အခန်း (၂၀၂၉-၂၀၃၄)
Vol. 125 Ch. 2029-2034
အခန်း ၂၀၂၉ သူမ အောင်မြင်သွားတာလား
သုံးရက်တာသည် မြန်ဆန်စွာ ကုန်ဆုံးသွားတော့သည်။ ထိုရက်များအတွင်း လင်ရှောင်းထင်သည် စစ်မှန်သော တိုက်ပွဲများတွင် သူမ၏စွမ်းရည်များ တိုးတက်စေရန်အတွက် ကုနင်းနှင့် လေ့ကျင့်နေသည်။ တစ်ချိန်တည်းမှာပင် သူမသည် ပေါင်းစည်းခြင်းအဆင့်တွင် မှော်စွမ်းအားများကို စုဆောင်းနေပါသည်။
ဤသုံးရက်အတွင်း ကျင်းယွင်ယောင်သည် အတားအဆီး နောက်တစ်ဆင့်သို့ ဖြတ်ကျော်ရန် ဆက်လက်ကြိုးစားခဲ့သော်လည်း မအောင်မြင်သေးပေ။
ညနေ ၅ နာရီတွင် ကုနင်းနှင့် အခြားသူများ ထမင်းဟင်းချက်ရန် ပြင်နေစဉ် အပြာရောင်ကောင်းကင်သည် ရုတ်တရက် မှောင်လာသည်။ "ယွင်ယောင် အောင်မြင်သွားတာလား"
နောက်တစ်စက္ကန့်တွင် ရှန်းကွမ်းယန်သည် လှည့်ကြည့်လိုက်ပြီး မျှော်စင်ပြတင်းပေါက်မှ ဆင်းသက်ကာ ကျင်းယွင်ယောင်ရှိသည့် သစ်သားခန်းမှ 10 မီတာအကွာတွင် ရပ်လိုက်သည်။
လင်ရှောင်းထင်နှင့် ကုနင်းတို့က သူ့နောက်မှ အနီးကပ်လိုက်ကာ သစ်သားအခန်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။ ကျင်းယွင်ယောင် ဒဏ်ရာ ရသွားမှာကို သူတို့ စိုးရိမ်နေကြသည်။ သို့သော် သူမသည် စမ်းသပ်မှုအောင်ရန် သူ့ကိုယ်သူသာ အားကိုးနိုင်သည်။ အခြားလူများက သူမကို မကူညီနိုင်ပါ။
ကုနင်းသည် လင်ရှောင်းထင်၏လက်ကို ဆုပ်ကိုင်ကာ နှစ်သိမ့်ရန်ကြိုးစားသော်လည်း သူမလည်း အလွန်စိတ်လှုပ်ရှားနေပါသည်။
ကောင်းကင်သည် လျှင်မြန်စွာ မှောင်သွားတော့သည်။ စက္ကန့်ပိုင်းအတွင်းမှာပဲ တိမ်တွေပြည့်လာသည်။
ထို့နောက် မိုးကြိုးတစ်ခုကျရောက်လာပြီး နောက်မှ နောက်ထပ်မိုးကြိုးတစ်ခုက သစ်သားအခန်းကို တိုက်ရိုက်ထိမှန်သွားသည်။ တခဏချင်းမှာပဲ သစ်သားအခန်းကြီး ကွဲသွားလေသည်။
ကျင်းယွင်ယောင်သည် အတားအဆီးကို ချိုးဖျက်ပြီးနောက် ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသော်လည်း ရှန်းကွမ်းယန်ပေးသော မှော်ဆေး၏အကူအညီဖြင့် သူမသည် ခွန်အားပြန်လည်ရရှိလာသောကြောင့် ၎င်းကို ထိမိခြင်းမှ ရှောင်ရှားနိုင်ခဲ့သည်။
သူမတွင် အနားယူရန် အချိန်မရှိသောကြောင့် အလွန်အားနည်းနေသေးပြီး ကျယ်လောင်သော မိုးခြိမ်းသံများ ဆက်လက်ထွက်ပေါ်လာသည်။
သူမ နောက်တစ်ဆင့်ကို အောင်မြင်စွာ မတက်နိုင်ခင်မှာ ကောင်းကင်ဘုံစမ်းသပ်ချက်ကို 4 ကြိမ် ကျော်ဖြတ်ဖို့ လိုအပ်သည်။ စွမ်းအင်ကို ချီအဖြစ် ပြောင်းလဲပြီး ချီကို စွမ်းအားအဖြစ်ပြောင်းလဲခြင်းတွင် ကောင်းကင်ဘုံစမ်းသပ်ချက် 9 ကြိမ်အပါအ၀င် လျှပ်စီးဒုက္ခသည် အဆင့် 4 ဆင့်ရှိပေသည်။ ချီအား စွမ်းအင်အဖြစ်သို့ ပြောင်းလဲခြင်းမှ ဂျိဒန်အဆင့်သို့ ပြောင်းလဲခြင်းအတွက် ကောင်းကင်ဘုံစမ်းသပ်ချက် 25 ကြိမ် ကျရောက်မည်။ ဂျိဒန်အဆင့်မှ ဝိဉာဉ်ခွဲခွာခြင်းအဆင့်အတွက် ကောင်းကင်ဘုံစမ်းသပ်ချက် မိုးကြိုး ၄၉ ကြိမ် ရှိသည်။ ကောင်းကင်ဘုံစမ်းသပ်မှု၏ နောက်ဆုံးအကြိမ်တွင် ကောင်းကင်မှ မိုးကြိုး ၈၁ ကြိမ်အထိ ကျရောက်ပေမည်။
ဤတစ်ကြိမ်တွင် ကျင်းယွင်ယောင်သည် မိုးကြိုး၂၅ ကြိမ် ဖြတ်သန်းရန် လိုအပ်ပြီး အလွန်ခက်ခဲသည်။
ကောင်းကင်မှ လျှပ်စီးကြောင်းသည် ကြောက်မက်ဖွယ်အလင်းတန်းတစ်ခုပြီးတစ်ခုနှင့် ထပ်ခါထပ်ခါ ရောက်လာသည်။ ကျင်းယွင်ယောင်က ဒါကိုရှောင်ဖို့ အကောင်းဆုံးကြိုးစားခဲ့သည်။ သူမသည် အစပိုင်းတွင် အကြိမ်အနည်းငယ် အောင်မြင်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် အင်အားနည်းလာသည်။
ရွေးချယ်စရာမရှိ၍ ရှောင်ရုံသာရှောင်နိုင်တော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ကျင်းယွင်ယောင်သည် သူမ၏စွမ်းအင်ကို ပြန်လည်ရရှိနေပြီဖြစ်သည်။ နောက်ဆုံးတော့ သူမဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် သူမပိုပြီးသန်မာလာခဲ့သည်။ သူမသည် ခဏတာမျှသာ အားနည်းသွားပြီး မကြာမီမှာပင် အားအင်တွေ ပြည့်လာသည်။ ထို့ကြောင့် ကျင်းယွင်ယောင်သည် မိုးကြိုးဒုက္ခ အကြိမ်အရေအတွက် တဖြည်းဖြည်း လျော့နည်းသော်လည်း ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူပေ။ မိုးခြိမ်းသံသည် အမြဲတမ်း တစ်ခုတည်း မလာဘဲ တစ်ခါတစ်ရံ မီးတောက်များ ပါလာတတ်သောကြောင့် ကျင်းယွင်ယောင်သည် စမ်းသပ်မှု အောင်မြင်ရန် ပိုခက်ခဲသည်။
ရုတ်တရက် ကျင်းယွင်ယောင်သည် လျှပ်စီးကြောင်းများနှင့် ရောနှောနေသော အလင်းတန်းကို မရှောင်နိုင်ပဲ ဘယ်လက်ကို ထိမှန်သွားခဲ့ရာ နာကျင်မှုကြောင့် ညည်းညူလိုက်သည်။
အဲဒါကိုမြင်တော့ လင်ရှောင်းထင်နဲ့ တခြားသူတွေ ထိတ်လန့်သွားတော့သည်။ ဖြစ်နိုင်လျှင် လင်ရှောင်းထင်သည် ကျင်းယွင်ယောင် ခံစားနေရသည့် နာကျင်မှုများကို ကိုယ်စားခံယူရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ ကံမကောင်းစွာပဲ သူ ဘေးကနေပဲ စောင့်ကြည့်နေနိုင်ပေသည်။
မိုးကြိုးတစ်ခုသည် ကျင်းယွင်ယောင်ကို ဆိုးဆိုးရွားရွား ထိမှန်သော်လည်း သူမ၏ မှော်စွမ်းအင်မှ ကာကွယ်မှုကြောင့် သူမ လဲကျရုံသာ လဲကျသွားသည်။ သို့သော်လည်း သူမသည် စွမ်းအင်များစွာ ဆုံးရှုံးနေပေပြီ။
ရလဒ်အနေဖြင့် မိုးကြိုးများကို ရှောင်ရှားရန် သူမအတွက် ခက်ခဲလာပြန်သည်။
မိုးကြိုးအနည်းငယ်သာ ကျန်ရှိတော့သော်လည်း ကျင်းယွင်ယောင် သည် ယခုအချိန်တွင် သူမ၏စွမ်းအင်အားလုံးနီးပါး ဆုံးရှုံးလုနီးပါးဖြစ်နေသည်။ ထို့ကြောင့် သူမသည် မိုးကြိုးထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ကံမကောင်းစွာပဲ နောက်ဆုံး မိုးကြိုးရောက်လာခါနီးဖြစ်ပေမယ့် ကျင်းယွင်ယောင် ဟာ သူ့ကိုယ်သူ ကာကွယ်ဖို့ မှော်စွမ်းအင်တွေကို မစုဆောင်းနိုင်သလောက်ပါပဲ။ နောက်တစ်ကြိမ် ထပ်ထိခံရရင် သူ့အသက်အန္တရာယ်ရှိနိုင်သည်။
လင်ရှောင်းထင်သည် သူ့မျက်လုံးများ နီရဲလာကာ လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်ထားသည်။ သူ့တစ်ကိုယ်လုံး တုန်လှုပ်နေခဲ့သည်။ သူ သူမရှေ့ကိုသွားကာ ၀င်ခံပေးလိုချင်စိတ်ရှိသည်။ သို့သော် ကျင့်ကြံသူသည် မိမိကိုယ်တိုင် စမ်းသပ်မှုကို ဖြတ်သန်းရမည်ဖြစ်ပြီး အခြားသူများကလည်း သူ့အတွက် ဘာမှမလုပ်ပေးနိုင်ပေ။
ကုနင်းတွင် အကြံတစ်ခု ပေါ်လာသော်လည်း ၎င်းသည် အသုံးဝင်သလား မသေချာပါ။ မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ယောင် မိုးကြိုးပစ်ခံရသည်ကို သူမ မကြည့်နိုင်တော့ဘဲ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
မဆိုင်းမတွ ကုနင်းသည် သူမ၏ မှော်စွမ်းအင်များကို စုဆောင်းပြီး ကျင်းယွင်ယောင် ဆီသို့ ပေးပို့ခဲ့သည်။
သူမသည် ကျင်းယွင်ယောင် ကိုကူညီချင်သည်။ ကောင်းကင်ဘုံစမ်းသပ်ချက်ကို သူမ မရပ်တန့်နိုင်တဲ့အတွက် မိုးကြိုးအတိဒုက္ခကြောင့် သူမကို ပြန်လည်ကောင်းမွန်လာစေရန်နှင့် အန္တရာယ်များကို လျှော့ချရန်အတွက်သာ သူမ၏ မှော်စွမ်းအင်ကိုသာ ပေးနိုင်ခဲ့သည်။
"နင်းနင်းး"
"နင်းနင်းး!"
ကုနင်း လုပ်နေတာတွေကို တွေ့တဲ့အခါ လင်ရှောင်းထင်နဲ့ ရှန်းကွမ်းယန် နှစ်ယောက်စလုံး ကြောက်ရွံ့သွားကြပေမယ့် သူမကို တားဖို့ အချိန်နှောင်းသွားပေပြီ။
ကုနင်းသည် ကျင်းယွင်ယောင်ကိုကူညီချင်တာဖြစ်၍ သူမကို ထောက်ခံသော်လည်း သူမလုပ်နေသည်မှာ အန္တရာယ်များလွန်းသည်။ ၎င်းသည် ကျင်းယွင်ယောင် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးနိုင်သော်လည်း လျှပ်စီးကြောင်းသည် ကုနင်း၏ခန္ဓာကိုယ်ဆီသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အခု ကုနင်းရဲ့ အဆင့်နဲ့ ဆိုရင် သူမ လက်ခံနိုင်မှာ မဟုတ်ပါ။
ကုနင်းသည် ပို့လိုက်သော မှော်စွမ်းအင်သည် ကျင်းယွင်ယောင်၏ခန္ဓာကိုယ်သို့ ရောက်ရှိလာပြီးနောက် ဒဏ်ရာရနေသော ကျင်းယွင်ယောင် အနည်းငယ် ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးခဲ့ပြီး ချက်ချင်းပင် လျှပ်စီးလက်လာတော့သည်။
မိုးကြိုးသည် ကျင်းယွင်ယောင်ကို ထိလုနီးပါးအချိန်တွင် ရုတ်တရက် ဦးတည်ချက်ပြောင်းသွားပြီး ကုနင်းဆီသို့ ရွေ့လျားသွားသည်။
"နင်းနင်းး"
"နင်းနင်းး!"
