တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါ
Vol. 193 Ch. 2893
ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို တွက်ချက်ခြင်း၊ ကံကြမ္မာကို တွက်ချက်ခြင်း၊ လူသားနှလုံးသားကို တွက်ချက်ခြင်းနှင့် ကမ္မကို တွက်ချက်ခြင်း…။
ထိုအရာများသည် ချို့ယွင်းချက်ကင်းမဲ့သော တွက်ချက်မှုများ ဖြစ်သည်။
အရင်တုန်းက သူ့အတွက် တက္ကသိုလ်ဂိုဏ်းချုပ် ခင်းကျင်းခဲ့သည့် အကွက်ချကြံစည်မှုက ပြီးပြည့်စုံမှုရှိခဲ့သည်ဟု ဆိုနိုင်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ ချို့ယွင်းချက်ကင်းမဲ့သော တွက်ချက်မှုများအတွက် ချီးကျူးခံရဖို့ တကယ်ပင် ထိုက်တန်လေသည်။
ဧကရာဇ်ဂူသင်္ချိုင်း၏ ပေါ်ထွက်လာမှုနှင့် အင်မော်တယ်ဧကရာဇ် အရုဏ်ဆည်းဆာ၏ ပြန်လည်ရှင်သန်လာမှုကြောင့် မဟုတ်လျှင် တက္ကသိုလ်ဂိုဏ်းချုပ်သည် အရာရာတိုင်းကို ရရှိသွားပြီးလောက်လေပြီ။
ယင်ယန်အဆောင်သုတ္တန်ကို ကျင့်ကြံပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်အနေဖြင့် သူနှင့်ပတ်သက်သည့် မည်သည့်အငွေ့အသက် သို့မဟုတ် မည်သည့်သတင်းအချက်အလက်ကိုမဆို တွက်ချက်ဖို့ ခဲယဉ်းသွားလိမ့်မည်ဟု ဆူဇီမိုက ယုံကြည်ထားသည်။
သို့သော်လည်း လွန်ခဲ့သည့်နှစ်တစ်ထောင်ကျော်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ပြန်လည်ရောက်ရှိလာပြီးနောက် သူသည် အန္တရာယ်အငွေ့အသက်ကို ခံစားနေရဆဲဖြစ်သည်။
သူသည် ဆူကျူးအဖြစ် သူ့အမည်ကို ပြောင်းလဲထားပြီး သူ၏ သရုပ်သကန်က ဘယ်တုန်းကမှ မပေါက်ကြားခဲ့ပေ။
သို့သော်လည်း မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ လူများစွာရှိပြီး သူသည် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ကောင်းကင်ဘုံမျက်လုံးမျိုးနွယ်၏ ရှန်းမုန်ကို သတ်ဖြတ်ခဲ့လေသည်။
သူက လူများစွာနှင့် ပိုမိုထိတွေ့ဆက်ဆံလေ… သူနှင့်ပတ်သက်သည့် သတင်းအချက်အလက်များက နောက်မှာကျန်ရစ်ခဲ့လေဖြစ်ပြီး ပိုမိုများပြားသော ကမ္မများကို ဖန်တီးမိလာပေလိမ့်မည်။
ကမ္မက ရောထွေးယှက်ဖြာသွားပြီး အဆက်မပြတ် စုစည်းကာ အနည်ကျလာပေလိမ့်မည်။ အခြားသူများသည် အဲဒါကို အာရုံခံမိနိုင်ချင်မှ အာရုံခံမိမည် ဖြစ်သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ၏ နည်းလမ်းများနှင့်အတူ အဲဒါကို သေချာပေါက် တွက်ချက်နိုင်လိမ့်မည်ဟု သူယုံကြည်သည်။
ထို့ကြောင့် သူသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကနေ ပြန်လာသည့်အခါ အဆိုးဆုံးရလဒ်အတွက် ပြင်ဆင်ထားခဲ့ပြီးပြီဖြစ်သည်။
သူ၏ လမ်းကြောင်းကို တက္ကသိုလ်ဂိုဏ်းချုပ်က သိရှိသွားခဲ့ပြီဖြစ်သည်။
သူ့အနေဖြင့် သူက ဓားကမ္ဘာမှာ ရှိနေခဲ့သည်။ တက္ကသိုလ်ဂိုဏ်းချုပ်က အဆုံးမဲ့ဉာဏ်ပညာကို ပိုင်ဆိုင်ထားသော်လည်း သူ့အနေဖြင့် ဓားကမ္ဘာသို့ ဝင်ရောက်ကာ သူ့ကိုသတ်ဖြတ်ပြီး အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာကို လုယူသွားဖို့က မဖြစ်နိုင်ပေ။
