← Chapters

အခန်း (၁၉၉၃-၁၉၉၈)

Vol. 123 Ch. 1993-1998

အခန်း (၁၉၉၃-၁၉၉၈)

Vol. 123 Ch. 1993-1998

အပိုင်း ၁၉၉၃ ရှန်းယန်ဖုန်း အဖမ်းခံရ

"မင်းက ချန်းကျင်းဖန်းမဟုတ်ဘူးဆိုရင် သူက မြို့တော်ဝန်မှန်း မင်းဘယ်လိုလုပ်သိတာလဲ"ဟု လင်ရှောင်းထင်က ပြန်မေးလိုက်လေသည်။ ချန်းကျင်းဖန်းက မြို့တော်ဝန်ဆိုတာဟာ လျှို့ဝှက်ချက်မဟုတ်ပေ။ လင်ရှောင်းထင်က ဒီမေးခွန်းကို သူဘယ်လိုတုန့်ပြန်မလဲဆိုတာ သိချင်တာဖြစ်လေသည်။

ချန်းကျင်းဖန်းဟာ အနည်းငယ်လန့်သွားပေမဲ့လည်း သူဟာ ချက်ချင်းပဲတည်ငြိမ်အောင်ထိန်းလိုက်ကာ သူ့ကိုယ်သူ ကာကွယ်လေသည်။ "သူက TVပေါ်မှာ ခဏခဏလာနေတဲ့ဥစ္စာ။ ချန်းကျင်းဖန်း ကမြို့ရဲ့မြို့တော်ဝန်ဆိုတာ လူတိုင်းသိတယ်။ ငါတို့က ရုပ်ချင်းဆင်တော့ သူ့ကို ပိုပြီးသတိထားမိတာ"

"အဲ့တာမှန်တယ်။ မင်းရဲ့သက်သေထွက်ဆိုချက် တစ်ခုထဲနဲ့တင် မင်းက ချန်းကျင်းဖန်းလား လုံထျန်းဟူလားဆိုတာ ငါတို့မဆုံးဖြတ်နိုင်ဘူး။ အဲ့တာမလို့ မင်းဘယ်သူဆိုတာ သက်သေပြနိုင်တာတစ်ခုက သခင်ကြီးချန်းနဲ့ DNAစစ်ဆေးချက် လုပ်ကြည့်လိုက်ရုံပဲ"

"မင်း...."ဟု ချန်းကျင်းဖန်းဟာ ထိုအရာကိုကြားလိုက်တာနဲ့ ပြန်မပြောနိုင်တော့ပေ။ သူကမေးလေသည်။ "မင်းဘာဖြစ်ချင်နေတာလဲ"

"ဒုစရိုက်မှုတွေဖြေရှင်းဖို့က ငါ့တာဝန်ပဲ။ မင်းက မူးယစ်ဆေးမှောင်ခိုသွင်းတဲ့အတွက် မင်းက အခုအပြစ်သားဖြစ်သွားတာမလို့ မင်းကိုဖမ်းဖို့က ငါ့အလုပ်ပဲ"ဟု လင်ရှောင်းထင် ကပြောသည်။ သူဟာ ချန်းကျင်းဖန်းနဲ့ စကားပြောရင်းအချိန်မဖြုန်းနေတော့ပဲ သူ့ကိုဖမ်းပြီးခေါ်သွားဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်လေသည်။

ချန်းကျင်းဖန်းဟာ ရုန်းကန်ချင်ပေမဲ့လည်း အသုံးမဝင်ဖူးဆိုတာသိတဲ့အတွက် သူ့ကိုသူ့ကို ခေါ်သွားတာ ခံလိုက်လေသည်။

ဒီလမ်းကို လျှောက်ဖို့ ချန်းကျင်းဖန်း ရွေးချယ်လိုက်တဲ့နေ့ကတည်းက ဒီရလဒ်ကို ကြိုမြင်ပြီးဖြစ်ပေမဲ့လည်း သူဟာနောက်ဆုံးမှာ အရဲစွန့်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။ ဒီနှစ်တွေအတောအတွင်း ကီရင်းဂိုဏ်းထဲမှာ သူရှိနေသမျှတလျောက်လုံး သူဟာ ရှန်းနဲ့ ချန်းမိသားစုကို အကူအညီတွေ အများကြီးပေးနိုင်ခဲ့လေသည်။ သို့သော်လည်း သူအဖမ်းခံလိုက်ရတာနဲ့တပြိုင်နက် သူဟာ မကျေမနပ်မဖြစ်ဘဲ မနေနိုင်ပေ။

စိတ်မကောင်းစရာပင် မကျေမနပ်ဖြစ်နေလဲ အပိုပင်ဖြစ်လေသည်။ သူဘယ်လောက် မ‌ကျေမနပ်ဖြစ်ဖြစ် သူ့မှာလွတ်လမ်းမရှိတော့ဘူးဖြစ်လေသည်။ သူ့ရဲ့ပြစ်မှုတွေကြောင့် ချန်းမိသားစုပါ ပြဿနာမတက်ဖို့ပဲ သူမျှော်လင့်နိုင်တော့လေသည်။ သို့သော်လည်း ဖြစ်နိုင်ချေဟာ အရမ်းနည်းလေသည်။

ချန်းကျင်းဖန်းကို ဖမ်းမိသွားတာနဲ့တပြိုင်နက် ကုနင်းရဲ့ တာဝန်ဟာ ပြီးမြောက်သွားလေသည်။

ရဲတွေဟာ အကူအညီပေးပေမဲ့လည်း လင်ရှောင်းထင်နဲ့ သူ့လူတွေဟာ ဒီစစ်ဆင်ရေးမှာ ထိပ်ဆုံးကဦးဆောင်သူတွေဖြစ်‌သည်။ မူးယစ်နှိမ်နှင်းရေးအဖွဲ့သို့ ချန်းကျင်းဖန်းကို ဖမ်းခေါ်လာပေမဲ့လည်း ချန်းကျင်းဖန်း ကိုယ့်ကိုကိုယ်သတ်သေတာ မဖြစ်ရအောင် ချန်းမင်၊ ရှင်းပိုင်နဲ့ စစ်မင်တို့က စောင့်ကြည့်ကာကွယ်ရလေသည်။

လင်ရှောင်းထင်နဲ့ ကုနင်းတို့ဟာလည်း သူတို့နဲ့အတူ မူးယစ်နှိမ်နှင်းရေးအဖွဲ့သို့ လိုက်သွားကာ ချန်းကျင်းဖန်းအား အချုပ်ထဲထည့်လိုက်တာကို ကြည့်ပြီးမှ ထွက်သွားလေသည်။ မနက်ဖြန်မနက်ခင်းတွင် သူတို့ ရှန်းယန်ဖုန်းကို ဖမ်းမည်ဖြစ်သည်။

....

ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ Mid-levelsသို့ ပြန်သွားကြလေသည်။

ကုနင်းဟာ ပြန်ရောက်ရောက်ချင်း သူမရဲ့မိတ်ကပ်တွေဖယ်ကာ ရေသွားချိုးလေသည်။ ဒါပေမယ့် သူမ,ရေချိုးနေစဉ်မှာပဲ လင်ရှောင်းထင်ဟာ ရေချိုးခန်းထဲသို့ ကိုယ်လုံးတီးနဲ့ ဝင်လာကာ သူမကို သူ့ရဲ့လောင်မြိုက်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လေသည်။

ကုနင်းရဲ့မျက်နှာနဲ့ ပုခုံးတွေဟာ ရဲသွားပြီး သူမဟာ လင်ရှောင်းထင်ရဲ့ ထောင်နေတဲ့ အရာကိုတွေ့တဲ့အခါ မျက်နှာလွှဲလိုက်လေသည်။

သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်နေကြပေမဲ့လည်း သူက သူမကို အခုလိုမျိုးကြည့်နေတဲ့အခါ သူမအနေနဲ့ မရှက်ပဲမနေနိုင်ပေ။

လင်ရှောင်းထင်ဟာ ကုနင်းရဲ့ ကိုယ်တုံးလုံးဖြစ်နေတာကို မြင်ရတာနဲ့တင် မထိန်းနိုင်နေပြီဖြစ်သည်။ အခုတော့ ကုနင်းရဲ့ ရှက်ပြီးရဲနေတာကို တွေ့တဲ့အခါ သူ့ရဲ့တိရိစ္ဆာန်စိတ်ကို ပို၍နှိုးဆွသလို ဖြစ်သွားလေသည်။ သူဟာ ကုနင်းရှေ့ကို ချက်ချင်းရောက်သွားပြီး သူမကို အလျင်အမြန်ပဲ ဖက်လိုက်ကာ နမ်းလိုက်လေသည်။

ကုနင်းကလည်း သူ့ကိုပြန်နမ်းလိုက်ပြီးနောက် သူတို့‌နှစ်ယောက်ဟာ တညလုံးချစ်တင်းနှောကြလေသည်။

မနေ့ညက တညလုံးလုပ်ထားပြီးတာတောင် နောက်တစ်နေ့ နိုးတဲ့အခါ သူတို့ဟာ အားအင်အပြည့်နှင့်ပင်ဖြစ်သည်။ ထိုအရာဟာ ကျင့်ကြံသူဖြစ်ခြင်းရဲ့ ကောင်းကျိုးတစ်ခုပင်ဖြစ်လေသည်။

လှုပ်လှုပ်ရှားရှားပင် နိုးလာတာဖြစ်တဲ့အတွက် သူတို့က မနက်စောစောနိုးနိုးချင်းပဲ ချစ်တင်းနှောကျပြန်လေသည်။ လင်ရှောင်းထင်ရဲ့ ပြောနေကြစကားအတိုင်းပင် ထိုအရာဟာ မနက်ခင်းလေ့ကျင့်ခန်းလုပ်တာဖြစ်လေသည်။ သို့သော်လည်း သူတို့အနေနဲ့ အကြာကြီးလုပ်လို့မရပေ။ သူတို့ဟာ မနက်၈:၀၀တွင် မနက်စာစားရန်ထလာပြီး အလုပ်သွားလေသည်။

ရှေ့တစ်ခေါက်က ချန်းကျင်းဖန်းကို ဖမ်းတုန်းက လင်ရှောင်းထင်နဲ့ သူ့လူတွေဟာ အရပ်ဝတ်နှင့်ဖြစ်သော်လည်း ဒီနေ့တော့ ယူနီဖောင်းနှင့်ဖြစ်လေသည်။

လင်ရှောင်းထင်ကို ယူနီဖောင်းနဲ့မြင်ရတာ ကုနင်းအတွက် ဒီတစ်ကြိမ်ဟာ ပထမဆုံးဖြစ်လေသည်။ သူမဟာ ချက်ချင်းပဲ ကြောင်သွားကာ သ‌ရည်ယိုမလို ဖြစ်သွားလေသည်။ လင်ရှောင်းထင် ဟာ ယူနီဖောင်းနှင့် အရမ်းချောလေသည်။

ကုနင်းက သူ့ကိုသရည်ယိုလျက်ကြည့်နေတာကို တွေ့တဲ့အခါ လင်ရှောင်းထင်က ကျေနပ်နေလေသည်။ သူဟာ သူမဆီ‌တိုး၍ နမ်းလိုက်မှ သူမဟာ သတိပြန်ဝင်လာလေသည်။

နမ်းပြီးတဲ့အခါတွင် ကုနင်းက လင်ရှောင်းထင်အား အရမ်းစွဲမက်နေတဲ့ပုံဖြင့်ပြောလေသည်။ "ရှင်နဲ့သိတာကြာပေမဲ့လည်း ရှင့်ကိုစစ်ယူနီဖောင်းနဲ့တွေ့ဖူးတာ ဒီတစ်ကြိမ်ပထမဆုံးပဲ။ ရှင်ကအရမ်းစွဲဆောင်မှုရှိတာပဲ..."

"တကယ်လို့မင်းကြိုက်ရင် အခုကစပြီး ကိုယ်မကြာခဏ ဝတ်လို့ရတယ်လေ"ဟု လင်ရှောင်းထင်က ကုနင်းရဲ့ ခေါင်းကိုကိုင်လျက် အလိုလိုက်စွာပြောလေသည်။

လင်ရှောင်းထင်ဟာ စစ်ယူနီဖောင်းကို စစ်တပ်စခန်းမှာရှိတဲ့အချိန်သာ ဝတ်လေ့ရှိပြီး စစ်ဆင်ရေးသွားတဲ့အခါတွေမှာ ဝတ်ခဲလေသည်။ ပြီးတော့ သူ့ရဲ့ပိတ်ရက်မှာ ဝတ်ဖို့လဲမလိုအပ်ပေ။

လူသိရှင်ကြားထင်ထင်ပေါ်ပေါ်နဲ့ သူလျိုလုပ်ခြင်းဆိုပြီး စစ်ဆင်ရေးနှစ်မျိုးရှိလေသည်။ လူသိရှင်ကြားသွားရတဲ့ စစ်ဆင်‌ရေးတွေမှာ သူဟာယူနီဖောင်းဝတ်ရပြီး သူလျိုလုပ်ရတဲ့စစ်ဆင်ရေးတွေမှာတော့ ဝတ်ဖို့မသင့်တော်ပေ။ သူ့အနေနဲ့ သူလျိုစစ်ဆင်ရေးတွေမှာ လူမရိပ်မိအောင်နေရတာဖြစ်၍ တကယ်လို့ သူ့ရဲ့ယူနီဖောင်းသာ ဝတ်ထားရင် သူ့ရဲ့သူလျိုလုပ်နေတာဟာ ပေါ်သွားမှာဖြစ်ပြီး သူ့ရဲ့နေရာကို ပြောပြနေသလို ဖြစ်နေမှာဖြစ်သည်။

"ကောင်းသားပဲ"ဟု ကုနင်းက သူ့ရဲ့ယူနီဖောင်းနဲ့ပုံကို သဘောကျ၍ အသိအမှတ်ပြုလေသည်။

လင်ရှောင်းထင်ဟာ စံအိမ်မှ မကြာမှီပင် ထွက်သွားလေသည်။ ကုနင်းဟာ ထပ်ပြီးပါနေစရာ မလိုတော့သည့်အတွက် သူမဟာ ပြန်ပြီးအနည်းငယ်အိပ်ရင်း လင်ရှောင်းထင်က သူမကိုဖုန်းခေါ်တာစောင့်လိုက်လေသည်။

လင်ရှောင်းထင်က ဦးဆောင်ပြီး ရှန်းယန်ဖုန်းရဲ့ ရုံးခန်းထဲကို မနက်၁၀:၀၀ အချိန်တွင် ဝင်သွားကာ ဖမ်းလိုက်လေသည်။

လင်ရှောင်းထင်က သူ့လူတွေနဲ့ ဝင်လာတာကို မြင်တဲ့အခါ ရှန်းယန်ဖုန်းဟာ ကြောင်သွားလေသည်။ သူတို့က သူ့ကိုဖမ်းဖို့ လာကြောင်းသိတဲ့အခါ ရှန်းယန်ဖုန်းဟာ ဂနာမငြိမ်ဖြစ်သွားလေသည်။

