အခန်း (၂၀၀၅-၂၀၁၀)
Vol. 123 Ch. 2005-2010
အပိုင်း ၂၀၀၅ သတိဆိုတာ ပိုတယ်မရှိ
သူတို့က ကုမ္ပဏီတစ်ခုထဲမှာတင်ပဲ အလုပ်လုပ်တာမဟုတ်ပေမဲ့လည်း တစ်ယောက်နှင့်တစ်ယောက် နှစ်ခါပူးပေါင်းပြီးနောက် သူတို့ရဲ့ဆက်ဆံရေးကို ကောင်းမွန်စွာပဲထားလေသည်။ အပေါင်းအသင်းစက်ဝိုင်းကြားမှာ သူတို့က သူငယ်ချင်းအရင်းကြီးတွေဖြစ်လေသည်။
ဟန်လန်ရွှယ်ဟာလည်း ထိုဖိတ်ခေါ်မှုဟာ ကောင်းမွန်တဲ့စိတ်နဲ့မဟုတ်ဘူးလို့ ခံစားမိလေသည်။ သူက ပိုင်လင်းကို ကူညီချင်ပေမဲ့လည်း သူလည်းပဲ ဒီနေ့ထမင်းစားဖို့ ဖိတ်ထားတာရှိတာမလို့ ထွက်လာလို့မရပေ။
"နင်ဘာလို့ မစ္စကုကို ဖုန်းဆက်မကြည့်တာလဲ။ သူမက နင့်ကိုကူညီပေးနိုင်လိမ့်မယ်လို့ ငါထင်တယ်။ ရှက်လဲမနေနဲ့ဦး။ နင့်အနေနဲ့ သတိဆိုတာ ပိုတယ်မရှိဘူး"ဟု ဟန်လန်ရွှယ် ကပြောသည်။
ကုနင်းက အတန်းတက်နေတာဖြစ်နိုင်သော်ကြောင့် ပိုင်လင်းက သူမကိုစာတိုပို့လိုက်ကာ သူမရဲ့ စာတိုကို အမြန်ဆုံးတွေ့ပါစေလို့ပဲ မျှော်လင့်နေရလေသည်။
ပိုင်လင်းကို သူမကို ဒီနေ့ဘာတွေဖြစ်ထားလဲဆိုတာ အမှန်အတိုင်းပဲ ပြောပြလေသည်။ သူမတို့ အထွေထွေမန်နေဂျာရဲ့ တကယ့်ရည်ရွယ်ချက်ကို သူမ,သေချာမသိတာကြောင့် ထိုအရာက သူမရဲ့ ခန့်မှန်းချက်တစ်ခုသာ ဖြစ်ကြောင်းလဲပြောလေသည်။
ကုနင်းက ပိုင်လင်းရဲ့စာတိုကိုရတဲ့အခါမှာ သူမက အနောက်ဂိတ်ပေါက်ဝကိုရောက်ခါ တက္ကစီငှားမလို့လုပ်နေတာ ဖြစ်သည်။
ကျင့်ကြံသူတွေကို ရှောင်ရှားဖို့အတွက် သူမရဲ့ကားကို အရင်တစ်ခါက ကုမ္ပဏီမှာထားခဲ့တာမလို့ သူမအနေနဲ့ အခုချိန်မှာ တက္ကစီသာငှားနိုင်လေသည်။
ကျင့်ကြံသူတွေဟာ သူမရဲ့ကျောင်းအပြင်ဘက်မှာ သူမကိုစောင့်ကြည့်နေမှန်း သိတာကြောင့် ကုနင်းက နောက်ဘက်ဂိတ်ပေါက်ဝကနေ ထွက်ဖို့ရွေးချယ်လိုက်တာ ဖြစ်သည်။
ပိုင်လင်းရဲ့စာတိုကို ဖတ်ပြီးတဲ့အခါမှာတော့ ကုနင်းဟာ မျက်မှောင်ကြုံ့သွားပြီး သူမကိုချက်ချင်း ဖုန်းပြန်ခေါ်လေသည်။
တကယ်လို့ ကုနင်းသာ အဲဒီလိုအခြေအနေမျိုးမှာဆိုရင် သူမလဲပဲ ထိုအရာဟာ မကောင်းတဲ့ အကြံအစည်တစ်ခုဖြစ်မယ်လို့ ယုံကြည်မှာဖြစ်လေသည်။
ပိုင်လင်းရဲ့ ဖုန်းမြည်တာနဲ့တပြိုင်နက် သူမဟာ ဖုန်းကိုင်လိုက်လေသည်။ သူမကို အံဩသွားစေတာက ကုနင်းက သူမရဲ့စာတိုကို ဖတ်ပြီးပြီးချင်း သူမကို ဖုန်းပြန်ဆက်တာပင်ဖြစ်သည်။ ပိုင်လင်းရဲ့အသံကဟာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်နေလေသည်။ "မစ္စကု"
"ဒီည ဘယ်မှာညစာစားမှာလဲ။ ဘယသီးသန့်အခန်းလဲ"ဟု ကုနင်းကမေးသည်။
ထိုအရာကိုကြားတဲ့အခါ ကုနင်းက သူမကိုကူညီမယ်ဆိုတာ ပိုင်လင်းကနားလည်သွားလေသည်။ သူမဟာ အရမ်းကျေးဇူးတင်သွားကာ ချက်ချင်းပြောလိုက်လေသည်။ "အရှေ့မြို့နယ်က တော်ဝင်တရားရုံးတော်ဟိုတယ်။ လေးထပ်က VIPအခန်း၈"
"ဟုတ်ပြီ။ ငါသိပြီ။ နင်သွားလို့ရတယ်။ စိတ်မပူနဲ့။ ငါအခုချက်ချင်း အဲ့ဘေးခန်းရဲ့ သီးသန့်အခန်းကို ဘိုကင်ယူလိုက်မယ်။ တကယ်လို့ တစ်ခုခုဖြစ်ရင် ငါချက်ချင်းလာကူညီမယ်"ဟု ကုနင်းကပြောသည်။
"န-နင်ကိုယ်တိုင် လာမှာလား။ အဲ့တာသင့်တော်ပါ့မလား။ အဲ့တာက ငါ့ခန့်မှန်းချက်တင်ပါ။ ငါအရမ်းတွေးမိနေတာလားဆိုတာလည်း ငါမသေချာဘူး"ဟု ပိုင်လင်းက ကျေးဇူးတင်သွားပြီး ရှက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူမထင်နေတာ မှားသွားပြီး ကုနင်းရဲ့ အချိန်တွေဖြုန်းမိမှာ စိုးရိမ်လို့ဖြစ်သည်။
သူမက ကုနင်းဘက်လှည့်ပြီး အကူအညီတောင်းရတဲ့ ရည်ရွယ်ချက်က ကုနင်းက သူမကိုကာကွယ်ပေးဖို့အတွက် တစ်ယောက်ယောက်စီစဉ်ပေးဖို့ဖြစ်သည်။ တကယ်လို့ မကောင်းတာတစ်ခုခုဖြစ်သွားရင် သူမအနေနဲ့ ချက်ချင်းအကူအညီရနိုင်လေသည်။ ဒါပေမယ့်မမျှော်လင့်ထားတာက ကုနင်းက ကိုယ်တိုင်လာမယ်ဆိုတာပင် ဖြစ်သည်။
"ကိစ္စမရှိပါဘူး။ သတိဆိုတာပိုတယ်မရှိဘူး။ ပြီးတော့ ငါလဲငါ့သူငယ်ချင်းတွေနဲ့ ညစာစားမလို့စီစဉ်ထားတာ။ ဘယ်သွားစားမယ်ဆိုတာ ဂရုမစိုက်တာမလို့ တကယ်လို့ နင်အကူအညီလိုရင် ငါတို့တစ်နေရာထဲမှာပဲ စားလို့ရတယ်"ဟု ကုနင်း ကပြောသည်။ သူမက လိမ်ပြောနေတာမဟုတ်ပေ။ အဘယ်ကြောင့်ဆို သူမက အမှန်တကယ်ပင် ကျီပိုင်ယင်းနဲ့ ညစာအတူစားဖို့ ချိန်းထားတာဖြစ်ပြီး စားမဲ့နေရာ မသတ်မှတ်ရသေးတာဖြစ်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် မစ္စကု"ဟု ပိုင်လင်းက သူမအနေနဲ့ ကုနင်း ကိုသိပ်အလုပ်မရှုပ်သင့်ဘူးဟု ထင်သော်လည်း ကုနင်းပြောတာမှန်လေသည်။ သူမတို့အနေနဲ့ သတိဆိုတာ ပိုတယ်မရှိပေ။ တကယ်လို့ သူမတို့ အထွေထွေမန်နေဂျာကသာ သူမကို ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ထားရင် သူမအနေနဲ့ ကုနင်းရှိနေတာနဲ့တင် လုံခြုံတယ်လို့ ခံစားရမည်ဖြစ်သည်။
"ကျေးဇူးတင်ဖို့ မလိုပါဘူး"ဟု ကုနင်း ကပြောသည်။ အဘယ်ကြောင့်ဆိုသော် ပိုင်လင်းက သူမရဲ့ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဖို့ပြင်ထားတာမလို့ သူမက ကူညီပေးချင်လေသည်။
ထို့နောက် ကုနင်းက ကျီပိုင်ယင်းကို ဖုန်းဆက်ကာ အရှေ့မြို့နယ်က တော်ဝင်တရားရုံးတော်ဟိုတယ်မှာ သူမနဲ့ဆုံဖို့ပြောလေသည်။ သူမဘာလို့ ထိုသို့ရွေးချယ်ထားထားလဲဆိုတဲ့ အကြောင်းပြချက်ကိုလည်း ကျီပိုင်ယင်းကိုပြောပြလိုက်လေသည်။
ဒီနေ့တော်ဝင်တရားရုံးတော်ဟိုတယ်မှာ သူမရဲ့ သူငယ်ချင်းတစ်ယောက် အန္တရာယ်များတဲ့ ညစာတစ်ခုစားရဖို့ရှိကြောင်း ကုနင်းကပြောလေသည်။ သူမရဲ့ သူငယ်ချင်းဟာ ထောင်ခြောက်မိနိုင်တာကြောင့် သူမအနေနဲ့ ထိုနေရာသို့သွားကာ ကူညီဖို့လိုကြောင်းပြောလေသည်။ ရလဒ်အနေနဲ့ သူမသူငယ်ချင်းသာ တကယ်အန္တရာယ်ကြုံရင် ကူညီပေးနိုင်ရန် သူမသူငယ်ချင်းတို့စားမဲ့ တော်ဝင်တရားရုံးတော်ဟိုတယ်က ကိုယ်ပိုင်အခန်းရဲ့ ဘေးခန်းကို ငှားဖို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပြောလေသည်။
ထိုအရာကိုသိတဲ့အခါ ကုနင်းက ဘာလို့ ထိုသို့ဆုံးဖြတ်လိုက်လဲဆိုတာ ကျီပိုင်ယင်း ကနားလည်ကာ သဘောတူလိုက်လေသည်။ တစ်ချိန်တည်းမှာပဲ သူမက သိချင်နေလေသည်။
"တကယ်လို့ ငါစောရောက်ရင် သူတို့ကိုကြည့်ထားပေးရမလား"ဟု ကျီပိုင်ယင်း ကမေးသည်။ သူမက ကုနင်းကို ကူညီပေးဖို့ မေးလိုက်ပေးမယ်လည်း တကယ်တော့သူမလည်း စိတ်ဝင်စားနေတာဖြစ်လေသည်။
"ကောင်းသားပဲ"ဟု ထိုအရာဟာ မလိုအပ်ပေမဲ့လည်း ကျီပိုင်ယင်းစိတ်မရှုပ်စေချင်ရင် ကုနင်းကလက်ခံလိုက်လေသည်။ ကျီပိုင်ယင်းက အရမ်းထက်မြက်တာမလို့ သူမအနေနဲ့ ဂရုစိုက်မှာသေချာသည်။
ထို့နောက်မှာတော့ တော်ဝင်တရားရုံးတော်ဟိုတယ်မှာ ကုနင်းက ကိုယ်ပိုင်အခန်းတစ်ခန်း ငှားလိုက်လေသည်။ အချိန်ကစောသေးတာကြောင့် ပိုင်လင်း ညစာစားမဲ့ ကိုယ်ပိုင်အခန်းရဲ့ ဘေးခန်းကို အလွယ်တကူပင် ငှားနိုင်လိုက်လေသည်။
အကုန်ပြီးတာနဲ့ ကုနင်းက ကျီပိုင်ယင်း ကို ကိုယ်ပိုင်အခန်းနံပါတ်ကို စာတိုပို့လိုက်ကာ တော်ဝင်တရားရုံးတော်ဟိုတယ်သို့ တက္ကစီငှား၍ သွားလေသည်။
