အခန်း (၁၉၈၇-၁၉၉၂)
Vol. 122 Ch. 1987-1992
အပိုင်း ၁၉၈၇ အခြေနေတစ်ခုတော့ရှိတယ်
သူတို့ခွဲထွက်သွားချိန်မှာ ချန်ကျွင်းနန် က လင်ရှောက်ရှီကို ကြည့်လိုက်လေသည်။ သူဟာ သူမကို တစ်ခုခုပြောချင်နေတာဖြစ်သော်လည်း ထုတ်မပြောတော့ပေ။ သူဟာတကယ်တော့ လင်ရှောက်ရှီနဲ့ သီးသန့်စကားပြောချင်တာဖြစ်ပြီး သူမရဲ့အပြူအမူကိုတွေးမိတဲ့အခါမှာ ထိုသို့မလုပ်တော့ရန် ဆုံးဖြတ်လိုက်လေသည်။ သူက သူမကို အရှက်မရသွားစေချင်ပေ။
ကုနင်းနဲ့ အခြားသူတွေဟာ လင်ရှောင်းထင် မရောက်မချင်း အပြင်မထွက်တာမလို့ သူတို့ ကားရပ်နားရာနေရာ ရောက်တဲ့အခါမှာ လင်ရှောင်းထင်က ကားရှေ့မှာ စောင့်နှင့်နေပြီးဖြစ်လေသည်။
လင်ရှောင်းထင်ကိုတွေ့တဲ့အခါမှာ ကျိုးကျောက်ချန်းနဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ သူ့ဆီသွား၍ နှုတ်ဆက်ကြလေသည်။ ချန်ကျွင်းနန်ဟာ လင်ရှောင်းထင်ကို မသိသော်လည်း လင်ရှောင်းထင်က လင်ရှောက်ရှီရဲ့အစ်ကိုဝမ်းကွဲဆိုတာတော့ သူသိလေသည်။ ထို့ကြောင့် သူ့ရဲ့ယဉ်ကျေးမှုကို ပြသဖို့ရန်အတွက် သူလဲအတူလိုက်သွားလေသည်။
လင်ရှောင်းထင်ကို မျက်နှာချင်းဆိုင်လိုက်တဲ့အခါ ကျိုးကျောက်ချန်းနဲ့ အခြားသူတွေဟာ လင်ရှောင်းထင်က သူတို့ကိုဘာမှမလုပ်သော်လည်း အနည်းငယ် စိတ်ဖိစီးသွားလေသည်။
သူတို့ သူ့ကို နှုတ်ဆက်တဲ့အခါမှာ လင်ရှောင်းထင်က သူတို့ကို အေးစက်စွာပင် ပြန်ဖြေလေသည်။ "မင်္ဂလာပါ"
ထို့နောက်မှာတော့ လင်ရှောက်ရှီနဲ့ ကုနင်းဟာ ကားပေါ်တက်၍ ထွက်သွားကြလေသည်။
လင်ရှောက်ရှီထွက်သွားပြီးနောက် ချန်ကျွင်းနန်ဟာ ပိုပြီးစိတ်ပျက်သွားလေသည်။ သို့သော်လည်း သူတို့ထွက်သွားပြီးနောက် ကျိုးကျောက်ချန်းနဲ့ အခြားသူတို့ဟာ သူတို့ရဲ့ကားထဲကို အမြန်ဝင်ကာ မောင်းထွက်မသွားသေးပေ။ ထို့အစား သူတို့က ကျိုးဝမ်ကျွင်းကို လှည့်ကြည့်ကြလေသည်။ သူတို့က သူမကို ဘာဖြစ်သွားကြောင်း မေးလေသည်။
လင်ရှောက်ရှီနဲ့ ကျိုးဝမ်ကျွင်းတို့ရဲ့ အမူအရာနဲ့တင် သူတို့ဟာ ရလဒ်ကို မှန်းဆပြီးပြီဖြစ်ပေမဲ့လည်း သူတို့ဟာ အသေးစိပ်ကို သိချင်သေးလေသည်။
ကျိုးဝမ်ကျွင်းဟာ လက်လျော့လိုက်တဲ့အသံဖြင့် ပြောလေသည်။ "သူမ ဘာလို့ရုတ်တရက်ကြီး ကျွင်းနန်ကို အေးစက်စက်ကြီး ဆက်ဆံနေတာလဲလို့ ရှောက်ရှီကို ငါမေးလိုက်တယ်။ ရှောက်ရှီက ကျွင်းနန်အပေါ်မှာ အကောင်းမြင်စိတ်ပဲရှိတာလို့ ငါ့ကိုပြောတယ်။ အဲ့တာက သူမက သူ့ကိုကြိုက်တယ်လို့မဆိုလိုသလို လွယ်လွယ်ကူကူလဲ ပြောင်းလဲနိုင်တယ်။ သူမက ကျွင်းနန်အပေါ်မှာ စိတ်ဝင်စားမှုမရှိတော့တာမလို့ သူအရှက်မရသွားအောင် သူမက သူနဲ့ဝေးဝေးနေတာလဲဖြစ်နိုင်တယ်"
လင်ရှောက်ရှီက သူမမှာ ချစ်နေတဲ့လူရှိတယ်လို့ပြောပေမဲ့လည်း ကျိုးဝမ်ကျွင်းဟာ ထိုအရာကိုထုတ်မပြောနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူမက ချန်ကျွင်းနန်အနေနဲ့ အရမ်းနာကျင်သွားမှာစိုး၍ ဖြစ်သည်။
ထိုအရာဟာ အရမ်းသာမာန်ဖြစ်တဲ့အဖြေပင်။ အဘယ့်ကြောင့်ဆိုသော် သူတို့အားလုံးဟာ အကောင်းမြင်တာဟာ အချစ်လို့မခေါ်ကာ အချိန်မရွေးပြောင်းလဲနိုင်မှန်း သိ၍ဖြစ်သည်။ တကယ်တော့ တစ်ယောက်နဲ့တစ်ယောက် အကောင်းမြင်တဲ့လူတွေမပြောနဲ့ ချစ်နေတဲ့လူနှစ်ယောက်တောင် တစ်စုံတစ်ခုကြောင့် ပြောင်းလဲသွားနိုင်လေသည်။
"အဲ့တာဆိုလဲ ငါတအားမတိုက်တွန်းတော့ဘူး။ ငါတို့အခုအိမ်ပြန်သင့်ပြီ"ဟု ချန်ကျွင်းနန်ဟာ မချိပြုံးလေးပြုံးလျက် ပြောလိုက်ကာ သူ့ကားဆီသူလျှောက်သွားလေသည်။
ကျိုးကျောက်ချန်းနဲ့ အခြားသူတွေဟာ ထိုကိစ္စနဲ့ပတ်သတ်ပြီး ဘာလုပ်ရမှန်းမသိဖြစ်ကာ သူတို့ဟာ ချန်ကျွင်းနန်ကိုလဲ ချော့မော့ဖေးမခြင်းမလုပ်ပေ။ သူက လင်ရှောက်ရှီကို ကြိုက်ပေမဲ့လည်း သူတို့နှစ်ယောက်က တွဲခဲ့တာမဟုတ်၍ ရက်အနည်းငယ်ကြာရင် သူအဆင်ပြေသွားပေလိမ့်မည်။
ချန်ကျွင်းနန်ဟာ စိတ်ကူးယဉ်ဆန်တဲ့ဆက်ဆံရေးကို တန်ဖိုးထားသော်လည်း သူ့မှာလည်း စဉ်စားဆင်ခြင်နိုင်လေသည်။ သူမပိုင်တဲ့အရာတစ်ခုခုအတွက်နဲ့ သူ့ကိုယ်သူအပြစ်ပေးဖို့ မလိုအပ်ပေ။ သူ့မှာ ပိုပြီးအရေးကြီးတဲ့အလုပ်တွေနဲ့ တိုက်ခိုက်စရာတွေရှိလေသည်။
....
ကုနင်းနဲ့အခြားသူတွေ ထွက်သွားပြီးနောက် လင်ရှောက်ရှီဟာ သူမရဲ့ခံစားချက်တွေကို နောက်ဆုံးတော့ မထိန်းချုပ်နိုင်တော့ပေ။ သူမကိုကြည့်ရတာ အရမ်းဝမ်းနည်းကာ စိတ်မကြည်နေပုံပေါက်လေသည်။
ကုနင်းဟာ ဘာမှမပြောပေ။ သူမအနေနဲ့ ထိုအရာကိုလက်ခံဖို့လိုအပ်၍ သူမကို ဖေးမအားပေးခြင်းလဲမလုပ်ပေ။
လင်ရှောက်ရှီအား လင်မိသားစုအိမ်ဆီသို့ ပြန်ပို့ပေးပြီးနောက် လင်ရှောင်းထင် ဟာ ကုနင်းနဲ့အတူတူ စစ်ဟယ်ယွမ်ဆီသို့ ပြန်သွားလေသည်။ ကျင်းယွင်ယောင်က စစ်ဟယ်ယွမ်မှာနေတာဖြစ်ပြီး မိန်းကလေးဆိုလို့သူမတစ်ယောက်ထဲဖြစ်လို့ သူတို့က သူမစိတ်မအေးဖြစ်မှာ စိုးရိမ်၍ဖြစ်သည်။ ထို့ကြောင့် လင်ရှောင်းထင်နဲ့ ကုနင်းတို့ဟာ လင်မိသားစုအိမ်မှာ ညမအိပ်ကြပေ။
စစ်ဟယ်ယွမ်ကိုပြန်နေတဲ့လမ်းမှာ ကုနင်းက လင်ရှောင်းထင်အား ရှန်းယန်ဖုန်းရဲ့ အကြောင်းကို ပြောပြလေသည်။
လင်ရှောင်းထင်က သူ့ရှေ့မှာ ရုန်မိသားစုက ပြဿနာလာရှာတာကို မမြင်ချင်၍ သူဟာ မနက်ဖြန်စတင်ရန် ဆုံးဖြတ်လိုက်သည်။ လင်ရှောင်းထင်ဟာ ရှန်းယန်ဖုန်းကို ကိုယ်တိုင်သွားဖမ်းမှာ ဖြစ်လေသည်။
သူဟာ ရှန်းယန်ဖုန်းရဲ့ ချန်းမိသားစုနဲ့ ချန်းကျင်းဖန်းတို့နဲ့ပေါင်းကာလုပ်ထားတဲ့ တရားမဝင်လုပ်ရပ်တွေရဲ့ သက်သေတွေကို လုံလောက်စွာ စုဆောင်းပြီးဖြစ်ကာ ကုနင်းက သူ့ကိုဒီနေ့ဖြစ်ပျက်သမျှအား မပြောပြရင်တောင် ဒီရက်ပိုင်းအတွင်း ရှန်းမိသားစုနဲ့ ချန်မိသားစုကို အပြစ်ပေးရန် အကြံအစည်ရှိပြီးဖြစ်လေသည်။
"နင်းနင်း၊ ချီထျန်းလင်က မင်းဆီမှာ အကြွေးတင်နေတာရှိလား"ဟု လင်ရှောင်းထင် ကမေးသည်။ အဘယ်ကြောင့်ဆိုသော် သူမက ချီထျန်းလင်ကို သန္ဓေပြောင်းတွေနဲ့ပတ်သတ်ပြီး အရင်တစ်ခေါက်က ကူညီပေးထားကြောင်း ကုနင်း ကသူ့ကို ပြောဖူး၍ဖြစ်သည်။
"ဟုတ်တယ်"ဟု လင်ရှောင်းထင်က သူမကိုမေးလိုက်တာနဲ့ ချီထျန်းလင်ပါ, ပါဝင်လာမယ်ဆိုတာ ကုနင်းကနားလည်လေသည်။ တကယ်တော့ တကယ်လို့ ချီထျန်းလင်က သူမကိုအကြွေးတင်နေတာမရှိတောင် သူမက သူ့ကိုလိုအပ်တယ်ဆိုတာနဲ့ သူ့ကတွန့်ဆုတ်နေမှာမဟုတ်ပေ။
"ရှန်းမိသားစု ဒီတစ်ခါလုပ်လိုက်တဲ့ကိစ္စက လုံထျန်းဟူနဲ့အများကြီး ပါဝင်ပတ်သတ်နေတယ်။ ကိုယ်တို့အနေနဲ့ သူတို့ကို လုံးဝလက်စဖျောက်ပစ်ရလိမ့်မယ်။ လုံထျန်းဟူဟာ အခုချိန်မှာ ကီရင်းဂိုဏ်းရဲ့ အကြီးတန်းမန်နေဂျာဖြစ်နေပြီ။ တကယ်လို့ကိုယ်တို့ လုံထျန်းဟူကိုသတ်လိုက်ရင် ကီရင်းဂိုဏ်းကို အတိုင်းအတာတစ်ခုထိ အရှက်ရသွားစေနိုင်တယ်။ အဲ့တာက ပြဿနာနည်းနည်းတော့ ဖြစ်လာနိုင်တယ်။ ကိုယ်တို့အနေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ပေမဲ့လည်း မလိုလားအပ်တဲ့ ပြဿနာတွေကို တကယ်လို့ရှောင်နိုင်ရင်တော့ ရှောင်တာအကောင်းဆုံးပဲ။ တကယ်လို့ ကီရင်းဂိုဏ်း က လုံထျန်းဟူကို လက်လျော့လိုက်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ ကိုယ်တို့ကို အဲဒီကိစ္စနဲ့ပတ်သတ်ပြီးကူညီပေးပါလား။ ပြီးတော့ချီထျန်းလင် လုံထျန်းဟူကိုလက်လျော့ဖို့ပြောပေးဦး"ဟု လင်ရှောင်းထင် ကပြောသည်။
"ကိစ္စမရှိဘူး"ဟု ကုနင်းက တွေးတောင်မတွေးဘဲ သဘောတူလိုက်လေသည်။ ရှန်းယန်ဖုန်းနဲ့ လုံထျန်းဟူတို့ရဲ့ ဆက်ဆံရေးကို လင်ရှောင်းထင်က သူမကိုပြောပြပြီးဖြစ်၍ သူမအနေနဲ့ ချီထျန်းလင် ကို လုံထျန်းဟူအား စွန့်လွှတ်လိုက်ဖို့အတွက် တိုက်တွန်းရမယ်ဆိုတာ သဘောတူလေသည်။
တကယ်တော့ သူမက ချီထျန်းလင်ကို ပေးငွေအနေနဲ့ စွမ်းအင်သလင်းကျောက်အနည်းငယ်ပေးမယ်လို့ ကတိပေးလိုက်တာနဲ့တင် သူကလုံးဝသဘောတူမည်ဖြစ်သည်။ သို့သော်လည်း တကယ်လို့ ချီထျန်းလင်က ငြင်းဆန်ရင်တောင် ကုနင်းက လုံထျန်းဟူကို ဖျောက်ဖျက်ပစ်ဖို့ စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။