လင်ရှောင်းထင်နှင့် ရှန်းကွမ်းယန် တို့သည် ထိတ်လန့်သွားသော်လည်း ကုနင်းက အမြန်ရှောင်လိုက်နိုင်သောကြောင့် သူတို့စိတ်သက်သာရာရသွားကြသည်။
သို့သော် မပြီးသေးပေ။ လျှပ်စီးနှင့် ရောနှောနေသော မိုးခြိမ်းသံများ သည် တစ်စထက်တစ်စ ပိုများလာသည်။ ဤတစ်ကြိမ်တွင် သူတို့အားလုံးသည် ကုနင်း ကို တည့်တည့်သွားကြသည်။
"ဆရာ ဒီမှာ ဘာဖြစ်နေတာလဲ" လင်ရှောင်းထင်သည် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
"ငါလည်းမသိဘူး" ရှန်းကွမ်းယန်လည်း စိတ်ပူနေသည်။
သူသည် အဆင့်အတန်းမြင့်သော်လည်း အရာအားလုံးကို မသိနိုင်ပေ။ သူတစ်ခါမှမမြင်ဖူးတဲ့အရာတွေရှိနိုင်၍ အဲဒါတွေအကြောင်းတွေကို သူသိမည်မဟုတ်။
“စိတ်မပူပါနဲ့ နင်းနင်းရဲ့ခန္ဓာကိုယ်ထဲမှာ ဖီးနစ်ရဲ့သွေးတွေရှိပါတယ်။ သူအဆင်ပြေမှာပါ” သူ့မှာ ယုံကြည်ချက်ရှိပေမယ့် ကုနင်းက လုံးဝအဆင်ေပြမယ်ဆိုတာ မသေချာနိုင်လို့ စိုးရိမ်နေတုန်းပါပဲ။
မိုးခြိမ်းသံနှင့် လျှပ်စီးတို့သည် လျင်မြန်စွာနှင့် ပြင်းထန်စွာ ထွက်ပေါ်လာသောကြောင့် ကုနင်းသည် ၎င်းတို့ကို ရှောင်ရှားရန် များစွာအားထုတ်ခဲ့ရသည်။
လင်ရှောင်းထင်နှင့် ရှန်းကွမ်းယန် နှစ်ယောက်လုံးသည် ကုနင်းကို စိတ်ပူနေကြသောကြောင့် ကျင်းယွင်ယောင်၏ အခြေအနေကို စစ်ဆေးရန် မသွားခဲ့ကြပေ။ သူတို့ သူမကို ဂရုမစိုက်သောကြောင့် မဟုတ်သော်လည်း ယခု ကုနင်းကို အာရုံစိုက်နေရသောကြောင့်ဖြစ်သည်။
မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများ အကြိမ်အနည်းငယ်ကျပြီးနောက်တွင်ပင် ရပ်တန့်သွားခြင်းမရှိပေ။
"အခု ဘာဖြစ်နေတာလဲ? နင်းနင်းက နောက်တစ်ဆင့်တက်တော့မှာလား။" ရှန်းကွမ်းယန် မှန်းဆလိုက်သည်။ ဖီးနစ်၏သွေးသည် ကုနင်း၏ခန္ဓာကိုယ်တွင်ရှိနေသောကြောင့် အခြားလူများက သူမ၏အဆင့်ကို မမြင်နိုင်ပေ။ မိုးခြိမ်းသံများနှင့် လျှပ်တစ်ပြက်များကို မြင်တွေ့ပြီးနောက် ရှန်းကွမ်းယန်သည် ထိုအကြံအစည်ကို ရရှိခဲ့သည်။
ကျင့်ကြံသူသည် အချိန်တိုင်း သူ့ဘာသာသူ နောက်တစ်ဆင့်သို့ အတားအဆီးကို ချိုးဖျက်ရန် မလိုအပ်ပါ။ တခါတရံ အခြေအနေတစ်ချို့တွင် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သော်လည်း အလွန်ရှားပါသည်။ အထူးသဖြင့် ကုနင်းသည် ရှေ့သို့ အဆင့်ကြီးမားစွာတက်သွားမည့် အခြေအနေမျိုးတွင် အလွန်အန္တရာယ်များသည်။
ကြီးမားသောခြေလှမ်းတစ်ခုကို လှမ်းပြီးနောက် သူမသည် အချိန်တိုအတွင်း သူမ၏ မှော်စွမ်းအင်ကို တည်ငြိမ်စေရန် တရားထိုင်ရန် လိုအပ်သည်။ မှော်စွမ်းအင်ကို မတည်ငြိမ်နိုင်ရင် ကမောက်ကမ ဖြစ်သွားပြီး သူမကို နာကျင်စေလိမ့်မည်။ ထို့ကြောင့် ကုနင်းသည် ယခုအချိန်တွင် နောက်တစ်ဆင့်သို့ တက်လှမ်းရန် အလွန်အန္တရာယ်များသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၃၀ ဟုတ်တယ် အောင်မြင်သွားပြီ
လင်ရှောင်းထင်လည်းထိုအရာကိုသိသောကြောင့် ရှန်းကွမ်းယန်၏ရှင်းပြချက်ကိုကြားပြီးနောက် သူပို၍စိုးရိမ်လာသည်။ "အခု ကျွန်တော်တို့ ဘာလုပ်သင့်လဲ" သူကမေးသည်။
“ငါတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ဘူး။ အခုသူမအပေါ်မှာပဲမူတည်တယ်။ သူမ အသက်ရှုတည်ငြိမ်နေတာကို ငါမြင်တယ်။ သူနောက်တစ်ဆင့်တက်မယ်လို့ မထင်ထားပေမယ့် မိုးကြိုးက…” ရှန်းကွမ်းယန်လည်း စိတ်ရှုပ်ထွေးသွားသည်။ ကုနင်း၏ အဆင့်ကို သူ မခံစားနိုင်သော်လည်း သူမ၏ အသက်ရှုသံကို သူ ခံစားနိုင်သည်။
ကုနင်းသည် ယခု ပုံမှန်အတိုင်း အသက်ရှူနေပြီး နောက်တစ်ဆင့်တက်ပြီးနောက် သူမသည် အားနည်းပုံမပေါ်ပေ။
သို့သော် ကုနင်းသည် အခြားသော ကျင့်ကြံသူများနှင့် မတူသောကြောင့် ပြောရန် ခက်ခဲသည်။ သူမခန္ဓာကိုယ်ထဲမှာ ဖီးနစ်သွေးပါတာမို့ အရာအားလုံးဖြစ်နိုင်ပါသည်။ ရှန်းကွမ်းယန် သည် ဖီးနစ်သွေးအကြောင်းကို အနည်းငယ်သာသိသောကြောင့် မှန်ကန်စွာ ခန့်မှန်းနိုင်ခြင်းမရှိပေ။
မိုးကြိုးအတိဒုက္ခကို အကြိမ်အနည်းငယ် ရှောင်ရှားပြီးနောက် ကုနင်းသည် မှော်စွမ်းအင်၏ အထိအတွေ့ကို စုဆောင်းခဲ့သည်။ ကောင်းကင်က မိုးကြိုးက သူမကို ထပ်မံရိုက်ခတ်တော့မယ့်အချိန်မှာ သူမဟာ မှော်စွမ်းအင်နဲ့ ပြန်လည်တိုက်ခိုက်ဖို့ အသုံးပြုခဲ့သည်။
ထို့နောက်မှော်စွမ်းအင်က မိုးကြိုးကို ထိလိုက်ပြီးနောက် ကြီးမားစွာပေါက်ကွဲကာ ကုနင်းသည် ထိုအရှိန်နှင့် ခြေလှမ်းများစွာ နောက်သို့ ဆုတ်သွားသည်။
"နင်းနင်းး"
"နင်းနင်းး!"
လင်ရှောင်းထင် နဲ့ ရှန်းကွမ်းယန်တို့က သူမကို စိုးရိမ်တကြီးနဲ့ ခေါ်ပေမယ့် သူတို့ ဘာမှ မလုပ်နိုင်ကြပါ။
ထိုတွန်းအားကြောင့် တုန်လှုပ်သွားပြီးနောက် ကုနင်းသည် သူမ၏ခန္ဓာကိုယ်အတွင်းမှ မှော်အစွမ်းများ ရုတ်တရက် ရွေ့လျားသွားသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး နောက်တစ်ဆင့်သို့ ထပ်မံရောက်ရှိသွားရန် ရည်မှန်းထားသော်လည်း ယခုအချိန်တွင် ဒါက သတင်းကောင်းမဟုတ်ပေ။ သူမ ယခု ကြုံတွေ့နေရသော အန္တရာယ်ရှိသော အခြေအနေကြောင့် အတားအဆီးကို ဖြတ်ကျော်ရန် လုံးဝ ကြိုးစားနိုင်မည်မဟုတ်ပါ။
“စွမ်းအင်ကို တည်ငြိမ်အောင်လုပ်ပါ။ မိုးကြိုးနဲ့ လျှပ်စီးေတွကို မင်းခန္ဓာကိုယ်ထဲကို ပို့ဆောင်ပါ။ အတားအဆီးကိုဖြတ်ကျော်ပါ"
ထိုအချိန်တွင် ကုနင်းသည် သူမ၏ စိတ်ထဲတွင် ရှေးကျသော စကားသံကို ကြားလိုက်ရသည်။ သူမသည် ၎င်းနှင့် အလွန်ရင်းနှီးပြီး သူမ၏ အထူးကျွမ်းကျင်မှုကို ရှာဖွေတွေ့ရှိတဲ့အချိန်တုန်းက သူမကြားခဲ့ရသည့် အသံအတိအကျဖြစ်သည်။ ထို့ကြောင့် ကုနင်းသည် အလွန်အမင်းစဉ်းစားမနေဘဲ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။ လင်ရှောင်းထင်နှင့် ရှန်းကွမ်းယန် နှစ်သိမ့်ရန်အတွက် ကုနင်းက "ကျွန်မအတွက် စိတ်မပူပါနဲ့။ ကျွန်မကိုင်တွယ်နိုင်ပါတယ်။ အခု အမေ့အခြေအနေကို သွားကြည့်လိုက်ပါ"
ထို့နောက်တွင် ကုနင်းသည် မလှုပ်မယှက် ထိုင်နေလိုက်သည်။
ထိုစကားကိုကြားတော့ လင်ရှောင်းထင်နှင့် ရှန်းကွမ်းယန်တို့မှာ စိုးရိမ်နေသေးသော်လည်း သူတို့သည် ပို၍ ငြိမ်သက်သွားကြသည်။
ကုနင်း၏သတိပေးမှုကြောင့် ကျင်းယွင်ယောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ကို သူတို့သတိရသွားကြသည်။ ထို့ကြောင့် လင်ရှောင်းထင် နှင့် ရှန်းကွမ်းယန်သည် ကျင်းယွင်ယောင်ဆီသို့ ချက်ချင်းပြေးသွားသော်လည်း လင်ရှောင်းထင် သည် ကုနင်းကို တစ်ချိန်က စိုးရိမ်သောကဖြင့် လှည့်ကြည့်နေဆဲဖြစ်သည်။
ကျင်းယွင်ယောင်ထံရောက်ရှိပြီးနောက် ရှန်းကွမ်းယန်သည် သူမအား ချက်ချင်းကုသပေးခဲ့သည်။
ကျင်းယွင်ယောင်သည် မိုးကြိုးအတိဒုက္ခကို ကျော်ဖြတ်ခဲ့သော်လည်း သူမသည် ဒဏ်ရာပြင်းထန်စွာရပြီး ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာသွားနိုင်သည်။ ဘာပဲဖြစ်ဖြစ် သူ့အသက်အန္တရာယ်မဖြစ်ခဲ့ဘူး၊ ဒါဟာ အကောင်းဆုံးရလဒ်ပါပဲ။
ကုနင်းက မရှောင်တဲ့အတွက် မိုးကြိုးက သူမကို တိုက်ရိုက်ထိသွားသည်။
ဤအခိုက်အတန့်တွင် လင်ရှောင်းထင် သည် အလွန်ထိတ်လန့်သွားပြီး အသက်တောင်မရှူနိုင်တော့ပေ။ ကုနင်းက ဒါကို ထိန်းနိုင်တယ်လို့ ပြောရင်တောင် ကုနင်း မိုးကြိုးပစ်ခံရတာကို ကြည့်ပြီး စိတ်ထိခိုက်နေတုန်းပါပဲ။
သူမအတွက် ကြောက်စရာကောင်းတဲ့ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။
လင်ရှောင်းထင် တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေသည်။
သို့သော် လျှပ်စီးသည် ကုနင်း၏ခန္ဓာကိုယ်ကို ထိသွားသောအခါ ကြောက်မက်ဖွယ်ရာ ဘာမှမဖြစ်ခဲ့ပေ။ ထူးဆန်းသည်မှာ ကုနင်းကို ထိလိုက်ပြီးေနာက် မိုးကြိုးက ပျောက်ကွယ်သွားပြီး သူမ လုံးဝမထိခိုက်ပေ။
ထိုမြင်ကွင်းက လင်ရှောင်းထင် ကို အံ့အားသင့်စေသော်လည်း ကုနင်းအဆင်ပြေသည်ကို မြင်လိုက်ရသောအခါတွင် သူစိတ်သက်သာရာရသွားသည်။
ရှန်းကွမ်းယန်သည် ကျင်းယွင်ယောင်၏ ဒဏ်ရာများကို ကုသရန် အလုပ်များနေသောကြောင့် ထိုမြင်ကွင်းကို သူ မတွေ့လိုက်ရပေ။
အလင်းရောင်သည် ကုနင်း၏ ခန္ဓာကိုယ်မှ စုပ်ယူသွားသောကြောင့် ပျောက်ကွယ်သွားပြီး ကုနင်းသည် ၎င်းအား နောက်တစ်ဆင့်တက်ရန်အတွက် အတားအဆီးဆီကို တွန်းပို့ခဲ့သည်။
မိုးကြိုးအတိဒုက္ခက မယုံနိုင်လောက်အောင် အားကောင်းနေ၍ အတားအဆီးက တစ်ကြိမ်ထိမှန်ပြီး လှုပ်သွားသည်။ သိပ်မကြာခင်မှာပဲ မိုးကြိုးက ထပ်ေရာက်လာပြီး အတားအဆီးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။ တတိယအကြိမ် ရောက်သောအခါ အတားအဆီး ကျိုးသွားသည်။ ထိုအချိန်တွင် မိုးမိုးကြိုးအတိဒုက္ခ ရပ်တန့်သွားသည်။
ကုနင်းသည် အတားအဆီးကို ချိုးဖျက်ရန် မိုးကြိုးကို အသုံးပြုနေမှန်း လင်ရှောင်းထင် မသိသော်လည်း မိုးကြိုးအတိဒုက္ခရပ်တန့်သွားကာ ကောင်းကင်တွင် တိမ်များ ပြန့်ကျဲသွားသောအခါ သူ စိတ်အေးလက်အေး ငြိမ်သက်သွားခဲ့သည်။
ကျင်းယွင်ယောင် သည် မတည်ငြိမ်သေးဘဲ ကုနင်းမှာ ထိုင်နေဆဲဖြစ်သည်။ လင်ရှောင်းထင် က စိုးရိမ်နေပေမယ့် သူမကို စိတ်အနှောင့်အယှက်ဖြစ်မှာဆိုး၍ မလှုပ်ရဲပေ။
ကုနင်းသည် အတားအဆီးကို ချိုးဖျက်ခဲ့သော်လည်း မိုးကြိုးထပ်မံမထွက်ပေါ်လာသောကြောင့် ၎င်းကို လုံးလုံးမဖြတ်နိုင်ခဲ့ပေ။ သူမသည် သူမ၏ကိုယ်ပိုင် မှော်စွမ်းအင်ကိုသာ အားကိုးနိုင်ခဲ့သည်။ ကံကောင်းစွာပဲ အတားအဆီးက ကျိုးနေပြီဆိုတော့ ချိုးရတာ ပိုလွယ်သည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ကုနင်းက အဲဒါကို ဖြတ်ကျော်နိုင်သွားသည်။
အဲဒီနောက်မှာတော့ ကုနင်းဟာ ကြီးမားတဲ့တိုးတက်မှုကို ထပ်မံရရှိခဲ့သည်။ သူမသည် မှော်စွမ်းအင်ကို များစွာအသုံးမပြုသောကြောင့် ပင်ပန်းမှုလုံးဝမရှိပါ။ အဲဒီအစား သူမဟာ ခွန်အားတွေပြည့်နေသည်။
သိပ်မကြာခင်မှာပဲ ကုနင်းသက်သာလာပြီး မျက်လုံးကိုဖွင့်လိုက်သည်။
အဲဒါကိုမြင်တော့ လင်ရှောင်းထင်က ၀မ်းသာပြီး သူမဆီ ချက်ချင်း ပြေးသွားသည်။ "နင်းနင်းးအဆင်ပြေရဲ့လား"
"ပြေပါတယ်"ကုနင်း ပြုံးလိုက်သည်။ "ကဲ အေမ့ကိုသွားကြည့်ရအောင်!"
