အခန်း (၁၉၉၉-၂၀၀၄)
Vol. 123 Ch. 1999-2004
အပိုင်း ၁၉၉၉ နာကျင်မှုမှာသာယာတတ်တာလား?
"အဆင်ပြေပါတယ်"ဟု ဟန်ချန်းလင် ကလက်ရမ်းပြလျက် အဆင်ပြေကြောင်းပြောလေသည်။ ထို့နောက် သူ့ကိုယ်ပေါ်မှ မြက်တွေဖယ်ကာ ရှက်သွားတဲ့ပုံနှင့် လမ်းလျောက်ထွက်သွားလေသည်။
"ဟား-ဟား၊ ဟား-ဟား။ ချန်းလင်၊ မင်းဒီတစ်ခါတော့ လက်လျော့လိုက်သင့်ပြီးမလား"
ထွက်ပြေးလာပြီးနောက် ဟန်ချန်းလင် ရဲ့သူငယ်ချင်းနှစ်ယောက်ဟာ ရယ်မောလျက် သူတို့ထဲကတစ်ယောက်က ဟန်ချန်းလင်ကိုမေးလေသည်။
"လုံးဝမဖြစ်နိုင်ဘူး"ဟု ဟန်ချန်းလင်က လက်လျော့ဖို့ ငြင်းဆန်လေသည်။ "ငါက သူမကို ငါ့ရဲ့ကွန်ဖူးဆရာဖြစ်စေချင်ပေမဲ့ ချူးဖေ့ဟန်က ပျော်ဖို့ကောင်းတယ်လို့ ငါထင်တယ်။ ငါက သူမရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရတာ"
ထိုသို့ပြောပြီး ဟန်ချန်းလင်က အရမ်းစိတ်ဝင်စားကြောင်း ပြလေသည်။ သူက ချူးဖေ့ဟန်ကို သူ့ကိုထိခိုက်စေတဲ့အတွက်လည်း လုံးဝစိတ်မဆိုးပေ။ ထို့အစား သူကကျေနပ်နေလေသည်။ ချူးဖေ့ဟန်က အားကုန်မသုံးလိုက်မှန်း သူခံစားမိလေသည်။ ဒါမှမဟုတ်ရင် သူ့အနေနဲ့ တကယ်ဒဏ်ရာ ရသွားနိုင်လေသည်။
"ဘာပြောတယ်။ မင်း ချူးဖေ့ဟန်ကိုကြိုက်နေတာလား"
ထိုအရာကိုကြားတဲ့အခါ ဟန်ချန်းလင်ရဲ့သူငယ်ချင်းနှစ်ယောက်လုံးဟာ အံ့အားသင့်သွားလေသည်။
"အဲ့လောက်မဟုတ်သေးဘူး။ သူမက ပျော်ဖို့ကောင်းတယ်လို့ ငါထင်ရုံပဲ။ အနာဂတ်မှာ ငါ့စိတ်ပြောင်းသွားမလားတော့ ငါမသိဘူး"ဟု ဟန်ချန်းလင် ကပြောသည်။ သူက သူခံစားချက်တွေကို အမြဲပွင့်လင်းသူဖြစ်သည်။ သူ့မျက်လုံးထဲမှာ ကွယ်ဝှက်ထားတာ ဘာမှမရှိပေ။
"ဟန်ချန်းလင်၊ မင်းမှာ နှိပ်စက်ခံရတာကို သာယာတဲ့အကျင့်ရှိနေတာလား။ ချူးဖေ့ဟန်က မင်းကို ဆိုးဆိုးရွားရွားဆက်ဆံနေတာ။ မင်းကသူ့အပေါ်ဘာလို့ စိတ်ဝင်စားနေသေးတာလဲ"ဟု ဟန်ချန်းလင်ရဲ့သူငယ်ချင်းက ပြောလိုက်လေသည်။
"နှိပ်စက်ခံရတာကို သာယာတဲ့အကျင့်ဟုတ်လား"ဟု ဟန်ချန်းလင်က မျက်မှောင်ကြုံ့သွားကာ သူ့သူငယ်ချင်းဘက် လှည့်၍ အပြုံးရဲ့ရဲ့ဖြင့်ပြောလိုက်လေသည်။ "မင်းဘာလို့ ငါ့ကိုရိုက်ပြီး မစမ်းသပ်ကြည့်တာလဲ"
သူ့သူငယ်ချင်းဟာ ချက်ချင်းပဲ နောက်သို့ ဆုတ်လိုက်လေသည်။ "မလုပ်ဘူး"
တကယ်လို့ သူသာ ဟန်ချန်းလင်ကို ရိုက်ရဲရင် ဟန်ချန်းလင်က သူ့ကိုပြန်ပြီးရိုက်မှာ သေချာလေသည်။ ထိုသို့ဖြစ်ဖူးတာမလို့ သူကနောက်ထပ် ထပ်ပြီးစမ်းမှာမဟုတ်ပေ။
ပြီးတော့ ဟန်ချန်းလင်မှာ ချူးဖေ့ဟန် နဲ့တွေ့မှသာ နှိပ်စက်ခံရတာသာယာတဲ့အကျင့်ရှိတယ်လို့ သူကဆိုလိုတာဖြစ်သည်။ ဟန်ချန်းလင်က လူတိုင်းနဲ့ နှိပ်စက်တာခံရတာ သာယာမှုရှိတယ်လို့ သူ,မဆိုလိုပေ။
"ထားပါတော့။ လမ်းလျှောက်ရင်း လှည့်ပတ်ကြည့်ရအောင်။ ငါတို့သူတို့နဲ့ ခဏနေရင် တိုးရင်တိုးနိုင်တယ်"ဟု ဟန်ချန်းလင်ကပြောပြီးနောက် ချူးဖေ့ဟန်တို့ထွက်သွားတဲ့ဘက်သို့ သွားလေသည်။
ဟန်ချန်းလင်ရဲ့ သူငယ်ချင်းတွေဟာ လက်မြောက်လိုက်ဟန်ဖြင့် သူတို့ရဲ့ခေါင်းတွေကို ရမ်းလိုက်ကြလေသည်။ ကြည့်ရတာ ဟန်ချန်းလင်မှာ နှိပ်စက်ခံရတာ သာယာတဲ့အကျင့် ရှိပုံပေါ်လေသည်။ သူ့အနေနဲ့ ချူးဖေ့ဟန်ကို မတွေ့ရဘဲမနေနိုင်ချေ။ သူ့အနေနဲ့ ထပ်ပြီးအရှက်ကွဲမှာ မကြောက်ဘူးလား။
ဟန်ချန်းလင်က ဆက်လုပ်ချင်နေတာကြောင့် သူတို့အနေနဲ့ သူ့နောက်ကသာ ဆက်လိုက်နိုင်လေသည်။
ချူးဖေ့ဟန်နဲ့ အခြားသူတွေ ထွက်လာပြီးနောက် မုခယ်က စပ်စုစွာမေးလေသည်။ "ဖေ့ဟန်၊ အဲ့ကောင်လေးက နင့်ကိုကြိုက်နေတာလား။ သူက ရုပ်ချောသားပဲ။ သူ့ကို ပိတ်ကန်လိုက်တာ ရက်စက်တယ်လို့ နင်မထင်ဘူးလား"
ချူးဖေ့ဟန်ဟာ နှုတ်ခမ်းဆူသွားလေသည်။ တကယ်တော့ တအားကန်လိုက်တာဟာ အနည်းငယ်ကြမ်းတမ်းတယ်လို့ သူမလဲထင်သည်ဖြစ်ပေမဲ့လည်း ဖြစ်ပြီးသွားပြီဖြစ်လို့ သူမလဲဘာမှ မတတ်နိုင်တော့ချေ။
"နည်းနည်းတော့ထင်တယ်။ ဒါပေမယ့် သူငါ့ကိုလေးစားတာက ငါ့ကိုကြိုက်လို့မဟုတ်ဘူး။ သူက ငါ့ကိုကွန်ဖူးသင်ပေးစေချင်နေတာ။ ငါကစိတ်မဝင်စားဘူး။ ပြီးတော့ သူအပေါ်မှာ ပထမအကြိမ် တွေ့ကတည်းက အမြင်လဲမကြည်ထားဘူး"
"သူငါ့ကိုလိုက်လိုက် နှောက်ယှက်နေတာ။ သူ့ကိုကြိုက်နေတဲ့ကောင်မလေးတစ်ယောက်က သူငါ့ကိုကြိုက်နေတယ်လို့ အထင်လွဲသွားပြီးတော့ ကောင်မလေးနှစ်ယောက် ငါ့ကိုပြဿနာလာရှာကြတယ်လေ။ အဲ့တာမလို့ ငါသူ့ကိုအခုဆို ပိုတောင်မုန်းသေးတယ်" ချူးဖေ့ဟန်က မကြိုက်တဲ့ပုံ ပြလျက် ပြောလိုက်လေသည်။
"အို။နားလည်ပြီ"ဟု ထိုအရာကိုကြားတဲ့အခါ ချူးဖေ့ဟန်ရဲ့သူငယ်ချင်းတွေဟာ သူမရဲ့စိတ်ကို နားလည်သွားလေသည်။
ပိတ်ရက်ဖြစ်တာမလို့ ပန်းခြံမှာ လာလည်သူတွေအများကြီး ရှိလေသည်။
လှေစီးတာအပြင် ပန်းခြံထဲမှာ အခြားကစားစရာဂိမ်းတွေလဲရှိလေသည်။ ဒါပေမယ့် ကစားကွင်းတွေလောက်တော့ မများပေ။ ဒီကိုလာပြီး သဘာဝမြင်ကွင်းတွေ ကြည့်နိုင်တာမလို့ဖြစ်သည်။
သူတို့ဟာ ထို့နောက် လက်ပစ်မြှားတို သွားပစ်ကြလေသည်။
တစ်ချိန်တည်းမှာပဲ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ဟာလည်း လက်ပစ်မြှားကွင်းဆီကို လာနေလေသည်။ သူတို့အားလုံးဟာ အသက်၂၅မှ ၃၀အရွယ်အတွင်း ဖြစ်ကြသည်။
"ယီယီ၊ နင်က ပစ်တဲ့နေရာမှာ တော်တာမလို့ လက်ပစ်မြှားလဲ တော်လောက်တယ်။ နင့်ရဲ့ ကျွမ်းကျင်မှုတွေ ငါ့တို့ကိုပြပါ့လား"ဟု အမျိုးသမီးဘေးရှိ အမျိုးသားတစ်ယောက်က ပြောသည်။
သူတို့က ကုနင်းနဲ့ အခြားသူတွေရဲ့ ဘေးမှာဖြစ်တာကြောင့် ကုနင်းဟာ သူတို့ပြောနေတဲ့စကားကို ကြားသွားပြီး သူတို့ကို လှမ်းကြည့်လိုက်လေသည်။
တိုက်ဆိုင်စွာပဲ ရှဲ့ယီယီဟာလည်းပဲ ကုနင်း နဲ့ မျက်လုံးချင်းဆုံမိကာ ကုနင်းရဲ့ ငေးလောက်တဲ့အလှအပကိုတွေ့တဲ့အခါ မကျေမနပ်ဖြစ်သွားလေသည်။ သူမဟာ မနာလိုဖြစ်တာမျိုးမဟုတ်ဘဲ ကုနင်းကို ဒီတိုင်းမကြိုက်တာဖြစ်သည်။
သူမရဲ့ အရှိန်အဝါကိုကြည့်တာနဲ့တင် သူမက စစ်သားဆိုတာ ကုနင်း မြင်နိုင်လေသည်။ ဘာပဲဖြစ်ဖြစ် ကုနင်းက ဂရုမစိုက်ပေ။
သူတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်းဆုံပြီးနောက် မျက်နှာလွှဲလိုက်ကြကာ ရှဲ့ယီယီက ထိုအမျိုးသားကို ပြန်ပြောလေသည်။ "ကောင်းသားပဲ"
ထိုအမျိုးသားဟာ ထို့နောက် ဆိုင်ရှင်ကို လက်ပစ်မြှား၁၀ချောင်းတောင်းလိုက်ပြီး ရှဲ့ယီယီကို ပေးလိုက်လေသည်။
ရှဲ့ယီယီက လက်ပစ်မြှားပစ်ဖို့ အဆင်သင့်ဖြစ်ချိန်မှာပဲ သူမဘေးနားမှ အံဩသွားသံကြားလိုက်ရလေသည်။ သူမဟာ လှည့်ကြည့်လိုက်ရာ ကုနင်းက ခလယ်အနီဝိုင်းကို လက်ပစ်မြှားနဲ့ပစ်လိုက်တာ မြင်လိုက်လေသည်။ ရှဲ့ယီယီက ကုနင်းရဲ့ ကံကောင်းမှုအတွက် အနည်းငယ် အံဩသွားလေသည်။
ရှဲ့ယီယီရဲ့မျက်လုံးထဲတွင် ကုနင်း ကကံကောင်းသွားရုံဖြစ်သည်။
ရှဲ့ယီယီ တင်မဟုတ်ပေ သူမရဲ့သူငယ်ချင်းတွေကလည်း ထိုသို့ပင် ထင်လေသည်။
ချူးဖေ့ဟန်နဲ့ ကုနင်းရဲ့သူငယ်ချင်းတွေသာလျင် ထိုအရာဟာ ကုနင်းရဲ့ အရည်အချင်းဆိုတာ သိလေသည်။ ထို့ကြောင့် သူတို့အတွက်တော့ ကုနင်း ကခလယ်တည့်တည့်မှန်အောင် ပစ်နိုင်တာဟာ အံဩစရာမဟုတ်ပေ။ တကယ်လို့ သူမ,မပစ်နိုင်မှသာ အံဩစရာဖြစ်လေမည်။
ကုနင်းက ကံကောင်းလို့ ပစ်နိုင်တာလို့ ထင်တဲ့လူတွေဟာ ကုနင်းက တည်တည်ငြိမ်ငြိမ်မဲ့ဆိုတာကို လျစ်လျူရှုထားကြလေသည်။ သူမက အနီရောင်အဝိုင်းကိုထိလို့လည်း စိတ်လှုပ်ရှားမှုမရှိတာမလို့ သူမရဲ့အရည်အချင်းတွေဟာ သက်သေပင်ဖြစ်သည်။
ကုနင်းဟာ အခြားလူတွေက သူများအပေါ်ထားတဲ့အမြင်တွေကို ဂရုမစိုက်ပေ။ နောက်ထပ်အနည်းငယ် ထပ်ပစ်ပြီးရင် သူမက သူမရဲ့အရည်အချင်းအပေါ်အားကိုးတာလား ကံအပေါ်အားကိုးတာလားဆိုတာ သူတို့သိသွားမည်ဖြစ်သည်။
