← Chapters

အချေအတင်

Vol. 193 Ch. 2889

အချေအတင်

Vol. 193 Ch. 2889

အစက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဘုရင်များစွာသည် သူတို့၏ အင်မော်တယ်ယာဉ်ပျံများနှင့်အတူ ထွက်ခွာဖို့ ပြင်ဆင်ထားကြသည်။ သို့သော်လည်း ဖြစ်ပျက်လာသည့်အရာကို တွေ့ရသောအခါ သူတို့က ရပ်တန့်လိုက်ကြ၏။

မလှမ်းမကမ်းမှာ ကောင်းကင်ဘုံမျက်လုံးကမ္ဘာ၊ အလင်းကမ္ဘာ၊ ကျောက်တုံးကမ္ဘာ၊ သွေးကမ္ဘာ၊ စုန်းကမ္ဘာနှင့် ရွှေကျီးကန်းကမ္ဘာတို့က အုပ်စုတစ်ခုကို ဦးဆောင်လာကြ၏။

ထိုအုပ်စုမှာ အဆင့်မြင့်ကမ္ဘာ ဆယ်ခုဖြစ်သော အင်းစက်ကမ္ဘာ၊ ဘီလူးကမ္ဘာ၊ အဆိပ်ကမ္ဘာ၊ ကြယ်တာရာကမ္ဘာ၊ သက်မဲ့ကမ္ဘာ၊ အရိုးဖြူကမ္ဘာ၊ ဂူသင်္ချိုင်းကမ္ဘာ၊ ဆန်းကြယ်ကမ္ဘာ၊ ဆီးနှင်းကမ္ဘာနှင့် ခုနစ်စင်ကြယ်ကမ္ဘာတို့ ပါဝင်နေသည်။

အဲဒီမှာ အလယ်အလတ်ကမ္ဘာ ရှစ်ခုဖြစ်သော ပုရွက်ဆိတ်ကမ္ဘာ၊ ကြွက်ကမ္ဘာ၊ ကောင်းကင်ဘုံကင်းမြီးကောက်ကမ္ဘာ၊ မဟူရာကျီးကန်းကမ္ဘာ၊ ပင့်ကူတစ်ထောင်ကမ္ဘာ၊ နဂါးကြိုးကြာကမ္ဘာ၊ လေခွေးအကမ္ဘာနှင့် မီးကမ္ဘာတို့ကလည်း နောက်ကနေ လိုက်ပါလာကြသည်။

ကမ္ဘာ ၂၄ ခုမှ ဘုရင် ၂၀၀ ကျော်က ဓားကမ္ဘာ၏ အင်မော်တယ်ယာဉ်ပျံကို ဝိုင်းပတ်ကာ စိမ်းသက်သော အမူအရာများနှင့် သတ်ဖြတ်လိုစိတ်တို့နှင့်အတူ ထွက်ပေါက်များအားလုံးကို ပိတ်ဆို့လိုက်ကြသည်။

ထိုကမ္ဘာ ၂၄ ခုမှ အများစု၏ အန္တိမပကတိစိတ်ဝိညာဉ်များသည် မကြာသေးခင်ကမှ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေတွင် ဓားကမ္ဘာမှ ဆူကျူး၏ လက်ထဲမှာ သေဆုံးခဲ့ရသည်။

ကမ္ဘာတချို့သည် ထိပ်တန်းကမ္ဘာကြီး ခြောက်ခုနှင့် မဟာမိတ်ဖွဲ့ထားကြပြီး တခြားသောကမ္ဘာတချို့က ဓားကမ္ဘာမှ ဆူကျူးနှင့် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ တိုက်ရိုက်ပဋိပက္ခရှိခဲ့ကြသည်။

အခြားသော ကမ္ဘာများစွာက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က ချက်ချင်းပင် တုန်လှုပ်သွားကြသည်။

