အခန်း (၁၉၇၅-၁၉၈၀)
Vol. 122 Ch. 1975-1980
အပိုင်း ၁၉၇၅ ကားထဲက ချက်ချင်းထွက်
သိပ်မကြာခင်မှာပဲ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ သူတို့ရဲ့လစာကို ယူ၍ ထွက်သွားကြလေသည်။
"ကုမ္ပဏီမှာလည်း သူလျှိုရှိနေတာမလို့ စက်ရုံနဲ့ ကုမ္ပဏီက ဝန်ထမ်းအသစ်တွေကို ပိုပြီးအာရုံစိုက်လိုက်ဦး"ဟု ကုနင်းကပြောသည်။ "သွားရအောင်။ ကျွန်မတို့ သူလျှိုရှာရဦးမယ်"
ကုမ္ပဏီမှာလည်း သူလျှိုရှိနေတာကို သိတဲ့အခါမှာ နျဉ်ချန်းခိုင်ဟာ အံ့အားသင့်သွားပြီး ပိုပြီးအပြစ်ရှိသလို ခံစားရလေသည်။ သူ့ကိုအံဩစေတာက စက်ရုံမှာရော ကုမ္ပဏီမှာပါ သူလျှိုတွေ ရှိနေတာပင်ဖြစ်သည်။
ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ စက်ရုံမှ ထွက်လာတာနဲ့တပြိုင်နက် သူတို့ကို သူလျှိုလုပ်ဖို့ စီစဉ်ပေးတဲ့လူတွေကို ဖုန်းဆက်ကာ အကျိုးအကြောင်းသတင်းပို့လေသည်။
ကိုလိန်းမှာ အခုလိုတင်းကြပ်တဲ့ ဝန်ထမ်းခန့်အပ်ချက်တွေ ရှိတာကို သိတဲ့အခါ သူတို့ဟာ အရမ်းအံ့အားသင့်သွားသော်လည်း သူတို့ရဲ့ ကိုယ်ရေးအချက်အလက်အမှားတွေကြောင့်လား ဒါမှမဟုတ် သူတို့က သူလျှိုတွေဖြစ်နေလို့ အလုပ်ထုတ်လိုက်တာလားဆိုတာ သူတို့သေချာမသိပေ။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ရေးအချက်အလက်ကြောင့်လို့ပဲ သူတို့က ယုံကြည်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ဟာ သူတို့ရဲ့အထက်လူကြီးကို တစ်ယောက်အကြောင်းတစ်ယောက် ပြောပြလိုက်ပြီး သူတို့နှစ်ယောက်လုံးက သူလျှိုတွေဆိုတာကို သူတို့အားလုံး သဘောတူသော်လည်း ဘယ်သူက ဘယ်သူ့အပေါ်အလုပ်လုပ်နေတယ်ဆိုတာတော့ မသိပေ။
သူတို့က အလုပ်ထုတ်ခံရပြီးဖြစ်၍ သူတို့အနေနဲ့ ဘာမှမတတ်နိုင်ပေ။
အထက်လူကြီးနဲ့ ဖုန်းဆက်ပြီးနောက် ဟွမ်းကျီဝေ့ဟာ လုတန်ကို ဖုန်းဆက်လိုက်သည်။ လုတန်ရဲ့ အချက်အလက်တွေကလဲ အတုတွေဖြစ်၍ သူမကို အဆင်သင့်ပြင်ထားရန် သူကပြောခြင်းဖြစ်သည်။
တကယ်လို့ သူမကို ရှာမတွေ့ခဲ့ရင်တော့ အဆင်ပြေမှာဖြစ်ပြီး တကယ်လို့ ရှာတွေ့ခဲ့ရင်တော့ သူမအနေနဲ့ လက်ခံရမည်သာဖြစ်သည်။
အခုအခြေအနေကို ကြည့်ရသလောက်တော့ သူမကို ရှာတွေ့သွားပြီးပြီဆိုတာ ဖြစ်နိုင်ချေပိုများလေသည်။
အံဩစရာမလိုအောင်ပင် လုတန်ဟာ ကျန်းရုန်နဲ့ ဟွမ်းကျီဝေ့တို့ကဲ့သို့ပင် တူညီတဲ့အကြောင်းပြချက်နဲ့ပင် အလုပ်ထုတ်ခံရသည်ဖြစ်သည်။
ဒီပြဿနာဟာ လွယ်ကူစွာဖြေရှင်းပြီးသွားပေမဲ့လည်း ထိုအရာဟာ အဆုံးသတ်မဟုတ်ပေ။ သုန်းဖန်းမိသားစုနဲ့ ကျင်းမိသားစုက လက်လျော့မှာမဟုတ်မှန်း ကုနင်းသိလေသည်။ သူတို့အနေနဲ့ အခြားတစ်ခုခုလုပ်ဖို့ စီစဉ်နေလောက်လေသည်။
ထိုအရာဟာ အနာဂတ်အတွက် စိုးရိမ်စရာဖြစ်သည်။ သူတို့က ဘာမှမလုပ်သေးတဲ့အတွက် သူတို့ဘာလုပ်မယ်မှန်း ကုနင်းက မသိပေ။ သူမဟာ စိတ်ရှည်စွာပဲ သူတို့ရဲ့နောက်ထပ်လှုပ်ရှားမှုကို စောင့်ရမည်ဖြစ်သည်။
ပြဿနာကို ဖြေရှင်းပြီးနောက် ကုနင်း ဟာနေ့လည်စာ တစ်ယောက်ထဲသွားစားကာ စစ်ဟယ်ယွမ်ဆီသို့သွားလေသည်။
စစ်ဟယ်ယွမ်ကိုရောက်တဲ့အခါမှာတော့ ကုနင်းဟာ မကောင်းဆိုးဝါးမြေခွေးကို အပြင်ပေးထွက်လေသည်။ သူမက မြေခွေးအား နေရာတစ်ခုရှာပြီး လေ့ကျင့်ဖို့ပြောပြီးနောက် သူမခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ထိန်းချုပ်ကာ လေ့ကျင့်လေသည်။
ကုနင်းဟာ သူမရဲ့ဝမ်းဗိုက်နားရှိ စွမ်းအင်အလယ်ဗဟိုဆီသို့ မှော်စွမ်းအင်တွေကို ရွှေ့နိုင်သော်လည်း သူမရဲ့ခန္ဓာကိုယ်ထဲမှာ သိုလှောင်မထားနိုင်သေးပေ။ သူမရဲ့ ဝိဉာည်ဟာ သူမရဲ့ခန္ဓာကိုယ်နဲ့ မပေါင်းစည်းသေး၍ဖြစ်သည်။
ကုနင်းဟာ ဘယ်တော့မှ လက်မလျော့သော်လည်း သူမဟာ အနည်းငယ်တော့ မရှောင်လွှဲနိုင်အောင်ပင် စိတ်ပူမိလေသည်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူမခန္ဓာကိုယ်နဲ့ သူမဝိဉာည်ကို မြန်မြန်ပေါင်းစည်းသွားစေချင်လေသည်။ ဒါမှသာ သူမဟာ ကျင့်ကြံသူတစ်ယောက်စစ်စစ် ဖြစ်လာနိုင်လေသည်။
....
မစ္စစ်ရှုဟာ ရှုကျင်းချန်အား နေ့စဉ်တစ်ရက်တစ်ခါ ဖုန်းဆက်လေသည်။ ရှုကျင်းချန် ဖုန်းပြန်ဖွင့်လိုက်တဲ့အခါမှာတော့ သူဟာ မှတ်တမ်းတွေကို တွေ့လေသည်။ သူ့ကိုသူ့အမေက ဘာကိစ္စကောင်းနဲ့မှ ခေါ်တာမဟုတ်မှန်းသိပေမဲ့လည်း သူဟာ သူမအား ဖုန်းပြန်ခေါ်လိုက်လေသည်။
"ကျင်းချန်၊ မင်းနောက်ဆုံးတော့ ဖုန်းပြန်ဖွင့်ပြီပေါ့"ဟု မစ္စစ်ရှုဟာ ရှုကျင်းချန်ဆီမှ ဖုန်းရရချင်း စိတ်လှုပ်ရှားနေလေသည်။
"ဘာကိစ္စရှိလို့လဲ"ဟု ရှုကျင်းချန် မေးလေသည်။
"အာ။ မင်းပိုးနေတဲ့ ကောင်မလေးက ဘယ်သူလဲဆိုတာ အမေသိပြီ။ အမေသူမနဲ့ တွေ့ခဲ့တယ်။ မင်း..."ဟု မစ္စစ်ရှုက စိတ်လှုပ်ရှားနေလေသည်။
"ဘာပြောတယ်။ အမေသူမကို စုံစမ်းလိုက်တာလား"ဟု ရှုကျင်းချန် စိတ်ရှုပ်စွာဖြင့် အသံကျယ်သွားလေသည်။
မစ္စစ်ရှုဟာ လန့်သွားသော်လည်း စိတ်မဆိုးပေ။ သူမဟာ ချက်ချင်းပဲ ရှင်းပြလေသည်။ "မစုံစမ်းပါဘူး။ သူမနဲ့ စားသောက်ဆိုင်မှာ တွေ့တာ။ သန့်စင်ခန်းထဲမှာ အမေချော်လဲတော့မလို့။ သူမကကယ်လိုက်တာ"
"သူမက အဲ့ကောင်မလေးလို့ အမေဘယ်လိုသိလဲ"ဟု ရှုကျင်းချန်ကမေးသည်။
"အမေတို့ ထမင်းစားပြီးတော့ ထပ်တွေ့ကြသေးတယ်။ ချင်ယင်းက သူမကိုမှတ်မိလို့ သူမကို ကျေးဇူးတင်ဖို့ အမေကပြီးတော့ လက်ဖက်ရည်သောက် ဖိတ်လိုက်တာ"ဟု မစ္စစ်ရှုကပြောသည်။
"သားပိုးနေတဲ့ကောင်မလေးက သူမလို့ ချင်ယင်းက အမေကိုပြောတာလား"ဟု ရှုကျင်းချန်ကမေးလိုက်သည်။ သူက ထိုမေးခွန်းကို မေးလိုက်သော်လည်း သူ့အမေကို ထိုသို့မှ မဟုတ်လျင် မသိနိုင်သောကြောင့် အဖြေကိုသိပြီးဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူ့မှာ ရှုချင်ယင်းကို အပြစ်တင်ဖို့ စိတ်ကူးမရှိပေ။
ဒါပေမယ့် မစ္စစ်ရှုကတော့ ရှုကျင်းချန် က ရှုချင်ယင်းကို စိတ်ဆိုးမှာဆိုး၍ တန်းရှင်းပြလေသည်။ "သူမ မပြောဘူး။ တကယ်တော့ အဲ့ကောင်မလေးက မင်းပိုးနေတဲ့သူလို့ သူမလဲမသိဘူး။ သူမက ကောင်မလေးကို အမေနဲ့ မိတ်ဆက်ပေးပြီး ကုနင်းရဲ့ သူငယ်ချင်းလိုပဲပြောတာ။ သူမက မင်းကိုရော ရှောင်းထင်ကိုရော သိနေတယ်လေ။ မင်းတို့ရဲ့ ဆက်ဆံရေးက ကောင်းတယ်လေ။ မင်းအဘိုးက ကောင်မလေးက လှပတယ်၊ ကျက်သရေရှိတယ် ပြီးတော့ ပညာတတ်တစ်ယောက်လို့ပြောထားတော့ အမေကခန့်မှန်းမိလိုက်တာ။ အမေအိမ်ပြန်ရောက်တော့ မင်းအဘိုးဆီသွားပြီး မင်းပိုးနေတဲ့ကောင်မလေးရဲ့ နာမည်က ကျီပိုင်ယင်းဟုတ်လား မဟုတ်လားဆိုတာ မေးလိုက်တာ။ ပြီးတော့ မင်းအဘိုးက ဟုတ်တယ်လို့ပြောလို့ အမေကသေချာသွားတာ"
မစ္စစ်ရှုဟာ ရှုချင်ယင်းကို သစ္စာဖောက်တာမဟုတ်ဘဲ သခင်ကြီးရှုကို သစ္စာဖောက်လိုက်တာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တကယ်လို့ ပြောတဲ့သူက သခင်ကြီးရှုဆိုရင် ရှုကျင်းချန်က စိတ်ဆိုးမှာမဟုတ်၍ ဖြစ်သည်။
သခင်ကြီးရှုက သူ့အမေကို ပြောပြမှာကို ရှုကျင်းချန်က မအံ့ဩပေ။
"ကျင်းချန်၊ ကောင်မလေးက လှတာတင်မကဘူး သူမက အရမ်းလဲကျက်သရေရှိတယ် ပြီးတော့ လိမ်လဲလိမ်မာတယ်။ မင်းတို့နှစ်ယောက်က လုံးဝလိုက်ဖက်တဲ့စုံတွဲပဲ။ သူမရဲ့နှလုံးသားကို ရဖို့ မင်းအနေနဲ့ ပိုကြိုးစားသင့်တယ်"ဟု ကျီပိုင်ယင်းအကြောင်းတွေးမိပြီး မစ္စစ်ရှုဟာ အရမ်းစိတ်လှုပ်ရှားနေလေသည်။
သူ့အမေက ကျီပိုင်ယင်းကို ချီးကျူးနေတာကို ကြားတဲ့အခါ သူ့အမေက သူမကို သဘောကျတဲ့အတွက် ရှုကျင်းချန်ဟာ ပျော်သွားလေသည်။
"ဟုတ်ပါပြီ ကျွန်တော်သိပါတယ်။ ကျွန်တော် အခုမအားသေးလို့ သွားရတော့မယ်"ဟု ရှုကျင်းချန်ဟာ တကယ်ပင် လုပ်စရာအလုပ်ရှိနေ၍ သူ့အမေနဲ့ စကားဆက်မပြောနိုင်တော့ပေ။
....
