အခန်း (၁၉၆၉-၁၉၇၄)
Vol. 121 Ch. 1969-1974
အပိုင်း ၁၉၆၉ သခင့်အမိန့်
သို့သော်လည်း ဒီတကြိမ်မှာတော့ အမှုဟာ အရမ်းထူးဆန်းတာကြောင့် လင်ရှောင်းထင်ဘက်ကစ၍ ဒီအမှုကို ဖြေရှင်းဖို့ ရွေးချယ်လိုက်တာဖြစ်သည်။
အသက်၁၃နှစ်အရွယ် ကောင်မလေးနှစ်ယောက် ပျောက်သွားတာဖြစ်သည်။ သူတို့ကို ပြန်တွေ့တဲ့အခါမှာတော့ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ သွေးထုတ်ခံထားရသည့်အလား ခြောက်ကပ်နေတာဖြစ်သည်။
သွေးစုပ်ဖုတ်ကောင်တွေနဲ့ မကောင်းတဲ့သိုင်းကျင့်ကြံသူတွေသာ လူခန္ဓာကိုယ်ကနေ သွေးတွေအကုန်စုတ်ထုတ်နိုင်တာ ဖြစ်သည်။
အခုချိန်မှာတော့ လင်ရှောင်းထင်တစ်ယောက်သာ ဒီလိုထူးဆန်းတဲ့အရာတွေကို ဖြေရှင်းနိုင်လေသည်။ သူ့ရဲ့ စုံစမ်းဆေးချက်အရ မကောင်းတဲ့လေ့ကျင့်မှုတွေကျင့်တဲ့ အမျိုးသားတွေဖြစ်ကြောင်း သေချာကာ ကောင်မလေးနှစ်ယောက်ကတော့ လရက်မှာ မွေးတာဖြစ်သည်။ သူတို့ဟာ မကောင်းတဲ့သိုင်းလေ့ကျင့်တဲ့အမျိုးသားတွေရဲ့ သိုင်းလေ့ကျင့်မှုအတွက် အဟာရအဖြစ်အသုံးပြုခံလိုက်ရတာ ဖြစ်သည်။
မကောင်းတဲ့သိုင်းလေ့ကျင့်တဲ့ အမျိုးသားတွေဟာ လရက်မှာ မွေးတဲ့ မိန်းကလေးတွေရဲ့ သွေးကိုစုတ်ပြီးတဲ့အခါမှာ သိုင်းလေ့ကျင့်ဖို့ တိတ်ဆိတ်တဲ့နေရာတစ်ခုလိုအပ်တာကြောင့် ထိုအမျိုးသားဟာ ဝေးဝေးမပြေးသွားသေးဘဲ အနီးအနားက တောင်တန်းတွေပေါ်မှာ ပုန်းအောင်းနေကြောင်း လင်ရှောင်းထင် ကသိလေသည်။ သို့ပေမဲ့လည်း တကယ်လို့ ထိုအမျိုးသားက တောင်ပေါ်မှာ ဆိုတာသိနေရင်တောင် ရှာတွေ့ဖို့မလွယ်ကူပေ။
ကံကောင်းစွာပင် သူ့မှာ ကျောင်းလုံ အကူအညီရှိတာကြောင့် သိပ်မခက်ခဲပေ။ ကျောင်းလုံကို ထုတ်လိုက်တာနဲ့ အနီးအနားတောင်တွေပေါ်မှာ မြန်မြန်ရှာနိုင်လေသည်။ ထိုအမျိုးသားရဲ့လေ့ကျင့်စဉ်ဟာ အရမ်းအဆင့်မြင့်တာမဟုတ်ရင် သူ့ကို မီတာ၂၀၀အတွင်း အာရုံခံမိနိုင်လေသည်။
ကျောင်းလုံရဲ့အကူအညီဖြင့် လင်ရှောင်းထင်ရဲ့ အလုပ်ဟာ ပိုပြီးချောမွေ့လာတာဖြစ်၍ သူဟာ ကုနင်းအပေါ်မှာ အရမ်းကျေးဇူးတင်လေသည်။
ညမှောင်လာတဲ့အချိန်မှာတော့ လင်ရှောင်းထင်ဟာ ကျောင်းလုံကို အပြင်ထုတ်၍ သူ့အလုပ်သူလုပ်စေသည်။ တကယ်လို့ မကောင်းတဲ့သိုင်းကျင့်ကြံသူနဲ့ဆုံလျင် သတ်လိုက်ဖို့ သူက ကျောင်းလုံအား ပြောလေသည်။ သူ့ကို ပြီးမှ သတင်းပို့နိုင်လေသည်။
လင်ရှောင်းထင်အနေနဲ့ မကောင်းတဲ့သိုင်းကျင့်ကြံသူအား သူရှာမတွေ့မှီ ထွက်ပြေးသွားမှာ မလိုလားပေ။
တစ်နာရီအတွင်းမှာပဲ ကျောင်းလုံ ဟာ တောင်တန်းရဲ့ ၁၀ကီလိုမီတာအတွင်း ရှာဖွေ၍ပြီးသွားလေသည်။ လင်ရှောင်းထင်နဲ့ အခြားသူတို့အနားယူနေတဲ့ နေရာနဲ့ ၁၀ကီလိုမီတာဝေးတဲ့ လူရောက်နည်းတဲ့ တောင်ပေါ်မှာ မကောင်းတဲ့သိုင်းလေ့ကျင့်တဲ့အမျိုးသားကို ရှာတွေ့တာဖြစ်သည်။ အဲဒီအချိန်မှာ ထိုလူဟာ ဂူထဲမှာဖြစ်သည်။
လင်ရှောင်းထင်က ကျောင်းလုံအား ထိုအမျိုးသားကို တွေ့တာနဲ့ သတ်ဖို့အမိန့်ပေးထားတာကြောင့် ထိုအမျိုးသားကိုတွေ့တာနဲ့ တပြိုင်နက် ကျောင်းလုံဟာ တန်းလှုပ်ရှားလေသည်။
မကောင်းတဲ့သိုင်းလေ့ကျင့်တဲ့ အမျိုးသားရဲ့အဆင့်ဟာ မြင့်ပေမဲ့လည်း ကျောင်းလုံက သူ့ထက်သာလေသည်။ ထို့ကြောင့် ကျောင်းလုံက ထိုအမျိုးသားကို မီတာ၁၀၀အကွာကနေကတည်းက ရှာတွေ့တာဖြစ်ပြီး ထိုအမျိုးသားကတော့ အနားရောက်လာမှ သတိထားမိတာဖြစ်သည်။
ကျောင်းလုံအနေနဲ့ တကယ့်နဂါး မဖြစ်လာခင်မှာ မကောင်းဆိုးဝါးဖြစ်တာမလို့ မကောင်းဆိုးဝါးအရှိန်အဝါရှိလေသည်။ ထို့ကြောင့် မကောင်းဆိုးဝါးရဲ့အရှိန်အဝါကို ခံစားမိတဲ့အခါ ထိုအမျိုးသားဟာ သိုင်းလေ့ကျင့်နေရာမှ တောင့်သွားလေသည်။ သူဟာ တစ်ခါတည်း သတိရှိသွားကာ ချက်ချင်းသိုင်းလေ့ကျင့်နေတာ ရပ်လိုက်လေသည်။
သူ့အနေနဲ့ နှောင့်ယှက်ခံရတာ ဒါမှမဟုတ် တစ်ဝက်တစ်ပျက် သိုင်းလေ့ကျင့်တာရပ်လိုက်တာကို ရှောင်သင့်ပေမယ့်လည်း သူဟာ ဒီတစ်ကြိမ်မှာတော့ သိုင်းလေ့ကျင့်တာ ပြီးခါနီးပြီဖြစ်သည်။ သူ့အနေနဲ့ တော်သင့်ရုံတော့ ထိခိုက်နိုင်ပေမဲ့လည်း ထိုအရာဟာ သိပ်တော့ကြီးကြီးမားမားမဟုတ်ပေ။ သို့သော်လည်း တကယ်လို့ သူသာ နီးကပ်လာနေတဲ့ မကောင်းဆိုးဝါးကို ဂရုမစိုက်ဘဲ ဆက်လေ့ကျင့်နေရင်တော့ သူ့အနေနဲ့ အန္တရာယ်ရှိလေသည်။
ထိုအမျိုးသားဟာ သူ့ကိုယ်သူအတင်းရပ်လိုက်ကာ လည်ချောင်းထဲတွင် ညှီနံ့ရပြီးနောက် သွေးတစ်ချက်ပန်းထွက်သွားလေသည်။ သူ့ခန္ဓာကိုယ်ဟာ အနည်းငယ် ထိခိုက်သွားပေမဲ့လည်း ကံကောင်းစွာပင် သူ့ရဲ့စွမ်းရည်တွေဟာ ဘာမှထိခိုက်သွားမှု မရှိပေ။
ရုတ်တရက်ပေါ်လာတဲ့ မကောင်းဆိုးဝါးနဲ့ ပတ်သတ်ပြီး မကောင်းတဲ့သိုင်းလေ့ကျင့်တဲ့ အမျိုးသားဟာ ဒေါသထွက်သွားပေမဲ့လည်း သူလုပ်နိုင်တာ ဘာမှမရှိပေ။ အခုလို လူသူအရောက်အပေါက်နည်းတဲ့ တောင်တွေမှာ မကောင်းဆိုးဝါးနဲ့ ကြုံတွေ့တာဟာ ရှောင်လွှဲလို့မရပေမဲ့လည်း သူဟာ ဒီနေ့ ကံသိပ်မကောင်းပေ။
ဘာပဲဖြစ်ဖြစ် မကောင်းဆိုးဝါးဟာ ဒီကိုရောက်ပြီးနေပြီဖြစ်၍ ထိုမကောင်းဆိုးဝါးရဲ့ စွမ်းအင်တွေကို စုတ်ယူဖို့သူဆုံးဖြတ်လိုက်သည်။
ထိုအရာဟာ ကျောင်းလုံကို မတွေ့မှီ မကောင်းတဲ့သိုင်းလေ့ကျင့်တဲ့ အမျိုးသားရဲ့ အကြံဖြစ်ပြီး ကျောင်းလုံကိုတွေ့လိုက်တာနဲ့ တပြိုင်နက်သူဟာ ရုတ်တရက် သတိထားသွားလေသည်။ ကျောင်းလုံရဲ့သိုင်းအဆင့်ဟာ မနှိမ့်ကြောင်း သူဟာခံစားမိပြီး သူ့ထက်မြင့်နိုင်နေလေသည်။
ထိုအရာကြောင့်နဲ့တင် သူဟာ ထိုအရာရဲ့ ပြိုင်ဘက်မဟုတ်ဘူးလို့ မထင်သော်လည်း သူဟာ သူ့အသက်ကို မစွန့်စားရဲပေ။ သို့သော်လည်းထိုအရာဟာကျောင်းလုံ ဖြစ်၍ အဘယ်ကြောင့်ရေထဲမှာ မနေတာလဲ။ ဘာလို့ လူသူအရောက်အပေါက်နည်းတဲ့ တောင်တွေပေါ်မှာ နေ,နေတာလဲ။
"ဒီကို ဘာလို့ရောက်နေတာလဲ သိခွင့်ရှိမလား"ဟု ထိုအမျိုးသားက မေးလေသည်။
"မင်းကို သတ်ဖို့"ဟု ကျောင်းလုံက ဖြေသည်။
ထိုအရာကိုကြားတဲ့အခါ ထိုအမျိုးသားရဲ့မျက်လုံးထဲမှာ ရက်စက်မှုတစ်ချက် ဖြတ်သွားလေသည်။ "ဘာလို့လဲ။ ငါတို့မှာ ဘာရန်ငြိုးရှိလို့လဲ"ဟု သူကမေးသည်။
"အဲ့တာ ငါ့သခင်ရဲ့ အမိန့်ပဲ"ဟု ကျောင်းလုံကဖြေသည်။
"မင်းသခင်က ဘယ်သူလဲ"ဟု ထိုအမျိုးသားက မေးသည်။
"မင်းသိဖို့မလိုဘူး။ ဒါပေမယ့် မင်းဘာလို့ ဒီနေ့သေဖို့လိုတာလဲတော့ ငါပြောပြနိုင်တယ်။ အဲ့တာက မင်းလရက်မှာ မွေးတဲ့ကောင်မလေးနှစ်ယောက်ကို သတ်လိုက်လို့ပဲ"ဟု ကျောင်းလုံက ပြောကာ တန်းတိုက်ခိုက်လေသည်။
"ဘာ"ဟု ထိုအရာကိုကြားတဲ့အခါ ထိုအမျိုးသားဟာ အရမ်းအံ့ဩသွားလေသည်။ သူ့ရဲ့ ဒီနေ့ကံဆိုးမှုဟာ ထိုလရက်မှာမွေးတဲ့ မိန်းကလေးနှစ်ယောက်ကြောင့်လို့ သူက မျှော်လင့်မထားပေ။
သူဟာ ထိုအကြောင်း ဆက်၍မမေးနိုင်ခင် ဒါမှမဟုတ် ဆက်မတွေးနိုင်ခင်မှာပဲ ကျောင်းလုံက သူ့ကိုတိုက်ခိုက်တာကြောင့် သူ့အနေနဲ့ တစ်ခါတည်းပြန်တိုက်ခိုက်ရလေသည်။
သူတို့နှစ်ယောက်လုံးမှာ မှော်စွမ်းအင်တွေရှိတာမလို့ သူတို့ဟာ ထိုခိုက်မှုတွေ အများကြီးဖြစ်စေကာ တိုက်ခိုက်မှုအတွင်းမှာပင် ဂူဟာ ပျက်စီးသွားလေသည်။ ကံကောင်းစွာပင် ထိုနေရာဟာ လူတွေနဲ့ ဝေးတဲ့နေရာမှာဖြစ်၍ ဘယ်သူမှ သူတို့ကို မမြင်နိုင်ပေ။
စစချင်းမှာတော့ သူတို့ဟာ သရေကျနေပေမဲ့လည်း သိပ်မကြာခင်မှာပဲ ထိုအမျိုးသားဟာ ရှုံးနိမ့်လာလေသည်။
"ကျေးဇူးပြုပြီး ငါ့ကိုဒီတစ်ခါလွှတ်ပေးလို့မရဘူးလား။ ငါဘယ်သူ့ကိုမှ ထပ်ပြီးထိခိုက်အောင်မလုပ်တော့ဘူးလို့ ကတိပေးတယ်"ဟု ထိုအမျိုးသားဟာ ကြောက်လန့်လာကာ အရှုံးပေးလေသည်။ သူသာ အသက်ရှင်နိုင်လျင် တောင်းပန်ရလဲ ဂရုမစိုက်ပေ။
"မရဘူး"ဟု ကျောင်းလုံကပြောသည်။
"မင်း..."ဟု ထိုအမျိုးသားဟာ ကျောင်းလုံရဲ့ ပြိုင်ဘက်မဟုတ်တာကြောင့် စိတ်ဆိုးပြီး မျှော်လင့်ချက်မဲ့သလို ခံစားရလေသည်။ သူ့အနေနဲ့ ထွက်ပြေးဖို့ လုံးဝမဖြစ်နိုင်ပေ။
နောက်ဆုံးမှာတော့ ထိုအမျိုးသားရဲ့ စွမ်းအင်အမြုတေဟာ ကျောင်းလုံရဲ့ ဖျက်စီးတာ လုံးဝခံလိုက်ရပြီး သူဟာ မျိုချခံလိုက်ရလေသည်။
ထို့နောက် ကျောင်းလုံဟာ လင်ရှောင်းထင် ဘေးကို ပြန်သွားကာ ထိုအမျိုးသားကို သတ်ပြီးပြီဖြစ်ကြောင်း ပြောလေသည်။
အခုချိန်မှာ ထူးဆန်းတဲ့အရာတွေ ပိုပိုပြီး ဖြစ်နေတာကြောင့် လင်ရှောင်းထင်ဟာ သူပြန်ရောက်ရင် ခေါင်းဆောင်ကို သတင်းပို့ဖို့ ဆုံးဖြတ်လိုက်လေသည်။
စစ်ဆင်ရေးဟာ ပြီးဆုံးသွားပေမဲ့လည်း သူ့အနေနဲ့ သူ့အသင်းဆီ အခုချိန်မှာ ပြန်လို့မရပေ။ ကြောက်စရာကောင်းတဲ့ သတင်းဟာ ကြောက်လန့်မှုတွေ အများကြီးဖြစ်စေတဲ့အတွက် သူ့အနေနဲ့ ဖြေရှင်းရဦးမည်ဖြစ်သည်။
....