“ဘုရားရေ… ဓားကမ္ဘာက ဆူကျူးက အသက်ရှင်လျက် ပြန်သွားနိုင်ဖို့ မလွယ်တော့ဘူး”

“ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေက တိုက်ခိုက်မှုတွေက ကျင့်ကြံမှုနယ်ပယ်တူတွေကြားက တိုက်ခိုက်မှုတွေပဲ… အဲဒါက သူတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစပေါ်မှာပဲ မူတည်တယ်… အဲဒီကမ္ဘာတွေက အန္တိမပကတိစိတ်ဝိညာဉ်တစ်ဦးကို ကိုင်တွယ်ဖို့အတွက် အတူပူးပေါင်းထားကြတာ အရှက်မဲ့လွန်းရာကျမနေဘူးလား”

“ဟဲဟဲ… ငါသာ အဲဒီကမ္ဘာတွေက ဘုရင်တစ်ပါးဖြစ်မယ်ဆိုရင် ငါက ဓားကမ္ဘာက ဆူကျူးကို တိုက်ရိုက် ပစ်မှတ်ထားမှာ မဟုတ်ဘူး… ဒါပေမဲ့ ဘုရင်တွေကြား တိုက်ပွဲတစ်ခု ဖြစ်ပွားလာမယ်ဆိုရင် ပကတိစိတ်ဝိညာဉ်တစ်ဦးအနေနဲ့ ဆူကျူးက ရုန်းရင်းဆန်ခတ်အခြေအနေမှာ သေဆုံးသွားမယ်ဆိုရင် ပုံမှန်ပဲ”

“အစကတည်းက ဒီဘက်မျိုးဆက်က ရုန်းရင်းဆန်ခတ်အခြေအနေတွေနဲ့ ပြည့်နှက်လာနေတာ… ကြည့်ရတာ အထက်ဘုံမှာ ဒီနေ့ကစပြီး ရုန်းရင်းဆန်ခတ်အခြေအနေတွေ ပိုပြီးတော့ များပြားလာတော့မယ်နဲ့တူတယ်”

ကမ္ဘာများစွာအတွက် ဤတိုက်ပွဲသည် သူတို့နှင့် သက်ဆိုင်မှုမရှိကြပေ။ သူတို့သည် ဘေးကနေ စောင့်ကြည့်နေပြီး မည်သည့်ဘက်ကိုမှ ကူညီပေးလိမ့်မည် မဟုတ်ပေ။

နဂါးကမ္ဘာမှာ နဂါးဘုရင်မ ဦးချိုမဲ့သည် ထိုသည်ကို တွေ့မြင်သောအခါ သူမက မျက်မှောင်ကြုတ်ပြီး ရပ်တန့်လိုက်၏။

“နဂါးဘုရင်မ ဦးချိုမဲ့… ဒီကိစ္စမှာ ဝင်မပါကြရအောင်”

အခြားသော နဂါးဘုရင်တစ်ဦးက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ကျုပ်တို့တွေက ဒီခရီးစဉ်မှာ ဘုရင်သုံးပါးပဲ ပါလာတယ်… ကျုပ်တို့က လုယွင်နဲ့ တခြားသူတွေကို ကူညီပေးမယ်ဆိုရင် ကျုပ်တို့တွေက ဘုရင် ၂၀၀ ကျော်ရဲ့ ဝိုင်းပတ်ပိတ်ဆို့မှုကို ခုခံပေးနိုင်မှာ မဟုတ်ဘူး”

“ဘုရင်အေးစက်မျက်လုံးပဲဖြစ်ဖြစ်… ဘုရင်စုန်းသွေးပဲဖြစ်ဖြစ်… ဘုရင်ရှစ်ချောပဲဖြစ်ဖြစ်… သူတို့တွေက ကိုင်တွယ်ရမလွယ်ကူဘူး”

နဂါးမျိုးနွယ်သည် ထိပ်တန်းကမ္ဘာကြီးတစ်ခုဖြစ်သော်လည်း သူတို့၏ ကလန်သားအရေအတွက်က နည်းပါးလေသည်။