ညအချိန်တွင် ကုနင်းက ဆက်ပြီးလေ့ကျင့်နေဆဲဖြစ်သည်။ သို့သော်လည်း လေ့ကျင့်နေရင်းမှာပဲ ကုနင်းဟာ ဖြစ်ပျက်မှုတစ်ခုကို ရုတ်တရက်မြင်လိုက်ရသည်။ ထိုအဖြစ်အပျက်ထဲမှာ လင်ရှောင်းထင်ဟာ အဝေးပြေးလမ်းမကြီးပေါ်မှာ ကားမောင်းနေတာဖြစ်ပြီး သူ့ကားဟာ ရုတ်တရက်ပဲ ပေါက်ကွဲသွားလေရာ ကုနင်းဟာ လန့်သွားလေသည်။ သူမဟာ ရုတ်တရက်ပဲ မျက်လုံးဖွင့်လိုက်ရာ လှည့်ပတ်စီးဆင်းနေတဲ့ မှောင်စွမ်းအင်တွေဟာ ရပ်သွားလေသည်။
ရလဒ်အနေနဲ့ သူမဟာ ဒဏ်ရာရသွားကာ ဝမ်းဗိုက်အတွင်းတွင် နေရထိုင်ရအဆင်မပြေဖြစ်ကာ သွေးတစ်ကွက်အန်ထွက်သွားလေသည်။
သူမကိုယ်သူမ ကုစားဖို့အချိန်မရှိကာ ချက်ချင်းပဲ ဖုန်းကိုထုတ်လိုက်ပြီး လင်ရှောင်းထင် ထံသို့ ဖုန်းခေါ်လိုက်လေသည်။
ဖုန်းဟာ စက္ကန့်အနည်းငယ်ကြာ မြည်လိုက်ပြီး လင်ရှောင်းထင်ဟာ သူမဖုန်းကို ကိုင်လိုက်လေသည်။ "ဟေး နင်းနင်း၊ ကိုယ်မြို့တော်ကို လာတဲ့လမ်းမပေါ်မှာ..."
လင်ရှောင်းထင်ပြီးအောင် မပြောရသေးခင်မှာပင် ကုနင်းက သူ့ကိုဖြတ်ပြောလိုက်သည်။ "ရှောင်းထင်ကားထဲက ချက်ချင်းထွက်။ ပေါက်ကွဲတော့မယ်"
ထိုအရာကိုကြားတဲ့အခါ လင်ရှောင်းထင်ဟာ ကြောက်လန့်သွားလေသည်။ ကုနင်းက အနာဂတ်ကို မြင်နိုင်တယ်ဆိုတာ သူသိတာမလို့ သူဟာ ဘရိတ်ကို ချက်ချင်းအုပ်လိုက်ကာ ကားထဲမှ မြန်မြန်ပင် ထွက်လိုက်လေသည်။ လင်ရှောင်းထင်ကားထဲက ထွက်အပြီးမှာပဲ သူဟာ ဘွန်းဆိုပြီးအသံကြားလိုက်ကာ ကားဟာ ပေါက်ကွဲသွားလေသည်။
ကုနင်းဟာ အရမ်းကြောက်လန့်သွားကာ အော်ဟစ်လိုက်လေသည်။ "ရှောင်းထင်၊ အဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်။ ကိုယ်က ကျင့်ကြံသူဆိုတာလဲ မမေ့နဲ့ဦး။ ကိုယ်က မီတာအနည်းငယ်လောက် တစ်စက္ကန့်အတွင်း အေးအေးဆေးဆေး ပြေးနိုင်တယ်"ဟု လင်ရှောင်းထင်က ကုနင်းအား ချော့လေသည်။ အမှန်တကယ်တော့ ပေါက်ကွဲမှုဟာ အရမ်းမြန်ဆန်ပြီး ပြင်းအားကြီးတာကြောင့် သူ့ရဲ့နောက်ကျောဟာ အနည်းငယ်ဒဏ်ရာရသွားလေသည်။ ကံကောင်းစွာပင် သူမှာ အပေါ်ယံဒဏ်ရာအနည်းငယ်ပဲ ရသွားကာ သူ့ရဲ့မှော်စွမ်းအင်နဲ့တင် အကူအညီဖြစ်ကာ အဆင်ပြေသည်ဖြစ်သည်။
သိသာစွာပင် သူ့အနေနဲ့ အခုချိန်မှာ ထိုသို့လုပ်ဖို့ အချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် အမျိုးသားတချို့ ရုတ်တရက် ပေါ်လာကာ သူ့ကို သေနတ်တွေနဲ့ စတင်ပြစ်ခတ်ကြ၍ဖြစ်သည်။
ကုနင်းဟာလည်း သေနတ်သံတွေကို ကြားလေသည်။
"ကိုယ်တို့နောက်မှ စကားပြောကြရအောင်။ အခုချိန်မှာ ဒီလူတွေကို ကိုယ်ဖြေရှင်းဖို့ လိုသေးလို့"ဟု လင်ရှောင်းထင် ကပြောကာ ကုနင်းရဲ့ ပြန်ပြောတာကို မစောင့်ဘဲ ဖုန်းချလိုက်လေသည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၆ ကျင့်ကြံသူအစစ်အမှန်ဖြစ်လာခြင်း
လင်ရှောင်းထင် အဆင်ပြေတာကို သိတဲ့အခါ ကုနင်းဟာ စိတ်အေးသွားလေသည်။ ထိုလူတွေက သေနတ်တွေနဲ့ ရောက်လာတယ်ဆိုကတည်းက သေမျိုးတွေဖြစ်တဲ့အတွက် သူတို့အနေနဲ့ လင်ရှောင်းထင်ကို ထိခိုက်အောင်မလုပ်နိုင်ပေ။
လင်ရှောင်းထင်က အနည်းငယ်ဒဏ်ရာရသွားပေမဲ့လည်း ထိုလူတွေအတွက် သူ့ကိုထိခိုက်ဖို့ရာ ခက်ခဲလေသည်။
ကုနင်းဟာ လင်ရှောင်းထင်နဲ့ ဖုန်းပြောပြီးချိန်မှာပဲ ရှန်းကွမ်းယန်ဟာ သူမရဲ့ တံခါးကိုလာခေါက်လေသည်။ "နင်းနင်း ဘာဖြစ်တာလဲ။ ရှောင်းထင် အန္တရာယ်တစ်ခုခု ကြုံလို့လား"
ရှန်းကွမ်းယန်ဟာ ကုနင်းရဲ့အခန်းမှ အသံကြား၍ ပြေးလာခြင်းဖြစ်သည်။
ကုနင်းက မေးခွန်းကို ပြန်မဖြေနိုင်ခင်မှာပဲ ရှန်းကွမ်းယန်က အသံအောအောနဲ့ ထပ်မေးလေသည်။ "သွေးနံ့ရတယ်။ မင်းဒဏ်ရာရသွားတာလား"
သိသာစွာပင် ကုနင်းက ဒဏ်ရာရသွားတာဖြစ်သည် မဟုတ်လျင် သွေးနံ့ရနေစရာအကြောင်းမရှိပေ။
ကုနင်းက အမှန်တကယ် ဒဏ်ရာရသွားတာဖြစ်သော်လည်း သိပ်မပြင်းထန်ပေ။ အနည်းဆုံးတော့ မတ်တပ်ရပ်ပြီး လမ်းထလျောက်နိုင်နေသေးရာ သူမဟာ ချက်ချင်း ရှန်းကွမ်းယန်အား တံခါးထဖွင့်ပေးလေသည်။
"ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်ကို ထိန်းချုပ်ရင်း လေ့ကျင့်နေတာ ဒါပေမယ့် တဝက်တပျက်မှာ ဆိုးရွားတဲ့မြင်ကွင်းတစ်ခုမြင်လိုက်ရတယ်။ ရှောင်းထင်ကားက ပေါက်ကွဲတော့မယ်လို့ မြင်မိလို့ ချက်ချင်းကျင့်ကြံတာရပ်လိုက်ပြီး သူ့ကိုဖုန်းခေါ်လိုက်တာ။ ရှောင်းထင်ကားထဲက ထွက်ပြီးတာနဲ့တပြိုင်နက် ကားကပေါက်ကွဲသွားတယ်။ ကံကောင်းလို့ သူလွတ်သွားတယ်။ လူတချို့သူ့ကိုလာတိုက်ခိုက်နေလို့ သူအခုဖြေရှင်းရင်း အလုပ်ရှုပ်နေသေးတယ်"ဟု ကုနင်းကပြောသည်။
ထိုအရာကိုကြားတဲ့အခါ ရှန်းကွမ်းယန်ဟာ စိတ်ရှုပ်သွားလေသည်။ လင်ရှောင်းထင်က အဆင်ပြေတယ်လို့ သူသိရင်တောင် လင်ရှောင်းထင်ကို လာတိုက်ခိုက်တဲ့လူတွေကို သူစိတ်တိုနေတာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူဟာ အခုချိန်မှာတော့ ကုနင်းကို ပိုဂရုစိုက်လေသည်။ "ရှောင်းထင်က အဆင်ပြေမှတော့ မင်းစိုးရိမ်နေဖို့မလိုတော့ဘူး။ အဲဒီလူတွေက သူ့ပြိုင်ဘက်မဟုတ်ဘူး။ မင်းဒဏ်ရာမင်း ကုသလိုက်ဦး"
"ဟုတ်ကဲ့"ဟု ကုနင်းကပြောသည်။ မတုန့်ဆိုင်းနေတော့ပဲ သူမဟာ အိပ်ရာပေါ်တက်ကာ တင်ပြင်ခွေထိုင်လိုက်လေသည်။ သူမကိုယ်သူမ ကုသမလို့လုပ်နေချိန်မှာပဲ လင်ရှောင်းထင်ဟာ သူမကို ဖုန်းဆက်လေသည်။
ပြဿနာတွေဖြေရှင်းပြီးကြောင်းပြောကာ သူမအနေနဲ့ စိုးရိမ်စရာမလိုတော့ကြောင်းနဲ့ နောက်ဆက်တွဲကိစ္စလေးတွေ ဖြေရှင်းဖို့လိုသေးတာကြောင့် ဒီညပြန်မလာနိုင်တော့ကြောင်းနှင့် မနက်ဖြန်မှရောက်မည်ဖြစ်ကြောင်းပြောသည်။
တကယ်တော့ လင်ရှောင်းထင်က ကုနင်းကို သူဒဏ်ရာရတာမတွေ့စေချင်သောကြောင့် အကြောင်းပြချက်သက်သက်ပေးလိုက်တာဖြစ်သည်။ ထို့ကြောင့် သူ့ရဲ့ဒဏ်ရာတွေက တအားမပြင်းထန်တောင် သူဟာဒီညအပြင်မှာပဲ သေချာနေဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။
ကုနင်းလည်း ထိုကဲ့သို့ပဲတွေးမိသောကြောင့် လင်ရှောင်းထင်ဒီည ပြန်မလာနိုင်ကြောင်း ပြောတဲ့အခါ ပျော်သွားလေသည်။
လင်ရှောင်းထင်နဲ့ ဖုန်းပြောပြီးနောက် ကုနင်းဟာ စိတ်အေးသွားကာ သူမခန္ဓာကိုယ်သူမ စစ်ဆေးလေသည်။ အသက်ကိုရှူထုတ်လိုက်ပြီးနောက် သူမရဲ့ စိတ်အာရုံဟာ သူမရဲ့နှလုံးသားအလယ်ဆီ ကြည့်လိုက်လေသည်။ ထို့နောက်မှာတော့ သူမရဲ့အသက်ရှူလိုက်တဲ့ လေဟာ ဝမ်းဗိုက်ဆီ ရောက်သွားလေသည်။
မှော်စွမ်းအင်တွေဟာ စွမ်းအင်ဗဟိုချက်ထဲကို နှစ်မြုတ်သွားပြီး ထို့နောက် ဘေးနားရှိ အတွင်းကလီဇာများဆီသို့၊ အူမကြီးနဲ့ အူမသေးများ၊ ကျောက်ကပ်များ၊ ဆီးအိမ်များ စသဖြင့်ပြန့်သွားကာ တဖြည်းဖြည်းဖြင့် ခန္ဓာကိုယ်ဟာ ပြောင်းလဲသွားလေသည်။ ပုံမှန်အားဖြင့် သူမအနေနဲ့ အစားစားချင်စိတ်တွေ တိုးပွားလာမှာဖြစ်သည်။ သူမရဲ့ စွမ်းအင်ဗဟိုချက်က ဆက်တိုက် စွမ်းအင်တွေ ဖြည့်ခံနေရတဲ့အတွက် သူမရဲ့ အတွင်းကလီဇာတွေနဲ့ ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းနဲ့ သက်တောင့်သက်သာဖြစ်လာကြောင်း ကုနင်းက ခံစားမိလေသည်။
အချိန်အနည်းငယ်ကြာပြီးနောက် မှော်စွမ်းအင်တွေဟာ သူမရဲ့ဝမ်းဗိုက်နဲ့ စွမ်းအင်ဗဟိုချက်မှာ ပိုပိုပြီးတိုးများလာတာကို ကုနင်းက ခံစားမိလေသည်။
ထိုအရာကိုတွေ့တဲ့အခါမှာ ရှန်းကွမ်းယန်ဟာ စိတ်လှုပ်ရှားသွားလေသည်။ ကုနင်းဟာ ကံဆိုးရာကနေ ကောင်းတာဖြစ်သွားလေသည်။ သူမရဲ့ ခန္ဓာကိုယ်ထဲကို မှော်စွမ်းအင်တွေ လည်ပတ်ရာမှ ရုတ်တရက်ရပ်လိုက်တဲ့အတွက် အနည်းငယ် ဒဏ်ရာရသွားသော်လည်း သူမရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကြားမှ အတားအဆီးကို ရုတ်တရက် ကျော်ဖြတ်နိုင်သွားလေသည်။ မှော်စွမ်းအင်တွေဟာ သူမခန္ဓာကိုယ်နဲ့ စတင်ရောနှောလာနေလေသည်။
ကုနင်းကလည်း ထိုအရာကို ခံစားမိတဲ့အတွက် စိတ်လှုပ်ရှားသွားလေသည်။ သူမဟာ မှော်စွမ်းအင်တွေကို သူမခန္ဓာကိုယ်ထဲ ဆက်ပြီးရွေ့လျားချင်သော်လည်း သူမခန္ဓာကိုယ်ဟာ ရုတ်တရက်ပဲ သက်တောင့်သက်သာမဖြစ်တော့ဘဲ အားအင်တွေ ရုတ်လျော့လာလေသည်။
"မလောနဲ့။ မင်းခန္ဓာကိုယ်က မခံနိုင်သေးဘူး။ ကောင်းတာထက် ဆိုးတာပိုဖြစ်လိမ့်မယ်"ဟု ရှန်းကွမ်းယန်က ပြောသည်။
ထို့ကြောင့် ကုနင်းဟာ မှော်စွမ်းအင်တွေကို ထုတ်နေတာ ရပ်လိုက်ရာ ချက်ချင်းပဲ နေလို့ထိုင်လို့ကောင်းသွားလေသည်။
"အဖိုးရှန်းကွမ်း၊ အခုသမီးခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပေါင်းစပ်နိုင်သွားတာလား။ သမီး ကျင့်ကြံသူအစစ်တစ်ယောက်ဖြစ်သွားပြီလား"ဟု ကုနင်းက ရှန်းကွမ်းယန်အား မျှော်လင့်တကြီးဖြင့် မေးလေသည်။
"ဟုတ်တယ် ဒါပေမယ့် မတည်ငြိမ်သေးတာမလို့ မင်းကအခု ကျင့်ကြံသူစစ်စစ်တော့ မဖြစ်သေးဘူး။ ဘာပဲဖြစ်ဖြစ် မင်းက တိုးတက်လာတယ်"ဟု ရှန်းကွမ်းယန်ကပြောသည်။ ကျင့်ကြံသူဆိုတဲ့ အတားအဆီးကိုကျော်ဖို့ ကုနင်းအနေနဲ့ ရက်ပေါင်းများစွာအချိန်ယူရသော်လည်း ထိုအရာဟာမလွယ်ကူပေ။ ကျင့်ကြံသူတွေကြားထဲမှာ သူမဟာ မြန်လေသည်။ ဖီးနစ်ငှက်ရဲ့ သွေးပါနေတာကြောင့်ဖြစ်သည်။
"အို"ဟု ကုနင်းဟာ ရုတ်တရက်ပဲ တစ်စုံတစ်ခုကို တွေးမိသွားကာ စိတ်ပူသွားလေသည်။ "ကျင့်ကြံသူလောကက ပိုင်လီမိသားစုရဲ့ အမွေဆက်ခံသူက သမီးနဲ့အတူ အဆောင်မှာ တစ်ခန်းထဲနေတာ။ တကယ်လို့ သမီးသာ ကျင့်ကြံသူဖြစ်သွားရင် သူမသိသွားလိမ့်မယ်"
"စိတ်မပူပါနဲ့။ မင်းခန္ဓာကိုယ်ထဲမှာ ဖီးနစ်ငှက်သွေးစက်စီးဆင်းနေတာ။ မင်းအနေနဲ့ မကျင့်ကြံနေသ၍ မင်းခန္ဓာကိုယ်ကနေ ဘယ်သူကမှ မင်းကကျင့်ကြံသူဆိုတာနဲ့ ဘယ်အဆင့်မှာလဲဆိုတာ မပြောနိုင်ဘူး"ဟု ရှန်းကွမ်းယန် ကပြောလိုက်သည်။
ထိုအရာကိုကြားတဲ့အခါ ကုနင်းဟာ စိတ်အေးသွားလေသည်။
သူမခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေကို ထိန်းချုပ်ပြီး လေ့ကျင့်လို့မရတော့သည့်အတွက် သူမအနေနဲ့ အနားပဲယူနိုင်လေသည်။
....