ကုနင်းက ဟိုင်ချန်းမြို့နယ်က လာတာမလို့ သူမအနေနဲ့ တော်ဝင်တရားရုံးတော်ဟိုတယ်ကို တစ်နာရီကြာမှ ရောက်မှာဖြစ်သည်။
အချိန်ဟာ အခုညနေ၅နာရီရှိပြီဖြစ်တာမလို့ သူမရောက်တဲ့အခါမှာ ညနေ၆နာရီထိုးပြီဖြစ်မည်။
ကျီပိုင်ယင်းက မန်တနဲ့ နန်တို့ကိုခေါ်ကာ ဟိုတယ်ကိုသွားရာ ညနေ၅:၄၀တွင် ရောက်လေသည်။ သူမဟာ ဘာစားစရာမှ မမှာသေးပေမဲ့လည်း ဘေးကကိုယ်ပိုင်အခန်းကို အထူးသတိထားလေသည်။
သူတို့အနေနဲ့ အခန်းထဲကအခြေအနေကို မမြင်နိုင်ပေမဲ့လည်း တကယ်လို့ ထူးဆန်းတာ တစ်ခုခုဖြစ်ရင် သူတို့အနေနဲ့ ကြားနိုင်လေသည်။
ဘေးကကိုယ်ပိုင်အခန်းဟာ ညနေ၅:၅၀မှ လူတွေရောက်လာတာဖြစ်သည်။ သာမာန်အားဖြင့် လူအများစုဟာ ညနေ၆နာရီမှာ ညစာစားတာမလို့ သူတို့ဟာ စောစောရောက်လာတာဖြစ်သည်။
အခုချိန်ထိတော့ ဘာမှထူးခြားတာ မဖြစ်သေးပေ။ တတယ်တော့ အခုချိန်မှာ ဘာမှ မသင့်တော်တာဖြစ်မှာမဟုတ်သေးပေ။ တကယ်လို့ ထိုလူတွေက မကောင်းတာ တစ်ခုခုလုပ်မယ်ဆိုရင်တောင် သူတို့အနေနဲ့ ညစာစားပြီးသည်အထိ စောင့်ရမည်ဖြစ်သည်။ ကျီပိုင်ယင်းကတကယ်တော့ စိတ်မရှည်တော့ပေ။
ကုနင်းက ကိုယ်ပိုင်အခန်းဆီသို့ လျှောက်လာနေစဉ်မှာ သူမရဲ့ ကျောက်စိမ်းမျက်ဝန်းကိုသုံးကာ အခန်းထဲကိုကြည့်လိုက်လေသည်။
ပိုင်လင်းနဲ့ သူမရဲ့အေးဂျင့်အပါအဝင် အထဲမှာ လူ၇ယောက်ရှိလေသည်။ အခြားလူ၅ယောက်ထဲတွင် အမျိုးသမီးတစ်ယောက်ထဲသာပါပြီး အခြားလူ၄ယောက်ကတော့ အသက်၄၀အရွယ် အမျိုးသားတွေဖြစ်လေသည်။
အမျိုးသမီးဟာ အသက်၂၅နှစ်အရွယ်ဖြစ်ပြီး လှပလေသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားနဲ့စကားပြောတဲ့အခါ သူမဟာ သူ့ကိုကျေနပ်အောင်လုပ်ပေးချင်ပုံပေါ်လေသည်။ သက်လတ်ပိုင်းအရွယ်အမျိုးသားဟာ ကျေနပ်နေကာ ရယ်မောနေလေသည်။
ပိုင်လင်းကတော့ သူမကိုတချိန်လုံး တဏှာစိတ်နဲ့ကြည့်နေတဲ့ အခြားအမျိုးသားတစ်ဦးနဲ့ စကားပြောနေတာဖြစ်ပေမဲ့လည်း ပိုင်လင်းက သူနဲ့သိပ်နီးကပ်အောင် မနေပေ။
တကယ်တော့ ထိုအမျိုးသားရဲ့ ရည်ရွယ်ချက်ကို သူမရှင်းရှင်းလင်းလင်း မြင်နိုင်တာကြောင့် ပိုင်လင်းက ရွံနေတာဖြစ်သည်။ တကယ်လို့ သာမာန်ညစာစားတာဖြစ်ပြီး သူတို့က သာမာန်ပင်စကားပြောရင်တော့ သူမအနေနဲ့ ယဉ်ကျေးစွာပင် ပြန်ပြောမည်ဖြစ်သည်။ သို့သော်လည်း ထိုအမျိုးသားရဲ့ မကောင်းတဲ့ရည်ရွယ်ချက်ကို သူမအနေနဲ့ ရှင်းလင်းစွာတွေ့နိုင်ပေမဲ့လည်း သူမအနေနဲ့ သူနဲ့မျက်နှာချင်းဆိုင်နေချိန်တွင် ယဉ်ကျေးစွာဆက်ဆံနေရသေးလေသည်။ မဟုတ်ရင် တကယ်လို့ ထိုအမျိုးသားသာ သူမအပေါ် မကျေနပ်တာတစ်ခုခုဖြစ်သွားရင် သူမအနေနဲ့ အန္တရာယ်များ၍ဖြစ်သည်။ ကုနင်း ရောရောက်ပြီလားလို့ သူမဟာ တွေးမိလေသည်။
အခုချိန်မှာ ကုနင်းက ရောက်နှင့်နေပြီးပြီလို့ သူမလောင်းနိုင်လေသည်။
အခန်းထဲက အခြေအနေကို လေ့လာပြီးနောက် ဒီထမင်းစားဖိတ်တာဟာ အမှန်တကယ်ပဲ အန္တရာယ်များတဲ့ ညစာစားပွဲဆိုတာကို ကုနင်းက သေချာလေသည်။
သို့သော်လည်း ပိုင်လင်းကိုထိခိုက်အောင် ထိုအမျိုးသားက တစ်ခုခုမလုပ်သေးသ၍ သူမအနေနဲ့ ဘာမှလုပ်မှာမဟုတ်တာမလို့ သူမငှားထားတဲ့ ကိုယ်ပိုင်အခန်းဆီသို့ သွားလေသည်။ တစ်ချိန်တည်းမှာပဲ ကုနင်းက ပိုင်လင်းကို စိတ်အေးအေးထားဖို့ စာတိုပို့လိုက်လေသည်။
ကုနင်းရဲ့စာတိုကို ဖတ်ပြီးတဲ့အခါမှာ ပိုင်လင်းက စိတ်အေးသွားလေသည်။
ကုနင်း ကိုယ်ပိုင်အခန်းထဲဝင်လာတာနဲ့ တပြိုင်နက် ကျီပိုင်ယင်းကပြောလေသည်။ "ကုနင်း၊ ငါတို့အခုထိတော့ ဘာမှထူးဆန်းတာ သတိမထားမိသေးဘူး"
"ငါသိတယ်။ တကယ်လို့ သူတို့တစ်ခုခုလုပ်မယ်ဆိုရင်တောင် စားသောက်ပြီးတဲ့အခါထိ သူတို့ဘာမှလုပ်ဦးမှာမဟုတ်သေးဘူး"ဟု ကုနင်းကပြောခါ ထိုင်လိုက်လေသည်။
ထို့နောက်မှာတော့ သူတို့ဟာ ဟင်းတွေစတင်မှာလေတော့သည်....
***
ဖီးနစ်သွေးစက်
အပိုင်း ၂၀၀၆ မတော်တဆဖြစ်သွားလို့ပါ
ဟင်းတွေမှာပြီးတဲ့အခါမှာ ကျီပိုင်ယင်း ကသိချင်စိတ်ဖြင့်မေးလေသည်။ "နင့်သူငယ်ချင်းက ထောင်ချောက်ဖြစ်နိုင်မှန်းသိနေရင် ဘာလို့လာနေသေးတာလဲ"
ကုနင်းက ကျီပိုင်ယင်းကို အသေးစိပ်အများကြီး မပြောပြထားတာကြောင့် ကျီပိုင်ယင်း ကနားမလည်ဖြစ်နေတာဖြစ်သည်။
"သူမက သရုပ်ဆောင်မင်းသမီးလေ။ ဒီညစာက သူမရဲ့ကုမ္ပဏီက စီစဉ်တာ။ သူမအနေနဲ့ ငြင်းဆန်လို့မရတာကြောင့် လာရတာ"ဟု ကုနင်း ကပြောသည်။
"အို၊ ငါသိပြီ"ဟု ကျီပိုင်ယင်းက ချက်ချင်း နားလည်သွားလေသည်။ သရုပ်ဆောင်မင်းသမီးတွေဟာ ထင်ပေါ်ကျော်ကြားကာ လူအများချစ်ခင်နှစ်သက်ခြင်းခံရပေမဲ့လည်း သူတို့မလုပ်ချင်တာတွေ တကယ်တော့ လုပ်ရလေသည်။
တကယ်လို့ သူတို့ရဲ့ကုမ္ပဏီက သူတို့အတွက် ညစာစီစဉ်ထားရင် သူတို့အနေနဲ့ တက်ရောက်ရမည်ဖြစ်သည်။ မဟုတ်လျှင် သူတို့ကို ဒီလောကမှ အပိတ်ခံရမည်ဖြစ်သည်။
ခဏအကြာတွင် ဟင်းတွေဟာ စားပွဲပေါ်မှာ ချပေးပြီး သူတို့က စတင်ကာ စားကြလေသည်။ ကုနင်းဟာ ဘေးရှိကိုယ်ပိုင်အခန်းကို ဆက်ပြီးအထူးသတိထားလေသည်။
မိနစ်နှစ်ဆယ်အတွင်းမှာပဲ ပိုင်လင်းဟာ အရက်ပြင်းတွေကို ခွက်ပေါင်းများစွာ ဖိအားပေးခံရပြီး သောက်ရလေသည်။ ကံကောင်းစွာပင် သူမက အရက်အများကြီးသောက်နိုင်လေသည် မဟုတ်လျှင် သူမဟာ မူးနေပြီဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ပိုင်လင်းဟာ စပြီးခေါင်းမူးလာလေသည်။
ထို့အပြင် ထိုအမျိုးသားတွေရှေ့မှာ တကယ်လို့ သူမအနေနဲ့ နည်းနည်းလေးပဲ ခေါင်းမူးလာတောင် မူးနေပြီးတဲ့အတိုင်း ဟန်ဆောင်ရမည်ဖြစ်သည်။
တစ်ခဏကြာပြီးနောက် ပိုင်လင်းဟာ ထရပ်ကာ သန့်စင်ခန်းသို့သွားလေသည်။
သူမထွက်သွားပြီးနောက် သူမဘေးနားက ခုံမှာထိုင်နေတဲ့ အမျိုးသားဟာ ချက်ချင်းပဲ သူမရဲ့ခွက်ထဲကို ဆေးအဖြူတစ်လုံးပစ်ထည့်လိုက်ကာ မြန်မြန်အရည်ပျော်သွားစေရန် ခွက်ကို အနည်းငယ်လှုပ်လိုက်လေသည်။
ထိုအရာကိုမြင်တဲ့အခါ ကုနင်းဟာ မျက်မှောင်ကြုံ့သွားပြီး ပိုင်လင်းကို စာတိုတန်းပို့လိုက်လေသည်။
ကုနင်း: နင့်ခွက်ကို အချိန်အကြာကြီးမျက်နှာလွှဲမိတဲ့အခါတိုင်း ထပ်မသုံးနဲ့တော့။ အန္တရာယ်ရှိတဲ့အရာတစ်ခုခု ရောသွားနိုင်တာမလို့ ခွဲလိုက်ပြီး ခွက်အသစ်သုံး။
မလိုလားအပ်တဲ့ သံသယတွေ ဝင်လာနိုင်သောကြောင့် သူမရဲ့ခွက်ထဲကို ဆေးခပ်ထားကြောင်း ကုနင်းက သူမကို တိုက်ရိုက်မပြောလိုက်ပေ။ သူမရဲ့ သောက်စရာဟာ အန္တရာယ်ရှိနိုင်ကြောင်းသာ သူမအနေနဲ့ ပြောပြနိုင်လေသည်။
ပိုင်လင်းက အရမ်းထက်မြက်တာမလို့ သူမဘာသာသူမ ထိုအကြောင်း တွေးမိနိုင်လောက်ကြောင်း ကုနင်းကနားလည်လေသည်။
ကုနင်းမှန်းတာ မှန်ကန်လေသည်။ တကယ်တော့ ပိုင်လင်းက သန့်စင်ခန်းသွားရန် ထွက်သွားကတည်းက ထိုအရာဟာ ဖျော်ဖြေရေးလောကမှာ မထူးဆန်းတဲ့အရာမလို့ သူမက ထိုပြဿနာကို တွေးမိထားပြီးဖြစ်သည်။ သရုပ်ဆောင်မင်းသမီးအများကြီးဟာ ထိုထောင်ချောက်အတွင်းသို့ အရင်ကကျပြီးသွားပြီဖြစ်သည်။
ပိုင်လင်းက ဒီတစ်ကြိမ်မှာ တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်လိုက်တာမလို့ သန့်စင်ခန်းသုံးပြီးတဲ့အခါ ခွက်ကိုခွဲဖို့ နည်းလမ်းတစ်ခုခု စဉ်းစားရန် သူမကစီစဉ်လိုက်လေသည်။