မနက်ခင်းမှာတော့ ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေဟာ ကစားကွင်းသွား၍ ပြေးကြလေသည်။ အနည်းငယ်ပြေးပြီးတဲ့အခါမှာ ကုနင်းနဲ့ ပိုင်လီကျုံးရွှယ်တို့ဟာ သူတို့နောက်ကို တစ်စုံတစ်ယောက်လိုက်နေကြောင်း သတိထားမိလေသည်။
ပြေးနေတဲ့လူတွေ အများကြီးရှိကာ အချို့က သူတို့နောက်မှာရှိနေပေမဲ့လည်း အတူတူပြေးနေတဲ့လူတွေနဲ့ သူတို့နောက်ကို လိုက်နေတဲ့လူကြားမှာ ခြားနားချက်ရှိလေသည်။ တစ်စုံတစ်ယောက်က သူမရဲ့ ခန္ဓာကိုယ်ကို ကြည့်နေတယ်လို့လဲ ကုနင်းက ခံစားမိလေသည်။
တစ်စုံတစ်ယောက်က သူမနောက်က လိုက်နေတာ သိပေမဲ့လည်း အဲဒီလူက ဘယ်သူလဲဆိုတာ သူမအနေနဲ့ တိုက်ရိုက်လှည့်မကြည့်နိုင်သောကြောင့် သူမနောက်က ဘယ်သူလဲဆိုတာ သူမမသိပေ။
သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်ဟာ အနောက်မှ ခေါ်လိုက်လေသည်။
"ကုနင်း"
ထိုအသံဟာ ယောင်္ကျားလေးအသံဖြစ်သည်။ ထိုအသံကိုကြားတဲ့အခါ ကုနင်းက နောက်ကိုလှည့်လိုက်ကာ ထိုလူကို တွေ့လေသည်။ သူမဟာ ဘာမျက်နှာထားမှ မပေါ်ပေမဲ့လည်း အနည်းငယ် အံ့အားသင့်သွားလေသည်။
ထိုအမျိုးသားဟာ တမြန်တနေ့ညက သူမကယ်လိုက်တဲ့ နိုင်ငံခြားသားဆရာဖြစ်လေသည်။ သူက အိုဝမ်လို့ခေါ်သည်။
သူမက သူ့ကိုကယ်လိုက်ကြောင်း သိ၍ သူမကိုလာရှာကြောင်း သူမက တွေးမိလိုက်၍ ကုနင်းက အနည်းငယ် အံ့အားသင့်သွားလေသည်။ တကယ်လို့ ထိုသို့မဟုတ်လျင် သူ့အနေနဲ့ သူမကို တားမှာမဟုတ်ပေ။
ကုနင်းဟာ အနည်းငယ် အံ့အားသင့်သွားသော်လည်း အိုဝမ်သိသွားတာနဲ့ ပတ်သတ်ပြီး သူမဟာ သိပ်ဂရုမစိုက်ပေ။ သူသာ လုံခြုံရေးကင်မရာတွေ ကြည့်လိုက်တာနဲ့တင် သူမမှန်း သိနိုင်၍ဖြစ်သည်။ အဲဒီအချိန်မှာ ကျောင်းတဲ့ဝင်တဲ့သူဟာ သူမတစ်ယောက်တည်း ဖြစ်လေသည်။
"မင်္ဂလာပါ အိုဝမ်"ဟု ကုနင်းက သူ့ကို အေးအေးဆေးဆေးပဲ နှုတ်ဆက်လေသည်။
"ကုနင်း၊ ငါတို့ စကားခဏနောက် ပြောလို့ရမလား"ဟု အိုဝမ်က မေးလေသည်။ သူက Yနိုင်ငံကဖြစ်ပေမဲ့လည်း ဒီနိုင်ငံဘာသာစကားပြောလေသည်။
"ရပါတယ်"ဟု ကုနင်းကပြောကာ စုန့်မြောင်ကောနဲ့ အခြားကောင်မလေးတွေကို ဆက်ပြေးဖို့ပြောကာ သူမကတော့ ရပ်လိုက်လေသည်။
သူတို့ဟာ ကုနင်းက အရမ်းသန်မာတယ်ဆိုတာ သိ၍ သူမရဲ့လုံခြုံမှုအတွက် စိတ်မပူကာ ဆက်လက်၍ ဆက်ပြေးကြလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၀ သူလျှိုရှိတယ်
ကုနင်းရဲ့ သူငယ်ချင်းတွေ ဆက်ပြေးပြီးနောက် သူမဟာ လူအုပ်နဲ့ဝေးရာသို့ အိုဝမ်နဲ့အတူ လိုက်သွားလေသည်။ ထို့နောက် အိုဝမ်ဟာ "ငါ့ကိုကယ်တာ မင်းမလား၊ ဟုတ်တယ်မလား"ဟု တိတ်တဆိတ် မေးလေသည်။
ထိုသူက ကုနင်းဆိုတာ သူ့အနေနဲ့ သေချာပေမဲ့လည်း သူမဝန်ခံပြီးမှ သူဆက်ပြောနိုင်တာမလို့ သူမပါးစပ်က အဖြေကို သူကြားဖို့လိုအပ်လေသည်။
"ရှင့်ကျွန်မကို ရှာတွေ့ပြီး ဒီမေးခွန်းမေးကတည်းက အဲ့တာ ကျွန်မဘဲဆိုတာ ရှင့်သိနေတာပဲ"ဟု ကုနင်းဟာ မငြင်းဆန်ပေ။ "ဆာရ်၊ ကျွန်မနဲ့ တခြားဘာပြောစရာရှိသေးလဲ။ တကယ်လို့ ကျွန်မကို ကျေးဇူးတင်ချင်လို့ဆိုရင် ကျွန်မလက်ခံတယ်။ ကျေးဇူးပြုပြီးစိတ်မပူပါနဲ့။ အဲ့ကိစ္စကို ကျွန်မဘယ်သူ့ကိုမှ မပြောပါဘူး"
"မင်းက အရမ်းထက်မြတ်ပြီး ငါ့ကိုတန်းမြင်နိုင်တာပဲ။ ကောင်းပြီလေ ပထမဦးဆုံး ငါ့အသက်ကို ကယ်တဲ့အတွက် ငါမင်းကို ကျေးဇူးတင်ဖို့လိုသေးတယ်။ အဲ့တာကို သက်သေပြဖို့အတွက် မင်းအနေနဲ့ ငါ့ကို မင်းအတွက် တစ်ခုခုလုပ်ပေးဖို့ တစ်ခါတောင်းဆိုနိုင်တယ်။ ငါစွမ်းဆောင်နိုင်တာထက် မကျော်သ၍ ငါလုပ်ပေးမယ်လို့ ကတိပေးတယ်။ ပြီးတော့ ငါတို့ကြားမှာပဲထားဖို့ ငါမျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းဘယ်သူ့ကိုမှ မပြောဘူးလို့ ပြောပြီးပြီဖြစ်တာမလို့ အဲ့အတွက်လဲ ထပ်ပြီးကျေးဇူးပဲ"ဟု အိုဝမ်ကပြောသည်။ ထို့နောက် သူဟာ ကုနင်းအား နာမည်ကဒ်တစ်ခုပေးလိုက်သည်။ "ဒါက ငါ့နာမည်ကဒ်။ အဲဒီမှာ နံပါတ်နှစ်ခုပါတယ်။ တစ်ခုက မင်းနိုင်ငံမှာသုံးပြီး မင်းနိုင်ငံမှာ ငါသိပ်မနေတာမလို့ ကျန်တစ်ခုကတော့ ငါ့နိုင်ငံYနိုင်ငံမှာ သုံးတယ်"
"ကောင်းပြီလေ၊ ကျေးဇူးပဲ။ တကယ်လို့ ရှင့်အကူအညီလိုခဲ့ရင် ကျွန်မဆက်သွယ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး"ဟု ကုနင်းက သူ့စိတ်အေးသွားရန်အတွက် သူ့နာမည်ကဒ်ကိုယူလိုက်ပြီး သူက သာမာန်လူမဟုတ်တာ သူမမြင်နိုင်လို့လဲပါလေသည်။
ကုနင်းသူ့နာမည်ကဒ်ကို မယူမချင်း အိုဝမ်ဟာ စိတ်မအေးပေ။
"နောက်မှတွေ့မယ်"ဟု အိုဝမ်ကပြောပြီးနောက် ထွက်သွားလေသည်။ ချက်ချင်းပင် ကုနင်းက နာမည်ကဒ်အား သူမရဲ့ စိတ်စွမ်းအင်အာကာပြင် ထဲသို့ထည့်လိုက်လေသည်။
....
