← Chapters

အခန်း (၂၀၁၇-၂၀၂၂)

Vol. 124 Ch. 2017-2022

အခန်း (၂၀၁၇-၂၀၂၂)

Vol. 124 Ch. 2017-2022

အခန်း ၂၀၁၇ ဟုတ်တယ် ငါနေမကောင်းဘူး

ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီ ချဉ်းကပ်လာသည်ကိုမြင်တော့ ကုနင်းသည် ထိုအခွင့်အရေးကိုဆုပ်ကိုင်ကာ ပြတင်းပေါက် အနည်းငယ်ချ၍ ၎င်းတို့ကို အေးခဲစေရန် မှော်စွမ်းအင်ကို ထုတ်လွှတ်ကာ ၎င်းတို့ကို အာရုံစိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပဲ ခဲတို တိုးယာနဲ့ ကူရာကီ အာခဲမီတို့ဟာ အေးခဲတဲ့လေထုထဲက တိုက်ခိုက်မှုကို ခံစားလိုက်ရပြီး ချက်ခြင်းတောင့်တင်းသွားပေမယ့် သူတို့ဘာမှ မရိပ်မိပါ။ အောက်တိုဘာလကုန်နေပြီဖြစ်ပြီး ရာသီဥတုက အေးလာပြီမို့ လေအေးကြောင့်လို့ ထင်နေကြသည်။

သို့သော် မကြာမီ သူတို့ ခန္ဓာကိုယ် တောင့်တင်းလာပြီး လမ်းလျှောက်ရန် ခက်ခဲလာသည်ကို ခံစားလာရသောကြောင့် တစ်စုံတစ်ခုမမှန်ကြောင်း ခံစားခဲ့ရသည်။ ထို့အပြင် ၎င်းတို့အား စိုက်ကြည့်နေသော အကြည့်ကိုလည်း ခံစားလိုက်ရသည်။ တစ်ခုခုမှားနေပြီလို့ သူတို့ကိုယ်သူတို့ တွေးပြီး မျက်နှာတွေ ဖြူဖျော့လာသည်။

အေးစက်သောလေက သူတို့ခန္ဓာကိုယ်ကို လျင်မြန်စွာ လွှမ်းမိုးသွားသည်။ သူတို့ကို စိုက်ကြည့်နေတဲ့သူကို လှည့်ကြည့်ဖို့ ကြိုးစားတဲ့အခါ ခြေလက်တွေ တောင့်တင်းနေပြီမို့ လှည့်ကြည့်ဖို့ မဖြစ်နိုင်တော့ပေ။

"ဘာတွေဖြစ်နေတာလဲ? ငါဘာလို့ ‌တောင့်တင်းနေရတာလဲ" ခဲတို တိုးယာ လည်း အံ့သြသွားပြီး စကားပြောရခက်လာသည်ကိုလည်း တွေ့လိုက်ရသည်။

"ဘာလဲ? မင်းရော ခံစားရလား။ ငါလည်း အဲ့လို ခံစားရတယ်" ကူရာကီ အာခဲမီ ကအံ့သြစွာပြောသည်။

"အခု ငါတို့ ဘာလုပ်သင့်လဲ" ခဲတို တိုးယာသည် ရုတ်တရက် ကူရာမဲ့ကယ်ရာမဲ့ ဖြစ်သွားသည်။ သူဘာဖြစ်နေလဲ မသိ။ သူ့စိတ်ထဲမှာ တစ်ခုတည်းသော အတွေးက စောနက သူတို့အဆိပ်ပြင်းတဲ့ အရာတစ်ခုခုကို စားလိုက်တာလို့ပါပဲ။

အဲဒီနောက်မှာတော့ သူတို့ မတ်တပ်ရပ်လို့မရတော့ဘဲ ရုတ်တရက် မြေပြင်ပေါ်လဲကျသွားပြီး‌နောက် ကုနင်းက သူမရဲ့ မှော်အစွမ်းကို ရုပ်သိမ်းလိုက်သည်။

ကုနင်းက သူတို့ကို ဒဏ်ရာအတော်အသင့်သာရစေသည်။ တစ်လ နှစ်လလောက် အနားယူပြီးရင် သူတို့ အဆင်ပြေနိုင်သည်။

တကယ်တော့ ဒါဟာ သူတို့ရဲ့ ကိုယ်ကာယကြံ့ခိုင်မှုနဲ့ ပြုပြင်မှုလုပ်ဆောင်ချက်အပေါ် မူတည်ပေသည်။ သာမန်လူတွေအတွက်တော့ တစ်လ နှစ်လကျော်ကြာနိုင်ပေမယ့် သူတို့ကနင်ဂျာတွပေါ။ သူတို့၏ ခန္ဓာကိုယ်သည် သာမန်လူများနှင့် မတူသောကြောင့် ၎င်းတို့သည် မြန်မြန်ပြန်ကောင်းလာပေမည်။

ဘာပဲဖြစ်ဖြစ် တစ်လခွဲအတွင်းမှာ သူတို့ ပြန်ကောင်းလာနိုင်သည်။ ထိုအချိန်တွင် ကုနင်းပြန်ရောက်နပေြီဖြစ်ပြီး သူမသည် ၎င်းတို့ရှာမည့်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်သည်။

ခဲတို တိုးယာနဲ့ ကူရာကီ အာခဲမီ လဲကျသွားတာနဲ့ လမ်းသွားလမ်းလာတွေက သူတို့ကို မြင်ပြီး သူတို့ရဲ့ အခြေအနေကို စစ်ဆေးဖို့ လျှောက်လာကြသည်။

ခြေလက်တွေ တောင့်တင်းပြီး လုံးဝမလှုပ်ရှားနိုင်ဘူးဆိုတာ သိပြီးနောက်မှာ တစ်ယောက်ယောက်က အရေးပေါ်လူနာတင်ယာဉ်ကို ချက်ချင်းခေါ်ခဲ့သည်။

ဒဏ်ရာအနည်းငယ်သာရသောကြောင့် စကားပြောဆိုနိုင်သော်လည်း ခက်ခက်ခဲခဲဖြစ်နေသည်။

ပြဿနာကိုဖြေရှင်းပြီးနောက် ကုနင်းထွက်သွား‌ေတာ့သည်။

သို့သော် ကုနင်းထွက်သွားပြီးနောက် ပိုင်လီကျုံးယန် ရောက်လာခဲ့သည်။ လူနာတင်ကားမလာသေးတာကြောင့် ခဲတို တိုးယာနဲ့ ကူရာကီ အာခဲမီကိုတွေ့သွားပြီး သူတို့ရဲ့ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်ကို ခံစားလိုက်ရပေမယ့် မှော်စွမ်းအားကတော့ မကောင်းမှုတွေနဲ့ ရောထွေးနေသည်။

ပိုင်လီကျုံးယန်သည် သူတို့က နတ်ဆိုးလေ့ကျင့်‌ရေးကို ပြုလုပ်မိသောကြောင့် မကောင်းသောမှော်အစွမ်းကြောင့် ဒဏ်ရာရသွားတာဟု တွေးတောမိသည်။

သို့သော် သူတို့သည် ကျင့်ကြံသူများ‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည်ကို သူနားလည်သော်လည်း သူတို့ကို ကူညီရန် ရည်ရွယ်ချက်မရှိပေ။ သူသည် အကူအညီမဖြစ်နိုင်ဘဲ သေမျိုး‌လောကတွင် ဒုက္ခထဲသို့ ဆွဲသွင်းခံရရန် ဆန္ဒမရှိပေ။

နောက်ဆုံးတော့ သူတို့ဟာ ဒဏ်ရာအပြင်းအထန်မရရှိခဲ့ဘဲ ခဏလောက်အနားယူပြီးရင် သက်သာသွားပါလိမ့်မည်။ အကယ်၍ သူတို့၏ အသက်အန္တရာယ် ကြုံလာပါက ပိုင်လီကျုံးယန်က သူတို့ကို ကူညီပေးနိုင်သည်။

သို့သော် နတ်ဆိုးကျင့်ကြံသူများအတွက်ဆို‌ရင်တော့...

နတ်ဆိုးကျင့်ကြံသူများကိုတွေးပြီး ပိုင်လီကျုံးယန်က မျက်မှောင်ကြုတ်လိုက်သည်။ ကျင့်ကြံရေးလောကတွင် ၎င်းတို့ကို နှစ်သက်သည့် ကျင့်ကြံသူမရှိ‌ပေ။

ကံမကောင်းစွာပဲ သူသည် ယခုအချိန်တွင် နတ်ဆိုးကျင့်ကြံသူ၏ အငွေ့အသက်ကို မခံစားမိ‌‌တော့ပေ။ ၎င်း၏အဖွဲ့ဝင်သည် မရှိတော့သောကြောင့် မခံစားမိနိုင်တာဖြစ်လောက်သည်။ ထို့ကြောင့် ပိုင်လီကျုံးယန်က ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

ခဲတို တိုးယာနှင့် ကူရာကီ အာခဲမီတို့ကို ဆေးရုံသို့ ခေါ်ဆောင်သွားချိန်တွင် ရဲများက ဖုန်းဆက်ခဲ့သည်။ စားသောက်ဆိုင်မှ ဝန်ဆောင်မှုပေးသော အစားအသောက်များတွင် အန္တရာယ်ဖြစ်စေသော ပစ္စည်းများပါရှိကြောင်း သံသယရှိသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရေး ပြုလုပ်သည်။

ဒါပေမယ့် ခဲတို တိုးယာနဲ့ ကူရာကီ အာခဲမီနဲ့အတူစားတဲ့ တခြားလူနှစ်ယောက်က နေကောင်းနေတာကြောင့် အစားအသောက်တွင် အန္တရာယ်မရှိပါ။ စစ်ဆေးမှုအပြီးတွင် ကူရာကီ အာခဲမီနှင့် ခဲတို တိုးယာတို့သည် အစာအဆိပ်သင့်ခြင်း မခံစားရကြောင်း သေချာသွားသည်။ ထို့အပြင် ဆရာဝန်သည် ၎င်းတို့၏ ခန္ဓာကိုယ်တွင် ရုတ်တရက်မှားယွင်းလာရသည့်အကြောင်းရင်းသို့မဟုတ် ရုတ်တရက် တောင့်တင်းလာရသည့် အကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။

ဆရာဝန်က ဒီလိုအခြေအနေမျိုး တစ်ခါမှမမြင်ဖူးတဲ့အတွက် ဘယ်လိုကုသရမလဲဆိုတာ မသိ‌ပါ။

လူနာတွေရဲ့ အသက်အန္တရာယ်ကို လောလောဆယ် ခြိမ်းခြောက်မှု မရှိသေးပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ်က ထိခိုက် ဒဏ်ရာတွေ ရနေတာကြောင့် ဆေးရုံက ကျွမ်းကျင်သူတွေ အများကြီး လေ့လာကြရမယ့် ရောဂါဖြစ်ပေသည်။

…

ကုနင်းထွက်သွားပြီး‌နောက် သူမသည် စစ်ဟယ်ယွမ် သို့ ပြန်သွားကာ ထွေထွေထူးထူး ဘာမှမရှိတော့ပေ။

နောက်တစ်နေ့မနက်စောစော အိပ်ရာထချိန်မှာ ကျောက်တုံးလေးက ရှန်းကွမ်းယန်၊ ကုနင်းနဲ့ ကျင်းယွင်ယောင်ကို လေဆိပ်ကို လိုက်ပို့သည်။

လေဆိပ်သို့ရောက်ပြီးနောက် လုံခြုံရေးစစ်ဆေးမှုအတွက် လက်မှတ်များကို ယူခဲ့သည်။

သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးကို သူတို့ရဲ့ စိတ်စွမ်းအင်အာကာပြင်ထဲမှာ သိမ်းဆည်းထားတာကြောင့် ကုနင်းနဲ့ ကျင်းယွင်ယောင်က ကိုယ်စီ အိတ်တစ်လုံးပဲ သယ်သွားကြသည်။

လုံခြုံရေး စစ်ဆေးမှု အပြီးတွင် လေယာဉ် မတက်မီ မိနစ် ၄၀ အလိုတွင် နံနက်စာ စားရန် စားသောက်ဆိုင် တစ်ခုကို တွေ့ရှိခဲ့သည်။

လေယာဉ်ပေါ်တွင် စားစရာရှိသော်လည်း ရှန်းကွမ်းယန်အတွက် မလုံလောက်ပါ။

မနက်စာဆိုတော့ ခေါက်ဆွဲစားဖို့ ရွေးလိုက်သည်။ ကုနင်းနှင့် ကျင်းယွင်ယောင်တို့သည် တစ်ပန်းကန်စီစားသော်လည်း ရှန်းကွမ်းယန် တစ်ယောက်တည်း ပန်းကန် ၃ ပန်းကန်စားသောကြောင့် စားပွဲထိုးကို ကြောက်လန့်သွား‌စေသည်။ အခြား စားပွဲထိုးတွေကလည်း သူ့ကို အံ့သြတကြီး ကြည့်နေကြသည်။ သာမာန်အားဖြင့် အသက်ကြီးသူများသည် အစားနည်းသော်လည်း ရှန်းကွမ်းယန်သည် လူငယ်များထက်ပင် ပိုစားသည်။

မည်သို့ပင်ဆိုစေကာမူ ရှန်းကွမ်းယန်သည် စားသောက်နေသောကြောင့် ၎င်းကို ဂရုမစိုက်နိုင်ခဲ့ပေ။

ခေါက်ဆွဲစားပြီး အနားယူပြီးနောက် သူတို့သည် ဂိတ်ပေါက်သို့သွားကာ လေယာဉ်ပေါ်မတက်မီ ၁၀ မိနစ်ခန့် ထိုင်ကြသည်။

