← Chapters

အခန်း (၂၀၆၅-၂၀၇၀)

Vol. 127 Ch. 2065-2070

အခန်း (၂၀၆၅-၂၀၇၀)

Vol. 127 Ch. 2065-2070

အခန်း ၂၀၆၅ သူ့ကိုယ်သူ ဘယ်သူလို့ထင်တာလဲ

မော့ချီလင်သည် ကုနင်းနှင့် အဆင့်တူသော်လည်း သူသည် အလွန်ငယ်သေးသောကြောင့် အလွန်ထူးချွန်ပြီး သူနှင့်ရွယ်တူများကြားတွင် အလားအလာကောင်းများရှိသည်။

မော့ချီလင်သည် မကြာခဏ လည်ပတ်နေသောကြောင့် သူသည် ကျင့်ကြံရေးအပေါ် အာရုံမစိုက်နိုင်ပေ။ မဟုတ်ပါက သူသည် ပိုမိုမြင့်မားသော အဆင့်တွင် ရှိနေမည်ဖြစ်သည်။

ထျန်းတောက်ကျုံး၏ တပည့်များစွာသည် ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြပြီး အချို့က လင်ရှောင်းထင်နှင့် ပူးပေါင်းရန် ကြိုးစားခဲ့ကြသည်။ လင်ရှောင်းထင်သည် မြင့်မားသောအဆင့်တွင်ရှိနေသောကြောင့် သူနှင့်ပူးပေါင်းနိုင်လျှင် ပြိုင်ပွဲပြီးဆုံးရန် အလားအလာပိုများပါသည်။ သို့သော်လည်း လင်ရှောင်းထင်သည် သူ့ထံ လှမ်းလာကာ သူ့ကို ပူးပေါင်းရန် ဖိတ်ခေါ်ကြသော လူအာလုံးကို ငြင်းဆိုလိုက်သည်။

ငြင်းပယ်ခံရသော တပည့်အချို့သည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် စတင် အငြင်းပွားလာကြသည်။

"စိတ်ရှုပ်စရာပဲ! အဆင့်မြင့်မှာရှိနေတယ်ဆိုတိုင်း သူ့ကိုယ်သူ တခြား ကျင့်ကြံသူတွေထက် တော်တယ်လို့များ ထင်နေလားမသိ။ သူ့ထက် အဆင့်မြင့်တဲ့ ကျင့်ကြံသူတွေ အများကြီးရှိတယ်”

"ဟုတ်တယ် သူကိုယ်သူ ဘယ်သူလို့ထင်‌နေတာလဲပဲ။ သူ့ဆရာ‌ေကြာင့်သာ မဟုတ်ရင် ဘယ်သူမှ သူ့ကို သတိထားမိမှာ‌ေတာင် မဟုတ်ဘူး”

“…”

“ဘာပဲဖြစ်ဖြစ် သူက တကယ့်ကို မြင့်တဲ့အဆင့်မှာ ရှိတာ‌လေ။ စိတ်တိုနေရင်တောင် မင်းက သူနဲ့ မယှဉ်နိုင်ဘူး။ ဘယ်သူနဲ့ တွဲရမယ်ဆိုတာက သူ့အခွင့်အရေးပဲ။ သူ့နောက်ကွယ်မှာ မကောင်းပြောနေတာ ရပ်လိုက်ပါ။ အဆင်မပြေဘူး”

လင်ရှောင်းထင်သည် အပြစ်မရှိဟု အချို့သော ကျင့်ကြံသူများက ယူဆသောကြောင့် သူ့ကို ကာကွယ်ကြသည်။

ကံကောင်းစွာဖြင့် သူတို့သည် ဆင်ခြင်တုံတရားမဲ့သူများမဟုတ်သောကြောင့် လင်ရှောင်းထင် ကို ဝေဖန်ခြင်းကို ရပ်လိုက်ကြသည်။ နောက်တစ်ခုက လင်ရှောင်းထင် က ဘယ်သူနဲ့ တွဲရမလဲဆိုတာကို ရွေးချယ်ပိုင်ခွင့်ရှိပြီး အဲဒီအတွက် သူ့ကို အပြစ်တင်၍ မရပါ။

…

ထိုအချိန်တွင် နဉ်ရှုသည် ရှန်းကွမ်းယန်နှင့် ကျင်းကျီနဉ်ကို ခန်းမဆောင်သို့ ခေါ်ဆောင်လာသည်။ မိသားစုလေးခု၏ ဘိုးဘေးများသည် ယခုမှရောက်ရှိလာပြီး အတွင်း၌ အနားယူနေကြပါသည်။

ပိုင်လီမိသားစု၏ ဘိုးဘေးမှာ ပိုင်လီချီဖုန်း ဖြစ်ပြီး သုန်းဖန်းမိသားစု၏ ဘိုးဘေးမှာ သုန်းဖန်းဟယ်၊ ယင်မိသားစု၏ ဘိုးဘေးမှာ ယင်ဝမ်တျန့် ဖြစ်ပြီး ကျင်းမိသားစု၏ ဘိုးဘေးမှာ ကျင်းယောင်ရုန် ဖြစ်သည်။

ဘိုးဘေးလေးပါးစလုံး ယွမ်ယင်အဆင့်တွင် ရှိနေကြသည်။ ပိုင်လီချီဖုန်းက အထွတ်အထိပ်မှာရှိနေပြီး ကျန်သုံးယောက်ကတော့ အလယ်တန်းအဆင့်မှာ ရှိနေပါသည်။

အဓိက မိသားစုလေးခုတွင် ပိုင်လီမိသားစု တွင် ယွမ်ယင်အဆင့်တွင် 3 ယောက်နှင့် ရွှေအမြုတေအဆင့်တွင် 3 ယောက်အပါအဝင် စီနီယာကျင့်ကြံသူ အများဆုံးရှိသောကြောင့် ၎င်းတွင် အမြင့်ဆုံး‌နေရာကို ရယူနိုင်ခဲ့သည်။ နောက်တစ်ခုကတော့ သုန်းဖန်းမိသားစုဖြစ်ပြီး အဲ့ဒီနောက် ယင်မိသားစုနဲ့ ကျင်းမိသားစုတို့ ဖြစ်သည်။

ကျင်းမိသားစုတွင် စီနီယာကျင့်ကြံသူ အနည်းစုသာ ရှိသောကြောင့် ၎င်း၏ အရေးပါမှု ဆုံးရှုံးသွားခဲ့သည်။ အကယ်၍ ကျင်းယောင်ရုန် သည် ၎င်းတို့တွင် လင်းဟွမ်အဆင့်တွင်ရှိပြီးသား မိသားစုဝင်တစ်ဦးရှိပြီး ၎င်းမှာ သူကိုယ်တိုင်သတ်ခဲ့သော သူ့သမီးဖြစ်ကြောင်း သိလိုက်ရပါက သူသည် ရောထွေးနေသော ခံစားချက်များ ရှိမည်မှာ သေချာပါသည်။

သူ့သမီး၏သားသည်လည်း ယခုအခါ ဉာဏ်ကြီးရှင်အဖြစ် ကြီးပြင်းလာခဲ့သည်။ လပိုင်းအတွင်း သူသည် ရွှေအမြု‌ေတအဆင့်ရှိ စီနီယာကျင့်ကြံသူ ဖြစ်လာခဲ့သည်။

ကျင်းယောင်ရုန် သည် သူမ အပြည့်အဝသေသွားကြောင်း သေချာအောင် မပြုလုပ်မိပဲ ကျည်ဆန်ကို ရှောင်တိမ်းနိုင်ပြီး သန်မာသောရန်သူဖြစ်လာစေသည့်အတွက် နောင်တရနေမည်လား။ ဒါမှမဟုတ် သူမကိုသတ်လိုက်ပြီး ဒီလိုမျိုးကြီးကျယ်တဲ့ ကျင့်ကြံသူကို ဆုံးရှုံးလိုက်ရလို့ နောင်တရမှာလား။ ဒါမှမဟုတ် သူ့အမှားကို ဝန်ခံပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်မှာလား။ ကျင်းယွင်ယောင်သည် မစ္စကျင်းအဖြစ် ကျင်းမိသားစုနှင့် ထပ်မံပူးပေါင်းနုိင်ပြီး လင်ရှောင်းထင်ကို သူ၏မြေးအဖြစ် လက်ခံနိုင်လိမ့်မည်ကို မျှော်လင့်မည်လား။

တကယ်တော့ အဲဒီနှစ်ရဲ့ ကြောက်စရာကောင်းတဲ့ မတော်တဆမှုသာ မဖြစ်ခဲ့ရင် ကျင်းယွင်ယောင်ဟာ အခုအချိန်မှာ လင်းဟွမ်အဆင့်ရှိ စီနီယာကျင့်ကြံသူ ဖြစ်လာမှာ မဟုတ်ပါ။

ကျင်းယောင်ရုန် ပြုလုပ်တဲ့ သူမရဲ့ နက်နဲတဲ့ အမာရွတ်ကြောင့် ဒီနေ့အထိ သန်မာလာခဲ့ရင်တောင် ကျင်းယောင်ရုန်က သူမနဲ့ လင်ယွင်ဟန်ကိုသတ်ပြီး သူတို့ရဲ့သားကို မိဘမဲ့ဖြစ်စေခဲ့တဲ့အချက်ကို ဖုံးကွယ်လို့မရပေ။ သူမတွင် ရွေးချယ်ခွင့်ရှိပါက သူမ၏ ကျင့်ကြံရေးကို စွန့်လွှတ်ကာ လင်ယွင်ဟန်နှင့်အတူ သာမာန်လူအဖြစ် နေထိုင်သွားမည်ဖြစ်သည်။ သူမ၏ ကျင့်ကြံရေးအဆင့်သည် လင်ယွင်ဟန် ကို ပြန်လည်အသက်မရှင်နိုင်တော့ပေ။ ထိုအရာက သူမအား ထာဝရအထီးကျန်နေ‌ေစပေတော့မည်။

ကံကောင်းထောက်မစွာဖြင့် သူမတွင် သားတစ်ယောက်ရှိသေးသည် မဟုတ်ပါက သူမ၏ သေဆုံးသွားသောချစ်ခြင်းမေတ္တာကို မည်သို့မှတ်မိနိုင်ပြီး ကျန်ဘဝတစ်လျှောက်လုံး မည်သို့နေထိုင်ရမည်ကို သူမမသိပါ။

ထို့ကြောင့် ကျင်းယောင်ရုန် သည် ကျင်းယွင်ယောင် အသက်ရှင်နေသေးကြောင်း သိရှိပြီး လင်းဟွမ်အဆင့်ရှိ စီနီယာကျင့်ကြံသူဖြစ်လာ‌ေကြာင်း သိရှိသွားလျှင်သည် ကျင်းယွင်ယောင်သည် သူ့ကိုမုန်းခြင်းကို ရပ်တန့်မည်မဟုတ်ပေ။

ကျင့်ကြံရေးလောကသည် သန်မာသူများကို အမြဲလေးစားသောကြောင့် ရှန်းကွမ်းယန်ကိုတွေ့သောအခါ ရှန်းကွမ်းယန် ထက်ကြီး‌ေသာ လူကြီးနှစ်ဦးမှလွဲ၍ ကျန်သူ အားလုံးက သူ့ကိုလေးလေးစားစားဆက်ဆံကြသည်။

သူတို့သည် ရှန်းကွမ်းယန်ကို အထူးလေးစားရန် မလိုအပ်ပေ။ သူတို့သည် အလွန်ယဉ်ကျေးကြခြင်းဖြစ်သည်။ တကယ်လည်း ရှန်းကွမ်းယန်က သူတို့ထက် ပိုသန်မာတယ်လေ။

ကျင်းယောင်ရုန်သည် ရှန်းကွမ်းယန်၏နောက်ကျောတွင် ကျင်းကျီနဉ်ကိုမြင်သောအခါတွင် သူသည် ဂုဏ်ယူမှုအချို့ကိုပြသခဲ့သော်လည်း ပိုင်လီချီဖုန်း ၊ သုန်းဖန်းဟယ်နှင့် ယင်ဝမ်တျန့်တို့၏အမူအရာက‌ေတာ့ ပြောင်းသွားသည်။

ပိုင်လီချီဖုန်းသည် ခံစားချက်များစွာမရှိဘဲ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း သုန်းဖန်းဟယ်နှင့် ယင်ဝမ်တျန့်တို့သည် ထင်ရှားသော မနာလိုမှုများကို ပြသခဲ့သည်။ ရှန်းကွမ်းယန်နှင့် ကောင်းမွန်သောဆက်ဆံရေးအတွက် ကျင်းကျီနဉ်ကို မနာလိုဖြစ်ခဲ့ကြသည်။ ရှန်းကွမ်းယန်၏ အဆင့်အတန်းကြောင့် အနာဂတ်တွင် ကျင်းမိသားစုနှင့် မည်သူမျှ ရှုပ်ရဲတော့မည်မဟုတ်ပေ။

ကျင်းကျီနဉ်နှင့်တွေ့ဆုံပြီးနောက် ရှန်းကွမ်းယန် သည် ကျင်းမိသားစု၏ အထောက်အပံ့ဖြစ်လာသည်ဟု သူတို့ယုံကြည်ကြသည်။ ကျင်းမိသားစုက ပြဿနာတစ်ခုခုကြုံလာရင် ရှန်းကွမ်းယန်က သေချာပေါက် ကူညီလိမ့်မည်။

