့အစား သူမဟာ ဟာရာဒါဟိုနီချီကို သူအလည်သွားပြီး ပြန်လာတာကို စောင့်လေသည်။
သူမဟာ ဆေးရုံပေါက်ဝမှာဖြစ်ကာ မကောင်းဆိုးဝါးမြေခွေးကို လွှတ်လို့ရတဲ့ လူကွယ်တဲ့နေရာမရှိသောကြောင့် သူမဟာ ကျန်းချန်ထောင်ဝင်သွားပြီးမှ လျှို့ဝှက်ကာ လွှတ်လိုက်လေသည်။ သူမဟာ လုံခြုံရေးကင်မရာမရှိတဲ့ လူရှင်းတဲ့နေရာတစ်ခုကို ရှာတွေ့ပြီးမှ မကောင်းဆိုးဝါမြေခွေးကို လွှတ်ကာ သူမအခုလေးတင် ရိုက်ထားတဲ့ ကျန်းချန်ထောင်ရဲ့ ပုံကိုပြလေသည်။
ဓာတ်ပုံအား သိပ်မရှင်းပေမဲ့လည်း သူဟာ တူညီတဲ့ဝတ်စုံကို ဝတ်ထားတာတော့ သေချာလေသည်။
....
ဟာရာဒါဟိုနီချီအား စစ်ဆေးစမ်းသပ်ပြီး သူ့ရဲ့ဒဏ်ရာတွေကို ဖြေရှင်းပြီးနောက် ကျန်းချန်ထောင်ဟာ သူ့အား ဆေးရုံရဲ့ VIPအခန်းကို ပို့ရန်စီစဉ်ပေးလေသည်။
ဟာရာဒါဟိုနီချီသာ အသက်အန္တရာယ်ထိခိုက်လောက်အောင် ဒဏ်ရာမရထားသော်လည်း ဒဏ်ရာဟာ ပြင်းထန်ဆိုးရွာလေသည်။ သူဟာ အလယ်အလတ်စား ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရထားသည့် အတွက်ကြောင့် သူ့အနေနဲ့ ရက်အနည်းငယ် စောင့်ကြည့်ရန် ဆေးရုံမှာနေရမည်ဖြစ်ကာ ခရီးသွားဖို့ရန်အတွက် မသင့်တော်သေးပေ။ ထို့ကြောင့် ဟာရာဒါဟိုနီချီအား မနက်ဖြန်အိမ်ပြန်လို့ မရသေးပေ။
တကယ်လို့ သူပြန်ချင်ရင်တော့ သူ့အနေနဲ့ အိမ်ကိုပြန်လို့ စီစဉ်လို့ရနိုင်သော်လည်း သူ့ရဲ့ ပြန်လည်သက်သာလာမှုကို ထိခိုက်စေနိုင်လေသည်။
ဟာရာဒါဟိုနီချီဟာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားရုံတင်မကဘဲ သူ့မျက်နှာနဲ့ ခန္ဓာကိုယ်ဟာလည်းပဲ ဒဏ်ရာရသွားတာဖြစ်သည်။ ကုတ်ခြစ်ထားမှုတွေဟာ ရုတ်ပျက်သွားလောက်အောင်အထိ မနက်သော်လည်းပဲ သူ့အနေနဲ့ ပြန်သက်သာရန် အချိန်အများကြီးယူဖို့ လိုအပ်လေသည်။ သူ့အနေနဲ့ အတွင်းဒဏ်ရာဘာမှ ရသွားတာမရှိပေမဲ့လည်း သူဟာ အလွန်နာကျင်စွာခံစားနေရကာ ပြန်သက်သာလာဖို့အတွက် အိမ်ရာထဲတွင် တစ်ပတ်လောက် နားနေဖို့ရန် လိုအပ်လေသည်။
ဟာရာဒါဟိုနီချီဟာ သူ့အခန်းကိုပြန်ရောက်လာပြီးတဲ့နောက်တွင် ဘယ်သူမှအနားမှာမရှိတဲ့အခါမှ ကျန်းချန်ထောင် ကနောက်ဆုံးတွင် "မင်းဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး ဒဏ်ရာရသွားတာလဲ"ဟု မေးလေသည်။
ဟာရာဒါဟိုနီချီရဲ့ တပည့်ဟာ သူ့ကိုဖုန်းဆက်တဲ့အခါတွင် ဟာရာဒါဟိုနီချီ ဟာဒဏ်ရာရသွားပြီး ဆေးရုံကားလိုတယ်လို့သာ ပြောတာဖြစ်ပြီး ဒဏ်ရာရတဲ့အသေးစိပ်အချက်အလက်ကို မပြောလိုက်ပေ။ ကျန်းချန်ထောင်အတွက် အခုချိန်ဟာ မေးဖို့ပြည့်စုံတဲ့အချိန်ဖြစ်သည်။
ဟာရာဒါဟိုနီချီဟာ အရမ်းဒဏ်ရာဆိုးဆိုးရွားရွားရသွားသော်လည်း သတိရနေသေးသည့်အတွက် စကားပြောနိုင်လေသည်။
"ငါစာကြည့်ခန်းထဲမှာ စာဖတ်နေတဲ့အချိန်မှာ ခွေးတစ်ကောင်ဝင်လာတာပဲ။ ငါက မောင်းထုတ်မလို့ဘဲ ဒါပေမယ့် အဲ့အရာက ငါ့ကိုခုန်အုပ်ပြီး ငါမျက်နှာကိုကုတ်ဆွဲတယ်။ ကံမကောင်းစွာပဲ အဲ့ခွေးစုတ်ကို ငါမဖမ်းလိုက်နိုင်ဘူး။ မဟုတ်ရင် ငါအဲ့ခွေးကို လုံးဝသတ်ပစ်မှာ"ဟု ဟာရာဒါဟိုနီချီဟာ သတ်ချင်ဖြတ်ချင်တဲ့ အရှိန်အဝါတွေအပြည့်နှင့် ဖြာထွက်လျက် ဒေါသထွက်စွာ ပြောလိုက်လေသည်။
"ဟမ်။ ခွေးတစ်ကောင် ဒုတိယထပ်ကို ရောက်လာတာလား"ဟု ကျန်းချန်ထောင်ဟာ ထိုအရာကိုကြားတဲ့အခါ အံ့အားသင့်သွားလေသည်။ တရားခံက ခွေးတစ်ကောင်ဖြစ်တဲ့အတွက် ဟာရာဒါဟိုနီချီအတွက် တရားမျှတမှုပြန်ရှာပေးလို့ မရပေ။
ဟာရာဒါဟိုနီချီဟာ သူ့ပိုင်နက်မြေပေါ်မှာ ဒဏ်ရာရတာဖြစ်သည့်အတွက် သူ့အနေနဲ့ ဘာမှမလုပ်ဘဲ နေလို့မရပေ။ သူဟာ ချက်ချင်းပဲ ဟာရာဒါဟိုနီချီအား တောင်းပန်လိုက်လေသည်။ "ကျွန်တော်တောင်းပန်ပါတယ်။ ပတ်ဝန်းကျင်မှု ခွေးဆိုးတစ်ကောင်ရှိနေတာ ကျွန်တော်မသိလိုက်ဘူး။ ကျွန်တော် ဒီကိစ္စကို ဆုံးစမ်းပြီး ခင်ဗျားကို လက်တုန့်ပြန်ပေးဖို့အတွက် အဲ့ခွေးကိုရှာပေးပါ့မယ်"
"အိုကေ"ဟု ဟာရာဒါဟိုနီချီဟာ ခွေးကိုရှာတွေ့နိုင်ချေဟာ နည်းပါးတာ လုံးဝသိသော်လည်း သူဟာဘာပဲဖြစ်ဖြစ် ကျန်းချန်ထောင်အား အသိအမှတ်ပြုလေသည်။ တကယ်လို့ ကျန်းချန်ထောင်သာ ခွေးကိုရှာတွေ့ရင် ပြည့်စုံသွားမှာဖြစ်သည်။ မဟုတ်လျင် သူ့အနေနဲ့ ဒီကိစ္စကို အခဲကျေနိုင်မှာ မဟုတ်ပေ။
သူဟာ ဒေါသထွက်နေသော်လည်း တကယ်လို့ သူသာခွေးကိုရှာမတွေ့ခဲ့ရင်လဲ ကျန်းချန်ထောင်အား အပြစ်တင်မှာမဟုတ်ပေ။ ထိုအရာတွေဟာ ကျန်းချန်ထောင်ထိန်းချုပ်နိုင်တဲ့ အရာတွေမဟုတ်၍ဖြစ်သည်။ သူတို့ဟာ သူငယ်ချင်းတွေဖြစ်တဲ့အတွက် သူ့အနေနဲ့ တချို့အရာတွေကို ကျော်ကြည့်ပေးရမည်ဖြစ်သည်။
ဟာရာဒါဟိုနီချီဟာ အနားယူဖို့လိုတာကြောင့် ကျန်းချန်ထောင်အား အကြာကြီးမနေလိုက်ပေ။ သို့သော်လည်း ကျန်းချန်ထောင်ဟာ သူ့ဆီကို အန္တရာယ်လာနေတာကို မသိပေ။
မကောင်းဆိုးဝါးမြေခွေးဟာ ဓာတ်ပုံကိုကြည့်ကာ ကျန်းချန်ထောင်ရဲ့ ပုံပန်းသွင်ပြင်ကို မှတ်ထားလေသည်။ ကျန်းချန်ထောင် ထွက်လာတာနဲ့တပြိုင်နက် သူမဟာမှတ်မိလိုက်ကာ သူ့ဆီပြေးသွားလေသည်။
မြေခွေးဟာ ဟာရာဒါဟိုနီချီကဲ့သို့ပင် ကျန်းချန်ထောင်ဆီသို့ ပြေးခုန်အုပ်ကာ သူ့ခေါင်းကို အထိနာသွားအောင်ထိ မြေကြီးပေါ်လဲကျသွားစေလိုက်သည်။
အသံနဲ့တင် ကြားတဲ့လူဘယ်သူမဆိုရဲ့ နောက်ကျောတွင် ကြက်သည်းထသွားစေ နိုင်လေသည်။ လူတိုင်းဟာ အံ့အားသင့်စွာ နောက်ဆုတ်လိုက်ကျလေသည်။
မကောင်းဆိုးဝါးမြေခွေးဟာ အရမ်းလျင်မြန်လေသည်။ ကျန်းချန်ထောင် ဟာသူတိုက်ခိုက်ခံရကြောင်း သတိထားမိလိုက်တဲ့အချိန်မှာတော့ နောက်ကျသွားပြီဖြစ်သည်။
မကောင်းဆိုးဝါးမြေခွေးဟာ ကုနင်းရဲ့ တောင်းဆိုချက်အရ ကျန်းချန်ထောင်ရဲ့ မျက်နှာအား မကုတ်ခြစ်သလို သူ့ကို အကြိမ်အနည်းငယ်လဲ မကန်လိုက်ဘဲ ပြေးတိုက်ရုံသာ တိုက်လိုက်တာဖြစ်သည်။ ကျန်းချန်ထောင်အား ဝင်တိုက်ပြီးနောက် မကောင်းဆိုးဝါးမြေခွေးဟာ ကျန်းချန်ထောင်ရဲ့ လဲကျသွားမှုဟာ လုံးဝမတော်တဆမှုအလား ချက်ချင်းထွက်သွားလေသည်။
"ဥက္ကဌကျန်း..."ဟု ကျန်းချန်ထောင်ရဲ့ ကားမောင်းသမားဟာ ထိုအရာကို မြင်တဲ့အခါ အံ့အားသင့်သွားပြီး ကျန်းချန်ထောင်အား ချက်ချင်းစစ်ဆေးလေသည်။
ဆရာဝန်တွေဟာ အနားမှာရှိတဲ့အတွက် သူတို့လည်းပဲ ကျန်းချန်ထောင်အား လာရောက်စစ်ဆေးကြလေသည်။
ကျန်းချန်ထောင်ဟာ ခေါင်းနောက်မှာ သွေးတွေထွက်နေတာဖြစ်၍ ကျန်းချန်ထောင်ရဲ့ ကားမောင်းသမားဟာ ချက်ချင်းဆရာဝန်တွေအား ကျန်းချန်ထောင်ကို စစ်ဆေးစေကာ ကုသစေလေသည်။
ဆရာဝန်တွေမှာ သာမာန်ပြည်သူနဲ့ ချမ်းသာတဲ့လူတွေအပေါ်တွင် Double standards ရှိလေသည်။ ကျန်းချန်ထောင်ဟာ ချမ်းသာတဲ့ပုံလုံးဝပေါ်ကာ ကျန်းချန်ထောင်ရဲ့ ကားမောင်းသမားဟာ "ဥက္ကဌကျန်း"ဟုခေါ်တာကို ဆရာဝန်တွေ ကြားလေသည်။ ကျန်းချန်ထောင်ဟာ ဆေးရုံကြေးပေးနိုင်လောက်တဲ့လူပုံစံပေါ်၍ သူတို့ဟာ သူတို့ရဲ့ ပုံမှန်စည်းမျဉ်းအတိုင်းပင် လိုက်နာကာ သူ့အား ချက်ချင်း ဂရုစိုက်ပေးလေသည်။
ကျန်းချန်ထောင်ဟာ ခေါင်းနဲ့လဲကျသွားတာဖြစ်၍ အရမ်းနာကျင်နေကာ ခေါင်းအရမ်းမူးနေလေသည်။
ကျန်းချန်ထောင်ဟာ တရားခံအား သေချာမမြင်လိုက်ရသော်လည်း အဖြူရောင်အလုံးတစ်ခု မြင်လိုက်တာကိုတော့ ပြန်မှတ်မိလေသည်။ ကျန်းချန်ထောင် အား ချက်ချင်းပဲ ခွေးတစ်ကောင်တိုက်ခိုက်တာ ခံလိုက်ရတာလားဟု ထင်မိလေသည်။
ဟာရာဒါဟိုနီချီက သူ့ခေါင်းကို ခွေးတစ်ကောင်တိုက်ခိုက်တာ ခံရ၍ ဒဏ်ရာရသွားသည်ဟု ပြောတာကို ကျန်းချန်ထောင်က ပြန်စဉ်းစားကြည့်မိတဲ့အခါ... သူဟာ ချက်ချင်းတုန်လှုပ်သွားကာ တကယ်လို့ ခွေးဟာ မတော်တဆမဟုတ်ဘဲ တမင်တကာစီစဉ်ထားတာဟု စဉ်းစားမိလိုက်လေသည်။ ထိုအရာဟာ ကျန်းချန်ထောင်နဲ့ ဟာရာဒါဟိုနီချီတို့အား ရဖို့ ကြိုးစားနေတာဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၆၄ ကျွန်မနဲ့တွေ့တာကံကောင်းတယ်