ကုနင်းသည် ပထမတန်းတွင် ထိုင်ခုံနေရာယူထားသည်။ ရှန်းကွမ်းယန်က ပြတင်းပေါက်နားမှာ ထိုင်နပေြီး ကုနင်းက အလယ်မှာနပေြီး ကျင်းယွင်ယောင်က ဘေးခုံမှာ ထိုင်သည်။

မြို့တော်မှ ကောမြို့ သို့ 7 နာရီကြာသည်မို့ သူတို့လုပ်နိုင်သမျှသည် စာဖတ်ခြင်း၊ စကားပြောခြင်း သို့မဟုတ် အိပ်စက်ခြင်းသာ ဖြစ်သည်။

လေယာဉ်ပေါ်ကဆင်းချိန်က ညနေ ၅ နာရီထိုးနပေြီ၊ မြို့လယ်ကိုရောက်ပြီး ညစာစားရမယ့်အချိန်ဖြစ်နေပြီ။

သူတို့က ကောမြို့မှာ တစ်ညနေဖို့ မစီစဉ်ထားဘဲ ခွန်းလွန်တောင်သို့ တိုက်ရိုက်သွားဖို့ စီစဉ်ထားကြသည်။ သို့သော် အစီအစဉ်သည် အပြောင်းအလဲများလည်းရှိလာနိုင်ပေသည်။

ကုနင်းနှင့် အခြားသူများသည် စားသောက်ဆိုင်တစ်ခုသို့ လျှောက်လာစဉ်တွင် ကောမြို့၏ မြို့တော်ဝန်၏ဇနီးဖြစ်သူ ကျင်းယွင်ယောင်၏ သူငယ်ချင်းဖြစ်သူနှင့် တွေ့ဆုံခဲ့သည်။

"ဟယ် ရှန်းယောင် ပြန်လာပြီလား!" မြို့တော်ဝန်၏ဇနီးသည် ကျင်းယွင်ယောင်ကိုတွေ့ရတော့ အံ့အားသင့်ပြီး ပျော်ရွှင်သွားသည်။ ချက်ခြင်းပဲ သူမကို နှုတ်ဆက်ဖို့ လမ်းလျှောက်ခဲ့ပေမယ့် သူမရဲ့ မျက်နှာက အလွန်မွဲခြောက်နေပြီး အသက်ရှုအားနည်းပြီး အားအင်နည်းနေသည်။

ရှုလီဟွာကိုမြင်လိုက်ရတော့ ကျင်းယွင်ယောင်လည်း စိတ်လှုပ်ရှားနေပေမယ့် သူ့မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတာနဲ့ စိတ်မကောင်းဖြစ်မိသွားသည်။ "လီဟွာ၊ မင်းကိုကြည့်ရတာတမျိုးပဲ။ နေမကောင်းဖြစ်နေတာလား?" စိုးရိမ်စိတ်နဲ့ မေးသည်။

ထိုမေးခွန်းကို သူမမေးသော်လည်း အဖြေကို သူမ သိနေပြီဖြစ်သည်။ သူမဟာ ဆရာဝန်မဟုတ်ပေမယ့် ကျန်းမာရေးကောင်းနေသလား မကောင်းဘူးလားဆိုတာကို သူမ သိနိုင်ပေသည်။

"ဟုတ်တယ် ငါနေမကောင်းဘူး။ ငါအလယ်အလတ်အဆင့် ရင်သားကင်ဆာဖြစ်နေတယ်” ဟု ရှုလီဟွာ က ပြောသည်။ ကျင်းယွင်ယောင်သည် သူမမျက်နှာမှ ပျော်ရွှင်မှုသည် ချက်ချင်းပျောက်ကွယ်သွားကာ အထီးကျန်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ဖြင့် အစားထိုးခဲ့သည်ကို မြင်လိုက်ရသည်။

"ဘာ? ရင်သားကင်ဆာရဲ့အလယ်အလတ်အဆင့်ဟုတ်လား" ကျင်းယွင်ယောင်သည် ထိုစကားကိုကြားပြီးနောက် အံ့သြသွားသည်။ "အခု ကုသတာကရော ဘယ်လိုလဲ"

***

ဖီးနစ်သွေးစက်

အခန်း ၂၀၁၈ အများကြီးစားပါ

ရင်သားကင်ဆာဟာ သေဒဏ်နဲ့ မညီမျှပါဘူး။ တကယ်တော့ ရင်သားကင်ဆာဟာ ကုသလျှင် အကောင်းဆုံးအကျိုးသက်ရောက်မှုရှိတဲ့ ကင်ဆာတွေထဲက တစ်ခုဖြစ်ပေသည်။ လူနာသည် ဆေးကုသမှုမှာတက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသမျှ ကာလပတ်လုံး ပျောက်ကင်းနှုန်းမှာ အတော်အတန်မြင့်မားသော်လည်း အချိန်နှင့်ငွေ ပိုယူရပါသည်။

“ဆေးကုသမှု ခံယူနေပါတယ်။ ဆရာဝန်က ကုသနေသရွေ့ ပျောက်ကင်းဖို့ အလားအလာ အရမ်းများတယ်လို့ ပြောတယ်။ ဒါပေမယ့် အချိန်ပိုကြာပြီး ပိုက်ဆံအများကြီး ပိုကုန်တယ် ဒါကြောင့် ကျွန်မ…” ဟုရှုလီဟွာ က သိသာထင်ရှားတဲ့ အကူအညီမဲ့မှုကို ပြသပြီး ပြောခဲ့သည်။

ခင်ပွန်းသည်က မြို့တော်ဝန်ဖြစ်ပေမဲ့ ဖြောင့်မတ်တဲ့ အရာရှိမို့ သူတို့မိသားစုက မချမ်းသာပါ။ သူတို့မှာ ကောလိပ်ကျောင်းတက်နေတဲ့ သားနှစ်ယောက်ရှိပြီး ပိုက်ဆံအများကြီးလိုအပ်သည်။ ရလဒ်အနေဖြင့် သူမသည် အကျပ်ရိုက်နပေြီး ကုသမှုကို လက်ခံရန် တုံ့ဆိုင်းနေခဲ့သည်။

ထိုစကားကိုကြားသောအခါ ကျင်းယွင်ယောင် သည် သူမ၏စိုးရိမ်မှုကို နားလည်သွားပြီး စိတ်ဆိုးမိသွားသည်။ "လီဟွာ၊ မင်းဘယ်လိုလို့ တုံ့ဆိုင်း‌နေရတာလဲ။ ပိုက်ဆံက အရေးမကြီးဘူး။ မင်းကျန်းမာရေးက တခြားအရာတွေထက် ပိုအရေးကြီးတယ်‌ေလ။ အခက်အခဲရှိရင် ငါ့ကိုအကူအညီတောင်းလို့ရတယ်” ကျင်းယွင်ယောင်က စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။

ကျင်းယွင်ယောင်သည် ရှုလီဟွာကို ရောဂါကုသရာတွင် ကူညီရန်ထက်ပို၍ ဆန္ဒ ပိုရှိသော်လည်း သူမ၏ မှော်အစွမ်းသည် သာမန်ဒဏ်ရာများကိုသာ ကုသပေးနိုင်ပြီး ကင်ဆာရောဂါအတွက် ဘာမှမတတ်နိုင်ပါ။ သို့သော် သူမအတွက် ငွေပေးချေ‌ပေးနိုင်သည်။

မည်သို့ပင်ဖြစ်စေ သူမတွင် သေမျိုး‌‌ေလာကတွင် သူငယ်ချင်းများစွာမရှိခဲ့ဘဲ ရှုလီဟွာသည် သူမ၏ လျှို့ဝှက်ချက်များကို မျှဝေနိုင်သည့် တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သည်။

"အမ် မင်းငါ့ကိုမေ့သွားပြီလား" ကုနင်းက ရုတ်တရက် ပါးစပ်ကို ဖွင့်လိုက်သည်။

ကျင်းယွင်ယောင်သည် တစ်စက္ကန့်မျှ ထုံထိုင်းသွားကာ ကုနင်းတွင် စွမ်းအင်သလင်းကျောက်များ ရှိနေကြောင်း သိလိုက်ရသည်။

"အယ် ဟုတ်သားပဲ။ ငါ အရမ်းစိတ်ရှုပ်သွားလို့ မင်းကို မေ့သွားတာ!" ကျင်းယွင်ယောင်က စိတ်လှုပ်ရှားစွာပြောသည်။

ရှုလီဟွာသည် သူတို့၏ ပြောဆိုမှုကို နားမလည်သော်လည်း ကုနင်းပြောပြီးနောက် သူမဟာကျင်းယွင်ယောင်နဲ့အတူ လာကြောင်း သိလိုက်ရသည်။ သူမရှေ့မှာ အခြားလူနှစ်ယောက်ရှိနေကာ သူတို့ကို လျစ်လျူရှုခဲ့တဲ့အတွက် သူမ ချက်ချင်းတောင်းပန်ခဲ့သည်။ "တောင်းပန်ပါတယ်။ မင်းနာမည်သိလို့ရမလား"

“ဒါက ငါတို့မိသားစုရဲ့ အကြီးအကဲပါ။ သူရဲ့နာမည်က ရှန်းကွမ်းယန်လို့ခေါ်တယ်။ ဒါက ငါ့တူမ။ သူ့နာမည် ကုနင်းပါ" ကျင်းယွင်ယောင်က သူတို့ကို ရှုလီဟွာနဲ့ မိတ်ဆက်ပေးသည်။ သူတို့က အပြင်မှာဖြစ်၍ အသေးစိတ်အများကြီးပြောပြလို့မရပေ။

"တွေ့ရတာဝမ်းသာပါတယ် မစ္စတာရှန်းကွမ်း၊ မစ္စကု" လို့ ရှုလီဟွာက ရှန်းကွမ်းယန်နဲ့ ကုနင်းကို ညင်သာစွာပြောခဲ့သည်။

“ဒါက ငါ့ရဲ့ သူငယ်ချင်းကောင်း ရှုလီဟွာတဲ့” ကျင်းယွင်ယောင်က ရှုလီဟွာကို ရှန်းကွမ်းယန်နဲ့ ကုနင်းတို့နဲ့ မိတ်ဆက်ပေးသည်။

"ဟိုင်း မစ္စရှု” ရှန်းကွမ်းယန်နှင့် ကုနင်းတို့က ယဉ်ကျေးစွာ နှုတ်ဆက်ကြသည်။

ရုတ်တရက် ကျင်းယွင်ယောင် က ရှုလီဟွာ အား "လီဟွာ ငါ့မှာ မင်းရောဂါကို ကုသပေးနိုင်တဲ့ ဆေးရှိတယ်။ ဒါပေမယ့် မင်း ငါ့ကို ယုံမှာလား"

"ဘာ?" ထိုစကားကိုကြားတော့ ရှုလီဟွာသည် အလွန်အံ့သြသွားသည်။ သူ့ရောဂါကို ကုသနိုင်တဲ့ ဆေးရှိတာလား။ တစ်ချိန်တည်းမှာပင် ရှုလီဟွာက ပီတိလည်းဖြစ်သွားရသည်။ သူမမှာ သံသယတွေရှိခဲ့ပေမယ့် ကျင်းယွင်ယောင်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။ "မယုံနိုင်စရာပါပဲ၊ ဒါပေမယ့် ငါမင်းကို ယုံကြည်ဖို့ ဆန္ဒရှိတယ်"

ကျင်းယွင်ယောင်သည် သူမ၏အသက်ကို ကယ်တင်ခဲ့ပြီး ထို့ကြောင့် ကျင်းယွင်ယောင်သည် သူမကို ထိခိုက်စေမည်ဟု သူမထင်ခဲ့ပေ။ ဆေးဝါးက သူ့ရောဂါကို လုံးဝ မကုသနိုင်ရင်တောင် အခုထက် ပိုကောင်းလာလိမ့်မည်။

ရှုလီဟွာ၏ အဖြေကိုကြားတော့ ကျင်းယွင်ယောင်က ကုနင်းကို လှည့်ကြည့်လိုက်သည်။ "နင်းနင်း"

ကုနင်းက ကြွပေုလင်းကို ချက်ချင်းထုတ်ပြီး ရှုလီဟွာ ကို ပေးလိုက်တယ်။ "မစ္စရှု ဒီဆေးက နှလုံးရောဂါလို ပြင်းထန်တဲ့ ရောဂါတော်တော်များများကို ပျောက်ကင်းအောင် ကုသပေးနိုင်တာကြောင့် မင်းရဲ့ရောဂါကို တကယ်ပျောက်ကင်းစေနိုင်ပါတယ်။ ဆေး ၃ လုံးရှိတယ်။ အခုချက်ချင်း တစ်လုံး‌ကို သောက်လို့ရပါတယ် ပြီးရင် ၃ ရက်ခြား တစ်ခါသောက်ပါ။ ဆေး ၃ လုံးသောက်ပြီးရင် မင်းရောဂါ သက်သာသွားပါပြီ။ ဒီည ‌ဆေးရုံမှာ စမ်းသပ်ကြည့်ပါ။ မနက်ဖြန် ရလဒ်ထွက်လာရင် ကင်ဆာဆဲလ်တွေ ပိုနည်းလာတာကို တွေ့ရလိမ့်မယ်”

ဆေးဝါးသည် သူမ၏ရောဂါကို အမှန်တကယ်ကုသပေးနိုင်ပြီး နှလုံးရောဂါကဲ့သို့ပင် ပြင်းထန်သောရောဂါများစွာကို ကုသပေးနပေြီဖြစ်သည်ကို သိလိုက်ရသဖြင့် ရှုလီဟွာ အံ့ဩသွားခဲ့သည်။ ဒါဟာ မယုံနိုင်လောက်လွန်းပေမယ့် ဝမ်းသာလွန်းလို့ မျက်ရည်တောင်ကျရသည်။