နဂါးဘုရင်မ ဦးချိုမဲ့အပါအဝင် ဒီခရီးစဉ်မှာ နဂါးဘုရင်သုံးပါးသာလျှင် ပါလာခဲ့သည်။

“ဓားကမ္ဘာက ဆူကျူးက ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ လီအာကို ကယ်တင်ပေးခဲ့တယ်”

နဂါးဘုရင်မ ဦးချိုမဲ့က မျက်မှောင်ကြုတ်လိုက်သည်။

“အဲ့လိုဆိုရင်တောင် ကျုပ်တို့တွေက ဘုရင်တွေကြားက ဒီလိုမျိုးတိုက်ပွဲတစ်ခုမှာ ပါဝင်ဖို့ ကျုပ်တို့ရဲ့အသက်ကို မစွန့်စားသင့်ဘူး”

နဂါးဘုရင်က ဆက်လက်၍ ဖျောင်းဖျလိုက်၏။

“ကျုပ်တို့က ဒီတိုက်ပွဲမှာ ပါဝင်ပတ်သက်မယ်ဆိုရင် လီအာကို ဘယ်သူက ကာကွယ်ပေးမှာလဲ”

နဂါးဘုရင်မ ဦးချိုမဲ့က အမူအရာကင်းမဲ့နေ၏။

ခဏနေပြီးနောက် သူမက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“နောက်ပိုင်း ကြီးမားတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားလာမယ်ဆိုရင် နင်တို့နှစ်ယောက်က လီအာကို ကာကွယ်ပြီး ဒီနေရာကနေ ထွက်သွားကြ… ငါ့ကို စိုးရိမ်မနေနဲ့”

“နဂါးဘုရင်မ ဦးချိုမဲ့… ခင်ဗျားက…”

နဂါးဘုရင်က ထပ်မံ၍ ဖျောင်းဖျလို၏။

နဂါးဘုရင်မ ဦးချိုမဲ့က လက်ကာပြပြီး ဖြတ်ပြောလိုက်၏။

“အခြေအနေမဟန်ဘူးဆိုတာ ငါတွေ့ရင် ငါပြန်ဆုတ်လာခဲ့မယ်”

တစ်ဖက်မှာ ပန်းကမ္ဘာမှ အင်မော်တယ်ဘုရင်မ ယိုလန်က သူမ၏ အင်မော်တယ်ယာဉ်ပျံကို ရပ်တန့်ပြီး လှမ်းမျှော်ကြည့်ရှုနေ၏။

“ဘုရင်ရှစ်ချော… မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

အင်မော်တယ်ယာဉ်ပျံများပေါ်မှာ လုယွင်က သုန်မှုန်နေသော အမူအရာဖြင့် ဖြည်းဖြည်းချင်း မေးလိုက်သည်။

“ဘာရယ်တော့ မဟုတ်ဘူး”

ဘုရင်ရှစ်ချောက သာမန်ကာလျှံကာ လက်ကာပြပြီး သူ၏ သိုလှောင်အိတ်ထဲကနေ ဧရာမ ကျောက်ပုစိန်တစ်လက်ကို ထုတ်ယူလိုက်၏။ သူက ဖြည်းဖြည်းချင်းပြောလိုက်သည်။

“ငါတို့ ကမ္ဘာနှစ်ခုကြားမှာ အငြိုးအတေးတွေ အများကြီး ရှိနေခဲ့တာပဲ… အခု ငါတို့က တစ်ယောက်နဲ့တစ်ယောက် ပက်ပင်းတိုးပြီဆိုမှတော့ ငါတို့ စိတ်ကျေနပ်အားရတဲ့အထိ တိုက်ခိုက်ဖို့အတွက် ဒါက အကောင်းဆုံးအခွင့်အရေးပဲ”