ထို့ကြောင့် ကျန်းချန်ထောင်ဟာ ထိုအရာဟာ စဉ်းစားရခက်တယ်လို့ထင်လေသည်။ ဘာလို့ ခွေးတစ်ကောင်က သူတို့ကို တိုက်ခိုက်ချင်တာလဲ။ တစ်စုံတစ်ယောက်က သူတို့ကိုတိုက်ခိုက်ဖို့ ခွေးကိုလွှတ်လိုက်တာများလား။ သို့သော်လည်း ဘာလို့ တစ်စုံတစ်ယောက်က သူတို့ကိုတိုက်ခိုက်ဖို့ ခွေးကိုလွှတ်မှာလဲ။
အဲ့တာက... ကျန်းချန်ထောင်ဟာ ရုတ်တရက်ပဲ ချန်တရုန်ဘာဖြစ်သွားလဲဆိုတာ ပြန်တွေးမိသွားလေသည်။ ချန်တရုန်ရဲ့ ပြန်ပေးဆွဲမှုနောက်က ဘယ်သူတွေလဲဆိုတာ သူတို့ရှာတွေ့သွားလို့ သူတို့နောက်ကို ခွေးလွှတ်လိုက်တာလား။
သူ့ရဲ့ သံသယရှိပေမဲ့လည်း ခွေးတစ်ကောင်ကို ထိုအလုပ်,လုပ်ဖို့ လွှတ်လိုက်တာကို သူလုံးမနားမလည်နိုင်ပေ။ တစ်ချိန်တည်းမှာပဲ တစ်ချို့ခွေးတွေဟာ သူတို့ပေါက်စကတည်းက မှန်ကန်တဲ့ လေ့ကျင့်ခန်းတွေကို ရထားရင် အမိန့်နာခံနိုင်တဲ့အတွက် ထိုအရာဟာ လုံးဝမဖြစ်နိုင်ဘူးလို့လဲ ပြောလို့မရပေ။
ချန်တရုန်တစ်ယောက်ထဲသာ သူတို့လက်တစ်လော အပြစ်လုပ်ထားသည့်အတွက် သူ့အနေနဲ့ ထိုအရာနဲ့ တစ်စုံတစ်ခုတော့ ပတ်သတ်လိမ့်မယ်လို့ သူခံစားမိလေသည်။ ပြီးတော့ ချန်တရုန်နဲ့ သူတို့မှာ တူညီတာတစ်ခုရှိလေသည်။ သူတို့ ချန်တရုန်ကို ပြန်ပေးဆွဲဆင်က ခေါင်းကိုထိခိုက်အောင် လုပ်လိုက်သကဲ့သို့ သူတို့ဟာလည်း ဒဏ်ရာရသွားတာဖြစ်သည်။
တကယ်လို့ ဒီကိစ္စရဲ့နောက်ကွယ်ကလူက ချန်တရုန်ကို ထောက်ပံ့ပေးနေတဲ့လူဆိုရင်ရော။ ကျန်းချန်ထောင်ဟာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေအတွက် ကြိုတွေးပူနေလေသည်။ ချန်တရုန်ရဲ့ နောက်ခံကဘယ်သူလဲဆိုတာကို မစုံစမ်းဘဲ အလောတကြီးပြန်ပြေးဆွဲမိတဲ့အပေါ် သူနောင်တရနေလေသည်။
တကယ်လို့ ဒီကိစ္စဟာ ချန်တရုန်နဲ့ ဘာမှပတ်သတ်မှု မရှိနေရင်တောင် ကျန်းချန်ထောင်အနေနဲ့ လက်တုန့်မပြန်ရဲပေ။ ချန်တရုန်ကိုထိတဲ့အပေါ်မှာ ကျန်းချန်ထောင်ရဲ့ အမှားဖြစ်နေ၍ဖြစ်သည်။
ကျန်းချန်ထောင်ရဲ့ ကားမောင်းသမားဟာ ဆေးရုံခန်းရဲ့ အပြင်မှာ စောင့်နေတာဖြစ်၍ ကျန်းချန်ထောင်နဲ့ ဟာရာဒါဟိုနီချီတို့ပြောတဲ့စကားတွေကို မကြားလိုက်ပေ။ သူဟာ ဟာရာဒါဟိုနီချီရဲ့ ဒဏ်ရာတွေဟာ ခွေးတစ်ကောင်ကြောင့်ဆိုတာကို မသိပေ။
ယဉ်မောင်းဟာ ကျန်းချန်ထောင်ကို ခွေးတိုက်ခိုက်တာခံရမှုအပေါ် ဘာမှမှားနေတယ်လို့မထင်ဘဲ လုံးဝမတော်တဆမှုလို့သာထင်လေသည်။
ကျန်းချန်ထောင်ရဲ့ ဦးခေါင်းဒဏ်ရာဟာ ဟာရာဒါဟိုနီချီရဲ့ ဒဏ်ရာကဲ့သို့ပင် ဆိုးရွားလေသည်။ ကံကောင်းတဲ့အချက်က သူ့ရဲ့မျက်နှာကို ကုတ်ခြစ်တာမခံရတာနဲ့ တက်အနင်းမခံရတာဖြစ်သည်။
ကျန်းချန်ထောင်ဟာ သူ့ကိုခွေးကတိုက်ခိုက်မှုအပေါ်တွင် သူ့အနေနဲ့ ပြောပြသင့်လား မဆုံးဖြတ်ရသေး၍ ဟာရာဒါဟိုနီချီအား အခုလောလောဆယ်တော့ မပြောပြလိုက်ပေ။
သူဟာ ဟာရာဒါဟိုနီချီက သည်းမခံနိုင်ဘဲ ချန်တရုန်အပေါ် လက်တုန့်ပြန်မှာ စိုးရိမ်နေတာဖြစ်သည်။ သူဟာ ဟာရာဒါဟိုနီချီနဲ့သိတာ ကြာပြီဖြစ်၍ ဟာရာဒါဟိုနီချီရဲ့ စိတ်ဓာတ်ကို သူကောင်းကောင်းသိလေသည်။
ဟာရာဒါဟိုနီချီဟာ သူ့သူငယ်ချင်းတွေအပေါ်မှာ မဆိုးပေ။ သို့သော်လည်း သူ့ရဲ့ရန်သူတွေအပေါ်တွင်တော့ လုံးဝရက်စက်ကြမ်းကြုတ်လေသည်။ ချန်တရုန်ကို ပြန်ပေးဆွဲမှုအပေါ် သူ့ဘက်ကစမှားတာဖြစ်ပေမဲ့လည်း သူ့ကို ချန်တရုန်ဘက်က လက်တုန့်ပြန်တဲ့အပေါ်မှာ လုံးဝခွင့်လွှတ်ပေးမှာ မဟုတ်ပေ။
ရှင်းရှင်းပြောရရင် ဟာရာဒါဟိုနီချီဟာ တစ်ကိုယ်ကောင်းဆန်တဲ့လူတစ်ယောက် ဖြစ်သည်။
....
ကုနင်းကျောင်းကို ပြန်ရောက်တဲ့အခါမှာတော့ အနည်းငယ်နောက်ကျနေပြီဖြစ်ကာ ည၁၁:၀၀ထိုးလုနီးပြီဖြစ်သည်။ ထိုအချိန်တွင် ကျောင်းဆောင်အပြင်ဘက်မှာ ဒါမှမဟုတ် အတွင်းထဲမှာ လမ်းလျောက်နေတဲ့သူ တစ်ယောက်မှ မရှိတော့ပေ။
ကုနင်းဟာ ကျောင်းကိုရောက်တဲ့အခါမှာ ညာဘက်သစ်ပင်တွေဘက်မှ သွေးနံ့အနည်းငယ် လေထဲထွက်နေတာကို ရုတ်တရက် အနံ့ခံမိလေသည်။ သွေးနံ့တွေအပြင် သူမဟာ တစ်စုံတစ်ယောက် တိုးညှင်းစွာ အသက်ရှုမဝဖြစ်နေတာကိုပါ ကြားရလေသည်။
သစ်ပင်တွေဟာ လမ်းဘေးအနီးအနားမှာ ဖြစ်သော်လည်းပဲ အနည်းငယ်ထူထပ်လေသည်။ ထို့ကြောင့် လမ်းမီးရှိသော်လည်း သစ်ကိုင်းတွေဟာ လမ်းမီးကို လုံးဝကွယ်နေကာ သစ်ပင်အတွင်းထဲတွင် မဲမှောင်နေစေ၍ ဘာမှ လုံးဝမမြင်ရဘဲ ရှိလေသည်။
ကုနင်းဟာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသုံး၍ သစ်ပင်တွေဆီကို စစ်ဆေးကြည့်လေသည်။ သူမဟာ တစ်စုံတစ်ယောက် ထိခိုက်ဒဏ်ရာရသွားမှာကို စိုးရိမ်နေတာဖြစ်သည်။ တကယ်လို့ တစ်ယောက်မှ သူတို့ကို မကူညီရင် သူတို့အထဲမှာ သေသွားနိုင်လေသည်။
ဝမ်းဗိုက်မှာ သေနတ်ဒဏ်ရာနဲ့ ဒဏ်ရာအပြင်းအထန်ရထားတဲ့လူတစ်ယောက် ကုနင်းနဲ့ ဆယ်မီတာအကွာအဝေးလောက်တွင် လဲနေလေသည်။ သူ့ရဲ့ ဆံပင်တွေဟာ အဝါရောင်ဖြစ်ကာ သူ့မှာ အာရှသားပုံစံလုံးဝမရှိတဲ့အတွက် သူဟာ နိုင်ငံခြားသားတစ်ယောက် လုံးဝဖြစ်လိမ့်မည်။ သူ့ပုံစံအရ သူဟာ အသက်၃၀အရွယ်ရှိပုံရသည်။
ကုနင်းဟာ ထိုအမျိုးသားကို မြင်ဖူးလေသည်။ သူဟာ မြို့တော်တက္ကသိုလ်မှ နိုင်ငံခြားဘာသာသင်တဲ့ဆရာဖြစ်ကာ ကုနင်းက သူ့နာမည်တော့ မမှတ်မိတော့ပေ။
သူဟာ သေနတ်နဲ့ အပြစ်ခံထားရတာဖြစ်၍ သူဟာ အပြစ်မလုပ်သင့်တဲ့ လူတစ်ယောက်ကို အပြစ်လုပ်ထားတာ ဒါမှမဟုတ် သူ့မှာ ထူးခြားတဲ့ Identityရှိတဲ့လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် ကုနင်းအနေနဲ့ သူ့ကို ဒီအတိုင်း စွန့်ပစ်မထားနိုင်ပေ။
ကုနင်းဟာ သစ်ပင်နားကပ်သွားကာ အနားမှာ ဘယ်သူမှမရှိတာ သေချာကြောင်း စစ်ဆေးပြီးတဲ့အခါမှ အထဲကို ဝင်သွားလေသည်။
ထိုအမျိုးသားဟာ အသက်ရှူနေရုံလေးသာဖြစ်သော်လည်း သူဟာ လုံးဝသတိမလစ်သွားသေးသောကြောင့် ကုနင်း အနားကပ်လာတာနဲ့ သတိထားမိကာ စိတ်ထိစီးသွားလေသည်။
သူဟာ အသက်ရှူရုံလေးသာ ရှိတော့တဲ့အတွက် သူအနေနဲ့ ဘာမှမလုပ်နိုင်တော့သည့်အတွက် သတိထားနေလဲအသုံးမဝင်ပေ။ တကယ်လို့ တစ်စုံတစ်ယောက်သာ သူ့ကိုသတ်ချင်ရင် သူ့ကိုအလွယ်လေးသတ်လို့ရသည်ဖြစ်သည်။
ကုနင်းဟာ ထိုအမျိုးသားရှေ့သို့ လမ်းလျောက်သွားကာ စောင့်ကြောင့်ထိုင်လိုက်ပြီး စွမ်းအင်သလင်းကျောက်တစ်ခုကိုထုတ်ကာ သောက်စေလိုက်သည်။
သူဟာ နိုင်ငံခြားသားဖြစ်ပေမဲ့လည်း သူတို့နိုင်ငံဟာ Yနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်သောကြောင့် ကုနင်းဟာ သူမတတ်နိုင်သမျှ သူ့အား ကူညီပေးလေသည်။
သူဟာ ဆိုးရွားစွာဒဏ်ရာရထားသည်ဖြစ်ကာ စွမ်းအင်သလင်းကျောက်သောက်တာနဲ့တင် ချက်ချင်းသတိပြန်ရလာအောင် ကူညီမပေးနိုင်ပေ။ သို့သော်လည်း သူ့ရဲ့အခြေအနေဟာ အများကြီးတိုးတက်လာလေသည်။
ထိုလူဟာ ဆေးရုံကိုသွားပြီး ကုသမှု ခံယူဖို့ ငြင်းဆန်မှာကို ကုနင်းကသိသည့်အတွက် သူမဘာသူမ ကျည်ဆံကို ဖယ်ရန်ဆုံးဖြတ်လိုက်သည်။ သူမဟာ ကူညီဖို့ဆုံးဖြတ်လိုက်သည့်အတွက် ပြီးဆုံးသည်အထိ ကူညီသင့်လေသည်။
ထိုအမျိုးသားဟာ သတိရတစ်ချက်မရတစ်ချက်ဖြစ်ကာ မျက်လုံးတောင် မဖွင့်နိုင်သောကြောင့် ကုနင်းဟာ သူမရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲမှ ခွဲစိတ်ရေးကိရိယာများကို ထုတ်တာအား ဖုံးကွယ်ဖို့ မကြိုးစားတော့ပေ။
"ကျွန်မနဲ့ တိုးတဲ့အတွက် ရှင်ကံကောင်းတယ်"ဟု ကုနင်းက ဆိုကာ ထိုအမျိုးသားအား လျင်မြန်စွာပင် ခွဲစိတ်ပေးလေသည်။
ကုနင်းမှာ ဘာမေ့ဆေးမှ မရှိသော်လည်း သူမဟာ သူ့ထဲကို စွမ်းအားတွေ ထုံစေရန်နဲ့ ပြန်လည်သက်သာလာစေရန် သွင်းပေးလိုက်လေသည်။
ကုနင်းဟာ သူ့အား စွမ်းအင်သလင်းကျောက် တွေအများကြီးမပေးပေ။ အဘယ်ကြောင့်ဆိုသော် တကယ်လို့ သူမသာ သူ့ကိုလုံးဝပြန်ကောင်းသွားအောင် လုပ်လိုက်ရင် သူမအနေနဲ့ မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ ရလာနိုင်၍ဖြစ်သည်။
ထိုအမျိုးသားဟာ စွမ်းအင်သလင်းကျောက်အား သောက်ပြီးနောက် သတိအနည်းငယ်ရလာသည့်အတွက် ကုနင်းရဲ့ အသံအား သူကြားရလေသည်။ သူမက သူ့ကိုကယ်ဖို့ကြိုးစားနေတာကို သိတဲ့အခါမှာတော့ ထိုအမျိုးသားရဲ့ ခန္ဓာကိုယ်ဟာ အနည်းငယ်လျော့သွားလေသည်။