ထိုအရာဟာ အံဩစရာမဟုတ်ပေမဲ့လည်း ကုနင်းရဲ့စာတိုကို ဖတ်ပြီးတဲ့အခါမှာ ပိုင်လင်းကကြောက်လန့်ကာ တုန်ရီသွားလေသည်။ အခုလိုအရာမျိုးကြုံတွေ့တာဟာ သူမအတွက် ပထမဆုံးဖြစ်လေရာ သူမအနေနဲ့ ကြောက်လန့်ဆဲဖြစ်လေသည်။
ဒီလောကထဲဝင်လာကတည်းက သူမဟာ ထုတ်မပြောတဲ့စည်းကမ်းတွေကို အမြဲငြင်းဆန်ခဲ့သည်ဖြစ်သည်။ ကုမ္ပဏီကလဲ သူမကို ထိုသို့လုပ်ရန် ဘယ်တော့မှတွန်းအားမပေးတာကြောင့် သူမမှာ ကောင်းမွန်တဲ့ကမ်းလှမ်းတွေအများကြီးမရှိသလို ညစာစားပွဲတွေလဲမတက်ရပေ။ သူမကို ထိုသို့လဲ တစ်ခါမှလဲ ကြံစည်တာ မခံရဖူးပေ။
ဖုန့်ဟွာအင်တာတိန်းမန့်မှာ သူမကို လက်မှတ်ထိုးဖို့ ကုနင်းက သဘောတူပြီးနောက် အရင်ကုမ္ပဏီနဲ့ ချက်ချင်းစာချုပ်ရပ်လိုက်ဖို့ သူမမှာ အကြံအစည်ရှိသော်လည်း လျော်ကြေးငွေဟာ သုံးမီလီယံယွမ်ပေးရမှာဖြစ်ကာ အရမ်းများလို့ဖြစ်သည်။ သူမအနေနဲ့ မတတ်နိုင်သလို ထိုသို့လုပ်ပြီးရင် သူမမှာ ပိုက်ဆံရှိမှာမဟုတ်တော့၍ ဖြစ်သည်။
သရုပ်ဆောင်တစ်ယောက်အနေနဲ့ TV Showတစ်ခုမှာ ဇာတ်ကောင်တစ်ခု သရုပ်ဆောင်တာပြီးတာနဲ့တင် တစ်မီလီယံယွမ်ရနိုင်သော်လည်း အများစုက ကုမ္ပဏီက ယူသည်ဖြစ်ကာ သရုပ်ဆောင်အနေနဲ့ ၃၀%လောက်သာ ရနိုင်လေသည်။ တနည်းပြောရရင် တကယ်လို့ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ကြေးဟာ ဆယ်မီလီယံယွမ်ဆိုရင် သူ/သူမအနေနဲ့ ၃မီလီယံယွမ်သာ ရနိုင်သည်ဖြစ်သည်။
ထို့အပြင် သူတို့ကိုယ်သူတို့ ငေးလောက်အောင်ဖြစ်နေစေအောင်လုပ်ဖို့လိုတာကြောင့် သရုပ်ဆောင်တွေဟာ အလုပ်လုပ်နေစဉ်မှာ ပိုက်ဆံတွေအများကြီးသုံးရလေသည်။ သူတို့ရဲ့အဝတ်အစားတစ်ထည်ဟာ ယွမ်သောင်းဂဏာန်း ဒါမှမဟုတ် ယွမ်သိန်းဂဏာန်းထိ ရောက်နိုင်၍ဖြစ်သည်။ အရေးကြီးတဲ့အခမ်းအနားတွေအတွက် တရားဝင်ဝတ်စုံတွေဟာဆိုရင် ပိုပြီးတော့တောင် ပိုက်ဆံကုန်သေးလေသည်။ ထို့ကြောင့် သရုပ်ဆောင်တွေအနေနဲ့ ပိုက်ဆံနည်းနည်းသာ ဆုနိုင်လေသည်။
ပိုပြီးဆိုးတာက ဒီနှစ်တွေအတွင်းမှာ ပိုင်လင်းမှာ အလုပ်တွေသိပ်မရှိတာမလို့ သူမဟာ မြို့တော်မှာ အိမ်တစ်လုံးသာ လောလောဆယ်ဝယ်ရသေးတာဖြစ်တာမလို့ သူမရဲ့ စုထားတဲ့ငွေဟာ အဲဒီလောက် မများပေ။
အခုချိန်မှာတော့ ကုမ္ပဏီမှာ သူမအတွက် အချိန်သုံးလသာ ကျန်တော့တာမလို့ စာချုပ်ကုန်သည်အထိ စောင့်ဖို့ သူမက စီစဉ်ထားတာဖြစ်ပေမဲ့လည်း ကံဆိုးစွာပင် ဒီနေ့သူမ ဒုက္ခတွေ့လေသည်။
ပိုင်လင်းဟာ သန့်စင်ခန်းထဲမှာ အကြာကြီးနေလို့ မရတာကြောင့် ထိုအကြောင်းကို ဆက်မတွေးတော့ပေ။ သန့်စင်ခန်းသုံးပြီးနောက် သူမဟာအပြင်ထွက်လာကာ ခြေလှမ်းမညီညာဖြစ်ဟန်ဆောင်ကာ သူမရဲ့ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ပံ့ထားလေသည်။ သူမက အရက်မူးနေပြီးသည့်အလား ထင်ရလေသည်။
ပိုင်လင်းက သူမရဲ့ခုံဆီသို့ ပြန်ရောက်ရောက်ချင်း ထိုင်မလို့လုပ်ခါနီးမှာပင် ရုတ်တရက်ပဲ လန့်အော်လိုက်လေသည်။ သူမရဲ့လက်က ကျသွားပြီး တိုက်ဆိုင်စွာပင် သူမရဲ့ခွက်ကို ရိုက်လိုက်လေသည်။ ခွက်ဟာ စားပွဲပေါ်မှာ ကျွမ်းပြန်သွားပြီး အရက်တွေဟာလည်း ဖိတ်သွားလေသည်။
ထို့နောက်မှာတော့ ခွက်ဟာ စားပွဲဘေးဘက်ခြမ်းသို့ လိမ့်သွားပြီး ကြမ်းပြင်ပေါ်ကျကာ တစ်စစီကွဲသွားလေသည်။
ပိုင်လင်းက သရုပ်ဆောင်ရာမှာ အရမ်းတော်တာကြောင့် ချောမွေ့စွာပင်ဖြစ်သွားတာဖြစ်သည်။ သူမက တမင်တကာလုပ်လိုက်တယ်ဆိုတာ ဘယ်သူမှမမြင်နိုင်ပေ။ သို့သော်လည်း အခြားလူတွေဟာ မကျေမနပ်ဖြစ်သွားလေသည်။
ထိုအရာကိုမြင်တဲ့အခါ အရက်က အမှန်ပင် အန္တရာယ်များမှန်း ပိုင်လင်းကသေချာသွားလေသည်။ သူမက အပေါ်မှာ တည်ငြိမ်တဲ့ပုံပေါ်သော်လည်း ရင်ထဲမှာတော့ အရမ်းကြောက်လန့်နေတာဖြစ်လေသည်။
တကယ်လို့ သူမသာ ဂရုမစိုက်ရင် ဒါမှမဟုတ် တကယ်လို့သာ သူမအဲဒီအရက်ကို သောက်လိုက်ရင်....သူမဘာဖြစ်သွားနိုင်လည်းဆိုတာ မတွေးရဲပေ။
"ကျွ-ကျွန်မ တောင်းပန်ပါတယ်။ အရမ်းသောက်တာ များသွားတယ်။ ကျွန်မ လမ်းတောင် ဖြောင့်အောင် မလျှောက်နိုင်တော့ဘူး"ဟု ပိုင်လင်းက ချက်ချင်း တောင်းပန်လေသည်။
"ဂရုစိုက်လေ"ဟု ပိုင်လင်းရဲ့အေးဂျင့်က သူမကို ငေါက်လေသည်။
"ကျွန်မတောင်းပန်ပါတယ်။ ကျွန်မတကယ်တောင်းပန်ပါတယ်။ ကျွန်မ တမင်သက်သက်လုပ်တာမဟုတ်ပါဘူး"ဟု ပိုင်လင်းက သနားစဖွယ်ပင် ဆက်ပြီးတောင်းပန်လေသည်။
"ကိစ္စမရှိဘူး။ သူမကို ခွက်အသစ်လဲပေးလိုက်"ဟု သူမကို ဆေးခပ်တဲ့လူဟာ သဘောထားကြီးသလို ဟန်ဆောင်လေသည်။ တကယ်လို့ သူ,မကျေနပ်တောင် သူ့ရဲ့တကယ့်ခံစားချက်တွေကို အခုချိန်မှာ ပြလို့မရပေ။
ထိုအရာဟာ မတော်တဆဖြစ်တာမလို့ သူ့အနေနဲ့ ပြီးရင် ထပ်လုပ်လို့ရလေသည်။
သိပ်မကြာခင်မှာပဲ စားပွဲထိုးဟာ ခွက်အသစ်ယူလာပေးပြီး ပိုင်လင်းကိုယ်တိုင် ခွက်ထဲထည့်လိုက်လေသည်။
"မန်နေဂျာလင်း၊ မန်နေဂျာဝူနဲ့ မန်နေဂျာဝမ်တို့ကို ကျွန်မအခုခွက်ကွဲသွားစေတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မကိုယ်ကျွန်မ အပြစ်ပေးတဲ့အနေနဲ့ ဒီအသစ်တစ်ခွက်ကို ကျွန်မသောက်ပါရစေ"ဟု ပိုင်လင်းကပြောကာ အရက်ကို တန်းသောက်လိုက်လေသည်။ သူမရဲ့ စိတ်ရင်းကိုပြသတာမလို့ အခြားသူတွေကလည်း သူမကို ဆက်ပြီးအရှက်ရအောင် မလုပ်တော့ပေ။
တကယ်တော့ ထိုအရာဟာ ပြဿနာကြီးကြီးမားမားမဟုတ်ကာ လူအများစုဟာ ဂရုစိုက်မှာမဟုတ်ပေမဲ့လည်း အရက်က ဆေးခပ်ထားပြီးဖြစ်တာမလို့ ပိုင်လင်းက ခွက်ကိုခွဲလိုက်တဲ့အခါ သူတို့ကမပျော်တာဖြစ်သည်။
"အဲ့လိုမပြောပါနဲ့။ ခွက်တစ်ခွက်ပဲဟာ"
"ကိစ္စမရှိပါဘူး"
လူတိုင်းဟာ ပြုံးလာကြခါ အခန်းထဲရှိ အခြေအနေဟာ စိတ်လျော့သွားကြလေသည်။
သို့သော်လည်း ပိုင်လင်းက ဆေးခပ်တာကို ရှောင်ရှားနိုင်လိုက်ပေမဲ့လည်း ရှေ့လျှောက်မိနစ်အနည်းငယ်မှာပဲ သူမဟာ ပိုပိုပြီး အရက်ပြင်းတွေကို သောက်ဖို့ဖိအားပေးခံရလေသည်။
ပိုင်လင်းဟာ ပိုပိုပြီးသက်တောင့်သက်သာမဖြစ်တော့ဘဲ ကုနင်းကလည်း ထိုအရာနဲ့တင် ပြီးတော့မည်ဟုတွေးမိလေသည်။ အခြားသူတွေအားလုံးဟာ စားလို့သောက်လို့ ပြီးသွားပေမဲ့လည်း သူတို့မှာ ပြန်ဖို့ ရည်ရွယ်ချက်မရှိကြပေ။
ကုနင်းက စောင့်နိုင်သော်လည်း ပိုင်လင်းမှာ အချိန်အများကြီးမရှိတော့ပေ။
ပိုင်လင်းက ကုမ္ပဏီနဲ့ စာချုပ်ရှိသေးတာကြောင့် ကုနင်းအနေနဲ့ ပိုင်လင်းမှာ ရန်သူတွေပိုများအောင် မလုပ်နိုင်သလို သူမကိုခေါ်သွားပြီး ဘဝခက်ခဲအောင်လဲ မလုပ်နိုင်ပေ။
ခဏတာတွေးပြီးနောက် ကုနင်းက သူမရဲ့ဖုန်းကိုထုတ်ကာ ပိုင်လင်းကိုဖုန်းဆက်လိုက်လေသည်။
ပိုင်လင်းကသူမရဲ့ မန်နေဂျာတွေနဲ့ ညစာစားနေတာဖြစ်ပေမဲ့လည်း သူမမှာ ဖုန်းဖြေခွင့်ရှိလေသည်။
ဖုန်းခေါ်တဲ့သူက ကုနင်း ဆိုတာကိုတွေ့တဲ့အခါ ပိုင်လင်းဟာ အရမ်းစိတ်အေးသွားလေသည်။
သူမကို ခွင့်ပြုဖို့ပြောပြီးနောက် ဘေးကိုသွားကာ ဖုန်းကိုင်လိုက်သော်လည်း သူတို့ သူမကို ထပ်ပြီးဆေးခပ်မှာစိုးသောကြောင့် သူမရဲ့မျက်လုံးကို စားပွဲပေါ်မှ မဖယ်ပေ...
