← Chapters

အခန်း (၂၀၂၃-၂၀၂၈)

Vol. 124 Ch. 2023-2028

အခန်း (၂၀၂၃-၂၀၂၈)

Vol. 124 Ch. 2023-2028

အခန်း ၂၀၂၃ တစ်ခါထဲနဲ့ အဆင့်နှစ်ဆင့်တက်တယ်

ကုနင်းသည် သူမမည်မျှကြာအောင် ကြိုးစားခဲ့သည်ကို မသိ‌တော့ပါ။ သတိ‌မေ့လုနီးပါးဖြစ်နေသော်လည်း အတားအဆီးကိုချိုးဖျက်ပြီးနောက် နောက်တစ်ဆင့်သို့တက်နိုင်သောကြောင့် အရှုံးမပေးဘဲ ငြင်းဆန်ခဲ့သည်။ ယခု သူမလုပ်ချင်သည့် တစ်ခုတည်းသော အရာမှာ သူမ၏ အရည်အချင်းကို မြှင့်တင်ရန် ဖြစ်သည်။

အချိန်အတော်ကြာပြီးနောက် အတားအဆီးသည် နောက်ဆုံးတွင် ဖြေလျော့သွားပြီး ယိုစိမ့်မှုများ ပြသပြီးနောက် ကျိုးသွားခဲ့သည်။

သို့သော် ကုနင်းသည် မသက်သာသေးမီတွင် သူမသည် အမှောင်ထဲသို့ ပြန်ရောက်သွားပြန်သည်။

သူမနှစ်ရက်ကြာအောင် ပျောက်‌နေသည်ကို သူမကိုယ်တုိင်‌ေတာင်မသိလိုက်ပါ။ ရှန်းကွမ်းယန် သည် သူမကို အရူးတပိုင်းဖြစ်ကာ လိုက်ရှာနေခဲ့သည်။ သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲထားသည်။ တစ်ယောက်က ကျင်းယွင်ယောင် ကို စောင့်ကြည့်နပေြီး ကျန်တစ်ယောက်က ကုနင်းကို ရှာသည်။

ရှန်းကွမ်းယန် သည် ယခုအချိန်တွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်မှာ တည်ရှိနေသည်။

စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အတွင်း သူသည် သူ၏ကိုယ်ပွားကို ထိန်းချုပ်နိုင်ပြီး အရာနှစ်ခုကို တစ်ချိန်တည်းတွင် လုပ်ဆောင်နိုင်သည်။ တစ်ချိန်တည်းတွင် မတူညီသောနေရာများတွင် ကိုယ်ခွဲများထားထားနိုင်သည်။ သူ၏ဝိညာဉ်ရေးအသိစိတ်သည် အလွန်တိုးများလာသည်နှင့်အမျှ လူနှစ်ယောက် သို့မဟုတ် ထို့ထက်ပို‌သော ကိုယ်ခွဲများကို ခြယ်လှယ်နိုင်သည်။ ကံမကောင်းစွာပဲ ရှန်းကွမ်းယန်သည် ကုနင်းကို အချိန်အတော်ကြာအောင် ရှာဖွေသော်လည်း အချည်းနှီးပင်။

နံနက် ၂ နာရီတွင် လင်ရှောင်းထင်သည် ခွန်းလွန်ဂိုဏ်းရှိရာသို့ ရောက်လာသည်။ ကုနင်းပျောက်နေတာ နှစ်ရက်ရှိပြီဆိုတဲ့ သတင်းကို သူသိလိုက်သည်နှင့် သူမကို လိုက်ရှာသည်။

မနေ့ နေ့လည်က စခန်းကို ပြန်‌ရောက်သည်။ သူဖုန်းကိုဖွင့်လိုက်တာနဲ့ ကုနင်းက သူ့ဆီ ပို့လိုက်တဲ့ မက်ဆေ့ချ်ကို မြင်ပြီးတာနဲ့ ချက်ချင်း သူမကို ဖုန်းခေါ်သည်။ သို့သော် သူမထံ ဖုန်းဆက်၍ မရသောကြောင့် သူတို့ ပြန်မလာသေးကြောင်း သူသိလိုက်ရသည်။ မနှောင့်နှေးဘဲ သူတို့နဲ့တွေ့ဖို့ လေယာဉ်လက်မှတ်ဝယ်လိုက်သည်။

ကျင်းယွင်ယောင်သည် နောက်တစ်ဆင့်သို့ တက်လှမ်းတော့မည်ဖြစ်သောကြောင့် မူလက ကျင်းယွင်ယောင်အတွက်သာ စိတ်ပူခဲ့သည်။ ခုတော့ ကျင်းယွင်ယောင် က အန္တရာယ်ကင်းပြီး ကုနင်းပျောက်ဆုံးနေကြောင်းကို သူ မမျှော်လင့်ဘဲ သိလိုက်ရသည်။

ကုနင်းနိုးလာသောအခါ ပတ်ဝန်းကျင်သည် မှောင်နေသော်လည်း သူ့ပတ်ပတ်လည်တွင် ပန်းပွင့်များကို မြင်နိုင်သောကြောင့် အဆုံးမရှိသော မှောင်မဲသောနေရာမဟုတ်ပေ။

ကုနင်းနိုးလာပြီးနောက်တွင် သူမသည် အလွန်သန်စွမ်းလာကာ သူမ၏တစ်ကိုယ်လုံး အလွန်ကောင်းမွန်လာသည်ဟု ခံစားခဲ့ရသည်။

ကုနင်းသည် အခြေခံတည်ဆောက်ရေးအဆင့်မှာ (ချီဓာတ်ကို စွမ်းအင်အဖြစ်သို့ ပြောင်းလဲသည့်ကာလ)သို့ ရောက်ရှိနေပြီဖြစ်သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်နှင့် သူမ၏ ကျင့်ကြံရေးစွမ်းရည်များ ပေါင်းစပ်ကာ စွမ်းရည်မြှင့်တင်မှု အဆင့်တစ်ခုဖြစ်‌ပေသည်။

ကုနင်းသည် တစ်ကြိမ်လျှင် အဆင့်နှစ်ဆင့်တက်ရန် စိတ်လှုပ်ရှားနေသော်လည်း သူမလည်း စိတ်ပူမိသည်။

အချိန်မည်မျှကြာသွားသည်ကို သူမမသိသော်လည်း အချိန်ခန‌လေး မဖြစ်နိုင်သောကြောင့် ရှန်းကွမ်းယန် သည် သူမပျောက်ဆုံးနေသည့်အတွက် စိုးရိမ်နေ‌လောက်မည်ဖြစ်သည်။ ထို့ကြောင့် သူမသည် တက်နိုင်သမျှ အမြန်ပြန်တက်ရမည်။

နှောင့်နှေးမှုမရှိဘဲ ကုနင်းသည် သူမ၏လက်ဗလာဖြင့် တက်လာသည်။ ဒီတစ်ကြိမ်မှာတော့ အရင်ကထက် ပိုမြန်ပြီး တည်ငြိမ်လာတယ်လို့ ခံစားရသည်။

သူမကျင့်ကြံသူမဖြစ်လာမှီက အခြေခံတည်ဆောက်ရေးအဆင့်ရှိ ကျင့်ကြံသူသည် သူမအတွက် သာမာန်မျှဖြစ်သောကြောင့် သူမ၏ မူလစွမ်းရည်များနှင့် နှိုင်းယှဉ်ပါက ယခုတိုးတက်မှုသည် သိသိသာသာ မထင်ရှားပေ။

မည်သို့ပင်ဆိုစေကာမူ သူမ၏ အရည်အချင်းများ ကြီးမားစွာ မတိုးတက်ခဲ့လျှင်ပင် သူမသည် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။

ထို့အပြင် သခင်ဖြစ်လာရန်အတွက် အချိန်ယူရမည်။ ယခုအချိန်တွင် မည်သည့်အဆင့်တွင်ရှိရှိ ကျင့်ကြံရေးကို အလေးအနက်ထားရမည်ဖြစ်သည်။

ကုနင်းသည် တောင်တက်လမ်းတစ်ဝက်တွင် ရောက်သောအခါတွင် တစ်ယောက်ယောက်က သူမကိုခေါ်သံကြားသဖြင့် သူမချက်ချင်းရပ်လိုက်သည်။ သူမကိုခေါ်တဲ့အသံက အရမ်းရင်းနှီးသည်။ လင်ရှောင်းထင် ၏ အသံဖြစ်‌ပေသည်။

ဒါဟာ သူမရဲ့ ထင်ယောင်ထင်မှားဖြစ်တာလား ဒါမှမဟုတ် တကယ်ပဲလင်ရှောင်းထင်လား။

ကုနင်းသည် သူမ၏ ကျောက်စိမ်းမျက်၀န်းကို အသုံးပြု၍ အသံလားရာသို့ ကြည့်လိုက်သည်။ မှောင်နေသော်လည်း သူမသည် လင်ရှောင်းထင်ကို ရှင်းရှင်းလင်းလင်း မြင်နေရဆဲဖြစ်သည်။

"ရှောင်းထင် ကျွန်မဒီမှာ!" ကုနင်းချက်ချင်းအော်လိုက်သည်။

ကုနင်းအော်လိုက်တာနဲ့ လင်ရှောင်းထင်လည်း ကြားပြီး သူမ ဘယ်မှာရှိနေတယ်ဆိုတာ သိလိုက်ရသည်။ မဆိုင်းမတွပင် သူမဆီသို့ ပြေးလာသည်။

လင်ရှောင်းထင် လာတာကိုမြင်တော့ ကုနင်းက အော်နေတာရပ်ပြီး ဆက်တက်သည်။

"နင်းနင်း ဘယ်မှာလဲ" ခဏအကြာပြေးပြီးနောက် လင်ရှောင်းထင်သည် ကုနင်းကို မ‌တွေ့သောကြောင့် အော်ဟစ်နေခဲ့သည်။

"ကျွန်မ ချောက်ကမ်းပါး‌ထဲမှာ ရောက်နေတယ်" ဟုကုနင်းက ပြန်ဖြေသည်။

ထိုစကားကိုကြားတော့ လင်ရှောင်းထင်သည် ချက်ချင်းပင် ချောက်ကမ်းပါးဆီသို့ ပြေးသွားခဲ့သည်။

အနီးသို့ ချဉ်းကပ်လာသောအခါ အစွန်းမှ လှုပ်ရှားသံများကို ကြားရသည်။ တစ်ခါတည်း အောက်ကိုငုံ့ကြည့်လိုက်တော့ ချောက်ကမ်းပါးအောက် ၁၀ မီတာအကွာမှာ လူတစ်ယောက် တက်နေတာကို တွေ့လိုက်ရသည်။

ကုနင်းသည်လည်း လင်ရှောင်းထင်ကို မြင်သောကြောင့် သူမ သူ့ကို လှမ်းအော်သည်။

သို့သော် လင်ရှောင်းထင်သည် ကုနင်းချောက်ကမ်းပါးထဲ ပြုတ်ကျ‌နေသည်ကို မြင်လိုက်ရသောကြောင့် ငိုချင်လာသလို ခံစားလိုက်ရသည်။ အဲဒါကြောင့် သူမနှစ်ရက်လောက် ပျောက်ဆုံးနေရတာပါ။

ကုနင်းသည် လင်ရှောင်းထင်၏ မျက်ရည်စများကို မြင်လိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် ပျော်ရွှင်ခြင်းအပြုံးများ ပေါ်လာသည်။ သူ သူမကို အရူးအမူးရှာဖွေနေမည်ကို သူမသိသောကြောင့် သူမသည် ချောက်ကမ်းပါးမှ ပြုတ်ကျမသွားချင်သော်လည်း အပြစ်ရှိသလို ခံစား‌နေရသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ‌နောက်တစ်ကြိမ်ရွေးချယ်ခွင့်ရပါက ပြုတ်ကျရန် ထပ်မံ ရွေးချယ်မည်ဖြစ်သည်။

လင်ရှောင်းထင်က ဘာမှပြန်မပြောဘဲ ဓားကို ချက်ချင်းထုတ်လိုက်သည်။ သူက ကုနင်းရဲ့ နံဘေးကို ချက်ချင်း ပြေးဆင်းပြီး သူမကို ပွေ့ကာမြေပြင်ပေါ် ပြန်တင်လိုက်သည်။

မြေပြင်ကိုထိလိုက်သည်နှင့် လင်ရှောင်းထင်သည် သူမအား ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။ သူ့နှုတ်ခမ်းတွေတောင် တုန်ရီနေသည်။

ကုနင်းသည် သူမပျောက်ဆုံးသွားပြီးနောက် သူ ကြောက်ရွံ့ထိတ်လန့်‌နေသည်ကို နားလည်သောကြောင့် အနမ်းက နာကျင်လာသောအခါတွင်လည်း သူမ သည်းခံခဲ့သည်။ သူ့ကို‌တောင် ပြန်ပြင်းပြင်းထန်ထန် နမ်းလိုက်သေးသည်။

ခဏအကြာတွင် လင်ရှောင်းထင် ငြိမ်သက်သွားပြီး နူးညံ့လာသည်။

သူ ငြိမ်သက်သွားပြီးနောက် ကုနင်းသည် ချောက်ကမ်းပါးမှ ပြုတ်ကျထားသည်ကို သူသတိရသွားသည်။ သူမ ဒဏ်ရာရသွားသလား မသိသောကြောင့် သူမကို လွှတ်လိုက်ပြီး သူမ၏ ခန္ဓာကိုယ်အနှံ့ ဂရုတစိုက် ကြည့်ကာ “မင်း ဒဏ်ရာရသွား‌သေးလား”

"ဟင့်အင်း မရပါဘူး" ကုနင်းကပြောသည်။

“တော်သေးတယ် တော်သေးတယ်” လင်ရှောင်းထင် က ယုံသည်။ သူသည် အလွန်စိတ်သက်သာရာရကာ ကုနင်းကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။

ကုနင်းပျောက်ဆုံးသွားခြင်းအတွက် သူမေးခွန်းထုတ်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမပြုခဲ့ပေ။ “နောက်တစ်ယောက်တည်း မသွားနဲ့နော် နားလည်လား?"