ကုနင်းဟာ မြန်မြန်လုပ်ကာ ကျည်ဆံအား တစ်မိနစ်အတွင်းမှာတွင် ဖယ်ကာ သူ့ဒဏ်ရာအား ပတ်တီးစီးပေးလိုက်လေသည်။
ကုနင်းဟာ အနားမှာထပ်မနေတော့ဘဲ ထွက်သွားရန် မတ်တပ်ရပ်လိုက်လေသည်။
ထိုအမျိုးသားဟာ အရမ်းအားနည်းနေသေးသော်လည်း သူဟာ အန္တရာယ်ကင်းသွားပြီဖြစ်သည်။ ပြီးတော့ သူဟာ စွမ်းအင်သလင်းကျောက် သောက်ထားသေးသည်။ တကယ်လို့ သူချက်ချင်း ပြန်မသက်သာလာတောင် သူဟာ သိပ်မကြာခင်မှ ပြန်သက်သာလာမှာဖြစ်သည်။
သူမအနေနဲ့ သူ့ကိုကူညီတာနဲ့တင် အရမ်းကြင်နာသက်ညှာပြီးဖြစ်သည်။ သူမဟာ သူသက်သာလာတာကို စောင့်ပြီး အနားမှာ ထိုင်စောင့်ပေးနေဖို့ ဘာမှအကြွေးတင်ထားတာမရှိပေ။
ထိုအမျိုးသား၏ ပြန်လည်သက်သာလာနိုင်စွမ်းဟာ မမျှော်လင့်ထားစရာပဲ မြန်လေသည်။ ကုနင်း ထရပ်လိုက်ပြီး လှည့်ထွက်သွားတာနဲ့တပြိုင်နက် သူဟာ မျက်လုံးဖွင့်လိုက်တာ ကုနင်းရဲ့ နောက်ကျောအားတွေ့လေသည်။
မှောင်နေပေမဲ့လည်း ထိုအမျိုးသားဟာ သာမာန်ထက်သာလွန်တဲ့ အမြင်အာရုံရှိတာမလို့ ကုနင်းကို ရှင်းလင်းစွာ မြင်နိုင်လေသည်။ တကယ်လို့ သူသာ သူမနဲ့ ထပ်ဆုံခဲ့ရင် သူအနေနဲ့ သူမကို ချက်ချင်းမှတ်မိနိုင်လောက်ပေသည်။
ကုနင်းငါးထပ်ကို တက်သွားပြီး သိပ်မကြာခင်မှာပဲ အဆောင်ရဲ့မီးတွေ ပိတ်သွားလေသည်။ ကုနင်းဟာ အခုချိန်ထိပြန်မရောက်သေးသည့်အတွက် စုန့်မြောင်ကော နဲ့အခြားသူတွေဟာ ကုနင်း အပြင်မှာ ဒီနေ့ နေမယ်လို့ထင်လိုက်တာဖြစ်သည်။ သို့သော်လည်း ကုနင်းဟာ အံဩစွာပင် မီးပိတ်သွားပြီး တစ်မိနစ်အကြာတွင်ရောက်လာလေရာ သူတို့ကို လန့်သွားစေလေသည်။
"ကုနင်း၊ နင်ဒီည ပြန်မလာတော့ဘူးလို့ ငါကထင်နေတာ"ဟု စုန့်မြောင်ကောကပြောလေသည်။
"ငါနည်းနည်းနောက်ကျသွားတယ်"ဟု ကုနင်းက ရှင်းပြလေသည်။
"အို ဒါနဲ့။ ငါနင့်ရဲ့ လေလံပွဲအကြောင်းကြားတယ်။ နင့်ရဲ့ ကြေးဂီတခေါင်းလောင်းတွေကို ဒေါ်လာ၈.၅ဘီလီရမ်နဲ့ လေလံအောင်သွားတယ်ဆို။ ကုနင်း နင်က ပိုက်ဆံရှာတာ အရမ်းတော်တာပဲ။ ငါနင့်ကို ဒီအတိုင်း အလွတ်ပေးလို့မဖြစ်ဘူး။ နင်မနက်ဖြန် ငါတို့ကို လုံးဝညစာဝယ်ကျွေးမှရမယ်"ဟု စုန့်မြောင်ကောက ပြောလေသည်။ သူမအသံဟာ အနာလိုဖြစ်နေပေမဲ့လည်း မကောင်းတဲ့ပုံစံတော့မဟုတ်ပေ....။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၆၅ စိတ်မဝင်စားဘူး
"ဟုတ်တယ်။ အောင်ပွဲခံကျစို့။ ဘယ်လိုလဲ"ဟု ကျန်းကျီခိုင်က ဝင်ပြောလေသည်။ ကုနင်းက ချမ်းသာကာ သူတို့က သူမနဲ့ရင်းနှီးသောကြောင့် သူတို့အနေနဲ့ သူမကို ရှယ်ညစာအကြီးစားဝယ်ကျွေးခိုင်းဖို့ တွန့်ဆုတ်ချင်းမရှိပေ။
"ပြဿနာမရှိဘူး"ဟု ကုနင်းက ချက်ချင်း သဘောတူလေသည်။ "နင်တို့ ဘာစားချင်လဲတွေးထားလိုက်။ ငါကိုယ်လက်သန့်စင်လိုက်ဦးမယ်"
မီးဟာ ပိတ်သွားပြီဖြစ်သော်လည်း ဖုန်းမီးတွေဟာ အဆင့်သင့်ဖြစ်နေတာကြောင့် အခန်းဟာ ချက်ချင်းပဲ လင်းထိန်သွားလေသည်။
ကုနင်းသာ ကိုယ်လက်မသန့်စင်မှီ သူမရဲ့ အိပ်ရာခင်းအား အရင်ပြောင်းလေသည်။ သူမဟာ ရက်ပေါင်းများစွာ ဒီမှာမအိပ်ထားသည့်အတွက် ဖုန်တွေတင်နေမည်ဖြစ်သည်။ အချိန်ကြာပြီးဖြစ်၍ လဲဖို့သင့်ပြီဖြစ်သည်။
ကုနင်းဟာ ကိုယ်လက်သန့်စင်ရာမှ ပြန်လာသော်အခါ သူတို့ဟာ ဟော့ပေါ့ စပ်စပ်စားရန် ဆုံးဖြတ်လိုက်လေသည်။
"နင်တို့က အရမ်းချွေတာ,တာပဲ"ဟု ကုနင်းက သူတို့က အစားအသောက်ရှယ်ကျွေးဖို့ ပြောမယ်မှတ်နေတာဖြစ်သည်။ သို့သော်လည်း သူမကိုအံ့ဩသွားစေတာက သူတို့က ဟော့ပေါ့အစပ်ပဲ စားချင်နေတာဖြစ်သည်။
"အရမ်းအရသာရှိတယ်လေ"ဟု စုန့်မြောင်ကောကပြောလေသည်။ သူတို့က အစားအသောက် ချည်းများသူတွေမဟုတ်တာကြောင့် သူတို့က ဈေးကြီးတဲ့အစားအသောက်ထက် အရသာရှိတဲ့အစားအစာကို ပိုသဘောကျလေသည်။
"ဒါနဲ့ ကျောင်းကပွဲပါတီက အောက်တိုဘာလ၂၅ရက်နေ့ အင်္ဂါနေ့ နော်။ ကုနင်း၊ နင်တက်မှာလား"ဟု ကျန်းကျီခိုင်က ကုနင်းအား မေးလေသည်။ သူမဟာ ထိုမေးခွန်းကိုမေးနေသော်လည်း ကုနင်းက ဝင်မပါလောက်ဘူးလို့ သူမခံစားရလေသည်။
"စိတ်မဝင်စားဘူး"ဟု ကုနင်းကပြောလေသည်။ သူမဟာ ပါရမီမပါကာ စန္ဒယားတစ်ခုထဲသာ တီးတတ်တာဖြစ်သည်။ သူမဟာ မတီးတာအတော်ကြာပြီဖြစ်တဲ့အတွက် သိပ်မရင်းနှီးတော့ပေ။
"တရက်ပဲလိုတော့တယ်။ ငါကတော့ ဝင်ပါရ ကောင်းမလား စဉ်းစားနေတုန်းပဲ ရှိသေးတယ်"ဟု ကျန်းကျီခိုင်ကပြောသည်။ သူမဟာ ထိုကိစ္စနဲ့ ဒီရက်ပိုင်း ဒုက္ခရောက်နေတာဖြစ်သည်။
"စာရင်းသွင်းလိုက်။ တကယ်တော့ တကယ်လို့နင်စာရင်းသွင်းတောင် နင့်အနေနဲ့ စတိတ်စင်ပေါ်တက်ရချင်မှ တက်ရမှာ။ အစမ်းရွေးချယ်ပွဲရှိသေးတယ်မလား"ဟု စုန့်မြောင်ကောက ပြောသည်။ သူမဟာ တည့်တိုးပင်ဖြစ်သည်။
"နင်က ငါ့ကို ပထမပွဲကတည်းက အဖယ်ခံလိုက်ရပြီး အရှက်ရစေချင်နေတာပေါ့လေ"ဟု ကျန်းကျီခိုင်က ထိုအရာကိုကြားတဲ့အခါ ငြင်းခုံလေသည်။
"ငါအဲ့လိုမပြောပါဘူး။ နင်ပဲ စိတ်ပူနေတယ်ပြောပြီး"ဟု စုန့်မြောင်ကောက အပြစ်ကင်းဟန်ဖြင့် ပြောလေသည်။
တကယ်တော့ ထိုအကြောင်းကြောင့်ပင် ကျန်းကျီခိုင်ဟာ ပါတီမှာ ပါဖို့တွန့်ဆုတ်နေတာဖြစ်သည်။ သူမက ပထမပွဲမှာတင် မအောင်မြင်ဘဲ ဖယ်ခံလိုက်ရကာ အရှက်ကွဲမှာ စိုးရိမ်နေတာဖြစ်သည်။
"တကယ်လို့ နင်မအောင်မြင်တောင် ပြဿနာကြီးကြီးမားမား မဟုတ်ပါဘူး။ နင်သာ ရလဒ်ကို အရမ်းဂရုမစိုက်သ၍ ဝင်ပါလိုက်။ တကယ်လို့ နင်က အရှက်ကွဲမှာ ကြောက်နေရင်တော့ လက်လျော့လိုက်။ ဘာလို့လဲဆို နင်သာ ကြောက်နေရင် အကောင်းဆုံးတင်ဆက်နိုင်မှာမဟုတ်ဘူး"ဟု ကုနင်းကပြောသည်။ သူမအနေနဲ့ ကျန်းကျီခိုင်အစား မဆုံးဖြတ်ပေးနိုင်သော်လည်း အကြံဉာဏ်တစ်ချို့တော့ ပေးနိုင်လေသည်။
သူမဟာ မှန်ကန်လေသည်။ တကယ်လို့ ကျန်းကျီခိုင်မှာ လုံလောက်တဲ့သတ္တိမရှိရင် သူမအနေနဲ့ ပါတီပွဲမှာ ဝင်ပါစရာမလိုအပ်ပေ။ အဘယ်ကြောင့်ဆို သူမရဲ့တင်ဆက်မှုဟာ သူမရဲ့စိတ်ကြောင့် ထိခိုက်နိုင်လို့ဖြစ်သည်။
"ဟုတ်တယ်။ ငါမနက်ဖြန် အိပ်ရာက ထရင် ပါချင်သေးလားဆိုတာ စောင့်ကြည့်လိုက်မယ်"ဟု ကျန်းကျီခိုင်က ကုနင်း စကားက အကျိုးအကြောင်းဆီလျော်တာမလို့ သူမဟာ မနက်ဖြန်မှ ဆုံးဖြတ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
နောက်တစ်နေ့တွင် ကျန်းကျီခိုင်ဟာ နိုးလာပြီးနောက် မပါဝင်တော့ရန် ဆုံးဖြတ်လိုက်သည်။ သူမဟာ ကရတာ စိတ်ဝင်စားကာ ငယ်ငယ်ကတည်းက သင်ထားကာ တော်ပေမဲ့လည်း သူမဟာ သိပ်မကြိုက်ပေ။ ထို့ကြောင့် သူမဟာ ပါတီအတွက် အချိန်အများကြီးပေးကာ မလေ့ကျင့်လိုပေ။ ထို့အပြင် ကုနင်း၊ ပိုင်လီကျုံးရွှယ်၊ စုန့်မြောင်ကောနဲ့ အခြားကောင်မလေးတွေဟာလည်း ပါတီပွဲမှာ မပါဝင်ချင်တာကြောင့် သူမဟာလည်း လက်လျော့လိုက်တာဖြစ်သည်။
ကုနင်းနောက်တစ်နေ့ စာသင်ခန်းထဲ ရောက်တဲ့အခါ သူမရဲ့ အတန်းဖော်တွေဟာ သူမကို ဝိုင်းပြီး ကြေးဂီတခေါင်းလောင်းတွေအကြောင်း မေးကြလေသည်။ စစချင်းမှာတော့ သူတို့ဟာ အင်တာနက်ပေါ်မှ တစ်စုံတစ်ယောက်က ကြေးဂီတခေါင်းလောင်းတွေဟာ ရှေးဟောင်းအုတ်ဂူကို တူး၍ရလာတယ်လို့ ကြားလို့ ကုနင်းအပေါ်မှာ အမြင်မကြည့်ကြသော်လည်း ရိုးရာအမွှေအနှစ်ဝန်ကြီးဌာနက ကုနင်းရဲ့နာမည်အား ဖြေရှင်းပေးတဲ့အခါမှာတော့ သူတို့ရဲ့အထင်အမြင်တွေဟာ ပြောင်းလဲသွားကျလေသည်။ ထို့အပြင် သူတို့ဟာ ကုနင်းကို အရင်ကထက် ပို၍လေးစားကြလေသည်။
ကုနင်းက အရင်ရက်အနည်းငယ်က ကျောင်းပျက်တာကြောင့် သူတို့အနေနဲ့ ကျောင်းကပွဲပါတီမှာ သူမပါဝင်မှာလားဆိုတာ မေးခွင့်မရပေ။ ဒီနေ့မှာတော့ သူတို့ရဲ့ အတန်းပိုင်ဆရာဟာ အခွင့်အရေးကို လက်ဦးမှုရယူကာ သူမကို ပါဝင်ချင်လား မေးလေသည်။ သူဟာ ကုနင်းက ပါဝင်ချင်လိမ့်မယ်လို့မထင်သော်လည်း သူက သူ့အလုပ်သူလုပ်နေသေးတာဖြစ်သည်။
ကုနင်းက စိတ်မဝင်စားကြောင်း ပြောသော်ကြောင့် သူတို့အတန်းပိုင်ဆရာဟာ ထပ်မမေးတော့ပေ။
.....