ကျောင်းကို ပြန်လာတာ နှစ်ရက်သာရှိသေးသော်လည်း ကုနင်းဟာ အတနကနေ ထပ်ပျက်ပြန်လေသည်။ သူမဟာ အများအားဖြင့် အတန်းပျက်နေကျမလို့ သူမရဲ့အတန်းပိုင်ဆရာနဲ့ သူမရဲ့အတန်းဖော်တွေဟာ အသားကျနေပြီဖြစ်သည်။
စစချင်းမှာတော့ အချို့အတန်းဖော်တွေဟာ ထိုအရာဟာ မမျှတဘူးလို့ ခံစားရပြီး ကုနင်းရဲ့ လုပ်ပုံနဲ့ပတ်သတ်ပြီး မကျေနပ်တဲ့လူအချို့ရှိသော်လည်း သူတို့အနေနဲ့ ဘာမှမလုပ်နိုင်ပေ။ ကုနင်းကတော့ သူမသွားချင်သလိုသွား လာချင်သလိုလာမြဲပင်ဖြစ်သည်။
နေ့လည်ခင်းတွင် အတန်းပြီးတဲ့အခါမှာတော့ ကုနင်းဟာ သူတို့ကျောင်းမှ ထွက်သွားလေသည်။ အဝေးတစ်နေရာတွင် သိုင်းကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်အဝါကို သူမခံစားလိုက်မိကာ ထို့နောက် သူမ သုန်းဖန်းချီကိုတွေ့လေသည်။
ကုနင်း မျက်လုံးသာလှန်လိုက်မိတော့သည်။ ဒီလူတွေ တော်တော်အားယားနေတာပဲလို့ သူမကိုယ်သူမ ညီးတွားမိလေသည်။ သူတို့အနေနဲ့ အသုံးဝင်တဲ့အချက်အလက်တွေလဲ ဘာမှမရှာနိုင်ဘူး၊ ဒါပေမယ့် သူမနောက်ဘဲလိုက်နေတယ်။ သူတို့အနေနဲ့ လေ့ကျင့်ဖို့အချိန် မလိုအပ်ဘူးလား။
တကယ်တော့ သူတို့လေ့ကျင့်ရေးအတွက်ပဲ သူမနောက်ကိုလိုက်နေတာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အချို့က မှော်စွမ်းအင်တွေလိုချင်တာဖြစ်ပြီး အချို့ကတော့ ဖီးနစ်နဂါးတိမ်တိုက်ပုံစံ ကျောက်စိမ်းကို လိုချင်နေတာဖြစ်သည်။
သို့သော်လည်း ဒီတစ်ခါမှာတော့ သုန်းဖန်းချီက ပုန်းမနေတော့ဘဲ ကုနင်းကိုတွေ့ဖို့ ရှေ့ထွက်ရပ်လိုက်လေသည်။
"မစ္စကု၊ ကျွန်တော်တို့ စကားခဏလောက် ပြောလို့ရမလား"ဟု သုန်းဖန်းချီက ကုနင်းအား ယဉ်ကျေးစွာပင်မေးလိုက်သည်။ သူမကို သူနဲ့ ဖိအားပေးပြီး သွားလိုစိတ်သူ့မှာ မရှိပေ။
"ရပါတယ်"ဟု ကုနင်းကသဘောတူလိုက်သည်။ သုန်းဖန်းချီက သူမကို ဘာလို့တွေ့ချင်နေတာလဲဆိုတာကို သူမလဲသိချင်နေတာဖြစ်သည်။
ဖီးနစ်နဂါးတိမ်တိုက်ပုံစံပါတဲ့ ကျောက်စိမ်းကြောင့်လား ဒါမှမဟုတ် အခြားအကြောင်းကြောင့်များလား။
ထို့နောက်မှာတော့ ကုနင်းဟာ အနီးအနားရှိ ကော်ဖီဆိုင်ဆီသို့ သုန်းဖန်းချီနောက်မှ လိုက်သွားလေသည်။ သူတို့ဟာ ထောင့်စွန်းစားပွဲဝိုင်းကို စကားပြောရအဆင်ပြေလွယ်ကူစေဖို့ ရွေးထိုင်လိုက်ကြသည်။
ကော်ဖီမှာပြီးတဲ့အခါမှာတော့ သုန်းဖန်းချီက "မစ္စကုမှာ ဖီးနစ်နဂါးတိမ်တိုက်ပုံစံ ပါတဲ့ ကျောက်စိမ်းနဲ့ ပတ်သတ်ပြီး သတင်းရှိလား"ဟု မေးသည်။
သူဟာ ထိုမေးခွန်းကို မေးလိုက်ပေမဲ့လည်း သူလိုချင်တဲ့ အဖြေကမရမယ်မှန်း သူသိနေပြီးဖြစ်သည်။ ထိုမှမဟုတ်လျင် ကုနင်း အနေနဲ့ သူ့ကိုဆက်သွယ်ပြီးနေပြီ ဖြစ်သည်။
ကုနင်း စိတ်ပါမှာသာလဲ ထိုအရာဟာဖြစ်နိုင်လေသည်။ သူဟာ မတုံးအကာ ကုနင်းကို လုံးဝယုံကြည်မှာမဟုတ်ပေ။ သူမကို ဒီနေ့တွေ့လို့သာ သူက ဒီကိစ္စမေးနေခြင်းဖြစ်သည်။ သို့သော်လည်း သူက သူမဆီကို အခြားကိစ္စတစ်ခုအတွက် လာတာဖြစ်သည်။
"ဟုတ်တယ်။ ကျွန်မဖုန်းကို ဘယ်သူကမကိုင်ဘူး"ဟု ကုနင်းကပြောသည်။ သူမဟာ လိမ်ပြောရတဲ့အတွက်လည်း လုံးဝ ရှက်တယ်လို့မခံစားရပေ။
သူအံ့ဩသွားလောက်တဲ့ အဖြေမဟုတ်ပေမဲ့လည်း ထိုအရာကိုကြားတဲ့အတွက် သူဟာ နည်းနည်းတော့ စိတ်ပျက်သွားလေသည်။
"လူတွေအများကြီးက ကိုလိန်းကို တိုက်ခိုက်ဖို့လုပ်နေတာကို မစ္စကု သိလား"ဟု သုန်းဖန်းချီ ကမေးသည်။ ကိုလိန်းမှာ စွမ်းအားကြီးတဲ့ ရန်သူတွေရှိတာမလို့ ကုနင်းက ထိုအကြောင်းကို မသိဘူးလို့ သူ,မထင်ပေ။
"အို၊ ကိုလိန်းဘယ်သူတိုက်ခိုက်မလဲဆိုတာ ရှင်သိတယ်လို့ ဆိုလိုချင်တာလား။ မစ္စတာသုန်းဖန်းက သူတို့ဘယ်သူတွေလဲဆိုတာ ကျွန်မကို ပြောပြမလို့လား ဒါမှမဟုတ် ကျွန်မနဲ့ အပေးအယူ တစ်ခုခုလုပ်ချင်တာရှိလို့လား"
ကိုလိန်းကို တိုက်ခိုက်ချင်တဲ့ လူတချို့ရှိတယ်ဆိုတာကို သူမသိပြီးဖြစ်၍ သုန်းဖန်းချီက သူမကို ဒီသတင်းပြောပြချိန်မှာ ကုနင်းက မအံ့ဩသွားပေ။ အဲဒီလူတွေထဲက အချို့က သူမနဲ့ ပြိုင်ဘက်တွေဖြစ်ပြီး အချို့တွေကတော့ ကျင့်ကြံသူတွေဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သုန်းဖန်းချီက သူမကို ရည်ရွယ်ချက် တစ်ခုခုနဲ့ ပြောပြနေတယ်ဆိုတာတော့ ကုနင်း သိလေသည်။
"မစ္စကုက အရမ်းထက်မြက်တာပဲ။ ကိုလိန်းကို ဘယ်သူတိုက်ခိုက်မလဲဆိုတာ ကျွန်တော်သိတယ် ပြီးတော့ အဲကိစ္စနဲ့ပတ်သတ်ပြီး အပေးအယူ တစ်ခုလုပ်နိုင်ဖို့ ကျွန်တော်မျှော်လင့်တယ်။ ဘယ်လိုသဘောရလဲ"ဟု သုန်းဖန်းချီ ကပြောသည်။
"ကျွန်မကုမ္ပဏီကို တိုက်ခိုက်မဲ့သူ ဘယ်သူဆိုတာကို ကျွန်မ,မသိဘူးလို့ မစ္စတာသုန်းဖန်းက ဘာလို့ထင်နေတာလဲ"ဟု ကုနင်းက စိတ်အေးလက်အေးပင် မေးလိုက်သည်။ ကြည့်ရတာ သူမအကုန် သိပုံပေါ်လေသည်။
"အို"ဟု ကုနင်းရဲ့ စိတ်အေးလက်အေးပုံကို ကြည့်ပြီး သုန်းဖန်းချီဟာ အနည်းငယ် အံ့အားသင့်သွားလေသည်။ ကုနင်းတကယ်သိနေတာလား။ ဒါလုံးဝ မဖြစ်နိုင်ဘူး။
"တကယ်လို့ မစ္စကုသိတယ်ဆိုရင်တော့ ကျွန်တော့်မှာ ထပ်ဘာမှပြောစရာမရှိတော့ဘူး။ ဒါပေမယ့် ကျွန်တော်သိပြီး မင်းမသိတဲ့အရာတစ်ခုတော့ ရှိတယ်"ဟု သုန်းဖန်းချီကပြောသည်။ "ဥပမာပြောရရင် မင်းရဲ့စက်ရုံထဲမှာ သူလျှိုရှိနေတယ်ဆိုတာကို ကျွန်တော်သိတဲ့အပြင် အဲဒီလူက ဘယ်သူလဲဆိုတာလဲကျွန်တော်သိတယ်။ တကယ်လို့ မစ္စကုသာ အဲဒီအကြောင်းလည်း သိတယ်ဆိုရင်တော့ ဒီနေ့ကျွန်တော်တို့ တွေ့ဆုံပွဲက ပြီးသွားပြီလို့ ကျွန်တော်ထင်တယ်"
ထိုအရာကိုကြားတဲ့အခါ ကုနင်းရဲ့ မျက်လုံးဟာ မှေးသွားလေသည်။ သူမရဲ့ အမူအရာဟာ သိပ်မပြောင်းလဲသော်လည်း သူမဟာ တကယ်တော့ စိတ်ရှုပ်သွားတာဖြစ်သည်။
သူမရဲ့ စက်ရုံထဲမှာ သူလျှိုရှိနေမှန်း သူမတကယ်မသိပေ။ သိသာစွာပင် ထိုအကြောင်းကို နျဉ်ချန်းခိုင်လဲ သိပုံမပေါ်ပေ။
နျဉ်ချန်းခိုင် ထိုအရာကိုမသိပေမဲ့လည်း ကုနင်းက သူ့ကိုအပြစ်တင်မှာ မဟုတ်ပေ။ နျဉ်ချန်းခိုင်နဲ့ အရာအားလုံးကို ဖြေရှင်းနေရတာနဲ့ အလုပ်ရှုပ်နေတာဖြစ်သည်။ ထို့အပြင် စက်ရုံထဲမှာရှိတဲ့ အရာအားလုံးကို စီမံဖို့ အခြားမန်နေဂျာတွေလည်းရှိတာကြောင့် သူ့အနေနဲ့ ကိုယ်တိုင်ဆောင်ရွက်ဖို့ မလိုအပ်ပေ။ ထို့ကြောင့် ဒီကိစ္စကို သူ,မသိတာဟာ ပုံမှန်ပင်ဖြစ်သည်။
ကြိုတင်ဆောင်ရွက်မှုတွေက ဘယ်လောက်ပဲ တင်းကျပ်တင်းကျပ် ရန်သူရဲ့ ကျူးကျော်တိုက်ခိုက်မှုကို မရှောင်လွှဲနိုင်ပေ။ ရန်သူက စွမ်းအားကြီးနေတာဖြစ်သည်။
"ကျွန်မ စက်ရုံထဲမှာ သူလျှိုရှိတယ်ဆိုတာ ရှင်ပြောပြီးနေပြီ။ ရှင့်အနေနဲ့ ကျွန်မနဲ့ အပေးအယူလုပ်ဖို့ ကဒ်ရှိသေးတယ်လို့ ရှင်ထင်နေတာလား။ ကျွန်မဘာ ကျွန်မ အဲ့သူလျှိုကို ရှာနိုင်နေတာဘဲ"ဟု ကုနင်းက ပြောသည်။
"တကယ်လို့ မစ္စကုသာ အဲဒီလိုလုပ်မယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့ လုပ်နိုင်တာဘာမှမရှိပေမဲ့ ကျွန်တော်သိနေတာတွေက အဲဒီထက်ပိုတယ်။ တကယ်လို့ ကျွန်တော်ကို ဒီတစ်ခါငြင်းပယ်မယ်ဆိုရင် အနာဂတ်မှာ ကျွန်တော်ခင်ဗျားကို ဘာမှပြောပြမှာ မဟုတ်ဘူး။ ကျွန်တော့်မှာလဲ ကျွန်တော်မာနနဲ့ ကျွန်တော်ရှိတယ်"ဟု သုန်းဖန်းချီကပြောသည်။ သူမရဲ့ စက်ရုံထဲမှာ သူလျှိုရှိတယ်လို့ ပြောပြလိုက်လို့ သူ့အနေနဲ့ ကုနင်းနဲ့ အပေးအယူလုပ်ဖို့အတွက် ကဒ်ကုန်သွားမှာကို သူကမစိုးရိမ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာဟာ သူသိတာတွေထဲက တစ်ခုဖြစ်တာကြောင့်ဖြစ်သည်။ တကယ်လို့ သူသာစိုးရိမ်နေရမယ်ဆိုလဲ သူ့အနေနဲ့ သူမကို ပြောပြလိုက်မှာမဟုတ်ပေ။
ကုနင်းအနေနဲ့ သဘောတူနိုင်လာဆိုတာ သူ,မသေချာပေမဲ့လည်း သူ့အနေနဲ့ ကြိုးစားကြည့်ဖို့တော့ လိုလေသည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၁ မင်းကိုယ်တိုင်ရွေးချယ်