သို့သော်လည်း ကျင်းကျီနဉ်သည် ကျင်းမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိသည်ကို သူတို့မသိပေ။ ကျင်းကျီနဉ် ကိုယ်တိုင် ဒုက္ခရောက်ခဲ့ရင် ရှန်းကွမ်းယန်က သူ့ကို ကူညီမှာပါ၊ ဒါပေမယ့် ကျင်းယွင်ယောင်နဲ့ လင်ရှောင်းထင်က သူ့ကို အဲလိုလုပ်ဖို့ တောင်းဆိုတာသာ မဟုတ်ဘူးဆိုရင် ကျင်းမိသားစုကို ကူညီပေးမှာ မဟုတ်ပါ။

ကျင်းကျီနဉ်နှင့် လင်ရှောင်းထင်တို့သည် ကျင်းမိသားစုကို ကူညီရန် ဆန္ဒမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူတို့သည် ကျင်းမိသားစုကို ပြန်လည်ပေးဆပ်ခိုင်းမည်။ အထူးသဖြင့် ကျင်းယောင်ရုန်၏မိသားစုကိုလို့ အတိအကျပြောရမည်။

သူတို့သည် ကျင်းယောင်ရုန်၏မိသားစုကို အပြစ်ပေးပြီးနောက် ကျင်းကျီနဉ်ကို အမွေဆက်ခံခိုင်းရန် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်သည်။

ကျင်းမိသားစုမှ အခြားအဖွဲ့ဝင်များသည် ကျင်းယောင်ရုန် မိသားစုနှင့် မနီးစပ်သောကြောင့် ကျင်းယွင်ယောင်၏ ပစ်မှတ်မဟုတ်ပေ။

ကျင်းယောင်ရုန် သည် ယခုအချိန်တွင် ထိုအကြောင်းကို မသိသေးသောကြောင့် ကျင်းယွင်ယောင်၏ သေဆုံးခြင်းကြောင့် ကျင်းကျီနဉ်က သူ့ကို မုန်းနေတာတောင်မှပဲ ကျင်းကျီနဉ်နှင့် ရှန်းကွမ်းယန် ဆက်ဆံ‌ေရးကြောင့် ကျင်းမိသားစုသည် အခွင့်ကောင်းရနိုင်သည်ဟု သူယုံကြည်နေဆဲဖြစ်သည်။ ထို့ကြောင့် သူ အလွန်ပျော်နေသေးသည်။

ပိုင်လီချီဖုန်းသည် သုန်းဖန်းဟယ်နှင့် ယင်ဝမ်တျန့်တို့ကဲ့သို့ ထင်ရှားသော ငြူစူမှုကို မပြတာက ကောင်းစွာ ဖုံးကွယ်ထားနိုင်သောကြောင့် မဟုတ်ဘဲ ကျင်းမိသားစုကို သူတို့သကဲ့သို့ မနာလိုမဖြစ်သောကြောင့် ဖြစ်သည်။ သူသည် သူတို့ကို အနည်းငယ် မနာလိုသော်လည်း ဟန်ချက်မပျက်ဘဲ သူတို့ကို စတင်မုန်းတီးခဲ့သည်။ ရှန်းကွမ်းယန် နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိစေရန်အတွက် ၎င်းတို့၏ အရည်အချင်းတစ်ခုဖြစ်သည်ဟု သူထင်သည်။

ပိုင်လီမိသားစုသည် အဓိကမိသားစုလေးခုတွင် နာမည်အကြီးဆုံးဖြစ်သည်။ ညစ်ပတ်သည့်လှည့်ကွက်တွေကို သိပ်စိတ်မဝင်စား‌ေပ။ သေမျိုးလောကက တန်မိသားစုနှင့်တူသည်။ ၎င်း၏ မိသားစုဝင်များကလည်း စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့ကြသည်။

သူတို့မှာ ရိုးဖြောင့်တဲ့ စိတ်ထားရှိပြီး သာမန်အားဖြင့် တခြားသူတွေကို မစော်ကားတတ်ကြပါ။ သူတို့သည် အလွန် ကျိုးကြောင်းဆီလျော်သော်လည်း တစ်စုံတစ်ယောက်က ၎င်းတို့ကို နှောက်ယှက်လာရဲပါက သူတို့သည် ပျော့ညံ့မည်မဟုတ်ပေ။ ထို့ကြောင့် ကုနင်းသည် သူမထံမှ တစ်စုံတစ်ခုကို လိုချင်သော်လည်း ၎င်းတို့ကို ထိခိုက်စေရန် မည်သည့်အခါမျှ မလုပ်ရသည့် အကြောင်းရင်းဖြစ်သည်။

ထို့အတွက်ကြောင့် ကုနင်းသည်လည်း ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်တို့နှင့် သူငယ်ချင်းဖြစ်ခဲ့သည်။

သုန်းဖန်းမိသားစုသည် ယင်မိသားစုနှင့် ကျင်းမိသားစုထက် နာမည်ကောင်းရှိသည်။ ၎င်းတို့သည် ၎င်းတို့၏ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် လှည့်ကွက်အချို့ကို ကစားကြသော်လည်း ၎င်းတို့တွင် အခြေခံစံနှုန်းများရှိပြီး အပြစ်မဲ့သူများကို ထိခိုက်စေလိုခြင်းမရှိပါ။ ထို့ကြောင့် ပိုင်လီမိသားစုသည် ပိုင်လီကျုံးယန်နှင့် သုန်းဖန်းကျီယွီနှင့် အတူရှိနေသည်ကိုမြင်ရ၍ ၀မ်းမြောက်ရပါသည်။

ယင်မိသားစုနှင့် ကျင်းမိသားစုတို့သည် ကန့်သတ်ချုပ်ချယ်မှုမခံရပါက ၎င်းတို့၏ပန်းတိုင်များအောင်မြင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်မည့်သူများဖြစ်ပေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၆၆ မင်းက ချစ်စရာကောင်းတယ်

"ဟိုင်း လူကြီးမင်းရှန်းကွမ်း "ယွင်ဟုန်ချင်နှင့် စစ်ရှောင်းယန်က ရှန်းကွမ်းယန်ကို ထိုနည်းဖြင့် နှုတ်ဆက်သည်။

"တွေ့ရတာဝမ်းသာပါတယ် စီနီယာရှန်းကွမ်း" ပိုင်လင်ထျန်းနဲ့ တခြားသူတွေက သူ့ကို နှုတ်ဆက်သည်။

သူတို့သည် နဂိုက ထိုနေရာတွင် ထိုင်နေသော်လည်း ရှန်းကွမ်းယန် အထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် အားလုံး မတ်တပ်ရပ်လိုက်ကြသည်။ မဟုတ်ပါက မလေးစားရာ‌ေရာက်လိမ့်မည်။

ပိုင်လင်ထျန်းက ပိုင်လီချီဖုန်းနဲ့ တခြားသူတွေကို ရှန်းကွမ်းယန်နဲ့ မိတ်ဆက်ပေးခဲ့ပြီး ပြိုင်ပွဲမစခင် အချင်းချင်း ပေါ့ပေါ့ပါးပါး စကားစမြည်ပြောကြသည်။

…

မကြာခင် မော့ချီလင် ရင်ပြင်ကိုရောက်လာပြီး ကုနင်းနဲ့ လင်ရှောင်းထင်ကို နေရာအနှံ့ ရှာဖွေခဲ့သည်။ လူများလွန်းသောကြောင့် ၎င်းတို့ကို ရှာတွေ့ရန်မှာ မလွယ်ကူဘဲ အခြားသူများကိုသာ သဲလွန်စများတောင်းနိုင်သည်။

"ဂျူနီယာမော့၊ ဘာလို့ သူတို့ကို ရှာချင်တာလဲ။" တပည့်တစ်ယောက်က မော့ချီလင်ကို စပ်စုမေးသည်။

"သူတို့နဲ့ပူးပေါင်းဖို့လေ! ငါသူတို့ကို အခုရှာဖို့လိုတယ်” လို့ မော့ချီလင်က လွတ်လွတ်လပ်လပ်ပြောခဲ့သည်။

"ဘာ? မင်းသူတို့နဲ့ ပူးပေါင်းချင်လို့လား။ လက်လျော့လိုက်တာ ပိုကောင်းမယ်ထင်တယ်။ တပည့်အများကြီး ကြိုးစားခဲ့‌ေပမယ့် အားလုံးကို ငြင်းပယ်ခဲ့ကြတယ်။ သူတို့က သူတို့ထက် အဆင့်‌နိမ့်တဲ့သူေတွကို အထင်သေးတာ‌ေနမှာ‌ေပါ့။ အခုသွားတွေ့ရင် မင်း ငြင်းခံရလိမ့်မယ်” ဟု တပည့်ဖြစ်သူက ပြောသည်။ မော့ချီလင်သည် ငယ်ရွယ်ပြီး အလားအလာကောင်းများ ရှိသော်လည်း သူ၏ လက်ရှိအဆင့်မှာ တကယ်ကို သာမန်ဖြစ်သည်။

“ဟုတ်တယ် ရှက်စရာ‌ေကာင်းလိမ့်မယ်” ဟု အခြားတပည့်တစ်ဦးက ပြောသည်။ သူသည် မော့ချီလင်ကို မထီမဲ့မြင်ပြုတာ မဟုတ်ဘဲ အခြားတပည့်များ ကြုံတွေ့ခဲ့ရပြီးနောက် ကြင်နာမှုဖြင့် သတိထားရန် သတိ‌ေပးခြင်းဖြစ်သည်။

“ငါက မတူဘူး။ စီနီယာချင်းဟယ်က သူတို့နဲ့ပူးပေါင်းဖို့ တောင်းဆိုတာ” ဟု မော့ချီလင်က ဂုဏ်ယူစွာပြောသည်။ သူ့ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားဖို့ ငယ်ရွယ်လွန်းလှသည်။

"ဘာ?" အဲဒါကိုကြားတော့ သူ့ပတ်ဝန်းကျင်က တပည့်တော်တော်များများ အံ့သြသွားသည်။

"သူတို့က မင်းကို အဖွဲ့ဝင်ခိုင်းတယ်လို့ ပြောတာလား။ မင်း လိမ်‌နေတာ‌နေမှာပဲ!"

“ဟုတ်တယ် သူတို့က မင်းကို ကမ်းလှမ်းဖို့ မဖြစ်နိုင်ဘူး။ မင်းရဲ့အဆင့်က သာမာန်ပဲ"

“…”

သူတို့၏မေးခွန်းများကို ရင်ဆိုင်ရင်း မော့ချီလင်က ဒေါသတကြီး ငြင်းခုံလိုက်သည်။ "ငါက မင်းကို ဘာလို့လိမ်ရမှာလဲ ငါ့ကိုယ်ငါ အရှက်ခွဲမှာ မဟုတ်ဘူး"

ငြင်းပယ်ခံရရင် ရှက်စရာကောင်းပေမယ့် လိမ်လည်ရင် ပိုရှက်စရာကောင်းလှသည်။

မော့ချီလင် သည် သူတို့နှင့် ငြင်းခုံရန် စိတ်မဝင်စားသဖြင့် လင်ရှောင်းထင် နှင့် ကုနင်းကိုရှာရန် ထွက်လာခဲ့သည်။

သူတို့စကားပြောနေချိန်တွင် ကျင်းယွင်ယန်သည် မဝေးသောနေရာတွင်ရပ်နေသောကြောင့် အရာအားလုံးကိုကြားလိုက်ရသည်။ မော့ချီလင်က လိမ်နေတယ်လို့ သူမထင်ပေ။ သူဒီလိုလုပ်ရင် တကယ်ရှက်စရာကောင်းနေတာကြောင့်ပါ။ ထို့ကြောင့် မော့ချီလင် လိမ်နေတာ မဖြစ်နိုင်ပေ။

အတိအကျပြောရသော် ကျင်းယွင်ယန်သည် လင်ရှောင်းထင်အပေါ် ပိုဒေါသထွက်လာသည်။ လင်ရှောင်းထင်သည် မြင့်မားသောအဆင့်ရှိသော သူနှင့် ပူးပေါင်းရန် ငြင်းဆိုသော်လည်း သူ့မျက်လုံးများတွင် အတော်လေး ရှုပ်ယှက်ခတ်နေသော ပုံမှန် ကျင့်ကြံသူနဲ့ ပူးပေါင်းသွားသည်။

ပုံမှန် ကျင့်ကြံသူနဲ့ ပေါင်းရင် သူတို့ ဝန်ထုပ်ဝန်ပိုး မခံစားရဘူးလား။ သူတို့သည် ဝန်ထုပ်ဝန်ပိုးကို အချိန်မရွေး ဖယ်ရှားနိုင်သော်လည်း သန်မာသော ကျင့်ကြံသူနှင့် ပူးပေါင်းခြင်းသည် ပိုမိုကောင်းမွန်သော ရွေးချယ်မှု မဟုတ်ဘူးလား။

