အခန်း (၁၉၈၁-၁၉၈၆)
Vol. 122 Ch. 1981-1986
အပိုင်း ၁၉၈၁ ရှဲ့ယီယီ
"ထူးဆန်းတဲ့ သတ္တဝါတွေရော ရှိသေးလား"ဟု ဝေ့လင်ဖုန်းကမေးသည်။ သူအနေနဲ့ အခုချိန်မှာ ထိုအကြောင်းအကုန်လုံးသိချင်ကာ အကြောင်းအရာအချက်အလက်မှန်သမျှကို တစ်ခါတည်းလက်ခံနိုင်ဖို့ကြိုးစားချင်လေသည်။
"ဟုတ်တယ်။ ကျင့်ကြံသူတွေအပြင် ကျွန်တော်တို့နိုင်ငံမှာ မကောင်းဆိုးဝါးတွေနဲ့ သရဲတစ္တေတွေလဲရှိတယ်။ ဒါပေမယ့် သူတို့က အခုချိန်မှာ လူတွေကိုအန္တရာယ် မပေးနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် တကယ်လို့ သူတို့နဲ့ဆုံခဲ့ရင် အကုန်လုံးသတ်ပြစ်သင့်တယ်။ သူတို့က အန္တရာယ်များတယ်"ဟု လင်ရှောင်းထင်ကပြောသည်။ "တကယ်တော့ တခြားနိုင်ငံမှာလည်း ထူးဆန်းတဲ့သတ္တဝါတွေရှိတယ်။ Rနိုင်ငံမှာ သာမာန်လူတွေထက် ပိုသန်မာတဲ့ သန္ဓေပြောင်းတွေနဲ့ နင်ဂျာတွေရှိတယ်"
ထိုအရာကိုကြားတဲ့အခါ ဝေ့လင်ဖုန်း ဟာအံဩသွားသော်လည်း သူဟာအကျင့်ရလာပြီဖြစ်၍ အရင်ကလောက်တော့ မအံဩတော့ပေ။
သွေးစုပ်ဖုတ်ကောင်တွေ၊ ကျင့်ကြံသူတွေ၊ မကောင်းဆိုးဝါးတွေနဲ့ သရဲတစ္တေတွေက တကယ်ရှိမှတော့ သန္ဓေပြောင်းတွေနဲ့ နင်ဂျာတွေတကယ်ရှိတာ ပိုဖြစ်နိုင်ချေများလေသည်။
"ကျွန်တော် ဦးလေးဆီ အခုသတင်းပို့ရတဲ့အကြောင်းအရင်းက Rနိုင်ငံက လူတွေက ကျင့်ကြံသူတွေအကြောင်း စုံစမ်းနေတာ ကျွန်တော်သတိထားမိလို့။ ကျွန်တော်တို့က Rနိုင်ငံကလူတွေနဲ့ မတည့်ဘူးလေ။ ကျွန်တော်တို့နိုင်ငံမှာ သာမာန်ထက်လွန်တဲ့ သန်မာတဲ့လူတွေရှိတယ်ဆိုတဲ့ သတင်းကို Rနိုင်ငံကကြားတာနဲ့တပြိုင်နက် အေးအေးဆေးဆေးနေနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်ခန့်မှန်းတာမမှားရင် Mနိုင်ငံလဲ ဒီကိစ္စကိုသိလောက်တယ်"ဟု လင်ရှောင်းထင် ကပြောသည်။
သူပြောတာမှန်လေသည်။ Rနိုင်ငံက ထိုကိစ္စကို ရှာဖွေတွေ့ရှိပြီးတာနဲ့ ထိုသတင်းကို Mနိုင်ငံကို ဝေမျှသော်လည်း Mနိုင်ငံက သိပ်ပြီးယုံကြည်မှုမရှိပေ။
Rနိုင်ငံဟာ Mနိုင်ငံနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပေမဲ့လည်း သူတို့ရဲ့လျှို့ဝှက်ချက်မှန်သမျှကို Mနိုင်ငံအား မပြောပြပေ။
Rနိုင်ငံရဲ့ခေါင်းဆောင်ဟာ သူတို့နိုင်ငံမှာ သန္ဓေပြောင်းတွေနဲ့ နင်ဂျာတွေရှိတယ်ဆိုတာကို Mနိုင်ငံအားမပြောပြသလို Mနိုင်ငံကလဲ သွေးစုပ်ဖုတ်ကောင်တွေရဲ့ တည်ရှိမှုအကြောင်းကို မသိပေ။
လင်ရှောင်းထင် ရဲ့နိုင်ငံမှာတောင် မကောင်းဆိုးဝါးနဲ့ သရဲတစ္တေတွေအကြောင်းကို ဘယ်သူမှအယုံအကြည်မရှိပေ။
သွေးစုပ်ဖုတ်ကောင်တွေဟာ ဘယ်အဖွဲ့အစည်းကမှမဟုတ်ပေ။ သူတို့ဟာ အမှောင်ထဲနေတဲ့ မျိုးစိပ်တစ်ခုသာဖြစ်လေသည်။ သို့သော်လည်း သန္ဓေပြောင်းတွေကတော့ Rနိုင်ငံက လုပ်တာဖြစ်ပြီး နင်ဂျာတွေဟာလည်း ထို့အတူပင်ဖြစ်သည်။
ထို့ကြောင့် လင်ရှောင်းထင်ရဲ့နိုင်ငံဟာ တစ်ခါတရံမှာ Rနိုင်ငံရဲ့လှည့်ကွက်တွေကြောင့် ပြဿနာတွေနဲ့ ကြုံရလေ့ရှိသည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာဟာ နောက်ထပ် ထပ်ဖြစ်မှာမဟုတ်ပေ။
ထိုအရာကိုကြားတဲ့အခါ ဝေ့လင်ဖုန်း ဟာချက်ချင်းပဲ မကျေမနပ်ဖြစ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာဟာ အမှန်ပင်မကောင်းတဲ့အရာဖြစ်၍ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် သူတို့အနေနဲ့ ကျင့်ကြံသူတွေကို ရှာတွေ့ဖို့ခက်ခဲတယ်။ ဘာလို့လဲဆို ကျင့်ကြံသူအများစုက သူတို့ရဲ့ကမ္ဘာမှာပဲ နေတာများတယ်။ သူတို့က အပြင်ကမ္ဘာကိုလာခဲတယ်။ အဲ့တာမလို့ သူတို့ကိုတွေ့ရဖို့ မလွယ်ဖူး။ တကယ်လို့ သူတို့ ကျင့်ကြံသူတွေနဲ့ဆုံရင်တောင် သူတို့အနေနဲ့ ကျင့်ကြံသူတွေ မှော်စွမ်းအားသုံးရလောက်တဲ့အထိ မသန်မာရင် သူတို့အနေနဲ့ကျင့်ကြံသူတွေကို သတိပြုမိမှာမဟုတ်ဘူး"ဟု လင်ရှောင်းထင် ကပြောသည်။
အဲဒီလိုဆိုရင်တော့ ဝေ့လင်ဖုန်းဟာ စိတ်အေးသွားလေသည်။
လင်ရှောင်းထင်နဲ့ ဝေ့လင်ဖုန်းတို့စကားပြောတာဟာ မနက်၁၁နာရီတွင်ပြီးသွားကာ သူထွက်သွားလေသည်။
ဝေ့လင်ဖုန်းနဲ့ သူ့ဇနီးဟာ လင်ရှောင်းထင်ကို နေ့လည်စာအတူစားဖို့ ဖိတ်သော်လည်း လင်ရှောင်းထင်ကငြင်းဆိုလိုက်သည်။ အဘယ့်ကြောင့်ဆိုသော်
သူ့ချစ်သူကောင်မလေးနဲ့အတူ နေ့လည်စာစားမှာမလို့ဖြစ်သည်။ ထို့ကြောင့် ဝေ့လင်ဖုန်း နဲ့ သူ့ဇနီးဟာ အတင်းမတိုက်တွန်းတော့ပေ။
လင်ရှောင်းထင်အနေနဲ့ ထိုသို့ပြောရခြင်းဟာ ရှန်းကွမ်းယန်နဲ့ ကျင်းယွင်ယောင်တို့အကြောင်းကို မပေါ်သွားစေချင်၍ ဖြစ်သည်။
ဝေ့လင်ဖုန်းနဲ့ သူ့ဇနီးက လင်ရှောင်းထင်ရဲ့ ချစ်သူကောင်မလေးဟာ ကုနင်း မှန်းသိလေသည်။ သူတို့ဟာ ကုနင်း အကြောင်းတစ်ချို့ အင်တာနက်ပေါ်နှင့် သခင်ကြီးလင်ဆီမှ ကြားသိပြီးဖြစ်၍ သူတို့နှစ်ယောက်လုံးဟာ သူမအပေါ် အကောင်းမြင်စိတ်ရှိကြလေသည်။
အသက်ငယ်ငယ်ကလေးနှင့်ပင် သူမဟာ သာမာန်လူတွေရဲ့ အရည်အချင်းထက်သာကာ အောင်မြင်မှုတွေအများကြီး ရှိနေပြီဖြစ်သည်။
လင်ရှောင်းထင်ဟာ ဝေ့မိသားစုအိမ်မှ သူ့ကားဆီလမ်းလျှောက်ထွက်လာချိန်တွင် အသက်၂၄နှစ်အရွယ် ငယ်ရွယ်လှပတဲ့ အမျိုးသမီးတစ်ယောက်ရပ်နေတာတွေ့လေသည်။ သိသာစွာပင် သူမဟာ သူ့ကိုစောင့်နေတာဖြစ်သည်။
ထိုအမျိုးသမီးဟာ လင်ရှောင်းထင်ကို တွေ့တာနဲ့တပြိုင်နက် စိတ်လှုပ်ရှားမှုပြကာ သူ့ဆီလျှောက်လာလေသည်။ "ရှောင်းထင်၊ နင်ဖြစ်မယ်လို့ ငါသိသားပဲ"
ထိုအမျိုးသမီးကိုမြင်တဲ့အခါ လင်ရှောင်းထင်ဟာ သာမာန်လိုပဲ အေးစက်နိုင်သမျှ အေးစက်အောင်နေကာ "မင်္ဂလာပါ ဗိုလ်ကလေးရှဲ့"ဟု နှုတ်ဆက်လိုက်သည်။
သူမကို သူခေါ်လိုက်တဲ့ပုံစံကို ကြားတဲ့အခါ ရှဲ့ယီယီဟာ စိတ်မကြည်မလင်ဖြစ်သွားလေသည်။ "ရှောင်းထင်၊ ကျွန်မတို့က အခုစစ်တပ်,တပ်ရင်းရဲ့ အပြင်မှာရောက်နေတာ။ ရှင့်အနေနဲ့ ကျွန်မကို တရားဝင်အတိုင်း ခေါ်ဖို့မလိုဘူး"
ရှဲ့ယီယီက လင်ရှောင်းထင်ကို သဘောကျနေသူတစ်ယောက်ဆိုတာ ဒီထက်ပိုပြီး သိသာမနေနိုင်တော့ပေ။
"မစ္စရှဲ့"ဟု လင်ရှောင်းထင်က သူမကိုခေါ်လေသည်။
ရှဲ့ယီယီက စိတ်ပျက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာဟာ သူမလိုချင်နေတဲ့အရာမဟုတ်၍ဖြစ်သည်။ သူမဟာ တကယ်တော့ လင်ရှောင်းထင်က သူမကို ယီယီလို့ခေါ်တာကို လိုချင်တာဖြစ်သည်။
ရှဲ့ယီယီရဲ့အဖေဟာ ဒုဗိုလ်ချုပ်ဖြစ်သည်။ သူဟာ လင်မိသားစုအတွက် အလုပ်လုပ်နေတာမဟုတ်သော်လည်း သူဟာ ဝေ့လင်ဖုန်းရဲ့ လက်အောက်ငယ်သားဖြစ်တာမလို့ လင်ရှောင်းထင်က ရှဲ့ယီယီကို အရှက်မရစေချင်ပေ။ မဟုတ်လျင် သူဟာ သူမကို လျစ်လျူရှုကာ တန်းလှည့်ထွက်သွားမှာဖြစ်သည်။
ရှဲ့ယီယီဟာ လင်ရှောင်းထင်ကို သဘောကျနေတာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပြီး သူ့အတွက်ပဲ သူမဟာစစ်ထဲဝင်လာတာဖြစ်သည်။ လင်ရှောင်းထင်ကို အမှီလိုက်နိုင်ဖို့အတွက် သူမဟာ ဒီနှစ်တွေမှာ အရမ်းကြိုးစားနေတာဖြစ်သည်။ သူမရဲ့ ကောလိပ်ပညာရေးကိုတောင် ပြီးအောင်လုပ်ဖို့ ကျရှုံးခဲ့သေးလေသည်။
ဘာပဲဖြစ်ဖြစ် သူမရဲ့ အဆက်အသွယ်တွေသုံးပြီး ဒီပလိုမာရဖို့ရာ သူမအတွက် အရမ်းလွယ်ကူသေးလေသည်။ ထိုအကြောင်းကြောင့်ပဲ သူမဟာ အသက်၂၅နှစ် အရွယ်ကလေးနဲ့ ဗိုလ်ကလေးဖြစ်လာနိုင်တာ ဖြစ်သည်။
သူမဟာ လင်ရှောင်းထင်နဲ့ ယှဉ်နိုင်ရုံလေးသာရှိတာဖြစ်သော်လည်း သူမဟာ အထူးစစ်ဆင်ရေးအဖွဲ့ကတော့ မဟုတ်ပေ။ သူမဟာ သာမာန်စွမ်းဆောင်ချက်တွေကိုပဲ လုပ်တာဖြစ်၍ သူမဟာ လင်ရှောင်းထင်လောက် ရာထူးတိုးမမြန်ပေ။
သူမကိုယ်တိုင်လဲ သူမက လင်ရှောင်းထင်လောက် မစွမ်းဆောင်နိုင်မှန်းသိလေသည်။ မဟုတ်လျင် သူမအနေနဲ့ သူ့ကို အိုင်ဒေါလ်တစ်ယောက်အဖြစ် သတ်မှတ်မှာမဟုတ်ပေ။
"မစ္စရှဲ့၊ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်အခုသွားရတော့မယ်"ဟု လင်ရှောင်းထင်ကပြောပြီးတာနဲ့ ရှဲ့ယီယီကိုလျစ်လျူရှုကာ ကားနဲ့ချက်ချင်း တန်းမောင်းထွက်သွားလေသည်။
ရှဲ့ယီယီဟာ သူ့ကိုမတားနိုင်ပေ။ သူကားနဲ့မောင်းထွက်သွားတာကို ကြည့်ရင်း သူမဟာ ဝမ်းနည်းမှုတွေ ပြည့်နေလေသည်။ လင်ရှောင်းထင်က သူမအပေါ် ဘာလို့ဘယ်တော့မှ အာရုံမရှိတာလဲဆိုတာကို သူမနားမလည်နိုင်ပေ။ လင်ရှောင်းထင်က အမျိုးသမီးတွေကို စိတ်မဝင်စားဘူးဆိုတဲ့ ကောလဟာလက အမှန်တကယ်များလား။