သုန်းဖန်းချီရဲ့ ခြိမ်းခြောက်တဲ့စကားကို ကြားတဲ့အခါမှာ ကုနင်းက လုံးဝစိတ်မဆိုးပေ။ သူမအနေနဲ့ သူ့ကိုချက်ချင်း ငြင်းပယ်လိုက်ဖို့လဲ စိတ်ကူးမရှိပေ။
သူမအနေနဲ့ သူလျှိုကို ရှာနိုင်ပေမဲ့လည်း သုန်းဖန်းချီသိတာတွေက ထိုထက်ပိုလေသည်။ ထို့ကြောင့်မလို့ လုံခြုံရေးအတွက် သူမအနေနဲ့ သူ့ထက်ပိုသိဖို့ လိုအပ်လေသည်။ ထို့အပြင် သူမအနေနဲ့ သူနဲ့ အပေးအယူလုပ်ဖို့အတွက် သုန်းဖန်းချီ ဘာလိုချင်တာလဲဆိုတာလဲ သိဖို့လိုလေသည်။
တကယ်လို့ သူရဲ့တောင်းဆိုချက်တွေကို သူမလုပ်လျောပေးနိုင်တယ်ဆိုရင်တော့ သူမအနေနှင့် သူနဲ့ အပေးအယူ လုပ်နိုင်လေသည်။
"အဲဒီတော့ ရှင့်ဘက်က တောင်းဆိုချက်တွေက ဘာတွေလဲ"ဟု ကုနင်းက မေးသည်။ သူတို့ရဲ့ သဘောတူညီမှုမှာ သူထိန်းချုပ်သွားမှာ မလိုချင်ရင်၍ သူမဟာ အလျင်စလို မမေးပေ။
ထိုအရာကို ကြားတဲ့အခါ သုန်းဖန်းချီဟာအနည်းငယ် စိတ်အေးသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက မစ္စကုက သူ့ရဲ့တောင်းဆိုချက်ကို စိတ်ဝင်စားကြောင်း ဆိုလို၍ဖြစ်သည်။
"ကိုလိန်းက ထုတ်တဲ့ ဆေးပစ္စည်းတွေမှာ အာနိသင့်ကောင်းတွေရှိတယ်။ ဆေးဖော်မျူလာထဲမှာ လျှို့ဝှက်ဆေးပစ္စည်းအမယ် တစ်ခုပါတယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော့်တောင်းဆိုချက်က အဲဒီဆေးပစ္စည်းအမယ်ကို လိုချင်တာပဲ"ဟု သုန်းဖန်းချီက ပြောသည်။
အံဩစရာမရှိစွာပင် သူဟာ ထိုဆေးအမယ်အတွက် လာတာဖြစ်သည်။
"တကယ်လို့ ကျွန်မသာ ရှင့်ကိုပေးလိုက်လို့ရှင်ရင် ရှင့်အနေနဲ့ ဆေးကုမ္ပဏီအသစ်တစ်ခု ဆောက်ပြီး ကျွန်မစီးပွားရေးကို ခိုးနိုင်တယ်လေ"ဟု ကုနင်းက ပြောသည်။ ဘယ်သူကမှ ထိုဆေးအမယ်ကို မပိုင်တာကြောင့် သူမက ထိုအရာကို မကြောက်ချေ။
"ပိုက်ဆံရှာဖို့အတွက် ဘယ်တော့မှမသုံးပါဘူးလို့ ကျွန်တော်ကတိပေးပါတယ်"ဟု သုန်းဖန်းချီက လေးနက်စွာပြောလိုက်သည်။
"ရှင့်အနေနဲ့ အခုချိန်မှာ အဲဒီလိုပြောလို့ရတယ် ဒါပေမယ့် ရှင့်စိတ်ပြီးကျရင် ပြောင်းသွားနိုင်တာပဲ။ ညီအစ်ကိုရင်းတွေတောင် ပိုက်ဆံနဲ့ပတ်သတ်လာရင် တစ်ယောက်နဲ့တစ်ယောက် ပြိုင်နိုင်တာပဲ။ ကျွန်မတို့က အသိတွေအဆင့်ပဲရှိတာ"ဟု ကုနင်းက ပြောသည်။
တကယ်လို့ ကုနင်းသာ သူ့ကိုမယုံကြည်ရင် သူ့ရဲ့ကတိတွေဟာ အဓိပ္ပာယ်လုံးဝမရှိတာမလို့ ထိုအရာက သုန်းဖန်းချီအတွက် အမှန်တကယ်ခက်ခဲလေသည်။
"ကောင်းပြီလေ၊ တကယ်လို့ ကျွန်မရှင့်ကို အဲ့ပစ္စည်းပေးရင်တောင် ရှင့်အနေနဲ့ အခြားဘယ်ကနေမှ ရနိုင်မှာမဟုတ်ဘူး"ဟု ကုနင်းက သုန်းဖန်းချီရှေ့မှာ ဆက်ဟန်မဆောင်တော့ပေ။ သူတောင်းဆိုတဲ့ အချက်ကို သူမလိုက်လျောပေးနိုင်လေသည်။ ဘာပဲဖြစ်ဖြစ် တကယ်လို့ သူမက သူ့ကိုပေးလိုက်ရင်တောင် သူတို့အနေနဲ့ သူတို့ဘာသာသူတို့ မလုပ်နိုင်ပေ။
ထိုအရာကိုသိတဲ့အခါမှာ သုန်းဖန်းချီအနေနဲ့ ပျော်ရမလား မပျော်ရမလားပင် မသိတော့ချေ။ ကုနင်းက ထိုပစ္စည်းအမယ်ကို သူ့ကိုပေးပေမယ့်လည်း သူ့အနေနဲ့ ဒီထက်ပိုမရနိုင်ပေ။ တကယ်လို့ အဲ့တာက နည်းနည်းလေးဆိုရင်တော့ သူ့ရဲ့လေ့ကျင့်စဉ်မှာ အကူအညီပေးနိုင်မှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဘာမှမရှိတာထက်တော့ သာသေးလေသည်။ ထို့အပြင် သူ့အနေနဲ့ အဲ့အရာကဘာလဲဆိုတာကိုသာ သိဖို့လိုကာ တကယ်လို့ သူသာထပ်ရှာမတွေ့ရင် လက်လျော့လိုက်မှာဖြစ်သည်။
ကုနင်းဟာ သူမရဲ့ကျောပိုးအိတ်ကိုယူ၍ ဖွင့်လိုက်လေသည်။ စိတ်စွမ်းအင်အာကာပြင်ကနေတစ်ဆင့် သူမဟာ စွမ်းအင်သလင်းကျောက်ပါတဲ့ ကြွေဗူးတစ်လုံးယူလိုက်ကာ အဖုံးကိုဖွင့်လိုက်လေသည်။
ချက်ချင်းပင် သုန်းဖန်းချီဟာ မှော်စွမ်းအင်စစ်စစ်ကို အနံ့ရလိုက်ကာ အံဩသွားပြီး "အဲ့တာဘာလဲ"ဟုမေးလေသည်။
ထိုနောက်မှာတော့ ကုနင်းဟာ အဖုံးကိုပိတ်လိုက်လေသည်။ "လျှို့ဝှက်ပစ္စည်းအမယ်လေ။ ဒီဗူးထဲမှာ ဆေးတစ်လုံးထဲရှိပေမယ့်လည်း မယုံနိုင်လောက်အောင် ဆေးစွမ်းထက်တယ်။ ရှိသမျှနာကျင်မှုမှန်သမျှနဲ့ ဒဏ်ရာမှန်သမျှနီးနီးအတွက် အသုံးဝင်တယ်။ ဒဏ်ရာမများရင် တန်းပျောက်သွားနိုင်ပြီး ရောဂါတွေ ဒါမှမဟုတ် ဒဏ်ရာပြင်းထန်တာတွေရဲ့ တဝက်လောက်ထိသက်သာစေနိုင်တယ်။ တကယ်လို့သေခါနီးဆဲဆဲ ဖြစ်နေရင်တောင် ဒီအရာက လူ့အသက်ကိုကယ်နိုင်တဲ့အတွက် အသက်ရှင်နိုင်ချေကို မြင့်မားစေနိုင်တယ်။ ကင်ဆာအတွက်ကတော့ အစောဆုံးနဲ့ အလယ်အလတ်အဆင့်တွေကို အကူအညီပေးနိုင်ပြီး အထက်တန်းအဆင့် ကင်ဆာတွေကိုတော့ သိပ်ပြီးအကူအညီပေးနိုင်မှာမဟုတ်ဘူး"
ထိုအရာဟာ သာမာန်သေမျိုးတွေအတွက် အရမ်းအကူအညီပေးနိုင်သော်လည်း ကျင့်ကြံသူတွေအတွက်တော့ အာနိသင့်ဟာ လျော့သွားနိုင်လေသည်။ တကယ်လို့ ဒဏ်ရာမပြင်းရင်တော့ အသုံးဝင်လေသည်။ ဆေးတစ်လုံးထဲရှိတာဖြစ်၍ ထိုအာနိသင်တွေကို ခံစားချင်ရင်တော့ ဆေးလုံးတွေ ပိုသောက်ရမည်ဖြစ်သည်။
ထိုအရာဟာ သာမာန်သေမျိုးတွေအတွက်သာ အရမ်းအကူအညီဖြစ်တာကို သုန်းဖန်းချီနားလည်သော်လည်း အဲ့အရာရဲ့ မယုံနိုင်စရာဆေးစွမ်းထက်မှုက သူ့ကို အံ့အားသင့်စေသေးသည်။
လေ့ကျင့်စဉ်လောကက ဆေးလုံးတွေကလွဲရင် ဒီကမ္ဘာမှာ ဒီထက်ဆေးစွမ်းထက်တဲ့ ဆေးမျိုးရှိနိုင်မယ်လို့ သူမထင်ပေ။ သို့သော်လည်း သာမာန်သေမျိုးတစ်ယောက်အနေနဲ့ ဒီလိုဆေးမျိုး ကုနင်း ဘယ်ကရလာတာလဲ။
"ကျွန်မဒီလိုဆေးမျိုးဘယ်ကရလာတာလဲ ရှင်သိချင်နေတာ ကျွန်မသိတယ် ဒါပေမယ့် ကျွန်မရှင့်ကို ပြောပြတောင် အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ ဘာလို့လဲဆို ကျွန်မလဲမသိဘူး။ ကျွန်မကို အဘိုးအိုတစ်ယောက်က ပေးတာ။ သူက ကျွန်မဒီအရာတွေသုံးပြီး ဆေးလုပ်ကာ လူတွေကယ်နိုင်ဖို့ သူကမျှော်လင့်တာ။ သူ့နာမည်ကိုလဲ ကျွန်မမသိဘူး။ သူက ဒီဆေးလုံးအချို့ ကျွန်မဆီပုံမှန်ပို့ပေးနေတာမလို့ ကျွန်မဆီမှာလဲ အများကြီးမရှိဘူး"ဟု ကုနင်းက ပြောသည်။
ထိုအဘိုးအိုဟာ လေ့ကျင့်စဉ်ကမ္ဘာမှ ဆရာကြီးတစ်ယောက်ဖြစ်နိုင်ပြီး သူဟာ ဆေးပညာမှ အရမ်းကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ရမယ်ဟု သုန်းဖန်းချီက ယုံကြည်လေသည်။
တကယ်တော့ ကုနင်းရဲ့စကားကို သုန်းဖန်းချီက လုံးဝတော့ မယုံကြည်သော်လည်း အဲဒီဆေးလုံးတွေကို သူမကို အခြားသူတစ်ယောက်ယောက်က ပေးတာဖြစ်ပေမည် မဟုတ်လျင် သူမလို သေမျိုးတစ်ယောက်အနေနဲ့ ထိုပစ္စည်းတွေ မရနိုင်ပေ။
"အခု ရှင်ဆုံးဖြတ်ချက်ချလို့ရပြီ။ ကျွန်မတို့ သဘောတူညီချက် လုပ်ဦးမှာလား"ဟု ကုနင်းကမေးသည်။
"ဒါပေါ့"ဟု သုန်းဖန်းချီက ပြောသည်။ သူ့အနေနဲ့ ဆေးတွေအများကြီးမရနိုင်ပေမဲ့လည်း ဆေးတလုံးနဲ့တင် လုံလောက်လေသည်။ "မင်းရဲ့ စက်ရုံမှာ တကယ်တော့ သူလျှိုနှစ်ယောက်ရှိတယ်။ တစ်ယောက်က ကျန်းရုန်လို့ခေါ်ပြီး နောက်တစ်ယောက်က ဟွမ်းကျီဝေ့လို့ခေါ်တယ်။ ကျန်းရုန်မှာ ဘာမှတော့ ထွေထွေထူးထူးမရှိဘူး။ သူက သာမာန်လူတစ်ယောက်ပဲ။ ဒါပေမယ့် ဟွမ်းကျီဝေ့ကတော့ မတူဘူး။ သူက သိုင်းပညာမှာ သိပ်တော့မဆိုးဘူး။ မင်းရဲ့ ကုမ္ပဏီမှာ လုတန်လို့ခေါ်တဲ့ နောက်ထပ်သူလျှိုတစ်ယောက်လဲ ရှိတယ်။ သူက ဟွမ်းကျီဝေ့နဲ့ တစ်ဖွဲ့တည်း။ သူတို့အားလုံးကို တစ်လလောက်က အလုပ်ခန့်ထားတာ။ ကျန်းရုန်ကတော့ ချန်းဖုန်းအုပ်စုကဖြစ်ပြီး ဟွမ်းကျီဝေ့နဲ့ လုတန်တို့ကတော့ ယပင်းအုပ်စုကဖြစ်တယ်။ ငါသိတာအဲ့တာ အကုန်ပဲ”
ထိုအရာကိုကြားတဲ့အခါ ကုနင်းဟာ စတင်ပြီး စမ်းစစ်လေသည်။ ကျန်းရုန်က သာမာန်လူတစ်ယောက်ဖြစ်၍ သူဟာ သေမျိုးတစ်ယောက်သာဖြစ်နိုင်လေသည်။ ဟွမ်းကျီဝေ့နဲ့ လုတန်တို့ကတော့ သိုင်းပညာမှာ တော်တာကြောင့် ကျင့်ကြံသူတွေဖြစ်နိုင်လေသည်။
ချန်းဖုန်းအုပ်စုနဲ့ ယပင်းအုပ်စုအနေနဲ့ကတော့ သူတို့က စွမ်းအားကြီးတဲ့လေ့ကျင့်စဉ်ကမ္ဘာက မိသားစုတွေက သေမျိုးကမ္ဘာမှာ လာဖွင့်ထားတဲ့ကုမ္ပဏီတွေ ဖြစ်လောက်မည်။