"အို၊ မူးယစ်ဆေးအရောင်းအဝယ်နဲ့ တူအောင်လို့ ကိုယ်တို့စီစဉ်ဖို့လိုသေးလား။ သူ့ကို တစ်ခါတည်းတန်းဖမ်းလို့ရတယ်"ဟု ကုနင်းကပြောသည်။
"တကယ်လို့ ဖြစ်နိုင်ရင်တော့ လုပ်တာပေါ့"ဟု လင်ရှောင်းထင်ကပြောလေသည်။ "ကိုယ်တို့ ချီထျန်းလင်ရဲ့ သဘောတူညီချက်လိုသေးတယ်"
ကုနင်းဟာ လက်တွေ့လုပ်တတ်သူဖြစ်၍ လင်ရှောင်းထင်အား ကူညီမယ်ဟု သဘောတူပြီးတာနဲ့ သူမရဲ့ဖုန်းကိုထုတ်ကာ ချီထျန်းလင်အားဖုန်းဆက်လေသည်။
လင်ရှောင်းထင်က အနည်းငယ် နောက်ကျနေပြီလို့ထင်တာကြောင့် ကုနင်းကို မနက်ဖြန်မှခေါ်ဖို့ပြောသော်လည်း ကုနင်းက ထိုအရာကပြဿနာလို့ မထင်ပေ။ ထို့ကြောင့် သူမဟာ တန်းပြီးဖုန်းဆက်လိုက်တာဖြစ်သည်။
သူ့လူတွေဒဏ်ရာထပ်ရသွားပြီး ဒဏ်ရာက ဆိုးရွားကြောင်း ချီထျန်းလင်က အခုလေးတင် သတင်းရထားတာဖြစ်သော်လည်း ကုနင်းရဲ့ စွမ်းအင်သလင်းကျောက်တွေ သူ့မှာနည်းနေပြီဖြစ်လေသည်။ သူဟာ အခုချိန်မှာ ကုနင်းကို ဖုန်းဆက်ပြီးထပ်ဝယ်ချင်တာဖြစ်သည်။ သို့သော်လည်း အခုချိန်ဟာ နောက်ကျနေပြီဖြစ်တာကြောင့် သူဟာ မနက်ဖြန်မှ ကုနင်းကို ဖုန်းဆက်ဖို့ဆုံးဖြတ်လိုက်သည်။ တိုက်ဆိုင်စွာပင် ကုနင်းက သူ့ကိုဖုန်းခေါ်လေသည်။
"ငါတို့ကြားမှာ ဆက်နွယ်မှု တကယ်ရှိနေတာပဲ။ ငါကမင်းကိုဖုန်းခေါ်မလို့ရှိသေး မင်းကအရင် ငါ့ကိုဖုန်းခေါ်လိုက်တယ်"ဟု ချီထျန်းလင်က ကုနင်းရဲ့ဖုန်းကိုဖြေလိုက်တာနဲ့ တပြိုင်နက် သူမနဲ့ပလူကျီဆယ်ချင်၍ သေချာပြောလိုက်လေသည်။ ကုနင်းက သူ့ချစ်သူကောင်မလေးအလား ပြောနေတာဖြစ်သည်။
ထိုအရာကိုကြားတဲ့အခါ ချီထျန်းလင်က ဘာလို့သူမကို ဖုန်းခေါ်ချင်လဲဆိုတာ ကုနင်းကသိပြီးဖြစ်သည်။ သူက သူမရဲ့ စွမ်းအင်သလင်းကျောက်ကိုလိုချင်နေတာဖြစ်လို့ သူမက ထိုအရာဟာ ပြဿနာလို့မထင်ပေ။ သို့သော်လည်း လင်ရှောင်းထင်က ထိုသို့ကြားတဲ့အခါ မကျေမနပ်ဖြစ်သွားပြီး သူ့ကြည့်ရတာ ချက်ချင်းဒေါသထွက်သွားပုံ ပေါ်လေသည်။ သို့သော်လည်း သူဟာ ဘာမှမပြောပေ။
"အို၊ တစ်ခုခုဖြစ်လို့လား"ဟု ကုနင်း ကတမင်သက်သက်မေးလေသည်။
"မင်းရဲ့ဆေးတွေ ငါပိုလိုချင်လို့"ဟု ချီထျန်းလင်ကပြောသည်။
"ရတယ်လေ။ ဒါပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်"ဟု ကုနင်းကပြောသည်။
"ဘာအခြေအနေလဲ"ဟု ချီထျန်းလင်ကမေးသည်။
"ကျွန်မရှင့်ဂိုဏ်းက အကြီးတန်းမန်နေဂျာတစ်ယောက်နဲ့ စာရင်းရှင်းဖို့ရှိတယ်။ သူ့နာမည်က လုံထျန်းဟူ၊ တကယ်လို့ ရှင့်သာ သူ့ကိုလက်လျော့ပေးမယ်ဆိုရင် ကျွန်မရှင့်ကို ဆေးတွေ၅၀ရာခိုင်နှုန်း ဈေးလျော့ပေးမယ်"ဟု ကုနင်းကပြောသည်။
"မင်းဘာလို့ လုံထျန်းဟူကို ဖြေရှင်းချင်တာလဲ"ဟု ထိုသတင်းကိုကြားတဲ့အခါ ချီထျန်းလင်က စိတ်ရှုပ်မသွားပေ။
"ငါတို့ကြားမှာ ရန်ငြိုးရန်စလေးရှိလို့"ဟု ကုနင်းကဖြေသည်။ "တကယ်လို့ ရှင်သဘောမတူရင်တောင် ကျွန်မနည်းကျွန်မဟန်နဲ့ သူ့ကိုဖြေရှင်းလိုက်လို့ရတယ်။ ဒါပေမယ့် အဲ့တာဆိုရင်တော့ ကျွန်မတို့အနေနဲ့ ဘာသဘောတူညီချက်မှ ရှိတော့မှာမဟုတ်ဘူး"
ကုနင်းက သူ့ကိုခြိမ်းခြောက်နေတာဖြစ်သော်လည်း သူထိုအရာကို လက်ခံလား လက်မခံဘူးလားဆိုတာတော့ ချီထျန်းလင် အပေါ်တွင်သာမူတည်လေသည်။ သူ့အနေနဲ့ သူ့လူတွေရဲ့အသက်ကို ကယ်နိုင်တဲ့ ဆေးနဲ့ လုံထျန်းဟူနဲ့ကို တစ်ခု ရွေးချယ်ရမည်ဖြစ်သည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၈၈ အခွင့်အရေးကို လက်မလွှတ်နိုင်ဘူး
"ကောင်းပြီလေ။ ငါလုပ်နိုင်တယ်။ ဒါပေမယ့် ဆေးအတွက်လုပ်တာမဟုတ်ဘူး။ မင်းမလို့ ငါက ဒီလိုလုပ်ပေးတာ"ဟု ချီထျန်းလင်က ကုနင်းကို သဘောကျမှုအချို့ ပြသလေသည်။
ကုနင်းဟာဘယ်လို့မှမခံစားရပေမဲ့လည်း လင်ရှောင်းထင်ကတော့ အခုချိန်မှာ ပိုပြီးမကျေနပ်တော့ပေ။ ချီထျန်းလင်က ကုနင်းကို ပြောနေတာတွေကို သူမကြိုက်ပေ။ ချီထျန်းလင်က နင်းနင်းကို ကြိုက်နေတယ်ဆိုတာ အသိသာပင်။ သို့သော်လည်း ထိုအရာဟာ ပြဿနာမဟုတ်ပေ။ အဘယ်ကြောင့်ဆို နင်းနင်းကို သူပိုင်တာမလို့ဖြစ်သည်။
ကုနင်းဟာ လင်ရှောင်းထင်ရဲ့ စိတ်ခံစားချက်တွေ ပြောင်းနေတာသတိထားမိသော်လည်း သူမအနေနဲ့ ဘာမှမလုပ်နိုင်ပေ။
"သူ့ကို မင်းဆီပို့ပေးရမလား"ဟု ချီထျန်းလင်ကပြောသည်။
"မလိုဘူး။ ကျွန်မရှင့်ကို သူ့ကိုအလုပ်တစ်ခု ခိုင်းစေချင်တာ။ ကျွန်မလူတွေနဲ့ မူးယစ်ဆေးအရောင်းအဝယ်လုပ်ဖို့ သူ့ကိုပြောလိုက် ပြီးတော့ ကျွန်မတို့ဘာသာ သူ့ကိုဖမ်းလိုက်မယ်။ ကီရင်းဂိုဏ်းကို ဖော်ထုတ်မခံရဖို့ ပြောနိုင်ပေမဲ့ သူက ထုတ်ပြောမှာကိုတော့ ကျွန်မကတိမပေးနိုင်ဘူး"ဟု ကုနင်းကပြောသည်။
"ငါဂရုမစိုက်ဘူး။ သူက ငါတို့ထဲက တစ်ယောက်မဟုတ်ဘူးလို့ ငါပြောလို့ရတယ်"ဟု ချီထျန်းလင်က ပေါ့ပေါ့ပါးပါးပင် ပြောလေသည်။ သူက ကုနင်းအတွက် ထိုအရာကိုလုပ်ဖို့ သဘောတူထားပြီးပြီမလို့ သူက အဆိုးဆုံးရလဒ်ကို စိတ်ပြင်ဆင်ထားပြီးဖြစ်သည်။
"ကောင်းတယ်။ ကျွန်မတို့ မနက်ဖြန်ကျရင် စလုပ်မယ်။ အလဲအလှယ်လုပ်မယ့်နေရာကို ရွေးပြီးတာနဲ့ ကျွန်မရှင့်ကို ပြန်ပြောပေးမယ်။ သိပ်မကြာဘူးရယ်။ မိနစ်အနည်းငယ်လောက်ပဲ"ဟု ကုနင်း ကပြောသည်။
"ကောင်းပြီလေ"ဟု ချီထျန်းလင်ကပြောသည်။ ထို့နောက်သူတို့ ဖုန်းချလိုက်သည်။
"ဘယ်နေရာက အကောင်းဆုံးလို့ ရှင်ထင်လဲ"ဟု ကုနင်းက လင်ရှောင်းထင် အား မေးလေသည်။
လင်ရှောင်းထင်ဟာ အနည်းငယ်တွေးလိုက်ပြီးနောက် ပြောလေသည်။ "ငါတို့ ကျင်းရှန်းခရိုင်မှာလုပ်လို့ရတယ်။ အဲဒီနေရာက စက်ရုံတွေနဲ့ပြည့်နေပြီး လူရှင်းတယ်။ အဲဒီနေရာမှာ စွန့်ပစ်ထားတဲ့ စက်ရုံတွေနဲ့ ဂိုထောင်တွေလဲရှိတယ်။ အဲ့ဒီနေရာက စွန့်ပစ်ထားတဲ့ဂိုထောင်တစ်ခုမှာ ပြန်ပြေးဆွဲတာဖြစ်ဖူးသေးတာမလို့ အဲဒီနေရာကို ကိုယ်သေချာသိတယ်။ Xxအခြမ်းဘက်မှာ စွန့်ပစ်ထားတဲ့ဂိုထောင်တစ်လုံးပဲရှိတာမလို့ ရှာရတာလွယ်တယ်"
ယွမ်ဝမ်ရွေ့နဲ့ ရှန်းယန်ဖုန်းတို့ရဲ့ သဘောတူညီချက်က သဘက်ခါညမှဖြစ်တာမလို့ သူတို့အနေနဲ့ မနက်ဖြန်ညတွင် အပြီးလုပ်ရမည်ဖြစ်သည်။
သူတို့အနေနဲ့ လုံထျန်းဟူကို မနက်ဖြန်ညတွင်ဖမ်းပြီး ရှန်းယန်ဖုန်းကို သဘက်ခါမှာ ဖမ်းမည်ဖြစ်၍ သူတို့အနေနဲ့ လုံထျန်းဟူနဲ့ ယွမ်ဝမ်ရွေ့တို့ရဲ့ သဘောတူညီချက်ဖြစ်သည်အထိ စောင့်စရာမလိုပေ။ အဘယ်ကြောင့်ဆိုသော် ရုန်ကြွယ်ပါ ပါဝင်လာနိုင်၍ဖြစ်သည်။
"ကောင်းပြီလေ"ဟု ကုနင်းကပြောသည်။ "လုံထျန်းဟူနဲ့ သွားတွေ့ဖို့ ကျွန်မသွားလို့ရတယ်။ ကျွန်မကိုယ်ကျွန်မ ထန်အိုက်နင်းအဖြစ် ရုပ်ဖျက်သွားလို့ရတယ်"
"ကောင်းတယ်။ မင်းကိုကူညီဖို့ ငါလူတစ်ချို့ စီစဉ်ပေးမယ်"ဟု ကုနင်းအတွက် ပြဿနာမဟုတ်သည့်အတွက် လင်ရှောင်းထင်က သူမကိုမငြင်းဆန်ပေ။ သူကလဲ အနီးအနားမှာပင်ရှိနေမှာဖြစ်ကာ သူမသာ အကူအညီလိုရင် သူကအလျင်အမြန် ကူညီနိုင်လေသည်။
ထိုကဲ့သို့ တရားမဝင်သဘောတူညီချက်လုပ်တာဟာ အရမ်းအန္တရာယ်များတာဖြစ်၍ ကုနင်းအနေနဲ့ တစ်ယောက်တည်းမသွားနိုင်ပေ။ သူမအနေနဲ့ သူမနောက်မှ လူ၅ယောက်လောက်တော့ လိုအပ်လေသည်။
"ဟုတ်ပြီ"ဟု ကုနင်းကသဘောတူလေသည်။
ထိုနောက်မှာတော့ သူမဟာ ချီထျန်းလင်ကို ထပ်ဖုန်းဆက်ကာ သူတို့နဲ့ အပေးအယူ လုပ်မယ့်လူနဲ့ နေရာကိုပြောလိုက်လေသည်။ အသက်နှစ်ဆယ်အရွယ် ထန်အိုက်နင်းဆိုတဲ့ မိန်းကလေးဖြစ်လေသည်။
သူတို့ဟာ ညအချိန်မှာပဲ အပေးအယူ လုပ်လို့ရတာဖြစ်၍ အချိန်ကို မနက်ဖြန်ည၉နာရီအဖြစ် သတ်မှတ်လိုက်လေသည်။ လုံထျန်းဟူ အနေနဲ့လာဖို့ အချိန်လုံလောက်လေသည်။
"မူးယစ်ဆေးဘယ်လောက်,လောက် မင်းလိုတာလဲ"ဟု ချီထျန်းလင်က ပိုပြီးအဆင်ပြေတဲ့အစီအစဉ်ဖြစ်စေရန် မေးလိုက်လေသည်။
"ကျွန်မတို့ကို ၅ကီလိုဂရမ်လောက်ပေး။ ပြီးတာနဲ့ ကျွန်မရှင့်ကို ပြန်ပေးမယ်"ဟု ကုနင်းကပြောသည်။