"ရှောင်းထင်၊ ဒါဘာသဘောလဲ"ဟု ရှန်းယန်ဖုန်းဟာ စိုးရိမ်နေပေမဲ့လည်း သူ့ကိုယ်သူတည်ငြိမ်အောင် ဖိအားပေးထိန်းချုပ်လိုက်ကာ လင်ရှောင်းထင်အား မေးလေသည်။

"ရှန်းယန်ဖုန်း၊ မင်းဟာ အစိုးရဝန်ထမ်းဖြစ်ပေမဲ့လည်း မူးယစ်ဆေးမှောင်ခိုမှု၊ အကျင့်ပျက်ခြစားမှုနဲ့ အမှုတွေရဲ့ သဲလွန်စတွေကို ကူပြီးဖျောက်ဖျက်ပေးခဲ့တယ်။ မင်းကို အခုဖမ်းလိုက်ပြီ။ ဒါက ဖမ်းစီးခွင့်အမိန့်ပဲ"ဟု လင်ရှောင်းထင်က ရှန်းယန်ဖုန်းအား စာရွက်စာတမ်းတွေ ပြလေသည်။

ရှန်းယန်ဖုန်းဟာ ထိုအရာကိုကြားတဲ့အခါ တုန်လှုပ်သွားလေသည်။ သူပါဝင်ပတ်သတ်နေတာကို လင်ရှောင်းထင် ဘယ်လိုလုပ်သိသွားတာလဲ။ လင်ရှောင်းထင်မှာ သက်သေရှိနေတာလား ဒါမှမဟုတ် ဒီတိုင်းထင်မြင်ချက်သက်သက်ပဲလား။

ဖမ်းဆီးခြင်းကို သံသယဝင်တာ သက်သက်နဲ့တင် လုပ်ဆောင်၍မရကာ သက်သေရှိဖို့ လိုလေသည်။ သို့သော်လည်း ရှန်းယန်ဖုန်းဟာ သူ့ပြစ်မှုတွေကို ဝန်မခံပဲ ချက်ချင်းပြန်ငြင်းလေသည်။ "အဲ့တာအလိမ်အညာတွေ။ ငါအဲဒီလို ကိစ္စတွေတစ်ခုမှ လုပ်မထားဘူး”

"ငါတို့မှာ လိုအပ်တဲ့သက်သေတွေ အကုန်ရထားပြီးတာမလို့ မင်းပါဝင်ပတ်သတ်မှုကို ငြင်းဆိုဖို့ကြိုးစားနေတာ ရပ်လိုက်တော့။ ငါတို့အနေနဲ့ မင်းကိုသက်သေတွေ အချိန်တန်ရင် ပြမယ်"ဟု လင်ရှောင်းထင် ပြောကာ အမိန့်ပေးလိုက်လေသည်။ "သူ့ကိုခေါ်သွားတော့"

"မ-မဟုတ်ဘူး....မင်းငါ့ကို ဒီလိုလုပ်လို့မရဘူး။ ငါက မင်းအဘွားရဲ့ တူ...."ဟု ရှန်းယန်ဖုန်းဟာ ချက်ချင်းရုန်းကန်သော်လည်း သူ့အနေနဲ့ ရဲကိုပြန်တိုက်ခိုက်ဖို့ရာ လုံးဝမဖြစ်နိုင်တာမလို့ သိပ်မကြာခင်မှာပဲ အဖမ်းခံလိုက်ရလေသည်။

ရှန်းယန်ဖုန်းပြောတာကို ကြားလိုက်တဲ့အခါ လင်ရှောင်းထင်ရဲ့ မျက်နှာဟာ မဲသွားလေသည်။ သူဟာ ရှန်းယန်ဖုန်းကို အရမ်းစိုက်ကြည့်လိုက်ရာ ရှန်းယန်ဖုန်း ဟာကြောက်ပြီး အဆက်မပြတ်တုန်ရီနေလေသည်။

"ရှန်းယန်ဖုန်း၊ ငါ့အဘွား ဒါမှမဟုတ် လင်မိသားစုကို ဒီကိစ္စထဲဆွဲထည့်ဖို့ စဉ်းစားမနေနဲ့။ မင်းက ဥပဒေကိုချိူးဖောက်ထားတာမလို့ မင်းအနေနဲ့ အပြစ်ပေးခံရတာပဲ"ဟု လင်ရှောင်းထင် ကအေးစက်စွာပြောလိုက်သည်။

သူ့စကား‌ဆုံးတာနဲ့တပြိုင်နက် လင်ရှောင်းထင်ဟာ အမိန့်ပေးလိုက်လေသည်။ "သူ့ကိုခေါ်သွားတော့"

"မလုပ်နဲ့...ငါ့ကိုမဖမ်းပါနဲ့....မလုပ်နဲ့၊ မဟုတ်ဘူး...."

ရှန်းယန်ဖုန်းဟာ ဆက်ပြီးရုန်းကန်နေပေမဲ့လည်း အရာမရောက်ကာ ချက်ချင်းပဲ ဖမ်းခေါ်သွားခံရလေသည်။

ရှန်းယန်ဖုန်းအဖမ်းခံရကြောင်း သတင်းတွေဟာ ရှန်း၊ ချန်းနှင့် လင်မိသားစု၊ ပြီးတော့ ယွမ်ဝမ်ရွေ့နှင့် ရုန်ကြွယ်တို့ရဲ့နားဆီ ပြန့်နှုန့်သွားလေသည်။

ထိုသတင်းဟာ ရှန်းမိသားစုဆီကို ပထမဦးစွာရောက်သွားတာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှန်းယန်ဖုန်း အဖမ်းခံလိုက်ရတာနဲ့တပြိုင်နက် ရှန်းယန်ဖုန်းရဲ့ အတွင်းရေးမှူးဟာ ချန်းချိုးယင်းကို ဖုန်းဆက်လိုက်၍ဖြစ်သည်...

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၉၄ လင်မိသားစုဘယ်လိုလုပ်ပြီး ဒီလောက်တောင်ရက်စက်နိုင်တာလဲ?

ရှန်းယန်ဖုန်းကို လင်ရှောင်းထင်ကဖမ်းသွားကြောင်း ရှန်းယန်ဖုန်းရဲ့ အတွင်းရေးမှူးဆီက ဖုန်းရတဲ့အခါမှာ ချန်းချိုးယင်းဟာ မျက်နှာလုပ်ဖို့အတွက် သူမသူငယ်ချင်းတွေနဲ့ တွေ့ဖို့ရာ ထွက်ဖို့လုပ်နေတာဖြစ်သည်။

"ဘာ။ ယန်ဖုန်းကို လင်ရှောင်းထင်နဲ့ သူ့လူတွေက ခေါ်သွားတယ်ဟုတ်လား။ ဘာဖြစ်လို့လဲ"ဟု ချန်းချိုးယင်းရဲ့ မျက်နှာဟာ လန့်ကာ ဖွေးစုတ်သွားပြီး အသံကတုန်ကရင်ဖြင့် မေးလေသည်။

ရှန်းကျီလင်းဟာ ချန်းချိုးယင်းဖုန်းဖြေနေတဲ့အချိန်မှာ အနားမှာရှိနေတာဖြစ်ပြီး ဧည့်ခန်းထဲမှာ အသီးထိုင်စားနေတာဖြစ်သည်။ သူမအမေပြောတာကို ကြားလိုက်တာနဲ့ တပြိုင်နက် သူမဟာ ချက်ချင်းကြောင်သွားကာ သူမရဲ့လက်ထဲက ပန်းသီးဟာ အောက်ကိုကျသွားလေသည်။

"သူ့ကို မူးယစ်ဆေးမှောင်ခိုမှု၊ လာဘ်ထိုးမှုနဲ့ မူးယစ်ဆေးမှောင်ခိုမှုရဲ့ သက်သေတွေကို ကူပြီးဖျောက်ဖျက်ပေးမှုနဲ့ အဖမ်းခံရတာ"ဟု ရှန်းယန်ဖုန်းရဲ့ အတွင်းရေးမှူးက ပြောသည်။

"ဘာပြောတယ်"ဟု ချန်းချိုးယင်းဟာ ထိုအရာကို ကြားလိုက်တာနဲ့တပြိုင်နက် သူမရဲ့မျက်နှာပျက်သွားပြီး သူမဟာ ဘာမှမစဉ်းစားနိုင်တော့ပေ။

"ဘာဖြစ်တာလဲ။ အဖေ့ကို လင်ရှောင်းထင်က ဖမ်းသွားတာလား။ သူက မူးယစ်ဆေးမှောင်ခိုမှု၊ လာဘ်ထိုးမှုနဲ့ မူးယစ်ဆေးမှောင်ခိုမှုရဲ့သက်သေဖျောက်ဖျက်မှုတွေပါ ပါဝင်နေတာလား။ အဖေက သူ့အာဏာကို ဘယ်လိုလုပ်အဲဒီလို အလွဲသုံးစားလုပ်နိုင်ရမှာလဲ။ ဒါ-ဒါလုံးဝမဖြစ်နိုင်ဘူး။ ဒါကိစ္စဟာ လုံးဝမဖြစ်နိုင်ဘူး။ ဒါလုံးဝမဖြစ်နိုင်ဘူး...."ဟု ရှန်းကျီလင်းဟာ ထိုကိစ္စကိုမယုံကြည်နိုင်ပေ။ သူမအဖေအနေနဲ့ ထိုကိစ္စမျိုးဘယ်လိုလုပ် လုပ်နိုင်မှာ။ တကယ်လို့ သူမရဲ့အဖေသာ အဖမ်းခံရရင် မိသားစုတစ်ခုလုံး ဘယ်လိုဖြစ်သွားမှာလဲ။

ချန်းချိုးယင်းဟာလည်း ထိုကိစ္စကို မယူံနိုင်ပေ။ သို့သော်လည်း ရှန်းယန်ဖုန်းရဲ့ အတွင်းရေးမှူးက သူမကို ဒီကိစ္စဖုန်းဆက်အကြောင်းကြားနေတာဖြစ်တာမလို့ ထိုကိစ္စဟာ အမှန်ဖြစ်လောက်လေသည်။

ချန်းချိုးယင်းဟာ ရှန်းယန်ဖုန်းက ဥပဒေချိုးဖောက်ထားတယ်ဆိုတာ သိပြီးသားဖြစ်သည်။ ပြီးတော့ ထိုကိစ္စက ချန်းမိသားစုနဲ့ ပတ်သတ်နေတယ်ဆိုတာလဲ သိထားပေမဲ့လည်း သူမက အသေးစိပ်တော့မသိပေ။

ရှန်းယန်ဖုန်းအခုအဖမ်းခံရတော့ ချန်းမိသားစုပါ အမှုပတ်တော့မှာလား။ ချန်းချိုးယင်းဟာ ထိုအရာကိုတွေးပြီးနောက် သခင်ကြီးချန်းအား ဖုန်းဆက်လိုက်လေသည်။

သခင်ကြီးချန်းဟာ ချန်းချိုးယင်းရဲ့ ဦးလေးအကြီးဆုံးဖြစ်သည်။ ချန်းချိုးယင်းရဲ့ မိဘတွေဟာ သူမကလေးဘဝကတည်းက ဆုံးပါးသွားတာဖြစ်ပြီး သူမကို သခင်ကြီးချန်းတို့မိသားစုက ပြုစုပျိုးထောင်လာတာဖြစ်လေသည်။ သူတို့က သူမကို သူတို့ရဲ့သမီးအရင်းတစ်ယောက်လိုပဲ သဘောထားတာမလို့ သခင်ကြီးချန်းဟာ ချန်းချိုးယင်းအတွက် အဖေအရင်းတစ်ယောက်လိုပင်ဖြစ်သည်။

ချန်းချိုးယင်းပြောမှ ထိုကိစ္စကို ချန်းမိသားစုက သိသွားတာဖြစ်သည်။ ရှန်းယန်ဖုန်းအဖမ်းခံရကြောင်း သူတို့သိတဲ့အခါ သူတို့ဟာ အရမ်းကြောက်လန့်သွားလေသည်။

"လင်မိသားစုက သူတို့ရဲ့ဆွေမျိုးတွေအပေါ် ဘာလို့အဲဒီလောက်တောင် ရက်စက်နိုင်ရတာလဲ"ဟု သခင်ကြီးချန်းက ဒေါသထွက်စွာပြောသည်။ လင်ရှောင်းထင်က ဖမ်းတဲ့သူဖြစ်ပေမဲ့လည်း လင်မိသားစုရဲ့ သဘောတူညီချက်ရပြီးမှ ထိုအရာကို သူလုပ်တာဖြစ်ရမည်။

လင်မိသားစုဟာ ဖြောင့်မတ်တယ်ဆိုတာ သိပေမဲ့လည်း သူတို့က ရှန်းမိသားစုနဲ့ ဆွေမျိုးတွေဖြစ်တာမလို့ သူတို့အနေနဲ့ ရှန်းမိသားစုကို ကူညီသင့်လေသည်။ သို့သော်လည်း နောက်ဆုံးတော့ သူတို့ရဲ့ဆွေမျိုးတော်ဆက်မှုကို သူတို့ဂရုမစိုက်ကြပေ။

"ချိုးယင်း၊ အခုချက်ချင်း လင်မိသားစုဆီကိုသွားပြီး သခင်ကြီးလင်နဲ့ စကားသွားပြောချေ"ဟု သခင်ကြီးချန်းကပြောသည်။ ဘာပဲဖြစ်ဖြစ် သူမအနေနဲ့ ကြိုးစားရပေမည်။

"ဟုတ်ကဲ့၊ ကျွန်မအခုသွားလိမ့်မယ်...."ဟု ချန်းချိုးယင်းကလည်း ကြိုးစားကြည့်ချင်နေတာဖြစ်တာမလို့ သူမက သခင်ကြီးချန်းပြောတာကို အသိအမှတ်ပြုကာ လင်စံအိမ်ကို သွားဖို့ရာ အဆင်သင့်ပြင်လေသည်။

သခင်ကြီးချန်းက ရှန်းယန်ဖုန်းနဲ့ သူ့လူတွေရဲ့လုပ်ရပ်ဟာ ချန်းမိသားစုကိုပါ ထိခိုက်လာမှာ စိုးရိမ်နေတာဖြစ်သည်။ ချန်းမိသားစုကလည်း ရှန်းယန်ဖုန်းရဲ့ မူးယစ်မှောင်ခိုလုပ်နေတဲ့လုပ်ငန်းမှာ ပါဝင်ပတ်သတ်နေ၍ဖြစ်သည်။

သခင်ကြီးချန်းဟာ ချန်းချိုးယင်းနဲ့စကားပြောပြီးနောက် ဖုန်းချလိုက်ကာ ထိုကိစ္စကိုပြောဖို့ ချန်းကျင်းဖန်းအား ဖုန်းဆက်လိုက်သော်လည်း ချန်းကျင်းဖန်းရဲ့ ဖုန်းကပိတ်ထားလေသည်။