ကုနင်းက သေမျိုးတစ်ယောက်ဖြစ်တာမလို့ စွမ်းအားကြီးမိသားစုတွေ အကြောင်းက်ို သုန်းဖန်းချီက သူမအား အသေးစိတ်မပြောပြလိုက်ပေ။ လေ့ကျင့်စဉ်ကမ္ဘာမှ ဘာအချက်အလက်မှ ထုတ်ဖော်ခွင့် သူ့မှာမရှိပေ။ တကယ်လို့ ကုနင်းကို သူပြောပြရင်တောင် သေမျိုးကမ္ဘာမှာ ထိုစွမ်းအားကြီးတဲ့မိသားစုတွေကို သိတဲ့လူမရှိလို့ ကုနင်းနားလည်နိုင်မှာ မဟုတ်ပေ။
ထို့အပြင် သုန်းဖန်းမိသားစုက ဝင်မပါလို့ သုန်းဖန်းချီက ဒီသတင်းတွေကို သူမကို ပြောပြနေတာဖြစ်ပြီး ဒါမှမဟုတ်ရင်လဲ ကိုလိန်းကို သတင်းအချက်အလက်စုဆောင်းဖို့ သုန်းဖန်းမိသားစုကလဲ လူတွေလွှတ်ထားတယ်ဆိုတာကို သူ,မသိတာလဲ ဖြစ်နိုင်လေသည်။
သုန်းဖန်းမိသားစုက ပို့လိုက်တဲ့လူတွေ အခွင့်အရေးတွေအကုန်ရနိုင်အောင် တခြားမိသားစုကလူတွေကို ကုနင်းကို အသုံးပြုပြီး ဖယ်ထုတ်ချင်လို့ သုန်းဖန်းချီက ကုနင်းကို ဒီသတင်းတွေ ပြောပြနေတာလဲဖြစ်နိုင်လေသည်။
စိတ်မကောင်းစရာပင် ကုနင်းမှားသွားလေသည်။ ယပင်းအုပ်စုဟာ သုန်းဖန်းမိသားစုပိုင်တာဖြစ်ပြီး ထိုလူကို သုန်းဖန်းမိသားစုရဲ့ အကြီးဆုံးသားက စေလွှတ်လိုက်တာဖြစ်ပြီး သုန်းဖန်းချီ ရဲ့အဖေကတော့ သုန်းဖန်းမိသားစု ရဲ့ ဒုတိယသားဖြစ်လေသည်။
သုန်းဖန်းမိသားစုထဲမှာ အကြီးဆုံးသားမိသားစုက ဒုတိယသားရဲ့မိသားစုနဲ့ မတည့်ပေ။ ထို့ကြောင့် သုန်းဖန်းချီက သူ့ဦးလေးလွှတ်လိုက်တဲ့လူတွေ အောင်မြင်သွားမှာ မလိုလားပေ။ ထိုအကြောင်းပြချက်ကြောင့်ပင် ကုနင်းကို သူက ထိုအကြောင်းလာပြောပြနေတာဖြစ်သည်။
ချန်းဖုန်းအုပ်စုကတော့ ကျင်းမိသားစုပိုင်တာဖြစ်သည်။ ကျင်းမိသားစုဟာ ကိုလိန်းကထုတ်တဲ့ ဆေးတွေမှာ မှော်စွမ်းအင်ပါနေတာကို သတိထားမိကာ အခြားမိသားစုတွေလဲ သတိထားမိတယ်လို့ မထင်၍ အခြားမိသားစုတွေ သတိမထားမိအောင် သေမျိုးကိုသာ လွှတ်လိုက်တာဖြစ်သည်။
ကိုလိန်းကထုတ်တဲ့ ဆေးတွေထဲမှ မှော်စွမ်းအင်တွေပါနေတယ်ဆိုတာကို ယင်မိသားစုတစ်ခုထဲသာ မသိတာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က သေမျိုးကမ္ဘာနဲ့ သိပ်အဆက်အသွယ်မရှိ၍ဖြစ်သည်။ သို့သော်လည်း သူတို့က သေမျိုးကမ္ဘာနဲ့ သိပ်အထိအတွေ့မရှိသော်လည်း တခြားမိသားစု၃ခုလုံးကို လျှို့ဝှက်စွာ စောင့်ကြည့်နေတာဖြစ်၍ ထိုကိစ္စကို သိပ်မကြာခင် သိသွားတော့မှာဖြစ်သည်။
အခုအချိန်အထိ ပိုင်လီကျုံးရွှယ်နဲ့ ပိုင်လီကျုံးယန်တို့သာ ကုနင်းနဲ့ ဆက်ဆံရေးကောင်းကောင်းမွန်မွန် ရှိလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၂ ကျင်းမိသားစု
ကျန်းရုန်ကို ကျင်းမိသားစုကလွှတ်လိုက်တာမှန်း အစကတကယ်တော့ သုန်းဖန်းချီ မသိပေ။ ဟွမ်းကျီဝေ့က ထိုအရာကို သိပြီးနောက် သူ့ကိုပြောပြ၍ သိတာဖြစ်သည်။
အဖြေရပြီးတဲ့နောက်မှာတော့ ကုနင်းဟာ စွမ်းအင်သလင်းကျောက်အား သုန်းဖန်းချီ ကိုပေးလိုက်လေသည်။
ကုနင်းဟာ သုန်းဖန်းချီရဲ့ စကားတွေကို သံသယမဝင်ပေ၊ အဘယ်ကြောင့်ဆိုသော် စုံစမ်းစစ်ဆေးတာတွေလုပ်ပြီးမှသာ သူမအနေနဲ့ သူတို့ကိုဖြေရှင်းမည် ဖြစ်သည်။ သုန်းဖန်းချီ ပြောသမျှ စကားလုံးတိုင်းကို သူမယုံကြည်မည်မဟုတ်ပေ။
တကယ်လို့ သုန်းဖန်းချီသာ သူမကို လိမ်ရဲခဲ့ရင်တော့ သူမအနေနဲ့ သူ့ကိုပြန်ပေးဆပ်မှာဖြစ်သည်။
သုန်းဖန်းချီက ဒီသတင်းကို သူပြောကြောင်း ကုနင်းအား လျှို့ဝှက်ထားဖို့ တောင်းဆိုလေရာ ကုနင်းက သဘောတူလိုက်လေသည်။
သူတို့စကားပြောပြီးတဲ့အခါမှာတော့ သူတို့ဟာ သူတို့ကော်ဖီကို ကုန်အောင်သောက်လိုက်ပြီး ထို့နောက် ကုနင်းက ထွက်သွားလေသည်။ သူမက ဒီနေ့နေ့လည်မှာ ကျီပိုင်ယင်းနဲ့ ရှုချင်ယင်းတို့နဲ့အတူ ထမင်းစားဖို့လုပ်ထားတာဖြစ်သည်။
ကျီပိုင်ယင်းဟာ ရှုကျင်းချန် နောက်မှလိုက်ကာ သူတို့နိုင်ငံကိုလာတာဖြစ်ပေမဲ့လည်း ကျီပိုင်ယင်းက သူမသူငယ်ချင်းဖြစ်သေးသည်ဖြစ်သည်။ ရှုကျင်းချန်က အခုစစ်ဆင်ရေးထွက်သွားသည်ဖြစ်ရာ သူမအနေနဲ့ ကျီပိုင်ယင်းကို ဧည့်ဝတ်ကျေရမည်ဖြစ်သည်။
ရှုချင်ယင်းက ကျီပိုင်ယင်းနဲ့ ထမင်းအတူသွားစားမလို့ဆိုတာကို မစ္စစ်ရှုသိတဲ့အခါ သူမလည်း အတူလိုက်ခဲ့မည်ဖြစ်ကြောင်း အတင်းပြောလေသည်။ အဘယ်ကြောင့်ဆိုသော် သူမသားက ကျီပိုင်ယင်းရဲ့ နှလုံးသားကို မသိမ်းပိုက်နိုင်မှာ စိုးရိမ်၍ဖြစ်သည်။ သူမက သူ့ကိုကူညီပေးချင်တာဖြစ်သည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သခင်ကြီးရှုက သူမကိုတားလိုက်လေသည်။ တကယ်လို့ သူမသာ အဲဒီကိုသွားရင် သူ့ရဲ့ ကျီပိုင်ယင်း ကြောက်သွားလိမ့်မယ်ဟု သူက သူမအားပြောလေသည်။
မစ္စစ်ရှုဟာ ခဏတာတွေးလိုက်ပြီးနောက် လက်မလျော့ချင်သော်လည်း လျော့လိုက်ရလေသည်။
ရှုချင်ယင်းထွက်သွားစဉ်မှာပဲ မစ္စစ်ရှုက သူမအား ကျီပိုင်ယင်းရှေ့မှာ ရှုကျင်းချန်ကိုချီးမွှန်းဖို့ ဆက်တိုက်မှာနေတာမလို့ အားလုံးက သဘောကျနေကြလေသည်။
....
ကုနင်းဟာ သုန်းဖန်းချီနဲ့ စကားပြောပြီး အချိန်အနည်းငယ် ဖြန်းလိုက်သော်လည်း သိပ်အများကြီးမဟုတ်ပေ။ ထို့ကြောင့် သူမဟာ သူမသူငယ်ချင်းတွေနဲ့ ချိန်းထားတဲ့ဆီကို နောက်မကျပေ။ ကျီပိုင်ယင်းနဲ့ ရှုချင်ယင်းတို့ဟာ သူမထက် မိနစ်အနည်းငယ်သာ စောရောက်နေတာဖြစ်သည်။
ကျီပိုင်ယင်းက ရှားမိုင်ချီ ကိုဖိတ်သော်လည်း ရှားမိုင်ချီ ကအလုပ်မအားတာကြောင့် မလာနိုင်တာကြောင့် သူတို့သာ အတူတူဆုံကြလေသည်။
ရှုချင်ယင်းက ကျီပိုင်ယင်းနဲ့ တွေ့တဲ့အခါမှာ ရှုကျင်းချန်အကြောင်း ဘာမှမပြောပေ။ သူမအဒေါ်က မှာသမျှကိုလဲ ကျီပိုင်ယင်းရှက်သွားမှာစိုး၍ သူမဘာမှမပြောပေ။
ကုနင်းရောက်တဲ့အခါမှာတော့ သူတို့က စတင်မှာကြလေသည်။
ထို့နောက် နေ့လည်စာစားပြီးတဲ့အခါမှာတော့ သူတို့ဟာလမ်းခွဲသွားကြလေသည်။
ကုနင်းဟာ ကျီပိုင်ယင်းနဲ့အတူ ရာစုနှစ်မြို့ကို ပြန်မသွားပဲ သူမဟာ ကျင်းယွင်ယောင်အား ချန်းဖုန်းအုပ်စုနဲ့ ယပင်းအုပ်စု တို့အကြောင်း မေးစရာရှိ၍ တောင်မြစ်ကမ်းဥယျာဉ်ဆီသွားလေသည်။
ကျင်းယွင်ယောင်က လေ့ကျင့်စဉ်ကမ္ဘာကို မလည်ပတ်တာ နှစ်ပေါင်း၂၀ကျော်ကြာပြီဖြစ်ပေမဲ့လည်း ထိုအုပ်စုနှစ်ခုဟာ တည်ရှိနေတာ ကြာပြီဖြစ်၍ သူမအနေနဲ့ လုံးဝကြားဖူးလောက်မှာ သေချာလေသည်။
ချန်းဖုန်းအုပ်စုအကြောင်းကြားတာနဲ့ တပြိုင်နက် ကျင်းယွင်ယောင်ဟာ မျက်မှောင်ကြုံ့သွားကာ "ချန်းဖုန်းအုပ်စုက ကျင်းမိသားစုကပိုင်တာ။ ယပင်းအုပ်စုကတော့ သုန်းဖန်းမိသားစုကပိုင်တာ"ဟုပြောသည်။
"ဘယ်လို။ ယပင်းအုပ်စုက သုန်းဖန်းမိသားစုက ပိုင်တာဟုတ်လား"
ကုနင်းဟာ ချန်းဖုန်းအုပ်စုကို အာရုံမစိုက်ဘဲ ယပင်းအုပ်စုကို အာရုံစိုက်လိုက်လေသည်။ သုန်းဖန်းမိသားစုက မပါဝင်ဘူးလို့ သူမကထင်နေတာဖြစ်ပြီး လက်စသက်တော့ သူမမှားနေလေသည်။ သုန်းဖန်းမိသားစုက သူမကုမ္ပဏီကို သူလျှိုနှစ်ယောက် လွှတ်လေသည်။
ဘာပဲဖြစ်ဖြစ် သူမ သဘောပေါက်သွားလေသည်။ ယပင်းအုပ်စုကို သုန်းဖန်းမိသားစုက ပိုင်တာဖြစ်တာပေမဲ့လည်း သုန်းဖန်းချီကတော့ တစ်ဖွဲ့တည်းမဟုတ်ပေ။ မိသားစုကြီးတွေထဲမှာ အဖွဲ့တွေနဲ့ ဇာတ်ရှုပ်တွေ အမြဲရှိနေ၍ဖြစ်သည်။
ချန်းဖုန်းအုပ်စုက ကျင်းမိသားစုက ပိုင်ကြောင်းသိရလို့ ကုနင်းက မအံဩပေ။ အဘယ်ကြောင့်ဆို ကျင်းမိသားစု ဒါမှမဟုတ် ယင်းမိသားစုက ပိုင်မည်ဟု သူမတွေးမိ၍ဖြစ်သည်။
ပိုင်လီမိသားစုအနေနဲ့တော့ ပိုင်လီကျုံးရွှယ်နဲ့ ပိုင်လီကျုံးယန်တို့မှာ စွမ်းအင်သလင်းကျောက် ရှိပြီးဖြစ်၍ ထိုသို့လုပ်ဖို့ မလိုအပ်ပေ။ တကယ်လို့ ပိုင်လီမိသားစုက သူလျှိုလွှတ်ရင်တောင် ထိုလူက ပိုင်လီကျုံးယန်နဲ့ အဖွဲ့မတူ၍ဖြစ်မည်။
သူမက ပိုင်လီကျုံးယန်ကို ယုံကြည်လေသည်။
"ဘာတွေဖြစ်လို့လဲ"ဟု ကျင်းယွင်ယောင်က စိတ်ပူစွာမေးလိုက်သည်။