အမှန်မှာ သူတို့သည် ပုံမှန် သို့မဟုတ် သန်မာသော ကျင့်ကြံသူများနှင့် ပေါင်းသည်ဖြစ်စေ အားသာချက်များနှင့် အားနည်းချက်များ ရှိသည်။ အကြောင်းမှာ ၎င်းတို့၏ အသင်းဖော်များသည် ပြိုင်ဘက်များဖြစ်ကြသောကြောင့် ဖြစ်သည်။

၎င်းကို ပြိုင်ပွဲတွင် ခွင့်ပြုထားသောကြောင့် သန်မာသော ကျင့်ကြံသူသည် ၎င်းတို့၏ အသင်းဖော်ဖြစ်မည်ဆိုလျှင် ကောင်းသောကိစ္စမဟုတ်ပေ။ ဒီအရာက ပြိုင်ပွဲပြီးဆုံးပြီးနောက် အကောင်းဆုံးအားသာချက်များကို ဖမ်းဆုပ်ရန်စီစဉ်ထားသော ကျင်းယွင်ယန်၏စိတ်ကူး အတိအကျပင်ဖြစ်ပါသည်။

များမကြာမီပင် မော့ချီလင်သည် ကုနင်းနှင့် လင်ရှောင်းထင်၏ နောက်ကျောကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် သူတို့ဆီသို့ ပြေးသွားခဲ့သည်။

"ဟိုင်း စီနီယာချင်းဟယ်၊ စီနီယာချင်းဖုန်း" မော့ချီလင်က သူတို့ကို စိတ်လှုပ်ရှားစွာ ခေါ်လိုက်သည်။

"ဟိုင်း!" ကုနင်းက သူ့ကို ပြုံးပြသည်။ တခြားသူ‌ေတွအ‌ေပါ်‌ေလာက် မအေးစက်‌ပေ။

"အမ် စီနီယာချင်းဟယ်၊ ငါ မင်းကို တစ်ခု‌ေလာက်မေးလို့ရမလား" မော့ချီလင် တုံ့ဆိုင်းသွားသည်။

“ရပါတယ်” ဟု ကုနင်းက ပြောသည်။ တကယ်တော့ မော့ချီလင်က ဘာမေးချင်တာလဲဆိုတာ သူမ သိထားပြီးသားပါ။

"မင်းရဲ့အဖွဲ့ထဲဝင်ဖို့ ကျွန်တော့်ကိုဘာလို့ဖိတ်တာလဲ။ အားလုံးနဲ့စာရင် ကျွန်တော့်အဆင့်က သာမာန်ပါပဲ။ စီနီယာတွေအကုန်လုံးက ကျွန်တော်လိမ်နေတယ်ထင်လို့ ရယ်နေကြတယ်” ဟု မော့ချီလင်က စိတ်ဝင်တစား မေးသည်။ တစ်ချိန်တည်းမှာပင် သူသည် အခြားသူများ၏မေးခွန်းများကို ရင်ဆိုင်ရသောအခါတွင် ၎င်းကို များစွာမစဉ်းစားနိုင်သောကြောင့် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။

"မင်းက ချစ်ဖို့ကောင်းတယ်လို့ ငါထင်တယ်လေ! နောက်ပြီး ငါ့အဆင့်လည်း မမြင့်ပါဘူး” ဟု ကုနင်းက ဆိုသည်။

"တကယ်လား? ငါက ချစ်စရာကောင်းလို့လား?" မော့ချီလင်သည် ဖြူစင်ပါသည်။ သို့သော်လည်း ၎င်းကို ဆွဲဆောင်မှုမရှိဟု ခံစားရဆဲဖြစ်သည်။

"မင်း ငါတို့နဲ့ မပူးပေါင်းချင်ဘူးလား"

"ပေါင်းချင်တာပေါ့ ကျွန်တော်ပေါင်းချင်တယ်!" ကုနင်း သူ့ကို နားလည်မှုလွဲမှာဆိုး၍ မော့ချီလင်က ချက်ချင်းပြောလိုက်သည်။

"ဒါဆို မင်းဘာလို့ အကြောင်းပြချက်ကို အရမ်းဂရုစိုက်တာလဲ။ ငါတို့ မင်းကို ဒုက္ခမပေးပါဘူး”

"မင်းပြောတာမှန်တယ်။ ကျေးဇူးတင်ပါတယ် စီနီယာ ချင်းဟယ်၊ စီနီယာ ချင်းဖုန်း" မော့ချီလင်သည် ကုနင်းက သူနှင့်ပူးပေါင်းလိုသည့် အကြောင်းရင်းအမှန်နှင့်ပတ်သက်၍ စိတ်အနှောင့်အယှက်ဖြစ်ခြင်းကို ရပ်တန့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူက အရမ်းကျေးဇူးတင်မိသည်။

ထိုအချိန်တွင် လင်ရှောင်းထင်သည် ပထမဆုံးအကြိမ် ပါးစပ်ကို ဖွင့်လိုက်သည်။ “မင်းကို ငါတို့နဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်တာဆို‌ေပမယ့် မင်း ငါတို့ကို တစ်ချိန်လုံး အားကိုးလို့ မရဘူး။ မင်းအကောင်းဆုံးလုပ်ရမယ်။ မင်းပြိုင်ပွဲကို တကယ်ထိန်းချုပ်မှု ဆုံးရှုံးသွားတဲ့အခါမှသာ ငါတို့က မင်းကို ကူညီမှာနော်"

“ကျွန်‌ေတာ်သိပါတယ်” မော့ချီလင်က လေးနက်စွာပြောသည်။

သူသည် ၎င်းတို့နှင့်ပူးပေါင်းသော်လည်း ၎င်းတို့ကို အားကိုးရန် ရည်ရွယ်ချက်မရှိပေ။ သူသည် ပျင်းရိပြီး သူ၏တိုးတက်မှုကို နှေးကွေးသွားစေမည်ဖြစ်သည်။

မော့ချီလင် လိမ်ညာနေတယ်လို့ စိတ်ကူးရှိတဲ့ တပည့်တွေက ကုနင်းနဲ့ လင်ရှောင်းထင်တို့နဲ့စကားပြောနေတာကို ကောင်းကောင်းကြီး မြင်ပြီးနောက် စိတ်ပြောင်းသွားသည်။ သူတို့ဘာပြောနေသည်ကို မကြားနိုင်သော်လည်း ကုနင်းနှင့် လင်ရှောင်းထင်သည် မော့ချီလင်ကို ကွဲပြားစွာ ဆက်ဆံခဲ့သည်။

ထို့ကြောင့် သူတို့နှင့် ပေါင်းစည်းခြင်းနှင့်ပတ်သက်၍ မော့ချီလင်၏စကားကို စတင်ယုံကြည်လာကြသည်။ တခဏချင်းမှာပဲ သူတို့အားလုံး မနာလိုဖြစ်သွားသည်။

အကြံအစည်ကို စွန့်လွှတ်ပြီးသား တပည့်အချို့က ထပ်စမ်းကြည့်ချင်တာကြောင့် သူတို့နဲ့ ပူးပေါင်းဖို့အတွက် လင်ရှောင်းထင်ရဲ့ ခွင့်ပြုချက်ကို တောင်းဖို့ သွားခဲ့သည်။ ကံမကောင်းစွာပဲ သူတို့ နောက်တစ်ကြိမ် ပယ်ချခံခဲ့ရသည်။

ထို့အတွက်ကြောင့် မော့ချီလင်သည် သူမတူကွဲပြားပြီး ဂုဏ်ယူဝင့်ကြွားနေမည်ဟု ယုံကြည်ခဲ့သည်။

သုန်းဖန်းကျီယွီသည် သူမရောက်သည်နှင့်တပြိုင်နက် အခြားကျင့်ကြံသူများကို စတင်လေ့လာခဲ့သည်။ သူမသည် မြင့်မားသောအဆင့်တွင်ရှိ‌ေသာ ကျင့်ကြံသူ အများအပြားကိုတွေ့ရှိရပြီး အချို့မှာ သူမနှင့် တူညီသောအဆင့်တွင်ပင် ရှိနေသည်။ ထို့ကြောင့် သူမသည် ယုံကြည်မှုအချို့ ပျောက်ဆုံးသွားခဲ့သည်။

သုံးနှစ်အကြာတွင် အထက်တန်းအဆင့်ရှိ ကျင့်ကြံသူအများအပြားသည် ပြိုင်ပွဲတွင် ပါဝင်လာကြသည်။ လွန်ခဲ့သည့် သုံးနှစ်က သူမအောက် အဆင့်သတ်မှတ်ထားသူများသည် ကြီးကျယ်သောတိုးတက်မှုကို ရရှိခဲ့ပုံရသည်။၊ အထူးသဖြင့် ရွှေအမြုတေအဆင့်တွင်ရှိနေပြီဖြစ်သော ကျင်းယွင်ယန် ဖြစ်သည်။

သူမသည် ခက်ခက်ခဲခဲ ကျင့်ကြံခဲ့သဖြင့် အခြားသူများလည်း ထိုနည်းလည်းကောင်းပင်။ သူမလည်း တိုးတက်လာသည်။ အခြားသူများလည်း ထိုနည်းလည်းကောင်းပင်။ သူမသည် ယခုနှစ်တွင် ဆုရရန် အလားအလာပိုများသည်ဟု သူမထင်ခဲ့ဖူးသော်လည်း မှားနေပုံရသည်။ သူမသည် အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေခဲ့သည့် လွန်ခဲ့သည့် သုံးနှစ်ကထက် ပြိုင်ဖက်များက ပိုမိုအားကောင်းလာခဲ့သည်။

ပိုခက်လာရင်တောင် သုန်းဖန်းကျီယွီက လက်လျှော့ဖို့ တွန့်ဆုတ်နေသည်။ အဲဒီအစား သတ္တိရှိဖို့ ကိုယ့်ကိုယ်ကိုယ် အားပေးသည်။ သူမအရှုံးမပေးနိုင်ပါ။

သုန်းဖန်းကျီယွီက တခြားသူတွေကို စောင့်ကြည့်နေတဲ့အချိန်မှာ တခြားသူတွေကလည်း ဒီလိုပဲ လုပ်နေကြသည်။ အမှန်တော့ သူတို့အားလုံးက တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ပြီး အနိုင်ယူဖို့ ကြံစည်နေကြပါသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၆၇ အခြားလုပ်စရာ မရှိဘူးလေ

သုန်းဖန်းကျီယွီ၏အဆင့်အရ သူမသည် အခြားသော ကျင့်ကြံသူများနှင့်လည်း ပြိုင်ဆိုင်နိုင်သူဖြစ်သည်။

ထိုအချိန်တွင် သူမနှင့် အသက်ရွယ်တူ အမျိုးသမီးငယ်တစ်ဦးသည် အပြုံးဖြင့် လျှောက်လာခဲ့သည်။ သူမက သုန်းဖန်းကျီယွီ ကို ကြင်နာစွာ နှုတ်ဆက်သည်။ "ဟိုင်း ကျီယွီ၊ မတွေ့ရတာကြာပြီနော်။ မင်း တိုးတက်မှုအကြီးကြီး လုပ်လိုက်ပြီပဲ”

သူမသည် ယင်မိသားစု၏ အမွေဆက်ခံသူ ယင်ရူယန် ဖြစ်သည်။ သို့သော် ယင်မိသားစုသည် ယင်ရူယန်၏ဖခင်မိသားစုမဟုတ်ပေ။ သူ့အဖေက ယင်မိသားစုမှာ အိမ်ထောင်ကျတဲ့အတွက် သူမ၏မျိုးရိုးနာမည်က သူမအမေရဲ့နာမည်ကနေ ယူထားခြင်းဖြစ်သည်။

ယင်ရူယန် ၏ဖခင်သည် ယင်မိသားစုတွင် အိမ်ထောင်ကျသောကြောင့် ယင်မိသားစုဝင်များသည် အစပိုင်းတွင် သူ့ကို လေးစားမှုမရှိကြဘဲ မကြာခဏ လှောင်ပြောင်ကြသည်။ ဇနီးသည်ကသာ သူ့ကို ချစ်ခင်လေးစားသောကြောင့် အရှက်ကွဲခြင်းကို သည်းခံခဲ့သည်။ ကံကောင်းစွာနဲ့ပဲ သူတို့မှာ အရည်အချင်းရှိတဲ့ သမီးလေးတစ်ယောက်ရှိခဲ့ပြီး သူမဟာ ယင်မိသားစုရဲ့ အထူးချွန်ဆုံးကလေးအဖြစ် ကြီးပြင်းလာတာကြောင့် ယင်မိသားစုက သူ့ကို အထင်အမြင်သေးမဝံ့ရဲတော့‌ေပ။ အဲဒီအစား သူတို့အားလုံး သူ့အပေါ် ကောင်းမွန်စွာ ဆက်ဆံလာကြသည်။

ယင်ရူယန် သည် အရည်အချင်းရှိသော်လည်း သုန်းဖန်းကျီယွီ က သူမထက် သာလွန်သည်။ ယခု သူမသည် ရှင်းထျောင့်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသည်။ သို့သော် သုန်းဖန်းကျီယွီသည် သူမထက် အနည်းငယ်သာလွန်သောကြောင့် သုန်းဖန်းကျီယွီသည် ကျင့်ကြံရေးလောကတွင် သူမကို လွှမ်းမိုးခဲ့သည်။