“လီဟွာ…” ကျင်းယွင်ယောင် သည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ရှုလီဟွာ ၏ ပခုံးပေါ် လက်တစ်ဖက်ကို တင်လိုက်သည်။ သူမကို နှစ်သိမ့်ချင်သော်လည်း ဘာပြောရမှန်းမသိ။

ရှုလီဟွာသည် သူတို့သည် လူအများကြား ရောက်နေသည်ကို နားလည်သောကြောင့် သူမ၏ အပြုအမူကို လွတ်ထွက်သွားမည်ဆိုး၍ စိတ်ကို တည်ငြိမ်အောင် ထိန်းထားရသည်။

“အင်း ကျေးဇူးတင်ပါတယ်ကလွဲလို့ ဘာပြောရမှန်းကို မသိတာ အမှန်ပါ။ ကျေးဇူးတင်ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်” ဟု ရှုလီဟွာက ဆို့နင့်စွာ‌ပေြာသည်။

“ရပါတယ် ငါတို့ကူညီရတာပဲ ဝမ်းသာ‌နေပါပြီ” ကျင်းယွင်ယောင်သည် ရှုလီဟွာကို ကူညီတာ သူမမဟုတ်ပဲ ကုနင်းဖြစ်သောကြောင့် ကျေးဇူးတင်စကားကို လက်ခံခဲ့သည်။

"ဒါနဲ့ ဒီနေ့ဆုံမှ‌တော့ ထမင်းအတူတူစားကြမလား" ရှုလီဟွာက “ငါ့ကို ဆေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ဧည့်ခံခွင့်ပေးပါ”

"မင်းသူငယ်ချင်းတွေနဲ့ ထမင်းသွားစားမလို့ထင်တယ်။ ငါတို့ လိုက်သွားရင် သင့်တော်ပါ့မလား” ကျင်းယွင်ယောင်က မသင့်တော်ဘူးလို့ ခံစားရသည်။

"အဓိပ္ပာယ်မရှိတာ! ငါတို့သုံးယောက်ပဲရှိတာပါ။ ငါ့သူငယ်ချင်းတစ်ယောက်က သူ့သမီးလေးနဲ့အတူ သူ့မိဘတွေ‌ဆီ အလည်ပြန်လာတာ။ သူက ငါ့ကို ထမင်း၀ယ်‌ကျွေးချင်တယ်။ ငါသူ့ကို ၀ယ်ကျွေး ခွင့်ပြုမှာမဟုတ်လို့ သူ့ကို အတူတူထမင်းစားဖို့ ဖိတ်ခဲ့တာ” ဟု ရှုလီဟွာက ဆိုသည်။ သူမသည် ယခုအချိန်တွင် စားသောက်ရန် စိတ်မ၀င်စားသော်လည်း သူမ၏သူငယ်ချင်းပြန်လာတာက ရှားရှားပါးပါးဖြစ်ပြီး သူမ၏သူငယ်ချင်းက သူမကို ထမင်းသွားစားရန် လှမ်းခေါ်သည်။ မသွားလျှင် မယဉ်ကျေးရာကျလွန်းသည်။ နောက်ဆုံးတော့ ကျင်းယွင်ယောင်ကလည်း ဒါကို မငြင်းနိုင်တဲ့အတွက် သဘောတူလိုက်သည်။

“မစ္စရှု၊ ငါ့အဘိုးတယောက်တည်းက ၃ ယောက်စာလောက်စားနိုင်တယ်။ အဲ့ကျရင် အများကြီး ပေးရမှာဆိုးရတယ်” ဟု ကုနင်းက အပြုံးဖြင့် ပြောသည်။

“အင်း…” ရှန်းကွမ်းယန် က ကုနင်းသူ့အကြောင်းပြောတဲ့အခါ ရှက်ရွံ့သွားသလို ခံစားလိုက်ရတယ်၊ ဒါပေမယ့် တကယ်က သူလည်း အဲ့လိုပြောချင်နေတာပါပဲ။ ရှုလီဟွာက သူမည်မျှစားနိုင်သည်ကို မသိဘဲ အနည်းငယ်သာ မှာယူမည်ကို သူအမှန်တကယ် စိုးရိမ်နေမိသည်။ သို့ဆိုလျှင် သူသည် ဗိုက်၀မည်မဟုတ်။

ဒါကို သိလိုက်ရတော့ ရှုလီဟွာ အံ့သြသွားသည်။ ရှန်းကွမ်းယန် တစ်ယောက်တည်းနဲ့ လူ ၃ ယောက်လောက် စားနိုင်တယ်တဲ့။ ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ အစားအသောက်တွေ ထပ်မှာရင် ပြစနာမရှိပါ။ “ဒါက ပြဿနာ လုံးဝမရှိပါဘူး။ မစ္စတာရှန်းကွမ်း ကျေးဇူးပြုပြီး သင်စားချင်သမျှကို မှာလိုက်ပါ။ စျေးနှုန်းကို ဂရုစိုက်နေဖို့ မလိုပါဘူး”

"ဟုတ်ပြီ ကျေးဇူးတင်ပါတယ်" ရှန်းကွမ်းယန်က ကျေနပ်အားရစွာပြောသည်။

သီးသန့်ခန်းထဲသို့ လျှောက်သွားပြီးနောက် ရှုလီဟွာသည် စွမ်းအင်သလင်းကျောက်ကို ချက်ချင်း‌သောက်လိုက်သည်။

သူမ ရေသုံးပြီး မျိုချဖို့ စီစဉ်ခဲ့ပေမယ့် ကုနင်းက သူမကို တားခဲ့သည်။ ကုနင်းက ဆေးသည် အရောင်နှင့် အရသာမရှိကြောင်း ပါးစပ်ထဲထည့်လိုက်တာနဲ့ အရည်ပျော်သွားကြောင်း ပြောပြသည်။

ရှုလီဟွာက ကုနင်းက သူမကို လုပ်ခိုင်းသလို လုပ်ခဲ့ပြီး တကယ်လည်းဆေးလုံးဟာ အရောင်နဲ့ အရသာ မရှိပါဘူး။ သူမပါးစပ်ထဲထည့်လိုက်သည်နှင့် အရည်ပျော်သွားသည်။

ဆေးသောက်ပြီးတာနဲ့ ချမ်းလာသလို ခံစားရသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှုလီဟွာ သည် သူမ၏ခန္ဓာကိုယ်တွင် စွမ်းအင်ပြည့်နေကြောင်း ခံစားလိုက်ရပြီး သူမ၏မျက်နှာသည် သွေးရောင်များဖုံးလွှမ်းလာသည်။

"ဟင် ငါမယုံနိုင်ဘူး။ ခုမှသောက်တာကို ခုချက်ချင်းပြန်ပြီး တက်ကြွလာသလို ခံစားရတယ်” လို့ ရှုလီဟွာက ပြောလိုက်သည်။ သူမသည် ၎င်း၏အကျိုးသက်ရောက်မှုကို လုံးဝအံ့အားသင့်ခဲ့ရပြီး ၎င်းကို မယုံနိုင်ဖြစ်နေသည်။ ပထမဆေးလုံးသောက်ပြီးနောက် သူမသည် ဆေးကို ပိုယုံကြည်လာခဲ့သည်။

"မင်း အခု အရမ်းကြည့်ကောင်းနေတယ်။ မှန်ထဲမှာ ကိုယ့်ကိုကိုယ်ကြည့်လိုက်စမ်းပါ” ဟုကျင်းယွင်ယောင်က ပြုံးပြီး ပြောသည်။

"တကယ်လား?" ရှုလီဟွာ စိတ်လှုပ်ရှားသွားသည်။ သန့်စင်ခန်းထဲက မှန်ထဲမှာ ကိုယ့်ကိုကိုယ်ကြည့်ဖို့ ချက်ချင်းထရပ်လိုက်သည်။ သူ့မျက်နှာ စိုပြေလာပြီး ကျန်းမာနေပုံပေါက်‌နေတာက အမှန်ပါပဲ။ အရမ်းအံ့သြစရာကောင်းသည်။

"နင်းနင်း ကျေးဇူးတင်ပါတယ်"

ရှုလီဟွာ သန့်စင်ခန်းသို့သွားသောအခါ ကျင်းယွင်ယောင်သည် ကုနင်းအား ကျေးဇူးတင်စကားဆိုသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၁၉ ကယ်တင်ရှင်နဲ့ တွေ့ခဲ့တယ်

ကုနင်းသည် သူမ၏ ချွေးမ‌လောင်းဖြစ်သော်လည်း အရာအားလုံးအတွက် သူမကို ကူညီရမည်ဟု မဆိုလိုပါ၊ ထို့ကြောင့် ကုနင်း၏ကြင်နာမှုအတွက် သူမ အလွန်ကျေးဇူးတင်မိပါသည်။ ထို့ကြောင့် သူမသည် ကုနင်းကို ကျေးဇူးတင်ရန်လိုအပ်သည်။

“ကျေးဇူးတင်ဖို့ မလိုပါဘူး။ ကျွန်မတို့က မိသားစု‌တွေပဲ” ကုနင်းက မလိုအပ်ဘူးလို့ ခံစားရသည်။ သူမ လုံးဝ ဂရုမစိုက်ပါ။

ရှုလီဟွာသည် မကြာမီ သူမ၏ မျက်နှာပေါ်တွင် ကြီးမားသော စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုတို့ကို ပြသပြီး ထွက်လာခဲ့သည်။ သူမခန္ဓာကိုယ်ထဲက ကင်ဆာကို လုံးဝပျောက်ကင်းအောင် မကုသနိုင်ခဲ့ပေမယ့် ဆေးကြောင့် မျှော်လင့်ချက်ကို မြင်ခဲ့ရသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ရှုလီဟွာ ၏သူငယ်ချင်းရောက်လာသည်။ ရှုလီဟွာသည် ကျင်းယွင်ယောင်နှင့် အခြားသူများ အဘယ်ကြောင့် လာရသည်ကို သူမ၏ သူငယ်ချင်းအား ရှင်းပြခဲ့ပြီး သူမ၏ သူငယ်ချင်းမှာလည်း အလွန်သ‌ဘောကောင်းသည်။ သူ့သူငယ်ချင်းက အဲဒါကို ဂရုမစိုက်ဘဲ ရှုလီဟွာက ဒီနေ့ ကျွေးမွေး‌လိမ့်မည်။ ကျင်းယွင်ယောင် မဟုတ်ပဲ တခြား ဘယ်သူကိုပဲ ထမင်းစားဖို့ ခေါ်လာခဲ့ပါစေ သူမဆုံးဖြတ်ရမှာ မဟုတ်ပါ။

သို့သော် ရှုလီဟွာ၏သူငယ်ချင်းရဲ့သမီးဖြစ်သူက ကုနင်းကိုတွေ့လိုက်ရသည့်အခိုက်တွင် အနည်းငယ်စိတ်ပျက်သွားသည်။ သူမ၏မျက်လုံးများတွင် မနာလိုမှုအနည်းငယ်ရှိနေသည်။

ရှုလီဟွာရဲ့သူငယ်ချင်းဖြစ်သူ၏သမီးက ကုနင်းနဲ့ အသက်တူသည်။ သူတို့နှစ်ယောက်က အရပ်တူပြီး ချောလှပေမယ့် ကုနင်းက သူမထက် အများကြီး ပိုလှသည်။

"ဟိုင်း ကျွန်မနာမည် ကျန့်ကျားယွီ ပါ။ ငါ Bမြို့က။ မင်းနာမည်ဘယ်လိုခေါ်လဲ။ မင်းဘယ်ကလဲ?" ရှုလီဟွာ၏သူငယ်ချင်းရဲ့သမီး ကျန့်ကျားယွီသည် ကုနင်းကို ဦးစွာနှုတ်ဆက်သည်။ သူမမျက်လုံးထဲတွင် မကောင်းသော အတွေးများရှိရုံကလွဲ၍ အပေါ်ယံတွင် သူမသည် အလွန်ယဉ်ကျေးသည်။

ကုနင်းက သူမဘာတွေ ကြံစည်နေမှန်း မသိပေမယ့် သူမကြောက်နေမှာလည်း မဟုတ်ပါ။

"ဟိုင်း ကျွန်မနာမည်က ကုနင်းပါ။ ကျွန်တော်လည်း Bမြို့ မှာနေပေမယ့် အခု မြို့တော်မှာရှိတဲ့ ကောလိပ်တစ်ခုမှာ ကျောင်းတက်နပေါတယ်” ဟု ကုနင်းက ကြင်နာစွာ ပြန်ပြောလိုက်သည်။ ကျန့်ကျားယွီသည် သူမအပေါ် ကြင်နာမှုကင်းကြောင်း သူမသိသော်လည်း အနည်းဆုံးတော့ အပေါ်ယံတွင် ကျန့်ကျားယွီသည် ကြင်နာပုံရသောကြောင့် သူမသည်လည်း ယဉ်ကျေးရမည်ဖြစ်သည်။

ထိုစကားကိုကြားတော့ ကျန့်ကျားယွီ တစ်စက္ကန့်မျှ တောင့်တင်းသွားသည်။ သူမသည် Bမြို့ မှလာရောက်‌ကြောင်းပြသရန် တမင်တကာပြောခဲ့သော်လည်း မမျှော်လင့်ဘဲ ကုနင်းသည်လည်း Bမြို့ တွင်နေထိုင်ခဲ့သည်။ ထို့အပြင် ကုနင်းသည် မြို့တော်ရှိ ကောလိပ်တစ်ခုတွင် ပညာသင်ကြား‌ေန‌ပေသည်။

