← Chapters

အခန်း (၂၀၄၁-၂၀၄၆)

Vol. 125 Ch. 2041-2046

အခန်း (၂၀၄၁-၂၀၄၆)

Vol. 125 Ch. 2041-2046

အခန်း ၂၀၄၁ ထပ်မံတုန်လှုပ်သွားခြင်း

ချောင်မိသားစုသည် Bမြို့ တွင် အခြေစိုက်ထားသော်လည်း ၎င်းသည် ကြီးစိုးသောမိသားစုဖြစ်သောကြောင့် လူအများကြားသိပြီး အံ့သြထိတ်လန့်သွားကြသည်။

ထန်ယွင်ရုန်သည် ချောင်မိသားစုတွင်လက်ထပ်ခဲ့ကြောင်းကို လူတိုင်းမသိကြသောကြောင့် ကုနင်းသည် ထန်မိသားစုကြောင့် ချောင်မိသားစုနှင့် ဆက်ဆံရေးရှိကြောင်း သူတို့မသိခဲ့ကြပေ။

ချောင်မိသားစုသာမက လေ့မိသားစုနှင့် Bမြို့မှ အကြီးတန်းအရာရှိများနှင့်အတူ အခြားအရမ်းချမ်းသာသောမိသားစုများလည်း ရောက်လာသည်။ သူတို့အားလုံးသည် တန်ဖိုးကြီးပန်းတောင်းများကို ပို့‌ေဆာင်ပြီး တန်းစီ‌ေစာင့်‌ေနကာ အခြားဧည့်သည်များကို ထပ်မံတုန်လှုပ်စေခဲ့သည်။

အလွန်ချမ်းသာသောမိသားစုများ၏ကိုယ်စားလှယ်များနှင့် Bမြို့မှအကြီးတန်းအရာရှိများသည် ကုနင်းသည် ထန်ယွင်ဖန်း၏သမီးဖြစ်သည်ကို သူတို့သိသောကြောင့် ထန်မိသားစုကြောင့် လာခဲ့ကြသော်လည်း မြို့တော်ရှိ အခြားလူများကမူ ထိုအကြောင်းကို မသိခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ကုနင်းကြောင့် လာသည်ဟု ထင်ကြသည်။

“ကုနင်းရဲ့ အချိတ်အဆက်တွေက လုပ်ငန်းတိုင်းမှာရှိတာပဲ။ သူက အထက်တန်းလွှာလူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တော်တော်များများကို သိတယ်”

“ဟုတ်တယ် သူတို့အားလုံးက လူမှုအဆင့်အတန်းမြင့်တယ်။ အံ့သြစရာပဲ!”

“…”

ထိုမိသားစုများသည် လင်မိသားစု၊ ရှုမိသားစု သို့မဟုတ် ထန်မိသားစုတို့နှင့် မယှဉ်နိုင်သော်လည်း ၎င်းတို့အားလုံးသည် လူမှုအဆင့်အတန်းမြင့်သော လူတန်းစားများဖြစ်သည်။ တခြားလူတွေကတောင် သူတို့ကို တွေ့ရခဲပေမယ့် ကုနင်းက သူတို့နဲ့ ဆက်ဆံရေးရှိနိုင်သည်။

ရလဒ်အနေဖြင့် လင်မိသားစု၊ ရှုမိသားစုနှင့် ထန်မိသားစုတို့ လာပြီးနောက်တွင် ၎င်းတို့သည် တဖန်အံ့သြသွားကြသည်။

ထို့နောက် HK မှ ဟဲမိသားစုနှင့် Mမြို့မှ ယဲ့မိသားစု ပေါ်လာပြီး လူတိုင်းကို နောက်တစ်ကြိမ် တုန်လှုပ်စေခဲ့သည်။

ကုနင်းတောင်မှပဲ သူမက ဟဲမိသားစုနှင့် ယဲ့မိသားစုအား ထိုသတင်းကို မ‌ေပြာပြသောကြောင့် အလွန်အံ့သြသွားရသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ကာ ရောက်လာခြင်းဖြစ်ပေသည်။

သူမ၏ ကော်ပိုရေးရှင်းကို ယနေ့တွင် တရားဝင် တည်ထောင်ထားကြောင်း သူတို့ သိသော်လည်း လာမည်ကို သူမအား မပြောခဲ့ပေ။ ယင်းအစား သူတို့သည် သူမအား ဂုဏ်ပြုရန် ပန်းတောင်းများနှင့် လက်ဆောင်များနှင့်အတူ လူများကို တိတ်တဆိတ် ရောက်လာကာ ကုနင်းကို ရင်ထဲထိမိစေခဲ့သည်။

"ဘုရားရေ ကုနင်းက HK က ဟဲမိသားစုနဲ့ Mမြို့က ယဲ့မိသားစုတို့နဲ့ ဆက်ဆံရေးရှိတာလား"

"တကယ်ကြီးလား?"

သူတို့ သံသယ၀င်တာ မဟုတ်ပေမယ့် အမှန်ဖြစ်ဖို့ဆိုတာ မယုံနိုင်လောက်အောင်ပါပဲ။

"ဟုတ်တယ်! ဘယ်သူမှ အတုလုပ်ရဲမှ မဟုတ်ဘူး။ ကုနင်းအတွက်လည်း မလိုအပ်ဘူး။ လင်မိသားစုနဲ့ တခြား အင်အားကြီးမိသားစုတွေကလည်း ကုနင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်‌ေလ”

"ဟုတ်တယ် ကုနင်းက HK က ဟဲမိသားစု နဲ့ Mမြို့က ယဲ့မိသားစုနဲ့ ဘယ်လို ဆက်ဆံရေးဖွဲ့ထားလဲဆိုတာ သိချင်တယ်။ ဒါမယုံနိုင်စရာပဲ”

ကုနင်းသည် ညစ်ပတ်သောလှည့်ကွက်များကို မှီခိုအားထားကာ အဓိကအားဖြင့် သူမ၏ခန္ဓာကိုယ်ကို အရင်းအမြစ်အတွင် ရောင်းချခြင်းဖြင့် ထူးထူးခြားခြား အောင်မြင်သော စီးပွားရေးအင်ပါယာကို တည်ဆောက်နိုင်သည်ဟု လူအများက ထင်မြင်ယူဆကြသည်။ မည်သို့ပင်ဆိုစေကာမူ ယခုတက်ရောက်လာသော ဧည့်သည်များ၏ အနေအထားအရ ထိုအယူအဆကို ကိုင်စွဲထားသူများဟာ အရူးများသာ ဖြစ်ပေသည်။

ထိုအရေးကြီးသော ဧည့်သည်များအားလုံးသည် ညစ်ပတ်သောလှည့်ကွက်များကို မကြိုဆိုတဲ့အတွက် ၎င်းတို့၏သြဇာလွှမ်းမိုးမှုကို မည်သူမှ သံသယရှိမည်မဟုတ်ပါ။ ထို့ကြောင့် ကုနင်းတွင် သူ့ကိုယ်ပိုင်အရည်အချင်းရှိရမည်။ မဟုတ်ပါက၊ ထိုအင်အားကြီးမိသားစုများမှ သူမအား ကူညီလိုစိတ်ရှိမည်မဟုတ်ပေ။

ဒါက သာမာန်လူတွေကို သူတို့လက်မခံတဲ့ အကြောင်းရင်းလည်း ဖြစ်သည်။

တကယ်တော့ လူအများစုက သူတို့အားလုံး လုပ်ငန်းခွင်မှာ အတွေ့အကြုံရှိကြ၍ ကုနင်းမှာ ထူးချွန်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ယုံကြည်ကြပါသည်။ ထူးချွန်ထက်မြက်သော ကျွမ်းကျင်မှုမရှိဘဲ အချိတ်အဆက်များကို လုံးလုံးလျားလျား အားကိုးခြင်းဖြင့် စီးပွားရေးအင်ပါယာတစ်ခု ထူထောင်ရန် မဖြစ်နိုင်ပေ။

သိပ်မကြာခင်မှာပဲ ချင်းဟွာအဖွဲ့အစည်းရဲ့ အကြီးတန်းမန်နေဂျာတွေနဲ့ ဟိုင်ချီအဖွဲ့ကြီးလည်း ရောက်လာသည်။

ကော်ပိုရေးရှင်းနှစ်ခုနှင့် ကုနင်း၏ဆက်စပ်မှုကို မသိသူများသည် အံ့အားသင့်သွားကြပြီး တချို့လူများမှာ ထိုကော်ပိုရေးရှင်းနှစ်ခုသည် ယခင်က ကုနင်း၏အခြားစီးပွားရေးလုပ်ငန်းဖွင့်ပွဲအခမ်းအနားတွင် ပေါ်လာဖူးခဲ့သောကြောင့် မည်သို့မျှမခံစားရပေ။

ချီထန်းလင် နှင့် စစ်ထူယဲ့ ၏ အထူးနောက်ခံကြောင့် ၎င်းတို့သည် လူကိုယ်တိုင်မလာခဲ့ပါ။ ၎င်းသည် ကုနင်းကို မလိုလားအပ်သောဒုက္ခဖြစ်စေနိုင်သည်။

ကုနင်းသည် ချင်ဂိုဏ်းနှင့် ကီရင်ဂိုဏ်းတို့နှင့် ဆက်ဆံရေးရှိကြောင်း လူများက သိရှိလာပါက သံသယများ ဖြစ်ပေါ်လာနိုင်သည်။

စီးပွားရေးသမားများသည် တရားမဝင်ဂိုဏ်းများနှင့် ဆက်ဆံရေးရှိခြင်းမှာ အထူးအဆန်းမဟုတ်သော်လည်း ၎င်းတို့က ၎င်းကို အမြဲလျှို့ဝှက်ထားရသည်။

လူသိရှင်ကြား ထုတ်ဖော်ပြောရင် တခြားလူတွေက သူတို့ကို သံသယဖြစ်လာလိမ့်မည်။ နောက်ဆုံးတွင်တရားမဝင်ဂိုဏ်းများသည် မရေမတွက်နိုင်သော မကောင်းမှုများစွာကို ပြုလုပ်ခဲ့ကြသောကြောင့် ၎င်းတို့နှင့် ပေါင်းသင်းဆက်ဆံဖူးသူတိုင်းသည် တရားမဝင်သော လုပ်ရပ်များတွင်လည်း ပါ၀င်ပတ်သက်နေသည်ဟု သံသယများ ဖြစ်ပေါ်စေနိုင်ပါသည်။

ကုနင်းသည် ချင်းဟွာအဖွဲ့အစည်းနှင့် ဟိုင်ချီအဖွဲ့အစည်းတို့နှင့် ဆက်ဆံရေးရှိခဲ့သော်လည်း ချင်ဂိုဏ်းနှင့် ကီရင်ဂိုဏ်းတို့နှင့်လည်း ဆက်ဆံရေးရှိသည်ဟု မဆိုလိုပေ။ ချင်းဟွာအဖွဲ့အစည်းနှင့် ဟိုင်ချီအဖွဲ့အစည်းတို့သည် တရားဝင်စီးပွားရေးလုပ်ဆောင်နေသောကြောင့်ဖြစ်သည်။ တရားမ၀င် ဂိုဏ်းတွေ ပိုင်တာတောင်မှ လူတွေက ဒါကို လက်ခံနိုင်ကြသည်။

ထို့အပြင် အကြီးတန်းအရာရှိများစွာရှိ၍ တရားမဝင်ဂိုဏ်းများ၏ အကြီးအကဲများအဖြစ် ရောက်လာရန် ၎င်းတို့အတွက် မသင့်လျော်ပေ။

ချီထန်းလင်နှင့် စစ်ထူယဲ့သည် လူသိရှင်ကြား မပြသခဲ့သော်လည်း ၎င်းတို့ ရောက်လာခဲ့သည်။

ချီထန်းလင်သည် စစ်ထူယဲ့ ထက်စောပြီး ရောက်လာသည်။ သူ့ကားကို လူစုလူဝေးနဲ့ ဝေးရာမှာ ရပ်လိုက်သည်။ သူက ကားထဲက မထွက်ဘဲ ကုနင်းဘက်ကို ကြည့်ဖို့ ကားပြတင်းပေါက်ကို ဖွင့်လိုက်သည်။

ကုနင်းကိုမြင်လိုက်သည်နှင့် သူ့မျက်လုံးများသည် နူးညံ့လာသော်လည်း သူမဘေးတွင် လင်ရှောင်းထင်ကိုတွေ့သောအခါ မျက်မှောင်ကြုတ်သွားသည်။ သူသည် လင်ရှောင်းထင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

ချီထန်းလင်သည် လင်ရှောင်းထင်နှင့် ကုနင်း၏ ဆက်ဆံရေးကို မသိသောကြောင့် သူတို့သည် ရိုးရှင်းစွာ သိနေကြသည်ဟု သူထင်ခဲ့သော်လည်း လင်ရှောင်းထင်ကို ရန်ငြိုးအနည်းငယ်ရှိသည်။ သူတို့သည် ရန်သူများမဟုတ်ကြသော်လည်း သူ့ကိုတွေ့ရန် တွန့်ဆုတ်နေသည်။ ဆုံတွေ့လိုက်သည်နှင့် တစ်ဦးနှင့်တစ်ဦး မလွှဲမရှောင်သာ ပြိုင်ဆိုင်ရနိုင်သည်။