***
ဖီးနစ်သွေးစက်
အခန်း ၂၀၀၇ ထိတ်လန့်ခြင်း
"ပိုင်လင်း မင်း အများကြီးသောက်ထားလား" ကုနင်းသည် သူမအရာအားလုံးကို သူမမျက်မြင်တွေ့ခဲ့ရကြောင်းကို ပိုင်လင်းအား အသိပေး၍ မဖြစ်သောကြောင့် တမင် မေးလိုက်သည်။
"ဟုတ်တယ် ကျွန်မသောက်ထားတယ်" ပိုင်လင်း လေသံတိုးတိုးနဲ့ ပြောလိုက်သည်။
“သူတို့က မင်း မူးယစ်ဆေးမမိတော့ မင်းကိုတမင်မူးအောင်လုပ်ဖို့ကြိုးစားလိမ့်မယ်။ အခု ဆက်သောက်လို့ မရတော့ဘူး” ကုနင်းက "အိုး၊ သူတို့အားလုံးက အရမ်းအရေးကြီးလား"
သင့်လျော်သော အကြောင်းပြချက်တစ်ခု ပေးနိုင်စေရန် ၎င်းတို့သည် မည်သူမည်ဝါဖြစ်သည်ကို သူမ သိရန်လိုအပ်သည်။
“သူတို့ မင်းအကြောင်း အခုပဲပြောနေတာ။ သူတို့က မင်းကို သိပ်အထင်ကြီးပြီး နည်းနည်းတော့ကြောက်တယ်” ဟု ပိုင်လင်းက အသံတိုးတိုးလေးနဲ့ ပြောလိုက်သည်။ သူမပြောတာကို တခြားဘယ်သူမှ မကြားနိုင်ပေ။
သူတို့သည် ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်နှင့် ဖုန့်ဟွာအင်တာတိန်းမန့်၊ ထို့နောက် ကုနင်းအကြောင်း ဆွေးနွေးခဲ့သည်။ ကုနင်းအကြောင်းပြောသောအခါတွင် သူတို့သည် သူမကို ကြောက်ရွံ့နေပုံရသည်။ ကုနင်းသည် အလွန်အာဏာကြီးသော မိသားစုမှ ဆင်းသက်လာရမည် မဟုတ်လျှင် သူမသည် ဤမျှ ချောမွေ့စွာ အောင်မြင်လာနိုင်မည် မဟုတ်ကြောင်း သူတို့ သဘောတူခဲ့ကြသည်။
“ဒါဆို ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့သူဌေးက မင်းကိုတွေ့ချင်တယ်လို့ မင်းသူတို့ကို တိုက်ရိုက်ပြောလိုက်။ ပြီးတော့ သူက အခု တော်ဝင်တရားရုံးတော်ဟိုတယ်မှာလည်း ထမင်းစားနေတယ်လို့။ သူ့မှာ အရေးကြီးတဲ့ ဧည့်သည်ပါလို့ မိတ်ဆက်ပေးမယ်လို့ပြောလို့ မင်းအခုဆက်သောက်လို့မဖြစ်တော့ဘူး။ မဟုတ်ရင် မင်းကိုယ်မင်းထိန်းနိုင်မှာ မဟုတ်တော့ဘူး ဆိုပြီးပြောလိုက်။ သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာ ကြည့်ရအောင်။ သူတို့ကြောက်ပြီး လွှတ်လိုက်ရင် အကောင်းဆုံးပေါ့။ မဟုတ်ရင် ဖုန်းဆက်လိုက် ငါလာတွေ့မယ်" "မင်းသူတို့ကိုထားခဲ့လို့ရရင် မင်းရဲ့အေးဂျင့်မလိုက်ခဲ့စေနဲ့။ ငါတို့က မင်းရဲ့ဘေးနားက VIP05 သီးသန့်အခန်းမှာ" ကုနင်းကပြောသည်။
"ပြဿနာမရှိပါဘူး" ပိုင်လင်း ကပြောသည် ။
ဖုန်းချလိုက်ပြီးနောက် ပိုင်လင်းသည် သူမ၏ထိုင်ခုံဆီသို့ ပြန်သွားပြီး တောင်းပန်လိုက်သည်။ “မန်နေဂျာလင်း၊ မန်နေဂျာဝူနဲ့ မန်နေဂျာဝမ်၊ ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မ ဆက်မသောက်နိုင်တော့ဘူး။ ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့ ဥက္ကဌကုက ကျွန်မကို ဖုန်းဆက်ပြီး သူ ကျွန်မကို တွေ့ချင်တယ်တဲ့။ အခု သူလည်း တော်ဝင်တရားရုံးတော်ဟိုတယ်မှာ ရှိနေတယ်။ သူ့မှာ အရေးကြီးတဲ့ ဧည့်သည်တွေရှိတယ်။ သူမက ကျွန်မကို သူတို့နဲ့ မိတ်ဆက်ပေးဖို့ စီစဉ်နေတယ်။ ကျွန်မဆက်သောက်ပြီး မူးသွားရင် သူတို့ရှေ့မှာ ကိုယ့်ကိုယ်ကိုယ်မထိန်းနိုင်မှာဆိုးရတယ်…”
"ဘာ? ဖုန့်ဟွာအင်တာတိန်းမန့်က ဥက္ကဌကုက မင်းကို တွေ့ချင်နေတာလား။ ကုနင်း၊ မစ္စကုကို ဆိုလိုတာလား။ ထိုစကားကိုကြားတော့ ပိုင်လင်းဘေးတွင်ထိုင်နေသော မန်နေဂျာလင်း အံ့သြသွားသည်။
တခြားလူတွေနဲ့ ယှဉ်ရင် မန်နေဂျာလင်းက သူတို့ထက် ကုနင်းအကြောင်း ပိုသိသည်။
ထိုကဲ့သို့သော ငယ်ရွယ်စဉ်တွင် ကုနင်းသည် အစွမ်းထက်သော ပံ့ပိုးကူညီမှုမရှိဘဲ ဤမျှအထိ အောင်မြင်လာမည်ဟု မည်သူမျှ မယုံခဲ့ကြသော်လည်း မန်နေဂျာလင်းက ၎င်းကို ပိုမယုံကြည်ပေ။ ကုနင်းသည် သူမ၏ နောက်ကွယ်တွင် အားကောင်းသော ပံ့ပိုးကူညီမှု ရှိရမည် ဆိုတာကို သူသေချာသည်။
ယခုရက်ပိုင်းတွင် အကြီးမားဆုံးသတင်းဖြစ်သည့် ကြေးခေါင်းလောင်းများကို ကုနင်းမှ ပံ့ပိုးပေးထားသည်။
အရေးကြီးဆုံးမှာ ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင် ပိုင်ရှင်သည် မြို့တော်ရှိ အရေးပါသော သခင်များစွာနှင့် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိကြောင်း သူ့အဖေထံမှ ကြားသိရသည်။
အဘယ့်ကြောင့်ဆိုသော် သူ့အဖေက ရှေးဟောင်း အမွေအနှစ်များ အစည်းအရုံး၏ အဖွဲ့ဝင်တစ်ဦးဖြစ် သည်။ သူ့အဖေ လေလံပွဲသွားကြည့်တော့ အဲဒါကို မြင်ပြီး သူ့အားထိုသတင်းကို ပြောပြသည်။
ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်မှာ ကုနင်းဖြစ်သည်ကို သူသိသောအခါ ကုနင်းက မြို့တော်ရှိ အရေးပါသော သခင်များစွာနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ကို အတိအကျ သိလိုက်ရသည်။
သူသည် ကုမ္ပဏီကြီးတစ်ခု၏ အကြီးတန်း မန်နေဂျာတစ်ဦးဖြစ်သော်လည်း အရေးကြီးသောလူများရှေ့တွင် သာမာန်မျှဖြစ်သည်။ ထို့ကြောင့် မန်နေဂျာလင်းသည် ပိုင်လင်းနှင့်ပတ်သက်၍ မကောင်းသော အတွေးအမြင်များကို လုံးဝ စွန့်လွှတ်လိုက်ပြီး ယခုအခါ ကြောက်လန့်နေလေသည်။ ကံကောင်းစွာနဲ့ပဲ ပိုင်လင်းက ခွက်ကို အမှတ်တမဲ့ ခွဲခဲ့မိ၍ ဖြစ်သည်။ မဟုတ်ရင် သူကသာ ဒုက္ခရောက်တဲ့သူ ဖြစ်လိမ့်မည်။
တခြားလူတွေက မန်နေဂျာလင်းလောက် ကုနင်းအကြောင်း မသိပေမယ့် ဖုန့်ဟွာအင်တာတိန်းမန့်နာမည်ကို ကြားဖူးသည်။ ကုနင်းက ပိုင်ဆိုင်ကြောင်း သူတို့သိပြီး ကုနင်းက သူမကို ယခုလောက် အောင်မြင်လာဖို့ သူ့နောက်ကွယ်မှာ အစွမ်းထက်တဲ့ ပံ့ပိုးမှုတွေ ရှိရမယ်လို့ သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် စားပွဲဝိုင်းတွင် ချက်ခြင်းပင် အပြုအမူများပြင်လိုက်ကြသည်။
"ဟုတ်တယ် ကုနင်းပါ မန်နေဂျာလင်း၊ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’နဲ့ ‘ဘုရင်မတစ်ပါး၏စစ်သွေးစစ်မာန်’ရဲ့ နာမည်ကြီးတာကို သိမှာပါ။ သူတို့နှစ်ခုလုံးကို ဖုန့်ဟွာအင်တာတိန်းမန့်က ထုတ်လုပ်တာပါ” ဟု ပိုင်လင်းက ဆိုသည်။
ပိုင်လင်းဟာ ‘အသည်းတထိတ်ထိတ်ရင်တဖိုဖို’ နဲ့ စစ်သွေးကြောင့် နာမည်ကြီးလာခဲ့တာကို သူတို့သိခဲ့ကြပေမယ့် ပိုင်လင်းဟာ ကုနင်းနဲ့ သီးသန့်ဆက်ဆံရေးရှိတယ်ဆိုတာ သူတို့မသိခဲ့ကြပါ။ ပိုင်လင်းရဲ့ အေးဂျင့်တောင် ဒီကိစ္စကို မသိခဲ့ပါဘူး။
"ပိုင်လင်း မင်းက ကုနင်းနဲ့ ရင်းနှီးတာလား" ပိုင်လင်းရဲ့ အေးဂျင့်က မေးသည်။
“သူ ကျွန်မကို ဂရုစိုက်ပြီး ကျွန်မလည်း သူ့ကို လေးစားတယ်လေ။ သင့်တော်တဲ့ အခန်းကဏ္ဍတွေရှိရင် သူမက ကျွန်တော့်ကို အကြံပေးလေ့ရှိတယ်” ဟု ပိုင်လင်းက ဆိုသည်။ သူမသည် တိကျသေချာသော အဖြေကို တိုက်ရိုက်မပေးခဲ့သော်လည်း သူမပြောချင်တဲ့အဓိပ္ပါယ်က ဒီထက်ပို၍ မရှင်းလင်းနိုင်တော့ပေ။ ကုနင်းနှင့်သူမ၏ဆက်ဆံရေးသည်ပုံမှန်မဟုတ်ပါ။ မဟုတ်ပါက ကုနင်းသည်သူမအားရှိုးအသစ်တွင် ပါ၀င်ရန်အကြံပြုမည်မဟုတ်ပါ။
ပိုင်လင်းက ဆက်လက်ပြီး “သူ့မှာ အဆက်အသွယ်တွေ အများကြီးရှိတယ်။ သူတို့အားလုံးက အတော်လေးကို သြဇာညောင်းတာမို့ သူ ကျွန်မနဲ့မိတ်ဆက်ပေးချင်တာပါ။ အခက်အခဲတစ်ခုခု ရှိရင် သူတို့ဆီ လှည့်ပြီး အကူအညီ တောင်းလို့ရတယ်လေ”
အဲဒါကိုကြားတော့ မန်နေဂျာလင်းက ပြန်တွေးကြည့်ကာ သူအရမ်းကံကောင်းတယ်လို့ ခံစားရသည်။ ကံကောင်းစွာပဲ သူ ပိုင်လင်းကို မထိခိုက်စေခဲ့ပေ။
"ဟင် အရင်ကဘာလို့မပြောတာလဲ" ပိုင်လင်း၏ အေးဂျင့်က ရှက်ရွံ့စွာ ပြုံးကာပြောလိုက်သည်။ ပိုင်လင်းကို အနည်းငယ် အပြစ်တင်လိုက်သည်။ ကုနင်းနဲ့ ပိုင်လင်း ရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးအကြောင်း သူသိခဲ့တယ်ဆိုရင် အထွေထွေမန်နေဂျာက သူမကို ညစ်ပတ်တဲ့လှည့်ကွက်တွေနဲ့ သူတို့ရဲ့ကုမ္ပဏီမှာ ဆက်နေခိုင်းမယ့် လုပ်ရပ်ကို ရပ်တန့်လိုက်ပါလိမ့်မည်။
"ဒါဆိုရင် ပိုင်လင်း မင်း သောက်ဖို့ မလိုတော့ဘူး။ လိုအပ်ရင် အခုသွားလို့ရတယ်” ဟု မန်နေဂျာလင်းက ပြောသည်။ ပိုင်လင်းအား ကုနင်းနှင့် အခြားသော အရေးပါသော ပုဂ္ဂိုလ်များကို တွေ့ခြင်းမှ တားမြစ်ဝံ့ခြင်းမရှိပေ။