ထို့နောက်မှာတော့ ရှဲ့ယီယီဟာလည်း လက်ပစ်မြှားကိုပစ်လိုက်သော်လည်း အနီရောင်အဝိုင်းကိုထိအောင် မပစ်နိုင်လိုက်ပေ။ ထိုရလဒ်ဟာ ထိဖို့ တော်တော်တော့ နီးစပ်နေတာဖြစ်လို့ သိပ်တော့မဆိုးပေ။
သို့သော်လည်း ရှဲ့ယီယီကတော့ မကျေနပ်ပေ။ ပုံမှန်အားဖြင့် သူမအနေနဲ့ ဂရုစိုက်နေမှာမဟုတ်ပေမဲ့လည်း ဒီနေ့ကတော့ ထူးခြားလေသည်။ ကုနင်းက အခုလေးတင် အနီဝိုင်းကိုထိထားတာဖြစ်သည်။ တကယ်လို့ သူမသာ ထိအောင်မပစ်နိုင်ရင် ကုနင်းက ကံကောင်းတာဖြစ်ရင်တောင် သူမက ကုနင်းထက်တောင် ဆိုးတယ်လို့ ခံစားရသည်ဖြစ်သည်။
သူမက ကုနင်းနဲ့ ယှဉ်ပြိုင်လိုစိတ်လုံးဝ မရှိသော်လည်း ကုနင်းကို ဒီတိုင်းပဲမုန်းတာကြောင့် အနိုင်ယူချင်နေလေသည်။ ထို့အပြင် သူမက စစ်တပ်ထဲမှာ ရာထူးရှိတဲ့အရာရှိတစ်ယောက်ဖြစ်လေသည်။ တကယ်လို့ သူမသာ သာမာန်ပြည်သူတစ်ယောက်ကို ရှုံးသွားရင် အရှက်ကွဲသည်ဖြစ်သည်။
ရှဲ့ယီယီ လက်ပစ်မြှားကိုပစ်ပြီးတဲ့အခါမှာပဲ ကုနင်းကလည်း ပစ်လိုက်ခါ အနီရောင်ဝိုင်းကို ထပ်ပြီးမှန်သွားပြန်လေရာ လူတွေအားလုံးဟာ အံဩသွားလေသည်။
"Jesus၊ သူမက နှစ်ခါတောင်မှန်တယ်။ သူမကတော်တော် ကံကောင်းတာပဲ"ဟု တစ်စုံတစ်ယောက်က ပြောလေသည်။
ထိုအရာကို ကြားတဲ့အခါ ချူးဖေ့ဟန် နဲ့သူမရဲ့သူငယ်ချင်းတွေဟာ မပျော်မရွှင်ဖြစ်သွားပြီး ချူးဖေ့ဟန်က ချက်ချင်းပြန်ပြောလေသည်။ "လျှောက်မပြောနဲ့။ အဲ့တာက ကံနဲ့လုံးဝမဆိုင်ဘူး။ ဒါကသူမရဲ့ အရည်အချင်း။ နင်းနင်းက လက်ပစ်မြှား၁၀ချောင်းလုံးနဲ့ အနီဝိုင်းကို မှန်အောင် ဆက်တိုက်ပစ်နိုင်တယ်"
သူမရဲ့စကားကြောင့် အခြားလူတွေဟာ အံဩသွားလေသည်။ အထူးသဖြင့် ရှဲ့ယီယီနဲ့ ရှဲ့ယီယီရဲ့သူငယ်ချင်းတွေကိုဖြစ်သည်။
"ဘာ။ သူမက လက်ပစ်မြှား၁၀ချောင်းလုံးနဲ့ အလယ်ကို ဆက်တိုက်မှန်အောင် ပစ်နိုင်တယ်။ ဟုတ်ရောဟုတ်လို့လား"ဟု တစ်စုံတစ်ယောက်က မေးခွန်းထုတ်ပေမဲ့လည်း သူ့ရဲ့လေသံထဲမှာ မုန်းတီးသံမပါပေ။ သူက အံဩသွားရုံသာဖြစ်သည်။
အချို့လူတွေမှာလည်း သံသယရှိသော်လည်း သူတို့က ထုတ်မပြောကြပေ။
ကုနင်းက ထိုသို့လုပ်နိုင်ကြောင်း ရှဲ့ယီယီက မယုံကြည်ပေ။ သူမဟာ ကုနင်းကိုလေ့လာကြည့်ရာ ကုနင်းက ကွန်ဖူးချစ်သူမှန်း သတိထားမိလေသည်။ သို့သော်လည်း သူမက ကုနင်းရဲ့ ကွန်ဖူးအဆင့်ကို မသိပေ။
"ဒါပေါ့"ဟု ချူးဖေ့ဟန်က ဂုဏ်ယူစွာပြောလေသည်။
ကုနင်းက ဘာမှမပြောဘဲ ချူးဖေ့ဟန်ကို ကြင်နာတဲ့အကြည့်တစ်ချက်နဲ့သာ ကြည့်လိုက်လေသည်။ သူမဟာ ချူးဖေ့ဟန်က သူမဘက်က ပြောပေးတဲ့အတွက် စိတ်ရှုပ်သွားတာမျိုး လုံးဝမရှိပေ...
***
ဖီးနစ်သွေးစက်
အပိုင်း ၂၀၀၀ အဆင့်အတန်းသုံးပြီး တခြားလူတွေကို အနိုင်မကျင့်နဲ့
"အခုပစ်ပြ"
ချက်ချင်းပဲ လူတွေအများကြီးဟာ ကုနင်းအား အနီဝိုင်းကို လက်ပစ်မြှား ၁၀ချောင်းလုံးနဲ့ ဆက်တိုက်မှန်အောင်ပစ်ဖို့ ပြောလေသည်။ သူတို့ဟာ စိတ်လှုပ်ရှားနေကာ ကုနင်းကို ရယ်မောဖို့ ဒါမှမဟုတ် ဟာသအနေဖြင့် မြင်ရဖို့စောင့်မျှော်လင့်နေလေသည်။ ကြည့်နေတဲ့လူအများစုဟာ တကယ်တော့ ကုနင်းက အနီဝိုင်းကို အကြိမ်တိုင်းပစ်နိုင်တယ်ဆိုတာကို မယုံတဲ့အတွက် ကုနင်းကို ဟာသလုပ်ဖို့စောင့်နေတာဖြစ်သည်။ ထိုအရာက ခက်ခဲတာကြောင့်ဖြစ်သည်။
ရှဲ့ယီယီကလည်း မယုံကြည်သော်လည်း ကုနင်းရဲ့ တည်ငြိမ်တဲ့အမူအရာကို တွေ့တဲ့အခါ သိချင်သွားလေသည်။ ကုနင်းက အနီဝိုင်းကို အကြိမ်တိုင်းထိအောင်ပစ်နိုင်လားဆိုတာ သူမကကြည့်ချင်တာဖြစ်တာကြောင့် လက်ပစ်မြှားတွေထပ်မပစ်တော့ပေ။
"ဟာသပဲ။ လက်ပစ်မြှားအကုန်နဲ့ ခလယ်မှန်အောင် ပစ်နိုင်တယ်ဟုတ်လား။ အဲ့လောက်လွန်လွန်ကျူးကျူးကြွားပြီး ကိုယ့်ကိုကိုယ် ဟာသဖြစ်သွားမှာ မကြောက်ဘူးလား"ဟု တစ်စုံတစ်ယောက်က လှောင်ပြောင်စိတ်အပြည့်ဖြင့် ပြောလေသည်။
ထိုအရာကို ပြောလိုက်တဲ့သူဟာ သူတို့နဲ့ အသက်အရွယ်တူ မိန်းကလေးတစ်ယောက်ဖြစ်လေသည်။ သူမဟာ လှပပေမဲ့လည်း မုန်းချင်စရာကောင်းတဲ့စိတ်ဓာတ်ရှိလေသည်။ ထိုမိန်းကလေးနဲ့အတူ အခြားငယ်ရွယ်တဲ့ ကောင်လေး၊ ကောင်မလေးတွေလည်း အတူတူပါလေသည်။ သူတို့အားလုံးရဲ့ မျက်နှာတွေပေါ်မှာ အထင်သေးတဲ့အမူအရာတွေ အပြည့်ဖြင့်ဖြစ်သည်။
"သူမက ကြွားနေတာဟုတ်လားမဟုတ်လား မင်းတို့တွေ့လိမ့်မယ်။ ရလဒ်ကို မတွေ့သေးဘဲ သူများတွေကို လိုက်ငြင်းမနေနဲ့။ နင့်ကိုယ်နင်ဘယ်သူထင်နေလို့လဲ"ဟု ချူးဖေ့ဟန်ကလည်း ပြန်ပြောလေသည်။
"သူမပစ်နိုင်တယ်လို့ ငါမထင်ဘူး။ တကယ်လို့ သူမသာပစ်နိုင်ရင် သူမကို အဘွားလို့ ငါခေါ်မယ်"ဟု ကောင်မလေးက ပြောသည်။
"တကယ်လား။ နင်က သူမရဲ့မြေးမဖြစ်ချင်လို့လား။ ကောင်းတယ်။ တကယ်လို့ သူမသာလုပ်နိုင်သွားရင် နင်သူမကို အဘွားလို့ခေါ်ရမယ်"ဟု ချူးဖေ့ဟန် ကပြောသည်။ ထိုကောင်မလေးဘက်ကစပြီး ထိုသို့အကြံပြုမှတော့ ချူးဖေ့ဟန်ကလည်း ဟာသပြကွက်ကို တွေ့ချင်လေသည်။ ကုနင်းက ငြင်းမှာမဟုတ်မှန်း သူမကသိတာကြောင့် ထိုစိန်ခေါ်ချက်ကို သူမဘက်ကစပြီးလက်ခံလိုက်လေသည်။ "တကယ်လို့ နင်ဝန်မခံရဲရင် ငါ့အဆိုးမဆိုနဲ့"
ထိုသို့ပြောပြီးနောက် ချူးဖေ့ဟန်ဟာ သူမရဲ့လက်သီးကို အခြားလက်တစ်ဖက်နဲ့ ကာ၍ သူမရဲ့လက်အဆစ်တွေကိုချိုးပြကာ တခြားသူတွေအား သူမက ကွန်ဖူးမှာတော်ကြောင်း ပြလေသည်။
ထိုအသံတွေကိုကြားတဲ့အခါ ကောင်မလေးဟာ အနည်းငယ်လန့်သွားသော်လည်း သူမက ကုနင်းက အနီဝိုင်းကို အချိန်တိုင်းမှန်အောင် ပစ်နိုင်တယ်လို့ မယုံပေ။
"ကောင်းပြီလေ။ တကယ်လို့ သူမရှုံးရင် သူမလည်း ငါ့ကိုအဘွားလို့ခေါ်ရမယ်"ဟု ကောင်မလေးကပြောသည်။ သူမတစ်ယောက်တည်းတင် အပြစ်မခံယူလိုပေ။ သူတို့က လောင်းဖို့လုပ်မှာတော့ အပြစ်ပေးချက်လဲ အတူတူပင် ခံရမည်ဖြစ်လေသည်။
ဒီတစ်ကြိမ်တော့ ချူးဖေ့ဟန်ဟာ ချက်ချင်း သဘောမတူလိုက်ပေ။ ထို့အစား သူမက ကုနင်းဘက်လှည့်ကာ ကြည့်လိုက်လေသည်။
"ပြဿနာမရှိဘူး"ဟု ကုနင်းကပြောလေသည်။ သူမရဲ့ အခုအခြေအနေအရ သူမအနေနဲ့ လက်မခံလို့မရပေ မဟုတ်လျှင် သူမက ငကြောက်ဖြစ်သွားမည်ဖြစ်သည်။
ချူးဖေ့ဟန်က ယုံကြည်သည့်အတိုင်းပင် ကုနင်းက ထိုကောင်မလေးရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ဆန္ဒရှိလေသည်။ တကယ်လို့ သူမသာလက်မခံချင်ရင် သူမက ချူးဖေ့ဟန်ကို ထိုကောင်မလေးရဲ့ စိန်ခေါ်မှုကို အစကတည်းက လက်ခံဖို့ အခွင့်ပေးလိမ့်မည်မဟုတ်ပေ။
ကုနင်းရဲ့ ယုံကြည်မှုရှိတဲ့ပုံကိုကြည့်ပြီး ရှဲ့ယီယီဟာလည်း သံသယတွေနည်းလာလေသည်။ ကုနင်းကြည့်ရတာ အရမ်းရင့်ကြည့်ပြီး တည်ကြည်မှုရှိလေသည်။ သူမဟာ မောက်မာပြီးတုံးအတဲ့ပုံ မပေါ်ပေ။
သူမ တကယ်ပဲ ပစ်နိုင်တာလား။
ရှဲ့ယီယီဟာ မယုံကြည်နိုင်ပေ။
ဘာပဲဖြစ်ဖြစ် ကုနင်းဟာ လက်ထဲမှာရှိတဲ့ လက်ပစ်မြှားတွေကို ပစ်တော့မှာ ဖြစ်တာမလို့ သူတို့ရဲ့ ပုံစံတွေကို သိပ်ဂရုမစိုက်တော့ပေ။ ထို့အပြင် သူမဟာ ထိုကောင်မလေးနဲ့ လောင်းထားတာကြောင့် သူမအနေနဲ့ နိုင်ရမည်ဖြစ်သည်။
ထို့နောက် ကုနင်းဟာ လက်ပစ်မြှားတွေကို တစ်ချောင်းပြီးတစ်ချောင်း မရပ်ပဲဆက်တိုက်ပစ်လိုက်ပြီး လက်ပစ်မြှားတိုင်းကလည်း အနီရောင်အဝိုင်းကို တိကျစွာပင် ထိမှန်လေသည်။
လူတိုင်းဟာ အံဩသွားကြလေသည်။ အဘယ့်ကြောင့်ဆိုသော် အခြားလူတွေအနေနဲ့ အနီရောင်အဝိုင်းကိုချိန်ဖို့ အချိန်အနည်းငယ်ယူရမည်ဖြစ်သော်လည်း ကုနင်းကတော့ လျှောက်ပစ်နေပုံပေါ်နေလေသည်။ သူမရဲ့ အရည်အချင်းဟာ မယုံကြည်နိုင်စရာပင်။
"Jesus၊ မယုံကြည်နိုင်စရာပဲ။ သူမပစ်တာ အနီရောင်အဝိုင်းကို အကြိမ်တိုင်းထိမှန်တယ်"
"အဲ့တာ သူမရဲ့အစွမ်းပဲ။ ကံကောင်းတာနဲ့ဘာမှ မသက်ဆိုင်ဘူး"
"သူမက တကယ်နတ်သမီးပဲ"
"....."