တစ်ခုတည်းသော အခွင့်အရေးမှာ သူက ဓားကမ္ဘာကနေ ထွက်ခွာလာသည်ကို စောင့်ဆိုင်းရန်ဖြစ်သည်။
ထို့ကြောင့် နှစ်တစ်ထောင်ကုန်ဆုံးသွားပြီး ဆူဇီမိုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဒုတိယအကြိမ် ဝင်ရောက်နိုင်စဉ်မှာ သူက အလျင်စလို ပြုမူလှုပ်ရှားခဲ့ခြင်းမရှိပေ။
သူ့အတွက် အစစ်မှန်အန္တရာယ်သည် ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၏ လက်စားချေခြင်းကနေ လာမည်မဟုတ်ဘဲ တက္ကသိုလ်ဂိုဏ်းချုပ်ထံကနေ လာမည်ဖြစ်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤကိစ္စကို သေချာပေါက် လက်မလျှော့သေးဟု ဆူဇီမိုက ယုံကြည်ထားသည်။
ဓားကမ္ဘာမှ ဧကရာဇ်များ ပေါ်ထွက်လာမည်ဆိုလျှင် သူတို့သည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အာရုံခံစိတ်ကနေ သေချာပေါက် ဖုံးကွယ်ထားနိုင်လိမ့်မည် မဟုတ်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်၏ တွက်ချက်မှုများက ဟာကွက်မဲ့လေသည်။
သူ၏ တွက်ချက်မှုများကို လှည့်စားနိုင်သည့်အရာ တစ်ခုတည်းသာ ရှိသည်။
သိုင်းတာအိုပင်မခန္ဓာ…
အဲဒါသည် ဆူဇီမို၏ အကြီးမားဆုံးဝှက်ဖဲနှင့် လျှို့ဝှက်ချက်ဖြစ်သည်။
သို့သော်လည်း ထိုအချိန်တုန်းက ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်မှု ပျောက်ဆုံးနေခဲ့သည်။ ထို့ကြောင့် သူသည် အချိန်ဆွဲပြီး အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာက အထက်ဘုံလောကသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
အတိအကျဆိုရလျှင် သူ၏ လှုပ်ရှားမှုပြုလုပ်ချိန်မှ ယခုအချိန်ထိ သူ၏ ပစ်မှတ်သည် အမြဲတမ်း တက္ကသိုလ်ဂိုဏ်းချုပ် ဖြစ်နေခဲ့သည်။
ဤအကွက်ချကြံစည်မှုသည် ရှုပ်ထွေးပွေလီခြင်းမရှိဘဲ အလွန်တရာ ရိုးရှင်းသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် သူ့ကို သေချာပေါက် တိုက်ခိုက်လာမည်ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် ဆူဇီမိုသည် သူ့ကိုယ်သူ ငါးစာအဖြစ် အသုံးချပြီး တက္ကသိုလ်ဂိုဏ်းချုပ်ကို မျှားခေါ်ထုတ်ရမည်ဖြစ်သည်။
လုယွင်၏ သတင်းပေးပို့ခြင်း မအောင်မြင်သည်ကို တွေ့ရှိရပြီးနောက် တက္ကသိုလ်ဂိုဏ်းချုပ်၏ လှုပ်ရှားကွက်က စတင်နေပြီဆိုတာကို သူက သိရှိလိုက်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် တစ်ခါက သူ့ကို အကွက်ချကြံစည်ခဲ့ဖူးသည်။
ဤတစ်ခေါက်မှာ ဆူဇီမိုသည် လုံးဝမူကွဲတစ်ခုဖြစ်သော သိုင်းတာအိုပင်မခန္ဓာကို အသုံးချကာ တက္ကသိုလ်ဂိုဏ်းချုပ်၏ အကွက်ချကြံစည်မှုကနေ ဖောက်ထွက်ပြီး သူ၏ ဤခြိမ်းခြောက်မှုကို အပြီးသတ်ရှင်းလင်းပစ်လိုခြင်းဖြစ်သည်။
ဆူဇီမိုသည် ဖီးနစ်တောင်ပံများကို ထုတ်ဖော်ပြီး ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ကြယ်တာရာကောင်းကင်ထက်မှာ အဆက်မပြတ် လှုပ်ရှားသွားလာနေ၏။
ရုတ်တရက်ဆိုသလို…
ဆူဇီမို၏ မြင်ကွင်းက ပြောင်းလဲသွားလေသည်။