"ကျွန်မနားလည်ပါပြီ" ကုနင်းက နာခံစွာပြောသည်။ ဆက်၍ “အိုး ကျွန်မရှင့်ကို ပြောစရာသတင်းကောင်းရှိတယ်” ဟု စိတ်လှုပ်ရှားစွာနဲ့ ပြောသည်။

"ဘာကိုလဲ?" လင်ရှောင်းထင်သည် ထိုစကားကြားတော့ အနည်းငယ် စိတ်အေးသွားသည်။

“ကျွန်မ ချောက်ကမ်းပါးထဲ ပြုတ်ကျခဲ့ပေမဲ့ အဆိုးထဲက အကောင်းတစ်ခုဖြစ်ခဲ့တယ်။ ကျွန်မနှင်းကြာပန်းရဲ့ ပွင့်ဖက်နှစ်ပွင့်‌သောက်ပြီးတော့ တစ်ကြိမ်မှာ အဆင့်နှစ်ဆင့်တက်သွားတယ်။ အခု ကျွန်မ အခြေခံတည်ဆောက်ရေးအဆင့်ကို ရောက်နေပြီ။ အဆင့်တက်ဖို့ အလုပ်ရှုပ်နေလို့ ပြန်ဖို့အချိန်ကို နှောင့်နှေးသွားတာပါ” ဟု ကုနင်းက ဆိုသည်။ သူ့ကို နှစ်သိမ့်ပေးပြီးနောက် လင်ရှောင်းထင်နဲ့ သတင်းကောင်း ဝေမျှဖို့ သူမ မစောင့်နိုင်တော့ပေ။

"တကယ်လား?" လင်ရှောင်းထင်က အားတက်သရောနဲ့ သူမကို မေတ္တာနဲ့ ချီးကျူးခဲ့သည်။ "နင်းနင်းက အံ့သြစရာကောင်းတာကို ကိုယ်သိပြီးသား"

ကုနင်း၏ခန္ဓာကိုယ်ထဲတွင် ဖီးနစ်သွေးများရှိနေသောကြောင့် သူမသာမပြောပြပါက အခြားလူများက သူမ၏ အဆင့်အတန်းအတိအကျကို မမြင်နိုင်ကြပေ။

"ဟားဟား ကျွန်မသာ မလုံလောက်‌သေးရင် အနာဂတ်မှာ ရှင်နဲ့အတူ ကမ္ဘာပတ်ပြီး ခရီးသွားနိုင်မှာ မဟုတ်ဘူး။" ကုနင်းပြုံးပြီး ပြောလိုက်သည်။ သူမသည် လျင်မြန်သောတိုးတက်မှုကို ရနိုင်သည့်အတွက် ပီတိဖြစ်ခဲ့သော်လည်း လုံလောက်ရုံမျှသာဖြစ်သောကြောင့် သူမသည် ကြိုးစားရန် လိုအပ်နေသေးသည်။

လင်ရှောင်းထင်သည် ကုနင်းအတွက် ပျော်ရွှင်မိသော်လည်း ကုနင်းအနေဖြင့် သူနှင့်အတူနေရန် အရာများစွာလုပ်ရန်လိုအပ်သောကြောင့် သူ့မှာ ရောထွေးနေသော ခံစားချက်များ ဖြစ်ပေါ်နေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၂၄ မင်းတို့အားလုံး အရည်အချင်းရှိတဲ့သူတွေပဲ

ဖြစ်နိုင်လျှင် သူနှင့် ကုနင်းသည် သာမန်စုံတွဲတစ်တွဲဖြစ်ရန် ဆန္ဒရှိပြီး ဤမျှလောက်များစွာသော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ဘဲ မကြာခဏသာ ခွဲခွာရန် သူဆန္ဒရှိသည်။

သို့သော် ဒါက ကံကြမ္မာကြောင့်ဖြစ်ပြီး တစ်ခါတစ်ရံတွင် ရွေးချယ်စရာမရှိသောကြောင့် ၎င်းတို့၏တာဝန်များကို ပြီးမြောက်အောင်သာ အစွမ်းကုန်လုပ်ဆောင်ရမည်။

"ကဲ ပြန်ကြရအောင်! ဆရာကြီး ရူးမတတ်ဖြစ်နေပြီ" ဟု လင်ရှောင်းထင်ကပြောပြီး ကုနင်းကို သူ့လက်ထဲကနေ လွှတ်လိုက်ပြီး‌နောက် သူမလက်ကို ကိုင်ကာ နောက်သို့ လျှောက်သွားလိုက်သည်။

ကုနင်းသည် သူမ ပျောက်ဆုံးသွားပြီးနောက် ရှန်းကွမ်းယန် အား သူမလုံခြုံရေးအတွက် စိတ်ပူစေသည့်အတွက် အလွန် အပြစ်ရှိသလို ခံစား‌နေရသည်။

ထိုအချိန်တွင် ရှန်းကွမ်းယန်သည် မျှော်စင်ရှေ့သို့ စိုးရိမ်တကြီး လျှောက်သွားနေသည်။ လူနှစ်ယောက်၏ ခြေသံများ ချဉ်းကပ်လာသည်ကို သူကြားလိုက်သောအခါ လင်ရှောင်းထင်သည် ကုနင်းကို ပြန်တွေ့တာကို သူသိလိုက်ရသဖြင့် စိတ်သက်သာရာရသွားတော့သည်။

ခဏအကြာတွင် သူသည် လင်ရှောင်းထင်နှင့် ကုနင်းကို အမှန်ပင်တွေ့လိုက်ရသောကြောင့် လုံးလုံးစိတ်သက်သာရာရသွားသည်။

ကုနင်းဟာ သူမရဲ့ အရည်အချင်းတွေကြောင့် ထိခိုက်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ကုနင်းဟာ ကျင့်ကြံရင်းအချိန်ကို မေ့လျော့သွားကာ နှစ်ရက်လောက် ပျောက်သွားတာလို့ သူထင်မိသည်။ ဒါက နားလည်စရာဆိုပေမယ့် စိတ်ကတော့ ပူပါသည်။

ထို့ကြောင့် ရှန်းကွမ်းယန်သည် ကုနင်း ပြန်လာသည်ကိုမြင်ရသဖြင့် စိတ်သက်သာရာရသော်လည်း၊ "ဘာဖြစ်တာလဲ" ဟု စိတ်ဆိုးစွာဖြင့် သူမကို အလေးအနက်မေးလိုက်သည်။ ရုတ်တရက် ပျောက်သွားတဲ့ အကြောင်းအရင်းကို မေးလိုသည်။

"တောင်းပန်ပါတယ် အဘိုးရှန်းကွမ်း။ ကျွန်မ မင်းကို စိတ်မပူ‌စေသင့်ဘူး" ကုနင်းက ရှန်းကွမ်းယန်ကို ဦးစွာ တောင်းပန်ပြီးနောက် ရှင်းပြသည်။ “အဲဒီတုန်းက အပြင်ထွက်တုန်းက နှင်းကြာပန်းနဲ့‌တွေ့ခဲ့တယ်။ သူ့ကိုလိုက်ရင်း ချောက်ကမ်းပါးအစွန်းအထိ ရောက်သွားပြီး ရုတ်တရက် တစ်စုံတစ်ခုရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတယ်။ ရှောင်ဖို့ကြိုးစားပေမယ့် မတော်တဆ မြွေပေါ်တက်နင်းမိသွားလို့ ချော်လဲပြီး ချောက်ထဲ ပြုတ်ကျသွားလို့ပါ”

"ဘာ? ဒဏ်ရာရသွား‌သေးလား" ရှန်းကွမ်းယန်သည် ကုနင်းကို ပြောတာကို ကြားလိုက်သည်နှင့် စိတ်ပူသွားသည်။

“ကျွန်မ အဆင်ပြပေါတယ်။ မှော်အစွမ်းကိုသုံးပြီး ကိုယ့်ကိုယ်ကို ကာကွယ်ခဲ့တယ်။ အပြင်းအထန်တိုက်မိတော့ သတိလစ်သွားရုံပါ။ အဲဒီနောက် နှင်းကြာပန်းက သူ့ပွင့်ဖက်နှစ်ပွင့်ကို တိုက်တယ်။ နောက်မှ နိုးလာပြီး ပြန်လာချင်ပေမယ့် ဝမ်းဗိုက်အောက်ပိုင်းကို မှော်စွမ်းအားတွေ တဟုန်ထိုး ပြေးတက်လာတာကို ခံစားလိုက်ရတယ်။ နောက်တစ်ဆင့်တက်နိုင်မယ်လို့ ထင်တာနဲ့ အတားအဆီးကို အရင်ဖြတ်ကျော်ဖို့ အဲဒီမှာပဲနေခဲ့တာပါ။ နောက်ဆုံးတော့ အဆင့်နှစ်ဆင့်တက်သွားနိုင်ခဲ့ပြီ။ အခု ကျွန်မပေါင်းစည်းခြင်းအဆင့်ကို ရောက်နေပါပြီ” ဟု ကုနင်းက ပြောပြသည်။

"တကယ်လား? အံ့သြစရာပဲ!” ရှန်းကွမ်းယန်လည်း စိတ်လှုပ်ရှားနေမိသည်။ “အရည်အချင်းရှိတယ်။ မင်းတို့နှစ်‌ယောက်လုံး အရည်အချင်းရှိတယ်!”

ကုနင်းသည် သူမ၏ခန္ဓာကိုယ်ထဲတွင် ဖီးနစ်၏သွေးများရှိနေပြီး အခြားကျင့်ကြံသူများထက် ကျင့်ကြံရန်ပိုမိုလွယ်ကူသော်လည်း ၎င်းက အထောက်အကူတစ်ခုမျှသာဖြစ်သည်။ သူမသည် သူမ၏ အရည်အချင်းများကို မြှင့်တင်ရန် သူမကိုယ်သူမ အားကိုး‌နေရဆဲဖြစ်သည်။

ထို့ကြောင့် ဖီးနစ်သွေး၏အကူအညီဖြင့် ကုနင်းသည် အဆင့်နှစ်ဆင့်တက်နိုင်သော်လည်း သူမ၏ကိုယ်ပိုင်အရည်အချင်းနှင့်ဇွဲလုံ့လသည် လုပ်ငန်းစဉ်တွင် ပို၍အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ခဲ့သည်။

“ကောင်းတာပေါ့၊ ဒီအချိန်အတွင်းမှာ မင်းက ကျင့်ကြံရေးမှာ ပိုကြိုးစားနိုင်တယ်။ ပေါင်းစည်းခြင်းအဆင့်ကို ဖြတ်ကျော်နိုင်မလား ကြည့်ရအောင်။ ပြီးရင် မင်း ချီကိုစွမ်းအင်အဖြစ်ပြောင်းတာရဲ့ နောက်ဆုံးအဆင့်ကို ရောက်မှာ။ သူတို့ကြားမှာ ကြီးမားတဲ့ ကွာဟချက်ရှိတယ်။ ဒါဟာ ကြီးမားတဲ့ ခြေလှမ်းတစ်ခုပါ၊ ဒါကြောင့် မင်း မိုးကြိုးဒုက္ခ ကိုခံစားရလိမ့်မယ်" ဟု ရှန်းကွမ်းယန်က ပြောကြားသည်။

ကျင့်ကြံသူများသည် နောက်တစ်ဆင့်သို့တက်လှမ်းရန် ကြိုးစားသောအခါ မိုးကြိုးဒုက္ခသည် ကြောက်စရာအကောင်းဆုံးအပိုင်းမဟုတ်ပေ။ ကြောက်စရာအကောင်းဆုံးအပိုင်းမှာ ကျင့်ကြံသူများသည် ကောင်းကင်မိုးကြိုးစမ်းသပ်မှုကို ၈၁ ကြိမ် တိုင်တိုင်တွေ့ကြုံခဲ့ရသည့် လွတ်လပ်သောစိတ်ဝိညာဉ်၏အတိဒုက္ခဖြစ်သည်။ အ‌ခေါက်တိုင်းက တကယ့်ကို နှိပ်စက်ညှဉ်းပန်းမှုပါပဲ။

လွန်ခဲ့သည့်နှစ်ပေါင်းတစ်ထောင်ကျော်က ယခုစမ်းသပ်မှုတွင် ကျင့်ကြံသူအနည်းငယ်သာ ရှင်သန်နိုင်ခဲ့သည်။

ကျင့်ကြံသူသည် စမ်းသပ်မှုအောင်မြင်ပြီးသည်နှင့် ချက်ချင်းပင် မသေမျိုးဖြစ်သွားနိုင်သော်လည်း အရှုံးပေးသူများသည် ဒဏ်ရာအနည်းငယ်သာရရှိပါက သို့မဟုတ် ပြင်းထန်စွာဒဏ်ရာရပါက ၎င်းတို့၏ဝိညာဉ်များသည် လုံးဝပျက်စီးသွားမည်ဖြစ်သည်။