လင်ရှောင်းထင်ဟာ မူးယစ်ဆေးရောင်းဝယ်သူတွေ အများကြီးကို အရင်ကဖမ်းဖူးပေမဲ့လည်း ချီထျန်းလင်က မူးယစ်ဆေးနဲ့ပတ်သတ်ပြီးလုပ်နေတယ်ဆိုတာကို သိပေမဲ့လည်း သူ့အနေနဲ့ ချီထျန်းလင်ကို မသိချင်ယောင်သာ ဆောင်နိုင်လေသည်။
အစိုးရအနေနဲ့ အချို့အဖွဲ့တွေကို တည်ငြိမ်မှုရှိစေရန်အတွက် တရားမဝင်ဂိုဏ်းတွေကို လိုအပ်လေသည်။ သူတို့ကို တအားပြင်းပြင်းထန်ထန် အပြစ်မပေးပေ။ သူတို့အနေနဲ့ ဥပဒေမချိုးဖောက်သ၍ ဒါမှမဟုတ် အစိုးရကို လူသိရှင်ကြား အရှက်မခွဲသ၍ သူတို့ဟာ အန္တရာယ်ကင်းသည်ဖြစ်သည်။
"ကိစ္စမရှိဘူး"ဟု ချီထျန်းလင်ကပြောသည်။ မူးယစ်ဆေးတွေ ပြန်ပေးမလားမပေးမလားဆိုတာကို သူကဂရုမစိုက်သော်လည်း ကုနင်းက မူးယစ်ဆေးတွေကို ပြန်ပေးမယ်လို့ဆိုသည့်အတွက် သူ့အနေနဲ့ လက်မခံစရာ အကြောင်းမရှိပေ။
"ကျွန်မအခုမြို့တော်မှာ။ တကယ်လို့ ရှင်မူးယစ်ဆေးတွေ ပြန်လိုချင်ရင် တစ်ယောက်ယောက်ကို လွှတ်ပြီးပြန်ယူခိုင်းလိုက် ဒါမှမဟုတ် ကိုယ်တိုင်လာယူလှည့်။ ကျွန်မကတော့ ရှင့်ဆီပြန်ပို့ပေးမှာမဟုတ်ဘူး"ဟု ကုနင်းကပြောသည်။
"ကောင်းပြီလေ။ ယွီဟောက် ပြန်လာယူလိမ့်မယ်"ဟု ချီထျန်းလင်ကပြောသည်။ တကယ်လို့ သူသာကုနင်းကိုတွေ့နိုင်ရင် သူကသေချာပေါက် ကိုယ်တိုင်သွားချင်လေသည်။ ဒါပေမယ့် သူကမအားကာ သူသွားချင်တိုင်း သွားလို့မရပေ။
"အိုခေ။ သူ့ကို မြို့လည်စင်တာက XXလမ်းပေါ်က Xxစားသောက်ဆိုင်ကို တိုက်ရိုက်လာခဲ့ဖို့ ပြောလိုက်။ ပြီးတော့ ကျွန်မကို ဖုန်းဆက်လိုက်။ ကျွန်မသူ့ကို အဲဒီကို တွေ့မယ်"ဟု ကုနင်းကပြောသည်။
"ကိစ္စမရှိဘူး။ ဒါပေမယ့် မင်းငါ့ကို ၅၀%လျော့ပေးတာ ရှားတာမလို့ ဆေးနည်းနည်းပိုတောင်းလို့ရမလား"ဟု ချီထျန်းလင် ကမေးသည်။
"အလုံး၂၀အတွက် ယွမ်၁၀မီလီယံ။ အဲထက်ပိုမပေးနိုင်ဘူး"ဟု ကုနင်းကပြောသည်။
"ကောင်းတယ်"ဟု ချီထျန်းလင်က အများကြီးတောင်းဖို့ မစီစဉ်ထားတာမလို့ ကျေနပ်စွာပင် သဘောတူလေသည်။ ၅၀%လျော့ဈေးနဲ့ ကုနင်းက သူ့ကို၁၀လုံးလောက်သာ ပေးမည်ဟု တကယ်တော့ သူကထင်နေတာဖြစ်ပြီး ယွမ်၁၀မီလီယံထဲနဲ့တင် အလုံး၂၀ရတဲ့အတွက် သူကပျော်ရွှင်လေသည်။ ကုနင်းဘက်က စပြီးပြောတာမလို့ သူက သဘောမတူမှာ မဟုတ်ပေ။
စွမ်းအင်သလင်းကျောက်တွေအတွက် ကုနင်းက ထိုကဲ့သို့ ဈေးအများကြီးတင်ထားတာမှန်း လင်ရှောင်းထင်ကမသိ၍ အခုသိတဲ့အခါမှာ သူဟာ အံဩသွားလေသည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက ချီထျန်းလင်ကို ပိုပြီးဈေးကြီးကြီးနဲ့ရောင်းနေတာမှန်း သူခံစားမိလေသည်။
ထိုအရာကိုတွေးမိတဲ့အခါမှာ လင်ရှောင်းထင်ဟာ ပို၍ခံစားလို့ကောင်းသွားသော်လည်း သူက မသေချာဟန်ဖြင့် မေးသေးလေသည်။ "မင်းသူ့ဆီကနေ ပိုက်ဆံပိုရဖို့အတွက် သူ့ကို ဆေးတစ်လုံးကို တစ်မီလီယံယွမ်နဲ့ရောင်းနေတာလား"
ထိုအရာကိုကြားတဲ့အခါ ကုနင်းဟာ ဂုဏ်ယူစွာပြုံးလိုက်လေသည်။ "ဟုတ်တယ်။ ချီထျန်းလင်က အရမ်းချမ်းသာတယ်လေ။ သူ့ဆီကနေ ပိုက်ဆံပိုရဖို့ အခွင့်အရေးကို ကျွန်မလက်လွှတ်မခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူက ကျွန်မအပေါ် ပထမဆုံးအကြိမ်က အမြင်ကောင်းပေးတာမှမဟုတ်တာ"
ထိုအရာကို သိတဲ့အခါ လင်ရှောင်းထင် ဟာပိုပြီး ကျေနပ်သွားလေသည်။
သူဘာတွေတွေးနေတယ်ဆိုတာကို ကုနင်း သေချာသိလေသည်။ လင်ရှောင်းထင်က ချီထျန်းလင်ကို မကြိုက်ဖူးဆိုတာကို သူမသိတာကြောင့်ပဲ သူမက သူ့စိတ်ကျေနပ်သွားအောင် ထိုသို့ပြောလိုက်တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမက အမှန်အတိုင်းပြောနေတာဖြစ်သည်။
"Bမြို့က မြေပြင်နိုက်ကလပ်မှာ ဝမ်ရှင်း၊ ကျားခိုင်နဲ့ ကျွန်မတို့ သွားကဲကျသေးတယ်ဆိုတာ ကျွန်မရှင့်ကိုပြောပြပြီးပြီလား။ ကျွန်မတို့ Slot Machineကစားပြီး စုပေါင်းဆုကြီးတစ်ခုလုံးလဲနိုင်သေးတယ်။ အဲဒီထဲမှာ ယွမ်တစ်ရာမီလီယံတောင် ပါတယ်။ ကာစီနိုက ငွေတွေအများကြီးနဲ့ ရှင့်ကိုအပြင်ထွက်ခွင့်ပေးမှာမဟုတ်မှန်းသိတယ်မလား။ အဲ့တာမလို့ သူတို့ကျွန်မကို ကိုယ်ပိုင်အခန်းထဲ ခေါ်တယ်။ ချီထျန်းလင်က ကျွန်မနဲ့ လောင်းကစားလုပ်ချင်နေတာ။ ကျွန်မနောက်ဆုံးတော့ ယွမ်၃၀၀မီလီယံတောင် နိုင်တယ်။ အဲဒီအချိန်တုန်းက သူမကျွန်မကို ထွက်သွားခွင့်မပေးဘူး။ အဲ့တာကြောင့်မလို့ ကျွန်မတို့ တိုက်ခိုက်ကြပြီး ကျွန်မထပ်နိုင်သွားတယ်။ သူက ကျွန်မက တိုက်ခိုက်ရေးမှာ တော်တယ်ဆိုတာနဲ့ မှော်ဆေးလုံးတွေရှိတယ်ဆိုတာ သိသွားတာပဲ။ ရလဒ်အနေနဲ့ သူကျွန်မကို အရှုံးပေးလိုက်တာပဲ။ ပြီးတော့ မှော်ဆေးလုံးတွေရဖို့အတွက် သူကျွန်မကို ပိုပြီးလေးလေးစားစားဆက်ဆံတယ်။ ကျွန်မရဲ့ တောင်းဆိုချက်တွေကို လက်ခံနိုင်တဲ့အရာမှန်သမျှ လိုက်လျောပေးမယ်လို့ သူကပြောတယ်။ ဒါပေမဲ့ သူက တစ်ခါတစ်လေ စိတ်ရှုပ်ဖို့ကောင်းတယ်။ အဲ့တာမလို့ ရှင့်အနေနဲ့ သူ့စကားတွေကို အတည်ယူဖို့မလိုဘူး"ဟု ကုနင်းကပြောသည်။ လင်ရှောင်းထင်က မပျော်မှာစိုးသောကြောင့် သူမက သူတို့ရဲ့အမြတ်ရတဲ့ ဆက်ဆံရေးကို ချိတ်ဆက်ပေးဖို့ တတ်နိုင်သမျှကြိုးစားတာဖြစ်သည်။ ချီထျန်းလင် ခုနက သူမကို ပြောလိုက်တဲ့စကားက လင်ရှောင်းထင်ကို မကျေမနပ်ဖြစ်စေ၍ ဖြစ်သည်။
"ကိုယ်သိပါတယ်" ကုနင်းရဲ့ ရှင်းပြချက်ကို ကြားပြီးနောက် လင်ရှောင်းထင်ဟာ ပိုခံစားလို့ကောင်းသွားလေသည်။ သူဟာ ချီထျန်းလင်နဲ့ အကြိမ်အနည်းငယ်ဆုံဖူးကာ တိုက်ခိုက်ဖူးတာမလို့ ချီထျန်းလင်ရဲ့ စရိုက်က ဘယ်လိုလဲဆိုတာ သူသိလေသည်။ ချီထျန်းလင်က မောက်မာတယ်၊ ရက်စက်တယ် ပြီးတော့ သနားညှာတာမှုမရှိဘူး။ ထူးချွန်တဲ့ အရည်အချင်းတွေ မရှိပဲနဲ့ သူနဲ့တိုက်ခိုက်ရင် အသက်မရှင်နိုင်ပေ။ ထို့ကြောင့် ကုနင်းက ချီထျန်းလင်နဲ့ ဆုံပြီးပြီဖြစ်၍ သူတို့မှာ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတာ ပိုကောင်းလေသည်။
"ချီထျန်းလင်ဟာ ကုနင်းကို ထိခိုက်အောင်မလုပ်နိုင်ပေမဲ့လည်း ကုနင်းရဲ့ဘေးကလူတွေနဲ့ သူမရဲ့ကုမ္ပဏီကလူတွေကိုတော့ ထိခိုက်အောင်လုပ်နိုင်လေရာ ထိုအရာဟာ သူတို့မတွေ့ချင်တဲ့အရာ ဖြစ်လေသည်။
ချီထျန်းလင်ရဲ့ စိတ်ဓာတ်ကိုကြည့်တာနဲ့တင် သူကထိုကဲ့သို့ တကယ်လုပ်နိုင်လေသည်။
...
စစ်ဟယ်ယွမ်တွင် ကျင်းယွင်ယောင်ဟာ နိုးနေဆဲဖြစ်ကာ ကျင့်ကြံနေတာဖြစ်သည်။
အရမ်းနောက်ကျနေပြီဖြစ်ပေမဲ့လည်း ကျင့်ကြံသူတွေဟာ နေ့တွေညတွေ ဂရုမစိုက်ပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၈၉ မင်းက မချောတာလည်းမဟုတ်ပါဘူး
ကျင့်ကြံပြီးနောက် ကျင့်ကြံသူတွေဟာ အားအင်တွေ ပြည့်နေတာဖြစ်သည်။ ထို့ကြောင့် တကယ်လို့ သူတို့တညလုံးကျင့်ကြံရင်တောင် နောက်တစ်နေ့ကျရင် သူတို့အနေနဲ့ လန်းဆန်းနေမှာဖြစ်သည်။
စစ်ဟယ်ယွမ်တွင် လင်ရှောင်းထင်နဲ့ ကုနင်းတို့ဟာ တစ်ယောက်တည်းအကြာကြီး မနေချင်၍ သူတို့ဟာ အတူတူစတင်ကျင့်ကြံကြလေသည်။
လင်ရှောင်းထင်ဟာ သိုင်းအဆင့်မြင့်တာမလို့ သူ့အနေနဲ့ အကြာကြီးကျင့်ကြံနိုင်ကာ ကုနင်းက သူနဲ့တူတူကျင့်ကြံလေသည်။ သူမဟာ အချိန်အကြာကြီး မကျင့်ကြံနိုင်ပေ။ ထို့ကြောင့် ကုနင်းဟာ တစ်နာရီတစ်ခါ အနားယူရလေသည်။
...
လင်မိသားစုစံအိမ်တွင် လင်ရှောက်ရှီ ဟာသူမအခန်းထဲကို တစ်ယောက်ထဲနေရင်း ညနက်သည်ထိ တချိန်လုံးအတွေးတွေလွန်နေတာဖြစ်သည်။ သူမဟာ လုံးဝမအိပ်ချင်ပေ။
အိပ်ရာပေါ်မှာလှဲရင်း အိပ်မပျော်နေတဲ့သူဟာ သူမတစ်ယောက်တည်းမဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဒီည ချန်ကျွင်းနန် ဟာလည်း အတူတူခံစားနေရတာဖြစ်လေသည်။ သူဟာ ဖုန်းအရမ်းဆက်ချင်၊ စာတိုပို့ချင် ဒါမှမဟုတ် Wechatမှာ လင်ရှောင်းထင်ကို စာပို့ချင်နေတာဖြစ်ပြီး နောက်ဆုံးတော့ လက်လျော့လိုက်လေသည်။ သူမကို အနှောင့်အယှက်ပေးမိမှာ သူကစိုးရိမ်နေတာဖြစ်သည်။
....