ယင်ရူယန်သည် ချီးကျူးမှုများစွာရရှိခဲ့သော်လည်း သုန်းဖန်းကျီယွီ လောက်မဟုတ်ပါ။

ဒါ့အပြင် လူတွေက သူ့ကို ချီးကျူးတယ်ဆိုရင်တောင် သုန်းဖန်းကျီယွီရဲ့နာမည်ကို အမြဲကြားနေရသေးသည်။ တစ်နည်းဆိုရသော် အခြားသူများကလည်း သူမတွင် အရည်အချင်းရှိသူဟု ဆိုသောအခါ သုန်းဖန်းကျီယွီကို ပို‌ေတာ်သည်ဟု အမြဲပြောကြသည်။

ထို့ကြောင့် ယင်ရူယန်သည် သုန်းဖန်းကျီယွီကို ငယ်စဉ်ကတည်းက မနာလိုဖြစ်ခဲ့သည်။ ပိုင်လီကျုံးယန် အပါအဝင် အရာအားလုံးကို သုန်းဖန်းကျီယွီနှင့် ယှဉ်ပြိုင်ခဲ့သည်။

တကယ်တော့ သူမဟာ ပိုင်လီကျုံးယန်ကို အရမ်းသ‌ေဘာကျပေမယ့် ပိုင်လီကျုံးယန် ကတော့ သူမကို ဘယ်တုန်းကမှ အဖတ်မလုပ်ဖူးပေ။ သူနဲ့စကားပြောဖို့သွားရင်တောင် အမြဲတမ်း မတွေ့ချင်ယောင်ဆောင်နေ‌ေလ့ရှိသည်။ သို့သော် သူသည် သုန်းဖန်းကျီယွီကို မတူကွဲပြားစွာ ဆက်ဆံခဲ့သည်။

ပိုင်လီကျုံးယန်သည် သုန်းဖန်းကျီယွီအပေါ် အလွန်‌ေကာင်းမွန်စွာဆက်ဆံသည်။ တွေ့ဆုံတိုင်း သူ့ဘက်က စတင်ကာ သူမနှင့် စကားပြောလေ့ရှိပြီး လူတိုင်းက ၎င်းတို့သည် ကျင့်ကြံရေးလောကတွင် ပြီးပြည့်စုံသော လိုက်ဖက်သည့်စုံတွဲဟု လူတိုင်းက ပြောကြသည်။

မည်သို့ပင်ဆိုစေ၊ သုန်းဖန်းကျီယွီက သူ့ကို လုံးဝမကြိုက်ပေ။ ဒါဆို သူဘာလို့ သူမရဲ့ အာရုံစိုက်မှုကို ရဖို့ကြိုးစားနေသေးတာလဲ။

ပိုင်လီကျုံးယန်နှင့် သုန်းဖန်းကျီယွီတို့ကြားတွင် အချိတ်အဆက်လုံး၀မရှိဟု ယင်ရူယန် ရှင်းရှင်းလင်းလင်းသိထားပြီး ၎င်းတို့၏ ကျင့်ကြံရေးအဆင့်နှင့် မိသားစုနောက်ခံ‌ေကြာင့်သာ အချင်းချင်း လိုက်ဖက်ကြရုံဖြစ်သည်။

သူတို့ ကြိုက်တဲ့ တခြားသူကို ရှာမတွေ့သေးတဲ့အတွက် ကောလာဟလကို တုံ့ပြန်ဖို့ သူတို့ နှစ်ယောက်လုံး စိတ်မ၀င်စားကြပေ။ သူတို့ဟာ အနာဂတ် တစ်နေ့‌ေန့မှာ တစ်ယောက်နဲ့တစ်ယောက် တကယ် အတူတူရှိလာနိုင်ပါသည်။

နောက်ဆုံးတော့ သူတို့မိသားစုတွေ လိုလားတောင့်တတဲ့ မျှော်လင့်ချက်ကလည်း အဲ့တာပါပဲ။ သူတို့မိသားစုတွေက သူတို့ကို အရမ်း မတိုက်တွန်းဘဲ အချိန်ပေးသည်။

ယင်ရူယန်က သူမကိုယ်သူမ ပိုဆိုးတဲ့ ရွေးချယ်မှုလို့ မထင်ထားပေ။ ပိုင်လီကျုံးယန်က သူမကို အခွင့်အရေးပေးဖို့ ဘာကြောင့် ငြင်းရတာလဲ။ ယင်ရူယန်က လက်မခံချင်ပါ။

ယင်ရူယန်က သုန်းဖန်းကျီယွီကို မနာလိုဖြစ်နေရင်တောင် အပေါ်ယံမှာတော့ သူမဟာ သဘောကောင်းဟန်ဆောင်သည်။

သုန်းဖန်းကျီယွီသည် ယင်ရူယန်ကဲ့သို့ အယောင်ဆောင်သော အမျိုးသမီးများကို မုန်းတီးသောကြောင့် သူမသည် ယင်ရူယန်ကို တစ်ခါမျှ ပြုံး‌ေတာင်မပြုံးပြဖူးပေ။ ထို့ကြောင့် လူအများက သူမကို နောက်ကွယ်မှာ ပြစ်တင်ဝေဖန်ခဲ့ကြသည်။

သုန်းဖန်းကျီယွီဟာ စိတ်တိုခဲ့မိသော်လည်းမကြာမီပင် ကျော်ဖြတ်နိုင်ခဲ့သည်။ ယခု သူမသည် အခြားသူများ၏ အမြင်ကို ဂရုမစိုက်တော့ပေ။

“မစ္စယင်၊ မင်းလည်း အရှိန်အဟုန်နဲ့ တိုးတက်နေပြီပဲ” သုန်းဖန်းကျီယွီက ပြောလိုက်သည်။

ယင်ရူယန်က သူမကို ကျီယွီလို့ ခေါ်ပေမယ့် သူမဟာ ယင်ရူယန်ကို မရင်းနှီးကြောင်း သက်သေပြတဲ့အနေနဲ့ ယင်ရူယန်ကို မစ္စယင်ဟု ခေါ်လိုက်ခြင်းဖြစ်သည်။

"အင်း ငါက ကျီယွီလောက် အမြဲတမ်းမ‌ေတာ်ပါဘူး" ယင်ရူယန်က ပြောသည်။ သူမသည် အလွန်တည်ငြိမ်နေပုံရသော်လည်း မနာလိုစိတ်ကြောင့် ရူးမတတ်ပင်။ သူမ ဘယ်လောက်ပဲ ကြိုးစားကြိုးစား သုန်းဖန်းကျီယွီ ကို ဘယ်တော့မှ ကျော်နိုင်မည်မဟုတ်ပေ။

သုန်းဖန်းကျီယွီက ဒီအကြောင်းကို ဘာမှထပ်မပြောပေမယ့် ယင်ရူယန်က သူတို့စကားဝိုင်းကို အခုချက်ချင်းအဆုံးသတ်ဖို့ ဆန္ဒမရှိတာကြောင့် သူမက "အိုး မင်းနဲ့ ကျုံးယန်အကြောင်း ကောလာဟလတွေကို ငါကြားနေတာကြာပြီ။ မင်္ဂလာပွဲရော ဘယ်အချိန်‌ တွေ့ရမှာလဲ”

သုန်းဖန်းကျီယွီနဲ့ ပိုင်လီကျုံးယန် တကယ်လက်ထပ်မှာလား သူမတကယ်သိချင်ခဲ့သည်။

အဲဒါကိုကြားတော့ သုန်းဖန်းကျီယွီက မျက်မှောင်ကြုတ်ပြီး ယင်ရူယန် ပြောချင်တာကို ချက်ချင်းသဘောပေါက်သွားသည်။ သူမတွင် မကြင်နာသော အကြံအစည်တစ်ခုရှိကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် “မစ္စယင် မေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ ဒါပေမယ့် စိတ်ရှည်ရှည်ထားပါ။ နောင်တချိန်ချိန် မင်္ဂလာပွဲလုပ်ဖြစ်ခဲ့ရင် မင်းကို ဖိတ်မှာ‌ေပါ့”

သုန်းဖန်းကျီယွီသည် ယင်ရူယန်က ပိုင်လီကျုံးယန်ကို အလွန်နှစ်သက်ကြောင်း သိထားပြီး သူမနဲ့ ပိုင်လီကျုံးယန်နှင့် အဆုံးသတ်နိုင်မည်လားဆိုတာကို သူမ တကယ်မသိပေ။ နောက်ဆုံးတော့ သူမဟာ ဆုံးဖြတ်ချက်ချသူတော့ မဟုတ်ပါ။ ထို့ကြောင့် သူမသည် ယင်ရူယန် ကို ခဏတာ နာကျင်အောင် လုပ်ရန်အတွက် သူမနှင့် ပိုင်လီကျုံးယန် တို့ အလွန်နီးစပ်နေကြောင်း ဝန်ခံရန် ဆုံးဖြတ်ခဲ့သည်။

အံ့ဩစရာမရှိဘဲ ယင်ရူယန်သည် ချက်ချင်းပင် စိတ်ဆိုးသွားပုံရသည်။ သုန်းဖန်းကျီယွီက မငြင်းတဲ့အတွက် သူတို့ တကယ်လက်ထပ်မှာလား။

မကြာမီတွင် ယင်ရူယန်သည် သုန်းဖန်းကျီယွီ ရှေ့တွင် သူမ၏ အမူအကျင့်ကို ပျက်ပြားစေရန်နှင့် ကိုယ့်ကိုယ်ကိုယ် ရယ်စရာဖြစ်အောင်လုပ်ရန် ဆန္ဒမရှိသောကြောင့် ကိုယ်ဟန်ဖွဲ့လိုက်သည်။

သို့သော်လည်း သုန်းဖန်းကျီယွီသည် အရာအားလုံးကို မျက်မြင်တွေ့‌နေရပြီး သူမ၏စိတ်ထဲတွင် ယင်ရူယန်ကို အနည်းငယ်လှောင်ပြောင်နေသော်လည်း သူမဟာ ယင်ရူယန် ကဲ့သို့လူများကို ဂရုမစိုက်သောကြောင့် လှောင်ရန်စိတ်မ၀င်စားခဲ့ပေ။ ယင်ရူယန်သည် သူမ၏အမြင်မှာ ပြသနာရှာရတာကြိုက်တဲ့ မထီမဲ့မြင်ပြုတတ်သော လူဆိုးတစ်ယောက်လိုပင်။

သူမသည် ယင်ရူယန်ကို ဘယ်တုန်းကမှ မစော်ကားခဲ့ဖူးသော်လည်း ယင်ရူယန်သည် သူမကို မနာလိုသောကြောင့် သူမကို ခက်ခဲ‌ေအာင်လုပ်တာကို မရပ်တန့်ခဲ့ပေ။ အဆုံးတွင် ယင်ရူယန်သည်သာ အမြဲတမ်း အနှောင့်အယှက်များနှင့် ပြည့်နှက်နေသောကြောင့် အရာအားလုံးက အဓိပ္ပါယ်မရှိပေ။

ယင်ရူယန်က သုန်းဖန်းကျီယွီကို ဒုက္ခပေးတဲ့အခါတိုင်း စိတ်တိုရတဲ့သူက သူမသာဆိုပေမယ့် အဲ့လိုမလုပ်အောင်လည်း သူမကိုယ်သူမ မတားနိုင်ပါ။ မနာလိုစိတ်ကြောင့် ဖြစ်တာပင်။ မည်သို့ပင်ဆိုစေကာမူ သူမသည် ယခုအချိန်တွင် ဆက်‌ေန၍မရနိုင်တော့ပေ။

“ဒါဆိုရင် မင်းရဲ့သတင်းကောင်းကို ငါစောင့်နေမယ်” ယင်ရူယန်က ရိုးသားမှုမရှိသော အတင်းအကြပ် အပြုံးဖြင့် ပြောလိုက်သည်။ “ပြိုင်ပွဲကစတော့မယ်။ ပြီးမှတွေ့မယ်”

ထို့နောက် ယင်ရူယန် ချက်ချင်းထွက်သွားသည်။

"အင်း ယင်ရူယန်က သူ့ကိုယ်သူ ရယ်စရာဖြစ်အောင်လုပ်ရတာ အရမ်းကြိုက်တာပဲ!"