ချီထန်းလင်သည် ရက်စက်သော်လည်း သူ့တွင် အကြောင်းပြချက်ရှိသောကြောင့် လင်ရှောင်းထင်ကို လူမြင်ကွင်းတွင် မတိုက်ခိုက်ပေ။ တကယ်တော့ စစ်သားတစ်ယောက်ကို တိုက်ခိုက်တာဟာ တရားမဝင်ပါဘူး။

တရားမ၀င် ဂိုဏ်းခေါင်းဆောင်အဖြစ် အကြိမ်ပေါင်းများစွာ ဥပဒေကို ဖောက်ဖျက်ခဲ့သော်လည်း ၎င်းကို လူသိရှင်ကြား ထုတ်မဝံ့ဘဲ လျှို့ဝှက်လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် လင်ရှောင်းထင်ကို မုန်းသော်လည်း ဘာမှ မလုပ်ဘဲ သူ့ကို အေးစက်စွာ ကြည့်နေခဲ့သည်။

လင်ရှောင်းထင်အပေါ် ချီထန်းလင်၏ မျက်လုံးများ အေးစက်စွာကျ‌ေရာက်လာသည်နှင့် တပြိုင်နက် လင်ရှောင်းထင် ခံစားလိုက်ရသည်။

ချီထန်းလင်သည် လင်ရှောင်းထင်ကို မုန်းတီးမှုဖြင့် စိုက်ကြည့်ခြင်းကို မရှောင်နိုင်ခဲ့သောကြောင့် ရှာဖွေတွေ့ရှိရန် မခဲယဉ်းပေ။ ချီထန်းလင်၏အကြည့်မှာ မနှစ်မြို့စရာကောင်းသော်လည်း ခြိမ်းခြောက်ခြင်းမရှိပေ။

ထို့ကြောင့် လင်ရှောင်းထင်သည် ၎င်းကိုရှောင်ရန် စိတ်မ၀င်စားဘဲ သူ့နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ချီထန်းလင်ကို ကားထဲတွင် တွေ့လိုက်ရသည်။

ချီထန်းလင်ကိုမြင်လိုက်ရတော့ လင်ရှောင်းထင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ချီထန်းလင် လူကိုယ်တိုင်ရောက်လာတာကို သူအံ့သြသွားသည်။

ချီထန်းလင်သည် ကုနင်းအပေါ် အထူးခံစားချက်ရှိကြောင်း သူသိသောကြောင့် လင်ရှောင်းထင်သည်လည်း ချီထန်းလင်ကို မြင်တွေ့ရသည်ကို သဘောမကျပါ။ ဘာပဲဖြစ်ဖြစ် ချီထန်းလင်က သူမကို သဘောကျပေမဲ့ ကုနင်းက ချီထန်းလင်ကို မရွေးတဲ့အတွက် သူ သိပ်ဂရုမစိုက်ပါ။

လင်ရှောင်းထင်သည် ချီထန်းလင်၏အကြည့်ကို ခံစားနိုင်သောကြောင့် သူ့နှင့်မဝေးသော ကုနင်းကလည်း ခံစားနိုင်သည်။ သူမ လှည့်ကြည့်လိုက်တော့ ချီထန်းလင် အံ့သြသွားသည်။

လောလောဆယ်တော့ သူ့ကို မကြိုဆိုနိုင်တဲ့အတွက် ခေါင်းညိတ်ပြကာ နှုတ်ဆက်လိုက်သည်။

ချီထန်းလင်က ကုနင်းကို ညင်သာစွာ ပြုံးပြသည်။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပေမယ့် ရိုးသားမှုရှိပါသည်။

လင်ရှောင်းထင်သည် ချီထန်းလင်၏ ကုနင်းကိုကြည့်တဲ့ အကြည့်ကိုမြင်ပြီး မနာလိုသလိုခံစားခဲ့ရသော်လည်း ယခုတော့ သူဘာမှမလုပ်နိုင်သဖြင့် အနည်းငယ်စိတ်မချမ်းမသာဖြစ်မိသည်။

ကုနင်းသည် အခြားဧည့်သည်များကို ဧည့်ခံရန် အလုပ်များနေသောကြောင့် လင်ရှောင်းထင်၏ စိတ်ခံစားချက်ကို ဂရုစိုက်ရန် အချိန်မရှိပေ။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၄၂ လက်ဖက်ရည် အတူတူသောက်ကြမလား

အဲဒီနောက် စစ်ထူယဲ့ရောက်လာသည်။ သူသည် လူတွေကို ရှောင်ရန် စီစဉ်ထားသောကြောင့် သူ့ကားကို ထောင့်တစ်နေရာသို့ မောင်းသွားခဲ့သည်။

သူသည် တိတ်တဆိတ်လာသောကြောင့် သူနဲ့အတူ လူနှစ်ယောက်သာ ပါလာသည်။ ချီထန်းလင် ဘေး‌ေနရာတွင် ကားမရှိသောကြောင့် စစ်ထူယဲ့သည် ချီထန်းလင် ကား‌ေဘးမှာ သူ့ကားကို ရပ်လိုက်သည်။

ချီထန်းလင်တွင် ယွီဟောက် နှင့် အခြားသော လူများရှိပြီး ချန်းဟွာကို အချို့သော ကိစ္စရပ်များတွင် ကူညီဖြေရှင်းရန် ဂိုဏ်းထဲတွင် ထားခဲ့သည်။ ချူးရွှမ်ဖန်နှင့် အခြားလူသည် စစ်ထူယဲ့နှင့်အတူ ပါလာသည်။

ချူးရွှမ်ဖန်သည် စစ်ထူယဲ့နှင့် အကြိမ်များစွာ နေခဲ့ဖူးပြီး စစ်ထူယဲ့သည် သူ့ကို အခြားသူများထက် ပိုယုံကြည်သောကြောင့် ဖြစ်သည်။ တကယ်တော့ ချူးရွှမ်ဖန်ဟာ ဒီနေ့မှာ ဖြေရှင်းစရာတွေရှိပေမယ့် ချူးရွှမ်ဖန်က ချူးဖေ့ဟန်ကို မတွေ့တာ ကြာပြီလို့ စစ်ထူယဲ့က ထင်ထားတာကြောင့် ချူးရွှမ်ဖန်၏ ကိစ္စကို တခြားတစ်ယောက်ကို ကိုင်တွယ်ဖြေရှင်းဖို့ စီစဉ်ပြီး သူ့ကို ဒီကို ခေါ်လာခဲ့တာပါ။

ချူးရွှမ်ဖန်က ချူးဖေ့ဟန်ကို အံ့အားသင့်အောင်လုပ်ဖို့ စီစဉ်ထားတာကြောင့် သူလာမယ်လို့ မပြောခဲ့‌ေပ။ အခုအချိန်မဟုတ်သေးပေမယ့် သတင်းစာရှင်းလင်းပွဲပြီးတာနဲ့ သူ ချူးဖေ့ဟန်ကို သွားတွေ့မှာပါ။

ချီထန်းလင်၏ကားပြတင်းပေါက်ကိုဖွင့်ထားသောကြောင့် စစ်ထူယဲ့၏ကားသည် သူ့ဘေးတွင်ရပ်သည်နှင့် စစ်ထူယဲ့ ကိုတွေ့လိုက်ရသည်။ "ဟိုင်း ချီ" စစ်ထူယဲ့က ချီထန်းလင်ကို နှုတ်ဆက်သည်။

သူတို့ရဲ့ ဆက်ဆံရေးက မကောင်းပေမယ့်လည်း အဆိုးကြီးမဟုတ်ပါ။ သူတို့ဟာ ပုံမှန်အားဖြင့် ကိုယ့်ဘာသာ နေကြပေမယ့် တွေ့ဆုံရင် နှုတ်ဆက်စကား‌ေတာ့ ပြောကြသည်။

ချီထန်းလင် လာတာကို အံ့သြမိပေမယ့် သူလည်း လာတာမို့ မထူးဆန်းပေ။

စစ်ထူယဲ့ကိုတွေ့တော့ ချီထန်းလင်က မကျေမနပ်ဖြစ်ပြီး "အင်း စစ်ထူ၊ မင်းကို တွေ့ရလို့ အံ့သြသွားတာပဲ။ မင်းက ကုနင်းနဲ့ အထူးဆက်ဆံရေးရှိပုံရတယ်"

ကုနင်းနှင့် စစ်ထူယဲ့၏ အထူးဆက်ဆံရေးကို သူ သတိပြုမိသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်ပြီးရွဲ့စောင်းလိုက်သည်။

ယခုအချိန်မှာ ချီထန်းလင်သည် စစ်ထူယဲ့အား တမင်ဖိအားပေး‌ေနခြင်းဖြစ်သည်။

စစ်ထူယဲ့သည် ချီထန်းလင်ထက် သိမ်မွေ့သော်လည်း၊ သူသည် တရားမဝင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သောကြောင့် လုံးဝ မပျော့ညံ့ဘဲ ချီထန်းလင် ကိုလည်း စိတ်ဖိစီးစေရန် ကြိုးစားလိုက်သည်။

အညီအမျှ သန်မာသော လူနှစ်ယောက် အချင်းချင်း တွေ့ကြခြင်းဖြစ်သည်။

သို့သော် သူတို့ဘေးနားရှိလူများသည် ကြီးမားသောဖိအားကို မခံနိုင်သောကြောင့် ကားထဲတွင် အသက်ရှူရခက်သွားကြသည်။

"ချီ၊ မင်း‌ေရာ ဒီကိုလာတာဆိ‌ုတော့ ကုနင်း နဲ့ အထူးဆက်ဆံရေးရှိလို့လား?" စစ်ထူယဲ့သည် ချီထန်းလင်ထက် တည်ငြိမ်နေပုံရသည်။

“ဟုတ်တယ်‌ေလ” ဟု ချီထန်းလင်က အမှန်အတိုင်းပြောနေသလို ဂုဏ်ယူစွာနဲ့ပြောသည်။

စစ်ထူယဲ့က သူတို့သူငယ်ချင်းတွေပဲဖြစ်နိုင်တယ်ဆိုတာ သူရှင်းရှင်းလင်းလင်းသိနေတာကြောင့် ဘာမှဆက်မပြောတော့‌ေပ။ ချီထန်းလင်က ကုနင်းကို သဘောကျတယ်ဆိုရင်တောင် ကုနင်းမှာ လင်ရှောင်းထင် ရှိပြီးသားမို့ သူမနှလုံးသားကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ပေ။

တကယ်တော့ သူလည်း အလားတူအခြေအနေမျိုးမှာ ရှိနေတာမို့ ချီထန်းလင်ကို မရယ်မိပါ။ ချီထန်းလင်ကို ရယ်ရင် သူ့ကိုယ်သူ လှောင်ပြောင်နေသလိုဖြစ်လိမ့်မည်။

စစ်ထူယဲ့က နောက်မှ ကုနင်းကို လှည့်ကြည့်လိုက်သည်။ ကုနင်းနှင့် လင်ရှောင်းထင်ကို စိုက်ကြည့်ရင်း သူတို့သည် အမှန်တကယ် ပြီးပြည့်စုံသော စုံတွဲတစ်တွဲဟု သူထင်မြင်မိသည်။

နှစ်ယောက်လုံး ဘာမှ မပြောကြတဲ့အတွက် အချင်းချင်း ဖိအားတွေ မပေးတော့ပေ။

လင်ရှောင်းထင်သည် ၎င်းတို့အား တစ်ကြိမ်တစ်ခါမျှ လှမ်းကြည့်မိသောကြောင့် စစ်ထူယဲ့‌ေရာက်လာသည်ကို မြင်လိုက်ရသည်။

ချီထန်းလင် ရောက်လာပြီး‌ေနာက် စစ်ထူယဲ့ပါရောက်လာတဲ့အတွက် မပျော်မရွှင်ဖြစ်နေပြီဖြစ်သည်။

ကုနင်းသည် လင်ရှောင်းထင်၏ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုကို ခံစားလိုက်ရသောကြောင့် သူမလှည့်ကြည့်လိုက်တော့ စစ်ထူယဲ့ကိုတွေ့လိုက်ရသည်။

ရိုးရိုးသားသားပြောရလျှင် စစ်ထူယဲ့၏နယ်မြေသည် မြို့တော်နှင့်ဝေးသောကြောင့် ကုနင်းသည် စစ်ထူယဲ့ ရောက်လာခြင်းကို အလွန်အံ့အားသင့်ရပါသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် သူလူကိုယ်တိုင်လာသောအခါ အနည်းငယ် လန့်သွားသည်။ သူတို့ရဲ့ အထူးနောက်ခံကြောင့် သူတို့ မလာသင့်မှန်း သိပေမယ့် အနားကနေ တိတ်တဆိတ် စောင့်ကြည့်နေကြသည်။