ရှဲ့ယီယီက ထိုအရာကိုယုံကြည်ဖို့ ငြင်းဆန်တာမလို့ သူမဟာ ဘယ်တော့မှ လက်မလျော့ပေ။ သို့သော်လည်း သူမဟာ လင်ရှောင်းထင်က သူမအပေါ် အမြင်မကြည်ကာ သူတို့ရဲ့ဆက်ဆံရေး အဆုံးသတ်သွားမှာကို စိုးသောကြောင့် လင်ရှောင်းထင် စိတ်ရှုပ်အောင်လဲ မလုပ်ရဲပေ။
ရှဲ့ယီယီရဲ့ လင်ရှောင်းထင်နဲ့ ပြောဆိုဆက်ဆံပုံကိုကြည့်ပြီး မစ္စစ်ဝေ့ဟာ သက်ပြင်းချလိုက်လေသည်။ "ရှောင်းထင်နဲ့ ယီယီက လိုက်ဖက်တဲ့စုံတွဲတွေလို့ ကျွန်မယုံကြည်ပေမဲ့လည်း စိတ်ကူးယဉ်ဆန်တဲ့ ဆက်ဆံရေးဖြစ်ဖို့အတွက် ဒီလောက်နဲ့မလုံလောက်ပေ"
"ကုနင်းနဲ့ ရှောင်းထင်တို့ကလည်း လိုက်ဖက်တဲ့စုံတွဲဖြစ်နိုင်တယ်လို့ ကိုယ်ကထင်တယ်။ ကိုယ် ကုနင်းနဲ့ မတွေ့ဖူးသေးပေမဲ့လည်း သူမရဲ့ အရည်အချင်းနဲ့ မိသားစုနောက်ခံနှစ်ခုလုံးက အရမ်းထူးချွန်တယ်။ ပိုပြီးအရေးကြီးတာက ရှောင်းထင်နဲ့ သခင်ကြီးလင်တို့က သူမအပေါ်မှာ အရမ်းကောင်းမွန်တဲ့အမြင်ရှိတာပဲ"ဟု ဝေ့လင်ဖုန်းကပြောသည်။ သူလည်းပဲ ရှဲ့ယီယီကို သဘောကျပေမဲ့လည်း ထိုအရာဟာ အကူအညီမဖြစ်ပေ။
"ရှင်ပြောတာမှန်တယ်"ဟု မစ္စစ်ဝေ့က ဝေ့လင်ဖုန်းပြောတာကို သဘောတူလေသည်။
အိမ်ထဲတွင် မစ္စစ်ဝေ့ဟာ ဝေ့လင်ဖုန်းရဲ့စိတ်ပူနေတဲ့ မျက်နှာကိုတွေ့တာကြောင့် သူမက သူ့အား စိုးရိမ်စွာမေးလေသည်။ "တစ်ခုခုဖြစ်လို့လား"
မစ္စစ်ဝေ့ဟာ ဝေ့လင်ဖုန်းရဲ့ အလုပ်နဲ့ပတ်သတ်ပြီး ဘယ်တော့မှဘာမှမမေးသော်လည်း သူ့စိတ်အခြေအနေကိုတော့ သူမ အတော်ဂရုစိုက်လေသည်။
တကယ်လို့ ဝေ့လင်ဖုန်းသာ သူမကိုပြောပြချင်ရင် သူမအနေနဲ့နားထောင်ပေးမည်ဖြစ်သည်။ တကယ်လို့ မပြောပြချင်ရင်တော့ သူမဟာ သူ့ဆီကအဖြေရဖို့ ဆက်ပြီးမေးနေမှာမဟုတ်ပေ။
"ဘာမှ ထွေထွေထူးထူးမဟုတ်ပါဘူး။ အလုပ်ကိစ္စတင်ပါ"ဟု ဝေ့လင်ဖုန်း ကပြောသည်။ သူ့အနေနဲ့ သူ့ကို လင်ရှောင်းထင်ပြောတဲ့အကြောင်းအား သူ့မိန်းမကို ပြောပြလို့မရတာမလို့ သူဟာ ထိုခေါင်းစဉ်အပေါ်မှာ ဆက်ပြီးပြောလိုစိတ်မရှိပေ။
သူဟာ ထိုသို့ပြောမှတော့ မစ္စစ်ဝေ့ဟာ ဆက်မမေးတော့ပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၈၂ သူ့ကိုအခွင့်အရေးပေးကြည့်
ကျုံးဟိုင်ဥယျာဉ်နဲ့ စစ်ဟယ်ယွမ်တို့ဟာ မြို့လည်စင်တာမှာ ရှိတာဖြစ်တဲ့အတွက် တစ်နေရာနဲ့တစ်နေရာ သိပ်မဝေးပေ။ ထို့ကြောင့် မိနစ်အနည်းငယ်ကားမောင်းပြီးနောက် လင်ရှောင်းထင်ရောက်လေသည်။ သူဟာ လမ်းမပေါ်မှာ လမ်းမီးစိမ်းတာ နှစ်ခါတောင် စောင့်ခဲ့သေးလေသည်။
စစ်ဟယ်ယွမ်မှာ ထမင်းစားပြီး လေ့ကျင့်ပြီးတဲ့နောက်မှာတော့ သူတို့ဟာ ရှန်းကွမ်းယန်နဲ့အတူ လင်မိသားစုနေအိမ်သို့ ညနေ၃နာရီတွင် သွားကြလေသည်။
ဒီအချိန်အတောအတွင်းတွင် သခင်ကြီးလင်နဲ့ ရှန်းကွမ်းယန်တို့ဟာ မကြာခဏဆုံဖြစ်လေ့ရှိသည်။ သူတို့ဟာ လင်ရှောင်းထင်ကြောင့် တစ်ယောက်နဲ့တစ်ယောက်နဲ့ ဆက်ဆံရေးပြေပြစ်ကြလေသည်။
သခင်ကြီးလင်ဟာ သခင်ကြီးရှုနဲ့ ကျန်းကျုံးယွီတို့အား ရှန်းကွမ်းယန်နဲ့ မိတ်ဆက်ပေးလေသည်။ သူတို့အားလုံးဟာ ရှန်းကွမ်းယန်က လင်ရှောင်းထင်ရဲ့ဆရာဆိုတာ သိတဲ့အတွက် သူ့ကိုအရမ်းလေးလေးစားစားပင်ဆက်ဆံလေသည်။ ထို့အပြင် ရှန်းကွမ်းယန်ဟာ ပေါင်းသင်းရလွယ်ကူတာကြောင့် သူတို့ရဲ့ဆက်ဆံရေးဟာ ကောင်းမွန်လေသည်။
ရှန်းကွမ်းယန်ကလည်း သူတို့ကို လက်သီးသုံးရတဲ့ သိုင်းတစ်ချို့သင်ပေးလေသည်။ သူတို့ရဲ့ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အတွက် သူတို့နဲ့နေ့စဉ်ဘဝမှာ ပို၍လေ့ကျင့်ဖို့လဲ သူကပြောလေသည်။ ထို့ကြောင့် သခင်ကြီးလင်နဲ့ သူ့ရဲ့အသက်ကြီးဝါကြီး သူငယ်ချင်းတွေဟာ သိုင်းပညာကို အခုတလော နေ့စဉ်လေ့ကျင့်နေကာ ပိုပိုပြီးပျော့ပြောင်းနေပြီဖြစ်သည်။
ထိုအရာကြောင့် သူတို့ဟာ ရှန်းကွမ်းယန် အပေါ်မှာအကောင်းမြင်ကြလေသည်။ သူတို့မှာပျော်ဖို့ကောင်းတာတစ်ခုခုကြုံတိုင်း သူတို့က သူ့ကိုဖိတ်ဖို့မမေ့ကြသော်လည်း ရှန်းကွမ်းယန်က သူတို့နဲ့ အကြိမ်တိုင်း မသွားပေ။
ရှန်းကွမ်းယန်ဟာ သိုင်းအဆင့်အရမ်းမြင့်နေပေမဲ့လည်း သူ့ဟာသူ့ကိုယ်သူ ပိုပြီးတင်းကျပ်လေသည်။ ထို့ကြောင့် သူ့ရဲ့အားလပ်တဲ့အချိန်တွေဟာ ကျင့်ကြံခြင်းနဲ့ပဲကုန်ဆုံးဖို့လိုလေသည်။ အခုချိန်ကာလမှာ မှော်စွမ်းအင်တွေဟာ ပါးသထက်ပါးလာပြီဖြစ်လေရာ ကျင့်ကြံဖို့ရာ အချိန်တွေက ပိုပို၍ လိုလာနေပြီဖြစ်သည်။
လင်ရှောင်းထင်နဲ့ အခြားသူတွေ လင်မိသားစုအိမ်ဟောင်းကို ရောက်တဲ့အခါမှာ ကျန်းရှူးယွမ်ကလည်း လင်ရှောက်ကျားဆီ ဆေးရုံကိုသွားလည်ရမှ ပြန်လာပြီဖြစ်သည်။ သူမဟာ သူမရဲ့ကားထဲမှ သူတို့ထက်အရင် စောထွက်လာတာဖြစ်သည်။
သူမဟာ လင်ရှောက်ကျား သက်သာလာတာဖြစ်လို့ စိတ်ကြည်နေတာဖြစ်လေသည်။ လဝက်အတွင်းမှာပဲ သူမအနေနဲ့ အိမ်ပြန်ပြီး ဒဏ်ရာသက်သာသည်ထိ နားလို့ရလေသည်။ သို့သော်လည်း လင်ရှောင်းထင်နဲ့ အခြားသူတွေကို တွေ့တာနဲ့တပြိုင်နက် သူမဟာ စိတ်မကြည်ဖြစ်သွားလေသည်။ အထူးသဖြင့် ကုနင်းကို တွေ့တဲ့အခါမှာ ဖြစ်သည်။ လင်ရှောက်ကျားဟာ ကုနင်းကြောင့် ဒဏ်ရာအပြင်းအထန်ရသွားတာ ဖြစ်တာမလို့ သူမဟာ အရမ်းမုန်းတီးမှုတွေနဲ့ ပြည့်နေတာဖြစ်သည်။
ထိုအရာ လင်ရှောက်ကျားရဲ့အမှားဖြစ်ကာ သူတို့အနေနဲ့ ဖြစ်လာတဲ့ရလဒ်ကို လက်ခံရမည်ဖြစ်သော်လည်း သူတို့အနေနဲ့ ကုနင်းကို အပြစ်မတင်တော့တာလို့တော့ မဆိုလိုပေ။
ထို့နောက်မှာတော့ ကျန်းရှူးယွမ်ဟာ သူတို့ကိုသဘောမကျတဲ့ အကြည့်ဖြင့်ကြည့်ကာ အိမ်ထဲဝင်သွားလေသည်။
လင်ရှောင်းထင်နဲ့ အခြားသူတွေဟာ ထိုအရာကိုမြင်သော်လည်း သူတို့အနေနဲ့ ကျန်းရှူးယွမ်ကို ဂရုမစိုက်ချေ။
ကျန်းရှူးယွမ်က လင်ရှောင်းထင်နဲ့ အခြားသူတွေကို မမြင်ချင်တာကြောင့် သခင်ကြီးလင်ကို နှုတ်ဆက်ပြီးတာနဲ့ အပေါ်ထပ်က သူမအခန်းထဲသို့သွားလေသည်။ သူမဟာ လင်ယွမ်ကျန်းနဲ့ ဇနီးကိုလဲ လျစ်လျူရှုလိုက်လေသည်။
သူတို့ဟာ ကျန်းရှူးယွမ်က ဘာကြောင့်ထိုသို့ လုပ်နေတယ်ဆိုတာသိသော်လည်း သူတို့လဲဘယ်တော့မှ လင်ယွမ်ချန်ရဲ့မိသားစုကို သဘောမကျပေ။
သခင်ကြီးလင်ဟာ ခေါင်းကိုရမ်းလျက် သက်ပြင်းချရုံကလွဲ၍ ထိုအရာကို သူဘာမှမလုပ်နိုင်ပေးနိုင်ချေ။ အခုချိန်မှာ သူတို့ရဲ့ဆိုးရွားတဲ့ ဆက်ဆံရေးကို တိုးတက်အောင်လုပ်ဖို့ရာ လုံးဝမဖြစ်နိုင်တော့ချေ။ သူ့အနေနဲ့ ပိုမဆိုးလာဖို့သာ မျှော်လင့်ရတော့လေသည်။
ရှန်းကွမ်းယန်လဲ အတူပါလာတာဖြစ်တာကြောင့် သခင်ကြီးလင်က ကိုယ်တိုင်အပြင်ထွက်ကြိုဆိုလေသည်။
"မင်္ဂလာပါ၊ ရှန်းကွမ်း ကြိုဆိုပါတယ်"ဟု သခင်ကြီးလင်က ရှန်းကွမ်းယန်အား နွေးထွေးစွာကြိုဆိုလေသည်။
"ငါမင်းအိမ်မှာ ညစာရှယ်လာစားဖို့ လာတာပဲ၊ လင်။ မင်းအနေနဲ့ စားဖိုမှူးကို အစားအစာတွေ ပိုပြင်ဖို့ပြောမှရမယ်"ဟု ရှန်းကွမ်းယန်က လုံးဝမရှက်ပဲ ပြောလေသည်။
"ကိစ္စမရှိပါဘူး။ မင်းအသားကြိုက်တာငါသိလို့ စားဖိုမှူးကို မီးဖိုချောင်ထဲမှာရှိတဲ့ အသားမှန်သမျှကို ပြင်ဆင်ထားဖို့ ပြောပြီးသွားပြီ"ဟု သခင်ကြီးလင်ကရယ်မောလေသည်။ သူက ရှန်းကွမ်းယန် အများကြီးစားနိုင်တာသိပြီးဖြစ်သည်။ ရှန်းကွမ်းယန်ဟာ သူလိုလူမျိုးလေးယောက်စာလောက် စားနိုင်တာဖြစ်လို့ သခင်ကြီးလင်က ဒီနေ့ညစာအတွက် စားဖိုမှူးအား အစားအစာအလုံအလောက် ပြင်ဆင်ထားဖို့ရန် ပြောထားပြီးဖြစ်သည်။
"လူကြီးမင်းရှန်းကွမ်း၊ ယွင်ယောင်၊ ရှောင်းထင်နှင့် ကုနင်းတို့ကို တွေ့ရတာဝမ်းသာပါတယ်"ဟု လင်ယွမ်ကျန်းနဲ့ သူ့ရဲ့ဇနီးဟာ သူတို့အားနှုတ်ဆက်လေသည်။
"မင်္ဂလာပါ အဖေ၊ ယွမ်ကျန်းနဲ့ ယင်"ဟု ကျင်းယွင်ယောင်က သခင်ကြီးလင်အား ခေါ်လေသည်။
"မင်္ဂလာပါ အဘိုး၊ ဦးလေးယွမ်ကျန်းနဲ့ အန်တီယင်"
"မင်္ဂလာပါ မင်္ဂလာပါအဘိုးလင်"
လင်ရှောင်းထင်နဲ့ ကုနင်းတို့ဟာလည်း နှုတ်ဆက်ကြလေသည်။
"မင်္ဂလာပါကွယ်"ဟု သခင်ကြီးလင်က သူတို့ကို ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသော်လည်း သူ့မျက်နှာပေါ်က အပျော်တွေကိုတော့ မဖုံးကွယ်ထားနိုင်ပေ။
သူတို့ ထိုင်ခုံမှာထိုင်ပြီးတာနဲ့တပြိုင်နက် အပေါ်ထပ်ကနေ မြန်မြန်ဆင်းလာနေတဲ့ ခြေသံကို သူတို့ကြားလေသည်။ လင်ရှောက်ရှီနဲ့ လင်ရှောက်ရွှမ်းတို့ဟာ ကုနင်း နဲ့တခြားသူတွေ ရောက်နေတယ်လို့ကြားတာနဲ့တပြိုင်နက် အောက်ထပ်ကိုဆင်းလာတာဖြစ်သည်။