ထိုနေ့ညတွင် လင်ရှောင်းထင်ရော ကျင်းယွင်ယောင်ရောဟာ အနားမယူဘဲ နောက်တစ်နေ့ရောက်သည့်အထိ သူတို့ကျင့်ကြံကြလေသည်။
မနက်စောစောတွင် လင်ရှောင်းထင်ဟာ လုံထျန်းဟူနဲ့ ဒီညအပေးအယူလုပ်ဖို့ရာနှင့် သူနဲ့အတူ လုံထျန်းဟူကိုဖမ်းဖို့ရာအတွက် လူတစ်ချို့စီစဉ်လေသည်။
ည၁၁နာရီတွင် ကုနင်းဟာ ယွီဟောက်ဆီမှ ဖုန်းရလေသည်။ သူက သူမပြောတဲ့ စားသောက်ဆိုင်မှာ ရောက်နေပြီးဖြစ်သည်။ ထို့နောက် ကုနင်းထွက်လာလေသည်။
စားသောက်ဆိုင်ဟာ စစ်ဟယ်ယွမ်အနားမှာ ရှိတာမလို့ ကုနင်းဟာ ထိုနေရာသို့ ခြေလျင်ပင် ၅မိနစ်နဲ့ရောက်လေသည်။
ကုနင်းရောက်လာပြီးတဲ့အခါတွင် သူမက ယွီဟောက်ကို ဆေးလုံးတွေပေးပြီးနောက် ထွက်သွားလေသည်။ ယွီဟောက်က သူမကိုထမင်းအတူစားဖို့ ဖိတ်သော်လည်း ကုနင်းက လင်ရှောင်းထင်နဲ့အခြားသူတွေနဲ့ စားရမှာမလို့ ငြင်းလိုက်လေသည်။ ပိုက်ဆံအတွက်ကတော့ ချီထျန်းလင်က ကုနင်းဆီ ဒီနေ့မနက်ပဲ လွှဲပေးပြီးပြီဖြစ်သည်။ သူက ပိုက်ဆံပေးဖို့ ဘယ်တော့မှ မတွန့်ဆုတ်ပေ။
နေ့လည်စာ စားပြီးနောက် လင်ရှောင်းထင်နဲ့ အခြားသူတွေဟာ ခဏတာ နားပြီးနောက် ထွက်သွားလေသည်။
စစ်ဆင်ရေးကြောင့် ရှုကျင်းချန်နဲ့ သူ့အဖွဲ့ဝင်တွေဟာ မြို့တော်ကို ပြန်လာလေသည်။ သူတို့က စစ်ဆင်ရေးကို ညအချိန်မှာ ဆောင်ရွက်မှာဖြစ်လို့ သူတို့က အတူတူနေ့လည်စာစားရင် ထိုအကြောင်းကိုပြောကြမှာဖြစ်သည်။ ချိန်းထားတဲ့နေရာက ရှန်းရှစ်ဟိုတယ်ဖြစ်လေသည်။
သူတို့ အဲဒီကိုမသွားခင်တွင် ကုနင်းနဲ့ လင်ရှောင်းထင်ဟာ ကျင်းယွင်ယောင်အား တောင်မြစ်ကမ်းဥယျာဉ်သို့အရင်ပြန်ပို့ပေးခဲ့သည်။ ထို့ကြောင့် ကုနင်းနဲ့ လင်ရှောင်းထင်တို့ ရှန်းရှစ်ဟိုတယ်ကို ရောက်တဲ့အခါမှာ ရှုကျင်းချန်၊ ချန်းမင်၊ ရှင်းပိုင်နဲ့ စစ်မင်တို့အပါအဝင် အခြားလူတွေဟာ ရောက်နှင့်ပြီးဖြစ်လေသည်။ သူတို့ဟာ လင်ရှောင်းထင်နောက်ကလိုက်၍ စစ်ဆင်ရေးဆောင်ရွက်မှာဖြစ်ပြီး ရဲဝန်ထမ်းအချို့ကလဲ သူတို့နဲ့အတူတူ ပါမှာဖြစ်သည်။ သူတို့ဟာ ဒီနေ့ညမှာ ဆုံကြမှာဖြစ်သည်။
ကုနင်းကို စစ်သား၆ယောက်က ကူညီမှာဖြစ်ပြီး သူတို့ကလဲ သူမနဲ့ ဒီညဆုံမှာဖြစ်လေသည်။
ညနေ၅နာရီမထိုးသေးတာမလို့ သူတို့ဟာ ဒီညဆောင်ရွက်ရမဲ့တာဝန်အကြောင်းကို ပြောကြလေသည်။
ထိုမတိုင်ခင် "ကျွန်မတို့က အဲဒီအကြောင်းကို ညစာမစားခင်ပြောမှာအတူတူ ပိုင်ယင်းကို ညစာအတူတူစားဖို့ ခေါ်ရအောင်"ဟု ကုနင်းကပြောသည်။
ကုနင်းဟာ ရှုကျင်းချန်ကိုကြည့်လျက် ထိုသို့ပြောလိုက်တာဖြစ်သည်။
ထိုအရာကိုကြားတဲ့အခါ လူတိုင်းက အတင်းတုတ်စရာရှာတဲ့အနေနဲ့ ရှုကျင်းချန်အား လှည့်ကြည့်လိုက်ကြပြီး ရှုကျင်းချန်ကတော့ ရှက်သွားကာ လူတိုင်းရဲ့မျက်လုံးနဲ့ဝေးရာကို လှည့်လိုက်လေသည်။
"ပိုင်ယင်းဆိုတာ ဘယ်သူလဲဆိုတာ ငါတို့ကိုပြောပြဦး"ဟု ရှင်းပိုင်ကမေးသည်။
"အသိသာချည်းကိုကွာ။ သူမက ကျင်းချန်ရဲ့ ကောင်မလေးပဲဖြစ်ရမယ်"ဟု စစ်မင်ကပြောသည်။ ထိုအရာဟာ ခန့်မှန်းရုံသာဖြစ်သော်လည်း ကုနင်းက ရှုကျင်းချန်ကို ကြည့်ပြီးပြောထားတာဖြစ်၍ သူတို့အနေနဲ့ ထိုသို့စဉ်းစားမိတာဖြစ်သည်။
"မင်းမှာကောင်မလေးရှိတယ်ဆိုတာ ငါတို့ကိုဘာလို့မပြောပြတာလဲ။ ငါတို့က မင်းပျော်ရွှင်မှုအတွက် စိတ်ပူနေရတာ"ဟု ချန်းမင်က မကျေမနပ်ဖြင့် ပြောလေသည်။
"လျှောက်ပြီးပြောမနေနဲ့"ဟု ရှုကျင်းချန်က ချက်ချင်းငြင်းလိုက်ပြီးနောက် ရှင်းပြလေသည်။ "အဲ့ဒီလိုပြောဖို့ စောသေးတယ်"
"မဖြစ်နိုင်တာ။ မင်းကရုပ်ချောတာပဲကို။ ကောင်မလေးက မင်းကိုမကြိုက်လို့လား"ဟု ရှင်းပိုင်က အထင်သေးစွာပြောသည်။
ရှုကျင်းချန်ဟာ တိတ်ဆိတ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကြောင့်ပဲ သူဟာသူ့ကိုယ်သူ ယုံကြည်ချက် ပျောက်ဆုံးနေတာဖြစ်သည်။
"တကယ်လား။ အဲ့တာကြောင့်လား"ဟု စစ်မင်က အံ့အားသင့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ရှုကျင်းချန်မှာ အမြဲတမ်း ရွေးချယ်စရာတွေ အများကြီးရှိ၍ဖြစ်သည်။ သူ့ကိုမကြိုက်တဲ့မိန်းကလေး သူတို့တွေ့ဖူးတာ ရှားလေသည်။
မိန်းကလေးတိုင်းက ရှုကျင်းချန်ကို ချစ်မှာမဟုတ်ဘူးဆိုတာ နားလည်နိုင်ပေသည်။ သို့သော်လည်း ရှုကျင်းချန်ရဲ့ ရုပ်ရည်နဲ့တင် သူ့အနေနဲ့ ကောင်မလေးရှာချင်ရင် မခက်ခဲပေ။ ပိုပြီးအရေးကြီးတာက ရှုကျင်းချန်က တန်ဖိုးရှိတဲ့ ယောင်္ကျားလေးတစ်ယောက်ဖြစ်လေသည်။
"လူတိုင်းငါ့ကိုချစ်ရအောင် ငါကပိုက်ဆံမှ မဟုတ်တာ"ဟု ရှုကျင်းချန်က လက်လျော့ဟန်ဖြင့် ပြန်ငြင်းလေသည်။
"ကောင်မလေးက သမီးရည်းစားဆက်ဆံရေးကို အရမ်းဂရုစိုက်နေလို့ပါ။ သူမက ကျင်းချန်ကို မကြိုက်တာမဟုတ်ဘူ။ သူတို့နှစ်ယောက်က အချိန်အများကြီးလည်း အတူတူမဖြုန်းဖူးကြဖူးလေ"ဟု ကုနင်းကပြောသည်။ သူမက ရှုကျင်းချန်ဘက်က ကူပြောပေးနေတာမဟုတ်ဘဲ ကျီပိုင်ယင်း ဘက်ကကာကွယ်ပြီးပြောပေးနေတာဖြစ်သည်။
"အဲ့တာဆိုလဲ သူမနဲ့ အချိန်များများဖြန်းပေး။ ကောင်မလေးအနေနဲ့ ကျင်းချန်က ဘယ်လောက်ကောင်းလဲဆိုတာသိမှ သူတို့တွဲကြမှာ"ဟု ရှင်းပိုင်ကပြောသည်။ သူက ရှုကျင်းချန်ရဲ့ ပျော်ရွှင်မှုအတွက် အများကြီးဂရုစိုက်လေသည်။
"ဟုတ်တယ်။ ငါတို့ညီအစ်ကိုရဲ့ အနာဂတ်ချစ်သူလောင်းကို ငါတို့တွေ့ချင်တယ်။ သူမက ထူးချွန်မယ်ဆိုတာ ငါလောင်းရဲတယ်"ဟု ချန်းမင်ကပြောသည်။
"ငါသဘောတူတယ်"
"တော်ပါတော့။ မင်းတို့အဲဒီလိုဆက်လုပ်နေရင် သူမကြောက်ပြီးထွက်ပြေးသွားလိမ့်မယ်" သူတို့ရဲ့ အမူအရာကိုကြည့်ပြီး သူက ကျီပိုင်ယင်းကို ခေါ်ရမှာအနည်းငယ်ကြောက်နေလေသည်။
"လုပ်စမ်းပါ။ တကယ်လို့ ကောင်မလေးလာရင် ငါတို့ဆင်ခြင်မှာပါ။ မင်းတို့ရဲ့ ဆက်ဆံရေးအကြောင်းလဲ ငါတို့ဆက်မမေးဘူး"ဟု ချန်းမင်က ရှုကျင်းချန် ဘေးနားထိုင်ကာ ပြောလိုက်သည်။ ရှုကျင်းချန်ထိုသို့ပြောလိုက်တာနဲ့ သူကရုတ်တရက်ပဲ ရှုကျင်းချန်ရဲ့ ပခုံးကိုပုတ်လိုက်လေသည်။
"ဟုတ်တယ်။ ငါသူတို့ကို ယုံတယ်"ဟု ကုနင်း ကပြောသည်။
ရွေးချယ်စရာမရှိတော့တာမလို့ ရှုကျင်းချန်က ကျီပိုင်ယင်းကို ဖုန်းခေါ်ရသော်လည်း သူက ကိုယ်ပိုင်အခန်းထဲမှာတင် မခေါ်ဘဲ ထို့အစား အပြင်ထွက်ကာ ဖုန်းခေါ်လေသည်။
ရှုကျင်းချန်ကို ကြည့်ရတာ ထိုသို့မလုပ်ချင်ပုံပေါ်သော်လည်း ကုနင်းက ကျီပိုင်ယင်း အကြောင်းကိုခုနက ပြောလိုက်တဲ့အခါ သူကတကယ်တော့ မစောင့်နိုင်တော့ဘူးဖြစ်သည်။
ရှုကျင်းချန်က ကျီပိုင်ယင်းကို လာပြီး ညစာအတူတူစားဖို့ ဖိတ်ခေါ်လေသည်။ လင်ရှောင်းထင်နဲ့ ကုနင်းကလည်း အဲဒီမှာရှိတာမလို့ ကျီပိုင်ယင်းက သဘောတူလေသည်။
ကျီပိုင်ယင်းက ရှန်းရှစ်ဟိုတယ်ကို ရောက်တဲ့အခါမှာ အချိန်ကညနေ ၆နာရီထိုးတော့မည်ဖြစ်သည်။ ရှုကျင်းချန်ရဲ့ ဖုန်းရပြီး အိမ်ကထွက်လာစဉ်က ညနေ၅နာရီထိုးပြီးနေပြီဖြစ်သည်။ ထို့ကြောင့် တောင်ပိုင်းမြို့နယ်မှ မြို့လည်စင်တာကို လာရတာ တစ်နာရီလောက်ကြာလေသည်။
ရှုကျင်းချန်က ဟိုတယ်ဂိတ်ကိုသွားကာ သူမကိုကိုယ်တိုင် သွားကြိုလေသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့က သူတို့ရဲ့စစ်ဆင်ရေးအကြောင်း လွန်ခဲ့တဲ့၁၀မိနစ်ကပဲ အကုန်ပြောပြီး၍ဖြစ်သည်။
သူက ကျီပိုင်ယင်းကို ကိုယ်ပိုင်အခန်းရဲ့နံပါတ်ကို ပြောပြပြီးပေမဲ့လည်း သူ့သူငယ်ချင်းတွေက သူမကိုသွားကြိုဖို့ သူ့ကိုပြောလေသည်။ သူ့ကိုအဲဒီလိုလုပ်ချင်နေတာဖြစ်ပြီး အနည်းငယ်ရှက်နေတာဖြစ်သည်။
ရလဒ်အနေနဲ့ သူ့သူငယ်ချင်းတွေက သူမကိုသွားကြိုဖို့ သူ့ကိုတိုက်တွန်းတဲ့အခါ သူကထိုအခွင့်အရေးကို အသုံးချလေသည်။
သို့သော်လည်း ကျီပိုင်ယင်းရောက်မလာခင် မိနစ်အနည်းငယ်အကြာမှာပဲ ရှုကျင်းချန်က မစ္စစ်ကျီးနဲ့ မစ္စကျီးတို့နဲ့ဆုံလေသည်။