သခင်ကြီးချန်းဟာ ချန်းကျင်းဖန်းကို မစိုးရိမ်ပေ။ ချန်းကျင်းဖန်းက ဘာသက်သေမှ ချန်ထားမှာမဟုတ်ကြောင်း သူကယုံကြည်မှုရှိသည့်အတွက် ရှန်းယန်ဖုန်းအနေနဲ့ ချန်းကျင်းဖန်းကို သစ္စာမဖောက်နိုင်ကြောင်း သေချာလေသည်။

ရှန်းမိသားစုဟာ ရှန်းယန်ဖုန်းရဲ့ ဇနီးနဲ့သမီးအပြင် ရှန်းယန်ဖုန်းရဲ့ ညီဖြစ်တဲ့ ရှန်းယန်ကျီတို့ပါဝင်လေသည်။

သခင်ကြီးရှန်းဟာ သေသွားတာကြာပြီဖြစ်ပေမဲ့လည်း ရှန်းယန်ဖုန်းနဲ့ ရှန်းယန်ကျီတို့ဟာ အမွေကိုခွဲယူကာ ထွက်မသွားပေ။ ထိုအစား သူတို့ဟာ ဘေးချင်းကပ်ရပ်အိမ်နီးနားချင်းတွေဖြစ်လေသည်။

သူတို့နှစ်ယောက်ဟာ ကိုယ်ပိုင်မိသားစုများတည်ထောင်ကာ နီးကပ်စွာဆက်နွယ်နေဆဲဖြစ်သည်။ ရှန်းယန်ဖုန်းဟာ နိုင်ငံရေးသမားဖြစ်ပြီး စီးပွားရေးသေချာမလုပ်တာကြောင့် ရှန်းယန်ကျီက မိသားစုရဲ့စီးပွားရေးအကုန်လုံးကို ဦးစီးလေသည်။

သို့သော်လည်း ရှန်းယန်ကျီက မိသားစုစီးပွားရေးကို စီမံနေတာဖြစ်ပေမဲ့လည်း ရှန်းယန်ဖုန်းက သူ့ညီထက် ရှယ်ယာတွေပိုများလေသည်။ မိသားစုစီးပွားရေးဟာ ရှန်းယန်ဖုန်းနဲ့ ချန်းမိသားစုကို အရမ်းမှီခိုနေရ၍ဖြစ်သည်။

ရှန်းယန်ဖုန်းက အစိုးရဝန်ထမ်းဖြစ်တာမလို့ သူ့ရဲ့ရှယ်ယာအများစုဟာ ရှန်းယန်ကျီနာမည်အောက်မှာ ထား,ထားတာဖြစ်သည်။ ရှန်းယန်ကျီက ရှန်းယန်ဖုန်းရဲ့ စီးပွားရေးရှယ်ရာတွေကို အရမ်းခိုးချင်ပေမဲ့လည်း သူလုပ်ဖို့ သတ္တိမရှိဘူးဖြစ်သည်။

ရှန်းယန်ဖုန်းရဲ့ မကောင်းတဲ့အလုပ်တွေကို သိပေမဲ့လည်း ရှန်းယန်ကျီဟာ သူ့ကိုမဖော်ရဲပေ။ တကယ်လို့ ရှန်းယန်ဖုန်းသာ တစ်ခုခုဖြစ်သွားခဲ့ရင် သူလည်းပဲ အမှုပတ်မှာမလို့ဖြစ်သည်။ ရှန်းယန်ဖုန်းကျူးလွန်တဲ့ ပြစ်မှုအများစုဟာ မိသားစုစီးပွားရေးအတွက် ကျူးလွန်ထားတာမလို့ဖြစ်သည်။ တကယ်လို့ ရှန်းယန်ဖုန်းသာ ပါဝင်ပတ်သတ်ထားတာမရှိရင် မိသားစုရဲ့စီးပွားရေးဟာ အခုလိုကောင်းမွန်နေမှာမဟုတ်ပေ။ သို့သော်လည်း ရှန်းယန်ကျီဟာ ရှန်းယန်ဖုန်းအဖမ်းခံရကြောင်း ချန်းချိုးယင်းဆီမှ သိတာမဟုတ်ပေ။ ထို့အစား ရဲတွေက သူတို့ကုမ္ပဏီကိုရောက်လာ၍ သိတာဖြစ်သည်။

ရှန်းယန်ဖုန်းရဲ့ တရားမဝင်လုပ်ငန်းအချို့ဟာ မိသားစုစီးပွားရေးနဲ့ ပတ်သတ်နေတာမလို့ စုံစမ်းစစ်ဆေးခြင်းခံနေရတာဖြစ်သည်။ ကုမ္ပဏီရဲ့ CEOတစ်ယောက်အနေနဲ့ ရှန်းယန်ကျီဟာလည်း စုံစမ်းစစ်ဆေးဖို့ အခေါ်ခံသွားရတာဖြစ်သည်။

ချက်ချင်းပဲ ရှန်းမိသားစုဟာ ရုတ်ရုတ်သဲသဲဖြစ်သွားလေသည်။

သခင်ကြီးလင်ဟာ ထိုကိစ္စကို လင်ရှောင်းထင်ဆီမှ ပထမဦးဆုံးသိထားတာဖြစ်ပြီး အခြားသူတွေကတော့ သူများပြောမှ သိတာဖြစ်လေသည်။

လင်မိသားစုထဲက လူအများစုဟာ ရှန်းယန်ဖုန်းရဲ့ တရားမဝင်လုပ်ရပ်တွေကို မသိတာကြောင့် ထိုသတင်းကိုကြားတဲ့အခါ အံ့ဩသွားလေသည်။ ရှန်းယန်ဖုန်း အနေနဲ့ ထိုအရာကိုလုပ်နိုင်တာ မယုံကြည်နိုင်စရာကောင်းတဲ့အပြင် လင်မိသားစုကလည်း အမှုထဲဆွဲထည့်ခံရမှာ စိုးရိမ်နေတာဖြစ်သည်။

လင်မိသားစုဟာ ဥပဒေနဲ့မလွတ်ကင်းတဲ့ မကောင်းမှုမှန်သမျှ ဘာတစ်ခုမှမလုပ်ပေမဲ့လည်း ‌လူတွေဟာ ဆွေမျိုးဖြစ်လို့ ပြောကြမှာဖြစ်သည်။

လင်ရှောင်းထင်ကိုယ်တိုင် ရှန်းယန်ဖုန်းကို ဖမ်းတာဖြစ်ကြောင်း ကြားတဲ့အခါ မိသားစုထဲကလူတွေ အကုန်လုံးဟာ စိတ်အေးသွားကြလေသည်။ အဲတာနဲ့တင် လူတွေအနေနဲ့ သူတို့မိသားစုပါ ပါဝင်ပတ်သတ်ကြောင်း စွပ်စွဲလို့မရတော့ပေ။ တကယ်လို့ လင်မိသားစုသာ မူးယစ်ဆေးမှောင်ခိုလုပ်မှုမှာ ပါဝင်ပတ်သတ်နေရင် လင်ရှောင်းထင်အနေနဲ့ ချန်းကျင်းဖန်းကို ကိုယ်တိုင်ဖမ်းမှာမဟုတ်ပေ။

လင်ရှောင်းထင်က စစ်ဆင်ရေးမှာ တာဝန်ယူထားတာဖြစ်လို့ လူတိုင်းက သူကိုင်တွယ်ဖြေရှင်းနိုင်ကြောင်း ယုံကြည်ချက်ရှိလေသည်။

....

ရှန်းယန်ဖုန်းအဖမ်းခံကြောင်း ယွမ်ဝမ်ရွေ့ ကြားတာနဲ့တပြိုင်နက် သူဟာ ဒေါသထွက်သွားလေသည်။ သူဟာ ရှန်းယန်ဖုန်းနဲ့အတူ အလုပ်လုပ်ဖူးတာမလို့ ရှန်းယန်ဖုန်းက သူ့ရဲ့ပါဝင်ပတ်သတ်မှုကိုပါ ဖော်ကောင်လုပ်မှာစိုးရိမ်နေတာဖြစ်သည်။

အခုတော့ ချန်းကျင်းဖန်းပါ အဖမ်းခံလိုက်ရတာမလို့ သူ့အနေနဲ့ စိုးရိမ်နေလဲ နောက်ကျသွားပြီဖြစ်သည်။ သူ့အနေနဲ့ သူ့အဖေကိုသာ ချက်ချင်းသတင်းပို့ပြီး ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ အဖြေရှာရမည်ဖြစ်သည်။

သခင်ကြီးယွမ်ဟာ ယွမ်ဝမ်ရွေ့ရဲ့ လာဘ်ထိုးမှုနဲ့ မူးယစ်မှောင်ခိုမှုမှာ ပါဝင်ပတ်သတ်နေတာတွေကို သိလေသည်။ သူဟာ တရားမဝင်ကိစ္စတွေလုပ်ဖို့ ဒုစရိုက်လောက အာဏာတစ်ခုတည်ဆောက်ချင်နေတာ ကြာပြီဖြစ်သည်။

ယွမ်မိသားစုဟာ စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ပေမဲ့လည်း ထိုအရာဟာ ကြီးမားတဲ့စီးပွားရေးလုပ်ငန်းတစ်ခု မဟုတ်ကာ သူတို့မှာ ပိုင်ဆိုင်မှု အများကြီးမရှိပေ။

သာမာန်ပြည်သူတွေနဲ့ယှဉ်ရင် သူတို့ဟာ ချမ်းသာတဲ့လူတွေဖြစ်သည်။ သို့သော်လည်း သူတို့ရဲ့ပိုင်ဆိုင်မှုဟာ တကယ်စွမ်းအားကြီးတဲ့မိသားစုတွေနဲ့ ယှဉ်ရင် မပြောပလောက်ဘူးဖြစ်သည်။

ရှန်းယန်ဖုန်းအဖမ်းခံကြောင်း သခင်ကြီးယွမ်သိတဲ့အခါ ရှန်းယန်ဖုန်းက ယွမ်ဝမ်ရွေ့ ပါ,ပါဝင်ပတ်သတ်ကြောင်း ပြောလိုက်မှာစိုးရိမ်နေလေသည်။ ယွမ်မိသားစုဟာ အဆင့်အတန်းမြင့်မားပေမဲ့လည်း သူတို့အနေနဲ့ အရာအားလုံးကို ရှောင်လွှဲလို့မရပေ။ ပြီးတော့ ထိုဖမ်းဆီးမှုရဲ့ နောက်ကွယ်က‌လူဟာ လင်ရှောင်းထင် ဖြစ်လေသည်။

ယွမ်နှင့် လင်မိသားစုတွေဟာ မြို့တော်က မိသားစုကြီး၄ခုထဲကဖြစ်ကာ တူညီတဲ့အဆင့်အတန်းရှိသော်လည်း လင်မိသားစုဟာ သူတို့ထက် တစ်ဆင့်မြင့်လေသည်။ အစိုးရရဲ့ အမြင့်ဆုံးအာဏာဟာ လင်မိသားစုကမလို့ ဖြစ်သည်။

တခြားမိသားစုတွေဟာလည်း လင်မိသားစုကိုကြောက်လန့်ကာ လင်မိသားစုရဲ့ ထိပ်တန်းမိသားစုတွေရဲ့ခေါင်းဆောင်ဆိုတဲ့နေရာကို ယူချင်နေတာဖြစ်သည်။ ထိုအရာဟာ သူတို့အတွက် ပိုမြင့်တဲ့ အဆင့်အတန်းဖြစ်လေသည်...

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၉၅ တကယ်ကိုစိတ်ရှုပ်ဖို့ကောင်းလွန်းတယ်

သခင်ကြီးယွမ်ရဲ့စိတ်ထဲမှာ အတွေးတစ်ခု တစ်ခဏတာကြီးစိုးနေလေသည်။ တကယ်လို့ ယွမ်ဝမ်ရွေ့သာအမှုထဲဆွဲထည့်ခံရရင် ယွမ်ဝမ်ရွေ့ကို မိသားစုအတွက် စွန့်လွှတ်ပစ်ရမည်ဖြစ်သည်။ သို့သော်လည်း ထိုအရာဟာ အတွေးတစ်ခုသာဖြစ်လေသည်။ လင်မိသားစုဟာ ယွမ်မိသားစုထက် ပိုစွမ်းအားကြီးပေမဲ့လည်း ယွမ်မိသားစုက ယွမ်ဝမ်ရွေ့ကို အန္တရာယ်ကင်းအောင် ထားနိုင်လေသည်။

သို့ပေမဲ့လည်း ထိုအရာကပဲ သခင်ကြီးယွမ်က ဘယ်လောက် တစ်ကိုယ်ကောင်းဆန်လဲဆိုတာ ပြသနေလေသည်။ တကယ်လို့ တခုခုမှားသွားပြီး သူတို့သာ ဒီပြဿနာထဲက ယွမ်ဝမ်ရွေ့ကို မကယ်တယ်နိုင်ရင် သခင်ကြီးယွမ်က ယွမ်ဝမ်ရွေ့ကို စွန့်ပစ်မှာလား။ ထိုအရာဟာ ပြောနေစရာတောင်မလိုပေ။ ရှန်းယန်ဖုန်းနဲ့ တိုက်ရိုက်ပူးပေါင်းတဲ့သူဟာ ယွမ်ဝမ်ရွေ့ တစ်ယောက်ထဲမလို့ သူတို့အနေနဲ့ မိသားစုအတွက် သူတစ်ယောက်ထဲသာ အပြစ်အကုန်ယူရပေမည်။

တကယ်လို့ သူတို့သာတအားအကူအညီလိုအပ်လာရင် သူတို့အနေနဲ့ ဘာလုပ်နိုင်မှာ။ သူတို့အနေနဲ့ ဒီကိစ္စကိုသိတယ်လို့ ဝန်မခံနိုင်သလို ကိုယ့်ပြဿနာကိုလည်း မီးထွန်းမရှာနိုင်ပေ။

"အခုချိန်မှာ ရှန်းယန်ဖုန်းနဲ့တွေ့ဖို့ လုံးဝမဖြစ်နိုင်တာမလို့ မင်းကိုဖော်ကောင်မလုပ်အောင် သူ့ကိုမတားနိုင်ဘူး။ ရှန်းယန်ဖုန်းရဲ့ နေရာက မင်းရဲ့စာချုပ်စာတန်းတွေကို တစ်ယောက်ယောက် လွှတ်ပြီးယူခိုင်းလိုက် ပြီးတာနဲ့တန်းဖျက်ဆီးပစ်လိုက်။ မင်းနဲ့အဆက်အသွယ်ရှိနေတယ်ဆိုတဲ့ အခြားသက်သေတွေကိုတော့ မင်းကသူ့ကိုသိတယ်ဆိုတယ်နဲ့ဘဲ ဥပဒေနဲ့မလွတ်ကင်းတဲ့အလုပ်တွေနဲ့ မင်းပါဝင်ပတ်သတ်နေတယ်လို့ သက်သေပြလို့မရဘူး။ မင်းအနေနဲ့ သူနဲ့သူငယ်ချင်းလို့ အမြဲပြောလို့ရတယ်။ ဟုတ်တယ်မလား"ဟု သခင်ကြီးယွမ်ကပြောသည်။