ယင်ရူယန် မရှိတော့တာနဲ့ ဝူရွှမ်းဟွာက သုန်းဖန်းကျီယွီ အနားကနေ သူ့ကို လှောင်ပြောင်သည်။

ဝူရွှမ်းဟွာသည် အလွန်မြင့်မားသောအဆင့်မဟုတ်သော်လည်း ယခု ရှင်းထျောင့်အဆင့်၏အခြေခံအဆင့်တွင်ရှိနေပြီဖြစ်သောကြောင့် ပြိုင်ပွဲတွင်ပါဝင်ခဲ့ခြင်းဖြစ်သည်။ ဒီတစ်ခေါက် သူ ဒီကို လာတာ ဆုရဖို့ မဟုတ်ဘဲ သုန်းဖန်းကျီယွီကို ကူညီ ပြီး အတွေ့အကြုံတွေရဖို့ပါ။

"သူ့မှာ တခြားလုပ်စရာမရှိဘူးလေ!" သုန်းဖန်းကျီယွီက ပြောသည်။ ယင်ရူယန်၏ အပြုအမူသည် စိတ်အနှောက်အယှက်ဖြစ်စေကြောင်း သူမသဘောတူသည်။ ယင်ရူယန် သည် သူမထက် အဆင့်မြင့်ပါက သူမ နားလည်နိုင်သော်လည်း ယင်ရူယန်၏ အပြုအမူသည် သိသိသာသာ အဆင်မပြေဖြစ်‌‌ေစသည်။

ယင်ရူယန် ထွက်သွားပြီးနောက် ပိုင်လီကျုံးယန်နဲ့ သူ့ညီမလေးကို တွေ့၍ သူတို့ဆီ လျှောက်သွားလိုက်သည်။

သုန်းဖန်းကျီယွီဆီမှာ သူမဟာ ကိုယ့်ကိုကိုယ် အရှက်ရ‌စေခဲ့ပေမယ့် ပိုင်လီကျုံးယန်ဆီကို မချဉ်းကပ်ပဲ မနေနိုင်ပါ။ ဒါအပြင် တစ်ခုခုကို သေချာ‌ေအာင် အတည်ပြုချင်နေခဲ့သည်။

"ဟိုင်း ကျုံးယန် ၊ ကျုံးရွှယ်!" ယင်ရူယန်က ပိုင်လီကျုံးယန်နှင့် ပိုင်လီကျုံးရွှယ်ကို ကျယ်ပြောသောအပြုံးဖြင့် နှုတ်ဆက်သည်။

"ဟိုင်း မစ္စယင်" ပိုင်လီကျုံးယန်သည် ယင်ရူယန်နှင့် ယဉ်ကျေးစွာ ခပ်ခွာခွာနေခဲ့သည်။

"ဟိုင်း ရူယန်" ပိုင်လီကျုံးရွှယ်ကပြောပေမယ့် သူမလည်း အရမ်းစိတ်အားထက်သန်မှုမပြခဲ့ပါ။ သူမသည် ယဉ်ကျေးသိမ်မွေ့စွာဖြင့် ခပ်ခွာခွာ နေခဲ့သည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၆၈ အရှက်ရသွားသော ယင်ရူယန်

ပိုင်လီကျုံးယန် နဲ့ သိပ်မရင်းနှီးသေးကြောင်း သူမကို မစ္စယင်လို့ ခေါ်တာ သာမာန်ဖြစ်‌ေကြာင်း ယင်ရူယန် နားလည်ထားပေမယ့် သူမနဲ့ တမင်တကာ ခပ်‌ခွာခွာမှာနေချိန်မှာတော့ ဝမ်းနည်းနေပါသေးသည်။ သို့သော် အပေါ်ယံတွင် သူမသည် အဆင်ပြေသလိုနေခဲ့သည်။

"အို ကျွန်မ ကျီယွီနဲ့တွေ့ပြီး ခဏလောက်စကားပြောခဲ့‌ေသးတယ်။ ရှင်တို့နှစ်ယောက် မကြာခင် လက်ထပ်တော့မယ်လို့ ပြောတယ် ကျွန်မရှင့်ကို ကြိုပြီး ဂုဏ်ပြုပါတယ်" ဟု ယင်ရူယန် က ပြောသည်။ သူမသည် ပိုင်လီကျုံးယန်၏နှုတ်မှအဖြေကိုကြားလိုသောကြောင့် သုန်းဖန်းကျီယွီ၏စကားကိုလွဲမှားစွာ‌ေပြာပြခဲ့သည်။

အဲဒါကိုကြားတော့ ပိုင်လီကျုံးရွှယ်က သူ့အစ်ကိုကြီးကို အံ့သြတကြီးနဲ့ လှည့်ကြည့်လိုက်သည်။ ထိုအကြောင်းကို သူမ မကြားခဲ့ဖူးပါ။ သို့သော် သူမသည် ကျောင်းတွင် တချိန်လုံး နေခဲ့ရပြီး မနေ့ကအထိ ပြန်မလာသောကြောင့် သတင်းမကြားရသည်မှာ မထူးဆန်းပေ။

ပိုင်လီကျုံးယန်က အရမ်းငြိမ်သက်နေပုံရပြီး "မစ္စယင် မင်္ဂလာနေ့ရက်ရောက်လာရင် မင်းငါ့ကို ဂုဏ်ပြုပေးလို့ရပါတယ်" ဟု ပြောသည်။

ပိုင်လီကျုံးယန်သည် ယင်ရူယန်၏အ‌ေကြာင်းကို ကောင်းစွာသိသောကြောင့် သူမ၏ တကယ့်ရည်ရွယ်ချက်ကို အလွယ်တကူ ရှာဖွေတွေ့ရှိခဲ့သည်။ သုန်းဖန်းကျီယွီက ယင်ရူယန်ကို အဲ့လိုပြောမယ်လို့ သူမထင်‌ေပ။ သုန်းဖန်းကျီယွီက ယင်ရူယန်ကို မရေရာတဲ့ အဖြေပေးခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်သလို သူလည်း အလားတူပါပဲ။

နောင်တနေ့မှာ သုန်းဖန်းကျီယွီကို တကယ်လက်ထပ်နိုင်မှာလားဆိုတာ မသေချာတဲ့အတွက်ကြောင့် သူ့အပေါ်မမူတည်‌ေပ။ လောလောဆယ်တော့ ငြင်းလို့မရပါ။

ပိုင်လီကျုံးယန်၏အဖြေကိုကြားပြီးနောက် ယင်ရူယန် စိတ်ထဲမှာ ဝမ်းနည်းလာသော်လည်း သူမသည် အတင်းပြုံးလိုက်သည်။ “ဟုတ်ပါပြီ!”

သူမရဲ့ စိတ်ဆိုးတဲ့အမူအရာကို မြင်သွားမှာဆိုး၍ ပိုင်လီကျုံးယန်ရဲ့ မျက်လုံးတွေကို ထပ်မကြည့်ရဲတော့ပါ။ မနှောင့်နှေးဘဲ သူမ ထွက်သွားခဲ့သည်။

"ကျုံးယန် ဘာဖြစ်သွားတာလဲ။ ကျီယွီနဲ့ အစ်ကို့ရဲ့မင်္ဂလာကိစ္စက အဆင်ပြေသွားပြီလား" ယင်ရူယန် မရှိတော့တာနဲ့ ပိုင်လီကျုံးရွှယ်က ပိုင်လီကျုံးယန်ကို စူးစမ်းမေးမြန်းသည်။

“ငါ့ကို မေးခွန်းတွေမေးမနေနဲ့။ ပြိုင်ပွဲ စတော့မယ်။ ငါတို့ အခုသွားသင့်ပြီ!” ပိုင်လီကျုံးယန်သည် ပိုင်လီကျုံးရွှယ်နှင့် ထိုအကြောင်းကို မပြောလိုပါ။

"ကောင်းပြီ ကောင်းပြီ!" ပိုင်လီကျုံးယန်သည် သူမနှင့် ထိုအကြောင်းကို မပြောရန် ငြင်းဆိုသောကြောင့် သူ့ကို ဆက်မေးနေသော်လည်း အသုံး၀င်မည်မဟုတ်ပေ။ ထို့ကြောင့် ပိုင်လီကျုံးရွှယ်သည် သူမ၏ပါးစပ်ကိုပိတ်ပြီး စမှတ်သို့ လျှောက်သွားခဲ့သည်။

နံနက် ၉ နာရီမှ ဆယ်မိနစ်ခန့်တွင် ပါဝင်သူအားလုံးသည် စမှတ်သို့ ဦးတည်သွားကြသည်။

လင်ရှောင်းထင်နှင့် အခြားသူများ ရောက်ရှိလာပြီးနောက် ပိုင်လီကျုံးရွှယ်သည် ကုနင်းအနီးတွင် အမှတ်တမဲ့ ရပ်မိနေသဖြင့် ပိုင်လီကျုံးရွှယ်က သူတို့ကို မြင်ပြီး ခဏ စိုက်ကြည့်လိုက်သည်။ သို့သော်လည်း ပိုင်လီကျုံးရွှယ်သည် ကုနင်းကို သတိမပြုမိဘဲ ၎င်းတို့သည် ရှန်းကွမ်းယန်၏ တပည့်များဖြစ်ကြောင်း သူမကြားဖူးရုံသာ ဖြစ်သည်။

ပိုင်လီကျုံးရွှယ် သာမဟုတ် အခြားသူများကလည်း ကုနင်းနှင့် လင်ရှောင်းထင်ကို ကြည့်ကြသည်။ အချို့က ၎င်းတို့သည် ရှန်းကွမ်းယန်၏ တပည့်များဖြစ်ကြောင်း သတိပြုမိကြပြီး အချို့က ၎င်းတို့ကို စောင့်ကြည့်နေကြရုံသာဖြစ်သည်။

လင်ရှောင်းထင်ကို ပုံမှန်မဟုတ်သော ပြင်းထန်သော ပြိုင်ဖက်တစ်ဦးဟု ခံစားလာရပြီး အချို့လူများက သတိရှိရှိနေကြတာ မဟုတ်လျှင် သူ့အပေါ် ရန်ငြိုးဖွဲ့ထားကြသည့် သူများဖြစ်သည်။

သူတို့၏အကြည့်များကို လင်ရှောင်းထင်နှင့် ကုနင်းကတော့ ဂရုမစိုက်ပေ။

ထို့နောက် မိသားစုကြီးလေးခုမှ ခေါင်းဆောင်များသည် ခန်းမရှေ့ရှိ ကုလားထိုင်များပေါ်တွင် ထိုင်ပြီး ရင်ပြင်ရှိ အရာအားလုံးကို ငုံ့ကြည့်နေကြသည်။

သူတို့ ပေါ်လာသည်နှင့် တပြိုင်နက် လင်ရှောင်းထင်နှင့် ကုနင်းက သူတို့ကို စိုက်ကြည့်လိုက်သည်။

တစ်ချက်ကြည့်လိုက်သောအခါ ညာဘက်မျက်လုံးထောင့်မှာရှိတဲ့ မှဲ့က လျစ်လျူရှုလို့မရလောက်အောင်ကို သိသာလွန်းတာကြောင့် ကျင်းယောင်ရုန်ကို မှတ်မိသွားကြသည်။

ကျင်းယောင်ရုန်ကိုမြင်တော့ ကုနင်းနဲ့ လင်ရှောင်းထင် နှစ်ယောက်စလုံး ဒေါသတွေနဲ့ တခဏချင်း ပြည့်သွားကြသည်။ သူတို့သည် သူ့ကိုသတ်ပစ်ချင်နေကြပြီး ကျင်းယောင်ရုန်ကလည်း သူ့နောက်ကျောကနေ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ သူချက်ချင်းလှည့်ကြည့်လိုက်ပေမယ့် မနှစ်မြို့နေတဲ့ အကြည့်နှစ်ခုက ပျောက်သွားပြီမို့ အမှားအယွင်းတစ်ခုမှကို ရှာမတွေ့ခဲ့ပါ။

ဘာဖြစ်တာလဲ? ၎င်းသည် အထင်မှားခြင်းမဟုတ်ကြောင်း သူသေချာနေပြီး ပါဝင်သူများ၏အကြည့်များထဲမှဖြစ်သည်။ တစ်ယောက်ယောက်က သူ့ကိုသတ်ချင်တယ်လို့ ခံစားရသည်။

တကယ်တော့ တစ်စုံတစ်ယောက်က သူ့ကိုသတ်ချင်နေတာ မထူးဆန်းပါ။ သူ့မှာ ရန်သူတွေ အများကြီးရှိပေမယ့် အဲ့လူနှစ်ယောက်က ဘယ်သူတွေလဲ။

ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကျင်းယောင်ရုန်ကိုမြင်သောအခါ စိတ်ခံစားမှုပြောင်းလဲသွားသော်လည်း မကြာမီမှာပင် တည်ငြိမ်သွားသောကြောင့် ကျင်းယောင်ရုန်က သူတို့ကို မတွေ့လိုက်ပေ။

ရှန်းကွမ်းယန်သည် လူအုပ်ထဲတွင် ကုနင်းနှင့် လင်ရှောင်းထင်ကို တစ်ချက်ကြည့်လိုက်သည်။ ဖော်ထုတ်ခံရမည်ကို သူစိုးရိမ်ခဲ့သော်လည်း ယခုအခါ ၎င်းတို့အဆင်ပြေကြောင်းတွေ့မြင်ရပြီးနောက် သက်သာရာရသွားခဲ့သည်။

တခြားမိသားစုခေါင်းဆောင်များသည် ကုနင်းနှင့် လင်ရှောင်းထင်၏ပစ်မှတ်မဟုတ်သောကြောင့် သူတို့သည် ၎င်းတို့ဘာလုပ်နေသည်ကို သတိမပြုမိကြပေ။

သူတို့၏ အမူအရာမပျက်‌စေရန်အတွက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ကျင်းယောင်ရုန် ကို နောက်တစ်ကြိမ် ထပ်မကြည့်ဘဲ ရှောင်ခဲ့ကြသည်။