မစ္စစ်ကျီးကို သူမရဲ့သူငယ်ချင်းက ရှန်းရှစ်ဟိုတယ်မှာ ထမင်းစားဖိတ်ထားတာဖြစ်လေသည်။ ကားထဲကထွက်လာတာနဲ့ သူမက ရှုကျင်းချန်ကို မြင်လေသည်။ သူ့ကိုမြင်တဲ့အခါ မစ္စစ်ကျီးနဲ့ သူမရဲ့သမီးဟာ စိတ်လှုပ်ရှားသွားလေသည်။ တဖက်တွင် ရှုကျင်းချန်ကတော့ စိတ်ရှုပ်သွားသော်လည်း သူ့အနေနဲ့ သူတို့ကိုရှောင်ဖို့ရာ နောက်ကျသွားပြီဖြစ်လေသည်။
"ကျင်းချန် တိုက်ဆိုင်လိုက်တာ။ မင်းလဲ ရှန်းရှစ်ဟိုတယ်မှာ ထမင်းလာစားတာလား။ မင်းသူငယ်ချင်းတွေရော ဒီမှာပဲလား"ဟု မစ္စစ်ကျီးက ပြုံးလျက်မေးသည်။
"ဟုတ်တယ်။ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်အချို့နဲ့ အတူလာတာ"ဟု ရှုကျင်းချန်က ပြတ်ပြတ်ပင် ပြောလိုက်သည်။
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၉၀ ငါသူတို့နဲ့မရင်းနှီးပါဘူး
"မင်္ဂလာပါ သခင်လေးရှု"ဟု ကျီးဇီကျင်းက ရှုကျင်းချန်အား ကျက်သရေရှိစွာပဲ နှုတ်ဆက်လိုက်လေသည်။ သူမက သူ့ကိုတွေ့ရတာ အနည်းငယ်ရှက်နေသော်လည်း သူမရဲ့မျက်နှာပေါ်တွင် မပြပေ။ အဘယ်ကြောင့်ဆိုသော် ရှုကျင်းချန်က စစ်သားဆိုဖြစ်ပြီး ဟန်ဆောင်ပန်ဆောင်လုပ်တတ်တဲ့ မိန်းမတွေကို မုန်းတယ်ဆိုတာ သူမ,သိ၍ဖြစ်သည်။
ရှုကျင်းချန်က ဟန်ဆောင်ပန်ဆောင်လုပ်တတ်တဲ့ မိန်းမတွေကို မုန်းတယ်ဆိုတာ မှန်သော်လည်း သူက သူမကို သိပ်အာရုံမစိုက်ပေ။ သူက သူမကို စိတ်ဝင်စားမှုမရှိစွာ ပြန်ဖြေလိုက်သည်။ "မင်္ဂလာပါ မစ္စကျီး"
"ကျင်းချန်၊ မင်းဒီရက်ပိုင်းအလုပ်တွေ တအားရှုပ်နေတာလား"ဟု မစ္စစ်ကျီးကမေးသည်။ အဘယ့်ကြောင့်ဆိုသော် သူမက မစ္စစ်ရှုဆီက ဘာမှမကြားရကာ စိတ်မရှည်တော့သောကြောင့်ဖြစ်သည်။ သူမက ရှုကျင်းချန်နဲ့ ဆုံမှတော့ သူ့ကိုမေးရမည်ဖြစ်သည်။
"ဟုတ်တယ်။ ကျွန်တော်ခဏနေရင် အလုပ်ရှိသေးတယ်"ဟု ရှုကျင်းချန်က ပြောသည်။
"အို၊ မင်းတအားအလုပ်များနေမှာပဲ။ မင်းဘယ်တော့လောက် အားမလဲ။ ငါတို့ ထမင်းအတူတူစားရအောင်လေ"ဟု မစ္စစ်ကျီးက ထပ်မေးလေသည်။ သူမရဲ့ ရည်ရွယ်ချက်က တအားသိသာလေသည်။
"မိန်းကလေးတွေရဲ့ တွေ့ဆုံပွဲမလို့ ကျွန်တော်လာဖို့ မသင့်တော်လောက်ဘူး။ ကျွန်တော့်အမေနဲ့ပဲ ထမင်းအတူစားလိုက်ပါလား"ဟု ရှုကျင်းချန်ဟာ မစ္စစ်ကျီးက ဘာကိုဆိုလိုချင်လဲဆိုတာ သဘောပေါက်ပေမဲ့လည်း မသိချင်ယောင် ဆောင်လေသည်။
"မင်းအမေနဲ့ ငါနဲ့က သူငယ်ချင်းတွေလေ။ ငါတို့က သူစိမ်းတွေမှမဟုတ်တာ။ မသင့်တော်တာ မရှိပါဘူး။ တကယ်တော့ အန်တီက မင်းကိုအကူအညီတောင်းရဦးမယ်။ ဇီကျင်းက အိမ်ကိုပြန်ရောက်တာ မကြာသေးတာမလို့ သူမမှာသူငယ်ချင်းသိပ်မရှိဘူး။ တကယ်လို့ဖြစ်နိုင်ရင် သူမမှာသူငယ်ချင်းရအောင် မင်းနဲ့ခေါ်သွားပေးလို့ရမလား"ဟု မစ္စစ်ကျီးကပြောသည်။
"ကျွန်တော်တောင်းပန်ပါတယ် မစ္စစ်ကျီး။ ကျွန်တော့်မှာ အလုပ်တွေအများကြီးရှိသေးတယ်။ ပုံမှန်အားဖြင့် ကျွန်တော့်မှာ သူငယ်ချင်းဖွဲ့ဖို့ အချိန်မရှိဘူး။ ကျွန်တော်က ဘာမှမလုပ်ဘဲ အချိန်ဖြုန်းနေတဲ့ သုံးမရတဲ့ လူရှုပ်လူပွေလို့ အန်တီကထင်လို့လား။ ပြီးတော့ ကျွန်တော်က အမြဲတမ်း ယောင်္ကျားလေးတွေနဲ့ပဲ တွေ့ဆုံပွဲလုပ်တာများတာ။ မစ္စကျီးက မိန်းမငယ်လေးမလို့ သူမအနေနဲ့ မိန်းကလေးတွေနဲ့ ပိုပြီးသူငယ်ချင်းဖွဲ့သင့်တယ် မဟုတ်ဘူးလား။ တကယ်လို့ မစ္စစ်ကျီးက သူမကို ကျွန်တော့်သူငယ်ချင်းတွေရဲ့ တွေ့ဆုံပွဲကို ခေါ်သွားစေချင်ရင် တခြားလူတွေက မစ္စကျီးကို မိန်းမကောင်းလေးလို့ ထင်မှာမဟုတ်ဘူး။ အန်တီအနေနဲ့ သူမရဲ့ဂုဏ်သတင်းကို ဂရုမစိုက်ဘူးလား"ဟု ရှုကျင်းချန်မှာ အပြုအမူကောင်းတွေရှိရင်တောင် သူ့အနေနဲ့ မစ္စစ်ကျီးကို မရယ်ပဲမနေနိုင်ပေ။
ထိုအရာကိုကြားတဲ့အခါ မစ္စစ်ကျီးနဲ့ မစ္စကျီးတို့ဟာ မကျေမနပ်ဖြစ်သွားလေသည်။ ဘာလို့ ရှုကျင်းချန်က အမြဲတမ်းသူတို့ရဲ့ စကားတွေကို နားလည်မှုလွဲနေတာလဲ။
ရှုကျင်းချန်က တမင်တကာလုပ်မှန်း ကျီးဇီကျင်းက မြင်နိုင်လေသည်။ သူမအမေဘာကိုဆိုလိုချင်မှန်း သူသိရမည်။ သူတကယ်ပဲ သူမအပေါ်မှာ စိတ်ဝင်စားမှု မရှိဘူးလား။
"ကျင်းချန်၊ အန်တီက အဲဒီလိုမဆိုလို..."ဟု မစ္စစ်ကျီးက ရှုကျင်းချန်က တမင်တကာလုပ်နေတာကို မမြင်နိုင်ပေ။ ထို့ကြောင့် သူက ကျီးဇီကျင်းအပေါ်မှာ အမြင်ကောင်းမရှိမှာဆိုး၍ သူမကရှင်းပြဖို့ရန် ကြိုးစားလေသည်။
အဲဒီအချိန်မှာပဲ အမျိုးသမီးတစ်ယောက်ရဲ့ အသံက ဝင်နှောက်ယှက်လိုက်လေသည်။ "အို၊ ကျွန်မ အချိန်မှားပြီး ရောက်လာမိပြီထင်တယ်"
ကျီပိုင်ယင်းဟာ မန်တနဲ့ နန်တို့နဲ့အတူ ရောက်လာတာဖြစ်သည်။ ဒါပေမယ့် ကားတံခါးဖွင့်ပြီးထွက်လာတာနဲ့ ရှုကျင်းချန်က မစ္စစ်ကျီးနဲ့ မစ္စကျီးတို့နဲ့အတူ စကားပြောနေတာ သူမ,တွေ့လေသည်။ သူမက မကျေမနပ်ဖြစ်သွားသောကြောင့် သူတို့ကို လှောင်ပြောလိုက်ခြင်းဖြစ်သည်။
မစ္စစ်ကျီးနဲ့ မစ္စကျီးတို့ကြောင့် ကျီပိုင်ယင်းကသူ့ကို အထင်လွဲသွားသောကြောင့် ရှုကျင်းချန်က မပျော်မရွှင်ဖြစ်သွားလေသည်။
မစ္စစ်ကျီးနဲ့ မစ္စကျီးတို့ကတော့ ကျီပိုင်ယင်းဟာ ရှုကျင်းချန် သူငယ်ချင်းရဲ့ညီမဆိုတာ သိတာမလို့ သူမတို့က ထိုထက်ပိုမတွေးပေ။
"မဟုတ်ပါဘူး။ မင်းရောက်လာတာ အချိန်ကိုက်ပဲ။ အထဲသွားရအောင်"ဟု ရှုကျင်းချန်က မစ္စကျီးနဲ့ မစ္စစ်ကျီးတို့အား ထားခဲ့ကာ ကျီပိုင်ယင်းနဲ့အတူ အထဲတန်းဝင်သွားလေသည်။
"သူတို့မှာ ရှင့်နဲ့ပြောစရာတွေ အများကြီးရှိသေးတယ်လို့ ကျွန်မထင်တယ်။ ရှင့်အနေနဲ့ အခုလိုထွက်လာလို့ အဆင်ပြေရဲ့လား"ဟု ကျီပိုင်ယင်းက မစ္စစ်ကျီးနဲ့ မစ္စကျီးတို့အား တချက်ကြည့်လျက် ပြောလိုက်သည်။ "ရှင်သူတို့နဲ့ စကားပြီးအောင် ပြောလိုက်ဦးလေ။ ကျွန်မအရင်သွားနှင့်လိုက်မယ်"
ကျီပိုင်ယင်းကို ကြည့်ရတာ စဉ်းစားပေးနေတယ်လို့ ထင်ရပေမဲ့လည်း တကယ်တော့ သူမက ထေ့ငေါ့ပြောနေတာဖြစ်ပြီး သူမရဲ့ ပြစ်မှတ်က ရှုကျင်းချန် ဖြစ်လေသည်။
ရှုကျင်းချန်က ထိုအရာကိုသိလေသည်။ ထို့ကြောင့် သူက စိတ်ထိခိုက်သွားတဲ့ပုံနဲ့ ချက်ချင်းရှင်းပြလေသည်။ "ငါသူတို့နဲ့ ဘာမှပြောစရာမရှိဘူး။ သူတို့နဲ့ အဲ့လောက်တောင် မရင်းနှီးဘူးရယ်"
"ကျွန်မနဲ့ မဆိုင်ဘူး"ဟု ကျီပိုင်ယင်းကစိတ်ဆိုးစွာပြောသည်။ ထို့နောက် သူမက ရှုကျင်းချန်ကို ထားခဲ့ကာ တိုက်ရိုက်ပဲ အထဲဝင်သွားလေသည်။
ကြည့်ရတာ သူမက ထိုကိစ္စကို လုံးဝဂရုမစိုက်သည့်ပုံပေါ်သော်လည်း တကယ်တော့ သူမက ကြိတ်ကျေနပ်နေတာဖြစ်သည်။ သူမက အစကတော့ စိတ်ဆိုးနေတာဖြစ်ပြီး ရှုကျင်းချန်ကိုတောင် ထေ့ငေါ့ပြောကာ တိုက်ခိုက်လိုက်သေးသော်လည်း ထိုအမျိုးသမီးနှစ်ယောက်က သူ့ကိုအလွှတ်မပေးနေတာကို သိတာမလို့ သူမက တကယ်တော့ သူ့ကို မကျေနပ်နေတာမဟုတ်ပေ။ ယဉ်ကျေးမှုအရ ရှုကျင်းချန်အနေနဲ့ သူတို့ကို စကားပြန်ပြောရပေမည်။ သို့သော်လည်း သူအခုပြောလိုက်တဲ့စကားဟာ သူတို့အား လူရှေ့မှာ အရှက်ခွဲလိုက်တာဖြစ်သည်။
ကျီပိုင်ယင်းဟာ အထဲကိုဝင်သွားပြီးနောက် ရှုကျင်းချန်ဟာ မစ္စစ်ကျီးနဲ့ မစ္စကျီးတို့ကို ဂရုမစိုက်တော့ပဲ သူမနောက်မှ တန်းလိုက်လာလေသည်။
ရှုကျင်းချန်က လူရှေ့မှာ ထိုသို့ပြောလိုက်သောကြောင့် မစ္စစ်ကျီးနဲ့ မစ္စကျီးတို့ဟာ ဒေါသထွက်သွားလေသည်။ သူတို့မမျှော်လင့်ထားတာက သူတို့ကို အရှက်ခွဲဖို့ရာ ရှုကျင်းချန်က မတွန့်ဆုတ်တာကိုပင်ဖြစ်သည်။ ထို့အပြင် ဒီတစ်ကြိမ်တွင် ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့ရဲ့ ဆက်ဆံရေးဟာ မရိုးရှင်းကြောင်း သူတို့သေချာ မြင်နိုင်လေသည်။
"အမေ၊ သမီးကို သူကြိုက်တယ်လို့မထင်ဘူး။ သမီးတို့ အကြိမ်အနည်းငယ်တွေ့ဖူးပေမဲ့လည်း သူကသမီးကို တစ်ခါမှ အာရုံမရှိဘူး။ သူက အဲ့ဒီမိန်းကလေးကို သဘောကျနေတယ်ဆိုတာ အသိသာချည်း"ဟု ကျီးဇီကျင်းက နှုတ်ခမ်းကို အတင်းကိုက်လျက်ပြောသည်။ သူမကိုယ်သူမ အရှုံးသမားတစ်ယောက်အလား ခံစားမိလေသည်။
သူမဟာ သူ့ကနေတစ်ဆင့် လူထုအဆင့်အတန်းဆိုတဲ့ လှေကားကို တက်လှမ်းချင်တာ မှန်ပေမဲ့လည်း သူမက ရှုကျင်းချန်ကို တကယ်ကြိုက်တာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရှုကျင်းချန်ဟာ သူမရဲ့နှလုံးသားထဲတွင် အရေးပါလေသည်။