"အင်း မင်း အခု ဘယ်ကောလိပ်မှာ ကျောင်းတက်နေလဲ သိလို့ရမလား" ကျန့်ကျားယွီက မေးပေမယ့် ကုနင်းမဖြေခင် သူမက ဆက်ပြောသည်။ "ကျွန်မက Bမြို့ ရဲ့ ကျောင်းထုံတက္ကသိုလ်မှာ ကျောင်းတက်နေတာပါ။ ဒီနှစ်က ဒုတိယနှစ်။ နဂိုက မြို့တော်မှာ ကျောင်းတက်ဖို့ စီစဉ်ထားပြီး ငါ့ရဲ့ဦးတည်ချက်က မြို့တော်တက္ကသိုလ်ဖြစ်ပေမယ့် ငါ့ကိုလက်ခံဖို့ နောက်ထပ် အမှတ်နည်းနည်းလောက် လိုအပ်နေတယ်လေ”

ထိုစကားကို ပြောရင်း ကျန့်ကျားယွီ အနည်းငယ် ဝမ်းနည်းနေပုံရသော်လည်း သူမသည် အမှန်တကယ်တော့ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေသည်။ ကုနင်းသည် ကျောင်းစာမှာ သူမလောက် တော်မည်ဟု သူမ မထင်ပေ။

Bမြို့၏ ကျောင်းထုံတက္ကသိုလ်သည် Bမြို့တွင် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး ၎င်းတို့နိုင်ငံ၏ အဆင့် 6 နေရာတွင်ရှိသည်။ Bမြို့ ကျောင်းထုံတက္ကသိုလ် အထက်တွင်ရှိသော တက္ကသိုလ် နှစ်ခုသာရှိပြီး မြို့တော်တက္ကသိုလ်နှင့် ဟွာရှားတက္ကသိုလ်တို့ဖြစ်သည်။

ထိုတက္ကသိုလ်နှစ်ခုမှာ ထိပ်တန်းကျောင်းသားများကိုသာ လက်ခံနိုင်သော်လည်း ထိပ်တန်းကျောင်းသားများသည် နိုင်ငံတစ်ဝှမ်းလုံးတွင် အလွန်နည်းပါးပါသည်။

မည်သို့ပင်ဆိုစေကာမူ ကျန့်ကျားယွီသည် ကုနင်းကို ထိုတက္ကသိုလ်နှစ်ခုမှ လက်ခံနိုင်သည်ဟု မထင်မိပေ။ ကံမကောင်းစွာပဲ အဖြစ်မှန်က သူ့အတွေးနဲ့ အတော်လေး ဆန့်ကျင်ဘက်ပါပဲ။

"ကျွန်မက မြို့တော်တက္ကသိုလ်မှာ ကျောင်းတက်နေပါတယ်" ဟု ကုနင်းက မာနကြီးခြင်း သို့မဟုတ် မောက်မာခြင်းမရှိဘဲ အေးဆေးစွာပြောသည်။ ထုတ်‌ဖော်ကြွားဝါစရာမလိုအပ်ဘူးလို့ သူမ ထင်ပေသည်။

ကျန့်ကျားယွီ ရုတ်တရက် အံ့အားသင့်သွားသည်။ သူမ နားကိုပင် မယုံနိုင်။

ဘာ? ကုနင်းက အခု မြို့တော်တက္ကသိုလ်မှာ ကျောင်းတက်နေတာလား။ သူပညာရေးမှာ ထူးချွန်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ချက်ခြင်းတွင် ကျန့်ကျားယွီသည် ကုနင်းအပေါ် ခံစားချက်ပြင်းထန်သွားပြီး ကုနင်းသည် လှပရုံသာမက စာတော်သောကြောင့်လည်း ကုနင်းကို ပို၍ မနာလိုဖြစ်လာသည်။

သို့သော် သူမသည် မနာလိုမှုများနှင့် ပြည့်နှက်နေသော်လည်း စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကောင်းမွန်သောကြောင့် သူမသည် အမူအရာက မပျက်ယွင်းခဲ့ပေ။ စက္ကန့်ပိုင်းအတွင်း သူမ ငြိမ်သက်သွားပြီး သူမ၏ နှလုံးသားထဲက ပြင်းထန်သော မနာလိုမှုများကို ထိန်းသိမ်းလိုက်သည်။ "ဝိုး မြို့တော်တက္ကသိုလ်မှာ တက်နေတာဟုတ်လား မင်းကအရမ်းအံ့သြစရာကောင်းတာပဲ" သူမက ကုနင်းကို ချီးကျူးသည်။

ကုနင်းက ဘာမှပြန်မ‌ပေြာပဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။ ကျင်းယွင်ယောင်သည် ၎င်းတို့၏ စကားဝိုင်းတွင် ပါဝင်လိုက်သည်။ "ဟုတ်တယ်! နင်နင်းက အရမ်းထူးချွန်တယ်။ သူက အခုနှစ် နိုင်ငံ့၀င်ခွင့်စာမေးပွဲမှာ ရမှတ်အပြည့်ရခဲ့တာလေ။ နိုင်ငံတစ်ဝှမ်းက ထင်ရှားကျော်ကြားတဲ့ ကောလိပ်‌တွေအားလုံးက သူ့အတွက် ကျောင်းလခအခမဲ့နဲ့ နေရာထိုင်ခင်းပါ ပေးမယ်ဆိုပြီး ယှဉ်ပြိုင်ကြတာ"

မစ္စကျန့်နှင့် ရှုလီဟွာ တို့သည် ကျန့်ကျားယွီ၏ သဘောထားကို မမြင်ခဲ့ကြသောကြောင့် ကျန့်ကျားယွီသည် ကုနင်းနှင့် အမှန်တကယ် လိုက်ဖက်ညီသည်ဟု ထင်ခဲ့ကြသော်လည်း ကျင်းယွင်ယောင်သည် ကျန့်ကျားယွီ၏ တကယ့်သဘောထားကို မြင်‌နေရသည်။

လူကြီးတစ်ယောက်အနေဖြင့် သူမသည် လူငယ်နှင့် ငြင်းခုံရန်မသင့်တဲ့အပြင် ကုနင်းသည် ပျော့ညံ့သူမဟုတ်သော်လည်း သူမသည် အလွန်ကာကွယ်ပေးချင်သောကြောင့် တစ်ခုခုကို ပြောရမည်ဖြစ်သည်။

ရှန်းကွမ်းယန်လည်း ဒါကိုသတိထားမိလိုက်ပေမယ့် သူအရမ်းဂရုစိုက်တဲ့အတွက် ဘာမှမပြောပေ။

"ဘာ? ရမှတ်အပြည့်နဲ့ အောင်တဲ့သူလား”

ထိုစကားကိုကြားတော့ ကျန့်ကျားယွီ၊ မစ္စစ်ကျန့်နှင့် ရှုလီဟွာတို့အားလုံး ထိတ်လန့်သွားကြသည်။

“အဲ့သတင်းကိုကြားတော့ကြားဖူးတယ်။ သေသေချာချာ မဖတ်မိတော့ မင်းဆိုတာမသိခဲ့ဘူး မစ္စကု!" ရှုလီဟွာက ပြုံးပြီး ပြောသည်။ သူမသည် ယခု ကုနင်းအပေါ် ပိုမိုကောင်းမွန်သော အမြင်ရှိနေပြီဖြစ်သည်။

"မစ္စကု မင်းက တကယ် အံ့သြစရာပဲ!" မစ္စစ်ကျန့်က ရိုးသားစွာ ချီးကျူးခဲ့သည်။

"ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ်" ကုနင်းက တည်ငြိမ်စွာပြောသည်။

ကျန့်ကျားယွီသည် ထိုအချိန်တွင် လုံးဝလက်လျှော့လိုက်သည်။ ကုနင်းအား မေးခွန်းများကို သူမမေးတော့။ သူမသည် တကယ့်ထိပ်တန်းကျောင်းသားတစ်ဦးနဲ့ တွေ့နေရသဖြင့် အံ့အားသင့်နေမိသည်။

ကျန့်ကျားယွီသည် ကုနင်း၏ အခြားသော ကျွမ်းကျင်မှုများအကြောင်း လေ့လာခဲ့လျှင် သူမ ပို၍ တုန်လှုပ်သွားလိမ့်မည်။

မကြာမီ ပန်းကန်များကို စားပွဲပေါ်‌ရောက်လာသည်။ ကျင်းယွင်ယောင်, ရှုလီဟွာနှင့် မစ္စစ်ကျန့်တို့သည် ထမင်းစားနေစဉ်တွင် အချင်းချင်း စကားစမြည်ပြောဆိုကြပြီး ကုနင်းနှင့် ရှန်းကွမ်းယန်တို့သည် စကားတစ်ခွန်းမှ မပြောဘဲ ဆက်၍စားသောက်ကြသည်။

ကုနင်းကြောင့် ကျန့်ကျားယွီသည် စားချင်သောက်ချင်စိတ်ပျောက်ခဲ့ပေပြီ။

ထမင်းစားပြီးတာနဲ့ လမ်းခွဲလိုက်ကြသည်။

သူတို့ ထမင်းစားနေတုန်း ရှုလီဟွာက ကျင်းယွင်ယောင်က ဘာလို့ ဒီတစ်ခေါက်ပြန်လာတာလဲလို့ မေးသည်။

ကျင်းယွင်ယောင်က တစ်စုံတစ်ခုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း ပြောခဲ့သော်လည်း ထိုအကြောင်းကို သူမ အသေးစိတ် မပြောခဲ့ပေ။ ရှုလီဟွာက ၎င်းအကြောင်းကို ထပ်မမေးတော့ဘဲ သူမသည် ကောမြို့ တွင် တစ်ရက်နေရန် စိတ်ကူးရှိမရှိ မဟုတ်ပါက Xနိုင်ငံသို့ သွားမည်လားဟု ကျင်းယွင်ယောင်ကိုမေးမြန်းခဲ့သည်။

ကောမြို့သည် Xနိုင်ငံ နှင့်မဝေးပဲ တစ်နာရီသာကြာသောကြောင့် ညဘက်သွားလျှင် အဆင်ပြပေါသည်။

ကျင်းယွင်ယောင်က သူမ ထမင်းစားပြီးတာနဲ့ Xနိုင်ငံ ကို ထွက်ခွာမယ်လို့ ပြောခဲ့တာဖြစ်လို့ ရှုလီဟွာက ကျင်းယွင်ယောင်ကို သူ့အချိန်ဇယားကို ထိခိုက်စေနိုင်လို့ ဆက်နေဖို့ မစည်းရုံးခဲ့ပါ။ အဲဒီအစား ရှုလီဟွာက သူတို့အတွက် ကားတစ်စီးစီစဉ်ပေးဖို့ အဆိုပြုခဲ့ပြီး ကျင်းယွင်ယောင် က လက်ခံခဲ့သည်။

သူတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကြောင့် တစ်ယောက်နဲ့တစ်ယောက် အကူအညီကို လက်ခံဖို့ တွန့်ဆုတ်နေဖို့ မလိုအပ်ပါ။

အဲဒီနောက်မှာတော့ ရှုလီဟွာက သူ့ခင်ပွန်းကို ဖုန်းဆက်ပြီး ကားတစ်စီးစီစဉ်ပေးဖို့ တောင်းဆိုခဲ့သည်။ ထို့ကြောင့် ထမင်းစားပြီးသည်နှင့် ထွက်လာသောအခါ အပြင်တွင် ကားစောင့်နပေြီဖြစ်သည်။

တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီး လမ်းခွဲလိုက်ကြသည်။

10 မိနစ်လောက်ကြာတော့ ရှုလီဟွာ အိမ်ပြန်လာသည်။ သူမ၏ခင်ပွန်း ကျို့ဟုန်းမင်သည် သူမ၏အနီရောင်လွှမ်းနေသော မျက်နှာပြင်ကိုမြင်ရသည့်အတွက် အလွန်အံ့သြသွားခဲ့သည်။

ခင်ပွန်းဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်မှုကို မြင်လိုက်ရသဖြင့် ရှုလီဟွာက ပြုံးပြုံးရွှင်ရွှင်ဖြင့် “အချစ် ကျွန်မ ကယ်တင်ရှင်နဲ့ တွေ့ခဲ့တယ်”

"ကယ်တင်ရှင်? ဘာကယ်တင်ရှင်လဲ” ကျို့ဟုန်းမင် တွေဝေသွားသည်။ ရှုလီဟွာ ရုတ်တရက် ပိုကျန်းမာလာတာနဲ့ ကယ်တင်ရှင်နဲ့ကို မဆက်စပ်နိုင်ခဲ့ပါ။

“ကျွန်မမျက်နှာက သွေးရောင်လွှမ်းနေပြီး အားအင်တွေ ပြည့်နေပြီဆိုတာ ရှင်မြင်ရတယ်မလား” ဟု ရှုလီဟွာ က တောက်ပစွာပြောလိုက်သည်။

"ဘာကိုဆိုလိုတာလဲ? ဘာဖြစ်တာလဲ? မင်းဘာလို့လုပ်ရုတ်တရက်ကြီးအဲ့လိုဖြစ်လာတာလဲ…” ထိုအကြောင်းကိုပြောရင်း ကျို့ဟုန်းမင် စိတ်လှုပ်ရှားသွားသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၂၀ စိတ်ချလို့မရပါ