လုယွင်က ခေါင်းညိတ်ပြီး သူ၏ အကြည့်က ဘုရင်စုန်းသွေး၊ ဘုရင်အေးစက်မျက်လုံး၊ ဘုရင်ရီယောင်၊ ဘုရင်လုဝူနှင့် ဘုရင် ရွှယ်လီတို့အပေါ် ဆင်းသက်ရောက်ရှိသွားသည်။ သူက လေးနက်သောအသံဖြင့် မေးလိုက်၏။

“ဒါဆို မင်းတို့တွေကရော…”

“ညီအစ်ကိုလု…. မင်းရဲ့ အနိဋ္ဌာရုံဓားတာအိုက သတ်ဖြတ်တဲ့နေရာမှာ အထွတ်အထိပ်ပဲလို့ ငါကြားထားတယ်… ငါက ဒီနေ့ အဲဒါကို တွေ့ကြုံခံစားကြည့်ချင်နေတာ”

နတ်ဘုရားဘုရင် ရီယောင်က ကျယ်လောင်စွာ အော်ပြောလိုက်၏။

ဘုရင်လုဝူက မှင်သေသေဖြင့် ပြောလိုက်သည်။

“ငါတို့မျိုးနွယ်က ပြန်ဝင်စားမွန်းစတားက ဓားကမ္ဘာက ဆူကျူးရဲ့လက်ထဲမှာ သေခဲ့ရတယ်… ဒါပေမဲ့ ငါက သူ့ကို ထိခိုက်အောင်လုပ်မလို့ မဟုတ်ဘူး… ငါက ဒီနေရာမှာ မင်းနဲ့ တိုက်ခိုက်ရုံပဲ”

ဘုရင်အေးစက်မျက်လုံးက သွားဖြီးပြလိုက်၏။ သူ၏ နှာရောင်ပေါ်ရှိ သွေးအမှတ်အသားက အနည်းငယ် ပွင့်ဟသွားပုံရပြီး အေးစက်၍ ချောက်ချားစရာကောင်းသော အော်ရာတစ်ခု ဖြာထွက်လာ၏။ သူက မကောင်းဆိုးဝါးဆန်ဆန် ပြောလိုက်သည်။

“လုယွင်… ဒီလိုအခြေအနေဖြစ်လာမယ်လို့ မင်းထင်မထားဘူးမလား”

“ဟားဟားဟား”

လုယွင်ကလည်း အော်ဟစ်ရယ်မောလိုက်ပြီး ဒေါသတကြီးဖြင့် အော်ပြောလိုက်၏။

“မင်းတို့ အရှက်မရှိတဲ့ကောင်တွေက ငါတို့ ဓားကမ္ဘာက နဝမမြောက် တောင်ထွတ်သခင်ကို သတ်ဖြတ်ချင်ရုံပဲမလား… ဒါပေမဲ့ မင်းတို့တွေက အဲဒါကို ဝန်မခံရဲလို့ တည်ကြည်ခံ့ညားသယောင်နဲ့ ပေါက်တတ်ကရလျှောက်ပြောနေကြတာပဲ… ဘယ်လောက်ရယ်စရာကောင်းလိုက်သလဲ”

“မင်းတို့ တိုက်ခိုက်ချင်တယ်ဆိုရင် တိုက်ခိုက်ကြပေါ့… ဘာလို့ အပိုတွေ လျှောက်ပြောနေတာလဲ”

ယုလန်ကလည်း သူမ၏ ဓားကို ဆွဲထုတ်လိုက်ပြီး ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ ဖြတ်တောက်ဓားနယ်ပယ်သို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