ထိုအရာဟာ မှန်လေသည်။ သူတို့ဟာ ရန်ဘက်တွေဖြစ်ကာ တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းအစစ်တွေ ဘယ်တော့မှ မဖြစ်နိုင်ပေမဲ့လည်း အပေါ်ယံမှာတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးသလိုနေလေသည်။ ယွမ်ဝမ်ရွေ့နဲ့ ရှန်းယန်ဖုန်းတို့အတွက် တစ်ခါတစ်ရံ အပြင်မှာဆုံတာ၊ ညစာစားတာ ဒါမှမဟုတ် အရက်သောက်တာလောက်က ပြဿနာမဟုတ်ပေ။ ပြီးတော့ ယွမ်ဝမ်ရွေ့နဲ့ ရှန်းယန်ဖုန်းဟာ အဲဒီလောက်လဲ အတူအပြင်သွားလေ့မရှိတာမလို့ သူတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုကို သက်သေပြလို့မရပေ။

သခင်ကြီးယွမ်ဟာ ဆက်ပြောလေသည်။ "တကယ်လို့ မင်းသာ စာချုပ်တွေကို ရှာမတွေ့ရင် လင်တွေအပေါ်မှာသာ အပြစ်ပုံချလိုက်။ ဘာပဲဖြစ်ဖြစ် ရှန်းယန်ဖုန်းက လင်မိသားစုနဲ့ တစ်ဘက်ထဲဖြစ်တဲ့အပြင် သူတို့ရဲ့ သွေးသားတော်ဆက်တဲ့ဆွေမျိုးအရင်းတစ်ယောက်တောင် ဖြစ်နေသေးတယ်။ တကယ်လို့ မင်းသာ လင်မိသားစုက ရှန်းယန်ဖုန်းရဲ့ တရားမဝင်အလုပ်တွေမှာ ပါဝင်ပတ်သတ်နေတယ်လို့ စွပ်စွဲလိုက်ရင် လင်မိသားစုက ဆက်မစုံစမ်းတော့ဘဲ ရပ်လိုက်မယ်ဆိုတာသေချာတယ်။ မင်းကိုဖမ်းဖို့အတွက်နဲ့ သူတို့ရဲ့ဂုဏ်သတင်းကိုဖျက်ဖို့ မတန်ဘူး။ ငါတို့မိသားစုရဲ့ ရပ်တည်မှုအနည်းငယ် ထိခိုက်သွားနိုင်ပေမဲ့လည်း အဲ့တာက မင်းအဖမ်းခံရတာထက်တော့ သာသေးတယ်"

"ဟုတ်တယ်။ နားလည်ပါပြီ"ဟု ယွမ်ဝမ်ရွေ့ဟာ ချက်ချင်းသဘောပေါက်သွားကာ အနည်းငယ် စိတ်အေးသွားလေသည်။ သူ့ကိုဖမ်းဖို့အတွက်နဲ့ လင်မိသားစုက အဲဒီလောက်ကြီးလုပ်မှာမဟုတ်ဘူးလို့ သူလည်းပဲသေချာလေသည်။

ရှန်းယန်ဖုန်းဟာ လင်မိသားစုနဲ့ တစ်ဘက်တည်းဖြစ်တဲ့အပြင် သူတို့ရဲ့ဆွေမျိုးပါဖြစ်နေသေးရာ သူတို့အနေနဲ့ လင်မိသားစုကို အပြစ်လွှဲချတာဟာ လုံးဝအဓိပ္ပါယ်ရှိလေသည်။

....

ရုန်ကြွယ်လည်းပဲ ရှန်းယန်ဖုန်းကို ဖမ်းချင်တာဖြစ်ပေမဲ့ တစ်စုံတစ်ယောက်က ဦးသွားလေရာ သူဟာ အမှန်တကယ်ပင် စိတ်ရှုပ်သွားလေသည်။ သို့သော်လည်း သူက စိတ်ထဲမထားပေ။ ရှန်းယန်ဖုန်းကို ထိနိုင်တဲ့လူဟာ အပြင်မှာ သူတစ်ယောက်တည်းမဟုတ်၍ဖြစ်သည်။

ရှန်းယန်ဖုန်းကို ဖမ်းပြီး သူ့ကိုအသုံးချကာ လင်မိသားစုကိုပါ ဆွဲထည့်မယ်ဆိုတဲ့ သူ့ရဲ့အကြံကို လင်ရှောင်းထင် သိသွားတာဖြစ်မည်ဟု ရုန်ကြွယ်က သံသယဝင်လေသည်။ သူ့ရဲ့အကြံအစည်တွေကို ‌ကမောက်ကမဖြစ်အောင် လင်ရှောင်းထင်က ရှန်းယန်ဖုန်းကို သူ့ထက်အရင်ဖမ်းလိုက်တာလားလို့တောင် သူထင်မိလေသည်။ ဒါမှမဟုတ် ဒါကလုံးဝတိုက်ဆိုင်မှုသက်သက်ပဲလား။

လင်ရှောင်းထင်က ရှန်းယန်ဖုန်းကို ဖမ်းလိုက်မှတော့ လင်ရှောင်းထင်က သူ့ကိုစတင်စုံစမ်းပြီးကာ လိုအပ်တဲ့ သက်သေမှန်သမျှရထားပြီးပြီလို့ ဆိုလိုလေသည်။ ထိုအရာက ဖြစ်နိုင်ချေများတယ်လို့ ရုန်ကြွယ်က ခံစားမိလေသည်။

ရုန်နဲ့ လင်မိသားစုဟာ ရန်ဖက်တွေဖြစ်ပေမဲ့လည်း လင်မိသားစုဟာ အခြားထိပ်တန်းမိသားစုတွေထက်ပိုပြီး ဖြောင့်မတ်တယ်ဆိုတာ သူ့အနေနဲ့ ဝန်ခံရပေမည်။ သူတို့နဲ့ မဟာမိတ်တွေဖြစ်ရင်တောင် သူတို့က ဝန်ထမ်းတွေကို ဖမ်းဆီးဖို့ရာ ဝန်မလေးပေ။

အခြားထိပ်တန်းမိသားစု သုံးခုဟာ ထိုသို့်ဘယ်တော့မှ လုပ်မှာမဟုတ်ပေ။ သူတို့အနေနဲ့ အစိုးရဝန်ထမ်းတွေကို ဘယ်သူမှသတိမထားခင်မှာပဲ ဥပဒေအလွဲသုံးစားမလုပ်ဖို့ သတိပေးကာ သူတို့ရဲ့ခြေရာလက်ရာတွေကို ဖျောက်ဖျက်လိုက်တာ ဒါမှမဟုတ် အပြစ်ရှိတဲ့ဘက်ကနေ တစ်ခုခုရအောင် ညစ်ယူလိုက်တာမျိုးလုပ်မည်ဖြစ်သည်။ တကယ်လို့ တစ်ယောက်ယောက်ကသာ ဒီအစိုးရဝန်ထမ်းတွေကို တိုင်ကြားခဲ့ရင် ထိုလူတွေကို သူတို့မိသားစုတွေက ချက်ချင်းဖယ်ရှားပစ်လိုက်မှာ ဖြစ်လေသည်။

တစ်ခါတစ်လေမှာ ရုန်ကြွယ်ဟာ လင်မိသားစုဝင် တစ်ယောက်ဖြစ်ချင်လေသည်။

သူက အပြစ်မရှိဘူးလို့ အာမမခံနိုင်ပေမဲ့လည်း အစိုးရဝန်ထမ်းတွေ သူတို့ရဲ့အစွမ်းတွေကို အလွဲသုံးစားလုပ်တာကို သူလုံးဝမကြိုက်ပေ။ အဲဒီလိုလူတွေနဲ့ သူကြုံတိုင်း ထိုသူတွေကို ဖျောက်ဖျက်ပစ်ဖို့ သူအစွမ်းကုန်ကြိုးစားချင်လေသည်။ သို့သော်လည်း သူ့အနေနဲ့ မိသားစုကြောင့် ထိုသို့မလုပ်နိုင်ကာ ထိုအစိုးရဝန်ထမ်းတွေကို မသိချင်ယောင်သာ ဆောင်နိုင်လေသည်။

သူဟာ လင်ရှောင်းထင်ကို အမြဲလေးစားနေတာဖြစ်သည်။ လင်ရှောင်းထင်က ရုန်ကြွယ်ထက် အသက်တစ်နှစ်ငယ်ပေမဲ့လည်း လင်ရှောင်းထင်ဟာသူ့ထက် ရာထူးအဆင့်အနည်းငယ်ပိုမြင့်လေသည်။ ထို့ကြောင့် လင်ရှောင်းထင်ကိုကျော်နိုင်ဖို့ရာဟာ သူ့ရဲ့အိမ်မက်ဖြစ်လေသည်။ ထိုအရာဟာ ခက်ခဲသော်လည်းပဲ သူဟာ ဘယ်တော့မှ လက်လျော့မှာမဟုတ်ပေ။

လင်ရှောင်းထင်က ရှန်းယန်ဖုန်းကို ဖမ်းပြီးနေမှတော့ ရုန်ကြွယ်လုပ်နိုင်တာ ဘာမှမရှိတော့ပေ။

"သေစမ်း! လင်ရှောင်းထင်က သူ့ကိုဖမ်းမယ်လို့ ငါမယုံနိုင်ဘူး။ စုံစမ်းတာတွေနဲ့ အခြေခံအလုပ်တွေ အကုန်ပြင်ပြီးခါမှ သူက ငါတို့ထက်အရင်ဦးသွားတယ်။ ဒါကလုံးဝ စိတ်ရှုပ်ဖို့ကောင်းတယ်"

ရုန်ကြွယ်ရဲ့လူတွေဟာ ရုန်ကြွယ်လောက်သည်းမခံနိုင်ပေ။ သူတို့အနေနဲ့ ဘာမှမလုပ်နိုင်တော့ပေမဲ့လည်း သူတို့ဟာ ဆက်ပြီးညီးတွားနေလေသည်။

သူတို့ဟာ တာဝန်တိုင်းကို အောင်မြင်မယ်လို့ မမျှော်လင့်ထားပေမဲ့လည်း တစ်စုံတစ်ယောက်က ဝင်နှောင့်ယှက်သည့်အတွက် သူတို့သာ စိတ်ရှုပ်စမြဲပင်ဖြစ်သည်။

"ဟုတ်တယ်။ ငါတို့ ရှန်းယန်ဖုန်းကို စုံစမ်းနေတာကို လင်ရှောင်းထင် သိသွားတယ်လို့ မင်းတို့ထင်လား။ မဟုတ်လို့ယှဉ်ရင် ဘာလို့သူ ရှန်းယန်ဖုန်းကို ရုတ်တရက်ကြီး ထဖမ်းမှာလဲ။

"ငါကတော့ တိုက်ဆိုင်တာလို့ပဲထင်တယ်။ လင်ရှောင်းထင်မှာ အစွမ်းအဆရှိပေမဲ့လည်း သူက အနာဂတ်ကိုကြိုမမြင်နိုင်ဘူး။ ပြီးတော့ ငါတို့က ရှန်းယန်ဖုန်းကိုအခုမှ စပြီးစုံစမ်းနေတုန်းပဲရှိသေးသလို အရမ်းလဲသိုသိုသိပ်သိပ်ပဲလုပ်ပေမဲ့လို့ ငါတို့ရဲ့အစီအစဉ်က လုံးဝအားနည်းချက်မရှိဘူးလို့ မဆိုလိုဘူး။”

လင်ရှောင်းထင်ဟာ ရုန်ကြွယ်က ရှန်းယန်ဖုန်းကို စုံစမ်းနေတယ်ဆိုတာ မသိပေ။ ကုနင်းက ရှာသိသွားပြီး သူ့ကိုပြောပြလို့သာ လင်ရှောင်းထင်က ထိုအကြောင်းကို သိသွားတာဖြစ်သည်။ သို့သော်လည်း လင်ရှောင်းထင်အနေနဲ့ ရှန်းယန်ဖုန်းကိုဖမ်းနိုင်ရတဲ့ အဓိကအကြောင်းအရင်းက ရှန်းယန်ဖုန်းရဲ့ တရားမဝင်လုပ်ရပ်တွေရဲ့ သက်သေတွေကို သူ့မှာရှိပြီး အချိန်ကောင်းတစ်ခုကို စောင့်နေတာသာဖြစ်သည်။

"တော်တော့။ မင်းတို့မကျေနပ်ဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် ငါလဲဘာမှ လုပ်ပေးလို့မရဘူး။ ငါတို့ရဲ့စုံစမ်းမှုကို လင်ရှောင်းထင်သိသွားတာဟုတ်ဟုတ် မဟုတ်ဟုတ် လင်ရှောင်းထင်က ရှန်းယန်ဖုန်းအပေါ်မှာ အရင်ကတည်းက ကြည့်နေတာကြာပြီဆိုတာ သေချာတယ်"ဟု ရုန်ကြွယ်ကပြောကာ လူအကုန်လုံးကို စိတ်လျော့စေလေသည်။

ရုန်ကြွယ် ဘာပြောနေလဲဆိုတာ အတိအကျသိသောကြောင့် ရုန်ကြွယ်ရဲ့ လူတွေဟာ ထိုအကြောင်းကို ဆက်မပြောတော့ပေ။

ရှန်းယန်ဖုန်းကို ဖမ်းဆီးမှုကို ဘယ်‌သူကမှ မဖုံးကွယ်တာကြောင့် လူတွေ ပိုပိုပြီးသိလာလေသည်။

လင်မိသားစုကို သိတဲ့လူမှန်သမျှဟာ သူတို့ဘယ်လိုလူတွေဆိုသာ သေချာသိလေသည်။ သူတို့ရဲ့မဟာမိတ်တွေက ဥပဒေတစ်ခုခုချိူးဖောက်တယ်ဆိုတာ သေချာတာနဲ့တပြိုင်နက် သူတို့ကိုယ်တိုင် ဖြေရှင်းမှာ‌ဖြစ်လေသည်။

ထိုအကြောင်းကြောင့်ပဲ သူတို့နဲ့ပတ်သတ်နေတဲ့ အစိုးရဝန်ထမ်းတွေဟာ အရမ်းအထင်ကြီးလေးစားခံရတာဖြစ်သည်။ အာဏာကိုအလွဲသုံးစားလုပ်တဲ့လူတိုင်းကို ဖမ်းဖို့ရာမဖြစ်နိုင်ပေမဲ့လည်း အများစုဟာ အမှုသေးသေးလေးတွေမှာသာ ပါဝင်ပတ်သတ်နေတာဖြစ်သည်။ အမှုအကြီးမားမားတွေမှာ ပါဝင်ပတ်သတ်မှုရင် ထိုလူရဲ့ခြေရာလက်ရာတွေကို ဖျောက်ဖျက်ပစ်ရာ ခက်ခဲ၍ဖြစ်သည်။

ရှန်းယန်ဖုန်းကို Central Commission for Discipline Inspection (CCDI)ကို ခေါ်လာပြီးနောက် လင်ရှောင်းထင်ဟာ သူ့ကို ချန်းကျင်းဖန်းနဲ့ ချက်ချင်းပေးမတွေ့ပေ။ ထို့အစား လင်ရှောင်းထင်က သူ့ကိုအရင်စစ်ဆေးမေးမြန်းလေသည်။

သို့သော်လည်း ရှန်းယန်ဖုန်းဟာ တည်တည်ငြိမ်ငြိမ်ပဲနေလေသည်။ ပါးစပ်ပိတ်နေတာတစ်ခုတည်းနဲ့တင် သူ့ကိုမကယ်တင်နိုင်ပေမဲ့လည်း လင်ရှောင်းထင်ကသူ့ရဲ့ တရားမဝင်အလုပ်တွေကို သံသယဝင်တာတင်ဖြစ်ကာ သက်သေတကယ်မရှိဖို့ သူမျှော်လင့်နေလေသည်။ တကယ်လို့ လင်ရှောင်းထင်မှာသာ ခိုင်လုံတဲ့သက်သေမရှိရင် ရှန်းယန်ဖုန်းအနေနဲ့ အခုချိန်မှာ သူ့ဘက်ကစပြီးဝန်ခံလိုက်ရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမှာဖြစ်သည်။

"ရှန်းယန်ဖုန်း၊ မင်းအပြစ်‌တွေကို ဝန်မခံသေးဘူးလား"ဟု လင်ရှောင်းထင် မေးလိုက်သည်...