သူမကို သူတို့ သဘောကျကြောင်း သူမသိသော်လည်း သူမမှာ သူတို့အတွက် ထူးထူးခြားခြား ခံစားချက်မရှိပေ။ သို့သော် သူတို့သည် သူငယ်ချင်းဖြစ်နိုင်သေးသည်။

ကုနင်းသည် စစ်ထူယဲ့ကို မကြိုဆိုနိုင်သောကြောင့် ပြုံးရုံသာပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။

နှုတ်ဆက်ခြင်းဖလှယ်ခြင်းမပြုနိုင်သော်လည်း လျစ်လျူရှုမည်ဟု မဆိုလိုပါ။ နောက်မှ သီးသန့်စားဖို့ ဆုံးဖြတ်လိုက်သည်။

သို့သော် ချီထန်းလင်သည် ကုနင်းသည် စစ်ထူယဲ့ကို ပြုံးပြသောအခါ သူ မမျှတစွာ ဆက်ဆံခံရသည်ဟု ခံစားမိသောကြောင့် သူမ ခေါင်းညိတ်ပြလိုက်သောအခါတွင် မကျေနပ်ပေ။ သူက ကုနင်းကို အာရုံစိုက်ထားပေမယ့် ကုနင်းကတော့ သူ့အမြင်ကို ရှောင်ထားပြီး သူ့ကို လျစ်လျူရှုလိုက်သည်။ သူ စိတ်တိုသွားပေမယ့် သူမကို မေးမြန်းလို့လည်း မရပေ။

“စစ်ထူယဲ့ ငါတို့နှစ်ယောက်လုံး ပွဲကို မတက်နိုင်မှတော့ လက်ဖက်ရည်သွား‌ေသာက်ကြမလား။ ကုနင်းပြီးသွားရင် ထမင်းစားဖို့ ဖိတ်လို့ရတယ်” ဟု ချီထန်းလင်က ပြောသည်။ ကုနင်းက စစ်ထူယဲ့ကို သူ့ထက် ပိုဂရုစိုက်တာကို ကြည့်နေရ၍ သူဒီမှာ မနေချင်တော့ပေ။

ကုနင်းက စစ်ထူယဲ့ကို တစ်ချက်အကြည့်ပေးရုံသာ။ သူမက ချီထန်းလင်ထက် စစ်ထူယဲ့ကို အထူးတလည်ပိုပြီး ဂရုမစိုက်ပေမယ့် ချီထန်းလင်က စစ်ထူယဲ့ ကို ပြုံးပြလိုက်တာကြောင့် မနာလိုဖြစ်နေရသည်။

“ေကာင်းပြီ‌ေလ” စစ်ထူယဲ့သည် ချီထန်းလင် အမှန်တကယ် ဘာတွေးနေသည်ကို မသိသော်လည်း သူ့တွင် ထိုအတွေးလည်း ရှိသောကြောင့် ချီထန်းလင် အဆိုပြုသည်နှင့် သဘောတူလိုက်သည်။ ထို့ကြောင့် အနီးနားရှိ ကလပ်တစ်ခုသို့ မောင်းရန် ကားမောင်းသမားကို ပြောခဲ့သည်။

ကုနင်း၏ကုမ္ပဏီတည်ရှိရာဒေသတွင် ရုံးခန်းအဆောက်အအုံများ၊ ဟိုတယ်များနှင့် ကလပ်အိမ်အများစုရှိသောကြောင့် သူတို့လိုချင်သည့်နေရာကို အလွယ်တကူရှာဖွေတွေ့ရှိခဲ့သည်။

သူတို့နှစ်ယောက်လုံးက ကုနင်းကို တခြားတစ်နေရာမှာ သွားေနနေကြောင်း မက်ဆေ့ချ်ပို့လိုက်သည်။ ပြီးတာနဲ့ ပြန်ဆုံကြမည်။

ကုနင်းသည် တူညီသော အကြံဥာဏ်ရှိသောကြောင့် သူမသဘောတူသည်။

စစ်ထူယဲ့က ကုနင်းကို မက်ဆေ့ချ်ပို့တဲ့အခါ ချူးဖေ့ဟန်နဲ့အတူ လာဖို့ပြောပြီး ချူးရွှမ်ဖန်ကလည်း ချူးရွှမ်ဖန်က ချူးဖေ့ဟန် ကို အံ့အားသင့်စေချင်တာကြောင့် ချူးရွှမ်ဖန် ဒီမှာရောက်နေတာကို လျှို့ဝှက်ထားဖို့ ပြောခဲ့သည်။

ကုနင်းက သဘောတူတဲ့အတွက် ချူးဖေ့ဟန်ကို သူမ မပြောခဲ့ပါ။

၁၀ နာရီထိုးခါနီးတွင် သခင်ကြီးရှုနှင့် ကျန်းကျုံးယွီတို့သည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။

"ဟားဟား,ဟားဟား နင်းနင်း၊ ဂုဏ်ပြုပါတယ်!"

သခင်ကြီးရှုနှင့် ကျန်းကျုံးယွီ ရောက်လာသည်နှင့် တပြိုင်နက် ကုနင်းအား ရင်းနှီးစွာ နှုတ်ဆက်ပြီး ဂုဏ်ပြုစကားဆိုသည်။

"ဟိုင်း အဖိုးရှု၊ အဘိုးကျန်း ကျေးဇူးတင်ပါတယ်!" ကုနင်းက ပြုံးပြီး သူတို့ကို ပြန်ပြောသည်။

"ဝိုး သခင်ကြီးရှု လည်း လူကိုယ်တိုင်လာခဲ့တာပဲ"

"ဟုတ်တယ် ကုနင်း နဲ့ ရှုမိသားစုရဲ့ ဆက်ဆံရေးက သာမန်မဟုတ်ဘူးထင်တယ်"

"ရှုမိသားစုကိုယ်စား သခင်လေးရှုက လာထဲက သူတို့ရဲ့ဆက်ဆံရေးက သာမန်မဟုတ်ဘူးဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီ"

“ဟုတ်တယ်”

လာသင့်တဲ့လူတွေက အများစုက လာကြသည်။ စီရင်စု G မှဝေးကွာနေသော အုပ်ချုပ်ရေးမှူးရှောင်း၊ သခင်ကြီးဖူနှင့် အခြားလူများက ခရီးရှည်‌ေန၍ မတတ်‌ေရာကိနိုင်သောကြောင့် ကုနင်းအား လက်ဆောင်များဖြင့် ဂုဏ်ပြုရန် လူများကိုသာ စေလွှတ်ခဲ့သည်။

လူအများစုက သခင်ကြီးဖူနှင့် အခြားအမည်များကို မသိကြသော်လည်း အုပ်ချုပ်ရေးမှူးရှောင်း ပေးပို့သော ပန်းခြင်းကို သတိပြုမိပြီး အံ့သြသွားကြသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၄၃ စကားပြောကြရအောင်

မနက် ၁၀ နာရီ ၅ မိနစ်လောက်မှာ ဖဲကြိုးဖြတ်မယ့်သူတွေ စင်ပေါ်တက်သွားသည်။ ၎င်းတို့ထဲမှ ခြောက်ယောက်မှာ ထန်ဟိုင်ဖုန်း၊ ထန်ယွင်ဖန်း၊ သခင်ကြီးရှု၊ လင်ရှောင်းထင်၊ ကုနင်းနှင့် ထန်ချင်းယန်တို့ဖြစ်သည်။

ယင်းနောက် အခမ်းအနားမှူးက စင်မြင့်ပေါ်သို့ တက်ရောက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

နံနက် ၁၀ နာရီတွင် မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့သည်။ ထိုအချိန်တွင် ကုနင်းနှင့် အခြားသူများသည် ဖဲကြိုးကို အတူတကွ ဖြတ်ကြသည်။

မီးရှူးမီးပန်းများ ပေါက်ကွဲသံနှင့်အတူ ၎င်းတို့ ခြောက်ဦးသည် ရှန်းနဉ်အဖွဲ့အစည်း ဟုရေးသားထားသော အနီရောင် အထည်အလိပ်ဆိုင်းဘုတ်ကို ဆွဲချခဲ့သည်။

ထို့နောက်တွင် ကုနင်းသည် အစီအစဉ်တင်ဆက်သူထံမှ မိုက်ခရိုဖုန်းကိုယူကာ ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်။

ထိုအချိန်တွင် ကုနင်းသည် ရင့်ကျက်စွာ ပြုမူခဲ့သည်။ သူမက အရမ်းငယ်ပေမယ့် လုံးဝ ကလေးဆန်တဲ့ပုံမပေါ်ပါ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် သူမ၏အသက်အရွယ်ထက် များစွာရင့်ကျက်ပြီး အားပြင်ပုံရသည်။ သူမဟာ အာဏာရှင်တစ်ယောက်လိုပါပဲ။

ကုနင်းသည် တက်ရောက်လာသော ဧည့်သည်များသည် အတွေ့အကြုံရှိသော စီးပွားရေးသမားများ သို့မဟုတ် အကြီးတန်းအရာရှိများဖြစ်သောကြောင့် ယနေ့တွင် သူမ၏ ရည်မှန်းချက်ကို ဖုံးကွယ်ထားရန် စိတ်မ၀င်စား‌ေပ။ သူတို့အားလုံးဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူနေကြတာမို့ ကုနင်းက ဆွဲဆောင်နိုင်လောက်အောင် ရည်မှန်းချက်ကြီးကြီးထားရမည်။

ကုနင်းဟာ အခုချိန်မှာ အရမ်းအောင်မြင်နေပြီဆိုတာ လူတိုင်းသိကြပေမယ့် သူမရဲ့ ကြီးမားတဲ့ရည်မှန်းချက်ကြောင့် အံ့သြနေကြဆဲပါပဲ။ ငယ်ငယ်လေးနဲ့ သူမ၏ ရည်မှန်းချက်သည် လျစ်လျူမရှုနိုင်လောက်အောင် ကြီးမားသည်။

"ဒီနေ့မှစပြီး ရှန်းနဉ်အုပ်စုအစည်းကို တည်ထောင်ကြောင်း တရားဝင်ကြေငြာထားပါတယ်" ဟု ကုနင်းမှ ပြတ်သားသော အသံဖြင့် ပြောကြားခဲ့ပါသည်။

ပြီးသည်နှင့် ကျယ်လောင်သော လက်ခုပ်သံများ ရရှိခဲ့သည်။

အဲဒီနောက်မှာတော့ ကုနင်းက မိနစ်အတော်ကြာအောင် မိန့်ခွန်းပြောခဲ့သည်။

ချန်စန်းယိသည် ဘေးနားရှိ စင်မြင့်ပေါ်တွင် ရပ်နေသည်။

ကြေငြာပြီးနောက်တွင် ချန်စန်းယိသည် ရှန်းနဉ်အုပ်စုအစည်း၏ အမှုဆောင်ဥက္ကဋ္ဌဖြစ်ပြီး ကုနင်းသည် နောက်ကွယ်မှ သူဌေးသာဖြစ်ကြောင်း လူအများသိရှိခဲ့ကြသည်။ မလိုအပ်ရင် သူမပေါ်လာမှာ မဟုတ်ပါ။

ချန်စန်းယိသည် နာမည်ကျော်ဘဏ္ဍာရေးပညာရှင်တစ်ဦး၏ ကျောင်းသားဖြစ်သောကြောင့် ရှန်းနဉ်အုပ်စုအစည်း၏ အမှုဆောင်ဥက္ကဋ္ဌမဖြစ်မီတွင် စီးပွားရေးလောကတွင် ကျော်ကြားမှုအချို့ရှိခဲ့သည်။ သူသည် ဘဏ္ဍာရေးလုပ်ငန်းတွင်လည်း များစွာ အောင်မြင်ခဲ့သည်။

သို့သော်လည်း လွန်ခဲ့သည့်နှစ်အတွင်းတွင် ချန်စန်းယိသည် ဘဏ္ဍာရေးလုပ်ငန်းမှ ပျက်ကွက်ခဲ့သည်။ အံ့သြစရာကောင်းတာက သူ အခု ရှန်းနဉ်အုပ်စုအစည်းရဲ့ အမှုဆောင်ဥက္ကဌဖြစ်နေပါပြီ။

ချန်စန်းယိ မိန့်ခွန်းအပြီးတွင် ရှန်းနဉ်အုပ်စုအစည်းမှ အကြီးတန်းမန်နေဂျာ အများအပြားကို ဧည့်သည်များနှင့် မိတ်ဆက်ပေးပြီးနောက် ကုနင်းမှ ဟွမ်းဒင်ဟိုတယ်တွင် ထမင်းစားရန် ဖိတ်ကြားခဲ့သည်။