လက်ရှိအခြေအနေအရ ဓားကမ္ဘာမှ လူတိုင်းအတွက် တခြားမည့်သည့်ရွေးချယ်စရာမှ မရှိတော့ပေ။

သူတို့က အားနည်းမှုကို ဖော်ပြသည်ဖြစ်စေ သို့မဟုတ် အသနားခံတောင်းပန်သည်ဖြစ်စေ ထိပ်တန်းကမ္ဘာကြီးခြောက်ခု ဦးဆောင်လာသည့် ဤဘုရင် ၂၀၀ကျော်ကျော်က သူတို့ကို မည်သည့်အခွင့်အရေးမှ ပေးလိမ့်မည်မဟုတ်ပေ။

လုယွင်၏ အကြည့်က အခြားသော အဆင့်မြင့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှ ဘုရင်များအပေါ် ဆင်းသက်ရောက်ရှိသွားပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းတို့တွေ တကယ်ကို ရဲတင်းနေကြတာပဲ”

“ကောင်းကင်လိုဏ်ဂူဘုရင်တွေဆိုတဲ့ မင်းတို့ရဲ့ အဆင့်အတန်းနဲ့တောင် မင်းတို့တွေက ငါတို့ ဓားကမ္ဘာက ပကတိစိတ်ဝိညာဉ်တစ်ဦးကို သတ်ဖြတ်ချင်တာလား… ငါတို့ ဓားကမ္ဘာက ဧကရာဇ်တွေက မင်းတို့ကမ္ဘာတွေကို ဘယ်လိုလက်စားလာချေမလဲ စောင့်သာကြည့်နေလိုက်”

ထိုစကားကို ကြားသောအခါ အဆင့်မြင့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှ ဘုရင်များက တွေဝေတုံ့ဆိုင်း၍ သတ္တိကြောင်သော အမူအရာများကို တကယ်ပင် ထုတ်ဖော်ပြသလာကြသည်။

မည်သို့ပင်ဆိုစေ သူတို့သည် အဆင့်မြင့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှသာ ဖြစ်သည်။ ဓားကမ္ဘာက ဒေါသထွက်သွားပြီး ဤကိစ္စကြောင့် သူတို့ကို ရူးသွပ်စွာ လက်စားချေမည်ဆိုလျှင် သူတို့သည် ဓားကမ္ဘာ၏ သတ်ဖြတ်ခြင်းကို မည်သို့မှ ခုခံနိုင်မည်မဟုတ်ပေ။

“မင်းတို့တွေ သူခြောက်လှန့်ပြောဆိုတာကို နားယောင်မနေနဲ့”

ရုတ်တရက် ဘုရင်စုန်းသွေးက ရယ်မောကာ ပြောလိုက်၏။

“အခုချိန်မှာ ဦးဆောင်သူတွေအဖြစ် ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ဦးဆောင်ပြီး ကမ္ဘာ ၂၀ကျော်က ပူးပေါင်းထားတယ်… မင်းတို့တွေက ဘေးကနေ ထောက်ကူပေးရုံပဲ… ဓားကမ္ဘာက လက်စားချေချင်တယ်ဆိုရင်တောင် သူတို့တွေက ငါတို့ ထိပ်တန်းကမ္ဘာကြီးခြောက်ခုဆီကိုပဲ ရောက်လာရမယ်… အားလုံးပဲ ဘာမှပူမနေနဲ့”

“နောက်ပြီး ဓားကမ္ဘာက ဧကရာဇ်တွေက မိုက်မဲတဲ့သူတွေ မဟုတ်ဘူး… သူတို့က ပကတိစိတ်ဝိညာဉ်တစ်ဦးအတွက် ဘာလို့အရူးအမူး လက်စားချေမှာလဲ”

“အဲ့လို တကယ်ပဲဖြစ်လာမယ်ဆိုရင် အဲဒါက ကမ္ဘာတွေကြားက စစ်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်… ကမ္ဘာ ၂၀ကျော် ပူးပေါင်းထားမယ်ဆိုရင် ဓားကမ္ဘာတောင်မှ အဲဒါကို ခုခံနိုင်မှာ မဟုတ်ဘူး”