ရှဲ့ယီယီဟာ အထိနာသွားပြီး လက်ပစ်မြှားကို ထပ်ပြီးဆက်မပစ်ချင်တော့ပေ။ အဘယ်ကြောင့်ဆို သူမက အနီဝိုင်းကို မှန်အောင်မပစ်နိုင်၍ဖြစ်သည်။ သူမက ကိုယ့်ကိုကိုယ်အရှက်မခွဲချင်တာကြောင့် သူမက လက်ပစ်မြှားတွေကို သူမဘေးရှိ အမျိုးသားတစ်ဦးဆီ ပေးလိုက်လေသည်။
ထိုအမျိုးသားဟာလည်း ရှဲ့ယီယီ ဘာတွေးနေလဲဆိုတာသိတာမလို့ ဘာမှမပြောပေ။ တကယ်တော့ တကယ်လို့သူမရှုံးတောင် ထိုအရာဟာ ပြဿနာမဟုတ်ပေ။ ကုနင်းလိုမျိုး အနီရောင်အဝိုင်းကို အကြိမ်တိုင်းပစ်နိုင်သူ ရှားလို့ဖြစ်သည်။
တကယ်တော့ တကယ်လို့ အနီရောင်အဝိုင်းကို လက်ပစ်မြှား၁၀ချောင်းနဲ့ ၃-၄ကြိမ်ပစ်နိုင်ရင်ကို အခုလာတဲ့လူတွေထဲမှာ အရမ်းတော်နေပြီဖြစ်လေသည်။
ရှဲ့ယီယီက ကုနင်းကို သူမရဲ့ရန်ဘက်အဖြစ် မှတ်ယူထားတာမလို့ သူမက ရလဒ်ကို အရမ်းဂရုစိုက်လေသည်။
ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေ မထွက်သွားမှီမှာပဲ ရှဲ့ယီယီက ထွက်သွားဖို့ ပြောလေသည်။
ရှဲ့ယီယီရဲ့ ကုနင်းအပေါ်ရှိနေတဲ့ မနာလိုမှုနဲ့ အမုန်းတွေဟာ လျစ်လျူရှုဖို့ရာ အရမ်းသိသာနေသော်လည်း ကုနင်းက သူမကို သိပ်ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုအရာကို မကြာခဏ ဖြစ်လေ့ရှိ၍ဖြစ်သည်။ ကုနင်းဟာ မကောင်းတဲ့ခံစားချက်တွေကြောင့် ဘာမှဖြစ်မှာမဟုတ်ပေ။
ကုနင်းနဲ့ အလောင်းအစားလုပ်တဲ့ ကောင်မလေးဟာ ကြောင်သွားပြီး သူမရဲ့မျက်နှာဟာ ကြောက်စရာကောင်းတဲ့ပုံဖြစ်သွားလေသည်။ သူမဟာ မသိမသာထွက်ပြေးချင်သော်လည်း ချူးဖေ့ဟန်က သူမကို တားလိုက်လေသည်။
"ဘာလဲ။ ထွက်ပြေးချင်တာလား"ဟု ချူးဖေ့ဟန်ကပြောကာ ထိုကောင်မလေးရဲ့ အရှက်ရမှုကို ကျေနပ်သွားလေသည်။
ထိုအရာကိုမြင်တဲ့အခါ ထိုကောင်မလေးရဲ့ သူငယ်ချင်းတွေဟာ သူမဘက်မှပါကာ ကူညီမပေးပေ။ သူတို့က ချူးဖေ့ဟန်ကို ကြောက်လို့မဟုတ်ဘဲ ထိုကောင်မလေးကို သူတို့လဲမကြိုက်၍ဖြစ်သည်။ သူတို့က ထိုကောင်မလေးကို မကူညီချင်ဘဲ ထိုကောင်မလေး အရှက်ရမှာကို မြင်ချင်လေသည်။
ထိုကောင်မလေးဟာ အမြဲတမ်းမောက်မာသည်။ သူတို့က သူငယ်ချင်းတွေဖြစ်ပေမဲ့လည်း သူမက တခြားသူတွေကို သူမရဲ့အစေခံတွေအလား ဆိုးရွားစွာဆက်ဆံလေသည်။ သူမက သူတို့ကို အော်ငေါက်လေ့ရှိတာမလို့ သိပ်မုန်းစရာကောင်းလေသည်။
သူမရဲ့ မိသားစုနောက်ခံကြောင့် သူတို့ဟာ သူမကို အနည်းငယ်ကြောက်နေတာဖြစ်သည်။ သူမက သူတို့အပေါ်မှာ ကြီးကြီးမားမားဆိုးရွားမှုမရှိတာမလို့ သူတို့က သည်းခံနေတာဖြစ်သည်။
ချူးဖေ့ဟန်က ပိတ်ရပ်တာခံလိုက်ရ၍ ကောင်မလေးဟာ ကြောက်လန့်သွားပြီး သူမရဲ့သူငယ်ချင်းတွေဘက်ကို အကူအညီရမလားဟု ချက်ချင်းလှည့်လိုက်သော်လည်း သူမရဲ့သူငယ်ချင်းတွေဟာ ရှေ့ထွက်ဖို့ တွန့်ဆုတ်နေကြလေသည်။ ကောင်မလေးဟာ စိတ်လဲဆိုးသလို ရှက်လဲရှက်သွားလေသည်။
"နင်....."
သူတို့တွေအများကြီးရှိနေပေမဲ့လည်း ကုနင်းက တိုက်ခိုက်ရေးမှာ အရမ်းတော်တာကြောင့် သူတို့တစ်ယောက်မှ ထွက်မလာကြပေ။
ထိုအရာကိုမြင်တဲ့အခါ လူတွေအများကြီးဟာ ဖြစ်တတ်တယ်လို့တွေးမိလေသည်။ ကောင်မလေးဟာ သူမရဲ့အပေါင်းအသင်းထဲမှာ မကောင်းတဲ့ဂုဏ်သတင်းရှိတာမလို့ သူမရဲ့သူငယ်ချင်းတွေကတောင် သူမကို မကူညီလိုကြပေ။
သူတို့က သူမကို ကူညီမှာမဟုတ်ဘူးဆိုတာ ကောင်မလေးသဘောပေါက်သွားပြီး သူမကိုယ်သူမသာ အားကိုးနိုင်တာမလို့ သူမက ချူးဖေ့ဟန်ကို ခြောက်လှန့်ရန် "ငါဘယ်သူဆိုတာ နင်သိလား"ဟု ပြောလိုက်လေသည်။
"ဟား-ဟား"ဟု ချူးဖေ့ဟန်က လှောင်ရယ် ရယ်လိုက်ပြီး အထင်သေးစွာပြောလိုက်လေသည်။ "အခြားသူတွေကို နင့်အဆင့်အတန်းနဲ့ အနိုင်ကျင့်ဖို့ ကြိုးစားမနေနဲ့တော့။ နင်ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ နင်ဘယ်သူပဲဖြစ်ဖြစ် ငါမကြောက်ဘူး။ နင်သဘောတူထားတဲ့အတိုင်း အခုလုပ်ရင်လုပ် မဟုတ်ရင်တော့ ငါလက်ပါရလိမ့်မယ်"
"နင်...."ဟု ကောင်မလေးက ဒေါသထွက်သွားလေသည်။ သူမက ချူးဖေ့ဟန် ရဲ့ယုံကြည်ချက်ကြောင့် အံဩသွားလေသည်။
"မြန်မြန်လုပ်။ ငါတို့မှာ စိတ်လဲမရှည်သလို နင်နဲ့ဖြုန်းဖို့ အချိန်လည်းမရှိဘူး"ဟု ချူးဖေ့ဟန်က စိတ်မရှည်စွာပြောပြီးနောက် သူမရဲ့ လက်သီးတွေကို ဆုတ်လိုက်ရာ အဆစ်တွေ ထပ်ပြီး တဖြောက်ဖြောက် မြည်ပြန်လေသည်။
ကုနင်းရဲ့တင်ဆက်မှုကြောင့် အံဩသွားသောကြောင့် ကောင်မလေးကို ဘယ်သူမှ ထွက်မကယ်ပေ။ သူတို့က သူမကို လေးစားကာ သူမဘက်က ရပ်တည်ပေးလိုလေသည်။ ထို့အပြင် ကောင်မလေးဘက်ကစပြီး ကုနင်းကို စိန်ခေါ်တာဖြစ်တာမလို့ သူမအနေနဲ့ ရှုံးသွားတဲ့အခါ သူမတို့သဘောတူထားတဲ့အတိုင်း လုပ်သင့်လေသည်။
ချူးဖေ့ဟန်ရဲ့ လက်ဆစ်ချိုးနေတဲ့အသံကြောင့် ကြောက်လန့်သွားပြီး ကောင်မလေးက "အဘွား"ဟု ထုတ်ပြောလိုက်လေသည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၀၀၁ နှိမ့်ချလွန်းပြန်ရင်လည်း ကြောင်သူတော်ကြွက်သူခိုးထင်ပြန်ဦးမယ်
"ဟား-ဟား၊ ဟား-ဟား"
ထိုအရာကိုကြားတဲ့အခါ လူတွေဟာ လှောင်ပြောင်စိတ်အပြည့်ဖြင့် အော်ရယ်ကြလေသည်။
ကောင်မလေးဟာ သတိပြန်ဝင်လာပြီး ရှက်သွားသော်လည်း ထိုအရာဟာ ဖြစ်ပျက်ပြီးပြီဖြစ်သည်။ သူမအနေနဲ့ သူမရဲ့စကားကို ပြန်နှုတ်လို့လဲမရတော့ပေ။ ချူးဖေ့ဟန်ကို စိုက်ကြည့်လိုက်ပြီးနောက် ကောင်မလေးဟာ ထွက်ပြေးသွားလေသည်။
"စောင့်ကြည့်နေလိုက်"ဟု သူမကပြောသည်။
ကောင်မလေးက လက်တုန့်ပြန်မှာ အသိသာပင်ဖြစ်သော်လည်း ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေဟာ လုံးဝမကြောက်ပေ။
အကုန်ပြီးတာနဲ့ ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေဟာလည်း ထွက်လာလေသည်။ သူတို့က လူတွေကြားထဲမှ ထွက်လာပြီး ဟန်ချန်းလင်နဲ့ သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းနှစ်ယောက်ဟာ အနီးအနားမှာရပ်၍ သူတို့ကိုကြည့်နေတာကို တွေ့လေသည်။ သူတို့သုံးယောက်စလုံးဟာ အံဩနေလေသည်။ ကုနင်းက အနီဝိုင်းကို လက်ပစ်မြှား၁၀ချောင်းလုံးနဲ့ထိအောင် ပစ်လိုက်တာ တစ်ခုလုံးကို သူတို့တွေ့လိုက်တယ်ဖြစ်သော်လည်း ချူးဖေ့ဟန်က သူတို့ကို ထပ်ပြီးရိုက်နှက်မှာစိုးသော်ကြောင့် သူတို့က သူမတို့ကို စကားလာမပြောရဲပေ။
လက်စသတ်တော့ ချူးဖေ့ဟန်ရဲ့ သူငယ်ချင်းတွေဟာ ချူးဖေ့ဟန်ထက်တောင် ထူးချွန်နေလေသည်။
ဟန်ချန်းလင်ကို ချူးဖေ့ဟန်မြင်လိုက်တာနဲ့ တပြိုင်နက် သူမဟာ စိတ်ရှုပ်သွားပုံပေါ်သော်လည်း ဟန်ချန်းလင်က သူမနဲ့ ခပ်လှမ်းလှမ်းမှာ နေနေတာ ဖြစ်တာကြောင့် သူမက ဘာမှမပြောပေ။
ထို့နောက် သူတို့ဟာ အခြားဘက်တစ်နေရာကို ဦးတည်သွားလေသည်။ သို့သော်လည်း ဟန်ချန်းလင်နဲ့ သူ့ရဲ့သူငယ်ချင်းတွေဟာ သူတို့နောက် မနီးမဝေးမှ လိုက်လာနေလေသည်။ ချူးဖေ့ဟန်ဟာ မကျေမနပ်ဖြစ်သွားပြီး သူတို့ကိုလှည့်ပြီး ပညာပေးရန်လုပ်လိုက်သော်လည်း ကုနင်းက တားလိုက်လေသည်။
"ကဲပါ ဘေးမှာလူတွေအများကြီးရှိနေတဲ့ဟာ။ ဒီနေရာက ပြည်သူပိုင်လေ။ နင်သူတို့ကို သွားပြီးတိုက်ခိုက်ရင် မသင့်တော်ဘူး။ ငါတို့ကို လာမရှုပ်သေးသ၍ သူတို့နောက်ကလိုက်လာချင်ရင်လဲ လိုက်ခိုင်းလိုက်"ဟု ကုနင်းကပြောသည်။ သူမက ဟန်ချန်းလင်ကို မမုန်းတာကြောင့် ကြမ်းကြမ်းတမ်းတမ်းလုပ်ဖို့ မလိုဘူးလို့ ထင်လေသည်။
ကုနင်းကထိုသို့ပြော၍ ချူးဖေ့ဟန် ကဘာမှမလုပ်တော့ပေ။ သေချာစဉ်းစားကြည့်ပြီးနောက် ထိုအရာဟာ ကောင်းတဲ့ဖြေရှင်းနည်းမဟုတ်ဘူးလို့ သူမလဲထင်တာကြောင့် သူတို့ကို ဆက်ပြီးဂရုမစိုက်တော့ချေ။
တစ်ချိန်တည်းမှာပဲ ရှဲ့ယီယီဟာ လက်ပစ်မြှားကစားပြီးနောက် မပျော်မရွှင်ဖြစ်နေလေသည်။
"ယီယီ၊ ဘာဖြစ်လို့လဲ။ နင်အဲဒီကောင်မလေးကို သိလို့လား"ဟု ရှဲ့ယီယီရဲ့ သူငယ်ချင်းတွေက မေးလေသည်။ သူတို့က မိန်းကလေးတွေဖြစ်တာမလို့ ရှဲ့ယီယီရဲ့ ကုနင်းအပေါ်ထားတဲ့ပုံစံဟာ မကောင်းကြောင်း မြင်နိုင်လေသည်။
"ဘာမှမဖြစ်ပါဘူး။ ငါသူမကို မသိဘူး"ဟု ရှဲ့ယီယီကပြောကာ သူမသူငယ်ချင်းတွေ သူမအပေါ် မကောင်းမြင်မှာဆိုး၍ သူမဟာချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားလေသည်။
သူမက ထိုသို့ပြောမှတော့ ရှဲ့ယီယီရဲ့ သူငယ်ချင်းတွေဟာ သူမကို ထပ်ပြီးမေးခွန်းတွေ မမေးတော့ချေ။ တကယ်လို့ ရှဲ့ယီယီသာ ထိုကောင်မလေးကို မသိရင် ကောင်မလေးက လှပပြီး လက်ပစ်မြှားမှာ မယုံနိုင်လောက်အောင် တော်တာကြောင့် မနာလိုဖြစ်နေတာပဲ ဖြစ်ရမည်။
တကယ်တော့ ရှဲ့ယီယီရဲ့ သူငယ်ချင်းတွေဟာလည်းပဲ ကုနင်းကို အနည်းငယ်မနာလိုဖြစ်နေတာမလို့ ရှဲ့ယီယီက ကုနင်းကို မနာလိုဖြစ်တာနဲ့ပဲ သူမက ရှဲ့ယီယီကို အထင်မသေးပေ။
....