သိပ်မကြာခင်မှာပဲ မနက် ၉ နာရီမှာ ပိုင်လင်ထျန်းက မိန့်ခွန်းပြောခဲ့သည်။

"အားလုံးပဲမင်္ဂလာနံနက်ခင်းပါ။ ဒီ‌ေန့က ကျွန်‌ေတာ်တို့ရဲ့ ကျင့်ကြံရေးလောကမှာ သုံးနှစ်တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ကွန်ဖူးပြိုင်ပွဲကို ကျင်းပမယ့်နေ့ပဲဖြစ်ပါတယ်။ ပုံမှန်အတိုင်း ကျွန်တော်တို့က ထိပ်တန်းကျင့်ကြံသူ ၁၀ ဦးကို တူညီတဲ့ဆု‌တွေ ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ပထမဆုက စိတ်ဝိဉာဉ်စုဆောင်းတဲ့ မှော်ဆေးလုံး၊ ဒုတိယဆုက မှော်စွမ်းအင်စုစည်းခြင်းဆေးလုံး၊ တတိယဆုကတော့ စိတ်ဝိဉာဉ်ကို အားဖြည့်ပေးတဲ့ မှော်ဆေးလုံးဖြစ်ပြီး ကျန်ခုနစ်ဆုကတော့ ပြန်လည်ထူထောင်နိုင်သော မှော်ဆေးလုံးတွေဖြစ်ပါတယ်”

“ကစားပွဲရဲ့ စည်းမျဉ်းတွေကလည်း အတူတူပါပဲ။ ပထမပိုင်းမှာ နံပါတ်ကတ်‌တွေအတွက် ယှဉ်ပြိုင်ရမယ့် အုပ်စုလိုက်ဂိမ်းဖြစ်ပါတယ်။ သင်တန်းသားဘယ်လောက်ပဲရှိရှိ ဒုတိယအပိုင်းမှာ လူခြောက်ဆယ်ပဲကျန်ရှိပါမယ်။ ဒါကြောင့် ဒုတိယအပိုင်းသို့ ဝင်ချင်ရင် နံပါတ်ကတ်ကို ကိုင်ဆောင်ထားရပါမယ်။ လုပ်ငန်းစဉ်အတွင်း ချင်ကုန်းကို သုံးခွင့်မပြုပါဘူး။ လမ်းလျှောက်ပြီးဖြစ်စေ ပြေးပြီးဖြစ်‌စေ ကြိုက်သလိုလုပ်လို့ရပါတယ်။ ကစားပွဲမှာ ဒဏ်ရာမရဖို့ဆိုတာ ရှောင်လွှဲလို့ မရနိုင်ပေမယ့် မင်းတို့ သိမ်သိမ်မွေ့မွေ့ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အခြားပါဝင်သူများကို အပြင်းအထန် မတိုက်ခိုက်ရပါဘူး။ စည်းမျဥ်းစည်းကမ်းကို ဖောက်ဖျက်ရင် အပြစ်ပေးခံရပါမယ်”

ပြိုင်ပွဲတစ်ခုသာဖြစ်တာကြောင့် အသက်ကို စွန့်စားစရာမလိုပါ။ ထို့အပြင် ၎င်းတို့သည် ပါဝင်သူအရေအတွက်ကို မရေတွက်ခဲ့‌ပေ။ ပထမပိုင်းသာနိုင်လျှင် ဒုတိယပိုင်းကို ၀င်ရောက်နိုင်ပြီဖြစ်သောကြောင့် ဖြစ်သည်။ နံပါတ်ကတ်တွေကို ဖမ်းပြီးရင် တကယ့်ပြိုင်ပွဲအတွက် စာရင်းသွင်းကြမည်။

ယခုအချိန်တွင် ပါဝင်သူတစ်ရာကျော်ရှိပြီး သုံးပုံတစ်ပုံမှာ ထျန်းတောက်ကျုံး၏တပည့်များဖြစ်သည်။

“ဒုတိယအပိုင်းအတွက် စည်းကမ်းချက်တွေကို ခဏအကြာ ထုတ်ပြန်ပေးပါမယ်။ ယခု ကျေးဇူးပြု၍ ပြင်ဆင်ထား‌တော့ပါ။ ကြေးစည်သံကြားတာနဲ့ လှုပ်ရှားလို့ရပါပြီ” ဟု ပိုင်လင်ထျန်းက ပြောပြီး သူ့ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။

မိနစ်ဝက်လောက်ကြာတော့ “ဒေါင်” ခနဲမြည်လာသည်။ ထို့နောက်‌တွင် ကုနင်းနှင့် လင်ရှောင်းထင် အပါအဝင် ပါဝင်သူအားလုံးသည် အ‌ေပါ်သို့ ပြေးကြသည်။

စင်ပေါ်မှာတော့ အုပ်စုလိုက် ရန်ပွဲဖြစ်နေသည်။

ဤအပိုင်းတွင် လူအုပ်ထဲမှ ထွက်နိုင်ရန် အရည်အချင်းနှင့် ကံကိုသာ အားကိုးရမည်။

အုပ်စုဖွဲ့ရန်ပွဲဖြစ်သောကြောင့် မလိုအပ်သူများကိုသာ ချေမှုန်းရန် လိုအပ်သည်။ ကံကောင်းတဲ့သူ ရှင်သန်နိုင်မည်ဖြစ်ပေသည်။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၆၉ တာဝန်သိစိတ် ပြင်းထန်သည်

အဆုံးအထိ ဘာအတိုက်အခိုက်မှမခံရဘဲ အရင်ဆုံး နံပါတ်ကတ်တစ်ခု ရခဲ့မယ်ဆိုရင် ဘုတ်ပေါ်မှာ နံပါတ်ကတ်တွေ ကျန်နေသရွေ့ တခြားသူတွေက လူယူမှာ မဟုတ်ပါ။ နံပါတ်ကတ်များအားလုံးကို ဖြုတ်ယူပြီးမှသာ ပါဝင်သူများသည် အချင်းချင်း လုယူကြမည်ဖြစ်သည်။

ထိုအချိန်တွင် နံပါတ်ကတ်မရှိသူများထက် နံပါတ်ကတ်ကိုင်ထားသူ ပိုများလာမည်ဖြစ်သောကြောင့် သူတို့သည် နံပါတ်ကတ်ကို အဆုံးအထိ ကိုင်ထားနိုင်မှသာ ကံကောင်း‌ေပမည်။

ထို့အပြင် ပြိုင်ပွဲ၏ပထမပိုင်းပြီးသွားသောအခါတွင် နံပါတ်ကတ်များစွာကျန်ခဲ့ပါက နံပါတ်တစ်ကတ်ကို တိုက်ရိုက်ကောက်ယူနိုင်သည်။ ၎င်းမှာ အလွန်လွယ်ကူသော်လည်း ဖြစ်ခဲပါသည်။

ပထမပိုင်းပါဝင်သူများ၏ ရည်ရွယ်ချက်မှာ ရန်ဖြစ်မည့်အစား နံပါတ်ကတ်တစ်ခုရရန်ဖြစ်ပြီး ပုံမှန်အားဖြင့် တစ်စုံတစ်ဦးမှ မတားမခြင်း အခြားသူများကို တိုက်ခိုက်မည်မဟုတ်ပါ။ သူတို့သည် အခြားသူများ၏ နံပါတ်ကတ်များကို ခိုးယူရန် ကြိုးစားသောအခါ နောက်ဆုံးတွင် အချင်းချင်း တိုက်ခိုက်လေ့ရှိသည်။

တကယ်တော့ ပထမအပိုင်းရဲ့ စည်းမျဉ်းတွေက နည်းနည်းကလေးဆန်ပုံပေါက်ပေမယ့် ဂိမ်းရဲ့ဒုတိယအပိုင်းကိုဝင်ဖို့ လူအချို့ကို ရွေးချယ်ဖို့ လိုအပ်ပေသည်။

ပါဝင်သူများသည် ၎င်းတို့၏ အစွမ်းအစများကို ပြသရန် အခွင့်အရေးမရှိသောကြောင့် အများအားဖြင့် ထိုသို့ပြုလုပ်ခြင်းသည် တရားမျှတမှု မရှိပေ။

ပထမအပိုင်းတွင် ကံကြမ္မာသည် ၎င်းတို့၏စွမ်းဆောင်ရည်ကို အတိုင်းအတာတစ်ခုအထိ သက်ဆိုင်သော်လည်း ပါဝင်သူအများစုသည် အဆင့်နိမ့်သူများကို အရင်ဆုံးအနိုင်ယူရန် ရွေးချယ်ကြသောကြောင့် အများစုမှာ လူစုလူဝေးထဲမှာ ရှင်သန်စေရန် ၎င်းတို့၏ အရည်အချင်းများအပေါ်တွင် အားကိုးကြရဆဲဖြစ်သည်။ မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူများကို သွားနှောက်ယှက်ရန် ဆန္ဒမရှိကြပေ။ ထို့ကြောင့် မထူးချွန်မထက်မြက်သော အရည်အချင်းမရှိသော ကျင့်ကြံသူများသည် ၄င်းတို့၏ ပထမဆုံးပစ်မှတ် ဖြစ်လာမည်ဖြစ်သည်။

အံ့သြစရာမရှိဘဲ အဆင့်နိမ့်သော ကျင့်ကြံသူအချို့သည် မကြာမီ စင်မြင့်ပေါ်မှ ရိုက်ချခံရသည်။

အစပိုင်းတွင် လူအနည်းငယ်ကသာ အခြားပါဝင်သူများကို ချက်ချင်းတိုက်ခိုက်ရန် ရွေးချယ်ခဲ့သော်လည်း စင်မြင့်ပေါ်၌ လူများလွန်းသောကြောင့် တိုက်ပွဲများသည် ရှောင်လွှဲ၍မရပေ။

ပါဝင်သူအများစုသည် မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူများကို တိုက်ခိုက်ရန် ဆန္ဒမရှိကြသောကြောင့် လင်ရှောင်းထင်၊ သုန်းဖန်းကျီယွီ နှင့် ကျင်းယွင်ယန်တို့ကို တိုက်ခိုက်သည်က ရှားပါသည်။ သူတို့သည် ပြင်းထန်လွန်းသဖြင့် တိုက်ခိုက်ရန် မသင့်ပါ။ ထို့ကြောင့် ၎င်းတို့သည် ချောမွေ့စွာ အဆုံးတိုင်သွားနိုင်ခဲ့ပြီး ပဋိပက္ခများ တစ်စုံတစ်ရာမရှိခဲ့‌ေပ။ သူတို့ဟာ မြင့်မားတဲ့အဆင့်မှာ ရှိနေတာကြောင့် အခုအချိန်မှာ သူတို့နဲ့ ပဋိပက္ခတွေဖြစ်ရင် မကောင်းပေ။

ရလဒ်အနေဖြင့် ကျင်းယွင်ယန်၊ သုန်းဖန်းကျီယွီ နှင့် ယန်ရူယန်တို့ကဲ့သို့ လူများသည် အလွယ်တကူ အဆုံးသို့ ရောက်ရှိပြီး နံပါတ်ကတ်များကို အောင်မြင်စွာ ရရှိခဲ့သည်။

လင်ရှောင်းထင်သည် အခြားပါဝင်သူများထက်အရင် နံပါတ်ကို လှမ်းယူနိုင်သော်လည်း သူအလျင်စလိုမလုပ်ခဲ့ပေ။ အဲဒီအစား ကုနင်းနဲ့ မော့ချီလင်ကို စောင့်ဖို့ ရွေးချယ်ခဲ့သည်။

ကုနင်းနှင့် မော့ချီလင်တို့သည် ပါဝင်သူများကြားတွင် အလွန်ပျမ်းမျှအဆင့်တွင်ရှိသောကြောင့် ၎င်းတို့သတိမပြုမိပါက ဖယ်ရှားခံရနိုင်သည်။ သူတို့ ကံကောင်းရင် အောင်မြင်နိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် ပါဝင်သူအများစု၏ ပစ်မှတ်ဖြစ်ခဲ့ပြီး လူအများအပြားက ၎င်းတို့ကို တိုက်ခိုက်ရန် သွားခဲ့ကြသည်။

လင်ရှောင်းထင်သည် ကုနင်းနှင့် မော့ချီလင်တို့ တိုက်ခိုက်ခြင်း ခံရသောအခါ ကုနင်းကိုင်တွယ်နိုင်သည်ကို သိသောကြောင့် သူ မကူညီခဲ့ပေ။ ကုနင်းက သူတို့အန္တရာယ်မကြုံသရွေ့ ၀င်မပါဖို့လည်း သူ့ကို ပြောဖူးသည်။ လင်ရှောင်းထင်က သဘောတူလက်ခံကာ ဘေးကနေသာ ကြည့်နေခဲ့သည်။

လင်ရှောင်းထင်က သူတို့ကို ကူညီဖို့ ရည်ရွယ်ချက်မရှိတာကိုမြင်တော့ ကုနင်းနဲ့ မော့ချီလင်တို့ကို တိုက်ခိုက်ဖို့ လူတွေ ပိုများလာခဲ့သည်။ သို့သော် မည်သူမျှ မအောင်မြင်ခဲ့ပါ။

မော့ချီလင်သည် ပြန်လည်တိုက်ခိုက်ရန် အနည်းငယ်ခက်ခဲသော်လည်း ကုနင်းသည် ၎င်းတို့နှင့် အဓိကအားဖြင့် တူညီသောကြောင့် သူမကို တိုက်ခိုက်ရန် မလွယ်ကူပေ။