အခုတော့ သူမမှာ အခွင့်အရေးမရှိတော့ဘူးဆိုတာကို သဘောပေါက်သွားလေသည်။ အထူးသဖြင့် ရှုကျင်းချန်မှာ ကြိုက်နေတဲ့ကောင်မလေး ရှိပြီးနေပြီဆိုတာကို သိပြီးတဲ့အခါတွင်ဖြစ်သည်။ သူမဟာ စိတ်ပျက်မှုတွေနဲ့ ဝမ်းနည်းမှုတွေ ပြည့်နှက်သွားတာဖြစ်သည်။ သို့သော်လည်း သူမဟာ ဘာလုပ်ရမှန်းမသိပေ။
တကယ်တော့ သူမရဲ့ သူငယ်ချင်းအသိုင်းအဝိုင်းကြားက လူတွေနဲ့ယှဉ်ရင် သူမရဲ့ မိသားစုနောက်ခံ၊ ရုပ်ရည်ချောမောမှု၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင်တွေမှာ အရမ်းထူးချွန်သည်ဖြစ်သည်။ ဒါပေမယ့် သူမဟာ ရှုကျင်းချန်နဲ့ ရင်ဆိုင်ရာတွင် ရှုကျင်းချန်က သူမထက် သာတာမလို့ ယုံကြည်ချက်နည်းနေလေသည်။
"ဒီကိစ္စနဲ့ပတ်သတ်ပြီး အမေ မစ္စရှုကို မေးဖို့လိုတယ်"ဟု မစ္စစ်ကျီးက လက်မလျော့နိုင်ပေ။ ထို့ကြောင့် သူမရဲ့ဖုန်းကိုထုတ်ကာ မစ္စရှုအား ဖုန်းတန်းဆက်လိုက်လေသည်။
ရှုကျင်းချန်က ရုပ်ရည်ချောမော၊ ထူးချွန်ပြီး စွမ်းအားကြီးတဲ့မိသားစုက မွေးဖွားလာတာမလို့ သူက ပြီးပြည့်စုံတဲ့ရွေးချယ်မှုဖြစ်တာကြောင့် ဖြစ်သည်။ တကယ်တော့ တကယ်လို့ ရှုကျင်းချန် ကရုပ်ဆိုးပြီး သုံးစားမရတဲ့လူဖြစ်နေရင်တောင် မစ္စစ်ကျီးက ရှုကျင်းချန်ကို သူမရဲ့ သမက်အဖြစ် ရွေးချယ်ဦးမှာဖြစ်သည်။
တကယ်လို့ ယောင်္ကျားတစ်ယောက်ဟာ ကြည့်ကောင်းတာတစ်ခုထဲရှိရုံနဲ့တင် ငွေအများကြီးရှာနိုင်လောက်မှာ မဟုတ်ပေ။ တကယ်လို့ ယောင်္ကျားတစ်ယောက်ဟာ အရည်အချင်းတွေသာရှိပြီး သူ့ကိုထောက်ပံ့ပေးမဲ့ စွမ်းအားကြီးတဲ့ မိသားစုမရှိရင် သူ့အနေနဲ့ အနာဂတ်မှာ အောင်မြင်ဖို့ရန် ခက်ခဲလေသည်။ သူ့မှာ စွမ်းအားကြီးတဲ့မိသားစုရဲ့ ထောက်ပံ့မှုတွေ ရှိနေသ၍ တကယ်လို့ သူတရက်လောက် အလုပ်မလုပ်တောင် သူ့အနေနဲ့ ဇိမ်ကျကျ တသက်လုံးနေနိုင်မှာဖြစ်သည်။
သိပ်မကြာခင်မှာပဲ မစ္စရှုဟာ ဖုန်းကိုင်လေသည်။ မစ္စရှုဟာ မစ္စစ်ကျီးရဲ့ဖုန်းကို ရတဲ့အခါ အနည်းငယ်အပြစ်ရှိတယ်လို့ ခံစားရလေသည်။ အဘယ့်ကြောင့်ဆိုသော် သူမက ရှုကျင်းချန်မှာ ကြိုက်နေတဲ့ကောင်မလေးရှိပြီးနေပြီဆိုတာ မစ္စစ်ကျီးကို မပြောပြသေး၍ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မစ္စစ်ကျီးက ဒီတစ်ခါဖုန်းဆက်မှတော့ သူမအနေနဲ့ ထိုအကြောင်းကို တစ်ခါတည်းပြောပြနိုင်လေသည်။ ဒါမှမဟုတ်ရင် ထိုအရာကြောင့် ပြဿနာတွေ များလာနိုင်လေသည်။
"မင်္ဂလာပါ မစ္စရှု၊ အခုဘာတွေလုပ်နေတုန်း"ဟု မစ္စစ်ကျီး ကမေးသည်။
"ကျွန်မအခု အိမ်မှာပဲ"ဟု မစ္စရှု ကပြောသည်။ "အို ဒါနဲ့ မစ္စစ်ကျီး၊ ကျွန်မရှင့်ကို ကိစ္စတစ်ခုအတွက် တောင်းပန်ရဦးမယ်"
"ဘာကိစ္စလဲ"ဟု မစ္စစ်ကျီးဟာ လန့်သွားကာ ရှုကျင်းချန်ကို ချက်ချင်းတွေးမိသွားလေသည်။ ရှုကျင်းချန်မှာ ကြိုက်နေတဲ့ကောင်မလေးရှိနေပြီဆိုတာ အမှန်ပဲလား။ သူမသမီးနဲ့ ရှုကျင်းချန်နဲ့ အတူတွဲဖို့ရာ တကယ်ပဲလုံးဝမဖြစ်နိုင်တော့ဘူးလား။
သူမက ထိုသို့တွေးမိသော်လည်း သူမထင်တာ မမှန်ဖို့ မျှော်လင့်နေလေသည်...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၉၁ မိန်းကလေးတွေတော်တဲ့ကိစ္စသုံးမျိုး
"ကျွန်မတို့ ကျင်းချန်နဲ့ ဇီကျင်းကို အောင်သွယ်ပေးချင်တာ ကျွန်မသိတယ်။ ကျွန်မသားကို အဲဒီအကြောင်းပြောပြလိုက်ပေမဲ့ သူက အောင်သွယ်လုပ်ပေးတာကို အရမ်းမုန်းနေတာ။ မိဘကစီစဉ်ပေးတဲ့ မိန်းမယူဖို့အတွက်ကို စဉ်းစားရလောက်တဲ့အထိ မဖြစ်သေးကြောင်းနဲ့ မိန်းကလေးတွေအများကြီးက သူ့ကိုကြိုက်ကြောင်းတောင်ပြောနေတာ။ တကယ်လို့ ကျွန်မက သူ့ကို မိန်းကလေးတွေနဲ့တွေဖို့ ထပ်စီစဉ်ရင် အိမ်ပြန်မလာတော့ဘူးလို့တောင် ကျွန်မကို ခြိမ်းခြောက်နေတာ"
"ဟူး။ သူ့စိတ်ကိုပြောင်းအောင်လုပ်ဖို့ ကျွန်မလဲမတတ်နိုင်ဘူး။ သူမှာ ကြိုက်နေတဲ့သူ ရှိပြီးနေပြီလို့တောင် ကျွန်မကသံသယဝင်မိပေမဲ့လည်း သူက ကျွန်မကို ဘာမှပြောမပြဘူး။ သူ့ရဲ့ အကျင့်ဆိုးအကြောင်းလဲ ရှင်သိတာပဲ။ သူ့ကို စစ်တပ်ထဲမဝင်ဖို့ ကျွန်မတို့ တားတုန်းက သူတိတ်တိတ်လေး ဝင်သွားသေးတာပဲ။ ဒီတစ်ခါတော့ သူ့စိတ်ကိုလွန်ပြီး ကျွန်မလဲ မတိုက်တွန်းရဲတော့ဘူး။ အခုလို ကိစ္စတွေ ထင်သလိုမဖြစ်လာတဲ့အတွက် ကျွန်မတောင်းပန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့အနေနဲ့ သူ့ကို ဇီကျင်းနဲ့တွဲဖို့ ဖိအားပေးလို့မှမရတာ။ တကယ်လို့ ကလေးတွေက တစ်ယောက်နဲ့တစ်ယောက် ကံပါလာရင်တော့ သူတို့နောက်ဆုံးကျရင် လက်ထပ်ကြလိမ့်မယ်။ တကယ်လို့ သူတို့က အတူနေဖို့ ကံပါမလာရင်တော့ သူတို့စိတ်ကိုလွန်ဆန်ပြီး ဖိအားမပေးကြရအောင်။ ဇီကျင်းက မိန်းမကောင်းလေးမလို့ သူ့ကိုသဘောကျတဲ့လူတွေ အများကြီးရှိမှာ သေချာတယ်"ဟု မစ္စရှု ကပြောသည်။
မစ္စရှုက မစ္စစ်ကျီးနဲ့ ကိစ္စတွေ ရှင်းလင်းစေချင်တာဖြစ်ပေမဲ့လည်း သူမက အမှန်အတိုင်းအကုန်လုံးပြောပြရလောက်အောင်အထိ မတုံးအပေ။ မစ္စစ်ကျီးကို အခုလိုပြောလိုက်ခြင်းဖြင့် လိမ်ပြောတယ်လို့လဲ ပြောမရပေ။
မစ္စရှုပြောလိုက်တာကို မစ္စစ်ကျီး ကြားလိုက်တာနဲ့တပြိုင်နက် သူမက အနည်းငယ် စိတ်ပျက်ကာ မကျေနပ်ပေမဲ့လည်း မစ္စရှုကို ထိုအတွက် အပြစ်မတင်ပေ။ အစကတည်းက မစ္စရှုက အကောင်းဆုံးကြိုးစားပေးခဲ့သည်ဖြစ်ကာ သူမသားဘက်က ကျီးဇီကျင်းကို လက်ထပ်ဖို့လူတစ်ယောက်အနေနဲ့ စဉ်းစားဖို့ငြင်းဆန်နေတာဖြစ်သည်။ တကယ်လို့ သူ့ကိုအခုလို ဆက်ပြီးဖိအားပေးနေရင် အိမ်ကိုပြန်မလာတော့ဘူးလို့တောင် ခြိမ်းခြောက်တဲ့အထိ သေချာနေတာဖြစ်လေသည်။ သူမအနေနဲ့ ရှုကျင်းချန်ကို သူမရဲ့သမီးနဲ့တွေ့ဖို့ အတင်းတိုက်တွန်းနေ၍မရပေ။ ပြီးတော့ သူမအနေနဲ့လည်း သူ့ကို ဒီကိစ္စကို မတောင်းဆိုရဲပေ။
ဒုတိယအနေနဲ့ သူမက ဘယ်လောက်ပဲ မကျေမနပ်ဖြစ်ဖြစ် မစ္စရှုရဲ့ အဆင့်အတန်းကို ကြည့်ပြီး မစ္စစ်ကျီးအနေနဲ့ ပြဿနာမရှာရဲပေ။
သူတို့က သူငယ်ချင်းတွေဖြစ်သော်လည်း သူမရဲ့စိတ်ထဲရှိတဲ့အတိုင်း ပြောချင်တာပြောလို့ရတယ်လို့ မဆိုလိုပေ။ သူတို့ရဲ့အဆင့်အတန်းဟာ အရမ်းကွာခြားသည်ဖြစ်ရာ မစ္စရှုက သူမကိုသူငယ်ချင်းလို့ သတ်မှတ်တာကိုပင် သူမအနေနဲ့ ဂုဏ်တောင်ယူရမှာဖြစ်လေသည်။
မစ္စရှုက ရှုကျင်းချန်နဲ့ ကျီးဇီကျင်းကို အောင်သွယ်ပေးဖို့ သဘောတူကတည်းက သူမရဲ့မိသားစုကို လေးစားမှုပြပြီးနေပြီဖြစ်သည်။ စိတ်မကောင်းစရာပင် သူတို့ဟာ နောက်ဆုံးမှာ မအောင်မြင်ပေ။ ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ မစ္စရှုကို ပြဿနာရှာလို့မရပေ။ ထို့အပြင် ထိုအရာဟာ ပြဿနာကြီးကြီးမားမားမဟုတ်တာကြောင့် အခုလို ပြဿနာသေးသေးလေးအတွက်နဲ့ မစ္စရှုကို အပြစ်လုပ်ဖို့ရာ မတန်ပေ။ တကယ်လို့ သူမသာ မစ္စရှုကို အပြစ်လုပ်မိရင် အဆင့်အတန်းမြင့်တဲ့အလွှာက အမျိုးသမီးတွေအားလုံးက သူမကို ရှောင်ကြမှာဖြစ်လေသည်။ ဘာပဲဖြစ်ဖြစ် မစ္စရှုကို အပြစ်လုပ်ဖို့ရာ ထိုအရာက လုံးဝမတန်ပေ။
"မစ္စရှုပြောတာ မှန်တယ်။ ကျင်းချန်က အတင်းငြင်းနေမှတော့ ကျွန်မတို့အနေနဲ့ တအားဖိအားမပေးသင့်ဘူး။ တကယ်လို့ ကျွန်မတို့သာ သူ့ကို ကျွန်မသမီးနဲ့ တွေ့ဖို့ဖိအားပေးလိုက်ရင် သူတို့ဘယ်တော့မှ ပျော်ရွှင်မှာမဟုတ်ဘူး။ သူတို့အချိန်တန်ရင် သင့်တော်တဲ့သူရှာတွေ့မယ်ဆိုတာ ကျွန်မယုံကြည်တယ်။ သိပ်ပြီးလဲစိတ်မပူပါနဲ့။ သူ့မှာကြိုက်နေတဲ့ မိန်းကလေးရှိနေမယ်လို့ ကျွန်မယုံကြည်တယ်။ သူက အဲဒီမိန်းကလေးကို တကယ့်သဘောကျနေတာမလို့ အခုလိုအောင်သွယ်လုပ်ပေးတာကို အရမ်းကြီးငြင်းဆန်နေတာဖြစ်မယ်"ဟု မစ္စစ်ကျီးက နားလည်ပေးချင်ယောင်ဆောင်ကာ သူမရဲ့ ဒေါသတွေကို လုံးဝဖုံးကွယ်လိုက်လေသည်။
"အခုလို နားလည်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ကျရင် ကောင်မလေးတွေကိုခေါ်ပြီး အတူတူအပြင်သွားလည်ရအောင်"ဟု မစ္စရှုကပြောသည်။