"ကျွန်မသွားလို့ရမလား?" ပိုင်လင်း ရည်ရွယ်ချက်ရှိရှိ တုံ့ဆိုင်းစွာမေးလိုက်သည်။ တကယ်ဆို သူမ ထွက်သွားဖို့ မစောင့်နိုင်တော့ပေ။
"ရတယ် ရတယ်။"
အားလုံးက ချက်ချင်း သဘောတူလိုက်တယ်။ သူမကို ထွက်သွားဖို့ မတားရဲကြပေ။
"အင်း ဒါဆို ကျွန်မသွားတော့မယ် စိတ်မကောင်းပါဘူး၊ နောက်တစ်ခါ ကျွန်မကို ဝယ်ကျွေးခွင့်ပြုပါ” ပိုင်လင်း သူတို့ကို မုန်းတီးသော်လည်း ယဉ်ကျေးသိမ်မွေ့စွာ ပြုမူရမည်။
"ပိုင်လင်း ငါ မင်းနဲ့လိုက်ခဲ့မယ်" ပိုင်လင်းရဲ့ အေးဂျင့်က ပြောသည်။ သူသည် ပိုင်လင်း ၏စကားကို သံသယ၀င်တာမဟုတ်ပဲ ကုနင်းနှင့် ထိုအရေးကြီးသော ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် အခွင့်အရေးကို ဆုပ်ကိုင်ထားချင်သည်။
"အမ် ကုနင်းရဲ့ သဘောတူညီချက်မပါဘဲ ခေါ်သွားလို့မရမှာ ဆိုးရတယ်" ပိုင်လင်းက ပြောသည်။
"ကောင်းပြီ ဒါဆို မင်းသွားလို့ရပြီ" ပိုင်လင်းရဲ့အေးဂျင့်က အဲဒါကို ကြားသောအခါ ငြင်းဆိုခြင်း မရှိပါ။ မလိုလားအပ်ကာ အရေးပါသော ပုဂ္ဂိုလ်များကို စော်ကားလိုစိတ်မရှိပေ။
ထို့နောက် ပိုင်လင်း တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူမသည် ကုနင်း၏ သီးသန့်ခန်းဆီသို့ တည့်တည့်သွားခဲ့သည်။
ကုနင်းရဲ့ သီးသန့်ခန်းထဲကို လမ်းလျှောက်ဝင်ရင်း ပိုင်လင်းက ကုနင်းကိုတွေ့လိုက်ရတာနဲ့ စိတ်သက်သာရာရသွားသည်။ သူမ ချက်ချင်းပဲ ကုနင်းကို ကျေးဇူးတင်သည်။ "မစ္စကု ကျေးဇူးအများကြီးတင်ပါတယ်။ မင်းကြောင့်သာမဟုတ်ရင် ကျွန်မသူတို့ဆီကနေ ဘယ်လိုထွက်ပြေးရမယ်ဆိုတာ တကယ်မသိဘူး"
“မင်း ငါ့ကုမ္ပဏီကို မဝင်ရသေးပေမယ့် မင်းဟာ ငါ့ရဲ့ ဝန်ထမ်းဖြစ်လာမှာပဲ။ မင်းဒုက္ခရောက်နေတာဖြစ်လို့ ငါမင်းကိုသေချာပေါက်ကူညီပေးသင့်ပါတယ်" ဟု ကုနင်းကပြောသည်။ ကြီးကြီးမားမားကိစ္စကြီးလို့ သူမထင်ပါ။
ဘာပဲဖြစ်ဖြစ် ပိုင်လင်းက ကုနင်းကို အရမ်းကျေးဇူးတင်နေတုန်းပဲ၊ ဒါကြောင့် ဒီနေ့ ဘေလ်ပေးဆောင်ဖို့ ဆုံးဖြတ်လိုက်သည်။
ပိုင်လင်း မရှိတော့တဲ့အခါ မန်နေဂျာလင်းက သက်ပြင်းတစ်ချက်ချကာ ဒေါသတကြီးနဲ့ ပိုင်လင်းရဲ့အေးဂျင့်ဆီ လှည့်ကြည့်လိုက်သည်။ "ရှန်းကျန်း မင်းအထွေထွေမန်နေဂျာ ဒီတခေါက် ငါ့ကို ပျက်ဆီးအောင် လုပ်လုနီးပါးပဲ။ ဒီကောင်မလေးကို မခေါ်ခင် လုံခြုံအောင် ဘာလို့ သေချာမစစ်ဆေးတာလဲ"
***
ဖီးနစ်သွေးစက်
အခန်း ၂၀၀၈ သူ့ကို ထိန်းထားပါ
“မန်နေဂျာလင်း၊ စိတ်မကောင်းပါဘူး ကျွန်တော်တကယ် မသိတာပါ။ သိရင် သူ့ကို ဒီကို ခေါ်လာဖို့ သတ္တိရှိမှာမဟုတ်ပါဘူး။ ကျွန်တော်ပြန်ရောက်တာနဲ့ အထွေထွေမန်နေဂျာနဲ့ ဆွေးနွေးလိုက်ပါ့မယ်။” ပိုင်လင်း၏အေးဂျင့်ရှန်းကျန်းက ခယစွာ ချက်ချင်းတောင်းပန်လိုက်သည်။
“ကောင်းပြီ၊ ကံကောင်းလို့ ဒီနေ့ ဘာမှ မဖြစ်လိုက်ဘူး။ မင်းရဲ့ အထွေထွေမန်နေဂျာက ထက်မြက်ရင် ပိုင်လင်းနဲ့ပတ်သက်တဲ့ မကောင်းသော အတွေးတွေကို စွန့်လွှတ်လိုက်သင့်တယ်။ ကုနင်းရဲ့ ဆက်သွယ်မှုက မင်းထင်ထားတာထက် အများကြီး ပိုအားကောင်းတယ်။ သူတို့အားလုံးက စီးပွားရေးနဲ့ နိုင်ငံရေးမှာ အုပ်စိုးတဲ့သူေတွ။ သူတို့ကို ဘယ်သူမှ မနှောင့်ယှက်ရဲဘူး။ မင်းရဲ့ကုမ္ပဏီ ဒေဝါလီခံဖို့လောက်က သူတို့အတွက် မခက်ဘူး” ဟု မန်နေဂျာလင်းက ပြောသည်။ ရှန်းကျန်းနှင့် ၎င်းတို့၏ ကုမ္ပဏီ၏ အထွေထွေမန်နေဂျာနှင့် သူ၏ဆက်ဆံရေးမှာ မဆိုးသောကြောင့် သတိထားရန် ကြင်နာစွာ သတိပေးခဲ့သည်။
ထိုစကားကိုကြားတော့ ရှန်းကျန်း တုန်လှုပ်သွားသည်။ စီးပွားရေးနဲ့ နိုင်ငံရေးမှာ အုပ်စိုးတဲ့သူတွေလား။ မယုံနိုင်စရာပါပဲ။
ဘာပဲဖြစ်ဖြစ် မန်နေဂျာလင်း၏ ထုတ်ဖော်ပြောဆိုမှုအရ သူတို့ ဘယ်သူတွေလဲဆိုတာ သိလိုက်ရသည်။ အဲဒီလိုဆိုရင် သူတို့ကုမ္ပဏီကို ပိတ်ပစ်ဖို့က တကယ်ကို လွယ်ပါသည်။
"မန်နေဂျာလင်း အဲ့အကြောင်းပြောပြနိုင်မလား" ရှန်းကျန်းက တုန်လှုပ်သောအသံဖြင့် မေးသည်။
“မနေ့တုန်းက ငါ့အဖေက လေလံပွဲကို သွားခဲ့တယ်။ ရှန်းယွင်ရှေးဟောင်ပစ္စည်းဆိုင်ပိုင်ရှင်က သခင်ကြီးလင်၊ သခင်ကြီးရှု၊ သခင်ကြီးကျန်းနဲ့ ချိုက်ဝမ်ဟုန်တို့နဲ့တူတူ ထိုင်နေတာကို တွေ့လိုက်ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ရယ်မောရင်း စကားစမြည်ပြောပြီး အတူတူထွက်သွားခဲ့ကြတယ်တဲ့” ထို့နောက် မန်နေဂျာလင်းက ဆက်၍ "အဲ့ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်ပိုင်ရှင်က ကုနင်းပဲ"
"ဘာ?"
အဲဒါကို ကြားတော့ အားလုံး အံ့သြသွားသည်။
ကုနင်းဟာ သူတို့နိုင်ငံမှာ တကယ်ကို သြဇာကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံရေးရှိနိုင်၍ အံ့အားသင့်နေမိသည်။
"ကောင်းပြီ ငါဗိုက်ပြည့်ပြီ အခု သွားေတာ့မယ်” ဟု မန်နေဂျာလင်းက ပြောသည်။ သူ မတ်တပ်ထရပ်ပြီး ထွက်သွားသည်။ သူတကယ်မပြည့်သေးပေမယ့် စားချင်စိတ်တွေ ပျောက်သွားသည်။
သူတို့ မထွက်ခွာခင်မှာ ကုနင်းနဲ့ တခြားသူတွေက ထွက်သွားကြပြီ။ ကုနင်းက ငွေရှင်းဖို့သွားတဲ့အခါ၊ ပိုင်လင်း က မြန်မြန်ေလျှာက်သွားပြီး ကုနင်းကို ကျေးဇူးတင်တဲ့အနေနဲ့ ငွေရှင်းပေးလိုက်သည်။
ကုနင်းသည် ပိုင်လင်း၏စိတ်ကို သက်သာရာရအောင် သူမကို မတားဆီးနိုင်ခဲ့ပေ။
ဘေလ်ပေးဆောင်ပြီးနောက် ထွက်ခွာသွားခဲ့ကြသည်။ ပိုင်လင်းက ရှန်းကျန်းရဲ့ ကားနဲ့ ရောက်လာတာကြောင့် ရှန်းကျန်းကို သူမထားခဲ့တာဖြစ်တဲ့အတွက် အခု ကားမရှိတော့ပေ။
ပိုင်လင်း က နာမည်ကြီးတစ်ယောက်မို့ ကုနင်းက သူမကို တက္ကစီစီးခွင့်မပေး။ အဲ့တာကြောင့် ကုနင်းက သူ့ကို ကားပေါ်တက်ခိုင်းပြီး ကျီပိုင်ယင်းက သူ့ကားနဲ့သူ မောင်းသွားသည်။
ပိုင်လင်းလည်း သူမတစ်ယောက်တည်း တက္ကစီစီးရတာ မလုံခြုံဘူးလို့ ထင်တဲ့အတွက် သူမ အနည်းငယ်အားနာပေမယ့် ကုနင်းရဲ့ကြင်နာမှုကို လက်ခံခဲ့သည်။
“ဒီနေ့ အဖြစ်အပျက်ပြီးရင် မင်းရဲ့ သူဌေးက မင်းကို မနှောက်ယှက်လောက်တော့ဘူး ထင်တယ်။ မင်းရဲ့သူဌေးသာ ဉာဏ်ကောင်းတယ်ဆိုရင်တော့ ရပ်လိုက်မှာပေါ့ ဆက်သာလုပ်ရဲ့ရင် ငါ့ကို အသိပေးပါ။ မင်းရဲ့စာချုပ်ကို အဆုံးသတ်ဖို့ သူတို့ကို ငါ အတင်းအကြပ် လုပ်ခိုင်းမယ်” ဟု ကုနင်းက ဆိုသည်။ ဖျက်သိမ်းခ လျော်ကြေးမပေးဘဲ ပိုင်လင်းကို ကူညီရန် သူမ ရည်ရွယ်ထားသည်။
ကုနင်းလုပ်ချင်သရွေ့ သူမမလုပ်နိုင်တာ ဘာမှမရှိပါဘူး။ သူမကိုယ်သူမ လုံးဝအားကိုးသည်။
ထိုလူများသည် ပိုင်လင်းကို မူးယစ်ရန်ကြိုးစားခဲ့တဲ့ လုပ်ရပ်က ကုနင်း၏မျက်လုံးထဲတွင် လက်မခံနိုင်ပေ။ သူမမှာသာ ဒီလိုအဖြစ်မျိုး ကြုံလာခဲ့ရင် သူမဟာ သူတို့အား အရှက်ကွဲအောင်လုပ်ကာ အနိုင်ယူမှာ သေချာပါသည်။ ဒါပေမယ့် ဒါက ပိုင်လင်းရဲ့ ကိစ္စဖြစ်ပေသည်။
အကယ်၍ သူမသည် ၎င်းတို့၏ လုပ်ရပ်များကို ဖော်ထုတ်ပြီး လက်ရှိအချိန်တွင် အနိုင်ရခဲ့ပါက ပိုင်လင်း သည် ယခင်ကုမ္ပဏီမှ ထွက်ခွာသွားနိုင်သော်လည်း သူမ၏အနာဂတ်သည် အန္တရာယ်ရှိနိုင်မည်ဖြစ်သည်။ ပိုင်လင်းက ပျော့ညံ့တဲ့ မိန်းကလေးပါ။ ထိုယောက်ျားများက သူမကို ရန်ငြိုးထားလျှင် သူမကို အလွယ်တကူ နာကျင်စေနိုင်သည်။
ပိုင်လင်းသည် သူမ၏ ဝန်ထမ်းဖြစ်သောကြောင့် သူမအား သေချာပေါက် ကူညီပံ့ပိုးပေးမည်ဖြစ်သော်လည်း သူမအား 24နာရီ7ရက် အကာအကွယ်မပေးနိုင်ပါ။ ပိုင်လင်း က ပြဿနာအသေးအမွှားလေးသာ ကြုံတွေ့ရရင် ကောင်းလိမ့်မည်။ ဒါပေမယ့် ပြင်းထန်ရင်ရော။ ဆိုးရွားသော ပြဿနာများ ဖြစ်ပွားပြီးနောက် ကုနင်းသည် သူမကို ကူညီနိုင်ခဲ့လျှင်ပင် ပိုင်လင်း နာကျင်နေပြီးဖြစ်၍ တစ်ခါတစ်ရံ အဓိပ္ပါယ်မဲ့သွားနိုင်သည်။
အားနည်းသူများသည် ဤလူ့အဖွဲ့အစည်းတွင် သန်မာသူများ၏ သားကောင်များဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် အခြားသူများ၏ ကလဲ့စားချေမှုကို ရင်ဆိုင်ရန် အရည်အချင်းမရှိပါက၊ သူ သို့မဟုတ် သူမသည် မိမိ၏ အရှက်ရမှုကို သည်းခံရမည်။
