← Chapters

ဒွိသူငယ်အိမ်

Vol. 193 Ch. 2891

ဒွိသူငယ်အိမ်

Vol. 193 Ch. 2891

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက် ကြယ်တာရာကောင်းကင်ထဲမှာ။

အစက ပြင်းထန်ကြမ်းတမ်းသောတိုက်ပွဲသည် မထင်မှတ်ထားသော ဖြစ်ရပ်တစ်ခုကြောင့် ရုတ်တရက်ရပ်တန့်သွားသည်။

တိုက်ပွဲနယ်မြေမှာ အစက ရှိနေသောဘုရင်များသည် နေရာမှာတင်မှင်တက်ပြီး ငေးငိုင်နေကြသည်။

အမည်ခံအားဖြင့် ရှစ်ရှောနှင့် အခြားသူများသည် ဓားကမ္ဘာ၏ တောင်ထွတ်သခင်ရှစ်ဦးကို တိုက်ခိုက်ကြခြင်းဖြစ်သည်။

သို့သော်လည်း တကယ်တမ်းမှာတော့ သူတို့၏ အစစ်အမှန်ပစ်မှတ်က ဓားကမ္ဘာမှ ဆူကျုးဖြစ်သည်ကို လူတိုင်းသိရှိထားသည်။ သို့သော်ယခု ဓားကမ္ဘာမှ ဆူကျူးက ပျောက်ကွယ်သွားပြီး သူတို့က ဆက်လက်တိုက်ခိုက်ကြဦးမှာလား။

သူတို့က ဆက်လက်တိုက်ခိုက်မည်ဆိုလျှင် ဘာမှမရှိသည့်အရာကို ဆုပ်ကိုင်ထားရသည့်အလား ရယ်စရာကောင်းနေမည် မဟုတ်ပါလား။

သို့သော်လည်း သူတို့က မတိုက်ခိုက်ဘူးဆိုရင် ဘာလုပ်ရမှာလဲ။

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ ဘုရင်လုဝူ၊ နတ်ဘုရားဘုရင်ရီယောင်၊ ဘုရင်ရွှယ်လီနှင့် ဘုရင်စုန်းသွေးတို့သည် ထိပ်တန်းကမ္ဘာကြီးများမှအထွတ်အထိပ်ဘုရင်များဖြစ်ကြသည်။ ဘုရင်စုန်းသွေးကလွဲလျှင် အခြားငါးယောက်၏ အမူအရာများက ပျက်ယွင်းနေကြသည်။

သူတို့သည် အတန်ကြာအောင် အစီအစဥ်ချထားခဲ့ပြီးဓားကမ္ဘာမှ ဆူကျူးကို သတ်ဖြတ်နိုင်ရန်အတွက် ဘုရင်နှစ်ရာကျော်ကို စုဖွဲ့ရန် ကမ္ဘာနှစ်ဆယ်ကျော်ကို စည်းရုံးထားရသည်။

ယခု... ဓားကမ္ဘာမှ ဆူကျူးသည် သူတို့၏ ရှေ့မှာတင် ထွ​က်ပြေးလွတ်မြောက်သွားပြီး သူတို့က အဲဒါကို လုံးဝလက်မခံနိုင်ကြပေ။

ဓားကမ္ဘာဘက်ခြမ်းမှာ လုယွင်နှင့် အခြားတောင်ထွတ်သခင်များကတော့ ကျေနပ်သဘောကျသွားသည်။

ဆူဇီမိုက တိုက်ပွဲနယ်မြေ​ကနေ ရုန်းထွက်ရန် လျှို့ဝှက်အတတ်တစ်ခုကို ရုတ်တရက်ထုတ်ဖော်ခဲ့သည်။

ပထမအချက် သူသည် အန္တရာယ်ကနေ လွတ်မြောက်သွားပြီဟု ဆိုလိုလေသည်။

ဒုတိယအချက် ဓားကမ္ဘာမှ အခြားသောပကတိအက်မော်တယ်များကိုလည်း ကာကွယ်ရာရောက်လေသည်။

အခြားတစ်ဘ​က်မှာ ဘုရင်နှစ်ရာကျော်ကျော်က သူတို့၏ ပစ်မှတ် ရုတ်တရက်ပျောက်ဆုံးသွားသောအခါ သူတို့အနေဖြင့် တိုက်ခိုက်ဖို့က မသင့်လျော်တော့ပေ။