မိနစ် ၄၀ ကျော်နေပြီဖြစ်သောကြောင့် လင်ရှောင်းထင် မလိုက်‌ေတာ့ပါ။ မှော်ဆေး၏အကျိုးသက်ရောက်မှုသည် မိနစ်အနည်းငယ်အတွင်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့နှင့် သူနေလျှင် သူ့ကို တွေ့ရှိသွားမည်ဖြစ်သည်။

လင်ရှောင်းထင်မှ ထွက်ခွာရန် လိုအပ်သော်လည်း ထန်ဟိုင်ဖုန်းနှင့် ထန်ယွင်ဖန်းတို့ မကြိုက်မည်ကို စိုးရိမ်သောကြောင့် အခြားတစ်ခု ဖြေရှင်းရန် လိုအပ်ကြောင်း ဆင်ခြေထုတ်ကာ ယနေ့နေ့လည်တွင် သူတို့ကို ပြန်လာတွေ့မည်ဟု ပြောပြခဲ့သည်။

ထန်ဟိုင်ဖုန်းနှင့် ထန်ယွင်ဖန်း နှစ်ဦးစလုံးသည် အလွန်ကြင်နာကြသည်။ လင်ရှောင်းထင်သည် အခြားအရာတစ်ခုခုကို ကိုင်တွယ်ရန် လိုအပ်သောကြောင့် သူ့ကို အရင်လွှတ်လိုက်ရန် သဘောတူလိုက်ကြသည်။

လူတိုင်းက ကုနင်းနဲ့ ထမင်းစားဖို့ မလိုက်သွား‌ေပ။ သူတို့ထဲက တချို့က တခြားကိစ္စရှိ၍ ထွက်သွားကြပြီး သူတို့ခေါင်းဆောင်ကိုယ်စား ရောက်လာတဲ့ အတွင်းရေးမှူးတွေလည်း နေခဲ့ကြသည်။ ကျန်တဲ့ နာမည်ကြီး စီးပွားရေးသမားတွေနဲ့ အကြီးတန်းအရာရှိတွေကတော့ ကုနင်းနဲ့ ထမင်းစားဖို့ သွားကြသည်။

ထန်ဟိုင်ဖုန်း ၊ ထန်ယွင်ဖန်း ၊ သခင်ကြီးရှု ၊ ကျန်းကျုံးယွီ ၊ ထန်ချင်းယန်နှင့် အခြားသော အရေးပါသော ပုဂ္ဂိုလ်များ အားလုံး ထမင်းစားရန်သွားကြသောကြောင့် အခြားလူများက သူတို့နှင့် အချိန်ပိုပေးကြသည်။ ထိုအရေးကြီးသော ပုဂ္ဂိုလ်များကို သိကျွမ်းထားနိုင်လျှင် အကောင်းဆုံးဖြစ်မည်။

အဆက်အသွယ်များတည်ဆောက်ရန် အချိန်ကြာမြင့်ပြီး အားထုတ်မှုများစွာယူရတဲ့အတွက် လူအများစုသည် ဤအခွင့်အရေးကြီးကို လက်လွတ်မခံချင်ကြပါ။

နာမည်ကျော် စီးပွားရေးသမားများနှင့် အကြီးတန်းအရာရှိအများစုသည် ထန်ယွင်ဖန်း၊ ထန်ချင်းယန်၊ ရှုကျင်းလင်နှင့် အခြားအရေးကြီးပုဂ္ဂိုလ်များနှင့် နာမည်ကတ်ကို လဲလှယ်ခြင်းဖြင့် ဆက်ဆံရေးဖွဲ့နိုင်ခဲ့သည်။ ဒါဟာ အောင်မြင်မှုရဲ့ ပထမခြေလှမ်းပါပဲ။

…

ချီထန်းလင်နှင့် စစ်ထူယဲ့သည် ကလပ်၏ သီးသန့်ခန်းထဲသို့ ဝင်သွားပြီးနောက် အတွင်းပိုင်းလေထုသည် ချက်ချင်းပင် ပြင်းထန်လာသည်။

ချီထန်းလင်နှင့် စစ်ထူယဲ့က ဘာမှ မခံစားခဲ့ရသော်လည်း ဘေးနားရှိလူများက အတော်လေး စိတ်မသက်မသာ ခံစားခဲ့ရသည်။

"ဒီရက်ပိုင်း ချင်ဂိုဏ်းမှာ အခက်အခဲတွေ အများကြီးရှိနေတယ်ကြားတယ်။ မင်းပြန်သွားရင် လုံးဝပြောင်းသွားမှာကို မကြောက်ဘူးလား" ချီထန်းလင်က ပြောသည်။ သူက စစ်ထူယဲ့ကို ဂရုစိုက်တာမဟုတ်ပဲ သူ့ကို စိတ်အနှောင့်အယှက်ပေးချင်ရုံပါ။

ကီရင်ဂိုဏ်းနှင့် ချင်ဂိုဏ်းတို့သည် မိမိတို့၏ကိုယ်ပိုင်လမ်းကြောင်းတွင် အမြဲရှိနေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် ရန်သူများအဖြစ် တစ်ချိန်လုံး အထူးဂရုပြုနေကြရသောကြောင့် ချီထန်းလင် သည် မကြာသေးမီက ချင်ဂိုဏ်းတွင်ဖြစ်ပျက်ခဲ့သည်ကို သိသည်။

စစ်ထူယဲ့လည်း အလားတူလုပ်ခဲ့တာမို့ ချီထန်းလင်ရဲ့မေးခွန်းကို သူစိတ်မ၀င်စားပါ။ သူသည် ကျယ်လောင်သော အသံဖြင့် “မထီမဲ့မြင်ပြုတဲ့ လူဆိုးအချို့ပါ။ ပြဿနာ‌ေတွက ဖြေရှင်းပြီးသား။ မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

ချီထန်းလင်က သူ့ကို ပြက်ရယ်ပြုရန် ရည်ရွယ်ထားကြောင်း သူသိသော်လည်း သူသည် အပေါ်ယံတွင် ယဉ်ကျေးစွာနေခဲ့သည်။

သူ၏ဂိုဏ်းမှာ ပြဿနာအချို့ရှိခဲ့သော်လည်း ထိုမထီမဲ့မြင်ပြုတတ်သော လူဆိုးများသည် ကြီးလေးသောပြဿနာမဟုတ်ပေ။ ဖြေရှင်းဖို့ အချိန်အနည်းငယ်ယူခဲ့ပေမယ့် ကြီးကြီးမားမား ထိခိုက်မှုတော့ မဖြစ်ခဲ့ပါ။

"ဟက်!" စစ်ထူယဲ့ကို သူဂရုမစိုက်နိုင်။

သို့သော် သူ့အတွေးကို ထုတ်မပြောပါ။

"ကောင်းပြီ မင်းရဲ့အခြေစိုက်စခန်းမှာ ကြောက်စရာကောင်းတာ တစ်ခုခု ဖြစ်သွားတာကို ငါကြားဖူးတယ်" ဟု စစ်ထူယဲ့က ဆိုသည်။ သူသည် ချီထန်းလင်၏ လှောင်ပြောင်ခြင်းကို မခံချင်ပါ။

“သူတို့က ဘာမှမဟုတ်ပါဘူး။ လူကိုယ်တိုင် ဖြေရှင်းဖို့ မလိုပါဘူး။ ငါ့လက်အောက်ငယ်သားတွေက ဒီပြဿနာကို အလွယ်တကူဖြေရှင်းနိုင်တယ်” ဟု ချီထန်းလင် က မောက်မာစွာပြောသည်။

အမှန်တော့ သူပြောသလောက် မလွယ်ပေ။ မဟုတ်ရင် သူ့လက်အောက်ငယ်သားတွေ တယောက်ပြီး တယောက် ထိခိုက်ဒဏ်ရာရမှာ မဟုတ်ဘူး။ သို့သော် စစ်ထူယဲ့ရှေ့တွင် သူ့ဂုဏ်သိက္ခာကို ထိန်းထားရသောကြောင့် အမှန်အတိုင်း မပြောတတ်ပေ။

စစ်ထူယဲ့က ဒါကို ရှင်းရှင်းလင်းလင်း သိထားပေမယ့် အသေးစိတ်တိုင်းကို လူသိရှင်ကြား ထုတ်ပြဖို့ မလိုအပ်တာကြောင့် ချီထန်းလင်ကို အရှက်ခွဲမှာ မဟုတ်ပါ။ တစ်ယောက်နဲ့တစ်ယောက် လှောင်ပြောင်ပြီး ခဏရပ်လိုက်တာက ပိုကောင်းပါသည်။

"ချီ၊ ဒီရက်ပိုင်း ကြုံတွေ့နေရတဲ့ ပြဿနာက ပြင်ပဖိအားကြောင့် ဖြစ်တယ်ဆိုတာ မင်းသိခဲ့မယ်ဆိုတာ ငါသေချာတယ်" စစ်ထူယဲ့က မေးသည်။ ဒီမေးခွန်းကို သူမေးပေမယ့် အဖြေကို သေချာသိပါသည်။ သူက ချီထန်းလင်နဲ့ နောက်အကြောင်းအရာကို ဆွေးနွေးဖို့အတွက် ရိုးရိုးရှင်းရှင်းပဲ ပြောခဲ့ရုံပါ။

"သိတာပေါ့ ငါငတုံးမှမဟုတ်တာ! ခန့်မှန်းဖို့လွယ်တယ်။ ချင်ဂိုဏ်းက လုပ်ခဲ့တာလို့ ငါထင်ရင် မင်းကို ငါပြန်ပေးဆပ်ပြီးသားဖြစ်မှာပေါ့။ ငါတို့ အခုလို ကောင်းကောင်း စကားပြောနေမှာ မဟုတ်ဘူး” ဟု ချီထန်းလင်က စိတ်ညစ်ညူးစွာပြောသည်။ စစ်ထူယဲ့က အဲ့လို ဆိုလိုတာမဟုတ်ဘူးဆိုတာ သူသိပေမယ့် သူစိတ်မကြည်ပါ။

"ငါသိပါတယ်၊ မင်းငါ့နဲ့အဲဒီအကြောင်းပြောဖို့ဆန္ဒရှိမရှိ သေချာချင်ရုံပါ"

“ကောင်းပြီ၊ စကားပြောကြရအောင်” ချီထန်းလင် က ပြောသည်။ တကယ်တော့ သူ့မှာ တူညီတဲ့ အကြံအစည်ရှိတယ်။

"ချီ၊ အဲဒါက ဘယ်ဖိအားနဲ့ နောက်ကွယ်မှာ ဘယ်သူရှိလဲ သိလား"

“မသိဘူး။ မင်းရော သိလား စစ်ထူ"

“ငါလည်း မပြောတတ်ဘူး၊ ဒါကြောင့် ဒီကိစ္စကို မင်းနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတာ” ဟု စစ်ထူယဲ့က ဆိုသည်။ ချီထန်းလင်သည် ၎င်းအကြောင်းကို ဘာမှမသိသည့်အတွက် သူ မအံ့သြပေ။ အကယ်၍ ချီထန်းလင်တွင် သဲလွန်စများ ရှိပါက ၎င်းနှင့် ဆွေးနွေးရန် စောင့်ဆိုင်းနေမည့်အစား စောစောစီးစီး ဖြေရှင်းလိုက်မည်ဖြစ်သည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၄၄ စစ်ထူထက် အများကြီး ပိုကြောက်စရာကောင်းတယ်

“သိသာပါတယ် ချင်ဂိုဏ်းနဲ့ ကီရင်ဂိုဏ်းကြား သွေးထိုးဖို့ ကြိုးစားခဲ့တာ။ ငါတို့နှစ်ယောက်လုံး ထိခိုက်သွားရင် ငါတို့နေရာမှာ အစားထိုးနိုင်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်တယ်လေ" စစ်ထူယဲ့က ဆက်၍ "ငါတို့နှစ်ယောက်လုံး ထောင်ချောက်ထဲ မကျသွားပေမယ့် ငါတို့ကို ဖျက်ဆီးဖို့ ရည်ရွယ်ထားတာဖြစ်လို့ ကြိုးစားတာကို မရပ်သွားဘူး။ သူ့မှာ အရည်အချင်း ရှိရှိ မရှိရှိ ငါတို့ ထိခိုက်မှာ သေချာတယ် ဒါကြောင့် တစ်ခုခုတော့ လုပ်ရမှာပေါ့”

"အိုး ဒါဆို ဘာလုပ်ဖို့ စိတ်ကူးထားလဲ စစ်ထူ" ချီထန်းလင်က မေးသည်။

“မပြောတတ်သေးဘူး။ ချီ မင်း‌ေရာဘယ်လိုလဲ" စစ်ထူယဲ့ က ပြောသည်။ သူအစီအစဉ်တစ်ခု အဆိုပြုပါက ချီထန်းလင်ကို ထိန်းချုပ်ရန် ကြိုးစားနေပုံရနိုင်သောကြောင့် သူ လိမ်လိုက်ခြင်းဖြစ်သည်။