နေ့လည်ခင်းမှာတော့ ကုနင်းဟာ စုန့်မြောင်ကောနဲ့ အခြားကောင်မလေးတွေကို ဟော့ပေါ့စားရန် အပြင်ခေါ်လေသည်။ စားသောက်ဆိုင်ဟာ ကျောင်းမှာ မဝေးတဲ့အတွက် ၁၀မိနစ်လောက်သာ လမ်းလျှောက်သွားရန်လိုသည်။
ကျောင်းအနီးနားတွင် အစားအစာရောင်းတဲ့ ရပ်ကွက်သီးသန့်ရှိလေသည်။ သိပ်မကြီးသော်လည်း သိပ်တော့မသေးပေ။ ထို့အပြင် ကျောင်းသား/သူတွေကို နေ့တိုင်းထိုကိုသွားစားကြတဲ့အတွက် နာမည်ကြီးလေသည်။
ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေဟာ သူတို့ရဲ့အတန်းပြီးပြီးချင်း ထွက်လာတာဖြစ်၍ ခုံအလွတ်တွေရှိလေသည်။ ဆယ်မိနစ်လောက်ကြာရင်တော့ ရှိသမျှခုံအားလုံးဟာ လူဦးသွားမှာဖြစ်သည်။
တိုက်ဆိုင်စွာပင် ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေရောက်ပြီးမကြာခင်မှာပဲ သူတို့ဟာ ယွမ်ရှူးယန်၊ ခဲ့ချင်ချင်နဲ့ အခြားကောင်မလေးနှစ်ယောက်ကို တွေ့လေသည်။
ကုနင်းကို တွေ့တဲ့အခါမှာတော့ ယွမ်ရှူးယန်ရဲ့ မျက်လုံးထဲတွင် မနာလိုမှုနဲ့ ဒေါသတွေ တချက်ဖြတ်ပြေးသွားသော်လည်း သူမဟာဘာမှမပြောပေ။ သူမရဲ့မျက်လုံးဟာ ကုနင်းအပေါ် အချိန်အနည်းငယ် ကြာသွားပြီးနောက် သူမဟာ ဖယ်လိုက်ကာ တခြားဘက်သို့ ဆက်လျှောက်သွားလေသည်။
ယွမ်ယီလင်းဟာ သခင်ကြီးယွမ်ရဲ့ စကားကိုနားထောင်ကာ ယွမ်ရှူးယန်အား ကိုယ့်ကိုကိုယ် ဆင်ခြင်ရန် သတိပေးထားလေသည်။ သူမဟာ ရုန်ကျဲ့ချန်နဲ့ ပတ်သတ်၍ တခြားသူတွေနဲ့ ပြဿနာဖြစ်ခွင့် နောက်ထပ်မရှိပေ။ ထို့အပြင် သူမဟာ ရုန်ကျဲ့ချန်အပေါ်တွင် လက်လျော့ကာ ကုနင်းနဲ့ ဝေးဝေးမှာနေရမည်ဖြစ်သည်။ သူမရဲ့မိသားစုဟာ သူမကို သူမရဲ့အတန်းဖော်တွေနဲ့ ပြဿနာဖြစ်မဲ့အစား စာကိုအာရုံစိုက်လေ့လာဖို့ပြောလေသည်။
ကုနင်းက သခင်ကြီးလင်နဲ့ တခြားသခင်ကြီးတွေနဲ့ ရင်းနှီးတယ်ဆိုတာကို သိပြီးနောက် ယွမ်ရှူးယန်ဟာ ကုနင်းက လင်ရှောက်ရှီနဲ့ ဘယ်လိုသိသွားလဲဆိုတာ စဉ်းစားမိလေသည်။
ကုနင်းဟာ လင်မိသားစုနဲ့ ရင်းနှီးတာသာဖြစ်ပြီး ထိုမိသားစုဝင်မဟုတ်သော်လည်းပဲ ယွမ်ရှူးယန်အနေနဲ့ သူမကို အကြောင်းပြချက်မရှိဘဲ ပြဿနာမရှာရဲတော့ပေ။
ယွမ်ရှူးယန်နဲ့ သူမရဲ့သူငယ်ချင်းတွေဟာ ထိုင်ခုံမှာထိုင်ပြီးတာနဲ့ စားချင်တာမှာကြလေသည်။ ထို့နောက်မှာတော့ သူတို့ဟာ ဒါရိုက်တာတစ်ယောက်ဟာ သူတို့ပါဝင်ချင်တဲ့ စိတ်ကူးယဉ်တီဗွီစီးရီးတစ်ခုအကြောင်း ရိုက်ဖို့လုပ်နေတဲ့အကြောင်းပြောလေသည်။
ယွမ်ယီလင်းဟာ အနုပညာဌာနရဲ့ Deputy Ministerဖြစ်လာတာဟာ သူမရဲ့အဆင့်အတန်းကြောင့်တင်မဟုတ်ဘဲ သူမရဲ့ ထူးချွန်တဲ့ပါရမီကြောင့်လဲ ဖြစ်သည်။ ယွမ်ရှူးယန်ဟာ သီချင်းဆိုတဲ့ ကတဲ့နေရာမှာ ကောင်းမွန်လေသည်။ သူမဟာ အခြားဂီတတူရီယာတွေအများကြီးကိုလည်း ကျွမ်းကျင်ပြောင်မြောက်မှုရှိတဲ့အပြင် သူမမှာ အနုပညာလောကကို ဝင်ဖို့စိတ်ကူးလဲရှိလေသည်။
ယွမ်မိသားစုဟာ နိုင်ငံရေးရော စီးပွားရေးပါ ပါဝင်တဲ့သူတွေဖြစ်သည်။
ဩဇာရှိပြီး ချမ်းသာတဲ့လူအများစုဟာ အနုပညာလောကမှ စတားတွေကို အထင်သေးကျသော်လည်း တကယ်တော့ ကိုယ့်အဆင့်အတန်းပေါ် မူတည်သေးလေသည်။ တကယ်လို့ လူတစ်ယောက်မှာ စွမ်းအားကြီးတဲ့မိသားစုနောက်ခံ ရှိရင် သူ/သူမအနေနဲ့ စတားတစ်ယောက်အနေနဲ့လည်း အရမ်းမြင့်တဲ့ အဆင့်အတန်းရှိနိုင်သေးလေသည်။
ဘာလို့လဲဆို လူထုအမြင်မှာ စွမ်းအားကြီးတဲ့မိသားစုနောက်ခံကလာတဲ့လူတွေဟာ မပြောထားတဲ့စည်းကမ်းတွေကို လက်ခံမှာမဟုတ်၍ သူတို့မှာ အဆင့်အတန်းရှိလေသည်။ တစ်ဖက်မှာတော့ ထောက်ပံ့မှုကြီးကြီးမားမား မရှိတဲ့လူတွေဟာ မပြောထားတဲ့စည်းကမ်းတွေကို လက်ခံပြီး နာမည်ကြီးလာနိုင်၍ ဖြစ်သည်။
ဘယ်သူကမှ သူ/သူမဟာ သူမ/သူမရဲ့ စွမ်းရည်ကိုသုံးပြီး နာမည်ကြီးလာလားဆိုတာကို ဂရုမစိုက်ပေ။ ထို့ကြောင့် ယွမ်ယီလင်းအနေနဲ့ အနုပညာလောကထဲမှာ သူမရဲ့ဂုဏ်သတင်းကို ကာကွယ်နေသ၍ ယွမ်မိသားစုဟာ လက်မခံမှာမဟုတ်ပေ။
ထို့အစား တကယ်လို့ ယွမ်ရှူးယန်သာ အနုပညာလောကထဲမှာ ထူးချွန်တယ်ဆိုရင် ယွမ်မိသားစုရဲ့ စီးပွားရေးအတွက် အထောက်အကူပြုမည်ဖြစ်သည်။
ကုနင်းဟာ သူမတို့စကားကို ကြားဖို့စိတ်ကူးမရှိသော်လည်း သူမမှာ သာမာန်ထက်ပိုတဲ့အကြားအာရုံရှိတဲ့အတွက် သူတို့ရဲ့ စကားပြောသံဟာ တိုးပေမဲ့လည်း သူမဟာ ရှင်းရှင်းလင်းလင်းကြားရလေသည်။ သူတို့ကြားမှာ စားပွဲနှစ်ခုပဲ ခြားတာဖြစ်၍ အကွာအဝေးက တိုလေသည်။
ယွမ်ရှူးယန်နဲ့ သူမရဲ့သူငယ်ချင်းတွေဟာ စိတ်ကူးယဉ်တီဗွီရှိုးပွဲတွင် အရေးမပါတဲ့ နေရာကနေသာ သရုပ်ဆောင်နိုင်သော်လည်း သူတို့ရဲ့ မျက်နှာကို ပြနိုင်သည်ဖြစ်သည်။
တကယ်တော့ ဒါရိုက်တာဟာ သူတို့ရဲ့ မိသားစုနောက်ခံကြောင့်သာ သူတို့ကိုအခွင့်အရေးပေးတာဖြစ်သည်။ သာမာန်လူသစ်တွေဟာ ထိုကဲ့သို့သော် အကျိုးခံစားမှုမျိုး မရကြပေ....။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၆၆ ကျီပိုင်ယင်း၊ မစ္စစ်ရှုကိုကယ်တင်ခြင်း
တကယ်တော့ သူတို့ရဲ့မိသားစုနောက်ခံနဲ့တင် သူတို့အနေနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ရင်တောင် ပြဿနာမရှိပေ။ သို့သော်လည်း ထိုသို့လုပ်လျင် အနုပညာလောကထဲတွင် သူတို့ရဲ့အလုပ်ဟာ ထိခိုက်သွားနိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် ပရိသတ်က သူတို့အပေါ် မျှတစွာမယှဉ်ပြိုင်သည့်အတွက် မကောင်းမြင်သွားနိုင်လေသည်။ အဲဒီအခါမှာတော့ သူတို့အနေနဲ့ အနာဂတ်မှာ ဘယ်လောက်ပဲကြိုးစားကြိုးစား သူတို့အပေါ် မကောင်းမြင်မှုကို ဖယ်ရှားနိုင်မှာမဟုတ်ပေ။
ကုနင်းဟာ သူတို့ရဲ့စကားကို ကြားသော်လည်း သူမနဲ့မသက်ဆိုင်တာကြောင့် သူမဟာ ဘာမှမလုပ်ပေ။
စားသောက်ပြီးတဲ့အခါမှာတော့ သူတို့ဟာ ကျောင်းဆီ ဖြေးဖြေးပဲလမ်းလျှောက် ပြန်ကျလေသည်။
ကျောင်းမှာတော့ သူတို့သစ်တောငယ်လေးနား လမ်းလျှောက်ဝင်လာတဲ့အခါမှာ သူတို့ ချူဟန်ကျောင်းနဲ့ဆုံလေသည်။
ချူဟန်ကျောင်းဟာ ပြဿနာတက်ပြီးနောက် ချူဟန်ကျောင်းဟာ ကျောင်းကိုမလာတာ အတော်ကြာပြီဖြစ်ကာ နိုင်ငံတော်လွတ်လပ်ရေးပြီးမှ ပြန်လာတာဖြစ်သည်။ သို့သော်လည်း သူမဟာ အချိန်အများစုမှာ စကားမပြောချင်ကာ ယွမ်ရှူးယန်နဲ့ ခဲ့ချင်ချင်တို့လည်း အလည်သွားခဲလေသည်။ သူမဟာ ပုံမှန်အားဖြင့် တစ်ယောက်ထဲနေလေ့ရှိလေသည်။
ချူဟန်ကျောင်းဟာ ကုနင်းကိုမြင်တာနဲ့ တပြိုင်နက် ဒေါသထွက်သွားပုံပေါ်သော်လည်း ဘာမှတော့မပြောပေ။ ထို့အစား သူမဟာ ကုနင်းအား မုန်းနေတဲ့အကြည့်ဖြင့်သာ စိုက်ကြည့်လေသည်။
သို့သော်လည်း ကုနင်းကတော့ သူမရဲ့အကြည့်အပေါ်မှာ ဂရုတောင်မစိုက်ပေ။
.....