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၉၆ မင်းဘာလို့ ဒီလောက်နှလုံးသားမဲ့ရတာလဲ?

"ဟွန့်။ မင်းမှာသက်သေရှိတယ်ဆို။ တကယ်လို့မင်းမှာသက်သေရှိရင် ဘာသက်သေလဲဆိုတာ ငါ့ကိုပြလေ"ဟု ရှန်းယန်ဖုန်းကပြောလေသည်။ သူသာ စိတ်ပူပြီး စိုးရိမ်နေပေမဲ့လည်း တည်ငြိမ်သလို ဟန်ဆောင်နေလေသည်။

ရှန်းယန်ဖုန်းက တောင်းဆိုနေမှတော့ လင်ရှောင်းထင်ဟာ ရှန်းယန်ဖုန်းရဲ့တရားမဝင်လုပ်ရပ်မှန်သမျှ အသေးစိပ်ကို မှတ်တမ်းတင်ထားတဲ့ A4အထပ်လိုက်အား ပေးလိုက်လေသည်။

ထိပ်ဆုံးမှာတော့ ရှန်းယန်ဖုန်းရဲ့ အကျင့်ပျက်ခြစားမှု၍ သက်သေပါရှိနေလေသည်။ လုံခြုံရေးကင်မရာမှတ်တမ်းရဲ့ Screenshot၊ မတော်တဆမှုတိုင်းရဲ့ အချိန်နဲ့ နေရာ၊ လာဘ်ထိုးမှုဘယ်လောက်ပါဝင်နေတယ်နှင့် လာဘ်ထိုးမှုကိုဖျောက်ဖို့ သူလုပ်သမျှအရာတိုင်းဟာ ပါဝင်နေလေသည်။ သူတို့ဟာ ဒေါ်လာ၂.၆မီလီယံနဲ့ အခြားတန်ဖိုးရှိတဲ့ လက်ဝတ်ရတနာကဲ့သို့သော ပစ္စည်းတွေပါဝင်တဲ့ လာဘ်စားမှု၈ခုတောင် စုစည်းနိုင်လေသည်။

သူတို့မှာ ရှန်းယန်ဖုန်းရဲ့ လာဘ်ထိုးမှုတိုင်းရဲ့ သက်သေတော့မရှိပေမဲ့လည်း ဒီဟာတွေနဲ့တင် သူ့ကိုတရားစွဲဖို့လုံလောက်နေပြီဖြစ်လေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူကျူးလွန်ထားတဲ့ အခြားအဓိကအမှုကြီးတွေရဲ့သက်သေတွေလည်း သူတို့မှာရှိလေသည်။

ကီရင်းဂိုဏ်းရဲ့ အဖွဲ့ဝင်တွေနဲ့ ရှန်းယန်ဖုန်းတို့ စကားပြောနေတဲ့ Screenshotများပါဝင်လေသည်။ ပြီးတော့ သူနဲ့ ယွမ်ဝမ်ရွေ့တို့ရဲ့ စကားပြောနေတဲ့ပုံနဲ့အတူ သူနဲ့ ယွမ်ဝမ်ရွေ့တို့ရဲ့ မူးယစ်မှောင်ခိုမှုလုပ်ငန်းတွေရဲ့ စာချုပ်စာတမ်း‌ကို ဓာတ်ပုံရိုက်ထားတဲ့ပုံလဲပါဝင်လေသည်။

ရှန်းယန်ဖုန်းဟာ သက်သေတွေကို ကြည့်ရင်း ပိုပိုပြီးကြောက်လန့်လာလေသည်။ အထူးသဖြင့် သူနဲ့ ယွမ်ဝမ်ရွေ့တို့ရဲ့ စာချုပ်စာတမ်း‌ကိုမြင်တဲ့အခါမှာ ဖြစ်သော်လည်း ရှန်းယန်ဖုန်းဟာ ဝန်ခံဖို့ ငြင်းဆိုဆဲပင်ဖြစ်သည်။

"မင်းရဲ့ တရားမဝင်အလုပ်မှန်သမျှကို သက်သေတွေအားလုံးကို ငါတို့ရထားပြီးတာတောင် မင်းဝန်မခံချင်သေးဘူးပေါ့လေ"ဟု လင်ရှောင်းထင် ကမေးသည်။

"ဒါတွေက လုပ်ကြံဖမ်းတီးထားတာ။ ငါ့ကိုမတရားစွပ်စွဲခံရတာ။ မင်းဒီသက်သေတွေ ထုတ်နိုင်တာနဲ့ပဲ ဒါဟာအမှန်တရားလို့ မဆိုလိုဘူး"ဟု ရှန်းယန်ဖုန်းဟာ ဆက်ပြီးငြင်းဆိုနေဆဲပင်ဖြစ်သည်။ သူ့ရဲ့ငြင်းဆိုနေတာအပြင် သူ့ရဲ့အပြုအမူတွေနဲ့ပင် သူအပြစ်ရှိတာ ပေါ်နေလေသည်။

"ကောင်းပြီလေ။ အဲ့တာဆိုရင် ငါမင်းကို လူတစ်ယောက်နဲ့ ပေးတွေ့ပေးမယ်"ဟု ရှန်းယန်ဖုန်းက ငြင်းဆိုနေပေမဲ့လည်း လင်ရှောင်းထင်ကတော့ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။ သူက ရှုကျင်းချန်ကို အချက်ပြလိုက်ရာ ရှုကျင်းချန်က ချန်းကျင်းဖန်းကို အခန်းထဲခေါ်လာလေသည်။

ရှန်းယန်ဖုန်းဟာ ချန်းကျင်းဖန်းကို မြင်လိုက်တာနဲ့ တပြိုင်နက် ကြောင်သွားလေသည်။ သူတို့က ချန်းကျင်းဖန်းကို ဖမ်းနိုင်လိမ့်မယ်လို့ သူ,မထင်ပေ။ ဒါဆိုရင် လွန်ခဲ့တဲ့လေးနှစ်က ဖြစ်သွားသမျှတွေကိုလည်း သူတို့သိတယ်လို့ ဆိုလိုတာလား။

ချန်းကျင်းဖန်းဟာလည်းပဲ ရှန်းယန်ဖုန်းကိုတွေ့တဲ့အခါ တူညီစွာပင် ကြောင်သွားသော်လည်း သူက မအံဩသွားပေ။ လင်ရှောင်းထင်က ရှန်းယန်ဖုန်းကိုတောင် ဖမ်းပြီးမှတော့ သူတို့ရဲ့အပေးအယူမှန်သမျှကို သူတို့သိဖို့ရာ သိပ်မကြာတော့ဘူးဖြစ်လေသည်။

လင်ရှောင်းထင်က ချန်းနဲ့ ရှန်းမိသားစုကို စုံစမ်းနေတာ တော်တော်ကြာပြီ ဖြစ်လိမ့်မည်။

ချန်းကျင်းဖန်းက သူ့ကိုသစ္စာဖောက်ထားတာလားဆိုတာ ရှန်းယန်ဖုန်းက မသေချာတာမလို့ သူအပြစ်လွတ်နိုင်တယ်လို့ သူ့ရင်ထဲမှာ မျှော်လင့်နေသေးလေသည်။ ရှန်းယန်ဖုန်းဟာ ချန်းကျင်းဖန်းကို မသိချင်ယောင်ဆောင်ကာ မေးလေသည်။ "သူ-သူကဘယ်သူလဲ"

ရှန်းယန်ဖုန်းဟာ ချန်းကျင်းဖန်းကို မသိဘူးလို့ငြင်းခြင်းဖြင့် သူ့ကိုယ်သူကယ်တင်နိုင်မည်ဟု ထင်နေပေမဲ့လည်း သူ့ရဲ့ဟန်ဆောင်မှုကို တန်းမြင်တဲ့ လင်ရှောင်းထင်နဲ့ အခြားသူတွေကတော့ ရယ်စရာကောင်းသည်ဟု မြင်လေသည်။

ရှန်းယန်ဖုန်းအနေနဲ့ သူ့အပြစ်တွေအပေါ်မှာ ငြင်းဆန်နေပေမဲ့လည်း သူတို့မှာ ခိုင်လုံတဲ့သက်သေရှိထားပြီးတာမလို့ ရှန်းယန်ဖုန်းအနေနဲ့ အပြစ်လွတ်ဖို့ရာ လုံးဝမဖြစ်နိုင်ပေ။

ရှန်းယန်ဖုန်းက သူ့ကိုမသိချင်ယောင်ဆောင်တာကို မြင်တဲ့အခါ ချန်းကျင်းဖန်းက မအံ့ဩပေမဲ့လည်း ရှန်းယန်ဖုန်းက ထိုသို့လုပ်နေတာဟာ ကြောင်တောင်တောင်နိုင်တယ်လို့ သူခံစားရလေသည်။

ချန်းကျင်းဖန်းက သူ့ကိုသစ္စာမဖောက်ပေမဲ့လည်း ငြင်းနေလဲလုံးဝအသုံးမဝင်တဲ့အတွက် ရှန်းယန်ဖုန်းလိုတော့ မျက်နှာပြောင်တိုက်ပြီး သက်သေတွေအရှေ့မှာ ငြင်းလိုတဲ့ဆန္ဒ သူ့မှာမရှိပေ။

သူတို့ကို တရားစွဲဖို့ရာလုံလောက်တဲ့သက်သေတွေရှိလိုသာ လင်ရှောင်းထင်က သူတို့ကိုဖမ်းတာဖြစ်ရမည်။ တကယ်လို့ သူတို့မှာ လုံလောက်တဲ့သက်သေတွေမရှိရင်တောင် ရအောင်လုပ်ဖို့အတွက် သူ့မှာအစွမ်းရှိလေသည်။ သူတို့ဝန်ခံခံ မခံခံ ရလဒ်က အတူတူပင်ဖြစ်လေသည်။

"Pftt မင်းနားမလည်သေးဘူးလား"ဟု ရှုကျင်းချန်ကလှောင်လေသည်။ "ရှန်းယန်ဖုန်း၊ မင်းအပြစ်တွေကို ငြင်းတာနဲ့ပင် လွတ်မယ်လို့ထင်နေတာလား။ အဲ့တာ လုံးဝမဖြစ်နိုင်ဘူး။ တကယ်လို့ မင်းအပြစ်တွေကို ဝန်မခံတောင် ငါတို့မှာ သက်သေရှိတာနဲ့တပြိုင်နက် မင်းကိုတရားစွဲလို့ရနေပြီ"

ရှန်းယန်ဖုန်းဟာ ချက်ချင်းတုန်ရီသွားပြီး ကြည့်ရတာ ပိုစိုးရိမ်သွားပုံပေါ်လေသည်။ ရှုကျင်းချန် ဘာပြောနေလဲဆိုတာ သူသိပေမဲ့လည်း သူက ပြန်မတိုက်ခိုက်ဘဲ လက်လျော့ဖို့ရာ ရိုးရိုးလေးငြင်းဆန်နေတာဖြစ်သည်။

"မင်းတို့ငါ့ကို မတရားစွပ်စွဲဖို့ ကြိုးစားနေတာလား"ဟု ရှန်းယန်ဖုန်းက လင်ရှောင်းထင်နဲ့ အခြားသူတွေကို သူ့ကိုအပြစ်ပုံချနေသည်ဟုစွပ်စွဲကာ ငြင်းဆန်လေသည်။

"မင်းမှာအပြစ်မရှိဘူးလို့ ဆက်ပြီးပြောနေပြန်ပြီ။ ငါတို့အနေနဲ့ သူ့ကိုဆက်ပြီး စစ်ဆေးမေးမြန်းနေဖို့ မလိုတော့ဘူးလို့ထင်တယ်"ဟု ရှုကျင်းချန်ကပြောသည်။ သူက ရှန်းယန်ဖုန်းကဲ့သို့သော ခေါင်းအရမ်းမာတဲ့လူတွေကို တွေ့ဖူးလေသည်။ ပြီးတော့ သူတို့မှာ လိုအပ်တဲ့သက်သေတွေအကုန်ရှိပြီးပြီမလို့ ရှန်းယန်ဖုန်းအနေနဲ့ ငြင်းဆန်နေလဲ အပိုပင်ဖြစ်လေသည်။

"မင်း...."ဟု ရှန်းယန်ဖုန်းက ကရောက်ကရပ်ဖြစ်သွားလေသည်။ သူဘယ်လောက်ပဲငြင်းနေငြင်းနေ သူ့မှာအပြစ်ပေးခံရတာကနေ လွတ်ဖို့လမ်းမရှိဘူးဆိုတာ သူသိလေသည်။ ထို့ကြောင့် ရှန်းယန်ဖုန်းဟာ သူ့ရဲ့နည်းလမ်းကိုပြောင်းကာ နောက်ဆုံးကြိုးစားတဲ့အနေနဲ့ လင်ရှောင်းထင်ကို သူတို့ကမိသားစုဖြစ်ကြောင်း သတိပေးပြီး အမှုကိုချလိုက်ဖို့ကြိုးစားလေသည်။

"ရှောင်းထင်၊ မင်းငါ့ကို ဘာလို့ဒီလိုလုပ်နိုင်တာလဲ။ ငါက မင်းအဘွားရဲ့တူလေ။ ငါတို့က ဆွေမျိုးတော်တယ်လေ"ဟု ရှန်းယန်ဖုန်းက လင်ရှောင်းထင်ကို မျှော်လင့်တကြီးကြည့်လျက် ပြောလိုက်လေသည်။