ကုနင်းနဲ့ အခြားသူတွေဟာ အနည်းငယ် လည်ပတ်ပြီးနောက် ညနေ၅နာရီထိုးချိန်မှာ ပြန်တော့မှာဖြစ်လေသည်။
ဟန်ချန်းလင်နဲ့ သူ့သူငယ်ချင်းတွေဟာ သူတို့နောက်မှ အချိန်တိုင်းလိုက်နေလေသော်လည်း သူတို့က သူမတို့ကို မနှောင့်ယှက်ရဲပေ။ သူတို့နဲ့ သင့်တော်တဲ့အကွာအဝေးတစ်ခုကနေသာ နေလေသည်။
သူမတို့ထွက်သွားတာကို တွေ့တဲ့အခါ သူတို့လဲ ပန်းခြံကနေထွက်သွားကြသော်လည်း ဒီတစ်ခါတော့ သူမတို့နောက်မှ ဆက်မလိုက်တော့ပေ။
"ဝိုး။ ကောင်မလေးတစ်ယောက်ဖြစ်ပြီး Hummer ရှိတယ်။ သူမက တကယ်ကို ထူးခြားတာပဲ"ဟု ကုနင်းက သူမရဲ့သူငယ်ချင်းတွေနဲ့ ကားမောင်းပြီးထွက်သွားတဲ့အခါ ဟန်ချန်းလင် ကပြောလေသည်။
"ငါဗိုက်ဆာနေပြီ။ ငါတို့အခု တစ်ခုခုသွားစားသင့်ပြီမဟုတ်ဘူးလား"ဟု ဟန်ချန်းလင်ရဲ့သူငယ်ချင်းတွေက အထွန့်တက်ကြလေသည်။ အချိန်ကစောသေးသော်လည်း ဗိုက်ဆာနေပြီဖြစ်သည်။
"သွားစို့"ဟု ဟန်ချန်းလင်က ပခုံးပင့်လိုက်ပြီး ကားအနက်ဆီသို့ လမ်းလျှောက်သွားလေသည်။
ချူးဖေ့ဟန်နဲ့ သူနဲ့က ကျောင်းတစ်ကျောင်းတည်းမှာပဲ စာသင်နေတာဖြစ်လို့ သူတို့အနေနဲ့ နေ့တိုင်းတွေ့နိုင်လေသည်။ သူ့အနေနဲ့ သူမကို အခုချိန်မှာ အလောတကြီးတွေ့ဖို့ရာ မလိုအပ်ပေ။
ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေဟာ အနီးအနားရှိဘဲကင်ရောင်းတဲ့ စားသောက်ဆိုင်ကိုသွားသော်လည်း ကိုယ်ပိုင်အခန်းတွေအားလုံးဟာ လူဦးပြီးဖြစ်တာကြောင့် သူတို့အနေနဲ့ ဟောခန်းထဲမှာပဲ စားရလေသည်။ သို့သော်လည်း သူတို့က သိပ်ဂရုမစိုက်ပေ။ တကယ်တော့ ဟောခန်းထဲမှာ စားစရာတွေပိုများတာကြောင့် သူတို့ရဲ့အစားစားချင်စိတ်ဟာ ပိုများလေသည်။
တိုက်ဆိုင်စွာပင် ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေရောက်ပြီး သူမတို့မှာထားတဲ့ ဟင်းတွေစားပွဲပေါ် တစ်ဝက်လောက် ချပေးနေချိန်မှာပဲ ရှဲ့ယီယီနဲ့ သူမရဲ့သူငယ်ချင်းတွေဟာလည်း အထဲကိုဝင်လာလေသည်။
ကုနင်းက သူမတို့ကိုဂရုမစိုက်သလို အာရုံလဲမထားပေမဲ့လည်း ကုနင်းကို တွေ့တဲ့အခါ ရှဲ့ယီယီရဲ့ အမူအရာဟာ အနည်းငယ် ပြောင်းသွားလေသည်။ ထို့နောက် သူတို့က ကိုယ်ပိုင်အခန်းထဲသို့ ဝင်သွားလေသည်။
"ဘော့စ်၊ အဲ့အမျိုးသမီးကို သိလား"ဟု ချူးဖေ့ဟန်ကမေးသည်။ ရှဲ့ယီယီရဲ့ ကုနင်း အပေါ်မကောင်းတဲ့အကြည့်ကို သူမခံစားမိလေသည်။
"မသိဘူး"ဟု ကုနင်းကပြောသည်။
"နင်အနီဝိုင်းကို လက်ပစ်မြှား၁၀ချောင်းနဲ့ ဆက်တိုက်ထိအောင်ပစ်လိုက်တုန်းက သူမ,အထိနာသွားတာနေမယ်။ သူမက နင့်ကို မနာလိုနေတာဖြစ်မယ်"ဟု ချူးဖေ့ဟန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်လေသည်။ သူမက ထိုအရာဟာ အမှန်ဖြစ်တယ်လို့ ယုံကြည်လေသည်။
"ငါလဲအဲဒီလိုထင်တယ်။ အရမ်းထူးချွန်လွန်းတော့လဲ ဘေးနားကလူတွေရဲ့ မနာလိုမှုတွေကို အလွယ်လေးနှိုးဆနိုင်နေတယ်လို့ ငါထင်တယ်"ဟု ကုနင်းက မောက်မာဟန်ဆောင်ကာ ပြောလိုက်လေသည်။
"ဟား-ဟား၊ ဘော့စ်က တဖြည်းဖြည်းနဲ့ အရေထူလာပြီ။ ဘာပဲဖြစ်ဖြစ် နင်ကတကယ်ထူးချွန်နေတာမလို့ နင်အဲ့လိုထုတ်ပြောလိုက်တော့ နည်းနည်းထူးခြားနေတယ်လို့ ငါခံစားမိတယ်"ဟု ချူးဖေ့ဟန် ကပြောလေသည်။
"အရမ်းနှိမ့်ချလွန်းတာက ကြောင်သူတော်ကြွက်သူခိုး ဖြစ်လွန်းတယ်"ဟု ကုနင်းက လေးနက်စွာပြောလိုက်သည်။
"အေးပါအေ။ နင်နိုင်တယ်"ဟု ချူးဖေ့ဟန် ကလက်လျော့လိုက်လေသည်။ သူမက ကုနင်းနဲ့ ငြင်းခုန်တိုင်း ဘယ်တော့မှ မနိုင်ပေ။
ကုနင်းနဲ့ သူမရဲ့သူငယ်ချင်းတွေ ညစာစားပြီးနောက် ကုနင်းက သူတို့ကို ကျောင်းကို ကားမောင်းပြန်မပို့ခင် အစာကြေစေရန် လမ်းလျောက်သွားကြလေသည်။
လုံထျန်းဟူက မြို့တော်မှာပဲရှိသေးတာကြောင့် ကုနင်းက ဒီည ကျောင်းကို မပြန်တော့သလို မနက်ဖြန်လဲသွားမှာမဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် သူမရဲ့ ဆရာဆီက ခွင့်တောင်းတုန်းက ဘယ်တော့ကျောင်းပြန်တက်မယ်မှန်း သူမဘက်က မပြောထားသည်ဖြစ်ရာ သူမကြိုက်တဲ့အချိန် ပြန်ပြီးသတင်းပို့နိုင်လေသည်။
အဲဒီလိုဆိုရင်တော့ သူမဟာ ဆိုးရွားတဲ့ကျောင်းသူတစ်ယောက် ဖြစ်ပုံပေါ်သော်လည်း သူမက တစ်စုံတစ်ယောက်နဲ့ စိတ်ကူးယဉ်ဆန်တဲ့ဆက်ဆံရေးရှိနေတာမလို့ ထိုသို့မဖြစ်ပေ။ သူမအနေနဲ့ အခြားလေးနက်တဲ့အရာတွေလုပ်ဖို့ လိုအပ်နေလေသည်။
....
ယွမ်ဝမ်ရွေ့ဟာ ရှန်းမိသားစုအိမ်ကို သူနဲ့ ရှန်းယန်ဖုန်းနဲ့ လက်မှတ်ထိုးထားတဲ့ စာချုပ်ကိုရှာဖို့ တစ်စုံတစ်ယောက်ကို လွှတ်လိုက်သော်လည်း မအောင်မြင်ခဲ့ပေ။ လင်ရှောင်းထင်က ယူသွားတာဖြစ်ရမည်ဟု ယွမ်ဝမ်ရွေ့က ချက်ချင်းသဘောပေါက်သွားလေသည်။
သူ့အနေနဲ့ ထိုအရာကိုကိုင်တွယ်ဖို့ နည်းလမ်းစဉ်းစားထားပြီးပြီဖြစ်ပေမဲ့လည်း ယွမ်မိသားစုရဲ့ ဂုဏ်သတင်းကို အတိုင်းအတာတစ်ခုအထိ ထိခိုက်နိုင်တာမလို့ ယွမ်ဝမ်ရွေ့က စိတ်ပူနေဆဲဖြစ်သည်။ သူ့အနေနဲ့ ယွမ်မိသားစုရဲ့ ဂုဏ်သတင်းကို ကယ်ဆယ်နိုင်ဖို့ မျှော်လင့်လေသည်။
နောက်တစ်နေ့ မနက်၁၀နာရီခန့်တွင် ယွမ်ဝမ်ရွေ့က ကုမ္ပဏီမှာ အစည်းအဝေးလုပ်နေစဉ်မှာပဲ ရဲတွေရောက်လာလေသည်။ သူက ရှန်းယန်ဖုန်းရဲ့ မူးယစ်ဆေးမှောင်ခိုမှုနဲ့ တစ်ခုခု ပတ်သတ်နေပြီး ပြည်သူလုံခြုံရေးဌာနကို လိုက်ခဲ့ဖို့လိုကြောင်း သူတို့ကပြောသည်။
ထိုအရာဟာ သိပ်ပြီးအံဩစရာမဟုတ်ပေမဲ့လည်း တကယ်ထိပ်တိုက်ရင်ဆိုင်တွေ့တဲ့အခါမှာ ယွမ်ဝမ်ရွေ့က စိတ်မတည်မငြိမ်ဖြစ်နေသေးလေသည်။ အပြင်မှာတော့ သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးထိန်းချုပ်ထားလေသည်။
ထို့အပြင် အကြီးတန်းစီမံခန့်ခွဲသူတွေရှေ့မှာ သူ့အနေနဲ့ တည်ငြိမ်မှုရှိရမည်ဖြစ်သည်။ သူက ရှန်းယန်ဖုန်းနဲ့ ပတ်သတ်နေတယ်လို့ လူတွေမထင်အောင် တားဆီးရမည်ဖြစ်လေသည်။
"ရှန်းယန်ဖုန်းလား။ ကောင်းပြီလေ။ သူငါ့ကို ခြောက်ချရဲတယ်ပေါ့။ သူ့မိသားစု ဂုဏ်သတင်းကို သူဂရုမစိုက်တော့ဘူးလား"ဟု ယွမ်ဝမ်ရွေ့က ခြောက်ခြခံရကာ အပြစ်မရှိသိအလား ဒေါသထွက်စွာပြောလေသည်။
ယွမ်ဝမ်ရွေ့ထို့သို့ပြောတဲ့အခါမှာ ရှန်းယန်ဖုန်းက လင်မိသားစုဘက်မှ ဖြစ်ပြီး လင်မိသားစုရဲ့ဆွေမျိုးဖြစ်တာမလို့ လင်မိသားစုကို ဦးတည်ပြီးပြောနေတာဖြစ်လေသည်။
အကြီးတန်းစီမံခန့်ခွဲသူအချို့ဟာ ယွမ်ဝမ်ရွေ့က ရှန်းယန်ဖုန်းရဲ့ မသာတဲ့လုပ်ငန်းတွေနဲ့ ပတ်သတ်နေတယ်လို့ အမှန်တကယ်ပင် သံသယရှိနေတာဖြစ်ပေမဲ့လည်း သူ့ရဲ့ ဒေါသတကြီးမေးခွန်းတွေကြောင့် ဘာဖြစ်တယ်ဆိုတာ သဘောပေါက်သွားလေသည်။ သူတို့ဟာ ယွမ်ဝမ်ရွေ့ကို သံသယဆက်မဝင်တော့ဘဲ လင်မိသားစုကို စတင်သံသယဝင်လာလေသည်။
ယွမ်မိသားစုနဲ့ လင်မိသားစုရဲ့ ဆက်ဆံရေးကို လူတိုင်းက သိပြီးဖြစ်တာမလို့ လင်မိသားစုက ယွမ်မိသားစုကို ချောက်ချတယ်လို့ လူတွေအများကြီးက ယုံကြည်သည်ဖြစ်သည်။
"တကယ်တမ်း ဘာဖြစ်တယ်ဆိုတာ ငါမင်းတို့နဲ့လိုက်ပြီး ကြည့်ဦးမယ်။ ဒီလိုအရှက်ခွဲတာကို ငါငြိမ်ခံနေမှာမဟုတ်ဘူး"ဟု ယွမ်ဝမ်ရွေ့က ထွက်ပြေးလို့မရမှန်း နားလည်တာကြောင့် သူ့အတွက်သူ ကောင်းမွန်တဲ့အကြောင်းပြချက် တစ်ခုပေးလိုက်လေသည်။
ထို့နောက် ယွမ်ဝမ်ရွေ့ဟာ ရဲတွေနဲ့အတူ ထွက်သွားပြီး ထိုအရာဟာ ယွမ်အဖွဲ့အစည်းအတွင်းမှာ အံဩစရာသတင်းတစ်ခုဖြစ်သွားလေသည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၀၀၂ ယွမ်ဝမ်ရွေ့ကိုပြန်လွှတ်ပေးခြင်း
"ဥက္ကဌယွမ်ကတကယ်ပဲ ရှန်းယန်ဖုန်းနဲ့အပေးအယူရှိနေတာလား။ အဲ့တာက မူးယစ်ဆေးမှောင်ခိုမှုကြီး"
"မဖြစ်နိုင်တာ။ အဲ့တာက တရားမဝင်ဖူးလေ"
"အဲ့တာတော့ လူတိုင်းသိတာပေါ့။ ဒါပေမယ့်လည်း မူးယစ်ဆေးမှောင်ခိုလုပ်နေတဲ့သူတွေ အပြင်မှာအများကြီးရှိသေးတာပဲဟာ။ ရဲတွေက သူ့ကိုလာခေါ်သွားတဲ့အတွက် သူကအပြစ်ကင်းတယ်လို့တော့ ဘယ်သူမှမပြောနိုင်ဘူး"
"ရှန်းယန်ဖုန်းက ဥက္ကဌယွမ်ကို ချောက်တွန်းနေတာများလား"
"အဲ့တာလဲဖြစ်နိုင်တယ်။ ရှန်းယန်ဖုန်း ကလင်မိသားစုဘက်ကဥစ္စာ။ သူက ယွမ်မိသားစုနဲ့ အပေးအယူလုပ်လိမ့်မယ်လို့ ငါမထင်ဘူး။ အဲ့တာက ချောက်ချတာ ဖြစ်ဖို့များတယ်"
"ဒီတစ်ခါ ရှန်းယန်ဖုန်းကို ဖမ်းတဲ့လူတွေက လင်မိသားစုကလို့ ငါကြားတယ်"
"အဲ့တာက မထူးဆန်းပါဘူး။ အဲ့တာက လင်မိသားစုလုပ်နေကြအရာတွေပဲ။ တကယ်လို့ သူတို့လူတွေအပြစ်ရှိရင်တောင် သူတို့ကဖမ်းဦးမှာပဲ။ အဲ့တာကြောင့်ပဲ သူတို့မှာ ကောင်းတဲ့ဂုဏ်သတင်းရှိနေတာဥစ္စာ"
"အဲ့တာက ခြောက်တွန်းတာဖြစ်ပါစေလို့ပဲ ငါဆုတောင်းတယ်။ မဟုတ်လျင် ကုမ္ပဏီက ရှုပ်ရှက်ခက်ကုန်မှာ"
"...."