ကျန်းချန်ထောင်ဟာ ချန်တရုန်ကလက်စားပြန်ချေတယ်လို့ ခန့်မှန်းမိသော်လည်း ဟာရာဒါဟိုနီချီထိခိုက်မိတဲ့အခါမှာ သူဟာ မစုံစမ်းခဲ့ပေ။ သူ့အနေနဲ့ ဟာရာဒါကို သူဘာမှ ရှာမတွေ့ဖူးလို့သာ လိမ်နိုင်လေသည်။
သူလည်း ဒဏ်ရာရသွားတယ်ဆိုတာကို ဟာရာဒါကိုလည်း ပြောမပြတာကြောင့် ဟာရာဒါကသူ့ကိုမမြင်စေရန် သူဟာ အခြားမတူညီတဲ့ဆေးရုံခန်းမှာ ပြောင်းနေဖို့တောင်းဆိုလေသည်။
ဟာရာဒါက ဒဏ်ရာရသွားတာကြောင့် သူအနေနဲ့ ဒီနေ့ အိမ်ပြန်လို့မရပေ။ သူဟာ အနည်းငယ်ပြန်ကောင်းတဲ့အချိန်ထိ စောင့်နေရတာဖြစ်သည်။ ကျန်းချန်ထောင်ဟာလည်း ဒဏ်ရာရထားတဲ့အတွက် ဟာရာဒါအား မအားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ သူဟာ အလည်မသွားပေ။ ထို့အစား သူ့ရဲ့ အတွင်းရေးမှူးအား ဟာရာဒါအား အလည်သွားဖို့လွှတ်လိုက်လေသည်။
....
ညနေ၄:၀၀တွင် ရှုကျင်းချန်ဟာ စစ်တပ် တပ်ရင်းဆီပြန်သွားလေသည်။ သူဟာ မပြန်ချင်ပေမဲ့လည်း သူ့အလုပ်သူလုပ်ရမည်ဖြစ်သည်။
ကျီပိုင်ယင်းကလည်း သူပြန်သွားတာကိုမမြင်ချင်ပေမဲ့လည်း အပေါ်မှာတော့ ပျော်ချင်ယောင်ဟန်ဆောင်ကာ သူ့ကိုပင်မောင်းထုတ်လိုက်သေးသည်။
ရှုကျင်းချန်ဟာ ကျီပိုင်ယင်းက စိတ်ထဲတကယ်မပါဘဲပြောနေတယ်ဆိုတာကို သိတဲ့အတွက် စိတ်မဆိုးပေ။
သူတို့ဟာတစ်ယောက်နဲ့ တစ်ယောက်နဲ့ခံစားချက်တွေကို ဖွင့်ဟမပြောကြသော်လည်း တစ်ယောက်ကိုတစ်ယောက်ချစ်နေတယ်ဆိုတာတော့ သိကြလေသည်။ သူတို့ဟာ အချစ်ရေးထက်ပိုပြီး အခြားအရာတွေလိုသေးလို့ တစ်ယောက်နဲ့တစ်ယောက် ဖွင့်ဟမဝန်ခံကျသေးတာဖြစ်သည်။ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကိုက်ညီလိုက်ဖက်ဖို့လည်း လိုသေးလေသည်။ ထို့ကြောင့် သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ကိုက်ညီကြောင်း မသေချာသေးသ၍ ဒီအတိုင်းလေးပဲ ဆက်ပြီးနေဖို့ သဘောတူကြလေသည်။
ရှုကျင်းချန်ပြန်သွားပြီးတဲ့အခါမှာတော့ ရှားမိုင်ချီပြန်ရောက်ပြီးဖြစ်ကာ သူတို့ညနေ၄နာရီမှာ ကုန်သွယ်ရေးလေးမှာ တွေ့ဖို့ချိန်းထားတာဖြစ်၍ ကျီပိုင်ယင်းဟာ ကုန်သွယ်ရေးလေးဆီသို့သွားလေသည်။
ရှားမိုင်ချီဟာ မနက်ကတည်းက ပြန်ရောက်တာဖြစ်ပေမဲ့လည်း လေယာဉ်ပျံ ၁၀နာရီကျော် စီးနင်းလာရ၍ ပင်ပန်းနေသဖြင့် သူမဟာ ပထမဆုံးအနားယူပြီးမှ ကျီပိုင်ယင်း တွေ့ဖို့အပြင်ထွက်လာတာဖြစ်သည်။
ကုန်သွယ်ရေးလေးမှာ ကျီပိုင်ယင်း အနည်းငယ်လျှောက်သွားပြီး သိပ်မကြာခင်မှာပဲ ရှားမိုင်ချီရောက်လာလေသည်။ သူတို့ဟာတွေ့တာနဲ့ တပြိုင်နက် ဖက်လိုက်ကြလေသည်။
"နင်ဒီမှာ ဒီတစ်ခါဘယ်လောက် ကြာအောင်နေမှာလဲ"ဟု ရှားမိုင်ချီက မေးလေသည်။
"မသိသေးဘူး ဒါပေမယ့် သိပ်တော့မကြာလောက်ဘူး။ ဘာပဲဖြစ်ဖြစ် အိမ်မှာပဲနေနေရတာ ပျင်းစရာကြီး။ ဒီမှာဆို နင်ရော ကုနင်းရောရှိတယ်။ ငါတို့ အပျော်လည်ဖို့ မကြာခဏ အတူတူစုံလို့ရတယ်"ဟု ကျီပိုင်ယင်းကပြောလေသည်။ အမှန်တကယ်တော့ သူမမှာ ရှားမိုင်ချီရော ကုနင်းရော ရှိတယ်လို့ပြောတဲ့အခါမှာ သူမကိုယ်သူမလည်း သူမမှာ ရှုကျင်းချန်လည်း ရှိသေးတယ်ဆိုပြီး တိတ်တိတ်လေးပြောလိုက်လေသည်။
"ဟုတ်တယ်"ဟုရှားမိုင်ချီက ကျီပိုင်ယင်း တွင် Jနိုင်ငံမှာ သူငယ်ချင်းအများကြီးမရှိတာသိ၍ သဘောတူလေသည်။
"ဈေးဝယ်ထွက်ရအောင်။ ငါ့မှာဝတ်စရာအဝတ်အစားတွေ မရှိတော့ဘူး ထင်တယ်" ဟု ရှားမိုင်ချီက ပြောသည်။ အမှန်တကယ်တော့ သူမမှာ ဝတ်စရာအဝတ်အစား မရှိတော့တာမဟုတ်ပေ။ ဒါပေမယ့် မိန်းမတွေဟာ ဝတ်စရာအဝတ်အစား လုံလောက်မှုရှိတယ်လို့ ဘယ်တော့မှမထင်ဘဲ အမြဲပိုပြီးလိုတယ်လို့ထင်လို့ဖြစ်သည်။
"ကောင်းသားပဲ"ဟု ကျီပိုင်ယင်းကပြောကာ သူတို့ အဝတ်အစားသွားကြည့်ကြလေသည်။
ဈေးဝယ်ထွက်ပြီးနောက် ရှားမိုင်ချီရော ကျီပိုင်ယင်းရော နှစ်ယောက်လုံးဟာ အဝတ်အစား နှစ်စုံဆီဝယ်ကာ ညစာတူတူ သွားစားကြလေသည်။
သူတို့ဟာ ဘဲကင်စားဖို့ဆုံးဖြတ်လိုက်ပေမဲ့လည်း အရှေ့ဘက်လမ်း XXလမ်းကြားက နာမည်ကြီးဘဲကင်ရောင်းတဲ့ စားသောက်ဆိုင်တော့ မဟုတ်ပေ။ အစားအသောက်လမ်းနဲ့ သိပ်မဝေးသော်လည်း ထိုင်ခုံနေလွတ်မရှိပေ။ ပြီးတော့ ကျီပိုင်ယင်းက ရှုကျင်းချန်ကို ဖုန်းဆက်ပြီး အကူအညီမတောင်းချင်တာကြောင့်လဲ ဖြစ်သည်။
ဘဲကင်ကောင်းတဲ့ အခြားစားသောက်ဆိုင်တွေ ရှိသေးကြောင်း ရှားမိုင်ချီကလည်း သူမကိုပြောလေသည်။ အရှေ့ဘက်လမ်း Xxလမ်းကြားကဆိုင်က ရှေ့နှစ်ပိုင်းအတွင်းမှ လူပြောများတာနေကစပြီး နာမည်ကြီးလာတာဖြစ်သည်။
အစားအသောက်လမ်းမှာလည်း ဘဲကင်နဲ့ နာမည်ကြီးတဲ့ စားသောက်ဆိုင်ရှိလေရာ သူတို့ဟာ ကံကိုအားကိုး၍ ခုံအနည်းငယ်ရလိုက်လေသည်။
ကံကောင်းစွာနဲ့ပင် ဒီနေ့သူတို့ကံကောင်းကာ ဘဲကင်ရောင်းတဲ့ စားသောက်ဆိုင်မှာ စားပွဲအလွတ်တစ်လုံးရှိလေသည်။ ကိုယ်ပိုင်အခန်းထဲအားလုံးဟာ လူဦးပြီးဖြစ်ကာ စားပွဲဟာ ဟောခန်းမမှာဖြစ်သော်လည်း သူတို့အတွက် ကိစ္စမရှိပေ။
ဘဲကင်ရောင်းတဲ့ စားသောက်ဆိုင်ကို ရောက်ပြီးတဲ့အခါမှာတော့ ကျီပိုင်ယင်းဟာ သန့်စင်ခန်းသွားလေသည်။
တိုက်ဆိုင်စွာပင် မစ္စစ်ရှုဟာလည်း ဒီဘဲကင်ဆိုင်မှာ ညစာလာစားနေတာ ဖြစ်သည်။ သူမဟာလည်း သန့်စင်ခန်းထဲရောက်နေတာ ဖြစ်သည်။
ကျီပိုင်ယင်းလမ်းလျောက်သွားနေစဉ်မှာပဲ မစ္စစ်ရှုဟာ သန့်စင်ခန်းကနေ ထွက်လာကာ ကြမ်းပြင်ဟာ တိုက်ထားပြီးကာစဖြစ်၍ အနည်းငယ် ချော်နေလေသည်။ မစ္စစ်ရှုဟာ ထိုအရာကိုမသိ၍ ချော်လဲကာ နောက်ပြန်လဲကျသွားလေသည်။
ထိုအရာကိုမြင်တဲ့အခါ ကျီပိုင်ယင်းဟာ မစ္စစ်ရှု နောက်ကျလဲမကျသွားအောင် ပြေးတွဲလိုက်လေသည်။
"မဒမ်၊ ဂရုစိုက်။ ကြမ်းပြင်က ချော်နေတယ်"ဟု ကျီပိုင်ယင်းက ကြင်နာစွာပြောလေသည်။ သူမဟာ မစ္စစ်ရှုကိုမသိ၍ သူမက ရှုကျင်းချန်ရဲ့အမေမှန်း သူမဟာမသိပေ။
"ကျေးဇူးအများကြီးတင်ပါတယ်ကွယ်။ သမီးကြောင့်သာမဟုတ်ရင် အန်တီဆိုးဆိုးရွားရွား ချော်လဲသွားတော့မလို့"ဟု မစ္စစ်ရှုဟာ လန့်သွားလေသည်။
"ကိစ္စမရှိပါဘူး"ဟု ကျီပိုင်ယင်းကပြောသည်။
"သမီးက ကွန်ဖူးစိတ်ဝင်စားတယ်လား" ဟု မစ္စစ်ရှုက ကျီပိုင်ယင်းရဲ့ လှုပ်ရှားမှုဟာ သူမရဲ့စွမ်းရည်ကို ပြသနေတာဖြစ်၍ သိချင်စွာ မေးလိုက်လေသည်။
"ဟုတ်ကဲ့"ဟု ကျီပိုင်ယင်းကဖြေသည်။