ယခုအချိန်တွင် လွတ်လပ်သောစိတ်ဝိညာဉ်အဆင့်ကို ကျင့်ကြံနိုင်သူ မရှိသေးပေ။

နှစ်ရာပေါင်းများစွာ ပြုစုပျိုးထောင်ခဲ့သော ရှန်းကွမ်းယန် သည်ပင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်တွင်သာ ရှိသေးသည်။ အနှစ်တစ်ရာကျော်မှာ အဆင့်မတက်နိုင်သေးပေ။

ဘာပဲဖြစ်ဖြစ် သူသည် ဝိညာဉ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်၍ ကျင့်ကြံသူများအတွက် မယုံနိုင်လောက်အောင်ပင် ဖြစ်နေဆဲဖြစ်ပြီး အနည်းဆုံး ယခုအချိန်တွင် သူ့ထက်သန်မာသည့် ကျင့်ကြံသူမရှိပါ။

"ဟုတ်ပါတယ် ကျွန်မ ပိုကြိုးစားပါ့မယ်" လို့ ကုနင်းက လေးနက်စွာ ပြန်ဖြေသည်။ သူမသည် မြို့တော်တွင် မကြာခဏ မိုးကြိုးပစ်ခံရပါက အရပ်ရပ်မှ ကျင့်ကြံသူများ သတိပြုမိလိမ့်မည်။

လင်ရှောင်းထင်က ကုနင်းမှာ မိုးကြိုးကပ်ဘေးကျသင့်မှာကို စိုးရိမ်နေပေမယ့် ကျင့်ကြံသူတိုင်းက ဖြတ်ကျော်ရမှာဖြစ်လို့ သူဘာမှမတတ်နိုင်ပါ။ ကုနင်းအောင်မြင်မည်ဟုသာ သူမျှော်လင့်နိုင်သည်။

ယခုအချိန်သည် သန်းခေါင်ကျော်နေပြီဖြစ်ပြီး ကုနင်းသည် နောက်တစ်ဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သောကြောင့် သူမသည် ဆက်လက်လေ့ကျင့်ရန် မနက်ဖြန်မထမီ အနားယူရန်လိုအပ်ပါသည်။

ဆုတ်ခွာနေသော ကျင်းယွင်ယောင်သည် နောက်တစ်ဆင့်သို့တက်လှမ်းရန်အတွက် အတားအဆီးကို ဖြတ်ကျော်ရန် သူမ၏ မှော်စွမ်းအင်ကို စုဆောင်းနေသည်။ အတားအဆီးကျိုးသွားပြီးနောက် မိုးကြိုးဒုက္ခ ပေါ်လာလိမ့်မည်။

သို့သော်လည်း အတားအဆီးကို ချိုးဖျက်ပြီးနောက်၊ ကျင်းယွင်ယောင်သည် ရုပ်ပိုင်းဆိုင်ရာ အားနည်းလာကာ မိုးကြိုးဒုက္ခကို ကိုင်တွယ်ရန် သူမအတွက် အလွန်အန္တရာယ်များစေခဲ့သည်။

ကံမကောင်းစွာပဲ သူမကို ဘယ်သူမှ မကူညီနိုင်ခဲ့ပါ။ ရှန်းကွမ်းယန် သည် သူမ ရှုံးပြီး ဒဏ်ရမရနှင့် သူမအဆင်ပြေအောင်သာ စောင့်ကြည့်နေနိုင်သည်။

…

လင်ရှောင်းထင် မြို့တော်ကို ပြန်‌လာတဲ့အခါ ရှုကျင်းချန်လည်း သူ့နောက်ကို လိုက်ခဲ့ပေမဲ့ သူ့မိသားစုကို မပြောသလို အိမ်ကိုလည်း ချက်ခြင်းမပြန်ခဲ့ပါဘူး။ ယင်းအစား သူသည် ကျီပိုင်ယင်းကို ဦးစွာဆက်သွယ်ပြီး သူမကို ထမင်းအတူစားရန် တောင်းဆိုခဲ့သည်။

ကျီပိုင်ယင်းသည် ရှုကျင်းချန်ကို ရက်အနည်းငယ်ကြာ မတွေ့ရတော့သောကြောင့် သူ့ကို အလွန်လွမ်းဆွတ်မိသည်။ ဒါပေမယ့် ချစ်သူရည်းစားမဟုတ်သေးတာကြောင့် သူမရဲ့ခံစားချက်အစစ်အမှန်ကို မဖော်ပြခဲ့‌ပေ။ ထို့ကြောင့် သူမသည် ရှုကျင်းချန်၏ ဖိတ်ကြားချက်ကို လက်ခံလိုက်သောအခါ သူမ အပြင်ထွက်ရန် မလိုလားပုံဖြင့် လက်ခံခဲ့သည်။

ရှုကျင်းချန်ကသာ ကျီပိုင်ယင်းက သူ့အပေါ် ကောင်းတဲ့ အမြင်ရှိမှန်း မသိဘူးဆိုရင် သူမက သူနဲ့ အချိန်မဖြုန်းချင်တာလို့သာ ထင်ကောင်းထင်နိုင်သည်။

ဘာပဲဖြစ်ဖြစ် ရှုကျင်းချန်က ကျီပိုင်ယင်းဟာ မြို့တော်မှာ သူ့ကြောင့် အိမ်တစ်လုံးဝယ်ပြီးပြီဆိုတာ သိလိုက်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိသည်။

ကျီပိုင်ယင်းက သူမက မြို့တော်ကို မကြာခဏ လာရန် လိုအပ်ပြီး ကုနင်း၏ နေရာ သို့မဟုတ် ဟိုတယ်တွင် အချိန်တိုင်း မနေနိုင်သောကြောင့် သူမအိမ်တစ်လုံးကို ဝယ်ခဲ့တာဖြစ်တယ်လို့ ရှင်းပြသည်။ သူနောက်တစ်ခါ ထပ်မလာဖြစ်တော့ရင်ကျမှ ပြန်ရောင်းလို့ရနိုင်သည်ဟုဆိုသည်။

သို့သော် ရှုကျင်းချန်သည် ကျီပိုင်ယင်းသည် သူမ၏ ရည်ရွယ်ချက်အမှန်ကို ဖုံးကွယ်ရန် ထိုသို့ ရှင်းပြနေသည်ကို မြင်နိုင်သည်။ သူပျော်ရပါသည် သို့သော် သူမ၏ မုသားကို ထုတ်မပြောတော့ပါ။

ရှုကျင်းချန် ဒီတစ်ခေါက်ပြန်ရောက်ပြီး ရက်အနည်းငယ်လောက် အနားယူနိုင်တာကြောင့် သူသည် ကျီပိုင်ယင်းအား သူမဘယ်ကိုသွားလည်ချင်လဲလို့ မေးခဲ့သည်။ သူမနဲ့ ခရီးတစ်ခုသွားချင်သည်။

ကျီပိုင်ယင်း လည်း ဒီလိုသိရတာ စိတ်လှုပ်ရှားနေပေမယ့် သူ့မှာ မာနရှိပြီး အဲဒါကို စဉ်းစားဖို့ လိုတယ်ဟု ပြောသည်။

သူမ သိပ်အကြာကြီး မတွေးခဲ့ပါ။ ရှုကျင်းချန်သည် ညအချိန်တွင် ရာစုနှစ်မြို့တော်သို့ သူမအား ပြန်မောင်းပို့‌ေသာအခါ သူမက မဟာတံတိုင်းကြီးကိုတက်ရန် ဆုံးဖြတ်လိုက်သည်။

မဟာတံတိုင်းကြီးသည် ကမ္ဘာ့အံ့ဖွယ်ခုနစ်ပါးအနက်မှ တစ်ခုဖြစ်ပြီး ၎င်းတို့၏ယဉ်ကျေးမှုနှင့် ၎င်းတို့၏လူမျိုးများ၏ ဂုဏ်ယူမှုကို အမှတ်အသားပြုသည်။ ထို့ကြောင့် နောက်တစ်နေ့ နံနက် ၉ နာရီတွင် ရှုကျင်းချန်သည် ရာစုနှစ်မြို့တော်တွင် ကျီပိုင်ယင်းကို သွား‌ခေါ်ပြီးနောက် အတူထွက်ခွာလာကြသည်။ ဒီတစ်ခါတော့ သူတို့နှစ်ယောက်ပဲဖြစ်သည်။

ကျီပိုင်ယင်းသည် ရှုကျင်းချန်နှင့် နှစ်ကိုယ်တည်းအချိန်ပေးလိုသောကြောင့် မန်တနှင့် နန်တို့ကို ခေါ်မလာခဲ့ပေ။ သူတို့ကိုလည်း သူမ၏အိမ်အလှဆင်ခြင်းကို ကြီးကြပ်တဲ့နေရာမှာ လိုအပ်နေပါသေးသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၂၅ ရည်းစားရှိလာတာနဲ့ အိမ်ကိုမေ့သွားတယ်

မန်တနှင့် နန်တို့သည် ရှုကျင်းချန်ကို ယုံကြည်‌သောကြောင့် ကျီပိုင်ယင်းအတွက် စိတ်မပူပါ။ ရှုကျင်းချန်သည် ကျီပိုင်ယင်းနှင့် မသင့်လျော်သော မည်သည့်အရာကိုမျှ လုပ်မည်မဟုတ်ကြောင်း သူတို့သိသည်။

သူတို့သိသော်လည်း ရှုကျင်းချန် သည် သူနှင့် ကျီပိုင်ယင်း ပေါင်းစည်းရန် ထာဝရအချိန်ယူမည်ဆိုး၍ တစ်ခုခုလုပ်ရန်သာ အမှန်တကယ်မျှော်လင့်ထားကြသည်။ သူတို့နှစ်ယောက်ကြားမှာ chemistry ရှိပေမယ့် နှစ်ယောက်းလုံး ဘယ်သူမှအရင် ရှေ့ကို ခြေတစ်လှမ်းမှ မလှမ်းကြပေ။ ထို့ကြောင့် အတူတကွ ပေါင်းစည်းလိုလျှင် ၎င်းတို့ထဲမှ တစ်ဦးသည် ပိုမိုတက်ကြွပြီး ရှေ့သို့ လှမ်းတက်ရမည်ဖြစ်သည်။

မဟာတံတိုင်းအဝင်ဝသို့ ရောက်သောအခါ အထဲသို့မဝင်မီ စားစရာအချို့ စားသောက်ကြသည်။

ရာသီဥတုသာယာ၍ မဟာတံတိုင်းကြီးပေါ်သို့ ဧည့်သည်များစွာ တက်ကြလိမ့်မည်။ ကံကောင်းစွာဖြင့် အားလပ်ရက်မဟုတ်သောကြောင့် လူသိပ်မရှိ။

လူများလွန်းလျှင် ရှုခင်းကို သေချာကြည့်ရန် မဖြစ်နိုင်သောကြောင့် ကောင်းသောကိစ္စဖြစ်သည်။ ထို့ကြောင့် ယနေ့လာရောက်လည်ပတ်သူ ပမာဏက လက်ခံနိုင်သည်။ မဟာတံတိုင်းကြီးသည် တိတ်ဆိတ်လွန်းတာမျိုး သို့မဟုတ် ဆူညံလွန်းတာမျိုးမရှိပေ။

သူတို့ဟာ အခု မဟာတံတိုင်းကို ရောက်နေတာဖြစ်၍ ကျီပိုင်ယင်းဟာ ဓာတ်ပုံတွေ ရိုက်ဖို့ သေချာပေါက် လိုအပ်ပေမယ့် သူမ selfie ရိုက်ရင် မြင်ကွင်းကို ပုံမဖော်နိုင်တာကြောင့် သူမကို ကူညီပေးဖို့ ရှုကျင်းချန်ကို ပြောခဲ့သည်။ သို့သော် ၎င်းကြောင့် ကျီပိုင်ယင်းသည် ကိုယ်ဟန်ပြရန် ရှက်လာသည်။

သူမက ထူးထူးခြားခြား pose တွေ မလုပ်ရင်တောင်မှ ဓါတ်ပုံတွေမှာ ရုပ်ဆိုးဖို့အတွက် သူမကဆွဲဆောင်မှုရှိလွန်းသည်။ ဖုန်း၏ဖန်သားပြင်ပေါ်ရှိ ကျီပိုင်ယင်းကိုကြည့်ရင်း ရှုကျင်းချန် အံ့သြသွားပြီး မျက်လုံးများကို သူမနှင့် မခွာနိုင်ပေ။

ဓာတ်ပုံအနည်းငယ်ရိုက်ပြီးနောက် ကျီပိုင်ယင်းသည် သူမစိတ်မသက်မသာဖြစ်လွန်းသောကြောင့် ရပ်လိုက်သည်။

ဆက်လက်၍ လမ်းလျှောက်လာရင်း ချစ်ကြည်နူးနေသော စုံတွဲတစ်တွဲ ဓာတ်ပုံရိုက်ကြသည်ကို တွေ့လိုက်ရသည်။ ဒီအချိန်မှာ ကျီပိုင်ယင်းနဲ့ ရှုကျင်းချန် နှစ်ယောက်လုံး ထူးဆန်းတဲ့ ခံစားချက်တွေ ရှိနေကြသည်။ သူတို့သည် မသိစိတ်ကနေ အကြည့်ချင်းဖလှယ်မိသွားတာ‌ကြောင့် ထိတ်လန့်တကြားဖြင့် မျက်လုံးများကို ချက်ချင်း ရှောင်ဖယ်လိုက်သည်။

ထိုအချိန်တွင် ထိုအတွဲရဲ့ ကောင်လေးက ရှုကျင်းချန် ထံသို့ လျှောက်လာပြီး "အကိုကျေးဇူးပြုပြီး ဓာတ်ပုံရိုက်ပေးလို့ရမလား ဆယ်လ်ဖီရိုက်ရင် ပိုကြီးတဲ့ မြင်ကွင်းကို ပုံမဖော်နိုင်လို့ပါ။ အကိုတို့ကိုလည်း ပြန်ရိုက်ပေးပါမယ် ဘယ်လိုလဲ?"