သူသည် နောက်ထပ် အာကာသတစ်ခုထဲသို့ တိုးဝင်မိသွားသည့်အလားပင်။ ဘေးပတ်ဝန်းကျင် ကြယ်တာရာကောင်းကင်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဘေးပတ်ဝန်းကျင်က တစ်မူထူးခြားစွာဖြင့် သူနှင့် ရင်းနှီးမှုရှိနေသည်။ အဲဒါသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ဖြစ်သည်။
မလှမ်းမကမ်းမှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ တာအိုနှလုံးသားလှေကား ရှိနေသည်။
တာအိုနှလုံးသားလှေကားဘေးမှာ ဆူဇီမိုကို ကျောပေးရပ်နေသည့် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ယောက် မတ်တတ်ရပ်နေသည်။ ထိုအခိုက်အတန့်မှာ သူက ပြုံးစစနှင့် ဖြည်းဖြည်းချင်း လှည့်လာခဲ့သည်။ ထိုသူသည် တက္ကသိုလ်ဂိုဏ်းချုပ်ဖြစ်သည်။
ဆူဇီမို၏ မျက်နှာအမူအရာက တည်ငြိမ်နေ၏။
ဤနေရာက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ် မဟုတ်နိုင်ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်သည် စွမ်းအားကြီးမားသော်လည်း သူ့ကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်သို့ ချက်ချင်းခေါ်ဆောင်သွားဖို့ မလုံလောက်ပေ။
ဤသည်မှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ဓမ္မစွမ်းအားများဖြင့် ခင်းကျင်းထားသော မြင်ကွင်းတစ်ခု ဖြစ်ရပေမည်။
တက္ကသိုလ်ဂိုဏ်းချုပ်က သဘောကျမှုဖြင့် ဆူဇီမိုကို ကြည့်ပြီး ချီးကျူးလိုက်၏။
“မင်းက ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ အသက်ရှင်နိုင်ခဲ့တာ တကယ့်ကို စဉ်းစားကြည့်လို့ မရနိုင်အောင်ပဲ”
တက္ကသိုလ်ဂိုဏ်းချုပ်က ခဏမျှ စဉ်းစားတွေးတောပြီး အဲဒါကို အနည်းငယ် အာရုံခံကြည့်လိုက်၏။ သူက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“မင်းက ဧကရာဇ်ဂူသင်္ချိုင်းရဲ့ ကျိန်စာနဲ့ ဆရာအာခံကျိန်စာကိုတောင်မှ ဖယ်ရှားပစ်လိုက်တယ်… မင်းအဲဒါကို ဘယ်လိုလုပ်လိုက်တာလဲ”
“မင်းက ဘယ်အရာကိုမဆို သိထားပြီး အရာရာတိုင်းကို တွက်ချက်နိုင်တယ်မလား”
ဆူဇီမိုက ပြုံးပြလိုက်၏။
“မင်းဘာသာမင်း ခန့်မှန်းကြည့်လေ”
“ဟားဟား”
တက္ကသိုလ်ဂိုဏ်းချုပ်က ရယ်မောကာ သူ၏ ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်၏။
“ဆူဇီမို... မင်း အဲဒါကို နားမလည်သေးဘူးလား… မင်း အဲဒါကို မပြောဘူးဆိုရင်တောင် ငါက မင်းရဲ့ ဝိညာဉ်ကနေ အဖြေကို ရှာလို့ရတာပဲ”
သိပ်မကြာခင် တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုက တည်ငြိမ်လွန်းနေသည်ကို အာရုံခံမိလိုက်သည်။
သူပေါ်ထွက်လာပြီးတာတောင် သူ၏ မျက်လုံးထဲမှာ မည်သည့်အပြောင်းအလဲ သို့မဟုတ် မည်သည့်စိတ်ခံစားချက်မှ ရှိမလာခဲ့ပေ။
တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ အပြုံးကို ရုတ်သိမ်းလိုက်၏။
“မင်းက ငါပေါ်ထွက်လာတာကို အံ့အားသင့်မသွားတဲ့ပုံပဲ”
“ဒါပေါ့”
ဆူဇီမိုက ပြောလိုက်သည်။
