← Chapters

အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်း

Vol. 193 Ch. 2890

အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်း

Vol. 193 Ch. 2890

“သတ်ဖြတ်ခြင်းနဲ့လမ်းဖောက်ကြမယ်”

လုယွင်က သူ့ဘေးမှာရှိသော ဘုရင်များထံ သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်သည်။

သူတို့ဘက်မှာ လူအရေအတွက်အနည်းငယ်သာရှိသည်။ သူတို့ကို ကူညီပေးဖို့ထွက်ရပ်လာသော ဘုရင်တချို့အပါအဝင်လျှင်ပင် သူတို့မှာ အယောက်နှစ်ဆယ်လောက်သာရှိလေသည်။ တစ်ဘက်မှာတော့ ဘုရင်အေးစက်မျက်လုံးနှင့် အခြားသူများက အရေအတွက်နှစ်ရာကျော်ရှိနေသည်။

ကွာဟချက်က ဆယ်ဆဖြစ်သည်။

ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရှစ်ရှောနှင့် အခြားသူများသည် ဓားကမ္ဘာကို တုံ့ပြန်ချိန်များစွာမပေးပေ။

သူတို့၏ လက်များကို ဝေ့ယမ်းလိုက်ပြီး ဘုရင်များစွာက သူတို့၏ ကောင်းကင်လိုဏ်ဂူများကို မြှောက်တင်ကာ ရှေ့သို့ပြေးဝင်လာကြသည်။

ဇီ... ဇီ... ဇီ....

ဓားတေးသံက တောင်ထွတ်သခင်ရှစ်ဦး၏ ခန္ဓာကိုယ်များကနေ တစ်ချိန်တည်းမှာ ထွက်ပေါ်လာသည်။

သူတို့ရှစ်ဦး၏ နောက်ဘက်မှ ပကတိကောင်းကင်လိုဏ်ဂူများက စုဖွဲ့လာခဲ့သည်။ ကောင်းကင်လိုဏ်ဂူတစ်ခုချင်းစီကနေ ဖြာထွက်နေသော ဓားစိတ်ဆန္ဒများက ကွဲပြားခြားနားကြသည်။

သူတို့ထဲမှအချို့က သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ထက်ရှနေပြီး အချို့က မိစ္ဆာချီဖြင့်ပြည့်နှက်နေကာ အချို့က ပုံရိပ်ယောင်ဆန်၍ အချို့က ဗုဒ္ဓအလင်းရောင်ဖြင့် တောက်ပနေသည်။

ပကတိကောင်းကင်လိုဏ်ဂူရှစ်ခုတွင် တူညီသည့်တစ်ခုတည်းသောအရာမှာ အဆုံးမဲ့ဓားချီများက လျှံထွက်နေပြီး ဘေးပတ်ဝန်းကျင်ကြယ်တာရာကောင်းကင်ကို ဆုတ်ဖြဲပစ်နေ၏။

တောင်ထွတ်သခင်ရှစ်ဦးသည် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံလာခဲ့ကြသည်။ ပြောစရာမလိုအောင်​ပင် ကောင်းကင်လိုဏ်ဂူရှစ်ခုသည် တိကျသောချိတ်တက်မှုတစ်ခုကို တည်ဆောက်ထားပြီး ဧရာမကောင်းကင်လိုဏ်ဂူဓားဝင်္ကပါတစ်ခုအဖြစ် စုဖွဲ့ထားလေသည်။

တောင်ထွတ်သခင်ရှစ်ဦးသည် အခြေခံအုတ်မြစ်အဖြစ် ဓားတာအိုကောင်းကင်လိုဏ်ဂူရှစ်ခုကို အသုံးချပြီး အသင်္ချေဓားဝင်္ကပါကို စုဖွဲ့လိုက်သည်။

အဲဒါက ဧရာမ ဓားပုံသဏ္ဌာန်လှည်းဘီးတစ်ခုအဖြစ် စုဖွဲ့လာခဲ့လေသည်။

“ဂါး...”