လင်ရှောင်းထင်ဟာ ထိုလက်နက်ကိုင်လူတွေကို သတ်ပြီးတာနဲ့ မစုံစမ်းရဘဲ သူတို့ကို ဘယ်သူကလွှတ်လိုက်တယ်ဆိုတာ သိသောကြောင့် ရပ်လိုက်လေသည်။
သူဟာ စစ်သားဖြစ်ပေမဲ့လည်း သူ့မှာရန်သူတွေအများကြီးရှိတဲ့အတွက် သူဟာ မကြာခဏ ခြုံခိုတိုက်ခိုက်ခြင်းခံရလေသည်။
ထိုအထဲကလူအများစုဟာ လူဆိုးတွေဖြစ်သည်။ သူတို့ရဲ့ တရားမဝင်သဘောတူညီချက်တွေကို လင်ရှောင်းထင်က ဖျက်ဆီးလိုက်ပြီးနောက် သူတို့က သူ့ကိုမုန်းကာ သူ့ကို ပြန်လက်တုန့်ပြန်နိုင်တဲ့ အခွင့်အရေးမှန်သမျှကို လက်လွှတ်မခံပေ။
ထို့အပြင် လင်မိသားစုနဲ့ ယှဉ်ပြိုင်နေတဲ့ အချို့စွမ်းအားကြီးမိသားစုတွေဖြစ်တဲ့ ရုန်မိသားစု၊ ယွမ်မိသားစု နှင့် ချန်းမိသားစုတို့ဟာလည်းပဲ လင်ရှောင်းထင်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားနေတာဖြစ်သည်။ သူ့ရဲ့တည်ရှိမှုဟာ သူတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေလို့ဖြစ်သည်။
ဒါပေမယ့် ဒီအချိန်မှာတော့ သူတို့လက်ချက်မဟုတ်ပေ။
သူ့ကားက ဗုံးဆင်ခံထားရတာမဟုတ်ပေ။ သူ့ကားထဲကို ဗုံးဆင်ဖို့ ဘယ်သူ့ကိုမှ သူခွင့်ပြုမှာမဟုတ်ပေ။ သူ့ကားပေါက်ကွဲရတဲ့အကြောင်းပြချက်က သူရပ်လိုက်တာနဲ့တပြိုင်နက် အမှောင်ထဲက လူတွေက သူ့ကားဆီကို ဗုံးပစ်လိုက်လို့ဖြစ်သည်။ သို့သော်လည်း သူကားမရပ်လိုက်ရင်တောင် သူတို့တွေက အဲ့ဒီအချိန်မှာ ဗုံးကိုပစ်ဦးမှာပဲဖြစ်သည်။ ထို့ကြောင့် တကယ်လို့ သူသာကားထဲက တစ်စက္ကန့်လောက်နောက်ကျပြီး ထွက်လိုက်ရင် သူဟာ ဗုံးနဲ့တည့်တည့်မှန်မှာဖြစ်သည်။
သူဟာ အခုကျင့်ကြံသူဖြစ်တဲ့အတွက် ပေါက်ကွဲမှုဟာ သူ့ကိုသေအောင်မသတ်နိုင်သော်လည်း ဒဏ်ရာဆိုးဆိုးရွားရွားတော့ ရသွားစေနိုင်လေသည်။
ပေါက်ကွဲတဲ့နေရာဟာ မြို့တော်နဲ့ အတော်အတန့်ဝေးသောကြောင့် ဖြတ်သွားဖြတ်လာကား သိပ်မရှိလေရာ ဘေးလူတစ်ယောက်မှ မထိခိုက်သွားပေ။ သို့သော်လည်း ထိုအရာဟာ ပေါက်ကွဲမှုနဲ့ သေနတ်သံတွေကြားရတဲ့ ပြင်းထန်တဲ့မတော်တဆမှုမလို့ အင်တာနက်ပေါ်မှာ သိပ်မကြာခင် စာတက်လာလေသည်။
ဘာပဲဖြစ်ဖြစ် သတင်းဟာ သိပ်မကြာခင်မှာပဲ ဖယ်ရှားခံလိုက်ရလေသည်။
လင်ရှောင်းထင်ဟာ အခြားသူတွေကို အကျိုးရလဒ်ကို ဖြေရှင်းခိုင်းလိုက်ကာ သူကိုယ်တိုင်ကတော့ မြို့တော်ကိုတစ်ယောက်တည်း ပြန်သွားလေသည်။ သူဟာသူ့ဒဏ်ရာတွေကုဖို့ ရှန်းရှစ်ဟိုတယ်ကို သွားလေသည်။
လင်ရှောင်းထင်ဟာ ကုနင်းပေးတဲ့ စွမ်းအင်သလင်းကျောက်ကို အမြဲဆောင်ထားတာမလို့ ဒဏ်ရာတွေကို လူးပြီးနောက် သူဟာသက်သာသွားသော်လည်း လုံးဝပြန်ကောင်းသွားဖို့အတွက် တညတော့ အနားယူရဦးပေမည်။ ထို့ကြောင့် သူဟာ ထိုညမှာ ကုနင်းကို သွားမတွေ့တော့ကာ မနက်ဖြန်မှ သွားတွေ့မည်ဖြစ်သည်။
နောက်တစ်နေ့မှာတော့ ကုနင်းဟာ မနက်စောစောထ၍ ပြေးလေသည်။ သူမပြန်ရောက်ပြီးသိပ်မကြာခင်မှာပဲ လင်ရှောင်းထင်ရောက်လာလေသည်။
မနေ့ညက ဖုန်းပြောတုန်းက သူမက စစ်ဟယ်ယွမ်မှာလို့ ကုနင်းက လင်ရှောင်းထင်ကို ပြောထားတဲ့အတွက် ဒီနေ့မနက်စောစောပဲ လင်ရှောင်းထင်က သူမကိုလာတွေ့တာဖြစ်သည်။ သူဟာ မြို့တော်ကို ပြန်ရောက်ပြီဖြစ်၍ သူမကိုအရမ်းတွေ့ချင်နေတာဖြစ်သည်။
"ဟိုင်း ရှောင်းထင်"ဟု လင်ရှောင်းထင်ရောက်လာတာနဲ့ တပြိုင်နက် ကုနင်းဟာ ပြေးနေတာ ရပ်လိုက်ပြီး သူ့ဆီပြေးကြိုလေသည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၇ အံ့ဩစိတ်လှုပ်ရှားဖွယ်ရာ
"ဟိုင်း ဘာသတင်းကောင်းရှိလို့လဲ။ မင်းကြည့်ရတာ အရမ်းစိတ်လှုပ်ရှားနေတယ်"ဟု ကုနင်းရဲ့ပျော်ရွှင်နေတဲ့ မျက်နှာကိုတွေ့ရဲ့ လင်ရှောင်းထင်က ပြုံးလျက်မေးသည်။ ထို့အပြင် ကုနင်းဟာ ပုံမှန်နဲ့မတူပဲ အနည်းငယ်ထူးခြားနေ၍ လင်ရှောင်းထင်က သတင်းကောင်းတစ်ခုခုရှိရမည်ဟု ယုံကြည်လေသည်။
"ဟုတ်တယ်။ ဘာလဲဆိုတာ ခန့်မှန်းကြည့်"ဟု ကုနင်းက တမင်သက်သက်မေးလေသည်။
လင်ရှောင်းထင်ဟာ အနည်းငယ်တွေးပြီးနောက် လက်လျော့လိုက်လေသည်။ "ပြောပြတော့"
"ကျွန်မကို အခုချိန်မှာ ဘာအဖြစ်စေချင်ဆုံးလဲ"ဟု ကုနင်းကမေးသည်။
ထိုအရာကို ကြားတဲ့အခါ လင်ရှောင်းထင်ဟာ စဉ်းစားမိသွားသော်လည်း သူဟာ ဖြစ်နိုင်တယ်လို့ မထင်ပေ။ ဘာပဲဖြစ်ဖြစ် အဲ့တစ်ခုကပဲ ကုနင်းကို သူအဖြစ်စေချင်ဆုံးအရာဖြစ်သည်။ အဲ့တာများဖြစ်နေမလား။
လင်ရှောင်းထင်ဟာ ကုနင်းကို မျက်လုံးမှေးလျက် ခံစားချက်တွေရောထွေးစွာဖြင့် ကြည့်လိုက်သည်။ သူမကို စိုက်ကြည့်ပြီး သူမခန္ဓာကိုယ်မှ တစ်ခုခုရှာတွေ့ဖို့ ကြိုးစားသော်လည်း မအောင်မြင်ပေ။
လင်ရှောင်းထင်ရဲ့အမူအရာကို မြင်တဲ့အခါမှာ အဖြေကိုသူသိနေသော်လည်း သိပ်မသေချာဖြစ်နေတာကို ကုနင်း သိလေသည်။
လင်ရှောင်းထင်ဟာ အမှန်တကယ်ပင် သိပ်မသေချာဖြစ်နေတာဖြစ်ကာ တကယ်လို့ သူထုတ်ပြောလိုက်လို့ မှားသွားရင် ကုနင်းစိတ်မကောင်းဖြစ်သွားမှာ စိုးရိမ်နေတာဖြစ်သည်။
လင်ရှောင်းထင်ဟာ ပြောဖို့တွန့်ဆုတ်နေတာကို တွေ့တဲ့အခါ ကုနင်းက သူ့ကိုဆက်ပြီးမနှိပ်စက်တော့ပဲ တန်းပြောလိုက်လေသည်။ "ကျင့်ကြံသူအတားအဆီးကို မနေ့ညကပဲ ကျော်နိုင်လိုက်တယ်။ ကျွန်မကအခု ကျင့်ကြံသူဖြစ်နေပြီ"
သူမအနေနဲ့ မနေ့ညက လင်ရှောင်းထင်ကိုပြောပြလို့ရသော်လည်း ဒီနေ့တူတူတွေ့မှ ပြောပြဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။
"တကယ်လား"ဟု လင်ရှောင်းထင်ဟာ ချက်ချင်းစိတ်လှုပ်ရှားသွားလေသည်။
သူကလည်း ထိုအရာကိုပဲ တွေးနေတာဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအရာတစ်ခုထဲကပင် သူမကိုအရမ်းပျော်ရွှင်သွားနိုင်စေတဲ့ သူဖြစ်စေချင်တဲ့အရာဖြစ်လေသည်။ သူတို့မှ ဘာမှလိုအပ်နေတာမရှိကာ ဘာအခက်အခဲမှလဲမရှိနေတာကြောင့် ဒီတစ်ခုထဲကပဲ သူတို့မြင်ရမှ မျှော်လင့်နေတာဖြစ်သည်။
တစ်ချိန်တည်းမှာပဲ လင်ရှောင်းထင်က သူမှားသွားမှာဆိုးသောကြောင့် သူက ဖွင့်ပြောဖို့ တွန့်ဆုတ်နေတာဖြစ်သည်။ သူက ကုနင်းကို နားလည်မှုမလွဲစေချင်ကာ စိတ်မကောင်းဖြစ်သွားမှာစိုးတာဖြစ်သည်။
သူက ထိုဖြစ်နိုင်ခြေကို တွေးမိသော်လည်း သူက သိပ်မသေချာတဲ့အတွက် ကုနင်းရဲ့အဖြေကိုကြားတဲ့အခါမှာ သူဟာ အံဩကာ စိတ်လှုပ်ရှားသွားလေသည်။
ရှန်းကွမ်းယန်က ခြံဝန်းထဲမှာရှိနေတာကိုပင် ဂရုမစိုက်တော့ဘဲ လင်ရှောင်းထင်ဟာ ကုနင်းကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်လေသည်။
"ကဲကဲ..."ဟု ထိုအရာကိုမြင်တဲ့အခါ ရှန်းကွမ်းယန်ဟာ အနည်းငယ်ရှက်သွားကာ မျက်နှာလွှဲလိုက်လေသည်။ သူက ရှေးလူကြီးဖြစ်တာမလို့ ခေတ်မှီတဲ့လောကက လူတွေလောက် မပွင့်လင်းပေ။