ချီထန်းလင်၏ စရိုက်အရ ထိုသို့ပြုလုပ်လိုက်ပါက သူစိတ်ဆိုးသွားနုိင်ပြီး သူလိုချင်သည့်အရာမဟုတ်တဲ့အခါစစ်ထူယဲ့ နှင့် တွဲလုပ်ရန် ငြင်းဆန်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ငြင်းဆိုခြင်းမှာ အားနာစရာမဟုတ်ပေ။ တခါတရံ လိုက်လျောမှု လုပ်ဖို့က ကြီးကြီးမားမားတော့ မဟုတ်‌ေပ။

သူ‌ေတွးတာမှန်သည်။ သူ့အဖြေကိုကြားလိုက်သောအခါ အနည်းငယ်စိတ်တိုနေသော ချီထန်းလင် သည် ချက်ချင်းပင် ပို၍စိတ်သက်သာရာရသွားကာ စစ်ထူယဲ့နှင့် ထိုအကြောင်းကို အလေးအနက်ပြောဆိုလာသည်။

ဖိအားက အချိန်အတော်ကြာအောင် ပုန်းအောင်းနေခဲ့သည်။ ဤအချိန်သည် ချင်ဂိုဏ်းနှင့် ကီရင်ဂိုဏ်းအတွက် စမ်းသပ်မှုတစ်ခုမျှသာဖြစ်သော်ငြားလည်း သတ္တိရှိရှိလုပ်ဆောင်ရမည်ဖြစ်သောကြောင့် သူတို့သည် မောက်မာမှုမရှိ၍ တရားမဝင်ဂိုဏ်း၏ အကြီးအကဲဖြစ်ရုံနဲ့တင် အရာရာကို လုပ်ဆောင်နိုင်မည်ဟု တွေးတောနေမည်မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေနှင့် မိမိတို့၏ရန်သူများသာမက မိမိတို့လူမျိုးအတွက်ပါ အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့အတွက် နေ့တိုင်းသတိနဲ့ရှိနေကြရပါသည်။ သူတို့သည် အလွန်အလုပ်များသောကြောင့် သူတို့တွင် ကိုယ်ပွား အနည်းငယ်ရှိရန်ပင် ဆန္ဒရှိကြသည်။

…

ထမင်းစားပြီးချိန်တွင် ၁ နာရီထိုးနေပြီ။

ထန်ဟိုင်ဖုန်းနှင့် ထန်ယွင်ဖန်းတို့သည် အနားယူရန် မိမိတို့အခန်းသို့ ထိုနေ့မွန်းလွဲပိုင်းတွင် ပြန်သွားကြသည်။

ကုနင်းသည် အချိန်ကို အပြည့်အဝအသုံးချပြီး ချီထန်းလင် နှင့် စစ်ထူယဲ့ကို သွားတွေ့သည်။ သူမနှင့်အတူ ချူးဖေ့ဟန်ကို ခေါ်ပြီး ယွီမီရှီနှင့် မုခယ်ကို အရင်ထွက်သွားရန် ပြောခဲ့သည်။ သူမ ဒီည သူတို့နဲ့ အချိန်ဖြုန်းနိုင်မှာ မဟုတ်ပေ။

မုခယ်နှင့် ယွီမီရှီတို့စောစောထွက်သွားကြသည်။

"ဘော့စ် မင်းထူးဆန်းတယ်။ ငါတို့ဘယ်သူ့ကို သွားတွေ့မှာလဲ။ မင်းငါ့ကိုဘာလို့‌ေခါ်လာတာလဲ" ချူးဖေ့ဟန်က စိတ်ဝင်တစား မေးသည်။ ချူးရွှမ်ဖန်နဲ့ ပတ်သက်နေတယ်ဆိုတာ သူမ မသိပါ။

“လူတွေကို သွားတွေ့ဖို့ လိုတယ်။ တိုက်ပွဲက ရှောင်လွှဲလို့မရမှာဆိုးရတယ်။ တကယ်ဖြစ်လာရင် မင်းငါ့ကိုကူညီလို့ရအောင်လို့။ မုခယ်နဲ့ မီရှီက မသန်မာတော့ အကူအညီဖြစ်မှာမဟုတ်ဘူး။ သူတို့က ငါတို့ကို ဝန်ထုပ်ဝန်ပိုး‌ဖြစ်စေနိုင်တယ်” ဟု ကုနင်းက လေးနက်သည့်ပုံပေါ်ဖြင့် ပြောသည်။

ထိုစကားကို ကြားပြီနောက် ချူးဖေ့ဟန် သည် ပြော‌ေနတာကို ရပ်လိုက်ပြီး ပြင်းထန်စွာ တိုက်ပွဲတိုက်ရတော့မည်ဟန် ဖြစ်သွားသည်။ ကုနင်းသည် သူမ၏ တုံ့ပြန်မှုကြောင့် ရယ်မောမိသွားသော်လည်း ထပ်မံရှင်းပြခြင်းမရှိပေ။

ချီထန်းလင် နှင့် စစ်ထူယဲ့တို့သည် ဟွမ်းဒင်ဟိုတယ်နှင့် မဝေးလှပါ။ လမ်းတစ်လမ်းသာ ဝေးသောကြောင့် ကုနင်းနှင့် ချူးဖေ့ဟန်တို့သည် ထိုနေရာကို ၁၀ မိနစ်ခန့်တွင်ရောက်ရှိခဲ့ကြသည်။

“အဆင်ပြေပါတယ်။ အရမ်းကြီးအလေးအနက်မထားပါနဲ့!" ချူးဖေ့ဟန်၏ လေးနက်သော အမူအရာကို မြင်လိုက်ရတော့ ကုနင်းအနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ငါဘယ်လိုမှ အလေးအနက်မထားလို့မရဘူး။ ဘော့စ် သူတို့က ဘယ်သူလဲ။ ဘာလို့ မင်းနဲ့ လာရှုပ်ဖို့ သတ္တိရှိနေကြတာလဲ" ချူးဖေ့ဟန် ဒေါသတကြီးမေးလိုက်သည်။ ကုနင်းသည် သူမဘက်ကစပြီး အခြားသူများကို ဒုက္ခမပေးဖူးကြောင်း သူမသိသည်။ တခြားလူတွေက အမြဲစ တိုက်ခိုက်ခြင်းပင်။

ကုနင်းက တစ်ယောက်ယောက်ကို အရင်ဆုံး ထိခိုက်စေရင်တောင်မှ သူမဟာ လူဆိုးတွေကိုပဲ ရည်ရွယ်ပြီး လူဆိုးတွေကို ဖယ်ရှားဖို့ ကူညီပေးခဲ့တာဖြစ်သည်။

“သူတို့က အရမ်းထူးခြားတယ်။ ငါ အခု မင်းကို ပြောလို့မရသေးဘူး။ ငါတို့ရောက်ပြီးရင် မင်းသိလိမ့်မယ်” လို့ ကုနင်းက ဆိုသည်။ သူမသည် ချူးဖေ့ဟန် အားအသေးစိတ်အချက်အလက်များကိုပြောပြရန်ငြင်းဆိုခဲ့သည်။

ချူးဖေ့ဟန်က သူမကို မေးတာကို ရပ်လိုက်သည်။

ကလပ်ကို ရောက်တာနဲ့ ကုနင်းက ချူးရွှမ်ဖန်ကိုဖုန်းဆက်ပြီး ဆင်းလာဖို့ပြောခဲ့သည်။

မကြာခင်မှာပဲ ချူးရွှမ်ဖန် ရောက်လာသည်။

ခဏအကြာတွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်တော့မည်ဟု တွေးကာ တုန်လှုပ်ချောက်ချားနေသော ချူးဖေ့ဟန်သည် ချက်ခြင်းပင် ငေါင်ငမ်းသွားကာ ယခုဖြစ်ပျက်နေသည့် အတိအကျကို သဘောပေါက်လိုက်သည်။

ချူးဖေ့ဟန်သည် ချူးရွှမ်ဖန်၏ ရုတ်တရက် ရောက်လာခြင်းကိုတွေးမနေဘဲ စိတ်လှုပ်ရှားစွာဖြင့် သူ့ဆီသို့ ပြေးသွားပြီး ပွေ့ဖက်လိုက်သည်။ "ရွှမ်ဖန်၊ အစ်ကို ဒီကို ဘယ်တုန်းက ရောက်နေတာလဲ။ ငါ့ကိုဘာလို့မပြောတာလဲ" သူမကမေးသည်။

"ငါ မင်းကို လန့်သွားအောင်လို့လေ" ချူးရွှမ်ဖန်သည် ချူးဖေ့ဟန်၏ ခေါင်းကို ကိုင်လိုက်သည်။

"ကောင်းပြီ ငါမင်းကို ခွင့်လွှတ်ပါတယ်" ချူးဖေ့ဟန်သည် ချူးရွှမ်ဖန်ကို အပြစ်မတင်ပါ။ သူမ၏အကိုကြီးနှင့်တွေ့လိုက်ရခြင်းကို ၀မ်းသာမိသည်။ ထို့ကြောင့် ချူးရွှမ်ဖန်က သူမအား စောစော မပြောပြခဲ့ခြင်းကြောင့် သူမစိတ်မချမ်းမသာမဖြစ်ပေ။

"ကောင်းပြီ၊ အခု အထဲဝင်ရအောင်" ချူးရွှမ်ဖန်က ပြောသည်။ ချူးဖေ့ဟန် သူ့ကိုလွှတ်လိုက်ပြီး ကုနင်းဘက်လှည့်ကာ ညည်းညူလိုက်သည်။ "ဘော့စ်၊ ငါ့အကိုကြီးရောက်လာတာကို မင်းလျှို့ဝှက်ထားတာကို‌ေတာ့ ငါနားလည်ပါတယ်၊ ဒါပေမယ့် မင်းငါ့ကိုဘာလို့ရန်ဖြစ်ရတော့မယ်လို့ လိမ်ညာပြီး ပြောတာလဲ။ ငါ့မှာ တစ်ချိန်လုံး သတိရှိရှိနေနေရတယ်!"

အမှန်တော့ ချူးဖေ့ဟန်သည် ကုနင်းကို အပြစ်မတင်ပါ။

"တခြား ဘာပြောရမှန်းမသိတော့ဘူးလေ!" ကုနင်းက ပခုံးတွန့်ပြီး အသံအေးအေးနဲ့ ပြောလိုက်သည်။

“ကောင်းပါပြီ!” ချူးဖေ့ဟန်သည် ကုနင်းကို အမှန်ပင် အပြစ်မတင်သောကြောင့် သူမသည် ထိုအကြောင်းကို ဆက်မပြောခဲ့ပေ။

ထို့နောက် ချူးရွှမ်ဖန်သည် ကုနင်းနှင့် ချူးဖေ့ဟန်ကို အထဲသို့ ခေါ်သွားခဲ့သည်။

"ရွှမ်ဖန်၊ အစ်ကို တစ်ယောက်တည်းလာတာလား" ချူးဖေ့ဟန်က မေးသည်။

"မဟုတ်ဘူး ငါ့သူဌေးလည်း လာတယ်" ဟု ချူးရွှမ်ဖန်က ပြောသည်။

"စစ်ထူလည်းဒီမှာလား? ငါသူ့ကို မတွေ့ရတာ နှစ်အတော်ကြာပြီ" စစ်ထူယဲ့လည်း ရောက်လာတာကိုကြားတော့ ချူးဖေ့ဟန်က စိတ်လှုပ်ရှားသွားသည်။ စစ်ထူယဲ့ သည် သူမအား အယုံကြည်ရဆုံးလူဖြစ်ပြီး သူမ၏အစ်ကိုအရင်းမှလွဲ၍ သူနှင့် အရင်းနှီးဆုံးဆက်ဆံရေးရှိသည်။

“ဟုတ်တယ် ဒါပေမယ့် ဒီနေ့ အခြေအနေက နည်းနည်းထူးခြားတယ်။ အခန်းထဲဝင်တာနဲ့ ငြိမ်ငြိမ်‌ေလး‌ေန” လို့ ချူးရွှမ်ဖန်က ပြောသည်။ သီးသန့်ခန်းထဲက လေထုကို တွေးရင်း ချူးရွှမ်ဖန် တုန်လှုပ်သွားမိသည်။

"ဘာလို့လဲ? စစ်ထူ စိတ်ဆိုးနေလို့လား" ချူးဖေ့ဟန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

စစ်ထူယဲ့ သည် သူမအပေါ် ဒေါသကို ဘယ်တုန်းကမှ မပြဖူးသော်လည်း စစ်ထူယဲ့၏ စိတ်ဆိုးပြီး အေးစက်သော မျက်နှာကို တွေးမိအခါတွင် သူမ စိတ်မသက်မသာ ခံစားလိုက်ရသည်။

သို့သော် ကုနင်းသည် အကြောင်းပြချက်ကို သိသောကြောင့် “သူတို့ကြားက အရာအားလုံး အဆင်ပြေရဲ့လား”