"ပြဿနာမရှိပါဘူး" ရှုကျင်းချန်သည် ရိုက်ပေးရမှာအလွန်လွယ်ကူပြီး ကျီပိုင်ယင်း နှင့်လည်း ဓာတ်ပုံရိုက်ချင်သောကြောင့် ငြင်းဆန်ခြင်းမရှိပေ။

အဲဒီနောက် ရှုကျင်းချန်က ကောင်လေးက သူ့ဆီပေးလာတဲ့ဖုန်းကို ယူလိုက်သည်။ ထို့နောက် ကောင်လေးသည် သူ့နေရာသို့ပြန်သွားကာ ရှုကျင်းချန်က ကျီပိုင်ယင်းအား အသံတိုးတိုးဖြင့် "ဒါက အကြံကောင်းတစ်ခုလို့ ကိုယ်ထင်တယ်။ ခဏလောက် အတူတူ ဓါတ်ပုံရိုက်မလား။ စိတ်မရှိဘူးဆိုရင်ပေါ့?"

ကျီပိုင်ယင်း၏ မျက်နှာ အနည်းငယ် နီမြန်းသွားသည်။ သူမသည် ၎င်းကို လုပ်ချင်သည်ထက် ပိုနေခဲ့သော်လည်း သူမသည် အနည်းငယ် တွန့်ဆုတ်နပေုံဖမ်းလိုက်သည်။ “ဒါက ဓါတ်ပုံပဲ‌လေ။ ပြသနာကြီးကြီးမားမားတော့ မရှိပါဘူး”

ရှုကျင်းချန်က ကျေနပ်စွာ ပြုံးလိုက်သည်။ သူ့အပြုံးက ချစ်စရာကောင်းလွန်းသဖြင့် ကျီပိုင်ယင်းက တဖန်ပြန်၍ ခေါင်းကို ချက်ချင်းငဲ့ကြည့်လိုက်ရသည်။

ရှုကျင်းချန်သည် အလွန်ချောမောသည်။ သူ့အပြုံးကိုမြင်ရင် ဘယ်မိန်းကလေးမှ တည်တည်ငြိမ်ငြိမ်မနေနိုင်လောက်ပေ။

ကျီပိုင်ယင်း၏တုံ့ပြန်မှုကို မြင်တော့ ရှုကျင်းချန်က ပိုကျေနပ်သွားသည်။

ကောင်လေးနှင့် ကောင်မလေးသည် ကောင်းမွန်သော ကိုယ်ဟန်ပန်ကို လုပ်ပြီးနောက် ရှုကျင်းချန်သည် ၎င်းတို့အတွက် ဓာတ်ပုံရိုက်ရန် စတင်ခဲ့သည်။

သူတို့သည် စုံတွဲဖြစ်သောကြောင့် သူတို့သည် တရင်းတနှီး ဆက်ဆံကြသည်မှာ လုံးဝလက်ခံနိုင်စရာပင်။

တကယ်တော့ ရှုကျင်းချန်နဲ့ ကျီပိုင်ယင်းတို့က သူတို့ရဲ့ ရင်းနှီးမှုကို အလွန်မနာလိုဖြစ်မိကြပေသည်။

ဓာတ်ပုံများစွာရိုက်ပြီးနောက် ကောင်လေးက သူ့ဖုန်းကိုပြန်ယူကာ "အကိုတို့အတွက်ရော ဓာတ်ပုံရိုက်ပေးဖို့ လိုသေးလား?"

ထို့နောက် ရှုကျင်းချန်သည် ကောင်လေးအား ဖုန်းပေး၍ ကျီပိုင်ယင်းနှင့်အတူ ရပ်လိုက်သည်။

သူတို့သည် စုံတွဲမဟုတ်သောကြောင့် သူတို့၏ကိုယ်ဟန်အနေအထားတွင် ရင်းနှီးမှုအနည်းငယ်သာရှိသော်လည်း ရှုကျင်းချန်သည် ကျီပိုင်ယင်းနှင့် တမင်ပိုနီးကပ်လာသောကြောင့် သူတို့သည် ရင်းနှီးပုံရသည်။

သူတို့နှစ်ယောက် နီးနီးလေးမို့ တစ်ယောက်နဲ့တစ်ယောက် အသက်ရှူသံတွေ ခံစား‌နေရပြီး နှလုံးသားသားတွေ တုန်ခါလာသည်။ ထို့နောက်တော့ သူတို့နှစ်ယောက်စလုံး ကိုယ့်ရင်ခုန်သံကိုယ် ပြန်ကြား‌နေရ၍ အနည်းငယ် ရှက်သွားရသည်။ ကံကောင်းစွာဖြင့် သူတို့သည် သူတို့၏ ခံစားချက်အစစ်အမှန်ကို မပြဘဲ မျက်နှာပြင်ပေါ်တွင် တည်ငြိမ်နေပုံရသည်။

ကောင်လေးက သူတို့ရဲ့ ကိုယ်ဟန်အနေအထားအရ တစ်ခုခုမှားနေတယ်လို့ မထင်မိပေ။ လူတိုင်းက ကင်မရာရှေ့မှာ ရင်းနှီးမှုပြဖို့ မလိုအပ်ဘဲ သူတို့ကလည်း နီးစပ်ပုံရပါသည်။ နှစ်ယောက်စလုံးက ရုပ်ရည်ချောမောပြီး ပုံထဲမှာလည်း လှပပေသည်။

ကောင်လေးသည် ရှုကျင်းချန်နှင့် ကျီပိုင်ယင်းအတွက် ဓာတ်ပုံအနည်းငယ်ရိုက်ပြီးနောက် ရှုကျင်းချန်သည် သူ့ဖုန်းကို ပြန်ယူခဲ့သည်။ ဓါတ်ပုံတွေကို မကြည့်ခင် ကောင်လေးကို ကျေးဇူးတင်သည်။ သူနှင့် ကျီပိုင်ယင်းတို့သည် ပြီးပြည့်စုံသော စုံတွဲတစ်တွဲဟု သူခံစားမိကြောင်း ဝန်ခံရမည်။

ရှုကျင်းချန်က "မင်းဆီကို ဓာတ်ပုံတွေ ပို့ပေးမယ်"

“ဟုတ်ပြီ” ကျီပိုင်ယင်းက သူ့ကို ရိုးရိုးရှင်းရှင်း တုံ့ပြန်သည်။ ဘာမှမထူးခြားဘူးလို့ ထင်ရပေမယ့် ဓာတ်ပုံတွေကြည့်ဖို့ သူမ မစောင့်နိုင်တော့ပါ။

မကြာခင်မှာပင် သူ့ဖုန်းမှ မက်ဆေ့ခ်ျအသစ်တစ်ခု အသံကို ကြားလိုက်ရသည်။ မနှောင့်နှေးဘဲ ကျီပိုင်ယင်းသည် ၎င်းကိုဖတ်လိုက်သောအခါ ရှုကျင်းချန်ထံမှ ပေးပို့သော ဓာတ်ပုံများဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဓာတ်ပုံတွေကို ကြည့်လိုက်တော့ ကျီပိုင်ယင်းက သူတို့နှစ်ယောက်ဟာ ပြီးပြည့်စုံတဲ့ စုံတွဲတစ်တွဲလို့ ခံစားမိပေမယ့် နှစ်ယောက်စလုံးက အခုထိ ရှက်ရွံ့နေကြတုန်းပါပဲ။

"ဘယ်လိုလဲ? လှတယ်မလား?" ရှုကျင်းချန်က မေးသည်။

"မဆိုးပါဘူး" ကျီပိုင်ယင်းက ရှက်ကိုးရှက်ကန်းဖြင့် ပြောပြီး ဖုန်းကို ပိတ်လိုက်သည်။ ရှုကျင်းချန် ရှေ့မှာ ဒီလိုလုပ်ရတာ ရှက်စရာကောင်းတာကြောင့် နောက်ပိုင်းမှာ အိမ်မှာတစ်ယောက်တည်း ဓာတ်ပုံကြည့်ဖို့ ဆုံးဖြတ်ခဲ့သည်။

ရှုကျင်းချန်နှင့် ကျီပိုင်ယင်း နှစ်ဦးစလုံးသည် ကွန်ဖူးလေ့ကျင့်သည့်အလေ့အထရှိသောကြောင့် အချိန်အတော်ကြာ တောင်တက်ပြီးနောက် မောပန်းခြင်းမရှိကြသော်လည်း ရှုကျင်းချန်က သူမအား တစ်ခါတစ်ခါ စိုးရိမ်စိတ်နှင့် "နားချင်လား?"

"မလိုပါဘူး" ကျီပိုင်ယင်း ကပြောသည်။

"ခဏလောက် နားပြီး ရေသောက်ကြရအောင်!" ရှုကျင်းချန်က သူမကို ဂရုစိုက်ပြီး အနားယူသင့်တယ်လို့ တွေးလိုက်သည်။

မဟာတံတိုင်းတက်ရမှာဖြစ်၍ ရှုကျင်းချန်ဟာ သူ့ကျောပိုးအိတ်ထဲမှာ ရေနဲ့ ကွတ်ကီးတွေကို ကောင်းကောင်းပြင်ဆင်ထားခဲ့သည်။

“ကောင်းပြီ‌လေ” ကျီပိုင်ယင်းသည် ရှုကျင်းချန် ပြောတာကို သဘောတူပြီးနောက် ရေသောက်ရန် ရပ်လိုက်ပြီး ကွတ်ကီးများ ယူလိုက်သည်။

ခဏလောက် အနားယူပြီးတာနဲ့ ဆက်တက်ကြသည်။

ကားရပ်နားရန်နေရာသို့ ပြန်ရောက်သောအခါ ညနေ ၅ နာရီထိုးနေပြီဖြစ်၍ မြို့လယ်သို့ ပြန်ရောက်သောအခါ ညစာစားချိန်ဖြစ်သည်။

ရှုကျင်းချန်နှင့် ကျီပိုင်ယင်း ကားပေါ်ရှိနေစဉ် ရှုကျင်းချန်ဆီကို ရှုကျင်းလင်ထံမှ ဖုန်းဝင်လာသည်။

"မင်း မြို့တော်ကို ပြန်ရောက်‌နေပြီလား" ရှုကျင်းလင်က သေချာ‌အောင်မေးလိုက်သည်။

"ဟုတ်ပြီ ငါပြန်လာပြီ" ရှုကျင်းချန်ကဖြေသည်။ ရှုကျင်းလင်ဟာ သူမြို့တော်ကိုပြန်ရောက်နေပြီဆိုတာ သိထားပြီးဖြစ်တဲ့အတွက် သူ မအံ့သြပါ။

"ဘာလို့အိမ်ပြန်မလာတာလဲ။ ရည်းစားရှိလာတာနဲ့ အိမ်ကိုမေ့သွားတာလား" ရှုကျင်းလင်က နောက်ပြောင်လိုက်သည်။

ရှုကျင်းချန်က ဖုန်းဖြေသောအခါ ကျီပိုင်ယင်းကို မရှောင်တဲ့အတွက် ကျီပိုင်ယင်းက နားပါးသောကြောင့် ဖုန်းထဲတွင် ရှုကျင်းလင် ပြောသည်ကို သူမကြားလိုက်ရသည်။ ရှုကျင်းလင်သည် သူမအား ရှုကျင်းချန်၏ ချစ်သူအဖြစ် ပြောလိုက်သည်ကို ကြားလိုက်သောအခါတွင် သူမ ရင်တွပေူကာ နှလုံးခုန်နှုန်းမြန်လာသည်။

ရှုကျင်းချန် သည် သူ့အစ်ကို ကျီပိုင်ယင်း၏ ကျီပိုင်ယင်းအပေါ်ရည်ညွှန်းသည့် စကားကို မငြင်းခဲ့ပေ။ "နောက်မှ အိမ်ပြန်လာမယ်"

“အန်းယန်နဲ့ တခြားလူတွေနဲ့ ထမင်းစားဖို့ရှိတယ်။ မင်းရည်းစားနဲ့လာခဲ့ပါလား" ရှုကျင်းလင်က မေးသည်။

ရှုကျင်းချန်က "သူ့ထင်မြင်ချက်ကို အရင်မေးဖို့လိုသေးတယ်" သူသည် ရှုကျင်းလင်က သူ့ "ရည်းစား" လို့ ပြောတာကို မတားမြစ်‌ပေ။ အဲဒီအစား သူ့မှာ ရည်းစားရှိနေပြီဆိုတာကို သူ့အဖြေကနေ ၀န်ခံလိုက်သည်။ ကျီပိုင်ယင်းက စိတ်ဆိုးပြီး သူ့ကို စိုက်ကြည့်နပေေမယ့် ရှုကျင်းချန်က သူမကို ပြုံးရုံသာ ပြုံးပြသည်။

ရှုကျင်းချန် ဖုန်းချလိုက်တာနဲ့ ကျီပိုင်ယင်းက "ဘယ်သူက ရှင့်ရည်းစားလဲ ရှင်ဘာလို့ မရှင်းပြတာလဲ"

***

ဖီးနစ်သွေးစက်

အခန်း ၂၀၂၆ ကိုယ့်ကောင်မလေးဖြစ်ပေးပါ

ကျီပိုင်ယင်းသည် ထိုကဲ့သို့ ခေါ်ခြင်းကို ငြင်းဆိုခြင်းမရှိသော်လည်း ရှုကျင်းချန်သည် သူမ၏ ခွင့်ပြုချက်ကို ကြိုမတောင်းထားသောကြောင့် သူမ မကျေမနပ်ဖြစ်ရသည်။ သူမသည် အရူးလုပ်ခံလိုက်သလို ခံစားလာရပြီး အလွန်စိတ်မကောင်းဖြစ်လာရသည်။