လင်ရှောင်းထင်နဲ့ ကုနင်းတို့ဟာ အခုချိန်မှာ ရှန်းကွမ်းယန်ရဲ့ ခံစားချက်တွေကို ထည့်စဉ်းစားပေးဖို့ အချိန်မရှိပေ။
"တကယ်"ဟု ကုနင်းဟာလည်း စိတ်လှုပ်ရှားကာ ငိုတော့မလိုတောင်ဖြစ်သွားလေသည်။
လင်ရှောင်းထင်ဟာ ကုနင်းနဲ့ ဒီထက်ပိုပြီး ထိတွေ့ချင်သော်လည်း သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းချုပ်ကာ သူမကို လွှတ်ပေးလိုက်လေသည်။
ရှန်းကွမ်းယန်ကို သူတို့တွေ့တဲ့အခါ ရှက်သွားလေသည်။
"အရမ်းကောင်းတယ်။ အဲ့တာကသတင်းကောင်းပဲ။ မင်းဘယ်လိုလုပ် ကျင့်ကြံသူဖြစ်လာတာလဲ"ဟု လင်ရှောင်းထင်က သိချင်စိတ်ဖြင့် မေးလေသည်။
"တကယ်တော့ ရှင့်ကိုမပြောပဲ လျှို့ဝှက်ထားတဲ့အရာတစ်ခုရှိတယ်။ အဖိုးရှန်းကွမ်းနဲ့ ရှင့်အမေတော့ သိတယ်။ ကျင့်ကြံသူဖြစ်လာမှ ရှင့်ကိုအံဩသွားစေချင်လို့ မပြောဘဲထားထားတာ"ဟု ကုနင်းက ပြောပြီးနောက် ဖီးနစ်ငှက်ရဲ့သွေးအကြောင်းကို လင်ရှောင်းထင်အား ပြောပြလိုက်သည်။
သို့သော်လည်း သူမပြန်လည်မွေးဖွားလာတဲ့အကြောင်းကိုတော့ သူမဘယ်တော့မှ မပြောမဲ့လျှို့ဝှက်ချက်ဖြစ်တဲ့အတွက် မပြောပြပေ။
လင်ရှောင်းထင်ဟာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်း အကြောင်းသိတာဖြစ်လို့ ကျောက်စိမ်းမျက်ဝန်းဟာ ဖီးနစ်ငှက်သွေးဖြစ်ကြောင်း ပြောပြလေသည်။ ထို့ကြောင့် လင်ရှောင်းထင်ဟာ သိပ်မအံ့ဩသွားပေ။ ထို့အပြင် လင်ရှောင်းထင်ဟာ ကျင့်ကြံသူဖြစ်တဲ့အတွက် အဲဒီအရာဟာ မယုံနိုင်စရာအဖြစ်အပျက်တစ်ခုလို့ မထင်ပေ။
"ကျွန်မ ဖီးနစ်ငှက်ရဲ့သွေးကိုရတုန်းက ခေါင်းထဲမှာ တစ်ယောက်ယောက်ရဲ့အသံကိုကြားလိုက်တယ်။ 'ဖီးနစ်သွေးစက်လို့ခေါ်တဲ့ရှေးဟောင်းကျောက်စိမ်းတစ်ခုရှိတယ်။ ထိုအရာကို ဖီးနစ်ငှက်ရဲ့သွေးနဲ့ ကမ္ဘာမြေကြီးရဲ့ဝိဉာဉ်နဲ့လုပ်ထားတာဖြစ်တယ်။ ထိုအရာမှာ မှော်စွမ်းအင်တွေရှိပြီး မင်းကို ထာဝရအသက်ရှင်စေနိုင်ခြင်း ဒါမှမဟုတ် ပြန်မွေးဖွားနိုင်ခြင်းကို ပေးနိင်တယ်'"
"ဖီးနစ်သွေးစက်အစွမ်းနဲ့ အရိုးကိုဖြတ် ချည်ဆီကိုသန့်စင်တဲ့အခါ ခံစားရတဲ့နာကျင်မှုကို ကျွန်မခံစားရဖို့မလိုဘူးလို့ အဖိုးရှန်းကွမ်းက ပြောတယ်။ ဒါပေမယ့် အဲ့အထဲက မှော်စွမ်းအင်တွေကိုတော့ ကျွန်မရဲ့စွမ်းအင်ဗဟိုကို ရွှေ့ဖို့လိုတယ်။ ကျွန်မခန္ဓာကိုယ်ထဲကို အောင်မြင်စွာရွှေ့ပြီးမှ ကျွန်မစတင်ကျင့်ကြံလို့ရမှာ အဲ့တာမလို့ ဒီရက်ပိုင်း ကျွန်မကြိုးစားနေတာ။ ခဏခဏကျရှုံးပေမဲ့လည်း ဘယ်တော့မှလက်မလျော့ခဲ့ဘူး။ မနေ့ညက ကျွန်မရုတ်တရက် အောင်မြင်သွားတာ"ဟု ကုနင်းကပြောသည်။ သူမရဲ့ ကျင့်ကြံတာကို နှောင့်ယှက်ခံလိုက်ရလို့ ဒဏ်ရာရသွားတဲ့အကြောင်းကိုတော့ လင်ရှောင်းထင်ကို မပြောပြဖို့ဆုံးဖြတ်လိုက်သည်။ သူမဟာ အခုအဆင်ပြေနေပြီဖြစ်၍ ပြောပြနေဖို့မလိုအပ်တော့ပေ။
ရှန်းကွမ်းယန်ဟာလည်း ထိုအရာကိုနားလည်သည့်အတွက် အမှန်တရားကိုမပြောပြတော့ပေ။
"အံဩစရာပဲ"ဟု လင်ရှောင်းထင်ကပြောသည်။ သူဟာ ထိုအရာအတွက် ဒီရက်ပိုင်း စိတ်မကောင်းဖြစ်ခဲ့ရတောင် သူ့ကို စောစောမပြောသည့်အတွက် သူ့အနေနဲ့ ကုနင်းကိုအပြစ်မတင်ပေ။
ကုနင်းအခု ကျင့်ကြံသူဖြစ်လာတာဟာ သတင်းကောင်းဖြစ်လေသည်။
"ကျွန်မရှင့်အမေကိုမပြောပြရသေးဘူး။ ကျွန်မသူမကို ဖုန်းဆက်လိုက်ဦးမယ်။ ကျွန်မတို့ပြီးကျရင် ဒီမှာထမင်းစားဖို့ ရှင့်ခဏနေရင် သူမကိုသွားခေါ်လိုက်"ဟု ကုနင်းကပြောသည်။
"ကောင်းပြီလေ"ဟု လင်ရှောင်းထင်က ပြောသည်။
ထို့နောက် ကုနင်းဟာ ကျင်းယွင်ယောင်ကို ဖုန်းဆက်လေသည်။
ကုနင်းက ကျင့်ကြံသူဖြစ်သွားပြီဆိုတာကို ကြားရတဲ့အခါ ကျင်းယွင်ယောင်ဟာလည်း စိတ်လှုပ်ရှားသွားလေသည်။
သူတို့ စစ်ဟယ်ယွမ်မှာ ထမင်းအတူစားဖို့ လင်ရှောင်းထင်က ခဏနေရင် သူမကိုလာခေါ်မယ်ဖြစ်ကြောင်း ကုနင်းက ကျင်းယွင်ယောင်အားပြောသည်။ သို့သော်လည်း ကျင်းကျီနဉ်က ခဏနေရင် သူမကိုလာတွေ့မှာဖြစ်လို့ သူမအနေနဲ့ မလာနိုင်လောက်ကြောင်း ကျင်းယွင်ယောင်ကပြောသည်။
ထို့နောက် ကျင်းကျီနဉ်ကိုပါ စစ်ဟယ်ယွမ်ကိုထမင်းစား အတူဖိတ်ခဲ့ဖို့ ကျင်းယွင်ယောင်အား ကုနင်းကပြောသည်။
ကျင်းကျီနဉ်က ကျင်းယွင်ယောင်ရဲ့ အကိုဝမ်းကွဲဖြစ်ကာ လင်ရှောင်းထင်ရဲ့ ဦးလေးဖြစ်သည်။ သူဟာ အပြင်လူမဟုတ်တဲ့အတွက် သူ့ကို ရှန်းကွမ်းယန်နဲ့ ပေးတွေ့ပေးတာ ပြဿနာမဟုတ်ပေ။
ကျင်းယွင်ယောင်က ကျင်းကျီနဉ်ရဲ့ သဘောထားကို မေးတဲ့အခါ ကျင်းကျီနဉ်က ရှန်းကွမ်းယန်ဆီ အလည်သွားဖို့ အရမ်းသဘောတူလက်ခံလေသည်။ တကယ်တော့ ရှန်းကွမ်းယန်က အသက်ရှင်နေတုန်းပဲဆိုတာ သူသိပြီးနောက် သွားလည်ချင်နေတာဖြစ်ပြီး ဘယ်လိုပြောရမလဲမသိဖြစ်နေတာဖြစ်သည်။ ရှန်းကွမ်းယန်ဟာ သူ့ထက်အဆင့်မြင်တဲ့အတွက် လူတိုင်းတွေ့ချင်တိုင်း တွေ့ခွင့်မရ၍ဖြစ်သည်။
ကျင်းကျီနဉ်အတွက် အခုချိန်မှာ အခွင့်အရေးရသည့်အတွက် လက်လွှတ်မခံနိုင်ပေ။
သူမအနေနဲ့ ပြောပြသင့်လားမပြောပြသင့်လားဆိုတာ မသေချာသေးသည့်အတွက် ကုနင်းကျင့်ကြံသူဖြစ်လာပြီဆိုတဲ့အကြောင်းကို ကျင်းယွင်ယောင်က ကျင်းကျီနဉ်အားမပြောပြလိုက်ပေ။ တကယ်လို့ ကုနင်းသာ သူ့ကိုသိစေချင်ရင် စစ်ဟယ်ယွမ်ရောက်တဲ့အခါ သူမဘာသာသူမ ပြောပြပေလိမ့်မည်။
မနက်၉နာရီ လူရှုပ်ချိန်ပြီးနောက် လင်ရှောင်းထင်ဟာ တောင်မြစ်ကမ်းဥယျာဉ် ကိုသွား၍ ကျင်းယွင်ယောင်နဲ့ ကျင်းကျီနဉ်အား သွားခေါ်လေသည်။
ကျင်းကျီနဉ်ဟာ မနေ့က မြို့တော်ကိုရောက်တာဖြစ်ပြီး ကျင်းယွင်ယောင်နဲ့ နေ့လည်စာစားရင်း ပြောစရာတစ်ခုရှိသည့်အတွက်ကြောင့် တောင်မြစ်ကမ်းဥယျာဉ်ရဲ့ မျက်နှာချင်းဆိုင်က ဟိုတယ်မှာ တည်းနေတာဖြစ်သည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၈ ကျင့်ကြံခြင်းလောကကို အတူဝင်ကြမယ်
ဘာပဲဖြစ်ဖြစ် ထိုအရာဟာ သူတို့ကြားမှာ လျှို့ဝှက်ထားရမဲ့အရာမဟုတ်ပေ။
ကားထဲတွင် ကျင်းကျီနဉ်ဟာ သူတို့ကို လေးနက်တဲ့အကြောင်းအရာတစ်ခု ပြောလေသည်။
"ငါဒီတစ်ခါ ကျင့်ကြံသူကမ္ဘာကိုပြန်လိုက်သေးတယ်။ ၃နှစ်တစ်ခါကျင်းပတဲ့ ကွန်ဖူးပြိုင်ပွဲကျင်းပဖို့ တစ်လပဲလိုတော့တယ်။ လူတိုင်းက သုန်းဖန်းကျီယွီနိုင်မယ်လို့ ယုံကြည့်နေကျပေမဲ့ ငါကတော့ နင်ကျင့်ကြံသူလောကကထွက်သွားပြီမှ မွေးလာတဲ့ ကျင်းယောင်ရုန်ရဲ့ အငယ်ဆုံးသား ကျင်းယွင်ယန်မှာ အရမ်းမြင့်တဲ့ကျင့်ကြံသူအဆင့်ရှိတယ်။ သူက ရွှေအမြုတေအစောဆုံးအဆင့်မှာဖြစ်ပြီး အလယ်အလတ်အဆင့်ကို ရောက်တော့မယ်။ အဲ့တာမလို့ အနိုင်ရနိုင်တဲ့သူက သူဖြစ်နိုင်ချေများတယ်လို့ ငါထင်တယ်။ ပထမရတဲ့သူက စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံး ဆုချီးမြင့်ခြင်းခံရမယ်။ တကယ်လို့ ကျင်းယွင်ယန်သာ အဲ့ဆေးလုံးရရင် သူဟာသေချာပေါက် ကျင်းယောင်ရုန်ကို ပေးလိမ့်မယ်။ အဲဒီအခါကျရင် ကျင်းယောင်ရုန် အနေနဲ့ ယွမ်ယင်အဆင့်ကို ကျော်ဖြတ်နိုင်သွားပြီး အဲဒီအရာက သတင်းကောင်းမဟုတ်ဘူး"ဟု ကျင်းကျီနဉ်ကပြောသည်။