သို့သော်လည်း ဓားကမ္ဘာဘ​က်မှာ မည်သည့်နောက်ဆံတင်းစရာမှမရှိတော့ပေ။

“အဲဒီလျှို့ဝှက်အတတ်က လေဟာနယ်ကိုဆုတ်ဖြဲပြီး သူ့ကိုတိုက်ပွဲနယ်​မြေကနေတောင်မှ အတင်းအကျပ် ခေါ်ထုတ်ပေးသွားနိုင်တယ်.... အဲဒါက သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်နဲ့ ထိန်းချုပ်နိုင်တဲ့တစ်စုံတစ်ရာ သေချာပေါက်မဟုတ်ဘူး”

ဘုရင်ရှစ်ရှောက အရင်ဆုံးစိတ်ကိုတည်ငြိမ်စေပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။

“ငါ့ရဲ့တွက်ချက်မှုအရဆိုရင် သူက ဒီနေရာကနေ ထွက်ပြေးလွတ်မြောက်ဖို့အတွက် အဲဒီလျှို့ဝှက်အတတ်ကို အသုံးချခဲ့တယ်ဆိုရင်တောင် သူက သိပ်ဝေးဝေးရောက်ဦးမှာမဟုတ်ဘူး”

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရီယောင်နှင့်အခြားသူများက လျင်မြန်စွာတုံ့ပြန်ပြီး ခေါင်းညိတ်လိုက်ကြ၏။

“ငါတို့တွေ အခုချိန် သူ့နောက်ကိုပြေးလိုက်တာနဲ့ ငါတို့က သေချာပေါက်လိုက်မီမှာပဲ”

မည်သို့ပင်ဆိုစေ သူတို့သည် နှစ်ပေါင်းသိန်းချီ ရှင်သန်နေထိုင်လာခဲ့ပြီး ထိပ်တန်း​ကမ္ဘာကြီးများမှ လာကြသည်။ သူတို့သည် ဗဟုသုတကြွယ်ဝပြီး အတွေ့အကြုံရှိကာ သူတို့၏ အတွေ့အကြုံများကိုအခြေခံပြီး ဤဖြစ်နိုင်ခြေကို အလျင်အမြန်ကောက်ချက်ချလိုက်နိုင်သည်။

“ဒါပေမဲ့ ကြယ်တာရာကောင်းကင်က အကန့်အသတ်မဲ့တယ်... ငါတို့တွေက သူဘယ်ဘက်ကို ထွက်ပြေးသွားတယ်ဆိုတာ သေချာမပြောနိုင်ဘူး”

နတ်ဘုရားဘုရင်ရီယောင်က မျက်မှောင်ကြုတ်လိုက်သည်။

“ငါတို့က လမ်းမှားကိုလိုက်မိပြီး သူနဲ့ဆန့်ကျင်ဘက်ဖြစ်နေမယ်ဆိုရင် ငါတို့က လက်ဗလာနဲ့ပြန်လာရလိမ့်မယ်”

“ဟဲဟဲ”

ထိုစဥ်မှာပင် ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်မှ ဘုရင်တစ်ပါးက ရှေ့သို့ထွက်လာပြီး ရယ်မောပြောဆိုလိုက်၏။

“ဒီကောင်လေးက ဒီနေရာကနေ လွတ်မြောက်နိုင်တယ်... ဒါပေမဲ့သူက ငါ့ရဲ့လိုက်လံဖမ်းဆီးမှုကနေတော့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”

ဘုရင်အေးစက်မျက်လုံးက ဤလူထွက်လာသည်ကိုတွေ့မြင်သောအခါ သူက ချက်ချင်းပင်တုံ့ပြန်ပြီး ဝမ်းသာအားရဖြစ်သွားသည်။ သူကအလောတကြီးပြောလိုက်သည်။

“ညီကိုစန်းမူ... ငါတို့ မင်းကိုပဲအားကိုးရတော့မယ်”

ထို့နောက် ဘုရင်အေးစက်မျက်လုံးက နတ်ဘုရားဘုရင်ရီယောင်၊ ဘုရင်ရှစ်ရှောနှင့် အခြားသူများကို လှည့်ကြည့်ကာ ဝင့်ကြွားစွာပြောလိုက်၏။

“ညီကိုစန်းမူက ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရဲ့ မဟာစက္ခုနည်းစနစ်သုံးခုထဲက တစ်ခုဖြစ်တဲ့ ဒွိသူငယ်အိမ်ကို ကျင့်ကြံထားတယ်... အဲဒါက ထူးခြားအံ့မခန်းစွမ်းအားကို ပိုင်ဆိုင်တယ်”