ယွမ်အဖွဲ့အစည်းထဲတွင် လူတွေအများစုဟာ ယွမ်ဝမ်ရွေ့က လူကောင်းမလို့ ယုံကြည်ကြတာမဟုတ်ဘဲ ရှန်းယန်ဖုန်းကို လင်မိသားစုက ကာကွယ်ထားတယ်လို့ ခံစားမိကြလို့ဖြစ်သည်။
ယွမ်ဝမ်ရွေ့ကို ရဲတွေက ခေါ်သွားပြီးနောက် သခင်ကြီးယွမ်ဟာ ထိုသတင်းကို ချက်ချင်းတန်းကြားလေသည်။ ထိုအရာဟာ အံဩစရာမဟုတ်တာကြောင့် သခင်ကြီးယွမ် ကတော့ တည်တည်ငြိမ်ငြိမ်ပင်ဖြစ်သည်။
ယွမ်ဝမ်ရွေ့ကို ပြည်သူ့လုံခြုံရေးဌာနသို့ ခေါ်သွားပြီးပြီးချင်း စစ်ကြောရေးခန်းထဲသို့ တန်းမထည့်လိုက်ပေ။ သူက ယွမ်မိသားစုဝင်ဖြစ်တာမလို့ ဖြစ်သည်။ တကယ်လို့ သူကသံသယရှိတဲ့တရားခံဖြစ်တောင် သူ့မှာအပြစ်ရှိကြောင်းမကြော်ညာခင် ရဲတွေကသူ့ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာမဟုတ်ပေ။ ထို့ကြောင့် ယွမ်ဝမ်ရွေ့ကိုရုံးခန်းထဲကို ခေါ်သွားကာ ပြည်သူ့လုံခြုံရေးဌာနရဲ့ ဒါရိုက်တာ ကိုယ်တိုင်က စစ်ကြောမေးမြန်းလေသည်။
ဒါရိုက်တာက အခြား စီနီယာခေါင်းဆောင်တစ်ယောက်အပေါ်မှာ အမှုထမ်းနေတာဖြစ်သည်။ သူက လင်မိသားစုအတွက် အလုပ်လုပ်နေတာမဟုတ်သလို၊ ထိပ်တန်းခေါင်းဆောင်တွေ ဒါမှမဟုတ် ယွမ်မိသားစုအပေါ်မှာ အမှုထမ်းနေတာလဲမဟုတ်ပေ။
ဒီအမှုကို သူကိုယ်တိုင်ကိုင်တွယ်ရင် မသင့်တော်တာကြောင့်နှင့် ဒီတစ်ခါမှာတော့ ယွမ်ဝမ်ရွေ့ကို လုံးဝအလွတ်မပေးချင်တာကြောင့် လင်ရှောင်းထင်က သူ့အစား ဒီအမှုကို ဖြေရှင်းရန် ဒါရိုက်တာကို ပြောလိုက်တာဖြစ်သည်။ တကယ်လို့ သူသာ ယွမ်ဝမ်ရွေ့ကို တင်းတင်းကျပ်ကျပ်စုံစမ်းစစ်ဆေးရင် ယွမ်မိသားစုကအပြစ်တင်တဲ့ ဂိမ်းကိုကစားမှာဖြစ်ပြီး လင်မိသားစုကို ထိခိုက်အောင်လုပ်ဖို့ကြိုးစားမှာ သူသိလေသည်။
ထို့အပြင် ယွမ်ဝမ်ရွေ့ဟာ ရှန်းယန်ဖုန်းနဲ့ အပေးအယူရှိသော်လည်း ထိုအရာဟာ မအောင်မြင်သေးပေ။ တကယ်လို့ သူက ယွမ်ဝမ်ရွေ့ကို တင်းတင်းကျပ်ကျပ် စုံစမ်းစစ်ဆေးတောင် ယွမ်ဝမ်ရွေ့ဟာ ကြီးမားတဲ့အပြစ်ဒဏ် ကျခံရမှာမဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် သူ့အနေနဲ့ ယွမ်ဝမ်ရွေ့ကိုအလွတ်ပေးလိမ့်မည်မဟုတ်ပေ။ လင်ရှောင်းထင်က ယွမ်ဝမ်ရွေ့ကို ဒီအမှုကနေ ခွဲထုတ်လိုက်မှာဖြစ်သော်လည်း ရှန်းယန်ဖုန်းလုပ်ထားတဲ့ အပေးအယူဟာ ဦးနှောက်စားစရာဖြစ်လာမှာ ဖြစ်သည်။ ယွမ်ဝမ်ရွေ့က ရှန်းယန်ဖုန်းနဲ့ တကယ်ရော အပေးအယူရှိလားဆိုတာ ဘယ်သူမှ သေချာမှာမဟုတ်ပေ။
အဲ့တာဆိုရင်တော့ လူအချို့ဟာ ယွမ်ဝမ်ရွေ့အပေါ်ယုံကြည်မှာဖြစ်ပြီး အချို့ကတော့ မယုံကြည်ဘဲ သူကအပြစ်ရှိတယ်ဖြစ်ပြီး သူ့ရဲ့အဆင့်အတန်းကြောင့်သာ အပြစ်မပေးခံရမယ်လို့ ထင်မည်ဖြစ်သည်။
ထိုအတိုင်းပင် ယွမ်ဝမ်ရွေ့က အဆင်ပြေနိုင်ပေမဲ့လည်း သူ့ဂုဏ်သတင်းကတော့ အရမ်းထိခိုက်သွားနိုင်ကာ ယွမ်မိသားစုကိုလည်း ရိုက်ခိုက်သွားနိုင်လေသည်။
ပြည်သူ့လုံခြုံရေးဌာနရဲ့ လုပ်ရိုးလုပ်ထုံးစည်းကမ်းတွေ အတိုင်းပင် ယွမ်ဝမ်ရွေ့ကို စစ်ကြောမေးမြန်းခဲ့ပြီး ယွမ်ဝမ်ရွေ့က စွပ်စွဲမှုမှန်သမျှကိုလည်း ငြင်းပယ်ခဲ့လေသည်။
ဌာနဒါရိုက်တာက သူနဲ့ ရှန်းယန်ဖုန်းတို့ ထိုးထားတဲ့စာချုပ်ကို ထုတ်ပြလေသည်။ ယွမ်ဝမ်ရွေ့က သူလက်မှတ်ထိုးထားကြောင်း ဝန်ခံပေမဲ့လည်း စာချုပ်ထဲမှာ ရွှေအကြောင်းရေးထားပြီး သူလက်မှတ်ထိုးထားတာဖြစ်ကြောင်းနဲ့ မူးယစ်ဆေးအကြောင်းမဟုတ်ကြောင်း ပြောသည်။
အကြောင်းပြချက်ကတော့ ယွမ်မိသားစုက လက်ဝတ်ရတနာဆိုင်တစ်ဆိုင်ဖွင့်ချင်တာဖြစ်ပြီး ရွှေလိုအပ်နေလိုဟူ၍ဖြစ်သည်။ ရှန်းယန်ဖုန်းက သူရွှေလုပ်ငန်းလုပ်ကိုင်နေကြောင်းပြောတာကြောင့် ယွမ်မိသားစုက သူနဲ့အပေးအယူလုပ်တာဖြစ်ကြောင်း ပြောလေသည်။
ယွမ်ဝမ်ရွေ့ရဲ့အကြောင်းပြချက်တွေဟာ ယုံကြည်ချင်စရာမကောင်းပေမဲ့လည်း သူ့ကိုလွှတ်ပေးဖို့ရည်ရွယ်ထားသည့်အတွက် ရဲတွေကသူ့ကို ဘာမှထပ်မမေးတော့ပေ။ ယွမ်ဝမ်ရွေ့က လင်မိသားစုကို အပြစ်မဖို့ခင်မှာဘဲ ဒါရိုက်တာ သူသွားနိုင်ပြီဖြစ်ကြောင်း ပြောလေသည်။
ရှန်းယန်ဖုန်းက ပြစ်မှုချခံထားရပြီးဖြစ်၍ ရှေ့လျှောက်စုံစမ်းမှုတွေကိုလည်း ပူးပေါင်းပါဝင်ပေးဖို့ ဒါရိုက်တာက သူ့ကိုပြောလေသည်။
သူက အပြစ်ကင်းကြောင်းပြသဖို့အတွက် ယွမ်ဝမ်ရွေ့ကသဘောတူလိုက်လေသည်။ သို့သော်လည်း သူကပြစ်မှတ်မဟုတ်ဘူးလို့ သူစိတ်ထဲထင်နေကာ အဖြစ်နိုင်ဆုံးအကြောင်းပြချက်က လင်မိသားစုက သူ့ကိုလွှတ်ပေးဖို့စီစဉ်ထားပြီးဖြစ်မည်ဟု ခံစားမိလေသည်။
အဲ့တာဆိုရင်တော့ လင်မိသားစုက အထိအခိုက်မခံချင်ရင်ဖြစ်နိုင်သော်လည်း လင်မိသားစုက ယွမ်မိသားစုက ကြောက်မယ်လို့တော့ သူ,မထင်ပေ။ လင်မိသားစုက ဒီတစ်ကြိမ်မှာ ရှန်းယန်ဖုန်းကိုပဲ အပြစ်ပေးချင်လို့ပဲ ဖြစ်ရင်ဖြစ်နိုင်လေသည်။
ယွမ်ဝမ်ရွေ့ ထွက်သွားတာနဲ့တပြိုင်နက် သူက သခင်ကြီးယွမ်ဆီ သတင်းပို့လေသည်။ သခင်ကြီးယွမ်ဟာလည်း သူ့လိုပဲထင်လေသည်။ ထိုအရာဟာ မကောင်းတဲ့ရလဒ်မဟုတ်တာကြောင့် ပြည်သူ့လုံခြုံရေးဌာနနဲ့ ပူးပေါင်းပေးရန် သခင်ကြီးယွမ်က သူ့ကိုပြောလေသည်။
ယွမ်ဝမ်ရွေ့ကို ရဲတွေကခေါ်သွားပြီး မကြာခင်မှာပဲ ပြန်လွှတ်လိုက်ကြောင်း သတင်းတွေဟာ ပြန့်နှုန့်သွားလေသည်။ ယွမ်ဝမ်ရွေ့က ရှန်းယန်ဖုန်းပါဝင်ပတ်ထားတဲ့ မူးယစ်ဆေးမှောင်ခိုမှုနဲ့ ဘာမှမပတ်သတ်ဖူးလို့ လူတွေအများစုဟာ ထင်ကြသော်လည်း အချို့ကတော့ မယုံပေ။
မြို့တော်မှာရှိတဲ့ ပြည်သူလုံခြုံရေးဌာနဟာ အရေးပါတဲ့နေရာဖြစ်တာမလို့ ရဲတွေက သက်သေရှိလို့သာ ဖမ်းခေါ်သွားတာဖြစ်ရမည်။ ယွမ်ဝမ်ရွေ့က သူ့မိသားစုကြောင့် လွတ်လာတာဖြစ်ရမည်ဟု သူတို့ကယုံကြည်လေသည်။
ယွမ်ဝမ်ရွေ့ကို သံသယဝင်နေဆဲဖြစ်သော်လည်း ယွမ်ဝမ်ရွေ့နဲ့ ယွမ်မိသားစုကတော့ သူအန္တရာယ်ကင်းတာမလို့ ဂရုမစိုက်ပေ။ တကယ်လို့ သူသာရဲဖမ်းတာ တကယ်အခံရရင် သူ့မှာအပြစ်ရှိကြောင်း သေချာသွားမည်ဖြစ်ပြီး ယွမ်မိသားစုရဲ့ ဂုဏ်သတင်းဟာလည်း ပျက်စီးသွားမည်ဖြစ်သည်။
ရုန်ကြွယ်ဟာ ထိုအမှုအကြောင်းကို အချိန်တိုင်း နားစွင့်နေလေသည်။ လင်မိသားစုက ခိုင်လုံတဲ့သက်သေမရှိတာကြောင့်လား ယွမ်ဝမ်ရွေ့ကို တမင်တကာပဲလွှတ်လိုက်တာလားဆိုတာ သူသေချာတော့မသိပေ။ အဘယ့်ကြောင့်ဆိုသော် ယွမ်ဝမ်ရွေ့ရဲ့ ရှန်းယန်ဖုန်းနဲ့မူးယစ်ဆေးအပေးအယူကိစ္စကို လင်မိသားစုက သိလားမသိလားဆိုတာကို သူ,မသိ၍ဖြစ်သည်။
ယွမ်ဝမ်ရွေ့က ရှန်းယန်ဖုန်းနဲ့ တကယ်ပဲ မူးယစ်ဆေးအပေးအယူ လုပ်နေတယ်ဆိုတဲ့ သက်သေသူ့မှာရှိသော်လည်း သူကအခုချိန်မှာ ထုတ်ပြမှာမဟုတ်ပေ။
ရှန်းယန်ဖုန်းနဲ့ ယွမ်ဝမ်ရွေ့ရဲ့ အပေးအယူဟာ မအောင်မြင်သွားတာမလို့ ပြစ်မှုမမြောက်ကာ တကယ်လို့ သူ့ဘက်က သက်သေထုတ်ပြရင်တောင် သူ့အနေနဲ့ ယွမ်ဝမ်ရွေ့ကို အပြစ်ပေးနိုင်မှာမဟုတ်ပေ။ ယွမ်မိသားစုက အားမနည်း၍ဖြစ်သည်။
ထို့အပြင် တကယ်လို့ ယွမ်မိသားစုကသာ ထိုကိစ္စအတွက်နဲ့ အငြိုးထားသွားရင် ရုန်မိသားစုအတွက်လည်း ကောင်းတဲ့အရာမဟုတ်၍ဖြစ်သည်။
ထို့အရာကြောင့်ပဲ ယွမ်ဝမ်ရွေ့က ရှန်းယန်ဖုန်း နဲ့တကယ်ပဲ အပေးအယူ လုပ်ထားတယ်ဆိုတဲ့ သက်သေ လင်ရှောင်းထင်မှာ မရှိတာမဟုတ်ကြောင်း ရုန်ကြွယ် ကခံစားမိလေသည်။ လင်မိသားစုက ယွမ်မိသားစုနဲ့ ရန်ငြိုးမဖွဲ့လိုတာကြောင့်လိုပဲ သူယုံကြည်လေသည်။
"ရုန်၊ ငါတို့အခုချိန်မှာ သက်သေကို ထုတ်ပြဖို့လိုလား"ဟု ရုန်ကြွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက်က ထိုကိစ္စကို အများကြီးမတွေးတာမလို့ ယွမ်ဝမ်ရွေ့က အန္တရာယ်ကင်းတယ်ဆိုတာကို သူသိတဲ့အခါ ရုန်ကြွယ် အားမေးလေသည်။
"မလိုဘူး"ဟု ရုန်ကြွယ်ကပြောကာ သူ့အဖွဲ့ဝင်အား သူသုံးသပ်မိတာတွေကိုပြောပြလိုက်ရာ သူ့အဖွဲ့ဝင်က သက်သေကို ထုတ်မပြလိုက်တာ ကောင်းမည်မှန်း သိရှိသွားလေသည်။
....