လင်ရှောင်းထင်ရဲ့ အေးစက်နေတဲ့မျက်နှာဟာ ချက်ချင်းပဲ ပိုပြီးအေးစက်သွားလေသည်။ သူက ရှန်းယန်ဖုန်း အား ကြည့်လျက်ပြောလိုက်လေသည်။ "ရှန်းယန်ဖုန်း၊ ငါ့အဘွားကိုဆက်ပြီး အသုံးမချနဲ့လို့ မင်းကိုငါပြောထားတယ်မလား။ မင်းက အစကတည်းက လင်မိသားစုဝင်တစ်ယောက်တောင်မဟုတ်ဘူး။ ပြီးတော့ တကယ်လို့ လင်မိသားစုထဲက တစ်ယောက်ယောက်က ဒုစရိုက်မှုကျူးလွန်ရင်တောင် သူတို့က အတူတူပဲ အပြစ်ပေးခံရမှာပဲ"

"မင်း...."ဟု လင်ရှောင်းထင်က သူ့ရဲ့ဆွေမျိုးတွေကိုတောင် မငဲ့ပဲ ထောင်ထဲထည့်ရလောက်အောင်ထိ နှလုံးသားမဲ့လိမ့်မယ်လို့ ရှန်းယန်ဖုန်းက မမျှော်လင့်ထားပေ။

အပြစ်ရှိတဲ့လူမှန်သမျှဟာ လင်ရှောင်းထင်ဟာ နှလုံးသားမဲ့တယ်လို့ ခံစားရမှာဖြစ်ပြီး ဖြောင့်မတ်တဲ့လူမှန်သမျှကတော့ လင်ရှောင်းထင်ရဲ့ လုပ်ရပ်ဟာ မှန်ကန်တယ်လို့ ခံစားရမှာဖြစ်လေသည်။

ရှန်းယန်ဖုန်းဟာ လင်ရှောင်းထင်ရဲ့ ဖိအားပေးမှုတွေကြောင့် ပြစ်မှုတွေကို နောက်ဆုံးမှာတော့ ဝန်ခံလေသည်။

ရှန်းယန်ဖုန်းဟာ ချန်းကျင်းဖန်း အရှေ့မှာတင်ပဲ အပြစ်တွေကိုဝန်ခံတာကြောင့် ချန်းကျင်းဖန်းလည်းပဲ ဝန်ခံလေသည်။

တချိန်တည်းမှာပဲ ချန်းချိုးယင်းဟာ လင်စံအိမ်ကိုရောက်လာပေမဲ့လည်း ဝင်ခွင့်မရပေ။ ချန်းချိုးယင်းဘယ်လောက်ပင် တောင်းပန်တောင်းပန် သူမကို ဝင်ခွင့်မပေးပေ။

တကယ်လို့ ချန်းချိုးယင်းကို ဝင်ခွင့်ပေးရင်တောင် သူတို့က ဒီအမှုမှာ ကူညီပေးမှာမဟုတ်တာမလို့ ချန်းချိုးယင်းကို အိမ်ပိုင်နက်ကနေ ထွက်သွားဖို့ရာပြောဖို့အတွက် လင်ချန်းကျီကို လွှတ်လိုက်လေသည်။

ချန်းချိုးယင်းဟာ ထွက်သွားဖို့ငြင်းဆန်နေတာကြောင့် လင်ချန်းကျီက တင်းမာစွာပြောလိုက်လေသည်။ "မစ္စရှန်း၊ လင်မိသားစုအနေနဲ့ မင်းတို့မိသားစုအတွက် လုပ်ပေးနေတာတွေ လုံလောက်ပြီ။ တကယ်လို့ငါတို့ရဲ့ထောက်ပံ့မှုသာမရှိရင် ရှန်းယန်ဖုန်း အနေနဲ့ အခုလိုအောင်မြင်လာမယ်လို့ ထင်နေတာလား။ ငါတို့နာမည်ကိုသုံးပြီး မင်းတို့လုပ်သမျှကို ငါတို့မသိဘူးလို့ မင်းတို့ထင်နေတာလား။ အဲ့တာကပြဿနာကြီးကြီးမားမားမဟုတ်တာမလို့ ငါတို့ကရိုးရိုးလေး လစ်လျူရှုထားလိုက်တာ။ ပြီးတော့ သခင်ကြီးလင်က ရှန်းယန်ဖုန်းကို တရားမျှတပြီး ရိုးသားတဲ့အစိုးရဝန်ထမ်းလုပ်ဖို့ ဆက်တိုက်သတိပေးခဲ့တယ်။ လင်မိသားစုက လုပ်ချင်တိုင်းလုပ်လို့ရတယ်လို့ မင်းတို့ထင်နေ‌တာလား။ တကယ်လို့ ငါတို့အဲဒီလိုလုပ်နိုင်ရင်တောင် သခင်ကြီးလင် ဒါမှမဟုတ် မိသားစုကို မလေးစားတဲ့လူတစ်ယောက်ကို ငါတို့ဘယ်တော့မှ ကူညီမှာမဟုတ်ဘူး။ တကယ်လို့ ရှန်းယန်ဖုန်းသာ သူ့ဦးလေးအပေါ်မှာ လေးစားမှုအနည်းငယ်ရှိရင် သူ့အနေနဲ့ သူ့အကြံပြုမှုကိုလိုက်နာပြီး အကျင့်ပျက်ခြစားလို့မရတဲ့ဝန်ထမ်းတစ်ယောက် ဖြစ်လာရမှာ။ ကျေးဇူးပြုပြီး ပြန်ပါတော့ မစ္စရှန်း။ မဟုတ်ရင် လုံခြုံရေးအစောင့်တွေကို လွှတ်ပြီးမောင်းထုတ်ရရင် ကျွန်တော်တို့အဆိုးမဆိုပါနဲ့"ဟု လင်ချန်းကျီက တင်းမာစွာပြောလိုက်သည်။

လင်ချန်းကျီက အိမ်တော်ထိန်းတစ်ယောက်ဖြစ်ပေမဲ့လည်း သခင်ကြီးလင်အစားပြောနေတာဖြစ်တဲ့အတွက် တကယ်လို့ သူပြောနေတာတွေဟာ ခြိမ်းခြောက်သလို ဖြစ်သွားရင်တောင် ထိုအရာဟာလုံးဝပြဿနာမရှိပေ။

လင်ချန်းကျီပြောတာကို ကြားရတဲ့အခါမှာ ချန်းချိုးယင်းဟာ ပြောစရာစကားမဲ့သွားလေသည်။

လင်ချန်းကျီဟာ ပြောစရာရှိတာပြောပြီးနောက် ချန်းချိုးယင်းနဲ့ စကားဆက်ပြောဖို့ ဆန္ဒမရှိတော့သည့်အလား လှည့်ထွက်သွားလေသည်။

လင်ချန်းကျီအထဲပြန်ဝင်သွားပြီးနောက် ချန်းချိုးယင်းဟာ သခင်ကြီးချန်းကိုဖုန်းဆက်လေသည်....

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၉၇ တုန်လှုပ်ဖွယ်ရာ

လင်မိသားစုက ကူညီမှာမဟုတ်မှန်း သခင်ကြီးချန်းက သိပြီးဖြစ်သည်။ သူတို့က ဘယ်လိုလူတွေလဲဆိုတာ သူနားလည်၍ဖြစ်သည်။ တကယ်လို့ တိုက်ရိုက်ဆွေမျိုးတစ်ယောက်ယောက်က ပြစ်မှုကျူးလွန်ရင်တောင် သူတို့က ဥပဒေကို တွန့်ဆိုင်းမှုမရှိဘဲ လိုက်နာမှာဖြစ်သည်။ ချန်းချိုးယင်းကို လွတ်လိုက်တာဟာ သူ့အနေနဲ့ ကံစမ်းရုံသာဖြစ်သည်။

သခင်ကြီးလင်က ရှင်းရှင်းလင်းလင်းပြောပြီးမှတော့ သခင်ကြီးချန်းအ‌နေနဲ့ ချန်းချိုးယင်းကို ထွက်လာဖို့နဲ့ လင်မိသားစုကို ထပ်ပြီးစိတ်ရှုပ်အောင်လုပ်တာတွေရှောင်ဖို့ ပြောလိုက်လေသည်။

ရှန်းယန်ဖုန်းကို ထောင်ကျတာကနေ ကယ်ဆယ်ဖို့ သခင်ကြီးလင်ရဲ့ငြင်းဆန်မှုကြောင့် စိတ်တိုသွားသော်လည်း သခင်ကြီးချန်းအနေနဲ့ အထွန့်မတတ်ရဲပေ။

အခုချိန်မှာတော့ သူက ချန်းမိသားစုကို ပိုပြီးစိုးရိမ်လေသည်။ ရှန်းယန်ဖုန်း ရဲ့ပြစ်မှုတွေမှာ ချန်းမိသားစုက လုံးဝပါဝင်ပတ်နေ၍ဖြစ်သည်။ သို့သော်လည်း သူ့အကြောက်ဆုံးအရာဟာ ဖြစ်လာလေသည်။

ချန်းမိသားစုရဲ့ အကြီးဆုံးသား ချန်းကျင်းမင်ဟာ အဖမ်းခံရလေသည်။ သူဟာ ချန်းချိုးယင်းကို ဝမ်းကွဲအစ်ကိုဖြစ်ကာ ချန်းကျင်းဖန်းရဲ့ အစ်ကိုဖြစ်လေသည်။

ချန်းကျင်းမင် အဖမ်းခံရတာနဲ့ တပြိုင်နက် ချန်းကျင်းမင်ရဲ့ အတွင်းရေးမှူး ဟာ သခင်ကြီးချန်းကိုချက်ချင်း အကြောင်းကြားလေသည်။ သခင်ကြီးချန်းဟာ မေ့လဲမတတ် တုန်လှုပ်သွားလေသည်။

သေချာစွာပင် ချန်းမိသားစုလည်း ပါဝင်သွားလေသည်။

ချန်းကျင်းမင် အဖမ်းခံရတာဟာ ရှန်းယန်ဖုန်းက သစ္စာဖောက်လို့,လို့ သခင်ကြီးချန်းကမထင်ပေ။ သူတို့က အစကတည်းက အတူတူအလုပ်တွဲလုပ်နေတာဖြစ်လေသည်။ လင်ရှောင်းထင်က ရှန်းယန်ဖုန်းရဲ့ ပြစ်မှုတွေကို သက်သေရှာနိုင်မှတော့ ချန်းကျင်းမင်ကလည်း ကြံရာပါဆိုတာ သိသွားဖို့ရာက သိပ်မကြာတော့ဘူးဖြစ်သည်။

အခုတော့ ချန်းကျင်းမင်ကလည်း သူတို့ရဲ့အမှုထဲမှာ ပါဝင်ပတ်သတ်နေတယ်ဆိုတာ လင်ရှောင်းထင်သိသွားမှတော့ သူက ဒီသဲလွန်စနောက်ကလိုက်ပြီး ချန်းကျင်းမင်ရဲ့ ပါဝင်ပတ်သတ်မှုမှန်သမျှကို ဆက်တူးဖော်တော့မှာဖြစ်လေသည်။

ချန်းကျင်းမင်ကို ကယ်နိုင်တဲ့လူတစ်ယောက်ယောက်များရှိမလားလို့ သူကကြည့်ချင်ပေမဲ့လည်း လင်မိသားစုက သူ့ကိုဖမ်းဖို့ရာ အတည်ပြုပေးတဲ့အတွက် ထိုအရာက အသုံးဝင်မှာမဟုတ်ပေ။

မြို့တော်မှာ လင်မိသားစုဟာ မြင့်မားတဲ့အဆင့်အတန်းရှိတာမလို့ သူတို့ထက်ပိုစွမ်းအားကြီးတဲ့ တစ်စုံတစ်ယောက်ကို ရှာဖို့ရာမဖြစ်နိုင်ပေ။ လင်မိသားစုနဲ့ ရင်ဘောင်တန်းနေတဲ့ မိသားစုတွေတောင် ဖြစ်နိုင်ရင် လင်မိသားစုကို မဆန့်ကျင်လိုပေ။

ချန်းမိသားစုအနေနဲ့ ငြိမ်ငြိမ်လေးထိုင်ပြီး စိုးရိမ်စွာစောင့်နေဖို့ပဲ ရှိတော့လေသည်။

ချန်းကျင်းမင်ကို Central Commission for Discipline Inspection (CCDI) ကိုပို့ပြီးနောက် သူ့ကိုတစ်‌ယောက်တည်း စုံစမ်းမေးမြန်းတာ ခံရလေသည်။ သူ့ပြစ်မှုတွေရဲ့ သက်သေတွေရှိနေပေမဲ့လည်း ချန်းကျင်းမင်ကလည်း ရှန်းယန်ဖုန်းကဲ့သို့ပင် နှုတ်ပိတ်နေလေသည်။ ရှန်းယန်ဖုန်းက ဝန်ခံပြီးကြောင်း လင်ရှောင်းထင်ကပြောပေမဲ့လည်း သူကဆက်ပြီးနှုတ်ပိတ်နေလေသည်။ သို့သော်လည်း ချန်းကျင်းဖန်းကို တွေ့တဲ့အခါမှာတော့ သူနှုတ်ပိတ်နေလဲ အပိုပဲဆိုတာ နောက်ဆုံးတော့ သိသွားလေသည်။

နောက်ဆုံးမှာတော့ ချန်းကျင်းမင် လည်းသူ့ပြစ်မှုတွေကို ဝန်ခံလေသည်။

သူတို့ရဲ့ဝန်ခံချက်တွေကို ဘယ်သူမှမသိပေမဲ့လည်း လူတိုင်းက ရှန်းယန်ဖုန်း နဲ့ ချန်းကျင်းမင်တို့ရဲ့ အဖမ်းခံမှုအကြောင်းကို ဆက်ပြောနေလေသည်။ အထူးသဖြင့် ရှန်းယန်ဖုန်း အကြောင်းပင်။

၉၉%သော်လူတွေဟာ ရှန်းယန်ဖုန်း ဟာထိုက်တန်တယ်လို့ ခံစားရလေသည်။ သူတို့က သူ့ရဲ့မူးယစ်ဆေးမှောင်ခိုမှု၊ လာဘ်စားမှု၊ မူးယစ်ဆေးမှောင်ခိုမှုသူတွေရဲ့ ခြေရာလက်ရာတွေဖျောက်ဖျက်မှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေအပေါ်မှာ မုန်းတီးကျလေသည်။

အစိုးရဝန်ထမ်းတစ်ယောက်အနေနဲ့ သူတို့က ပြည်သူတို့ရဲ့ ကောင်းစားရေးကို တာဝန်ယူထားရတာဖြစ်ပေမဲ့လည်း ပြည်သူတွေအပေါ်မှာ အန္တရာယ်ဖြစ်အောင် လုပ်လာတာမလို့ သူတို့ဟာ သေသင့်လေသည်။

အချို့လူတွေကတော့ လင်မိသားစုဟာ ဒီကိစ္စအပေါ်မှာ နှလုံးသားမဲ့တယ်လို့ခံစားကြလေသည်။ သူတို့က ချန်းမိသားစုတွေရဲ့ ဆွေမျိုးတွေဖြစ်တာကြောင့်ဖြစ်သည်။ တကယ်လို့ဖမ်းပြီးတဲ့အချိန်မှာ သူတို့အနေနဲ့မကူညီရင်တောင် အဖမ်းမခံရချိန်မှာ သူတို့အနေနဲ့ အမှုတွေကို ကူပြီးဖုံးပေးသင့်လေသည်။ သို့သော်လည်း သူတို့ဟာ ထိုသို့တစ်ခုမှမလုပ်ဘဲ လင်ရှောင်းထင်ကိုတောင် ကိုယ်တိုင်လွှတ်ကာ ဖမ်းခိုင်းလေသည်။

လင်ရှောင်းထင်က စစ်သားဖြစ်ခါ အကျင့်ပျက်ခြစားနေတဲ့အစိုးရဝန်ထမ်းတွေကို အပြစ်ပေးရမှာဟာ စည်းကမ်းရေးရာရဲ့တာဝန်ဖြစ်ပေမဲ့လည်း အစိုးရအတွက် အလုပ်လုပ်နေတဲ့လူမှန်သမျှဟာ ပါဝင်ပတ်သတ်ပြီးကူညီပေးနိုင်လေသည်။

အဲဒီလိုခံစားရတဲ့လူမှန်သမျှဟာ အကျင့်ပျက်နေတဲ့လူတွေချည်းဖြစ်လေသည်။ တကယ်လို့ သူတို့အနေနဲ့ ဥပဒေကိုချိုးဖောက်ပြီးမှ အကူအညီလိုချင်နေသေးရင် သူတို့ကိုယ်တိုင်ဟာလား ရိုးသားဖြောင့်မတ်သူ မဟုတ်နိုင်ပေ။

.....