“ဘယ်သူကမှ ဒွိသူငယ်အိမ်ရဲ့လိုက်လံရှာဖွေမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ဓားကမ္ဘာမှလုယွင်နှင့် အခြားသူများက ထိုသည်ကို တွေ့မြင်သောအခါ အကြည့်ချင်းဖလှယ်ပြီး သူတို့၏ ရင်ထဲမှာ နင့်ခနဲခံစားလိုက်ရသည်။

ဘုရင်စန်းမူက သူ၏ ဒွိသူငယ်အိမ်ကို အသက်သွင်းပြီး ဆူဇီမိုနောက်သို့ခြေရာကောက်မည်ကို သူတို့က ခွင့်ပြုမပေးနိုင်ပေ။

“တိုက်ကြ”

လုယွင်က ဟိန်းဟောက်ပြောဆိုလိုက်၏။

လူတိုင်းကြားတိုက်ပွဲက လောလောဆယ်မှာရပ်တန့်နေခဲ့​သော်လည်း သူတို့က တိုက်ပွဲဝင်ပုံစံမှာ ရှိနေကြဆဲဖြစ်သည်။

ဓားကမ္ဘာမှ တောင်ထွတ်သခင်ရှစ်ဦးက အသင်္ချေဓားဝင်္ကပါကိုဆင့်ခေါ်ပြီး ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်ရှိရာသို့ ပြေးဝင်လာကြသည်။

“သူတို့ကို တားထားကြ”

ဘုရင်အေးစက်မျက်လုံးက ဘေးပတ်လည်မှာရှိသောဘုရင်နှစ်ရာကျော်ကျော်ကို လှည့်ကြည့်ကာအော်ပြောလိုက်သည်။

ဘုရင်များကြားတိုက်ပွဲက နောက်တစ်ဖန်ပြန်လည်ပေါ်ထွက်လာခဲ့သည်။

တောင်ထွတ်သခင်ရှစ်ဦး၏ အသင်္ချေဓားဝင်္ကပါအနေဖြင့် ဘုရင်နှစ်ရာကျော်၏ ပူးပေါင်းတိုက်ခိုက်မှုကို ခုခံဖို့က အရမ်းကိုခဲယဥ်းလေသည်။

သူတို့၏ အဟန့်အတားကို ဖြတ်ကျော်ဖို့က ပို၍ပင်မဖြစ်နိုင်ပေ။

ဘုရင်စန်းမူသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ နှာရောင်ပေါ်ရှိ သွေးအမှတ်အသားက ပွင့်လာကာ သူ၏ ဒွိသူငယ်အိမ်ကို အသက်သွင်းလိုက်သည်။

ဘေးပတ်ဝန်းကျင်မှာရှိသော ကြယ်တာရာကောင်းကင်ကလည်း အနည်းငယ်တုန်ခါသွားလေသည်။

ဘုရင်စန်းမူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးမှာ သူငယ်အိမ်နှစ်ခုပါဝင်ပြီး အလွန်တရာထူးဆန်းသည့်ပုံပေါ်နေသည်။

ဘုရင်များစွာက ထိုသူငယ်အိမ်နှစ်ခုကို ခဏကြာငေးကြည့်ပြီးနောက် သူတို့၏ မျက်လုံးများထဲမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရကာ သူတို့က အလိုလိုအကြည့်လွှဲလိုက်ကြသည်။

ဘုရင်စန်းမူ၏ ဒွိသူငယ်အိမ်က အကြည့်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး မလှမ်းမကမ်းကြယ်တာရာကောင်းကင်ထဲသို့ ဆင်းသက်သွားလေသည်။ အဲဒါက မရေမတွက်နိုင်သော လေဟာနယ်အလွှာများကို ထိုးဖောက်နိုင်သည့် အလား သဲလွန်စများက တဖြည်းဖြည်းပေါ်ထွက်လာသည်။

ခဏနေပြီးနောက် ဘုရင်စန်းမူက သူ၏ မျက်လုံးနှစ်ဖက်ကို မှိတ်ချလိုက်၏။

သူသည် သူ၏ မျက်လုံးများကို နောက်တစ်ဖန်ဖွင့်ပြီး အရပ်တစ်ဘက်ကို လက်ညှိုးထိုးကာ လေးနက်သောအသံဖြင့်ပြောလိုက်သည်။