ထိုအရာကိုကြားတဲ့အခါ ကျင်းယွင်ယောင်ရဲ့မျက်နှာအမူအရာဟာ လေးနက်သွားလေသည်။ "ထိုအရာကို ဖြစ်လာမှာဖြစ်ပေမဲ့လည်း ကျွန်မတို့အနေနဲ့ တားလို့မရဘူး"
သူတို့အနေနဲ့ အနိုင်ရဖို့ ယုံကြည်ချက်မရှိ၍ ကျင့်ကြံသူလောကကို အခုချိန်မှာ ပြန်လို့လဲမရပေ။ သူတို့မှာ ယုံကြည်ချက်အများကြီးရှိနေမှသာ ပြန်သွားနိုင်ပေသည်။ ထို့ကြောင့် ကျင်းယွင်ယန်မှာ နိုင်နိုင်ချေအများကြီးရှိရင်တောင် သူတို့အနေနဲ့ ရပ်ကြည့်ရုံသာတတ်နိုင်လေသည်။
"အဲဒီအရာကို တားဖို့နည်းလမ်းတော့ရှိတယ်။ ဒါပေမယ့် နင်သဘောတူပါ့မလားတော့ ငါမသိဘူး"ဟု ကျင်းကျီနဉ်ကပြောသည်။
"ဘာနည်းလမ်းလဲ"ဟု ကျင်းယွင်ယောင်က မေးသည်။
"ပြိုင်ပွဲမှာ ရှောင်းထင် ဝင်ပြိုင်လို့ရတယ်"ဟု ကျင်းကျီနဉ်ကပြောသည်။
"ဘာပြောတယ်။ မရဘူး"ဟု ကျင်းယွင်ယောင်ဟာ ခံစားချက်တွေ တန်းလွတ်သွားလေသည်။
"စိတ်အေးအေးထား။ ငါ့ကိုပြီးအောင် ပြောပါရစေဦး"ဟု ကျင်းကျီနဉ်က သူမကိုချော့ပြောလေသည်။ ထို့နောက် ကျင်းယွင်ယောင် ပါးစပ်ပိတ်လိုက်ကာ ကျင်းကျီနဉ် ကဆက်ပြောလေသည်။ "အဲဒီအကြံအစဉ်အတွက် လိုအပ်ချက်တစ်ခုရှိတယ်။ စီနီယာရှန်းကွမ်းက အရမ်းမြင့်တဲ့ကျင့်ကြံခြင်းအဆင့်ရှိတယ်။ သူ့မှာ လူတစ်ယောက်ရဲ့ အသွင်အပြင်ကိုပြောင်းလဲပေးနိုင်တဲ့ အစွမ်းရှိမှာပဲ။ ပြီးတော့ ရှောင်းထင်ရဲ့ အခုကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် သူ့အနေနဲ့ နိုင်ဖို့ရာ ဘာမှခက်ခဲမနေဘူး။ ပြိုင်ပွဲပြီးတာနဲ့ တပြိုက်နက်တည်း ရှောင်းထင်လည်း စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံးကိုယူပြီး ကျင့်ကြံသူလောကက ထွက်လာရုံပဲ။ အဲ့တာပြီးတော့ သူ့မျက်နှာသူပြန်ပြောင်းပြီး ဘယ်သူမှသိမှာမဟုတ်ဘူး။ ကွန်ဖူးပြိုင်ပွဲက ယှဉ်ပြိုင်မှုများတယ်ဆိုတာ နင်လဲသိတာပဲ။ အဲဒီတော့ ရှောင်းထင်အနေနဲ့ သူ့စွမ်းရည်တွေကို လေ့ကျင့်ဖို့ အခွင့်အရေးကြီးတစ်ခုပဲ"
ထိုအရာကိုကြားတဲ့အခါ ကျင်းယွင်ယောင် ဟာခဏတာမျှ တိတ်ဆိတ်သွားလေသည်။ ကျင်းကျီနဉ်ရဲ့ စကားဟာ အဓိပ္ပာယ်ရှိပေမဲ့လည်း သူမဟာ စိုးရိမ်နေဆဲဖြစ်သည်။
"အဲတာအကြံအစည်ကောင်းတစ်ခုလို့ ကျွန်တော်ထင်တယ်"ဟု လင်ရှောင်းထင် ကပြောသည်။ သူတို့မှာ မှော်ဆေးလုံးတွေမရှားကာ ရှန်းကွမ်းယန်မှာ အများကြီးရှိလေသည်။ ရှန်းကွမ်းယန်ရဲ့ မှော်ဆေးလုံးတွေနဲ့ သူ့ရဲ့ကိုယ်ပိုင်ပါရမီကြောင့်ပဲ လင်ရှောင်းထင်ဟာ အခုလိုကြီးမားတဲ့ တိုးတက်မှုမျိုးလုပ်နိုင်တာဖြစ်သည်။ သို့သော်လည်း ဆေးသောက်တဲ့အရေအတွက်ကတော့ ကန့်သတ်ရလေသည်။ မဟုတ်လျင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်လို့ဖြစ်သည်။ ထို့ကြောင့်မလို့ တကယ်လို့ ရှန်းကွမ်းယန်မှာ မှော်ဆေးလုံးတွေအများကြီးရှိတောင် လင်ရှောင်းထင် အနေနဲ့ သူ့စိတ်ကြိုက်သောက်လို့မရပေ။
သို့သော်လည်း သူတို့မှာ မှော်ဆေးလုံးတွေမရှားပေမဲ့လည်း သူတို့အနေနဲ့ ကျင်းမိသားစုရသွားမှာကိုတော့ လက်မခံနိုင်ပေ။ လင်ရှောင်းထင်ဟာလည်း ပြိုင်ပွဲဝင်ဖို့ ပို၍လက်ခံလေသည်။
လင်ရှောင်းထင်က လုပ်ဖို့သဘောတူတဲ့အတွက် တားနေလဲ အဓိပ္ပာယ်ရှိမှာမဟုတ်၍ ကျင်းယွင်ယောင်က သူ့ကိုမတားနိုင်ပေ။ ထို့အပြင် သူမအနေနဲ့လည်း ကျင်းမိသားစုကို ပြိုင်ပွဲမှာ အနိုင်သွားတာကို တားချင်နေတာဖြစ်သည်။
"ရှောင်းထင်က သဘောတူနေမှတော့ ကျွန်မအနေနဲ့ သဘောမတူလို့မရတော့ဘူး။ စီနီယာရှန်းကွမ်းကို လူတစ်ယောက်အသွင်အပြင်ပြောင်းနိုင်လားဆိုတာ ကျွန်မတို့အနေနဲ့မေးဖို့လိုတယ်။ ရှောင်းထင်ကို သူ့ရဲ့နဂိုအသွင်အပြင်နဲ့သွားမှာ ကျွန်မခွင့်မပြုနိုင်ဘူး"ဟု ကျင်းယွင်ယောင်ကပြောသည်။
သူမအနေနဲ့ လင်ရှောင်းထင်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးရမယ်ဖြစ်ပေမဲ့လည်း အမေတစ်ယောက်အနေနဲ့ စိတ်မပူပဲမနေနိုင်ပေ။
"ဟုတ်ပြီလေ"ဟု လင်ရှောင်းထင် ကပြောသည်။ တကယ့်လို့ ရှန်းကွမ်းယန်သာ ရုပ်ရည်မပြောင်းလည်းပေးနိုင်ရင် သူ့အနေနဲ့ ကျင်းယွင်ယောင်နဲ့ ကုနင်းတို့အတွက် ထိုအကြံအစည်ကို လက်လွှတ်လိုက်မည်ဖြစ်သည်။
စစ်ဟယ်ယွမ်မှာတော့ ကျင်းကျီနဉ်ဟာ ရှန်းကွမ်းယန်နဲ့ တွေ့ရမှာဖြစ်သည့်အတွက် စိတ်လှုပ်ရှားနေသလို စိတ်လဲပူနေလေသည်။
ရှန်းကွမ်းယန်ဟာ ကျင်းကျီနဉ်ရဲ့ ရှေ့မှာ သူ့ရဲ့အရေးပါမှုကိုမပြဘဲ သူနဲ့ ပုံမှန်ပဲစကားပြောတဲ့အတွက် သူ့အနေနဲ့ တဖြည်းဖြည်းချင်း စိတ်အေးလာနိုင်လေသည်။
စကားအနည်းငယ်ပြောပြီးနောက် လင်ရှောင်းထင်ဟာ ရှန်းကွမ်းယန်အား ကျင်းကျီနဉ်ရဲ့ အကြံအစည်ကိုပြောပြလေသည်။ ပြိုင်ပွဲပြီးတဲ့အခါ သူ့ကိုပစ်မှတ်ထားခြင်းမခံရအောင် သူ့မျက်နှာအသွင်အပြင်ပြောင်းနိုင်ရင် သူကလဲ ထိုအကြံအစည်ကို လုပ်နိုင်ကြောင်းပြောသည်။
"ငါမင်းအသွင်အပြင်ကို ပြောင်းပေးလို့ရတယ်။ ဒါပေမယ့် အဲ့တာက ၂၄နာရီပဲခံမှာ"ဟု ရှန်းကွမ်းယန်က ပြောသည်။
"တစ်ရက်ဆို လုံလောက်တယ်။ ပြိုင်ပွဲက နေ့တဝက်ပဲကြာတာ"ဟု ကျင်းကျီနဉ် ကပြောသည်။
"ကျွန်မလဲ အဲဒီကိုသွားချင်တယ်"ဟု ထိုအရာကိုကြားတဲ့အခါ ကုနင်းကလည်း သူမရဲ့သွားချင်စိတ်ကို ပြလေသည်။
"အမ်..."ဟု ကျင့်ကြံသူလောကကို ကျင့်ကြံသူတွေပဲ ဝင်လို့ရတာဖြစ်တဲ့အတွက် ကျင်းကျီနဉ်က ထိုအရာဟာ အနည်းငယ် ခက်ခဲတယ်လို့ ခံစားမိလေသည်။
"ဦးလေးကျင်း၊ စိတ်မပူပါနဲ့။ မနေ့ကပဲ သမီးကျင့်ကြံသူဖြစ်သွားပြီ။ ကျွန်မအခုချိန်မှာ ကျင့်ကြံသူစစ်စစ်တစ်ယောက်မဟုတ်သေးပေမဲ့လည်း ကျွန်မရဲ့အစွမ်းတွေကို ဦးလေးသိတယ်လေ ဟုတ်တယ်မလား"ဟု ကျင်းကျီနဉ်က ဘာလို့ခက်ခဲကြောင်း ခံစားနေရတာကို သိသည့်အတွက် ကုနင်းဟာ သူမကျင့်ကြံသူဖြစ်သွားပြီဆိုတဲ့အကြောင်း လျှို့ဝှက်မထားလိုက်ပေ။ ဘာပဲဖြစ်ဖြစ် အနှေးနဲ့အမြန် သူသိသွားမှာပင်ဖြစ်သည်။
"ဘာပြောတယ်"ဟု ကျင်းကျီနဉ်က ထိုအရာကိုကြားတဲ့အခါ အံဩသွားလေသည်။ သူ့ကို အံ့အားသင့်စရာပဲ ကုနင်း ကကျင့်ကြံသူဖြစ်ပြီးနေလေပြီ။
ကုနင်းမှာ ထူးချွန်တဲ့အစွမ်းတွေရှိတယ်ဆိုတာ သူသိသည်။ အဲတာကြောင့်မလို့ ကုနင်းက အခုချိန်မှာ ကျင့်ကြံသူဖြစ်လာပေမဲ့လည်း ဒီမတိုင်ခင်က သူမဟာ သူနဲ့အတူ ယင်းရှီရွှင်းကို အနိုင်ယူနိုင်လောက်သည်အထိ သန်မာလေသည်။
သူမရဲ့အစွမ်းအစနဲ့တင် သူမအနေနဲ့ တစ်ယောက်တည်း ဆုတစ်ခုခုတော့ယူနိုင်ပြီး သူမဟာ လင်ရှောင်းထင်နဲ့ အတူတူသွားမှာလည်းဖြစ်လေသည်။ သူတို့အနေနဲ့ ပြိုင်ပွဲမှာ အဖွဲ့ဖွဲ့လို့ရပေသည်။