ကုနင်းဟာ ချူးဖေ့ဟန်နဲ့ အခြားသူတွေကို ညစာအတူတူစားဖို့ ဖုန်းဆက်ဖိတ်လေသည်။ သူမက ကြေးဂီတခေါင်းလောင်းတွေရောင်းတုန်းက သူတို့ကို ညစာကျွေးမယ်လို့ ကတိပြုထားပြီးမလို့ဖြစ်သည်။

သူတို့က ညစာစားဖို့ဆုံရန် မနေ့ကတည်းက စီစဉ်ထားတာဖြစ်သည်။ ဒီနေ့က စနေနေ့ဖြစ်တာမလို့ သူတို့အနေနဲ့ ကျောင်းသွားဖို့လဲပူစရာမလိုသလို သူတို့ကြိုက်သလောက် နောက်ကျတဲ့အထိ လည်ပတ်နိုင်လေသည်။ သို့သော်လည်း ကုနင်းက မနေ့ကမအားတာမလို့ သူတို့အနေနဲ့ ဒီနေ့မှဆုံနိုင်တာဖြစ်သည်။

ကုနင်းက မအားတာမလို့ ချူးဖေ့ဟန်နဲ့ အခြားသူတွေဟာ ထိုအစီအစဉ်နဲ့ အဆင်ပြေလေသည်။

ကျောင်းက နောက်ဆုံးကိုယ်ဘာသာကိုယ်လေ့လာချိန်နဲ့ပတ်သတ်ပြီး အရမ်းမတင်းကျပ်ပေမဲ့လည်း သူတို့အနေနဲ့ ဒီညကျောင်းကိုပြန်ရပေမည်။ သူတို့ရဲ့အချိန်တွေကို အချိန်ပြည့်အကျိုးရှိအောင်အသုံးချနိုင်ဖို့အတွက် ချူးဖေ့ဟန်နဲ့ အခြားသူတွေဟာ ကျောင်းမှ‌နေ့လည် ၁:၀၀တွင် ထွက်လာလေသည်။

သူတို့တွေ့ဆုံပြီး ဘယ်သွားကြမလဲဆိုတာ ဆွေးနွေးပြီးနောက် သူတို့ဟာ ပန်းခြံတစ်ခုခုဟာ လှေသွားစီးကြဖို့ ဆုံးဖြတ်လိုက်လေသည်။

သူတို့ဟာ မြို့တော်မှာနေနေတာ အချိန်တစ်ခုကြာပြီဖြစ်ပေမဲ့လည်း အတူတူအပြင်ထွက်လည်ခဲလေသည်။ သူတို့မှာ အစီအစဉ်လုပ်ဖို့ရာ ခက်ခဲပြီး တနေ့တည်း အတူတူအားတဲ့အချိန်မရှိတာကြောင့်ဖြစ်သည်။ အဖွဲ့သေးသေးလေးနဲ့ အပြင်ထွက်ရင် ပျော်စရာမကောင်း၍လည်း ဖြစ်သည်။

ပန်းခြံကိုရောက်တဲ့အခါမှာတော့ သူတို့ဟာ လှေတစ်စီးငှားကာ အသက်ကယ်ဝတ်စုံဝတ်ပြီး ကန်ထဲမှာ လှေစီးကြလေသည်။

ပန်းခြံထဲက လှေတွေဟာ သေးငယ်ကြပြီး လူလေးယောက်၊ ခြောက်ယောက်နဲ့ ရှစ်ယောက်စာလှေတွေသာ ရှိလေသည်။ သူတို့က လူလေးယောက်အတူတူဖြစ်တာမလို့ လေးယောက်စီးလှေတစ်စီးရွေးလိုက်ကြသည်။

လူနှစ်ယောက်က လှေရွေ့ဖို့အတွက် နင်းရမှာဖြစ်လေသည်။

လှေငှားခဟာ နာရီပိုင်းနဲ့ ကောက်ခံတာဖြစ်သည်။ တစ်နာရီကို ၅၀ယွမ်ကျကာ သူတို့လှေကို နှစ်နာရီစာ ငှားလိုက်လေသည်။

သူတို့ဟာ နှစ်နာရီစာလုံးလှေစီးဖို့ စိတ်ကူးမရှိပေမဲ့လည်း ကန်ဟာကြီးမားကာ ပတ်သွားဖို့ရန် အနည်းဆုံးတစ်နာရီစာလောက်ကြာမှာဖြစ်သည်။ သူတို့မှာ ပတ်သွားဖို့ရန် အချိန်လုံလောက်မှုရှိစေရန်အတွက် နှစ်နာရီစာငှားဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။

သူတို့က အချိန်လုံလောက်စွာလှေငှားထားတာမလို့ သူတို့အနေနဲ့ လောနေဖို့မလိုပေ။

လှေစီးတာကနေ အနားယူတဲ့အချိန်တွေမှာ သူတို့ဟာ ကျောင်းမှာအခုတစ်လော ဖြစ်ပျက်နေတာတွေအကြောင်း ပြောကြလေသည်။

အချို့ကျောင်းသူက သူမကိုပြဿနာလာရှာကြောင်း ချူးဖေ့ဟန်က သူတို့ကိုပြောပြသည်။ သူမက သူတို့ကိုနှင်ထုတ်နိုင်လိုက်သဖြင့် ဘာမှကြီးကြီးမားမားတော့ မဖြစ်သွားပေ။ ပြီးတော့ သူတို့က သူမကို ဘယ်တော့မှ ပြဿနာရှာရဲမှာမဟုတ်တော့ပေ။

အဲဒီကောင်မလေးတွေဟာ မတိုက်ခိုက်နိုင်ကာ ချူးဖေ့ဟန်က တိုက်ခိုက်ရေးမှာ တော်သင့်ရုံကောင်းသူတစ်ယောက်ဖြစ်တာမလို့ သူမနဲ့ ဘယ်သူမှ မတိုက်ခိုက်ချင်ကြပေ။

ချူးဖေ့ဟန်က သူတို့ကို တအားကြီးဒဏ်ရာရအောင် မလုပ်လိုက်ဘဲ ကိုင်ပေါက်လိုက်ရုံသာရှိလေသည်။ အဆိုးဆုံးဖြစ်နိုင်တာက သူတို့ရဲ့ နောက်ကျောတွေ ရက်အနည်းငယ်လောက် နာကျင်နေမှာပဲရှိလေသည်။

ချူးဖေ့ဟန်တို့ကျောင်းရဲ့ ကျောင်းကပွဲဟာ နောက်သောကြာနေ့မှာ ကျင်းပမှာဖြစ်လို့ ရွေးချယ်ပွဲကို ဗုဒ္ဓဟူးနေ့မှာ ကျင်းပမှာဖြစ်သည်။

သူတို့ရဲ့အတန်း ရှေးခေတ်TVဒရမ်မာတစ်ခုကို ကပြဖျော်ဖြေချင်တာဖြစ်သည်။ ချူးဖေ့ဟန်က ဒုတိယမင်းသမီးခေါင်းဆောင်အဖြစ်ပါဝင်ကာ လုပ်ကြံသတ်ဖြတ်သူအဖြစ် သရုပ်ဆောင်မှာဖြစ်လေသည်။

လူတိုင်းက ချူးဖေ့ဟန်ကို အဓိကမင်းသမီးခေါင်းဆောင်ဖြစ်စေချင်ကြပေမဲ့လည်း သူမက ဒုတိယမင်းသမီးခေါင်း‌ဆောင်အဖြစ် သရုပ်ဆောင်ချင်လေသည်။ ထိုအပိုင်းဟာ သိုင်းပညာသရုပ်ပြမှုအချို့ပါဝင်တာမလို့ တကယ်လို့ သေချာသရုပ်ဆောင်ရင် တကယ်ကောင်းမွန်တဲ့ အပိုင်းဖြစ်သွားနိုင်လေသည်။

ချူးဖေ့ဟန်ရဲ့ အတန်းဖော်တွေဟာ သူမရဲ့ သိုင်းပညာအစွမ်းအရည်ကို သိတာမလို့ နောက်ဆုံးမှာတော့ သူတို့ဟာ ထိုအပိုင်းဟာ သူမနဲ့ကိုက်ညီကြောင်း သဘောတူလေသည်။

ရုပ်ရှင်အကယ်ဒမီရဲ့ ကျောင်းကပွဲပါတီဖြစ်တာမလို့ အခြားတက္ကသိုလ်တွေမှာ ကျင်းပတဲ့ပွဲတွေထက် ပိုပြီးအလေးအနက်ရှိလေသည်။ သူတို့ကို ကျွမ်းကျင်သရုပ်ဆောင်တွေအဖြစ် လေ့ကျင့်ပေးထားတာမလို့ လူတိုင်းက သူတို့ရဲ့အကောင်းဆုံး တင်ဆက်မှုကိုပြသနိုင်ဖို့ ကြိုးစားကြလေသည်။

ထိုအရာဟာ သာမာန်ကျောင်းကပွဲပါတီမဟုတ်ဘဲ ပြိုင်ပွဲလည်းဖြစ်လေသည်။

ဖျော်ဖြေရေးလောကက ကျွမ်းကျင်ပညာရှင်တွေကလည်း ပွဲမှာလာရောက်ကြည့်ရှုမှာဖြစ်ကာ နာမည်ကြီးဆရာတွေ၊ ဒါရိုက်တာတွေနှင့် ထုတ်လုပ်သူတွေလဲပါဝင်လေသည်။ တကယ်လို့ သူတို့သာ ကောင်းကောင်းလုပ်နိုင်ရင် သူတို့ရဲ့မျက်လုံးထဲဝင်ကာ ဇာတ်ကောင်နေရာအချို့ ရနိုင်လေသည်။

မုခယ်နဲ့ ယွီမီရှီတို့ဟာ သူတို့ရဲ့အတန်းဖော်တွေနဲ့အတူ ကောင်းမွန်စွာပေါင်းသင်းဆက်ဆံလေသည်။ သူတို့က အဆင့်ကောင်းကောင်းလဲရတာမလို့ သူတို့ဟာ ဆရာ/မတွေရဲ့ အကြိုက်လဲဖြစ်လေသည်။ သို့သော်လည်း မကြာခဏ ပြဿနာတစ်စုံတစ်ရာဖြစ်တာဟာ သာမာန်ပင်ဖြစ်လေသည်...

***

ဖီးနစ်သွေးစက်

အပိုင်း ၁၉၉၈ ကူထူပေးမယ်လေ

မုခယ်နဲ့ ယွီမီရှီတို့တွဲနေတယ်ဆိုတာကို လူတွေအများကြီးမသိကြတာမလို့ သူတို့ကို ပိုးပန်းနေတဲ့လူတွေဟာ ကံစမ်းကြပေမဲ့လည်း အငြင်းခံရတာချည်းဖြစ်သည်။ သို့သော်လည်း သူတို့အငြင်းခံရတာနဲ့ပဲ သူတို့က လက်လျော့လိမ့်မယ်လို့ မဆိုလိုပေ။

မိန်းကလေးတစ်ယောက်ဟာ မုခယ် ငြင်းတာခံရပြီးနောက် သူက ယွီမီရှီနဲ့ တွဲနေကြောင်း သူမ,ရှာတွေ့သွားလေသည်။ ထို့ကြောင့် သူမဟာ ယွီမီရှီကိုပြဿနာရှာပေမဲ့လည်း နောက်ဆုံးမှာ အရိုက်အနှက်ခံရလေသည်။ ယွီမီရှီဟာ ကုနင်းနဲ့အတူ သိုင်းပညာလေ့ကျင့်နေတာဟာ နှစ်တစ်ဝက်ကျော်ပြီမလို့ဖြစ်သည်။ သူမက အရမ်းတတ်ကျွမ်းတယ်လို့ မဆိုလိုနိုင်သေးပေမဲ့လည်း သူမဟာ သာမာန်အမျိုးသား ၄-၅ယောက်တော့ ကိုင်ပေါက်နိုင်လေရာ အကာအကွယ်မဲ့မိန်းမငယ်တစ်ယောက်ဆို ပြောနေစရာတောင်မလိုပေ။ သူမအနေနဲ့ သူမလိုမိန်းကလေးတွေကို စက္ကန့်ပိုင်းအတွင်းတွင် ကိုင်တွယ်နိုင်လေသည်။

အဆောင်ရှိကောင်မလေးတွေအားလုံးဟာ အရမ်းအထင်ကြီးသွားကြလေသည်။

သူမ,အားတဲ့အချိန်တိုင်းနဲ့ အဆင်ပြေတဲ့အချိန်တိုင်းမှာ ယွီမီရှီဟာ သိုင်းပညာကို ဆက်လက်လေ့ကျင့်နေတာဖြစ်သည်။ ပြီးတော့ သူမဟာ မနက်တိုင်း မုခယ်နဲ့အတူ ‌အပြေးလေ့ကျင့်လေသည်။ သူတို့အတူတူရှိတဲ့အချိန်တွေမှာ သိုင်းပညာလည်း အတူတူလေ့ကျင့်လေ့ရှိလေသည်။

ယွီမီရှီဟာ အရင်က ပျော့ညံပြီး အားနည်းပေမဲ့လည်း ကုနင်းနဲ့အတူ လည်ပတ်ပြီးနောက် သူမဟာ တဖြည်းဖြည်း သန်မာလာလေသည်။ သူမဘက်ကစပြီး တခြားသူတွေကိုရန်မစတတ်ပေမဲ့လည်း တခြားလူတွေက သူမကို အနိုင်ကျင့်ဖို့ကြိုးစားရင်တော့ သူမဟာ ငြိမ်ခံနေမှာမဟုတ်ပေ။