“ဒီနေ့တွေ့တဲ့ ကယ်တင်ရှင်။ ဒီနေ့ အပြင်မှာထမင်းသွားစားတာ စားသောက်ဆိုင်မှာ ရှန်းယောင်နဲ့တွေ့ခဲ့တယ်။ သူနဲ့အတူ အဘိုးကြီးတစ်ယောက်နဲ့ မိန်းမငယ်‌လေးတစ်ယောက်ပါတယ်။ ကျွန်မမှာ ရင်သားကင်ဆာရှိမှန်းသိသွားတော့ ဆေးပေးပြီး ၃ရက်တစ်ခါသောက်ဖို့ပြောခဲ့တယ်။ အဲ့ဆေးလုံး ၃ လုံးသောက်ပြီးရင် ကင်ဆာ ပျောက်သွားမယ်တဲ့” ဟု ရှုလီဟွာက စိတ်လှုပ်ရှားစွာ ပြောသည်။ သူမသည် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ တကယ့်လက်တွေ့လို့ သူမမခံစားရ‌ေသးပေမယ့် ဖြစ်နိုင်တယ်ဆိုတာကို ယုံကြည်ဖို့ ရွေးချယ်ခဲ့သည်။

"ဘာ?" ထိုစကားကိုကြားတော့ ကျို့ဟုန်းမင်သည် အံ့သြထိတ်လန့်စွာဖြင့် သူ့မျက်လုံးများကို ဝိုင်းစက်သွားသည်။ ပထမတော့ သူ ပီတိဖြစ်ခဲ့သော်လည်း နောက်တော့ သံသယဖြစ်မိသည်။ "လီဟွာ အဲဒါ တကယ်‌ရော ဟုတ်ရဲ့လား? ဘာကြောင့် စိတ်မချရဘူးလို့ ခံစား‌နေရတာပါလိမ့်။ ရှန်းယောင်က မင်းကို ဒုက္ခမပေးဘူးဆိုတာကို ငါသိပါတယ် ဒါပေမယ့် ဒီကမ္ဘာမှာ ဒီလောက်ထိရောက်တဲ့ဆေးရှိတယ်ဆိုတာ ငါမယုံနိုင်ဘူး"

ကျို့ဟုန်းမင်သည် ဆေးနှင့် ပတ်သက်၍ အလွန်သံသယဖြစ်‌နေသည်။

“ဟုန်းမင် ရှင်ယုံဖို့ခက်တယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မလည်း မယုံနိုင်ဖြစ်‌နေပေမယ့် ရှန်းယောင်ကို ယုံကြည်ဖို့ ရွေးချယ်ထားတယ်။ သူက ကျွန်မကို လှည့်စားဖို့ အကြောင်းပြချက် မရှိဘူး‌ေလ။ သူက ကျွန်မရဲ့အသက်ကို ကယ်တင်ခဲ့ဖူးတယ်။ ဒီနေ့ အစာမစားခင် ဆေးတစ်လုံးသောက်လိုက်‌တော့ ချက်ချင်း မျက်နှာကစိုပြေလာတော့တာ။ ကျွန်မခန္ဓာကိုယ်မှာလည်း အားအင်တွပေြည့်လာတယ်လို့ ခံစားရတယ်။ ဆေးဝါးက ကင်ဆာကို မကုသနိုင်ရင်တောင် ပိုဆိုးလာမှာတော့ မဟုတ်ပါဘူး။ ကုနင်းကလည်း မနက်ဖြန် ဆေးရုံမှာ စစ်ပြီး ရလဒ်ကြည့်ဖို့ ပြောခဲ့တယ်။ အပြောင်းအလဲရှိမရှိ စောင့်ကြည့်ရမှာ‌ပေါ့” ဟု ရှုလီဟွာမှ ပြောသည်။ အံ့သြစရာကောင်းလောက်တာကို သူမသိတာမို့ ကျို့ဟုန်းမင်ကို အခုချက်ချင်းယုံကြည်ဖို့ အတင်းအကြပ်မလုပ်ခဲ့ပါ။

"ကောင်းပြီ မနက်ဖြန် စစ်ဆေးကြည့်တာပေါ့" ကျို့ဟုန်းမင်သည် သံသယများ ရှိနေဆဲဖြစ်သော်လည်း အသုံးမဝင်ပေ။ မနက်ဖြန် ဆေးစစ်ချက်ကို စောင့်နေရုံပဲရှိတော့သည်။

သူ့ဇနီးသည်၏ နာကျင်မှုကို သက်သာစေရန်အတွက် ၎င်း‌ဆေးသည် အမှန်တကယ် ထိရောက်ပါစေဟုသာ မျှော်လင့်မိသည်။

ရှုလီဟွာသည် ကုသမှုကို ခံယူလိုခြင်းရှိမရှိသူမသိပါ ဒါပေမယ့် သူကတော့ ကုသမှုကို စွန့်လွှတ်ခိုင်းရန် စိတ်ကူးမရှိပေ။ ရှုလီဟွာကို မည်မျှပင်ခက်ခဲစေကာမူ ကုသရန် စိတ်ပိုင်းဖြတ်ထားသည်။

“ဟုတ်ပြီ ဒါပေမယ့် ဆေးအ‌ကြောင်းကို ကျွန်မတို့ကြားမှာ ထားပါ။ တခြားလူတွေကို ကျွန်မတို့ ပြောလို့မဖြစ်ဘူး။ အဲဒါက သူတို့ကို ဒုက္ခရောက်မှာ ဆိုးရတယ် ” ဟု ရှုလီဟွာက ဆိုသည်။ ကုနင်းက သူမကို ဒီလိုလုပ်ဖို့ မပြောပေမယ့် ကုနင်းမှာ ဒီလိုထိရောက်တဲ့ဆေးရှိတယ်ဆိုတာကို တခြားသူတွေ သိသွားရင် ဒုက္ခဖြစ်မယ်ဆိုတာ သူမနားလည်ပါသည်။

"ဟုတ်ပါပြီ"

…

ကုနင်းနှင့် အခြားသူများသည် တစ်နာရီကျော်အကြာတွင် Xနိုင်ငံသို့ ရောက်ရှိခဲ့ကြသည်။ XX ဟိုတယ်ရှေ့မှာ ကားကို ရပ်ခိုင်းပြီး ကားပေါ်က ဆင်းကာ ကားအား ထွက်သွားခိုင်းလိုက်သည်။

ထို့နောက် လူစုလူဝေးနှင့် ဝေးရာလမ်းတစ်လျှောက် လျှောက်သွားကြသည်။

Xနိုင်ငံမှ ခွန်းလွန် ဂိုဏ်း၏နေရာသို့သွားရန် ဝေးကွာနေသေးသည်။ သူတို့ဟာ အဲဒီနေရာကို ဓားနဲ့တိုက်ရိုက် ပျံသန်းနိုင်ပေမယ့် အခုချိန်မှာတော့ သူတို့မြို့မှာ ရှိနေဆဲပါ။ လမ်းသွားလမ်းလာများစွာရှိပြီး မီး‌ရောင်များတောက်ပစွာ ထွန်းညှိထားသောကြောင့် ဓားကို ထိုနေရာမှာ ထုတ်ယူ၍ ပျံသန်းခြင်းမပြုနိုင်ပေ။

ထို့ကြောင့် သူတို့သည် ပျံသန်းရန်အတွက် လူသူမရှိတဲ့ မှောင်မိုက်သောအရပ်သို့ လျှောက်သွားခဲ့ရသည်။

မိနစ် 20 လောက် လမ်းလျှောက်ပြီးတာနဲ့ မြို့နဲ့ ဝေးလာပြီဖြစ်သညိ။ လမ်းမီးများ၊ အနီးနားရှိလူများ သို့မဟုတ် စောင့်ကြည့်ကင်မရာများ မရှိသောကြောင့် ရှန်းကွမ်းယန်က သူ၏ဓားကို ထုတ်လိုက်သည်။

ထို့နောက် သုံးယောက်သား တက်လိုက်ကြသည်။ သူတို့ရပ်လိုက်ပြီးသည်နှင့် ရှန်းကွမ်းယန်သည် ဓားရှည်ကို စတင်ပျံသန်းလိုက်တော့သည်။

ဓားပျံသည် ကားများထက် များစွာပိုမြန်ပြီး လမ်းရှောင်စရာမလိုဘဲ တန်းတန်းသွားနိုင်သောကြောင့် ခွန်းလွန်ဂိုဏ်း ရင်ပြင်ကိုရောက်ရန် ကားဖြင့် အနည်းဆုံး တစ်နာရီကြာသွားရ‌သော ခရီးကို ဓားဖြင့် ပျံသန်းရန် မိနစ် ၂၀ သာ လိုအပ်သည်။

အောက်တိုဘာလဖြစ်သောကြောင့် ခွန်းလွန်တောင်တွင် နှင်းများမတွေ့ရပါ။ ပြီးတော့ သိပ်မအေး‌ပေ။ ထို့အပြင် သူတို့အားလုံးသည် ကျင့်ကြံသူများဖြစ်ပြီး အအေးဒဏ်ကို မကြောက်ကြသောကြောင့် အဝတ်အစား ၂ ထပ်က လုံလောက်ပါသည်။

ရင်းနှီးသောနေရာသို့ ပြန်ရောက်သောအခါ ရှန်းကွမ်းယန်သည် ရုတ်တရက် ခံစားချက်များ ရောထွေးသွားခဲ့သည်။ သူဒီမှာ နှစ်ရာနဲ့ချီပြီး နေခဲ့တဲ့အတွက် စိတ်အေးချမ်းရာ ရပေသည်။ သို့သော် လူ့လောကရှိ အရသာရှိသော အစားအစာများကို မစွန့်လွှတ်နိုင်သောကြောင့်သာ ထွက်ခွာသွားခဲ့ရသည်။ ထို့ကြောင့် ရှန်းကွမ်းယန်သည် အလွန်ဝမ်းနည်းခြင်းမရှိပေ။

"ကောင်းပြီ ဒီတောင်ရဲ့နောက်ကို သွားကြစို့" ရှန်းကွမ်းယန်က ပြောပြီး ရှေ့ကို လျှောက်သွားကာ ကုနင်းနှင့် ကျင်းယွင်ယောင် တို့က နောက်မှလိုက်ကြသည်။

အဲဒီနောက် ကုနင်းက မြေခွေးကို လွှတ်လိုက်ပြီး သူ့ဘာသာသူ ကျင့်ကြံဖို့ ပြောလိုက်သည်။

မြေခွေးမိစ္ဆာသည် ဤနေရာတွင် နှစ်ပေါင်းရာနှင့်ချီ၍ နေခဲ့သောကြောင့် ဤနေရာသို့ ပြန်လာရသည်ကို စိတ်လှုပ်ရှားမိသော်လည်း နောက်ပိုင်းတွင် ကုနင်းထွက်ခွာသွားသောအခါ သူလည်းထွက်သွားမည်ဖြစ်သည်။

သူ့ရဲ့အချိန်အများစုကို စိတ်စွမ်းအင်အာကာပြင် မှာ ပိတ်မိခံထားပြီး ကုနင်းနဲ့ အတူရှိနေချိန်တိုင်းမှာ သတိလစ်လစ်သွားပေမယ့်လည်း တစ်ခါတစ်လေမှာ သူ့အလိုလိုပျော်မိသည်။

သို့သော်လည်း ခွန်းလွန်တောင်တွင်မူ တစ်နေ့တာလုံး ကျင့်ကြံနိုင်သည် သို့မဟုတ် နတ်သမီးများနှင့် ကစားနိုင်သည် သို့မဟုတ် နှင်းကြာပန်းများကို ရှာဖွေနိုင်‌ပေသည်။

သူတို့တောင်၏နောက်ဘက်သို့ ရောက်သောအခါ ပျက်စီးနေသော ချောက်ကမ်းပါးကို ကျော်၍ မျှော်စင်ရှေ့သို့ ပြေးသွားကြသည်။

ထို့နောက် ရှန်းကွမ်းယန်သည် ကျင်းယွင်ယောင်ကို တောင်၏နောက်ဘက်ရှိ သစ်သားခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး အတွင်းဘက်သို့ ဆုတ်‌နေရန် ပြောခဲ့သည်။

ကျင်းယွင်ယောင်သည် အဆင့်များကို ဖြတ်ကျော်သွားသောကြောင့် မိုးကြိုးပစ်ပါက သူ့ရဲတိုက်ကို ပျက်စီးသွားနိုင်သည်။

ထို့နောက် ရှန်းကွမ်းယန်သည် ကုနင်းကို မျှော်စင်ထဲသို့ ခေါ်သွားသည်။ အထဲမှာ ပြတင်းပေါက်တွေ ပါတာကြောင့် ကျင်းယွင်ယောင် တည်းခိုတဲ့ သစ်သားအခန်းရဲ့ အခြေအနေကို မြင်နိုင်မှာပါ။ မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် သူတို့ သိနိုင်သည်။

…

ညဘက်တွင် ကျို့ဟုန်းမင်နှင့် ရှုလီဟွာ နှစ်ဦးစလုံး မအိပ်‌ပျော်နိုင်ကြပေ။ နှစ်ယောက်စလုံးက မနက်ဖြန် စစ်ဆေးချက်အကြောင်း ဆက်ပြီး တွေးနေကြတယ်။

မနက်မိုးလင်းတော့ သူတို့ ပြင်ဆင်ရန် ထသည်။အချိန်စောလွန်းသောကြောင့် နံနက် ၈ နာရီ ၂၀ မိနစ်မှ ထွက်ခွာရန် အချိန်အတော်ကြာအောင် စောင့်ခဲ့ကြသည်။

ကောမြို့သည် မြို့တော်ကဲ့သို့ ကြီးမားသောမြို့မဟုတ်ပါ၊ တစ်နေရာမှ တစ်နေရာသို့သွားရန် အချိန်အတော်အသင့်သာကြာသည်။ ယာဉ်ကြောပိတ်ဆို့မှု အနည်းငယ်သာရှိသဖြင့် ကျို့ဟုန်းမင်နှင့် ရှုလီဟွာတို့သည် မိနစ်အနည်းငယ်အတွင်း ဆေးရုံသို့ရောက်ရှိလာကြသည်။