ကုနင်းက လင်ရှောင်းထင်ကို နောက်တစ်ဆင့်ထပ်တက်ပြီဆိုတာကို မပြောခဲ့ပေ၊ အကြောင်းကတော့ ကျင်းယွင်ယောင်က အခုဆေးကုသမှုခံယူနေရလို့ပင်။ သူ့ဒဏ်ရာတွေကို အရင်ဂရုစိုက်သင့်သည်။
မနှောင့်နှေးဘဲ သူတို့သွားလိုက်ကြသည်။
ရှန်းကွမ်းယန်သည် ကျင်းယွင်ယောင်၏ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းနေပြီး ဤအရေးကြီးသောအခိုက်အတန့်တွင် ၎င်းတို့အား မနှောက်ယှက်နိုင်သောကြောင့် ဘေးမှစောင့်ကြည့်နေခဲ့သည်။
ရှန်းကွမ်းယန်၏ ကုသမှုခံယူပြီးနောက် ကျင်းယွင်ယောင်၏ ဖြူဖျော့သော မျက်နှာသည် တဖြည်းဖြည်း နီမြန်းလာသည်။ သို့သော် သူမသည် ဒဏ်ရာပြင်းထန်သောကြောင့် မှော်စွမ်းအင်အကူအညီဖြင့် သူမကုသနိုင်ခဲ့ပေ။
ပြီးခါနီးတွင် ရှန်းကွမ်းယန် ရပ်တန့်လိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် စီနီယာရှန်းကွမ်း" သူမသည် အားနည်းနေသေးသော်လည်း သူမ၏ အသက်အန္တရာယ်မှာ မစိုးရိမ်ရေတာ့ပေ။ တစ်လခွဲလောက် အနားယူပြီးမှ ပြန်ကောင်းလာနိုင်ပါသည်။
“မင်းအဲလိုပြောဖို့ မလိုပါဘူး။ ငါတို့က မိသားစုလေ” ဟု ရှန်းကွမ်းယန်က ကြင်နာစွာပြောသည်။ သူသည် ကျင်းယွင်ယောင်နှင့် သိပ်မရင်းနှီးသေးသော်လည်း လင်ရှောင်းထင် ကြောင့် သူတို့သည် မိသားစုလိုဖြစ်သောကြောင့် ကျင်းယွင်ယောင်သည် သူ့ကို အပြင်လူအဖြစ် သတ်မှတ်ရန် မလိုအပ်ပေ။
အဲဒီနောက် ကျင်းယွင်ယောင်က ကုနင်းဘက်ကို လှည့်ပြီး "နင်းနင်း အဆင်ပြေရဲ့လား?"
"ပြေပါတယ်" ကုနင်းက ပြုံးပြီး "ကျွန်မ သတင်းကောင်းရှိတယ်"
"ဘာလဲ?" လင်ရှောင်းထင်က အလျင်စလို မေးလိုက်သည်။
"နောက်တစ်ဆင့်ရောက်ပြီလား" ရှန်းကွမ်းယန် မှန်းဆလိုက်သည်။ အဲဒါက အခု သူစဉ်းစားနိုင်တဲ့ တစ်ခုတည်းသော သတင်းကောင်းပဲ၊ ပြီးတော့ သူ့မှာ တူညီတဲ့ ခန့်မှန်းချက်လည်း ရှိသည်။
ကုနင်းသည် ရှန်းကွမ်းယန်၏ မှန်းဆချက်ကို မအံ့ဩပေ။
ရှန်းကွမ်းယန်၏ စကားကိုကြားတော့ လင်ရှောင်းထင်နှင့် ကျင်းယွင်ယောင် နှစ်ယောက်စလုံး ပျော်ရွှင်မှုကို ပြသခဲ့ကြသည်။
“ဟုတ်တယ် ကျွန်မရောက်သွားပြီ ငြိမ်ငြိမ်လေးထိုင်ပြီး ကျွန်မကိုယ်ထဲကို လျှပ်စီးကြောင်းကို စုပ်လိုက်တယ်။ ကျွန်မသူတို့ကို ဦးဆောင်ပြီး မိနစ်ပိုင်းအတွင်း အတားအဆီးကို ချိုးဖျက်ခဲ့တယ်” ဟု ကုနင်းက ဆိုသည်။
အဲဒါကိုကြားတော့ အားလုံး အံ့သြသွားကြသည်။ ကျင့်ကြံသူသည် မိုးကြိုးကို ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်သည်ကို ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။
ကုနင်းသည် နောက်တစ်ဆင့်သို့ ထပ်မံရောက်ရှိသွားပြီဖြစ်ကြောင်း ရှန်းကွမ်းယန် မှန်ကန်စွာ ခန့်မှန်းခဲ့သော်လည်း သူမသည် မိုးကြိုးအတိဒုက္ခကို မထိမီက ရောက်သွားခြင်း ဖြစ်သည်ဟု သူထင်ခဲ့သည်။ အံ့သြဖို့ကောင်းတာက သူမှန်းဆချက်မှားသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၃၁ ပျော်ရွှင်မှု နှစ်ဆ
ကုနင်းသည် ဖီးနစ်၏သွေးကြောင့် အားလုံးကို လုပ်နိုင်သည်ကို သူတို့အားလုံး သိကြသောကြောင့် စက္ကန့်အနည်းငယ်မျှ အံ့သြသွားပြီးနောက် ငြိမ်သက်သွားကြသည်။ သာမာန် ကျင့်ကြံသူများ အနေဖြင့်လုံးဝ မလုပ်နိုင်ပါ။
“ကောင်းပြီ ဒီနေ့က ကောင်းတဲ့နေ့တစ်နေ့ပဲ။ နှစ်ယောက်လုံး သတင်းကောင်းတွေရှိတယ်။ အန္တရာယ်ရှိခဲ့ပေမယ့် ကံကောင်းထောက်မစွာ မင်းတို့နှစ်ယောက်လုံး အဆင်ပြေသွားပြီ။ ပျော်ရွှင်မှု နှစ်ဆပဲ” လို့ ရှန်းကွမ်းယန်သည် သူကိုယ်တိုင်က နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်သူမဟုတ်သော်လည်း ယခုတွင် စိတ်အခြေအနေအလွန်ကောင်းမွန်နေ၏။
သူသည် ကျင်းယွင်ယောင်နှင့် ကုနင်းကို ၎င်း၏မိသားစုဝင်များအဖြစ် ခံယူထားသောကြောင့် နောက်တစ်ဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်သောအခါတွင် သူပျော်ရွှင်မိသည်။
“ဒီညတော့ ဂုဏ်ပြုဖို့ ထမင်းကောင်းကောင်း စားသင့်တယ်လို့ ထင်တယ်။ ကျွန်မ ချက်ကျွေးမယ်" ဟု ကုနင်းက ပြောသည်။
နည်းနည်းနောက်ကျပေမယ့် ဗိုက်အရမ်းဆာလို့ နောက်ကျလည်း စားလို့ကောင်းလောက်သည်။
"ကိုယ် မင်းကို ကူညီမယ်" လင်ရှောင်းထင်က ပြောသည်။ ကုနင်းတစ်ယောက်တည်း လုပ်ခွင့်မပေးနိုင်ပေ။
“ကောင်းပြီ” ကုနင်းလက်ခံသည်။
ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင် သည် ကျင်းယွင်ယောင် အား မျှော်စင်သို့ ခေတ္တအနားယူစေပြီးနောက် ချက်ပြုတ်ရန် စတင်ခဲ့သည်။
ခွန်လွန်းတောင်မှာ သူတို့ရဲ့ ပန်းတိုင်ကို ပြီးမြောက်အောင် လုပ်ပြီးဖြစ်၍ မနက်ဖြန် ပြန်သွားကြမည်။ လင်ရှောင်းထင်နှင့် ကုနင်းသည် ရက်အနည်းငယ်ကြာ ပျက်ကွက်ခဲ့သည်။ တကယ်တော့ သူတို့မှာ ကိုင်တွယ်စရာတွေ အများကြီးရှိသည်။
ကျင်းယွင်ယောင်သည် ရုပ်ပိုင်းဆိုင်ရာ အားနည်းသော်လည်း ခရီးဆက်နိုင်သေးသည်။
သူတို့သည် အရုဏ်မတက်မီ ထွက်ရန် စီစဉ်လိုက်ကြူည်။ အဘယ်ကြောင့်ဆိုသော ထိုအချိန်တွင် ကားများမရှိသောကြောင့် ဖြစ်သည်။ သူတို့သည် ဓားဖြင့် ပျံသန်းရသောကြောင့် မိုးမလင်းခင် ထွက်ရမည်၊ မဟုတ်ပါက သူတို့ကို တစ်စုံတစ်ယောက် မြင်သွားပါကဒုက္ခရောက်မည်ဖြစ်သည်။
ထို့ကြောင့် ကုနင်းနှင့် အခြားသူများသည် ခွန်လွန်ဂိုဏ်းမှ နံနက် ၅ နာရီတွင် ထွက်ခွာလာကြသည်။ မြို့တော်X ကိုပြန်ရောက်တော့ မနက်၅း၃၀ ပဲရှိသေးတဲ့အတွက် အပြင်မှာ သိပ်မလင်းသေးပါ။
ဒီအချိန်မှာတော့ မြို့ထဲမှာ မနက်ခင်း အပြေးအလွှား သွားနေတဲ့သူတွေ ရှိနေပြီ။ မနက်စာဆိုင်တွေလည်း ဖွင့်ထားသည်။
မနက်စာစားဖို့ အရင်ဆုံးဖြတ်ပြီး လေယာဉ်လက်မှတ်တွေ ကြိုတင်ပြီး မှာလိုက်သည်။
သူ့ဖုန်းကိုဖွင့်ပြီးနောက် လင်ရှောင်းထင် သည် လွတ်သွားသောဖုန်းခေါ်ဆိုမှု သို့မဟုတ် မက်ဆေ့ချ်များကို မတွေ့ခဲ့ရပေ။ အကြောင်းမှာ သူသည် အလုပ်ကိစ္စမဟုတ်ပါက ဖုန်းခေါ်ဆိုမှုကို တော်ရုံသာလက်ခံရရှိလေ့သောကြောင့်ဖြစ်သည်။
ကုနင်းသည် ချောင်ယထံမှ မက်ဆေ့ချ် အနည်းငယ်ရှိသည်။ ချောင်ယက သူမကို ဖုန်းခေါ်တဲ့ သူနဲ့ ဘာအတွက်ကြောင့် ဆက်တာလဲဆိုတာ ပြောပြခဲ့သည်။
ချူးဖေ့ဟန်က ကုနင်းကိုဖုန်းဆက်ပြီး သူမကိုမေးသော်လည်း အရေးကြီးကိစ္စမရှိပါ။
လူငယ်ကျင့်ကြံသူ မော့ချီလင်သည် သူမအား ထမင်းစားရန် ဖိတ်ခေါ်ရန် အကြိမ်အနည်းငယ် ခေါ်ခဲ့သည်။
ထန်ချင်းယန်က သူမကို ဖုန်းခေါ်ပေမယ့် ဘာကြောင့်လဲဆိုတာ မပြောတဲ့အတွက် မိုးလင်းမှ ပြန်ခေါ်ရမည်။
အထက်ပါအချက်များအပြင် သူမသည် အံ့အားသင့်စရာ ဖုန်းခေါ်ဆိုမှု ၂ ခုကိုလည်း လက်ခံရရှိခဲ့သည်။ တစ်ခုမှာ ဟဲစစ်ရင် မှဖြစ်ပြီး ကျန်တစ်ခုမှာ ဟန်ဝမ်လင်းထံ မှဖြစ်သည်။
ကုနင်းသည် ဟဲစစ်ရင် နှင့် ဟန်ဝမ်လင်းတို့နှင့် ပုံမှန်အဆက်အသွယ်မရှိသောကြောင့် ရုတ်တရက် သူမကို ဖုန်းဆက်ရန် အကြောင်းပြချက်တစ်ခုရှိရမည်။ သို့သော်လည်း သူတို့အကြောင်းပြချက်ကို ချောင်ယအား မပြောခဲ့တဲ့အတွက် ကုနင်းက ဘာအကြောင်းကြောင့်လဲဆိုတာ မသိခဲ့ပါဘူး။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် စောလွန်းသဖြင့် အိပ်ပျော်နေမည်ဖြစ်သောကြောင့် ကုနင်းသည် နံနက် ၈ နာရီအထိ စောင့်ရန် ဆုံးဖြတ်ခဲ့သည်။