“ဒီဘက်ပဲ... ညီကိုရှစ်ရှောပြောတာမှန်တယ်... ဒီကောင်လေးက သိပ်ပြီးဝေးဝေးမရောက်သေးဘူး”

“ဒါပေမဲ့ ဒီကောင်လေးက အရမ်းကိုမြန်ဆန်တဲ့ လှုပ်ရှားမှုနည်းစနစ်ကိုသုံးပြီး ထွက်ပြေးနေတယ်... ငါတို့တွေ သူ့နောက်ကိုမြန်မြန်လိုက်မှရမယ်”

“သွားကြမယ်”

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှော၊ ဘုရင်ရီယောင်နှင့် ထိပ်တန်းကမ္ဘာကြီးများမှ အခြားသောအထွတ်အထိပ်ဘုရင်များက ဘုရင်စန်းမူညွှန်ပြရာဘက်သို့ ​ပြေးလိုက်သွားကြလေသည်။

ဤအုပ်စုမှာ ဘုရင်ဆယ်ချီပါသွားလေသည်။

မွန်မြတ်ကောင်းကင်ဘုံကမ္ဘာအပြင်ဘက် တိုက်ပွဲနယ်မြေမှာ ဘုရင်တစ်ရာကျော်ကျန်နေခဲ့ဆဲဖြစ်ပြီး သူတို့က တောင်ထွတ်သခင်ရှစ်ဦး၊ နဂါးဘုရင်မဦးချိုမဲ့၊ အင်မော်တယ်ဘုရင်မယိုလန်နှင့် အခြားသူများကို ဆန့်ကျင်တိုက်ခိုက်နေ၏။

နှစ်ဦးနှစ်ဖက်ကြား အရေအတွက်ကွာဟမှုက အရမ်းကိုကြီးမားနေသည်။

တောင်ထွတ်သခင်ရှစ်ဦးသည် ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် အခြားသူများ ထွက်ခွာသွားသည်ကို တွေ့မြင်သောအခါ သူတို့က ပို၍ပင်စိုးရိမ်ကြောင့်ကြလာ၏။

သို့သော်လည်း ဘုရင်တစ်ရာကျော်၏ ဟန့်တားနှောက်ယှက်မှုနှင့် ကြုံတွေ့ရချိန်မှာ မည်သူကမှ အချိန်တိုအတွင်း ရုန်းမထွက်နိုင်ပေ။

သိပ်​မကြာခင် ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် အခြားသောဘုရင်များက လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားကြသည်။

ဤမျှများပြားသော ဘုရင်ပညာရှင်များက ပကတိစိတ်ဝိညာဥ်တစ်ဦးနောက်သို့ ပြေးလိုက်သွားသောအခါ ကြည့်ရှုစရာမည်သည့်အရာမှ မရှိတော့ပေ။

လူတိုင်း၏ ရင်ထဲမှာ ဓားကမ္ဘာမှ ဆူကျူးက သေချာပေါက်သေလူတစ်ယောက် ဖြစ်သွားလေပြီ။

ကမ္ဘာများစွာမှ ဘုရင်အများစုသည် ဤနေရာမှာသာနေပြီး ဘုရင်များကြားတိုက်ပွဲကို ဆက်လက်၍စောင့်ကြည့်နေကြသည်။

လုယွင်နှင့်အခြားသူများသည် အချိန်ဆက်ကြာလျှင် ဆူဇီမိုပေါ်အန္တရာယ်က ပိုမိုကြီးမားလာမည်ကို သိရှိထားသည်။

သူတို့သည် ဤနေရာကနေ တတ်နိုင်သမျှမြန်မြန်ဖောက်ထွက်ရပေမည်။

“ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ဘုရင်တွေအကုန်နီးပါးက ထွက်ခွာသွားကြပြီပဲ... အဆင့်မြင့်ကမ္ဘာတွေနဲ့ အလယ်အလတ်ကမ္ဘာတွေက မင်းတို့ဘုရင်တွေက ငါတို့ကို ဘယ်လိုတောင် ဆက်ပြီးတားဆီးရဲတာလဲ”

လုယွင်က အော်ငေါက်လိုက်၏။

ကမ္ဘာနှစ်ဆယ်ကျော်ကျော်သည် ဘုရင်စုန်းသွေး၏ ဖျားယောင်းမှုအောက်မှာ ယာယီအားဖြင့်ပူးပေါင်းထားကြသော်လည်း မည်သို့ပင်ဆိုစေ အဲဒါ​က ကောက်ကာငင်ကာ ပေါ်ထွက်လာသော ဆုံးဖြတ်ချက်တစ်ခုသာဖြစ်ပြီး သူတို့၏ ဆက်ဆံရေးက ခိုင်မာမှုမရှိပေ။