"မင်္ဂလာပါ၊ အဖိုးရှန်းကွမ်း၊ အန်တီယွင်ယောင်၊ ရှောင်းထင်နဲ့ ကုနင်း"ဟု သူတို့ဟာ အောက်ဆင်းလာပြီးနောက် သူတို့ကို နှုတ်ဆက်လေသည်။
ဧည့်ခန်းထဲတွင် သူတို့ဟာ စကားအနည်းငယ်ပြောပြီးနောက် လွတ်လွတ်လပ်လပ် စကားပြောနိုင်စေရန် လင်ရှောက်ရှီဟာ ကုနင်းကို အပြင်ဆွဲခေါ်သွားလေသည်။
ခြံဝင်းထဲအရောက် ဘေးနားမှာ လူတစ်ယောက်မှ မရှိတဲ့အခါတွင် လင်ရှောက်ရှီဟာ တစ်ခုခုကို ပြောရမှာ တွန့်ဆုတ်နေဟန်ဖြစ်နေလေသည်။
"ဘာဖြစ်လို့လဲ"ဟု လင်ရှောက်ရှီ တွန့်ဆုတ်နေတာကိုတွေ့ပြီး သူမဟာ အနည်းငယ် စိတ်ပူသွားပြီး လင်ရှောက်ရှီ ဘာမှမပြောရသေးခင်မှာပင် ကုနင်းက မေးလိုက်လေသည်။
ကုနင်းဟာ စိတ်ရှည်သော်လည်း လင်ရှောက်ရှီကို စိတ်ပူတာကြောင့် သူမဟာစိတ်မရှည်လာတော့ပေ။ ထို့အပြင် လင်ရှောက်ရှီရဲ့ မျက်နှာအမူအရာကြည့်တာနဲ့တင် တစ်ခုခုတော့ဖြစ်ထားပေလိမ့်မည်။
အနည်းငယ် တွန့်ဆုတ်ပြီးနောက် လင်ရှောက်ရှီကပြောလေသည်။ "အမ်။ နင်းနင်း၊ ဒီရက်ပိုင်း ငါစဉ်းစားနေတာ တစ်ခုရှိပေမဲ့ ငါဘယ်သူနဲ့တိုင်ပင်ရမှန်း မသိဖြစ်နေတာ။ နင်ငါ့ကိုကူညီလို့ရမလား"
"ဘာကိစ္စလဲ"ဟု ကုနင်း ကမေးသည်။
"ကိစ္စက ငါရဲ့မိန်းကလေးသူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အစ်ကိုက သူက ငါ့ကိုကြိုက်နေတယ်လို့ပြောတယ်။ ငါ့မှာလဲ သူ့အပေါ်အထင်မြင်ကောင်းရှိတယ်။ အဲ့တာက လေးစားတာလားဆိုတာ ငါမသေချာပေမဲ့လည်း ငါသူ့အကြောင်း ပိုသိရဖို့ လိုလားတယ်။ သူတို့မိသားစုက ဒီနိုင်ငံကမဟုတ်ဘူး။ သူတို့က HKက။ HKမှာ သူ့မိသားစုက အရမ်းကြီးမားတဲ့မိသားစုတစ်ခုပဲ။ တအားကြီးမကွာခြားရင် ငါက လူတစ်ယောက်ရဲ့ မိသားစုနောက်ခံကို ပုံမှန်အားဖြင့် သိပ်ဂရုမစိုက်ပါဘူး။ သူက အခုမြို့တော်မှာ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်နေတာ။ သူဟာ အောင်မြင်မှုတွေလဲရလာပြီး ရှေ့ရေးအလားအလာလဲကောင်းတယ်။ ဘာပဲဖြစ်ဖြစ် သူက သူ့ကိုယ်သူလဲ အဆင့်အတန်းမြင့်မြင့်ထားတယ်လို့ ငါခံစားမိတယ်"ဟု လင်ရှောက်ရှီကပြောသည်။ ထိုအရာကိုပြောရင်း သူမရဲ့ပါးတွေဟာ ရှက်သွေး အနည်းငယ်ဖြာနေလေသည်။ လင်ရှောက်ရှီဟာ ထိုအမျိုးသားကို သူမ,ထင်ထားတာထက် ပိုသဘောကျနေတာ အသိသာပင်ဖြစ်သည်။
"နင့်မှာ သူ့ကိုအထင်မြင်ကောင်းရှိမှတော့ ဘာလို့သူ့ကို အခွင့်အရေးမပေးကြည့်တာလဲ။ သူက နင့်ကိုတကယ်ကြိုက်တာလားဆိုတာ သေချာသိရဖို့ နင့်အနေနဲ့ သူ့အကြောင်းပိုသိရဖို့ အချိန်တွေအများကြီးလိုတယ်"ဟု ကုနင်းကပြောသည်။
ရုတ်တရက်ပဲ လင်ရှောက်ရှီက စိတ်အားငယ်သွားလေသည်။ "အာ၊ ဒါပေမယ့် ငါ့ရဲ့မိန်းကလေးသူငယ်ချင်းကောင်း တစ်ယောက်ကလည်း သူ့ကိုကြိုက်နေတာ ငါသိထားတယ်။ သူ့အကြောင်းကိုပြောတိုင်း သူမရဲ့ပုံစံက အရမ်းထူးခြားနေတာပဲ။ သူမကိုကြည့်ရတာ ပျော်လဲပျော်ရွှင်နေသလို ဝမ်းလည်းဝမ်းနည်းနေတယ်။ သူမရဲ့ ခံစားချက်အမှန်ကို သူမကငါ့ကို ဘယ်တော့မှ မပြောပြပေမဲ့လည်း ငါခံစားမိနေတယ်။ တကယ်လို့ ငါအဲဒီကောင်လေးနဲ့ အတူတွဲပြီးသွားရင် ငါ့မိန်းကလေးသူငယ်ချင်းကောင်းလေး နာကျင်သွားရင် ဘယ်နှယ့်လုပ်မလဲ"
"အမ်..."ဟု ထိုအရာကိုကြားတဲ့အခါ ကုနင်းဟာ ထိုအရာကို လွယ်ကူတဲ့မေးခွန်းမဟုတ်ဘဲ သဘောပေါက်သွားလေသည်။ တစ်ယောက်က သူမ,သူငယ်ချင်းဖြစ်ပြီး တခြားတစ်ယောက်က သူမ,ကြိုက်နေတဲ့ ကောင်လေး၊ ပြီးတော့ သူမ,သူငယ်ချင်းကလဲ ထိုကောင်လေးကိုပဲ သဘောကျနေတာဖြစ်လေသည်။ ထိုအရာဟာ အတော် ဘေးကျပ်နံကျပ် ဖြစ်လေသည်။
ထိုအမျိုးသားဟာ သိသာစွာပင် လင်ရှောက်ရှီရဲ့ သူငယ်ချင်းကောင်းကို သဘောမကျတာမလို့ တကယ်လို့ သူမက ထိုအမျိုးသားရဲ့ချစ်သူကောင်မလေးဖြစ်လာရင်တောင် ထိုအရာဟာ လင်ရှောက်ရှီရဲ့ အမှားမဟုတ်သော်လည်း သူမရဲ့မိန်းကလေးသူငယ်ချင်းကောင်းဟာ နာကျင်သွားမည်ဖြစ်သည်။
တကယ်လို့ သူမရဲ့မိန်းကလေးသူငယ်ချင်းကောင်းဟာ ထိုအကြောင်းကို ဘယ်တော့မှဘာမှမပြောဘဲနဲ့ သူတို့နှစ်ယောက်ကိုပါ အတူရှိဖို့ကူညီပေးရင်တောင် ထိုအရာ သူမအနေနဲ့ လုံးဝဝမ်းနည်းမနေဘူးလို့ မဆိုလိုပေ။
ထိုကဲသို့အဖြစ်အပျက်မျိုးဖြစ်မှာကို လင်ရှောက်ရှီကလည်း မမြင်ချင်ကြောင်း ကုနင်းက သေချာလေသည်။ သူမကြိုက်နေတဲ့ထိုအမျိုးသားရော သူမရဲ့သူငယ်ချင်းကပါ သူမအတွက် အရေးပါလို့ဖြစ်သည်။
သူမကလည်းပဲ လင်ရှောင်းထင်ကို သဘောကျနေတဲ့ ကျီပိုင်ယင်းနဲ့ သူငယ်ချင်းဖြစ်လာပေမဲ့လည်း သူမက လင်ရှောင်းထင်ရဲ့ ချစ်သူကောင်မလေးဖြစ်လာစဉ်က သူမဟာ ကျီပိုင်ယင်းကိုမသိပေ။ ထို့ကြောင့် သူမဟာ သူမရဲ့သူငယ်ချင်းကို မနာကျင်စေခဲ့ပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၈၃ ရင်ဆိုင်လိုက်
"အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ငါလဲကူညီနိုင်မှာမဟုတ်ဘူး"ဟု ကုနင်းက လင်ရှောက်ရှီ ကိုကူညီပေးချင်သော်လည်း သူမမှာ အကြံဉာဏ်ကောင်းမရှိပေ။
"အေးပါ"ဟု လင်ရှောက်ရှီက သက်ပြင်းချလိုက်လေသည်။
ခဏလောက် အသံတိတ်နေပြီးနောက် လင်ရှောက်ရှီဟာ အသက်ပြင်းပြင်းရှုလိုက်လေသည်။ "ထားလိုက်တော့။ ငါ့ရဲ့မိန်းကလေးသူငယ်ချင်းကောင်းကို သူနဲ့မတိုင်ခင်က ဆုံတာဖြစ်သလို ငါ့ရဲ့မိန်းကလေးသူငယ်ချင်းကြောင့်ပဲ ငါသူနဲ့ရင်းနှီးသွားတာ။ သူ့အတွက်နဲ့တော့ ငါသူမကို နာကျင်အောင်မလုပ်နိုင်ဘူး။ ငါက အခုချိန်မှာ သူ့အပေါ် အထင်မြင်ကောင်းရှိရုံပဲရှိသေးတာ။ ငါ့ရဲ့သူငယ်ချင်းဆက်ဆံရေးကို အလျော့ပေးရလောက်အောင်ထိ မလုံလောက်သေးဘူး"
တကယ်တော့ လင်ရှောက်ရှီက ထိုဆုံးဖြတ်ကို ချပြီးဖြစ်တာမလို့ သူမဟာ ထိုအမျိုးသားရဲ့ စာတိုတွေကို ဒီရက်ပိုင်းမှာ စာပြန်ခဲလေသည်။ တကယ်လို့ သူကသူမကို ဖုန်းဆက်ရင်တောင် ယဉ်ကျေးမှုအရ စကားအနည်းငယ်ပြောပြီးနောက် သူမဟာ အလျင်အမြန်ပဲ ဖုန်းချတာဖြစ်သည်။
ကုနင်းဟာ ဒီနေ့လာတာမလို့ သူမကို ဒီအတိုင်းမေးလိုက်တာဖြစ်သည်။
လင်ရှောက်ရှီက လက်လျော့ဖို့ဆုံးဖြတ်လိုက်တာမလို့ ကုနင်းက ထိုအကြောင်းကို ဆက်ပြီးမပြောတော့ပေ။
ထိုအချိန်မှာပဲ လင်ရှောက်ရှီရဲ့ဖုန်းဟာ မြည်လာကာ ဖုန်းခေါ်တဲ့သူက သူမရဲ့မိန်းကလေးသူငယ်ချင်းကောင်းဖြစ်လေသည်။ လင်ရှောက်ရှီဟာ ကုနင်းကို မရှောင်ပဲ ဖုန်းကိုကိုင်လိုက်လေသည်။
"ရှောက်ရှီ၊ ဒီညအတူတူအပြင်ထွက်ရအောင်"ဟု လင်ရှောက်ရှီရဲ့သူငယ်ချင်းက ပြောသည်။
"အာ၊ ငါဒီနေ့တော့မအားဘူး"ဟု လင်ရှောက်ရှီက အနည်းငယ်စိတ်ထဲလေးပင်စွာပင် ပြောလိုက်သည်။ သူမဟာ အပြင်သွားတာနဲ့ ထိုအမျိုးသားနဲ့ဆုံမှာသိတဲ့အတွက် သူမဟာ အကြောင်းပြချက် တစ်ခုရှာပေးလိုက်တာဖြစ်သည်။
"နင်မအားဘူးလား။ နင်ကဘာတွေနဲ့ အလုပ်ရှုပ်နေတာလဲ"ဟု သူမရဲ့သူငယ်ချင်းက မေးသည်။
လင်ရှောက်ရှီဟာ ကုနင်းကို တစ်ချက်ငဲ့ကြည့်လိုက်ပြီး ချက်ချင်း အကြောင်းပြချက်တစ်ခုရှာတွေ့သွားလေသည်။ "ငါ့အစ်ကိုဝမ်းကွဲရဲ့ကောင်မလေးက ဒီမှာရောက်နေတာ။ ငါသူမနဲ့ အတူနေပေးရဦးမှာ"
"နင့်အစ်ကိုဝမ်းကွဲရဲ့ ကောင်မလေးလား။ ရှောင်းထင်လား ဒါမှမဟုတ် ရှောက်မင်လား"ဟု သူမရဲ့ သူငယ်ချင်းက စပ်စုစွာမေးလေသည်။ သူမဟာ ထိုမေးခွန်းကိုမေးလိုက်ပေမဲ့လည်း လင်ရှောက်မင်ရဲ့ကောင်မလေးဖြစ်မည်ဟု သူမကယုံကြည်လေသည်။ လင်ရှောင်းထင်ရဲ့စရိုက်ကို အထက်စီးကလူတွေအကုန်လုံး သိပြီး၍ဖြစ်သည်။
"ရှောင်းထင်"ဟု လင်ရှောက်ရှီကဖြေသည်။
"ဘာပြောတယ်။ လင်ရှောင်းထင်မှာ ချစ်သူကောင်မလေးရှိတယ်ပေါ့။ Jesus၊ ငါ့နားရွက်တွေကိုတောင် ငါမယုံကြည်နိုင်ဘူး။ ဒီကမ္ဘာမှာ ဘယ်မိန်းကလေးက လင်ရှောင်းထင်ရဲ့ နှလုံးသားကို အနိုင်ယူနိုင်လိုက်တာလဲ"ဟု လင်ရှောက်ရှီရဲ့ သူငယ်ချင်းကပြောလေသည်။ လင်ရှောင်းထင်ရဲ့ နှလုံးသားကို အနိုင်ယူနိုင်သွားတဲ့ ထိုအံ့ဩဖွယ်မိန်းကလေးကို သူမဟာအရမ်းတွေ့ချင်သွားလေသည်။ "နင်သူမနဲ့ တူတူလာခဲ့ပါလား။ ငါတို့အတူတူ ပျော်လို့ရတယ်လေ"
"အာ၊ အဲ့ကိစ္စက ငါသူမကိုမေးဖို့လိုသေးတယ်။ ငါနင့်ကို ပြီးကျရင် ပြန်ပြောလိုက်မယ်။ သူမ,သွားမလား မသွားဘူးလားတော့ ငါမသေချာဘူး။ တကယ်လို့ သူမသာမသွားရင် ငါလဲမသွားတော့ဘူး။ ငါသူမကို တစ်ယောက်တည်း ထားခဲ့လို့မရဘူး"ဟု လင်ရှောက်ရှီဟာ တကယ်တော့ သူမရဲ့သူငယ်ချင်းကို တိုက်ရိုက်ပင်ငြင်းချင်ပေမဲ့လည်း ထိုအရာဟာ အနည်းငယ် မယဉ်ကျေးရာရောက်၍ သူမရဲ့စိတ်ကို ပြောင်းလိုက်တာဖြစ်သည်။
...