Yနိုင်ငံတွင် ခရစ်တန်မိသားစုက ချားစ်ကိုသတ်တဲ့ လူသတ်သမားဟာ ဘယ်သူလဲဆိုတာ ရှာဖွေတာ မအောင်မြင်ပေ။ ထိုအရာကြောင့် စုံစမ်းစစ်ဆေးတာကို လက်မလျော့သော်လည်းပဲ သူတို့ကို စိတ်အားလျော့စေလေသည်။
ကျီမိသားစုရဲ့ စီးပွားရေးဟာ ပုံမှန်ပြန်ဖြစ်သွားလေသည်။
ကိုလိန်းကိုပို့ထားတဲ့ သုန်းဖန်းမိသားစုနဲ့ ကျင်းမိသားစုက သူလျှိုတွေပေါ်သွားပြီးနောက် သူတို့က နောက်ထပ်လူတစ်စု ထပ်ပို့လိုက်လေသည်။ ဒီတစ်ကြိမ်မှာတော့ ပို့သမျှလူအားလုံးဟာ သူတို့မိသားစုရဲ့ မိသားစုဝင်တွေဖြစ်လေသည်။
ကျင်းကျီနဉ်က ထိုသတင်းကို လင်ရှောင်းထင်ကို ပြောပြပြီးနောက် လင်ရှောင်းထင်က ကုနင်း ကိုပြောပြလေသည်။
ဒီတစ်ကြိမ်တွင် သုန်းဖန်းမိသားစုက သုန်းဖန်းမိသားစုရဲ့ အကြီးဆုံးသားဖြစ်ပြီး သုန်းဖန်းကျီယွီရဲ့အစ်ကိုအကြီးဆုံးဖြစ်တဲ့ သုန်းဖန်းကျင်းဟုန်ကိုလွှတ်လိုက်လေသည်။
သုန်းဖန်းကျင်းဟုန်ဟာ သုန်းဖန်းကျီယွီ လောက်ပါရမီ မရှိတာမလို့ သူဟာ သုန်းဖန်းမိသားစုထဲမှာ သူမ,လောက် အာရုံစိုက်ခံရမှုမရရှိပေ။ အခုချိန်မှာ ကွန်ဖူးပြိုင်ပွဲနီးလာပြီဖြစ်ပေမဲ့လည်း သူ့ကိုအပြင်ထွက် ထမ်းဆောင်ရမဲ့ တာဝန်ပေးခံရလေသည်။ ထိုအရာဟာ သူ့ရဲ့ကျင့်ကြံခြင်းအချိန်တွေကို ဖြုန်းတီးတော့မှာ ဖြစ်လေသည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၀၀၃ ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်ထုတ်လွှင့်ပြီ
သုန်းဖန်းကျင်းဟုန်က ထိုအရာနဲ့ပတ်သတ်ပြီး မကျေမနပ်ဖြစ်သော်လည်း ဘာမှမပြောရဲပေ။ တကယ်လို့သူပြန်ပြောခဲ့ရင် သုန်းဖန်းမိသားစုရဲ့ ခေါင်းဆောင်ဟာ သူ့အပေါ်စိတ်ဆိုးသွားနိုင်ကာ ဆုံးရှုံးမှုများနိုင်လေသည်။
ဘာပဲဖြစ်ဖြစ် ဒီတစ်ကြိမ်ပွဲမှာ သူ့ကိုယ်သူ ယုံကြည်ချက် သိပ်မရှိတာမလို့ လဝက်စာ ကျင့်ကြံမှုနဲ့လည်း ဘာမှပြောင်းလဲသွားမှာမဟုတ်ပေ။ ထို့ကြောင့် သူကသည်းခံဖို့ ဆုံးဖြတ်လိုက်လေသည်။
ကျင်းမိသားစုကတော့ ကျင်းယောင်ရုန် ရဲ့အကြီးဆုံးသား ကျင်းယွင်ဖေးကိုလွှတ်လိုက်လေသည်။
ကျင်းယွင်ဖေးက ကျင်းယွင်ယောင်နဲ့ သက်တူရွယ်တူပဲ ဖြစ်တာမလို့ ကွန်ဖူးပြိုင်ပွဲမှာ ပါဝင်ဖို့ အသက်အရွယ်အကန့်အသတ် မဝင်ပေ။ ထိုအရာဟာ သူ့ရဲ့အချိန်ကို ဖြုန်းတာသာဖြစ်သည်။
ကျင့်ကြံသူတစ်ယောက်အနေနဲ့ ကျင်းယွင်ဖေးက အတော်အသင့်တော့ ပါရမီပါသော်လည်း ကျင်းကျီနဉ်ထက်တော့ မသာလွန်ပေ။
ယင်မိသားစုကလည်း ထိုသတင်းကို ကြားတာမလို့ လူလွှတ်လိုက်လေသည်။ ထိုလူဟာ ယင်မိသားစု ဒုတိယသားရဲ့ ဒုတိယမြောက်သား၊ ယင်ရှီရွှမ်းရဲ့ ညီ၊ ယင်ရှီယီဖြစ်လေသည်။
ယင်ရှီယီဟာလည်း ကျင်းယွင်ဖေးလိုပဲ အလယ်မျိုးဆက်ကဖြစ်တာမလို့ ပြိုင်ပွဲမှာပါဝင်ဖို့ရန် အသက်ကြီးလွန်းနေပြီဖြစ်လေသည်။
ယင်မိသားစုက ယင်ရှီရွှမ်းကိုရှာရန် ယင်ရှီယီကို စေလွှတ်လိုက်ခြင်းဖြစ်သည်။ ယင်ရှီရွှမ်းနဲ့ အဆက်အသွယ်မရတာကြာပြီဖြစ်ပြီး ယင်မိသားစုက သူသေသွားပြီဆိုတာကို မသိပေ။
....
"စစ်တပ်စခန်းကို ရှင်ဘယ်တော့ပြန်မှာလဲ"ဟု ကုနင်းက လင်ရှောင်းထင်အား မေးလေသည်။ သူမက သူ့ကိုမထွက်သွားစေချင်ပေမဲ့လည်း တကယ်လို့ သူသာမြို့တော်မှာနေရင် သူတို့က သူ့ကိုရှာတွေ့သွားမှာ စိုးရိမ်တယ်ဖြစ်သည်။
"ရှန်းယန်ဖုန်းရဲ့အမှုကိစ္စကို တခြားတစ်ယောက် လွှဲယူလိုက်တာမလို့ ကိုယ်မနက်ဖြန် ပြန်ရမှာ။ ကိုယ့်မှာ ထမ်းဆောင်ရမဲ့တာဝန်အသစ်ရှိပြီးတော့ ယွင်စီရင်စုရဲ့ နယ်စပ်ဘက်ကို သွားရမှာ"ဟု လင်ရှောင်းထင် ကပြောသည်။ တကယ်လို့ သူကမြို့တော်မှာနေချင်ရင်တောင် သူ့မှာခွင့်ပြုချက်မရှိတာမလို့ အခုချိန်မှာတော့ သူက အန္တရာယ်ကင်းလေသည်။
ကုနင်းနဲ့ အချိန်အကြာကြီးခွဲရဦးမယ်ဆိုတာကို တွေးပြီးနောက် လင်ရှောင်းထင်ဟာမသွားချင်ပေ။ သူ့အနေနဲ့ ကုနင်းနဲ့အတူ အခုရှိနေတဲ့အချိန်လေးကို အပြည့်အသုံးချပြီး အခွင့်အရေးကို အရယူရမည်ဖြစ်သည်။
တုန့်ဆိုင်းမနေတော့ပဲ လင်ရှောင်းထင် ဟာ ဆိုဖာခုံပေါ်က ကုနင်းဆီကို ပြေးဝင်လိုက်ကာ သူမကိုနူးညံစွာနမ်းလျက် သူ့လက်တွေက သူမရဲ့ခန္တာကိုယ်အနှံ ဆုပ်နှယ်ကိုင်တွယ်လေသည်။
"နင်းနင်း၊ ကို-ကိုယ့်ခန္တာကိုယ်ကို ကိုင်"ဟု လင်ရှောင်းထင်က တောင်းဆိုလေသည်။
ထိုအရာကိုကြားတဲ့အခါ ကုနင်းကလည်း သူ့ခန္တာကိုယ်ကို ကိုင်တွယ်ဆုပ်နှယ်လေသည်။ သူမက သူ့ရဲ့ဗိုက်ကြွက်သားတွေကို ဆွဲလမ်းနေတာဖြစ်သည်။
"အောက်ကို တိုး"
ကုနင်းဟာ အနည်းငယ်ရှက်သွားသော်လည်း သူ့ပြောတာကို နားထောင်လျက် သူဖြစ်စေချင်သည့်အရာကို ကိုင်လိုက်လေသည်။
ချစ်တင်းနှောမှုဟာ အချိန်အကြာကြီး ကြာတင်ကာ ခဏတာ နားပြီးနောက် သူတို့ နောက်တစ်ကြိမ် ထပ်လုပ်ကြပြန်လေသည်။ ကံကောင်းစွာပင် သူတို့နှစ်ယောက်လုံးဟာ သာမာန်လူတွေထက် သန်မာတာကြောင့် သူတို့အနေနဲ့ ကြင်ကြင်နာနာပင် အကြိမ်ကြိမ် ချစ်တင်းနှောနိုင်လေသည်။
ကုနင်းကအစက ဒီနေ့ သူမရဲ့ကုမ္ပဏီကိုသွားဖို့ စီစဉ်ထားတာဖြစ်ပေမဲ့ လင်ရှောင်းထင်က သူမကို လွှတ်မပေးပေ။ သူတို့ ပြီးပြီး နားတဲ့အချိန်မှာတော့ နေ့လည်ရောက်ပြီးနေပြီဖြစ်တာမလို့ ကုနင်းက သူမရဲ့ အစီအစဉ်ကိုလက်လျော့ဖို့ ဆုံးဖြတ်လိုက်ကာ မနက်ဖြန်မှ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်လေသည်။
တနေ့လုံး သူတို့ဟာ ကြာရှည်ပြီး ကြင်နာတဲ့ ချစ်တင်းနှောမှုတွေရှိခဲ့ပေမဲ့လည်း လင်ရှောင်းထင်က မကျေနပ်သေးကာ ညမှာထပ်လုပ်ဖို့ရန် ကုနင်းကို ပြောလေသည်။
လင်ရှောင်းထင်က မြို့တော်ကထွက်သွားတော့မှာဖြစ်ပြီး ဘယ်အချိန်မှ ပြန်လာမယ်မှန်းမသိတာကြောင့် သူတို့မခွဲခွာခင်မှာ သူ့အနေနဲ့ ဝအောင် ချစ်တင်းနှောချင်လေသည်။
နောက်တစ်နေ့မနက်ခင်းမှာတော့ ကုနင်း နိုးတာနဲ့တပြိုင်နက် လင်ရှောင်းထင်က ကုနင်းနဲ့ထပ်ပြီး ချစ်တင်းနှောလေသည်။ သူမ,ပင်ပန်းမှသာ သူကလွှတ်ပေးလေသည်။ ထို့နောက် လင်ရှောင်းထင်က သူမကိုနားဖို့ပြောကာ အိပ်ရာမှထပြီး မနက်စာသွားပြင်လေသည်။
ကုနင်းက အနည်းငယ်အိပ်လိုက်ပြီး မနက်စာ အဆင်သင့်ဖြစ်တဲ့အချိန်တွင် ထလာလေသည်။
လင်ရှောင်းထင်က မနက်ခင်းမှာတင်ပဲ ထွက်သွားရမှာမလို့ သူတို့ဟာ တံခါးကထွက်လာပြီးနောက် ကိုယ့်လမ်းကို သွားကြလေသည်။ လင်ရှောင်းထင်က စစ်အခြေစိုက်စခန်းကို ပြန်မှာဖြစ်ပြီး ကုနင်း ကတော့ ကုမ္ပဏီကိုသွားမှာ ဖြစ်သည်။
ကိုလိန်းမှာ သူလျှိုရှာတွေ့ပြီးကတည်းက ကုနင်းက Kကို သူတို့ကို တိုက်ခိုက်ဖို့ နောက်ထပ်လူတွေရှိသေးလားဆိုတာ ကုမ္ပဏီကို စောင့်ကြည့်သတိထားရန် ပြောထားလေသည်။ သူတို့ဟာ အခုလောလောဆယ်တော့ သူလျှိုတွေ ထပ်မတွေ့တော့ပေ။ သို့သော်လည်း ကုနင်းက ကုမ္ပဏီကို ရောက်တာနဲ့တပြိုင်နက် အနီးအနားတွင် ကျင့်ကြံသူတွေရဲ့ အရှိန်အဝါကို အာရုံခံမိသော်လည်း သူမက အကျင့်ရနေပြီမလို့ မအံဩပေ။
ထို့အပြင် လင်ရှောင်းထင်က သူမကို မနေ့ညက ပြောထားတာမလို့ ကျင့်ကြံသူတွေဟာ လူသစ်တွေဖြစ်မယ်ဟု သူမ,တွေးမိလေသည်။
သူမဟာ အကြည့်တစ်ချက်နဲ့တင် မြင်နိုင်တာမလို့ ကုနင်းဟာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကို ချက်ချင်းသုံးလိုက်လေသည်။
ထူးဆန်းတဲ့ ကျင့်ကြံသူတွေရှိနေလေသည်။ သူက သေမျိုးလောကက အသက်၄၀အရွယ် အမျိုးသားတစ်ယောက် ဖြစ်လေသည်။
သူတို့အတွက် သူမရဲ့ကုမ္ပဏီမှာ အသုံးဝင်တာဘာမှမရှိတာမလို့ ကုနင်းကသူ့ကို အာရုံမစိုက်တော့ပေ။
ကုမ္ပဏီမှာ မနက်ခင်းတစ်ခင်းလုံး အချိန်ဖြုန်းပြီးနောက် နေ့လည်စာ စားချိန်တွင် ကုနင်းက စစ်ဟယ်ယွမ်ကို ပြန်သွားလေသည်။
အပြင်ဘက်က ကျင့်ကြံသူကြောင့် ကုနင်းအနေနဲ့ သူမရဲ့ကားကို မောင်းပြီး သွားလို့အဆင်မပြေတာမလို့ ထို့အစား သူမက Kကို ပို့ပေးရန်ပြောလိုက်သည်။