ကျို့ဟုန်းမင်က တခြားလူတွေကို အနိုင်ကျင့်ဖို့ သူ့အာဏာကို ဘယ်တုန်းကမှ မသုံးခဲ့ပေမဲ့ တခြားသူတွေက သူ့အာဏာကြောင့် ကူညီဖို့ ဆန္ဒရှိကြသည်။ ထို့ကြောင့် ကျို့ဟုန်းမင်နှင့် သူ၏ဇနီးတို့ ပေါ်လာပြီးသည်နှင့် ရှုလီဟွာ ၏ ဆရာဝန်ကြီးသည် သူမအတွက် စမ်းသပ်ရန် စီစဉ်ပေးခဲ့သည်။

ကုနင်းသည် ရှုလီဟွာကို သက်သာလာမည်ဖြစ်ကြောင်း ပြောပြပြီးဖြစ်သော်လည်း ရလဒ်ထွက်လာပြီး ကင်ဆာဆဲလ်များသည် ထက်ဝက်နီးပါး‌လျော့နည်းသွားကြောင်း မြင်လိုက်ရသောအခါ အားလုံးက အံ့သြသွားကြသည်။

ရလဒ်ကို သူမကိုယ်တိုင် မျက်စိနဲ့ မမြင်ခင်မှာ ဒါဟာ မယုံနိုင်လောက်အောင် အစစ်အမှန်မဟုတ်ဘူးလို့ ခံစားခဲ့ရပေမယ့် အခုကိုယ်တိုင်မြင်လိုက်ရတော့ ထိတ်လန့်သွားသည်။

“ဘုရား‌ရေ အံ့သြစရာပဲ 2 ရက်အတွင်း ကင်ဆာဆဲလ်တွေ ထက်ဝက်နီးပါး လျော့သွားတယ်။ အဲ့ဒါဆို ကုသမှုဖို့ ပိုလွယ်ကူသွားမှာပါ” ဟု ဆရာဝန်ကြီးကပြောသည်။ ဤကဲ့သို့ အံ့ဖွယ်ကိစ္စမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးသော်လည်း သတင်းကောင်းဖြစ်‌ပေသည်။

"တကယ်လား? ကင်ဆာဆဲလ်တွေ ထက်ဝက်နီးပါး လျော့ကျသွားတာလား” ကျို့ဟုန်းမင်က မသေချာမရေရာတာနဲ့ မေးသည်။ သူနားကြားမှားမှာကို စိုးရိမ်မိသည်။

“ဟုတ်ပါတယ် မြို့တော်ဝန် ဒါအမှန်ပါပဲ။ ကင်ဆာဆဲလ်တွေက မင်းဇနီးရဲ့ ခန္ဓာကိုယ်ထဲမှာ ထက်ဝက်နီးပါး နည်းပါးသွားပါတယ်” ဟု ဆရာဝန်ကြီးမှ သေချာစွာ ပြောကြားခဲ့သည်။

"အံ့သြစရာပဲ!" အမြဲတမ်း တည်ငြိမ်သူ ကျို့ဟုန်းမင်သည် ယခု ကလေးကဲ့သို့ ရွှင်လန်းနေသည်။ သူသည် အခြားသူများကို ဂရုမစိုက်နိုင်တော့ဘဲ ရှုလီဟွာ ကို ချက်ချင်းပွေ့ဖက်လိုက်သည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၂၁ ကုနင်းချောက်ကမ်းပါးမှ ပြုတ်ကျခြင်း

ဆရာဝန်က သူတို့ရဲ့ခံစားချက်တွေကို ကောင်းကောင်းနားလည်တဲ့အတွက် ဒါဟာ မသင့်လျော်ဘူးလို့ မထင်‌ပေမယ့် သူတို့ရဲ့ တစ်ယောက်အ‌ပေါ်တစ်ယောက် ချစ်ခြင်းမေတ္တာကို မနာလိုမိတာတော့ အမှန်ပါပဲ။

စုံတွဲအများစုသည် ဒုက္ခကြုံလာတိုင်း တစ်ယောက်ကိုတစ်ယောက် စွန့်ခွာသွားကြလေ့ရှိတာကြောင့် ဖြူစင်သောအချစ်ကို ယခုခေတ်တွင် တွေ့ရခဲသည်။

ရှုလီဟွာ လည်း ပျော်ရွှင်စွာ ငိုကြွေးခဲ့သည်။ သူမသည် ကျင်းယွင်ယောင် နှင့် ကုနင်းတို့ကြောင့် အားလုံးကောင်းမွန်လာနိုင်တာဖြစ်၍ သူမတို့အား သူမ၏နှလုံးသားထဲတွင် ကျေးဇူးတင်နေမိသည်။

အချိန်အတော်ကြာပြီးနောက် ကျို့ဟုန်းမင်နှင့် ရှုလီဟွာတို့သည် နောက်ဆုံးတွင် သူတို့ဘာလုပ်နေသည်ကို သဘောပေါက်သွားပြီး တစ်ယောက်ကိုတစ်ယောက် ချက်ချင်းလွှတ်လိုက်ကြသည်။ သူတို့ရဲ့ အမူအကျင့်တွေကို မေ့သွားတဲ့အတွက် အနည်းငယ် ရှက်ရွံ့သွားကြသည်။

ဆေးရုံမှထွက်လာပြီးနောက် ရှုလီဟွာသည် ကျင်းယွင်ယောင်ကိုချက်ချင်းဖုန်းဆက်သော်လည်း ကျင်းယွင်ယောင်သည် ယခုအချိန်တွင် ကျင့်ကြံနေသောကြောင့် သူမအား ဆက်သွယ်၍ မရနိုင်ပေ။

ထို့ကြောင့် ရှုလီဟွာက သူမကို ခေါ်တာကို ရပ်လိုက်သည်။ ကျင်းယွင်ယောင်သည် ဖုန်းလိုင်းမရှိသောနေရာကို ရောက်သွားနိုင်သည်ဟု သူမထင်ခဲ့သည်။ သူတို့ဟာ ဝေးလံခေါင်သီတဲ့ အရပ်မှာ‌ရောက်နေတာဖြစ်နိုင်ပြီး လူနေနည်းတဲ့ အစိတ်အပိုင်းအတော်များများမှာ ဖုန်းလိုင်းများမမိပါ။

ထို့ကြောင့် သူမသည် ကျင်းယွင်ယောင်အတွက် စိတ်မပူပေ။ သူမအတွက် မကောင်းတာတစ်ခုခု ဖြစ်သွားနိုင်သည်ဟု မထင်ခဲ့ပေ။ ကျင်းယွင်ယောင်က မပျော့ညံ့ပါ။ ဆန့်ကျင်ဘက်အနေနှင့် ကျင်းယွင်ယောင်သည် ကိုယ်ခံပညာအလွန်‌တော်သောကြောင့် စိုးရိမ်နေစရာမလိုပေ။

ထို့ကြောင့် ရှုလီဟွာသည် ကျင်းယွင်ယောင်ထံသို့ ကင်ဆာဆဲလ်များ လျော့နည်းသွားကြောင်း စာဖြင့်သာ သူမအား ပြောပြခဲ့သည်။ သူမနှင့် ကုနင်းတို့ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

…

ခွန်းလွန် ဂိုဏ်း၏နေရာ၌ ကျင်းယွင်ယောင်သည် ကျင့်ကြံရေးအပေါ်သာ အာရုံစိုက်နေသည်။

ကုနင်းလည်း ကျင့်ကြံနေသော်လည်း သူမသည် အစပြုသူသာဖြစ်သောကြောင့် အချိန်အတော်ကြာအောင် မလုပ်နိုင်ပါ။ ခဏအကြာတွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ကျင့်ကြံချိန်အတွင်း တစ်ကြိမ် အနားယူခဲ့ရသည်။

ကျင့်ကြံခြင်းပထမနေ့တွင် ကုနင်းသည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော်လည်း နောက်ပိုင်းတွင် သူမမည်မျှပင် ကြိုးစားအားထုတ်နပေါစေ နောက်ထပ်မတက်နိုင်‌သေးပေ။

နှစ်ရက်လောက်ကြာတဲ့အထိ ဒီအတိုင်းပဲနေခဲ့ရသည်။ ရှန်းကွမ်းယန်က ကုနင်းကို ကူညီပေးခဲ့ရင်တောင် သူမ နောက်ထပ် တိုးတက်အောင် မလုပ်နိုင်သေးပါဘူး။

တကယ်တော့ ဒါဟာ အရမ်းပုံမှန်ပါပဲ။ တကယ်တော့ ကုနင်းဟာ မယုံနိုင်လောက်အောင် တိုးတက်တာပါ။ တစ်ရက်တည်းမှာပင် သူမသည် အခြေတည်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ဒီလိုလုပ်နိုင်တဲ့လူ တော်တော်နည်းပါသည်။

ရှန်းကွမ်းယန်သည် ကုနင်းမတိုင်မီတွင် ထက်မြက်သော ကျင့်ကြံသူဆိုလို့ လင်ရှောင်းထင်ကိုသာ တွေ့ဖူးသည်။

ကျင့်ကြံသူအများစုသည် တစ်နှစ်ခွဲကျော်ကြာ ကျင့်ကြံပြီးနောက် အနည်းငယ်သာ တိုးတက်လာနုိင်သော်လည်း သူတို့သည် တစ်နှစ်ခွဲအတွင်း အလွန်ကျွမ်းကျင်လာကြသည်။

အဆင့်တက်ဖို့က မလွယ်ကူတာကြောင့် ဒီ ၂ ရက်အတွင်းမှာ ကျင်းယွင်ယောင်ဟာ နောက်တစ်ဆင့်ကို တက်မလာသေးပါ။

"အဘိုးရှန်းကွမ်း ကျွန်မ လမ်းလျှောက်သွားလိုက်အုံးမယ်" ကုနင်းသည် ယခုထက်ပို၍ မတိုးတက်နိုင်တော့သောကြောင့် သူမသည် ငြီးငွေ့လာပြီး အပြင်သို့ လမ်းလျှောက်ထွက်ချင်လာသည်။

“ဟုတ်ပြီ ဒါပေမယ့် အဝေးကြီးကို မသွားနဲ့‌နော်။ အရမ်းအန္တရာယ်များတယ်” ဟု ရှန်းကွမ်းယန်ကပြောပြီး မျှော်စင်တံခါးကိုဖွင့်ကာ သူမကို အပြင်ထွက်ခွင့်ပေးလိုက်သည်။

ရှန်းကွမ်းယန် တံခါးဖွင့်ပြီးလိုက်သည်နှင့် ကုနင်းကို လျစ်လျူရှုပြီး သစ်သီးများစားရန် အာရုံစိုက်လိုက်သည်။ ကုနင်းက သဘောကျသွားပြီး "အဘိုးရှန်းကွမ်း ကျွန်မအဲအပေါ်ကို ပျံသန်းနိုင်မယ်လို့ ရှင်ထင်လို့လား"

ကျောင်းလုံသည် ယခု သူမဘေးတွင် မရှိသောကြောင့် တစ်ဖက် ၁၀ မီတာခန့်ရှိ လျှိုမြောင်ကို မည်သို့ကျော်ဖြတ်ရမည်ကို သူမ မသိပေ။

ချောက်အလယ်မှာ ထောက်မှတ် ၂ ခု‌လောက်ရှိရင် အဆင်ပြေပေမယ့် အလယ်မှာ ထောက်မှတ်လုံးဝမရှိ၍ အဆင်မ‌ပြပေါ။ သူမ တိုက်ရိုက်ခုန်လိုက်ရင် ကျယ်ပြောလှတဲ့ ချောက်ထဲ ပြုတ်ကျနိုင်သည်။

"ဟင်?" ရှန်းကွမ်းယန်သည် စက္ကန့်အနည်းငယ်မျှ အံသြသွားကာ အားနာသွားခဲ့သည်။ "အို..တောင်းပန်ပါတယ်..မေ့သွားတယ်"

ဒီလိုပြောပြီး ကုနင်းဆီကို လျှောက်သွားလိုက်သည်။ သူ့ပုခုံးကိုဆွဲကိုင်လိုက်ပြီး မနှောင့်နှေးဘဲ ကျော်တက်လိုက်သည်။

ကုနင်းကောင်းကင်ယံမှာ ပျံသန်းဖူးတာ ဒါပထမဆုံးအကြိမ်မဟုတ်ပေမယ့် သူမအရမ်းပျော်နေသည်။ သူ့ဘာသာသူ ပျံသန်းနိုင်ရင် ပိုပျော်စရာကောင်းမှာပါ။ ထို့ကြောင့် သူမသည် သတ်မှတ်ထားသောအဆင့်သို့ရောက်ပြီးလျှင် ပျံသန်းနိုင်မည်ဖြစ်သောကြောင့် ကျင့်ကြံရေးတွင် ပို၍ကြိုးစားရမည်။

ရှန်းကွမ်းယန်က ကုနင်းကို ချောက်ကမ်းပါးကို ဖြတ်ပို့ပြီးနောက် ပြန်သွားတော့သည်။ ကုနင်းက ဦးတည်ရာမရှိပဲ ရှေ့ကို လျှောက်လာတော့သည်။

နေ့ခင်းဘက်တွင် ခွန်းလွန်ဂိုဏ်း၏နေရာသည် တိမ်များနှင့် မြူခိုးများဖြင့် ဝန်းရံထားပြီး ဒဏ္ဍာရီနယ်မြေတစ်ခုလို ဖြစ်နေသည်။