ကျင်းကျီနဉ်ဟာ ကုနင်း ကျင့်ကြံသူဖြစ်လာပြီဆိုတဲ့ အံဩစရာသတင်းကို ဆက်ပြီးတွေးနေပေမဲ့လည်း ကျင့်ကြံသူလောကကို သူမလဲသွားချင်သည်ဆိုတဲ့ တောင်းဆိုချက်ကို ချက်ချင်းပြန်မပြောသေးပေ။ ထို့အစား လင်ရှောင်းထင်ဘက်လှည့်ကာ သူ့အမြင်ကိုမေးလေသည်။
"ရှောင်းထင်၊ မင်းဘယ်လိုသဘောရလဲ"ဟု ကျင်းကျီနဉ်ကမေးသည်။
"ကျွန်တော်တို့ အတူတူသွားလို့ရတယ်"ဟု လင်ရှောင်းထင်က ကုနင်းကို စိတ်ပျက်မသွားစေလိုပေ။
"ငါလဲအတူတူလိုက်ခဲ့မယ်။ ကျင့်ကြံသူလောကက ဘယ်လိုလဲဆိုတာ ငါလဲသိချင်တယ်"ဟု ရှန်းကွမ်းယန်ကတန်းပြောသည်။ ကျင့်ကြံသူလောကအကြောင်းကို ကြားကတည်းက သူ့အနေနဲ့ သွားချင်နေတာကြာပြီဖြစ်သည်။
ကျင်းကျီနဉ်အနေနဲ့ ရှန်းကွမ်းယန်ကို ငြင်းဆိုမှာမဟုတ်ပေ။
"ကျွန်မတော့ မလိုက်တော့ဘူး"ဟု ကျင်းယွင်ယောင်ကပြောသည်။ အဘယ်ကြောင့်ဆိုသော် သူမသာ ကျင်းယောင်ရုန်နဲ့တိုးရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမည်ဆိုး၍ ဖြစ်သည်။
လင်ရှောင်းထင်ဟာ ထိုမကောင်းတဲ့အရာတွေကို ကိုယ်တိုင်ကြုံတွေ့ထားရတာမဟုတ်၍ တကယ်လို့ ကျင်းမိသားစုနဲ့တွေ့တောင် သူ့အနေနဲ့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်လေသည်။ ထို့ကြောင့် ကျင်းယွင်ယောင်က သူတို့နဲ့အတူတူ မလိုက်လာတာဟာ မကောင်းတဲ့အရာမဟုတ်ပေ။
ထိုအရာကို ပြောပြီးနောက် သူတို့ဟာ ထမင်းအတူစားကြလေသည်။
ကျင်းကျီနဉ်ဟာ ထမင်းစားပြီးနောက် ပြန်သွားကာ လင်ရှောင်းထင်နဲ့ အခြားသူတွေကတော့ ကျင့်ကြံခြင်းစတင်ကြလေသည်။
သူတို့ ကျင့်ကြံတာပြီးတဲ့အခါမှာတော့ ည၁၂နာရီထိုးနေပြီဖြစ်သည်။ ဒါပေမယ့် သူတို့ဟာ စွမ်းအင်တွေပြည့်နေကာ ပင်ပန်းတယ်လို့ မခံစားရပေ။ ထို့ကြောင့် သူတို့ဟာ ညလယ်စာ အစာပြေအတူစားဖို့ ဆုံးဖြတ်လိုက်သည်။
လောင်ကျန်းဟာ ပုံမှန်အားဖြင့် သူတို့ကိုညစာ တည်ခင်းပေးပြီးတဲ့အခါ ပြန်တာဖြစ်၍ အခုချိန်မှာ ကျင်းယွင်ယောင် သွားချက်တာဖြစ်သည်။ ကံကောင်းစွာပင် ကျင်းယွင်ယောင်ဟာ အချက်အပြုတ်အရမ်းကောင်းသည့်အတွက် သူတို့ဟာ ညစာအစာပြေ စားရတာကောင်းလေသည်။
စစ်ဟယ်ယွမ်ဟာ အရမ်းကြီးပြီး အခန်းတွေအများကြီးရှိတဲ့အတွက် လင်ရှောင်းထင်နဲ့ အခြားသူတွေဟာ သူတို့နဲ့အိမ်ကို မပြန်တော့ပေ။ သူတို့ဟာ စစ်ဟယ်ယွမ်မှာပဲ တိုက်ရိုက်နေလိုက်ကြသည်။
ညလယ်စာအစာပြေစားပြီးနောက် ကျင်းယွင်ယောင်နဲ့ ရှန်းကွမ်းယန်တို့ဟာ သူတို့ရဲ့အခန်းဆီ ကိုယ်ဆီပြန်သွားကြလေသည်။ သို့သော်လည်း လင်ရှောင်းထင် ကတော့ ကုနင်းကို နောက်ဖေးခြံဖက်လမ်းအတူလျှောက်ရန် ခေါ်သွားလေသည်။ သူဟာ သူမနဲ့ ကိုယ်ပိုင်အချိန်အနည်းငယ် အဓိကလိုချင်တာဖြစ်သည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၇၉ သူကအမြင့်ဆုံးပဲ
နောက်ဖေးခြံဘက်ကို လမ်းလျှောက်လာပြီးနောက် လင်ရှောင်းထင်ဟာ ကုနင်း ကိုချက်ချင်းရင်ခွင်ထဲ ဆွဲသွင်းလိုက်လေသည်။ သူမကို ဆုံးရှုံးတော့မည့်အလား သူဟာတင်းကျပ်စွာဖက်ထားလေသည်။ ဒီအချိန်မှာ သူဟာ သူမကို ဆုံးရှုံးမှာကြောက်နေတာမဟုတ်ဘဲ သူဟာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတာဖြစ်သည်။
"နင်းနင်း၊ မင်းနောက်ဆုံးမှာ ကျင့်ကြံသူဖြစ်လာတာ ကိုယ်အရမ်းပျော်တာပဲ"ဟု လင်ရှောင်းထင်ကပြောသည်။ တကယ်တော့ တကယ်လို့သူမသာ ကျင့်ကြံသူမဖြစ်လာနိုင်တောင် သူဟာသူမကို စွန့်လွှတ်မှာမဟုတ်ပေ။ တကယ်လို့ သူမဟာ နှစ်ပေါင်းများစွာကြာပြီး အသက်ကြီးလို့သေရင်တောင်မှ သူဟာ သူမအနားမှာပဲနေဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ သို့သော်လည်း တကယ်လို့သူတို့သာ အသက်ရှင်နိုင်ရင် ဘယ်သူမှသေချင်တဲ့လူမရှိပေ။ ထို့ကြောင့် လင်ရှောင်းထင်ဟာ အခုချိန်မှာ ကုနင်း နဲ့ထာဝရတစ်သက်လုံးနေသွားနိုင်ပြီ ဖြစ်သည်။
"ဟုတ်တယ်။ ကျွန်မနောက်ဆုံးတော့ ကျင့်ကြံသူဖြစ်သွားပြီ"ဟု ကုနင်းကလည်း သူမရဲ့အသက်ကို စိတ်ပူစရာမလိုတော့သည့်အတွက် စိတ်လှုပ်ရှားနေတာဖြစ်သည်။ သူမအတွက်နဲ့လည်း လင်ရှောင်းထင်ဟာ ကိုယ့်ကိုကိုယ်သတ်သေဖို့ မလိုတော့ပေ။
သူမသေသွားပြီးရင် ထိုအရာကို သိတော့မှာမဟုတ်ပေမဲ့လည်း လင်ရှောင်းထင်ဟာ သူမအတွက် သူ့အသတ်ကို စွန့်လွှတ်တာကိုမဖြစ်စေချင်ရင် တွေးမိတိုင်းဝမ်းနည်းမြဲဖြစ်သည်။
"ရှောင်းထင်၊ ကျွန်မမှာ အကြံတစ်ခုရှိတယ်"ဟု ကုနင်းကပြောသည်။
"ဘာအကြံလဲ"ဟု လင်ရှောင်းထင်က မေးသည်။
"ကျွန်မတို့နှစ်ယောက်လုံးက အခုကျင့်ကြံသူဖြစ်သွားပြီ။ ကျွန်မတို့ဟာ အကြာကြီးနေနိုင်မှာဖြစ်လို့ ကျွန်မတို့အနေနဲ့ နှစ်ပေါင်းတော်တော်ကြာရင် လူတွေရဲ့အပြင်ကနေ ထွက်ခွာရမယ်။ ကျွန်မတို့ လူတွေနဲ့ဝေးရာမှာနေပြီး နေ့တိုင်းဆက်ပြီးကျင့်ကြံနေရမယ်။ အဲ့တာက ပျင်းဖို့ကောင်းတယ်။ အဲ့တာမလို့ ကျွန်မတို့ လျှို့ဝှက်ဆန်းကျယ် လူစွမ်းကောင်စုံတွဲလုပ်ရအောင်။ ကျွန်မတို့အနေနဲ့ လိုအပ်တဲ့ဘယ်သူမဆို ကူညီလို့ရတယ်"ဟု ကုနင်း ကပြောသည်။ သူမက အချိန်တိုင်း အကူအညီပေးတတ်သူမဟုတ်ပေမဲ့လည်း ဘဝမှာ စိတ်လှုပ်ရှားစရာတစ်ခုခု လိုအပ်သည်ဟု သူမကထင်သည်။ ဘာပဲဖြစ်ဖြစ် ထိုအရာက သူမတို့အတွက် အရမ်းလွယ်ကူသည်ဖြစ်သည်။
"ကောင်းပြီလေ"ဟု လင်ရှောင်းထင်ကပြောသည်။ သူ့မှာလည်း အကြံတူရှိနေတာ ဖြစ်သည်။
သူက စစ်သားဖြစ်လာတာ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့အတွက် သူ့နိုင်ငံနဲ့ သူ့လူမျိုးအပေါ်မှာ ကာကွယ်ချင်စိတ်ပြင်းပြလေသည်။ တကယ်လို့ သူက မီးတောက်နီအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဒါမှမဟုတ် အနာဂတ်မှာ စစ်သားမဟုတ်ရင်တောင် အပြစ်မဲ့လူတွေ အနိုင်ကျင့်ခံရတာတွေ့တိုင်း သူဟာ တစ်ခုခုလုပ်ပေးမှာဖြစ်သည်။
"အို၊ မနက်ဖြန်ရှင်ဆက်ကျင့်ကြံဦးမှာလား ဒါမှမဟုတ် တစ်ခြားဟာတစ်ခုခုလုပ်မှာလား"ဟု ကုနင်းကမေးသည်။
"မနက်ဖြန်မနက် ကိုယ်ရဲ့ ခေါင်းဆောင်နဲ့တွေ့ပြီး ကျင့်ကြံခြင်းအကြောင်းပြောဖို့ ရှိတယ်။ ပြီးတော့ ဒီကိုပြန်လာပြီး ထမင်းပြန်စားမယ်။ ကိုယ်တို့ နေ့လည်ကျရင် လင်မိသားစုစံအိမ်ကိုသွားပြီး အဘိုးဆီသွားလည်လို့ ရတယ်"ဟု လင်ရှောင်းထင် ကပြောသည်။ သူဟာ ပြန်ရောက်နေတာ တစ်နေ့လုံးရှိပြီဖြစ်ပေမဲ့လည်း သခင်ကြီးလင်ကို မပြောပြရသေးသလို အလည်လဲမသွားရသေးသည့်အတွက် အပြစ်ရှိသလို ခံစားနေရတာဖြစ်သည်။
ကုနင်းမှာလည်း တူညီတဲ့ခံစားချက်ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် လင်ရှောင်းထင်ဟာ သူမကြောင့် သခင်ကြီးလင်ဆီအလည်သွားဖို့ရာ နှောင့်နှေးနေတာကြောင့် ဖြစ်သည်။
....