နဂါးဘုရင်မဦးချိုမဲ့က သံရှည်ဆွဲ၍ ဟိန်းဟောက်လိုက်ပြီး အေးစက်နေသောအော်ရာတစ်ခုနှင့်အတူ သူမ၏ နောက်ဘက်မှာ ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို ထုတ်ဖော်လိုက်၏။

ပကတိကောင်းကင်လိုဏ်ဂူ ထွက်ပေါ်လာသည့်ခဏမှာပင် ဘေးပတ်ဝန်းကျင်ကြယ်တာရာကောင်းကင်ထဲမှာ ဆီးနှင်းတစ်လွှာစုဖွဲ့လာပြီး သူမ၏ ဘေးပတ်လည်မှာရှိသော နတ်ဘုရားလက်နက်များနှင့် အင်မော်တယ်ပညာရပ်များကို အေးခဲသွားစေသည်။

လုံလောက်အောင်သန်မာမှုမရှိသော ဘုရင်ပညာရှင်တချို့အနေဖြင့် သူတို့သည် အနားသို့ချဥ်းကပ်လာသည့်ခဏမှာပင် သူတို့၏ ကောင်းကင်လိုဏ်ဂူများက အေးခဲခံလိုက်ရပြီး အက်ကွဲကြောင်းများပေါ်ထွက်ကာ နေရာမှာပင် လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။

တိုက်ခိုက်ရည်ခွန်အားမှာ နဂါးဘုရင်မဦးချိုမဲ့သည် ကောင်းကင်လိုဏ်ဂူနယ်ပယ်တွင် အထွတ်အထိပ်တည်ရှိမှုများထဲမှ တစ်ဦးလည်းဖြစ်လေသည်။

အင်မော်တယ်ဘုရင်မယိုလန်ကလည်း သူမ၏ ပကတိကောင်းကင်လိုဏ်ဂူကို ဆင့်ခေါ်လိုက်သည်။ မွှေးပျံ့သောပန်းရနံ့က လေထဲမှာပျံ့နှံ့သွားပြီး လူတိုင်း၏ စိတ်အာရုံကို ညှို့ငင်ဖမ်းစားနေ၏။ သူတို့က ထိုအထဲမှာ အလိုလိုနစ်မျောသွားပြီး သူတို့၏ သွေးချီများက အားနည်းလာခဲ့သည်။

ဘုရင်အေးစက်မျက်လုံးက သူ၏ နှာရောင်ပေါ်ရှိ ကောင်းကင်ဘုံမျက်လုံးကို ဖွင့်လိုက်၏။ သူက နဂါးဘုရင်မဦးချိုမဲ့နှင့် တိုက်ခိုက်ရန် ရေခဲတမျှအေးစက်နေသောအကြည့်နှင့်အတူ ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို စုဖွဲ့လိုက်လေသည်။

ဘုရင်စုန်းသွေးက သွေးချီဖြင့်ပြည့်နှက်နေသော ပကတိကောင်းကင်လိုဏ်ဂူတစ်ခုကို မြှောက်တင်လိုက်၏။ အဲဒါက အဆုံးမဲ့ကျိန်စာများဖြင့်ပြည့်နှက်နေပြီး ချောက်ချားစရာကောင်းသောအော်ရာတစ်ခု ဖြာထုတ်ပေးနေသည်။

နတ်ဘုရားဘုရင်ရီယောင်၏ ရွှေရောင်သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး သူက ကျိန်းစပ်နေသောအလင်းရောင်တစ်ခုဖြင့် တောက်ပလာခဲ့သည်။ သူ၏ နောက်ဘက်မှာရှိသော ပကတိကောင်းကင်လိုဏ်ဂူက ရွှေရောင်ပိရမစ်ပုံစံတစ်ခုအဖြစ်ယူပြီး ပြိုးပြိုးပြက်ပြက်အလင်းရောင်ခြည်များကို ပစ်လွင့်ကာ ကြယ်တာရာကောင်းကင်ထဲရှိ အမှောင်ထုကို ဖယ်ရှားရှင်းလင်းပစ်နေ၏။

ဘုရင်လုဝူ၏ ပကတိကောင်းကင်လိုဏ်ဂူက ဒေါသူပုန်ထနေသောမီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ နေမင်းအမြုတေမီးက ရွှေရောင်ချော်ရည်များလျှံထွက်နေသည့် မီးတောင်တစ်ခုကဲ့သို့ စုဖွဲ့လာခဲ့သည်။

ဘုရင်ရှစ်ရှော၏ ကောင်းကင်လိုဏ်ဂူထဲမှာ အဲဒါသည် ဂမ္ဘီရကျောက်တုံးတစ်တုံးကို ပြုစုပျိုးထောင်ပေးနေသည့်အလားပင်။