ခွန်းလွန်တောင်ပေါ်တွင် လမ်းလျှောက်ရင်း ကုနင်းသည် သူမ၏ ခန္ဓာကိုယ်သည် နတ်ဘုရားကဲ့သို့ တုန်လှုပနေသည်ကို ခံစားနေရသည်။

ခွန်းလွန်တောင်သည် မှော်အစွမ်းများ ပြည့်နှက်နေသောကြောင့် လူများကို လန်းဆန်းစေပြီး စိတ်အေးလက်အေး ဖြစ်စေသည်။

ရုတ်တရက် တစ်စုံတစ်ခုကို သူမကြားလိုက်သောကြောင့် ကုနင်းသည် ကျောက်နံရံထဲသို့ ပေါ်ထွက်နေသော ရုပ်ပုံတစ်ခုကို မြင်လိုက်ရသည်။

ကုနင်းက အဲဒါကို လက်လွတ်မခံပေ။ အဲဒါက ဘာလဲဆိုတာ သူမ သိသည်။ အတိအကျပြောရရင် အရင်က သူမတွေ့ဖူးတဲ့ နှင်းကြာပန်းပင်။

ခဏအတွင်း ကုနင်း၏ မျက်လုံးများ တောက်ပလာသည်။ မဆိုင်းမတွဘဲ နှင်းကြာပန်းကို ပြေးလိုက်သည်။ ဒီနေ့ ဖမ်းနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။

ကုနင်းလိုက်ဖမ်းတာကိုမြင်တော့ နှင်းကြာပန်းက ချက်ချင်း ပြေးသွားသည်။

ဒီနောက်ပိုင်းမှာ ကုနင်းဟာ ပိုပြီး သွက်လက်လာတဲ့အတွက် သူမနဲ့ နှင်းကြာပန်းကြားက အကွာအဝေးဟာ အရင်ကထက် ပိုတိုတောင်းလာသည်။ ကံမကောင်းစွာဖြင့် သူမ လှည့်ပတ်မပျံသန်းနိုင်ခဲ့သောကြောင့် နှင်းကြာပန်းသည် ချောက်ကမ်းပါးပေါ်မှ ခုန်ဆင်းသွားသည်ကိုသာ ကြည့်ရှုနိုင်ပြီး ၎င်းကို ဘာမှမလုပ်နိုင်ခဲ့ပေ။

မသေနိုင်တဲ့ နှင်းကြာပန်းကို ဖမ်းဖို့က တကယ်ကို ခက်ခဲပေသည်။

ကုနင်း စိတ်ပျက်သွားပြီး ထွက်သွားချင်တဲ့အခါ ရုတ်တရက် သူမကို အနောက်ကနေ တိုက်ခိုက်လာတဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ လှည့်ကြည့်ဖို့ အချိန်မလုံလောက်တဲ့အတွက် ဘေးသို့ အမြန်‌ရွှေ့လိုက်သည်။

ဒါပေမယ့် ကုနင်းက ဒီနေ့ ကံဆိုးနေပုံရသည်။ ဘေးနားကို ရွှေ့လိုက်တဲ့အခါ မြွေတစ်ကောင်ကို နင်းမိသွားကာ မြွေ၏ ခန္ဓာကိုယ်သည် ချောသောကြောင့် ချော်လဲပြီး ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားသည်။

“မဖြစ်ဘူး!” ကုနင်းက ကြောက်လန့်တကြား အော်လိုက်သည်။ ဒီလို ကံဆိုးပြီ ပြုတ်ကျလိမ့်မယ်လို့ သူမ မမျှော်လင့်ထား‌ပေ။ ဒီချောက်ကြီး ဘယ်လောက်နက်သလဲ ဒါမှမဟုတ် ပြုတ်ကျပြီး သေသွားနိုင်မလားဆိုတာ သူမ မသိပါ။

ဘာပဲဖြစ်ဖြစ် အခု သူမလုပ်နိုင်တာက သူ့ကိုယ်သူ ကာကွယ်ဖို့ ပြင်းထန်တဲ့ မှော်စွမ်းအားတွေကို လွှတ်ပေးဖို့ပါပဲ။ ဒီလိုနည်းနဲ့ သူ့အသက်ကို ကယ်တင်နိုင်ဖို့ပဲ မျှော်လင့်သည်။

ချောက်သည် မီတာ ၄၀ ခန့်မြင့်သည်။ အရမ်းမမြင့်သလို နိမ့်နိမ့်လေးလည်း မဟုတ်ပေ။

ချောက်ကမ်းပါးအောက်တွင် ပန်းပင်လယ်ကြီးတစ်ခုရှိပြီး အလွန်လှပသည်။ သို့သော် ကုနင်းသည် ပြုတ်ကျပြီးနောက် သူမသေမည် သို့မဟုတ် အသက်ရှင်မည်ကို သူမမသိသောကြောင့် ယခုအချိန်တွင် ၎င်းကို ရှုစားရန်အချိန်မရှိပေ။

သူ့ကိုယ်သူ ကာကွယ်ဖို့ မှော်အစွမ်းတွေရှိပေမယ့် အဲဒါက အသုံးဝင်လားဆိုတာ သူမသေချာမသိပါဘူး။ သူမသည် ယခင်က ထိုသို့မလုပ်ခဲ့ဖူးပေ။ အထောက်အကူဖြစ်မည်ဟုသာ သူမမျှော်လင့်နိုင်‌ေတာ့သည်။

မကြာခင်မှာပဲ ကုနင်းဟာ ကျယ်လောင်တဲ့ အသံနဲ့အတူ ပန်းပင်လယ်ပြင်ထဲ လဲကျသွား‌ေတာ့သည်။

ကုနင်းသည် မှော်အစွမ်းဖြင့် ကာကွယ်ထားသောကြောင့် သူမ လဲကျသွားချိန်တွင် ပတ်ဝန်းကျင်ရှိ အရာများနဲ့မထိခိုက်‌အောင် ကြီးမားသော စွမ်းအားကို အသုံးချနိုင်ခဲ့သည်။ ထို့ကြောင့် ၃ မီတာအတွင်းရှိသော ပန်းအားလုံးကို ဖြိုချပြီးနောက် မြေကြီးတွင် အပေါက်ကြီးတစ်ခု ပေါက်သွားခဲ့သည်။ ယခု ကုနင်းသည် ထိုတွင်းကြီးထဲတွင် လဲလျောင်းနေလေပြီ။

ကုနင်းမှာ ဘာဒဏ်ရာမှ မရှိပေမယ့် ပြင်းထန်တဲ့ အင်အားကြောင့် ထိတ်လန့်နေသည်။

ကုနင်းချောက်ကမ်းပါးမှ ပြုတ်ကျသည့်နေရာသည် ခွန်းလွန်ဂိုဏ်းနောက်ဘက် တောင်နှင့် အနည်းငယ်ဝေးသောကြောင့် မျှော်စင်ရှိ ရှန်းကွမ်းယန်သည် ကုနင်း၏ အော်သံကို မကြားရပေ။ ထို့ကြောင့် ကုနင်းဒုက္ခရောက်နေမှန်း သူမသိ‌ပေ။

ထို့‌ေနာက် ကုနင်းမေ့‌မျောသွားပြီး သူမကို ကာကွယ်ပေးတဲ့ မှော်အစွမ်းက သဘာဝအတိုင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုအခါ နှင်းကြာပန်းသည် ကုနင်းဘေးတွင် ရုတ်တရက် ပေါ်လာပြီး သူမကို လှည့်ပတ်ကာ သူမ၏ ရင်ဘတ်ပေါ်သို့ ခုန်ဆင်းသွားသည်။

ထို့နောက်တွင် နှင်းကြာပန်းမှ အဖြူရောင်အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး ပွင့်ချပ်တစ်ပွင့်သည် ကုနင်း၏ပါးစပ်ဆီသို့ သွားခဲ့သည်။

နှင်းကြာပန်းပွင့်ဖက်သည် ကုနင်း၏ ပါးစပ်သို့ ရောက်ရှိလာပြီးနောက် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ်နဲ့ ပါးစပ်ထဲသို့ စီးဆင်းသွား‌တော့သည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၂၂ အဆိုးထဲက အကောင်း

ကုနင်းသည် နောက်ပိုင်းတွင် သတိပြန်လည်လာပြီး မျက်လုံးဖွင့်လိုက်သောအခါ နေရာတိုင်းတွင် မှောင်နေလေသည်။ သူမ ဘယ်လောက်ပဲ လျှောက်လှမ်းနပေါစေ အဆုံးကို ဘယ်တော့မှ မမြင်နိုင်‌ပေ။

"အိုး ငါ့! ငါသေသွားပြီလား? ငါ အခု ငရဲရောက်နေတာလား" ကုနင်းသည် ရုတ်တရက် ကြောက်လန့်ပြီး မျှော်လင့်ချက်မဲ့သွားသည်။ သူမချစ်တဲ့လူ‌တွေကို ထားခဲ့ဖို့ ဆန္ဒမရှိတာကြောင့် အခုသေဆုံးဖို့ တွန့်ဆုတ်နေမိသည်။

ကုနင်းသည် ၎င်း၏ပွင့်ဖက်ကို‌သောက်သုံးပြီးနောက် မနိုးနိုင်သေးကြောင်း အပြင်ဘက်ရှိ နှင်းကြာပန်းက မြင်လိုက်သောအခါ ကုနင်းအား နောက်ထပ်တစ်ပွင့်ကို ထပ်ပေးလိုက်သည်။

စက္ကန့်ပိုင်းအတွင်း ပွင့်ဖက်နှစ်ခု ဆုံးရှုံးသွားသောကြောင့် နှင်းကြာပန်းတစ်ဝိုက်ရှိ မှော်စွမ်းအင်သည် အလွန်အားနည်းလာပြီး အဖြူရောင်အလင်းတန်းများလည်း မှိန်သွားခဲ့သည်။

နှင်းကြာပန်းသည် အာရုံခံစားမှုရှိပေသည်။ ဤသည်က ဘ၀တစ်ခုဖြစ်သည်။

နှင်းကြာပန်းပွင့်ဖက်များသည် ကုနင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးနောက် မဲမှောင်သည့်နေရာမှ ကုနင်းသည် သူမ၏ခန္ဓာကိုယ်ကို လာထိမှန်သော အဖြူရောင်အလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ အဲဒါဘာလဲဆိုတာ သူမမသိတာကြောင့် မသိစိတ်က ရှောင်လိုက်ပေမယ့် အလင်းရောင်က သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားတော့သည်။

ကုနင်း၏ အမြင်သည် မဲမှောင်သွားကာ သတိလစ်သွား‌တော့သည်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်က ပြောင်းလဲသွားသည်။ နေရာတိုင်းမှနေရာတိုင်းမှာ အဖြူဖြစ်လာကာ မမှောင်တော့ပေ။

သူမပတ်ဝန်းကျင်ကို မစူးစမ်းခင်မှာ ကုနင်းက သူ့ရင်ဘတ်ကို ဖိ‌နေတဲ့ အရာတစ်ခုကို ခံစားလိုက်ရသည်။ သူမ ချက်ချင်း ကြည့်လိုက်တော့ နှင်းကြာပန်းက သူမ ရင်ဘတ်ပေါ်မှာ ရပ်နေတာကို တွေ့လိုက်ရသည်။ နှင်းကြာပန်းက သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားနေတာလို့ ထင်သွားတာကြောင့် ချက်ခြင်း မကျေမနပ်ဖြစ်သွားသည်။

ကုနင်းနိုးလာတာကိုမြင်တော့ နှင်းကြာပန်းက မြန်မြန်ထွက်ပြေးချင်ပေမယ့် ကုနင်းက ပိုမြန်ပြီး သူ့လက်နဲ့ ဖမ်းလိုက်သည်။

နှင်းကြာပန်းသည် အချိန်တိုအတွင်း ပွင့်ဖက် ၂ ခု ဆုံးရှုံးထားသောကြောင့် အားနည်းလာပြီး နှေးကွေး‌နေသည်။

ကုနင်းဖမ်းမိပြီးနောက် ကြာပန်းသည် အသံအနည်းငယ်ထွက်‌နေသော်လည်း ကုနင်းသည် ၎င်း၏ဘာသာစကားကို နားလည်နိုင်သည်။

နှင်းကြာပန်းက စိတ်ဆိုးတဲ့အသံနဲ့ “မင်းရဲ့အသက်ကို ငါ့ပွင့်ဖက်နှစ်ခုနဲ့ ကယ်လိုက်တာပဲ။ ငါ မှော်အစွမ်းတွေ ဆုံးရှုံးနေပြီး အခု အားနည်းနေတယ်။ မင်းငါ့ကို ဘာလို့ဖမ်းရတာလဲ။ မင်းက လုံးဝကျေးဇူးမသိတတ်လိုက်တာ!"