လုယွင်က ထိုအားနည်းချက်ကို တွေ့မြင်ထားပြီး ကျယ်လောင်စွာမေးခွန်းထုတ်လိုက်သည်။

စောစောက ထိပ်တန်းကမ္ဘာကြီးခြောက်ခုမှ အထွတ်အထိပ်ဘုရင်များသည် ဤနေရာကို ထိန်းသိမ်းစောင့်ရှောင်ပေးနေခဲ့ကြသည်။

အဆင့်မြင့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှ ဘုရင်များသည် အကြောက်အလန့်မရှိဘဲ ထိပ်တန်းကမ္ဘာကြီးခြောက်ခု၏ ဦးဆောင်မှုနောက်ကနေ လိုက်လာရုံသာဖြစ်သည်။

သို့သော်ယခု ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် ထိပ်တန်းကမ္ဘာကြီးခြောက်ခုမှ အခြားသောဘုရင်များက ဓားကမ္ဘာမှ ဆူကျူးနောက်သို့ ပြေးလိုက်သွားခဲ့ကြပြီဖြစ်သည်။

ဓားကမ္ဘာမှလူတိုင်းကို တားဆီးရန် ဤနေရာမှာကျန်နေခဲ့သော လူတိုင်းနီးပါးသည် အဆင့်နိမ့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှဘုရင်များဖြစ်ကြသည်။

လုယွင်၏ စကားကို ကြားသောအခါ ဘုရင်များစွာက တုန်လှုပ်သွားပြီး သူတို့၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားသည်။

“ဂါး”

ထိုစဥ်မှာပင် နဂါးဘုရင်မဦးချိုမဲ့က ဟိန်းဟောက်သံကို ထုတ်ဖော်ပြီး ရုတ်တရက် သူမ၏ အစစ်အမှန်သွင်ပြင်သို့ ပြောင်းလဲလိုက်သည်။ ပေပေါင်းထောင်ချီရှည်လျားသည့် သူမ၏ ကြောက်စရာကောင်းသော ခန္ဓာကိုယ်က ကြယ်တရာကောင်းကင်ထဲမှာ အလျားလိုက်ပေါ်ထွက်လာပြီး ဘုရင်ဆယ်ပါးကျော်ကျော်ရှိရာဘက်သို့ နဂါးထွက်သက်တစ်ခုကို မှုတ်ထုတ်လိုက်လေသည်။

ရွှစ်...

ဘုရင်ဆယ်ပါးကျော်ကျော်ထဲမှာ သာမန်အင်မော်တယ်ဘုရင်များသည် နေရာမှာပင် ရေခံရုပ်ထုများအဖြစ် အေးခဲတောင့်တင်းသွားပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်များဖျက်ဆီးခံရကာ နေရာမှာပင် သေဆုံးသွားကြသည်။

အန္တိမဘုရင်တချို့ကို ကောင်းကင်လိုဏ်ဂူများက ကာကွယ်ပေးထားကြသည်။ သူတို့က အသက်ရှင်နိုင်သေးသော်လည်း သူတို့နောက်ဘက်မှာရှိသော ကောင်းကင်လိုဏ်ဂူများက တစ်ခုပြီးတစ်ခု ကြေမွသွားလေသည်။ ရုတ်တရုက် နဂါးဘုရင်မဦးချိုမဲ့က သူမ၏ စွမ်းပကားကို ထုတ်ဖော်ပြီး ဘုရင်တချို့ကို နေရာမှာပင်သတ်ဖြတ်ကာ တခြားသောဘုရင်များကို တွေဝေတုံ့ဆိုင်းသွားသေစေသည်။

တောင်ထွတ်သခင်ရှစ်ဦးကလည်း အခွင့်အလမ်းတစ်ခုကိုတွေ့မြင်သွားပြီး အသင်္ချေဓားဝင်္ကပါက ပြိုးပြိုးပြက်ပြက်ဓားချီများနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။

ဓားတာအို ကောင်းကင်လိုဏ်ဂူရှစ်ခုက အပြန်အလှန်တုံ့ပြန်ပြီးနောက် သာမန်ဘုရင်ဆယ်ဦးကျော်ကို ချက်ချင်းပင် သတ်ဖြတ်လိုက်လေသည်။

All Chapters