၎င်းက ဂမ္ဘီရအလင်းတစ်ခုကို အဆက်မပြတ်ဖြာထုတ်ပေးပြီး သူ့ပေါ်ကို ဖြာဆင်းလာခဲ့သည်။

ထိုသို့ဖြင့် သူ၏ အော်ရာက ခပ်မှန်မှန်မြင့်တက်လာနေ၏။

ဘုရင်ရွှယ်လီ၏ ပကတိကောင်းကင်လိုဏ်ဂူသည် နီရဲနေသော ရေကန်တစ်ကန်နှင့်တူလေသည်။ စပါးအုံးမြွေများနှင့်ဆင်တူသည့် တုတ်ခိုင်သော သွေးနီရောင်နွယ်ပင်များက ၎င်းထံကနေ ဆန့်တန်းထွက်ပေါ်လာပြီး အဆက်မပြတ်တွန့်လိမ့်လှုပ်ရှားနေ၏။

သူ၏ ခန္ဓာကိုယ်ကနေ နီရဲနေသောသွေးများက စီးဆင်းလာပြီး သူ၏ ဦးခေါင်းထက်မှာ သွေးသံရဲရဲသွားစွယ်များက အတန်းလိုက်ပေါ်ထွက်ကာ ညှီစို့စို့ အော်ရာတစ်ခုကို ဖြာထုတ်ပေးနေ၏။

ထိပ်တန်းကမ္ဘာကြီးများမှ အထွတ်အထိပ်ဘုရင်ခြောက်ပါးက ချက်ချင်းပင် ရှေ့သို့ လျှောက်လှမ်းလာပြီး တောင်ထွတ်သခင်ရှစ်ဦး၊ နဂါးဘုရင်မဦးချိုမဲ့နှင့် အခြားသူများကို တိုက်ခိုက်လိုက်သည်။

ကျန်ရှိနေသော အင်မော်တယ်ဘုရင်နှစ်ရာကျော်ကျော်ကလည်း နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာ၏။

ဝုန်း.. ဝုန်း… ဝုန်း…

ကောင်းကင်လိုဏ်ဂူများကြား ထိတွေ့ရိုက်ခတ်မှုက ကြယ်တာရာကောင်းကင်ကို လှုပ်ခါသွားစေပြီး တဖျတ်ဖျတ်တလက်လက်တောက်ပလာကာ မြင်နိုင်သော လေလှိုင်းလုံးများက အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။

“အဲဒီစွမ်းပကားက တော်တော်ကြောက်ဖို့ကောင်းတာပဲ”

“ဒါက ဘုရင်နှစ်ရာကျော်ရဲ့ ကြီးမားတဲ့တိုက်ပွဲတစ်ခုပဲ… သူတို့ထဲမှာ အထွတ်အထိပ်ဘုရင်ပညာရှင်တွေတောင် ပါနေတယ်… ငါက ဒီလိုမျိုးတိုက်ပွဲတစ်ခုကို ကိုယ်တောင်မမြင်တွေ့ရတော့တာ နှစ်ပေါင်းများစွာကြာနေပြီ”

“ဓားကမ္ဘာက တိုက်ခိုက်မှုရဲ့ ပထမလှိုင်းကို တကယ်ပဲ ခုခံနိုင်ခဲ့တာလား”

“ဓားကမ္ဘာက တောင်ထွတ်သခင်ရှစ်ဦးက နှစ်ပေါင်းများစွာကျော်ကြားလာခဲ့တာ… သူတို့က အသင်္ချေဓားဝင်္ကပါတစ်ခုကို အသက်သွင်းနိုင်တယ်… သူတို့က နောက်ထပ် အချီရေအနည်းငယ်လောက် တောင့်ခံနိုင်လိမ့်မယ်”

တိုက်ပွဲ၏ အလယ်မှာရှိသော ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။

သူသည် တောင်ထွတ်သခင်ရှစ်ဦး၏ အသင်္ချေဓားဝင်္ကပါဖြင့် ကာကွယ်ပေးခြင်း ခံထားရသော်လည်း တကယ်တမ်းမှာ ဤဓားဝင်္ကပါသည် သိပ်ကြာကြာတောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

အသင်္ချေဓားဝင်္ကပါပျက်စီးသွားသည်နှင့် အရင်ဆုံးသေရမည့်သူက သူတစ်ယောက်တည်းသာမဟုတ်ပေ။ ယွင်ထင်နှင့် ပေမင်ရွှယ်အပါအဝင် ဓားကမ္ဘာ၏ အခြားသော ပကတိအင်မော်တယ်များကလည်း ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။