"ကောင်းပြီလေ သွားကြတာပေါ့"ဟု မစ္စစ်ကျီးကလဲ အသိအမှတ်ပြုလေသည်။ သူမဟာ မစ္စရှုနဲ့ စကားအနည်းငယ် ပိုပြောပြီးနောက် ဖုန်းချလိုက်လေသည်။
မစ္စစ်ကျီးဟာ ဖုန်းချလိုက်ပြီးနောက် ချက်ချင်းပဲ ဝမ်းနည်းသွားပုံပေါ်လေသည်။
ကျီးဇီကျင်းဟာ မစ္စစ်ကျီးက မစ္စရှုနဲ့ စကားပြောနေတုန်းက သူမအမေအနားကို လာကပ်နေတာမလို့ ပြောသမျှအကုန်လုံးကို သူမကကြားလေသည်။ မစ္စရှုပြောတဲ့ စကားတွေကို သူမကြားလိုက်တာနဲ့ သံသယလုံးဝမဝင်ပဲ ယုံကြည်လေသည်။ သို့သော်လည်း သူမဟာ လုံးဝမကျေမနပ်ဖြစ်ကပြီး စိတ်မပျက်ပဲ မနေနိုင်ပေ။
"ဟူး။ ထားလိုက်တော့။ ထပ်တွေးမနေနဲ့တော့။ ရှုကျင်းချန်က လက်ထပ်ဖို့အတွက် ပြည့်စုံတဲ့လူတစ်ယောက်ဆိုပေမဲ့ သူက နင့်အပိုင်ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူး။ အခြားယောင်္ကျားတွေအများကြီး ရှိသေးတယ်။ အမေတို့မိသားစုရဲ့ မြင့်မားတဲ့ အဆင့်အတန်း၊ သမီးရဲ့ရုပ်ရည်ချောမောမှုနဲ့ အရည်အချင်းတွေကို ကြည့်တာနဲ့တင် သမီးအနေနဲ့ သင့်တော်တဲ့သူတစ်ယောက် တနေ့တော့ တွေ့မှာ အမေသေချာပြောရဲတယ်"ဟု မစ္စစ်ကျီးက အားပေးလေသည်။ "ရှုကျင်းချန်က ပြည့်စုံတဲ့လူဆိုတာ အမေသိပေမဲ့လည်း သူက မိသားစုထဲမှာ ဒုတိယသားဖြစ်ပြီး စစ်တပ်ထဲဝင်ထားတာ။ ရှုကျင်းလင်က နောက်မိသားစုခေါင်းဆောင်ဖြစ်လာမှာ သေချာတာမလို့ တကယ်လို့ သမီးသာ ရှုကျင်းချန်နဲ့ လက်ထပ်ရင် သမီးရနိုင်တဲ့အရာက သူ့မိန်းမဆိုတာပဲ။ တနေ့မှာ မိသားစုကပိုင်ဆိုင်သမျှ အကုန်လုံးကို ရှုကျင်းလင်ပဲ အမွေရသွားမှာမလို့ တစ်ဦးတည်းသောသားကိုပဲ လက်ထပ်ဖို့ အမေအကြံပြုချင်တယ်။ အဲ့တာမှ မိသားစုရဲ့အမွေဆက်ခံတဲ့ကိစ္စနဲ့ပတ်သတ်ရင် သမီးနဲ့ပြိုင်မဲ့သူ ဘယ်သူမှမရှိမှာ"
"နားလည်ပါပြီ"ဟု ကျီးဇီကျင်းကလည်း အနည်းငယ်စိတ်အေးသွားလေသည်။ အမြင်မှာတော့ ရှုကျင်းချန်ကို လက်ထပ်တာဟာ အကျိုးအမြတ်ကိုကြည့်တဲ့ ဆုံးဖြတ်ချက်လို့ ထင်ရပေမဲ့ သူမက သူ့ကိုတကယ်ကြိုက်တာဖြစ်လို့ သူမအတွက် လက်လျော့ဖို့ရာ ခက်ခဲသေးလေသည်။
သူတို့သူငယ်ချင်းက ကိုယ်ပိုင်အခန်းထဲမှာ စောင့်နေတာမလို့ သူတို့နှစ်ယောက်ဟာ ထိုအကြောင်းကို ဆက်မပြောတော့ပဲ အထဲဝင်သွားလေသည်။
အဲဒီအချိန်မှာပဲ ကျီပိုင်ယင်းဟာ မန်တနဲ့ နန်ကို သူမနဲ့အတူ အခန်းထဲသို့ ခေါ်မလာပေ။ ထို့အစား သူတို့ကို အခြားကိုယ်ပိုင်အခန်းတစ်ခုမှာ ညစာစားဖို့ ပြောလိုက်လေသည်။
ရှုကျင်းချန်က ကျီပိုင်ယင်းနဲ့အတူ အခန်းထဲဝင်လာတာနဲ့ ချန်းမင်နဲ့ အခြားသူတွေဟာ အံဩသွားလေသည်။ သူဟာ ရှုကျင်းချန်နဲ့တန်တဲ့လူဟာ လှပတဲ့မိန်းကလေးဖြစ်မယ်လို့ စိတ်ထဲမှာကြိုပြီးပြင်ဆင်ထားပေမဲ့လည်း ကျီပိုင်ယင်းကို တွေ့တဲ့အခါ သူတို့ရဲ့မျက်လုံးတွေ အရောင်တောက်သွားလေသည်။
ရှုကျင်းချန်ဟာ ကျီပိုင်ယင်းအား ချန်းမင်နဲ့အခြားသူတို့နဲ့ မိတ်ဆက်ပေးကာ သူနဲ့ ကုနင်းကြားမှာထိုင်ရန် သူမကိုဖိတ်ခေါ်လိုက်လေသည်။ သူက ကျီပိုင်ယင်းကို ကို့ရို့ကားယားမဖြစ်ရအောင် သူတို့ကြားမှာ တမင်တကာထိုင်ခိုင်းတာဖြစ်လေသည်။
ချန်းမင်နဲ့အခြားသူတွေဟာ သူတို့ကတိပေးထားသည့်အတိုင်းပြုမူကာ ကျီပိုင်ယင်း အဆင်မပြေအောင် ဘာမှမလုပ်ပဲ တည်တည်ကြည်ကြည်ပဲနေလေသည်။ သူတို့က သူမကိုပဲ မကြာခဏကြည့်ကာ သူမပုံကြည့်တာနဲ့တင် သူမက သာမာန်လူမဟုတ်မှန်း ပြောနိုင်လေသည်။ သူမက စွမ်းအားကြီးတဲ့မိသားစုကဖြစ်ကာ တိုက်ခိုက်ရေးကောင်းမွန်တဲ့လူဖြစ်သည်။
သူတို့က ကျီပိုင်ယင်းအပေါ် ပထမဆုံးတွေ့ရမှာ အကောင်းမြင်စိတ်ရှိလေသည်။
ညစာစားပြီးနောက်တွင် သူတို့ဟာ ၁၀မိနစ်လောက် အနားယူပြီးနောက် ထွက်သွားကြလေသည်။ လင်ရှောင်းထင်နဲ့ အခြားသူတွေဟာ စစ်ဆင်ရေးအတွက် ပြင်ဆင်ရမည်ဖြစ်၍ ကျီပိုင်ယင်းအနေနဲ့ ကိုယ့်ဘာသာကိုယ် ပြန်သွားရလေသည်။ ကျီပိုင်ယင်းကလည်း သူတို့မှာ အလုပ်ရှိတာသိတာကြောင့် သူတို့နောက်က မလိုက်ပေ။
....
အစီအစဉ်ဆွဲတဲ့နေရာဟာ လုံထျန်းဟူနဲ့တွေမဲ့နေရာနဲ့ သုံးပြသာဝေးတဲ့ ကျင်းရှန်မြို့နယ်က စံအိမ်မှာဖြစ်သည်။
သူတို့အဲဒီကိုရောက်တဲ့အခါမှာ အခြားသူတွေဟာ ရောက်နှင့်ပြီးဖြစ်သည်။ ကုနင်းဟာ စစ်သားခြောက်ယောက်နဲ့လာတာဖြစ်ပြီး မူးယစ်နှိမ်နှင်းရေး ရဲတပ်သား၈ယောက်တို့ဟာလည်း စေလွှတ်ထားတာဖြစ်သည်။
ကုနင်းဟာ စံအိမ်ကိုရောက်တာနဲ့တပြိုက်နက် သူမရဲ့ ရုပ်ဖျက်ဖို့ရာနဲ့ အဝတ်လဲဖို့ရာ တန်းလုပ်လေသည်။
ကုနင်းက ရုပ်ဖျက်ပြီးထွက်လာတာကို မြင်တဲ့အခါ အားလုံးက အံ့ဩသွားကြလေသည်။
သူတို့က ထိုသူက ကုနင်းမှန်း သိပေမဲ့လည်း သူမနဲ့အရမ်းရင်းနှီးတဲ့လူတွေသာ ထိုသူက သူမမှန်းပြောနိုင်လေသည်။ သူမကို မသိတဲ့သူတွေဟာ သူမက ရုပ်ဖျက်ထားတယ်ဆိုတာ လုံးဝမပြောနိုင်ပေ။
"Oh God! ဒါကရူးလောက်စရာပဲ။ မင်းကြည့်ရတာ လုံးဝတခြားလူတစ်ယောက် ပြောင်းသွားသလိုပဲ။ နင်က အဲဒီလောက် ရုပ်ဖျက်တာ တော်မှန်း ငါမသိခဲ့ဘူး"ဟု ချန်းမင်က သက်ပြင်းချလိုက်လေသည်။
"မိန်းမတွေ တော်တဲ့အရာသုံးခုအကြောင်း ရှင်မသိဘူးလား"ဟု ကုနင်း ကပြုံးလျက် စနောက်ကာ မေးလိုက်သည်။
"အဲ့တာတွေက မိတ်ကပ်၊ မျက်နှာခွဲစိပ် ပြုပြင်တာနဲ့ ဓာတ်ပုံပြုပြင်တာတွေပဲ။ ကျွန်မလုပ်တာတွေက မိတ်ကပ်လိမ်းလိုက်ပြီး အလှအပပြုပြင်တဲ့ကိရိယာတွေ သုံးလိုက်တာပဲရှိတာ။ ကျွန်မမျက်နှာပေါ်ကို တစ်ခုခုကပ်လိုက်တာပဲရှိပြီး ဘာခွဲစိပ်ပြုပြင်မှုမှမလုပ်ထားဘူး"ဟု ကုနင်းကပြောသည်။
"မိတ်ကပ်၊ မျက်နှာခွဲစိပ်ပြုပြင်တာနဲ့ ဓာတ်ပုံပြုပြင်တာတွေကြောင့် အခုချိန်မှာ ဒေါသထွက်နေကြတာပဲ။ ပြီးတော့ အဲဒီ့ကိစ္စတွေနဲ့ပတ်သတ်ပြီး ရယ်စရာဇာတ်လမ်းတွေလဲ ရှိသေးတယ်"ဟု မူးယစ်နှိမ်နှင်းရေးတပ်ဖွဲ့က ရဲအရာရှိတစ်ဦးကပြောလေသည်။ "ကောင်လေးနဲ့ ကောင်မလေးနဲ့ အင်တာနက်ပေါ်မှာ နှစ်တစ်ဝက်လောက်တွဲပြီး အပြင်မှာတွေ့ဖို့ ဆုံးဖြတ်လိုက်တဲ့ သတင်းတစ်ပုဒ် ကျွန်တော်အခုရက်ပိုင်းလေးတွင် တွေ့လိုက်သေးတယ်။ ဒါပေမယ့် သူတို့လူကိုယ်တိုင်တွေ့တဲ့အခါ ကောင်လေးကို ကောင်မလေးကို ရိုက်နှက်ပစ်လိုက်တယ်။ အဲ့တာဘာလို့လဲသိလား"
"သူဘာလို့ အဲဒီလိုလုပ်တာလဲ"ဟု ရှုကျင်းချန်က ပြန်မေးလိုက်လေသည်။
ချန်းမင်နဲ့ အခြားသူတွေဟာလည်း ထိုကဲ့သို့သော် သတင်းတွေကို ဂရုမစိုက်တာကြောင့် သိသာစွာပင် ဘာမှမသိပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၁၉၉၂ မင်းကိုယုံမယ်များထင်နေလား?
"ကောင်မလေးက ဓာတ်ပုံထဲကပုံနဲ့ တခြားစီပဲ။ ကောင်မလေးက မိတ်ကပ်တွေတအားကြီးလိမ်းထားသလို သူမဓာတ်ပုံကိုလဲ ပြင်ထားသေးတယ်။ သူမရဲ့ မျက်နှာဝိုင်းကြီးကိုလဲ သေးသွယ်နေအောင်ပြင်ထားတယ်။ မျက်ခွံတစ်ထပ်ဝည်းဖြစ်နေတာကိုလဲ နှစ်ထပ်ပုံဖြစ်အောင်ပြင်ထားတယ်။ သူမက ဓာတ်ပုံထဲမှာ လုံးဝနတ်သမီးအလားပဲ။ ဒါပေမယ့် အပြင်မှာတော့ တခြားဆီပဲ။ ကောင်လေးက အလိမ်ခံရတာကို မခံစားနိုင်ပဲ ကောင်မလေးကို ရိုက်နှက်ပစ်ရော"ဟု မူးယစ်နှိမ်နှင်းရေးရဲအရာရှိက ပြောသည်။ ကောင်မလေးက အပြင်မှာ အရမ်းရုပ်ဆိုးတယ်လို့ သူပြောချင်တာဖြစ်ပေမဲ့လည်း မလေးစားရာရောက်မှာဆိုးလို့ သူ့စကားသူပြန်ပြောခြင်းဖြစ်လေသည်။
ကောင်မလေးရဲ့ရုပ်ရည်ဟာ သာမာန်သာဖြစ်ကာ ခြားနားချက်က အရမ်းကြီးမားလေသည်။ ပြီးတော့ ကောင်လေးက ကောင်မလေးနဲ့ ယှဉ်ရင် ပိုကြည့်ကောင်းလေသည်။
"အဲ့တာကြောင့်ကိုး။ ဟားဟား။ ရယ်ရတာပဲ..."ဟု ဘာဖြစ်သွားတယ်ဆိုတာ နားလည်သွားတာနဲ့တပြိုင်နက် ရှုကျင်းချန် ဟာရယ်မောလေသည်။
"ကောင်လေးအနေနဲ့ ကောင်မလေးကို မရိုက်နှက်သင့်ပေမဲ့လည်း ကောင်မလေးအနေနဲ့လည်း သူမရဲ့ရုပ်ရည်ကို မလိမ်သင့်ဘူး။ သူမက ဓာတ်ပုံထဲကလို တကယ်လှကြောင်း ပြောလို့နေမယ်"
"ငါလည်းအဲဒီလိုပဲထင်တယ်။ တစ်စုံတစ်ယောက်ရဲ့ ရုပ်ရည်ကို ရယ်မောတာဟာ မှားပေမဲ့လည်း သူမအနေနဲ့ သိသင့်တယ်"
"...."