ကျင်းကျီနဉ် နှင့် ရှုလီဟွာတို့သည် ကျင်းယွင်ယောင်ထံ ဖုန်းဆက်ခဲ့သော်လည်း သူမထံ ဆက်သွယ်၍မရနိုင်သောကြောင့် သူမထံ မက်ဆေ့ချ်တစ်ခု ထားခဲ့လိုက်သည်။
ရှုလီဟွာသည် ကျင်းယွင်ယောင်အား သူမ၏ ခန္ဓာကိုယ်ရှိ ကင်ဆာဆဲလ်များအားလုံးနီးပါး ပျောက်ကွယ်သွားပြီး ရက်ပေါင်းများစွာ သူမဆီဆက်သွယ်၍ မရသောကြောင့် သူမအတွက် စိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။
သို့သော် ကျင်းကျီနဉ်၏စာကိုဖတ်သောအခါ ကျင်းယွင်ယောင် မျက်မှောင်ကြုတ်လိုက်သည်။ ကုနင်းက အဲ့တာကိုမြင်တော့ စိုးရိမ်စိတ်နဲ့မေးတယ် "အမေ၊ ဘာဖြစ်လို့လဲ"
“ယင်ရှီရွှမ်းရဲ့အလောင်းကို ရှာတွေ့သွားပြီ။ ယင်မိသားစုနဲ့ ထျန်းတောက်ကျုံးတို့က အဲ့တာကို စုံစမ်းစစ်ဆေးနေတယ်။ မင်းနဲ့ မင်းဦးလေးကျင်းကို တွေ့သွားမှာ ငါစိုးရိမ်တယ်”
ထိုစကားကိုကြားတော့ ကုနင်းလည်း လေးနက်သွားသည် ။ "အန်ကယ်ကျင်း အမေ့ကို ဘယ်တုန်းက မက်ဆေ့ခ်ျပို့တာလဲ"
“လွန်ခဲ့တဲ့ သုံးရက်လောက်က” ကျင်းယွင်ယောင်က “ဒီ3ရက်က ရလဒ်ကို သိဖို့ သူတို့အတွက် လုံလောက်တယ်။ အမှန်တော့ ထျန်းတောက်ကျုံးက အဲ့လို လုပ်နိုင်စွမ်းရှိတယ်”
“အန်ကယ်ကျင်းကို အခု ခေါ်ကြည့်လိုက်ပါ။ ဆက်သွယ်လို့ရနိုင်မလား ကြည့်ရအောင်။ သူ အပြင်မှာ ရှိနေရင် ကောင်းမယ်။ မဟုတ်ရင် ပြဿနာရှိလာနိုင်တယ်” ဟုကုနင်းက ပြောသည်။
"ဟုတ်ပြီ" ဟုကျင်းယွင်ယောင် ကပြောပြီး သူမဟာ ကျင်းကျီနဉ်ကို ချက်ချင်းဖုန်းဆက်ပေမယ့် ဖုန်းမကိုင်ပါ။
"ထျန်းတောက်ကျုံးက ဦးလေးကျီနဉ်ကို ရှာတွေ့သွားပြီထင်တယ်" လို့ လင်ရှောင်းထင် ကပြောသည်။
“အဆင်ပြေမှာပါ။ အန်ကယ်ကျင်းနဲ့ ကျွန်မ ယင်ရှီရွှမ်းကို ဝေးလံခေါင်သီတဲ့ တောင်ပေါ်မှာ သတ်ပစ်လိုက်တာ။ စီစီတီဗီကင်မရာတွေ မရှိလို့ ယင်ရှီရွှမ်း သေဆုံးမှုက အန်ကယ်ကျင်းနှဲ့ သက်ဆိုင်တယ်ဆိုတာပြဖို့ ပြတ်သားတဲ့ သက်သေမရှိပါဘူး။ အန်ကယ်ဂျင်က ဝန်ခံဖို့ ငြင်းနေသ၍ပေါ့” ဟု ကုနင်းက ပြောသည်။
“သူ ဝန်ခံမှာ မဟုတ်ဘူး” ကျင်းယွင်ယောင်က ကျင်းကျီနဉ်က လက်မခံဘူးလို့ ယုံကြည်ခဲ့သည်။ ယင်ရှီရွှမ်း သေဆုံးမှုသည် ကျင်းကျီနဉ်နှင့် ကုနင်းကြောင့်ဖြစ်ကြောင်း ထျန်းတောက်ကျုံးမှသက်သေမပြနိုင်ဟု ခံစားရသော်လည်း သူမစိုးရိမ်နေဆဲဖြစ်သည်။
နံနက်စာဆိုင်သို့ရောက်ပြီးနောက် အစားအသောက်များ မှာယူကြပြီး လင်ရှောင်းထင်သည် လေယာဉ်လက်မှတ်များကို စတင်ဘွတ်ကင်လုပ်ခဲ့သည်။
ကောမြို့မှ မြို့တော်သို့ ယနေ့တွင် လေယာဉ် ၅ စီးရှိပြီး အချိန်နီးဆုံး လေယာဉ်သည် နံနက် ၈ နာရီ ၅၀ မိနစ်တွင် ထွက်ခွာမည်ဖြစ်သည်။
မနက် 5:30 သာရှိပေမယ့် သူတို့မှာ ကားမရှိလို့ ထိုလေယာဉ်ကို စီး၍မရပါ။
မြို့တော်X သည် ကြီးကြီးမားမားမဟုတ်သောကြောင့် တက္ကစီမရှိပါ။ ရှိရင် သူတို့ တက္ကစီစီးပြီး အချိန်မှန် လေယာဉ်တက်နိုင်သည်။ ဘတ်စ်ကားသည် နံနက် ၈ နာရီတွင် စတင်ေပြးဆွဲပြီး မြို့တော်X မှ Geမြို့ သို့ အနည်းဆုံး တစ်နာရီကြာသည်။ လေဆိပ်ကို သွားတဲ့လမ်းမှာ နာရီဝက်လောက် အချိန်ယူရမည်။
ထို့ကြောင့် အချိန်အလုံအလောက်ရှိစေရန် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် ထွက်ခွာမည့် လေယာဉ်ကို ကြိုတငကြိုတင်မှာယူနိုင်ခဲ့သည်။
X နိုင်ငံမှ ကောမြို့သို့သွားရန်အတွက် ဘတ်စ်ကားစီးရန် အစီအစဉ်မရှိခဲ့ဘဲ ယင်းအစား လေဆိပ်မှ ကားကို ကြိုတင်မှာယူကာ လေဆိပ်သို့ ခေါ်ဆောင်ရန် ရွေးချယ်ခဲ့သည်။
အကွာအဝေးရှိသောကြောင့် ကောမြို့သို့ ဓားဖြင့်ချက်ချင်းပျံသန်းမည့်အစား X နိုင်ငံသို့ အရင်ပြန်ပျံသန်းကြမည်ဖြစ်သည်။ ကျင်းယွင်ယောင် သည် ယခုအချိန်တွင် အားနည်းနေပြီဖြစ်သောကြောင့် သူမသည် လေပြင်းများကို မထိတွေ့မိရင် ပိုကောင်းသည်။ နောက်ဆုံးတော့၊ သူတို့ ဓားနဲ့ ပျံသန်းတဲ့အခါ လေတိုက်တာကို ဘယ်အရာကမှ အကာအကွယ် မပေးနိုင်ပေ။
မနက်စာစားပြီးတာနဲ့ လမ်းလျှောက်ထွက်လာကြသည်။ လေဆိပ်မှ လာပို့သောကားသည် နောက်ထပ်နာရီဝက်ကြာအောင် ရောက်လာမည်မဟုတ်သောကြောင့် ယခုအချိန်တွင် သွားစရာနေရာမရှိပေ။
ကျင်းယွင်ယောင် သည် Xနိုင်ငံတွင် သူငယ်ချင်းကောင်း အနည်းငယ်ရှိသော်လည်း သူမသည် ၎င်းတို့နေရာများကို လည်ပတ်ရန် မလိုလားပေ။ တကယ်တော့ သူတြိူသူငယ်ချင်းတွေဆီ သွားလည်မယ်ဆိုရင်တောင် စိတ်အနှောင့်အယှက်ဖြစ်မှာစိုးလို့ သူတို့နေရာတွေမှာ ကြာကြာနေနိုင်မည်မဟုတ်ပါ။
သူတို့သည် ပန်းခြံတစ်ခုသို့သွားကာ ကားစောင့်ရန် ထိုင်လိုက်ကြသည်။
နံနက် ၈ နာရီမတိုင်မီ မိနစ်အနည်းငယ်အလိုတွင် လင်ရှောင်းထင် သည် ယာဉ်မောင်းထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ကားက Xနိုင်ငံကိုရောက်နေပြီဖြစ်ပြီး ယာဉ်မောင်းက အခုဘယ်ရောက်နေလဲလို့မေးသည်။
လင်ရှောင်းထင် က ယာဉ်မောင်းကို ပန်းခြံထဲမှာ ရှိနေတယ်လို့ ပြောသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် MPV တစ်စီးပေါ်လာပြီး သူတို့တက်လိုက်ပြီး ထွက်ခွာသွားခဲ့သည်။
ဒီအချိန်မှာ ကောင်းကင်ကြီးက လုံးဝတောက်ပနေသည်။ ကားထဲသို့ဝင်ပြီးနောက် ကုနင်းသည် လွတ်သွားသော ဖုန်းခေါ်ဆိုမှုများကို စတင်ကိုင်တွယ်ခဲ့သည်။ သူမက ထန်ချင်းယန် ကို အရင်ပြန်ခေါ်သည်။
ထန်ချင်းယန်က သူမကို လွန်ခဲ့တဲ့ သုံးရက်က သတင်းတစ်ပုဒ် ဖတ်လိုက်ရကြောင်း။ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် လမ်းဘေး၌ တစ်ဝက်တစ်ပျက် ပုပ်ပွနေသော အမျိုးသားအလောင်းတစ်လောင်းကို တွေ့ရှိခဲ့ပြီး အမျိုးသားအလောင်းမှာ ချီကျီယွဲ့ ဖြစ်ကြောင်း ပြောသည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၃၂ ပြဿနာ လုံးဝမရှိပါ
ချီကျီယွဲ့ သေသွားပြီဆိုတာ သိလိုက်ရတော့ ကုနင်းက သူ့ကို လက်စားချေပြီးပြီမို့ ဘာမှ မခံစားခဲ့ရပါ။ သေသည်ဖြစ်စေ မသေသည်ဖြစ်စေ သူမနှင့် ဘာမှမဆိုင်ပါ။
ဘာပဲဖြစ်ဖြစ် ကုနင်းက ချီကျီယွဲ့ မကြာခင် ဒါမှမဟုတ် နောက်ပိုင်းမှာ သေတော့မယ်ဆိုတဲ့ ခံစားချက်ကို ရခဲ့တဲ့အတွက် ဒါဟာ အံ့သြစရာမဟုတ်ပေ။ ထို့ကြောင့် သူမသည် ထိုသတင်းကို ကြားလိုက်ရသောအခါ သူမ မအံ့သြသွားပါ။ သူ့ကို နောက်ဆုံးအကြိမ် တုန်းက ဒဏ်ရာအပြင်းအထန်နှင့် တွေ့ဖူးသည်။ ကုသဖို့ မတတ်နိုင်မှာ သေချာပါသည်။ သူ လွတ်မြောက်ခဲ့သော်လည်း ရုန်းကန်နေခဲ့ရသည်။
"ကုနင်းမင်းကို မေးခွန်းတစ်ခုလောက်မေးလို့ရမလား" ချီကျီယွဲ့ အကြောင်းပြောပြီးနောက် ထန်ချင်းယန်သည် ရုတ်တရက် အလေးအနက်မေးလိုက်သည်။
"ရတယ်လေ ဘာကိုလဲ" ကုနင်းကပြောသည်။
"အမ် ငါနဲ့ ရှုချင်ယင်းနဲ့ အတူတူနေဖို့ သင့်တော်မယ်ထင်လား။ ထန်မိသားစုနဲ့ ရှုမိသားစုကြားက ကြီးမားတဲ့ ကွာဟချက်ရှိလို့လေ” ဟု ထန်ချင်းယန်က ဆိုသည်။ ဒီရက်တွေကြာလာတာနဲ့အမျှ သူနဲ့ ရှုချင်ယင်းက ပိုရင်းနှီးလာတဲ့အတွက် သူသူမကို သူ့ကောင်မလေးဖြစ်ခွင့်တောင်းဖို့ အခွင့်အရေးကို အမိအရယူနိုင်မယ်လို့ သူထင်သည်။