ဘုရင်စုန်းသွေး၏ စကားက အဆင့်မြင့်ကမ္ဘာများနှင့် အလယ်အလတ်ကမ္ဘာများမှ ဘုရင်များ၏ ယုံကြည်မှုကို ပြန်လည်ရရှိလာစေသည်။

ဤတိုက်ပွဲကို ထိပ်တန်းကမ္ဘာကြီးခြောက်ခုက စတင်ခဲ့သည်မှာ တကယ်ပင် ဖြစ်သည်။

ဓားကမ္ဘာက လက်စားချေချင်သည်ဆိုလျှင်တောင် သူတို့ရှေ့မှာ ထိပ်တန်းကမ္ဘာကြီးခြောက်ခုက ရပ်တည်ပေးနေမည်ဆိုလျှင် သူတို့က လုံးဝစိုးရိမ်နေစရာ မလိုပေ။

“မဆိုင်တဲ့သူတွေ ဒုက္ခမရောက်ရအောင် ဝင်မပါတာ အကောင်းဆုံးဖြစ်လိမ့်မယ်”

ဘုရင်အေးစက်မျက်လုံးက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီး သူ၏ လေသံမှာ ခြိမ်းခြောက်မှုနှင့် သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားပေ။

ထိပ်တန်းကမ္ဘာကြီး ခြောက်ခုနှင့်အတူ ကမ္ဘာ ၂၀ ကျော်မှ ဘုရင်အပါး ၂၀၀ ကျော်ရှေ့မှာ ဖိအားက တကယ်ပင် ကြီးမားနေပြီး ကမ္ဘာများစွာမှ ဘုရင်များက ရှေ့သို့ထွက်လာရဲခြင်းမရှိပေ။

“ဟဲဟဲ”

ရုတ်တရက် နဂါးဘုရင်မ ဦးချိုမဲ့က ရယ်မောလိုက်၏။

“အရေအတွက်အားကိုးနဲ့ အနိုင်ကျင့်နေကြတာပဲ… နင်တို့ဘုရင်တွေက တကယ်ကို အရှက်မဲ့လွန်းတယ်”

နဂါးဘုရင်မ ဦးချိုမဲ့က ဘုရင်အေးစက်မျက်လုံး၏ ​ခြိမ်းခြောက်မှုကို လျစ်လျူရှုပြီး အရင်ဆုံး ရှေ့သို့ထွက်လာခဲ့သည်။

အင်မော်တယ်ဘုရင်မ ယိုလန်က အတန်ကြာအောင် တွေဝေတုံ့ဆိုင်းနေခဲ့သည်။ နဂါးဘုရင်မ ဦးချိုမဲ့ ထွက်လာပြီးနောက် သူမကလည်း ရှေ့သို့ထွက်လာကာ ဓားကမ္ဘာမှ လုယွင်နှင့် တခြားသူများ၏ ဘေးသို့ ရောက်ရှိလာသည်။

“တာအိုရောင်းရင်းတို့… ကျေးဇူးတင်ပါတယ်”

လုယွင်နှင့် တခြားသော တောင်ထွတ်သခင်များက ထိုသည်ကို တွေ့မြင်သောအခါ သူတို့၏ ရင်ထဲမှာ ထိသွားသည်။

ဓားကမ္ဘာနှင့် ဆက်ဆံရေးကောင်းရှိထားသော ကမ္ဘာတချို့က ရှိနေသေးလေသည်။

ဤကဲ့သို့ ကြီးမားသော ဖိအားအောက်မှာပင် ကမ္ဘာတချို့မှ ဘုရင်များက ဓားကမ္ဘာဘက်ကနေ ရပ်တည်ပေးလာကြသည်။

သို့သော်လည်း သူတို့၏ အရေအတွက်သည် ရှေ့တည့်တည့်မှ ဘုရင် ၂၀၀ကျော်နှင့် ယှဉ်လျှင် အရမ်းကို နည်းလွန်းနေသည်။

All Chapters