"သမီးက အရမ်းလှနေတော့ အန်တီက အံ့ဩသွားပြီ"ဟု မစ္စစ်ရှုက ချီးကျူးလေသည်။ ကျီပိုင်ယင်းကိုကြည့်ပြီး မစ္စစ်ရှုက အံ့ဩသွားလေသည်။ ကျီပိုင်ယင်းအပေါ်မှာ သူမဟာ အရမ်းအမြင်ကောင်းနေလေသည်။
အဲဒီအချိန်မှာ ကျီပိုင်ယင်းမှာ ရည်းစားရှိလားလို့ပင် မစ္စစ်ရှုဟာ မေးချင်သွားလေသည်။ သို့သော်လည်း သူမသားမှာ ကြိုက်နေပြီးတဲ့လူရှိတယ်ဆိုတာကို တွေးမိတဲ့အခါ လက်လျော့လိုက်လေသည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ မဒမ်"ဟု မစ္စစ်ရှုက သူမကို ချီးကျူးတယ်တဲ့အတွက် ကျီပိုင်ယင်းက မစ္စစ်ရှု အားယဉ်ကျေးစွာပင် ကျေးဇူးတင်လိုက်လေသည်။
ထို့နောက် မစ္စစ်ရှုဟာ ထွက်သွားကာ ကျီပိုင်ယင်းကလည်း သန့်စင်ခန်းဝင်သုံးကာ သူမခုံဆီသို့ ပြန်သွားလေသည်။
သူမတို့စားသောက်ပြီးတဲ့အခါမှာတော့ သူမတို့ဟာ မစ္စစ်ရှုနဲ့ တံခါးမှာ ထပ်တွေ့လေသည်။
ဒီတစ်ခါမှာတော့ ကျီပိုင်ယင်းဟာ ရင်းနှီးတဲ့မျက်နှာဖြစ်တဲ့ ရှုချင်ယင်းအား တွေ့လေသည်။
"မစ္စကျီ"ဟု ရှုချင်ယင်းက ကျီပိုင်ယင်းကိုတွေ့တဲ့အခါ အရမ်းအံ့အားသင့် သွားလေသည်။
"အို၊ မင်္ဂလာပါ မစ္စရှု!"ဟု ကျီပိုင်ယင်းကလည်း ရှုချင်ယင်းကို တွေ့တဲ့အခါအရမ်း အံဩသွားလေသည်။ ဒါပေမယ့် ရှုချင်ယင်းရဲ့ ဘေးမှာရှိတဲ့ အမျိုးသမီးကိုမြင်လိုက်တာနဲ့ တပြိုင်နက် သူမဟာ ရုတ်တရက် စိတ်လှုပ်ရှားသွားလေသည်။
ရှုချင်ယင်းနှင့်အတွက် အမျိုးသမီးနှစ်ဦးရှိလေသည်။ ပြီးတော့ သူတို့ထဲက တစ်ယောက်ဟာ ကျီပိုင်ယင်း ခုနလေးက ကယ်လိုက်တဲ့ မစ္စစ်ရှုပင်ဖြစ်သည်။ သူတို့ဟာ ရှုမိသားစုက လူကြီးတွေများ ဖြစ်နေမလား။
သူတို့ထဲက အနည်းဆုံးတစ်ယောက်ကတော့ ဖြစ်လောက်မည်ဟု သူမဟာ စိုးရိမ်နေလေသည်။
"တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာလား"ဟု မစ္စစ်ရှုရဲ့ မျက်လုံးတွေဟာ အရောင်တောက်သွားလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၆၇ ကျီပိုင်ယင်းကို နှစ်သက်သွားတယ်
"ဟုတ်တယ်။ မစ္စကျီက ကုနင်းရဲ့ သူငယ်ချင်းလေ"ဟု ရှုချင်ယင်းကပြောသည်။ သူမက တကယ်တော့ ကျီပိုင်ယင်းဟာ ရှုကျင်းချန်ရဲ့ သူငယ်ချင်းလို့ ပြောချင်တာဖြစ်ပေမဲ့လည်း မသင့်တော်တာကြောင့် ကုနင်းကိုပဲ ပြောလိုက်ခြင်းဖြစ်သည်။
ရှုမိသားစုဟာ ရှုကျင်းချန်မှာ ကြိုက်နေတဲ့ကောင်မလေးရှိကာ ထိုကောင်မလေးက ကုနင်းရဲ့ သူငယ်ချင်းဆိုတာကို သိထားပြီးပြီဆိုတာကို ရှုချင်ယင်းက မသိ၍ဖြစ်သည်။ တကယ်လို့ သူမသာသိ၍ အဲဒီကောင်မလေးက ကျီပိုင်ယင်း ဆိုတာကို သူမသဘောပေါက်သွားမှာဖြစ်သည်။
တကယ်တော့ တကယ်လို့ သူမအခုသိရင်တောင် ကျီပိုင်ယင်းက အဲ့ကောင်မလေးလို့ သူမဟာ ပြောပြမှာမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမဟာ ကျီပိုင်ယင်းကို မရှက်သွားစေချင်၍ ဖြစ်သည်။ သခင်ကြီးရှုကလွဲ၍ ရှုကျင်းချန် ကြိုက်နေတဲ့ ကောင်မလေးရဲ့ နာမည်ကို ဘယ်သူမှမသိပေ။
"အို သူမက ကုနင်းရဲ့ သူငယ်ချင်းကိုး။ ငါ့ကို သန့်စင်ခန်းထဲမှာ ခုနလေးက ကယ်လိုက်တဲ့ ကောင်မလေးကလည်း မစ္စကျီပဲ"ဟု မစ္စစ်ရှုကပြောသည်။
"တကယ်လား။ ငါ့အန်တီကို ကယ်လိုက်တဲ့နင်လား။ ငါတို့ကို အခုလို တူတူဆုံပေးတာ ကံတရားပေါ့"ဟု ရှုချင်ယင်းက အဓိပ္ပာယ်ရှိစွာ ပြောလိုက်သည်။
သူမ ကယ်လိုက်တဲ့ မစ္စစ်ရှုဟာ ရှုချင်ယင်းရဲ့ အန်တီဖြစ်ပြီး ရှုကျင်းချန်ရဲ့ အမေဖြစ်တယ်ဆိုတာ ကြားလိုက်တာနက် တပြိုင်နက် ကျီပိုင်ယင်းဟာ စိတ်လှုပ်သွားလေသည်။
သူမဟာ အမြဲသတ္တိရှိပြီး ပြောဆိုဆက်ဆံတတ်ကာ အခြားလူတွေရှေ့မှာ သူတို့ရဲ့ အဆင့်အတန်းမြင့်နေရင်တောင် မကြောက်လန့်တတ်ပေမဲ့လည်း သူမ,ကြိုက်နေတဲ့လူ၍ မိသားစုရှေ့ရောက်တဲ့အခါမှာတော့ စိတ်လှုပ်ရှားနေလေသည်။ သူမကိုယ်သူမ မထိန်းနိုင်ပေ။
"အာ၊ တိုက်ဆိုင်သွားရုံတင်ပါ"ဟု ကျီပိုင်ယင်းက အနည်းငယ် ရှက်စွာဖြင့်ဖြေသည်။ ရှုချင်ယင်းက ဘာကိုဆိုလိုနေတယ်ဆိုတာကို သူမက နားလည်နေတာဖြစ်၍ စိတ်ထဲမအေးဖြစ်နေတာဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် သမီးအန်တီကို ကယ်လိုက်တယ်ဆိုတာတော့ အမှန်ပဲလေ။ သူမက ကုနင်းရဲ့ သူငယ်ချင်းဖြစ်ပြီး ချင်ယင်းနဲ့လည်း ရင်းနှီးနေမှတော့ အန်တီတို့ ဒီည လက်ဖက်ရည်သွားသောက်ရအောင်လေ။ သမီးအကူအညီအတွက် အန်တီအနေနဲ့ ကျေးဇူးတင်ရဦးမယ်မလား"ဟု မစ္စစ်ရှု ကပြောသည်။ သူမဟာ ကြင်နာချင်ယောင် ဟန်ဆောင်နေတာမဟုတ်ဘဲ စိတ်ရင်းနဲ့ ဖိတ်ခေါ်နေတာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမနဲ့သွားဖို့ ကျီပိုင်ယင်းကို ဖိအားမပေးချင်တာကြောင့် သူမက "တကယ်လို့ တစ်ခုခုမအားတာမရှိရင် ကျေးဇူးပြုပြီးလက်ခံပေးပါ"ဟု ထပ်ပြောလေသည်။
"အာ..."ဟု ကျီပိုင်ယင်းဟာ အဲဒီအချိန်မှာ ဘာလုပ်ရမှန်းမသိတော့ချေ။ သူမဟာ သွားချင်ပေမဲ့လည်း စိတ်ထဲမအေး၍ဖြစ်သည်။
"မစ္စကျီ၊ ကြောက်ဖို့မလိုဘူး။ တကယ်လို့မအားရင် ငါတို့နောက်တစ်နေ့မှ တွေ့လို့ရတယ်။ တကယ်လို့နင်အားရင်တော့ ငါတို့ လက်ဖက်ရည် တူတူသောက်လို့ရတာပေါ့"ဟု ရှုချင်ယင်းက ပြောသည်။
ကျီပိုင်ယင်းဟာ မအားတာမရှိကာ သူမ,မအားဘူးဟုဆိုပြီး အကြောင်းပြချက်ပေးလိုက်မိ၍ သူတို့အနေနဲ့ သူမအပေါ် အမြင်မကြည်သွားမှာလဲ မလိုလားပေ။ ထို့ကြောင့် သူမသဘောတူလိုက်သည်။
"ကျွန်မအားပါတယ်။ ဒါပေမယ့် အန်တီတို့အချိန် ဖြုန်းမိမှာဆိုးလို့"ဟု ကျီပိုင်ယင်း ကပြောသည်။
"အန်တီတို့မှာ ဘာမှလုပ်စရာမရှိပါဘူး။ မဟုတ်လျှင် အန်တီတို့ လျောက်သွားနေမှာမဟုတ်ဘူး"ဟု မစ္စစ်ရှုက ဖြေသည်။
ထို့နောက် ကျီပိုင်ယင်းနဲ့ သူမရဲ့သူငယ်ချင်းတို့ဟာ မစ္စစ်ရှုနဲ့အတူ အစားအသောက်လမ်းမှာပဲရှိတဲ့ လက်ဖက်ရည်ဆိုင်ဆီ သွားကြလေသည်။ မိနစ်အနည်းငယ်အကြာတွင် သူတို့ရောက်လေသည်။
လက်ဖက်ရည်ဆိုင်သွားတဲ့လမ်းမှာ သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် မိတ်ဆက်ကြလေသည်။
"မစ္စကျီက ဘယ်ကလဲ"ဟု မစ္စစ်ရှုက မေးသည်။
"ကျွန်မက Xနိုင်ငံကပါ။ ဒါပေမယ့် ကျွန်မရဲ့ ဘိုးဘေးတွေကတော့ ဒီနိုင်ငံမှာပဲ မွေးတာပါ"ဟု ကျီပိုင်ယင်းကပြောသည်။ သူမဟာ မစ္စစ်ရှုနဲ့စကားပြောတဲ့အခါမှာ မကောင်းမြင်စိတ်ရှိသွားမှာစိုး၍ အရမ်းသတိထားလေသည်။