"မင်း ကိုယ့်‌ကောင်မလေးဖြစ်ဖို့ ဆန္ဒရှိလား" ရှုကျင်းချန်သည် ကျီပိုင်ယင်းကို ရုတ်တရက် ချစ်မြတ်နိုးစွာ ကြည့်လိုက်ပြီး ထိုမေးခွန်းကို လေးနက်စွာ မေးလိုက်သည်။

သူသည် သူရှေ့သို့ ခြေတစ်လှမ်း လှမ်းသင့်သည်ဟု ထင်သည် မဟုတ်ပါက သူတို့အတွက် ဤကဲ့သို့ ဖြစ်‌နေရခြင်းသည် နှိပ်စက်ညှဉ်းပန်းမှု ဖြစ်လိမ့်မည်။

ကျီပိုင်ယင်းက ရှုကျင်းချန် ဒီလိုပြောမယ်လို့ မမျှော်လင့်ထားတာကြောင့် သူမ အံ့အားသင့်သွားသည်။

သူငါ့ကိုဖွင့်ပြောနေတာလား ဒါမှမဟုတ် သူနောက်နေတာလား။ သူလုံးဝနောက်ပြောင်နေတဲ့ပုံမပေါ်ပါဘူး။

ကျီပိုင်ယင်း ထံမှ ဘာတုံ့ပြန်မှုမှ မရရှိဘဲ ရှုကျင်းချန်က ဆက်လက်၍ "ကျီပိုင်ယင်း မင်းကိုယ့်‌ကောင်မလေးလုပ်ဖို့ ဆန္ဒရှိလား။ ကိုယ် ပြီးပြည့်စုံတဲ့ ချစ်သူဖြစ်သွားမယ်လို့ ကတိမပေးနိုင်ပေမယ့် အစွမ်းကုန်ကြိုးစားသွားမှာပါ။ မင်းကိုယ့်ကို သဘောကျတယ်ဆိုရင် ကိုယ့်ကိုအခွင့်အရေး‌လေးတော့ပေးပါ။ ဟုတ်ပြီလား?"

ကျီပိုင်ယင်းသည် အသိစိတ်ပြန်၀င်လာပြီး ရှုကျင်းချန် ထံမှ သူမ၏မျက်လုံးများကို ချက်ချင်း ဖယ်လိုက်သည်။

ဒီအချိန်မှာ သူမရဲ့ နှလုံးခုန်နှုန်းက အရမ်းမြန်နေသည်။ ရှုကျင်းချန်ကို ဘယ်လိုပြန်ဖြေရမလဲဆိုတာ သူမမသိ။ သူမ ဟုတ်တယ်လို့ ပြောချင်ပေမယ့် အသံထွက်ပြောဖို့က ခက်ပါသည်။ သူမမှာ စိုးရိမ်စရာမရှိသော်လည်း ရှက်ရွံ့‌နေခြင်းသာဖြစ်ပါသည်။

ဟုတ်တယ်လို့ပြောဖို့ ရှက်လွန်းတာကြောင့် သူမမေးခွန်းကို ရှောင်ခဲ့သည်။ "အမ်း ကျွန်...ကျွန်မတို့ အခု အိမ်ပြန်သင့်ပြီ"

သို့သော်လည်း ရှုကျင်းချန်သည် ထိုမေးခွန်းကို မေးလိုက်သည်နှင့် အလွယ်တကူ ရပ်တန့်သွားမည်မဟုတ်ပေ။

“မင်း ရှောင်နေတာ။ မင်း ကိုယ့်ရည်းစားမဖြစ်ရဲဘူး” ဟု ရှုကျင်းချန်က ပြောသည်။ ကျီပိုင်ယင်းက သူ့ကို လက်ခံစေရန်အတွက် သူမအား စိတ်အနှောင့်အယှက်ဖြစ်စေရန် တမင်တကာပြောခဲ့သည်။

ကျီပိုင်ယင်း၏ စရိုက်ကို သူသိသည်။ သူမနဲ့ ကောင်းကောင်းစကားပြောရင် အောင်မြင်နိုင်ဖွယ်မရှိ‌ပေ။ ဒါပေမယ့် စိန်ခေါ်ခံရတယ်လို့ ခံစားလာရတဲ့အခါ လက်ခံမှာပါ။ သူမှန်းတာမှန်သည်။

“ရယ်စရာပဲ။ ကျွန်မ ငကြောက် မဟုတ်ဘူး" ကျီပိုင်ယင်းသည် ထိုစကားကို ကြားလိုက်သည်နှင့် စိန်ခေါ်ခံလိုက်ရသလိုခံစားလိုက်ရပြီး ရှုကျင်းချန်ကို မသိစိတ်က ငြင်းခုံလိုက်သည်။

"ဒါဆို အဖြေက Yes လား?" ရှုကျင်းချန်က ကျေနပ်စွာ ပြုံးလိုက်သည်။

“ရှင်…” ကျီပိုင်ယင်းသည် ရှုကျင်းချန်၏ထောင်ချောက်ထဲသို့ ကျသွားသည်ကို သိလိုက်ရသောကြောင့် သူမသည် ချက်ခြင်းဒေါသ ထွက်သွားသည်။ "ကျွန်မပြောချင်တာ အဲ့လိုမဟုတ်ဘူး!" သူမ သူ့ကို စိုက်ကြည့်နေသည်။

"မင်းပြောတော့ မင်းက ငကြောက် မဟုတ်ဘူးဆို။ ဒါဆို ကိုယ့်ရည်းစားဖြစ်ရဲတယ်လို့ ပြောချင်တာမလား" ဟု ရှုကျင်းချန်က ပြုံးပြီး စိုက်ကြည့်ကာ ပြောသည်။

"ကျွန်မ Yes လို့ မပြောဘူးလေ!" ကျီပိုင်ယင်းက ငြင်းခုံသည်။

"ဒါဆို မင်း သူရဲဘောကြောင်တာပဲ" ရှုကျင်းချန်က ပြောသည်။ သူမကို ဆက်လက်စိန်ခေါ်ခဲ့သည်။

“ရှင်…” ကျီပိုင်ယင်း စိတ်ဆိုးသွားသော်လည်း ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

“ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်းတဲ့” ရှုကျင်းချန်က သူမကို လွှတ်မပေး။

"ရှုကျင်းချန် လုံလောက်ပြီ။ ရှင်မရှက်ဘူးလား" ကျီပိုင်ယင်းက စိတ်ဆိုးစွာဖြင့် မေးလိုက်သည်။

"ကိုယ်ကတော့ ကိုယ့်ရည်းစားက ပိုအရေးကြီးတယ်လို့ ထင်တယ်" ဟု ရှုကျင်းချန်က အပြစ်ကင်းသောပုံပေါက်‌နေသည်။

“ရှင်…” ကျီပိုင်ယင်း ရုတ်တရက် သိလိုက်ရတာက ရှုကျင်းချန်ဟာ လုံးဝ မလွယ်ကူဘူးဆိုတာ ပါပဲ။

"မင်း ကိုယ့်ရည်းစားဖြစ်ဖို့ သတ္တိရှိလား" ရှုကျင်းချန် က ထပ်မေးသည်။

ကျီပိုင်ယင်းက ဘာမှပြန်မပြော။

“ကောင်းပြီ အသံတိတ်နေတယ် ဟုတ်လား။ အခုကစပြီး မင်းက ကိုယ့်ရည်းစားပဲ” ဟု ရှုကျင်းချန်က ကြီးစိုးသောလေသံဖြင့် ပြောသည်။

"ရှင်အရှက်ကို မရှိဘူး" ကျီပိုင်ယင်းက ဒေါသနဲ့ ပြောလိုက်သည်။

"မလုံလောက်‌သေးဘူးထင်တယ်!" ရှုကျင်းချန်က ဆိုးသွမ်းသော အပြုံးကို ပန်ဆင်လိုက်သည်။ ကျီပိုင်ယင်းသည် ကြောက်လန့်သွားပြီး နောက်သို့ ဆုတ်ကာ သူမ၏ ရင်ဘတ်ကို ချက်ချင်း အုပ်လိုက်သည်။ ရှုကျင်းချန်ကိုကြည့်ရင်း သူမသတိရှိရှိနေလိုက်သည်။

"မင်းအခု ကိုယ့်ရည်းစားဖြစ်သွားပြီဆိုတော့ ကိုယ့် အမှတ်အသားတစ်ခုတော့ ထားခဲ့ဖို့လိုတာပေါ့" ဟု ရှုကျင်းချန် က ကျေကျေနပ်နပ်ကြီး‌ပြောကာ ကျီပိုင်ယင်းဆီချဉ်းကပ်ခဲ့သည်။

"ရှင်အနားကို ကပ်လာရင် ကျွန်မ ရှင့်ရည်းစားမလုပ်တော့ဘူး" ကျီပိုင်ယင်းက ကြောက်လန့်တကြား ပေါက်ကွဲပစ်လိုက်သည်။

"အခုရပ်လိုက်ရင် သဘောတူမယ်လို့ ဆိုလိုတာလား" ရှုကျင်းချန် သည် ချက်ချင်းပင် ရပ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် ထင်ရှားသော ကျေနပ်မှုကို ပြသလိုက်သည်။ "ကောင်းပြီ ကိုယ် အနားမကပ်တော့ဘူးနော် ကိုယ့်ကောင်မလေး"

ကျီပိုင်ယင်းကို သူ့ကောင်မလေးဟု ခေါ်သည်။

“ရှင်…” ကျီပိုင်ယင်းသည် ယခုအချိန်တွင် မငြင်းနိုင်ပေ၊ ရှုကျင်းချန် သည် သူတို့၏ဆက်ဆံရေးတွင် ရှေ့တစ်လှမ်းတိုးရန် စိတ်ပိုင်းဖြတ်ထားကြောင်း သူမသဘောပေါက်သောကြောင့်ဖြစ်သည်။ ထပ်မံငြင်းခုံခဲ့သော်ငြားလည်း သူ့ကို ငြင်းပယ်ခြင်းမရှိပါက ရလဒ်က အတူတူပင်။ သို့သော် သူမသည် ရှုကျင်းချန်ကို သဘောကျသောကြောင့် မငြင်းနိုင်ပေ။

ရှုကျင်းချန်၏ ချစ်ခြင်းမေတ္တာကို ရုတ်တရက် ဝန်ခံခြင်းကြောင့် သူမ အံ့အားသင့်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသော်လည်း သူမ လုံးဝ စိတ်မဆိုးခဲ့ပေ။

“ကိုယ့်အစ်ကိုက သူငယ်ချင်းနည်းနည်းနဲ့ ထမင်းစားနေတယ်။ ကိုယ်နဲ့လိုက်ချင်လား" ရှုကျင်းချန်က ကျီပိုင်ယင်းကို မေးသည်။

"ဟင့်အင်း ရှင်ပဲသွားလိုက်ပါ" ကျီပိုင်ယင်းက ရည်ရွယ်ချက်ရှိရှိပြောသည်။

"မင်းမသွားရင် ကိုယ်လည်း မသွားဘူး။ ညစာ ဘာစားချင်လဲ။ အတူတူ ထမင်းသွားစားရအောင်" ကျီပိုင်ယင်းက မသွားချင်တာကြောင့် သူမကို အတင်းအကြပ် မလုပ်ခိုင်းပါ။ သူလည်း သွားမည်မဟုတ်ပေ။

ရှုကျင်းချန် သူမနှင့်အတူနေရန်ရွေးချယ်သောအခါ ကျီပိုင်ယင်းသည် ရင်ထဲထိသွားသည်။ သူမကိုယ်သူမ ယုတ္တိမရှိဘူးလို့ ရုတ်တရက် ခံစားလိုက်ရသည်။

"ရှင့်အစ်ကိုကြီးက ရှင့်ကို သွားစေချင်‌နေတာလေ။ သူ့ကို သွားတွေ့ဖို့ ငြင်းရင် ရိုင်းရာမကျဘူးလား” ကျီပိုင်ယင်းက ညင်သာစွာပြောသည်။

“ဒီနေ့ မင်းနဲ့အတူနေမယ်လို့ ကတိပေးခဲ့တယ်လေ။ မင်း မသွားချင်ရင် ကိုယ် မင်းကိုတစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး။ အရေးမကြီးပါဘူး မသွားလို့ကတယ်။ စကားမစပ် မင်းက အခု ကိုယ့်‌ကောင်မလေးလေ။ ကိုယ်မင်းကို ဒီမှာ မထားခဲ့နိုင်ဘူး။ ကိုယ်က ယောက်ျားတစ်ယောက်ပါ” ဟု ရှုကျင်းချန်က အလေးအနက်ထားပြောသည်။

ကျီပိုင်ယင်းသည် သူမကို သူ့ကောင်မလေးဟု ခေါ်သောအခါတွင် သူမသည် သူနှင့် ငြင်းခုံခြင်းမရှိပေ။ သူမသည် တွန့်ဆုတ်နပေုံရသော်လည်း ရှုကျင်းချန်၏ စကားကြောင့် သူမ စိတ်လှုပ်ရှားသွားကြောင်း ဝန်ခံရမည်။