သူတို့သည် ကုနင်းနှင့် မော့ချီလင်ကို နှစ်ကြိမ်ပြီး သုံးကြိမ် ဆက်လက်တိုက်ခိုက်ခဲ့သည်။

လင်ရှောင်းထင်သည် အဝေးမှရပ်‌နေခဲ့သော်လည်း တခါတရံ မော့ချီလင် အားပြတ်လတ်သောအခါတွင် ကူညီပေးခဲ့သည်။

လင်ရှောင်းထင်က သူတို့ကို ကူညီလိုက်တဲ့အခါ တခြားပါဝင်သူတွေက လင်ရှောင်းထင်က သူတို့ကို ကူညီဖို့ စောင့်ပေးတယ်ဆိုတာ သိလာတဲ့အတွက် သူတို့တဖြည်းဖြည်းနဲ့ ထွက်သွားသည်။

လင်ရှောင်းထင်က သူ့အသင်းဖော်များကို ကူညီ‌နေတဲ့အချိန်မှာ ကျင်းယွင်ယန်နှင့် သုန်းဖန်းကျီယွီ၏ အသင်းဖော်များက ကျင်းယွင်ယန်နှင့် သုန်းဖန်းကျီယွီကို ထောက်ပံ့ရန် တည်ရှိနေရသည်။ ကျင်းယွင်ယန်သည် လင်ရှောင်းထင်ကို သရော်လှောင်ပြောင်ခဲ့ပြီး သူသည် လူမိုက်ဟု ထင်ခဲ့သည်။ နောက်ဆုံးတွင် သူတို့သည် ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက် ဤပြိုင်ပွဲကို ပါဝင်ခြင်းသာဖြစ်‌ပေသည်။

ကျင်းယွင်ယန်သည် တစ်ကိုယ်ကောင်းဆန်ပြီး သွေးအေးသူဖြစ်သည်။

သုန်းဖန်းကျီယွီသည် လင်ရှောင်းထင်ကို လှောင်ရန် စိတ်မ၀င်စား။ အဲဒီအစား သူ့အသင်းဖော်တွေကို ကူညီပေးတဲ့အတွက် သူ့ကို လေးစားသည်။ သို့သော် သူ့ကို လေးစားသော်လည်း သူမတို့မှာ မတူညီသော ရည်ရွယ်ချက်များ ရှိသောကြောင့် သူမကိုယ်သူမသာ ဂရုစိုက်ရလိမ့်မည်။

ထိုမြင်ကွင်းကိုလည်း ပရိသတ်က မြင်ခဲ့ရသည်။ အချို့က လင်ရှောင်းထင်ကို လှောင်ကြပြီး အချို့က သူ့ကို လေးစားကြသည်။ ဘာပဲဖြစ်ဖြစ် လင်ရှောင်းထင်ကို လေးစားတဲ့သူတွေ ပိုများလာတဲ့အတွက် တစ်ကိုယ်ကောင်းဆန်သူတွေ ယှဉ်လိုက်ရင် တစ်ကိုယ်ကောင်းဆန်သူက ပိုနည်းပါသည်။

ခန်းမရှေ့မှာ ပိုင်လင်ထျန်း နဲ့ တခြားလူကြီးတွေ ထိုင်နေသည်။

ယွင်ဟုန်ချင်က "ရှန်းကွမ်း၊ မင်းမှာ တပည့်ကောင်းတစ်ယောက်ရှိတာပဲ။ သူဘာသာသူ နံပါတ်ကတ်ယူဖို့ သွားလို့ရပေမယ့် မသွားဘူး။ သူ့အသင်းဖော်တွေကို စောင့်နေဖို့ ရွေးချယ်ခဲ့တယ်။ သူက တာဝန်သိစိတ် ပြင်းထန်တာပဲ။ ချီလင်က သူတို့နဲ့ ပေါင်းစည်းနိုင်လို့ အရမ်းကံကောင်းတယ်”

တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာတဲ့အတွက် လူကြီးမင်းဟု တစ်ယောက်နဲ့တစ်ယောက် မခေါ်တော့ပေ။

ယွင်ဟုန်ချင်က ထိုစကားကိုပြောပြီးနောက် သုန်းဖန်းကျီယွီ၏ဆရာ စစ်ရှောင်းယန်၊ သုန်းဖန်းကျီယွီ၏အဖိုး သုန်းဖန်းဟယ်၊ ယန်ရူယန်၏အဖိုး ယင်ဝမ်တျန့်၊ ယင်ရူယန်၏ဆရာ ဖူကျီယီ နှင့် ကျင်းယောင်ရုန် အပါအဝင် လူအများက မကျေမနပ်ဖြစ်သွားကြသည်။

သုန်းဖန်းကျီယွီနဲ့ တခြားသူတွေက နံပါတ်ကတ်ကို အရင်ယူသွားပြီး သူတို့ရဲ့ အသင်းဖော်တွေကို တစ်ယောက်တည်း တိုက်ခိုက်ဖို့ ထားခဲ့တဲ့အတွက် သူတို့မှာ တာဝန်ကင်းမဲ့ပုံပေါ်သွားသည်။

၎င်းသည် အုပ်စုလိုက်ဂိမ်းဖြစ်၍ ပါဝင်သူများသည် အသင်းလိုက်ကစားနိုင်သော်လည်း ၎င်းသည် အသင်းလိုက်ဂိမ်းမဟုတ်ပေ။ ယွင်ဟုန်ချင်သည် တာဝန်သိစိတ်အား အဘယ်ကြောင့် အလေးပေးနေရသနည်း။ သူတို့ မကျေမနပ်ဖြစ်ပေမဲ့ အဲဒီအကြောင်းကို ဘာမှ မပြောပါ။

ဖူကျီယီသည် ယန်ရူယန်၏ဆရာဖြစ်သော်လည်း ယင်မိသားစုကဲ့သို့ တစ်ကိုယ်ကောင်းဆန်သူမဟုတ်သောကြောင့် ယွင်ဟုန်ချင် ပြောတာကို အမှန်တကယ်သဘောတူခဲ့သည်။

"ဟုတ်တယ်! ချင်းဟယ် နဲ့ ချင်းဖုန်း နှစ်ယောက်လုံးက တာဝန်သိစိတ် ပြင်းထန်လို့ စိတ်ပူဖို့ မလိုအပ်ဘူး။ မင်းရဲ့တပည့် အဆင်ပြေပါလိမ့်မယ်” ဟု ရှန်းကွမ်းယန်က ဝမ်းသာအားရ ပြောသည်။

“ငါ လုံးဝ စိတ်မပူပါဘူး။ ချီလင်က ချင်းဟယ်နဲ့ ချင်းဖုန်းကို ဆွဲချမိသွားမှာကို ငါဆိုးတာ” ဟု ယွင်ဟုန်ချင်က ဆိုသည်။ ဒါဟာ ၀တ်ကြေတန်းကျေပြောခြင်းမဟုတ်ပဲ ရိုးသားစွာပြောခြင်းပါ။ မော့ချီလင်ကို ရှန်းကွမ်းယန်၏ တပည့်များနှင့် ပူးပေါင်းနိုင်ဖို့ရန် မျှော်လင့်ခဲ့သော်လည်း ယခုမူ မော့ချီလင်သည် ၎င်းတို့ကို အနှောင့်အယှက်ပေးမိမည်ကို စိုးရိမ်လာသည်။ မော့ချီလင်ကို ကာကွယ်ပေးဖို့ သူ မမျှော်လင့်ထားတာကြောင့် အခုချိန်မှာတော့ အနည်းငယ် ရှက်ရွံ့နေသလို ခံစားနေရပါသည်။

ယွင်ဟုန်ချင်သည် တိုတောင်းသောတိုက်ပွဲအတွင်း ချင်းဟယ်မှာ ကျင့်ကြံရေးအဆင့်မမြင့်သော်လည်း သူမ၏ သိုင်းပညာမှာ ထူးချွန်ကြောင်း မြင်နိုင်သည်။ သူမသည် မော့ချီလင်နှင့်တူညီသောအဆင့်တွင်ရှိသော်လည်း မော့ချီလင်ကမောပန်းနေပုံရပြီး စိတ်မအေးလက်မအေးဖြစ်‌ေနရသည်။ တကယ်ကို သူမဟာ ရှန်းကွမ်းယန်ရဲ့ တပည့်ပီသပါ၏။

***

ဖီးနစ်သွေးစက်

အခန်း ၂၀၇၀ နည်းနည်းလေးပါပဲ

“အဆင်ပြေပါတယ်။ သူတို့အနိုင်ရမယ်လို့ ယုံကြည်ပါတယ်” ဟု ရှန်းကွမ်းယန်က အသံအေးအေးဖြင့်ပြောသည်။ ကုနင်းနှင့် လင်ရှောင်းထင်တို့ကို အလွန်ယုံကြည်မှုရှိပုံရသည်။

ရှန်းကွမ်းယန်က ဒီလိုပြောတဲ့အခါ ချင်းဖုန်းက သိသိသာသာ သန်မာတဲ့အတွက် သူကြွားလုံးထုတ်တယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါ။ ချင်းဖုန်းက နံပါတ် 1 မဖြစ်ခဲ့ရင်တောင် ထိပ်တန်း 5 စာရင်းဝင်ဖို့ မခက်လောက်ပေ။

ချင်းဟယ်ကတော့ သူမရဲ့ ကျင့်ကြံရေးအဆင့် မမြင့်ပေမယ့် သူမရဲ့ ထူးချွန်တဲ့ ကိုယ်ခံပညာကိုလည်း သူတို့ မြင်တွေ့နိုင်သည်။ ချင်းဖုန်း၏အကူအညီဖြင့် သူမအတွက် ထိပ်တန်း 10 ယောက်ထဲကို လွယ်လွယ်ကူကူ ဝင်ရောက်နိုင်မည်။

ချင်းဖုန်းနှင့် ချင်းဟယ်တို့က သူ့ကို ကူညီပေးနိုင်ပါက မော့ချီလင်သည် ထိပ်ဆုံး 10 ဦးတွင် ပါဝင်နိုင်သည်။

ထိုအချိန်တွင် ပိုင်လီကျုံးရွှယ်သည် ပေါင်းစည်းခြင်းအဆင့်တွင်ရှိနေသောကြောင့် လူများစွာက သူမကို တိုက်ခိုက်ခဲ့သည်။

ဤနေရာတွင် ရှုံးနိမ့်သူများနှင့် အောင်နိုင်သူများသာ ရှိမည်ဖြစ်ရာ အဆင့်အတန်းကို မည်သူမျှ ဂရုမစိုက်ပေ။ ပိုင်လီကျုံးရွှယ်ကို တိုက်ခိုက်သူများသည် သူမ၏ မိသားစုနောက်ခံကို မကြောက်ကြပေ။

ထို့အပြင် မိသားစုကြီး လေးစုသည် အချင်းချင်း လျှို့ဝှက်စွာ ပြိုင်ဆိုင်နေခဲ့ကြသည်။ အခြားမိသားစုများသည် ပြိုင်ပွဲ၏ဒုတိယအပိုင်းသို့ ဝင်ရောက်ခြင်းကို တားရန်အတွက် အချင်းချင်း ခက်ခဲ‌ေအာင်ပြုလုပ်ခဲ့ကြသည်။

ပိုင်လီကျုံးရွှယ်မှာ အသင်းဖော်တွေရှိပေမယ့် သူတို့လည်း တိုက်ခိုက်ခံရတာကြောင့် သူမကို မကူညီနိုင်ခဲ့ပါ။

ရလဒ်အနေဖြင့် ပိုင်လီကျုံးရွှယ်သည် တတိယသိုင်းစင်မြင့်သို့ ပြေးသွားသောအခါ မြင့်မားသောအဆင့်ရှိ ကျင့်ကြံသူသည် သူမအား မှော်စွမ်းအင်ဖြင့် ရိုက်မှန်သွား‌ေစခဲ့သည်။ ပိုင်လီကျုံးရွှယ်သည် တိကျစွာ ထိမှန်ခဲ့ပြီးနောက် စင်ပေါ်မှ ပြုတ်ကျခဲ့သည်။

သူမရဲ့အသင်းဖော်တွေက သူမကို ချက်ချင်း ကယ်တင်ခဲ့ပေမယ့် အရမ်းနောက်ကျသွားပါပြီ။

အဲဒါကိုမြင်တော့ ထိုင်ခုံမှာ ထိုင်နေတဲ့ ပိုင်လီမိသားစုရဲ့ အဖွဲ့ဝင်တွေအားလုံးက မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့မြင်ချင်တဲ့အရာမဟုတ်ပေမယ့် ငြိမ်သက်နေခဲ့ကြသည်။ သူတို့သည် ပိုင်လီကျုံးရွှယ်အတွက် မြင့်မားသောမျှော်လင့်ချက်မရှိခဲ့ပေ။ သူမကို အတွေ့အကြုံရရှိစေရန်သာ ပြိုင်ပွဲတွင် ပါဝင်ခွင့်ပေးခဲ့သည်။ ကံမကောင်းစွာပဲ သူမသည် တကယ့်ပြိုင်ပွဲတွင် ဒုတိယအပိုင်းသို့ မတက်နိုင်ခဲ့ပါ။