ထို့အပြင် ပိုင်လင်းသည် နောက်ဆုံးတွင် မထိခိုက်ခဲ့ပေ။ သူမ ထိခိုက်ခဲ့လျှင် အခြားအရာတစ်ခု ဖြစ်လိမ့်မည်။
“ဟုတ်ပါတယ်” ဟု ပိုင်လင်းက ပြောသည်။ ဒီနေ့ အဖြစ်အပျက်တွေပြီးရင် ခဏလောက် ဘေးကင်းမယ်လို့ သူမ ခံစားမိပေမယ့် သူ့သူဌေးက ဉာဏ်ကောင်းသလား မသေချာဘူး။
အကယ်၍ ထပ်မံဖြစ်ခဲ့ပါက၊ ဖျက်သိမ်းပြီး နစ်နာကြေးများ ပေးဆောင်ရင်တောင် စာချုပ်ကို အဆုံးသတ်ရန် ဆုံးဖြတ်ထားသည်။
…
မန်နေဂျာလင်း ထွက်သွားပြီးနောက် ရှန်းကျန်းနှင့် အခြားလူများသည် အခန်းထဲတွင် ဆက်နေရန် ကြောက်ရွံ့လွန်းသဖြင့် ထွက်သွားကြသည်။ ရှန်းကျန်းက သူ့ကားထဲပြန်ဝင်လာတော့ သူ့အထွေထွေမန်နေဂျာကို ချက်ချင်းဖုန်းဆက်ပြီး ရလဒ်ကို သူ့ဆီ သတင်းပို့လိုက်တယ်။
အထွေထွေမန်နေဂျာလည်း ကြောက်သွားသည်။ ပိုင်လင်းဟာ ထူးခြားစွာ ကံကောင်းတယ်လို့ သူထင်မိသည်။ သူမသည် ကျော်ကြားလာကာ သြဇာကြီးမားသော ပုဂ္ဂိုလ်များနှင့် အဆက်အသွယ်ရှိသည်။ ညစ်ပတ်သောလှည့်ကွက်များသုံးကာ သူ့ပန်းတိုင်ကို ရောက်အောင်လုပ်ဆောင်ရန်မလိုပေ။
"ရှန်းကျန်း၊ ပိုင်လင်းနဲ့ ကောင်းကောင်းပြော။ ကုမ္ပဏီက သူ့ရဲ့ အမြတ်ဝေစုကို 30% အထိ မြှင့်ဖို့ ဆန္ဒရှိတယ်။ အဆင်မပြေသေးရင် 40% ပေးလိုက်။ ပိုင်လင်းက အခုအချိန်မှာ နာမည်ကြီးရုံတင်မကဘဲ အာဏာရှိတဲ့ လူတွေကိုလည်းသိတယ်။ သူ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတယ်။ သူ့ကို ထိန်းသိမ်းထားရမယ်” ဟု အထွေထွေမန်နေဂျာက ပြောသည်။ ညစ်ပတ်တဲ့လှည့်ကွက်တွေကို ထပ်မသုံးရဲပေမယ့် ပိုင်လင်းကို ဆက်ထိန်းထားချင်ပါသေးသည်။
"ဟုတ်ပါတယ် ငါ မနက်ဖြန် ပိုင်လင်းနဲ့ စကားပြောလိုက်မယ်၊ ဒါပေမယ့် သူသဘောတူမယ် မထင်ဘူး။ ပိုင်လင်းက ကုနင်းနဲ့ ဆက်ဆံရေးကောင်းပြီး သူက စာချုပ်ကို သက်တမ်းတိုးဖို့ ဆန္ဒမရှိတဲ့ပုံအရ ဖုန့်ဟွာအင်တာတိန်းမန့်မှာ နေချင်တာဖြစ်နိုင်တယ်။ သူက ဖုန့်ဟွာအင်တာတိန်းမန့်မှာသာ ဖြစ်သွားရင် အဆုံးမဲ့တဲ့ကမ်းလှမ်းမှုတွေရမှာ။ အမြတ်ရဲ့ 40% က သူ့ကို ဆွဲဆောင်နိုင်မယ် မထင်ဘူး” ဟု ရှန်းကျန်းက ဆိုသည်။ ဒါဟာ သူ့မှန်းဆချက်ပဲ၊ ဒါပေမယ့် တကယ်တမ်းတော့ သူသေချာမသိခဲ့ပါဘူး။
ဖုန့်ဟွာအင်တာတိန်းမန့်သည် ယခုလုပ်ငန်းနယ်ပယ်တွင် ၎င်း၏အတွေ့အကြုံ၊ အောင်မြင်မှုများနှင့် အရေးပါမှုတို့ကို ရလာသောအခါတွင် ၎င်းတို့၏ကုမ္ပဏီနှင့် ယှဉ်နိုင်ရုံမျှသာရှိသော်လည်း ၎င်း၏ပိုင်ရှင်မှာ ကွဲပြားသည်။
ထို့အပြင် ဖုန့်ဟွာအင်တာတိန်းမန့်မှ လက်မှတ် ရေးထိုးထားသည့် သရုပ်ဆောင်များသည် ယခင်က ဒီနယ်ပယ်က ထွက်ရလုနီးပါး ဖြစ်ကြသော်လည်း ယခုအခါတွင် ၎င်းတို့အားလုံးသည် အလွန်ရေပန်းစားလာကြသည်။
ကုနင်းမှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေရှိပြီး သူမဟာ အဲဒီသရုပ်ဆောင်တွေကို ဒီနယ်ပယ်ကနေပိတ်ပစ်မယ့် တွန်းအားတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သည်။
ထို့အပြင် ရှန်းကျန်း သည် ဖုန့်ဟွာအင်တာတိန်းမန့်က ထုတ်ဖော်မပြောနိုင်သော စည်းမျဉ်းများကို လက်မခံကြောင်းကိုလည်း သိရှိခဲ့ရသည်။ ၎င်း၏သရုပ်ဆောင်များအားလုံးသည် ကမ်းလှမ်းမှုများကို ရရှိရန် ၎င်းတို့၏ကိုယ်ပိုင်အရည်အချင်းများအပေါ် အားကိုးရမည်ဖြစ်သည်။ ၎င်းသည် ရိုးသားပြီး ကျွမ်းကျင်သော သရုပ်ဆောင်များအတွက် မိမိကိုယ်ကို သက်သေပြရန် အလွန်ကောင်းမွန်သော ပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးထားသည်။
ပိုင်လင်းသည် အမှန်စင်စစ် ရိုးသားပြီး လိမ္မာသော မိန်းကလေးဖြစ်တဲ့အတွက် ပို၍နာမည်ကြီးလာရန် ဤအခွင့်အရေးကြီးကို လက်လွတ်သွားလိမ့်မည်ဟု သူမထင်ပေ။ သူမသည် ဖုန့်ဟွာအင်တာတိန်းမန့်အတွက် အလွန်သင့်လျော်သည်။
ရှန်းကျန်းက သူ့ကို ဗြောင်ကျကျ မပြောမချင်း အထွေထွေမန်နေဂျာက ဒါကို သတိမထားမိပေ။ ပိုင်လင်းက သူတို့နဲ့ သဘောတူညီချက်ကို သက်တမ်းတိုးဖို့ တွန့်ဆုတ်နေပြီး ဖုန့်ဟွာအင်တာတိန်းမန့် မှာ ပါဝင်ချင်ခဲ့တာ ထင်ရှားပေသည်။
သို့သော် အထွေထွေမန်နေဂျာက လက်လျှော့ရန် ဆန္ဒမရှိပေ။ အခုအချိန်မှာ ဖျော်ဖြေရေးကုမ္ပဏီတွေ အရမ်းများလာတဲ့အတွက် သရုပ်ဆောင်တစ်ယောက်နာမည်ကြီးအောင်လုပ်ဖို့ မလွယ်ပါ။ ကုမ္ပဏီတစ်ခုတွင် လူကြိုက်များသည့် အနုပညာရှင် ၇ ဦးလောက် ရှိနိုင်သော်လည်း ၎င်းတို့တွင် ၅ ဦးသာ ရှိသည်။ အနုပညာရှင် ၅ ဦးအနက် ၂ ဦးမှာ ပရိသတ်များဆီမှ မကြာခဏ မေ့လျော့ခံရလေ့ရှိသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၀၉ စော်ကားတာပဲ
နာမည်ကြီးအနုပညာရှင်တစ်ယောက်ဟာ ကုမ္ပဏီကို မယုံနိုင်လောက်အောင် အမြတ်အစွန်းတွေကို ယူဆောင်လာပေးနိုင်တာကြောင့် အထွေထွေမန်နေဂျာက ပိုင်လင်း ကျော်ကြားလာပြီးနောက် ချက်ချင်းထွက်ခွာခိုင်းဖို့ ဆန္ဒမရှိပါ။
"ဘာပဲဖြစ်ဖြစ် မနက်ဖြန် ပိုင်လင်း နဲ့ စကားပြောလိုက်။ သူ ဘာကိုရွေးမလဲ ကြည့်ရအောင်” ဟု အထွေထွေမန်နေဂျာက ပြောသည်။
"ဟုတ်ပြီ" ရှန်းကျန်းကပြောသည်။
…
ပိုင်လင်း အိမ်ကို ကားမောင်းပို့ပြီး ကုနင်းသည် ကျီပိုင်ယင်းနဲ့အတူ ရာစုနှစ်မြို့တော်ကို ပြန်သွားသည်။ ကုနင်းက ဒီည ရာစုနှစ်မြို့တော်မှာနေမည်ပင်။
"ငါဒီရောက်ပြီးတော့ နင် ဒီမှာနေတာပထမဆုံးအကြိမ်ပဲ" ဟု ကျီပိုင်ယင်းမှပြောသည်။ ကုနင်းက သူ့ကြောင့် ပြန်မလာဘူးလို့ သူမထင်ပေမယ့် အခုချိန်မှာတော့ သူတို့ အရမ်းရင်းနှီးနေပြီမို့ ကုနင်းကို စနောက်ဖို့ သူမ တွန့်ဆုတ်မနေပါ။
"ငါ့အချိန်အများစုက ကျောင်းမှာပဲကုန်ပြီး အားလပ်ချိန်မှာ တခြားအရာတွေနဲ့ လုပ်ရတာမို့ အဆင်ပြေတဲ့နေရာမှာပဲ နေတာပါ" ဟုကုနင်းက ပြုံးပြီး ပြောလိုက်သည်။
"ကုနင်းငါလည်း မြို့တော်မှာ အိမ်တစ်လုံးဝယ်ချင်တယ်။ ဒီနေရာက ကောင်းမယ်ထင်တယ်။ မနေ့က အိမ်တချို့ကို ကြည့်သေးတယ်။ မြို့တော်မှာ ဘယ်လောက်ကြာကြာနေမယ် မသိပေမယ့် ဒီကို ခဏခဏလာဖြစ်လောက်တယ်လေ။ ငါ နင့်ရဲ့ နေရာမှာ လာတိုင်းနေလို့မဖြစ်ဘူး၊ ဟိုတယ်မှာ နေရတာလည်း အဆင်မပြေဘူး။ နောက်နောင် ဒီကို ထပ်မလာတော့ရင် ဒီအိမ်ကို ပြန်ရောင်းလို့ရတာပေါ့” ဟု ကျီပိုင်ယင်းက ပြောသည်။
“ကောင်းတယ်လေ” ကုနင်းသဘောတူသည်။ ကျီပိုင်ယင်းနှင့် ရှုကျင်းချန်သည် အတွဲဖြစ်နိုင်သည်ဟု သူမခံစားမိသောကြောင့် ကျီပိုင်ယင်းသည် သူမနေရာတွင် မနေတော့ဘဲ မြို့တော်မှာနေရန် နေရာရှိတာကကောင်းပါသည်။
ထို့အပြင် သူမတွင် ကိုယ်ပိုင်အိမ်ရှိလျှင် ရှုကျင်းချန်သည် သူမကိုလာတွေ့ရန် ပိုအဆင်ပြေမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျီမိသားစုမှာ ပိုက်ဆံပေါများပေသည်။ ယွမ်ငွေသန်းပေါင်းများစွာတန်သော အိမ်တစ်လုံးသည် သူတို့အတွက် ဘာမှမဖြစ်ပေ။
"မနက်ဖြန် အားလား။ အိမ်ကို အတူတူ သွားကြည့်မလား" ကျီပိုင်ယင်းက မေးသည်။
“ပြဿနာမရှိပါဘူး” ဟုကုနင်းက ပြောသည်။
နောက်နေ့မနက်မှာတော့ ကုနင်းနဲ့ ကျီပိုင်ယင်းတို့ဟာ ကျီပိုင်ယင်း နှစ်သက်တဲ့ အိမ်ဆီ ပတ်ကြည့်ကြသည်။
နန်ချန်ခရိုင်မှာရှိပြီး မြို့လယ်နှင့် နီးသောကြောင့် ဤအိမ်ဧရိယာသည် အလွန်ကျယ်ဝန်းသည်။ မြေအကျယ်အဝန်းက အကန့်အသတ်ရှိတာကြောင့် ဒီအိမ်တွေက ပိုဈေးကြီးသည်။ အကျယ်အဝန်း 500 စတုရန်းမီတာ ကျယ်ဝန်းသော အိမ်တစ်အိမ်သည် ဆင်ခြေဖုံးရပ်ကွက်များထက် စျေးပိုရနိုင်သောကြောင့် ဤမြေကွက်သည် ဆင်ခြေဖုံးရပ်ကွက်များထက် များစွာစျေးကြီးသည်။
အတိအကျပြောရသော် ဤအိမ်များသည် မကြာခဏ မရောင်းရပေ။
အိမ်အကျယ်အဝန်းက သိပ်မကျယ်သောကြောင့် ရရှိနိုင်သောအိမ်အနည်းငယ်သည် ကုနင်းနေရာနှင့် မဝေးလှပါ။ သူတို့သည် အိမ်နောက်ဘက်တွင်ရှိသော်လည်း ကုနင်း၏အိမ်မှ ထိုနေရာကိုရောက်ရန် မိနစ်အနည်းငယ်သာကြာမြင့်သည်။
ရာစုနှစ်မြို့တော်သည် ဇိမ်ခံအိမ်ဧရိယာဖြစ်သောကြောင့် အိမ်တိုင်းတွင် ခြားနားချက်အနည်းငယ်သာရှိသည်။ သူတို့တွက် အရွယ်အစား မတူညီတဲ့ ခြားနားချက်သာရှိပေသည်။