"ကောင်းပြီ ရှင့်အကိုကြီးဆီ အတူတူသွားရအောင်။ မသွားဘဲ ငြင်းရင် ကျွန်မက ယုတ္တိမရှိတဲ့သူ ဖြစ်သွားလိမ့်မယ်” ဟု ကျီပိုင်ယင်းက ပြောသည်။ ယခု သူမသည် ရှုကျင်းချန် ၏ရည်းစားဖြစ်နေပြီဟူသောအချက်ကို လက်ခံလိုက်သည်။ အမှန်မှာ ရှုကျင်းချန်အား သူမ ထိုသို့ပြောလိုက်သည့်အခါ သူမကိုယ်သူမ သူ့ရည်းစားအဖြစ် ခံယူထားပြီးသားဖြစ်သည်။

"ကောင်းပြီ အခုသွားရအောင်!" ကျီပိုင်ယင်းက သူ့ကိုယ်သူ သူ့ချစ်သူအဖြစ် မှတ်ယူတဲ့အတွက် ရှုကျင်းချန်ဟာ အတော်လေး ကျေနပ်သွားသည်။

ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ကို လိုက်ဖို့ တစ်ခါတလေမှာ အရှက်မရှိဖို့ လိုအပ်တာ အမှန်ပါပဲ။

အဲဒီနောက် ရှုကျင်းချန်က ရှုကျင်းလင်ကို ဖုန်းဆက်ပြီး သူဘယ်မှာလဲဟု မေးသည်။

ရှုမိသားစုတွင် ကိုယ်ပိုင်ဟိုတယ်ရှိသောကြောင့် အခြားတစ်နေရာသို့သွားရန် မလိုအပ်ပါ။ မြို့လယ်ရှိ ကျင်းလင်ဟိုတယ်တွင် ထမင်းစားကြသည်။

လမ်းတစ်ဝက်မှာ ရှုကျင်းချန်က ပန်းဆိုင်ကိုတွေ့တော့ ကားရပ်ဖို့နေရာရှာပြီး ရေဝယ်ရမယ်ဟုဆိုကာ ကားထဲမှာစောင့်နေဖို့ ကျီပိုင်ယင်းကို ပြောလိုက်သည်။

ကျီပိုင်ယင်းသည် ကားရပ်သည့်နေရာမှ ပန်းဆိုင်ကို မမြင်ရသောကြောင့် ရှုကျင်းချန် ပန်းဝယ်ရန် ထွက်သွားသည်ကို သူမ မသိလိုက်ပေ။

နှင်းဆီပန်းစည်းကြီးနဲ့ ပြန်လာတဲ့အခါမှာတော့ သူ လိမ်ညာပြီး ထွက်သွားတာဆိုတာ သိလိုက်ရသည်။ ရေဝယ်ဖို့ ထွက်သွားတာမဟုတ်ဘဲ ပန်းဝယ်ဖို့သွားတာဖြစ်သည်။

တခဏချင်းမှာပဲ ကျီပိုင်ယင်း ငိုချင်လာသလို ခံစားရသည်။ ဒီလို အချစ်ရေးမျိုးကို သူမ ပထမဆုံးအကြိမ် ကြုံဖူးတာဖြစ်သည်။

ရှုကျင်းချန်က ကားရှေ့ကို ပြန်ရောက်တာနဲ့ ကားရှေ့ခရီးသည်ထိုင်ခုံရဲ့ ကားတံခါးကို ဖွင့်ပြီး ကျီပိုင်ယင်းကို ပန်းတွေ ပေးလိုက်သည်။ "ဒီမှာ"

ရှုကျင်းချန်ဟာ အရင်က အချစ်ရေးမှာ လေးနက်တဲ့ အချစ်ရေးမျိုး တစ်ခါမှ မရှိခဲ့ပေ။ ဒါကြောင့် သူဟာ အရမ်း ရိုမန်တစ်ဆန်တဲ့ ယောကျာ်းတစ်ယောက်တော့ မဟုတ်ပါဘူး။ သူသည် တတ်နိုင်သမျှ သင်ယူပြီး ရိုမန့်တစ်ဖြစ်ရန် ကြိုးစားသည်။

ကျီပိုင်ယင်းက သူမသည် ရှုကျင်းချန်၏ ချစ်သူဖြစ်ကြောင်း ဝန်ခံထားသောကြောင့် သူ့ပန်းပွင့်များကို ငြင်းပယ်မည်မဟုတ်ပေ။ သူမက သူတို့ကို ချက်ချင်းလက်ခံပြီး "ကျေးဇူးတင်ပါတယ်!"

***

ဖီးနစ်သွေးစက်

အခန်း ၂၀၂၇ ယင်ရှီရွှမ်း၏အလောင်းကို ရှာဖွေတွေ့ရှိခြင်း

ရှုကျင်းချန်က သူမကို ညင်သာစွာ ပြုံးပြလိုက်သည်။ သူ ခဏလောက်တုံ့ဆိုင်းသွားပြီး ရှေ့ခရီးသည် ထိုင်ခုံရဲ့ ကားတံခါးကို ပိတ်လိုက်ကာ ဒရိုင်ဘာ ထိုင်ခုံကို ပြန်သွားလိုက်သည်။

တကယ်တော့ ကျီပိုင်ယင်းကို တကယ်နမ်းချင်ပေမယ့် သင့်တော်မယ်မထင်ပေ။ တကယ်တော့ ကျီပိုင်ယင်းကို သူ့ရည်းစားအဖြစ် ဆွဲဆောင်ဖို့က သူ့အတွက် မလွယ်လှပေ။ သူသည် သူမနှင့် ရင်းနှီးလွန်းသော အရာတစ်ခုကို ချက်ချင်းလုပ်ပါက ရိုင်း‌ပြမိလိမ့်မည်။

တခါတရံတွင် သူသည် အရှက်မရှိသူဖြစ်ရန် လိုအပ်သော်လည်း သူမအ‌ပေါ် သူ၏ကောင်းသော အထင်အမြင်ကို ကာကွယ်ရန် သူဂရုစိုက်သင့်သည်။

ညနေ 6:20 တွင် ရှုကျင်းချန်သည် ကျီပိုင်ယင်းကို ကျင်းလင်ဟိုတယ်သို့ခေါ်ဆောင်ခဲ့သည်။ ရှုကျင်းလင် ကြိုတင်မှာထားတဲ့ သီးသန့်အခန်းကို သူတို့ တိုက်ရိုက်သွားခဲ့ကြသည်။

ဒီအချိန်မှာ လူစုံနေပြီဖြစ်သည်။ ရှုကျင်းချန်နှင့် ကျီပိုင်ယင်းတို့သည် မဟာတံတိုင်းကြီးမှ ဤနေရာသို့ ရောက်လာကြတာဖြစ်ပြီး လမ်းပေါ်တွင် အချိန်များစွာကုန်ဆုံးသောကြောင့် နောက်ဆုံး‌ရောက်တဲ့လူများဖြစ်သည်။

သီးသန့်အခန်းတွင် လူခြောက်ဦးရှိကာ အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦးဖြစ်သည်။

ရှုကျင်းလင်နှင့်အတူ သူ၏ စေ့စပ်ထားသူပါ လိုက်ပါလာသည်။ သူ့သူငယ်ချင်း အန်းယန် က သူ့မိန်းမနဲ့ အတူလာပြီး သူ့သူငယ်ချင်း ကျီဝမ်ပု က သူ့ရည်းစားနဲ့ လာခဲ့သည်။

အန်းယန်နှင့် ကျီဝမ်ပု နှစ်ဦးစလုံးသည် ရှုကျင်းလင်၏သူငယ်ချင်းများဖြစ်ကြသော်လည်း ရှုကျင်းချန် နှင့်လည်း ရင်းနှီးကြသည်။ ရှုကျင်းချန် မြို့တော်ကိုပြန်ရောက်တဲ့အခါ မီးနီထဲက သူ့ရဲဘော်တွေနဲ့ဖြစ်ဖြစ် သူတို့နဲ့ဖြစ်ဖြစ်ဆုံကြသည်။

သူ့အလုပ်ကြောင့် ရှုကျင်းချန်မှာ သူငယ်ချင်းများများစားစားမရှိပါ။

ရှုကျင်းလင်သည် စီးပွားရေးတွင် ပါဝင်ပတ်သက်နေသောကြောင့် သူသည် လူများစွာကို သိသော်လည်း ၎င်းတို့ထဲမှ အနည်းငယ်နှင့်သာ ဆက်ဆံရေးကောင်းမွန်သည်။

အစပိုင်းမှာတော့ ရှုကျင်းချန်ဟာ သူတို့နဲ့ ဆုံစည်းရတာကို နှစ်သက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူတို့အားလုံးဟာ အတွဲတွေ ကိုယ်စီရှိလာကာ သူက တစ်ကိုယ်တည်းဖြစ်တာကြောင့် သူတို့နဲ့ ပြန်စုဝေးဖို့ တဖြည်းဖြည်း တွန့်ဆုတ်လာခဲ့သည်။ ရလဒ်အနေဖြင့် မီးနီ၌ သူ၏အဖော်များနှင့်သာ မကြာခဏ ဆုံဆည်းခဲ့သည်။

ကံမကောင်းစွာပဲ သူ့ရဲဘော်တွေကလည်း ရည်းစားတွေ တယောက်ပြီးတယောက် ရလာတဲ့အတွက် သူတို့ကိုလည်း မတွေ့ချင်တော့‌ပေ။ ဒါကို သူ စိတ်မချမ်းမသာဖြစ်ပေမယ့် အလေးအနက်တော့မထားပါ။

ဘာပဲဖြစ်ဖြစ် သူ့မှာ ရည်းစားရှိနပေြီမို့ သူ့သူငယ်ချင်းတွေထဲမှာ စုံတွဲဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ဂရုမစိုက်‌ေတာ့ပါ။

"အို ဟေး ကျင်းချန်၊ ဘာလို့ မင်းကောင်မလေးကို ငါတို့နဲ့ မမိတ်ဆက်ပေး‌သေးတာလဲ"

ရှုကျင်းချန် ပေါ်လာတာနဲ့ သူ့သူငယ်ချင်းတွေက သူ့ကို နှုတ်ဆက်သည်။

“ကောင်းပြီ၊ မင်းကို မိတ်ဆက်ပေးပါရစေ၊ ဒါက ငါ့ရည်းစား ကျီပိုင်ယင်း” ဟု ရှုကျင်းချန်က ဂုဏ်ယူစွာနဲ့ ပြောလိုက်သည်။

သတင်းကောင်းကြားရတဲ့အခါ လူတွေက စိတ်လှုပ်ရှား‌ေလ့ရှိတာကြောင့် ရှုကျင်းချန်ဟာ ချစ်သူရပြီးနောက် စိတ်လှုပ်ရှားနေခဲ့သည်။

ယင်းနောက် ရှုကျင်းချန်က ကျီပိုင်ယင်းအား "ပိုင်ယင်း၊ ဒါက ကိုယ့်အစ်ကို ရှုကျင်းလင်။ ဒါက သူ့ရဲ့ စေ့စပ်ထားတဲ့သူ ဝမ်ရှီယီပါ။ ဒါက အန်းယန်၊ သူ့ဇနီး ကျန်းခယ့်ခယ့်။ ဒါက ကျီဝမ်ပု၊ သူ့ရည်းစား ကောင်းလဲ့”

"တွေ့ရတာဝမ်းသာပါတယ် မစ္စကျီ"

ထိုစကားကိုကြားတော့ အားလုံးက ကျီပိုင်ယင်းကို ညင်သာစွာ နှုတ်ဆက်ကြသည်။

“တွေ့ရတာ ဝမ်းသာပါတယ်” ကျီပိုင်ယင်းက သူတို့ကို ပြန်ဖြေသည်။ ဒါဟာ သူတို့ရဲ့ ပထမဆုံးတွေ့ဆုံမှုဖြစ်တာကြောင့် သူမ အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။ နောက်ဆုံးတော့ သူမဟာ ရှုကျင်းချန်ရဲ့ ချစ်သူဖြစ်နပေါပြီ။

သူတို့နှစ်ယောက်သာ သူငယ်ချင်းဖြစ်ခဲ့လျှင် သူမ လုံးဝရှက်မည်မဟုတ်ပေ။ ထို့အပြင် ရှုကျင်းချန်၏ အစ်ကိုအရင်းလည်း ရှိနေသည်။

ဘာပဲဖြစ်ဖြစ် ကျီပိုင်ယင်းဟာ သာမန်မိန်းကလေးတစ်ယောက်တော့ မဟုတ်ပါ။ အနည်းငယ်ရှက်ရွံ့နေသော်လည်း စိတ်ချယုံကြည်စွာ ပြုမူနေသေးသည်။

ရှုကျင်းချန်နှင့် ကျီပိုင်ယင်း ထိုင်ပြီးနောက် သူတို့ စတင်မှာတော့သည်။ ပန်းကန်တွေ လာပို့ဖို့ စောင့်ရင်း အချင်းချင်း စကားစမြည်ပြောကြသည်။

ကျီပိုင်ယင်းက သူတို့နဲ့ ပထမဆုံးတွေ့ဖူးတာဆိုပေမယ့် သူမကို လျစ်လျူမရှုဘဲ တစ်ခါတစ်ခါစကားစမြည်ပြောခဲ့သည်။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ်၊ အားလုံးက သူမကို ကြင်နာကြသည်။

သို့သော် သူတို့သည် ယခုမှစတွေ့ကြတာဖြစ်၍ အချင်းချင်း အရာအားလုံး မပြောကြပါ အထူးသဖြင့် ကျီပိုင်ယင်း၏မိသားစုအကြောင်းနှင့် သူတို့ဘယ်လိုဖြစ်ပြီး တွဲသွားရတာလဲဆိုတာကို ရှက်ရွံ့မိမည်ဆိုး၍ မည်သို့မျှ မပြောကြပေ။