“ငါက ငါ့ရဲ့ထွက်ပြေးခြင်းနည်းစနစ်ကို ထုတ်ဖော်ပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရဲ့ အနီးနားဝန်းကျင်ကနေ ဘာလို့ ထွက်ခွာလာခဲ့သလဲ မင်းသိလား”
“စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ”
တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် အလင်းတစ်ချက် ဖျပ်ခနဲလက်သွား၏။
သူက သူ၏ ဝတ်ရုံအောက်မှ သူ၏ လက်ချောင်းများကို လှုပ်ရှားပြီး အဆက်မပြတ်တွက်ချက်ကာ တီးတိုးရေရွတ်လိုက်၏။
“အဲဒီမှာ တခြားအလှည့်အပြောင်းတစ်ခုခု ရှိနေမလား ငါကြည့်လိုက်မယ်”
“အပြင်ဘက်မှာ ငါတို့နောက်ကို လိုက်လာတဲ့ ဘုရင်ဆယ်ချီ ရှိနေတယ်… အဲဒါက နည်းနည်းစိတ်ရှုပ်စရာကောင်းပေမဲ့ အဲဒါကို အလှည့်အပြောင်းတွေလို့ မဆိုနိုင်ဘူး… သူတို့က ဒီနေရာကို ရောက်လာမယ်ဆိုရင် သူတို့က တံခါးရှစ်ချပ်သွမ့်ကျားထဲမှာ ပိတ်မိသွားလိမ့်မယ်… သူတို့က ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး”
တကယ်တမ်းမှာလည်း ကိစ္စက ထိုသို့ပင်ဖြစ်သည်။
အပြင်ဘက် ကြယ်တာရာကောင်းကင်မှာ…
ဘုရင်စန်းမူ၏ ဒွိသူငယ်အိမ်၏ လမ်းညွှန်မှုအရ ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် အခြားသော ဘုရင်များစွာက ဤနေရာအထိ ပြေးလိုက်လာပြီး ရုတ်တရက် လမ်းပျောက်သွားလေသည်။ သူတို့သည် လျှို့ဝှက်ကုန်းမြေတစ်ခုထဲသို့ ကျဆင်းသွားသည့်အလားပင်။
“ဘာဖြစ်သွားတာလဲ”
“ဆူကျူးက ဘယ်မှာလဲ”
“ငါမသိဘူး… သူ့ရဲ့ခြေရာက ဒီနေရာမှာ ပျောက်သွားတယ်”
“ငါတို့ ဘယ်ကိုရောက်နေတာလဲ”
ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများသည် အလောတကြီး အာရုံစိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။ သူတို့က မဆင်မခြင် ပြုမူရဲခြင်းမရှိဘဲ သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များကို ထုတ်လွှတ်လိုက်လေသည်။
ဘေးပတ်ဝန်းကျင်ကို သူတို့၏ စိတ်ဝိညာဉ်အသိစိတ်များဖြင့် မထိုးဖောက်နိုင်သည့် မြူခိုးတစ်လွှာဖြင့် လွှမ်းခြုံထားသည်။
“အဲဒါကို ငါစမ်းကြည့်လိုက်မယ်”
ဘုရင်စန်းမူက သူ၏ ဒွိသူငယ်အိမ်ကို နောက်တစ်ဖန် အသက်သွင်းပြီး လှည့်ပတ်ကြည့်ရှုလိုက်၏။
အတန်ကြာပြီးနောက် ဘုရင်စန်းမူက ခပ်သဲ့သဲ့ ညည်းသွားလိုက်၏။
သူ၏ နှာရောင်ပေါ်ရှိ ဒွိသူငယ်အိမ်က ပိတ်ဆို့သွားခဲ့ပြီဖြစ်ပြီး သူ၏ ကောင်းကင်ဘုံမျက်လုံးကနေ နီရဲနေသော သွေးတစ်စကပင် ဖြည်းဖြည်းချင်း စီးကျလာ၏။
“ညီအစ်ကိုစန်းမူ... အခြေအနေ ဘယ်လိုရှိလဲ”
လူတိုင်းက အနားသို့ စုဝေးရောက်ရှိလာပြီး လေးနက်သော အသံဖြင့် မေးလိုက်၏။
ဘုရင်စန်းမူက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
“ကျုပ်က ဘေးပတ်လည်မြူခိုးတွေထဲမှာ ဖြည်းဖြည်းချင်း လှည့်ပတ်နေတဲ့ ဧရာမတံခါးရှစ်ချပ်ကို တွေ့တယ်… အဲဒါက အထဲမှာ မှောင်မိုက်ပြီး ကြောက်စရာကောင်းတဲ့ အော်ရာတစ်ခုကို ဖြာထုတ်ပေးနေတယ်… အဲဒါက အမျိုးအမည်မသိတဲ့ နေရာတစ်ခုဆီ ဦးတည်နေတယ်”
“တံခါးရှစ်ချပ်လား”