ဖုန်းချပြီးနောက် လင်ရှောက်ရှီဟာ ကုနင်းကို ရှက်စွာပင်ပြောလိုက်သည်။ "အာ၊ ရှောင်းထင်ရဲ့ ကောင်မလေးက မသွားချင်ဘူးလို့ ငါသူမကို မိနစ်အနည်းငယ်နေရင် ပြန်ဆက်လိုက်လို့ရတယ်"
သူမက ကုနင်းကို အကြောင်းပြချက်အနေနဲ့ အသုံးချလိုက်တာမလို့ လင်ရှောက်ရှီဟာ ရှက်သွားလေသည်။
"နင်အမြဲတမ်း ရှောင်နေလို့မရဘူးနော်"ဟု ကုနင်းကပြောသည်။ လင်ရှောက်ရှီက ထိုသို့ဘာဖြစ်လို့လုပ်လဲဆိုတာ သူမနားလည်ပေမဲ့လည်း ထိုအရာဟာ အကြံဥာဏ်ကောင်းတစ်ခုလို့တော့ မထင်ပေ။
"နင်ပြောတာမှန်တယ်။ ဒါပေမယ့် ငါသူနဲ့ မျက်နှာချင်းဘယ်လို ဆိုင်ရမလဲမသိဘူး"ဟု လင်ရှောက်ရှီဟာ ကျဉ်းထဲကျပ်ထဲ ရောက်နေသလိုခံစားရသော်လည်း ဘာအကြံဉာဏ်ကောင်းမှ စဉ်းစားလို့မရပေ။
"တကယ်လို့ငါသာနင်ဆိုရင်၊ ထိပ်တိုက်ရင်ဆိုင်လိုက်ပြီး လေးစားသဘောကျနေတာကနေ သူငယ်ချင်းဆက်ဆံရေးအဖြစ်ပြောင်းလဲလိုက်မှာပဲ။ ခက်ခဲပေမဲ့လည်း နင့်အနေနဲ့ ဆုံးဖြတ်ချက်ချပြီးမှတော့ ရလဒ်ကိုခံယူသင့်တယ်။ နင်က နင့်သူငယ်ချင်းနာကျင်သွားမှာ မခံစားစေချင်တဲ့အတွက် သူမကြောင့် အဲဒီကောင်လေးကို နင်လက်လျော့လိုက်တယ်ဆိုတာကို သူမ,မသိစေနဲ့ ဒါမှမဟုတ်ရင် သူမအနေနဲ့ အပြစ်ရှိသလိုခံစားရပြီး သူမကိုယ်သူမအပြစ်တင်နိုင်လေသည်။ နင်က သူမကို မနာကျင်စေတာဖြစ်သလို သူမမှာလည်းတူညီတဲ့သဘောထားရှိတယ်။ ထို့ကြောင့် နင်က အဲဒီကောင်လေးကို သူမကြောင့်လက်လျော့လိုက်တယ်ဆိုတဲ့အစား နင်က အဲဒီကောင်လေးကို သဘောမကျဘူးဆိုတဲ့ ပုံရိပ်ယောင်ဖန်တီးသင့်သည်။ တကယ်တော့ အဲ့တာက ငါ့အကြံအစည်သက်သက်တင်ပဲ။ ငါနင့်ကိုလုပ်ဖို့ ဖိအားပေးမှာမဟုတ်ဘူး။ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ရမှာက နင့်တာဝန်ပဲ"ဟု ကုနင်း ကပြောသည်။
"ငါနင်ပြောတာသဘောတူတယ်။ ငါ့အနေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့သင့်ပြီး ငါ့သူငယ်ချင်းကို သူမကြောင့် ငါသူ့ကိုလက်လွှတ်လိုက်တယ်ဆိုတာလည်း ပေးသိလို့မဖြစ်ဘူး။ စစချင်းမှာ လုပ်ရတာခက်ခဲပေးမဲ့လည်း ထိုအရာဟာပြဿနာမဟုတ်ဘူး"ဟု ကုနင်းပြောတာ အဓိပ္ပာယ်ရှိသည်ဟု လင်ရှောက်ရှီက တွေးမိသည့်အတွက် သူမရဲ့အကြံဉာဏ်ကို လိုက်နာရန် ဆုံးဖြတ်လိုက်သည်ဖြစ်သည်။ "နင်းနင်း၊ငါစိတ်အေးအောင်လို့ နင်ငါနဲ့ဒီည လိုက်ခဲ့လို့ရမလား"
"ရတယ်လေ"ဟု ကုနင်းက လင်ရှောက်ရှီကို စိတ်ပူနေတာဖြစ်၍ သူမဟာ မငြင်းတော့ပေ။
ထို့နောက်မှာတော့ လင်ရှောက်ရှီဟာ သူမရဲ့သူငယ်ချင်းကို ပြန်ပြောကာ သူတို့ဟာ ဧည့်ခန်းထဲပြန်ဝင်သွားကြလေသည်။
လင်ယွမ်ချန်ဟာ ဒီနေ့လုပ်စရာကိစ္စရှိတာမလို့ သူဟာ ည၆နာရီထိုးမှ အိမ်ပြန်ရောက်လေသည်။
ည၆နာရီတွင် ညစာစားချိန်ရောက်ပြီဖြစ်သည်။
လင်ရှောင်းထင်နဲ့အခြားသူတွေလာတာနဲ့ ကျန်းရှူးယွမ်ဟာ အစားစားချင်စိတ်ပျောက်သွားလေသည်။ သို့သော်လည်း တကယ်လို့သူမသာမစားရင် ဗိုက်ဆာနေမှာဖြစ်လို့ သူမကိုယ်သူမ ဖိအားပေးကာ အနည်းငယ်စားဝင်အောင်စားလိုက်လေသည်။
ညစာစားပြီးနောက် လင်ရှောင်းထင်နဲ့အခြားသူတွေကို မတွေ့ချင်တာကြောင့် သူမအနေနဲ့ လင်ရှောက်ကျားဆီအလည်သွားဖို့လိုသေးတယ်ဆိုတဲ့ အကြောင်းပြချက်သုံးကာ ကျန်းရှူးယွမ်ဟာ အပြင်ထွက်သွားလေသည်။
ဘာပဲဖြစ်ဖြစ် ကျန်းရှူးယွမ် ဘယ်သွားတယ်ဆိုတာ ဘယ်သူမှဂရုမစိုက်ပေ။
ညစာစားပြီးနောက် ကုနင်းနဲ့ အခြားသူတွေဟာ ခဏတဖြုတ်နားကျလေသည်။ ထို့နောက် လင်ရှောက်ရှီရဲ့သူငယ်ချင်းတွေနဲ့ တွေ့ဖို့ သူမအနေနဲ့ အပြင်သွားဖို့လိုကြောင်းနှင့် သူတို့နဲ့အတူမပြန်တော့ကြောင်း ကုနင်းကပြောလေသည်။
ကုနင်းလုပ်ချင်တာ လုပ်တာကို ဘယ်သူမှမတားပေ။
ည၈:၃၀ခွဲတွင် ကုနင်းနဲ့ လင်ရှောက်ရှီ တို့ဟာ လင်ရှောက်ရှီရဲ့ကားနဲ့ ကုနင်း ကမောင်းလျက် အပြင်ထွက်လာကြလေသည်။
သူတို့အတူဆုံဖို့ချိန်းထားတဲ့နေရာဟာ အထက်တန်းကျကျကလပ်တစ်ခုဖြစ်သည်။ သူတို့ရောက်တဲ့အခါမှာတော့ ည၉နာရီထိုးနေပြီဖြစ်သည်။ လင်ရှောက်ရှီရဲ့သူငယ်ချင်းဟာ သူမကို ကိုယ်ပိုင်အခန်းရဲ့ အခန်းနံပါတ်ကိုပို့ပေးပြီးဖြစ်သည်။
သူမတို့ ကလပ်ကိုရောက်တာနဲ့တပြိုင်နက် လင်ရှောက်ရှီဟာ စိတ်လှုပ်ရှားနေလေသည်။ ကံကောင်းစွာပင် သူမဟာ သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းချူပ်နိုင်သေးပေသည်။
အဆင့်မြင့်ကလပ်ဖြစ်တာကြောင့် လာတဲ့ဧည့်သည်တွေဟာ အထက်တန်းစားတွေချည်းဖြစ်သည်။ ထို့ကြောင့် သူတို့အနေနဲ့ ရင်းနှီးတဲ့မျက်နှာတွေ တွေ့ရဖို့ အရမ်းလွယ်ကူလေသည်။
သူတို့ ဟောခန်းမထဲကို ဝင်လာပြီးမကြာခင်မှာပဲ လင်ရှောက်ရှီနဲ့ ကုနင်းတို့ဟာ ရင်းနှီးတဲ့မျက်နှာဖြစ်တဲ့ ရုန်ကြွယ်နဲ့ဆုံလေသည်။
ထိုအချိန်တွင် ရုန်ကြွယ်ကတစ်ယောက်ထဲဖြစ်သည်။ ရုန်မိသားစုနဲ့ လင်မိသားစုဟာ မတည့်သော်လည်း သူတို့ဟာ တွေ့တဲ့အခါတိုင်း နှုတ်ဆက်ကြလေသည်။
"မင်္ဂလာပါ မစ္စလင်နဲ့ မစ္စကု"ဟု ရုန်ကြွယ်ကအရင် သူတို့ကိုနှုတ်ဆက်လေသည်။
"မင်္ဂလာပါ သခင်လေးရုန်"ဟု ကုနင်းနဲ့ လင်ရှောက်ရှီတို့ကလည်းပြောသည်။
နှုတ်ဆက်ပြီးတဲ့အခါမှာတော့ ကုနင်းနဲ့ လင်ရှောက်ရှီတို့ဟာ တခြားဘာစကားမှမပြောဘဲ လမ်းလျှောက်ထွက်သွားလေသည်။
ရုန်ကြွယ်ဟာလည်း ဘာမှမပြောဘဲ ကုနင်းလမ်းလျှောက်သွားတာကိုသာ ရောထွေးနေတဲ့ ခံစားချက်တွေနဲ့ ကြည့်နေလေသည်။
လင်ရှောက်ရှီနဲ့ ကုနင်းတို့ သုံးထပ်ကိုရောက်တဲ့အခါမှာတော့ သူမဟာ ရင်းနှီးတဲ့နောက်ကျောတစ်ခုကိုတွေ့ပေမဲ့လည်း မမှတ်မိပေ။
သိပ်မကြာခင်မှာပဲ ထိုလူဟာ ကိုယ်ပိုင်အခန်းဆီ လမ်းလျှောက်သွားလေသည်။ ကုနင်းဟာ သူ့မျက်နှာတခြမ်းထဲကိုသာ မြင်လိုက်ရပေမဲ့လည်း သူမဟာ သူ့ကိုဒီတစ်ချိန်တော့ မှတ်မိလေသည်။ ထိုအမျိုးသားဟာ ယွမ်မိသားစုရဲ့ တတိယသား ယွမ်ဝမ်ရွေ့ဖြစ်သည်။
သူနဲ့အတူ အခန်းထဲဝင်သွားတဲ့ အမျိုးသားနှစ်ယောက်ဟာ သူ့ရဲ့သက်တော်စောင့်တွေဖြစ်ပေလိမ့်မည်။
တိုက်ဆိုင်စွာပင် ကုနင်းဟာ ယွမ်ဝမ်ရွေ့နဲ့ ဒီမှာဆုံလေသည်။ ထိုအခန်းထဲမှာ ဘယ်သူရှိနေမလဲလို့ သူမဟာသိချင်သွားလေသည်။ ထို့ကြောင့် ကုနင်းဟာ အခန်းထဲကို သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသုံးပြီး ကြည့်လိုက်လေသည်။
အမျိုးသားသုံးယောက်ရှိတာဖြစ်ပြီး နှစ်ယောက်ကတော့ ကုနင်းမြင်ဖူးတဲ့ ရှန်းယန်ဖုန်းနဲ့ လျို့တို့ဖြစ်ပြီး အခြားတစ်ယောက်ကတော့ သူစိမ်းတစ်ယောက်ဖြစ်သည်။
သူတို့ဟာ နောက်ထပ်အပေးအယူတစ်ခုအတွက် အဆင်သင့်ဖြစ်နေပြီဟု ကုနင်း ထင်သော်လည်း အခုချိန်မှာသူမအတွက် အခန်းထဲကို ခိုးနားထောင်ဖို့ရာ မသင့်တော်ပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၈၄ လင်ရှောက်ရှီသဘောကျတဲ့လူ
သို့သော်လည်း လင်ရှောက်ရှီနဲ့ ကုနင်းတို့ အခုသွားနေတဲ့ကိုယ်ပိုင်အခန်းဟာ ယွမ်ဝမ်ရွေ့နဲ့အခြားသူတို့နေနေတဲ့အခန်းရဲ့ ဘေးချင်းကပ်ရပ်ပင်ဖြစ်သည်။ အခန်းဟာကျယ်ပြီး အသံလုံသော်လည်း ကုနင်းမှာ သာမာန်နဲ့မတူတဲ့ အကြားအာရုံရှိလေသည်။
လင်ရှောက်ရှီရဲ့သူငယ်ချင်း ငှားထားတဲ့ ကိုယ်ပိုင်အခန်းထဲတွင် လူလေးယောက်ရှိလေသည်။ မိန်းကလေးနှစ်ယောက် ယောင်္ကျားလေးနှစ်ယောက်ဖြစ်သည်။
မိန်းကလေးတွေဟာ လင်ရှောက်ရှီနဲ့ ရွယ်တူလောက်ပင်ရှိလေသည်။ သူတို့ဟာ အသက်နှစ်ဆယ်အစောပိုင်းဖြစ်ကာ အရမ်းလှပကြလေသည်။ ပြီးတော့ အမျိုးသားနှစ်ယောက်တော့ အသက်၂၀အနည်းငယ်ကျော်ရုံလောက်ဖြစ်သည်။ သူတို့ဟာ အရပ်ဝတ်နှင့်ပင် သိပ်တော့ချောလေသည်။