"ဘယ်သူလဲ?" ချူးဖေ့ဟန်က စိတ်ဝင်တစား မေးသည်။

“သူတို့ကြားမှာ အငြင်းအခုံတွေ ရှိသေးတယ်။ ဘာမှမဖြစ်သေးပေမယ့် အခန်းတွင်းက လေထုက တော်တော်တင်းမာနေတယ်။ ငါတို့ ဘယ်သူမှ မခံနိုင်ဘူး” ဟု ချူးရွှမ်ဖန် ကပြောပြီး ချူးဖေ့ဟန် ဘက်သို့ လှည့်လိုက်သည်။ “ကီရင်ဂိုဏ်းရဲ့ အကြီးအကဲ…”

"ဘာ?" ထိုစကားကိုကြားတော့ ချူးဖေ့ဟန်သည် ပို၍ တုန်လှုပ်သွားပြီး သူမ၏ ခန္ဓာကိုယ်ကို တင်းကြပ်လာသည်။ ကီရင်ဂိုဏ်းရဲ့ခေါင်း‌ေဆာင်က စစ်ထူယဲ့ ထက် ပိုကြောက်စရာကောင်းသည်။

“စိတ်မပူပါနဲ့။ အားလုံးအဆင်ပြေသွားမှာပါ” လို့ ချူးဖေ့ဟန်ကို နှစ်သိမ့်ပေးဖို့ ကုနင်းက ပြောသည်။

“စိတ်မပူဖို့တော့ မဖြစ်နိုင်ပါဘူး။ အဲဒီလူက စစ်ထူထက် ပိုကြောက်စရာတယ်။ ငါက နင်မဟုတ်ဘူးလေ" ဟုချူးဖေ့ဟန် ကပြောသည်။

ချူးဖေ့ဟန်သည် ကုနင်း၏ ရဲစွမ်းသတ္တိကို တကယ်ပင် လေးစားမိကြောင်း ဝန်ခံရမည်။ ကုနင်းကြောက်တဲ့လူတစ်ယောက်မှမရှိခဲ့သလို ကုနင်းက သူတို့နဲ့လည်း သူငယ်ချင်းဖွဲ့နိုင်ခဲ့သည်။

ကုနင်းက သူမကို ပြုံးရုံသာပြုံးပြလိုက်ပြီး ဘာမှမပြော။ သူမသည် အလွန်ရှားပါ‌း‌ေသာ သတ္တိရှိသူတစ်ဦးဖြစ်သည်မှာ အမှန်ပင်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၄၅ အလယ်မှာ ထိုင်မယ်

တကယ်တော့ ကုနင်းဟာ ထူးချွန်ထက်မြက်ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေနိုင်တာကြောင့် ဘယ်သူ့ကိုမှ မကြောက်တာပါ။ မဟုတ်ရင် သူမ ဒီလောက် သိပ်ယုံကြည်ချက် ရှိနေမှာ မဟုတ်ပေ။

ချီထန်းလင်နှင့် စစ်ထူယဲ့ ရှိသည့် သီးသန့်ခန်းအပြင်ဘက်တွင် ၎င်းတို့၏ လက်အောက်ငယ်သားနှစ်ဦး ရပ်နေကြသည်။ ချူးရွှမ်ဖန်သည် ကုနင်းနှင့် ချူးဖေ့ဟန်တို့နှင့်အတူ ရောက်ရှိလာပြီးနောက် တံခါးကို ခေါက်လိုက်သည်။

ချူးရွှမ်ဖန် တံခါးကိုဖွင့်လိုက်ပြီး အတွင်းခန်းမှ အသံတစ်ခုကိုကြားလိုက်ရတော့ သူတို့နဲ့အတူ အထဲဝင်သွားသည်။

"ဟိုင်း ကုနင်း!"

အထဲကို ကုနင်း၀င်လာကိုမြင်တော့ ချီထန်းလင်နဲ့ စစ်ထူယဲ့ တစ်ပြိုင်နက်မတ်တပ်ထရပ်လိုက်သည်။ သူမကို လှည့်ကြည့်ကာ နှုတ်ဆက်သည်။

ကုနင်းနဲ့ တွေ့သောအခါ နှစ်ယောက်စလုံးက အရမ်းနူးညံ့သည်။

ယွီဟောက်နှင့် ချူးရွှမ်ဖန်တို့က ချီထန်းလင်နှင့် စစ်ထူယဲ့တို့ဘက်တွင် ထိုင်လိုက်ကြသည်။ သူတို့သည် ကုနင်းအပေါ် ၎င်းတို့ ခေါင်းဆောင်၏သဘောထားကို ကျင့်သားရနေပြီဖြစ်သော်လည်း ချီထန်းလင်နှင့် စစ်ထူယဲ့သည် မိန်းကလေးတစ်ဦးအပေါ်တွင် ဒီ‌ေလာက်ကောင်းသည်ကို အခြားမည်သူမျှမမြင်ဖူးခဲ့သောကြောင့် အံ့ဩသွားကြသည်။

စစ်ထူယဲ့သည် ချူးဖေ့ဟန်နဲ့ဆိုလျှင်ပင် အနည်းငယ်လေးနက်ပံုရသည်။

"စောင့်‌ေနရလို့ တောင်းပန်ပါတယ်" ကုနင်းကတောင်းပန်သည်။

"ကိစ္စမရှိပါဘူး။"

ချီထန်းလင်နဲ့ စစ်ထူယဲ့က ဒါကို လုံးဝ ဂရုမစိုက်ပါ။ ကုနင်းကသာ သူတို့ကို ဒီလို ဆက်ဆံနိုင်တဲ့သူပါ။ တခြားလူသာဆို သူတို့ကို နာရီပေါင်းများစွာ စောင့်‌ေစဖို့နေနေသာသာ ၁၀ မိနစ်လောက်‌ေတာင် စောင့်ဖို့ မဖြစ်နိုင်ပေ။

"ဒီကိုလာပါ!" ချီထန်းလင်နှင့် စစ်ထူယဲ့ နှစ်ဦးစလုံးက ကုနင်းကို တစ်ချိန်တည်းတွင် သူတို့ဘေးတွင် ထိုင်ရန် ဖိတ်ကြားခဲ့သည်။ ကုနင်းကို အချင်းချင်း ဖိတ်ခေါ်တာကို ကြားတော့ ရန်လိုတဲ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဖလှယ်ကြသည်။

"အလယ်မှာထိုင်လိုက်မယ်" ကုနင်းက သူတို့ကို မျက်နှာပျက်အောင် ဒါမှမဟုတ် သူတို့ကို အရှက်ရစေမှာ မဟုတ်တဲ့အတွက် အလယ်မှာ ဝင်ထိုင်လိုက်သည်။

ကုနင်းက နှစ်ယောက်စလုံးနဲ့ အတူမထိုင်သရွေ့ ချီထန်းလင်နှင့် စစ်ထူယဲ့က ဘာမှ မပြောပေ။

ထို့နောက် အားလုံးထိုင်လိုက်ကြသည်။

ကုနင်းသည် သူတို့နှင့် လေးလေးနက်နက် စကားပြောစရာမရှိသောကြောင့် အချင်းချင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။

ထိုအချိန်တွင် ရှန်းနဉ်အုပ်စုအစည်းနှင့် ကုနင်းတို့၏ သတင်းများသည် အထက်တန်းလူ့အဖွဲ့အစည်းများနှင့် အင်တာနက်ပေါ်သို့ တဟုန်ထိုးပျံ့နှံ့သွားခဲ့သည်။ ကုနင်းက လူသိရှင်ကြားဖြစ်ပျက်ခဲ့သမျှမှာ ဒါက အကြီးကျယ်ဆုံးပါပဲ။

ကုနင်းကို အာရုံစိုက်ထားသူများသည် ရှန်းရှစ်အဖွဲ့အစည်း၊ ထန်ဟွမ်အဖွဲ့အစည်း၊ ကျင်းလင်အဖွဲ့အစည်း၊ ဟိုင်ချီအဖွဲ့အစည်း၊ ချင်းဟွာအဖွဲ့အစည်းနှင့် အခြားသော စီးပွားရေးလုပ်ငန်းကြီးများနှင့် ရင်းနှီးသော ဆက်ဆံရေးနှင့် သူမ၏ အစွမ်းထက်သော ဆက်သွယ်မှုများကို သတိပြုမိကြသည်။ ဒါပေမယ့် အရင်က တက်လာခဲ့တဲ့ ကိုယ်စားလှယ်တွေအားလုံးက သိပ်အရေးမကြီးပေမယ့် အခုချိန်မှာ မတူတာကြောင့် သူတို့ ဘယ်လောက်ရင်းနှီးလဲဆိုတာ မသိရပါ။

ထို့အပြင် Qမြို့ မှ ဟန်မိသားစု၊ HK မှ ဟဲမိသားစု၊ Mမြို့ မှ ယဲ့မိသားစုတို့ကဲ့သို့သော အရမ်းချမ်းသာသောမိသားစုအသစ်များစွာသည် ဤတစ်ကြိမ်တွင် ပေါ်လာတာက အံ့အားသင့်စရာဖြစ်ခဲ့သည်။

“ဘုရား‌ေရ၊ ကုနတ်ဘုရားမက အရမ်းအံ့သြစရာကောင်းတာပဲ။ သူက အရမ်းအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ သိနေတယ်"

"သူ့ရဲ့ အဆက်အသွယ်တွေကြောင့် ကုနင်းက သူ့စီးပွားရေးအင်ပါယာကို ဒီလောက်ချောချောမွေ့မွေ့ ထူထောင်ခဲ့တာ အံ့သြစရာမရှိဘူး"

ချောချောမွေ့မွေ့? တကယ်‌ေတာ့မဟုတ်ဘူး‌ေပ။ ကုနင်းသည် ဒုက္ခများစွာနှင့် တိုက်ခိုက်မှုများစွာကို ကြုံတွေ့ခဲ့ရသော်လည်း သူမသည် အခြားသူများထက် အရည်အချင်းများစွာရှိသောကြောင့် ပြဿနာအားလုံးကို ဖြေရှင်းရန် သူမအတွက် ပိုမိုလွယ်ကူခဲ့ပြီး သူမအတွက် ကြီးလေးသည့်အရာတစ်ခုမျှ မဖြစ်ခဲ့ဖူးဘူးဟု ထင်ရသည်။

“လုပ်ငန်းတစ်ခုလည်ပတ်ဖို့ အချိတ်အဆက်တွေကို အားကိုးရတာက များတယ်။ ဘာပဲဖြစ်ဖြစ် ကုနတ်ဘုရားမက အရမ်းထူးချွန်တဲ့အတွက် စီးပွားရေးအင်ပါယာကို သူ့ဘာသာဆိုလည်း ထူထောင်နိုင်မှာပါ”

“ဟုတ်တယ် ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေမရှိရင် ဘယ်လောက်ပဲ အားကောင်းတဲ့ အဆက်အသွယ်‌ေတွ ရှိနေရှိနေ ဘယ်သူမှ အောင်မြင်နိုင်မှာ မဟုတ်ဘူး။ တချို့ကော်ပိုရေးရှင်းကြီး‌ေတွက ပိုင်ရှင်ကို ပြောင်းလဲလိုက်ရင် ဒေဝါလီခံသွားကြရော။ အရည်အချင်းက တကယ် အရေးကြီးတယ်။ လုပ်ငန်းတစ်ခုက သူ့ပိုင်ရှင်မှာ အရည်အချင်းရှိသရွေ့ အမြတ်အစွန်းရှိနေနိုင်တယ်"

“ဟုတ်တယ် ကုနတ်ဘုရားမက အချိတ်အဆက်တွေကို အားကိုးရုံနဲ့ ဒီလောက်အထိ အောင်မြင်နိုင်မယ်လို့ မထင်ဘူး။ သူက အခြားသူ‌ေတွက ကူညီလိုစိတ်ရှိတဲ့ အရမ်းထူးချွန်တဲ့သူဖြစ်ရမယ်။ အသုံးမကျတဲ့သူကို ဘယ်သူမှ မကူညီချင်ကြဘူး‌ေလ”

“ဟုတ်တယ် ငါတို့သာ အဲဒီနာမည်ကြီး စီးပွားရေးသမားတွေနဲ့ အကြီးတန်းအရာရှိတွေနဲ့ စကားပြောဖို့ ကြိုးစားရင် တစ်ချက်‌ေတာင် လှည့်ကြည့်မှာ မဟုတ်ဘူး”

“လူကြီးတွေနဲ့ ဆရာဆရာမတွေအားလုံးက စာ‌ေတာ်တဲ့သူ၊ နာခံမှုရှိတဲ့ ကလေးတွေကို သဘောကျကြတယ်။ အဲ့ကလေးတွေက လူကြီးတွေနဲ့ ဆရာတွေကနေ ထူးထူးခြားခြား ဆက်ဆံတာ ခံရ‌ေလ့ရှိတယ်‌ေလ”

“အဲ့အတိုင်းပဲ ကမ္ဘာကြီးကလည်ပတ်နေတာ။ မင်းက ထူးချွန်ထက်မြက်ရင် အခြားသူတွေရဲ့ တန်ဖိုးထားမှုကို ရနိုင်မှာပဲ။ မဟုတ်ရင် ဘယ်သူမှ မင်းကို ဂရုစိုက်မှာ မဟုတ်ဘူး"