နောက်တစ်နေ့ မနက်ခင်းမှာတော့ လင်ရှောင်းထင်ဟာ သူတို့နဲ့ မနက်စာစားပြီးနောက် သူ့ခေါင်းဆောင်ဆီသွားဖို့ရန် ထွက်သွားလေသည်။
ဒီနေ့ဟာ စနေနေ့ဖြစ်တာကြောင့် သူ့ခေါင်းဆောင်ဟာ အိမ်မှာအနားယူနေတာ ဖြစ်သည်။
မနေ့ကနေ့လည်က သူ့ခေါင်းဆောင်ရဲ့အိမ်ကို ဒီနေ့မနက်ခင်း သူလာတွေ့မည်ဖြစ်ကြောင်း လင်ရှောင်းထင်က သူ့ခေါင်းဆောင်ကို ဖုန်းဆက်ပြောပြီးဖြစ်သည်။ သူတို့ဟာ အရမ်းလျှို့ဝှက်တဲ့အကြောင်းအရာတစ်ခုကို ပြောမှာဖြစ်သည်။
ခေါင်းဆောင်ဟာ သူ့ရာထူးနေရာကို လင်မိသားစုရဲ့ ထောက်ခံမှုကိုယူပြီး ရထားတာဖြစ်လို့ သူတို့မှာ အရမ်းနီးကပ်တဲ့ဆက်ဆံရေးရှိလေသည်။ သူဟာ ဘယ်သူကိုမဆို သံသယဝင်နိုင်သော်လည်း လင်မိသားစုကိုတော့ မဝင်ပေ။ အထူးသဖြင့် သခင်ကြီးလင်နဲ့ လင်ရှောင်းထင်တို့အပေါ်တွင်ဖြစ်သည်။
ကျုံးဟိုင်ဥယျာဉ်ဟာ ဘုရင့်နန်းတော်ရဲ့ အနောက်ဘက်ခြမ်းဘက်မှာ တည်ရှိတာဖြစ်ပြီး ရေပြင်၇၀၀ဧက အပါအဝင် ၁၅၀၀ဧက ကျယ်ဝန်းလေသည်။ ထိုအရာဟာ နိုင်ငံတော်ရဲ့အဓိက ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိန်းရေးနေရာတစ်ခုဖြစ်သည်။ ထိုအရာဟာ အလုပ်အကိုင်အဆင်ပြေစေရေးနှင့် လုံခြုံရေးအတွက် အစိုးရရုံးခန်းဖြစ်သလို အကြီးတန်းခေါင်းဆောင်တွေရဲ့ နေအိမ်လဲဖြစ်သည်။
သို့သော်လည်း နိုင်ငံတော်အဆင့် အကြီးတန်းခေါင်းဆောင်မှန်သမျှဟာ ကျုံးဟိုင်ဥယျာဉ်မှာမနေပေ။ ကျုံးဟိုင်ဥယျာဉ် မှာနေရတာဟာ လုံခြုံရေးနှင့် အလုပ်လုပ်ရတာသာ အဆင်ပြေတာဖြစ်ပြီး ဘဝအတွက်တော့ အရမ်းအဆင်ပြေပြီး လွတ်လပ်မှုမရှိပေ။ ထို့ကြောင့် ကျုံးဟိုင်ဥယျာဉ် မှာ ခေါင်းဆောင်အနည်းငယ်သာ နေတာဖြစ်ပြီး အများစုဟာ အပြင်မှာပဲနေထိုင်ကြတာဖြစ်သည်။
ဒီအချိန်ဟာ ငြိမ်းချမ်းတဲ့ကာလဖြစ်သည်။ အခုခေတ်မှာ လုပ်ကြံသတ်ဖြတ်မှုတွေဟာ အဲလောက်ပုံမှန်မဖြစ်တော့ပေ။ ထို့ကြောင့် ကောင်းမွန်တဲ့လုံခြုံရေး အစီအမံနဲ့ဆိုရင် အန္တရာယ်ကြီးကြီးမားမားမရှိတော့ပေ။
လင်မိသားစုဟာ သခင်ကြီးလင်အဆင့်မြင့်ဆုံးရာထူးရှိစဉ် နှစ်ပေါင်းများစွာကြာအောင် အရင်က ကျုံးဟိုင်ဥယျာဉ် မှာနေခဲ့တာဖြစ်သော်လည်း အရှေ့ကဖော်ပြထားသည့်အတိုင်း ကျုံးဟိုင်ဥယျာဉ်မှာနေရတာဟာ အပြင်မှာနေရတာလောက် အဆင်ပြေမှုမရှိ၍ဖြစ်သည်။
တကယ်တော့ ကျုံးဟိုင်ဥယျာဉ်မှာ သခင်ကြီးလင် တစ်ယောက်တည်းသာနေတာဖြစ်ပြီး ကျန်တဲ့လင်မိသားစုဝင်တွေကတော့ လင်မိသားစုစံအိမ်ဟောင်းမှာပဲ နေတာဖြစ်သည်။ သခင်ကြီးလင်ဟာ အဆင့်မြင့်ဆုံးရာထူးရောက်ချိန်မှာ အသက်၅၃နှစ်ရှိပြီဖြစ်ကာ သူ့သားသမီးတွေအကုန်လုံးကလဲ အလုပ်ကိုယ်ဆီရှိပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ဟာ အလုပ်သွားဖို့လိုကာ ကျုံးဟိုင်ဥယျာဉ်မှာနေပြီး အလုပ်သွားရတာ အဆင်မပြေ၍ဖြစ်သည်။
အခုချိန်မှာတော့ လင်ယွမ်ကျန်းနဲ့ လင်ယွမ်ချန်တို့ဟာ အကြီးတန်းခေါင်းဆောင် တွေဖြစ်ကာ ကျုံးဟိုင်ဥယျာဉ်ကို ရွှေ့ပြီးနေနိုင်သော်လည်း သူတို့မရွှေ့ပေ။
လင်ရှောင်းထင်ဟာလည်း တူညီတဲ့ရွေးချယ်မှုကိုပဲ ရွေးချယ်လေသည်။ စစ်တပ်ထဲတွင် ဗိုလ်ချုပ်ထက် ရာထူးမြင့်တဲ့ အရာရှိတွေဟာ ကျုံးဟိုင်ဥယျာဉ်မှာ ပြောင်းရွေ့နေနိုင်တာဖြစ်သည်။
သူတို့တစ်ယောက်မှ ပြောင်းမနေသော်လည်း ကျုံးဟိုင်ဥယျာဉ်မှာ သူတို့အတွက်နေဖို့ နေရာတွေချန်ထားကာ သူတို့သွားချင်တဲ့အချိန်တိုင်း သွားနေခွင့်ရှိလေသည်။
ကျုံးဟိုင်ဥယျာဉ်မှာ လုံခြုံရေးတင်းကျပ်တဲ့အတွက် အပြင်လူတွေဟာ အထဲဝင်ခွင့်မရှိချေ။ ထိုအထဲမှာနေတဲ့ ခေါင်းဆောင်တွေရဲ့ ဆွေမျိုးတွေတောင် အတွင်းကို ဦးဆောင်လမ်းပြခေါ်သွားမှ ဝင်ခွင့်ရှိလေသည်။ ထို့အပြင် အထဲမဝင်ခင် သူတို့ရဲ့မှတ်ပုံတင် အချက်အလက်တွေကို ချရေးဖို့လိုအပ်ကာ ညအိပ်လဲနေလို့ မရပေ။ သူတို့အနေနဲ့ ည၁၂နာရမထိုးခင် ပြန်ရမှာဖြစ်သည်။
ကျုံးဟိုင်ဥယျာဉ်ရဲ့ ဂိတ်ပေါက်ဝတွင် လင်ရှောင်းထင်ဟာ သူ့ရဲ့မှတ်ပုံတင်ပြကာ အထဲဝင်သွားလေသည်။
ကျုံးဟိုင်ဥယျာဉ်ဟာ အရမ်းကြီးသည်ဖြစ်သည်။ အရှေ့ဂိတ်ပေါက်ဝမှ ဝင်လာပြီး ခေါင်းဆောင်ရဲ့အိမ်ကို ရောက်ဖို့ လင်ရှောင်းထင်အနေနဲ့ မိနစ်အနည်းငယ် ကားမောင်းသွားဖို့လိုလေသည်။
ခေါင်းဆောင်ရဲ့အိမ်ကို အလည်လာတာ လင်ရှောင်းထင်အတွက် ဒီတစ်ခါပထမဆုံးမဟုတ်၍ လုံခြုံရေးအစောင့်တွေဟာ သူ့ရဲ့မျက်နှာကို မှတ်မိပြီးဖြစ်သည်။ ပြီးတော့ သူ့ရဲ့အခွင့်ထူးတွေကြောင့် သူ့အနေနဲ့ ခေါင်းဆောင်ရဲ့ခွင့်ပြုချက်မလိုပဲ တိုက်ရိုက်အထဲကို ဝင်ခွင့်ရလေသည်။
လင်ရှောင်းထင်ဟာ ဧည့်ခန်းထဲကို လမ်းလျှောက်ဝင်လာတာနဲ့ တပြိုင်နက်တည်း နန်းဆန်တဲ့အမျိုးသမီးတစ်ယောက်ဟာ သူ့ကိုပြုံးလျက် ကြိုဆိုလေသည်။ "မင်္ဂလာပါ ရှောင်းထင်။ မင်း ဦးလေးဝေ့ကတော့ စာကြည့်ခန်းထဲမယ်"
ထိုအမျိုးသမီးဟာ အကြီးတန်းခေါင်းဆောင်ဝေ့ရဲ့ မိန်းမဖြစ်သည်။ သူမပုံစံဟာ အရမ်းနူးညံတဲ့ပုံ ပေါ်သော်လည်း သူမဟာ တကယ်တော့ အရမ်းသန်မာတဲ့အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမဟာအရင်က ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး နိုင်ငံစစ်ရေးပြအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်သည်။
တကယ်တော့ တကယ်လို့သူမသာ ထူးချွန်တဲ့အမျိုးသမီးတစ်ယောက်မဟုတ်ရင် သူမအနေနဲ့ အကြီးတန်းခေါင်းဆောင် တစ်ယောက်နဲ့ လက်ထပ်နိုင်မည်မဟုတ်ပေ။
အကြီးတန်းခေါင်းဆောင်ဝေ့ရဲ့ မိန်းမတင်မကဘဲ သူ့ရဲ့ အသက်၂၃နှစ်အရွယ်သားဟာလည်း သာမာန်ထက်ပိုပြီးထူးချွန်လေသည်။ သူ့ရဲ့သားဟာ လင်ရှောင်းထင် နဲ့တော့ မယှဉ်နိုင်ပေမဲ့လည်း သူနဲ့ရွယ်တူတွေကြားမှာတော့ အရမ်းထူးချွန်လေသည်။
လင်ရှောင်းထင်ဟာ သူနဲ့ရွယ်တူတွေနဲ့ယှဉ်ရင် အထူးသီးသန့်ဖြစ်လေသည်။
"တွေ့ရတာဝမ်းသာပါတယ် အန်တီဝေ့" ဟု လင်ရှောင်းထင်က သူမကို လေးစားစွာပြန်နှုတ်ဆက်လေသည်။ ထို့နောက်မှာတော့ သူဟာ စာကြည့်ခန်းကိုသွားလေသည်။ သူဟာ ဒီကိုမကြာခဏလာလေ့ရှိတာကြောင့် ဝေ့မိသားစုဟာ သူ့ကိုမိသားစုတစ်ယောက်တစ်ဖွယ် ဆက်ဆံလေသည်။
စာကြည့်ခန်းထဲက စားပွဲအရှေ့တွင် အသက်၅၀နှစ်အရွယ် သက်လတ်ပိုင်းအမျိုးသားတစ်ယောက် ထိုင်နေလေသည်။ သူဟာ ထိုနေရာမှာ တိတ်ဆိတ်စွာ ထိုင်နေသော်လည်း ဘုရင်တစ်ယောက်ရဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေလေသည်။ သူဟာ ဘုရင်တစ်ယောက်ဖြစ်သည်။
လင်ရှောင်းထင်ဟာ စာကြည့်ခန်းတံခါးကို ခေါက်လိုက်လေသည်။ အထဲမှ ခွင့်ပြုချက်ကို ကြားပြီးနောက် သူဟာ တံခါးကိုတွန်းဖွင့်ကာ အထဲကို လမ်းလျောက်ဝင်လာလေသည်။
"မင်္ဂလာပါ အန်ကယ်ဝေ့"ဟု စားပွဲရှေ့က အမျိုးသားအား လင်ရှောင်းထင်က လေးစားစွာနှုတ်ဆက်လေသည်။ သူတို့နှစ်ယောက်ထဲရှိချိန်တွင် သူဟာ ထိုအမျိုးသားကို ဦးလေးဟုခေါ်သည်။
ခေါင်းဆောင်ရဲ့နာမည်ဟာ ဝေ့လင်ဖုန်းဖြစ်သည်။ သူဟာဒီနှစ်မှာ အသက်၅၃နှစ်ရှိပြီဖြစ်ကာ ဒီနိုင်ငံရဲ့ အမြင့်ဆုံးရာထူးနေရာမှာ ထိုင်နေတာ ၅နှစ်ရှိပြီဖြစ်သည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၈၀ ဘယ်သူ့ကိုမှပြန်မပြောရဘူး
ထိပ်တန်းခေါင်းဆောင် ရာထူးနေရာဟာ ၃နှစ်တစ်ကြိမ်ရွေးချယ်တာဖြစ်ပြီး ဝေ့လင်ဖုန်းဟာ ရွေးကောက်ပွဲနှစ်ကြိမ်နိုင်၍ဖြစ်သည်။ ထိုအရာဟာ သူ့အရည်အချင်း တစ်ခုထဲကြောင့်တင်မဟုတ် လင်မိသားစုရဲ့ထောက်ပံ့မှုကြောင့်လဲဖြစ်သည်။
နောက်တစ်ကြိမ်ရွေးကောက်ပွဲဟာ တစ်နှစ်သာလိုတော့တာဖြစ်တဲ့အတွက် မတူညီတဲ့အဖွဲ့တွေဟာ အခုချိန်မှာအလုပ်စနေပြီဖြစ်သည်။ သူတို့ရဲ့လူတွေ ဒီရာထူးနေရာရဖို့အတွက် သူတို့ဟာ ဘယ်တော့မှ မရပ်တန့်ပေ။ ပြီးတော့ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ ယှဉ်ပြိုင်ခြင်းတွေဟာ ပိုပိုပြီးပြင်းထန်လာတာဖြစ်သည်။
"ဒီကိုလာခဲ့ ရှောင်းထင်။ ထိုင်ပါဦး"
လင်ရှောင်းထင်ဝင်လာပြီးနောက် ဝေ့လင်ဖုန်းဟာ မတ်တပ်ထရပ်လိုက်သည်။ သူ့ရဲ့လေးနက်တဲ့အမူအရာကို ကြင်နာတဲ့အပြုံးဖြင့် သူအစားထိုးလိုက်လေသည်။
လင်ရှောင်းထင်ဟာ ဂျူနီယာဖြစ်ပြီး လက်အောက်ငယ်သားဖြစ်သော်လည်း ဝေ့လင်ဖုန်းဟာ သူ့ပါဝါကို မပြပေ။
"ကျွန်တော်အခုပြောပြမဲ့အရာက သာမာန်လူတွေရဲ့ အသိဉာဏ်နဲ့ လက်ခံနိုင်တာထက်ကျော်တာမလို့ ကျေးဇူးပြုပြီး စိတ်ကိုပြင်ဆင်ထားပေးပါ"ဟု လင်ရှောင်းထင်က လေးနက်စွာပြောလိုက်သည်။