ဒါကိုကြားတော့ ကုနင်းအံ့သြသွားသည်။ နှင်းကြာပန်းက ပွင့်ဖက်နှစ်ခုနဲ့ သူ့အသက်ကို ကယ်ခဲ့တာလား။ အဲဒီလိုဆိုရင် လုံးဝကို ဖမ်းလို့မဖြစ်တဲ့အတွက် သူမချက်ချင်းလွှတ်လိုက်သည်။

"တောင်းပန်ပါတယ် ကျေးဇူးလည်းတင်ပါတယ်!" ကုနင်းက နှင်းကြာပန်းကို ထပ်ဖမ်းဖို့ ရည်ရွယ်ချက်မရှိဘဲ ကျေးဇူးတင်သည်။ သူမသည် ကျေးဇူးသိတတ်ပြီး ဘယ်တော့မှ အကြင်နာတရားကင်းမည်မဟုတ်ပါ။

ကုနင်းသည် နှင်းကြာပန်းတွင် ပွင့်ဖက်နှစ်ဖက် ပျောက်ဆုံးနေပြီး ၎င်း၏ မှော်အစွမ်းထက် များစွာ အားနည်းသည်ကို သူမ အမှန်ပင် သိမြင်သောကြောင့် နှင်းကြာပန်း၏ စကားကို လုံးဝ သံသယမရှိခဲ့ပေ။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်သည် ပြန်လည်ကောင်းမွန်လာကာ စွမ်းအင်များစွာ ရရှိနေပြီဟုလည်း ခံစားခဲ့ရသည်။ သူမ အရင်ကထက် အများကြီး ပိုကောင်းလာသလို ခံစားရသည်။

"အို ငါ့ဘာသာစကားကို မင်းနားလည်တာလား" နှင်းကြာပန်းသည် မူလက ၎င်းအကြောင်းကို ညည်းညူချင်ရုံသာဖြစ်သော်လည်း မမျှော်လင့်ဘဲ ကုနင်းသည် ၎င်း၏ဘာသာစကားကို နားလည်နိုင်သည်။

"ဟုတ်တယ်" ကုနင်းက ထပြီးနောက် သူမပြုတ်ကျတဲ့ ပန်းပင်ပင်လယ်အလယ်မှာ သူ့ကိုယ်သူ တွေ့လိုက်ရသည်။

ထို့နောက် ကုနင်းသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ နေရာတိုင်းတွင် ချောက်များရှိသည်။ "ဒီကနေ ဘယ်လိုထွက်ရမှာလဲ" သူမ မျက်မှောင်ကြုတ်လိုက်သည်။

နှင်းကြာပန်းသည် အဖြေကို မသိသောကြောင့် ဘာမှပြန်မပြော။

ကုနင်းသည် နှင်းကြာပန်းကို အားမကိုးနိုင်။ သူမသည် ပြဿနာကို ဖြေရှင်းရန် နည်းလမ်းတစ်ခုကိုသာ အဖြေရှာနိုင်ခဲ့သည်။

လမ်းလျှောက်လျှင် အပြင်ထွက်ဖို့ လမ်းမတွေ့နိုင်ပေ။ သူမ တက်သွားရမည်ဟု ထင်ရသည်။ ကံကောင်းထောက်မစွာ ဤချောက်ကမ်းပါးသည် မတ်စောက်ပြီး ဖမ်းကိုင်စရာနေရာများစွာရှိသည်။ တက်ဖို့က ပြဿနာမဟုတ်ပေ။

ဒါကိုတွေးပြီးရင် ကုနင်းက သူမရဲ့ အင်္ကျီလက်ကို ဆွဲတင်ပြီး အပေါ်ကိုတက်သွားသည်။ သူမ အပြင်မှာ အကြာကြီးရှိနေရင် ရှန်းကွမ်းယန် စိတ်ပူ‌နေမှာကို သူမစိုးရိမ်သည်။

သို့သော် ကုနင်းသည် ရုတ်တရက် နေမကောင်းသလို ခံစားလာရပြီး နှစ်မီတာခန့်သာ တက်ပြီး နောက်တွင် သူမ၏ ခန္ဓာကိုယ်တွင်းရှိ မှော်စွမ်းအင်များသည် အထူးသဖြင့် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းသို့ တဟုန်ထိုး ခုန်ဆင်းလာသည်။ ပေါက်ကွဲတော့မည်ကဲ့သို့ မှော်စွမ်းအားများ တိုးပွားလာသည်။

ကုနင်းအတွက်တော့ ဝမ်းသာစရာပါပဲ၊ ဘာကြောင့်လဲဆိုတော့ သူမက နောက်တစ်ဆင့်ကို တက်လှမ်းဖို့ ရည်မှန်းထားလို့ပါ။ ဒီတစ်ခါ ပြုတ်ကျတာ အဆိုးထဲက အကောင်းဖြစ်ပေသည်။

သူမသည် တက်ခြင်းကို ရပ်လိုက်ပြီး ချက်ချင်း ခုန်ချလိုက်ကာ မြပေြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူမသည် စိတ်အေးလက်အေးနှင့် သူမ၏ခန္ဓာကိုယ်ထဲရှိ သူမ၏အတွေးများကို အာရုံစိုက်နေသည်။

ကုနင်းသည် သူမခန္ဓာကိုယ်အတွင်း လည်ပတ်နေသော မှော်စွမ်းအားကို ချောမွေ့‌ေအာင်လုပ်ပြီးနောက် အတားအဆီးတစ်ခု ပေါ်လာသည်။

ကုနင်းသည် နောက်တစ်ဆင့်၏ အတားအဆီးသို့ ပထမဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်သော်လည်း သူမသည် ကျင့်ကြံခြင်းအကြောင်းကို ကြိုသိထားပြီးသားဖြစ်သောကြောင့် ဤအတားအဆီးသည် နောက်တစ်ဆင့်တက်လှမ်းရန် အတားအဆီးဖြစ်ကြောင်း သူမသိလိုက်ရသည်။ ကျော်ဖြတ်နိုင်သရွေ့ သူမသည် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

နှောင့်နှေးခြင်းမရှိပဲ ကုနင်းသည် အတားအဆီးကို တိုက်ဖျက်ရန် မှော်စွမ်းအင်ကို ရွှေ့လိုက်သော်လည်း သူမ၏ ပထမဆုံး မှော်စွမ်းအင်များ ပြန့်ကျဲသွားကာ အတားအဆီးသည် ထိုနေရာတွင် ရှိနေဆဲဖြစ်သည်။ တကယ်တော့ အတားအဆီးကို ချိုးဖျက်ဖို့ဆိုတာ မလွယ်ပေ။

ဘာပဲဖြစ်ဖြစ် သူမ ပထမအကြိမ်ကျရှုံးပြီးနောက် ဒုတိယ၊ တတိယ၊ စတုတ္ထအကြိမ် စသဖြင့် ကြိုးစားခဲ့သည်။

သူမသည် အကြိမ်ကြိမ် ကျရှုံးပြီး ချွေးများတ‌တောက်တောက်ကျလာတာ မျက်နှာဖြူဖျော့လာပြီး ခြေလက်များ တုန်နေသော်လည်း အရှုံးမပေးဘဲ ငြင်းဆန်ခဲ့သည်။

ကုနင်းသည် နောက်တစ်ဆင့်သို့တက်လှမ်းရန် အကြိမ်ကြိမ်ကြိုးစားရမည်ကို နားလည်ခဲ့သည်။ အချို့သော ကျင့်ကြံသူများသည် အတားအဆီးကို ချိုးဖျက်ရန် တစ်လခွဲ သို့မဟုတ် လပေါင်းများစွာ ကြာမြင့်နိုင်သည်။

အဆင့်မြင့်လေ အတားအဆီးကို ချိုးဖျက်ရန် ပို၍ခက်ခဲလေလေဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် နှစ်ပေါင်းများစွာ အချိန်ယူရသည်မှာ သာမာန်ဖြစ်ပြီး ဒီအရာက ယနေ့ခေတ်တွင် မြင့်မားသောအဆင့်တွင် ကျင့်ကြံသူအနည်းငယ်သာ ရှိရသည့် အကြောင်းရင်းလည်ဖြစ်‌ပေသည်။

ထို့အပြင် မှော်အစွမ်းသည် ပါးလွှာသောကြောင့် လေ့ကျင့်သူများ စမ်းကြည့်ရန် မဝံ့ရဲကြပေ။

လုပ်ငန်းစဉ်အတွင်း ရပ်တန့်ရန် ငြင်းဆန်ပြီး ထွက်မသွားနိုင်ပါက အလွန်အန္တရာယ်များသည်။

ဘာပဲဖြစ်ဖြစ် ကုနင်း၏ အဆင့်မှာ နိမ့်ပါးနေတာကြောင့် အတားအဆီးကို ချိုးဖျက်ဖို့ သူမအတွက် သိပ်မခက်ပါဘူး။ ထို့အပြင် မှော်အစွမ်းလည်း ထူထပ်သည်။ ခံနိုင်ရည်ရှိသရွေ့ မကြာမီ ကျော်ဖြတ်နိုင်မည်ဟု သူမယုံကြည်သည်။

အဲဒါကိုတွေးပြီး ကုနင်းက သူမရဲ့ ဖီးနစ်သွေးကို ရုတ်တရက် သတိရသွားသည်။ စိုးရိမ်စိတ်ကြောင့် ၎င်းကို သူမ မေ့‌နေခဲ့သည်။ သူမခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင်တွေ မရှိတော့တဲ့အတွက် ဖီးနစ်သွေးကို အသုံးချ၍ ရနိုင်သည်။

ထို့ကြောင့် ကုနင်းသည် ချက်ချင်းပင် သူမ၏ခန္ဓာကိုယ်ကို မှော်စွမ်းအားများဖြင့် ပြည့်စေရန် ဖီးနစ်၏သွေးကိုအသုံးပြုလိုက်ကာ မှော်စွမ်းအားကို အတားအဆီးကိုထိမှန်စေရန်အတွက် မှော်စွမ်းအင်အဖြစ်သို့ ပြောင်းလဲလိုက်သည်။

နောက်ဆုံးတော့ ဒီထိမှန်မှုက အတားအဆီးကို ဖြေလျော့ပေးသွားသည်။ နောက်ထပ် ပြင်းထန်စွာ တိုက်မိပြီးနောက် အတားအဆီး ကျိုးသွားခဲ့သည်။ နောက်ဆုံးရိုက်ချက်မှာ ကုနင်းကျော်ဖြတ်နိုင်သွားသည်။ သူမလုပ်နိုင်ခဲ့ပြီ။ နောက်ဆုံးတော့ သူမလုပ်နိုင်ခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် ၎င်းကို၀မ်းမသာမှီတွင် သူမ၏ခန္ဓာကိုယ်အတွင်းသို့ အပြင်ဘက်မှ အဆုံးမရှိသော မှော်စွမ်းအင်များ ၀င်လာသည်ကို ခံစားခဲ့ရသည်။ သူမ လုံးဝ မတားနိုင်ခဲ့ပါ။

မှော်အစွမ်းက သူမခန္ဓာကိုယ်ထဲကို စိမ့်ဝင်ပြီးတာနဲ့ သူမဟာ အဲဒါကို ပျံ့နှံ့အောင်လုပ်ရမှာပါ။ မဟုတ်ရင် သူမ ထိုအရာကြောင့် ထိခိုက်သွားလိမ့်မည်။ ဒီလိုဆိုရင် အတားအဆီးကို ချိုးဖျက်ဖို့ သူမလုပ်ခဲ့သမျှဟာ အဓိပ္ပါယ်မဲ့သွားလိမ့်မည်။

ရလဒ်အနေနဲ့ ကုနင်းဟာ မှော်စွမ်းအားတွေ ပျံ့နှံ့သွားအောင် သူမရဲ့ ခွန်အားကို စုစည်းဖို့ အစွမ်းကုန် ကြိုးစားခဲ့ရပါသည်။ မှော်စွမ်းအားတွေ ခဏလောက် ပျံ့နှံ့သွားပြီးနောက်မှာတော့ သူမဟာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပေမယ့် သူမရဲ့ ခန္ဓာကိုယ်ထဲကို မှော်စွမ်းအားတွေ စိမ့်ဝင်လာတာကို မတားဆီးနိုင်သေးပါဘူး။

ကုနင်း၏ ခန္ဓာကိုယ်မှ မှော်စွမ်းအားကို စတင်စုပ်ယူလိုက်သောအခါတွင် နှင်းကြာပန်းသည် ကြောက်လန့်ကာ ထွက်ပြေးသွားခဲ့သည်။ မဟုတ်ပါက သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားမည်ဖြစ်သည်။ ကုနင်းက ဒီလိုလုပ်ဖို့ရည်ရွယ်တာမဟုတ်ပေမယ့် အဲ့တာကို သူမမထိန်းချုပ်နိုင်ပါ။

ခဏအကြာတွင် ကုနင်းသည် အခြားအတားအဆီးတစ်ခုကို တွေ့သည်။ နောက်တဆင့်ကို ထပ်တက်ဖို့ ဖြတ်ရမှာလား။

ဒါဟာ ကောင်းတဲ့ကိစ္စပါ။ ဒါပေမယ့် ကိုင်တွယ်နိုင်ပါ့မလားဆိုတာ သူမသေချာမသိပါ။

မည်သို့ပင်ဆိုစေကာမူ မစွန့်စားလျှင် ဘာမှဖြစ်လာမည်မဟုတ်ပါ။ ထို့ကြောင့် နောက်တစ်ကြိမ် ထပ်လုပ်ဖို့ စိတ်ကူးလိုက်သည်။

နောက်နာရီပိုင်းတွေမှာ ကုနင်းက အတားအဆီးကို ထပ်ခါထပ်ခါ တိုက်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ကြိမ်က ပိုခက်ခဲတယ်ဆိုတာ သိသာပေသည်။

အကြိမ်များစွာ ထိုးနှက်ပြီးနောက် ကုနင်းမှာ ခွန်အားမရှိတော့ဘဲ တဖြည်းဖြည်းနဲ့ မေ့မြောလာပါတော့သည်။ သို့သော်လည်း သူမသည် မျက်စိစုံမှိတ်ကာ သူမ၏ခန္ဓာကိုယ်အတွင်းမှ မှော်စွမ်းအင်များစုဆောင်းပြီး အတားအစီးကို ချိုးဖြတ်ရန် ဆက်လက်ကြိုးစားခဲ့သည်။

All Chapters