နတ်ဘုရားဘုရင် ရီယောင်က မျက်မှောင်ကြုတ်ကာ တွေဝေတုံ့ဆိုင်းစွာဖြင့် ပြောလိုက်၏။
“အဲဒါက ဒဏ္ဍာရီလာ တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါ ဖြစ်နေမလား”
ဘုရင်လုဝူ၊ ဘုရင်အေးစက်မျက်လုံးနှင့် အခြားသော အထွတ်အထိပ်ဘုရင်များ၏ အမူအရာများက ထိုစကားများကို ကြားသည့်အခါ ပြောင်းလဲသွားကြသည်။
သူတို့အားလုံးက သတိကြီးကြီးထားနေသော အကြည့်များကို ထုတ်ဖော်လာကြသည်။
“တံခါးရှစ်ချပ် သွမ့်ကျားဝင်္ကပါက ဘာလဲ”
အဲဒါကို တစ်ခါမှ မကြားဖူးသော ဘုရင်တစ်ပါးက အလိုလိုမေးလိုက်သည်။
နတ်ဘုရားဘုရင်ရီယောင်က ပြောလိုက်၏။
“ဒဏ္ဍာရီအရဆို တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါမှာ စုစုပေါင်း တံခါးရှစ်ချပ်ရှိတယ်… အဲဒါက ဖွင့်လှစ်ခြင်း၊ အနားယူခြင်း၊ ဘဝ၊ ဒဏ်ရာ၊ လှည့်စားခြင်း၊ ရှုခင်း၊ သေဆုံးခြင်းနဲ့ ကြောက်ရွံ့ခြင်းတို့ပဲ… တံခါးတစ်ချပ်ချင်းစီက မတူညီတဲ့ နေရာလွတ်တစ်ခုစီကို ဦးတည်နေတယ်”
“ဖွင့်လှစ်ခြင်း၊ အနားယူခြင်းနဲ့ ဘဝတံခါးတွေက မင်္ဂလာတံခါးတွေပဲ… သေဆုံးခြင်း၊ ကြောက်ရွံ့ခြင်းနဲ့ ဒဏ်ရာတံခါးတွေကတော့ နိမိတ်ဆိုးတံခါးတွေပဲ… လှည့်စားခြင်းနဲ့ ရှုခင်းတံခါးကတော့ အလယ်အလတ်တံခါးတွေပဲ”
“မင်းက အမှားတစ်ခုပြုလုပ်ပြီး နိမိတ်ဆိုးတံခါးတွေထဲက တစ်ခုထဲကို ဝင်ရောက်မိမယ်ဆိုရင် မင်းက သေချာပေါက်သေရလိမ့်မယ်… မင်းက လှည့်စားခြင်းနဲ့ ရှုခင်းတံခါးတွေထဲကို ဝင်ရောက်မိမယ်ဆိုရင် မင်းရဲ့ကံကြမ္မာက ဘာမှန်းသိရမှာမဟုတ်တော့ဘူး… အသက်ရှင်နိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးက မင်းက ဖွင့်လှစ်ခြင်း၊ အနားယူခြင်းနဲ့ ဘဝတံခါးတွေထဲကို ဝင်ရောက်နိုင်ဖို့ပဲ”
ဘုရင်လုဝူက တည်တံ့သော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
“တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါက တဗူးဂမ္ဘီရကျင့်စဉ် နည်းစနစ်သိုလှောင်ရုံကနေ ဆင်းသက်လာတယ်လို့ ပြောကြတယ်… အဲဒါကို ဘယ်သူခင်းကျင်းထားတာပါလိမ့်… သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
“ကျုပ်တို့က မင်္ဂလာတံခါးသုံးချပ်ကို ဘယ်လိုခွဲခြားမလဲ”
တစ်စုံတစ်ယောက်က မေးလိုက်၏။
နတ်ဘုရားဘုရင်ရီယောင်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး လှောင်ရယ်လိုက်၏။
“သူတို့တွေကို အလွယ်တကူ ခွဲခြားနိုင်တယ်ဆိုရင် တံခါးရှစ်ချပ်သွမ့်ကျားဝင်္ကပါက ဘယ်လိုလုပ် ကြောက်စရာကောင်းနေပါ့မလဲ”
“တံခါးရှစ်ချပ်က အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်လို့ ဆိုတယ်… မင်းက မင်္ဂလာတံခါးသုံးချပ်ထဲက တစ်ခုခုကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ခဲ့မယ်ဆိုရင်တောင် အဲဒီမှာ ဘာအပြောင်းအလဲမှ မရှိရင်တောင် မင်္ဂလာတံခါးတစ်ချပ်က နိမိတ်ဆိုးတံခါးအဖြစ် ချက်ချင်းပြောင်းလဲသွားနိုင်တယ်”
ထိုစကားကို ကြားသောအခါ လူတိုင်း၏ နှလုံးက အေးစက်လာခဲ့လေပြီ။