အကြည့်တစ်ချက်နဲ့ပင် လင်ရှောက်ရှီ ကြိုက်နေတဲ့ကောင်လေးဟာ ထိုအမျိုးသား နှစ်ယောက်ထဲက ဘယ်တစ်ယောက်ဆိုတာ ကုနင်းက လွယ်လွယ်လေးမြင်နိုင်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသားဟာ လင်ရှောက်ရှီ ကိုမြင်တာနဲ့ စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်လိုက်၍ဖြစ်သည်။ "မင်္ဂလာပါ ရှောက်ရှီ"ဟု သူကသူမကိုနှုတ်ဆက်လေသည်။
လင်ရှောက်ရှီဟာ အနည်းငယ်ရှက်ပေမဲ့လည်း သိပ်မကြာခင်မှာပဲ ပုံမှန်ပြန်ဖြစ်သွားကာ တည်ငြိမ်စွာပင်ပြန်ဖြေလေသည်။ "မင်္ဂလာပါ"
"မင်္ဂလာပါ ရှောက်ရှီ"ဟု မိန်းကလေးတစ်ယောက်က သူတို့ကိုထို့နောက် မတ်တပ်ရပ်လျက် ကြိုဆိုလေသည်။ လင်ရှောက်ရှီ ဘေးရှိ ကုနင်းကို တစ်ချက်ငဲ့ကြည့်ပြီးနောက် သူမဟာ အံဩသွားဟန်ဖြင့် "ရှောက်ရှီ၊ နင်သူငယ်ချင်းနဲ့ ငါတို့ကိုမိတ်ဆက်ပေးဦးလေ"ဟုပြောသည်။
ကုနင်းဟာ လှပပြီး ကျက်သရေရှိလေသည်။ လင်ရှောင်းထင်က သူမကိုကြိုက်တာမဆန်းပေ။
"ဒါက ငါ့အစ်ကိုဝမ်းကွဲ ရှောင်းထင်ရဲ့ ချစ်သူကောင်မလေး ဒါမှမဟုတ် တိတိကျကျပြောရရင် စေ့စပ်ထားတဲ့သူပဲ။ သူမနာမည်က ကုနင်း"ဟု လင်ရှောက်ရှီက ကုနင်းအား သူမသူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလေသည်။ ကုနင်းရဲ့ အရေးပါမှုကို လင်ရှောင်းထင်ရဲ့ ချစ်သူကောင်မလေးဆိုတာနဲ့တင် ပြသဖို့မလုံလောက်ဘူးဟု သူမကထင်၍ ကုနင်းက လင်ရှောင်းထင်နဲ့ စေ့စပ်ထားတဲ့သူဖြစ်ကြောင်း သူမကတိုက်ရိုက်ပြောလိုက်တာဖြစ်သည်။
ထိုအရာကိုကြားတဲ့အခါ ကောင်မလေးက အံ့အားသင့်သွားလေသည်။ တကယ်တော့ လင်ရှောင်းထင်မှာ ချစ်သူကောင်မလေး ရှိတယ်ဆိုတာနဲ့တင် အရမ်းအံ့ဩဖို့ကောင်းနေပြီဖြစ်သည်။ သူမကို အံ့အားသင်စွာပင် သူ့နဲ့စေ့စပ်ထားသူဖြစ်နေလေသည်။ စေ့စပ်ထားတဲ့လူနဲ့ ချစ်သူကောင်မလေးဟာ လုံးဝကွဲပြား၍ဖြစ်သည်။
ကျိုးဝမ်ကျွင်းတင်မဟုတ်ပေ။ လင်ရှောင်းထင်ကိုသိတဲ့ အခြားမိန်းကလေးတစ်ဦးနှင့် ယောင်္ကျားလေးတစ်ဦးပါအံဩသွားလေသည်။
"မင်္ဂလာပါ မစ္စကု၊ ကျွန်မက ရှောက်ရှီ သူငယ်ချင်းပါ။ ကျွန်မနာမည်က ကျိုးဝမ်ကျွင်းပါ"ဟု လင်ရှောက်ရှီက သူမကို မမိတ်ဆက်ပေးခင်မှာပဲ ကျိုးဝမ်ကျွင်းဟာ သူမကိုယ်သူမ ကုနင်းအား မိတ်ဆက်လေသည်။ သူမဟာ လက်လှမ်း၍ပင် ကုနင်းနဲ့ လက်ဆွဲနှုတ်ဆက်လေသည်။
"မင်္ဂလာပါ မစ္စကျိုး"ဟု ကုနင်းကလည်း ကျိုးဝမ်ကျွင်းရဲ့ လက်ကို အသာအယာပင် ဆွဲကိုင်လိုက်လေသည်။
"လာ။ အခြားသူတွေနဲ့ ကျွန်မမိတ်ဆက်ပေးမယ်"ဟု ကျိုးဝမ်ကျွင်းကပြောပြီးနောက် ကုနင်းကို အခြားလူတွေရဲ့အရှေ့သို့ ခေါ်သွားလေသည်။ သူမဟာ သူတို့ကို ကုနင်းရဲ့ ဝဲမှယာသို့မိတ်ဆက်ပေးလေသည်။ "ဒါက ကျွန်မအစ်ကိုရဲ့သူငယ်ချင်း ချန်ကျွင်းနန်။ ဒါကတော့ ကျွန်မအစ်ကို ကျိုးကျောက်ချန်းနဲ့ ဒါကတော့ သူ့ရဲ့ကောင်မလေး လင်းပေရှန်း"
"အားလုံးကို တွေ့ရတာဝမ်းသာပါတယ်"ဟု ကုနင်းက နှုတ်ဆက်လေသည်။ သူမမှန်းတာ မှန်ကန်ပေသည်။ ထိုအမျိုးသားဟာ လင်ရှောက်ရှီကို ကြိုက်နေတဲ့သူအတိအကျပင်ဖြစ်သည်။
"တွေ့ရတာဝမ်းသာပါတယ် မစ္စကု"ဟု သူတို့ကလဲ ကုနင်းကို ကြင်နာစွာပင် ပြန်နှုတ်ဆက်လေသည်။
"ဒီကိုလာ။ ထိုင်ပါဦး"ဟု ကျိုးဝမ်ကျွင်း ကပြောသည်။ သူမဟာ လင်ရှောက်ရှီနဲ့ ကုနင်းတို့ကို သူမဘေးဘက်မှာထိုင်ဖို့ ပြောကာ သူတို့အတွက် ဝိုင်တစ်ခွက်ဆီ ငှဲ့ပေးလိုက်လေသည်။
"မစ္စကုကြည့်ရတာ အရမ်းငယ်သေးတာပဲ။ ကျောင်းသူပဲဖြစ်ရမယ် ဟုတ်တယ်မလား"ဟု ကျိုးဝမ်ကျွင်းကမေးသည်။
"ဟုတ်တယ်။ ကျွန်မက ဒီနှစ်ပထမနှစ်"ဟု ကုနင်းကဖြေသည်။
"ဘယ်တက္ကသိုလ်မှာ တက်နေတာလဲ"ဟု ကျိုးကျောက်ချန်းက ဆက်မေးသည်။
ကျိုးကျောက်ချန်းက ကုနင်းကို မေးခွန်းနှစ်ခု ဆက်တိုက်မေးတာကို ကြားတဲ့အခါမှာ အထူးသဖြင့်သူ့မျက်လုံးတွေထဲက စိတ်လှုပ်ရှားနေမှုတွေကိုတွေ့တဲ့အခါ လင်းပေရှန်းဟာ မျက်မှောင်ကြုံ့သွားလေသည်။ လင်းပေရှန်းဟာ သိပ်မကျေမနပ်ဖြစ်သွားသော်လည်း သူမမျက်နှာပေါ်တွင် မပြပေ။
သူမဟာ ကျိုးကျောက်ချန်းက လူပွေတစ်ယောက်မဟုတ်တာသိသော်လည်း ကုနင်းဟာ မဆန့်ကျင်နိုင်လောက်အောင် တအားဆွဲဆောင်မှု ကောင်းနေတာဖြစ်သည်။ ထို့ကြောင့် ကျိုးကျောက်ချန်းက ကုနင်းကို သဘောကျသွားမှာ လင်းပေရှန်းက စိုးရိမ်နေတာဖြစ်သည်။
သို့သော်လည်း ကုနင်းဟာ လင်ရှောင်းထင်နဲ့ စေ့စပ်ထားတဲ့သူဖြစ်လေသည်။ တကယ်လို့ သူသာ ကုနင်းကို လင်ရှောင်းထင်ဆီမှ လုယူရဲရင်သူဟာ အတော်တုံးအသည်ဖြစ်သည်။
"မြို့တော်တက္ကသိုလ်"ဟု ကုနင်းကပြောသည်။
ထိုအရာကိုကြားတဲ့အခါ ကျိုးကျောက်ချန်း ဟာပိုပြီး စိတ်လှုပ်သွားလေသည်။ "မင်းက ရှန်းယွင်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရဲ့ ပိုင်ရှင်လား"
ထိုအရာကိုကြားတဲ့အခါ ကျိုးကျောက်ချန်း အရမ်းစိတ်လှုပ်ရှားနေရတဲ့ အကြောင်းအရင်းကို လင်းပေရှန်းဟာ သဘောပေါက်သွားလေသည်။
ချက်ချင်းပဲ ခုနကသူမရဲ့သံသယဝင်မှုအတွက် လင်းပေရှန်းဟာရှက်သွားလေသည်။ တချိန်တည်းမှာပဲ သူမဟာ ကုနင်းရဲ့စီးပွားရေးလုပ်ငန်းတွေကြောင့် အံဩသွားလေသည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်အကြောင်း သူမကြားဖူးလေသည်။ ရှေ့ရက်ပိုင်းက လေလံပွဲတွင် ရှန်းယွင်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်က ကြေးဂီတခေါင်းလောင်းတစ်စုံကို ယွမ် ၈ဘီလီယံကျော်ဖြင့် ရောင်းချသွားတာဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမဟာ ရှန်းယွင်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ရဲ့ပိုင်ရှင်ဟာ ဘယ်သူဆိုတာ သတိမထားမိတာကြောင့် သူမဟာ ခုနက ကုနင်းကို မမှတ်မိတာဖြစ်သည်။
ကျိုးကျောက်ချန်းရဲ့ စကားကိုကြားတဲ့အခါမှာ ချန်ကျွင်းနန်ဟာလည်း ထိုကိစ္စကို သိတဲ့အတွက် အံ့အားသင့်သွားလေသည်။
ချန်မိသားစုအတွက် ယွမ်၈ဘီလီယံဟာ ဘာမှမဟုတ်ပေမဲ့လည်း သူ့အတွက်တော့ ပိုက်ဆံတွေအများကြီးဖြစ်သည်။ သူစီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ရာကနေ အခုချိန်ထိ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ယွမ်တစ်ဘီလီရမ်ကျော်ကျော်သာ ရှိတာဖြစ်ပြီး သူနဲ့ရွယ်တူတွေနဲ့ယှဉ်ရင် တော်တော်ထူးချွန်လေသည်။
သူဟာ ကုနင်းကို လေးစားပြီး မနာလိုလုံးဝမဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် လုံးဝမလိုအပ်၍ဖြစ်သည်။
"ဟုတ်တယ်။ ကျွန်မပါ"ဟု ကုနင်းက ဝန်ခံလေသည်။
"ဝိုး၊ မင်းကအရမ်းအောင်မြင်နေတာ မယုံနိုင်စရာပဲ။ မင်းက အခုလိုအချိန်တိုလေးအတွင်းမှာ ပိုက်ဆံတွေအများကြီးရှာနိုင်တယ်။ မင်းက ကြေးဂီတခေါင်းလောင်းတွေကို မတော်တဆရှာတွေ့တာလို့ ငါကြားတယ်။ဟုတ်လား"ဟု ကျိုးကျောက်ချန်းက စိတ်လှုပ်ရှားစွာပြောသည်။
"ဟုတ်တယ်။ ကျွန်မခေါင်းလောင်းတွေကို ဂူတစ်ခုထဲကနေ ရှာတွေ့တာ။ ခေါင်းလောင်းတွေကို အုတ်ဂူတူးဖော်သူတွေက တူးထုတ်လာပြီး ဂူထဲမှာဖွက်ထားတာဖြစ်လောက်တယ်။ ကျွန်မက မတော်တဆရှာတွေ့တာ"ဟု ကုနင်း ကပြောသည်။
"မင်းက အရမ်းကံကောင်းတာပဲ"ဟု ကျိုးကျောက်ချန်းကပြောသည်။ သူဟာ ကုနင်းရဲ့စကားကို လုံးဝသံသယမဝင်ပေ။
ကုနင်းက ထိုသို့ပြောမှတော့ တခြားသူတွေဟာ သူမကိုယုံကြည်ဖို့ ရွေးချယ်လိုက်ကြလေသည်။
သူတို့စကားပြောနေစဉ်မှာ ချန်ကျွင်းနန်ဟာ လင်ရှောက်ရှီအား မကြာမခဏ လှမ်းလှမ်းကြည့်လေသည်။ တခြားတစ်ဖက်တွင် လင်ရှောက်ရှီကတော့ သူ့အကြည့်တွေကို တမင်တကာ ရှောင်ဖယ်လေသည်။ ရလဒ်အနေနဲ့ သူမဟာ ကျိုးဝမ်ကျွင်းဒါမှမဟုတ် ကုနင်းကိုသာ ကြည့်နိုင်လေသည်။ သို့သော်လည်း သူမဟာ အပြင်မှာတည်ငြိမ်တယ်လို့ မြင်ရသလောက် တကယ်တမ်းစိတ်မအေးနေပေ။