တကယ်လို့ အဲဒီကောင်က သူမကိုအပြစ်လုပ်တာ ပထမဆုံးဆိုရင်တော့ သူမဟာ သူ့ကိုအလွယ်လေးလွတ်ပေးလိုက်မှာဖြစ်ပေမဲ့လည်း တကယ်လို့ ဆက်တိုက်လုပ်ရင်တော့ တိုက်ခိုက်လိုက်မှာဖြစ်သည်။

တကယ်လို့ သူမသာ ပြန်မတိုက်ခိုက်ရင် လူတွေက သူမဟာ လုပ်ချင်တိုင်းလုပ်လို့ရတဲ့လူ‌လို့ ထင်သွားနိုင်ပြီး တခြားသူတွေကိုပါ သူမကိုအနိုင်ကျင့်ဖို့ အားပေးလာနိုင်လေသည်။

ကောင်မလေးက ယွီမီရှီရိုက်နှက်တာ ခံရပေမဲ့လည်း ထိုအကြောင်းကိုသိတဲ့အခါ မုခယ်က သူမကို သွား၍သတိပေးခဲ့လေသည်။

မုခယ်ဟာ ပုံမှန်အားဖြင့် လူကြီးလူကောင်းဆန်သော်လည်း သူရဲ့ကောင်မလေးအပေါ်မှာတော့ အကာအကွယ်ပိုကာ အခြားသူတွေက သူမကို အနိုင်ကျင့်ဖို့ကြိုးစားရင် ဒေါသထွက်သည်ဖြစ်သည်။ သူက စကားနဲ့ပဲသတိပေးခါ အမျိုးသမီးတွေကို ရိုက်နှက်တာကို ဖြစ်နိုင်ရင် ရှောင်ချင်လေသည်။

ကောင်မလေးဟာ အကူအညီရှာပြီး ယွီမီရှီအပေါ်မှာ လက်စားချေချင်သော်လည်း မုခယ်က သူမကိုသတိပေးပြီးတဲ့အခါမှာတော့ လက်လျော့လိုက်လေသည်။

ထိုအရာဟာ ပြဿနာကြီးကြီးမားမားမဟုတ်တာကြောင့် သူတို့က ထိုအရာဖြစ်တဲ့အခါမှာ ကုနင်းကို ချက်ချင်းမပြောပြလိုက်တာဖြစ်ပြီး သူတို့အတူလည်ဖို့ အချိန်ရမှာသာ စကားပြောရင်း ပြောပြဖြစ်တာဖြစ်သည်။

တစ်နာရီခွဲကြာပြီးနောက် သူတို့ဟာ ကမ်းကိုပြန်ရောက်လေသည်။ အချိန်က စောသေး‌ခါ ညနေ၄:၀၀သာရှိသေးတာမလို့ သူတို့ဟာပန်းခြံထဲမှာ လမ်းလျှောက်ကြလေသည်။

"ချူးဖေ့ဟန်"

သူတို့အနောက်မှ အော်မေးလိုက်တဲ့အသံ ကြားလိုက်ရလေသည်။

သူတို့ထိုအသံကို ကြားလိုက်တာနဲ့တပြိုင်နက် ခြေလှမ်းနေတာတွေကိုရပ်လိုက်ကာ နောက်လှည့်ကြည့်လိုက်လေသည်။

သူတို့နဲ့အသက်အရွယ်တူ ကောင်လေးသုံးယောက်ဖြစ်လေသည်။ သူတို့အားလုံးဟာ အရပ်၁.၈မီတာရှည်ကြကာ ရုပ်ရည်ချောမောကြလေသည်။ သူတို့ဟာ ခေတ်နဲ့အညီဝတ်စားဆင်ယင်ထားပြီး Idolတွေအလားပင်ဖြစ်သည်။

အရှေ့ဆုံးမှာ လမ်းလျှောက်လာနေတဲ့ကောင်လေးဟာ ချူးဖေ့ဟန်ရဲ့နာမည်ကို အော်ခေါ်လိုက်တဲ့သူဖြစ်လေသည်။

သူတို့လမ်းလျှောက်လာတဲ့အခါ မိန်းကလေးအများစုဟာ လှည့်၍ကြည့်ကြလေသည်။ အချို့ရဲတင်းတဲ့မိန်းကလေးတွေဆိုရင် သူတို့ကိုရည်မွန်နေတဲ့အကြည့်တွေနဲ့ လှည့်ကြည်ကြလေသည်။

ဘယ်သူလဲဆိုတာ ချူးဖေ့ဟန် သတိထားမိလိုက်တာနဲ့တပြိုင်နက် သူမရဲ့ အမူအရာဟာ ပြောင်းသွားကာ ကြည့်ရတာ စိတ်အနည်းငယ်ရှုပ်သွားပုံပေါ်လေသည်။

ချူးဖေ့ဟန်တကယ်ဟုတ်မှန်းသိရတဲ့အခါ ကောင်လေးဟာ ပျော်သွားပြီး ချက်ချင်းပဲ လျှောက်လာလေသည်။ "တကယ်ပဲမင်းဖြစ်နေတာပဲ။ ငါမျက်လုံးတွေက ငါ့ကိုလှည့်စားနေတယ်လို့တောင် ခဏတာ ထင်မိသွားတာ"

ကောင်လေးဟာ ကုနင်းနဲ့ အခြားသူတွေကို ကြည့်လိုက်လေသည်။ ကုနင်းကိုမြင်တဲ့အခါနဲ့ သူမဘယ်လောက်လှပလဲဆိုတာ တွေ့တဲ့အခါမှာ သူမျက်လုံးတွေဟာ ပြူးကျယ်သွားလေသည်။ သူမရဲ့အလှအပကြောင့် သူဟာ ကြောင်အသွားသော်လည်း သူက သူမကို ပိုးပန်းလိုစိတ်မရှိပေ။

"ချူးဖေ့ဟန်၊ နင့်သူငယ်ချင်းတွေကို ငါနဲ့မိတ်မဆက်ပေးတော့ဘူးလား"ဟု ကောင်လေးက မေးသည်။

"ဘာလို့မိတ်ဆက်ပေးရမှာလဲ။ ငါနင့်နဲ့ အဲဒီလောက်ရင်းနှီးတာမဟုတ်တာမလို့ ငါနဲ့ဝေးဝေးနေ။ မဟုတ်ရင်...."ဟု ချူးဖေ့ဟန်က သူမရဲ့ လက်သီးကိုဝှေ့လှမ်း ထိုကောင်လေးကို ထိုးတော့မည့်အလား ခြိမ်းခြောက်လေသည်။

သူမရဲ့အမူအရာကိုတွေ့တာနဲ့တပြိုင်နက် ကောင်လေးဟာ တကယ်ကြောက်လန့်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားလေသည်။

"တော်တော့။ ငါနင့်တို့ကို အန္တရာယ်ပေးမှာမှ မဟုတ်တာ"ဟု ကောင်လေးက မကျေနပ်စွာပြောသည်။

"ငါဂရုမစိုက်ဘူး။ ငါနင့်ကိုမတွေ့ချင်ဘူး။ ငါနင်နဲ့ဆုံတိုင်း ကောင်းတာဘာတစ်ခုမှ ဖြစ်တာမရှိဘူး"ဟု ချူးဖေ့ဟန်က ဒေါသတကြီးဖြင့်ပြောသည်။ ဒီကောင်လေးကြောင့် ကောင်‌မလေးတွေဟာ သူမကို ပြဿနာလာရှာတာ နှစ်ခါရှိပြီဖြစ်သည်။

သူက ဟန်ချန်းလင်ဖြစ်ပြီး ရုပ်ရှင်အကယ်ဒမီရဲ့ တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်လေသည်။ သူက ရုပ်ရည်ချောမောပြီး Idol TVဒရမ်မာအချို့မှာလည်း သရုပ်ဆောင်ထားပြီးဖြစ်တာမလို့ အနည်းငယ်လူသိများလေသည်။

ချူးဖေ့ဟန်သိုင်းလေ့ကျင့်နေတာကို ဟန်ချန်းလင် တွေ့တဲ့အခါမှာ သူမကို သူ့ရဲ့ဆရာဖြစ်ဖို့ သူကလိုက်နှောက်ယှက်နေတာဖြစ်လေသည်။

ချူးဖေ့ဟန်ကတော့ သူ့ကိုအာရုံမစိုက်နိုင်ပေ။ သူ့ကျေးဇူးကြောင့် သူမရဲ့ အတန်းဖော်အချို့ဟာ သူမကို ပြဿနာရှာထားပြီးပြီဖြစ်တာမလို့ ဟန်ချန်းလင်ကို သူမ,မတွေ့ချင်ဆုံး သူတစ်ယောက်ဖြစ်လေသည်။ သို့သော်လည်း အနည်းငယ် မကြိုက်တာထက်တော့ မပိုပေ။

"သွားစို့"

ချူးဖေ့ဟန်ဟာ ဟန်ချန်းလင်ကို မတွေ့ချင်တာမလို့ သူမဟာ ကုနင်းကို ဆွဲခေါ်သွားပြီး မုခယ်နဲ့ ယွီမီရှီတို့က သူတို့‌နောက်မှ ချက်ချင်းဆက်လိုက်သွားလေသည်။

"ဟေး၊ စကားပြောကြရအောင်"ဟု ဟန်ချန်းလင်က သူမနောက်မှ ဆက်ပြီးလိုက်လာလေသည်။ ချူးဖေ့ဟန်ဟာ ဟန်ချန်းလင်ရဲ့ဗိုက်ကိုလှည့်၍ ကန်ထည့်လိုက်လေသည်။

ဟန်ချန်းလင်ဟာ ကန်လိုက်တာကို မြင်ပေမဲ့လည်း ရှောင်ဖို့ရာနောက်ကျသွားပြီဖြစ်သည်။ သူဟာ ဗိုက်ကိုတိုက်ရိုက် အကန်ခံလိုက်ရကာ မြက်ခင်းအပေါ်လဲကျသွားလေသည်။

မြက်ခင်းက ထူတဲ့အတွက် သူဟာ လဲကျသွားတဲ့အခါမှာ သိပ်မနာသွားသော်လည်း သူ့ဗိုက်ကတော့ အနည်းငယ်နာကျင်သွားလေသည်။

ဟန်ချန်းလင်ကလည်း သိုင်းလေ့ကျင့်ကာ လေ့ကျင့်ခန်းပုံမှန်လုပ်တာမလို့ သူဟာ သာမာန်လူတွေထက်စာရင် ပိုပြီးသန်မာလေရာ ဒီနာကျင်မှုလောက်က သူ့အတွက် ပြဿနာမဟုတ်ပေ။

လူတိုင်းဟာ ထိုမြင်ကွင်းကြောင့် ကြောက်သွားလေသည်။ ဘယ်သူမှ ဒီကောင်မလေးကို အရမ်းသန်မာကာ ‌အမျိုးသားတစ်ယောက်ကို ‌မြေကြီးပေါ်လဲကျသွားလောက်အောင်ထိ ကန်နိုင်မယ်လို့ မထင်ပေ။

ဘေးနားမှာရှိတဲ့မိန်းကလေးတွေဟာ ချူးဖေ့ဟန်ကို ချက်ချင်းပစ်မှတ်ထားကြလေသည်။

"အဲ့တာတော့ လွန်သွားပြီ။ သူမအနေနဲ့ သူ့ကို ဘာလို့ရိုက်နှက်နိုင်နေတာလဲ"

"ဟုတ်တယ်။ သူမအနေနဲ့ အခုလို ချောမောတဲ့ကောင်လေးမျိုးကို ဘယ်လိုတောင်ကန်ရက်တာလဲ။ သူမက တော်တော်ဆိုးရွားတာပဲ"

"ဟုတ်တယ်။ တကယ်လို့ သူမက လှပရင်တောင် သူမအနေနဲ့ လူတွေကို လိုက်ပြီးရိုက်နှက်လို့ရတယ်လို့ မဆိုလိုဘူး"

"....."

အခြားမိန်းကလေးတွေက သူမကိုအပြစ်ပြောတဲ့အခါ ချူးဖေ့ဟန်က စိတ်ရှုပ်သွားလေသည်။ သေချာလေသည်။ ဟန်ချန်းလင်က သူမကိုထပ်ပြီး ပြဿနာတွေသယ်လာပြန်ခါ ဘေးကလူတွေကပါ သူ့အပေါ်သနားနေပြန်လေသည်။

"ဟန်ချန်းလင်၊ ငါနောက်ကဆက်လိုက်မလာနဲ့။ မဟုတ်ရင် နင့်ရဲ့ပုံရိပ်ကို ငါကိုယ်တိုင်ဖျက်စီးပစ်မယ်"ဟု ချူးဖေ့ဟန်က ခြိမ်းခြောက်ခါ ကုနင်းနဲ့ ထွက်သွားလေသည်။ ဒီတစ်ခါမှာတော့ ဟန်ချန်းလင်ဟာ ချူးဖေ့ဟန်ကို တကယ်လုပ်မှာစိုးရိမ်တာကြောင့် သူမနောက်သို့ လိုက်မလာတော့ပေ။ သူက ဖျော်ဖြေရေးလောကမှာ အလုပ်လုပ်နေတာဖြစ်လို့ သူ့ရဲ့ပုံရိပ်ဟာ အရမ်းအရေးပါလေသည်။

"အဆင်ပြေရဲ့လား"

"ကူထူပေးမယ်"

ချူးဖေ့ဟန်နဲ့ အခြားသူတွေ ထွက်သွားပြီးနောက် အခြားလှပတဲ့မိန်းကလေးအချို့ဟာ လာပြီးကူညီပေးလေသည်။ သေချာပြောရရင် လှပတဲ့မိန်းကလေးအုပ်စုလိုက် ဖြစ်လေသည်။

ကောင်မလေးတွေကို တွေ့တဲ့အခါ ဟန်ချန်းလင်က ကြောင်သွားလေသည်။ သူတို့သူ့နားလာပြီး မကူညီခင်မှာပဲ သူဟာ ချက်ချင်းပဲထရပ်လိုက်လေသည်။ သူ့အပြုအမူတွေဟာ အရမ်းသွက်လက်တာကြောင့် သူက လုံးဝအဆင်ပြေတယ်ဆိုတာ မြင်နိုင်လေသည်။

ဟန်ချန်းလင်ရဲ့ သူငယ်ချင်းတွေဟာလည်း သူလုံးဝအဆင်ပြေကြောင်းသိတာမလို့ သူ့ကိုကူထူပေးတာ ဒါမှမဟုတ် စစ်ဆေးကြည့်တာမျိုး မလုပ်ပေ။

သူတို့က ချူးဖေ့ဟန်က ဟန်ချန်းလင်ကို ကန်လိုက်တာ မှန်တယ်လို့ ခံစားမိလေသည်။ တကယ်လို့သူတို့သာ ချူးဖေ့ဟန် ရဲ့နေရာမှာဖြစ်ပြီး ဟန်ချန်းလင်က သူမကို လိုက်ပြီးနှောင့်ယှက်နေတာကြောင့် ကျောင်းက အခြားကောင်မလေးတွေက ပစ်မှတ်ထားလာရင် သူတို့လဲ သူ့ကို ရိုက်နှက်ပစ်ချင်မှာဖြစ်သည်....

All Chapters