ထမင်းစားပြီးတာနဲ့ clubhouse မှာသွားပျော်ကြသည်။

…

ကုနင်းကို စူးစမ်းရန် လာရောက်သော ကျင့်ကြံသူအများအပြားသည် သူမကို ရက်အနည်းငယ်ကြာအောင် မတွေ့ရဘဲ အချင်းချင်း တွေ့ဆုံခဲ့ကြသည်။

အချင်းချင်း ဆုံကြသော ကျင့်ကြံသူများမှာ ယင်ရှီယီနှင့် သုန်းဖန်းကျင်းဟုန်တို့ဖြစ်သည်။

ကုနင်းကို စူးစမ်းရန် အခြားမိသားစုများမှ တစ်စုံတစ်ဦးကို စေလွှတ်ထားသည်ကို သိရှိထားသောကြောင့် အချင်းချင်းတွေ့ကြသည်ကို မအံ့သြကြပေ။

တကယ်တော့ သူတို့ဟာ စောစောကတည်းက တစ်ယောက်ကိုတစ်ယောက် အာရုံခံစားဖူးပေမယ့် မတွေ့ချင်ကြတာကြောင့် တစ်ဖက်လူရဲ့အ‌ငွေ့အသက်ကို ခံစားမိတဲ့အခါ တစ်ယောက်ကိုတစ်ယောက် မတွေ့မိအောင် ရှောင်ရှားခဲ့ကြသည်။ သို့သော် ယခုတစ်ကြိမ်တွင် အချင်းချင်း မတော်တဆ တွေ့မိပြီး တစ်ယောက်ကို တစ်ယောက် ရှောင်ရန် အချိန်နှောင်းသွားသဖြင့် ဆုံတွေ့ကြရသည်။

“အို ဟိုင်း အန်ကယ်ယင်” ယင်ရှီယီကိုတွေ့တော့ သုန်းဖန်းကျင်းဟုန်က သူ့ကို စိတ်ထားကောင်းပြီး အရင်ဆုံး နှုတ်ဆက်သည်။

သူတို့မိသားစုတွေဟာ တကယ်တော့ ရန်သူတွေဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြိုင်အဆိုင် မရပ်တန့်ခဲ့ကြပေမယ့် သူတို့ရဲ့ ဆက်ဆံရေးက ဒီလောက်မဆိုးတဲ့အတွက် အပေါ်ယံမှာ ယဉ်ကျေးစွာ ဆက်ဆံသည်။

"ဟိုင်း တူလေး ကျင်းဟုန်" ယင်ရှီယီက သူ့ကို လှမ်း‌ပေြာသည်။ "စားပြီးပြီလား?"

“မစားရ‌သေးဘူး အခုထမင်းစားဖို့ သွားနေတာ။ အန်ကယ်ယင်ရော ဘယ်လိုလဲ" သုန်းဖန်းကျင်းဟုန် က မေးသည်။

"ငါလည်းပဲ။ ငါတို့ အတူတူသွားစားကြမလား" ယင်ရှီယီက မေးသည်။

“ကောင်းသားပဲ။” သုန်းဖန်းကျင်းဟုန်က သဘောတူပြီးနောက် အတူတူထမင်းစားကြသည်။

တစ်ယောက်နဲ့တစ်ယောက်ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကို ရှင်းရှင်းလင်းလင်းသိပေမယ့် နှစ်ယောက်လုံးက အဲဒါကို မပြောကြတဲ့အတွက် တခြားအရာတွေအကြောင်း ပြောကြသည်။

"အို ငါ့အကိုကြီးတွေ့‌သေးလား" ယင်ရှီယီက မေးသည်။

"အန်ကယ်ရှီရွှမ်းလား? မသိဘူး ကျွန်တော်မတွေ့မိပါဘူး” ဟု သုန်းဖန်းကျင်းဟုန်ကပြောပြီး အဲဒီအကြောင်းကို ဆက်မမေးတော့ပေ။

ပန်းကန်များကို စားပွဲပေါ်‌ရောက်သောအခါတွင် စတင်စားကြသည်။

သူတို့ ခန်းမထဲမှာ ထိုင်နေတော့ တခြားလူတွေ ဝိုင်းဝိုင်းလည်ကြတယ်။ ထို့ကြောင့် ထမင်းစားနေစဉ်တွင် နောက်စားပွဲ၏ ဆွေးနွေးချက်ကို သူတို့ကြားလိုက်ရသည်။

“ဘုရား ဘုရား XX လမ်းရဲ့ တောင်ပေါ်မှာ အလောင်းတွေ့တယ်တဲ့ သေတာကြာပြီထင်ရပေမယ့် မပုပ်သေးဘူး။ ယုံရခက်တယ်!"

“ဟုတ်တယ်၊ ဒါပေမယ့် ကြောက်စရာကောင်းလိုက်တာ။ သူကိုသတ်ပြီး အလောင်းကို စွန့်ပစ်ဖို့ဆို လူသတ်သမားက‌ တော်တော်မုန်းတီး‌နေလို့ ဖြစ်ရမယ်”

"ဘယ်သူသိနိုင်မလဲ! ရဲတပ်ဖွဲ့က လူသတ်သမားကို မတွေ့သေးတော့ ရလဒ်ထွက်မလာမှာကို စိုးရိမ်ရတယ်”

"လူသတ်သမားကို အခု ရှာမတွေ့ပေမယ့် လူသတ်သမားက ထာဝရပုန်းနေနိုင်တယ်လို့ မဆိုလိုပါဘူး!"

“အလောင်းကို ရှာတွေ့ချိန်မှာ ဖုန်းနဲ့ မှတ်ပုံတင်ကတ်လည်း မရှိတော့ ဘယ်သူဘယ်ဝါဆိုတာ မသိနိုင်ဘူး။ အင်တာနက်မှာ သုံးရက်လောက် ပြသထားပေမယ့် ဘယ်သူမှ မမှတ်မိနိုင်‌သေးဘူး”

ထိုဆွေးနွေးချက်ကိုကြားတော့ ယင်ရှီယီနှင့် သုန်းဖန်းကျင်းဟုန်တို့သည် အဆန်းမဟုတ်သောကြောင့် စိတ်မဝင်စားခဲ့ပေ။ ပဋိပက္ခတွေကြောင့် လူတွေ အချင်းချင်း သတ်ဖြတ်ပြီး အလောင်းတွေကို ပစ်လေ့ရှိသည်။

"တခြားသဲလွန်စမရှိဘူးလား"

"ရှိတယိ ခန္ဓာကိုယ်မှာ နဂါးပုံစံထွင်းထားတဲ့ ဟောတန်ကျောက်စိမ်းအပိုင်းအစရှိပေမယ့် အထောက်အကူမဖြစ်နိုင်‌ဘူးတဲ့။ အခုနောက်ပိုင်းမှာ ကျောက်စိမ်းတွေ အများကြီးရှိတယ်‌လေ”

မည်သို့ပင်ဆိုစေကာမူ ယင်ရှီယီသည် ခန္ဓာကိုယ်တွင် နဂါးဖြင့် ထွင်းထုထားသော ဟောတန်ကျောက်စိမ်းတစ်ပိုင်းရှိကြောင်း ကြားလိုက်ရသောအခါတွင် တုန်လှုပ်သွားခဲ့သည်။

ယင်ရှီရွှမ်းက နဂါးနဲ့ထွင်းထားတဲ့ ဟောတန်ကျောက်စိမ်းတစ်ပိုင်းကို သယ်သွား‌လေ့ရှိသည်။ ယခုအချိန်တွင် ပုံစံအမျိုးမျိုးဖြင့် ထွင်းထုထားသော ကျောက်စိမ်းအများအပြားရှိသော်လည်း ဟောတန်ကျောက်စိမ်းသည် အလွန်ရှားပါးနေဆဲဖြစ်သည်။

ယင်ရှီရွှမ်း ကွယ်လွန်သွားပြီဆိုတာကို မယုံချင်ပေမယ့် သူ့မှာ ရုတ်တရက် ကြိုတင်သတိပေးချက်တစ်ခုရှိလာတာကြောင့် သေချာ‌အောင်စစ်ဆေးဖို့ သွားရပါမည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၂၈ လူသတ်သမားကိုရှာပါ

ထို့ကြောင့် ယင်ရှီယီသည် ချက်ချင်းထရပ်ပြီး နောက်စားပွဲဆီသို့ လျှောက်သွားလိုက်သည်။ "တောင်းပန်ပါတယ် အဲ့သတင်းတစ်ချက်‌လောက်ကြည့်လို့ရမလား" သူကပြောသည်။

စားပွဲဝိုင်းတွင်ထိုင်နေသောလူများက သူဘာလုပ်ချင်သည်ကိုမသိသော်လည်း တစ်ယောက်က ယင်ရှီယီကို သူ့ဖုန်းကိုပေးကာ သတင်းဖတ်ခွင့်ပေးလိုက်သည်။

သုန်းဖန်းကျင်းဟုန်သည် ယင်ရှီယီ၏ အပြုအမူကြောင့် စိတ်ရှုပ်သွားသော်လည်း သူ ကြည့်ရုံသာ ကြည့်‌နေလိုက်သည်။

ယင်ရှီယီသည် ဖုန်းကိုယူကာ ဖန်သားပြင်ပေါ်တွင် နဂါးဖြင့် ထွင်းထုထားသော ဟောတန်ကျောက်စိမ်းအပိုင်းအစကို မြင်လိုက်ရသည်။ တစ်ချက်ကြည့်လိုက်ပြီးနောက် ၎င်းသည် ယင်ရှီရွှမ်း၏ကျောက်စိမ်းဆွဲသီးဖြစ်ကြောင်း သူသေချာစွာသိလိုက်သည်။ တခဏအတွင်းမှာပင် သူ ထိတ်လန့်သွားသည်။

ယင်ရှီရွှမ်း တကယ်သေသွားတာလား။

သူမယုံနိုင်ပါ။

ယင်ရှီရွှမ်းသည် ကျင့်ကြံသူဖြစ်သောကြောင့် ယင်ရှီယီ က ၎င်းကို မယုံခဲ့ပေ။ သေလောက်အောင်ထိ သူ့ကို ထိခိုက်အောင်လုပ်ဖို့ဆိုတာ မဖြစ်နိုင‌်ပေ။

ကျင့်ကြံသူများသည် အချင်းချင်း သတ်၍မရသော စည်းကမ်းရှိသောကြောင့် ယင်ရှီရွှမ်းကို အခြားကျင့်ကြံသူမှ သတ်ခဲ့သည်ဟု သူမထင်ခဲ့ပေ။ ပဋိပက္ခ တစ်စုံတစ်ရာ ရှိခဲ့ပါက ၎င်းတို့သည် ထျန်းတောက်ကျုံးသို့ သတင်းပို့သင့်သည်။ ထျန်းတောက်ကျုံး သည် ၎င်းကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး လိုအပ်ပါက သတ်ပစ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ သို့သော် ကျင့်ကြံသူမည်သူမဆို ထိုသို့ တိတ်တဆိတ် သတ်ရန် သတ္တိရှိရဲပြီး ဖော်ထုတ်နိုင်သွားပါက အပြစ်ပေးခံရမည်ဖြစ်သည်။

ထျန်းတောက်ကျုံးသည် ကျင့်ကြံရေးလောကတွင် သြဇာအာဏာရှိသောကြောင့် ကျင့်ကြံသူ မည်သူမျှ ယင်းကို ဆန့်ကျင်ဝံ့ရဲခြင်းမရှိပေ။

ယင်ရှီရွှမ်းအား ကျင့်ကြံရေးလောကမှ အခြားသော ကျင့်ကြံသူက သတ်ခဲ့တာမဟုတ်ပါက မကောင်းဆိုးဝါးလေ့ကျင့်စဉ် သို့မဟုတ် အဆင့်မြင့်မားသော မိစ္ဆာမှသတ်တာဖြစ်ရပါမည်။

ယင်ရှီယီသည် အလောင်းပုံရှိမရှိကို သေချာစေရန်အတွက် ဖန်သားပြင်ပေါ်သို့ လက်ချောင်းတစ်ချောင်းဖြင့် ပွတ်ဆွဲလိုက်သည်။

သူ့မှာ ယင်ရှီရွှမ်း မဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်တွေ ပြည့်နှက်နေပေမယ့် အလောင်းပုံကို မြင်လိုက်ရတာနဲ့ အပြင်းအထန် စိတ်ထိခိုက်သွားသည်။ သူ့မျက်နှာသည် တခဏချင်း ဖြူဖျော့သွားကာ မတ်တပ်‌တောင် ကောင်းကောင်းမရပ်နိုင်တော့ပေ။

အလောင်းက တကယ်ပဲ ယင်ရှီရွှမ်း ပင်။ ယင်ရှီရွှမ်း အသတ်ခံခဲ့ရသည်။

ယင်ရှီယီ၏တုံ့ပြန်မှုကိုမြင်တော့ သုန်းဖန်းကျင်းဟုန်က သိလိုက်ရသည်။ ယင်ရှီယီသည် ထိုလူသေကို သိသည်မှာ ထင်ရှား‌ပေသည်။

ယင်ရှီယီက သူ့ကို မေးလိုက်သည့် မေးခွန်းကို တွေးကြည့်ရာ သေသူသည် ယင်ရှီရွှမ်း ဖြစ်နိုင်သည်ဟု သူထင်မိသည်။

သုန်းဖန်းကျင်းဟုန်လည်း ထိတ်လန့်ပြီး မယုံနိုင်အောင် ဖြစ်သွားသည်။

ယင်ရှီရွှမ်းသည် မြင့်မားသောအဆင့်တွင် ရှိသည်၊ ထို့ကြောင့် သူသည် လူ့လောကတွင် နေနေသာသာ ကျင့်ကြံရေးလောကမှာတောင် သူနဲ့ယှဉ်နိုင်တဲ့သူ များစွာမရှိပေ။