“…”

ကုနင်းမှာ သစ္စာရှိတဲ့ ပရိသတ်တွေ အများကြီးရှိပြီး ကုနင်းဟာ အောင်မြင်တဲ့ စီးပွားရေးအင်ပါယာကို တည်ဆောက်ဖို့ အဆက်အသွယ်တွေကို အားကိုးတယ်လို့ ကြားရတာကို မုန်းတီးကြတာကြောင့် သူမကို ဆက်ပြီး ခုခံကာကွယ်ခဲ့သည်။ ကုနင်းဟာ သူမရဲ့ အချိတ်အဆက်တွေကြောင့် အားလုံးအောင်မြင်လာနိုင်တာလို့ တခြားသူတွေကို မထင်စေချင်ပေ။

တကယ်တော့ ဉာဏ်ရည်ထက်မြက်သူတွေဟာ အဆက်အသွယ်ရှိရုံနဲ့ ဘယ်တော့မှ မအောင်မြင်နိုင်ဘူးဆိုတာ သိကြသည်။ ထို့ကြောင့် ကုနင်း၏ ကိုယ်ပိုင်အရည်အချင်းများသည် ယနေ့သူမ၏ ကြီးကျယ်သောအောင်မြင်မှုအတွက် အဓိကအချက်ဖြစ်သည်။

မနာလိုစိတ်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသူအချို့က ကုနင်းသည် အောင်မြင်မှုရရှိရန် သူမ၏ အဆက်အသွယ်များကို မှီခိုအားထားနေရသည်ဟု ပြောကြသော်လည်း အာရုံစူးစိုက်မှုများစွာမရရှိခဲ့ပေ။ အင်တာနက်အသုံးပြုသူအများစုသည် ကုနင်းကိုယုံကြည်ကြသည်။

ရှန်းနဉ်အုပ်စုကို တရားဝင် တည်ထောင်လိုက်သည်နှင့်အမျှ ၎င်း၏ စျေးကွက်တန်ဖိုးကို သဘာဝအတိုင်း ကြေညာခဲ့သလိုပင်။

Jade Beauty လက်ဝတ်ရတနာဆိုင်တွင် စုစုပေါင်းပိုင်ဆိုင်မှု ယွမ် 12 ဘီလီယံခန့်ရှိပြီး ၎င်းသည် ဆိုင်ဖွင့်ချိန်နှင့် လက်ဝတ်ရတနာများ ရောင်းချပြီးကတည်းက လည်ပတ်ငွေကို ရေတွက်ထားခြင်းဖြစ်သည်။ ကျောက်စိမ်းစာရင်းကို မကြေညာခဲ့ပါ။

ခိုကျီအလှကုန်ကုမ္ပဏီသည် စုစုပေါင်းပိုင်ဆိုင်မှု ယွမ် ၉ ဘီလီယံခန့်ရှိသည်။

ကိုလိန်းဆေးဝါးကုမ္ပဏီသည် ယွမ် ၈ ဘီလီယံခန့် ရှိသည်။

အထက်ပါ 3 ခုသည် ရှန်းနဉ်အုပ်စုအစည်းမှ ချုပ်ကိုင်ထားသော အမြတ်အစွန်းအများဆုံး အမှတ်တံဆိပ်များဖြစ်သည်။

ရှန်းယွင်ရှေးဟောင်းပစ္စည်းဆိုင်နှင့် ရှန်းယွင်လက်မှုအနုပညာလုပ်ငန်းတို့တွင် ယွမ် ၃ ဘီလီယံခန့်ရှိသည်။ ကုဖန်းမှာ ယွမ် ၂ ဘီလီယံ ဝန်းကျင်ရှိသည်။ ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့တန်ဖိုးကိုတော့ ခန့်မှန်းလို့မရသေးပါ။

ထို့ကြောင့် ရှန်းနဉ်အုပ်စုအစည်းသည် ယွမ် ၃၄ ဘီလီယံခန့် တန်ကြေးရှိပြီး ကနဦး ခန့်မှန်းချက်ဖြစ်သည်။

ယနေ့တည်ထောင်ပြီးနောက် ရှန်းနဉ်အုပ်စုအစည်းသည် မြို့တော်ရှိ ထိပ်တန်းကော်ပိုရေးရှင်း 20 စာရင်းသို့ ညတွင်းချင်း ဝင်ရောက်ခဲ့ပေသည်။

"ဝိုး ကုနတ်ဘုရားက အရမ်းချမ်းသာတာပဲ။ သူ့မှာ ယွမ်ငွေ ဘီလီယံသုံးဆယ်ကျော်ရှိတယ်!"

“သူငယ်ငယ်လေးနဲ့ ဒီလောက် ချမ်းသာနိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ။ ဒါက ကနဦးခန့်မှန်းချက်ပဲရှိသေးတယ်။ ဒီ့ထက် ပိုချမ်းသာမယ်လို့ ကျွန်တော် ထင်တယ်”

"ဟုတ်တယ်။ ခိုကျီက အခု ထူးထူးခြားခြား လူကြိုက်များလာတယ်။ သူ့ကို စတင်တည်ထောင်ခဲ့တာ လနည်းနည်းပဲ ရှိသေးတယ်။ အချိန်ကြာလာတာနဲ့အမျှ အမြတ်တွေ ပိုရလာလိမ့်မယ်”

“ဟုတ်တယ် ကိုလိန်းလည်း အရမ်းအောင်မြင်တယ်။ မိသားစုအများစုက သူတို့ရဲ့ အိမ်တွေမှာ ကိုလိန်းဆေးတွေရှိတယ်။ သူတို့က တော်တော်ထိရောက်တယ်‌ေလ”

"ကုဖန်းမှာလည်း သစ္စာရှိ ဖောက်သည်တွေအများကြီးရှိတယ်"

“ကျွန်တော် ရှေးဟောင်းပစ္စည်းနဲ့ လက်မှုပညာတွေအကြောင်း‌ေတာ့ သိပ်မသိဘူး”

"ဖုန့်ဟွာအင်တာတိန်းမန့်ရဲ့တန်ဖိုးလရဲ့တန်ဖိုးမြင့်လာလောက်တယ်"

“…”

ငယ်ငယ်ရွယ်ရွယ်နဲ့ ကုနင်းရဲ့ ချမ်းသာမှုကို မနာလိုဖြစ်ခဲ့ကြပေမယ့် ဘာမှမတတ်နိုင်ကြပေ။

ရုန်ကျဲ့ချန်၊ ယွမ်ယီလင်း၊ ယွင်ရှူးယန်နှင့် အခြားလူများသည် ရှန်းနဉ်အုပ်စုအစည်းနှင့် ကုနင်းတို့၏ သတင်းများကို အထူးအာရုံစိုက်နေကြသောကြောင့် သူတို့လည်း အံ့အားသင့်သွားကြသည်။

ကုနင်း၏ သြဇာကြီးမားသော အဆက်အသွယ်နှင့် လင်မိသားစု၊ ရှုမိသားစု၊ ကျန်းမိသားစုနှင့် အခြားနာမည်ကျော် မိသားစုများနှင့် ဆက်ဆံရေးကို သူတို့ သိရှိခဲ့ကြသော်လည်း ကုနင်းသည် သူတို့ထင်ထားသည်ထက် များစွာ သြဇာညောင်းကြောင်း တွေ့ရှိခဲ့ရသည်။

ထို့အပြင် လင်မိသားစုမှ လင်ရှောင်းထင်အား အခမ်းအနားသို့ တက်ရောက်ရန် စေလွှတ်ခဲ့သည်။ လင်ရှောင်းထင်သည် သူနှင့် ရင်းနှီးသော သူငယ်ချင်း၏ မွေးနေ့ပွဲ သို့မဟုတ် ထိုကဲ့သို့ တစ်ခုခုမှ မဟုတ်ပါက လူသိရှင်ကြား ပွဲများတက်ခဲသည်။

ထန်ဟိုင်ဖုန်းနှင့် ထန်ယွင်ဖန်းတို့သည် Bမြို့ ရှိ ထန်မိသားစုကိုယ်စား လူကိုယ်တိုင်လာရောက်ခဲ့ကြသည်။ ထန်မိသားစုနှင့် ကုနင်း၏ဆက်ဆံရေးသည် မည်မျှရင်းနှီးသည်ကို သိချင်ကြသည်။

ကုနင်းသည် လုံးဝ မရိုးရှင်းလောက်ပေ။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၄၆ နေ့လည်စာ အတူစားခြင်း

တကယ်တော့ သူတို့ဟာ ကုနင်းရဲ့ အရည်အချင်းတွေကို ဘယ်တုန်းကမှ မငြင်းခဲ့ကြပေမယ့် ကုနင်းက အရမ်းထူးချွန်တာကြောင့် မနာလိုဖြစ်ကြရသည်။

သတင်းဗီဒီယိုတစ်ခုဖြစ်သောကြောင့် အရမ်းမရှည် ထန်ယွင်ဖန်းနှင့်အတူ ရပ်နေသော ကုနင်း၏ပုံရိပ်သည် များစွာမရှိခဲ့ပါ။ ထန်ယွင်ဖန်းသည် ကင်မရာထဲတွင် သိပ်မရိုက်မိသဖြင့် ကုနင်းသည် ထန်ယွင်ဖန်းနှင့် ဆင်တူသည်ကို မည်သူမျှ မသိခဲ့ကြပေ။

ထို့အပြင် ကုနင်းသည် ထန်ယွင်ဖန်းနှင့် အလွန်နီးစပ်မှုမရှိသောကြောင့် လူအများက အလွယ်တကူ လျစ်လျူရှုနိုင်ခဲ့သည်။

တစ်ယောက်ယောက်က သတိထားမိရင်တောင် သူတို့ရဲ့ မျိုးရိုးအမည်တွေက မတူပါ။ တစ်ယောက်က ထန် ကျန်တစ်ယောက်က ကု။ ဒါကြောင့် သူတို့ကို ဘယ်သူကမှ ချိတ်ဆက်မိမှာ မဟုတ်ပေ။

ဒီသတင်းဟာ မကြာခင်မှာပဲ မြို့တော်တက္ကသိုလ်နဲ့ တခြားနာမည်ကြီး တက္ကသိုလ်တော်တော်များများကို ပြန့်နှံ့သွားတဲ့အတွက် လူအများက ဒါကို မြင်ခဲ့ကြသည်။

ဒီတစ်ခါတော့ ကုနင်းက တကယ်နာမည်ကြီးသွားသည်။

မြို့တော်တက္ကသိုလ်အတွက်ဂုဏ်ယူဝမ်းမြောက်မိသလို ကျောင်းကခေါင်းဆောင်တွေကလည်း အရမ်းဝမ်းသာကြသည်။ ကုနင်းသည် အလွန်ထူးချွန်သော ကျောင်းသားတစ်ဦးဖြစ်သောကြောင့် ကျောင်းသည်လည်း နာမည်ကောင်းရနိုင်ခဲ့သည်။

နျဲ့ချန်ယန်က ကုနင်းကို ချီးကျူးဂုဏ်ပြုရန် ဖုန်းခေါ်ခဲ့သည်။ ရှန်းနဉ်အုပ်စုအစည်းကို တည်ထောင်မည်ကို သူသိသော်လည်း တည်ထောင်ပြီးနောက် သူမကို ဂုဏ်ပြုခြင်းမှာ ပိုသင့်လျော်မည်ဟု သူခံစားခဲ့ရသည်။

နျဲ့ချန်ယန်က ကုနင်းကို သူ့အား မဖိတ်တဲ့အတွက် အပြစ်မတင်ပါ၊ သူတို့က အရမ်းမရင်းနှီးတာကြောင့်ဖြစ်သည်။ ဖိတ်ကြားခံရလျှင် သူပျော်သော်လည်း ကုနင်း၏ နေရာကနေတော့ ထိုအရာက မသင့်တော်ပေ။

…

ရှဲ့ယီယီသည် ထိုကဲ့သို့သော သတင်းများကို သာမာန်အားဖြင့် ဂရုစိုက်လေ့မရှ်တာကြောင့် စစ်အခြေစိုက်စခန်းရှိ သူမ၏ အဆောင်ခန်းတွင် အနားယူနေပါသည်။

သို့သော် ရှဲ့ယီယီ၏ အမျိုးသမီး သူငယ်ချင်းတစ်ဦးသည် သတင်းဖတ်ခြင်းကို နှစ်သက်သောကြောင့် ရှန်းနဉ်အုပ်စုအစည်း၏ သတင်းစာရှင်းလင်းပွဲအကြောင်း ပို့စ်များကို ဖတ်ခဲ့သည်။