ချန်ကျွင်းနန်ဟာ မတုံးအပေ။ ထို့ကြောင့် လင်ရှောက်ရှီဟာ သူ့ကိုတမင်တကာ ရှောင်နေတယ်ဆိုတာ သူမြင်နိုင်လေသည်။ ထို့အပြင် သူမဒီရက်ပိုင်း သူနဲ့စကားပြောတဲ့ပုံကိုကြည့်ပြီး သူမက သူ့အပေါ်စိတ်ဝင်စားမှု လျော့လာနေတာ သူသိလေသည်။ သို့သော်လည်း လင်ရှောက်ရှီရဲ့ အပြုအမှုဟာ ဘာလို့ ရုတ်တရက် ပြောင်းလဲသွားလဲဆိုတာ သူနားမလည်နိုင်ပေ။ ရှေ့ရက်ပိုင်းတွင် သူတို့ကြားမှာ ခံစားချက်ရှိသေး၍ဖြစ်သည်။
လင်ရှောက်ရှီဟာ စိတ်ဝင်စားမှုအများကြီးမပြသော်လည်း သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေကာ သူမဟာ သူ့အပေါ်အကောင်းမြင်မှုရှိတယ်ဆိုတာ သူမြင်နိုင်လေသည်။
မိန်းကလေးတစ်ယောက်ကိုလိုက်ဖို့ရာ အချိန်နဲ့ စိတ်ရှည်ဖို့လိုတယ်ဆိုတာ သူနားလည်သော်လည်း တကယ်လို့ ကောင်မလေးကသာ သူ့ကိုပြန်မကြိုက်ရင် သူ့အနေနဲ့ အတင်းတွဲကပ်နေ၍မရပေ။
ကုနင်းဟာ သူတို့နဲ့စကားပြောနေရင်း ဘေးကကိုယ်ပိုင်အခန်းက အခြေအနေကိုလည်း သတိမထားပဲမနေပေ။
သူမအရေးကြီးတဲ့ သတင်းအချက်အလက်မကြားရသေးခင်မှာပဲ စားပွဲအောက်မှာရှိတဲ့ အသံဖမ်းစက်ကိုတွေ့လေသည်။ သူတို့ဟာ ပြစ်မှတ်ထားခံနေရတယ်ဆိုတာ အသိသာပင်။
သူတို့က ပြစ်မှတ်ထားခံနေရမှတော့ အသံဖမ်းစက်အပြင် တစ်ခြားအရာတွေ ပိုရှိနိုင်သေးလေသည်။ သို့သော်လည်း အခန်းထဲမှာ အခြားလူတွေလဲရှိနေတာကြောင့် သူမရဲ့မူမမှန်တဲ့ အပြုအမူကို သူတို့သတိထားမိသွားမှာဆိုး၍ ကုနင်းအနေနဲ့ ဘေးခန်းကိုသိပ်ပြီး အာရုံမစိုက်နိုင်ပေ။
ထို့ကြောင့် သူမအနေနဲ့ သန့်စင်ခန်းသွားဖို့လိုကြောင်း ကုနင်းဟာ အကြောင်းပြချက်ပေးလိုက်လေသည်။ သူမဟာ သူတို့ကို သန့်စင်ခန်းထဲကနေ စောင့်ကြည့်ဖို့ဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သန့်စင်ခန်းနဲ့ နောက်ထပ်ကိုယ်ပိုင်အခန်းဟာ နံရံတစ်ခုပဲခြားတာဖြစ်ကာ သူမအတွက် စောင့်ကြည့်ဖို့ရာ အရမ်းအဆင်ပြေလွယ်ကူ၍ဖြစ်သည်။ ထို့အပြင် သူမအနေနဲ့ လင်ရှောင်းထင်နဲ့လည်း ထိုအကြောင်းကို စကားပြောနိုင်လေသည်။
ကုနင်းထွက်သွားတာနဲ့တပြိုက်နက် လင်ရှောက်ရှီဟာ စိတ်လှုပ်ရှားသွားသော်လည်း သူမကို သန့်စင်ခန်းမသွားဖို့ရန် မတားနိုင်ပေ။
ဘာပဲဖြစ်ဖြစ် ချန်ကျွင်းနန်နဲ့ မျက်လုံးခြင်းမဆုံနိုင်စေရန် ကုနင်းထွက်သွားတာနဲ့ လင်ရှောက်ရှီဟာ ကျိုးဝမ်ကျွင်းနဲ့ ကုနင်းအကြောင်းပြောလေသည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၈၅ ကံကောင်းတာထက်ပိုလိုတယ်
ကျိုးဝမ်ကျွင်းဟာ ကုနင်းအကြောင်း အရမ်းစိတ်ဝင်စားနေတာကြောင့် သူမဘာလို့ ဒီည လင်ရှောက်ရှီကို အပြင်အလည်ခေါ်လဲဆိုတဲ့ကိစ္စကိုပင် ခေတ္တမျှမေ့သွားလေသည်။
ကျိုးဝမ်ကျွင်းတင်မကဘဲ အခြားသူတွေဟာလည်း ကုနင်းအပေါ်မှာ အရမ်းစိတ်ဝင်စားသည်ဖြစ်သည်။
ကုနင်းမှာ အခြားစီးပွားရေးလုပ်ငန်းတွေအများကြီးရှိသေးတယ်ဆိုတာ သိသွားပြီးနောက် သူတို့ဟာ သူ့မအပေါ်ပိုပြီး အံ့အားသင့်သွားကာ လေးစားသွားလေသည်။
ကုနင်းဟာ အမျိုးသမီးသန့်စင်ခန်းထဲရောက်တာနဲ့တပြိုင်နက် ကိုယ်ပိုင်အခန်းထဲကို လူတွေဘာတွေလုပ်ထားသေးလဲဆိုတာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသုံးပြီးကြည့်လေသည်။
သူမထင်တာမှန်လေသည်။ အခန်းထဲမှာ အသံဖမ်းစက်တင် တပ်ထားတာမဟုတ်ဘူး လက်ဝဲဘက်အပေါ်ဘက်ထောင့်နားတွင်လည်း အပ်ပေါက်စာကင်မရာအသေးလေးတပ်ထားလေသည်။
ယွမ်ဝမ်ရွေ့နဲ့ တခြားသူတွေဟာ ဘာမှစိတ်မပူဘဲ သူတို့ရဲ့ကိစ္စတွေကို ပြောနေကြတာဖြစ်သည်။ သူတို့ဟာ စောင့်ကြည့်ခြင်းခံနေရတယ်ဆိုတာ သူတို့မသိကြပေ။
သူတို့အဲ့ဒီလိုလုပ်ရဲတာဟာ ဒီကလပ်အိမ်ကို အရမ်းယုံကြည်၍ဖြစ်သည်။ ကိုယ်ပိုင်ကလပ်တွေဟာ သတင်းအချက်အလက်တွေ ဖလှယ်ဖို့ရန်အတွက် အမြဲတမ်းအရမ်းလုံခြုံတဲ့နေရာတွေဖြစ်လေသည်။
အဆင့်မြင့်အစိုးရဝန်ထမ်းတွေအများကြီးဟာလည်း ဒီကိုလာပြီး အလုပ်ကိစ္စတွေပြောရတာ ကြိုက်နှစ်သက်ကာ ပြောသမျှအများစုကလဲ လျှို့ဝှက်ချက်တွေဖြစ်တာ များလေသည်။ သူတို့ကို ဘယ်တော့မှ စောင့်ကြည့်ခြင်းခံရတာ ဒါမှမဟုတ် ဖော်ထုတ်ခြင်းခံရတာမျိုးမရှိပေ။ ထို့ကြောင့် သူတို့ဟာ ဒီတစ်ကြိမ်လဲ စောင့်ကြည့်ခြင်းခံရမယ်လို့မထင်ပေ။
သူတို့ကို ဘယ်သူကစောင့်ကြည့်နေတာလဲဆိုတာကို ကုနင်းက သိချင်သွားလေသည်။
တစ်စုံတစ်ယောက်က သူတို့အပေါ်စောင့်ကြည့်နေမှတော့ အဲဒီလူဟာ အနီးအနားက ကိုယ်ပိုင်အခန်းမှာပင် ဖြစ်ရမည်။
သိချင်စိတ်ဖြင့် သင့်တော်လားမသင့်တော်လားဆိုတာ ဂရုမစိုက်ဘဲ ကုနင်းဟာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်း တွေကိုအသုံးပြုပြီး အခြားကိုယ်ပိုင်အခန်းတွေထဲကို ကြည့်လေသည်။
အနီးအနားက ကိုယ်ပိုင်အခန်းအချို့ကို စစ်ဆေးပြီးနောက် ရုန်ကြွယ်တို့သုံးနေတဲ့ ကိုယ်ပိုင်အခန်းမတိုင်ခင်အထိ သူမဟာ ဘာမှပုံမှန်မဟုတ်တာမတွေ့ပေ။
ရုန်ကြွယ်ဟာ အမျိုးသားနှစ်ယောက်နဲ့ဖြစ်ကာ ထိုအမျိုးသားနှစ်ယောက်ကလည်း ကုနင်းနဲ့မစိမ်းပေ။ တစ်ယောက်က ဟူကျီအန်းဖြစ်ပြီး တခြားတစ်ယောက်ကတော့ ဘေးဘက်အတန်းက နည်းပြဆရာ ဖြစ်လေသည်။
သူတို့သုံးယောက်ဟာ ဆိုဖာခုံပေါ်မှာထိုင်နေတာဖြစ်သည်။ စားပွဲပေါ်တွင်တော့ လက်ပ်တော့တစ်လုံးရှိကာ ရုန်ကြွယ်ဟာ နားကြပ်တပ်လျက် ခလည်မှာထိုင်နေတာဖြစ်သည်။
သူတို့ရဲ့စားပွဲပေါ်က ကွန်ပြူတာမျက်နှာပြင်ကို ကုနင်းမြင်တဲ့အခါ သူတို့ဘာလုပ်နေတယ်ဆိုတာ သဘောပေါက်သွားလေသည်။ ယွမ်ဝမ်ရွေ့နဲ့ အခြားသူတွေကို စောင့်ကြည့်နေတဲ့လူတွေဟာ ရုန်ကြွယ်ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပြူတာမျက်နှာပြင်ပေါ်က ဗွီဒီယိုဟာ ယွမ်ဝမ်ရွေ့နဲ့ အခြားသူတွေရဲ့ ကိုယ်ပိုင်အခန်းထဲက ဗွီဒီယိုဖြစ်၍ဖြစ်သည်။
ယွမ်ဝမ်ရွေ့နဲ့ အခြားသူတွေဟာ ပြစ်မှတ်ထားခြင်းခံနေရသော်လည်း ထိုအရာဟာ ကောင်းတဲ့အရာဖြစ်လေသည်။ သို့သော်လည်း ရုန်မိသားစုနဲ့ လင်မိသားစုရဲ့ ကြားကဆက်ဆံရေးကြောင့် ရှန်းယန်ဖုန်းရဲ့ ဒီတစ်ခါကိစ္စကို ရုန်မိသားစုက အသုံးပြုပြီး လင်မိသားစုကိုတိုက်ခိုက်မှာကို ကုနင်း ကစိုးရိမ်လေသည်။
ထို့ကြောင့် ကုနင်းဟာ သူမရဲ့ဖုန်းကို ချက်ချင်းထုတ်လိုက်လေသည်။ သူမအနေနဲ့ လင်ရှောင်းထင်ကိုဖုန်းခေါ်ဖို့ရာ မသင့်တော်သောကြောင့် သူမက သူ့ကိုစာတိုပေးပို့လိုက်လေသည်။
ထိုအချိန်တွင် လင်ရှောင်းထင်နဲ့ အခြားသူတွေဟာ စစ်ဟယ်ယွမ်ကို ပြန်ရောက်ခါစဖြစ်သည်။ သူဟာ စာတိုအသစ်ရောက်ကြောင်း အသံကြားတာနဲ့ သူ့ဖုန်းကိုထုတ်၍ ဖတ်လိုက်လေသည်။
ကုနင်းရဲ့ စာတိုထဲမှ ရေးထားတာကို ဖတ်လိုက်တာနဲ့တပြိုင်နက် သူဟာစိတ်တိုသွားလေသည်။ ရှန်းမိသားစုကို အပြစ်ပေးဖို့ရာ အချိန်တန်လေပြီ။
လင်မိသားစုကိုယ်တိုင် ရှန်းမိသားစုကို အပြစ်ပေးသ၍ လူတိုင်းက သူတို့ကို လင်မိသားစုက လက်လျော့လိုက်ကြောင်း သိနိုင်လေသည်။ ထို့ကြောင့် ရုန်မိသားစုအနေနဲ့ ရှန်းမိသားစုကိုသုံးပြီး လင်မိသားစုကို စွပ်စွဲချင်ရင်တောင် အသုံးဝင်တော့မည်မဟုတ်ပေ။
ထို့နောက်မှာတော့ လင်ရှောင်းထင်က သခင်ကြီးလင်အား ထိုသတင်းကို ပြောပြလေသည်။
ရှန်းမိသားစုကို ဖြေရှင်းတဲ့ကိစ္စမှာ လင်ရှောင်းထင်က လုံးဝတာဝန်ယူထားပြီးပေမဲ့လည်း သူ့အနေနဲ့ နောက်ဆုံးရသတင်းတွေကို သခင်ကြီးလင်ကို ပို့ဖို့လိုအပ်လေသည်။
ထိုအရာကိုသိတဲ့အခါ သခင်ကြီးလင်က သူနဲ့တိတ်ဆိတ်စွာပင် သဘောတူလိုက်လေသည်။ သူက ရှန်းမိသားစုနဲ့ပတ်သတ်ပြီး စိတ်ပျက်နေတာကြာပြီးဖြစ်ကာ သူတို့ကို ကာကွယ်ပေးလိုစိတ်မရှိတော့ပေ။
....