"ကိုလိန်းကုန်တဲ့ ဆေးတွေထဲမှာ မှော်စွမ်းအင်တွေ ပါနေတာသိတယ်မလား။ လူတွေအများကြီးက အဲ့တာကို ရှာတွေ့သွားပြီး သူတို့လက်ထဲရချင်နေတာ။ သုန်းဖန်းချီ ဒီနေ့ ကျွန်မဆီလာပြီး အပေးအယူလုပ်သွားတယ်။ ဆေးစွမ်းတွေ အရမ်းထက်စေတဲ့ ဆေးအမယ်ကို သူကလိုချင်နေတာ ပြီးတော့ ကိုလိန်းစက်ရုံမှာလည်း သူလျှိုရှိနေကြောင်းပြောတယ်။ သူက သုန်းဖန်းမိသားစုကဖြစ်တာမလို့ သုန်းဖန်းချီက ကျွန်မကိုသုံးပြီး အခြားမိသားစုကလူတွေကို ရှင်းထုတ်ပစ်ဖို့လုပ်နေတာလို့ထင်နေတာ။ မထင်မှတ်ထားစရာက သုန်းဖန်းမိသားစုက သူလျှိုနှစ်ယောက်တောင် လွှတ်လိုက်တာပဲ။ ကြည့်ရတာ မိသားစုထဲ ပြဿနာရှိပုံပေါ်တယ်။ သုန်းဖန်းချီက အဲ့တာကိုမသိတာလဲ ဖြစ်နိုင်တယ်"ဟု ကုနင်းကပြောသည်။
"ဟုတ်တယ်။ သုန်းဖန်းချီရဲ့ အဖေက သုန်းဖန်းမိသားစုက ဒုတိယသားလေ။ စက်ရုံထဲ သူလျှိုလွှတ်တာ သူ့ဦးလေးဖြစ်လိမ့်မယ်။ သူ့အဖေနဲ့ သူ့ဦးလေးက ညီအစ်ကိုအရင်းတွေဖြစ်ပေမဲ့လည်း သူတို့အမေတွေက မတူညီကြဘူး။ အဲ့တာမလို့ သူတို့က တစ်ယောက်နဲ့တစ်ယောက် အမြဲပြိုင်နေကြတာ"ဟု ကျင်းယွင်ယောင်က ပြောသည်။
"ဘာပဲဖြစ်ဖြစ် သုန်းဖန်းချီမိသားစုက ရေရှည်ကို မကြည့်တတ်ဘူး"။ သုန်းဖန်းချီက ကုနင်းကို ကူညီပြီး သူလျှိုတွေရှာပေးပေမဲ့လည်း သူတို့မိသားစုက သိပ်ဂရုမစိုက်တာ ပြနေလေသည်။
"တကယ်လို့ သုန်းဖန်းချီရဲ့ အန်ကယ်သာ အောင်မြင်သွားရင် သူ့ဦးလေးက သုန်းဖန်းမိသားစု ခေါင်းဆောင်နေရာကို ခြေတစ်လှမ်းတိုးသွားမှာလေ။ သူ့အဖေက အဲ့တာကို လက်မခံနိုင်ဘူး။ လေ့ကျင့်စဉ်ကမ္ဘာမှာ အသက်ကြီးတဲ့လူထက် စွမ်းအားကြီးတဲ့လူကို ပိုပြီးလေးစားကျတယ်။ အဲ့တာမလို့ သူတို့က သူတို့ရဲ့စွမ်းရည်တွေသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေကြတာပဲ။ ဘယ်သူက ပိုကြီးလဲဆိုတာကို သူတို့ဂရုမစိုက်ကြဘူး"ဟု ကျင်းယွင်ယောင် ကပြောသည်။
ထိုအရာကိုကြားတဲ့အခါ ကုနင်း နားလည်လေသည်။
"အခု ကျင်းမိသားစုကလည်း ဆေးထဲက မှော်စွမ်းအင်တွေကို သတိထားမိသွားပြီ။ သူလျှိုတွေ ကျရှုံးရင် ကျင်းမိသားစုက ကိုယ်တိုင်ဖြေရှင်းလိမ့်မယ်။ အဲဒီအခါကျရင် သူတို့ ရှောင်းထင်အကြောင်း သိပ်မကြာခင်မှာ ရှာတွေ့သွားနိုင်တယ်"ဟု ကျင်းယွင်ယောင်က အနည်းငယ် စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။ ထိုအရာအတွက် သူမဟာ ပြင်ဆင်ထားသော်လည်း သူမဟာ ထိုအရာကို နောက်ကျမှဖြစ်လာဖို့ မျှော်လင့်လေသည်။ အနည်းဆုံး လင်ရှောင်းထင် စွမ်းအားကြီးလာတဲ့အထိလောက်ဖြစ်သည်။
"ကျွန်မတို့ ဘာလုပ်နိုင်မလဲစောင့်ကြည့်တာပေါ့။ တကယ်လို့ သူတို့သူ့အကြောင်းသိသွားတောင် သူတို့ ရှောင်းထင် ကိုထိခိုက်အောင်လုပ်နိုင်မယ်လို့ သမီးမထင်ဘူး။ ရှောင်းထင်က သူတို့ပြိုင်ဘက်မဟုတ်ရင်တောင် သူ့အနေနဲ့ ထွက်ပြေးနိုင်သေးတာပဲ။ အဖိုးရှန်းကွမ်း ကူညီနေသ၍ သူတို့အနေနဲ့ ရှောင်းထင်ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"ဟု ကုနင်းက ကျင်းယွင်ယောင်အား ချော့မော့ပြောလေသည်။ တကယ်တော့ သူမလဲ အဲဒီကိစ္စကိုပင် စိုးရိမ်နေတာဖြစ်သည်။
လင်ရှောင်းထင်အဆင်ပြေမယ်ဆိုတာကို သူမသိခဲ့ရင်တောင် သူ့အနေနဲ့ ဒဏ်ရာရတာတွေကတော့ မရှောင်လွှဲနိုင်ပေ။ ထိုအရာက သူမ,မမြင်ချင်ဆုံးအရာလည်း ဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ထိုအရာကို မတားနိုင်တာကြောင့် သူတို့အနေနဲ့ ကောင်းဖို့ပဲမျှော်လင့်နိုင်လေသည်။
"ဟုတ်တယ်"ဟု ကျင်းယွင်ယောင်ကလည်း ကုနင်းကို စိတ်မပူစေချင်တာကြောင့် သူမကိုယ်သူမ တည်ငြိမ်အောင်ပြန်ထိန်းချုပ်ကာ ထိုအကြောင်းတွေကို အများကြီးဆက်မတွေးတော့ပေ။
ထို့နေ့ညမှာ ကုနင်းဟာ တောင်မြစ်ကမ်းဥယျာဉ်မှာပဲ နေလေသည်။ သူမဟာ မနက်ဖြန်မှ သူလျှိုတွေကို သွားဖြေရှင်းတော့မည်ဖြစ်ကာ ထို့နောက်လေ့ကျင့်လေသည်။ ထိုအရာဟာ သိပ်အချိန်ကုန်မည်မဟုတ်၍ ဖြစ်သည်။
တောင်မြစ်ကမ်းဥယျာဉ်မှာနေရင်း ကုနင်းဟာ သူမခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်တွေကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ လေ့ကျင့်နိုင်လေသည်။ သူမဘေးမှာ ကျင့်ကြံသူတစ်ယောက်မှ မရှိတဲ့အတွက် သူမဟာ အန္တရာယ်ကင်းလေသည်။
....
သုန်းဖန်းချီဟာ စွမ်းအင်သလင်းကျောက်ကို ရတာနဲ့ တပြိုင်နက် လေ့ကျင့်စဉ်ကမ္ဘာကို ပြန်သွားတော့သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၃ သူလျှိုပြဿနာဖြေရှင်းခြင်း ၁
"သခင်ကြီးရွှီ၊ ဒါက ပြောနေတဲ့ မှော်စွမ်းအင်ပဲ၊ ဒါပေမယ့် အခဲလိုက်"ဟု သုန်းဖန်းချီကပြောသည်။
"တကယ်လို့ မှော်စွမ်းအင်ကို ခဲနိုင်တယ်ဆိုရင် အဲဒီလူက အရမ်းအဆင့်မြင့်တဲ့လူဖြစ်ရမယ်"ဟု တုန်းဖန်းရွှီက ပြောသည်။
"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"ဟု သုန်းဖန်းချီက မေးသည်။
"ကုနင်းဆိုတဲ့ မိန်းကလေးပြောသမျှ ငါတို့ယုံကြည်လို့မရဘူး။ ဒါပေမယ့် သူမပြောတဲ့စကားတွေက အတိုင်းအတာတစ်ခုအထိတော့ အဓိပ္ပာယ်ရှိတယ်။ ကုနင်းကသေမျိုးတစ်ယောက်ပဲဖြစ်တယ်။ သူမအနေနဲ့ မှော်စွမ်းအင်ကို မလုပ်နိုင်သလို ရလဲမရနိုင်ဘူး။ အဲ့တာမလို့ သူမကို တခြားတစ်ယောက်က ပေးတာပဲဖြစ်ရမယ်။ အဲ့တာကိုတော့ မေးခွန်းထုတ်စရာမရှိဘူး။ ဒီမှော်စွမ်းအင်ခဲတွေ ပိုင်တဲ့လူက ငါတို့ထဲက တစ်ယောက်ဖြစ်ရမယ်။ သူက ဆေးပညာဆရာကြီးတစ်ယောက်လဲ ဖြစ်ရမယ်။ ဒါပေမယ့် သူက လေ့ကျင့်စဉ်ကမ္ဘာကတော့ မဖြစ်နိုင်ဘူး။ သူက လေ့ကျင့်စဉ်ကမ္ဘာရဲ့ အပြင်ဘက်ကလူပဲ ဖြစ်ရမယ်။ အဲဒီနှစ်က ငါတို့အားလုံး ချန်လင်တောင်ကိုလာပေမဲ့လည်း အချို့ကျင့်ကြံသူတစ်ချို့ အပြင်မှာပဲ နေခဲ့ကြတယ်။ တကယ်လို့ လေ့ကျင့်စဉ်ကမ္ဘာက ငါတို့ထဲက တစ်ယောက်ယောက်ကသာ ဒါမျိုးလုပ်နိုင်ရင် အကုန်လုံးအဲဒီလူကို သိနေတာကြာပြီပဲ။ မှော်စွမ်းအင်ကို ခဲနိုင်တဲ့လူမှန်သမျှဟာ ငါတို့ကမ္ဘာမှာ အရမ်းလေးစားပြီး ထင်ပေါ်ကြော်ကြားခြင်း ခံရမယ်။ ဘယ်သူနဲ့ အဲဒီလို နေရာနဲ့ လေးစားခံရမှုကို ငြင်းဆန်နိုင်မယ်လို့ ငါမထင်ဘူး"
"တကယ်လို့ အဲဒီဆရာကြီးက သူမကို မှော်စွမ်းအင်တွေသုံးပြီး လူတွေကယ်ဖို့ ပြောရင်လဲ နားလည်ပေးလို့ရတယ်။ ကုနင်းကက အရမ်းငယ်သေးပေမဲ့လည်း သူမက ထူးချွန်ထက်မြက်တာမလို့ သူမကို ရွေးချယ်ခြင်းခံရတာပဲ။ သူမက အဲဒီ ဆရာကြီးရဲ့စကားကိုနားထောင်ပြီး မှော်စွမ်းအင်တွေသုံးပြီး ဆေးလုပ်တယ်။ ပြီးတော့ လူတွေအများကြီးဟာ ကယ်တင်ခြင်းခံရတယ်။ သူမလုပ်ခဲ့တာတွေကို ကြည့်တာနဲ့တင် သူမက လူကောင်းဆိုတာနဲ့ ကူညီချင်စိတ်ရှိတဲ့သူဆိုတာ မလွဲဧကန်ပဲ"
တုန်းဖန်းရွှီဟာ ကုနင်းကို အများကြီး အထင်ကြီးလေသည်။
တကယ်တော့ ကုနင်းက သူမကိုယ်သူမ လူကောင်းလို့မထင်ပေ။ သူမက ကောင်းတဲ့အရာတွေ အများကြီးလုပ်ထားတယ် ဒါပေမယ့်လည်း သူမက မပေါ်သွားတဲ့ သူမရဲ့ရန်သူတွေ ဒါမှမဟုတ် သူမကို အပြစ်လုပ်တဲ့သူတွေကို လျှို့ဝှက်စွာ ဖျောက်ဖျက်တာတွေလဲ အမှန်တကယ်ရှိလေသည်။ သူမက သူမရဲ့ ဂုဏ်သတင်းကို ဂရုစိုက်သေး၍ဖြစ်သည်။
"အဲဒီ ဆရာကြီးရဲ့ နာမည်ကို မသိဘူးလို့ ကုနင်းကပြောတယ်။ အဲ့တာလိမ်ပြောနေတာပဲ ဖြစ်ရမယ် ဒါပေမယ့် သူမက ဖွင့်မပြောချင်မှတော့ ငါတို့အနေနဲ့ သူမကို ဖိအားပေးပြီး ပြောခိုင်းလို့မရဘူး။ တကယ်လို့ သူမကို ငါတို့သာတိုက်ခိုက်လိုက်ရင် သူမရဲ့နောက်မှာရှိတဲ့ ဆရာကြီး ဒေါသထွက်သွားနိုင်တယ်။ အဲဒီအခါကျရင် ငါတို့အပြစ်ပေးခံရနိုင်တယ်"
ထို့ကြောင့် တုန်းဖန်းရွှီဟာ ကုနင်းအား လောလောဆယ် ထိခိုက်အောင်မလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
"ကုနင်းနောက်ကနေ ဆက်ပြီးလိုက်နေဦး ဒါပေမယ့် သူမနားကို သိပ်တအားကြီးမကပ်နဲ့။ သူမအနေနဲ့ မင်းကို ရှာမတွေ့နိုင်ပေမဲ့ တကယ်လို့ သူမကို လာတွေ့တဲ့အခါ အဲဒီ ဆရာကြီးအနေနဲ့ မင်းကိုတွေ့သွားနိုင်တယ်"ဟု တုန်းဖန်းရွှီကပြောသည်။
"ကောင်းပါပြီ"ဟု သုန်းဖန်းချီကဖြေသည်။
....