"ဘော့စ်၊ လုံခြုံရေးကင်မရာတွေ စစ်ပေးဖို့ လိုသေးလား"ဟု တစ်စုံတစ်ယောက်က ကုနင်းအပေါ်မှာ သူလျှိုလုပ်နေတယ်ဆိုတာကို ကြားတာနဲ့ Kက မေးလေသည်။
"မလိုဘူး။ သူဘယ်သူလဲဆိုတာ ငါသိတယ်။ ငါတို့အနေနဲ့ သူ့ကို ရှောင်နေဖို့ပဲလိုတာ"ဟု ကုနင်းက ငြင်းလိုက်လေသည်။
"ပြီးတာပဲ"ဟု ကုနင်းက ထိုသို့ပြောနေမှတော့ Kကဘာမှ ထပ်မပြောတော့ပေ။ သူက ကုနင်းရဲ့ အရည်အချင်းတွေပေါ်မှာ ယုံကြည်လေသည်။ တကယ်လို့ သူမက မန္တရာယ်တစ်ခုခုကြုံတောင် သူမကိုယ်သူမ ကာကွယ်နိုင်လေသည်။
"အို၊ ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်ကို ကြည့်လိုက်သေးလား"ဟု Kကမေးသည်။
ကုနင်းက တစက္ကန့်မှ ကြောင်အသွားကာ ပြန်ပြောလေသည်။ "မကြည့်ရသေးဘူး။ လွှင့်နေပြီလား"
"ဟုတ်တယ်။ မနေ့ကပဲ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို TVမှာလွင့်တာပဲ။ ပရိသတ်တွေက ကြိုက်ကြတယ်။ လွန်ခဲ့တဲ့ ၃နှစ်အတွင်းမှာ ကြည့်ရှုမှုနှုန်း အမြင့်ဆုံးပဲ"
Kက TV Showတွေမှာ သိပ်စိတ်မဝင်စားပေ။ အထူးသဖြင့် ရှေးခေတ်အချိန်က အကြောင်းရိုက်ထားတာတွေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တကယ့် သမိုင်းကြောင်းအခြေခံမရှိဘဲ စစ်မှန်မှုမရှိဘူးလို့ ခံစားရတာကြောင့်ဖြစ်သည်။ သို့သော်လည်း ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်ကို သူတည်းဖြတ်တာမလို့ ကြည့်လိုက်တာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ခံစားမိလေသည်။
သမိုင်းကြောင်းအခြေခံက အစစ်အမှန်မဟုတ်ပေမဲ့လည်း ဇာတ်လမ်းဇာတ်ကွက်တွေက ဆွဲဆောင်မှုရှိလေသည်။ သူ့ရဲ့ တည်းဖြတ်တာတွေ၊ ရုပ်ပုံတွေရဲ့ အရည်အသွေးတွေနဲ့ အထူးပြုလုပ်ချက်တွေဟာ ပေါင်းလိုက်တဲ့အခါမှာ ဇာတ်ကားဟာ ဆီလျော်မှုရှိကာ စီးမောဖွယ်ကောင်းလေသည်။ ပရိသတ်ဟာ သမိုင်းကြောင်းအခြေခံ အတုကိုတောင် ဂရုမစိုက်တော့ပေ။
ထို့အတူပင် တည်းဖြတ်သူတစ်ယောက်အနေနဲ့ သူ့အပေါ်မှာ အကောင်းမြင်တဲ့မှတ်ချက်တွေ အများကြီးရရှိတာမလို့ ကျေနပ်နေလေသည်။
"တကယ်လား"ဟု ကုနင်းက ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန် ကျော်ကြားမယ်ဆိုတာ သိပေမဲ့လည်း သိပ်မသေချာတာမလို့ ထိုသတင်းကိုကြားတဲ့အခါ အနည်းငယ် အံဩသွားလေသည်။ တစ်ချိန်တည်းမှာပဲ သူမဟာလည်းပဲ ပျော်ရွှင်လေသည်။ "ငါပြီးရင် ကြည့်လိုက်မယ်"
Kကို စစ်ဟယ်ယွမ်ရဲ့ တံခါးဝထိ ပို့ပေးရန် ကုနင်းကမပြောပေ။ သူမဟာ အနီးအနားမှာပဲ ကားပေါ်မှဆင်းကာ လမ်းလျှောက်သွားလေသည်။
ကုနင်းဟာ နေ့လည်စာစားချိန်မှာ ရောက်လာတာမလို့ စစ်ဟယ်ယွမ် ကိုရောက်တဲ့အခါမှာ ရှန်းကွမ်းယန်နဲ့အတူ နေ့လည်စာတန်းစားလေသည်။
နေ့လည်စာ စားပြီးနောက် ကုနင်းကို အလောတကြီးမကျင့်ကြံပေ။ ထို့အစား သူမက ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်ကို ကြည့်လေသည်။
ကုနင်းက လိုင်းပေါ်မှာ ကြည့်တာမလို့ ကြည့်နေသူတွေရဲ့ မှတ်ချက်တွေအများကြီးကို မျက်နှာပြင်ပေါ်မှာ တွေ့နိုင်လေသည်။ သူမဟာ ဇာတ်လမ်းကိုတောင် မနည်းမြင်အောင် ကြည့်ရလေသည်။
ကြည့်ရှုသူတွေအများကြီးဟာ ထိုအတွက်ကြောင့် အထွန့်တက်ကြသော်လည်း တကယ်လို့ သူတို့သာ မှတ်ချက်တွေကို တစ်ချိန်တည်းမတွေ့ချင်ရင် ထိုအရာကိုပိတ်ထားလို့ရသော်လည်း တစ်ခါတစ်လေမှာ မှတ်ချက်တွေက ရယ်ရလေသည်။
ကြည့်ရှုသူအများစုဟာ ဇာတ်လမ်းကို ချီးကျူးကြပြီး အချို့ဆိုလျင် ညစ်ညမ်းတဲ့စကားလုံးတွေကိုတောင် သုံးကာ သူတို့ရဲ့ဇာတ်လမ်းအပေါ်သဘောကျမှုကို ဖော်ပြကြလေသည်။ အချို့ကြည့်ရှုသူတွေကတော့ ဟိုသရုပ်ဆောင်က သရုပ်ဆောင်ညံတယ်နဲ့ပြောကာ ဇာတ်လမ်းကို မကြိုက်ကြပေ။
မတူညီတဲ့လူတွေမှာ မတူညီတဲ့အကြိုက်တွေ ရှိတာကြောင့်ဖြစ်သည်။ လူတွေအားလုံးရဲ့ အကြိုက်ကိုရနိုင်တဲ့ ဇာတ်လမ်း ဒါမှမဟုတ် သရုပ်ဆောင်ဆိုတာ မရှိပေ။
မကောင်းတဲ့မှတ်ချက်တွေကြားမှာပဲ အချို့သော် တိုက်ခိုက်မှုတွေရှိလေသည်။ ဖုန့်ဟွာအင်တာတိန်းမန့် ဒါမှမဟုတ် အချို့သရုပ်ဆောင်တွေကို မုန်းတဲ့ ကြည့်ရှုသူတွေရှိတာ သိသာလေသည်။ အချို့က ရုပ်ရှင်လောကထဲက ကုနင်းရဲ့ ပြိုင်ဘက်တွေပင်ဖြစ်သည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၀၀၄ တစ်ခုခုလုပ်ကြံတော့မယ်
ထိုအရာဟာ အမြဲဖြစ်ပျက်နေတာ ဖြစ်သည်။
အပိုင်းနှစ်ပိုင်းစလုံးကြည့်ပြီး မှတ်ချက်အချို့ဖတ်ပြီးနောက် ကုနင်းဟာ စတင်ကျင့်ကြံလေသည်။
သူမဟာ ဒီရက်ပိုင်းအတွင်းတွင် တိုးတက်မှုအများကြီးမရှိသော်လည်း တိုးတက်မှုတော့ ရှိသေးလေသည်။
ညနေ ၆နာရီရောက်ခါနီးတွင် ကုနင်းဟာ အခြေခံအဆင့်ကိုရောက်လေသည်။
အခြေခံအဆင့်ကိုရောက်ပြီးတဲ့အခါမှာတော့ သူမက ကျင့်ကြံသူအစစ်ဖြစ်လာပြီး သူမရဲ့အဆင့်ကို တိုးတက်အောင် အာရုံစိုက်နိုင်လေပြီ။
ကုနင်းမှာ ကျောက်စိမ်းမျက်ဝန်းရှိတာကြောင့် အခြေခံအဆင့်အတွင်းမှာ တတ်လာတဲ့အစွမ်းတွေဟာ သူမအတွက် ဘာမှမဟုတ်ပေ။ အစွမ်းသစ်တွေဟာ သူမရဲ့ ရှိပြီးသားအစွမ်းတွေကိုတောင် မယှဉ်နိုင်ပေ။
ညစာစားပြီးနောက် ကုနင်းက သူမရဲ့မကောင်းဆိုးဝါးမြေခွေးနဲ့အတူ ကျောင်းကို ပြန်သွားလေသည်။
တစ်ခါတစ်လေ မကောင်းဆိုးဝါး မြေခွေးကို ကုနင်းက လိုအပ်တာကြောင့် ထိုနေရာမှာ ထာဝရ ကျင့်ကြံရန် ထားခဲ့လို့ မရပေ။
မျက်စိတမှိတ်အတွင်းမှာပဲ အချိန်နှစ်ရက်ကုန်သွားလေသည်။
ကုနင်းက ဗုဒ္ဓဟူးနေ့တွင် ကျောင်းပြန်သွားတာမလို့ အတန်းနှစ်ရက်တက်ပြီးတဲ့အခါမှာ သောကြာနေ့ရောက်ပြီဖြစ်သည်။
လွန်ခဲ့တဲ့ နှစ်ရက်အတွင်းတွင် ယွမ်ဝမ်ရွေ့ကို ပြည့်သူလုံခြုံရေးဌာနအား နှစ်ကြိမ်ခေါ်ပြီးပြီဖြစ်သည်။ အကြိမ်တိုင်းမှာလည်း သူ့ကိုမေးခွန်းအနည်းငယ်ပဲမေးကာ ပြန်လွှတ်လိုက်လေသည်။
အထပ်တန်းလူ့အဖွဲ့အစည်းမှာဆိုရင် ထိုအရာဟာ သတင်းကြီးတစ်ခုပင်ဖြစ်လေသည်။ လူအချို့ဟာ သူ့ကိုယုံကြည်သော်လည်း တချို့ကတော့ မယုံကြည်ပေ။ ဘာပဲဖြစ်ဖြစ် ယွမ်ဝမ်ရွေ့က အပြစ်ရှိကြောင်း ရဲကမကြော်ညာသရွေ့တော့ သူသည် အန္တရာယ်ကင်းသည် ဖြစ်သည်။
ထိုအချိန်အတောအတွင်းတွင် ယွမ်မိသားစုဟာ ကောလဟာလတွေအများကြီးကြားကာ ဒေါသထွက်နေလေသည်။
ကျောင်းဖော်တွေဆီမှ ယွမ်မိသားစုရဲ့ လူငယ်တွေဟာ လှောင်ပြောင်မှုတွေနဲ့ မကျေနပ်တဲ့အကြည့်တွေရတာမလို့ သူတို့ဟာ ဒေါသတွေအပြည့်ဖြင့်ဖြစ်လေသည်။ ယွမ်ဝမ်ရွေ့ရဲ့သားဟာ သူ့အတန်းဖော်နဲ့ ရန်ဖြစ်ကာ သူ့အတန်းဖော်ကိုပင် ဒဏ်ရာရသွားစေခဲ့လေသည်။
ယွမ်မိသားစုထဲတွင် ယွမ်ဝမ်ရွေ့က တကယ်ပဲ မူးယစ်ဆေးမှောင်ခိုမှုမှာ ပါဝင်ခဲ့တယ်ဆိုတာကို သခင်ကြီးယွမ်နဲ့ သူ့ရဲ့သားတွေသာ သိတာဖြစ်သည်။ ထိုအကြောင်းကို အခြားမိသားစုဝင်တွေက ဘာမှမသိတာကြောင့် သခင်ကြီးယွမ်နဲ့ သူ့ရဲ့သားတွေငြင်းတဲ့အခါမှာ သူတို့တွေက ယုံကြလေသည်။ သူတို့က အပြင်လူတွေထက် သူတို့မိသားစုကို ယုံဖို့ရွေးချယ်လိုက်တာ မသိသာပင်ဖြစ်သည်။
ယွမ်မိသားစုဟာ ဒေါသထွက်ပေမဲ့လည်း ဘာမှလုပ်နိုင်တာမရှိပေ။ ယွမ်ဝမ်ရွေ့က အန္တရာယ်ကင်းမယ်ဆိုတာကို သူတို့သိတာကြောင့် အမှုပြီးသွားတာနဲ့ ထိုအကြောင်းကို လူတွေထပ်ပြောမှာမဟုတ်ပေ။
ယွမ်ဝမ်ရွေ့ရဲ့သားကြောင့် ဒဏ်ရာရသွားတဲ့ အတန်းဖော်ဟာ အင်အားကြီးတဲ့မိသားစုမှ မဟုတ်သော်လည်း ယွမ်ဝမ်ရွေ့ရဲ့သားက လူရှေ့သူရှေ့မှာ ရန်ဖြစ်ထားတာမလို့ ယွမ်မိသားစုအနေနဲ့ ဆေးဖိုးလျော်ကြေးပေးရလေသည်။
ယွမ်မိသားစုက မကောင်းမှုတွေ အများကြီးလုပ်ခဲ့သော်လည်း သူတို့က သဘာဝကျလေသည်။ သူတို့ရဲ့ အကျိုးအမြတ်ကို မထိခိုက်သ၍ ထိခိုက်သွားတဲ့သူဟာ အင်အားကြီးမိသားစုက ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့က လျော်ကြေးပေးနိုင်လေသည်။