လင်ရှောင်းထင်ကို စာတိုပေးပို့ပြီးနောက် ကုနင်းဟာ သူမရဲ့သူငယ်ချင်းတွေဆီ ပြန်သွားလေသည်။ သူမဟာ အစကနေအဆုံးထိ သုံးမိနစ်လောက်သာ ထွက်သွားတာဖြစ်သည်။
"မစ္စကုက အဲဒီလောက်မယုံနိုင်စရာကောင်းမှန်း ကျွန်တော်မယုံကြည်နိုင်ဘူး။ မင်းမှာ ကုမ္ပဏီတွေအများကြီး ရှိတာပဲ"ဟု ကျိုးကျောက်ချန်းက ကုနင်းပြန်လာတာနဲ့ စိတ်လှုပ်ရှားစွာနဲ့ လေးစားစွာပြောလေသည်။ သူက ကုနင်းကို အိုင်ဒေါလ်အဖြစ် မှတ်ယူပြီးဖြစ်လေသည်။
"ဟုတ်တယ် နင်သိလား။ ငါ့မျက်လုံးထဲက နတ်ဘုရားမက ထန်ရှောင်ရှောင်လိုပဲ"ဟု လင်းပေရှန်းကလည်း လေးစားစွာပြောလိုက်လေသည်။
သူမက ကုနင်းကို ခုနက နားလည်မှုလွဲသွားမှုကြောင့် အချိန်အနည်းငယ်ကြာ မကြိုက်လိုက်ပေမဲ့လည်း အမှန်ကိုသိပြီးတဲ့အခါနှင့် ကုနင်းက အခုချိန်မှာ ဘယ်လောက်အောင်မြင်နေပြီလဲဆိုတာသိတဲ့အခါ သူမဟာ ကုနင်းကို လေးစားလာလေသည်။ အောင်မြင်တဲ့လူတွေ အများကြီးရှိသော်လည်း ကုနင်း လောက် ဘယ်သူမှအောင်မြင်တဲ့သူမရှိပေ။
"မစ္စကုက အရမ်းအံဩဖို့ကောင်းတယ်။ မင်းက ကြေးဂီတခေါင်းလောင်းတွေနဲ့တင် ကျွန်တော့်ကို လေးစားစေခဲ့ပြီးပြီ။ သို့သော်လည်း မမျှော်လင့်ထားစရာက အသက်ငယ်ငယ်လေးနဲ့ အခြားကုမ္ပဏီတွေအများကြီးလဲ ပိုင်နေသေးတယ်။ မင်းက ရှေ့လူတွေအကုန်လုံးကို ကျော်တက်သွားပြီပဲ"ဟု ကျိုးကျောက်ချန်းကပြောသည်။
သူဟာ အရင်က ကုနင်း အကြောင်းသိပ်မသိသော်လည်း သူမဟာ ငယ်ရွယ်ပြီး အောင်မြင်တဲ့သူတစ်ယောက်ဆိုတာတော့ သိလေသည်။ သူမမှာ ထိုထက်ပိုတဲ့ အောင်မြင်မှုတွေရှိသေးတယ်ဆိုတာကို သိပြီးနောက် သူက သူမကိုစတင်လေးစားလာလေသည်။
သူဟာ မနာလိုမဖြစ်တာမလို့ ကုနင်းက မသမာတဲ့နည်းလမ်းတွေ သုံးပြီးအောင်မြင်လာတာလားဆိုတဲ့ မကောင်းတဲ့အတွေးတွေ မတွေးပေ။ ကုနင်းက ငယ်ရွယ်သော်လည်း အရည်အချင်းမရှိဘူးလို့ မဆိုလိုပေ။ အထူးသဖြင့် သူမက လင်ရှောင်းထင်နဲ့ စေ့စပ်ထားတဲ့သူဆိုတာကို သိပြီးနောက် ကုနင်းက သူမရဲ့အောင်မြင်မှုအတွက် ကိုယ့်အားကိုယ်ကိုးပြီးရလာတာလို့ သူကပိုယုံလေသည်။ လင်ရှောင်းထင်အနေနဲ့ သူရဲ့မိသားစုနဲ့ နောက်ခံနဲ့ အရည်အချင်းကိုကြည့်တာနဲ့တင် သာမာန်မိန်းကလေးကို ရွေးချယ်မှာမဟုတ်ပေ။
လင်ရှောင်းထင်က ဘဝင်တက်နေတဲ့လူလို့ သူဆိုလိုတာမဟုတ်ပေ။ သို့သော်လည်း တကယ်လို့ ကုနင်းမှာ ထူးချွန်တဲ့ မိသားစုနောက်ခံမရှိရင်တောင် သူမကိုယ်တိုင်ဟာ ထူးချွန်တာမလို့ လင်ရှောင်းထင်ကို ဆွဲဆောင်နိုင်လေသည်။
"ဟုတ်တယ် မစ္စကုက မယုံကြည်နိုင်စရာပဲ"ဟု ချန်ကျွင်းနန်ကလည်း ဝင်ပြောလေသည်။ သူဟာ သူ့ရွယ်တူတွေနဲ့ ယှဉ်ရင်မဆိုးသော်လည်း သူဟာ ကုနင်း ရှေ့တွင် ဘာမှမဟုတ်ပေ။
သူ့ရဲ့အောင်မြင်မှုကြောင့် သူဟာ ဘယ်တော့မှ မာန်မတက်ပေ။ အဘယ်ကြောင့်ဆ်ိုသော် သူ့ရည်မှန်းချက်ကို သူမရောက်သေး၍ဖြစ်သည်။
လူတိုင်းဟာ ကုနင်းကို ဆက်ပြီးချီးမွန်းနေပေမဲ့လည်း ကုနင်းဟာ အကျင့်ဖြစ်နေပြီဖြစ်တာမလို့ သူမဟာ လုံးဝမရှက်တော့ပေ။
သူတို့က သူမကို ချီးမွန်းနေတာမလို့ သူမအနေနဲ့ နှိမ်ချသင့်တယ်လို့ ကုနင်းက ခံစားမိလေသည်။ "တအားမြှောက်ပြောနေပါပြီ။ ကျွန်မက ကံကောင်းသွားရုံပါ"ဟုပြောသည်။
"မစ္စကုကနှိမ်ချနေပြန်ပြီ။ လူတစ်ယောက်အနေနဲ့ အချိန်တိုင်းကံကောင်းဖို့ အရည်အချင်းလဲလိုသေးတယ်"ဟု ကျိုးကျောက်ချန်း ကပြောသည်။
"ဟုတ်တယ်။ ကံကောင်းတာကလဲ လူတစ်ယောက်ရဲ့ အရည်အချင်းတစ်ခုပဲ။ မဟုတ်ရင် လူတစ်ယောက်အနေနဲ့ ဘယ်တော့မှ ဘာမှအောင်မြင်မှာမဟုတ်ဘူး"ဟု ချန်ကျွင်းနန် ကပြောသည်။
"..."
သူတို့ဟာ ထိုအကြောင်းအရာပေါ် အကြာကြီးဆက်ပြောပြီးနောက် နောက်ထပ်အကြောင်းအရာကို ပြောင်းလိုက်လေသည်။
"မစ္စကုက သခင်လေးလင်ကို လိုက်ပိုးတာလား ဒါမှမဟုတ် သူက မင်းကိုပိုးတာလားဆိုတာ သိလို့ရမလား"ဟု ကျိုးဝမ်ကျွင်းက မေးသည်။
အေးစက်စက်နေတတ်တဲ့ ယောင်္ကျားလေးတစ်ယောက်ဖြစ်တဲ့ လင်ရှောင်းထင်လို လူမျိုးကို မိန်းကလေးတစ်ယောက်နောက်ကို လိုက်ပိုးပန်းနေတယ်ဆိုတာကို သူမက တွေးမကြည့်နိုင်၍ ထိုမေးခွန်းကို မေးခြင်းဖြစ်သည်။
"သူက ငါ့ကိုပိုးပန်းတာ"ဟု ကုနင်း ကဖြေသည်။
ထိုအရာကိုကြားတဲ့အခါ ကျိုးဝမ်ကျွင်းနဲ့ အခြားသူတွေအားလုံးဟာ ထိုကဲ့သို့ မမျှော်မှန်းထားသည့်အတွက် အကုန်အံ့အားသင့်သွားကြလေသည်။
လင်ရှောင်းထင်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ မိသားစုနောက်ခံကို ကြည့်တာနဲ့တင် သူ့ကိုကြိုက်နေတဲ့လူတွေ မြို့တော်မှာ တစ်ပုံကြီးရှိလေသည်။ သို့သော် သူ့ရဲ့အေးစက်တဲ့မျက်နှာထားနဲ့ အရှိန်အဝါကြောင့် မိန်းကလေးတွေအများစုဟာ သူနဲ့ဝေးဝေးမှာ နေကြလေသည်။
ပုံမှန်အားဖြင့် သူတို့က အေးစက်စက်ဆက်ဆံတာ တစ်ကြိမ်ဒါမှမဟုတ် နှစ်ကြိမ်ခံရပြီးနောက် လက်လျော့သွားတတ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် လင်ရှောင်းထင်ရဲ့ အေးစက်စက်မျက်နှာထားက လက်ခံဖို့ရာအတွက် အရမ်းကြောက်ဖို့ကောင်း၍ဖြစ်သည်။ ထိုအရာကို သည်းခံနိုင်တဲ့လူအများကြီး မရှိပေ။
ကုနင်းက သူတို့နဲ့စကားပြောနေစဉ်မှာပဲ သူမဟာ ဘေးဘက်ကကိုယ်ပိုင်အခန်းကို သတိထားဖို့လဲမမေ့ပေ။ တမြန်တစ်နေ့ညကျရင် မြို့တစ်ခုမှာ သူတို့ပစ္စည်းဖလှယ်ဖို့ သဘောတူညီမှုလုပ်ထားတယ်ဆိုတဲ့ သတင်းကို ကုနင်းသိရသော်လည်း အချိန်နဲ့ နေရာအတိအကျတော့ သူမ,မသိပေ။ ထို့အပြင် အချိန်နဲ့နေရာဟာ သူတို့ဘက်က စပြီးသတ်မှတ်တာဖြစ်ပြီး ကြိုက်တဲ့အချိန်ပြောင်းသွားနိုင်လေသည်။
သူတို့ဟာ ထိုနေရာမှာပဲ အကြာကြီးထိုင်မနေဘဲ ည၁၀နာရီခန့်တွင် ထွက်သွားကြလေသည်။ သူတို့ထွက်သွားပြီးတဲ့အခါမှာ ရုန်ကြွယ်နဲ့ အခြားသူတွေဟာလည်း ထွက်သွားကြလေသည်။
သူတို့ထွက်သွားပြီဖြစ်၍ ကုနင်းအနေနဲ့ သူတို့ကိုဆက်ပြီး စောင့်ကြည့်နေစရာမလိုတော့ပေ။ ရုန်ကြွယ်ထက်စောပြီး လင်ရှောင်းထင်က ပြဿနာဖြေရှင်းနိုင်ဖို့ပဲ သူမအနေနဲ့ မျှော်လင့်နိုင်လေသည်။ မဟုတ်ရင် နောက်ကျရင် ထိုအရာကိုဖြေရှင်းဖို့ရာ ခက်ခဲသွားနိုင်လေသည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၈၆ တစ်ခုခုနားလည်မှုလွဲနေတာလား?
အဘယ့်ကြောင့်ဆိုသော် တကယ်လို့ ရှန်းယန်ဖုန်းရဲ့ လုပ်ရက်က လင်မိသားစုနဲ့ ပတ်သတ်နေတဲ့ဆိုတဲ့ ဖော်ထုတ်လိုက်တဲ့ ဘယ်သတင်းမဆို လူတစ်ချို့က ယုံကြည်နိုင်၍ဖြစ်သည်။ ထိုအရာဟာ လင်မိသားစုအပေါ်မှာ ပြဿနာကြီးကြီးမားမားမရှိပေမဲ့လည်း လင်မိသားစုအနေနဲ့ အတတ်နိုင်ဆုံး ရှောင်ရှားချင်လေသည်။
ကုနင်းဟာ လင်ရှောင်းထင်အပေါ်မှာ ယုံကြည်မှုရှိသော်လည်း သူမက kကို ရှန်းယန်ဖုန်းရဲ့ တရားမဝင်လုပ်ရပ်တွေကို စိတ်ပူတာကြောင့် စုံစမ်းပေးရန်ပြောလိုက်သည်။ တကယ်လို့ အဲ့တာက သိပ်အကူအညီမဖြစ်ရင်တောင် အကူအညီပေးနိုင်သ၍ ထိုအရာဟာ မကောင်းတဲ့အရာမဟုတ်ပေ။
ချန်ကျွင်းနန်ဟာ လင်ရှောက်ရှီကို အချိန်တိုင်းကြည့်နေပေမဲ့လည်း တကယ်လို့ ချန်ကျွင်းနန်က သူမကို စကားပြောလို့ သူမအနေနဲ့ သူ့ကိုကြည့်ရတာကလွဲရင် လင်ရှောက်ရှီကတော့ သူ့နဲ့မျက်လုံးချင်း ဆက်ပြီးရှောင်နေလေသည်။ သို့သော်လည်း သူမဟာ အေးဆေးပဲဆက်နေလေသည်။
ကျိုးဝမ်ကျွင်းဟာ သည်းမခံနိုင်တော့သောကြောင့် လင်ရှောက်ရှီကို သန့်စင်ခန်းသို့ ဆွဲခေါ်သွားလေသည်။
မိန်းကလေးတွေအနေနဲ့ သန့်စင်ခန်းအတူတူသွားတာဟာ ပုံမှန်ဖြစ်တာမလို့ ဘယ်သူကမှ ထိုအရာကိုထူးဆန်းတယ်လို့ မထင်ပေ။
သန့်စင်ခန်းထဲသို့ ဝင်ပြီးနောက် ကျိုးဝမ်ကျွင်းက လင်ရှောက်ရှီအားမေးလေသည်။ "ရှောက်ရှီ၊ နင်ဘာလို့ ကျွင်းနန်အပေါ်မှာ ရုတ်တရက်ကြီး အေးစက်စက်ဆက်ဆံနေတာလဲ"
ထိုအရာကိုကြားတဲ့အခါ လင်ရှောက်ရှီ ဟာအနည်းငယ် စိတ်မအေးဖြစ်သွားသော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် ဖိအားပေး၍ထိန်းချုပ်လိုက်လေသည်။ "အေးစက်တယ်။ ငါသူနဲ့ဘယ်တုန်းက အရမ်းရောရောနှောနှောနေလို့လဲ။ နင်ငါ့ကို တစ်ခုခုအထင်လွဲနေတာလား"
ကျိုးဝမ်ကျွင်းဟာ လင်ရှောက်ရှီဟာ အပြစ်ရှိလို့တဲ့ခံစားနေရတဲ့စိတ်ကို သတိမထားမိပေ။ သူမက အဲလိုလုပ်နေတာကို တွေ့တဲ့အခါ ကျိုးဝမ်ကျွင်း ဟာစိတ်ရှုပ်သွားလေသည်။ "နင်က သူနဲ့အရင်က အရမ်းရောရောနှောနှောမနေပေမဲ့လည်း အရမ်းလဲအေးစက်စက်မနေဘူး။ ကျွင်းနန်ကနင့်ကိုကြိုက်နေသလို နင့်လဲသူ့အပေါ်မှာ အကောင်းမြင်စိတ်ရှိတယ်မလား ဟုတ်တယ်မလား"