နောက်တစ်နေ့မှာတော့ ကုနင်းက နျဉ်ချန်းခိုင်ကို ဖုန်းဆက်ကာ သူမ စက်ရုံကိုသွားပြီး စစ်ဆေးကြည့်မည်ဖြစ်ကြောင်း ပြောသည်။
မနက်၁၀နာရီတွင် ကုနင်းက စက်ရုံသို့ရောက်ကာ နျဉ်ချန်းခိုင်က သူမကို စောင့်နှင့်နေပြီးဖြစ်လေသည်။
"တွေ့ရတာဝမ်းသာပါတယ် ဘော့စ်"ဟု သူက လေးစားစွာပြောသည်။ ကုနင်း ရောက်တာနဲ့တပြိုင်နက် သူဟာ သူမကို ကြိုဆိုလေသည်။
"ရုံးခန်းဆီကို သွားရအောင်"ဟု ကုနင်းက စက်ရုံကို အလျင်စလို လှည့်ပတ်မစစ်ဆေးသေးပဲ ပြောလေသည်။
"ကောင်းပါပြီ"ဟု နျဉ်ချန်းခိုင်ကပြောကာ ကုနင်းအား ရုံးခန်းဆီဦးဆောင် ခေါ်သွားလေသည်။
ရုံးခန်းထဲဝင်ပြီးတဲ့အခါမှာတော့ ကုနင်းက စားပွဲပေါ်မှာ တင်ထားတဲ့ ဖိုင်ကိုတွေ့လေသည်။ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်တွေ ပါဝင်နေတာဖြစ်ကာ ကုနင်းက စတင်ဖတ်ရှုလေသည်။
အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်တွေဟာ အလုပ်ခန့်တဲ့အချိန်နဲ့ ကိုက်ကာ စီထားတာဖြစ်၍ အသစ်ခန့်အပ်ထားခံရသူတွေဟာ အပေါ်ဆုံးတွင်ဖြစ်သည်။ ကုနင်းဟာ စာမျက်နှာ အနည်းငယ်လှန်ပြီးနောက် ဟွမ်းကျီဝေ့နာမည်ကို တွေ့လေသည်။ ထို့နောက် ကျန်းရုန်ကိုတွေ့သည်။
ကျန်းရုန်ဟာ ဟွမ်းကျီဝေ့မတိုင်ခင် တပတ်အကြိုက အလုပ်ရထားတာဖြစ်သည်။ ကိုယ်ရေးအချက်အလက်ထဲတွင် သူတို့နှစ်ယောက်လုံးမှာ ရိုးရှင်းတဲ့ အလုပ်အတွေ့အကြုံရှိလေသည်။
ကျန်းရုန်၊ အသက်၂၈နှစ်၊ တက္ကသိုလ်မှ လွန်ခဲ့တဲ့ ၅နှစ်က ဘွဲ့ရခဲ့ပြီး ကုမ္ပဏီအသေးလေးတစ်ခုမှ ဘွဲ့ရပြီးပြီချင်း အလုပ်ဝင်ခဲ့ကာ တစ်နှစ်အလုပ်လုပ်ပြီးနောက် အလုပ်ထွက်ခဲ့သည်။
နှစ်ဝက်ကြာပြီးနောက် သူဟာ ချန်းဖုန်းအုပ်စုမှာ သွား၍အလုပ်လုပ်ခဲ့သော်လည်း ဂျူနီယာဝန်ထမ်းသာ ဖြစ်ခဲ့သည်။ နောက်နှစ်တစ်ဝက်အကြာမှာတော့ သူဟာ ထပ်အလုပ်ထွက်ခဲ့ကာ အလုပ်မရှိဘဲ ၅လလောက်နေပြီးမှ ကိုလိန်းမှ အလုပ်ရခဲ့သည်။
ဟွမ်းကျီဝေ့၊ အသက်၃၀နှစ်၊ ၂၃နှစ်မှာဘဲ တက္ကသိုလ်မှ ဘွဲ့ရခဲ့သည်။ သူဟာ ၇နှစ်အကြာက ဘွဲ့ရခဲ့တာဖြစ်သည်။ ထို့နောက် သူဟာ စားသောက်ဆိုင်ဖွင့်ကာ ၃နှစ်အလုပ်လုပ်ပြီးနောက် နောက်ဆုံးတွင် ပိတ်လိုက်ရလေသည်။
ထို့နောက်မှာတော့ သူ့ကို ယပင်းအုပ်စုမှ ဂျူနီယာဝန်ထမ်းအဖြစ် အလုပ်ခန့်ခဲ့ကာ ၂နှစ်ကြာပြီးနောက် အလုပ်ထွက်ခဲ့လေသည်။ သူက အခုချိန်မတိုင်ခင် အလုပ်မရှိဘဲနေတာ တစ်နှစ်ကျော်ကြာခဲ့တာဖြစ်သည်။
တကယ်တော့ သူတို့ရဲ့အကြောင်း ရှိသမျှအချက်အလက်မှန်သမျှဟာ အမှားတွေဖြစ်သည်။ သူတို့နဲ့ ချန်းဖုန်းအုပ်စုနဲ့ ယပင်းအုပ်စုတို့ရဲ့ ဆက်ဆံရေးသာ အမှန်တကယ်ဖြစ်တယ်လို့ ကုနင်းကထင်သည်။
သူတို့က စီးပွားရေးလုပ်ငန်းအုပ်စုကြီးနှစ်ခုရဲ့ သူလျှိုတွေဖြစ်တဲ့အတွက် သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထိုစီးပွားရေးလုပ်ငန်းအုပ်စုကြီးနှစ်ခုကပဲ ဖန်တီးထားတာဖြစ်သည်။
"ဘော့စ်၊ ပြဿနာတစ်ခုခု ရှိလို့လား"
ကုနင်းဟာ ရောက်ရောက်လာချင်း အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စတင်ဖတ်ရှုနေတာဖြစ်သည်။ ကြည့်ရတာ သာမာန်လို့ထင်ရပေမဲ့လည်း အမြဲသတိထားနေတဲ့ နျဉ်ချန်းခိုင်ဟာ တစ်ခုခု မှားနေတယ်လို့ ခံစားမိလေသည်။
ကုနင်းဟာ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့ရဲ့ ကိုယ်ရေးအချက်အလက်ကို ထုတ်ကာ "တစ်စုံတစ်ယောက်က ဒီနှစ်ယောက်က သူလျှိုတွေလို့ ကျွန်မကိုပြောတယ်။ ကျွန်မတို့အနေနဲ့ သေချာအောင် စုံစမ်းစစ်ဆေးဖို့ လိုအပ်တယ်"ဟုပြောသည်။
ကုနင်းက သူတို့ဟာ သူလျှိုတွေဆိုတာ သိပေမဲ့လည်း သူတို့ကို ထောင်ထဲပို့ဖို့ သူမမှာ သက်သေလိုအပ်လေသည်။
"ဘာပြောတယ်။ သူလျှိုတွေဟုတ်လား"ဟု နျဉ်ချန်းခိုင်က အံ့အားသင့်သွားသည်။ သူတို့တွေဟာ အရမ်းဂရုစိုက်ပေမဲ့လည်း မမျှော်လင့်ထားစရာပင် စက်ရုံထဲကို သူလျှိုတွေ ဝင်ရောက်လာနိုင်သေးလေသည်။
မဆိုင်းမတွပဲ နျဉ်ချန်းခိုင်ဟာ ကုနင်းအား တောင်းပန်လေသည်။ "ဘော့စ်၊ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော့်အလုပ်ကို ကျွန်တော် ကောင်းကောင်းမလုပ်မိဘူး"
"ဦးလေးနျဉ်၊ အဲဒီလိုမပြောပါနဲ့။ ရှင့်အလုပ်ရှင်အရမ်းကျေပြွန်ပါတယ်။ ဒီလိုကိစ္စတွေက ရှောင်လွှဲဖို့ ခက်တယ်လေ"ဟု ကုနင်းက သူ့ကို ဖေးမလေသည်။
ကုနင်းက ထိုသို့ပြောသော်လည်း နျဉ်ချန်းခိုင်ဟာ အပြစ်ရှိတယ်လို့ ခံစားနေရဆဲဖြစ်သည်။ သို့သော်လည်း ကုနင်းက သူ့ကိုအပြစ်မတင်သည့်အတွက် သူက ပိုပြီးခံစားရကောင်းသွားလေသည်။
ထို့နောက်မှာတော့ ကုနင်းဟာ သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဓာတ်ပုံရိုက်ခါ Kဆီကိုပို့၍ သူမကို ကူပြီးစုံစမ်းစစ်ဆေးပေးရန် တောင်းဆိုလိုက်သည်။
Kဆီမှ အချက်အလက်တွေ ပြန်ရတာကို စောင့်ရင်း ကုနင်းက စက်ရုံကိုလှည့်ပတ်ကြည့်ရှုလေသည်။ သူမဟာ ဘာမှမလုပ်ဘဲ နျဉ်ချန်းခိုင်ကိုလဲ သူလျှိုတွေရှေ့မှာ ပုံမှန်ပဲနေဖို့ ပြောထားလေသည်။
ထုတ်လုပ်ရေးအခန်းနားကို ကုနင်းရောက်တာနဲ့တပြိုင်နက် သူမဟာ ကျင့်ကြံသူကို အာရုံခံမိလေသည်။ အံ့အားသင့်စရာမလိုအောင်ပင် သူလျှိုဟာ အမှန်တကယ်ပင် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သို့သော်လည်း ကျင့်ကြံသူဟာ သာမာန်အဆင့်သာဖြစ်လေသည်။
ထုတ်လုပ်ရေးအခန်းထဲကို မဝင်ခင်မှာ ပိုးသတ်ထားတဲ့အဝတ်တွေနဲ့ မျက်နှာဖုံးတပ်ဖို့ လိုအပ်လေသည်။ အလုပ်သမားတိုင်း ထိုသို့လုပ်လေသည်။ အခန်းထဲကို ဝင်ပြီးနောက် ကုနင်းဟာ ကျန်းရုန် ကိုတန်းရှာမတွေ့ဘဲ ကျင့်ကြံသူအရှိန်အဝါခံစားမိ၍ သူမရဲ့ မျက်လုံးဟာ ဟွမ်းကျီဝေ့အပေါ်မှာရောက်သွားလေသည်။
ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဟွမ်းကျီဝေ့မှာ အာရုံခံနိုင်စွမ်းရှိလေသည်။ ကုနင်းရဲ့ မျက်လုံးတွေ သူ့အပေါ်ရောက်တာနဲ့ တပြိုင်နက် သူဟာ ခံစားမိကာ ကုနင်းနဲ့မျက်လုံးချင်းဆုံလေသည်။
ကုနင်းဟာ တည်ငြိမ်သော်လည်း ဟွမ်းကျီဝေ့ကတော့ အနည်းငယ်လန့်သွားလေသည်။ သူဟာ ခဏနေတွင် ပုံမှန်ပြန်ဖြစ်သွားသော်လည်း ကုနင်းက သူရဲ့အမူအရာ ပြောင်းသွားတာကို သတိထားမိလိုက်လေသည်။
ဟွမ်းကျီဝေ့ဟာ ကုနင်းရဲ့ အဆင့်အတန်းကြောင့် လန့်သွားတာဖြစ်သည်။ သူမက ဒီစက်ရုံပိုင်ရှင်ဖြစ်တဲ့အတွက် သူလျှိုတစ်ယောက်အနေနဲ့ သူမရှေ့မှာနေရတာ သိပ်စိတ်မသက်မသာဖြစ်နေတာဖြစ်သည်။
ကုနင်းဟာ မျက်နှာဖုံးတပ်ထားတာဖြစ်၍ အခြားသူတွေဟာ သူမမျက်နှာကို လုံးဝသတိမထားမိပေ။ ဟွမ်းကျီဝေ့ဟာ သူမကို အချက်နှစ်ချက်ကြောင့် မှတ်မိတာဖြစ်သည်။ ပထမအနေနဲ့ သူက ဒီကိုမလာခင် ကိုလိန်းရဲ့ အခြေခံအချက်အလက်တွေကို လေ့လာထား၍ဖြစ်သည်။ ပြီးတော့ ဒုတိယအနေနဲ့ သူက နျဉ်ချန်းခိုင်ကို မှတ်မိ၍ဖြစ်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၄ သူလျှိုပြဿနာဖြေရှင်းခြင်း ၂
နျဉ်ချန်းခိုင်ဟာ ထုတ်လုပ်ရေးအခန်းအား မကြာခဏလာကြည့်လေ့ရှိတာကြောင့် ဟွမ်းကျီဝေ့က သူနဲ့ရင်းနှီးနေတာဖြစ်သည်။ တကယ်လို့ နျဉ်ချန်းခိုင်ကမျက်နှာဖုံးဝတ်ထားရင်တောင် သူမှန်း သူမှတ်မိနိုင်လေသည်။
ကိုလိန်းရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ နျဉ်ချန်းခိုင်ဟာ အခုချိန်မှာ ကုနင်း ရဲ့နောက်မှ ခြေတစ်လှမ်းဆုပ်ကာ လမ်းလျှောက်နေတာဖြစ်သည်။ သူရဲ့ လေးစားတဲ့အမူအရာကို ကြည့်တာနဲ့တင် သူက လက်အောက်ငယ်သားဆိုတာ သိသာနေတဲ့အတွက် ဟွမ်းကျီဝေ့ဟာ ကုနင်းရဲ့ ရာထူးကို ပိုသေချာလေသည်။
ဟွမ်းကျီဝေ့ဟာ ဒီလူဟာ ကုနင်း လားဆိုတာလုံးဝမသေချာပေ။ သူမဖြစ်နိုင်သည်ဟုသာ သူကတွေးမိတာဖြစ်သည်။ သို့သော်လည်း ရုံးချုပ်မှ စီနီယာအမှုဆောင်တွေလဲ ဖြစ်နိုင်သလို ကုနင်းရဲ့ လက်ထောက် ဒါမှမဟုတ် အဲဒီလိုလူတစ်ယောက်လဲ ဖြစ်နိုင်လေသည်။
ကုနင်းကို တချက်ငဲ့ကြည့်ပြီးနောက် ဟွမ်းကျီဝေ့ဟာ သူ့ရဲ့အကြည့်ကို ဖယ်လိုက်ကာ အလုပ်ဆက်လုပ်လေသည်။ တကယ်လို့ သူမက ကုနင်းဖြစ်နေရင်တောင် သူ့အနေနဲ့ ဘာမှကြောက်နေစရာ မလိုပေ။ သူက သူလျှိုဆိုတာ သူမ,သိမယ်လို့ သူ,မထင်ပေ။
ကုနင်းက သူ့ကို ဂရုမစိုက်ဘဲ ဘာမှထွေထွေထူးထူး မဖြစ်သည့်အလား လှည့်ထွက်သွားလေသည်။
ထုတ်လုပ်ရေးအခန်းဟာ အရမ်းကြီးတာဖြစ်သည်။ လှည့်ပတ်ကြည့်ရှုနေစဉ်မှာပင် ကုနင်းရဲ့ ဖုန်းဟာ မြည်လာကာ စာတိုဝင်လာလေသည်။ Kက တစ်ခုခုရှာတွေ့သွားတာ ဖြစ်ရမည်ဟု သူမက ထင်လိုက်တာဖြစ်သည်။ သို့သော်လည်း ကုနင်းဟာ စာတိုကို အလောတကြီးမဖတ်သေးပေ။ လှည့်ပတ်စစ်ဆေးပြီးတဲ့အခါမှာတော့ သူမဟာ ထွက်သွားလေသည်။