"ကောင်မလေးနောက်ဆုံးဘယ်လိုဖြစ်သွားလဲ"ဟု ရှုကျင်းချန်ကမေးသည်။
"အဲဒီလောက် ကြီးကြီးမားမားမရှိပါဘူး ပွန်းမိခိုက်မိရုံပါပဲ။ ကောင်လေးက ဆေးဖိုးပေးပြီးသွားတော့ ပြဿနာက အဆင်ပြေသွားတယ်"
"အဲဒီကောင်လေးအတွက် ငါစိတ်မကောင်းပေမဲ့လည်း သူ့အနေနဲ့ အကြမ်းမဖက်သင့်ဘူး"
"ဒါပေမဲ့လည်း မစ္စကုရဲ့မိတ်ကပ်ပညာကိုကြည့်တာနဲ့တင် သူမရဲ့ရုပ်ဖျက်ထားတာကို လူတွေမှတ်မိလိမ့်မယ်လို့ ငါမထင်ဘူး"
"ဟုတ်တယ်"
"မစ္စကု၊ ဒီစစ်ဆင်ရေးပြီးရင် ဘယ်လိုလုပ်ရလဲဆိုတာ ကျွန်တော်တို့ကို သင်ပေးလို့ရမလား"
"အဲဒီလောက် မခက်ပါဘူး။ ကျွန်မက ဆီလီကွမ်နဲ့ မေးအတုလုပ်ပြီး ကျွန်မမေးပေါ်မှာ ကပ်လိုက်ရုံပဲ။ တပ်ပြီးတာနဲ့ မိတ်ကပ်လိမ်းလိုက်ရုံပဲ ပြီးတော့ ဒါကပြုတ်ကျလဲမလွယ်ဘူး။ ကျွန်မရဲ့ ပါးရိုးနဲ့ နှာခေါင်းလဲအတူတူပဲ။ အကုန်လုံးဆီလီကွမ်တွေချည်းပဲ။ ဒီလိုလုပ်ပြီး ရှင်တို့မျက်နှာကို အေးဆေးလေး ပြောင်းလို့ရတယ်။ အမျိုးသမီးတွေအနေနဲ့ နှုတ်ခမ်းနီသုံးပြီး သူမတို့ရဲ့နှုတ်ခမ်းကို အရောင်ပြောင်းလို့ရသလို အမျိုးသားတွေအနေနဲ့လည်း မုတ်ဆိပ်မွှေးအတုတပ်လို့ရတယ်။ ကိုယ့်ရုပ်ရဲ့ နဂိုပုံစံကို ဖုံးဖို့လုံးဝမဖြစ်နိုင်ပေမဲ့လည်း ကိုယ်နဲ့ရင်းနှီးတဲ့လူတွေပဲ ဘယ်သူဆိုတာ ပြောနိုင်တယ်။ တကယ်လို့ မရင်းနှီးတဲ့လူတွေဆိုရင် ရုပ်ဖြတ်ထားတာကို လုံးဝမသိနိုင်ဘူး"ဟု ကုနင်းကပြောသည်။
သူတို့ဟာ သူမရဲ့နည်းလမ်းတွေကို တွေ့ပြီးပြီဖြစ်သည်။ တကယ်လို့ ဒီစံအိမ်ထဲမှာအခြားမိန်းကလေးတွေသာရှိနေရင် သူမမှန်း ဘယ်သူမှသိမှာမဟုတ်ပေ။
....
သူတို့ဟာ ချိန်းထားတဲ့နေရာကို ည၈:၃၀တွင် သွားကြလေသည်။ လင်ရှောင်းထင်နဲ့ သူ့လူတွေဟာ ခြုံခိုတိုက်ခိုက်ဖို့ ကြိုနေရာယူထားပြီး ကုနင်းနဲ့ အခြားလူ၆ယောက်ကတော့ ဂိုတောင်အပြင်ဘက်တံခါးပေါက်မှာ စောင့်နေတာဖြစ်သည်။
ည၈:၄၀ခန့်တွင် ကုနင်းဆီသို့ သူရောက်ပြီးဖြစ်ကြောင်း လုံထျန်းဟူက ဖုန်းဆက်လေသည်။ ကုနင်းရောက်ပြီလားဆိုတာ သူကလှမ်းဖုန်းဆက်မေးတာဖြစ်သည်။
"ရောက်ပြီ"ဟု ကုနင်းကဖြေသည်။
သူ့ကို ချီထျန်းလင်က ကုနင်းဟာ သူ့သူငယ်ချင်းဖြစ်ကြောင်းပြောထား၍ လုံထျန်းဟူဟာ သံသယမဝင်တော့ပဲ သတိထားနေတာ လျော့လိုက်လေသည်။
ည၉:၅၅မိနစ်ခန့်တွင် ဂိုထောင်သို့ ကားတစ်စီးရောက်လာကာ ကုနင်းနဲ့ အခြားသူတွေရှေ့မှာ ရပ်လိုက်ဘေသည်။ လုံထျန်းဟူဟာ အမျိုးသားငါးယောက်နဲ့အတူ ကားပေါ်မှ ဆင်းလာလေသည်။
သူတို့ကားပေါ်က ဆင်းလာတာနဲ့ ကုနင်းဟာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ သူတို့တွေ လက်နက်ကိုင်ဆောင်ထားလားဆိုတာ စစ်ဆေးလေသည်။ လုံထျန်းဟူနဲ့ သူ့လူတွေဟာ လက်နက်မပါဘဲ ရောက်လာကာ သူတို့အပေါ်မှာ လုံးဝယုံကြည်မှုရှိပုံပေါ်လေသည်။
"မင်းက မစ္စထန်လား"ဟု လုံထျန်းဟူက ကုနင်းကိုတွေ့တဲ့အခါမေးသည်။ သူက သူမဟုတ်ကြောင်းစစ်ဖို့ မေးလိုက်တာဖြစ်သည်။
"ကျွန်မက ထန်အိုက်နင်း"ဟု ကုနင်း ကပြောသည်။
"ငါ့မှာပစ္စည်းတွေပါလာတယ်"ဟု လုံထျန်းဟူကပြောသည်။ သူ့လူတစ်ယောက်ဟာ ကားထဲမှာ သေတ္တာတစ်ခုကိုထုတ်ကာ ကုနင်း ရှေ့သို့ယူလာလေသည်။
သူတို့ဟာ ချီထျန်းလင်ရဲ့ယုံကြည်မှုကို လုံးဝ ရထားပေမဲ့လည်း ကုနင်းဟာ မြန်မြန်ပဲ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသုံး၍ သေတ္တာထဲမှာ ပါလာတာတွေကိုစစ်ဆေးလေသည်။ သေချာစွာပင် မူးယစ်ဆေးတွေနဲ့ ပြည့်နေတာဖြစ်လေသည်။
"အထဲကပစ္စည်းတွေကို စစ်ကြည့်လိုက်"ဟု ကုနင်းက သူ့မရဲ့လက်အောက်ငယ်သားတစ်ယောက်အား ပြောလိုက်သည်။
သူမရဲ့လူတစ်ယောက်ဟာ နောက်မှထွက်လာကာ သေတ္တာကိုဖွင့်လိုက်လေသည်။
ယုံကြည်မှုဘယ်လောက်ရှိရှိ သူတို့ဟာ လုပ်ငန်းလုပ်နေတာဖြစ်တာမလို့ ပစ္စည်းကို စစ်ဆေးတာဟာ လိုအပ်လေသည်။ တကယ်လို့ သူတို့သာ အဲဒီလိုမလုပ်ရင် သံသယဝင်နိုင်လေသည်။
ကုနင်းရဲ့လူက သေတ္တာကိုဖွင့်ပြီး ပစ္စည်းကို စစ်ဆေးဖို့လုပ်နေစဉ်မှာပဲ ရုတ်ရုတ်သဲသဲဖြစ်သံ ကြားရလေသည်။ လုံထျန်းဟူနဲ့ သူ့လူတွေဟာ လန့်သွားလေသည်။ သူတို့ ခြုံခိုတိုက်ခိုက်ခံရမှန်း သဘောပေါက်သွားလေသည်။
သူတို့မတုန့်ပြန်နိုင်ခင်မှာပဲ ဘယ်ကနေမှန်းမသိဘဲ သူတို့ဆီလူတွေပြေးဝင်လာလေသည်။ သူတို့ကို သေနတ်နဲ့ချိန်ထားတဲ့ ရဲတွေတောင် ပါလေသည်။ လုံထျန်းဟူနဲ့သူ့လူတွေဟာ အဝိုင်းခံလိုက်ရပြီဖြစ်၍ ထွက်ပြေးဖို့ရာ လုံးဝမဖြစ်နိုင်တော့ချေ။
လုံထျန်းဟူဟာ စိတ်ထဲတွင် ကြိမ်ဆဲလိုက်လေသည်။ လုံထျန်းဟူဟာ ကုနင်းကို ချက်ချင်းကြည့်လိုက်ကာ သူမရဲ့တည်ငြိမ်တဲ့ပုံစံကို သတိထားမိလိုက်ကာ ဘာတွေဖြစ်နေတယ်ဆိုတာ သဘောပေါက်သွားလေသည်။ ကုနင်း ကိုကြည့်တဲ့ သူ့ရဲ့မျက်လုံးတွေဟာ ချက်ချင်းအေးစက်သွားလေသည်။ "မစ္စထန်၊ ဒါဘာသဘောလဲ"
ဒီကိစ္စရဲ့ နောက်ကွယ်ကလူဟာ ကုနင်းဆိုတာ လုံထျန်းဟူ သိပေမဲ့လည်း ချီထျန်းလင်ရဲ့ သစ္စာဖောက်မှုကိုတော့ သူ,မသိပေ။ သူဟာ ချီထျန်းလင်ကို အနည်းငယ်တောင်မှ သံသယမဝင်ပေ။
ကုနင်းဟာ ဘာမှမပြောပေ။ လင်ရှောင်းထင်နဲ့ သူ့လူတွေ ပြေးထွက်မလာခင်ကတည်းက သူတို့ဟာ ဒီနေရာကို သက်သေအဖြစ် ဗွီဒီယိုမှတ်တမ်းတင်ထားပြီးဖြစ်လေသည်။
သူမကို ဗွီဒီယိုမရိုက်နေပေမဲ့လည်း မှတ်တမ်းထဲမှာ သူမရဲ့အသံပါနေတာ မသင့်တော်ပေ။ ထောင်ခြောက်ဆင်ဖမ်းမှုဟာ မူးယစ်ဆေးရောင်းတာထက် ပိုအပြစ်ကြီးတဲ့အတွက် ဗွီဒီယိုထဲမှာ သူတို့ဒီလိုလုပ်တာ ပါနေလို့မဖြစ်ပေ။
လုံထျန်းဟူ ရဲ့စကားဆုံးတာနဲ့ တပြိုင်နက် ရဲတွေဟာ သူ့ကိုဝိုင်းထားလိုက်လေသည်။
"လုံထျန်းဟူ၊ မဟုတ်ဘူးမှားလို့။ ငါတို့အနေနဲ့ မင်းကို ချန်းကျင်းဖန်း လို့ခေါ်သင့်တာ"ဟု လင်ရှောင်းထင်က လူအုပ်ထဲမှာထွက်လာကာ ချန်းကျင်းဖန်းအား အေးစက်စွာကြည့်လျှက် ပြောလိုက်လေသည်။
"လင်ရှောင်းထင်"ဟု ချန်းကျင်းဖန်း ဟာ သူရှေ့ထွက်လာတာနဲ့တပြိုင်နက် တန်းမှတ်မိလေသည်။
ရှန်းနဲ့ လင်မိသားစုတွေဟာ ဆွေမျိုးတွေဖြစ်ဖူးကာ အချင်းချင်းရင်းနှီးကျတဲ့အတွက် ချန်းကျင်းဖန်း အနေနဲ့ လင်ရှောင်းထင်ကို မှတ်မိတာ သာမာန်ပင်ဖြစ်လေသည်။
သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် မတွေ့တာ သုံးနှစ်ကျော်လေးနှစ်ရှိနေပြီဖြစ်ပေမဲ့လည်း လင်ရှောင်းထင်ဟာ အများကြီးပြောင်းလဲမသွားတာကြောင့် သူ့ကိုမှတ်မိတာဖြစ်သည်။
ချန်းကျင်းဖန်းဟာ လင်ရှောင်းထင် အားဒီမှာတွေ့ရတာ အံ့ဩသွားတာကြောင့် လင်ရှောင်းထင်က သူ့နာမည်ခေါ်လိုက်တဲ့အခါ လင်ရှောင်းထင်ရဲ့နာမည်ကို ယောင်ပြီးထွက်သွားတာဖြစ်လေသည်။ ထို့ကြောင့် သူဟာ ချန်းကျင်းဖန်း ဖြစ်ကြောင်း ဝန်ခံလိုက်သလိုဖြစ်နေတာဖြစ်သည်။
ချန်းကျင်းဖန်းဟာ သူမှားသွားတာကို အလျင်အမြန်ပဲ သဘောပေါက်သွားပေမဲ့လည်း နောက်ကျသွားပြီဖြစ်သည်။
သို့ပေမဲ့လည်း ချန်းကျင်းဖန်းဟာ ဆက်ငြင်းလေသည်။ "ချန်းကျင်းဖန်းဆိုတာ ဘယ်သူလဲ။ ငါက လုံထျန်းဟူ"
လင်ရှောင်းထင်က သူ့ကိုဖမ်းမိသွားသည့်အတွက် သူ့အနေနဲ့ လွတ်လမ်းမရှိတော့ဘူးဆိုတာ သူသွားပေမဲ့လည်း သူက ချန်းကျင်းဖန်းဆိုတာတော့ ဝန်မခံပေ။ တကယ်လို့သူသာဝန်ခံလိုက်ရင် သူ့ပြစ်မှုနဲ့ ရှန်းနဲ့ ချန်းမိသားစုတွေပါ ထိခိုက်နိုင်လို့ဖြစ်သည်။
"မင်းကို ငါကယုံကြည်မယ်လို့ မင်းထင်နေတာလား"ဟု လင်ရှောင်းထင်က တည်တည်ငြိမ်ငြိမ်ပင် မေးလေသည်။
"မင်းဘာမင်းပြောချင်တာပြောလို့ရတယ်။ ဒါပေမယ့် ငါက ချန်းကျင်းဖန်း မဟုတ်ဘူး။ ငါက လုံထျန်းဟူ"ဟု သူက လုံထျန်းဟူတကယ့်ဖြစ်သည့်အလား ချန်းကျင်းဖန်းက ပြောလေသည်။
"လွန်ခဲ့တဲ့လေးနှစ်က ဖြစ်ပျက်သွားတာတွေကို ငါစုံစမ်းပြီးပြီ။ ပြီးတော့ မင်းက ကားမတော်တဆမှုကိုသုံးပြီး သေကြောင်းလိမ်ထားတာလဲ သိပြီးသွားပြီ"ဟု လင်ရှောင်းထင် ကပြောသည်။
"ဟွန့်။ ငါသာ ချန်းကျင်းဖန်းဆို ဘာလို့အဲဒီလိုလုပ်ရမှာလဲ။ မူးယစ်ဆေးမှောင်ခိုလုပ်တဲ့အလုပ်က မြို့တော်ဝန်အလုပ်ထက်သာတယ်လို့ မင်းထင်နေတာလား။ ပြီးတော့...."ဟု ချန်းကျင်းဖန်း ကပြောလေသည်။ သူပြောလိုက်တာ မှားသွားမှန်း သူသတိထားမိလိုက်တဲ့အခါ ရုတ်တရက်ပဲပြောနေတာရပ်သွားလေသည်....
***