သေသွားတဲ့သူက တကယ် ယင်ရှီရွှမ်းသာဆိုရင် သူ့ကို ဘယ်သူသတ်တာလဲ။

"ဒီ‌သေသွားတဲ့လူကို မင်းသိလား" ယင်ရှီယီကို ဖုန်းကို ပေးတဲ့သူက မေးသည်။

ထိုစကားကိုကြားတော့ ယင်ရှီယီက သူ့အသိစိတ်ပြန်ဝင်လာပြီး ဖုန်းကို ထိုလူဆီပြန်ပေးလိုက်သည်။ သူသည် ထိုလူ၏မေးခွန်းကို မဖြေဘဲ လှည့်ထွက်ပြီး ထွက်ခွာမသွားမီ သူ့ကို ကျေးဇူးတင်ကြောင်းသာ ပြောခဲ့သည်။

သူ့တုံ့ပြန်မှုကနေ အဖြေကို သိသာထင်ရှားစွာ မြင်နိုင်သောကြောင့် ထိုလူက သူ့ကို ဆက်မမေးတော့ပေ။ သေသွားတဲ့သူနှင့် အသိဖြစ်ရ‌မည်။

ယင်ရှီယီက စားချင်စိတ် ပျောက်သွားသည်။ သူသည် ယင်ရှီရွှမ်း၏အလောင်းကို သွားယူပြီးနောက် ကျင့်ကြံရေးလောကသို့ပြန်သွားပြီး ယင်မိသားစုနှင့် စကားပြောရတော့မည်။

ယင်ရှီယီ စားပွဲဆီသို့ ပြန်သွားပြီးနောက် “တူလေး ကျင်းဟုန်၊ တောင်းပန်ပါတယ် ငါကိစ္စတစ်ခုပေါ်လာလို့သွားရတော့မယ်။ စားပါ! ငါ ငွေရှင်းခဲ့လိုက်မယ်"

“ကျေးဇူးပြုပြီး မရှင်းနဲ့ပါနဲ့။ ကိုင်တွယ်ရမယ့် ကိစ္စသာ သွားလုပ်လိုက်ပါ။ ဒီမှာ အချိန်မဖြုန်းပါနဲ့” ဟု သုန်းဖန်းကျင်းဟုန်က ပြောသည်။ ယင်ရှီယီအတွက် ထမင်းတစ်နပ် ဝယ်‌ကျွေးတာက ကြီးကြီးမားမားတော့ မဟုတ်ပါ။ ယင်ရှီယီက သိပ်လည်း မစားထားပေ။

ဘာတွေဖြစ်ခဲ့တာလဲဆိုတာကို သုန်းဖန်းကျင်းဟုန်က မမေး‌ပေ။ သူကိုယ်တိုင် အင်တာနက်မှာ သတင်းဖတ်လိုက်ရင် သိရလိမ့်မည်။

"ကျေးဇူးပါပဲ တူလေးကျင်းဟုန်" သုန်းဖန်းကျင်းဟုန် က ဒီလိုပြောပြီးကတည်းက ယင်ရှီယီ က အတင်းအကြပ်မလုပ်တော့ပါ။

"ရပါတယ်" သုန်းဖန်းကျင်းဟုန် ကပြောပြီး‌‌နောက် ယင်ရှီယီက အမြန်ထွက်သွားသည်။

ယင်ရှီယီ မရှိတော့တာနဲ့ သုန်းဖန်းကျင်းဟုန်က သူ့ဖုန်းကိုထုတ်ပြီး သတင်းရှာလိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ သူတွေ့သွားသည်။ လူသေအလောင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယင်ရှီရွှမ်းမှန်း သိလိုက်သည်။

သူအဲဒီလို မှန်းဆပြီးသားဖြစ်ပေမဲ့ တကယ်သေချာသွားတဲ့အခါ အံ့ဩသွားမိသည်။

ကြန့်ကြာမနေဘဲ ယင်ရှီယီသည် ရုပ်အလောင်း၏ အထောက်အထားကို အတည်ပြုရန် ပြည်သူ့လုံခြုံရေးဗျူရိုသို့ ထွက်ခွာသွားခဲ့သည်။

အတည်ပြုပြီးနောက် ယင်ရှီယီသည် ယင်ရှီရွှမ်း၏အလောင်းကို အောင်မြင်စွာပြန်ယူပြီးနောက် ကျင့်ကြံရေးလောကသို့ အမြန်ထွက်ခွာသွားခဲ့သည်။

ယင်ရှီယီသည် ယင်ရှီရွှမ်း၏အလောင်းကိုမြင်လိုက်သည်နှင့် ယင်ရှီရွှမ်း မည်ကဲ့သို့သေဆုံးသွားသည်ကို သိရှိလိုက်သည်။ တစ်စုံတစ်ယောက်သည် သူ၏ စွမ်းအင်ဗဟိုချက်ကို ဖောက်ခွဲလိုက်သောကြောင့် သေဆုံးသွားခြင်းဖြစ်သည်။

ယင်ရှီရွှမ်းသည် ပြင်းထန်သောတိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ခဲ့ရပုံရသည်။

ယင်ရှီယီသည် ယင်ရှီရွှမ်း၏ ရုပ်အလောင်းကို ကျင့်ကြံရေးလောကရှိ ယင်မိသားစုထံ ပြန်ပို့ခဲ့သည်။ ယင်မိသားစုက သူ့အလောင်းကိုတွေ့တော့ ဘယ်သူမှ မယုံနိုင်ပေ။ ယင်ရှီရွှမ်း၏မိဘများသည် ဝမ်းနည်းပူဆွေးမှုကြောင့် မူးလဲလုနီးပါးဖြစ်ကာ ဇနီးနှင့်သမီးလည်း ထိုကဲ့သို့ပင်။

"ဘယ်လိုဖြစ်တာလဲ?" ယင်မိသားစု၏ဘိုးဘေးက ယင်ရှီရွှမ်းကိုမေးသည်။

ယင်မိသားစု၏ဘိုးဘေးမှာ ၎င်းမိသားစု၏အကြီးဆုံးသားဖြစ်ပြီး ယင်ရှီရွှမ်းသည် မျိုးဆက်သစ်လူငယ်များကြားတွင် ထူးချွန်သောကြောင့် ၎င်း၏တူဖြစ်သူ ယင်ရှီရွှမ်းကို အလွန်ဂရုစိုက်သည်။

“သူ့ရဲ့ စွမ်းအင်ဗဟိုချက် ပေါက်ကွဲသွားလို့ သေဆုံးသွားတာပါ။ ဒီနေ့ ထမင်းစားနေတုန်း လူသေတဲ့သတင်းကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရတယ်။ နောက်တော့ အဲဒါ ရှီရွှမ်းမှန်း သိလိုက်ရတယ်” ယင်ရှီယီက ဆက်၍ "ရှီရွှမ်းရဲ့ စွမ်းအင်ဗဟိုချက်ကို ပေါက်ကွဲအောင် လုပ်နိုင်တဲ့ နောက်ထပ် ကျင့်ကြံသူဖြစ်ရမယ်။ ဒါပေမယ့် ထိုကျင့်ကြံသူက ကျင့်ကြံရေးလောကထဲကလား ဒါမှမဟုတ် မကောင်းမှု ကျင့်စဉ်ကျင့်ထားတဲ့သူလားဆိုတာတော့ ကျွန်တော် မသိဘူး။ မိစ္ဆာတစ်ကောင်လည်း ဖြစ်နိုင်တယ်”

သူနဲ့ ယင်ရှီရွှမ်းက သိပ်ရင်းနှီးတာမဟုတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးကောင်းတဲ့အတွက် ယင်ရှီရွှမ်း ဆုံးပါးသွားတဲ့အခါ ဝမ်းနည်းသလို ခံစားရသည်။

"လူသတ်သမားကို ရှာကြ!" ယင်မိသားစု၏ဘိုးဘေးက ယင်မိသားစုကို အရှက်ရစေသောကြောင့် ဒေါသတကြီး အမိန့်ပေးခဲ့သည်။

ယင်မိသားစုရဲ့ ဘိုးဘေးက အစတုန်းက တခြား အင်အားကြီးမိသားစုတွေကို သံသယဖြစ်ခဲ့ပေမယ့် ဖြစ်နိုင်ခြေ သိပ်မရှိဘူးလို့ မထင်ခဲ့ပါဘူး။ ထိုအခြေအနေတွင် လူသတ်သမားသည် ‌မကောင်းသောကျင့်စဉ်ကျင့်ထားတာ သို့မဟုတ် မြင့်မားသောအဆင့်ရှိ မိစ္ဆာအဖွဲ့ဝင်ဖြစ်ဖွယ်ရှိသည်။

ဘာပဲ ဖြစ်ဖြစ် သက်သေ အထောက်အထားတွေ လိုအပ်သည်။ ထို့နောက် ယင်မိသားစုမှ စုံစမ်းရန် လူများကို စေလွှတ်ခဲ့သည်။

ရဲတပ်ဖွဲ့က ဘာတစ်ခုမှ မတွေ့ရှိရသေးပေမယ့် စွမ်းဆောင်နိုင်စွမ်း မရှိဘူးလို့ မဆိုလိုပါဘူး။

နောက်နေ့မနက်စောစောမှာ ယင်မိသားစုရဲ့ဘိုးဘေးက ထျန်းတောက်ကျုံးကိုသွားပြီး သတင်းပို့သည်။ ထျန်းတောက်ကျုံးက ယင်မိသားစုကို ကူညီပေးမှာ သေချာပါသည်။

ယင်မိသားစုသည် ထျန်းတောက်ကျုံး သို့သွားပြီးနောက် ယင်ရှီရွှမ်း အသတ်ခံရသည့်သတင်းသည် အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။ သြဇာကြီးသော မိသားစုအားလုံးသည် သတင်းကို သိရှိကြပြီး မည်သူလုပ်သည်ကို ဆွေးနွေးကြသည်။

ယင်မိသားစုက သူတို့ကို သံသယဖြစ်နိုင်တယ်ဆိုတာ သူတို့သိပေမယ့် အဲဒါကို သူတို့မလုပ်တဲ့အတွက် စုံစမ်းစစ်ဆေးမှုနဲ့ပတ်သက်ပြီး သူတို့စိတ်မပူပါ။

ကျင်းကျီနဉ်သည် ယင်ရှီရွှမ်း၏သေဆုံးမှုတွင် သူနှင့်သက်ဆိုင်သောကြောင့် ပူပန်ထိတ်လန့်နေသည်။

သူသည် ထျန်းတောက်ကျုံး၏ အရည်အချင်းကို ကောင်းစွာသိသည်။ ယင်ရှီရွှမ်း သေဆုံးမှုတွင် သူပါဝင်ပတ်သက်မှုအကြောင်း သူတို့ သေချာပေါက် သိနိုင်သော်လည်း သူနှင့် ကုနင်းတို့သည် ယင်ရှီရွှမ်းကိုသတ်လိုက်သောအခါ ဝေးလံခေါင်သီသောတောင်မှာ ဖြစ်ပေသည်။ ထို့ကြောင့် သူတို့သည် သူယင်ရှီရွှမ်းကို ဆက်သွယ်ခဲ့ကြောင်း တွေ့ရှိနိုင်သော်လည်း သူသတ်ကြောင်း သက်သေပြရန် အထောက်အထားမရှိနိုင်ပေ။

ယေဘုယျအားဖြင့်တော့ လူတိုင်းက သူက ယင်ရှီရွှမ်းလောက် မကျွမ်းကျင်ဘူးဆိုပြီး သိထားကြသည်။

မည်သို့ပင်ဆိုစေကာမူ ကျင်းကျီနဉ်သည် သူ့မှတစ်ဆင့် ကျင်းယွင်ယောင်အကြောင်း သိနိုင်မည်ကို စိုးရိမ်သောကြောင့် သူသည် သတင်းကြားသည်နှင့် ကျင့်ကြံရေးလောကမှ ထွက်လာကာ ကျင်းယွင်ယောင်ကို ဖုန်းခေါ်လိုက်သည်။

ကျင်းယွင်ယောင်သည် ခွန်လွန်းတောင်သို့သွားသည်ကို သူသိသော်လည်း သူမကို ဆက်သွယ်လို့ ရလိုရငြား ဆက်လိုက်ခြင်းဖြစ်သည်။ သူတို့ ပြန်ရောက်နေနိုင်သည်လေ။

သူမထံ ဆက်သွယ်၍ မရပြီးနောက် ကျင်းကျီနဉ်သည် ကျင်းယွင်ယောင်ထံသို့ ယင်ရှီရွှမ်း သေဆုံးခြင်းအကြောင်းကို ကျင့်ကြံရေးလောကမှ သိရှိသွားပြီး ထျန်းတောက်ကျုံးက စုံစမ်းစစ်ဆေးမှုပြုလုပ်နေကြောင်း စာတိုပေးပို့ခဲ့သည်။ ကျင်းယွင်ယောင်၏ဖုန်းသည် ဖုန်းလိုင်းရရှိသည်နှင့် သူမ မက်ဆေ့ခ်ျကို ဖတ်နိုင်မည်ဖြစ်သည်။ လောလောဆယ်တွင် သူနှင့် ကျင်းယွင်ယောင် တွေ့တဲ့ စီစီတီဗီ ဗီဒီယိုများကို ဖျက်ဆီးဖို့ အစွမ်းကုန် လုပ်ဆောင်ရန်သာ တတ်နိုင်ပေသည်။

***

All Chapters