ရှန်းယန်ဖုန်း၊ ချန်းကျင်းမင်နဲ့ ချန်းကျင်းဖန်းတို့ရဲ့ စစ်ကြောမေးမြန်းမှုဟာ ဒီနေ့မှာပဲ ပြီးဆုံးသွားပြီဖြစ်သည်။ သူတို့ကို မနက်ဖြန်မှာ တရားရုံးကနေ တရားစီရင်မှာ ဖြစ်လေသည်။
ဒီနေ့ကြေညာချက်ထုတ်မှသာ ချန်းကျင်းဖန်းလည်းပဲ အဖမ်းခံထားကြောင်း ချန်းမိသားစုက သိလေသည်။
ချန်းမိသားစုထဲတွင် ချန်းကျင်းဖန်းက အသက်ရှင်နေသေးတယ်ဆိုတာကို သခင်ကြီးချန်းနဲ့ ချန်းကျင်းမင်တို့သာ သိတာဖြစ်သည်။ အခြားမိသားစုဝင်တွေဟာ လုံးဝမသိတာကြောင့် ထိုသတင်းကိုကြားတဲ့အခါ သူတို့ဟာ အရမ်းအံဩသွားကြလေသည်။ သူတို့က ဘာတွေဖြစ်တာလဲဆိုတာ သခင်ကြီးချန်းကိုမေးကြသော်လည်း သခင်ကြီးချန်းကတော့ သူတို့ကို ဘာမှပြန်မပြောပေ။
သခင်ကြီးချန်းက အခုချိန်မှာ စိတ်မကြည်မလင်ဖြစ်နေတာဖြစ်တာမလို့ သူတို့ရဲ့ မေးခွန်းတွေကို မဖြေချင်ပေ။
ချန်းမိသားစုတဖြည်းဖြည်းနဲ့ ကျဆင်းလာတာကိုတွေ့ပေမဲ့လည်း သူဘာမှမလုပ်နိုင်ပေ။
ဒီရက်ပိုင်းအတွင်းတွင် သူမအနီးအနားရှိကျင့်ကြံသူတွေရဲ့ အရှိန်အဝါတွေကို ကုနင်းက အမြဲတမ်းခံစားမိသော်လည်း ပိုင်လီကျုံးရွှယ်ကြောင့် ကျင့်ကြံသူတွေဟာ အနားကိုမကပ်လာပေ။ တကယ်လို့ ကျင့်ကြံသူတွေသာ အနားကိုတိုးကပ်လာလျှင် တစ်ဖက်လူကို ပိုင်လီကျုံးရွှယ်က ရှာတွေ့သွားမှာဖြစ်သည်။
တကယ်လို့ အကွာအဝေးအနည်းငယ်ရှိရင်တော့ သူမရဲ့သိုင်းအဆင့်အရ သူ ဒါမှမဟုတ် သူမကို ပိုင်လီကျုံးရွှယ်က ရှာမတွေ့နိုင်ပေ။
ကျင့်ကြံသူတွေဟာ ပိုင်လီကျုံးရွှယ်ကို ကြောက်တာမဟုတ်ဘဲ ရှာမတွေ့စေချင်တာ သက်သက်ဖြစ်သည်။
သူတို့ရဲ့ပစ်မှတ်ဟာ ကုနင်းတင်မဟုတ်ဘဲ အခုချိန်မှာ ပိုင်လီကျုံးရွှယ် ကလည်းသူတို့ရဲ့ ပစ်မှတ်ဖြစ်နေပြီဖြစ်သည်။ ပိုင်လီကျုံးရွှယ်က ကုနင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာမလို့ ကုနင်းဆီမှ အသုံးဝင်တာတစ်ခုခု ပိုင်လီကျုံးရွှယ်က ရှာတွေ့ပြီးသွားပြီဟု သူတို့က ထင်ကြတာဖြစ်သည်။
‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ ထုတ်လွှင့်ပြီးကတည်းက သုံးရက်အတွင်းတွင် ၆ပိုင်းလွှင့်ပြီးတာမလို့ တရက်ကို နှစ်ပိုင်းလွင့်တာဖြစ်လေသည်။ တစ်ရက်ပြီးတစ်ရက် ကြည့်ရှုသူနှုန်းဟာလည်း မြင့်တက်လာနေတာ ဖြစ်သည်။ အဓိကသရုပ်ဆောင်တွေဟာလည်း နာမည်ကြော်ကြားမှုတွေ ပိုပိုပြီးရလာကာ ကမ်းလှမ်းမှုတွေအများကြီးလည်း ရလာသည်ဖြစ်သည်။
ဇာတ်ပို့နေရာက အမြဲသရုပ်ဆောင်တဲ့ စုထုံနျို၊ ဟန်လန်ရွှယ်နဲ့ ပိုင်လင်းတို့ဟာလည်း အဓိကဇာတ်ဆောင်နေရာ ကမ်းလှမ်းချက်တွေ ရလာလေသည်။ ဇာတ်ကောင်တွေက ရင်းနှီးမြုပ်နှံမှုများတဲ့ ဇာတ်လမ်းတွေက မဟုတ်ပေမဲ့လည်း သူတို့က အရမ်းကြပ်တဲ့ရင်းနှီးမြုပ်နှံမှုတွေကလည်း မဟုတ်တာကြောင့် သရုပ်ဆောင်အများစုဟာ သူတို့ကိုငြင်းမှာမဟုတ်ပေ။ ထိုအရာဟာ သူတို့အတွက် နာမည်ကြီးဖို့ အခွင့်အရေးဖြစ်လေသည်။
သို့သော်လည်း စုထုံနျို၊ ဟန်လန်ရွှယ်နဲ့ ပိုင်လင်းတို့ဟာ သူတို့ရဲ့ကမ်းလှမ်းချက်တွေအပေါ်မှာ သတိထားလေသည်။
ဟန်လန်ရွှယ်ဟာ သူ့ရဲ့အေးဂျင့်ကုမ္ပဏီနဲ့ လဝက်နေရင် စာချုပ်ကုန်မှာမလို့ ဖုန့်ဟွာအင်တာတိန်းမန့်နဲ့ မပူးပေါင်းရသေးခင်ထိ သူ့အနေနဲ့ နောက်ထပ်ကမ်းလှမ်းချက်တွေကို လက်ခံဖို့ အစီအစဉ်မရှိပေ။
ဒီလဝက်အတောအတွင်းတွင် ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’နဲ့ ပတ်သတ်တဲ့ ပွဲတွေရှိသေးတာမလို့ သူ့အနေနဲ့ မအားသေးဘူးဖြစ်ကာ ဇာတ်ကောင်နေရာအသစ် လက်ခံရင်တောင် ထိုအရာက သူ့ရဲ့ကျော်ကြားမှုကို ထိခိုက်မှာမဟုတ်ပေ။
ပိုင်လင်းကတော့ မတူပေ။ သူမမှာ သုံးလစာကျန်သေးသည့်အတွက် ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’နဲ့ ပတ်သတ်တဲ့ ပွဲတွေ တက်ရမှာအပြင် ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိရန်နောက်ထပ် ဇာတ်ကောင်အသစ်တွေ သရုပ်ဆောင်ရဦးမည်ဖြစ်သည်။ မဟုတ်လျင် လူတွေက သူမကို မေ့သွားနိုင်လေသည်။
သို့သော်လည်း သူမရဲ့အဖွဲ့နဲ့ သုံးလသာ နေဖို့ ကျန်တော့တာမလို့ သူမဟာ ဇာတ်လမ်းရှည်တွေမှာ သရုပ်မဆောင်နိုင်ပေ။
နောက်ဆုံးမှာတော့ ပိုင်လင်းဟာ ကျော်ကြားနေတဲ့ ဝတ္တုစာရေးဆရာတစ်ယောက်ရဲ့ စိတ်ကူးယဉ် အချစ်ဇာတ်လမ်းတစ်ခုရဲ့ ဇာတ်ပို့မင်းသမီးနေရာမှာ သရုပ်ဆောင်ဖို့ ရွေးချယ်လိုက်လေသည်။ ထိုဇာတ်လမ်းဟာ အပိုင်း၂၀ပဲရှိကာ နောက်အပတ်မှာ စတင်ရိုက်ကူးမှာဖြစ်တာမလို့ သုံးလနဲ့တင် လုံလောက်လေသည်။
ထိုဇာတ်လမ်းက တိုတာမလို့ ပိုင်လင်းက ရွေးတာမဟုတ်ဘဲ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်နေရာမလို့ ရွေးတာဖြစ်သည်။
ဇာတ်ကောင်ဟာ အဓိကဇာတ်ဆောင်မင်းသားရဲ့ အကြီးဆုံးအမဖြစ်ကာ အိမ်ထောင်ကွဲထားပြီး ၅နှစ်အရွယ် သားလေးကို တစ်ယောက်တည်း ပြုစုပြိုးထောင်နေရတာဖြစ်သည်။ သူမက အရမ်းသန်မာပြီး ရဲရင့်တာကြောင့် လူတွေက သူမအပေါ်မှာ စာနာစိတ်ဝင်မိကြလေသည်။ သူမနဲ့ အတွေ့အကြုံအတူတူရှိတဲ့ အမျိုးသမီးတွေဆီမှလည်း သူမအနေနဲ့ မျှဝေခံစားမှုရနိုင်သည် ဖြစ်သည်။
ပိုင်လင်း အခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီဟာ သူမအပေါ်မှာ အာရုံစိုက်မှု နည်းလာနေတာဖြစ်ပေမဲ့လည်း သူမဟာ ရုပ်တရက်ကြီး ထင်ပေါ်ကျော်ကြားလာတာမလို့ ကုမ္ပဏီက သူမကို လက်မလွှတ်ချင်ကာ စာချုပ်အသစ်တောင် ပြန်ချုပ်ချင်လေသည်။ ပိုင်လင်းကငြင်းသော်လည်း ကုမ္ပဏီက သူမနဲ့ ဆက်ပြီးဆွေးနွေးနေဆဲ ဖြစ်လေသည်။
သူမရဲ့အရင်ကုမ္ပဏီနဲ့ စာချုပ်သက်တမ်း ကုန်တဲ့အခါ ပိုင်လင်းက ဖုန့်ဟွာအင်တာတိန်းမန့်နဲ့ပူးပေါင်းမှာဆိုတာကို သိတဲ့လူအများကြီးမရှိပေ။ ကုနင်းနဲ့ အခြားသူတွေတချို့သာ သိတာမလို့ ပိုင်လင်းအရင်က အလုပ်လုပ်တဲ့ ကုမ္ပဏီဟာ ထိုအကြောင်းကို မသိပေ။
သူမထင်ပေါ်ကျော်ကြားလာတာနဲ့တပြိုင်နက် ပိုင်လင်းက သူမရဲ့အရင်ကုမ္ပဏီနဲ့ စာချုပ်ထပ်မချုပ်ချင်တာကြောင့် အရင်ကုမ္ပဏီက အကြီးတန်းစီမံခန့်ခွဲသူတွေကမကျေနပ်ပေ။ သို့သော်လည်း တကယ်တော့ သူမထင်ပေါ်ကျော်ကြားလာမှုမရှိခင်ကပင် ပိုင်လင်းက စာချုပ်အသစ်ထပ်ချုပ်တော့မည်မဟုတ်ကြောင်း သူတို့ကိုပြောပြီးဖြစ်လေသည်။ ဒါပေမယ့် တကယ်လို့ ထိုအရာကို အကြီးတန်းစီမံခန့်ခွဲသူတွေက အမှတ်ရရင်တောင် သူတို့ရဲ့အကျိုးအမြတ်အတွက် ငြင်းဆန်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ပေ။
ထို့ကြောင့် ဒီမနက် ပိုင်လင်းက စာချုပ်အသစ်ထပ်မချုပ်တော့ကြောင်း ပြောတာနဲ့တပြိုင်နက် နေ့လည်ခင်းမှာ အထွေထွေမန်နေဂျာက နေ့လည်စာစားရန် စီစဉ်လေသည်။
ဒီရုပ်ရှင်လောကမှာ သတိရှိဖို့ လိုအပ်တာကြောင့် ပိုင်လင်းက အမြဲတမ်းသတိထားလေသည်။ မဟုတ်လျင် သူမကို တခြားသူတွေက အချိန်မရွေး ဒုက္ခရောက်အောင် လုပ်နိုင်လေသည်။
ထိုသို့ သူမက ဂရုစိုက်တာကြောင့်ပင် ဒီနေ့ နေ့လည်စာစားဖို့ ဖိတ်တာဟာ ကောင်းမွန်တဲ့ဖိတ်ခေါ်မှု မဟုတ်မှန်း သူမက ခံစားမိလေသည်။
အထွေထွေမန်နေဂျာက သူမအပေါ်မှာ လျှို့ဝှက်စွာ မကောင်းတာတစ်ခုခု ကြံစည်ထားတာများလား။
သူမက မလိုအပ်ပဲပူပန်နေတာမဟုတ်ဘဲ ဒီလောကမှာ ထိုအရာတွေက သာမာန်ဖြစ်လွန်း၍ဖြစ်သည်။ သူမက အခုလေးတင်ပဲ အထွေထွေမန်နေဂျာရဲ့ ကမ်းလှမ်းချက်တွေကို ငြင်းပယ်လိုက်ပေမဲ့ ထိုနေ့လည်မှာပဲ နေ့လည်စာစားရန် အထွေထွေမန်နေဂျာက ဖိတ်ခေါ်လေရာ သူမကို စိတ်မရှင်းမလင်းဖြစ်စေလေသည်။
သူမအနေနဲ့ မသွားလို့မရတာဖြစ်သည်။ ဒါပေမဲ့လည်း သူမက ဟန်လန်ရွှယ်ကို တိတ်တိတ်လေး ဖုန်းဆက်ကာ သူမအတွက် ဖြေရှင်းဖို့နည်းလမ်း ကူညီပြီးစဉ်းစားပေးရန် ပြောလေသည်....
***