အဲဒီနောက် ဗီဒီယိုထဲမှာ လင်ရှောင်းထင်ကို သူမသတိထားမိပြီး ရှဲ့ယီယီ လင့်ခ်ကို ချက်ချင်းပို့လိုက်သည်။ - ယီယီ တော်တော်ထူးဆန်းတယ်။ လင်ရှောင်းထင် က စီးပွားရေးသတင်းမှာ ဘာကြောင့် ပေါ်လာတာလဲ။ ဘာပဲဖြစ်ဖြစ် စစ်ဝတ်စုံနဲ့ ချစ်စရာကောင်းချက်။ မင်းသူ့နှလုံးသားကို ဘယ်အချိန်မှာ ခိုးယူနိုင်မှာလဲ။ တခြားမိန်းမတွေက သူ့ကိုမြင်ပြီး မင်းထက်အရင် သူ့နှလုံးသားကို ခိုးသွားတယ်ဆိုရင်ဘယ်လိုလုပ်မလဲ။

သူမသည် ရှဲ့ယီယီ၏သူငယ်ချင်းဖြစ်၍ ရှဲ့ယီယီသည် လင်ရှောင်းထင်ကို သဘောကျကြောင်း သူမသိသည်။ အဲဒါကြောင့် သူမက ရှဲ့ယီယီကို သတင်းလင့်ခ်နဲ့ မက်ဆေ့ချ်ကို ပို့လိုက်တာပါ။

လင်ရှောင်းထင်သည် မိန်းကလေးတိုင်းကို အမြဲအေးစက်မှန်းလည်း သူမသိသော်လည်း သူ့တွင် စေ့စပ်ထားသူရှိနေပြီဟု သူမ မသိခဲ့ပေ။ ထို့ကြောင့် ရှဲ့ယီယီနှင့် လင်ရှောင်းထင်တို့၏ ဆက်ဆံရေးသည် တိုးတက်မှုမရှိသော်လည်း ရှဲ့ယီယီသည် အခွင့်အရေးရှိသည်ဟု သူမထင်ခဲ့သည်။

ရှဲ့ယီယီ ဗီဒီယိုမကြည့်မီတွင် ဖန်သားပြင်ပေါ်တွင် ကုနင်းနှင့် လင်ရှောင်းထင် ရပ်နေသည့် ဓာတ်ပုံကို သူမတွေ့လိုက်ရသည်။ သူ့သူငယ်ချင်းရဲ့ စာကိုဖတ်ပြီး အရမ်းစိတ်မကောင်းဖြစ်ရသည်။ လင်ရှောင်းထင်တွင် စေ့စပ်ထားသူရှိနေပြီဖြစ်သောကြောင့် သူ့နှလုံးသားကို ယခုအချိန်တွင် အရယူရန် မဖြစ်နိုင်တော့ပေ။

သူ့သူငယ်ချင်းအား ထပ်မပြောတော့ရန် ရှဲ့ယီယီက "လင်ရှောင်းထင်အကြောင်း ငါ့ကိုထပ်ပြီး မပြောနဲ့တော့။ သူ့မှာ ရည်းစားရှိနေပြီ။ ဗီဒီယိုထဲက အဖြူရောင်ဝတ်စုံနဲ့ မိန်းကလေးပဲ”

သူမ၏ သူငယ်ချင်းကို အကြောင်းပြန်ပြီးနောက် ရှဲ့ယီယီသည် ဗီဒီယိုကို စတင်ကြည့်ရှုခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဗီဒီယို၏ အကြောင်းအရာကို ကြည့်ရှုပြီး ကြားလိုက်ရသောအခါတွင် သူမ အံ့အားသင့်သွားခဲ့သည်။

လင်မိသားစုမှ ရွေးချယ်သော မိန်းကလေးသည် သာမန်မိသားစုတွင် မမွေးဖွားနိုင်ကြောင်း သူမ သိထားပြီးဖြစ်သော်လည်း ကုနင်း၏ မယုံနိုင်စရာ စွမ်းရည်များကြောင့် သူမ အံ့အားသင့်နေဆဲဖြစ်သည်။

ကုနင်းသည် ယခုနှစ်တွင် 19 နှစ်သာရှိသေးပြီး သူမသည် လူသစ်တစ်ယောက်သာဖြစ်သည်။

မယုံနိုင်လောက်စရာပင်။

ရှဲ့ယီယီရဲ့စိတ်ထဲမှာ ပထမဆုံးပေါ်လာတဲ့ စိတ်ကူးကတော့ ကုနင်းဟာ ဒီနေ့လို အောင်မြင်လာဖို့အတွက် ညစ်ပတ်တဲ့လှည့်ကွက်တွေအစား သူမရဲ့ ကိုယ်ပိုင်အရည်အချင်းတွေကို အားကိုးခဲ့တာဖြစ်နိုင်သည်။

ကုနင်းနဲ့ နှစ်ကြိမ်တွေ့ဖူးပြီး တစ်ယောက်နဲ့တစ်ယောက် စကားသိပ်မပြောဖြစ်ကြပေမယ့် ကုနင်းဟာ သူမရဲ့ရွယ်တူတွေနဲ့ အရမ်းကွာခြားနေတာကို သူမတွေ့မြင်ခဲ့ရသည်။ ထို့အပြင် သူမသည် ငတုံးမဟုတ်ပေ။ ကုနင်းသာ မထူးချွန်ပါက သူမသည် သူမ၏ အချိတ်အဆက်ဖြင့် အောင်မြင်လာနုိင်မည်မဟုတ်ပေ။

သူမဟာ စံနမူနာကောင်းတစ်ခုပါ။ သူမ၏ မိသားစုသည် အလွန်သြဇာညောင်းပြီး စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော်လည်း သူမတစ်ဆင့်ပြီးတစ်ဆင့် ရာထူးတိုးရန် သူ့ကိုယ်သူ အားကိုးနေရဆဲဖြစ်သည်။

အချိတ်အဆက်တွေက တကယ်ကို အစွမ်းထက်နေတယ်ဆိုရင် သူမဟာ ဟိုးအရင်ကတည်းက အလွန်မြင့်မားတဲ့ အနေအထားမှာ ရှိနေ‌ေလာက်မည်။ ထို့ကြောင့် ကုနင်းအား ထူးချွန်ထက်မြက်သော အရည်အချင်းရှိသည်ဟု သူမယုံကြည်ခဲ့သည်။

အတိအကျပြောရလျှင် သူမသည် ကုနင်းကို ပို၍ မနာလိုဖြစ်လာသည်။

ကုနင်းသည် လှပပြီး ထူးချွန်ရုံသာမက သြဇာကြီးမားပြီး အရေးအကြီးဆုံးမှာ သူမသည် လင်ရှောင်းထင်၏ နှလုံးသားကို ရယူခဲ့သည်။

ရှဲ့ယီယီသည် ကုနင်းကို မနာလိုဖြစ်ပြီး အဖြစ်မှန်ကို လက်ခံရန် ဆန္ဒမရှိသော်လည်း ကုနင်းကို ထိခိုက်စေလိုသည့် အကြံဉာဏ်မျိုး သူမတွင်မရှိပေ။ သူမသည် လူဆိုးမဟုတ်ပါ၊ ထိုသို့ပြုလုပ်ရန် အကြောင်းမရှိပေ။ အစကနေ အဆုံးထိ သူမနဲ့ မထိုက်တန်တဲ့ အချစ်တစ်ခုပါပဲ။ သို့သော် ကုနင်းကို သူထပ်တွေ့လျှင် သူမကျေနပ်မည်မဟုတ်ပေ။

ရှဲ့ယီယီဟာ အခု ဆိုးရွားတဲ့ ခံစားချက်ကို ခံစားနေရတာကြောင့် သူမ တစ်ရေးတစ်မော အိပ်ဖို့ ပြင်လိုက်သည်။

ရှဲ့ယီယီ၏သူငယ်ချင်းသည် သူမ၏အဖြေကိုဖတ်ပြီးနောက် ထိတ်လန့်သွားသည်။

ဘာ? လင်ရှောင်းထင်မှာ စေ့စပ်ထားသူ ရှိနေပြီလား။ သူ့ကောင်မလေးက ကုနင်းလား။

ဘာပဲဖြစ်ဖြစ် ကုနင်းဟာ တကယ့်ကို ထူးချွန်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ထို့အပြင် သူမသည် အံ့မခန်း လှပသည်။ သူမနဲ့ လင်ရှောင်းထင် တို့ဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ စုံတွဲတွေပါ။

ရှဲ့ယီယီ၏သူငယ်ချင်းက သူမအတွက် စိတ်မကောင်းဖြစ်ခဲ့သော်လည်း ကုနင်းကို အပြစ်မတင်ခဲ့ပေ။ နောက်ဆုံးတော့ ဒါဟာ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စမို့ သူမမှာ ဝင်စွက်ဖက်ဖို့ အနေအထားလည်း မရှိ‌ေပ။

…

"ဘယ်တော့ပြန်မှာလဲ မင်းတို့အချိန်ရရင် ငါတို့ နေ့လည်စာတူတူစားကြမလား" ကုနင်းက မေးသည်။

ထန်ဟိုင်ဖုန်းနှင့် ထန်ယွင်ဖန်းတို့သည် ညနေ (၄) နာရီတွင် လေဆိပ်မှ ထွက်ခွာမည်ဖြစ်ရာ သူမ သူတို့ကို လေဆိပ်သို့ ပို့ဆောင်ပြီးနောက် ညစာစားရန် အချိန်ရောက်‌ေလာက်ပြီဖြစ်သည်။

“ဟုတ်ပြီ!” ချီထန်းလင်နှင့် စစ်ထူယဲ့ နှစ်ဦးစလုံး သဘောတူခဲ့ကြသည်။ သူတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ကုနင်းကို ထမင်းစားရန် ဖိတ်ခေါ်ရန် စိတ်ကူးရှိခဲ့သည်။

ချီထန်းလင်နှင့် စစ်ထူယဲ့တို့သည် တစ်ယောက်နှင့်တစ်ယောက် မတွေ့ချင်ကြသော်လည်း ကုနင်းသည် ၎င်းတို့နှစ်ဦးစလုံးကို အရှက်ရလိုစိတ်မရှိသောကြောင့် သူမသည် သူတို့နှစ်ယောက်ထဲက တစ်ယောက်နဲ့ပဲ ထမင်းစားမည်မဟုတ်ကြောင်း သူတို့ သိသည်။ ရလဒ်အနေဖြင့် ချီထန်းလင်နှင့် စစ်ထူယဲ့တို့သည် တစ်ယောက်နှင့်တစ်ယောက်တွေ့ရန် ဝန်လေးနေကြသော်လည်း အဖြစ်မှန်ကိုသာ လက်ခံရမည်။ မဟုတ်ပါက ကုနင်းသည် ၎င်းတို့နှစ်ဦးစလုံးကို လျစ်လျူရှုသွားနိုင်သည်။

ချီထန်းလင်နှင့် စစ်ထူယဲ့တို့နှင့် တစ်နာရီခန့်နေပြီးနောက် ကုနင်းသည် သူမ၏ အဖိုးနှင့်အဖေကို လေဆိပ်သို့ လိုက်ပို့ရန် လိုအပ်သောကြောင့် အရင်ဆုံးထွက်ခွာသွားခဲ့သည်။ ချီထန်းလင်နှင့် စစ်ထူယဲ့ က သူမကို မတားခဲ့ပေ။

အခြားတစ်နေရာတွင် စားသောက်ရန် ဝန်လေးနေကြသောကြောင့် ထိုကလပ်တွင်သာ ထမင်းစားကြသည်။ အခု သူတို့အခန်းမှာ အနားယူအိပ်စက်ရန်သွား‌ေနကြသည်။

ချူးဖေ့ဟန်သည် ချူးရွှမ်ဖန်နှင့်အတူနေခဲ့သည်။

ကုနင်းက ကလပ်ထဲက ထွက်လာပြီး ချက်ချင်းပဲ စစ်ထူယဲ့က သူမကို ဖုန်းခေါ်ပြီး ကုနင်းဆီက ဆေးတချို့ ဝယ်ချင်တယ်ဟု ပြောသည်။

သူတို့တွေ့တွေ့ချင်းတုန်းက ချီထန်းလင် ရှိတာကြောင့် ဆေးပြားတွေ ချက်ချင်းမတောင်းသေးပဲ ကုနင်း ထွက်သွားမှ ဖုန်းဆက်လိုက်ခြင်းဖြစ်သည်။

ကုနင်းက သဘောတူလိုက်သည်။ သူမသည် ချီထန်းလင်ကဲ့သို့ စစ်ထူယဲ့ထံမှ ပိုက်ဆံအများကြီးမတောင်းခဲ့ပေ။ ဆေးပြားနှစ်ဆယ်အတွက် သူ့ကို ယွမ် ဆယ်သန်းသာ တောင်းခဲ့သည်။

ကုနင်းက ဟွမ်းဒင်ဟိုတယ်ကို ပြန်ရောက်ချိန်မှာတော့ အနီးနားက ကျင့်ကြံသူရဲ့ အငွေ့အသက်ကို သူမ မခံစားမိတဲ့အတွက် လင်ရှောင်းထင်ကို ဖုန်းခေါ်လိုက်သည်။

***

All Chapters