"မြို့တော်ကို မကြာခဏလာလည်လေ့ရှိလား ဒါမှမဟုတ် တစ်ခါတစ်လေမှလား"ဟု မစ္စစ်ရှုကမေးသည်။
"အရမ်းဝေးတာမလို့ တစ်ခါတစ်လေမှပဲ လာလည်ဖြစ်တယ်ရှင့်။ ပြည်ပခဏခဏသွားပြီး မိသားစုကို စိတ်မပူစေချင်လို့"ဟု ကျီပိုင်ယင်းက ပြန်ဖြေသည်။ အဓိကကတော့ သူမရဲ့နောက်ခံဟာ အရမ်းထူးခြားကာ အခြားလူတွေထက် သူမဟာ ပိုပြီးအန္တရာယ်ကြုံနိုင်လို့ဖြစ်သည်။
ထိုအရာသိတဲ့အခါ မစ္စစ်ရှုဟာ ခေါင်းငြိမ့်လေသည်။ သူမဟာ ငယ်သေးတာဖြစ်၍ သူမသွားတဲ့နေရာတိုင်းတွင် ကျီပိုင်ယင်းရဲ့ဘေးမှာ သက်တော်စောင့်နှစ်ယောက်ရှိလေသည်။ တကယ်လို့ သူမသာ ပြည်ပမှာ အကြာကြီးနေရင် သူမမိသားစုဟာ စိတ်ပူမှာအမှန်ပင်။
မစ္စစ်ရှုက စကားများတတ်ပေမဲ့လည်း သူမအနေနဲ့ လူစိမ်းတွေနဲ့ ပထမဆုံးတွေ့တာနဲ့တင် လွယ်လွယ်ကူကူ ရင်းနှီးလေ့မရှိပေ။ သို့သော်လည်း သူမဟာ ကျီပိုင်ယင်းနဲ့ စကားအများကြီးပြောလေသည်။
မစ္စစ်ရှုနဲ့ အတူတူလာတဲ့သူဟာ သူမဒီနေ့ မူမမှန်နေတာကို သတိထားမိပြီး ရှုချင်ယင်းကလည်း သူမရဲ့ ကျီပိုင်ယင်းအပေါ်မှာထားတဲ့ မတူညီတဲ့ဆက်ဆံပုံကို သတိထားမိလေသည်။ တကယ်လို့ ကျင်းချန်သာ အနာဂတ်မှာ ကျီပိုင်ယင်းနဲ့ အတူတူနေသွားရင် မစ္စစ်ရှုအနေနဲ့ အရမ်းပျော်ရွှင်နေလိမ့်မည်ဟု ရှုချင်ယင်းကတွေးမိလေသည်။
သူတို့ဟာ လက်ဖက်ရည်ဆိုင်မှာ အကြာကြီးမနေဘဲ တစ်နာရီအကြာတွင် လမ်းခွဲသွားကြလေသည်။
သူတို့အိမ်ပြန်လမ်းမှာတော့ ရှုချင်ယင်းဟာ မစ္စစ်ရှုအား "ကျီပိုင်ယင်းကို အန်တီဘယ်လိုထင်လဲ"ဟုမေးလေသည်။
"သူမက အရမ်းကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ပဲ။ လှပတယ်၊ ကျက်သရေရှိတယ်၊ ပြီးတော့ လိမ်မာတယ်။ သူမက ပုံမှန်ချမ်းသာတဲ့မိသားစုက အမွေဆက်ခံသူပဲ"ဟု မစ္စစ်ရှုကဖြေသည်။ သူမဟာ ကျီပိုင်ယင်းကို ချီးကျူးဖို့ မတွန့်ဆုတ်ပေ။
ထိုသို့ပြောပြီးနောက် မစ္စစ်ရှုဟာ ရုတ်တရက်သက်ပြင်းချလိုက်ကာ "ကျီပိုင်ယင်းရဲ့ စိတ်ဓာတ်က ဘယ်လိုလဲငါမသိပေမဲ့ သူမနဲ့အတူတူ အချိန်ဖြုန်းရတာ ငါသဘောကျတယ်။ တကယ်တော့ သူမမှာ ချစ်သူကောင်လေးရှိပြီးနေပြီလားလို့ ငါကမေးချင်တာ ဒါပေမယ့် နင့်အစ်ကိုဝမ်းခွဲမှာ ကြိုက်နေတဲ့ရှိပြီးနေပြီလို့ နင့်အဘိုးက ငါ့ကိုပြောလို့။ သူက သူမကို ပိုးနေတုန်းလို့ ငါကြားလို့ ဘာမှထပ်မမေးသေးတာ။ အဲ့တာ အကျိုးမရှိတဲ့အပြင် ဘယ်သူ့အပေါ်မှလည်း လေးစားမှုမရှိဘူး"
"သမီးအကိုဝမ်းခွဲမှာ ကြိုက်နေတဲ့ ကောင်မလေးရှိပြီတဲ့လား။ သူက သူ့ကိုပိုးနေတုန်းလား။ သူမကဘယ်သူလဲ"ဟု ရှုချင်ယင်းက အံဩသွားကာ စိတ်လှုပ်ရှားစွာမေးလိုက်သည်။ ရှုကျင်းချန်ကအရင်က ဘယ်မိန်းကလေးကိုမှ ထူးထူးခြားခြားဆက်ဆံတာမတွေ့ဖူး၍ ထိုကောင်မလေးက ကျီပိုင်ယင်းဖြစ်လိမ့်မယ်ဟု ရှုချင်ယင်း ကထင်လေသည်။
"နင့်အဘိုးရော နင့်ဝမ်းကွဲအစ်ကိုရောက ကောင်မလေးရဲ့နာမည်ကို ငါ့ကိုမပြောပြဘူး။ ကောင်မလေးက အသက်နှစ်ဆယ်လောက်ပဲရှိသေးတယ်လို့ပဲ နင့်အဘိုးကပြောတာ။ သူမက အရမ်းလှပပြီး ကျက်သရေရှိတယ်တဲ့။ သူမရဲ့မိသားစုနောက်ခံကို သူတို့သိပ်မသိပေမဲ့လည်း သူမရဲ့ အပြုအမူအရတော့ သူမက သာမာန်မိသားစုက မွေးဖွားလာတာမဟုတ်ဘူးတဲ့။ သူအောင်မြင်သွားရင် ပိုပြောပြမယ်လို့တော့ နငဝမ်းကွဲအစ်ကိုက ပြောတယ်"ဟု မစ္စစ်ရှုကပြောသည်။ သူမဟာ ထိုအရာကို ပြောတဲ့အခါ မကျေနပ်ဖြစ်နေပုံ ပေါ်လေသည်။
ကောင်မလေးရဲ့ ပုံပန်းသွင်ပြင်နဲ့ မိသားစုနောက်ခံကို သူမဟာ သိပ်ဂရုမစိုက်ပေမဲ့လည်း သူမဟာ ထိုကောင်မလေးနဲ့ တွေ့ချင်လေသည်။
"အဲ့ကောင်မလေး ဘယ်သူလဲဆိုတာ သမီးသိတယ်ထင်တယ်"ဟု ရှုချင်ယင်းက ရယ်လိုက်လေသည်။
"ဘယ်သူလဲ။ သူမက ဘယ်သူလဲ"ဟု မစ္စစ်ရှုက အလျင်အမြန်ပင် မေးလိုက်သည်။
"အသက်နှစ်ဆယ်အရွယ်ကောင်မလေး။ လှပတယ်၊ ကျက်သရေရှိပြီး လိမ်မာတယ်။ ကျီပိုင်ယင်းဖြစ်မယ်လို့ မထင်ဘူးလား"ဟု ရှုချင်ယင်းက ပြောသည်။
"ဘာ"ဟု မစ္စစ်ရှုက အံ့ဩသွားလေသည်။ သူမဟာ ကျီပိုင်ယင်း ဖြစ်နိုင်တယ်လို့ ရုတ်တရက်သဘောပေါက်သွားလေသည်။
"နင့်အစ်ကိုဝမ်းကွဲကြိုက်နေတဲ့ ကောင်မလေးက ကျီပိုင်ယင်းလို့ နင်ဆိုလိုချင်တာလား"ဟု မစ္စစ်ရှုက ပျော်ရွှင်စွာပင် မေးလိုက်လေသည်။ ကျီပိုင်ယင်းအပေါ်မှာ မြင်လိုက်ကတည်းက သူမဟာ အကောင်းမြင်မိတဲ့အတွက် တကယ်လို့ အဲဒီကောင်မလေးက ကျီပိုင်ယင်းဆိုရင်တော့ အကောင်းဆုံးပင်ဖြစ်သည်။
"သိပ်တော့မသေချာသေးဘူး။ ဒါပေမယ့် ကျင်းချန်က သူမအပေါ် ဂရုစိုက်တယ်ဆိုတာတော့ သမီးမြင်မိတယ်။ သမီးတောင် အဲ့ကိစ္စနဲ့ပတ်သတ်ပြီး သူနဲ့ စနောက်လိုက်သေးတယ်။ ကျီပိုင်ယင်းကို ပိုးဖို့ သမီးတောင် သူ့ကို အားပေးလိုက်သေးပေမယ့် သူမက သမီးနဲ့မဆိုင်ဘူးလို့ပြောတယ်။ အဲ့တာမလို့ အဲ့ကောင်မလေးက ကျီပိုင်ယင်းဟုတ်လား မဟုတ်လားဆိုတာ သိပ်မသေချာသေးဘူး"ဟု ထိုကောင်မလေးက ကျီပိုင်ယင်းဖြစ်မယ်လို့ ရှုချင်ယင်းဟာ ယုံကြည်သော်လည်းပဲ သူမဟာ ၁၀၀ရာခိုင်နှုန်းမသေချာပေ။ တကယ်လို့ အဲ့ကောင်မလေးက ကျီပိုင်ယင်း သာ မဟုတ်ခဲ့ရင် အရှက်ကွဲနိုင်၍ဖြစ်သည်။
"ကောင်မလေးရဲ့နာမည်က ကျီပိုင်ယင်း ဟုတ်လားမဟုတ်လား အဘိုးကိုမေးကြည့်ပါလား။ သူက ကောင်မလေးနဲ့တွေ့ဖူးမှတော့ သူမရဲ့မိသားစုနောက်ခံကို သေချာမသိတောင် သူမရဲ့နာမည်တော့ သိမှာသေချာတယ်"ဟု ရှုချင်ယင်းကပြောသည်။ သေချာအောင်လုပ်တာ ပိုကောင်းလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၆၈ တွဲဖြစ်သွားရင်ကောင်းမယ်
"ဟုတ်သားပဲ။ အိမ်ပြန်ရောက်တာနဲ့ ငါမေးလိုက်မယ်"ဟု မစ္စစ်ရှုက တန်းပြောသည်။
"ဘာလို့ ကျင်းချန်ကို တိုက်ရိုက်မမေးလိုက်တာလဲ"ဟု မစ္စစ်ရှုရဲ့ သူငယ်ချင်းက မေးသည်။
"တကယ်လို့ ကျင်းချန်ကို တိုက်ရိုက်မေးလိုက်ရင် သမီးပြောလိုက်တယ်ဆိုတာ ကျင်းချန်က သိသွားမှာပေါ့။ သူ သမီးကို စိတ်ဆိုးလိမ့်မယ်"ဟု ရှုချင်ယင်းက ပြောသည်။ တကယ်တော့ ရှုကျင်းချန် ကစိတ်ဆိုးမှာမဟုတ်ပေ။ သူ့အမေကို လျှို့ချက်အကြောင်း သူမကပြောပြလိုက်တယ်ဆိုတာကို သူမက သူ့ကိုမသိစေချင်၍ဖြစ်သည်။ ထို့ကြောင့် မစ္စစ်ရှုဟာ ရှုကျင်းချန်ကို တိုက်ရိုက်မေးဖို့ အကြံကို လက်လျော့လိုက်လေသည်။
...