ထိုအရာကိုကြားတဲ့အခါ ဝေ့လင်ဖုန်း ဟာထပ်ပြီးလေးနက်သွားလေသည်။ "မင်း သွေးစုပ်ဖုတ်ကောင်လိုမျိုး ထူးဆန်းတဲ့သတ္တဝါတွေနဲ့ ကြုံလာပြန်ပြီလား"
"ဟုတ်တယ်"ဟု လင်ရှောင်းထင်က ပြောသည်။
လင်ရှောင်းထင်ဟာ ထိုအရာကိုပြောတဲ့အခါ ဝေ့လင်ဖုန်းရဲ့စိတ်ထဲမှာ ခန့်မှန်းမိပြီးဖြစ်သော်လည်း လင်ရှောင်းထင်ရဲ့ မှန်ကန်ကြောင်းအဖြေကို ကြားတဲ့အခါ သူဟာ အံဩသွားမြဲပင်ဖြစ်သည်။
ရှေ့တစ်ခေါက်က သွေးစုပ်ဖုတ်ကောင်တွေ တကယ်တည်ရှိတယ်ဆိုတဲ့ သတင်းကိုလက်ခံဖို့ သူအတော်ကြိုးစားခဲ့ရပြီး အခုချိန်မှာ ကမ္ဘာပေါ်မှာ သွေးစုပ်ဖုတ်ကောင်ထက် ပိုပြီးစွမ်းအားကြီးတဲ့ သတ္တဝါတွေရှိနေသေးတယ်ဆိုတာကို သိတဲ့အခါ သူ,မနည်း စိတ်အေးအောင်ထားနေရလေသည်။
"ကျွန်တော်တို့နိုင်ငံမှာ မှော်စွမ်းအင်တွေရှိတဲ့ လူတွေအကြောင်း ပြောပြခဲ့တယ်လေ။ ဒါပေမယ့် တကယ်တော့ သူတို့တကယ်တည်ရှိတယ်။ အဲဒီအချိန်တုန်းက ကျွန်တော် ဘယ်လိုပြောပြရမှန်းမသိလို့။ ပြီးတော့ ဦးလေးအနေနဲ့ လက်ခံဖို့ခက်ခဲမှာလဲစိုးရိမ်လို့ ကျွန်တော်ခဏစောင့်ပြီးမှ ပြောပြဖို့ဆုံးဖြတ်လိုက်တာ။ ဦးလေးအနေနဲ့ စိတ်ပြင်ဆင်ထားနိုင်ဖို့အတွက် ထိတ်လန့်စရာသတင်း တချို့ကိုပဲ ပြောပြခဲ့တာ"ဟု လင်ရှောင်းထင်ကပြောသည်။
"မှော်စွမ်းအင်နဲ့ ဘယ်လိုလူတွေလဲ"ဟု ဝေ့လင်ဖုန်းက အလျင်အမြန်မေးလေသည်။
သူတို့နိုင်ငံမှာ မှော်စွမ်းအင်နဲ့လူတွေတည်ရှိတယ်ဆိုတာ သတင်းကောင်းဖြစ်သည်။ သို့သော်လည်း သူတို့အနေနဲ့ ထိုလူတွေကို သူတို့အတွက် အလုပ်လုပ်ဖို့ ဖြောင်းဖြရပေလိမ့်မည်။
တကယ်လို့ ထိုမှော်စွမ်းအင်ရှိတဲ့လူတွေသာ သူတို့နဲ့အတူတူအလုပ်လုပ်ဖို့ ငြင်းဆိုတာ ဒါမှမဟုတ် သူတို့ကိုဆန့်ကျင့်တာ လုပ်ခဲ့လို့ရှင်ရင်တော့ ထိုအရာဟာ အရမ်းကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုပင် ဖြစ်သည်။
"ကျင့်ကြံသူတွေပဲ"ဟု လင်ရှောင်းထင် ကပြောသည်။
"ကျင့်ကြံသူတွေလား"ဟု ထိုအရာကို ကြားတဲ့အခါ ဝေ့လင်ဖုန်းရဲ့ ခံစားချက်တွေဟာ ရောထွေးသွားလေသည်။ သူဟာ ကျင့်ကြံသူတွေအကြောင်း သိပြီး သူတို့အကြောင်းကို ဝတ္တုတွေထဲမှာ ဖတ်ဖူးသည်ဖြစ်သည်။ သူဟာ ဝတ္တုတွေဖတ်ရတာ သဘောကျပြီး အထူးသဖြင့် ကျင့်ကြံသူတွေနဲ့ပတ်သတ်တဲ့ ဝတ္တုတွေကိုဖတ်ရတာ ပိုသဘောကျလေသည်။ သူအလုပ်မှာ စိတ်ဖိစီးတဲ့အခါတိုင်း သူဟာ စာဖတ်ပြီး စိတ်ဖြေလေ့ရှိသည်။
သူဟာ ဝတ္တုထဲက ကျင့်ကြံသူတွေနဲ့ အပြင်ကလူတွေကြားက ခြားနားချက်ကိုမသိပေ။ တကယ်လို့ ဘာခြားနားချက်မှမရှိဖူးဆိုရင် ကျင့်ကြံသူတွေဟာ အရမ်းသန်မာပေလိမ့်မည်။
"ဝတ္တုတွေက ကျင့်ကြံသူတွေလိုမျိုးလို့ မင်းဆိုလိုချင်တာလား"ဟု ဝေ့လင်ဖုန်း ကမေးသည်။
"ဟုတ်တယ် သူတို့က အခြေခံကအားဖြင့် ဝတ္တုတွေထဲကလို ကျင့်ကြံသူတွေပဲ။ ဒါပေမယ့် သိုင်းအဆင့်ပိုနိမ့်တယ်။ ကျင့်ကြံသူတွေအနေနဲ့ မှော်စွမ်းအင်လိုတာဖြစ်ပြီး အခုခေတ်ကာလမှာ မှော်စွမ်းအင်တွေဟာ ပိုပြီးပါးလွှားနေလို့ပဲ။ ထိုအရာက သူတို့ရဲ့ကျင့်ကြံခြင်းအရှိန်ကို လျော့နည်းစေတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ မယုံနိုင်လောက်အောင်တော့ သန်မာတုန်းပဲ။ သူတို့ထဲက သိုင်းအစွမ်းမြင့်တဲ့အချို့က နံရံပေါ်မှာ လမ်းလျှောက်တာတွေ၊ ဓားပေါ်မှာမိုးပျံတာတွေ ဒါမှမဟုတ် ပစ္စည်းတွေကို ထိန်းချုပ်တာတွေလုပ်နိုင်တုန်းပဲ"ဟု လင်ရှောင်းထင်ကပြောသည်။
ထိုအရာကို ကြားသိရတဲ့အခါ ဝေ့လင်ဖုန်းက အရမ်းအံဩသွားလေသည်။ အံဩစရာပင် ဝတ္တုထဲကလို ထိုလူတွေဟာ တကယ်တည်ရှိနေလေသည်။
လင်ရှောင်းထင်ဟာ အလျင်စလို ဆက်မပြောသေးဘဲ ဝေ့လင်ဖုန်း လက်ခံလာနိုင်သည့်အထိ စောင့်ပေးလေသည်။
ဝေ့လင်ဖုန်းဟာ ထိုအံဩသင့်စရာ သတင်းကို အချိန်တိုလေးအတွင်း တန်းလက်မခံနိုင်သေးပေမဲ့လည်း သူဟာ သိပ်မကြာခင်ပင် သတိပြန်ဝင်လာလေသည်။
"သူတို့က ငါတို့နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်လား"ဟု ဝေ့လင်ဖုန်းက မေးသည်။
"ပုံမှန်အားဖြင့်တော့ မဖြစ်လာနိုင်ဘူး။ ဘာလို့လဲဆို သူတို့အနေနဲ့ သေမျိုးတွေကို ထိခိုက်အောင်လုပ်ခွင့်မရှိလို့ပဲ။ တကယ်လို့ သူတို့လုပ်လာရင် သူတို့ဟာအပြစ်ပေးခံရမှာ။ ပြီးတော့ တကယ်လို့ ကျွန်တော်တို့နိုင်ငံသာ ပြဿနာတစ်ခုခုကြုံခဲ့ရင်တော့ သူတို့သေချာပေါက် တစ်ခုခုလုပ်လိမ့်မယ်"ဟု လင်ရှောင်းထင် ကပြောသည်။
ထိုအရာကိုကြားတဲ့အခါ လင်ရှောင်းထင်ဟာ စိတ်အေးသွားလေသည်။
လင်ရှောင်းထင်ဟာ ထိုနောက်ဆက်ပြောလေသည်။ "တကယ်တော့ သူတို့ထဲကတချို့ကတော့ စည်းကမ်းတွေချိုးဖောက်နိုင်တယ်။ အထူးသဖြင့် နတ်ဆိုးကျင့်ကြံသူကသူတွေပဲ။ နတ်ဆိုးကျင့်ကြံသူက မကောင်းတဲ့ အဖွဲ့အစည်းတစ်ခုပဲ။ အဲဒီအဖွဲ့က အဖွဲ့ဝင်တွေကို ကျင့်ကြံသူလောက မကြိုဆိုကြဘူး။ သူတို့က အမြဲအလိုရှိစာရင်းဝင်နေတာ"
ဝေ့လင်ဖုန်းဟာ ထိုအရာကိုနားလည်လေသည်။ အဘယ့်ကြောင့်ဆို မကောင်းတဲ့လူတွေဟာ နေရာတိုင်းမှာရှိ၍ဖြစ်သည်။ လာဘ်ထိုးတာနဲ့ အကျင့်ပျက်ခြစားမှုတွေဟာ မထူးဆန်တဲ့ အရာမလို့ ဖြစ်သည်။
"ဒီတစ်ခါ မီးတောက်နီရဲ့ ပြစ်မှတ်က နတ်ဆိုးကျင့်ကြံသူက လူတစ်ယောက်ပဲ"
"ဘာ"ဟု ဝေ့လင်ဖုန်းက အံဩကာ စိတ်ပူသွားလေသည်။ "မင်းဘယ်လို ဖြေရှင်းလိုက်လဲ။ မင်းဒဏ်ရာရသွားသေးလား"
သူတို့ရဲ့ ဒီတစ်ခါရန်သူဟာ နတ်ဆိုးကျင့်ကြံသူ ကဖြစ်၍ ဒီစစ်ဆင်ရေးဟာ အရမ်းခက်ခဲပေလိမ့်မည်။ လင်ရှောင်းထင်ဟာ သန်မာသော်လည်း သူဟာ သေမျိုးပင်ဖြစ်သေး၍ဖြစ်သည်။ သူဟာ နတ်ဆိုးကျင့်ကြံသူ ရဲ့ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် ဝေ့လင်ဖုန်းဟာ လင်ရှောင်းထင်ရဲ့ လုံခြုံရေးကိုစိတ်ပူလေသည်။
တကယ်တော့ တကယ်လို့ လင်ရှောင်းထင်သာ သေမျိုးဆိုရင် သူဟာ နတ်ဆိုးကျင့်ကြံသူ ရဲ့ပြိုင်ဘက်မဟုတ်ပေ။ ဒါပေမယ့် သူကသေမျိုးမဟုတ်ပေ။
"ကျွန်တော်က ဘာမှမဖြစ်ပါဘူး"ဟုဆိုကာ လင်ရှောင်းထင်က တစ်ခုခုကိုပြောရန် အနည်းငယ် တွန့်ဆုတ်နေလေသည်။
တစ်စက္ကန့်ကြာပြီးနောက် လင်ရှောင်းထင်ဟာ စိတ်ပိုင်းဖြတ်လိုက်သည်။ "တကယ်တော့ ကျွန်တော်အခုပြောမဲ့အရာက ကြီးမားတဲ့လျှို့ဝှက်ချက်ဖြစ်တယ်။ အဲတာမလို့ ကျေးဇူးပြုပြီး ဘယ်သူ့ကိုမှမပြောပါဘူး။ ကျွန်တော့် အဖိုးကိုတောင် ပြောပြလို့မရဘူး"
"ပြဿနာမရှိဘူး။ မင်းအဘိုးအပါအဝင် ငါဘယ်သူ့ကိုမှ မပြောဘူး။ အခုပြောလို့ရပြီ"ဟု ဝေ့လင်ဖုန်းက သခင်ကြီးလင် အပေါ်မှာ အရမ်းလေးစားမှုရှိသော်လည်း သူ့မျက်လုံးထဲမှာ လင်ရှောင်းထင် ဟာလည်း အရမ်းအရေးပါလေသည်။ လင်ရှောင်းထင်က လူတွေအများကြီးမသိစေချင်မှတော့ သူအနေနဲ့ လျှို့ဝှက်ထားမည်ဖြစ်သည်။
"သွေးစုပ်ဖုတ်ကောင်တွေနဲ့ နတ်ဆိုးကျင့်ကြံသူ အဖွဲ့ဝင်တွေကို ကျွန်တော်အေးအေးဆေးဆေး သတ်နိုင်တာက ကျွန်တော်လဲ ကျင့်ကြံသူတစ်ယောက်မလို့ပဲ"ဟု လင်ရှောင်းထင်ဟာ လေးနက်စွာပြောသည်။
"ဘာ"
ဝေ့လင်ဖုန်းရုတ်တရက်ပဲ လန့်ကာ မတ်တပ်ထရပ်လိုက်ပြီး လင်ရှောင်းထင် အား မျက်လုံးဝိုင်းကြီးဖြင့် ကြည့်လိုက်လေသည်။
လင်ရှောင်းထင်ဆီက အရင်ကကြားသိရတဲ့သတင်းတွေထက် ထိုအရာဟာ ပိုပြီးအံဩစရာကောင်းတဲ့ သတင်းတစ်ခုဖြစ်လေသည်။
လင်ရှောင်းထင်ဟာ ထိုထက်ပိုပြီး ရှင်းမပြတော့ပေ။ သူ့ရဲ့လက်ကို မြှောက်လိုက်ပြီး စားပွဲပေါ်က ဖောင်တိန်ဟာ သူ့လက်ဆီသို့ တိုက်ရိုက်ပျံလာလေသည်။
ထိုအရာကို မြင်တဲ့အခါမှာတော့ ဝေ့လင်ဖုန်းဟာ ကြောက်လန့်ကာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်လိုက်လေသည်။ တကယ်လို့သူ့အနေနဲ့ ကျင့်ကြံသူတွေ တည်ရှိကြောင်းနှင့် သူတို့ရဲ့မယုံနိုင်လောက်တဲ့စွမ်းအင်တွေကို သိပေမဲ့လည်း သူ့မျက်လုံးနဲ့ ကိုယ်တိုင်တွေ့လိုက်ရတဲ့အခါမှာ သူဟာ လန့်သွားမြဲဖြစ်သည်။
"အာ.."ဟု ဝေ့လင်ဖုန်းဟာ ရုတ်တရက်ပဲ ဘာပြောရမှန်းမသိတော့ချေ။
"ဒီနှစ်မှာ ဖြစ်တာပဲ။ ကျွန်တော် နတ်ဆိုးကျင့်ကြံသူက အဖွဲ့ဝင်တစ်ယောက်နဲ့ ကြုံပြီး ဒဏ်ရာရသွားတယ်။ ကျွန်တော် ကျင့်ကြံသူတစ်ယောက် ကံကောင်းပြီးဖြစ်လာတာပဲ"ဟု လင်ရှောင်းထင်ကပြောသည်။ သူဟာ ကျင့်ကြံသူဖြစ်ကြောင်း ဝေ့လင်ဖုန်းကို ပြောပြပေမဲ့လည်း ဒီထက်ပိုပြီးအသေးစိပ်တွေတော့ ပြောပြမှမဟုတ်ပေ။
အချိန်အနည်းငယ် ကြာပြီးနောက် ဝေ့လင်ဖုန်းရဲ့ အသိစိတ်ဟာ ပြန်ဝင်လာလေသည်။ သူဟာ မလိုအပ်သောကြောင့် လင်ရှောင်းထင်အား အသေးစိပ်မမေးပေ။ သူသိဖို့လိုတာအားလုံးက လင်ရှောင်းထင်ကစိတ်ချယုံကြည်လို့ရတယ်ဆိုတာပင်...