ထိုနေရာမှာညအိမ်သုံးလုံးပဲ ကျန်တော့သည်။ ၎င်းတို့အနက်မှ နှစ်အိမ်သည် ဧရိယာ ၃၈၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ကျန်တစ်ခုမှာ ၅၂၀ စတုရန်းမီတာခန့် ကျယ်ဝန်းသည်။
ကျီပိုင်ယင်းသည် သူမတို့မိသားစု၏ ကျယ်ဝန်းသော အိမ်ကြီးတွင် နေထိုင်လေ့ရှိသောကြောင့် သူမသည် ပိုကြီးသော ဥယျာဉ်တစ်ခုပါရှိသော ပိုကြီးသောအိမ်ကို ရွေးချယ်ခဲ့သည်။ ထို့အပြင် ကျီပိုင်ယင်းသည် ပန်းများနှင့် အပင်များ စိုက်ပျိုးရခြင်းကို နှစ်သက်သောကြောင့် နေရာအလုံအလောက်ရှိနေပြီဖြစ်သည်။
ကုနင်းကလည်း ဒါဟာ ရွေးချယ်မှုကောင်းတစ်ခုလို့ သဘောတူတဲ့အတွက် ကျီပိုင်ယင်းက ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။
သို့သော် စောနေသေးသည်၊ အရောင်းဌာန မဖွင့်သေးသောကြောင့် နံနက်ခင်းပြေးပြီးသည်နှင့် နံနက်စာစားရန် သွားကြသည်။
မနက် ၉ နာရီမှာ အရောင်းဌာနကို သွားကြတယ်။
အရောင်းဌာနသို့ လျှောက်သွားသောအခါ ယူနီဖောင်းဝတ် အမျိုးသမီးတစ်ဦး၏ မကြင်နာသော အကြည့်ကို သတိပြုမိကြသည်။ သူမသည် ကျီပိုင်ယင်းကို မကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမရဲ့အကြည့်ကိုမြင်တော့ ကုနင်းက ကျီပိုင်ယင်းဟာ ဒီအိမ်မှာ အိမ်မတတ်နိုင်ဘူးလို့ အမျိုးသမီးက ထင်နေပုံရသည်။
သူမပြောတာမှန်သည်။ ကျီပိုင်ယင်းသည် အိမ်တစ်လုံးကိုပင် မတတ်နိုင်ဟု အရောင်းသမားက အမှန်ပင် ထင်မြင်နေသည်။ ကျီပိုင်ယင်း ဒီကို အရင်က လာတုန်းကလည်း အိမ်ဝယ်ဖို့ ရည်ရွယ်ချက်ရှိသည့်ပုံ မပြပေ။ သူမသည် ပတ်ဝန်းကျင်ကို ဒီတိုင်း ကြည့်နေပုံရသောကြောင့် ကျီပိုင်ယင်းသည် အိမ်တစ်လုံးမတတ်နိုင်လောက်အောင် ဆင်းရဲလွန်းသည်ဟု အရောင်းသမားက ထင်ခဲ့သည်။
ကျီပိုင်ယင်းသည် သူမ၏ အထင်အမြင်သေးမှုကို ခံစားမိသော်လည်း ၎င်းကို သိပ်ဂရုမစိုက်ပေ။ အရောင်းဝန်ထမ်းသည် သူမ၏မျက်လုံးထဲတွင် မည်သူမျှမဟုတ်။
"ဟိုင်းမစ္စကျီ!" မနေ့က ကျီပိုင်ယင်း ဆီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အရောင်းဝန်ထမ်း နောက်တစ်ယောက်က သူမကို တွေ့တာနဲ့ လျှောက်လာသည်။ ကျီပိုင်ယင်းသည် အိမ်တစ်လုံးဝယ်မည်ကို သူမသေချာမသိသော်လည်း သူမသည် ဝယ်သူဖြစ်နိုင်ချေရှိသည်။
ကျီပိုင်ယင်းသည် အိမ်တစ်လုံးကို မတတ်နိုင်သော်လည်း၊ အိမ်ဝယ်ရန် ရည်ရွယ်ချက်မရှိသော်လည်း ကျီပိုင်ယင်း သည် ၎င်းတို့၏ဖောက်သည်ဖြစ်သောကြောင့် သူမအား ဝန်ဆောင်မှုပေးကာ ၎င်းတို့၏အလုပ်များကို လုပ်ဆောင်သင့်သည်။
"အင်း ကျွန်မ 520 စတုရန်းမီတာကျယ်တဲ့ အိမ်ကို လိုချင်လို့ပါ။ အခု ပိုက်ဆံတစ်လုံးထဲချေမယ်" ကျီပိုင်ယင်းက ကျယ်ပြောသော အသံဖြင့် ပြောသောကြောင့် အခြားသူများကြားသောအခါ တုန်လှုပ်သွားခဲ့သည်။ အခန်းထဲက လူတော်တော်များများကလည်း အံ့သြသွားကြသည်။
"ရှင်?" အရောင်းဝန်ထမ်းက ပြန်မေးသည်။ သူမ နားကို မယုံနိုင်။
ရာစုနှစ်မြို့တော်၏ဖောက်သည်များအားလုံးသည် ချမ်းသာသူများဖြစ်ကြသော်လည်း အနည်းငယ်မျှသာ အပြည့်အ၀ပေးချေရန် ရွေးချယ်ကြသောကြောင့် သူမ အံ့ဩသွားခဲ့သည်။
"ကျွန်မပြောသလိုပါပဲ ကျွန်မ 520 စတုရန်းမီတာရှိတဲ့ အိမ်တစ်လုံးကို အခုပဲ ပေးချေချင်ပါတယ်" ဟု ကျီပိုင်ယင်းက စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြလိုက်သည်။
"ဟုတ်ပါပြီ မစ္စကျီ၊ ကျေးဇူးပြု၍ ဒီဘက်ကို လိုက်ခဲ့ပါ" အရောင်းဝန်ထမ်းက သေချာသိပြီးတာနဲ့ သူမဟာ စိတ်လှုပ်ရှားသွားပြီး ကျီပိုင်ယင်းကို VIP အခန်းဆီ ခေါ်သွားလိုက်သည်။
ကျီပိုင်ယင်းကို မထီမဲ့မြင်ပြုသော အရောင်းစာရေးမသည် ယခုအခိုက်အတန့်တွင် လုံးဝ တုန်လှုပ်သွားခဲ့သည်။
ဘာ? သူက 520 စတုရန်းမီတာရှိတဲ့ အိမ်ကိုလိုချင်ပြီး အပြည့်ပေးချေနိုင်တယ် ဟုတ်လား။ ဘုရားရေ သူ အရမ်းချမ်းသာလောက်တယ်။ အဲ့အိမ်က ယွမ်သန်းပေါင်းများစွာ တန်တယ်လေ။
မနေ့က ကျီပိုင်ယင်းကို လျစ်လျူရှုခဲ့တဲ့ အရောင်းဝန်ထမ်းက နောင်တရနေသည်။ ကျီပိုင်ယင်း ဤမျှချမ်းသာကြောင်း သူမ,သိပါက သူမသည် အခြားသူများထက် သာလွန်စွာဆက်ဆံမိပေလိမ့်မည်။ ကံမကောင်းစွာပဲ အခုနောက်ကျသွားပြီ။
အရောင်းသမားက ကျီပိုင်ယင်းနဲ့ ကုနင်းကို အခန်းထဲမှာ ထိုင်ခိုင်းပြီး သူတို့အတွက် ချက်ချင်း လက်ဖက်ရည် ထည့်ပေးသည်။ စာချုပ်ချုပ်ဖို့ သူမ အလျင်စလို မလုပ်ခဲ့ပါ။
"မစ္စကျီ အချိန်မှန်ရောက်လာတာပဲ။ မနေ့က မင်းထွက်သွားပြီးတော့ ကျွန်မတို့ရဲ့ဖောက်သည်တစ်ယောက်ကလည်း အဲ့ပိုကြီးတဲ့အိမ်ကို သဘောကျနေတာ။ ဖောက်သည်က နည်းနည်းဈေးကြီးတယ်လို့ ခံစားရလို့ ချက်ခြင်းဆုံးဖြတ်ချက်မချသွားဘူး။ အခုလေးတင် ကျွန်မလုပ်ဖော်ကိုင်ဖက်က ဖောက်သည်နဲ့ ဖုန်းဆက်တာ ကြားတယ်။ အဲ့ဖောက်သည်က ယနေ့မွန်းလွဲပိုင်းကျရင် အိမ်ကိုလာဝယ်ဖို့ စီစဉ်ထားတယ်။ မင်းဖောက်သည်ထက်စောရောက်လာလို့တော်သေးတယ် မဟုတ်ရင် အသေးကိုဝယ်ရလိမ့်မယ်” ဟုအရောင်းဝန်ထမ်းက ပြောပြသည်။
"အင်း ဒီအိမ်က ကျွန်မပိုင်ဖို့ ကံပါလာတယ်ဆိုတာ သက်သေပြနေတာပေါ့" ကျီပိုင်ယင်းက ရယ်ရယ်မောမောပြောသည်။ အရောင်းဝန်ထမ်းက လိမ်ညာနေတယ်လို့ သူမထင်ပါ။ ဘာကြောင့်လဲဆိုတော့ ဒါက ဖြစ်နိုင်ပါတယ်။ အိမ်ဝယ်ရန် တုံ့ဆိုင်းနေပါက အခြားသူထံ အချိန်မရွေး ရောင်းချနိုင်သည်။ အိမ်တစ်လုံးကို တတ်နိုင်သည့် ဖောက်သည်တစ်ဦးထက်မက ရှိပေသည်။
ထို့နောက် အရောင်းအမျိုးသမီးက ကျီပိုင်ယင်းကို ငွေပေးချေမှုနှင့် စာချုပ်ချုပ်ဆိုရာတွင် ကူညီခဲ့သည်။
မိနစ်နှစ်ဆယ်လောက်ကြာမြင့်သည်။ ကျီပိုင်ယင်းသည် ကိစ္စများပြီးသွားပြီးနောက် ခန်းမထဲတွင် လူလတ်ပိုင်း စုံတွဲတစ်တွဲသည် အရောင်းဝန်ထမ်းတစ်ဦးနှင့် ငြင်းခုံနေသည်ကို သူမတွေ့လိုက်ရသည်။
“ငါ့ ယောကျာ်းနဲ့ပြန်တွေ့ပြီး ဆုံးဖြတ်ချက်ချမယ်လို့ ငါပြောခဲ့တယ်။ မင်းသဘောတူတယ်လေ။ ဒါနဲ့ ငါတို့ရောက်မှ ဘာလို့ရောင်းပြီးသွားလို့ မင်းပြောတာလဲ။ ဒါသပ်သပ်မဲ့ လူကိုစော်ကားတာပဲ!" လူလတ်ပိုင်းအမျိုးသမီးက အရောင်းဝန်ထမ်းကို အော်ငေါက်နေသည်။ အရောင်းစာရေးမ၏မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာ လေးစားမှုမရှိပဲ ဒေါသတကြီးအော်ဟစ်နေသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၁၀ ရှက်ဖို့ကောင်းတယ်
ထိုစကားကိုကြားတော့ ကျီပိုင်ယင်းသည် သက်လတ်ပိုင်းအမျိုးသမီးက သူဝယ်ထားသောအိမ်အကြောင်း ပြောနေသည်ကို သတိပြုမိသည်။ သူမတို့သာ ခဏလောက် နောက်ကျသွားရင် အိမ်ကရောင်းထွက်သွားလိမ့်မည်။
အရောင်းဝန်ထမ်းသည် ဝမ်းနည်းကာ ငိုလုမတတ် ဖြစ်နေရသော်လည်း သူမသည် မျက်ရည်များကို ထိန်းကာ အလွန်ယဉ်ကျေးသော သဘောထားဖြင့် ရှင်းပြသည်။ “မနေ့က ကျွန်မ မင်းကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ မင်းလိုချင်ရင် မင်းအတွက် တစ်ရက်စာသိမ်းထားနိုင်ဖို့အတွက် စပေါ်ငွေပေးချေဖို့ လိုအပ်ပါတယ်။ နောက်မှ မလိုချင်ရင် ယွမ်နှစ်ရာသာ ကောက်ခံပြီး ကျန်တာကို မင်းဆီ ပြန်ပေးမှာပါ၊ ဒါပေမယ့် မင်းအဲဒါလုပ်ဖို့ မလိုဘူးလို့ ပြောခဲ့ပါတယ်။ မင်းစပေါ်ငွေကို မပေးရသေးတာဖြစ်လို့ ကျွန်မတို့က အဲ့တာကို အခြားဖောက်သည်ဆီ ရောင်းနိုင်ပါတယ်။ အစတုန်းက မင်းကျွန်မကိုဖုန်းဆက်တုန်းက အိမ်ကရှိသေးပေမယ့် အခုနောက်ဖောက်သည်တစ်ယောက်က ဝယ်သွားပါပြီ။ ကျွန်မမင်းကိုချက်ချင်းဖုန်းဆက်ပေးလို့ ဒါ ကျွန်မတို့အပြစ်မဟုတ်ပါဘူး"
"မင်းအပြစ်မဟုတ်ဘူးဆို ဒါငါ့အပြစ်လား။ မင်းစပေါ်ငွေပေးချေဖို့ပြောခဲ့ပေမယ့် ဒါက မင်းဈေးရောင်းတဲ့ပုံစံ ဟုတ်မဟုတ် ဘယ်သူသိမှာလဲ" အမျိုးသမီးက စောဒကတက်သည်။ မကြာခင်မှာ ဒီအိမ်ကို ရောင်းရလိမ့်မယ်လို့ သူမ မယုံတာကြောင့် စပေါ်ငွေပေးဖို့ ငြင်းဆိုခဲ့သည်။