ကျီပိုင်ယင်းက ခွဲထွက်မသွားမချင်း စိတ်မအေးနေပေ။
နန်က သူမကို "ကြည့်ရတာ မစ္စစ်ရှုက မစ္စကို အရမ်းသဘောကျပုံပဲ"ဟု စလေသည်။
"ဘာလို့ အဲဒီလိုပြောနေတာလဲ။ အဲ့တာနဲ့ ကျွန်မနဲ့ ဘာဆိုင်လို့လဲ"ဟု ကျီပိုင်ယင်းက အနည်းငယ် ကို့ရို့ကားယားဖြစ်သွားကာ ချက်ချင်း စိတ်ရှုပ်ဟန်ဖြင့် ပြန်ပြောလေသည်။ သူမကို အထင်မှား၍ စိတ်ဆိုးသွားတဲ့ဟန် ပေါ်နေလေသည်။
တကယ်တော့ မစ္စစ်ရှုရဲ့ သူမအပေါ် ကောင်းမွန်စွာဆက်ဆံမှုကြောင့် သူမဟာ စိတ်အေးသွားလေသည်။ ဘယ်သူကမှ သူတို့ရဲ့ လူကြီးတွေအပေါ်မှာ မကောင်းမြင်လိုတာ မရှိ၍ဖြစ်သည်။
"ဟုတ်ပြီလေ။ အဲ့တာက မစ္စနဲ့ ဘာမှမဆိုင်ပါဘူး"ဟု ကျီပိုင်ယင်းက အခုရှက်သွားတာသိ၍ နန်က ရပ်လိုက်လေသည်။
"အနာဂတ်မှာ နင်မြို့တော်မှာအကြာကြီးနေမယ်လို့ ငါလဲခံစားမိတယ်"ဟု ရှားမိုင်ချီကလည်း စလေသည်။ သူမဟာ သိပ်အများကြီး မသိပေမဲ့လည်း ကျီပိုင်ယင်းက မစ္စစ်ရှုအရှေ့မှာ ချွေးမတစ်ယောက်လို နေတာကို မြင်နိုင်လေသည်။
ကြည့်ရတာ ကျီပိုင်ယင်းမှာ ကြိုက်နေတဲ့ ကောင်လေးရှာတွေ့သွားပုံပေါ်ပြီး ထိုကောင်လေးက မစ္စစ်ရှုရဲ့သားဖြစ်ပေလိမ့်မည်။ ဒါပေမယ့် ကျီပိုင်ယင်းက သူမသားရဲ့ ကောင်မလေးဆိုတာတော့ မစ္စစ်ရှု သိပုံမပေါ်ပေ။
"အဲ့အကြောင်း စမနေနဲ့တော့"ဟု ကျီပိုင်ယင်းကပြောသည်။ သူမဟာ အပေါ်ရံမှာ စိတ်ဆိုးနေပုံပေါ်သော်လည်း အခုချိန်မှာ ပိုပြီးရှက်နေတာဖြစ်သည်။
"ဟေး။ ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား။ ငါအသေးစိပ်သိချင်တယ်"ဟု ရှားမိုင်ချီက ကျီပိုင်ယင်းအား တံတောင်ဖြင့် တွက်လျက် စပ်စုစွာ မေးလေသည်။
"နင်သိစရာ ဘာမှမရှိပါဘူး"ဟု ကျီပိုင်ယင်းက ပြောသည်။ သူမဟာ ရှားမိုင်ချီကို ဖုံးကွယ်ထားချင်တာမဟုတ်ပေမဲ့လည်း အခု သူမနဲ့ ရှုကျင်းချန် အကြားမှာ အမှန်ပင် ဘာမှထူးထူးခြားခြားမရှိနေတာဖြစ်၍ ဘာမှမပြောတာကောင်းလိမ့်မည်ဟု သူမကတွေးမိတာဖြစ်သည်။
"ပြီးတာပဲ။ နင်တို့နှစ်ယောက်ကြားမှာ တစ်ခုခု ထူးခြားနေတာတော့ ရှိရမယ်။ နင့်ပုံစံကြည့်တာနဲ့တင် ငါပြောနိုင်တယ်။ ငါ့ကို ဗြောင်မလိမ့်နဲ့"ဟု ရှားမိုင်ချီက အမှန်တကယ် စိတ်မဆိုးပေမဲ့လည်း စိတ်ရှုပ်သွားဟန်ဖြင့်ပြောသည်။ သူမဟာ ကျီပိုင်ယင်းရဲ့ စိတ်ဓာတ်ကို သိသင့်သလောက် သိပြီးဖြစ်၍ ကျီပိုင်ယင်းက သူမကို မပြောပြတာဟာ အကြောင်းပြချက် တစ်ခုခုရှိရမယ်လို့ သူမက နားလည်လေသည်။ ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ခန့်မှန်းရုံနဲ့တင် သိနိုင်လေသည်။
"တကယ်တော့ ကောင်လေးတစ်ယောက်အပေါ်မှာ ငါအမြင်ကောင်းရုံပဲရှိသေးတာ။ ငါတို့က ချစ်သူတွေ မဟုတ်သေးဘူး။ အဲ့တာမလို့ အဲ့အကြောင်းကို ငါမပြောပြချင်တာ"ဟု ကျီပိုင်ယင်းက ရှားမိုင်ချီက စိတ်မဆိုးတာသိပေမဲ့လည်း သူမ မကျေမနပ်ဖြစ်မှာ စိုး၍ သူမဟာ နောက်ဆုံးတွင် အမှန်အတိုင်းပြောဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
"အဲ့ကောင်လေးက မစ္စစ်ရှုသားလား"ဟု ရှားမိုင်ချီက မေးသည်။
"ဟုတ်တယ်"ဟု ကျီပိုင်ယင်းက ဖြေသည်။
"နင်တို့ ချစ်သူတွေမဖြစ်သေးတာက နင့်ကြောင့်လား ကောင်လေးဘက်ကလား"ဟု ရှားမိုင်ချီကမေးသည်။ သူမက ကျီပိုင်ယင်း ရဲ့ကိုယ်ရေးကိုယ်တာကိစ္စမှာ ဝင်စွက်ဖက်နေတာမဟုတ်ဘဲ သူမကို ဂရုစိုက်လို့ မေးနေတာဖြစ်သည်။
"ငါတို့နှစ်ယောက်လုံး ငါထင်တယ်။ ငါတို့ တစ်ယောက်ကို တစ်ယောက်သဘောကျနေတယ်ဆိုတာ သိပေမဲ့လည်း ရှေ့ဆက်တိုးဖို့ အချိန်မတန်သေးတာမလို့ ငါတို့က အခုလောလောဆယ် သူငယ်ချင်းပဲရှိသေးတယ်"ဟု ကျီပိုင်ယင်းက ပြောသည်။ သူမဘက်ကလဲ မပြင်ဆင်ရသေး၍ ထိုအရာ မကောင်းတဲ့အရာလို့ သူမက မထင်ပေ။
"သူက နင့်ကို ဘယ်လိုဆက်ဆံလဲ"ဟု ရှားမိုင်ချီက မေးသည်။ သူမက ကျီပိုင်ယင်းနဲ့ သဘောတူလေသည်။ တကယ်ကြိုက်နေတာသာမှန်ရင် သူ့အချစ်ကို ဖွင့်ပြောသင့်တယ်လို့ လူတစ်ချို့ကထင်၍ ကောင်လေးက သူကြိုက်နေတဲ့ကောင်မလေးကို ဖွင့်ပြောဖို့ အချိန်ဆွဲနေရင် ကောင်မလေးကို ကောင်လေးက တကယ်ကြိုက်နေတာမဟုတ်ဘူးလို့ အချို့လူတစ်ချို့က ထင်ရင်ထင်လိမ့်မည်။
သို့သော်လည်း သူတို့ရဲ့ သေချာတဲ့သမီးရည်းစားဆက်ဆံရေးကို အလေးထားတာမလို့ အခြားသူတွေဟာ သူတို့ကြိုက်နေတဲ့သူကို သူတို့ရဲ့အချစ်ကို အလွယ်တကူ ဖွင့်ဟပြောလေ့မရှိပေ။ မတူညီတဲ့လူတွေမှာ သမီးရည်းစားဆက်ဆံရေးအပေါ်မှာ မတူညီတဲ့ အတွေးအမြင်တွေ ရှိလေသည်။ တချို့အနေနဲ့ ရှေ့ဆက်တိုးဖို့ စိတ်လောဖို့လိုပေမဲ့ တချိူ့အတွက်တော့ သေချာဂရုစိုက်ဖို့ လိုလေသည်။
"သူက ငါ့အပေါ် အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ်။ ပြီးတော့ ဒီရက်ပိုင်း သူငါနဲ့နေပေးတယ်။ သူဒီနေ့မှာ အလုပ်ကြောင့် ထွက်သွားတာ"ဟု ကျီပိုင်ယင်းက ပြောသည်။ ရှုကျင်းချန် ထွက်သွားတာကို တွေးမိတဲ့အခါမှာ သူမဟာ အနည်းငယ်ဝမ်းနည်းသွားပေမဲ့လည်း သူမရဲ့မျက်နှာပေါ်မှာတော့ မပြပေ။
ကျီပိုင်ယင်းရဲ့ အပြုအမှုကနေတစ်ဆင့် သူတို့နှစ်ယောက်ကြားမှာ ခံစားချက်ရှိကြောင့် ရှားမိုင်ချီသိလေသည်။
....
မစ္စစ်ရှုဟာ အိမ်ရောက်တာနဲ့ တပြိုင်နက် သခင်ကြီးရှုအား တန်းမေးလေသည်။ "အဖေ၊ ကျင်းချန်ကြိုက်နေတဲ့ ကောင်မလေးရဲ့ နာမည်ကို အဖေသိလား"
"နင်ဘာလို့ မေးနေတာလဲ။ ကောင်မလေးကို စုံစမ်းချင်လို့လား"ဟု သခင်ကြီးရှုက ထိုအစားမေးလေသည်။ သူက သူမကို ပြောပြချင်ပေမဲ့လည်း မစ္စစ်ရှုက ကောင်မလေးကို စုံစမ်းလျင် မသင့်တော်သောကြောင့် စိုးရိမ်ကာ မပြောပြခြင်းဖြစ်သည်။
"မဟုတ်ဘူး။ သူမနာမည်က ကျီပိုင်ယင်း ဟုတ်လားမဟုတ်လားဘဲ သိချင်တာ"ဟု မစ္စစ်ရှုက ကောင်မလေးက ကျီပိုင်ယင်း ဖြစ်ဖို့ မျှော်လင့်နေ၍ မျှော်လင့်တကြီးဖြင့် မေးလေသည်။
"နင်ဘယ်လိုလုပ်သိတာလဲ"ဟု သခင်ကြီးရှုက အံ့ဩသွားလေသည်။
ကောင်မလေးက ကျီပိုင်ယင်းဖြစ်ကြောင်း သခင်ကြီးရှုရဲ့ အပြုအမှုက သက်သေပြနေလေသည်။
"သူမက ကျီပိုင်ယင်း မလား၊ ဟုတ်တယ်မလား။ ကောင်းလိုက်တာ"ဟု မစ္စစ်ရှုက ချက်ချင်းပဲ ပျော်ရွှင်သွားလေသည်။
"နင်အဲ့တာကို ဘယ်လိုလုပ်သိတာလဲ"ဟု သခင်ကြီးရှုက ထပ်မေးလေသည်။ ကြည့်တာနဲ့တင် ရှုကျင်းချန်က သူမကို မပြောပြတာ သိသာလေသည်။
"ကလေးနှစ်ယောက်က တူတူနေရဖို့ ကံပါတယ်ထင်တယ်"ဟု မစ္စစ်ရှုက ထို့နောက် ဒီနေ့ ဘာတွေဖြစ်လာတယ်ဆိုတာကို သခင်ကြီးရှုအား ပြောပြလေသည်။
အကြောင်းစုံသိသွားပြီးနောက် ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ဟာ အတူနေဖို့ ကံပါလာကြောင်း သခင်ကြီးရှုဟာလည်းပဲ သဘောတူလေသည်။ မြို့တော်ဟာ အရမ်းကြီးတဲ့မြို့ဖြစ်၍ဖြစ်သည်။ မစ္စစ်ရှုအနေနဲ့ ကျီပိုင်ယင်းနဲ့ဆုံဖို့ မလွယ်ကူပေ။
"ကျင်းချန်အနေနဲ့ ကောင်မလေးရဲ့ နှလုံးသားကို အရယူနိုင်ပါ့မလားပဲ စိတ်ပူတယ်။ သူက ကြည့်ကောင်းပြီး ထူးချွန်တဲ့မိသားစုနောက်ခံရှိပေမဲ့လည်း သူက စကားချိုချိုမပြောတတ်ဘူး။ သူက ကောင်မလေးသဘောကျအောင် ဘယ်လိုလုပ်ရမယ်ဆိုတာလဲ လုံးတမသိဘူး။ ပြီးတော့ ကောင်မလေးက Xနိုင်ငံကလာတာ။ ကျွန်မတို့နိုင်ငံမှာ ဘယ်လောက် ကြာကြာနေမယ်လဲ မသိရဘူး။ သူမက အရမ်းလှပပြီး ကျက်သရေရှိတယ်။ သူမကို ကြိုက်နေတဲ့လူတွေ အများကြီးရှိမှာပဲ"ဟု မစ္စစ်ရှုဟာ ရုတ်တရက်ပဲ ထိုအကြောင်းကို စိုးရိမ်သွားလေသည်။
"Xနိုင်ငံကလား"ဟု သခင်ကြီးရှုက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူမဟာ သူတို့နဲ့ဆင်တာဖြစ်၍ သူက ကျီပိုင်ယင်းကို နိုင်ငံခြားသူဖြစ်မယ်လို့ မမျှော်လင့်ထား၍ဖြစ်သည်။
"ဟုတ်တယ်။ ကျီပိုင်ယင်းက Xနိုင်ငံက၊ ဒါပေမယ့် သူမရဲ့ဘိုးဘေးတွေက ဒီနိုင်ငံမှာ မွေးတာ"ဟု မစ္စစ်ရှုကပြောသည်။
"အဲ့တာဆိုရင်တော့ ပြဿနာဘဲ"ဟု သခင်ကြီးရှုဟာလည်း စိုးရိမ်သွားလေသည်။ ရှုကျင်းချန်အနေနဲ့ အကွာအဝေးကြောင့် စိတ်ကြိုက်နေရာကို မရ၍ဖြစ်သည်။
"ကောင်မလေးကို ဘယ်တော့ အိမ်ပြန်မှာလဲ နင်မေးလိုက်သေးလား"ဟု သခင်ကြီးရှု ကမေးသည်။
"မေးလိုက်တယ်။ သူမတော်တော်ကြာကြာ နေဖြစ်ဦးမယ်လို့ ပြောတယ်"ဟု မစ္စစ်ရှုက ဖြေသည်။ "ပြီးတော့၊ကျင်းချန်ကိုလဲ ဒီထက်ပိုပြီး ကြိုးစားဖို့ပြောရဦးမယ်"
ထိုသို့ပြောပြီးနောက် မစ္စစ်ရှုဟာ ဖုန်းကိုထုတ်ကာ ရှုကျင်းချန်ကို ချက်ချင်းဖုန်းဆက်သော်လည်း သူ့ဖုန်းဟာပိတ်ထားလေသည်။ သူက စစ်ဆင်ရေးနဲ့ ထပ်ထွက်သွားပုံ ပေါ်လေသည်။
.....
စစ်တပ်ရင်းကို ရှုကျင်းချန်ပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ သူတို့ဟာ စစ်ဆင်ရေး တာဝန်ပေးခံရလေသည်။
ထို့ကြောင့် ဒီနေ့,နေ့လည်မှာပဲ လင်ရှောင်းထင်ဟာ သူစစ်ဆင်ရေးသွားရမှာ ရှိ၍ သူမကို ရက်အနည်းငယ် မဆက်သွယ်နိုင်သေးကြောင့် ကုနင်းကို စာတိုပို့လိုက်တာဖြစ်သည်။
ဒီစစ်ဆင်ရေးဟာ အစက သူတို့ထမ်းဆောင်ရမှာ မဟုတ်ပေ။ သူတို့ အမြဲထမ်းဆောင်ရတဲ့ စစ်ဆင်ရေးတွေဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သတ်တဲ့ ဒုစရိုက်ဂိုဏ်းတွေကို တိုက်ခိုက်ဖို့နဲ့ ဖမ်းဆီးဖို့၊ နိုင်ငံခြား သူလျှိုတွေကို ဖမ်းဆီးဖို့ စတာတွေဖြစ်သည်။