သူသည် ရှုချင်ယင်းကို အမှန်တကယ် နှစ်သက်သော်လည်း သူတို့၏ လူမှုအဆင့်အတန်း ကွာဟချက်မှာ ပြဿနာ ဖြစ်နိုင်သည်ဟု ခံစားမိသည်။ ရှုချင်ယင်း ကို သူနဲ့ မထိုက်တန်ဘူးလို့ သူမထင်ပေမယ့် ရှုမိသားစုရဲ့ ထင်မြင်ယူဆချက်တွေကို စိတ်ပူနေမိသည်။
ကုနင်းသည် ရှုချင်ယင်း နှင့် ထန်ချင်းယန် ၏ အထူးဆက်ဆံရေးကို သတိပြုမိသောကြောင့် သူ့မေးခွန်းအတွက် သူမ မအံ့သြမိပေ။ “ကွာဟချက်ကြီးကြီးမားမားရှိမယ်မထင်ပါဘူး။ မင်းနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းကြိုက်ပြီး အတူတူနေချင်တာဆိုရင် မင်းရဲ့လူမှုရေးအဆင့်အတန်းက ပြဿနာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းမှာ မင်းရဲ့ရာထူးနဲ့ပတ်သက်လာရင် မင်း ရှုမိသားစုနဲ့ မယှဉ်နိုင်ရင်တောင် ရှုချင်ယင်း နဲ့ မင်းနဲ့တွဲတာကို မတားေလာက်ဘူးလို့ ငါထင်တယ်။ ရှုမိသားစုက အဆင့်အတန်းကို သိပ်ဂရုမစိုက်ပါဘူး။ ဒါ့အပြင် တစ်ယောက်နဲ့ တစ်ယောက် လိုက်ဖက်ညီတဲ့ စုံတွဲဆိုတာ မရှိပါဘူး။ တန်းတူညီမျှတဲ့ လူမှုအဆင့်အတန်းရှိတဲ့ မိသားစုတွေကြားက အိမ်ထောင်ရေးမှာတောင် ကွဲလွဲမှုတွေကို လက်ခံရတယ် မဟုတ်လား”
ကုနင်းသည် အဆင့်အတန်းကပြဿနာဟု မထင်ပါ။ ထန်ချင်းယန်သည် သာမန်လူမဟုတ်ပေ။
မြို့တော်တွင် ထန်ချင်းယန်သည် လူကြိုက်များပြီး လူသိများပြီး အရည်အသွေးပြည့်ဝသော အမျိုးသားတစ်ဦးဖြစ်သည်။ မြို့တော်တွင် သူ့အား အထင်ကြီးလေးစားသူများဖြစ်သည့် မရေမတွက်နိုင်သော ချမ်းသာသော အမွေဆက်ခံသူများ ရှိသည်။
လူမှုရေးအဆင့်အတန်းအရ ထန်မိသားစုသည် ရှုမိသားစုနှင့် မယှဉ်နိုင်သော်လည်း ထန်ချင်းယန် နှင့် ရှုချင်ယင်း တို့သည် ပြီးပြည့်စုံပြီး လိုက်ဖက်ညီတယ်ဆိုတာကို မည်သူမျှ သဘောမတူကြမည်မဟုတ်။
ထန်ချင်းယန်သည် ထန်အုပ်စု၏ ထိန်းချုပ်သူဖြစ်တာက ယခုအချိန်တွင် အလွန်လက်တွေ့ကျလာသည်။ ထန်အုပ်စုတွင် ပိုင်ဆိုင်မှု ယွမ်သန်းတစ်ရာကျော်ရှိသည်။
ရှုချင်ယင်းသည် ရှုမိသားစုတွင်သာ မွေးဖွားခဲ့သည်။ ရှုမိသားစုက ဘယ်လောက်ပဲ ချမ်းသာပါစေ၊ သူမ အများကြီး ပိုင်ဆိုင်မှာ မဟုတ်ပါ၊ ဒါကြောင့် သူမ ပိုင်ဆိုင်တဲ့ တန်ဖိုးအရှိဆုံး အရာကတော့ မစ္စရှုရဲ့ ဘွဲ့ပါ။ ထို့ကြောင့် လက်တွေ့ကျကျ ရှုထောင့်ကကြည့်လျှင် ထန်ချင်းယန် နှင့် ရှုချင်ယင်းg တို့၏ လူမှုဆက်ဆံရေးတွင် ပြဿနာမရှိနိုင်ပေ။
ထန်ချင်းယန်သည် ကုနင်းကို အမြဲယုံကြည်သောကြောင့် ကုနင်း၏စကားကိုကြားသောအခါ စိတ်သက်သာရာရသွားသည်။
"ကောင်းပြီ ငါသိပါပြီ ကုနင်း ကျေးဇူးအများကြီးတင်ပါတယ် ” ထန်ချင်းယန်ကပြောပြီး ဖုန်းချလိုက်သည်။
အဲဒီနောက် ကုနင်းက ဟန်ဝမ်လင်းကို ဖုန်းဆက်ပြီး ဘာကြောင့် ခေါ်တာလဲလို့ မေးသည်။
ဟန်ဝမ်လင်းသည် အရေးကြီးတဲ့ကိစ္စရှိလို့ ကုနင်းကို ခေါ်ခဲ့ခြင်း မဟုတ်ပေ။ သူမသည် လွန်ခဲ့သောရက်အနည်းငယ်က မြို့တော်ကိုလာခဲ့ပြီး ကုနင်းကို ထမင်းအတူစားရန် ဖိတ်ခေါ်ချင်ခဲ့သော်လည်း ယခုအခါ သူမသည် အိမ်ပြန်ရောက်နေပြီဖြစ်သည်။
သို့ဆိုလျှင် ကုနင်းသည် နောက်တစ်ကြိမ် ထမင်းအတူစားရန် သူမကို ပြောနိုင်ေတာ့သည်။
ထို့နောက် ကုနင်းက ဟဲစစ်ရင်ကို ဖုန်းဆက်ပြီး သူမကို ဘာ့ကြောင့် ခေါ်တာလဲဟု မေးသည်။
ယခုနှစ်ကုန်တွင် အောက်မြို့ရှိ ယဲ့မိသားစု၏ ကာစီနိုတွင် ကြီးကျယ်ခမ်းနားသော လောင်းကစားပါတီတစ်ခု ရှိခဲ့သည်ဟု ဟဲစစ်ရင်က ပြောသည်။ နာမည်ကြီး နိုင်ငံခြား လောင်းကစားသမား အများအပြား တက်ရောက်ကြပြီး လောင်းကြေးက ငွေအမြောက်အများ ရှိတာကြောင့် ကုနင်းကို အချိန်ရ၍ ပါဝင်လိုခြင်းရှိမရှိ မေးမြန်းသည်။
ကုနင်းသည် ယခုနှစ်ကုန်တွင် သူမ အားလပ်နိုင်မလား မသေချာသော်လည်း ဘာမဆိုဖြစ်သွားနိုင်သောကြောင့် သူမသည် ဟဲစစ်ရင်အား အဖြေအခိုင်အမာ ချက်ချင်းမပေးဘဲ စဉ်းစားမည်ဟုသာ ပြောခဲ့သည်။
ကုနင်းသည် အမှန်တကယ်တွင် လောင်းကစားကို သိပ်စိတ်မဝင်စားသော်လည်း သူမသည် အချိန်ရပါက လှုပ်ရှားမှုတွင် ပါဝင်ပြီး ငွေအနည်းငယ်ရယူလိုပါသည်။
ယခုအချိန်တွင် သူမကိုင်တွယ်ရန် အရေးကြီးဆုံးမှာကျင့်ကြံရေးလောကရှိ ကွန်ဖူးပြိုင်ပွဲဖြစ်ပြီး တစ်ပတ်သာလိုတော့သည်။
ကုနင်းသည် လင်ရှောင်းထင်နှင့် သူမ၏ကိုယ်ပိုင်အရည်အချင်းများကို ယုံကြည်သောကြောင့် လုံးဝစိတ်မပူပေ။
မော့ချီလင်ကိုတော့ ကုနင်းက သူ့ကို ဖုန်းပြန်ခေါ်ဖို့ စိတ်မ၀င်စားပါ။
ထို့နောက် ကျင်းယွင်ယောင် က ရှုလီဟွာ ကို ခေါ်သည်။
"ရှန်းယောင် ပြီးခဲ့တဲ့ရက်တွေအတွင်း မင်းကို ငါဘာလို့ ဆက်သွယ်လို့မရတာလဲ" ရှုလီဟွာသည် ကျင်းယွင်ယောင်၏ခေါ်ဆိုမှုကို ဖြေကြားပြီးသည်နှင့် သူမသည် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ကျင်းယွင်ယောင်ရဲ့ အရည်အချင်းတွေကြောင့် ကျင်းယွင်ယောင် ထိခိုက်ဖို့ မလွယ်မှန်း သူမသိပေမယ့် ကျင်းယွင်ယောင်ကတော့ အရာအားလုံးကို အပြီးမသတ်နိုင်ခဲ့ပါဘူး။ ထို့အပြင် ကျင်းယွင်ယောင်သည် တစ်ပတ်လုံးလုံး ပျောက်ကွယ်သွားသောကြောင့် သူမကို သဘာဝအတိုင်း စိတ်ပူနေမိသည်။
"တောင်းပန်ပါတယ် ငါဖုန်းပျောက်သွားလို့။ ဝေးလံခေါင်သီတဲ့ မြို့ကိုရောက်နေတော့ ဖုန်းဝယ်စရာ မရှိဘူး။ အခုထိ ဖုန်းမသုံးနိုင်သေးတာ။ မင်းရဲ့မက်ဆေ့ချ်ကို မြင်နိုင်စေဖို့ ဖုန်းကတ်အသစ်တစ်လုံးနဲ့ ကတ်အသစ်တစ်ခုကို ဝယ်လိုက်တယ်။ ခုညငါမင်းကိုချက်ချင်းခေါ်တာပဲ" ဟု ကျင်းယွင်ယောင်ကပြောသည်။ သူမ အမှန်အတိုင်း မပြောနိုင်ဘူးဆိုတာ သိသာပါသည်။
ကျင်းယွင်ယောင် အဆင်ပြေနေပြီး သူ့ဖုန်းကို ပျောက်သွားမှန်း သိလိုက်ရတော့ ရှုလီဟွာ စိတ်သက်သာရာရသွားသည်။
"မင်း အခု ကောမြို့ကို ပြန်ရောက်ပြီလား ဒါမှမဟုတ် တခြားတစ်နေရာမှာလား" ရှုလီဟွာ ကိုမေးသည်။
“ငါ ကောမြို့မှာ ခဏနေမယ် ဒါပေမယ့် ငါတို့လေယာဉ်က မနက် ၁၁း၂၀ မှာ ထွက်မှာ။ ငါတို့ လေဆိပ်ကို တိုက်ရိုက်သွားနေတာ” ဟု ကျင်းယွင်ယောင် က ပြောသည်။
"အိုး ငါတို့အတူတူထမင်းစားလို့ရတယ်လို့ထင်နေတာ။ ဒီလိုဆိုရင် နောက်တစ်ကြိမ်မှဆုံကြတာပေါ့!” ရှုလီဟွာသည် စိတ်ပျက်သွားသော်လည်း ကျင်းယွင်ယောင် ကို ဆက်နေရန် သူမ မတိုက်တွန်းနိုင်ခဲ့ပေ။
"ဟုတ်ပြီ ငါအချိန်ရရင် မင်းကိုလာတွေ့မယ်"
“ကောင်းတာပေါ့ ငါလည်းအခွင့်အရေးရရင် မြို့တော်ကို လာလည်မယ်။ ဒါဆိုရင် မင်းငါ့ရဲ့ဂိုက်လုပ်ပေးပေါ့” ဟု ရှုလီဟွာ က ပြောသည်။ သူမရဲ့ အဆင့်အတန်းကြောင့် သူ့မှာ သူငယ်ချင်းအစစ်တွေ အများကြီး မရှိခဲ့ပါဘူး။ လူအများစုသည် ရည်ရွယ်ချက်နှင့် သူမနဲ့သူငယ်ချင်းဖွဲ့ခဲ့ကြသည်။ သူမသည် သူတို့နှင့် ပေါင်းသင်းခြင်းကို ရပ်တပ်စရာမလိုပဲ သတိထားရန်သာ လိုအပ်သည်။ ကျင်းယွင်ယောင်က မတူပေ။ သူမသည် ရှုလီဟွာ၏အသက်ကို ကယ်တင်ခဲ့ပြီး သူမ၏သူငယ်ချင်းအစစ်ဖြစ်သောကြောင့် ရှုလီဟွာသည် သူတို့၏ခင်မင်ရင်းနှီးမှုကို အလွန်မြတ်နိုးသည်။
ကျင်းယွင်ယောင် မြို့တော်ကို ပြောင်းရွှေ့သွားပြီးနောက် တွေ့တာ ရှားသော်လည်း အဆက်အသွယ်မပြတ်သဖြင့် သူမသည် ကျင်းယွင်ယောင် သို့ ရံဖန်ရံခါ သွားရောက်လည်ပတ်လေ့ရှိသည်။