လင်ရှောက်ရှီက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အပြစ်ရှိတဲ့ပုံဖြင့် ပြောလေသည်။ "ဟုတ်တယ်။ ငါနင့်ကို ပွင့်ပွင့်လင်းလင်းပြောရတော့မယ် ထင်တယ်။ ငါ့မှာ ချန်ကျွင်းနန်အပေါ် အရင်က အကောင်းမြင်စိတ်ရှိတယ်။ ဒါပေမယ့် အဲ့တာနဲ့ပဲ ဘာမှမဆိုလိုဘူး။ ငါ့မှာ သူ့အပေါ်အကောင်းမြင်စိတ်ရှိတယ်ဆိုပေမဲ့ ငါသူ့ကိုကြိုက်တယ်လို့မဆိုလိုဘူး။ သူ့ကိုပြန်ချစ်ဖို့က သူ့အကြောင်းကိုပိုသိပြီး အချိန်တွေအများကြီးလိုသေးတယ်။ ချန်ကျွင်းနန်က ထူးချွန်တဲ့ ယောင်္ကျားလေးတစ်ယောက်ဆိုတာ ငါသိတယ် ဒါပေမယ့် ငါသူ့ကို ပြန်မချစ်နိုင်ဘူး"
ထိုအရာကိုကြားတဲ့အခါ ကျိုးဝမ်ကျွင်းဟာ တအားမျက်မှောင်ကြုံ့သွားလေသည်။ "နင်ဆိုလိုချင်တာက နင့်မှာကြိုက်နေတဲ့ တခြားလူရှိနေတာလား"
"ဟုတ်တယ်"ဟု လင်ရှောက်ရှီကပြောသည်။ သူမနဲ့ ချန်ကျွင်းနန်နဲ့က သူတို့က ချိတ်ဆက်ပေးတဲ့ရန်ကကင်းအောင် လင်ရှောက်ရှီဟာ အလိမ်အညာတစ်ခုအပေါ်မှာ နောက်ထပ်အလိမ်အညာတစ်ခုနှင့် ဖုံးကွယ်ရပေမည်။ သို့သော်လည်း ထိုအရာဟာ အလိမ်အညာတစ်ခုသာဖြစ်သည်။ ထို့ကြောင့် လင်ရှောက်ရှီဟာ သိပ်တော့မပျော်ပေ။ ထိုအရာဟာ အမှန်တရားမဟုတ်ဘဲ သူမက အမှန်အတိုင်းပြောနေသည့်အတွက် ဟန်ဆောင်ရပေမည်။
ကျိုးဝမ်ကျွင်းဟာ ထိုအရာကိုမယုံနိုင်ပေ။ ထို့ကြောင့် သူမက လင်ရှောက်ရှီရဲ့ မျက်နှာကို စိုက်ကြည့်ကာ စူးစမ်းလေသည်။ ဒါပေမယ့် လင်ရှောက်ရှီရဲ့ပုံဟာ အရမ်းလေးနက်တဲ့ပုံ ပေါ်နေတာကြောင့် ကျိုးဝမ်ကျွင်းအနေနဲ့ ယုံကြည်ရပေမည်။
ရုတ်တရက်ပဲ ကျိုးဝမ်ကျွင်းဟာ ထူးဆန်းစွာ ပြုံးလိုက်လေသည်။ "ကောင်းပြီလေ။ အဲ့တာက ကောင်းတဲ့အရာတစ်ခုပဲ။ အနည်းဆုံးတော့ နင့်အနေနဲ့ စိတ်မကြည်စရာအရာတွေနဲ့ မျက်နှာချင်းဆိုင်စရာမလိုတော့တာပေါ့"
"နင်ဘာကိုဆိုလိုတာလဲ"ဟု လင်ရှောက်ရှီက သိချင်စိတ်ဖြင့်မေးလေသည်။
"ချန်မိသားစုအတွင်းက စိတ်ရှုပ်စရာကိစ္စတွေ။ တကယ်တော့ ကျွင်းနန်က ရှောင်းထင်လိုပဲ စိတ်မကောင်းစရာအဖြစ်အပျက် ကြုံထားရတာ။ သူငယ်ငယ်တုန်းက သူမိဘတွေက ဆုံးပါးသွားတာ။ သူ့မှာအဒေါ်တစ်ယောက်၊ ဦးလေးနှစ်ယောက်ရှိတယ်။ ဒါပေမယ့် သူ့ကိုဘယ်သူမှ မကြိုက်ကြဘူး။ သခင်ကြီးချန် တစ်ယောက်ပဲ ချန်ကျွင်းနန်အပေါ်မှာ ကောင်းကောင်းမွန်မွန်ဆက်ဆံတာ။ ကံကောင်းစွာပဲ ကျွင်းနန်က ငယ်ငယ်လေးကတည်းက အရမ်းဉာဏ်ထက်တယ်။ ချန်မိသားစုရဲ့ လူငယ်တွေထဲမှာလည်း သူကအထူးချွန်ဆုံးပဲ။ အဲ့တာမလို့ အခြားသူတွေက ချန်မိသားစုရဲ့ အာဏာနဲ့ စဉ်းစိမ်တွေကို သူအပိုင်ယူသွားမှာ စိုးရိမ်ကြတယ်။ ရလဒ်အနေနဲ့ သူတို့က သူ့အပေါ်မှာ တိတ်တဆိတ် အမြဲကြံစည်နေကြတာ။ ကျွင်းနန်က ထူးချွန်ပေမဲ့လည်း သူက ငယ်သေးတဲ့အတွက် အတွေ့အကြုံသိပ်မရှိဘူးလေ။ သူက ချန်မိသားစုဝင်တွေနဲ့ ကုမ္ပဏီကို မထိန်းချုပ်နိုင်ဘူး။ အဲ့တာကြောင့်မလို့ သခင်ကြီးချန်က ချန်ကျွင်းနန်ကို မြို့တော်မှာ သူ့စီးပွားရေးလုပ်ငန်း သူစလုပ်ခိုင်းပြီး သူ့ကိုသန်မာလာအောင် လုပ်ပေးနေတာ။ သူသာလုံလောက်တဲ့ လွှမ်းမိုးမှုရှိတာနဲ့ သူ့အနေနဲ့ ချန်မိသားစုဝင်တွေနဲ့ ကုမ္ပဏီကို ထိန်းချုပ်နိုင်လိမ့်မယ်"
"သူ့ရဲ့စိတ်မကောင်းစရာ အတွေ့အကြုံကြောင့် ငါ့အစ်ကိုနဲ့ ငါနဲ့က သူ့အပေါ် အရမ်းစာနာသနားမိတယ်။ ငါတို့က သူ့ရဲ့အရည်အချင်းကိုလဲ လေးစားတယ်။ သူက ကောင်းမွန်တဲ့ ရိုးသားတဲ့လူတစ်ယောက်ဆိုတာ ငါတို့သိတယ်။ ချန်မိသားစုက လင်မိသားစုလောက် လွှမ်းမိုးမှုမရှိပေမဲ့လည်း အခုသူတို့နဲ့ယှဉ်နိုင်တဲ့ မိသားစုကြီးတွေ သိပ်မရှိဘူး။ ကွာခြားချက်က တအားကြီးမရှိဘူး အချစ်ရှိနေသ၍ အဲ့တာက ပြဿနာမဟုတ်ဘူးလေ ဟုတ်တယ်မလား"ဟု ကျိုးဝမ်ကျွင်းကပြောသည်။ ရုတ်တရက်ပဲ သူမဟာ စကားတွေအများကြီးပြောမိပြီဆိုတာ သဘောပေါက်သွားလေသည်။ "အို တောင်းပန်တယ်။ ငါနင်နဲ့ အဲ့အကြောင်းတွေ မပြောလိုက်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် နင်ကသူ့ကိုကြိုက်နေတာမှမဟုတ်တာ။ နင်နဲ့သူနဲ့ကြားက ဆက်ဆံရေးကို ငါဂရုစိုက်နေတာက နင်က အနာဂတ်မှာ သူ့မိသားစုနဲ့ဖြေရှင်းရတဲ့အခါ စိတ်ရှုပ်တယ်လို့ ခံစားရမှာဆိုးလို့ ငါကစိတ်ပူနေတာ"
ထိုအရာကိုသိတဲ့အခါ လင်ရှောက်ရှီရဲ့ ခံစားချက်တွေဟာ ရောထွေးသွားလေသည်။ သူမ,မမျှော်လင့်ထားတာက ချန်ကျွင်းနန်မှာ ထိုကဲ့သို့သော် ဆိုးရွားတဲ့အတွေ့အကြုံတွေရှိနေလေသည်။
အဲ့တာဆိုရင်တော့ ရှောင်းထင်က ချန်ကျွင်းနန်ထက်တော့ ကံကောင်းသေးလေသည်။ အနည်းဆုံးတော့ သူတို့မိသားစုဝင်တချို့ကသာ သူ့ကိုမကြိုက်တာဖြစ်ပြီး သူ့ကို ဂရုစိုက်တဲ့အခြားဆွေမျိုးတွေလဲ ရှိသေးသည်။ လင်ရှောင်းထင်ရဲ့ အေးစက်စက်နေလေ့ရှိတဲ့ စိတ်ကြောင့်သာ သူတို့က သူနဲ့သိပ်စကားမပြောဖြစ်တာဖြစ်သည်။ သို့သော်လည်း လင်ရှောင်းထင်ဟာ ကုနင်းနဲ့တွေ့ပြီးတဲ့အခါ အများကြီးပြောင်းလဲသွားကာ သူတို့နဲ့ တဖြည်းဖြည်းချင်း စကားပြန်စပြောလာနေပြီဖြစ်သည်။ ပြီးတော့ သူ့အမေပြန်ရောက်လာပြီးတဲ့အခါမှာ အခြေအနေဟာ ပိုပိုပြီးတိုးတက်လာလေသည်။
"အဲ့တာဆိုရင်တော့ ငါ့လဲ သူ့အပေါ်စာနာပါတယ်။ ဒါပေမယ့် အဲ့တာနဲ့ အချစ်နဲ့က ဘာမှမဆိုင်ဘူးလေ။ အနာဂတ်မှာ သူ့ကိုချစ်တဲ့လူတစ်ယောက်နဲ့ ကြုံတွေ့နိုင်ဖို့ ငါမျှော်လင့်ပါတယ်"ဟု လင်ရှောက်ရှီကပြောသည်။ သူမဟာ ကျိုးဝမ်ကျွင်းရဲ့စကားကြောင့် ခဏတာမျှ အနည်းငယ်တွန့်ဆုတ်သွားသော်လည်း သူမဟာ နောက်ဆုံးတွင် ထိုဆုံးဖြတ်ချက်ကိုပဲ ရွေးချယ်လေသည်။
"ဟုတ်တယ်။ ငါလဲမျှော်လင့်ပါတယ်"ဟု ကျိုးဝမ်ကျွင်းကပြောသည်။ ထို့နောက် ထိုအကြောင်းအရာနဲ့ပတ်သတ်၍ သူမဟာ ဘာမှဆက်ပြီးမပြောတော့ပေ။ "ကောင်းပြီ။ ငါတို့အခုအပြင်ထွက်သင့်ပြီ"
ထို့နောက်တွင် သူတို့နှစ်ယောက်ဟာ အပြင်ထွက်လာလေသည်။ လူတိုင်းက ကျိုးဝမ်ကျွင်းဟာ လင်ရှောက်ရှီနဲ့ စကားပြောဖို့အတွက် သန့်စင်ခန်းခေါ်သွားတာဆိုတာသိကာ လင်ရှောက်ရှီကတော့ ပုံမှန်အတိုင်းနေကာ ကျိုးဝမ်ကျွင်းကတော့ လက်လျော့လိုက်ရဟန်ပေါ်လေသည်။ ထိုအရာကိုကြည့်တာနဲ့တင် သူတို့အနေနဲ့ ရလဒ်ကိုခန့်မှန်းနိုင်လေသည်။
ထိုအတူပဲ ချန်ကျွင်းနန်ရဲ့ စိတ်ဟာလည်း အဆိုးဆုံးရောက်သွားကာ အရက်သောက်တာပိုမြန်လာလေသည်။ လူတွေဟာ စိတ်ရှုပ်နေတဲ့အချိန်တွင် အရက်မူးချင်ကြလေသည်။
ချန်ကျွင်းနန်ရဲ့ စိတ်ဟာ ဖုံးကွယ်ဖို့ရန် အရမ်းသိသာလွန်းနေတာဖြစ်၍ လူတိုင်းမြင်လေသည်။
ကျိုးကျောက်ချန်းနဲ့ အခြားသူတွေဟာ ထိုအရာအတွက် ဘာမှမလုပ်ပေးနိုင်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အနေနဲ့ လင်ရှောက်ရှီကို ချန်ကျွင်းနန်နဲ့ အတူတွဲဖို့ ဖိအားမပေးနိုင်၍ဖြစ်သည်။ သူတို့မှာ လုပ်ပိုင်ခွင့်မရှိသလို စွမ်းအားလဲမရှိပေ။
ချန်ကျွင်းနန်ရဲ့အချစ်ကို လင်ရှောက်ရှီက လက်မခံတာဖြစ်၍ သူတို့အနေနဲ့ အတူမနေနိုင်ပေ။ မဟုတ်လျင် သူတို့ရဲ့ဆက်ဆံရေးမှာ ဘယ်သူမှ ပျော်ရွင်နိုင်မှာမဟုတ်ပေ။
ချန်ကျွင်းနန်ရဲ့ ထိုကဲ့သို့ပုံကိုတွေ့တဲ့အခါမှာ လင်ရှောက်ရှီဟာ ဝမ်းနည်းသွားသော်လည်း သူမဟာ သူမကိုသူမ တည်ငြိမ်အောင် ထိန်းချုပ်ထားလေသည်။
အခန်းထဲတွင် စိတ်အအေးဆုံးလူကတော့ ကုနင်းပင်ဖြစ်သည်။ သူမအနေနဲ့ ချန်ကျွင်းနန်ရဲ့ ဝမ်းနည်းမှုကို နားလည်နိုင်သော်လည်း ထိုအရာဟာ ပြဿနာလို့မထင်ပေ။ အဘယ့်ကြောင့်ဆိုသော် လူတွေအများကြီးမှာ ထိုကဲ့သို့တူညီတဲ့ အတွေ့အကြုံရှိ၍ဖြစ်သည်။ ဒီကမ္ဘာကြီးမှာ လူတိုင်းရဲ့အချစ်တွေဟာ ကောင်းမွန်တဲ့ရလဒ်နဲ့ အဆုံးမသတ်ပေ။ မင်းက သူ/သူမကို ချစ်တယ်ဆိုတာနဲ့ပဲ ကိုယ့်ကိုချစ်အောင် တခြားလူတစ်ယောက်ကို ဖိအားပေး၍ မရပေ။
ကုနင်းဟာ လင်ရှောက်ရှီနဲ့ ချန်ကျွင်းနန်တို့ရဲ့ ကိစ္စကိုဆုံးဖြတ်နေတာမဟုတ်ဘဲ ထိုအရာဟာ တကယ်ကိုပင် သာမာန်မလို့ဖြစ်သည်။
ချန်ကျွင်းနန်နဲ့ လင်ရှောက်ရှီတို့မှာ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင်ကောင်းရှိသော်လည်း ထိုအရာဟာ အခုတော့ ပြီးဆုံးသွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လင်ရှောက်ရှီဟာ သူမရဲ့သူငယ်ချင်းအတွက် ချန်ကျွင်းနန် ကိုငြင်းလိုက်သည်ဖြစ်ကာ ထိုအရာဟာ တစ်ဖက်သက်အချစ်ဖြစ်သွားပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပထမဆုံးအချစ်ဟာ ပျော်ရွှင်စွာနေသွားကြလေသည်ဆိုတဲ့ အဆုံးသတ်ရဖို့ရန် ရှားပါးလေသည်။
အခြေအနေတွေဟာ ဆိုးရွားလာတာမလို့ သူတို့ဟာ ဒီတစ်ကြိမ်မှာ အကြာကြီးမလည်တော့ပဲ ည၁၁နာရီတွင် ကိုယ်စီခွဲထွက်ကာ ပြန်သွားကြလေသည်။
သူတို့အားလုံးဟာ အနည်းငယ်မူးနေတာဖြစ်၍ ကားမမောင်းနိုင်ကြပေ။ ကျိုးကျောက်ချန်းနဲ့ ချန်ကျွင်းနန်တို့ဟာ ကားမောင်းပေးမဲ့လူငှားကြပြီး ကုနင်းကတော့ လင်ရှောင်းထင်ကို ဖုန်းဆက်လေသည်...