ထို့နောက်မှာတော့ သူမဟာ သူမရဲ့အဝတ်အစားတွေကို လဲလိုက်ပြီး သူမရဲ့ဖုန်းကိုထုတ်ကာ စာတိုကိုဖတ်လိုက်လေသည်။ Kဆီမှ ဟုတ်လေသည်။ သူလျှိုနှစ်ယောက်အကြောင်း သတင်းအချက်အလက်တွေ ပိုပြီးသူရှာဖွေတွေ့ရှိပြီးကြောင်း သူကပြောလေသည်။ သူတို့ရဲ့ အချက်အလက် အစစ်မှန်သမျှဟာ သူမရဲ့ Mail boxဆီ ပို့ပေးပြီးနေပြီဖြစ်သည်။
ကျန်းရုန်ရဲ့ တကယ့်အချက်အလက်တွေနဲ့ ကိုလိန်းကို ပို့လိုက်တဲ့သူ့ရဲ့ကိုယ်ရေးအချက်အလက်တွေဟာ ကွာခြားနေလေသည်။ အများအားဖြင့် ထိုအရာဟာ ရှာဖွေရလွယ်ကူကာ အလွယ်တကူအတုလုပ်လို့မရ၍ သူဘွဲ့ရတဲ့ကျောင်းကတော့ မှန်လေသည်။
ဘွဲ့ရပြီးတဲ့အခါမှာ ကျန်းရုန်ဟာ ချန်းဖုန်းအုပ်စုမှာ အလုပ်ဝင်ကာ ပြီးတော့ သူက တကယ်တော့ ချန်းဖုန်းအုပ်စုက ဌာနဆိုင်ရာအထွေထွေမန်နေဂျာရဲ့ဆွေမျိုးဖြစ်လေသည်။ သူက ထို ဌာနဆိုင်ရာအထွေထွေမန်နေဂျာရဲ့ ယာဉ်မောင်းနဲ့ အတွင်းရေးမှူးလဲဖြစ်လေသည်။
ကျန်းရုန်ဟာ ထူးချွန်ပြီး အားကိုးရတာကြောင့် သူက ဒီတကြိမ်မှာ သူလျှိုအဖြစ် တာဝန်ပေးခြင်း ခံရတာဖြစ်သည်။
ဟွမ်းကျီဝေ့ကတော့ သူဘွဲ့ရတဲ့ ကျောင်းကတော့ အတုမဟုတ်ပေ၊ ဒါပေမယ့် ဒီပလိုမာကတော့ ဝယ်ထားတာဖြစ်သည်။ သူက တကယ်တန်းကျောင်းမတတ်ပေ။ ကျင့်ကြံသူတွေဟာ လေ့ကျင့်စဉ်လောကမှာ သူတို့ရဲ့စွမ်းရည်တွေကို သင်တာဖြစ်ကာ သူတို့ရဲ့ အချိန်အများစုကို လေ့ကျင့်ရင်းနဲ့ပဲ ကုန်ဆုံးတာဖြစ်သည်။
သေမျိုးလောကမှာနေရတာ အဆင်ပြေစေဖို့အတွက် သူက ဒီပလိုမာ ဝယ်ထားတာဖြစ်သည်။ ဟွမ်းကျီဝေ့က စားသောက်ဆိုင်ဖွင့်တာမှာ အလုပ်လုပ်တယ်ဆိုတာလဲ အတုဖြစ်ကာ ယပင်းအုပ်စု မှာအလုပ်လုပ်တာဖြစ်သည်။
သူတို့ဟာ ကိုလိန်းမှာ အလုပ်လုပ်နေတာ လဝက်ကျော်နေပြီဖြစ်ပေမဲ့လည်း သူတို့လိုချင်တာ မရသေးပေ။ ဆေးဖော်မျူလာထဲက ထူးခြားတဲ့ဆေးအမယ်ကို သူတို့မသိသေးပေ။ အဘယ်ကြောင့်ဆိုသော် မှော်စွမ်းအင်မှုန့်တွေ ထည့်ဖို့လိုတိုင်း နျဉ်ချန်းခိုင်ဟာ ကိုယ်တိုင်ထည့်တာဖြစ်သည်။ ထုတ်လုပ်ရေးအခန်းမှာ အလုပ်လုပ်တာကြာနေပြီဖြစ်တဲ့ စီနီယာဝန်ထမ်းတွေတောင် ဘာမှန်းမသိပေ။
ကုနင်းဟာ ရုံးခန်းကို ပြန်ပြီးနောက် Kရဲ့ စုံစမ်းစစ်ဆေးမှုရလဒ်ကို နျဉ်ချန်းခိုင်အား ပြလေသည်။ အချက်အလက်တွေဟာ သူတို့နှစ်ယောက်က သူလျှိုဖြစ်တယ်လို့ တိုက်ရိုက်မပြောသော်လည်း အချက်အလက်လိမ်လည်မှုနဲ့တင် သူတို့ဟာ တစ်ခုခုမှားနေမှန်း အသိမှတ်ပြုပြီးဖြစ်သည်။
နျဉ်ချန်းခိုင်ဟာ အရမ်းဒေါသထွက်သွားသော်လည်း ကုနင်းရဲ့ရှေ့မှာ ရှိနေတာမလို့ သူ့ကိုယ်သူတည်ငြိမ်အောင် နေလေသည်။
"ကျွန်တော်တို့ ရဲခေါ်လိုက်ရမလား ဘော့စ်"ဟု နျဉ်ချန်းခိုင်က ပြောသည်။
"မလိုဘူး"ဟု ကုနင်းကပြောကာ "သူတို့က သူလျှိုဆိုတာ ခိုင်လုံတဲ့သက်သေမရှိတာမလို့ မောင်းသာထုတ်လိုက်။ သူတို့ဘာပြဿနာမှ ရှာရသေးတာမဟုတ်လို့ တကယ်လို့ ရဲခေါ်ရင်တောင် ဘာအပြစ်မှ ပေးခံရမှာမဟုတ်ဘူး"
ကုနင်းက ထိုသို့ပြော၍ နျဉ်ချန်းခိုင်က သဘောတူလိုက်သည်။
"သူတို့ကို ဒီကိုခေါ်လာဖို့ တစ်ယောက်ယောက်ကို ပြောလိုက်"ဟု ကုနင်းက ပြောသည်။
"ကောင်းပါပြီ"ဟု နျဉ်ချန်းခိုင်က ပြောကာ သူ့ အတွင်းရေးမှူးကို အမိန့်ပေးဖို့ ထွက်သွားလေသည်။
သူတို့မရောက်လာခင်မှာပဲ ကုနင်းဟာ သူတို့ရဲ့အချက်အလက်တွေကို ကူးထုတ်လိုက်လေသည်။
ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ ရုံးကိုလာဖို့ ခေါ်ခဲ့ရချိန်မှာ သူတို့ပေါ်သွားပြီလို့ စိတ်ထဲထင်မိကြလေသည်။ ဘာပဲဖြစ်ဖြစ် အထွေထွေမန်နေဂျာရဲ့ ရုံးခန်းထဲကို လာဖို့ခေါ်ခံရတဲ့အတွက် တစ်ခုခုတော့ ရှိလိမ့်မည်။
ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ တစ်ယောက်နဲ့ တစ်ယောက်သူလျှိုမှန်းမသိတာကြောင့် နှစ်ယောက်ဆုံတဲ့အခါ အနည်းငယ်စိတ်အေးသွားလေသည်။ သူတို့ ပေါ်မသွားနိုင်ဘူးဟု ထင်လိုက်ကြပြီး အခြားကိစ္စတစ်ခုခုဖြစ်မယ်လို့ သိလိုက်ကြလေသည်။
ဘာပဲဖြစ်ဖြစ် တကယ်လို့ သူတို့ရဲ့ လျှို့ဝှက်ချက်ပေါက်ကြားသွားတောင် သူတို့က သူလျှိုဆိုတာကို ဘယ်တော့မှ ဝန်ခံမှာမဟုတ်သလို ကြောက်လန့်မှာလဲမဟုတ်ပေ။
ရုံးခန်းထဲတွင် ကုနင်းဟာ စားပွဲဘေးရှိ ထိုင်ခုံပေါ်တွင်ထိုင်ကာ စွမ်းအားရှိတဲ့ အရှိန်အဝါတွေ ထုတ်ထားရာ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ ဖိအားအများကြီးခံစားနေရလေသည်။
သူတို့က သူလျှိုဆိုတာ ကုနင်းက သိသွားတယ်လို့ သူတို့မထင်သော်လည်း သူမကို လွယ်လွယ်ကူကူတော့ မမှတ်ယူပေ။ သူမရဲ့ အကြောင်းတွေအများကြီးကြားထားကာ သူမရဲ့ မယုံကြည်လောက်တဲ့ စွမ်းရည်တွေကိုလဲ သိလို့ဖြစ်သည်။ စိတ်မကောင်းစရာပင် သူတို့ ကုနင်းကို အထင်သေးမိသေးလေသည်။
"မင်္ဂလာပါ အထွေထွေမန်နေဂျာ"ဟု ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ နှစ်ယောက်လုံးဟာ အခန်းထဲဝင်ဝင်လာချင်း နျဉ်ချန်းခိုင်အား နှုတ်ဆက်ကြလေသည်။ သူတို့ဟာ အလုပ်သမားအသစ်တွေဖြစ်၍ ကုနင်းကိုမတွေ့ဖူးသောကြောင့် သူမကို မနှုတ်ဆက်ပေ။ ထို့ကြောင့် သူမဘယ်သူဆိုတာ သူတို့ မသိသင့်ပေ။
တကယ်တော့ တကယ်လို့ သူတို့သာ သူမကိုသိလျင်တောင် ထိုအရာဟာ ပုံမှန်ဖြစ်သော်လည်း သူမကို သူတို့မသိချင်ယောင်ဆောင်တာ ပိုကောင်းမည်ဟု သူတို့တွေးမိ၍ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကုနင်းက အဓိကခုံမှာ ထိုင်နေတာဖြစ်၍ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ သူမအား လေးလေးစားစားပင်ဆက်ဆံလေသည်။
"ဒါက ဥက္ကဌကု"ဟု နျဉ်ချန်းခိုင်က သူတို့အား ကုနင်းနဲ့ မိတ်ဆက်ပေးလေသည်။
"တွေ့ရတာဝမ်းသာပါတယ် ဥက္ကဌကု"
ထိုအရာကိုကြားတဲ့အခါ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ ကုနင်းကို ချက်ချင်း နှုတ်ဆက်လိုက်ကြလေသည်။
"ကျွန်မတည့်တိုးပဲပြောတော့မယ်။ ရှင့်တို့ရဲ့ ကိုယ်ရေးအချက်အလက်က ကျွန်မတို့ စုံစမ်းလို့ရတာနဲ့ ကွဲပြားနေတယ်။ ရှင်တို့က ကျွန်မတို့ရဲ့ အခြေခံယုံကြည်မှုကို ဆုံးရှုံးသွားတာမလို့ ကျွန်မတို့က ရှင်တို့ကို အလုပ်ထုတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အလုပ်ခန့်မှာ တင်းကျပ်တဲ့စည်းကမ်းတွေရှိတယ်ဆိုတာ ရှင်တို့မသိတာလဲ ဖြစ်ရင်ဖြစ်နိုင်တယ်။ ကျွန်မတို့ရဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကျွန်မတို့ အမြဲစစ်ဆေးတယ်"ဟု ကုနင်းက ပြောသည်။
ထိုအရာကိုကြားတဲ့အခါ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့နှစ်ယောက်လုံးဟာ အရမ်းအံ့အားသင့်သွားကြလေသည်။ ကိုလိန်းမှာ အလုပ်ခန့်ဖို့အတွက် တင်းကျပ်တဲ့စည်းကမ်းတွေရှိကာ ကိုယ်ရေးအချက်အလက်တွေကို စစ်ဆေးမယ်မှန်းသူတို့မသိပေ။ သို့သော်လည်း သူတို့က သူလျှိုဆိုတာကို သူမသိသွားလို့ သူတို့ကိုအလုပ်ထုတ်တာလား ဒါမှမဟုတ် သူတို့ရဲ့ကိုယ်ရေးအချက်အလက်တွေ လိမ်လည်ထားလို့လားဆိုတာ သူတို့မသိပေ။
တကယ်လို့ သူတို့ရဲ့လျှို့ဝှက်ချက်တွေသာ ပေါ်သွားတယ်ဆိုရင် ကုနင်း ဘယ်လိုလုပ်ဖော်ထုတ်လိုက်တာလဲ။ သူမဘာသာသူမ ရှာတွေ့တာလား ဒါမှမဟုတ် တစ်ယောက်ယောက်က ပြောလိုက်တာလား။
ထို့အပြင် တစ်ချိန်တည်းမှာပဲ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ ပြဿနာတစ်ခုကို သတိထားမိလိုက်သည်။ တကယ်လို့ ကုနင်းကသာ သူတို့သူလျှိုတွေဆိုတာကို သိလို့အလုပ်ထုတ်လိုက်တယ်ဆိုရင် သူတို့နှစ်ယောက်စလုံးက အလုပ်တစ်ခုထဲကို လျှို့ဝှက်စွာလုပ်နေတာ ဖြစ်သည်။ ရလဒ်အနေနဲ့ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ တစ်ယောက်နှင့်တစ်ယောက် သံသယဝင်သွားလေသည်။
"ကျွန်တော်တောင်းပန်ပါတယ် ဥက္ကဌကု။ ကျွန်တော့်မှာ အလုပ်အတွေ့အကြုံသိပ်အများကြီးမရှိလို့ပါ။ ကျွန်တော်က အဲကိစ္စနဲ့ပတ်သတ်ပြီး အလုပ်မရမှာစိုးတာမလို့ ကိုယ်ရေးအချက်အလက်ပေါ်မှာ အလုပ်အတွေ့အကြုံရှိကြောင်း လိမ်မိတာပါ။ ဒါပေမယ့် စက်ရုံကို ထိခိုက်စေနိုင်မယ်အရာ ဘာတစ်ခုမှမလုပ်ထားဘူးဆိုတာ ကျွန်တော် ကတိပေးနိုင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးတစ်ခါလောက် ပေးလို့ရမလား"ဟု ဟွမ်းကျီဝေ့ဟာ ကုနင်းကသူ့ကို ဘာကြောင့်အလုပ်ထုတ်တယ်ဆိုတာ မသေချာသော်လည်း လက်မလျော့လိုသောကြောင့် ပြောလေသည်။
"ဘယ်သူကမှ အဲဒီလိုလုပ်ခွင့်မရှိဘူး။ ကျွန်မတို့အနေနဲ့ ရှင့်ကို လဝက်စာလစာလဲ ပေးမှာပါ"ဟု ကုနင်းကပြောသည်။ သူတို့က သူလျှိုဆိုတာသိလျက်နဲ့ သူမအနေနဲ့ သူတို့ကို ဒုတိယအကြိမ်အခွင့်အရေးပေးဖို့ရာ မဖြစ်နိုင်ချေ။ တကယ်လို့ သူတို့ဟာ တကယ်ရိုးသားတဲ့လူတွေဆိုရင်တော့ သူမအနေနဲ့ သူတို့အပေါ် ကြင်နာသနားနိုင်လေသည်။
ဟွမ်းကျီဝေ့ ကျရှုံးတာကို မြင်တဲ့အခါ ကျန်းရုန်ဟာ အသုံးမဝင်မှန်းသိ၍ ထပ်မကြိုးစားတော့ပေ။ ထို့ကြောင့် သူဟာ လက်လျော့လိုက်လေသည်...
***