"ဟုတ်ပါတယ်!" ကျင်းယွင်ယောင်က ပြုံးပြီး ပြောသည် ။ မြို့တော်တွင် ရှုလီဟွာကို တွေ့ရန် သူမ မျှော်လင့်ထားသည်။
"အော် ကျေးဇူးပြုပြီး မစ္စကု ကူညီပေးလို့ ငါ့ခန္ဓာကိုယ်ထဲက ကင်ဆာဆဲလ်တွေ ပျောက်သွားလို့ မကြာခင်မှာ ငါ သက်သာလာမှာပါ ကျေးဇူးပြုပြီး မစ္စကုကို ကျေးဇူးတင်စကားငါ့အစားပြောပေးပါ” ဟု ရှုလီဟွာက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ကုနင်ကြောင့်သာမဟုတ်ခဲ့လျှင် သူမသည် အချိန်အကြာကြီး ခံစားရပေလိမ့်မည်။
“မင်းအတွက် ငါ၀မ်းသာတယ်။ ငါသူ့ကို ကျေးဇူးတင်ကြောင်း သေချာပြောပြပေးမယ်" ကျင်းယွင်ယောင် က ကုနင်းကို တစ်ချက်ကြည့်လိုက်ကာ ပြောသည်။
ကုနင်းသည် ရှုလီဟွာ၏ စကားကိုကြားသောကြောင့် သူမလည်း ပြုံးကာ ရှုလီဟွာ၏ ကျေးဇူးကို လက်ခံခဲ့သည်။
ရှုလီဟွာနှင့် ခဏကြာ စကားပြောပြီးနောက် ကျင်းယွင်ယောင် ဖုန်းချလိုက်သည်။
…
ကျင့်ကြံရေးလောကတွင် ထျန်းတောက်ကျုံးသည် သဲလွန်စအချို့ကိုတွေ့ရှိခဲ့သည်။ ယင်ရှီရွှမ်းသည် မသေဆုံးမီတွင် ကျင်းကျီနဉ် နှင့် တွေ့ဖူးသည်။ ကျင်းကျီနဉ်သည်လည်း ယင်ရှီရွှမ်းနှင့် မတွေ့ဆုံမီတွင် အမျိုးသမီးတစ်ဦးကို တွေ့ဖူးသည်။
ထိုအမျိုးသမီးမှာ ကျင်းယွင်ယောင် ဖြစ်သည်။
ကျင်းကျီနဉ်သည် ကျင်းယွင်ယောင်နှင့် တွေ့ဆုံသည့် စောင့်ကြည့် ဗီဒီယိုများကို ဖျက်စီးရန် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့ကို အကုန်လုံးမဖျက်ဆီးနိုင်ခဲ့ပေ။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၃၃ နည်းနည်းတော့ သံသယ၀င်စရာကောင်းတယ်
ကံကောင်းစွာနဲ့ပဲ ကျင်းယွင်ယောင်ရဲ့ မျက်နှာဟာ စီစီတီဗီဗီဒီယိုတွေမှာ မရှင်းလင်းတဲ့အတွက် သူမကို မမှန်မိပေ။ ထို့အပြင် ကျင်းယွင်ယောင် သည် သေဆုံးသွားပြီဖြစ်ကြောင်း သူတို့ယုံကြည်သောကြောင့် ထိုအမျိုးသမီးသည် သူမဖြစ်နိုင်သည်ဟု မထင်ခဲ့ကြပေ။
နောက်ဆုံးတော့ သေမျိုးလောကကို မကြာခဏလာရောက်လည်ပတ်လေ့ရှိတဲ့ ကျင့်ကြံသူတွေမှာ အဲဒီနေရာက သူငယ်ချင်းအနည်းငယ်ရှိတာကြောင့် ကျင့်ကြံရေးသမားတွေဟာ သေမျိုးတွေနဲ့ တွေ့ဆုံတာက ပြဿနာမဟုတ်ပါ။ သို့သော်လည်း ကျင်းကျီနဉ် သည် ယင်ရှီရွှမ်း ကို မတွေ့မီတွင် ထိုအမျိုးသမီးနှင့် တွေ့ဆုံခဲ့ခြင်းကြောင့် ၎င်းတို့သည် အဆိုပါ အမျိုးသမီးကို သံသယဝင်ကာ ယင်ရှီရွှမ်း သေဆုံးမှုနှင့် ပတ်သတ်၍ တစ်ခုခုဖြစ်နိုင်သည်ဟု ထင်ခဲ့ကြသည်။
ဒါဟာ သူတို့စဉ်းစားနိုင်တဲ့ ဖြစ်နိုင်ခြေတွေထဲက တစ်ခုဖြစ်ပေမယ့် ကျင်းယွင်ယောင်ဟာ အပြစ်ရှိတယ်လို့ ယုံကြည်တယ်လို့ မဆိုလိုပါ။
ထို့အပြင် ကျင်းကျီနဉ် နှင့်တွေ့ဆုံသည့်နေ့တွင် ယင်ရှီရွှမ်း သေသွားပြီးခြင်းရှိမရှိကို သူတို့အားလုံးမသိရပေ။ သူတို့ရဲ့ ဆက်ဆံရေးမကောင်းတာကို သတိထားမိရင်တောင်မှ ကျင်းကျီနဉ်သည် ယင်ရှီရွှမ်းလောက် မကျွမ်းကျင်ကြောင်း အားလုံးသိကြသောကြောင့် ယင်ရှီရွှမ်း သေဆုံးမှုတွင် ကျင်းကျီနဉ် ၏ပါဝင်ပတ်သက်မှုအပေါ် ဝေခွဲမရဖြစ်နေကြသည်။
သို့သော်လည်း သူတို့တွေ့ဆုံခဲ့တာဖြစ်၍ ကျင်းကျီနဉ်သည် သံသယရှိသူတစ်ဦးဖြစ်ပြီး ၎င်းအကြောင်းကို မေးမြန်းရမည်ဖြစ်ပါသည်။
ထျန်းတောက်ကျုံး သူ့ကို စုံစမ်းတော့မယ်လို့ ကျင်းကျီနဉ် သိပေမယ့် သူဘာလုပ်သင့်လဲဆိုတာကို စဉ်းစားပြီးနောက် ကျင့်ကြံရေးလောကကို ပြန်သွားခဲ့သည်။ ထွက်ပြေးရင် အပြစ်ရှိကြောင်း သက်သေပြသွားပါလိမ့်မည်။
ထျန်းတောက်ကျုံး သူ့ကိုတွေ့ချင်တဲ့အခါ ကျင်းကျီနဉ် မအံ့သြပေမယ့် ထျန်းတောက်ကျုံးက ဘာတွေလဲဆိုတာ သူမသိတာကြောင့် နည်းနည်းတော့ ကြောက်နေခဲ့ပါသည်။
ဘာပဲဖြစ်ဖြစ် သူရင်ဆိုင်ရမည်။ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် ကျင်းကျီနဉ် သည် ကိုယ်ဟန်ဖို့လိုက်သည်။ အနည်းဆုံးတော့ မျက်နှာပေါ်မှာ အပြစ်ရှိတယ်လို့ မထင်ေစရန်အတွက်ပင်။
ကျင်းကျီနဉ်သည် ဝန်ထမ်းများနှင့် ထျန်းတောက်ကျုံး သို့ လိုက်သွားခဲ့သည်။ ဒီအမှုကို တာဝန်ယူခဲ့သူကတော့ တရားဥပဒေစိုးမိုးရေးခန်းမရဲ့ အကြီးအကဲ ရှီပိုင်ချွမ် ဖြစ်သည်။
ရှီပိုင်ချွမ်သည် အသက် 60 ဝန်းကျင်ရှိပုံရသည်။ သို့သော် သူသည် အမှန်တကယ်တွင် အသက်ရာနှင့်ချီရှိပြီး အလွန်မြင့်မားသောအဆင့်တွင် ရှိနေသည်။
ယင်ရှီယီကို ယင်မိသားစုမှ ရုံးချိန်းတွင် လိုက်သွားခိုင်းသည်။
ဒီတခေါက်မှာတော့ ကျင်းကျီနဉ်က သူ့ကို မေးခွန်းထုတ်မယ့်အစား အချက်အလက်အချို့ကို မေးတော့မှာမို့ သိပ်တရားဝင်မဟုတ်လှပါ။ သူတို့က တရားဥပဒေစိုးမိုးရေးခန်းမ/တရားရုံးခန်းမကို မသွားဘဲ ဧည့်ခန်းကို သာသွားကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျင်းကျီနဉ်သည် ယင်ရှီရွှမ်း သေဆုံးမှုနှင့် ပတ်သက်မှုရှိကြောင်း သက်သေပြရန် ၎င်းတို့တွင် အထောက်အထားမရှိသောကြောင့် သူတို့တွေ့ဆုံခြင်းသည် တရား၀င်လွန်းပါက ကျင်းကျီနဉ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်။
"ကျင်းကျီနဉ် ယင်ရှီရွှမ်းရဲ့ သေဆုံးမှုကို ကျွန်တော်တို့ စုံစမ်းကြည့်တော့ သူ မသေဆုံးခင်မှာ မင်းနဲ့တွေ့ခဲ့တာကို ငါတို့ သိခဲ့ရတယ်" ဟုရှီပိုင်ချွမ်က ပြောသည်။
"ဟုတ်ပါတယ်" ကျင်းကျီနဉ်က ဝန်ခံခဲ့သည်။ သူတို့ သိထားပြီးသားမို့ သူငြင်းရင်တောင် အဓိပ္ပါယ်မရှိတော့ပေ။ ဝန်ခံရန် ငြင်းဆိုပါက တစ်စုံတစ်ခုကို တမင် ဖုံးကွယ်ထားသည်ဟု ထင်ကောင်းထင်သွားနိုင်သည်။
ကျင်းကျီနဉ်သည် နောက်ဆက်တွဲဖြစ်ပျက်ခဲ့သည့် အထောက်အထားများကို ရှာတွေ့နိုင်မည်ဟု မထင်ထားသောကြောင့် သူလိုချင်သည့်အတိုင်း ဇာတ်လမ်းကို ပြောပြလို့ရသည်။
ကျင်းကျီနဉ်က ဆက်ပြောသည် ။ "ကျွန်တော် ယင်ရှီရွှမ်းနဲ့တွေ့ပြီး တိုက်ခဲ့တယ် ဒါပေမယ့် ကျွန်တော်က ယင်ရှီရွှမ်းလောက် မကျွမ်းကျင်ဘူးဆိုတာ မင်းတို့သိပါတယ်။ ကျွန်တော်လုံးဝမနိုင်ခဲ့ဘူး။ သူ ကျွန်တော့်ကို ဒဏ်ရာရအောင်လုပ်ပြီး ထွက်သွားခဲ့တယ်။ အဲဒါပြီးရင် ဘာဖြစ်သွားလဲမသိဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သတင်းကြားတယ်။ ကျွန်တော်လည်း အံ့သြသွားတာ"
ကျင်းကျီနဉ်သည် ယင်ရှီရွှမ်းကို အနိုင်မယူနိုင်သည်မှာ မှန်၏။ ထို့ကြောင့် သူ့အဖြေသည် ကျိုးကြောင်းဆီလျော်သည်ဟု သူတို့ထင်ခဲ့ကြသော်လည်း သံသယဖြစ်နေကြဆဲဖြစ်သည်။
"မင်းတို့ တိုက်ပွဲမှာ ယင်ရှီရွှမ်းက မင်းကို ထိခိုက်အောင်လုပ်ပြီး ထွက်သွားတယ်လို့ မင်းပြောခဲ့တယ်၊ ဒါပေမယ့် ယင်ရှီရွှမ်း မင်းကို ထိခိုက်အောင်လုပ်ပြီးမှ ထွက်သွားတာ ဖြစ်နိုင်ပါ့မလား။ မင်းမှာ အကူတစ်ယောက်ရှိပြီး သူ့ကို အတူတူသတ်ခဲ့တာ ဖြစ်နိုင်တာပဲ” ဟုယင်ရှီယီက ဆိုသည်။ ကျင်းကျီနဉ်၏ တုံ့ပြန်မှုကို သူ ဆက်လက် စောင့်ကြည့်နေခဲ့သည်။
ယင်ရှီယီ၏ ခန့်မှန်းချက်က အမှန်ဖြစ်သောကြောင့် ကျင်းကျီနဉ် အနည်းငယ် အထိတ်တလန့်ဖြစ်သွားသည်။ အဓိကအချက်အလက်တွေကို သူတို့ရှာတွေ့မှာကို သူစိုးရိမ်နေပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျင်းကျီနဉ်က အဲဒါကို ဝန်မခံဘဲ အပြစ်မဖြစ်အောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ သို့သော် သူ တည်တည်ငြိမ်ငြိမ်တော့မဖြစ်။