ဘုရင်များကြား တိုက်ပွဲတစ်ခုမှာ ရှင်သန်နိုင်ဖို့က ခဲယဉ်းလေသည်။

ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး သူ၏ ဘယ်ဘက်မျက်လုံးက ရုတ်တရက်နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ဖြူ‌ဖွေးလာခဲ့သည်။ အနက်ရောင်နှင့်အဖြူရောင် ဂမ္ဘီရအလင်းနှစ်ခုက သူ၏ မျက်လုံးထဲကနေ ပစ်လွင့်ထွက်ပေါ်လာပြီး သူ၏ ခြေဖဝါးအောက် ကြယ်တာရာကောင်းကင်ထဲသို့ ဆင်းသက်ကာ ယင်ယန်ငါးများကို လျင်မြန်စွာစုဖွဲ့နေ၏။ သူတို့၏ ခေါင်းများနှင့်အမြီးများက ချိတ်ဆက်နေပြီး အဆက်မပြတ်လည်ပတ်နေသည်။

ယင်က ယန်ထဲမှာရှိပြီး ယန်ကလည်း ယင်ထဲမှာရှိနေသည်။

ဤသည်မှာ အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အနန္တယင်ယန်နှင့်တူနေသည်။

“ဓားကမ္ဘာက ဆူကျူးက ဘာလုပ်နေတာလဲ... သူက တိုက်ပွဲထဲမှာ ဝင်ပါဖို့ သူ့ရဲ့ အနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ချင်နေတာလား ဟားဟား”

ဘုရင်တစ်ပါးက ထိုသည်ကို တွေ့မြင်သောအခါ ရယ်မိသွားလေသည်။

“ကောင်းကင်လိုဏ်ဂူနယ်ပယ်နဲ့ ပကတိဧကနယ်ပယ်ကြား ကွာဟချက် မိုးနဲ့မြေပဲ... အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုကို ဘာများသုံးစားလို့ရမှာလဲ”

နောက်ထပ်ဘုရင်တစ်ပါးကလည်း ခေါင်းခါယမ်းလိုက်၏။

ထိုစဉ်မှာပင် ဆူဇီမိုသည် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ဆင့်ခေါ်ပြီး အစစ်အမှန်အမြုတေကို စုဖွဲ့လိုက်၏။ ကျောက်စိမ်းလက်ကိုင်ကို ဗဟိုပြုပြီး ငွေရောင်ချည်မျှင်သုံးထောင်က သိပ်သည်းကျစ်လစ်လာခဲ့လေသည်။ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်သည် သူ၏ လက်ထဲမှာ ကျောက်စိမ်းစုတ်တံတစ်ခုနှင့်တူလာပြီး သူက သူ၏ အောက်ဘက် ယင်ယန်ငါးများ၏ ကားချပ်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်၍ ထူးဆန်းသော မှော်စာလုံးများကို ရေးဆွဲလိုက်၏။

ဘေးပတ်ဝန်းကျင်ရှိ မည်သူကမှ ထိုမှော်စာလုံးများကို မသိရှိကြပေ။

အင်မော်တယ်ဘုရင်မလင်းလုံ ဤနေရာမှာ ရှိနေမည်ဆိုလျှင် ထိုမှော်စာလုံးများသည် ယင်ယန်အဆောင်သုတ္တန်ကနေ လာသည်ကို သူမက သေချာပေါက် ပြောနိုင်ပေလိမ့်မည်။

အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်း။

ဆူဇီမိုက ဟိန်းဟောက်၍ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ယင်ယန်ငါးများကားချပ်ပေါ်သို့ ပစ်ထုတ်ပြီး ယင်ယန်ငါးများကြားမှာ ပြီးပြည့်စုံသော စက်ဝန်းတစ်ခုကို ပေါ်ထွက်လာစေသည်။

ယင်ယန်ငါးများကားချပ်ပေါ်ရှိ မှော်စာလုံးများက အဆက်မပြတ်လည်ပတ်နေသော ယင်ယန်ငါးများနှင့်အတူ တောက်ပလာခဲ့ပြီး သူတို့က ဘေးပတ်ဝန်းကျင်လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်၏။

ဖျတ်ခနဲဆို ဆူဇီမိုက ယင်ယန်ငါးများကားချပ်ပေါ်သို့ တက်လှမ်းလိုက်သည်။

အဲဒါသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်ဘုရင်များကြား တိုက်ပွဲတစ်ခုဖြစ်သော်လည်း ဘုရင်အများစုက ဆူဇီမိုကို အာရုံစိုက်ထားကြသည်။

ထိုသည်ကိုတွေ့မြင်သောအခါ သူတို့က စဉ်းစားရခက်နေကြ၏။

ယင်ယန်ငါးများကားချပ်သည် ဆူဇီမို၏ ခြေဖဝါးအောက်မှာ ဧရာမပို့ဆောင်ရေးဝင်္ကပါတစ်ခုနှင့် တူလာခဲ့သည်။

နောက်ခဏ၌။

မရေမတွက်နိုင်သော အကြည့်များရှေ့မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများနှင့်အတူ ယင်ယန်ငါးများကားချပ်က ဆူဇီမိုနှင့်အတူ လေထဲသို့ ပျောက်ကွယ်သွားလေသည်။

“ဒါက...”