ဤအခိုက်အတန့်တွင် သူမသည် တစ်ပါးသူကို အပြစ်စတင်တင်ပါတော့သည်။ သူမသည် ထိုသို့မလုပ်ရန် ငြင်းဆိုခဲ့သူတစ်ဦးဖြစ်သော်လည်း ယခုတော့ သူမသည် အရောင်းဝန်ထမ်းကို အပြစ်တင်ခဲ့ပြီး ထိုအရာသည် အမှန်တကယ်ပင် ယုတ္တိမရှိပေ။
“အိမ်ခြံမြေလုပ်ငန်းမှာ စည်းကမ်းရှိတယ်။ မသိရင် လေ့လာကြည့်လို့ရပါတယ်” ဟု အရောင်းဝန်ထမ်းက ပြောသည်။
"အဲ့တော့ဘာဖြစ်လဒ? ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ မင်းရဲ့အမှားမို့ ငါ့အတွက် မင်းပြဿနာကို ဖြေရှင်းရမယ်။ အိမ်လိုချင်တယ်။ ဘယ်သူ၀ယ်သွားသွား ပြန်တောင်းပေး။ 50% တန်းချေမယ်” ဟု ဂုဏ်ယူစွာဖြင့် အမျိုးသမီးက ပြောသည်။ သူမသည် 50% ပေးချေနိုင်သောကြောင့် သူမသည် အလွန်ရက်ရောသော ဝယ်သူဖြစ်ကြောင်း သူထင်ပြီး ပုံမှန်အားဖြင့် လူများက 30% သာပေးချေလေ့ရှိသည်။
"ရယ်စရာပဲ! ရောင်းပြီးသွားပြီလေ။ မင်းကို ပြန်ပေးစရာ အကြောင်းမရှိဘူး!" ကျီပိုင်ယင်း မခံမရပ်နိုင်ဖြစ်ပြီး ပါးစပ်ကိုဖွင့်လိုက်သည်။ လမ်းလျှောက်လာရင်း မျက်နှာက အထင်အမြင်သေးပုံပေါ်နေသည်။ “ရှိုးလုပ်နေတာ ရပ်လိုက်။ 50% ပေးချေလို့ မရတော့ဘူး ငါ အပြည့်ပေးချေလိုက်ပြီ"
အဲဒါကိုကြားတော့ အားလုံးက ကျီပိုင်ယင်းကို လှည့်ကြည့်လိုက်သည်။ အပြည့်အဝ ပေးဆောင်နိုင်မှုမှာ ကြီးကြီးမားမား ကြီးကြီးမားမား မထင်ခဲ့မိသော်လည်း အိမ်သည် ယွမ်သန်းလေးဆယ်နီးပါး ကုန်ကျသောကြောင့် အခြားသူများ အံ့ဩသွားကြသည်။
သာမန်လူတွေက ချမ်းသာတဲ့လူတွေရဲ့ ကမ္ဘာကြီးကို နားမလည်နိုင်တာ အမှန်ပါပဲ။
"ဟင် မင်းအိမ်ဝယ်ပြီးသွားပြိလား" အမျိုးသမီးကို မေးသည်။
ကျီပိုင်ယင်းသည် အိမ်အတွက် အခကြေးငွေအပြည့် ပေးချေနိုင်သောကြောင့် သူမသည် ထူးထူးခြားခြား ချမ်းသာနေမည်ဖြစ်သဖြင့် အမျိုးသမီးသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ နောက်ဆုံးတော့ သူတို့ဟာ ပိုက်ဆံသာရှိတာ။ အာဏာတော့မရှိပေ။ သူတို့အိမ်ကို အစိုးရက ဖြိုဖျက်တဲ့အတွက် ယွမ်ငွေသန်းသုံးဆယ် ရခဲ့သည်။ သူတို့သားလေး အိမ်ထောင်ကျပြီး ချွေးမကလည်း ချမ်းသာတဲ့ မိသားစုကလာတဲ့အတွက် ဂုဏ်ယူရဖို့ အိမ်ကြီးကြီးတစ်လုံး ဝယ်ဖို့ ရည်ရွယ်ထားကြသည်။
“ဟုတ်တယ် ကျွန်မ ၀ယ်ပြီးပြီ” ကျီပိုင်ယင်းက ပြန်ဖြေသည်။ “မင်း အဆင်မပြေရင် ငါနဲ့ စကားပြောပါ။ ဝန်ထမ်းကို အနိုင်ကျင့်မနေပါနဲ့။ သူက သူ့အလုပ် သူလုပ်တာပါ"
“ဒါဆိုရင် အိမ်အကြီးကို ငါ့ကိုပေးလို့ရမလား၊ အသေးကို ဝယ်လို့ရတယ်လေ။ အဲ့လိုဆို ဘယ်လိုလဲ?" အမျိုးသမီးက ပြောသည်။ ဒီတစ်ခါတော့ သူမ ကြင်နာစွာေပြာလာသည်။
"မင်းကရော သေးတာကိုဘာလို့မဝယ်တာလဲ။ အဲဒါ ငါ့အိမ်ကြီး။ မင်းဆီက ငါခိုးတာ မဟုတ်ဘူး” ဟု ကျီပိုင်ယင်းက ပြောသည်။ သူမသည် ပေးလိုစိတ်မရှိပေ။
“မင်း…” မိန်းမက စိတ်ဆိုးသွားသည်။ "ဒါဆို မင်းငါ့ကို အိမ်အကြီးကြီးပေးဖို့ ငါဘာပေးရမလဲပြောလိုက်"
အဲဒါကိုကြားတော့ ကျီပိုင်ယင်းက ရယ်စရာကောင်းတယ်လို့ ခံစားရသည်။ "မဟုတ်ဘူး ငါမင်းကိုပေးမှာမဟုတ်ဘူး လက်လျော့လိုက်တော့!"
ထိုမိန်းမက မိုက်မဲသည်!
“တော်လောက်ပြီ အိမ်အသေးကလည်း အဆင်ပြေပါတယ်။ ဘာပဲဖြစ်ဖြစ် သိပ်မငယ်ပါဘူး။ ငါတို့မိသားစုကို နေဖို့ ရရင် လုံလောက်တယ်" လူလတ်ပိုင်းအရွယ် အမျိုးသားက သည်းမခံနိုင်တော့တဲ့အတွက် အမျိုးသမီးကို လက်လျှော့ဖို့ သွေးဆောင်ဖို့ ကြိုးစားခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလွန်နာခံမှုရှိသော ခင်ပွန်းဖြစ်သည်မှာ ထင်ရှားပြီး ထိုကဲ့သို့သော အမျိုးသားများသည် ဇနီးသည်ကို ကြောက်ကြသည်။ အဲဒါကြောင့် အခုအချိန်အထိ ယောက်ျားက ဘာမှ ၀င်မပြောခြင်းပင်။
“ဒါပေမယ့်…” အမျိုးသမီးက လက်လွှတ်မခံချင်။
“ကောင်းပြီ၊ သေးတာမဝယ်ချင်ရင် တခြားအိမ်တွေကို သွားကြည့်လို့ရတယ်။ ဒီမှာ လူတွေနဲ့ ဆက်ပြီး ငြင်းခုန်နေရတာ ရှက်ဖို့ကောင်းတယ်” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
ပြီးသွားပြီ ဘာမှမပြောင်းလဲနိုင်တော့ဘူးဆိုတာ မိန်းမလည်း သဘောပေါက်သွားသည်။ လက်လျော့ဖို့ ဝန်လေးနေရင်တောင်မှ နောက်ဆုံးမှာ ထွက်သွားရမည်။
"ကျေးဇူးပါ" လူလတ်ပိုင်းအမျိုးသမီး၏ အော်သံကြောင့် ငိုလုမတတ် အရောင်းဝန်ထမ်းက ကျီပိုင်ယင်းကို ကျေးဇူးတင်မိသည်။ လူလတ်ပိုင်းအမျိုးသမီးက သူ့ကိုရိုက်မှာကိုတောင် ကြောက်နေသေးသည်။
"ကိစ္စမရှိပါဘူး" ကျီပိုင်ယင်းက ပြောသည်။ သူ့အိမ်နဲ့ တစ်ခုခု ပတ်သက်နေတာကြောင့် တစ်ခုခုလုပ်သင့်တယ်လို့ သူမထင်ခဲ့တာပါ။ မဟုတ်ရင် သူမ ၀င်ပါမှာမဟုတ်ပေ။
အဲဒီနောက် သူတို့ထွက်သွားကြသည်။
ကျီပိုင်ယင်းသည် အိမ်ဝယ်ပြီးသည်နှင့် သူမသည် ပရိဘောဂများကို ၀ယ်ယူခဲ့သည်။ အချိန်တိုအတွင်း အပြီးမသတ်နိုင်ပေမယ့် နောက်ပိုင်းမှာ၀ယ်တာထက် စောပြီး ၀ယ်နိုင်တာကပိုကောင်းပါသည်။
"ကုနင်း မင်း ဘယ်ပရိဘောဂကုမ္ပဏီကို အဲဒီတုန်းက ငှားခဲ့တာလဲ။ မင်းအိမ်က တော်တော်လှတယ်လို့ ထင်တယ်" ကျီပိုင်ယင်းက ကုနင်းကို မေးသည်။
"ငါ့လက်အောက်ငယ်သားက ငါ့အတွက်လုပ်ပေးခဲ့တယ်၊ ဒါပေမယ့် မင်းကို ငါကူညီပေးနိုင်တယ်" ဟု ကုနင်းကပြောသည်။
ကုနင်းတွင် ပရိဘောဂပုံစံအတွက် တောင်းဆိုမှုများများစားစားမရှိပါ။ သူမဟာ ရိုးရိုးရှင်းရှင်းနဲ့ သက်တောင့်သက်သာရှိစေချင်ရုံသာဆိုပေမယ့် ချန်စန်းယိကတော့ အဲဒါကို ကြိုးစားအားထုတ်ခဲ့သည်။ အိမ်ကို ကောင်းကောင်းပြင်ဆင်ထားပြီး နေထိုင်ရတာ အရမ်းအဆင်ပြေသည်။
"ကျေးဇူးတင်ပါတယ်" ကျီပိုင်ယင်း ကပြောသည်။
အဲဒီနောက် ကုနင်းက ချန်စန်းယိကိုဖုန်းဆက်ပြီး ပရိဘောဂကုမ္ပဏီဖုန်းနံပါတ်တွေနဲ့အတူ လိပ်စာကို မေးပြီးနောက် ကျီပိုင်ယင်းကို ပေးခဲ့သည်။
ကုနင်းမှာ တခြားလုပ်စရာတွေရှိလို့ ကျီပိုင်ယင်းနဲ့ တစ်ချိန်လုံး မနေနိုင်တာကြောင့် ကျီပိုင်ယင်းဟာ သူ့ဘာသာသူ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်သည်။
ကုနင်း၏ Hummer သည် သူမ၏ကုမ္ပဏီတွင်ရှိနေပြီး သူမသည် သူမ၏ Land Rover ကို ကျီပိုင်ယင်းအား ပေးကာ သူမ၏ Jeep အားမောင်းနှင်ရန် ကောင်းယိ၏ ကားဂိုဒေါင်သို့ သွားခဲ့သည်။
စစ်ဟယ်ယွမ်တွင် စားသောက်ရန် ကျင်းယွင်ယောင်ကို ခေါ်ယူရန် ပထမဦးစွာ တောင်မြစ်ကမ်းဥယျာဉ်သို့ သွားပြီးနောက် ကျင့်ကြံရန် စတင်မည်။
လမ်းတစ်ဝက်တွင် ကုနင်းနှင့် ကျင်းယွင်ယောင် နှစ်ဦးစလုံးသည် ကျင့်ကြံသူများ၏ အငွေ့အသက်ကို ကောင်းစွာခံစားနိုင်သော်လည်း ကျင့်ကြံသူသည် ကျင်းယွင်ယောင်ထက် နိမ့်ကျသောကြောင့် သူမကို သတိမထားမိခဲ့ပေ။
ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်၀န်းကို အသုံးပြု၍ ကြည့်ပြီးနောက် ရင်းနှီးသော မျက်နှာဖြစ်သည့် သုန်းဖန်းချီကို တွေ့လိုက်ရသည်။
ကုနင်းက သူ့ကိုကြည့်ပြီးနောက် မျက်လုံးကို ဆုတ်လိုက်ပြီး ကျင်းယွင်ယောင် ကို "သုန်းဖန်းချီပါ"
ကျင်းယွင်ယောင်သည် ကုနင်း၏ ကျောက်စိမ်းမျက်၀န်း၏ အထူးလုပ်ဆောင်ချက်ကို သတိပြုမိသောကြောင့် ကုနင်းက သူမအား ထိုသို့ပြောသောအခါ သူမ မအံ့ဩမိပါ။
…
တစ်ချိန်တည်းမှာပဲ ပိုင်လင်းလည်း ကုမ္ပဏီကို ရောက်လာသည်။ သို့သော် သူမရောက်လာသည်နှင့် တပြိုင်နက် ဒုက္ခရောက်သည်။
ပိုင်လင်းဟာ သူတို့ရဲ့ ကုမ္ပဏီမှာ တခြားအနုပညာရှင်တွေနဲ့ ယဉ်ကျေးပေမယ့် ဝေးကွာတဲ့ ဆက်ဆံရေးရှိတာကြောင့် သူတို့နဲ့ ရင်းနှီးမှု မရှိပေမယ့် ပဋိပက္ခတွေ မရှိခဲ့ပါ။
အထူးသဖြင့် ကုမ္ပဏီတစ်ခုတည်းတွင်ရှိသော်လည်း ပြိုင်ဘက်များဖြစ်ကြောင်း သူမသိသည်။ လူတိုင်းဟာ အခွင့်အရေးအတွက် ပြိုင်ဆိုင်ရတာမို့ သူငယ်ချင်းအစစ်တွေရှိဖို့ဆိုတာ မဖြစ်နိုင်ပါ။
ပိုင်လင်းသည် အခြားသူများအပေါ် အလွန်ယဉ်ကျေးသော်လည်း သူမစကားပြောရန် သို့မဟုတ် နှုတ်ဆက်ရန် လုံးဝ ဂရုမစိုက်သည့်သူတစ်ယောက်ရှိသည်။
ဟိုးအရင်က ထိုလူကအဲဒါကိုဂရုမစိုက်ပေမယ့် ဒီတစ်ခါတော့မတူပေ။
***