ဒီအချိန်မှာ သံသယရှိလို့ သူအရမ်းငြိမ်နေတယ်ဆိုရင် ထူးဆန်းနေလိမ့်မည်။ ထို့ကြောင့် ကျင်းကျီနဉ်သည် မျက်မှောင်ကြုတ်ကာ ဒေါသကိုပြသည်။ သူ့ကို မယုံသင်္ကာဖြစ်တဲ့အခါ စိတ်တိုသွားသည့်ဟန်ဖြင့်။
"မင်းငါ့ကိုဘာလို့သံသယဖြစ်နေတာလဲဆိုတာ ငါနားလည်ပါတယ်။ ဒါပေမယ့် ငါဘာလို့ယင်ရှီရွှမ်းကိုသတ်ပစ်ရမှာလဲ။ အဲဒီကနေ ဘာရနိုင်မှာမလို့လဲ။ ယင်ရှီရွှမ်းရဲ့ ကျွမ်းကျင်မှုတွေကြောင့် သူ့ကိုသတ်ဖို့ ငါ့ကို ကူညီတဲ့သူဟာ ငါ့ထက် သန်မာရမှာပေါ့။ ဘယ်သူက ငါနဲ့ လက်တွဲဖို့ ဆန္ဒရှိမယ် ထင်လဲ။ အမှန်တော့ ဒီနှစ်တွေအတွင်းမှာ ကျင့်ကြံရေးလောကထဲကိုတောင် ငါပေါ်လာတာ ရှားပါတယ်” ဟု ကျင်းကျီနဉ်က သူ့ကို လူသတ်သမားလို့ သတ်မှတ်၍ ဒေါသထွက်သလို ဒေါသသံအနည်းငယ်နဲ့ ပြောခဲ့သည်။
အခြားလူများသည် ကျင်းကျီနဉ်နှင့် တူညီသော အယူအဆရှိကြပြီး အဓိကအားဖြင့် သူ၏တုံ့ပြန်မှုကို မြင်လိုကြသည်။ သူ ထိတ်လန့်သွားမလား စိတ်တိုသွားမလား သိချင်နေကြသည်။
ကျင်းကျီနဉ်က ပုံမှန်အတိုင်း တုံ့ပြန်တဲ့အတွက် သူတို့မှားတာပဲဖြစ်ဖြစ် ကျင်းကျီနဉ်က သရုပ်ဆောင်တာ အရမ်းကောင်းတာဖြစ်ဖြစ် ဖြစ်နိုင်ပေသည်။
ရှီပိုင်ချွမ် ရှေ့မှာ သူတို့ ကျင်းကျီနဉ်ရဲ့ စကားကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ကြသည်။ သို့သော် ၎င်းတို့၏ သံသယများ အနည်းငယ်လျော့သွားစေရုံပါ။ သူ့ကို သံသယရှိနေကြတုန်းပင်။
"ဒါဆို ယင်ရှီရွှမ်းနဲ့မတွေ့ခင်မှာ မင်းတွေ့ခဲ့တဲ့ အမျိုးသမီးက ဘယ်သူလဲ" ရှီပိုင်ချွမ်က မေးသည်။
ထိုစကားကိုကြားတော့ ကျင်းကျီနဉ် အံ့သြသွားသည်။ ကျင်းယွင်ယောင်အကြောင်း သူတို့ သိသွားမှာကို သူ စိုးရိမ်နေမိသည်။
အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ မဖြစ်နိုင်ဘူးဟု ထင်ခဲ့သည်။ ထိုအမျိုးသမီးသည် ကျင်းယွင်ယောင် ဖြစ်သည်ကို သိပါက သူတို့သည် ငြိမ်နေမည်မဟုတ်ပေ။ ထိုအမျိုးသမီးသည် သူ၏အထောက်အကူဖြစ်နိုင်သည်ဟု သံသယရှိနေလောက်မည်။
ကျင်းကျီနဉ်သည် သူ၏ အံ့အားသင့်နေသော အမူအရာသည် သူတို့၏ သံသယကို နှိုးဆွနိုင်သည်ကို သဘောပေါက်သောကြောင့် သူ ချက်ချင်း ကိုယ်ဟန်ဖို့လိုက်သည်။ "ဘာ? ခင်ဗျားအခုသေမျိုးကို သံသယရှိနေတာလား။ ကျွန်တော်က လူ့လောကမှာ နှစ်ပေါင်းများစွာ စီးပွားရေးလုပ်စားလာတာ။ ကျွန်တော်မှာ သေမျိုးသူငယ်ချင်းတချို့ရှိတာက သာမာန်ပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့က ထမင်းတစ်နပ်အတူတူစားကြရုံပဲ။ အဲ့ကိစ္စက ဘာမှ မှားစရာ အကြောင်းမရှိပါဘူး”
တကယ်တော့ ကျင်းကျီနဉ်ဟာ အမျိုးသမီးနဲ့ပတ်သက်တဲ့ သူတို့ရဲ့မေးခွန်းကိုကြားပြီး တစ်စက္ကန့်လောက် ထုံထိုင်းသွားတဲ့အခါ သူတို့ရဲ့ သံသယတွေကို နှိုးဆွပေးခဲ့ပေမယ့် သူ့ရဲ့ရှင်းပြချက်က သူ့တုံ့ပြန်မှုက အရမ်းယုတ္တိရှိပုံပေါ်သည်။
“ငါတို့အဲ့လိုပြောချင်တာမဟုတ်ပါဘူး။ ငါတို့လည်း မင်းကို သံသယမရှိပါဘူး။ မင်းမသေခင် ယင်ရှီရွှမ်းနဲ့တွေ့ခဲ့တာကို ငါတို့သိလိုက်ရတယ်၊ ဒါကြောင့် မင်းကို မေးခွန်းနည်းနည်းမေးရတာပါ" ဟု ရှီပိုင်ချွမ်ကပြောသည်။ သူက ကျင်းကျီနဉ်ကို သံသယမ၀င်တော့တဲ့အတွက် သူ့ကို နှစ်သိမ့်ပေးဖို့ ပြောလိုက်သည်။
"ကျွန်တော်သိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ယင်ရှီရွှမ်းနဲ့တွေ့ခဲ့တာပဲ" ဟု ကျင်းကျီနဉ်က ပေါ့ပေါ့ပါးပါးပြောပေမယ့် သူ့မျက်နှာမှာ အနည်းငယ် လှောင်ပြောင်သရော်နေခဲ့ပါသည်။ ဆိုလိုသည်မှာ သူတို့သည် သူ့ကို သံသယရှိတာကို သူသိပြီး သူ့ကိုယ်သူ အပြစ်ကင်းနေကြောင်းဆိုလိုခြင်းပင်။
“အိုး ကျွန်တော်လူ့လောကမှာ ထူးဆန်းတဲ့အရာတချို့ကို ငါတွေ့ခဲ့ေသးတယ်။ ထူးထူးခြားခြား အရည်အချင်းရှိတဲ့သူအချို့ ရုတ်တရက်ပေါ်လာတယ်။ သူတို့က နိုင်ငံခြားက။ ပြီးတော့ သူတို့က ငါတို့နိုင်ငံမှာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတာ” ဟု ကျင်းကျီနဉ်က ပြောသည်။ သူသည် ထိုအကြောင်းကို ထျန်းတောက်ကျုံးထံ သတင်းပို့ရန် လိုအပ်သည်ဟု သူခံစားခဲ့ရပြီး ၎င်းတို့၏ သံသယများကို ဖယ်ရှားရန်လည်း ကူညီပေးနိုင်သည်။
***
ဖီးနစ်သွေးစက်
အခန်း ၂၀၃၄ သူကျွန်တော့်ကို တကယ်မထိခိုက်စေခဲ့ပါဘူး
"ဟင်? နိုင်ငံခြားမှာရော ထူးခြားကျွမ်းကျင်တဲ့သူတွေ ရှိလို့လား” ရှီပိုင်ချွမ် အံ့သြသွားသည်။
“ကျွန်တော်တို့မှာတောင် ကျင့်ကြံသူတွေ၊ သရဲတစ္ဆေတွေနဲ့ နတ်ဆိုးအမျိုးမျိုးရှိတာပဲ။ ထူးခြား ကျွမ်းကျင်တဲ့သူတွေ နိုင်ငံခြားမှာ ရှိနေတာ မဆန်းပါဘူး။ ယင်ရှီရွှမ်းက သူတို့ထဲက တစ်ယောက်ထဲနဲ့ တွေ့ခဲ့တာ မဖြစ်နိုင်ဘူးလား”
ထိုစကားကိုကြားတော့ ရှီပိုင်ချွမ်နှင့် အခြားလူများက ၎င်းကိုစဉ်းစားနေကြသည်။ အမှန်ပင် ဖြစ်နိုင်သည်။
သူတို့သည် သေမျိုးများ၏ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိသော်လည်း အထူးကျွမ်းကျင်မှုရှိသော ထိုလူများကို စုံစမ်းရန် လိုအပ်ပါသည်။
အထူးကျွမ်းကျင်သော နိုင်ငံခြားလူမျိုးများသည် တိုင်းပြည်အတွက်သာမက ကျင့်ကြံသူများအတွက်လည်း ခြိမ်းခြောက်မှုတစ်ခုဖြစ်နုိင်သည်။ သူတို့အကြောင်း ဘာတစ်ခုမသိရသေးတဲ့အတွက် သူတို့ရဲ့ အရည်အချင်းတွေကို မသိနိုင်ကြပေ။
ကျင့်ကြံသူများသည် အလွန်သန်မာသည်ဟု အမြဲယုံကြည်ကြသော်လည်း ၎င်းတို့သည် သေမျိုးများထက်သာ သာလွန်ကြသည်။ မြင့်မားသောအဆင့်ရှိ နတ်ဆိုးများ သို့မဟုတ် သရဲတစ္ဆေများသည်ပင် ၎င်းတို့အတွက် ခြိမ်းခြောက်နိုင်သောကြောင့် အထူးကျွမ်းကျင်မှုရှိသော နိုင်ငံခြားလူမျိုးများသည် ပိုမိုကြီးမားသော ခြိမ်းခြောက်မှုဖြစ်လာမည်ဖြစ်သည်။
ရှီပိုင်ချွမ်က "ငါတို့ရဲ့ ဘိုးဘေးတွေကို သတင်းပို့လိုက်မယ်"
ရှီပိုင်ချွမ်သည် ကျင်းကျီနဉ်ကို နောက်ထပ်မေးခွန်းများ မမေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူ့ကို အလွန်သံသယမရှိကြဘဲ သူနှင့်စကားပြောပြီးနောက် သံသယများ လျော့ပါးသွားကြသည်။ သို့သော်လည်း သူတို့သည် သူ့ကို အနည်းငယ် သံသယရှိနေကြဆဲဖြစ်သောကြောင့် ထျန်းတောက်ကျုံး မှထွက်သွားပြီးနောက် လူများကို စောင့်ကြည့်ရန် စီစဉ်ခဲ့သည်။
ကျင်းကျီနဉ်သည် သူ့နောက်လိုက်သူများသည် သူ့ထက်အဆင့်မြင့်နေသောကြောင့် ၎င်းတို့ကို အာရုံမခံနိုင်သော်လည်း အစည်းအဝေးအပြီးတွင် သူနောက်လိုက်လာမည်ကို သူသိသည်။ ထို့ကြောင့် ကျင်းကျီနဉ် အထူးဂရုစိုက်ထားသည်။
ထျန်းတောက်ကျုံး ကိုတွေ့ပြီးနောက် ကျင်းကျီနဉ်သည် ကျင်းမိသားစု၏အိမ်သို့ တန်းတန်းမတ်မတ်ပြန်သွားပြီး အပြင်မထွက်တော့ပေ။
ကျင်းကျီနဉ်သည် တစ်ချိန်လုံး တည်ငြိမ်နေခဲ့သော်လည်း အမှန်တကယ်တော့ သူသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ထျန်းတောက်ကျုံးနှင့် တွေ့ဆုံမှုပြီးသွားသည်နှင့် တပြိုင်နက် သူ အသက်ရှူချောင်သွားခဲ့သည်။
ကျင်းကျီနဉ် သည် ကျင်းမိသားစု၏အိမ်သို့ပြန်ရောက်သောအခါ အိမ်စောင့်က ကျင်းယောင်ရုန်၏စာဖတ်ခန်းကိုသွားခိုင်းသည်။ ကျင်းယောင်ရုန်က သူ့ကို တွေ့ချင်နေလေသည်။