အစက ပြင်းထန်ကြမ်းတမ်းစွာတိုက်ခိုက်နေသော ဘုရင်များက မှင်တက်သွားကြသည်။

ကြယ်တာရာကောင်းကင်ထက်ရှိတိုက်ပွဲက တကယ်ပင်ရပ်တန့်သွားလေသည်။

တိုက်ပွဲနယ်မြေမှာ ပါဝင်ပတ်သက်နေသော လူတိုင်းကို မပြောနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များနှင့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများပင်လျှင် စဉ်းစားရခက်ကာ ကြက်သေသေနေကြ၏။

“သူဘယ်ရောက်သွားတာလဲ”

“ဘာတွေဖြစ်သွားတာလဲ”

“သူက လေဟာနယ်ကို ဆုတ်ဖြဲပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ပုံပဲ”

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... လေဟာနယ်ကို ဆုတ်ဖြဲတာက ကောင်းကင်လိုဏ်ဂူဘုရင်တွေပိုင်ဆိုင်ထားတဲ့ စွမ်းအားတစ်ခုပဲ”

ဤမြင်ကွင်းသည် ရုတ်တရက်ဆန်စွာနှင့် ထူးဆန်းစွာဖြစ်ပွားလာခဲ့ပြီး လူတိုင်းတွေးထင်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

ပုံမှန်အခြေအနေအောက်မှာ ကောင်းကင်လိုဏ်ဂူနယ်ပယ်ဘုရင်များသာလျှင် လေဟာနယ်ကို သာမန်ကာလျှံကာ ဆုတ်ဖြဲနိုင်ပြီး ရှည်လျားသော အကွာအဝေးတစ်ခု ခုန်ကူးရန် အာကာသဥမင်တစ်ခုထဲသို့ ဝင်ရောက်နိုင်ကြသည်။

ဓားကမ္ဘာမှ ဆူကျူးကတော့ သူသည် ဗလာနယ်ဝိညာဉ်ပကတိဧကနယ်ပယ်မှာသာရှိပြီး ဤကဲ့သို့သော စွမ်းအားကို မပိုင်ဆိုင်နိုင်ပေ။

ပို၍ပင် ထူးဆန်းသည့်အရာမှာ ဘုရင်များကြား တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းနေ၏။ ဘေးပတ်ဝန်းကျင်ကြယ်တာရာကောင်းကင်က ကြေမွနေပြီး အာကာသဥမင်တစ်ခုကို တည်ဆောက်နိုင်စရာအကြောင်းမရှိပေ။

လက်ရှိဘုရင်များစွာပင်လျှင် တည်နေရာခုန်ကူးခြင် သို့မဟုတ် တိုက်ပွဲနယ်မြေကနေထွက်ခွာရန် လေဟာနယ်ဆုတ်ဖြဲခြင်း မပြုလုပ်နိုင်ကြပေ။

သို့သော်လည်း စောစောက ပကတိအင်မော်တယ်သည် ဘုရင်များကြား ရုန်းရင်းဆန်ခတ်တိုက်ပွဲကြားမှာ လူတိုင်း၏ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့လေသည်။

ဘေးကနေစောင့်ကြည့်နေသော အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများသည် ငိုရမလား ရယ်ရမလား မသိတော့ပေ။

ပကတိစိတ်ဝိညာဉ်တစ်ဦးကြောင့် ဘုရင်နှစ်ရာကျော်ကျော်ကြားမှာ ကြီးမားသော တိုက်ပွဲတစ်ခုက ဖြစ်ပွားလာခဲ့သည်။ ရုတ်တရက် တစ်ဘက်သူက ထွက်ပြေးတိမ်းရှောင်သွားပြီး ဘုရင်နှစ်ရာကျော်ကျော်က နေရာမှာပင် ကျန်ရစ်ခဲ့ကာ တစ်ယောက်ကိုတစ်ယောက် တွေဝေရှုပ်ထွေးစွာဖြင့် ငေးကြည့်နေကြသည်။

All Chapters