သို့သော် ပိုင်လီကျုံးရွှယ် စင်ပေါ်မှပြုတ်ကျတော့မည်ဟု လူတိုင်းထင်‌နေတဲ့အချိန်မှာ ကုနင်းသည် ရွေ့လျားသွားပြီး ၎င်း၏အစွန်းဘက်သို့ တောက်လျှောက်သွားလိုက်သည်။ နောက်ဆုံးတွင် သူမသည် ပိုင်လီကျုံးရွှယ်၏လက်ကို ဖမ်းလိုက်နိုင်သည်။

ထိုမြင်ကွင်းက လူများစွာကို တုန်လှုပ်စေခဲ့သည်။ မမျှော်လင့်ဘဲ သူမသည် ပိုင်လီကျုံးရွှယ်ကို ကယ်တင်ရန် ပြေးသွားခဲ့သည်။ ပိုင်လီကျုံးရွှယ် ကိုယ်တိုင်ပင် မယုံနိုင်။

ကုနင်းသည် ပိုင်လီကျုံးရွှယ်ကို ကယ်ဆယ်ရန် ပြေးသွားတာကြောင့် အချို့က သူမကို သဘောကျကြပြီး အချို့က စိတ်ဆိုးကြပြီး အချို့က သူမကို လှောင်ပြောင်ကြသည်။

ကုနင်းကို သဘောကျသူတွေဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူ‌ေတွ မဟုတ်ပါ။ သူတို့ဟာ သူတို့ရဲ့ပြိုင်ဘက်တွေကို မကူညီနိုင်ပေမယ့် လုပ်တဲ့သူတွေကို အထင်အမြင်သေးမှာ မဟုတ်‌ပေ။ ဒေါသထွက်နေသောလူများသည် ပိုင်လီကျုံးရွှယ် အရှုံးကိုမြင်ချင်နေကြ ေသာ‌ေကြာင့်ဖြစ်သည်။ လှောင်ပြောင်တဲ့သူတွေကတော့ ပိုင်လီကျုံးရွှယ်ဟာ ကုနင်းရဲ့ အသင်းဖော်မဟုတ်တာကြောင့် သူမရဲ့ လုပ်ရပ်ကို နားလည်ရခက်တယ်လို့ ခံစားခဲ့ကြရသည်။ ဒီဟာက ပြိုင်ပွဲဖြစ်ပြီး မေတ္တာနဲ့ ပြိုင်ရတာ မဟုတ်ပါ။ ကိုယ်ကယ်တင်ခဲ့သောလူသည် ကျေးဇူးမသိတတ်ခြင်းဖြင့် ကိုယ့်ကြင်နာမှုကိုပြန်‌ေပးဆပ်နိုင်သည်။

ပိုင်လီကျုံးရွှယ်က အဲဒီလို လုပ်မည်မဟုတ်ပါ။ သို့သော် ကုနင်းက သူမကို နောက်ဘက်ပြန်ဆွဲခေါ်နေတဲ့အချိန်မှာ တစ်ယောက်ယောက်က သူမကို တိုက်ခိုက်ဖို့ အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။

လူတော်တော်များများက အဲဒီလူကို အရှက်မဲ့တဲ့ အပြုအမူအတွက် ပြစ်တင်ဝေဖန်ကြပေမယ့် စည်းကမ်းမဖောက်ဖျက်တဲ့အတွက် ခွင့်ပြုနိုင်ပေသည်။ သို့သော် ထိုလူတိုက်ခိုက်လုခါနီးတွင် ကုနင်းသည် ပိုင်လီကျုံးရွှယ်ကို ပြန်ဆွဲတင်လိုက်သည်။ မနှောင့်နှေးဘဲ သူမသည် ဖီးနစ်သွေး၏ မှော်စွမ်းအင်ဖြင့် ပေါင်းစပ်အားကောင်းသော မှော်စွမ်းအင်ဖြင့် ထိုလူကို တိုက်ခိုက်လိုက်သည်။ ထို့ကြောင့် လူသည် စင်နှင့် တိုက်မိပြီး ရေကန်ထဲသို့ ပြုတ်ကျခဲ့သည်။

ထိုမြင်ကွင်းကြောင့် လူအများ အံ့အားသင့်ခဲ့ကြသည်။ သူတို့၏ အံ့အားသင့်စရာမှာ ပေါင်းစည်းခြင်းအဆင့်မှ ကျင့်ကြံသူသည် ထိုကဲ့သို့သော အစွမ်းထက်သော မှော်စွမ်းအင်ကို ထုတ်လွှတ်နိုင်ပြီး ရှင်းထျောင့်အဆင့်၏ မူလအဆင့်တွင်ရှိ‌ေသာ သူတစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သည်။

ကုနင်းကြောင့် စင်မြင့်ထက်မှ ရိုက်ချခံရသော ကျင့်ကြံသူသည် ရှင်းထျောင့်အဆင့်၏ အခြေခံအဆင့်တွင် ရှိနေသည်။ မဟုတ်ပါက စွမ်းအားမြှင့်တင်ရန်အတွက် ဖီးနစ်သွေး၏ မှော်စွမ်းအင်ကို အသုံးပြုရန် မလိုအပ်ပါ။

ပေါင်းစည်းခြင်းအဆင့်နှင့် ရှင်းထျောင့်အဆင့် ကြားတွင် အဆင့်ကွာဟချက်မျှသာ ရှိသော်လည်း ၎င်းသည် ကြီးမားသော ခြားနားချက်တစ်ခုကို ပြုလုပ်ခဲ့သည်။

ပိုင်လီကျုံးရွှယ် ကယ်တင်ခံရတာကိုမြင်တော့ ပိုင်လီမိသားစု သက်သာရာရသွားသည်။ သူမကို ဆုရဖို့အထိ မမျှော်လင့်ထားပေမယ့် ဂိမ်းရဲ့ ဒုတိယပိုင်းကို ဝင်နိုင်ခဲ့ရင် ပိုကောင်းပေသည်။

"ကျေးဇူးတင်ပါတယ်" ပိုင်လီကျုံးရွှယ်က ကုနင်းကို ပြောသည်။

"ရပါတယ်" ကုနင်းက အဲဒါကို သိပ်ဂရုမစိုက်ဘူး။ သူမက ပိုင်လီကျုံးရွှယ် ဖြစ်သောကြောင့်သာ ကူညီခြင်းဖြစ်သည်။

ခန်းမရှေ့၌။

"စီနီယာရှန်းကွမ်း ကျုပ်မြေးကို မင်းရဲ့တပည့်တွေကူညီ‌ေပးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ပိုင်လီချီဖုန်းက ရှန်းကွမ်းယန်ကို ကျေးဇူးတင်သည်။ ကုနင်းကို ကျေးဇူးတင်သင့်တာဆိုပေမယ့် အခုအချိန်မှာ ကုနင်းနဲ့ စကားမပြောနိုင်သေးပေ။ ဘာပဲဖြစ်ဖြစ် ပိုင်လီကျုံးရွှယ်က ကုနင်းကို သူ့ဘာသာသူ ကျေးဇူးတင်နေမယ်ဆိုတာ သူသိသည်။ ပိုင်လီကျုံးရွှယ်က သူ့မြေးမို့လို့ သူ့သဘောထားကို ပြဖို့ တစ်ခုခုပြောရမည်။

"ဒါနည်းနည်းလေးပါပဲ ခေါင်းဆောင်ပိုင်လီ" ရှန်းကွမ်းယန်က စကားသံခပ်အေးအေးပါပဲ။ ပိုင်လီကျုံးရွှယ်နဲ့ ကုနင်းရဲ့ ဆက်ဆံရေးကို သူသိထားလို့ ကြီးကြီးမားမားဟု မထင်ထားပါ။ သူစိမ်းတစ်ယောက်ဆိုရင် ကုနင်းက ကူညီမှာမဟုတ်ပေ။

"ရှန်းကွမ်း၊ မင်းရဲ့တပည့်က တကယ်ပဲ ပေါင်းစည်းခြင်းအဆင့်က ကျင့်ကြံသူလား" စစ်ရှောင်းယန်က စိတ်ဝင်တစား မေးသည်။

“ဟုတ်ပါတယ်!” ရှန်းကွမ်းယန်က သူ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး ဂုဏ်ယူစွာပြောသည်။ "သူက အရမ်းအဆင့်မမြင့်ပေမယ့် သူ့ရဲ့ အရည်အချင်းတွေက အရမ်းထူးချွန်တယ်။ သူရဲ့ စွမ်းအားကပြင်းတယ်။ သူက ရှင်းထျောင့်အဆင့်လောက်က ကျင့်ကြံသူထက်တော့ မညံ့ပါဘူး”

ရှန်းကွမ်းယန်က ကုနင်းအကြောင်း ပြောဖို့ စိတ်၀င်စားပေမယ့် သူမအကြောင်းအားလုံးကို သူပြောပြမှာ မဟုတ်ပါ။ အမှန်တော့ ကုနင်းတွင် မှော်စွမ်းအင်၏ အကျိုးသက်ရောက်မှုကို အဆများစွာ မြှင့်တင်ပေးနိုင်သော ဖီးနစ်သွေးရှိသောကြောင့် ရှင်းထျောင့်အဆင့်ရှိ ကျင့်ကြံသူသာမကပဲ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူတွေတောင်မှ သူမကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

ဒါကိုသိလိုက်ရတော့ တခြားလူတွေလည်း အံ့သြသွားပြန်သည်။ ပေါင်းစည်းခြင်းအဆင့်မှ ကျင့်ကြံသူသည် ရှင်းထျောင့်အဆင့်ရှိ ကျင့်ကြံသူအား အနိုင်ယူနိုင်ခဲ့သည်မှာ အလွန်ရှားပါသည်။

ဤမိန်းကလေးသည် ပေါင်းစည်းခြင်းအဆင့် မှ ကျင့်ကြံသူများထက် အမှန်တကယ်ပင် သန်မာသည်ကို မြင်နိုင်သောကြောင့် မည်သူကမျှ သံသယမရှိကြပေ။ သူမသည် အစွမ်းထက်သော မှော်စွမ်းအင်များကို ထုတ်လွှတ်နိုင်ပြီး ရှင်းထျောင့်အဆင့်ရှိ လေ့ကျင့်သူအား အလွယ်တကူ တိုက်နိုင်ခဲ့သည်။

တိုက်ပွဲက ဆက်လျက်ဖြစ်ပွားလျက်ရှိသည်။ ပိုင်လီကျုံးရွှယ်ကို ကယ်တင်ပြီးနောက် ကုနင်းသည် သူမအား တစ်ချိန်က သူ့ရှေ့ခရီးကို ရှင်းလင်းရန် ဆက်လက်ကူညီခဲ့သည်။ မော့ချီလင်သည် လင်ရှောင်းထင်၏အကူအညီကိုရရှိထားသောကြောင့် မကြာမီသူတို့သည် အဆုံးသို့ရောက်ရှိပြီး နံပါတ်ကတ်များရရှိခဲ့သည်။ ဒါကြောင့် သူတို့ ခဏလောက် အနားယူနိုင်သည်။

ကဒ်ခြောက်ဆယ်လုံးကို ရယူပြီးသောအခါတွင် သိုင်းပညာစင်မြင့်ပေါ်တွင် ရပ်တည်၍ မရသော လူတစ်ဒါဇင်ကျော်ရှိခဲ့ပြီး ရလဒ်အနေဖြင့် ၎င်းတို့သည် အခြားသူများထံမှ လုယူရမည်ဖြစ်သည်။

ကုနင်းနှင့် လင်ရှောင်းထင်တို့က မော့ချီလင်နှင့် ပိုင်လီကျုံးရွှယ်တို့ကို ၎င်းတို့နောက်တွင် ကာကွယ်ပေးခဲ့သည်။ ပိုင်လီကျုံးရွှယ်ကို သူမရဲ့ အသင်းဖော်တွေကလည်း အကာအကွယ်ပေးထားတာကြောင့် သူတို့ရဲ့ နံပါတ်ကတ်တွေကို လုဖို့ ကြံရွယ်ထားတဲ့ ကျင့်ကြံသူတွေက လက်လျော့လိုက်ရသည်။

လင်ရှောင်းထင်သည် မြင့်မားသောအဆင့်တွင်ရှိပြီး ကုနင်းသည် သူတို့ထင်သည်ထက် ပိုမိုအားကောင်းသောကြောင့် ၎င်းတို့ကို ရှောင်ရှားကာ အောက်ခြေအဆင့်ရှိ ကျင့်ကြံသူများကို တိုက်ခိုက်ရန် လှည့်လာခဲ့သည်။

တစ်ချို့က အောင်မြင်ခဲ့ပေမယ့် အချို့က နောက်တစ်ကြိမ် ကျရှုံးခဲ့ပြီး စင်မြင့်ကနေ ပြုတ်ကျသွားခဲ့သည်။

နံပါတ်ကတ်မရသော လေ့ကျင့်ရေးသမားများ အားလုံး ပြုတ်ကျပြီးသည်နှင့် ဂိမ်း၏ ပထမပိုင်း ပြီးဆုံးသွားပါ‌ေတာ့သည်။

All Chapters