မေးေနစရာမလိုအောင် ကျင်းကျီနဉ်သည် ယင်ရှီရွှမ်း သေဆုံးမှုနှင့် ဆက်စပ်နေလိမ့်မည်ဖြစ်ကြောင်းကို သူသိသည်။
ဒါ သူ့မိသားစုရဲ့ ဘိုးဘေးတွေရဲ့ အမိန့်ဖြစ်တဲ့အတွက် သွားရပါမည်။
စာဖတ်ခန်းတွင်တွင် ကျင်းယောင်ရုန် နှင့်အတူ ကျင်းကျီနဉ် ၏ဖခင် ကျင်းယန်ဟွာလည်း ရှိနေခဲ့သည်။
ပင်မစားပွဲရှေ့မှာထိုင်နေတဲ့ အသက် 60 လောက်ရှိပုံရတဲ့ အမျိုးသားကတော့ ကျင်းယောင်ရုန် ပင်။
စားပွဲ၏ဘယ်ဘက်အခြမ်းတွင်ထိုင်နေသည့် အမျိုးသားတစ်ဦးမှာ အသက် ၆၀ ခန့်ရှိပြီဖြစ်သည်။ ထိုသူမှာ ကျင်းကျီနဉ်၏ဖခင် ကျင်းယန်ဟွာ ဖြစ်သည်။
ကျင်းယောင်ရုန်သည် ကျင်းယန်ဟွာထက် နှစ်ပေါင်းများစွာ အသက်ကြီးသော်လည်း ကျင်းယန်ဟွာသည် ကျင်းယောင်ရုန်ထက် များစွာ အသက်ပိုကြီးပုံရသည်။ ထိုအရာက အဆင့်အတန်းကွာဟမှု ကြီးမားသောကြောင့် ဖြစ်သည်။
ကျင်းယောင်ရုန်သည် ယွမ်ယင် အလယ်အလတ်အဆင့်တွင်ရှိပြီး ကျင်းယန်ဟွာသည် ရွှေအမြုတေ အထွတ်အထိပ်၌သာရှိသောကြောင့် အသက်ပိုကြီးပုံရသော်လည်း ၎င်းတို့နှစ်ဦးလုံး အမှန်တကယ်နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းရာနှင့်ချီရှိနေပြီဖြစ်သည်။
ကျင့်ကြံသူက အဆင့်မြင့်လေ အသက်ပိုရှည်လေဖြစ်သည်။ သူတို့သည် အသက်ကြီးသော်လည်း သာမန်လူများထက် များစွာနှေးကွေးသည်။
ကျင်းယောင်ရုန်ကိုရင်ဆိုင်ရင်း ကျင်းကျီနဉ်ဟာ မုန်းတီးမှုတွေ ပြည့်နှက်နေပေမယ့် ကျင်းယောင်ရုန်ဟာ ကျင်းမိသားစုရဲ့ ဘိုးဘေးဖြစ်တာကြောင့် သူ့မျက်နှာမှာ သူ့ရဲ့ခံစားချက်အစစ်အမှန်ကို မပြနိုင်ခဲ့ပါ။ သူသည် ယဉ်ကျေးသိမ်မွေ့သော်လည်း အလွန်လေးစားစိတ်မရှိပေ။
ကျင်းယောင်ရုန်သည် ကျင်းကျီနဉ် သူ့ကို မုန်းတီးကြောင်း သိသောကြောင့် ကျင်းကျီနဉ်ကို ခံစားချက်မဲ့သောအမူအရာဖြင့်သာ စိုက်ကြည့်နေသည်။ ကျင်းကျီနဉ်သည် ကျင်းယွင်ယောင်နှင့် နီးစပ်ပြီး သူကတော့(ကျင်းယောင်ရုန်) သူမကို သတ်ပစ်ခဲ့သည်။
သူက ကျင်းယွင်ယောင်ကို လူသိရှင်ကြား သတ်တာမဟုတ်ပေမယ့် ကျင်းမိသားစုထဲက လူတိုင်းက သူ့အကြောင်းကို ရှင်းရှင်းလင်းလင်း သိကြသည်။ သူဘာမှမပြောရင်တောင် သူက ကျင်းယွင်ယောင်ကို ရက်ရက်စက်စက်သတ်ခဲ့တာ အားလုံးသိသည်။
ကျင်းယွင်ယောင်က သူ့ကို အရှက်ရစေတဲ့အတွက် ကျင်းယွင်ယောင်ကိုသတ်ခဲ့ပစ်တာကို ကျင်းယောင်ရုန်ဟာ ဘယ်တော့မှ နောင်တမရပါ။
ကျင်းကျီနဉ်ကိုကြည့်ရင်း ကျင်းယန်ဟွာသည် သူ့ချစ်သားဖြစ်သောကြောင့် စိတ်ပူသွားမိသည်။ ကျင်းယန်ဟွာသည် ကျင်းကျီနဉ်က တကယ် ယင်ရှီရွှမ်း၏သေဆုံးမှုတွင်တွင်ပါဝင်နေမှာ စိုးရိမ်နေမိသည်။
"မင်္ဂလာပါ သခင်ကြီး, အဖေ" ကျင်းကျီနဉ်က သူတို့ကို နှုတ်ဆက်သည်။
"ဘာဖြစ်တာလဲ? ယင်ရှီရွှမ်း သေတာ မင်းနဲ့ ပတ်သတ်နေတာလား" ကျင်းယောင်ရုန်က လေးနက်စွာ မေးလိုက်သည်။ သူသေတာက သူတို့အတွက် သတင်းကောင်းဖြစ်ပေမယ့် ကျင်းမိသားစုကို ဒုက္ခမရောက်စေချင်ပေ။
“မဟုတ်ဘူး သူ မသေခင် တွေ့ဖူးရုံပါ။ သူကျွန်တော့်ကို ထိခိုက်အောင်လုပ်ပြီး ထွက်သွားခဲ့တယ်။ သူဘယ်လိုသေသွားလဲမသိဘူး” ဟု ကျင်းကျီနဉ်က တည်ငြိမ်စွာပြောသည်။
ထိုစကားကိုကြားတော့ ကျင်းယောင်ရုန်နှင့် ကျင်းယန်ဟွာ စိတ်အေးသွားသည်။
မည်သို့ပင်ဆိုစေကာမူ ကျင်းယန်ဟွာသည် ယင်ရှီရွှမ်းကြောင့် ကျင်းကျီနဉ် ဒဏ်ရာရသွားကြောင်း သိလိုက်ရသောအခါတွင် စိတ်ဆိုးသွားသည်။ "အခု မင်းအဆင်ပြေရဲ့လား" စိုးရိမ်စိတ်နဲ့ မေးသည်။
"ကောင်းပါတယ်။ သူငါ့ကိုတကယ်မနာကျင်စေပါဘူး။ နောက်ပြီး သူ အခုသေသွားပြီလေ” ဟု ကျင်းကျီနဉ် ကပြောသည်။ အဲ့တာကြောင့် ယင်ရှီရွှမ်းကို အခု မုန်းတီးမှု မရှိတော့ပေ။
…
ကုနင်းနဲ့ တခြားသူတွေ မြို့တော်လေဆိပ်ကို ရောက်တဲ့အခါ ည ၇ နာရီ ထိုးနေပြီဖြစ်သည်။ သူတို့ လေယယျာဉ်ပေါ်မတက်ခင်မှာ လင်ရှောင်းထင်က ကျောက်တုံးလေးကို ဖုန်းဆက်ပြီး ည ၇ နာရီ မတိုင်ခင် လေဆိပ်မှာ လာခေါ်ဖို့ ပြောခဲ့သည်။ ထို့ကြောင့် သူတို့မရောက်မီတွင် ကျောက်တုံးလေးက ၎င်းတို့ကို စောင့်နေပြီဖြစ်သည်။ ဒီလိုနဲ့ သူတို့ လေဆိပ်ဆင်းပြီးတာနဲ့ တစ်ခါထဲ လေဆိပ်ကနေ ထွက်လာခဲ့သည်။
လေယာဉ်ပေါ်မှာ အစားအသောက်တွေ စားခဲ့ကြပေမယ့် ညစာစားဖို့ လိုအပ်နေသေးတာကြောင့် စားသောက်ဆိုင်တစ်ဆိုင်ကို ရှာကြည့်ခဲ့ပါသည်။
လမ်းတစ်လျှောက်တွင် ကျင်းယွင်ယောင်သည် ကျင်းကျီနဉ်၏အခြေအနေအတွက် စိတ်ပူနေသဖြင့် ကျင်းကျီနဉ် ထံဖုန်းဆက်ခြင်း သို့မဟုတ် မက်ဆေ့ခ်ျပို့ခြင်းရှိမရှိသိရန် လေယာဉ်မှထွက်သည်နှင့် သူမဖုန်းကိုဖွင့်လိုက်သည်။ သူမ ဘာမှ မမြင်ရသောအခါ ပိုစိုးရိမ်သွားသည်။
ကုနင်းနဲ့ တခြားသူတွေလည်း စိုးရိမ်နေတာကြောင့် ကျင်းယွင်ယောင်ကို ဘယ်လိုနှစ်သိမ့်ရမလဲ မသိကြပေ။
မြို့လယ်ကို ပြန်သွားတော့ ကုနင်းက ထန်ဟိုင်ဖုန်းကိုဖုန်းခေါ်သည်။ အဲ့ဒီနောက် ကုမန့်ကိုခေါ်သည်။ သူမပြန်ရောက်ပြီဖြစ်ကြောင်းပြောပြကာ ကုမန့်ရဲ့ အခြေအနေကို မေးမြန်းလိုက်သည်။
ကုမန့်မှာ ကိုယ်ဝန် ၆ လရှိပါပြီ။ ကိုယ်လေးလက်၀န်ဖြစ်နေ၍ အခုရွှေ့လျားဖို့ အဆင်မပြေပေ။ ကံကောင်းထောက်မစွာ သူမအလွန်ကျန်းမာခဲ့သည်။
ထို့နောက် ကုနင်းသည် WeChat အုပ်စုရှိ ချူးဖေ့ဟန် နှင့် သူမ၏ အခြားသူငယ်ချင်းများနှင့် စကားပြောဆိုခဲ့သည်။ သူမသည် WeChat အဖွဲ့တွင် အချိန်အတော်ကြာ မပေါ်လာသောကြောင့် သူမ၏ ရုတ်တရက် ပေါ်လာခြင်းသည် လူတိုင်း၏ ဝေဖန်မှုကို နှိုးဆွခဲ့သည်။ သို့သော် သူမ အရမ်းအလုပ်များနေမှန်း သူတို့သိသောကြောင့် ကုနင်းကို စိတ်မဆိုးကြပါ။
သူတို့သည် အရသာရှိသော ဒေသထွက် ဟင်းပွဲများအတွက် ကျော်ကြားသော စားသောက်ဆိုင်တစ်ခုသို့ သွားကြသည်။ နောက်ကျနေပြီဖြစ်သောကြောင့် ထမင်းစားသူ များများစားစားမရှိသောကြောင့် ကုနင်း နှင့် အခြားသူများသည် ၎င်းတို့၏အမှာစာများမှာပြီးနောက် အချိန်အကြာကြီး မစောင့်ခဲ့ရပေ။
ညစာစားပြီးနောက် စစ်ဟယ်ယွမ် သို့ ပြန်သွားကြသည်။
ကျင်းယွင်ယောင်သည် မိုးကြိုးအတိဒုက္ခအတွင်း သူမ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ သူမသည် ရုပ်ပိုင်းဆိုင်ရာ အားနည်းနေသေးပြီး ယွမ်ယင်အဆင့်တုန်းကထက် အားနည်းနေသေးသောကြောင့် စစ်ဟယ်ယွမ် တွင်နေတာက ပိုလုံခြုံပါသည်။
တနင်္လာနေ့ဆိုပေမယ့် ကုနင်းက တခြားအရာကို ကိုင်တွယ်ဖို့ လိုတာကြောင့် ကျောင်းမတက်ဖြစ်ပေ။ စစ်ဟယ်ယွမ်တွင် ညစာ ပြီးသည်နှင့် သူမသည် လင်ရှောင်းထင် မပါပဲ ကုမ္ပဏီသို့ သွားခဲ့သည်။ လင်ရှောင်းထင် မပါရခြင်းမှာ သူတို့သည် ယခုအချိန်တွင် လှည့်လည်မသွားနေသင့်သောကြောင့်ဖြစ်သည်။
ကုနင်း၏ ကုမ္ပဏီ၊ ကျောင်းနှင့် အိမ်များအနီးတွင် ကျင့်ကြံသူများရှိနေသဖြင့် ကုနင်းနှင့် လိုက်သွားပါက လင်ရှောင်းထင်ကို အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။
…
နေ့ခင်းဘက်တွင် ကျင်းကျီနဉ်သည် ကျင်းယွင်ယောင် သူ့အတွက် စိတ်ပူနေနိုင်သောကြောင့် ကျင့်ကြံရေးလောကမှ ထွက်ခွာသွားသည်။ ဘေးကင်းကြောင်း သူမအား အသိပေးရပေမည်။